← Chapters

ကန့်သတ်ချက်ထိရောက်အောင် တွန်းပို့ခြင်း

Vol. 106 Ch. 1481

ကန့်သတ်ချက်ထိရောက်အောင် တွန်းပို့ခြင်း

Vol. 106 Ch. 1481

အချိန်စားသုံးသူက လက်ဖျောက်တီးလိုက်သည့်အခါ သံကြိုးများထွက်ပေါ်လာလေသည်။ သို့သော် ဤတစ်ကြိမ် သူ့ပစ်မှတ်က ဝမ်ဝေ့ဆီ မဟုတ်ဘဲ အချိန်တစ္ဆေဆီ ဖြစ်၏။

ထိုသက်ရှိက သူ့အား ခပ်ညစ်ညစ် အကြည့်မျိုး ပေးလာကာ ထိုအရာ၏ မျက်နှာအမူအရာက အချိန်စားသုံးသူသည် ဝမ်ဝေ့နှင့် ယှဉ်နိုင်သည့် နောက်အပြုအမူတစ်ခုကို ကျူးလွန်နေကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း အချိန်စားသုံးသူက သူ့ကို လျစ်လျူရှုပြီး ဆက်လက်လုပ်ဆောင်လိုက်၏။

အချိန်တစ္ဆေက ရုန်းကန်နေသော်လည်း အသုံးမဝင်ပေ။

ဝမ်ဝေ့က သူ့အဖြူရောင်နှင့်အနက်ရောင် မတည်မြဲခြင်းကို ဝင်ရောက်စွက်ဖက်ဖို့ အမိန့်ပေးခဲ့သော်လည်း အချိန်စားသုံးသူက သူ့မဟာမြူစက်ဝန်းကို အသုံးပြုကာ စကြဝဠာအလွှာများကို အတားအဆီးအနေဖြင့် ဖန်တီးခဲ့သည်။ မတည်မြဲခြင်း ဖြတ်သွားသည့်နေရာတိုင်းတွင် ထိုစကြဝဠာများက သေဆုံးသွားသော်လည်း အချိန်စားသုံးသူက သူ့ရည်မှန်းချက်ကို ရောက်ရှိသွားသည့်အတွက် အသုံးမဝင်ဟု ဆိုရပေမည်။

အချိန်တစ္ဆေက သူ့နဖူးအထက် သေးငယ်သည့် သလင်းကျောက် အသွင်ပြောင်းလဲသွားလေသည်။ အချိန်စားသုံးသူ၏ အရှိန်အဝါက ပိုမိုရှေးကျလာကာ မြင့်မြတ်လာ၏။ သူနှင့်အချိန်မြစ်ကြောင်းတို့၏ ဆက်နွယ်မှုက အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားလေသည်။

သူ့စွမ်းအားက ထိပ်သီးစံပြအဆင့်ကန့်သတ်ချက်ကို ရောက်သွားပြီ …

ဝမ်ဝေ့က တွေးလိုက်သည်။

သူက သူ့စွမ်းအားကို စတင်မြှင့်တင်လိုက်သည်။

ပထမဦးစွာ သူက အနက်ရောင်နှင့်အဖြူရောင် မတည်မြဲခြင်းကို ပေါင်းစည်းလိုက်၏။ သူတို့နှစ်ဦးက တစ်ယောက်တည်းဖြစ်သည့်အတွက် ပတ်ဝန်းကျင်သဘောတရားက သူတို့ကိုဖန်တီးထားသည့် ကျင့်စဉ်ထဲတွင် တည်ဆောက်ထားပြီးသား ဖြစ်သည်။ ထိုနောက် ဝမ်ဝေ့က မြေကမ္ဘာဧကရာဇ်သရဖူကို ဆင့်ခေါ်လိုက်ပြီး အနက်ရောင်နှင့်အဖြူရောင် မတည်မြဲခြင်းအသစ်ပေါ် ထားရှိလိုက်သည်။

