အခန်း ၂၇၁-၂၇၃
Vol. 19 Ch. 271-273
အခန်း ၂၇၁ - ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ တည်ငြိမ်သောဘဝ
စုယန်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအကြောင်း ရီဖန်ကို ချက်ချင်းအကြောင်းကြားလိုက်၏။ ရန်ဟွမ်နယ်မြေတွင် ကြီးမားသောလျို့ဝှက်ချက်တစ်ခုရှိနေသည်ဟု ဝူရှန်းဘိုးဘေးကပြောကြောင်းကြားသောအခါ ရီဖန်မှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
ယခုအချိန်တွင် ရန်ဟွမ်အနားယူနေသည်မှာ နှမျောစရာပင်။ သို့မဟုတ်ပါက ၎င်းကို ရန်ဟွမ်နယ်မြေ၏ လျို့ဝှက်ချက်ကြီးအကြောင်း တိုက်ရိုက်မေးမြန်းနိုင်သည်။ ထို့အပြင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို စုယန်ထိန်းချုပ်ထားသရွေ့ ရီဖန်က ရန်ဟွမ်နယ်မြေအတွင်းသို့ စိမ့်ဝင်ခြင်းမှ တားဆီးလိမ့်မည်မဟုတ်ပေ။
သို့သော် ယင် ယန်တံခါးဝင်လာခြင်းကို ရီဖန်ကိုယ်တိုင်သဘောမတူသောကြောင့် ချက်ချင်းတုန့်ပြန်လိမ့်မည်။ သို့သော် ယင် ယန်တံခါးကို စုယန်ထိန်းချုပ်နိုင်ပါက ၎င်းသည်လည်း သူတို့၏အင်အားဖြစ်လာလိမ့်မည်ဖြစ်သည်။ စုယန်ကို မည်ကဲ့သို့ထိန်းချုပ်စေရမည်နှင့်ပက်သက်၍ ယင် ယန်တံခါးမှလူများကို အကြိမ်အနည်းငယ်ရိုက်ချပြီးပါက ၎င်းတို့နားလည်လာကြပါိလိမ့်မည်။
စုယန်သည် ဤနှစ်များတစ်လျှောက် ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးအတွင်း များစွာကောင်းကျိုးပြုခဲ့ပြီးဖြစ်သည်။ အကယ်၍ ယင် ယန်တံခါးက စွမ်းဆောင်ရည်လျော့ကျလာပါက ၎င်းကိုထိန်းချုပ်ရန်အတွက် ပိုအရည်အချင်းပြည့်မီသောသူကို လိုအပ်လာလိမ့်မည်ဖြစ်သည်။ လက်ရှိတွင် ရီဖန်လုပ်ချင်သည့်အရာမှာ ယင် ယန်တံခါးရှိ အခြားသူများ၏ စွမ်းဆောင်ရည်ကို နိမ့်ဆင်းစေရန်ဖြစ်၏။
ပထမဆုံးအနေဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိခဲ့ကာ၊ ယခုတွင် ယင် ယန်တံခါးပါ ထပ်မံရောက်ရှိလာသောကြောင့် လူသားမျိုးနွယ်စု၏အခြေအနေမှာ အနည်းငယ်စိုးရိမ်စရာရှိသည်။ သို့သော် ရီဖန်ကိုယ်တိုင်က သူတော်စင်မဟုတ်သောကြောင့် ယခု သူထိန်းချုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရီမိသားစုနေထိုင်ရာ ဝန်းကျင်ကိုသာဖြစ်သည်။
လူသားမျိုးနွယ်စုတစ်ခုလုံး၏ နေထိုင်ရာပတ်ဝန်းကျင်အတွက်မူ ရီဖန်ပိုမိုအင်အားကြီးလာသည့်အချိန်ထိ စောင့်ရဦးမည်။ ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ဆက်လက် သန့်စင်ခဲ့၏။ ၎င်း၏ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းစွမ်းရည်ကို သူတော်စင်အဆင့်သို့ မြှင့်တင်လိုက်ပြီးနောက် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို သန့်စင်သည့်အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာသည်။
သို့သော်လည်း ရီမိသားစု၏ မြင့်မြတ်သောအင်မော်တယ်ပစ္စည်းများကို အောင်မြင်စွာ သန့်စင်ရန်အတွက် အနှစ်တစ်ရာခန့်ကြာသည်။ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ပြုလုပ်ပြီးသည့်နောက် ဝေးကွာလှသောကမ္ဘာကြီးတစ်ခုရှိ ရိုးရှင်းသောဝတ်ရုံကိုဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးက သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။
မွန်မြတ်သောအင်မော်တယ်လက်နက်အသစ်တစ်ခု အမှန်တကယ်မွေးဖွားလာကာ၊ ၎င်း၏ပိုင်ရှင်က အင်မော်တယ်ဧကရာဇ်နယ်မြေတွင်သာရှိသည်။ ရိုးရှင်းသောဝတ်ရုံနှင့် အဖိုးအို၏အမည်မှာ ဟွမ်လျို့ဖြစ်ကာ ၎င်း၏မူလပုံစံမှာ မိုးမခပင်ဖြစ်၏။ နှစ်ပေါင်းများစွာကြာပြီးနောက် သူသည် အောင်မြင်မှုရရှိကာ နတ်ဆိုးဘိုးဘေးဖြစ်လာခဲ့သည်။ သို့သော် သူသည် နတ်ဆိုးဘိုးဘေးများထဲတွင် အားအနည်းဆုံးဖြစ်သည်။
နတ်ဆိုးဘိုးဘေးများအတွက် မွန်မြတ်သောအင်မော်တယ်လက်နက်တစ်ခုမှာ အလွန်တရာအဖိုးတန်သည်။ ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် အနှစ်တစ်သောင်းအကြာတွင် နတ်ဆိုးဘိုးဘေးနယ်မြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ၎င်း၏ကိုယ်ပိုင် မွန်မြတ်သောအင်မော်တယ်လက်နက်ကို မရရှိသေးပေ။
မွန်မြတ်သောအင်မော်တယ်လက်နက်မရှိသော နတ်ဆိုးဘိုးဘေးတစ်ဦးသည် နတ်ဆိုးဘိုးဘေးများကြားတွင် အဆင့်အတန်းနိမ့်ပါး၏။ ဟွမ်လျို့နတ်ဆိုးဘိုးဘေးက သူ့ကိုယ်ပိုင် မွန်မြတ်သောအင်မော်တယ်လက်နက်ကို အမြဲရှာဖွေနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် အလွယ်တကူပေါ်လာနိုင်သော အရာမဟုတ်ပေ။
၎င်းတို့ပေါ်လာလျှင်ပင် စွမ်းအားကြီး နတ်ဆိုးဘိုးဘေးများကသာ ထိန်းချုပ်ထားလေ့ရှိသောကြောင့် အသစ်တက်လာသော နတ်ဆိုးဘိုးဘေးအတွက် နေရာမရှိချေ။ ယခုအချိန်တွင် မရင့်မှည့်သေးသော မွန်မြတ်သောအင်မော်တယ်လက်နက်တစ်ခုပေါ်ထွက်လာကာ ၎င်းပိုင်ရှင်ကလည်း အင်မော်တယ်ဘုရင်တစ်ပါးသာဖြစ်သောကြောင့် ဟွမ်လျို့နတ်ဆိုးဘိုးဘေးမှာ စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။
ရန်ဟွမ်နယ်မြေနှင့်ပက်သက်၍ တွက်ချက်မှုတချို့ပြုလုပ်ပြီးနောက် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် ရီဖန်၏အထောက်အထားကို ရှာဖွေတွေ့ရှိခဲ့၏။
"ကြည့်ရတာ ဒီမွန်မြတ်တဲ့အင်မော်တယ်လက်နက်က ရန်ဟွမ်နယ်မြေက မွေးဖွားလာတဲ့ ရတနာတစ်ခုပဲ"
မွန်မြတ်သောအင်မော်တယ်လက်နက်ကို သန့်စင်ရုံသာမကဘဲ သဘာဝအတိုင်းမွေးထုတ်ပေးနိုင်သည်။ ထို့အပြင် သဘာဝအလျောက်မွေးဖွားလာသော မွန်မြတ်သောအင်မော်တယ်လက်နက်များကို သန့်စင်ပြီးနောက် ပုံမှန်သန့်စင်ထားသော လက်နက်များထက် ပိုအစွမ်းထက်သည်။
"ဒီ မွန်မြတ်တဲ့အင်မော်တယ်လက်နက်တွေက ငါ့အတွက်ဖြစ်ဖို့ကံပါလာပုံပဲ!"
