ဝှက်ဖဲများ
Vol. 106 Ch. 1482
ဝမ်ဝေ့ရှေ့တွင် ပေါ်ထွက်လာသည့်အရာက ဧရာမကြေးသင်္ဘောတစ်စင်းဖြစ်ပြီး ရွက်တိုင်များက ဝါးဖြင့်ပြုလုပ်ထားသည့်နှယ် ထင်ရသည်။ သူက စိတ်ရှုပ်ထွေးနေမိ၏။ အကြောင်းရင်းကမူ ထိုပစ္စည်းသည် အချိန်အငွေ့အသက်ရှိထားပြီး တာအိုသက်သေပြပစ္စည်းတစ်ခု ဖြစ်သော်လည်း သူ့အနေဖြင့် အချိန်စားသုံးသူ၏ လက်နက်က အချိန်ပေတံတစ်ခုဖြစ်ကြောင်း သိထား၍ ဖြစ်၏။
“အံ့ဩသွားလား။ ဒါက အစပဲ ရှိသေးတယ်” အချိန်စားသုံးသူက ပြောလိုက်သည်။ အချိန်စားသုံးသူက သင်္ဘောဆီ ရောက်ရှိသွားကာ အသက်ဝင်လာသည့်အလား အရိပ်အမြွက်အနေဖြင့် အနည်းငယ် တုန်ခါသွားလေသည်။
ထို့နောက် သင်္ဘော၏ အောက်ခြေတွင် အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်က ပေါ်ထွက်လာပြီး ရှုပ်ထွေးလှသည့် မှော်စက်ဝန်းတစ်ခု ပေါ်ထွက်လာလေသည်။
ဘန်း
ထိုမှော်စက်ဝန်းက သွားလာရာ၌ မြန်ဆန်လွန်းလှသည့် အလင်းတန်းတခုကို ထုတ်လွင့်လာလေသည်။ ဝမ်ဝေ့က လှုပ်ရှားဖို့ အခွင့်အရေးမရလိုက်ဘဲ သူ့ခန္ဓာကိုယ်၏ဘယ်ဖက်ခြမ်းက ပျောက်ကွယ်သွားသည်။
ဒီပစ္စည်းက အချိန်မြစ်ကြောင်းဆီကနေ စွမ်းအားပမာဏအမြောက်အမြားကို ဆွဲယူနေတာလား ...
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ပြန်လည်ကုစားနေစဉ် ထိုဖြစ်စဉ်မှာ ကြောက်ခမန်းလိလိနှုန်းဖြင့် နှေးကွေးနေကြောင်း တွေ့ရှိသွားလေ၏။ ပုံမှန်အားဖြင့် ထိုအရာသည် ချက်ချင်း ပြန်လည်ကောင်းမွန်နိုင်သော်လည်း ယခုအခါ ပြန်လည်ကောင်းမွန်ဖို့ရာ နာရီဝက်ခန့် ကြာမည်ဖြစ်ကြောင်း သိရှိသွားလေသည်။
ကျစ် ဒီအသုံးဆောင်ပစ္စည်းက ရှေးဦးလက်နက်ပဲ။ အဲဒါကြောင့် ပိုပြီးဆိုးတာက တာအိုဆန္ဒ အာရုံစိုက်ထားတဲ့ဟာ ဖြစ်နေတာပဲ။
ဝမ်ဝေ့က တွေးရင်းဖြင့် မဆွေးမြေ့ခန္ဓာဆေးလုံးကို သောက်သုံးလိုက်သည်။ ထိုဆေးလုံးမှ အမည်မသိစွမ်းအားတစ်ခု ထုတ်လွင့်လာကာ အမည်မသိစွမ်းအားနှင့် ပေါင်းစည်းသွားသည့် တာအိုဆန္ဒကို အတင်းအကြပ်နှင်ထုတ်လိုက်ပြီး ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို တာအိုဆန္ဒတိုက်ကွက်များမှ ခံနိုင်ရည်ရှိအောင် ယာယီဆင့်ကဲပြောင်းလဲပေးခဲ့သည်။
ဘန်း
နောက်ထပ် တိုက်ကွက်က ဝမ်ဝေ့ဆီ ထပ်မံရောက်ရှိလာ၏။ သူက လက်ကိုမြှောက်ကာ ထိုတိုက်ကွက်များကို တားဆီးဖို့ အနက်ရောင်ဂိတ်ပေါက်များကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အလင်းတန်းက သူ့ခုခံမှုကို ထိုးဖောက်လာသော်လည်း သူ့အနေနှင့် ရှောင်ရှားဖို့အချိန်တစ်ခု ရရှိလိုက်လေ၏။
