← Chapters

စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဉာဏ်အလင်းပွင့်မှု

Vol. 106 Ch. 1483

စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဉာဏ်အလင်းပွင့်မှု

Vol. 106 Ch. 1483

ကမ္ဘာဦးဟွင်သွမ်း၊ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအနီး

မေတ္တယျက တိုက်ပွဲကို ရပ်တန့်လိုက်ပြီး အန္တိမသဟဇာတဆီမှ အကွာအဝေးကို ချဲလိုက်သည်။ သူက မတိုက်ခိုက်တော့သည်ကို သတိပြုမိပြီးသည့်နောက်တွင် သူမက ပြောလိုက်၏။

“ရှင် ဒါကို ခံစားမိတယ်မလား”

ကံဆိုးစွာဖြင့် သူမလက်ခံရရှိသည့်အရာက တုန့်ပြန်မှုအနေဖြင့် စိုက်ကြည့်မှုတစ်ခုသာ ဖြစ်၏။

“ကျွန်မတို့ရဲ့ မွေးရပ်မြေက တစ်ခုခုဖြစ်သွားတာ သိသာတယ်။ ရှင်တစ်ယောက်တည်းပဲ ဘာလဲဆိုတာ သိနိုင်မှာ”

အန္တိမသဟဇာတက သူမကို မတုန့်ပြန်ပေ။ ထိုအစား သူမက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်လေ၏။ သူ့မျက်နှာအမူအရာက မျက်နှာကြောသေသလိုဖြစ်နေပြီး သတင်းအချက်အလက်များကို မရယူနိုင်သဖွယ် ဖြစ်နေလေသည်။

“ကျွန်မတို့တွေက ဘယ်လောက်အားနည်းတယ်ဆိုတာကို သိတယ်မလား။ တစ်စုံတစ်ခုဖြစ်သွားမယ်ဆိုရင် ကျွန်မတို့တွေက အဲ့ဒီရှေးကျပြီး အားကောင်းတဲ့ သက်ရှိတွေရဲ့ အရင်းအမြစ် ဖြစ်သွားနိုင်တယ်” မေတ္တယျက ဆက်ပြောလိုက်သည်။

“အဲ့ဆိုတော့ ရှင် တစ်ခုခုသိထားရင် ကျွန်မကို ပြော။ ရှင်က တခြားလူတွေရဲ့‌ ဘေးကင်းမှုကို ဂရုမစိုက်ဘူးဆိုပေမဲ့ ရှင့်ဘေးကင်းမှုကိုတော့ ဂရုစိုက်သင့်တယ်လေ”

အန္တိမသဟဇာတက သူမကို စိုက်ကြည့်လိုက်၏။ သူက တစ်စုံတစ်ခုကို သိလိုက်သော်လည်း သူမ ယုံကြည်ရသလောက် မများပြားပေ။ ကောင်းကင်တာအိုက ဝမ်ဝေ့ကြောင့် လုပ်ပိုင်ခွင့်အများစုကို ရရှိသွားပြီဖြစ်ကာ အန္တိမသဟဇာတအနေဖြင့် နယ်ခြားအရာ သို့မဟုတ် ကမ္ဘာဆီ ကျူးကျော်လာသည့် အရာတစ်ခုသာဖြစ်ကြောင်း အာရုံခံမိတော့သည်။ ထို့ထက် ဘာမှမပိုပေ။

“ရှင် တကယ်ကြီး ဂရုမစိုက်တော့ဘူးလား” မေတ္တယျက အံကြိတ်ကာ မေးလိုက်သည်။ သူမ ဒေါသမထွက်သော်လည်း သူမခံစားရသည့် အဆိုးခံစားချက်တို့က အချိန်စားသုံးသူ သေဆုံးပြီးသည့်နောက်တွင် ပြန်လည်ရောက်ရှိလာလေ၏။ မေတ္တယျက ဗုဒ္ဓဘာသာ၏ ကရုဏာ၊ စာနာစိတ် အတွေးအခေါ်သဘောတရားများကို ကျင့်သုံးခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်ဆိုင်ရာ လေ့ကျင့်မှုများကြောင့် တခြားသူများ၏ စိတ်ခံစားချက်များအပေါ် အာရုံခံနိုင်စွမ်း မြင့်မားလေ၏။

