အချိန်စားသုံးသူ၏ အတိတ်
Vol. 106 Ch. 1484
ဝမ်ဝေက သူ သိထားသူများနှင့် အနည်းငယ် စကားပြောပြီးနောက် သူတို့ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်း စံပြများက သူ့ကို စောင့်နေသော်လည်း ဝမ်ဝေသည် ချက်ချင်း ထွက်မသွားသေးပေ။ ထို့အစား သူက အချိန်စားသုံးသူကို ပိတ်လှောင်ထားရန် အသုံးပြုခဲ့သော ဝိဇ္ဇာစည်းတံဆိပ်ကို ဖြေရှင်းရန် အချိန်ယူခဲ့သည်။
သူသည် စည်းတံဆိပ် ပျောက်ပျက်သွားအောင် ခွင့်မပြုနိုင်ပေ။ ထို့အစား သူက ဗဟိုချက်အချိန်ပိုင်နက်အား အားဖြည့်ဖို့ရာ သူ့စွမ်းအားကို အသုံးပြုခဲ့သည်။ ဝမ်ဝေ့အနေနှင့် ကောင်းကင်တာအိုသည် ဤနယ်မြေကို ပြန်လည်အသက်ဝင်စေရန် ကမ္ဘာ၏ အရင်းအမြစ်ကို အသုံးပြုကောင်း အသုံးပြုနိုင်ပေသည် သို့မဟုတ် ကျတ်တီးနယ်မြေအဖြစ် ချန်ထားနိုင်သည်။ ထိုကြောင့် သူက ဝိဇ္ဇာစည်းတံဆိပ်မှ စွမ်းအားကို အသုံးပြုကာ သက်ရှိများပြန်လည်နေထိုင်နိုင်ဖို့ နေရာအဖြစ် ဖန်တီးပေးလိုက်ပြီး ကုသိုလ်ပမာဏအနည်းငယ်ကို ရယူခဲ့ခြင်း ဖြစ်၏။
"သွားကြစို့" ဝမ်ဝေ့က ပြောလိုက်ပြီး အိမ်ဆီ တိုက်ရိုက်ကူးသန်းပြောင်းရွေ့လာလိုက်သည်။ သူတို့ပြန်ရောက်လာချိန်တွင် အခြားသူများက သူကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ကိုယ့်အိမ်ကို ပြန်သွားကြလေသည်။ သို့သော် ဝမ်ဝေ့က ယန်းပုဟိုင်အမည်ရှိ စံပြတစ်ဦးကို နေရစ်ခိုင်းလိုက်သည်။
"ကျုပ်တို့ရဲ့ အကောင်းဆုံး ကျွမ်းကျင်ပညာရှင်အားလုံးကို ဆင့်ခေါ်လိုက်ပါ" ဝမ်ဝေ့က အမိန့်ပေးသည်။
"အားလုံးကိုလား" ယန်းပုဟိုင်က မေးလိုက်သည်။ သူမ၏ မီးလျှံဆံပင်များက လေထဲတွင် တလူလူလွှင့်နေလေ၏။
"ဟုတ်တယ်။ ချိတ်ပိတ်ပြီး နေနေတဲ့သူတွေလဲ အပါအဝင်ပဲ " ဝမ်ဝေ့က ပြောသည်။
"ကောင်းပါပြီ" ယန်းပုဟိုင်က ပြောပြီး ပျံသန်းထွက်ခွာသွားလေသည်။
ထို့စဉ် ဝမ်ဝေ့က ခေါင်းဆောင်ရှဲ့ဟွမ်းနှင့်အတူ ကျန်ရှိနေ၏။
"ခုံက စည်းတံဆိပ်ကို အားဖြည့်ဖို့ ရောက်မလာတာ သတိထားမိတယ်။ သူ ဘယ်မှာလဲ" ဝမ်ဝေ့က မေးလိုက်သည်။ လင်းဖန်နှင့် ရှုရှစ်တို့က ပေါ်ထွက်လာခဲ့သော်လည်း ခုံ၏ အရိပ်အယောင်ကို မမြင်ရပေ။
" အရှင် ပြောတာ မှန်ပါတယ်" ရှဲ့ဟွမ်းက ပြန်ဖြေလိုက်သည်။