သင်္ဘောက နေရာရွေ့လာပြီး ထပ်မံပစ်ခတ်လာပြန်ပြီ …
မဟုတ်သေးဘူး တစ်ခုခုတော့မှားနေပြီ …
ဝမ်ဝေ့ကတွေးလိုက်ပြီး သူ့ကိုယ်သူကာကွယ်ဖို့ နောက်ထပ်နည်းစနစ်တစ်ခု အသုံးပြုလိုက်သည်။
ငါ့ရဲ့အလိုလိုသိစိတ်က ဒီသင်္ဘောက ဒီထပ်ပိုပြီး ဖျက်ဆီးနိုင်စွမ်းရှိတယ်ဆိုတာကို ပြောနေတယ်။ ဒါပေမဲ့ ဒီတိုက်ကွက်တွေအားလုံးက ထိန်းချုပ်ထားပြီးတော့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ။
သူ့စိတ်ထဲ အတွေးများစွာဖြတ်ပြေးပြီးသွားပြီးသည့်နောက်တွင် ယခင်အလင်းတန်းကို အာရုံစိုက်လိုက်လေ၏။ ထိုစဉ် အချိန်စားသုံးသူက မရပ်တန့်ဘဲ ထပ်မံ တိုက်ခိုက်လာကာ ဝမ်ဝေ့ကို ချောင်ပိတ်ခဲ့သည်။
ကျစ် သူ့ရဲ့ ပစ်မှတ်က ငါ မဟုတ်ဘဲနဲ့ စည်း တံဆိပ်ပဲ …
ဝမ်ဝေ့က သဘောပေါက်သွားလေ၏။ သူက ချက်ချင်းဆိုသလို သင်္ဘောကို သက်ရောက်မှုရှိနိုင်သည့် အစီအစဉ်ကျမှု - မကျမှုကို ဖန်တီးပြီးတော့ တုန့်ပြန်ခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့က သူတို့ကြားတွင်ရှိနေသည့် ကွာဟချက်ကြောင့် တန်ပြန်သက်ရောက်မှုက ကြီးမားမည်ဖြစ်ကြောင်း သိထားလေ၏။ သို့သော် သူသည် တန်ပြန်သက်ရောက်မှုက သူနှင့်အချိန်စားသုံးသူ နှစ်ယောက်လုံးကို ထိခိုက်ဖို့ရာ လုပ်ဆောင်ခဲ့သည်။ ပစ်မှတ်ကမူ သူတို့၏ စိတ်ဆန္ဒစွမ်းအား ဖြစ်၏။
ဝမ်ဝေ့က ပြင်းထန်လွန်းလှသည့် နာကျင်မှုကြောင့် ခေါင်းကို ကိုင်ထားလိုက်ပြီး သူ့နှာခေါင်းမှ သွေးများ စီးကျလာသည်။ အရာအားလုံးက မထိန်းချုပ်နိုင်လောက်အောင် မူးဝေနေလေ၏။ သို့သော်လည်း ထိုအရာက သူ့ကိုမတားဆီးနိုင်ပေ။ သူက အခွင့်အရေးကို အသုံးပြုကာ ဂိုဏ်းဆီ ဆက်သွယ်ရေး အဆောင်တစ်ခုအား ပေးပို့ဆက်သွယ်ခဲ့ပြီး အင်အားစုအားလုံးဆီ ဆက်သွယ်ဖို့ တောင်းဆိုခဲ့သည်။ သူတို့က ရည်ရွယ်ချက်တစ်ခုသာ ရှိ၏။ ဤစည်းတံဆိပ်ကို အားဖြည့်ပေးဖို့ ဖြစ်သည်။
“ ငါ လိုချင်တာက ငါ့ရဲ့ ဘေးကင်းမှုကို စိတ်ချပြီးတော့ တာဝန်ကို ပြီးမြောက်စေဖို့အတွက်ပဲ။ ဒါပေမဲ့ မင်းက အားလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ သေလိုက်တော့” အချိန်စားသုံးသူက အော်ပြောလိုက်လေ၏။