ရောက်ရှိလာမည့် ကပ်ဘေးအကြောင်း သတိပေးချက်က အန္တရာယ်ကို သတိပေးရုံမျှသာမကဘဲ ကမ္ဘာတစ်ခုလုံး ရင်ဆိုင်ရမည့် နာကျင်မှုနှင့် ပျက်သုဉ်းမှုတို့ ပါဝင်နေသည်။ မေတ္တယျက သေမျိုး သို့မဟုတ် ကျင့်ကြံသူများသည် ရောက်ရှိလာမည့် ကပ်ဘေးအတွင်း တွေ့ကြုံရမည့် ဝေဒနာဒုက္ခကို ခံစားမိလေသည်။

“ငါ မင်းကို ကူညီရင် ဘာဖြစ်သွားမှာလဲ။ ငါတို့တွေက ကမ္ဘာရဲ့ ကောင်းကျိုးအတွက် အတူတူ စပြီးတော့ တွဲလုပ်မှာလား” အန္တိမသဟဇာတက မေးလိုက်၏။

မေတ္တယျ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားသည်။

“ရှင့်အပြုအမူတွေကို ရပ်တန့်ပြီးတော့ ကတိစကားတချို့ဆိုမယ်ဆိုရင်တော့ ဘာလို့မလုပ်ရမှာလဲ”

အန္တိမသဟဇာတက သူမကို စိုက်ကြည့်လိုက်၏။

“အရာအားလုံးအပြီးမှာ မင်းက ကရုဏာနှလုံးသားကို ထိန်းသိမ်းထားတာပဲ။ မင်းကို မင်းရဲ့ ကရုဏာကိုပဲ ချီးကျူးရမလား ဒါမှမဟုတ် မင်းရဲ့ တုံးအမှုကိုပဲ လှောင်ပြောင်ရမလားဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ မင်းရဲ့ အဖြေက အဓိပ္ပါယ်မရှိဘူး။ မင်းက ခွင့်လွတ်နိုင်စွမ်း ရှိကောင်းရှိပေမဲ့ တခြားသူတွေက ခွင့်လွတ်မှာ မဟုတ်ဘူး။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် ငါရဲ့ ကျန်ရှိနေတဲ့အရာက ဒါကို ဆက်လုပ်ပြီးတော့ အနိုင်ရဖို့ပဲ”

 အန္တိမသဟဇာတက သူသည် ဝှက်ဖဲတချို့သာ ကျန်တော့ကြောင်း သိလေသည်။ လက်ရှိစစ်တုရင်ကစားပွဲ၌ အကောင်းဆုံး အသုံးချနိုင်သည့် လှုပ်ရှားမှုများပေါ် မူတည်သည်။ သို့သော်လည်း အချိန်စားသုံးသူ၏ အပြုအမူများက အန္တရာယ်များစဉ် သူ့အနိုင်ရရှိမည့် အခွင့်အရေးကို တိုးမြှင့်ပေးမည့် အပြောင်းအလဲများ ဖြစ်လာစေသည်။

မေတ္တယျက သူ့ကို စိုက်ကြည့်လိုက်၏။ သူမက သူ့စကားများကို ပြန်လည်ရေရွတ်လိုက်ပြီး သူမ၏စိတ်ထဲ အတူတကွ ဖြတ်ကျော်ခဲ့ဖူးသည့် အရာအားလုံးကို ပြန်လည်တွေးတောလိုက်သည်။ ထို့နောက် သူမက ရောက်ရှိလာမည့် ကပ်ဘေးအကြောင်း တွေးမိကာ တစ်စုံတစ်ခုကို သဘောပေါက်သွားလေ၏။

