အခန်း ၂၇၄-၂၇၆
Vol. 19 Ch. 274-276
အခန်း ၂၇၄ - ကြီးမားသော ကပ်ဆိုးကြီး၊ ယင်ယန်တံခါး၏ စွမ်းအား
‘ဟား… စုယန်က ငါ့တပည့်ပဲ၊ သူငါ့ကို သစ္စာဖောက်စရာအကြောင်းမရှိဘူးလေ!’
သူမ သစ္စာမဖောက်သရွေ့ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတွင် စုယန်နှင့်ပက်သက်သည့် သူ၏သံသယများအားလုံးကို ရှင်းထုတ်ပြီးနောက်၊ ဝူရှန်းဘိုးဘေးက သူမကို ရန်ဟွမ်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့ကို ဦးဆောင်ခွင့်ပေးရန် သဘောတူခဲ့သည်။
အရေးကြီးပြီး လွှမ်းမိုးနိုင်သောရာထူးနှစ်ခုကို စုယန်တစ်ဦးတည်းက ချုပ်ကိုင်ထား၏။ ဤသို့ဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးအတွင်းရှိ စုယန်၏အဆင့်အတန်းသည်လည်း အလွန်တိုးတက်လာခဲ့သည်။
မကြာမီတွင် ဝူရှန်းဘိုးဘေးနှင့် ယင်ယန်ဘိုးဘေးတို့ ကိုယ်တိုင် စုယန်ကိုလာတွေ့ကာ လူသားဧကရာဇ်အကြောင်းကို စုံစမ်းရန် ညွှန်ကြားခဲ့သည်။ ထိုတာဝန်က တခြားအရာများထက် ပိုအရေးကြီး၏။ ၎င်းက ရန်ဟွမ်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့်၊ ယင်ယန်တံခါးတို့၏ အဓိကတာဝန်များကို ကိုယ်စားပြုသည်။
စုယန်က သူမကိုရာထူးများ ထပ်ထည့်ခြင်းအား ငြင်းဆန်လိမ့်မည်မဟုတ်ချေ။ ရန်ဟွမ်နယ်မြေရှိ ယင်ယန်တံခါး၏ နေုက်ဆုံးပန်းတိုင်ကို သူမသိလိုက်ရသောအခါတွင် သူမ၏ယုံကြည်မှုကို ပိုခိုင်မာလာစေခဲ့သည်။ ကြောက်စရာအကောင်းဆုံးမှာ မည်သည့်အရာဖြစ်မှန်း မသိသေးသော်လည်း ယခုသူမက သူတို့၏ပန်းတိုင်ကိုသိလိုက်သောကြောင့် ယင်ယန်တံခါးသည် ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပေ။
ထို့ကြောင့် စုယန်သည် ယင်ယန်တံခါး၏ ထောက်လှမ်းရေးကွန်ရက်ကို ထိန်းချုပ်လိုက်ကာ ရန်ဟွမ်နယ်မြေတွင် အသစ်တစ်ခုကိုတည်ထောင်ခဲ့သည်။ သူမခွဲဝေရရှိနိုင်သော အရင်းအမြစ်များမှာလည်း သိသိသာသာ တိုးလာခဲ့သည်။
စုယန်သည် အရင်းအမြစ်များပိုမိုရရှိစေရန်အတွက် ရီမိသားစုမှကျင့်ကြံသူအများအပြားကို ယင်ယန်တံခါးနှင့်ပူးပေါင်းရန် ဆွဲဆောင်ခဲ့သည်။ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်ရမည်။ ဤတစ်ကြိမ်တွင် ယင်ယန်တံခါးသည် ရန်ဟွမ်နယ်မြေ၌ အမြစ်တွယ်နိုင်ခဲ့၏။
အဆင့်မြင့်အရာရှိများကလည်း အလွန်ကျေနပ်သွားကာ စုယန်ကို သူမ၏အရည်အချင်းအတွက် ချီးကျူးဂုဏ်ပြုပြီး ဆုချခဲ့သည်။ အခြားသူများသည် ရန်ဟွမ်နယ်မြေတွင် အချိန်ကြာမြင့်စွာ အခြေမချနိုင်ခဲ့သော်လည်း စုယန်က ၎င်းကိုလျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
သူတို့အားလုံး လျှို့ဝှက်စွာဝမ်းမြောက်နေကြ၏။ ရီဖန်က အထင်ကြီးစရာကောင်းသော်လည်း သူ့မိသားစု၏အမျိုးသမီးဖြစ်သူက ၎င်းတို့၏ အကြီးမားဆုံးသစ္စာဖောက်ဖြစ်နေမှန်းကို သိလိမ့်မည်မဟုတ်ချေ။ ယခုတွင် သူတို့၏အကြီးမားဆုံးမျှော်လင့်ချက်မှာ စုယန်က လူသားဧကရာဇ်ရတနာကို အမြန်ရှာတွေ့နိုင်ရန်ဖြစ်သည်။