"အရှင် စည်းတံဆိပ်ထဲ ဝင်တဲ့အချိန်တုန်းက သူနဲ့ မရဏကိုးပါးတို့ဟာ အားနည်းတဲ့ ကျောင်းတော်တွေအပေါ် ထိုးစစ်ဆင်ကြပြီး အညံ့ခံလာအောင် လုပ်ခဲ့ကြတယ်"
"အသင်္ချေဂိုဏ်းမဟာမိတ်နဲ့ ဆက်စပ်နေတဲ့သူတွေကိုရောလား။ သူတို့ကိုရော ထိခဲ့သေးလား"
"သူ လုပ်ခဲ့တယ်"
"သူက အတော်လေး သတ္တိရှိတာပဲ" ဝမ်ဝေ့က အပြုံးဖြင့် ချီးကျူးလိုက်သည်။ ခုံက သူ့လိုမျိုး ကာကွယ်ပေးမည့် အားကောင်းသော နောက်ခံမျိုး မရှိထားပေ။ ဆိုလိုသည်မှာ လှုပ်ရှားမှုတစ်ကွက် မှားယွင်းသွားခြင်းက အရာအားလုံး ဆုံးရှုံးသွားရနိုင်ခြေ ရှိ၏။ သို့သော် သူ့အပြုအမူအရ ကျောင်းတော်၏ စည်ပင်ကြွယ်ဝမှုအတွက် အရာအားလုံးကို စတေးထားကြောင်း ပြသနေသည်။
“သူ့ကို ဝင်ရောက်နှောင့်ယှက်တဲ့သူ ရှိခဲ့လား"
"ပွင့်လင်းမြင်သာတော့ မရှိဘူး။ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး" ဟု ရှဲ့ဟွမ်းက ပြောသည်။
"အဲဒီလုပ်ကြံသူကိုရော ဖမ်းမိလား"
"မဖမ်းမိဘူး။ လွတ်သွားတယ်"
"အတော်လေး လုပ်ရည်ကိုင်ရည်ရှိတာပဲ" ဝမ်ဝေ့က ခေါင်းညိတ်သည်။
"မီးတောက်ပန်းပဲဆရာရဲ့ အခြေအနေ ဘယ်လိုလဲ"
"သူက တာအိုလမ်းစဉ်ကျောက်ပြားအကြောင်း ဖြည်းဖြည်းချင်း မေ့နေပါပြီ"
“သော့ခလောက် ပယ်ပျက်သွားတဲ့အချိန် သူ ထွက်သွားလောက်တယ်။ ငါတို့အတွက် အချိန် မရှိတော့ဘူး," ဝမ်ဝေ့က ရေရွတ်လိုက်သည်။
"သူ့ဆရာက ရှေးဦးစံပြတစ်ယောက် … ဒါကြောင့် ငါတို့ သတင်းအချက်အလက်ကို ဖျက်ဖို့ ကောင်းကောင်းလုပ်ရမယ်"
"သူ့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် အစားထိုးထားပြီး အရှိန်မြင့်လိုက်ပါ့မယ်"
"အဲလို လုပ်ထားလိုက်ပါ"
ရှဲ့ဟွမ်းသည် သူ့တာဝန်အသစ်အတွက် ထွက်သွားခဲ့သည်။ ထိုနောက် ဝမ်ဝေ့သည် ဝမ်ချီဆီမှ အစီရင်ခံစာများကို လက်ခံနေစဉ် ယွီချိုက်က လာရောက်တွေ့ဆုံခဲ့သည်။
"ချိတ်ပိတ်နေတဲ့လူတွေကိုပါ ထွက်လာဖို့ အမိန့်ပေးလိုက်တယ်လို့ ကြားတယ်"
တာအိုအခွင့်အလမ်းဂိုဏ်းကဲ့သို့ အင်အားကြီးသော ဂိုဏ်းများမှာ အမျိုးမျိုးသော အကြောင်းအရင်းကြောင့် ချိတ်ပိတ်နေကြသူများ ရှိကြသည်။