ငါက ကမ္ဘာကြီးကို ဒုက္ခပင်လယ်လို့ မြင်ခဲ့တာပဲ။ စံပြတစ်ယောက်အနေနဲ့ငါက တစ်ခုခုလုပ်ဖို့ ကူကယ်ရာမဲ့နေတယ်။ ဒီစွမ်းအားကို ရယူပြီးတဲ့နောက်မှာ ငါက အရာအားလုံးကို ပြောင်းလဲပစ်နိုင်မဲ့လို့ ထင်ထားခဲ့တာ ဒါပေမဲ့ လက်တွေ့ဘဝက ဆန့်ကျင်ဖက် ဖြစ်နေတယ်။

ငါက ကမ္ဘာရဲ့ ဒုက္ခတွေကို မတားဆီးနိုင်ရုံမကဘူး မျှခြေကို ထိန်းသိမ်းဖို့ အချိန်အများကြီး ကုန်ဆုံးခဲ့တယ်။ ငါ အာရုံထွေပြားနေတုန်း ဒုက္ခဝေဒနာတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။ အစကတည်းက ငါ့ရဲ့ ချဉ်းကပ်မှုတွေက မှားယွင်းနေတာပဲ။

ငါက အားလုံးကို မကယ်တင်နိုင်ဘူး။ အနည်းဆုံးတော့ ငါ့လက်ရှိအင်အားနဲ့ပေါ့။ ဒါက ငါ လက်သင့်ခံရမဲ့အချက်ပဲ။ ဒုတိယအချက်အနေနဲ့က တချို့အရာတွေက ရှောင်လွဲလို့ မရဘူးဆိုတာကို နားလည်သဘော‌ပေါက်သင့်တယ်။ ငါ သူတို့ကို အတင်းအကြပ်ပြောင်းလဲနေလို့ မရဘူး။ ငါ့ရဲ့ နည်းလမ်းက ငါ့ရဲ့ကန့်သတ်ချက်အတွင်းမှာ ရှိနေတဲ့လူတွေကို တတ်နိုင်သမျှမျှ မြန်မြန် အကူအညီဖြစ်ဖို့ပဲ။

တစ်ရက်မှာ ငါက မြင့်မားတဲ့အနေအထားကို ရောက်ရှိသွားတဲ့အချိန် … ဒုက္ခပင်လယ်က လွတ်မြောက်သွားတဲ့အခါ သက်ရှိတွေအားလုံးကိုလည်း လွတ်မြောက်ဖို့ အကူအညီပေးနိုင်လိမ့်မယ်။

မေတ္တယျ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ သူမသဘာဝ၏ ငြိမ်းအေးလှသည့် အငွေ့အသက်က ယခုအခါ ပိုမိုပြင်းထန်လာပြီး သူမ၏ မျက်ဝန်းများကလည်း တောက်ပလာ၏။ ထိုတောက်ပလှသည့် မျက်ဝန်းက ပိုမိုမြင့်မားသည့် စိတ်ဝိညာဉ်၏ အရိပ်အမြွက်ဖြစ်သည့်အတွက် အန္တိမသဟဇာတက ထိုအရိပ်အမြွက်အားလုံးကို ဖမ်းယူမိလိုက်သည်။

ဉာဏ်အလင်းပွင့်တာပဲ …

 သူမ မျက်ဝန်းတောက်ပနေပုံအရ သူမရဲ့ ကျင့်ကြံဆင့်က တိုးတက်လာလိမ့်မယ်။ အဲ့လိုဆိုတော့ သူမရဲ့ ဝိညာဉ်ကလည်း တိုးတက်လာလိမ့်မယ်။ သူမက ဒီပြစ်ချက်တွေကို ဖြေရှင်းပြီးတာနဲ့ သိသိသာသာ တိုးတက်လာမယ်ဆိုရင် သူမရဲ့စွမ်းအားက ငါ့ကို ကျော်သွားလိမ့်မယ်။