ဒါကို အတုအယောင် ယမမင်းလို့ ခေါ်ရမယ် …

ဝမ်ဝေ့က တွေးရင်း ထိုကိုယ်တိုင်ဖန်တီးထားသည့် ယမမင်းကို ဝါးမြိုလိုက်သည်။ သူ့အရှိန်အဝါက ပြောင်းလဲသွားကာ ပိုမိုခြိမ်းခြောက်နိုင်သည့် အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။ ဝမ်ဝေ့နှင့် သံသရာတို့၏ ဆက်နွယ်မှုက တိုးမြှင့်သွားလေ၏။ သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ အချိန်စားသုံးသူက အချိန်မြစ်ကြောင်းနှင့်ဆက်နွယ်မှုကို မြှင့်တင်နိုင်သည့်အတွက် သူက အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေမည်နည်း။

ဝမ်ဝေ့က သူ့အနာဂတ်ဗုဒ္ဓကိုယ်ကို ဆင့်ခေါ်လိုက်ပြီး ကြားခံအနေဖြင့် အသုံးပြုကာ အချိန်မြင့်ကြောင်း၏ လုပ်ပိုင်ခွင့်စွမ်းအားကို ရယူလိုက်သည်။

“မဟုတ်ဘူး။ မင်း လုပ်လို့မရဘူး” အချိန်စားသုံးသူက ပြောလိုက်ပြီးသည့်နောက်တွင် သူ့လက်ချောင်းများဖြင့် ခုတ်ချသည့်အမူအရာမျိုးလုပ်လာ၏။ ထို့နောက် အနာဂတ်ဗုဒ္ဓကိုယ်ဆီ ကြောက်မက်ဖွယ်ကောင်းသည့် ပိုင်းဖြတ်မှုတစ်ခု ကျရောက်လာလေသည်။ ဝမ်ဝေ့က ထိုပိုင်းဖြတ်မှုမကျရောက်ခင် အလျင်အမြန် ပြောင်းရွေ့လိုက်၏။

သို့သော်လည်း ထိုတိုက်ကွက်က ရုတ်ခြည်းဆိုသလို အပြိုင်ဒိုင်မေးရှင်းအတွင်း ဝင်ရောက်ကာ ကိုယ်ထည်မဲ့အနေအထားသို့ ဝင်ရောက်သွားပြီး ပုံရိပ်ယောင်သဖွယ် ချန်ထားခဲ့စေသည်။

 ဝမ်ဝေ့က သူ့အချိန်တာအိုကို အသုံးပြုကာ ထိုတိုက်ကွက်ကို ကြိုးစားတုန့်ပြန်ခဲ့သော်လည်း နောက်ကျလွန်းသွားခဲ့၏။ ထိုပိုင်းဖြတ်မှုက အနာဂတ်ဗုဒ္ဓကိုယ်၏ ဆက်နွယ်မှုကို ပိုင်းဖြတ်ခဲ့ပြီး ဝမ်ဝေ့၏အနာဂတ်အပြုအမူက အချိန်မြစ်ကြောင်းနှင့် သက်ဆိုင်မှုမရှိအောင် ပိတ်ဆို့ခဲ့သည်။

ဝမ်ဝေ့က ဒေါသထွက်သွားသော်လည်း ဤစိတ်ခံစားချက်က စက္ကန့်ပိုင်းခန့်သာ ကြာရှည်လိုက်၏။ ထိုအစား သူက သူ့အနောက်ဘက်တွင် အနက်ရောင်ဂိတ်ပေါက်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ ထိုအရာပေါ်ထွက်လာသည်နှင့် အနီရင့်ရင့် သွေးပင်လယ်က စီးဆင်းလာသည်။ အသူရာသတ်ဖြတ်မှုပင်လယ်