သင်္ဘော၏ မှော်စက်ဝန်းက ထပ်မံတောက်ပလာသော်လည်း ဤတစ်ကြိမ်တွင် အလင်းတန်းက ယခင်ကထက် ပိုမိုတောက်ပလာသည်။ အလင်းတန်းက ယခင်ကထက် မြန်ဆန်သည့်အရှိန်ဖြင့် ထွက်ပေါ်လာပြီး ဝမ်ဝေ့အား ရှောင်ရှားဖို့အချိန်ပင် မပေးခဲ့ပေ။ ကံကောင်းစွာဖြင့် သူ့စိတ်က သူ့ခန္ဓာကိုယ်ထက် မြန်ဆန်နေသည့်အတွက် သူ အသက်ကယ်လမ်းတစ်ခုကို အသုံးပြုခဲ့ရသည်။
မရဏခုခံမှု
သူက မသေခဲ့သော်လည်း သူ့ခုခံမှုက ဒဏ်ရာများစွာကို ခံနိုင်ရည်ရှိနေသည်ဟု ဆိုလိုသည် မဟုတ်ပေ။ ဝမ်ဝေ့က တောက်ပနေသည့် သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ ထိုအရာက ဝိညာဉ်သွေး ဖြစ်သည်။
ငါ့ရဲ့ဝိညာဉ်က ဒီလိုပြင်းထန်တဲ့ မန္တန်မျိုးကို ခံနိုင်ရည်မရှိဘူး …
ဝမ်ဝေ့က တွေးလိုက်ပြီး ရယ်မောလုနီးပါးဖြစ်သွား၏။ သူ့ဘဝတစ်လျှောက်လုံး၌ သူသည် ဝိညာဉ်နှင့်ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်စရာမလိုပေ။ သို့သော် ယခုအခါ သူသည် ထိုသို့စွမ်းရည်မျိုးအလိုအပ်ဆုံးဖြစ်နေသည့်အခါ ဟာသပင် မလုပ်နိုင်တော့ပေ။
ငါ တစ်ခုခုလုပ်မှာဖြစ်မယ်။ ပြီးတော့ မြန်မြန်ဆန်ဆန်လုပ်ရမယ်။ မဟုတ်ဘူးဆိုရင် ဒီတိုက်ပွဲမှာ သေသွားလိမ့်မယ်။
ဝမ်ဝေ့က တွေးလိုက်လေ၏။ သူက စံပြအဆင့် အရှိန်အဝါများစွာ ချဉ်းကပ်လာကြောင်း ခံစားမိလိုက်ပြီး စိတ်သက်သာရာရသွားသည်။ ယခု သူ့အနေနှင့် ထိုကောင်စုတ် ထွက်ပြေးသွားဖို့ စိုးရိမ်စရာ မလိုအပ်တော့ပေ။ သူ့အနေဖြင့် ဤတိုက်ပွဲကို အဆုံးသတ်ဖို့ရာသာ အာရုံစိုက်ထားနိုင်ပြီ ဖြစ်သည်။
ပထမဦးစွာ ဝမ်ဝေ့က ထိပ်သီးစံပြခုခံကာကွယ်ရေးလက်နက် ၁၃ ခုကို ဆင့်ခေါ်လိုက်ပြီး သူတို့အား အစီအရင်သဖွယ် ဖွဲ့စည်းလိုက်လေ၏။ အချိန်စားသုံးသူက အဓိပ္ပါယ်မရှိတာကို ခွင့်မပြုဘဲ ထပ်မံတိုက်ခိုက်လာသည်။ သို့သော်လည်း ဝမ်ဝေ့က နည်းဗျူဟာရှင်သဖွယ် စိတ်ဝိညာဉ်ရှိထားသည့် အသုံးအဆောင်ပစ္စည်းတချို့ကို ရွေးချယ်ထားပြီး အချိန်ဆွဲဖို့လိုပါက သူတို့ကိုယ်သူတို့လောင်ကျွမ်းပစ်ဖို့ အမိန့်ပေးထားသည်။
ထို့နောက် သူက ကံကြမ္မာနန်းဆောင် ၁၃ ခုကို ဆင့်ခေါ်လိုက်ပြီး အတုအယောင် ကံကြမ္မာမြစ်ကြောင်းအဖြစ် ပေါင်းစည်းလိုက်သည်။ ထိုနောက် သူ့နဖူးမှ ကြိုးတန်းများ ထွက်ပေါ်လာပြီး ထိုကြိုးများက အတုအယောင် အချိန်မြစ်ကြောင်း၊ တကယ့်အစစ်အမှန် မြစ်ကြောင်းတို့နှင့် ဆက်နွယ်သွားလေသည်။