အန္တိမသဟဇာတက တွေးလိုက်လေ၏။

သူတို့၏ စွမ်းအားက မဆုတ်သာမတိုးသာ အခြေအနေရှိနေသော်လည်း မေတ္တယျက ဉာဏ်အလင်းပွင့်မှုကို ချေဖျက်ဖို့ အချိန်ရယူခဲ့ပါက သူ့ကို စောင့်ကြိုနေသည့် တစ်ခုတည်းသောအရာက သေခြင်းတရားသာ ဖြစ်လိမ့်မည်။ ထိုအရာကို ကောင်းကောင်းသိထားကာ သူက သူမအား ချက်ချင်း တိုက်ခိုက်လိုက်၏။ သူတို့၏ ကျင့်ကြံဆင့်နှင့် ကျင့်ကြံခြင်းက ပြစ်ချက်ရှိသောသူများအတွက် တိုးတက်ဖို့ရာ အချိန်နှင့် အဆင့်မြင့် စွမ်းအားများ လိုအပ်ပေသည်။ ထို့ကြောင့် သူသည် သူမအား တိုးတက်ခြင်းမှ တားဆီးဖို့ ဆက်လက် တိုက်ခိုက်ဖို့ရာ လိုအပ်ပေ၏။ မည်သို့ပင်ဆိုစေကာမူ အချိန်က သူ့ဘက်တွင် ရှိမနေတော့ပေ။

မေတ္တယျ၏အသံ‌ ပျောက်ကွယ်သွားသည့်အခါ ဝမ်ဝေ့က အချိန်စားသုံးသူ၏ နန်းဆောင်ထဲတွင် စတင်ရှာဖွေလိုက်သည်။ တိတိကျကျပြောရလျှင် သူက ရတနာသိုက်ကို ရှာဖွေနေခြင်း ဖြစ်၏။ ထိုသို့သော နေရာမျိုးက လိုလိုမယ်မယ်အနေအထားအတွက် ဒိုင်မေးရှင်းတစ်ခုလုံးကို ရွေ့လျားစေဖို့ သို့မဟုတ် ကာကွယ်ရေးအစီအရင်တစ်ခုကို အသက်သွင်းဖို့ စိတ်ဝိညာဉ်တစ်ခု ရှိတတ်ကြသည်။ ထို့ကြောင့် သူက ထိုအရာ အသက်ရှင်နေလိမ့်မည်ဟု ယုံကြည်ထားသည်။

သူ့အနေဖြင့် မိနစ်အနည်းငယ် အချိန်ယူခဲ့ရသော်လည်း သူ လိုချင်သည့်အရာကို ရှာတွေ့သွားလေသည်။ ဝမ်ဝေ့က အချိန်မန္တန်ကို အသုံးပြုကာ အထဲရှိ လူအားလုံးနှင့် အချိန်ကို ရပ်တန့်စေခဲ့သည်။

ဒီကောင်စုတ်က သူတို့ထဲမှာ အချမ်းသာဆုံးပဲ။ ဒါပေမဲ့ တစ်ခုခုတော့ မှားနေတယ် …  

သူက ရတနာသိုက်ကို စစ်ဆေးကြည့်လိုက်ပြီး အဖြေကို တွေ့ရှိသွားလေသည်။ ဤနေရာ၌ အဆင့် ၁၁ အထက် သတ္တု၊ သန့်စင်ရေးသစ်သားဟူ၍ ရှိမနေပေ။

ဝမ်ဝေ့က အဆင့် ၁၂  ရှားပါးပစ္စည်းများ၊ ဆေးပင်များနှင့် အပြီးသတ်ထားသည့်လက်နက်များကို တွေ့ခဲ့သော်လည်း သတ္တုရိုင်းနှင့် သတ္တုဟူ၍ မတွေ့ခဲ့ပေ။ သူက ထိုမူမမှန်မှုကို သတိထားမိသည့်အခါ အကြောင်းအရင်းကို သဘောပေါက်သွားလေ၏။

အချိန်စားသုံးသူက သူတို့ကိုသုံးပြီးတော့ တစ်စုံတစ်ခုကို တည်ဆောက်ခဲ့တာပဲ …

ပထမဦးစွာ ဝမ်ဝေ့က ထိုသူသည် သင်္ဘောတည်ဆောက်ခဲ့သည်ကို တွေးလိုက်မိသည်။ သို့သော်လည်း သင်္ဘော၏ အရွယ်အစားအရ အဓိပ္ပါယ်မရှိသေးပေ။ ထို့ကြောင့် အချိန်စားသုံးသူက သန့်စင်ရေးဖြစ်စဉ်အတွင်း အကြိမ်တစ်သောင်းလောက် မရှုံးနိမ့်သရွေ့ ထိုပစ္စည်းများ ပျောက်ဆုံးနေရသည့်အချက်ကို မရှင်းပြနိုင်ပေ။