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ အခြားနတ်ဆိုးဘိုးဘေးများ ရှာမတွေ့မီ ၎င်းကိုလုယူရန်အတွက် ရန်ဟွမ်နယ်မြေသို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ရီဖန်ကဲ့သို့သော အင်မော်တယ်ဧကရာဇ်အချို့နှင့်တိုက်ခိုက်ခြင်းအတွက် ဟွမ်လျို့နတ်ဆိုးဘိုးဘေးက လုံးဝလျစ်လျူရှုခဲ့သည်။
အင်မော်တယ်ဧကရာဇ်နှင့် နတ်ဆိုးဘိုးဘေးတို့ကြား ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ နတ်ဆိုးဘိုးဘေးတစ်ဦးသည် နယ်ပယ်သုံးထောင်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့် အင်မော်တယ်ဘုရင်တစ်ပါးမဆိုထားနှင့် တာအိုဘိုးဘေး၏တပည့်များလျှင် နတ်ဆိုးဘိုးဘေးကို အနိုင်ယူနိုင်ခြင်းမရှိချေ။
အင်မော်တယ်ဧကရာဇ်တစ်ပါးသည် ရန်ဟွမ်နယ်မြေ၏ ကိုသြဒိနိတ်များကိုရှာဖွေရန် လိုအပ်နေသော်လည်း နတ်ဆိုးဘိုးဘေးအနေဖြင့် ရန်ဟွမ်နယ်မြေ၏ကိုဩဒိနိတ်အမှတ်များကိုလျှော့ချပြီးနောက် ကြယ်တာရာနေရာလွတ်ထဲဝင်ကာ ရန်ဟွမ်နယ်မြေဆီသို့တိုက်ရိုက်သွားနိုင်သည်။
ရန်ဟွမ်နယ်မြေအတွင်းတွင် ရီဖန်သည် သူ့လက်ထဲရှိ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ဂရုတစိုက်စစ်ဆေးရာမှ ၎င်းအတွင်းရှိ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသည်။ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို သန့်စင်ရန်အတွက် အနှစ်သာရသွေးများစွာကို အသုံးပြုခဲ့သည်။
ထို့ကြောင့် လုပ်ငန်းစဉ်ပြီးနောက်တွင် ကြာပွတ်ကိုသန့်စင်ခြင်းမရှိဘဲ အပြည့်အဝထိန်းချုပ်နိုင်သည်။ သို့သော် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏ အဆင့်သည် အလွန်မြင့်မားသောကြောင့်၊ ရီဖန်သည် ၎င်း၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် ရန်ဟွမ် နယ်မြေအပြင်ဘက်တွင် ကြာပွတ်၏စွမ်းအားကို အပြည့်အဝအသုံးချနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ရီဖန်သည် သူ၏ဝိညာဉ်ရေးအသိဖြင့် အန္တရာယ်တစ်ခုချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရသည်။ သူ့လက်ထိပ်ကို ဆစ်ချက်ဆိတ်လိုက်ကာ တွက်ချက်ပြီးနောက် ၎င်းအပေါ်သို့ ဦးတည်လာသော ကြောက်လန့်ဖွယ်အရာတစ်ခုရှိနေကြောင်း ချက်ချင်းသိလိုက်ရသည်။
ရီဖန်ကိုယ်တိုင်က ကြောက်လန့်ဖွယ်ကောင်းသည်ဟု ယူဆထားသော အရာတစ်ခုသာရှိသည်။ ၎င်းမှာ
တာအိုဘိုးဘေးနယ်ပယ်ရှိ စွမ်းအားရှင်ပင်။ ရီဖန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် တာအိုဘိုးဘေးနယ်ပယ်ရှိ သန်မာသည့်သူတစ်ဦးနှင့်တွေ့ရနိုင်ကြောင်း ခန့်မှန်းထားပြီးဖြစ်သော်လည်း မကြာမီရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သို့သော် ကျရောက်လာသည့်အချိန်တွင် ရီဖန်သည် တိုက်ပွဲကိုရှောင်လိမ့်မည်မဟုတ်။ အတွေးတစ်ခုနှင့်အတူ ရီဖန်၏ခန္ဓာကိုယ်သည် ဂူအိမ်အတွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ထို့နောက် သူ၏ကြာပွတ်ကို နေရာလွတ်ထဲသို့ ပြင်းထန်စွာ လွှဲရိုက်လိုက်သည်။
ကြီးမားသောအက်ကွဲရာကြီးတစ်ခုပေါ်လာပြီးနောက် ရောက်ရှိလာသောထိုပုဂ္ဂိုလ်သည် နေရာလွတ်အပြင်ဘက်သို့ ကြာပွတ်ဖြင့် ဆွဲထုတ်ခံလိုက်ရသည်။
သဘာဝကျစွာပင် အပြင်သို့ဆွဲထုတ်ခံလိုက်ရသူမှာ ဟွမ်လျို့နတ်ဆိုးဘိုးဘေးဖြစ်သည်။ ဟွမ်လျို့နတ်ဆိုးဘိုးဘေးက ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည့်အချိန်တွင် နေရာလွတ်ထဲ၌ လျှောက်သွားနေဆဲဖြစ်သည်။ ကြိုတင်မပြင်ဆင်ထားသည့်အတွက် နေရာလွတ်ထဲမှ ဆွဲထုတ်ခံလိုက်ရကာ အနည်းငယ်စိတ်ရှုပ်နေပုံရသည်။
ခဏအကြာတွင် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် အာရုံပြန်ရလာကာ ရီဖန်နှင့် သူ့လက်ထဲရှိ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို လှမ်းကြည့်လိုက်သည်။ ဟွမ်လျို့သည် ယခုလေးတင်ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားသည် ၎င်းလက်နက်ထံမှ ပေါ်ထွက်လာခြင်းဖြစ်ရမည်ဟု မှန်းဆခဲ့၏။ အင်မော်တယ်ဘုရင်တစ်ပါးသည် ထိုကဲ့သို့သော စွမ်းအားကို မည်သို့ထုတ်လွှတ်နိုင်မည်နည်း။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏ စွမ်းအားကို အလွန်ကျေနပ်သွားသည်။
“ဟေ့ လူသား၊ မင်းလက်ထဲမှာရှိတဲ့ ရတနာကို ပေးလိုက်ရင် မင်းအသက်ကိုချမ်းသာပေးမယ်"
ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏မျက်လုံးများသည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို လောဘအပြည့်ဖြင့်ကြည့်နေ၏။
……………
အခန်း ၂၇၂ - ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ တည်ငြိမ်သောဘဝ
ရီဖန်၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာသည်။ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်က နတ်ဆိုးဘိုးဘေးကို ဆွဲဆောင်ခဲ့သည်မှာ ထင်ရှား၏။ နတ်ဆိုးဘိုးဘေးနယ်မြေမှ စွမ်းအားကြီးသူတစ်ဦးကိုပင် ဆွဲဆောင်နိုင်ခဲ့သောကြောင့် ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်အပေါ်တွင် ကျေနပ်အားရမှုပိုရရှိသွားသည်။
နတ်ဆိုးဘိုးဘေးနယ်မြေမှ ဤသက်ရှိများသည် ၎င်းတို့၏အလိုဆန္ဒ ခိုင်မြဲသောကြောင့် စကားဖြင့်သွေးဆောင်ရုံမျှနှင့် ၎င်းတို့ကိုစွန့်ပစ်သွားလိမ့်မည်မဟုတ်ချေ။ ထိုသို့ဖြစ်လာပါက ၎င်းကိုသတ်ပစ်ရန်တစ်လမ်းသာရှိသည်။
နောက်အခိုက်အတန့်တွင် ရီဖန်သည် ‘သွေးမျိုးဆက်စွမ်းအား၊ သာ့လော့အင်မော်တယ်စူတြာ၊ ငါး-ခြောက်နက်နဲအင်မော်တယ် စွမ်းရည်၊ ပေါက်ကွဲထွက်နိုင်သော စွမ်းအားအားလုံး’ ကို အသုံးချလိုက်၏။ ရီဖန်၏ရောင်ဝါသည် အင်မော်တယ်ဧကရာဇ်နယ်မြေကိုချက်ချင်း ကျော်လွန်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ ရောက်ရှိသွားသည်။
နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်အတွင်းသို့ ထည့်သွင်းလိုက်သော စွမ်းအားသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေးဆီသို့ ပြင်းထန်စွာဦးတည်သွားသည်။ ရီဖန်၏ ရုတ်တရက်ပေါက်ကွဲမှုကလည်း ဟွမ်လျို့နတ်ဆိုးဘိုးဘေးကို အနည်းငယ် ထိတ်လန့်သွားစေသည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ ရုတ်တရက်ပေါက်ကွဲခြင်းသည် မိစ္ဆာဘိုးဘေးဖြစ်သည့် သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားချေ။ သူပြန်လည်တည်ငြိမ်သွားပြီးနောက် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် အေးစက်စွာလှောင်ရယ်လိုက်ကာ သူ၏၀တ်ရုံများကို ခါလိုက်ပြီးနောက် အကန့်အသတ်မရှိ ကြီးထွားလာခဲ့သည်။
‘နတ်ဥပဒေ - င်္အကျီလက်တွင်းရှိကမ္ဘာ’ ၎င်းသည် ရှေးဘိုးဘေးကွမ်ချန်ဇီ၏ အင်္ကျီလက်တစ်ဖက်တည်းဖြင့် ကမ္ဘာတစ်ခုလုံး၏ စွမ်းအားကိုထိန်းချုပ်ထားခြင်းနှင့် ပေါင်းစပ်ထညးပြီး၊ ဟွမ်လျို့နတ်ဆိုးဘိုးဘေးကိုယ်တိုင် ရေးဆွဲထားသော နတ်ဥပဒေဖြစ်သည်။
ရီဖန်၏ခန္ဓာကိုယ်သည် တိုက်ရိုက်လွှင့်ထွက်သွား၏။ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏တိုက်ခိုက်မှုက ဟွမ်လျို့နတ်ဆိုးဘိုးဘေးများ၏၀တ်ရုံကို ထိခိုက်စေခဲ့သောကြောင့် နတ်ဥပဒေကို ချိုးဖောက်မိခဲ့ခြင်းဖြစ်သည်။
ရီဖန်သည် တာအိုဘိုးဘေးများ၏စွမ်းအားကို နားလည်ထားသည့်တိုင် ၎င်းကို လျှော့တွက်မိဆဲဖြစ်သည်။ တာအိုဘိုးဘေးနယ်မြေနှင့် အင်မော်တယ်ဧကရာဇ်နယ်မြေသည် အဆင့်မတူကြချေ။ အကယ်၍ ပျက်ဆီးခြင်းကမ္ဘ္ဘာစွမ်းအား၏ အကာအကွယ်ကြောင့်သာမဟုတ်ပါက ရီဖန်သည် ယခုအချိန်တွင် ဒဏ်ရာအပြင်းအထန်ရပြီးဖြစ်သည်။
ရီဖန်သည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် နတ်ဆိုးဘိုးဘေးနယ်မြေမှ စွမ်းအားရှင်ကို ရင်ဆိုင်နိုင်ခြင်းမရှိသေးပေ။ သို့ဖြစ်သောကြောင့် ရီဖန်သည် သူ့အထဲရှိ ကမ္ဘာ့နှလုံးသားကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်။ ထို့နောက် ရန်ဟွမ်နယ်မြေ၏ စည်းမျဉ်းများသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေးကို ချက်ခြင်းဖိနှိပ်လာသည်။
သူ၏အင်အား ဖိနှိပ်ခံရခြင်းကို ခံစားလိုက်ရသည့် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် ပထမဆုံးအကြိမ်အဖြစ် မျက်မှောင်ကြုတ်လိုက်သည်။ ကြီးမားကျယ်ပြန့်သောကမ္ဘာများပေါ်တွင် ကမ္ဘာ့သခင်များ ရှိနိုင်သလား။ ဤအခြေအနေသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေးအတွက် ပထမဆုံးအတွေ့အကြံဖြစ်၏။
ရီဖန်က သူ့ကို စဉ်းစားချိန်မပေးလဲ ထပ်မံတိုက်ခိုက်လာသည်။ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် ၎င်း၏နတ်စွမ်းအားဖြင့် နတ်ဘုရားများကို အပြစ်ပေးရာတွင်အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယခုတွင် ရီဖန်သည် နတ်အပြစ်ဒဏ်စွမ်းအားကို တိုက်ရိုက်ဆင့်ခေါ်လိုက်သည်။
အပြာရောင်နတ်အပြစ်ဒဏ်စွမ်းအား ထွက်ပေါ်လာပြီးနောက် နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။ ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ အဓိကကိုယ်ထည်မှာ မိုးခြိမ်းစွမ်းအင်ကို ခုခံနိုင်စွမ်း အနည်းဆုံးဖြစ်သည့် မိုးမခပင်ဖြစ်၏။
ရီဖန်၏ခန္ဓာကိုယ်သည် နောက်ထပ်လွင့်ထွက်သွားပြန်သော်လည်း ဤတစ်ကြိမ်တွင် နတ်ဆိုးဘိုးဘေးကို ထိခိုက်စေနိုင်ခဲ့သည်။ ဒဏ်ရာက မပြင်းထန်သော်လည်း သက်ရောက်မှုရှိသေး၏။ အင်မော်တယ်ဘုရင်နယ်မြေကျင့်ကြံမှုအဆင့်ဖြင့် နတ်ဆိုးဘိုးဘေးတစ်ဦးကို ပထမဆုံးထိခိုက်စေနိုင်သူသည် ရီဖန်ဖြစ်သည်။
ရီဖန်၏နှလုံးသားထဲရှိ ဖိအားမှာ လုံးဝပျောက်ကွယ်သွားသည်။ ၎င်းကိုထိခိုက်စေနိုင်သရွေ့ အခြေအနေကောင်းနေပြီဖြစ်သည်။ ၎င်း၏ အကာအကွယ်များကို ချိုးဖျက်နိုင်သရွေ့ ရီဖန်သည် ၎င်းတို့ရှေ့တွင် နတ်ဘုရားတစ်ပါးကိုပင် သုတ်သင်နိုင်ပါ၏။
သူ၏ဒဏ်ရာကို ခံစားလိုက်ရပြီးနောက် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် ၎င်းကို ပြန်လည်ပြုပြင်ရန်အတွက် စွမ်းအားကို ချက်ချင်းစုဆောင်းခဲ့သည်။ သို့သော်လည်း နတ်အပြစ်ဒဏ်စွမ်းအားသည် သူ၏အရိုးများထဲထိ ကပ်တွယ်နေကြောင်း တွေ့ရှိလိုက်ရ၏။ တာအိုဘိုးဘေးတစ်ဦး၏စွမ်းအားဖြင့်ပင် ၎င်းကို အချိန်တိုအတွင်း မပြုပြင်နိုင်တော့ချေ။
၎င်းက ဟွမ်လျို့နတ်ဆိုးဘိုးဘေးကို ရီဖန်အားပို၍သတိထားလာစေသည်။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် မိုးမခကိုယ်ထည်ဖြင့် နတ်ဆိုးဘိုးဘေးတစ်ဦးအဖြစ်သို့ တည်ငြိမ်စွာတက်လှမ်းနိုင်ခဲ့သည်။ ရီဖန်၏နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကဲ့သို့သော တိုက်ခိုက်မှုသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေးအတွက် ရှားပါးသောဖိအားတစ်ခုဖြစ်သည်။
တိုက်ပွဲက နောက်တစ်ကြိမ်ထပ်မံစတင်လာ၏။ ဤတစ်ကြိမ်တွင် ရီဖန်သည် နတ်ဆိုးဘိုးဘေးကို ဖိအားပိုပေးလာသည်။ သို့သော် ရီဖန်ကို စိတ်ပျက်သွားစေသည်မှာ သူသည် နတ်ဆိုးဘိုးဘေးကို ဖိအားပေးနေသည့်တိုင် ထိရောက်မှုမရှိချေ။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် တိုက်ရိုက်မတိုက်ခိုက်သောကြောင့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏ နတ်အပြစ်ဒဏ်စွမ်းအားကို နောက်ထပ်ထိရောက်မှုမရှိစေတော့ပေ။ အပေါ်ယံတွင် ရီဖန်က အသာစီးရနေပုံရသော်လည်း တကယ်တမ်းတွင် သူကအားနည်းနေခြင်းဖြစ်သည်။
တာအိုဘိုးဘေးနယ်မြေ၏ စွမ်းအင်အတက်အကျကို အခြားသူများထံမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။