တချို့သူများသည် သေလုနီးပါး အနေအထားအတွင် ရှိနေကြပြီး မည်သည့် ဆေးဝါး၊ မည်သည့် စွမ်းအားနဲ့မဆို မကယ်နိုင်တော့သဖြင့် နောက်ဆုံးသော မျှော်လင့်ချက်ကြိုးပမ်းမှုအရ ချိတ်ပိတ်နေကြခြင်း ဖြစ်၏။ အချိန်ကျလာသည့်အခါ ဂိုဏ်း၏ အုတ်မြစ်အတွက် စစ်ပွဲအတွင်း အသေခံအဖြစ် အသုံးချရန် ဖြစ်သည်။ တချို့သူများသည် တိုးတက်မှု မရှိသော အလွန်ရှည်လျားသည့် ဘဝကို ဖြတ်ကျော်ဖို့ရာ စိတ်ပင်ပန်းလွန်း၍ အနားယူရန် ချိတ်ပိတ်နေကြသည်။ နောက်ဆုံးကမူ ဂိုဏ်းအနေနှင့် အချို့သူများကို သေသွားသည်ဟု အထင်ရောက်အောင် လိမ်လည်ထားပြီး လျို့ဝှက်အင်အားစုအဖြစ် ပြောင်းလဲထားလေသည်။ ထိုလူများက မလိုအပ်လာသရွေ့ အပြင်ဘက်၌ မြင်တွေ့ဖို့ မသင့်ပေ။ သူတို့က ဇစ်မြစ်များကို မကြာခဏ ဖုံးကွယ်ထားကြပြီး တချို့ကမူ သူတို့ဘာသာ ချိတ်ပိတ်နေဖို့ ရွေးချယ်ထားကြသည်။
“ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ လိုအပ်နေလို့ … အမြင့်ဆုံး ဦးစားပေးမှုပဲ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“အဲ့ဒီလောက်ထိ အရေးကြီးတာလား”
“ဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြန်လည်ဖြေကြားလိုက်သည်။
“ဒါကြောင့် ဒီမှာ ရောက်လာတာလား”
“မဟုတ်ပါဘူး” ယွီချိုက်က လျင်လျင်မြန်မြန် ဖြေလိုက်သည်။
ဝမ်ဝေ့၌ ထိုသို့အာဏာရှိသည့်အတွက် သူ့အနေနှင့် မေးခွန်းထုတ်မည် မဟုတ်ပေ။
“ရောက်လာတဲ့ကိစ္စက ကျုပ်ဆီ ပေးထားတဲ့ ပစ္စည်းကြောင့်ပါ။ သူတို့ရဲ့ တည်ရှိမှုနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ သူလျိုတွေနဲ့ ကျုပ်တို့ဘက်က လူတွေကို အာရုံခံမိထားတယ်။ သူတို့ကို ဘာလုပ်ချင်လဲ ”
ဝမ်ဝေ့က ထိုအကြောင်း စဉ်းစားလိုက်သည်။ သူက သူတို့ကို သန့်စင်ပေးနိုင်သော်လည်း သူတို့ကို အပေးအယူလုပ်ထားသည့် ဗဟုသုတများကို အသုံးချသည်က ပို၍ကောင်းနေနိုင်သည်။
“သူတို့ကို ဖမ်းထားပြီးပြီလား”
“မဖမ်းရသေးပါဘူး။ အားလုံးကို အလန့်တကြား မဖြစ်သွားစေချင်လို့ မလှုပ်ရှားရသေးတာပါ”
“ဒါပေမဲ့ လူတွေက ခင်ဗျား အသုံးအဆောင်ပစ္စည်းကို ဂိုဏ်းဆီ အပ်လိုက်တာ မြင်ထားကြတယ်မလား” ဝမ်ဝေ့က မေးလိုက်သည်။
“အဲဒါကြောင့် … ”
“ဒီလိုဆို အားနည်းတဲ့ သူလျိုအချို့ကို ဖမ်းပြီး ကျန်တဲ့သူတွေကို လွှတ်ထားလိုက်”
“ကောင်းပါပြီ”
“ဒါနဲ့ ပါဝင်ပတ်သက်နေတဲ့ လူအားလုံးရဲ့ စာရင်းကို ပေးထားပါဦး” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။ ယွီချိုက်က အချက်အလက်ပါဝင်သည့် အဆောင်တစ်ခုကို ဖန်တီးလိုက်ပြီး ပေးလိုက်ကာ သူ့တာဝန်ကို ထမ်းဆောင်ဖို့ ထွက်သွားလေသည်။