ဝမ်ဝေ့က လက်ကိုမြှောက်ကာ အချိန်နှုတ်ယူရေးကို ဖန်တီးလိုက်သည်။ ထိုအရာက ထိုအချိန်စားသုံးသူသည် ထိုရတနာသိုက်မှယူသွားသည့် အရာများကို မြင်တွေ့စေဖို့ အတိတ်အကြောင်းကို ပြန်လည်ဖန်တီးလိုက်ခြင်း ဖြစ်၏။ သူက ထိုအရာများကို သိခြင်းဖြင့် တဖက်သူ၏ ရည်ရွယ်ချက်ကို ကောက်ချက်ချနိုင်လိမ့်မည်။ နှမြောစရာကောင်းလှစွာဖြင့် သူ့မန္တန်က ကျရှုံးသွားသည်။ အချိန်စားသုံးသူက အရိပ်အမြွက် မချန်ခဲ့ပေ။ ဝမ်ဝေ့က ချက်ချင်း လက်မလျော့သေးပေ။ ထိုအစား သူက ကံကြမ္မာတာအိုကို အသုံးပြုလိုက်၏။ သူက ဤအခန်း၏ ကံကြမ္မာအား အရာအားလုံးတွေ့ကြုံထားသည့် အဖြစ်အပျက်အားလုံး ပါဝင်နေသော စာအုပ်အသွင်ပြောင်းလဲလိုက်သည်။

ဝမ်ဝေ့က ဗလာစာအုပ်ကို လက်ထဲတွင် ကိုင်ထားရင်း သက်ပြင်းချလိုက်၏။

“သူက တော်တော်လေး သတိထားတာပဲ”

သူက ခေါင်းရမ်းလိုက်ပြီးသည့်နောက်တွင် ရတနာသိုက်ကို သိမ်းဆည်းပြီး စည်းတံဆိပ်ကို ချန်ထားခဲ့သည်။ သူ့နောက်ထပ်တာဝန်က စည်းတံဆိပ်ကို အားဖြည့်ပေးသည့်သူများက ကျေးဇူးတင်ဖို့ရာ ဖြစ်သည်။ သို့သော်လည်း သူက မလုပ်ဆောင်နိုင်ခင် သူ့ကံကောင်းမှု၌ အပြောင်းအလဲတချို့ကို ခံစားမိလိုက်သည်။

ဝမ်ဝေ့က မျက်လုံးကို မှိတ်ကာ အပြောင်းအလဲကို ခံစားလိုက်၏။ မမြင်နိုင်ဖွယ် သူ့ချီကံကောင်းမှုနဂါးက ၁၀% တိုးမြှင့်သွားပြီး ထူးကဲသာလွန်မှုကံကောင်းမှုကို ပိုမိုရရှိသွားလေသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုကံကောင်းမှုကို ဂရုမစိုက်ပေ။ သူက ပိလုံရှန့်ကို ပြောခဲ့သည့်အတိုင်း ထူးကဲသာလွန်မှုလမ်းစဉ်က တစ်ယောက်တည်း လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်သည့်အတွက် သူက ကံကောင်းမှုကဲ့သို့ အရာများအပေါ် မယုံကြည်နိုင်သလို မမှီခိုနိုင်ပေ။ ထိုအရာက သူ့ဦးစားပေး ဘယ်သောအခါမှ မဟုတ်သော်လည်း အကူအညီ ဖြစ်လာကောင်းဖြစ်လာနိုင်၏။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ စံပြများက သူ့ကို လာရောက်နှုတ်ဆက်ကြသည်။ သူက မိတ်ဆွေအများစုကို သတိထားလိုက်မိသော်လည်း အများစုကမူ လေလွင့်ကျင့်ကြံသူများသာ  ဖြစ်၏။ ဝမ်ဝေ့က သူတို့အနေနှင့် ဤနေရာ၌ ကုသိုလ်စုဆောင်းရမည့် အခွင့်အရေးရှိသည်ဟု ယုံကြည်ထားသည့်အတွက်ကြောင့် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိထားလေသည်။