ရန်ဟွမ်နယ်မြေမှ စွမ်းအားအတက်အကျကို ခံစားရပြီးနောက် စွမ်းအားကြီးပုဂ္ဂိုလ်များ၏အာရုံကို ဆွဲဆောင်မိလိုက်သည်။ တာအိုဘိုးဘေး၏ တိုက်ခိုက်မှုကို ရန်ဟွမ်နယ်မြေက ခံနိုင်ရည်ရှိမည်လား။
အကြည့်များစွာသည် နေရာလွတ်ကိုဖြတ်သန်းလျက် ရီဖန်နှင့် ဟွမ်လျို့နတ်ဆိုးဘိုးဘေးတို့ကြားမှတိုက်ပွဲကို ကြည့်ရှာလာကြသည်။ သို့သော် တိုက်ပွဲကို ပိုမိုရှင်းလင်းစွာမြင်လိုက်ရချိန်တွင် ၎င်းတို့၏ပါးစပ်ကို ပြန်မပိတ်နိုင်သည်အထိ တုန်လှုပ်သွားကြသည်။
ရီမိသားစု၏အကြီးအကဲဖြစ်သော အင်မော်တယ်ဘုရင်နယ်မြေရှိ စွမ်းအားကြီးသည့် ရီဖန်က နတ်ဆိုးမျိုးနွယ်စုဝင်ကို အမှန်တကယ်ဖိနှိပ်ထားနိုင်သလား။ ကမ္ဘာ့စွမ်းအားဖြင့် ဖိနှိပ်ထားသည့်တိုင် အင်မော်တယ်ဘုရင်တစ်ပါးက တာအိုဘိုးဘေးကို အမှန်တကယ်ရင်ဆိုင်နိုင်သလား။
သို့သော် မကြာမီတွင် တချို့က ရီဖန်၏လက်ထဲရှိ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို သတိပြုမိလိုက်ကြ၏။ ဆိုတော့ သူ့ထံတွင် မွန်မြတ်သော အင်မော်တယ်လက်နက် ရှိနေသည်၊ ၎င်းမှာ မဆန်းကြယ်တော့….။ ‘ငါ့ဖင်ကြီးကို မဆန်းကြယ်လား၊ ဒါက ပိုဆန်းကြယ်လွန်းနေတာမဟုတ်ဘူးလားကွ’ !
အင်မော်တယ်ဘုရင်တစ်ပါးက မွန်မြတ်သောအင်မော်တယ်လက်နက်ရှိနေလျှင်ပင် တာအိုဘိုးဘေးများနှင့်မယှဉ်နိုင်သေးချေ။ သူတို့ကိုယ်သူတို့ပြန်မေးမိကြသည်။ ထိုလက်နက်ရှိလျှင်ပင် ၎င်းတို့သည် တာအိုဘိုးဘေးနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။
ရီဖန်သည် တာအိုဘိုးဘေးကို တိုက်ခိုက်နိုင်သော အင်မော်တယ်ဘုရင်အဖြစ် သမိုင်းရေးထိုးနေခြင်းဖြစ်သည်။ ရီဖန်ဘက်က အားနည်းနေကြောင်း သူတို့မြင်နိုင်သော်လည်း၊ ၎င်းက သူ့အပေါ် အင်မော်တယ်ဧကရာဇ်များ၏ယုံကြည်မှုကို မလျော့ပါးစေနိုင်ချေ။
ပုန်းကွယ်နေသော တာအိုဘိုးဘေးတစ်ဦးပင်လျှင် အသာလေး သက်ပြင်းချလိုက်ရသည်။ ဤအရည်အချင်းမျိုးသည် လူသားမျိုးနွယ်စုထဲတွင် အကောင်းဆုံးဖြစ်၏။ တာအိုဘိုးဘေး၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်သွားသည်။ အကယ်၍ ရီဖန်သည် အသက်မျှဉ်းမျှဉ်းသာရှူနိုင်တော့ပါက သူကိုယ်တာကြားဝင်ကယ်တင်ကာ သူ့တပည့်အဖြစ် ခေါ်သွားသင့်သလား။
ရီဖန်က အခြားတာအိုဘိုးဘေးများ၏ အာရုံကိုဖမ်းစားမိသွားပါက၊ သူသည် ရီဖန်ကို တပည့်အဖြစ်လက်ခံရန် အရည်အချင်းပြည့်မီတော့မည်မဟုတ်ချေ။ အရည်အချင်းပြည့်မီလျှင်ပင် တာအိုဘိုးဘေးကဲ့သို့ အစွမ်းထက်သော ဆရာသခင်များကိုပင် ရွေးချယ်နိုင်လိမ့်မည်။ ရီဖန်၏ထင်ရှားသော အရည်အချင်းကိုကြည့်ခြင်းအားဖြင့် သူ နတ်ဆိုးဘိုးဘေးကိုပစ်မှားမိလျှင်ပင် ထိုက်တန်ပါ၏။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် နေရာလွတ်များအတွင်းရှိ အကြည့်များကို ခံစားလိုက်ရပြီးနောက် သူ၏ တည်ငြိမ်သောနှလုံးသားမှာ စိုးရိမ်စပြုလာသည်။ အခြားတာအိုဘိုးဘေးများကပါ ရီဖန်၏မွန်မြတ်သောအင်မော်တယ်လက်နက်ကို မျက်စိကျသွားပါက၊ သူ၏ ထိန်းချုပ်နိုင်သည့်အခြေအနေထက် ကျော်လွန်သွားလိမ့်မည်။
သူအချိန်ဆွဲမနေတော့ဘဲ အခြားတာအိုဘိုးဘေးများ လက်ထဲမရောက်ရှိမီ ရီဖန်၏မွန်မြတ်သောအင်မော်တယ်လက်နက်ကို ရယူရလိမ့်မည်။ ဟွမ်လျို့တာအိုဘိုးဘေးသည် ဤတစ်ကြိမ်တွင် ကျရောက်လာသည့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို မရှောင်ရှားခဲ့ချေ။
ရန်ဟွမ်နယ်မြေ၏ အထက်ကောင်းကင်တွင် ကြီးမားသည့်မိုးမခပင်တစ်ပင် ပေါ်လာကာ၊ မရေမတွက်နိုင်သော အမြစ်များသည် ကြယ်တာရာနေရာလွတ်ထဲသို့ ထိုးဖောက်သွားသည် ။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ကြိုးစားကာ နှစ်ပေါင်းတစ်သန်းကျော် သက်တမ်းရှိ မိုးမခပင်တစ်ပင်အဖြစ်သို့ တိုက်ရိုက်အသွင်ပြောင်းလိုက်သည်။ များစွာသော အကိုင်းအခက်များသည် ကြာပွတ်အဖြစ်သို့ ပြောင်းလဲသွားကာ ရီဖန်ဆီသို့လွင့်ထွက်လာကြသည်။ ကြာပွတ်တစ်ခုစီသည် အင်မော်တယ်ဧကရာဇ်တစ်ပါးကို တိုက်ရိုက်ဖျက်ဆီးနိုင်သည်အထိ အစွမ်းထက်၏။
ထိုအချိန်တွင် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် နတ်ဆိုးဘိုးဘေး၏ စစ်မှန်သောစွမ်းအားကို ပြသခဲ့သည်။ ယခင်က တန်းတူညီနေသော တိုက်ပွဲမြင်ကွင်းသည် ချက်ချင်းပင်နတ်ဆိုးဘိုးဘေးဘက်သို့ အလေးသာသွား၏။
ရီဖန်သည် မိုးမခအကိုင်းအခက်များကြားတွင် အဆက်မပြတ် ရှောင်ရှားနေရသည်။
ဟွမ်လျို့ နတ်ဆိုးဘိုးဘေးထံမှ ရုတ်တရက်ထွက်ပေါ်လာသော စွမ်းအားပေါက်ကွဲမှုက ရီဖန်နှင့် တာအိုဘိုးဘေးတစ်ဦးကြားရှိ ခွန်အားကွာခြားချက်ကို သိသွားစေခဲ့သည်။
ဧကရာဇ်နယ်ပယ်ကိုမဖြတ်ကျော်မီက သူ၏အင်အားကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် နတ်ဆိုးဘိုးဘေးနှင့် မယှဉ်နိုင်တော့ချေ။ ရီဖန်သက်ပြင်းချလိုက်ကာ လူတိုင်း၏ရှုပ်ထွေးနေသည့် အကြည့်များအောက်မှ ဆံချည်သုံးမျှင်ကို ထုတ်ယူလိုက်သည်။ အကယ်၍ သူကိုယ်တိုင် အနိုင်မယူနိုင်ပါက၊ အခြားမည်သည့်နည်းလမ်းရှိပါဦးမည်နည်း။
ရီဖန်၏လက်ထံမှ ဆံချည်သုံးမျှင်ကို မြင်လိုက်ရချိန်တွင် ဗဟုသုတကျယ်ပြန့်သော အင်မော်တယ်ဧကရာဇ်များစွာ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်သွား၏။ ဤဆံပင်သည် ထိုသတ္တဝါထံမှ ဖြစ်ပါသလား။ လူတိုင်း၏စိတ်ထဲတွင် စွမ်းအားကြီး အင်အားစုများကို မငြိမ်မသက်ဖြစ်စေသည့်အရာကို ပြေးမြင်လိုက်ကြသည်။
ရီဖန်သည် ထိုလူ၏ တပည့်တစ်ဦးဖြစ်နေသလား။ ဆံချည်မျှင်များ တဖြည်းဖြည်းလွင့်ပြယ်သွားပြီးနောက်တွင် ရီဖန်ရှေ့၌ အမွေးအမှင်များရှိသော မျက်နှာရှိသည့်သူတစ်ဦးပေါ်လာသည်။ ထိုးထွက်လာသော မိုးမခအကိုင်းအခက်များဖြင့် ပြည့်နေသော ကောင်းကင်ကို မျက်နှာမူလိုက်ပြီးနောက် စွန်းဝူခုန်းက ရိုးရှင်းစွာပြောလိုက်သည်။
“အေးခဲစမ်း!"