ထိုအရာထဲတွင် မရဏ၊ သတ်ဖြတ်ခြင်းနှင့်တိုက်စားခြင်းတို့ ပါဝင်နေလေသည်။

ဝမ်ဝေ့က ထိုအရာကို အသုံးပြုကာ အချိန်စားသုံးသူကို မြှုပ်နှံလိုသော်လည်း ထိုသူက အချိန်ကို ကြိုးကိုင်ခြင်းဖြင့် ပင်လယ်အား နဂိုဇစ်မြစ်အထိရောက်အောင် တွန်းပို့ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က နှစ်ဦးလုံးက ကစားပွဲကို ကစားနိုင်ကြောင်း ပြသခဲ့လေ၏။ ထိုသူ၏ တိုက်ကွက် ရောက်မလာခင် ဝမ်ဝေ့က သူ့လွတ်လပ်ခွင့်တာအိုကို အသုံးပြုကာ သွေးအား အချိန်သက်ရောက်မှုမှ လွတ်မြောက်စေအောင် လုပ်ဆောင်ခဲ့သည်။

သွေးက အချိန်စားသုံးသူကို ဝါးမြိုပစ်လိုက်သော်လည်း သူက ကံကြမ္မာစွမ်းအားဖြင့် ကာကွယ်ကာ သူ့ခန္ဓာကိုယ် သို့မဟုတ် ဝိညာည်အပေါ်သက်ရောက်မှုမှ တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က သူ့လို မဟုတ်ပေ။ အထူးသဖြင့် အချိန်မြစ်ကြောင်းနှင့် ဆက်နွယ်မှုပေါ်တွင် ဖြစ်၏။ သူက ဝန်မခံလိုသော်လည်း ဝမ်ဝေ့၏ ကံတရားနှင့်ဆက်နွယ်မှုသည် အချိန်စားသုံးသူ၏ အချိန်မြစ်ကြောင်းနှင့် ဆက်နွယ်မှုလောက် မနက်ရှိုင်းကြောင်း သိထားလေ၏။ ထို့ကြောင့် ထိုသူ၏ သက်ရောက်မှုကို လျော့ချဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ဝေ့၏ ချဉ်းကပ်မှုက အောင်မြင်ခဲ့လေ၏။ အသူရာသတ်ဖြတ်ရေးပင်လယ်က သမိုင်းကြောင်းတစ်လျှောက် အသူရာမျိုးနွယ်သတ်ဖြတ်မှုမှ ဖန်တီးထားခြင်းဖြစ်သည့်အတွက် ထိုသက်ရှိများသည် အသတ်ခံရခြင်း၊ အငြိုးတရားနှင့် မလိုလားမှုတို့ ပါဝင်နေသည်။ ထိုအငြိုးတရားတို့က တိုက်စားနိုင်စွမ်းရှိသည့်အတွက် ဝမ်ဝေ့က အချိန်စားသုံး၏ အချိန်မြစ်ကြောင်းအပေါ် ဆက်နွယ်မှုကို တိုက်စားဖို့အသုံးပြုခဲ့သည်။

အင်း ဒါက ငါနဲ့တော့ သိပ်မကိုက်ဘူး။

ဝမ်ဝေ့က ငြီးတွားလိုက်လေ၏။ အချိန်စားသုံးသူက အချိန်သားရဲဖြစ်ကာ အချိန်တစ္ဆေနှင့် ပေါင်းစည်းထားလေသည်။ ဆိုလိုသည်မှာ အချိန်တာအိုနှင့် သူ ရင်းနှီးမှုက ဝမ်ဝေ့တစ်ယောက် သူ့ကံကြမ္မာမျိုးစေ့ အဆင့်အတန်းကို မဖယ်ရှားခင်နှင့် တူညီလေ၏။ သို့သော် ယခုတွင် ပင်လယ်၏ တိုက်စားမှုက အချိန်မြစ်ကြောင်း၏ ဆက်နွယ်မှုကို လျော့ချပေးခဲ့သည်။