သိပ်မကြာခင် ဝမ်ဝေ့က ဝမ်ချီနှင့် ဆွေးနွေးမှု အပြီးသတ်လိုက်သော်လည်း ယန်းပုဟိုင်က အဆင်သင့်မဖြစ်သေးပေ။ ထို့ကြောင့် သူက အချိန်စားသုံးသူ၏ မှတ်ဉာဏ်သလင်းကျောက်ကို စတင်လေ့လာကြည့်လိုက်၏။
ဟိုးလွန်ခဲ့ပြီးသောအချိန်က အချိန်စားသုံးသူက ပုံမှန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့လေသည်။ သူက ထာဝရဧကရာဇ်တစ်ပိုင်းဟု မှတ်ယူနိုင်သည့်အတွက် နည်းနည်းထူးချွန်သည်ဟု ဆိုရပေမည်။ သို့သော် သူနှင့် ပတ်သက်သည့် အရာအားလုံးက သာမန်သာ ဖြစ်၏။ သို့သော် သူ တာအိုကို သက်သေပြပြီးသည့်နောက် သိပ်မကြာခင် ကံကြမ္မာ ပြောင်းလဲသွားလေ၏။ သူက မြေပုံတစ်ခုနှင့် အချိန်သားရဲ၏ သွေးကို လျို့ဝှက်ဒိုင်မေးရှင်းအတွင်း ကံအပြောင်းအလဲအခွင့်အရေးအနေနှင့် တွေ့ခဲ့သည်။
ထိုသွေးက သူ့အား အချိန်ကို အရန်တာအိုအဖြစ် ကျင့်ကြံဖို့ ခွင့်ပြုပေးခဲ့သော်လည်း သူ့ဘဝကို တကယ်ပြောင်းလဲစေခဲ့သည်မှာ မြေပုံ ဖြစ်၏။ ထိုစဉ် အချိန်စားသုံးသူက သူ့ကိုယ်သူ မြေဓာတ်နှင့်ရေဓာတ် တာအို ကျင့်ကြံမှုအတွက် တောင်နှင့်ပင်လယ်ဧကရာဇ်ဟု ခေါ်တွင်ခဲ့ပြီး သေးနှတ်သည့် ဧကရာဇ်တစ်ဦးအနေနှင့် အဆုံးမဲ့အသင်္ချေဘုံဆီ သွားလာဖို့ တုံ့ဆိုင်းခဲ့ခြင်း မရှိပေ။
ခရီးစဉ်က အန္တရာယ်ကြီးမားခဲ့ပြီး ယနေ့အထိ အချိန်စားသုံးသူက သူသည် ကံကောင်းမှုကြောင့်သာ အသက်ရှင်ကျန်ရစ်ခြင်း ဖြစ်ကြောင်း ယုံကြည်ထားလေသည်။ သို့သော် အမှောင်အချိန်စက်ဝန်းတစ်ခု၌ သူက ဖမ်းဆီးခံ အကောင်းတိုင်းရှိနေသည့် အချိန်သားရဲကို တွေ့ခဲ့ရသည်။ အချိန်စားသုံးသူက ထိုသက်ရှိ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ယူဖို့ တုံ့ဆိုင်းမနေပေ။
သူ့ကံကောင်းမှုက ထိုနေရာမှာ အဆုံးမသတ်သေးပေ။ သူ အိမ် ပြန်လာနေစဉ်အတွင်း သူ့ချမ်းသာကြွယ်ဝမှုကို လုယူဖို့ ကြိုးစားသည့် ဓားပြအုပ်စုနှင့် တွေ့ကြုံခဲ့ရသည်။ သူတို့ကို သတ်ဖြတ်ပစ်ပြီးသည့်နောက် သူက ဓားပြတစ်ဦးထံမှ အလွန်ထူးခြားသော နည်းလမ်းတစ်ခုကို ရရှိခဲ့သည်။ ထိုနည်းလမ်းသည် သူ့အချိန်သားရဲ၏ အစစ်အမှန် ခန္ဓာကို ဖုံးကွယ်ပြီး ပြီးပြည့်စုံသည့် လူသားအသွင်ကို ရယူဖို့ ခွင့်ပြုပေးထားလေသည်။