အင်မော်တယ်ဧကရာဇ်များကိုသတ်နိုင်သော မရေမတွက်နိုင်သည့် မိုးမခအကိုင်းအခက်များသည် မလှုပ်ရှားနိုင်တော့ဘဲ နေရာလွတ်ထဲတွင်ရပ်တန့်သွားကြသည်။
"ဆရာတူညီလေး၊ မင်း ဒီဆံပင်သုံးချောင်းကို ဘယ်တော့မှသုံးဖြစ်မှာ မဟုတ်ဘူးလို့တောင် ထင်နေတာ" စွန်းဝူခုန်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ရီဖန်၏အင်အားသည် လျင်မြန်စွာတိုးလာသောကြောင့် ထိုအတိုင်းသာဆက်သွားပါက ရီဖန်သည် တာအိုဘိုးဘေးတစ်ဦးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဆံပင်သုံးချောင်းကိုလည်း လိုအပ်တော့မည်မဟုတ်ချေ။ စွန်းဝူခုန်းက ရီဖန်၏ဆင့်ခေါ်မှုကြောင့် အလွန်ဝမ်းသာနေသည်။
သို့ဖြစ်ပါက သူ၏ ‘မဟာကောင်းကင်ဘုံစွမ်းအားရှင်’ ဟူသည့် ခေါင်းစဉ်သည် နယ်ပယ်သုံးထောင်တွင် တစ်ဖန်ပဲ့တင်ထပ်လာလိမ့်မည်။ စတုရန်းလက်မတောင်၏ တပည့်တစ်ဦးကို အနိုင်ကျင့်ဝံ့သူများသည် သေကြောင်းကြံနေကြခြင်းသာဖြစ်၏။
စွန်းဝူခုန်းပေါ်လာသောအခါတွင် ဟွမ်လျို့နတ်ဆိုးမျိုးနွယ်စု၏ အနှေးဆုံးအဖွဲ့ဝင်ပင်လျှင် ရီဖန်၏အထောက်အထားကို ခန့်မှန်းနိုင်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုတွင် စွန်းဝူခုန်း၏ကျော်ကြားမှုသည် လူသားမျိုးနွယ်စုထက်ပိုမိုမြင့်မားသည်။
ထို့အပြင် စွန်းဝူခုန်းသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ လေးစားရာပုဂ္ဂိုလ်ဟူ၍ပင် ယူဆနိုင်သည်။ သို့သော် ထိုသူက သူ့ရှေ့တွင်ပေါ်လာသည့်အချိန်၌ နတ်ဆိုးဘိုးဘေးသည် စိတ်အခြေအနေမကောင်းမွန်နေခဲ့ပေ။
………
အခန်း ၂၇၃ - စုယန်မှာ သေချာပေါက် ချွတ်ယွင်းချက်ရှိမှာမဟုတ်ဘူး
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် အလွန်နောင်တရနေရှာ၏။ တစ်ဘဝလုံး တည်ငြိမ်စွာ ဖြတ်သန်းခဲ့ရသော်လည်း ဤလုပ်ရပ်တစ်ခုအတွက်နှင့် ကံကြမ္မာဆိုးကြီးကို ယူဆောင်လိုက်မိသည်။ ဤသို့သော ကံဆိုးမှုမျိုး ကြားပင်မကြားဖူးချေ။
၎င်းတို့နှစ်ဦးလုံးက နတ်ဆိုးဘိုးဘေးများဖြစ်ကြသည့်တိုင် ၎င်းတို့ကြားတွင် ခြားနားချက်ရှိသေးသည်။ စွန်းဝူခုန်းသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိနေချိန်ကပင် တာအိုဘိုးဘေးများနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ယခုတွင် တာအိုဘိုးဘေးတစ်ဦးဖြစ်လာပြီးနောက် သူမည်မျှအင်အားကြီးမားလိမ့်မည်ကို မည်သူမျှမသိနိုင်ကြချေ။
မကြာမီတွင် စွန်းဝူခုန်းသည် တာအိုဘိုးဘေးဖြစ်လာပြီးနောက် သူမည်မျှအစွမ်းထက်ကြောင်း လူတိုင်းကို ထုတ်ဖော်ပြသခဲ့သည်။ တုတ်တစ်ချောင်းကို မြေကြီးပေါ်နှ ကောက်ယူကာ ပြင်းထန်စွာရိုက်ချလိုက်သည်။
ဘမ်း!