အချိန်စားသုံးသူက သူ့ရှုံးနိမ့်မှုကို အာရုံမစိုက်ပေ။ ထိုအစား သူက တိုက်ခိုက်လိုက်၏။ သူက လက်ဖျောက်တီးလိုက်ပြီး ထူးထူးဆန်းဆန်း အတိတ်မှပဲ့တင်သံကို ဖန်တီးခဲ့သည်။ သူ့ဘေးပတ်ဝန်းကျင်တွင် အချိန်က နောက်ပြန်ရစ်နေပြီး ယွမ်ခေတ်ကာလ သန်းပေါင်းများစွာ ကုန်ဆုံးသွားလေသည်။ ထိုဖြစ်စဉ် အဆုံးသတ်သွားသည်နှင့် ထူးဆန်းသည့် သက်ရှိက ကမ္ဘာတွင်‌ပေါ်ထွက်လာသည်။

ထိုသက်ရှိက မီတာ ၂၀မြင့်မားပြီး ၃မီတာကျယ်ဝန်းကာ ၁မီတာ ထူတုတ်သည့် ထူးဆန်းလှသည့် အစိမ်းရောင်အာရုံကြောဖြင့် ဆက်နွယ်ထားသည်။ ထိုသက်ရှိက ဝမ်ဝေ့ကို ကြည့်ပြီး မျက်လုံးက အနီ‌ရောင်ပြောင်းလဲသွားကာ မျက်ဝန်းမှ အလင်းတန်းထုတ်လွင့်လာတော့မည့်သဖွယ် ဖြစ်နေ၏။

ဒါက မျိုးရိုးဗီဇသက်ရှိလား။ မဟုတ်သေးဘူး အဲ့တာက မဟာတာအိုအရင်းအမြစ်နဲ့ နည်းနည်းလေးပဲ ကွဲပြားနေတာမျိုး ရှေးကျတဲ့ အငွေ့အသက်မျိုးမရှိဘူး။

ဝမ်ဝေ့က ကောင်းကောင်းတွေးလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် မျိုးရိုးဗီဇသက်ရှိပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားတစ်ခုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။

သူက မဟာတာအို၏အမျက်ဒေါသဟူသော နည်းစနစ်ကို အသုံးပြုလိုက်သည်။ ထိုစဉ် ဝမ်ဝေ့က သူ့ကိုယ်ကို မေးကြည့်လိုက်၏။

မျိုးရိုးဗီဇခေတ်ကာလ ပျက်သုဉ်းမှုက မည်သို့အဆုံးသတ်သွားသနည်း။ သူ ပထမဦးဆုံးလှုံ့ဆော်မှုက အနောက်တိုင်းသမ္မာကျမ်းစာမှ ဖြစ်ပေသည်။ ဖန်တီးရှင်နတ်ဘုရားက ကမ္ဘာကို ရေကြီးခြင်းဖြင့် ဖျက်ဆီးပစ်ခဲ့သော်လည်း မဟာတာအိုကမူ လူပေါင်းများစွာသတ်ဖို့ ကပ်ဘေးမြောက်များစွာ အသုံးပြုခဲ့လိမ့်မည်။ ထို့နောက် သူသည် သေချာတွေးကြည့်ပြီးသည့်နောက်တွင် ထိရောက်မှုရှိသည့် ချဉ်းကပ်မှုကို ဆုံးဖြတ်ခဲ့သည်။

ထိုစဉ် အချိန်က မဟာတာအိုသည် ရိုးရှင်းငယ်ရွယ်သေးပြီး တိုက်ရိုက်ဆန်လိမ့်မည်။ ဝမ်ဝေ့က မျက်လုံး သို့မဟုတ် ကောင်းကင်မှ ဆင်းသက်လာမည့် လက်ကို တွေးထားခဲ့မိပြီး လက်ကို ရွေးချယ်ခဲ့သည်။

အမှောင်ထုနှင့်မရဏကို လွှမ်းခြုံထားသည့် လက်ကြီးက မိုးမြေကြားတွင် ပေါ်ထွက်လာပြီး အချိန်စားသုံးသူဆီ ကျဆင်းလာလေသည်။ ထိုနည်းစနစ်နှစ်ခုက တစ်ဖက်က မရဏကို ကိုယ်စားပြုကာ တခြားက ဖျက်ဆီးခြင်းကို ကိုယ်စားပြုထားပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ထားကြသည်။