“အခုလို လာပေးပြီးတော့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက် လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ တခြားသောစံပြများကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြ၏။ အားလုံးက သူ့ကို မသိကြသော်လည်း သူ့အရှိန်အဝါနှင့် ပြင်းထန်သည့် ယခင်တိုက်ပွဲမှ အကြွင်းအကျန်အငွေ့အသက်အရ ထိုစံပြများအား ထိတ်လန့်သွားစေသည်။

“ဘယ်သူမှမမေးခင် ပြောရဦးမယ်။ သော့ခလောက် ပျောက်ကွယ်သွားတာနဲ့ ကောင်းကင်တာအိုဆီကနေ ဆုချီးမြှင့်ခြင်း ခံရမယ်” သူ့စကားများက အနည်းငယ် ဝေဝါးနေသော်လည်း ထိုသူများက အရည်ထူစွာဖြင့် ဘာမှမမေးကြပေ။

“အရှင်ဝမ်ဝေ့ သော့ခလောက်က ဘယ်အချိန် ပျောက်ကွယ်သွားမယ်ဆိုတာကို သိပါသလား”

“လုပ်ဆောင်ရမဲ့ကိစ္စတွေ အများကြီးရှိသေးတယ်။ ဒါပေမဲ့ ယွမ်ခေတ်ကာလ နှစ်သောင်းအတွင်း ပျောက်ကွယ်သွားမယ်လို့ ခန့်မှန်းမိတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

“တော်သေးတာပေါ့”

ဝမ်ဝေ့က အားလုံးကို ပြန်နှုတ်ဆက်မည့်ဆဲဆဲတွင် ရှုကျင်းယောင်ကို ရုတ်ချည်းဆိုသလို တွေ့လိုက်သည်။

“မိုးမြေကြားက တုန်ခါမှုတစ်ခုကို ခံစားမိလိုက်တယ်။ အဲ့တာက ဘာများလဲ”

ဝမ်ဝေ့က သူမကို ကြည့်လိုက်၏။ သူမ၏ ပြီးပြည့်စုံမှုအနှစ်သာရဖြင့် သူမ၏ အာရုံခံစားမှုက ယခင်ကထက် ပိုမိုစူးရှလာကာ သတိထားမိသည်က အဓိပ္ပါယ်ရှိပေသည်။ သို့သော်လည်း သူက ကပ်ဘေးအကြောင်း သတင်းမဖြန့်လိုသည့်အတွက် ထိုသို့ပြောလိုက်၏။

“အဲဒါက အချိန်စားသုံးသူရဲ့ နောက်ဆုံးရုန်းကန်မှုလေးပါပဲ။ သူက သူ့ရဲ့ စစ်တုရင်ကစားသမားဆီကနေ စွမ်းအားကို သုံးဖို့ ကြိုးစားခဲ့တာ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။ ဝမ်ဝေ့က စစ်တုရင်ကစားသမားဟူသော စကားကို ပြောသည့်အခါ အလေးပေး ဖိပြောကြားခဲ့သည်။

“ဒါပေမဲ့ ငါ သူ့ကို တားခဲ့တယ်”

“ကျွန်မ သိပြီ”

ရှုကျင်းယောင်က ခေါင်းညိတ်လိုက်လေ၏။ နေမင်းနှစ်စင်း၏ စွမ်းအားဖြင့်သာ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်မှု ရှိနိုင်သည်။ သူမက ကျေနပ်သွားစဉ် တုန်ခါမှုကို မခံစားရသည့် တခြားသူများကမူ နားမလည်ဘဲ တွေဝေနေကြလေ၏။ ဝမ်ဝေ့အကြောင်း သိထားသည့်သူများကမူ သူ့စကားကို အပြည့်အဝ မယုံကြည်ကြပေ။

သို့သော်လည်း ဝမ်ဝေ့က ဘာမှရှင်းမပြခဲ့ပေ။

All Chapters