ရီဖန်မရင်ဆိုင်နိုင်ခဲ့သော မိုးမခသစ်ကိုင်းသည် အပိုင်းပိုင်းကျိိုးသွား၏။ ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ ကိုယ်ခန္ဓာတွင်ပင် အက်ကြောင်းများဖြစ်ပေါ်လာသည်။ ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် မည်မျှအားနည်းစေကာမူ ၎င်းသည် နတ်ဆိုးဘိုးဘေးဖြစ်နေဆဲပင်။
နတ်ဆိုးဘိုးဘေးနယ်မြေရှိ နတ်ဆိုးတစ်ကောင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သည်မှာ စွန်းဝူခုန်း ယခုမည်မျှ အင်အားကောင်းသည်ကိုပြသနေ၏။ လူတိုင်းက စွန်းဝူခုန်း၏စွမ်းအားကို အာရုံစိုက်နေကြသော်လည်း ရီဖန်သည် စွန်းဝူခုန်း၏လက်နက်မှာ တာအိုအထွတ်အထိပ်အဆင့်တွင်သာရှိသေးကြောင်း သတိပြုမိလိုက်သည်။
ကောင်လေးတိုင်း၏ အိပ်မက်လက်နက်ဖြစ်သည့် ‘ရွှေတုတ်ချောင်း’၊ အကယ်၍ သူ၎င်းကို ပုံစံတူပြုလုပ်နိုင်ပါက ငယ်ဘဝအိပ်မက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် သူ စွန်းဝူခုန်းနှင့် မယှဉ်နိုင်မှန်း သိသောကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့ဘဲ၊ ကြယ်တာရာနေရာလွတ်ထဲသို့ ဝင်ရောက်ကာ ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် စွန်းဝူခုန်းသည် ရုတ်တရက် ပျောက်ကွယ်သွားကာ တုန်ရီနေသောသူတစ်ဦး နေရာလွတ်ထဲမှ ပြေးထွက်သွားသည်။ ၎င်းမှာ ထွက်ပြေးလွတ်မြောက်သွားသော ဟွမ်လျို့နတ်ဆိုးဘိုးဘေးဖြစ်သည်။
နောက်ဆုံးကြိုးစားမှု ကျရှုံးပြီးနောက်တွင် ဟွမ်လျို့နတ်ဆိုးဘိုးဘေးသည် မျက်လုံးများကို လုံးဝမှိတ်ထားလိုက်၏။ ဤသို့ဖြင့် နတ်ဆိုးဘိုးဘေးတစ်ဦး ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် အစွမ်းထက်ခြင်းဟူသောစကားလုံးသည် စွန်းဝူခုန်းဟူသည့်နာမည်နှင့် ညီမျှနေသည်။
နှစ်ထောင်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားပြီးနောက် စွန်းဝူခုန်းသည် သူပြန်လာသောအခါ ပို၍ပင်အားကောင်းလာခဲ့သည်။ ထိုနှစ်များမှ စွန်းဝူခုန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိစွန်းဝူခုန်းသည် ပို၍အထိန်းအကွပ်မဲ့လာသည်မှာ ထင်ရှား၏။
ယခင်က စွန်းဝူခုန်းကို နှိမ်နင်းနိုင်သည့် တာအိုဘိုးဘေးများရှိခဲ့သော်လည်း ယခုအချိန်တွင် စွန်းဝူခုန်းသည် တာအိုဘိုးဘေးဖြစ်လာပြီဖြစ်ရာ စွမ်းအားကြီး ထိုတာအိုဘိုးဘေးများက သူ့ကိုဖိနှိပ်နိုင်ဦးမည်လား။ ထိုမေးခွန်းအတွက် အဖြေမရှိသော်လည်း လူအများက ၎င်းကို သံသယမရှိဘဲ ယုံကြည်ခဲ့ကြသည်။
ဤသို့ဖြင့် ဟွမ်လျို့နတ်ဆိုးဘိုးဘေး ပျောက်ကွယ်သွားကာ တိုက်ပွဲပြီးသွားပြီးနောက် အင်အားကြီးပရိသတ်များသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်ခွာသွားကြသည်။ ရီဖန်ကို တပည့်အဖြစ်လက်ခံလိုသော တာအိုဘိုးဘေးများသည်လည်း ရီဖန်၏အထောက်အထားကိုသိရှိပြီးနောက် ထိုအကြံကို လုံးဝစွန့်လွှတ်ခဲ့သည်။
၎င်းတို့သည် ဗောဓိဘိုးဘေးနှင့် တပည့်လုနိုင်သည်အထိ အရည်အချင်းမပြည့်မီကြချေ။ တာအိုဘိုးဘေးများကြားတွင်ပင် အဆင့်အတန်းချင်း လုံးဝကွဲပြားပါသည်။
“ညီလေး၊ ဒီနတ်ဆိုးဘိုးဘေးကို မင်းအတွက် လက်ဆောင်အဖြစ်မှတ်ထားလိုက်”
နတ်ဆိုးဘိုးဘေးတစ်ဦးသည် အလွန်တန်ဖိုးရှိသည်။ ၎င်းသည် ဆေးပညာနှင့်နှင့် အင်မော်တယ်ပစ္စည်း သန့်စင်ခြင်းနှစ်မျိုးလုံးအတွက် သင့်လျော်သည်။ စွန်းဝူခုန်းသည် ထိုအရာကို ရီဖန်အား တိုက်ရိုက်ပေးလိုက်ကာ ချစ်မြတ်နိုးမှုကို သူ၏နှစ်သက်မှုကိုပြသခဲ့သည်။
“ဒုတိယအစ်ကို၊ မင်းရဲ့လက်နက်ကို ဘာလို့ မွန်မြတ်တဲ့အင်မော်တယ်လက်နက်နဲ့ မလဲသေးတာလဲ”
စကားအနည်းငယ်ပြောပြီးနောက် ရီဖန်က စပ်စုစွာမေးလိုက်သည်။
သူ့စကားကြားသည့်အခါ စွန်းဝူခုန်းက
“မွန်မြတ်တဲ့အင်မော်တယ်လက်နက်က မုန်လာဥနဲ့ ဂေါ်ဖီထုပ်တွေလို ပေါတယ်များထင်နေလားကွာ။ နယ်ပယ်သုံးထောင်မှာ အဲလက်နက်မျိုး သန့်စင်ပေးနိုင်တဲ့သူ နည်းနည်းပဲရှိတယ်။ ပြီးတော့ သူတို့က ပုံမှန်တာအိုဘိုးဘေးတွေထက် နည်းနည်းအဆင့်ပိုမြင့်ကြတယ်။ ဆိုတော့ သူတို့ကိုအကူအညီတောင်းဖို့လည်း မလွယ်ဘူးလေ။ အဲတာက ငါတို့ဆရာသခင်ပဲသုံးနိုင်လိမ့်မယ်။ ဒါပေမယ့်လည်း ငါမကြိုက်ပါဘူးကွာ၊ မသုံးချင်ပါဘူး!"
စွန်းဝူခုန်းပင်လျှင် ရီဖန်၏ မွန်မြတ်သောအင်မော်တယ်လက်နက်သည် ရန်ဟွမ်နယ်မြေမှ မွေးဖွားလာသည်ဟုထင်ခဲ့သည်။ အင်မော်တယ်ဘုရင်နယ်မြေမှကျင့်ကြံသူ ရီဖန်သည် သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူဖြစ်သည်ကို မည်သူမျှယုံမည်မဟုတ်ပေ။
ရီဖန်က မရှင်းပြတော့ဘဲ နောက်မှ စွန်းဝူခုန်းကို အံ့အားသင့်သွားစေရန် ပြင်ဆင်လိုက်သည်။ စွန်းဝူခုန်းသည် ဤမျှကြီးမားသော လက်ဆောင်ကိုပေးခဲ့သောကြောင့် ရီဖန်ကလည်း သူ့ကိုသေချာပေါက် ကျေးဇူးပြန်ဆပ်ရမည်။ စွန်းဝူခုန်းထံတွင် မွန်မြတ်သောအင်မော်တယ်လက်နက် မရှိသေးသောကြောင့် ရီဖန်က ၎င်းကိုဖန်တီးကာ စွန်းဝူခုန်းအား လက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။
မွန်မြတ်သောအင်မော်တယ်လက်နက်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများအနေဖြင့် သူ့ထံတွင်ရှိသော ဟွမ်လျို့နတ်ဆိုးဘိုးဘေး၏ကိုယ်ထည်နှင့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကိုဖန်တီးပြီးနောက် ကျန်ရှိသော ဘိုးဘေးနဂါး၏ကိုယ်ထည်သည် အလွန်သင့်လျော်လိမ့်မည်။
စွန်းဝူခုန်း ဆံပင်မွှေးသုံးချောင်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ပြန်ထွက်သွားခဲ့သည်။ တစ်ဖက်တွင် ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်ကို စတင်သန့်စင်ရန်အတွက် အာရုံစိုက်ထားလိုက်သည်။ ရွှေတုတ်ချောင်း၏ အဓိကအချက်မှာ ၎င်း၏အလေးချိန်နှင့် မာကျောမှုဖြစ်သည်။ စွန်းဝူခုန်းအတွက် အခြားအရာများအားလုံးက အရေးမကြီးပေ။
ကံကောင်းထောက်မစွာဖြင့် ရီဖန်သည် စွန်းဝူခုန်း၏ သူတော်စင်တိုက်ခိုက်ခြင်းနိယာမကိုလည်း လေ့ကျင့်ခဲ့သောကြောင့် စွန်းဝူခုန်း၏လိုအပ်ချက်များနှင့် ကျွမ်းဝင်ပြီးဖြစ်သည်။ မကြာမီတွင် ရီဖန်၏စိတ်ထဲ၌ ပြီးပြည့်စုံသော အင်မော်တယ်ပစ္စည်းသန့်စင်ရေး အစီအစဉ်တစ်ခုပေါ်လာသည်။ ရီဖန်သည် သူကုန်ကြမ်းပစ္စည်းမည်မျှသုံးရမည်ကို ဂရုမစိုက်ချေ။ အရေးကြီးသည်မှာ သူ့အစ်ကို သုံးရအဆင်ပြေစေရန်ဖြစ်၏။
အချိန်များကုန်ဆုံးသွားပြီးနောက်တွင် ရွှေတုတ်ချောင်း ပုံသဏ္ဍာန် တဖြည်းဖြည်းထွက်ပေါ်လာသည်။ ရီဖန်၏ ရှေးဟောင်းပစ္စည်းများသန့်စင်ခြင်းစွမ်းရည် တိုးတက်မှုကြောင့်၊ ဤရွှေတုတ်ချောင်းသည် ရီဖန်၏ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ထက် ပိုအဆင့်မြင့်လိမ့်မည်။ ရီဖန်က အင်မော်တယ်လက်နက်ပြုလုပ်ခြင်းဖြင့် အလုပ်ရှုပ်နေချိန်တွင် ရန်ဟွမ်နယ်မြေရှိ ယင် ယန်တံခါးသည်လည်း တိတ်တဆိတ် စတင်လည်ပတ်လာသည်။
…….