ဝမ်ဝေ့နှင့် အချိန်စားသုံးသူတို့က ထိုတုန်ခါလှိုင်းမှ မထိဖို့ အဝေးသို့ ထွက်ခွာသွားကြသည်။

ဝမ်ဝေ့က လက်ကိုမြှောက်ကာ သူ့လက်ဝါးအထက် အနက်ရောင်သလင်းကျောက်ကို ဖန်တီးလိုက်သည်။ အချိန်စားသုံးသူက ထိုသူသည် ထိုနည်းစနစ်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသည့် စွမ်းအားများကို စုဝေးနေသည်ဟု သတိထားမိသွားသည့်အခါ အမူအရာ ပြန်ပြောင်းသွားလေ၏။ ထို့ကြောင့် သူသည် လက်ကို မြှောက်ကာ စွမ်းအားများကို ပျောက်ကွယ်စေလိုက်သည်။

အချိန်စားသုံးသူက တစ်ဖက်သူသည် အရေးပါမှုရှိကြောင်း သိလိုက်ရ၏။ အကြောင်းကမူ ဝမ်ဝေ့က အရင်လက်ဦးမှုရယူကာ ချီလှုံ့ဆော်မှုအတွက် ထူးကဲသည့်ပါရမီ တစ်မျိုး ရှိနေ၏။

အချိန်စားသုံးသူက မြန်မြန်ဆန်ဆန် တုန့်ပြန်ပြီး သူ့ကံကြမ္မာကောင်းချီးကို ကန့်သတ်ချက်အထိရောက်အောင် တွန်းပို့လိုက်ပြီး အချိန်မြစ်ကြောင်းထဲ စွမ်းအားများကို တွန်းပို့လိုက်သည်။ ထိုအပြုအမူက ဝမ်ဝေ့၏အရေးသာချက်ကို အဆုံးသတ်ပစ်သင့်သော်လည်း အချိန်စားသုံးသူကမူ တစ်ဖက်သူ၏လှောင်ပြုံးကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခု မှားယွင်းသွားကြောင်း သိလိုက်ရသည်။

ဝမ်ဝေ့၏စွမ်းအင်အသုံးပြုမှုက အယောင်ပြသက်သက်သာဖြစ်ပြီး သူ့တကယ်လှုပ်ရှားမှုကမူ အရင်းအမြစ်ချီ နေရာလွတ် ဖြစ်၏။ သူက ချီကို သူ့တိုက်ကွက်ကို အားဖြည့်ဖို့ အသုံးပြုလိုက်ခြင်းမကပေ။ အချိန်စားသုံးသူက သူ့ထက် ပိုမိုအသက်ကြီးပြီး သူ့အနေနှင့် သူ့အနာဂတ်ဇနီးလောင်း၏ ချီသေတ္တာကို ရယူထားနိုင်လျှင်ပင် တူညီသည့်အနေအထားမျှသာ ရှိလိမ့်မည်။ ထိုအစား ဝမ်ဝေ့က သူ့ချီပန်းပွင့်စွမ်းရည်ကို အသုံးပြုကာ အရင်းမြစ်ချီ နေရာလွတ်ဆီမှ စွမ်းအားအမြောက်အများကို ထိန်းချုပ်ခွင့်ရယူခဲ့သည်။

ထိုအစီအစဉ် အောင်မြင်သွားသည်နှင့်ဝမ်ဝေ့က ချက်ချင်း မတိုက်ခိုက်သေးပေ။ ထိုအစား သူက အစီအစဉ်ကျမှု မကျမှု စည်းမျဉ်းကို ပြန်လည်ရေးသားလိုက်၏။