ဝမ်ဝေ့က နောက်ထပ် မဟာပုံကြမ်းဖြင့် ဆက်နွယ်လိုက်ရ၏။ သို့သော်လည်း ဤနည်းက သူ့ဝှက်ဖဲ၏အဆုံးသတ် မဟုတ်သေးပေ။
သူက သူကိုယ်တိုင် မူလစည်းတံဆိပ်ကုန်းမြေ၏ အချိန်မြစ်ကြောင်းကို အပိုအားဖြည့်အနေဖြင့် ဆက်နွယ်ခဲ့ပြီး သူ တခါမှ မခံစားခဲ့ဖူးသည့် စွမ်းအားအနေအထားအဖြစ် တိုးမြှင့်ခဲ့သည်။ ဝမ်ဝေ့က ထိုစွမ်းအားကို လွှမ်းမိုးခွင့်မပေးဘဲ လက်ရှိတွင် ရှိနေသည့်ကိစ္စကိုသာ အာရုံစိုက်ထား၏။
“ကံကြမ္မာရဲ့ အဆုံးအဖြတ်ကို ခံယူလိုက်”
သူက ရေရွတ်လိုက်လေ၏။ သူ့အတုအယောင်အချိန်မြစ်ကြောင်းက တုန်ခါလာပြီးသည့်နောက်တွင် အနည်းငယ် ပုံသဏ္ဌာန်ပေါ်ထွက်လာသည်။ ထို့နောက် သင်္ဘောဆီ ခဲဖြူရောင်အလင်းတစ်ခု ထုတ်လွင့်လာ၏။
အချိန်စားသုံးသူက ပြန်လည်တိုက်ခိုက်လာသည်။ သင်္ဘောအောက်တွင်ရှိနေသည့် အချိန်မြစ်ကြောင်းက မတိုက်ခိုက်ခင် ကိုယ်ထည်ဘက်အနေအထား ပိုမိုဝေဝါးသွားသည်။
အလင်းတန်းနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားစဉ် လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်နိုင်သည့် အဖျက်စွမ်းအားကို ထုတ်လွင့်လာလေ၏။ စက္ကန့်ပိုင်းလေးအတွင်း ဝမ်ဝေ့နှင့်အချိန်စားသုံးသူတို့က ဒြပ်ထုမရှိ၊ စွမ်းအင်မရှိ၊ မြေဆွဲအားနှင့် ကာလံဒေသံမရှိသည့် နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားလေသည်။
ဤတိုက်ပွဲ၏ အနိုင်ရရှိသူက သိသာလှသည်။ ဝမ်ဝေ့တွင် ဆက်နွယ်မှုသုံးခု ရှိထားပြီး အချိန်စားသုံးသူကမူ သူ့တစ်ခုတည်းသော အချိန်မြစ်ကြောင်း၏ဆက်နွယ်မှုသာ ရှိသည်။ ထို့ကြောင့် သုံးမိနစ်ခန့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင် ကံကြမ္မာအလင်းတန်းက အချိန်အလင်းတန်းကို လွှမ်းမိုးသွားလေသည်။
“ဒါက ဒီလောက်လွယ်လွယ်ကူကူ အဆုံးမသတ်ဘူး” အချိန်စားသုံးသူက အော်ပြောပြီးသည့်နောက်တွင် အချိန်သားရဲအဖြစ်ပြောင်းလဲကာ သူ့အသားကို စတေးပြီး သင်္ဘော၏ တိုက်ခိုက်ရေးအလားအလာကို မြှင့်တင်လိုက်သည်။
မဟုတ်သေးဘူး ငါ အစီအစဉ်အတွက် သူ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း လိုအပ်တယ် …
ဝမ်ဝေ့က တွေးလိုက်လေ၏။
သူက မူလစည်းတံဆိပ်ကုန်းမြေ၏ အချိန်မြစ်ကြောင်းစွမ်းအားကို အလျင်အမြန်ရယူခဲ့ပြီး တိုက်ကွက်ကို အားဖြည့်ကာ တစ်ဖက်သူကို လွှမ်းမိုးခဲ့သည်။ ထိုတိုက်ကွက်က သင်္ဘောဆီ ရောက်ရှိသွားသော်လည်း မဖျက်ဆီးနိုင်ပေ။ ထိုအစား အရာအားလုံး ရပ်တန့်သွားလေသည်။