ရန်ဟွမ်နယ်မြေကို ရီမိသားစုကပိုင်ဆိုင်သော်လည်း ရီဖန်သည် ၎င်းကိုသော့ခတ်မထားခဲ့ချေ။ သူသည် ရန်ဟွမ်နယ်မြေနှင့် ချန်မင်ကမ္ဘာအကြား နေရာရွှေ့ပြောင်းရေးလမ်းကြောင်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိချန်ထားခဲ့သည်။
ချန်မင်ကမ္ဘာ၏ တာ့ယွီအင်မော်တယ်မင်းဆက်မှ လူအများအပြားသည် ရန်ဟွမ်နယ်မြေမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ကာ ၎င်းတို့၏မိသားစုနှင့် သူငယ်ချင်းများဆီသို့ လည်ပတ်ရန်အတွက် ရန်ဟွမ်နယ်မြေသို့ပြန်သွားရန် အခွင့်အရေးပေးထားသည်။ ထို့ကြောင့် လက်ရှိ ရန်ဟွန်နယ်မြေအဖြစ်ရောက်ရှိလာကာ ၎င်းကိုအကြံအစည်ဖြင့်ချဉ်းကပ်သူများ ပိုများလာခဲ့သည်။
ထိုသူများသည် ရီဖန်၏စွမ်းအားကြောင့် ရန်ဟွမ်နယ်မြေတွင် ပြဿနာမရှာရဲဘဲ၊ လျှို့ဝှက်စွာ စိမ့်ဝင်လာခဲ့ကြသည်။ “ယင် ယန်ဘိုးဘေး၊ ငါတို့ ရီမိသားစုထဲကို စပြီး စိမ့်ဝင်နေကြပြီ"
ရီမိသားစု၏တပည့်များစွာရှိသောကြောင့် ၎င်းတို့လက်ထပ်ရန်နှင့် ကလေးယူရန်အတွက် အမြဲလိုအပ်နေသည်။ ယခုတစ်ကြိမ် ရန်ဟွမ်နယ်မြေသို့ ရောက်ရှိလာသော ယင် ယန်တံခါး၏တပည့်များထဲမှ အများအပြားသည် ရီမိသားစုအတွင်းသို့ ထိမ်းမြားခြင်းဖြင့် စိမ့်ဝင်ရန် ကြံရွယ်ထားသည့် အမျိုးသမီးကျင့်ကြံသူများဖြစ်သည်။
“ကောင်းတယ်၊ ရန်ဟွမ်နယ်မြေမှာ လျှို့ဝှက်ချက်တစ်ခုရှိနေတာပဲ။ အဲဒါက လူသားမျိုးနွယ်ရဲ့ မူလရင်းမြစ်ဖြစ်ပြီးတော့ နောက်ဆုံး လူသားဧကရာဇ်ပျောက်ကွယ်သွားခဲ့တဲ့ နေရာပဲ။ မင်းတို့အဲတာကို ရှာရမယ်"
“ဟုတ်ကဲ့!” ရန်ဟွမ်နယ်မြေ၏ ယင်ယန်တံခါးအတွက် တာဝန်ရှိသော အင်မော်တယ်ဘုရင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ရင်း သူ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဤတစ်ကြိမ်တွင် ရန်ဟွမ်နယ်ပယ်ရှိ ယင် ယန်တံခါး ကိုတာဝန်ယူခြင်းဖြင့် များပြားသောဆုလာဘ်များရရှိနိုင်ရန်အတွက် လေ့ကျင့်သူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သောကြောင့်၊ ဤရာထူးကိုရရှိရန် သူ အတော်ကြိုးစားခဲ့ရသည်။
အန္တရာယ်များနှင့်ပတ်သက်၍ အင်မော်တယ်ဘုရင်နယ်မြေကျင့်ကြံသူက များစွာဂရုမစိုက်ချေ။ ယင် ယန် တံခါးသည် များပြားလှသော နယ်ပယ်များနှင့် မျိုးနွယ်စုပေါင်းစုံထဲတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ခဲ့ကြသည်။ ယင် ယန် တံခါးတွင် တာအိုဘိုးဘေးအဆင့်ရှိသည့် အဖွဲ့ဝင်များရှိသော်လည်း ၎င်းတို့ကိုရှာတွေ့နိုင်သူမှာ အလွန်နည်းပါးသည်။ ၎င်းက သူတို့၏ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုပင်။
ထိုကဲ့သို့ ကျွမ်းကျင်သောစွမ်းရည်ဖြင့် ရီမိသားစုကို စိမ့်ဝင်ရန် လွယ်ကူလိမ့်မည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှလူများက ရီမိသားစုအတွင်းသို့ စိမ့်ဝင်နိုင်လျှင် ယင်ယန်တံခါး၏ ဂုဏ်သရေရှိ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည့် သူလည်း မဝင်နိုင်စရာအကြောင်းမရှိချေ။
သူနောက်ထပ်လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် စီစဉ်နေချိန်တွင် အင်မော်တယ်ဧကရာဇ်၏ ရောင်ဝါသည် ၎င်းတို့အခြေစိုက်စခန်း၏ အထက်ကောင်းကင်ယံ၌ ရုတ်တရက်ပေါ်လာ၏။
“ငါ့ရဲ့ ရန်ဟွမ်နယ်မြေမှာ ပြဿနာလာရှာတာ၊ သေချင်နေကြတာပဲ!"
နောက်အခိုက်အတန့်တွင် အဝါရောင်လေပြင်းတိုက်ခတ်လာကာ အခြေစိုက်စခန်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ၎င်းတို့သည် နက်နဲအင်မော်တယ်ဘုရင်ပင်ဖြစ်စေ၊ အင်မော်တယ်ဘုရင်များပင်ဖြစ်စေ ထိုအဝါရောင်လေပြင်းအောက်တွင် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဟွမ်လောင်စန်းသည် ဘာမှမရှိတော့သော ယင် ယန် တံခါးအခြေစိုက်စခန်းကို ကြည့်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ၎င်းက ယင် ယန်တံခါးကို သင်ခန်းစာတစ်ခုခုရစေလိမ့်မည်။ သင်ခန်းစာများ လုံလုံလောက်လောက်ရပြီးသည့်နောက်တွင် ယင် ယန်တံခါးသည် ရန်ဟွမ်နယ်မြေ၏ကိစ္စများကို တာဝန်ယူရန် မည်သူ့ကိုရွေးချယ်ရမည်ကို သိလာလိမ့်မည်။
စုယန် မှလွဲ၍ ရန်ဟွမ်နယ်မြေတွင် လှုပ်ရှားရဲသူတိုင်းသည် ကံကြမ္မာဆိုးနှင့် သေခြင်းတရားကို ရင်ဆိုင်ရလိန့်မည်။ ထိုသတင်းသည် ရီဖန်ထံမှ ရောက်လာခဲ့ခြင်းဖြစ်ကာ
ရန်ဟွမ်နယ်မြေကိုအုပ်စိုးသူအနေဖြင့် ရီဖန်၏မျက်လုံးများအောက်မှ မည်သည့်အရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ယင် ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတို့မှကျင့်ကြံသူများသည် ထူးခြားသောရောင်ဝါများရှိသောကြောင့် ၎င်းတို့သည် ရီဖန်အတွက် မီးသီးတစ်လုံးကဲ့သို့ထင်ရှားစွာ ကွဲထွက်နေကြသည်။
ရန်ဟွမ်နယ်မြေရှိ ယင်ယန်တံခါး၏အခြေစိုက်စခန်း ဖျက်ဆီးခံလိုက်ရပြီးနောက် ဌာနချုပ်က သတင်းရရှိခဲ့၏။ ယင်ယန်တံခါး၏အဆင့်မြင့်အရာရှိများသည် ရန်ဟွမ်နယ်မြေသို့ အဖွဲ့အသစ်တစ်ခုကို ချက်ချင်းစေလွှတ်လိုက်သည်။ ကံမကောင်းစွာဖြင့် ဟွမ်လောင်စန်းက ၎င်းတို့ရောက်လာပြီးပြီးချင်း ထပ်မံသုတ်သင်လိုက်ပြန်သည်။
အချိန်တိုအတွင်း အင်မော်တယ်ဘုရင်နယ်မြေရှိ ကျွမ်းကျင်သူများစွာကိုဆုံးရှုံးပြီးနောက် ယင်ယန်တံခါးသည် များစွာဆုံးရှုံးခဲ့ရသည်။
"ရန်ဟွမ်နယ်မြေကို ကျင့်ကြံသူအသစ်တွေ စေလွှတ်တာက သိသာလွန်းတယ်။ နည်းအသစ်ရှာရမှာပဲ!"