အစီအစဉ်ကျမှု - ဒီတိုက်ပွဲကို အသက်ရှင်ဖို့ သို့မဟုတ် အနိုင်ရဖို့နယ်ခြားအကူအညီကို မည်သူကမှ မတောင်းခံနိုင်ရ။

အစီအစဉ်မကျမှု - တကယ်လို့ သူတို့ဒီလိုလုပ်ခဲ့မယ်ဆိုလျှင် မဟာပုံကြမ်းနဲ့ ဆက်နွယ်မှုအနည်းဆုံးလူက မဟာတာအိုရဲ့ အမျက်ဒေါသခံစားရမယ်။ မဟာပုံကြမ်းနဲ့ ဆက်နွယ်မှုအမြင့်ဆုံးသူက ကောင်းကင်တာအိုရဲ့ အမျက်ဒေါသကို ခံစားရမယ်။

အချိန်စားသုံးသူက တိုက်ပွဲနယ်မြေအတွင်း ဖြည်းဖြည်းချင်း ရစ်ပတ်နေသည့် စည်းမျဉ်းသံကြိုးများကို ကြည့်လိုက်သည်။ သူက ဝမ်ဝေ့၏ အစီအစဉ်ကျမှုကို ဖတ်ရှုပြီးသည့်နောက်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲ၌မှု အဖြစ်အပျက်ကို သူက နားလည်လိုက်၏။

မဟာပုံကြမ်းဆိုသည်က စံပြများအတွက် လျှို့ဝှက်ချက်ကြီးကြီးမားမား မဟုတ်ပေ။ ထို့ကြောင့် အချိန်စားသုံးသူက သူတို့ကို သိထားလေ၏။ လူများက သူတို့၏အဆင့်ကို မဟာတာအိုအရင်းအမြစ်၊ အချိန်မြစ်ကြောင်း၊ ကံကြမ္မာမြစ်ကြောင်း၊ သံသရာ၊ အရင်းအမြစ်ချီ နေရာလွတ်နှင့် ကမ္ဘာဦးဟွင်သွမ်းအကြောင်း ပြောသည့်အခါ ထည့်ပြောလေ့ရှိ၏။ ကောင်းကင်တာအို၊ သာမန်အရင်းအမြစ် ဟွင်သွမ်းကမ္ဘာ၊ မိုးမြေကြားရှိ ဝိညာဉ်ချီ၊ သံသရာအခွဲ၊ ကံကြမ္မာမြစ်ကြောင်းခွဲနှင့် အချိန်မြစ်ကြောင်းခွဲတို့ကိုမူ အသေးစားပုံကြမ်းအဖြစ် မှတ်ယူလိုက်သည်။

သူက အရင်းအမြစ်ချီနေရာလွတ်နှင့် သံသရာနဲ့ ဆက်နွယ်ထားတုန်း ငါက အချိန်မြစ်ကြောင်းပဲ ရှိတယ်။ သူက ကံကြမ္မာမြစ်ကြောင်းကို ဝင်ရောက်နိုင်တဲ့အကြောင်း ထည့်မပြောရသေးဘူး …

 အချိန်စားသုံးသူက သုံးသပ်လိုက်လေ၏။ ဝမ်ဝေ့၏ လှုပ်ရှားကွက်က သူ့အား ကြက်သီးထသွားစေသည်။ အချိန်စားသုံးသူ၏ နောက်ဆုံးသော ဝှက်ဖဲကို ရှင်းထုတ်လိုက်ခြင်း ဖြစ်၏။

နောက်ဆုံးတော့ ငါက အဲ့ဒီချဉ်းကပ်မှုကို ရွေးချယ်စရာမရှိဘဲနဲ့ သုံးရတော့မှာပဲ။

အချိန်စားသုံးသူက သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူက ဝမ်ဝေ့အား လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် အသုံးအဆာင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်၏။ ထို့နောက် ထိုအရာက ဧရာမအရွယ်အစားအဖြစ် ကြီးမားလာသည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်၏။

ဒါက သူ့ရဲ့ တာအိုသက်သေပြပစ္စည်းလား …

All Chapters