ဝမ်ဝေ့က ထိုမှတ်ဉာဏ်များကို မြင်သည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။ ထိုမှစ၍ မှတ်ဉာဏ်များသည် ယွမ်ခေတ်ကာလ သန်းချီ … ထောင်ချီ ကျော်ထားသည့် အချိန်အပိုင်းအခြားမျှသာ ဖြစ်နေ၏။ သူက ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီး အဖိုးတန်သတင်းနှစ်ခုနှင့် အရေးပါသည့် အရာတစ်ခုကို သိခဲ့ရသည်။ အရေးပါသည့် သတင်းအတွက်မူ လျို့ဝှက်လမင်းတစ်ဖြစ်လဲ ရှစ်စင်းမြောက်လမင်း ကပ်ဘေးစံပြ ထွက်ပြေးသွားသည့်အချက် ဖြစ်၏။ ဒုတိယအနေနှင့် အချိန်စားသုံးသူက ဘုန်းကြီးပန်းနှစ်မွှာကို သတ်ပစ်ခဲ့လေသည်။ သူက ထိုသူ၏ သေဆုံးမှု အမြင်ရုပ်လွှာများကိုပင် ဖုံးကွယ်ထားခဲ့သည်။
အရေးပါသည့် သတင်းအချက်အလက်က အချိန်စားသုံးသူသည် ကြုံရာကျပန်းမှတ်ဉာဏ်တစ်ခု၌ ရေရရွတ်နေသည့်အရာ ဖြစ်၏။
“ငါ့ကောက်ချက်ချမှုက မှန်တယ်။ ငါ့အဆုံးစွန်မဲ့လမ်းစဉ်က ဖြစ်နိုင်ချေရှိတယ်” ဟူ၍ ဖြစ်သည်။
ကံအပြောင်းအလဲအခွင့်အရေးက အချိန်စားသုံးသူကို နယ်ရုပ်ဖြစ်လာဖို့ ထောင်ဖမ်းတဲ့ ထောင်ချောက်ပဲ …
ဝမ်ဝေ့က သုံးသပ်လိုက်လေ၏။ ကံဆိုးစွာဖြင့် သူက နောက်ကွယ်တွင်ရှိသည့်အရာ သို့မဟုတ် သူတို့ရည်ရွယ်ချက်ကို ကောက်ချက်မချနိုင်သေးပေ။ ဝမ်ဝေ့က ထိုလူများသည် သူတို့ကမ္ဘာဆီ လာလိုကြောင်း မှန်းဆမိသော်ငြား ထိုအရာက အမှန်ဖြစ်ကြောင်း ဖြစ်နိုင်သလို သူ့အနေနှင့် တစ်စုံတစ်ခု လွဲချော်နေတာမျိုးလည်း ဖြစ်နေနိုင်သည်။
အချိန်စားသုံးသူက အဆုံးမဲ့အသင်္ချေဘုံဆီ သွားလာဖို့ အချိန်အများကြီးကုန်ဆုံးခဲ့တာပဲ … သူက ကံကြမ္မာကို ပြောင်းလဲပြီး အဆုံးစွန်မဲ့စံပြဖြစ်လာဖို့ နည်းလမ်းရှာနေတာလား …
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေသည်။
သူက သူ့တာဝန်ပဲ အပြီးသတ်ပြီးတော့ သူ့ကိုယ်သူ ကာကွယ်ချင်ရုံလို့လဲ ပြောသေးတယ် … သူက သွားလာနေရင်း နယ်ရုပ်အဖြစ် ပြောင်းလဲပစ်တဲ့ ဖြစ်ရပ်မျိုးနဲ့ တွေ့ကြုံခဲ့ရပြီးတော့ အဲဒီလူတွေရဲ့ ကိုယ်စား ဆောင်ရွက်လှုပ်ရှားပေးနေရတာလား …
မဟုတ်သေးဘူး သူ့အဆုံးစွန်မဲ့စံပြ ဖြစ်လာချင်တဲ့ မျှော်လင့်ချက်ကလဲ သူ့ကို ထိန်းချုပ်ဖို့ မျှားခေါ်ဖို့ လုပ်ထားတဲ့ အစီအစဉ်တစ်ခုပဲ …