ဆက်တိုက်ကျရှုံးမှုများက တစ်ခုခုလွဲနေပြီဖြစ်ကြောင်းကို သိလာစေသည်။ ထို့နောက် အကြောင်းရင်းကို လျင်မြန်စွာ ရှာတွေ့သွားကြ၏။ ရန်ဟွမ်နယ်မြေကိုအုပ်ချုပ်သည့် ရီဖန်နှင့်ပတ်သက်ရမည်။
သူတို့သည် ယခင်က စကြဝဠာအရှင်သခင်နှင့် တစ်ခါမှမတွေ့ကြုံဖူးသောကြောင့် အတွေ့အကြုံ မရှိခဲ့ကြချေ။ အုပ်ချုပ်သူအရှင်သခင်၏ သူတို့အပေါ် လွှမ်းမိုးမှုက ကြီးမားလွန်းသည်။ သို့တိုင်အောင် ယင်ယန်တံခါးသည် ထိုကဲ့သို့ အရှုံးမပေးလိုချေ။ အခြားစကြဝဠာကြီးများနှင့် နှိုင်းယှဉ်ပါက ရန်ဟွမ်နယ်မြေ၏ အရေးပါမှုသည် အလွန်မြင့်မား၏။
လူသားဧကရာဇ်၏လျှို့ဝှက်ချက်သည် မွန်မြတ်သောအင်မော်တယ်လက်နက်ထက်ပင် ယင်ယန်တံခါးအတွက် ပိုအရေးကြီးသည်။ ထိုအချိန်တွင် ယင်ယန်တံခါး၏အဆင့်မြင့်အရာရှိများ စတင်ဆွေးနွေးလာကြသည်မှာ ‘၄င်းတို့ကရန်ဟွမ်နယ်မြေ၌ ခြေကုပ်မချနိုင်သည့်အချိန်တွင်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက မည်ကဲ့သို့အောင်မြင်နေသနည်း’
ဤမေးခွန်းသည် ယင်ယန်တံခါးမှ အဆင့်မြင့်အရာရှိများ၏ အာရုံစိုက်မှုကို လျင်မြန်စွာရရှိခဲ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ဤမျှ ကောင်းမွန်စွာလုပ်ဆောင်နေချိန်တွင် ယင်ယန်တံခါးက အဘယ်ကြောင့် အကြိမ်ကြိမ်ကျရှုံးခဲ့ကြသနည်း။ သူတို့ မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်သလား။
ယင်ယန်တံခါး၏ အဆင့်မြင့်အရာရှိကြီးများသည် စုယန်၏တည်ရှိမှုအကြောင်းကိုသိလိုက်ရသောအခါ
ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် ရန်ဟွမ်နယ်မြေတွင် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်မှာ ဘိုးဘေးရီ၏ဇနီး စုယန်ကြောင့်ဖြစ်သည်။
"ငါတို့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတံခါးရဲ့ နည်းအတိုင်း လိုက်လုပ်လို့မရဘူးဘဲ"
ယင်ယန်တံခါးသည် ရီမိသားစုဝင် အမှုထမ်းအများအပြားရှိနေခြင်းကို မနာလိုဖြစ်နေကြသည်။ သို့သော် စုယန်နှင့် အဆင့်အတန်းတူသည့်သူတစ်ဦးကို ရန်ဟွမ်နယ်မြေရှိယင်ယန်တံခါးကို အုပ်ချုပ်စေရန်အတွက် ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
"ဒါပေမယ့် ငါတို့က ဘာလို့ တခြားသူကိုရှာနေဦးမှာလဲ၊ စုယန်ကို ရန်ဟွမ်နယ်မြေက ယင်ယန်တံခါးကို တိုက်ရိုက်အုပ်ချုပ်ခိုင်းလို့ရတာပဲမလား"
"ဟုတ်တယ်၊ စုယန်က ဝူရှန်းဘိုးဘေးရဲ့ တပည့်ဆိုတော့ ၊ သူသစ္စာရှိမရှိကတော့ မေးစရာကိုမလိုဘူး။ ပြီးတော့ သူ့ရဲ့ကောင်းမှုတွေနဲ့ဆိုရင် ယင်ယန်တံခါးကို လုံးဝ အုပ်ချုပ်နိုင်မှာပါ"
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့သည် သီးခြားစီဖြစ်သော်လည်း ၎င်းတို့နောက်ကွယ်ရှိသူမှာ တူညီသည်။၎င်းမှာ ကုမ္ပဏီတစ်ခုတည်းအောက်ရှိ ဌာနနှစ်ခုကဲ့သို့ပင်။ အခြားကုမ္ပဏီတစ်ခုမှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးက ၎င်းတို့ကုမ္ပဏီ၏ကိစ္စရပ်အချို့ကို ဆောင်ရွက်ပေးခြင်းမှာ ပြဿနာမရှိချေ။
အရေးကြီးဆုံးအချက်မှာ စုယန်သည် ဤနှစ်များတစ်လျှောက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် အောင်မြင်မှုများစွာရရှိခဲ့သည်။ သူမသည် အဖွဲ့တစ်ခုလုံးတွင် နာမည်ကောင်းရှိသူဖြစ်သောကြောင့် ယင်ယန်တံခါးသည် စုယန်နှင့်ပူးပေါင်းရန်အတွက် စဉ်းစားနေသည်။
ထိုအဆိုပြုချက်သည် ယင်ယန်တံခါး၏ အခြားအဆင့်မြင့်အရာရှိများ၏ ထောက်ခံချက်ကို လျင်မြန်စွာရရှိခဲ့ကာ၊ နောက်ဆုံးတွင် ယင်ယန်ဘိုးဘေးသည် ဝူရှန်းဘိုးဘေးကို ကိုယ်တိုင်ကိုယ်ကျသွားရှာပြီး ယင်ယန်တံခါး၏ ဆုံးဖြတ်ချက်ကိုမျှဝေခဲ့သည်။ စုယန်သည် ရန်ဟွမ်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့အတွက် အပြည့်အဝတာဝန်ယူလိမ့်မည်။
ဝူရှန်းဘိုးဘေးက ယင်ယန်တံခါး၏ဆုံးဖြတ်ချက်သည် အနည်းငယ်မသင့်လျော်ဟု ခံစားမိသော်လည်း မကန့်ကွက်ခဲ့ချေ။ အဓိကပြဿနာမှာ ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကဲ့သို့သော ဂိုဏ်းကြီးနှစ်ခုလုံးအတွက် တစ်ဦးတည်းက တာဝန်ယူရခြင်းမျိုးမရှိခဲ့ပေ။အကယ်၍ စုယန်က ၎င်းတို့ကို သစ္စာဖောက်ခဲ့လျှင် လုံးဝဆုံးရှုံးသွားရနိုင်သည်။
…………..