ထို့နောက် ဝမ်ဝေ့က အားလုံးကို တည်ငြိမ်စွာ ကြည့်နေရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သို့သော်လည်း သူက အားနည်းသည့် ခံစားချက်ကြောင့် ကောင်းကင်မှ ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။
ငါ ဒီလောက်ပင်ပန်းတာ မခံစားရတာ ကြာသွားပြီ …
သူက ဆေးလုံးလက်တစ်ဆုပ်ကို ဝါးမြိုလိုက်သည်။ ပြန်အားဖြည့်နေရင်း ကောင်းကင်တာအိုက ပတ်ဝန်းကျင်တွင် ရှိနေသည့်အရာအားလုံးကို ပြန်တည်ဆောက်နေ၏။ သို့သော်လည်း ဤနေရာက ယခုအခါ ကျတ်တီးနယ်မြေဖြစ်သွားကာ ခဏကြာ တည်ရှိနေလိမ့်မည်။
ဝမ်ဝေ့က သင်္ဘောဆီ ဖြည်းဖြည်းချင်းရောက်ရှိလာလေ၏။ သူက ထိုလက်နက်သည် သူ့စည်းတံဆိပ်နှင့် ထိပ်တိုက်ရင်ဆိုင်နေသေးကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် သူ သတိကြီးကြီး ထားလိုက်သည်။ သို့သော် သူ့အာရုံစိုက်မှုက မကြာခင် သံကြိုးများဖြင့် ရစ်ပတ်ခံထားရသည့် အချိန်စားသုံးသူဆီ ပြောင်းလဲသွားသည်။
“သေရတော့မဲ့ လူတစ်ယောက်အနေနဲ့ အတော်လေးကို တည်ငြိမ်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်လေ၏။
“ဒါက အဆုံးသတ် မဟုတ်သေးဘူး။ အစပဲရှိသေးတယ်” အချိန်စားသုံးသူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားက ထင်ယောင်ထင်မှားဖြစ်နေတာလား။ ဒါမှမဟုတ် တစ်ခုခု အားကိုးစရာ ရှိတာလားဆိုတာ မပြောတတ်ဘူး” ဝမ်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။
“ဒါက ငါ့ကို တွေ့ရမဲ့ နောက်ဆုံးအကြိမ် မဟုတ်ဘူး”အချိန်စားသုံးသူက လှောင်ပြောင်ပြီး သူ့မျက်ဝန်းတို့က ခက်ထန်လာသည်။
“မင်းနဲ့ ထပ်တွေ့တဲ့အခါကျရင် ငါက လူသစ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါက မင်းရဲ့ ခေါင်းကို ဖြတ်ပြီး ဦးခေါင်းခွံကို သေရည်ခွက်အနေနဲ့ လုပ်ပြမယ်”
“ဟမ် အဲဒါက ခင်ဗျားပြောခဲ့တာ မဟုတ်ပါဘူး။ ကျုပ် ပြောခဲ့တာလေ။ ခင်ဗျားရဲ့ အသိစိတ်ကို အသုံးပြုပြီး ကျုပ်ခွေးအနေနဲ့ ပြောင်းလဲပစ်မယ်ဆိုတာကို မှတ်မိတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်က ခင်ဗျားကို တခြားတစ်ခုအတွက် လိုအပ်နေတာ နှမြောစရာပဲ။ မဟုတ်ရင် ဒီစကားကို စောင့်ထိန်းရမှာပေါ့”
“ငါ့စကားကို မှတ်ထား” အချိန်စားသုံးသူက အံကြိတ်ကာ ပြောလိုက်ပြီး သူ့ဝိညာဉ်ကို အဆုံးသတ်လိုက်၏။