ဝမ်ဝေ့က အချိန်စားသုံးသူ၏ ဘဝကို မြင်ယောင်ကြည့်လိုက်သည်။ အချိန်သားရဲ၏ ခန္ဓာက သူ့အား မြင့်မားသည့် ပါရမီပေးအပ်ထားပြီး တားမြစ်တာအိုကို ရယူခွင့်ပြုထားလေသည်။ ထိုအရာက သူ့အား ပြဿနာမရှိစေဘဲ စံပြအဆင့်အထိ ကျင့်ကြံခွင့်ပြုထားခဲ့၏။ သို့သော်လည်း အချိန်စားသုံးသူက ထာဝရလမ်းစဉ်လျှောက်လှမ်းဖို့ ကျရှုံးမှုအား ကာမိစေဖို့ နည်းလမ်းတစ်ခုကို စတင်ရှာဖွေခဲ့ပုံရသည်။ နေဝင်ဖျိုးဖျဧကရာဇ်ဆီမှ လှုံ့ဆော်မှု ရထားတာ ဖြစ်နေနိုင်၏။
သို့သော်လည်း သူ သိထားသလောက် သူ့ရည်ရွယ်ချက်နှင့် ထိုနည်းလမ်းကို ရှာဖွေမှုတို့က သူ့အား ထောင်ချောက်အတွင်း မျှားခေါ်ဖို့ ငါးစာသာ ဖြစ်နေသည်။ ထို့နောက် အချိန်စားသုံးသူက သူ့တာဝန်ကို ပြီးမြောက်အောင်လုပ်ရင်း ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားခဲ့သည်။ သူက အဆုံးစွန်မဲ့စံပြတစ်ယောက် ဖြစ်လာသည်နှင့် လွတ်မြောက်မည့် နည်းလမ်းကို စီစဉ်ထားတာဖြစ်နိုင်သော်လည်း ဝမ်ဝေ့က သူ့ကို သတ်ပစ်လိုက်၍ သူ့အခွင့်အရေးအား ပျောက်ဆုံးသွားစေသည်။
ဝမ်ဝေ့က ခေါင်းယမ်းလိုက်၏။ အချိန်စားသုံးသူက သူသည် အစီအစဉ်ဖျက်လိုက်သည်ဟု ထင်နေသော်လည်း ထိုခွေးကောင်က သူ့ကို စောင့်ကြိုနေသည့် ကံကြမ္မာဆိုးကို နားမလည်သေးပေ။ ကောင်းကင်တာအိုက သူ့တည်ရှိမှုကို ဆုံးဖြတ်ထားပြီး နယ်ရုပ်အဖြစ် ရွေးချယ်ထားသည် ဖြစ်ရာ … ဆိုလိုသည်မှာ အချိန်စားသုံးသူက သူ့ရည်ရွယ်ချက် ပြီးမြောက်သွားသည်နှင့် ကောင်းကင်တာအိုအနေနှင့် သူ့သစ္စာဖောက်မှုကြောင့် အသက်ရှင်ဖို့ခွင့်ပြုမည် မဟုတ်ပေ။
အချိန်စားသုံးသူက သူ့ကို နယ်ရုပ်အဖြစ် ဆက်ဆံနေသည့် တခြားလူများအတွက် နှစ်ဖက်သူလျို လုပ်ပေးခြင်းဖြင့် သူ့ဝိညာဉ်ကို ကောင်းကင်တာအိုထံ လိုလိုလားလား ရောင်းချသရွေ့ အသက်ရှင်နိုင်သေးသည်။
သူ့မှတ်ဉာဏ်ထဲမှ သတင်းအချက်အလက်က သိပ်မများပေ။ သို့သော်လည်း လုံးဝအသုံးမဝင်ခြင်း မဟုတ်ပေ။
သတင်းအချက်အလက်များများဖြင့် သူသည် ရှေ့ကို ကြိုမြင်နိုင်ပြီး ကပ်ဘေးအတွင်း မည်သည်ကို မျှော်လင့်ထားရမည်မှန်း မှန်းဆနိုင်လိမ့်မည်။ သူ့အနေနှင့် အချိန်စားသုံးသူ၏ သူတို့ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း ပြောစကားကို ယုံကြည်မိလေသည်။
ကောင်းပြီလေ … သင်္ဘောဆီကနေ ဘာသတင်းအချက်အလက် ထွက်လာမလဲ ကြည့်ရသေးတာပေါ့
ဝမ်ဝေ့က ယန်းပုဟိုင်နှင့် တွေ့ဆုံဖို့ ထွက်မသွားခင် တွေးလိုက်သည်။