ကံကြမ္မာနှောင်ဖွဲ့ခြင်းက သူ့အသိစိတ်ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ထိုအရာကို တားဆီးဖို့ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုကိစ္စနှင့် ပတ်သက်ပြီး မအံ့ဩခဲ့ပေ။ အချိန်စားသုံးသူ ပြောပုံအရ သူ့ထံ တစ်စုံတစ်ခုရှိနေကြောင်း သိသာလှ၏။ သူက နောက်ဆုံးသောအပြုအမူမှ ကာကွယ်ရုံမျှသာ ဖြစ်လေသည်။
ဝမ်ဝေ့က ခေတ္တမျှလေ့လာပြီးနောက် ခန္ဓာကိုယ်ဆီ ချဉ်းကပ်လာသည်။ ထို့နောက် အချိန်စားသုံးသူ၏နဖူးမှ အဖြူရောင်သလင်းကျောက်ကို ယူလိုက်ပြီး သူက အံ့ဖွယ်အသိစိတ်ဖြင့် ခံစားကြည့်လိုက်သည်။
“အရေးကြီးတဲ့ မှတ်ဉာဏ်အများစုကတော့ ပျောက်ဆုံးသွားပြီ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
သူက မှတ်ဉာဏ်သလင်းကျောက်ကို သိမ်းဆည်းတော့မည့်ဆဲဆဲတွင် တုန်ခါမှုကို ခံစားမိလိုက်၏။
ထိုအရာက မြေငလျင်ကြောင့် တုန်ခါမှုမဟုတ်သလို စွမ်းအားပေါက်ကွဲမှုကြောင့် တုန်ခါမှုမဟုတ်ဘဲ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ဗဟိုချက်မှ တုန်ခါမှုတစ်ခု ဖြစ်၏။
ဒီကောင်စုတ်က တစ်ခုခုလုပ်ခဲ့တာပဲ …
ဝမ်ဝေ့က ချက်ချင်းဆိုသလို သူက ခန္ဓာကိုယ်နှင့် သင်္ဘောကို သိမ်းဆည်းပြီးသည့်နောက်တွင် စည်းတံဆိပ်ထဲမှ ထွက်ခွာလာလိုက်သည်။ သူက အားနည်းနေသော်လည်း မူလစည်းတံဆိပ်ကုန်းမြေ၏ ကံကြမ္မာကို အသုံးပြုကာ ဖြစ်စဉ်ကို ကောက်ချက်ချခဲ့၏။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။
“ဘာတွေလုပ်ခဲ့တာလဲ” သူက ရေရွတ်လိုက်သည်။
“မင်း တစ်ခုခု အာရုံခံမိလား” ဘုန်းကြီးဝူကျိက သူ့စိတ်ထဲ လှမ်းပြောလာသည်။
“ဟုတ်တယ် ဒါပေမဲ့ ဘာဖြစ်သွားတာလဲ” ဝမ်ဝေ့က လှမ်းမေးလိုက်သည်။
“ငါလည်း မသိဘူး”
“ခင်ဗျား မသိဘူးဆိုတာ ဘာကိုပြောတာလဲ”
“ကမ္ဘာပေါ်မှာ ငါ့ရဲ့ထိန်းချုပ်မှုနဲ့ လွှမ်းမိုးမှုက အားအနည်းဆုံးဖြစ်နေတာ သိတယ်မလား။ သူ ဘာပဲလုပ်လုပ် သူ့ရဲ့ စွမ်းအားက ငါ့ထက် မမြှင့်ဘူးဆိုရင်တောင် ငါနဲ့ ယှဉ်နိုင်တယ်” မေတ္တယျက ရှင်းပြလိုက်သည်။
“အန္တိမသဟဇာတရော တစ်ခုခုသိထားလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်လေ၏။
“ငါ သူ့ဆီက သတင်းအချက်အလက်ရနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်” သူမက ပြန်ဖြေလိုက်လေသည်။