လူသားဧကရာဇ်ရတနာသတင်းကို သူမလက်လွှတ်မည်မဟုတ်ကြောင်း ပြရန်အတွက် စုယန်သည် သူမ၏အသွင်အပြင်ကိုဆက်လက်ထိန်းသိမ်းကာ ကြိုးစားအားထုတ်နေခဲ့ရသည်။ တဖြည်းဖြည်းနှင့် စုယန်၏အာရုံသည် ရန်ဟွမ်နယ်မြေသို့ တဖြည်းဖြည်းပြောင်းသွားခဲ့ကာ၊ ချန်မင်ကမ္ဘာကို အနည်းငယ်လျှော့ချထားခဲ့သည်။
စုယန်တင်မကဘဲ သက်ရှည်ဂိုဏ်းရှိ အရွက်တစ်ထောင်ဆေးခန်းနှင့် အရွက်တစ်ထောင်ကျောင်းတော်တို့သည်လည်း ရန်ဟွမ်နယ်မြေတွင် အာရုံစိုက်လာခဲ့သည်။ လက်ရှိ ရန်ဟွမ်နယ်မြေသည် ရီမိသားစုဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကနေရာဖြစ်လာသည်။
ရီမိသားစု၏ လက်ရှိအင်အားဖြင့်ပင်၊ ရန်ဟွမ်နယ်မြေကဲ့သို့ကျယ်ဝန်းသောကမ္ဘာကြီးကို အပြည့်အဝတည်ဆောက်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။
နယ်မြေများချဲ့ထွင်ခြင်းအတွက် စိုးရိမ်စရာမရှိတော့ချေ။
ရီဖန်သည် စုယန်၏ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ လူသားဧကရာဇ်ရတနာသည် ရီဖန်အတွက် ကြီးကြီးမားမားဆွဲဆောင်မှုမရှိခဲ့ပေ။ သို့သော် လူသားဧကရာဇ်ရာထူးကို ကိုင်ဆောင်ထားသည့် ရီရှောင်းရှောင်းအတွက်မူ ၄င်းသည် အမှန်တကယ်ပင် ရှားပါးရတနာတစ်ခုဖြစ်သည်။ သူမသာ ထိုရတနာကို ဆုပ်ကိုင်ထားနိုင်ပါက သူမ၏အင်အားမှာ သိသိသာသာ မြင့်တက်လာနိုင်သည်။
သို့သော် ကံမကောင်းသည့်အချက်မှာ ရီဖန်ကိုယ်တိုင်က ကမ္ဘာ့သခင်ဖြစ်သော်လည်း လူသားဧကရာဇ်ရတနာနေရာကို ရှာမတွေ့သေးပေ။ ရီဖန်သည် ရန်ဟွမ်နယ်မြေအတွင်း ရတနာအမှန်တကယ် ရှိခဲ့သလားဟူ၍ပင် သံသယဝင်လာခဲ့သည်။ သို့သော်လည်း ရှာရလွယ်သည့် ရတနာတစ်ပါးကို လူသားဧကရာဇ်ရတနာဟု ခေါ်ရန်မထိုက်တန်ချေ။ အရာအားလုံးကို ရန်ဟွမ်နိုးလာသည်အထိ စောင့်ဆိုင်းပြီးမှ အဖြေရှာရတော့မည်။
"စွမ်းအားအဆင့် သုံးသောင်းတိုးလာပါတယ်။ ရေရှည်တာဝန်ဖြစ်တဲ့ မျိုးနွယ်စုစွမ်းအားအဆင့်ဆယ့်တစ်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ သခင်ကို ဂုဏ်ပြုပါတယ်၊ ဆုထုတ်ယူနိုင်ပါပြီ”
ရန်ဟွမ်နယ်မြေသည် နယ်ပယ်သုံးထောင်၏ အစိတ်အပိုင်းဖြစ်လာပြီးသည့်အချိန်စမှစ၍ ရီမိသားစု၏စွမ်းအားအဆင့်သည် လျင်မြန်စွာတိုးလာခဲ့သည်။ ယနေ့တွင် ၎င်းတို့သည် မျိုးနွယ်စုစွမ်းအားတာဝန်ကို ပြီးမြောက်ခဲ့၏။
လက်ရှိ မျိုးနွယ်စုစွမ်းအားအဆင့် မြင့်တက်လာမှုကိုကြည့်ခြင်းအားဖြင့် မျိုးနွယ်စုစွမ်းအား အဆင့်ဆယ့်နှစ်ကို အချိန်တိုအတွင်း ပြီးစီးနိုင်မည်ဖြစ်သည်။
"စနစ်၊ ဆုတွေထုတ်လိုက်ပါ"
"ဆုရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ကြယ်ဆယ့်နှစ်ပွင့်နေရာနဲ့ မိသားစုကံကောင်းခြင်းတန်ဖိုး အမှတ် ၁ သန်းရရှိပါပြီ"
ရီဖန်အလိုချင်ဆုံးဖြစ်သည့် မိသားစုသွေးမျိုးဆက် မပေါ်လာသော်လည်း ဤဆုနှစ်ခုကို လက်ခံနိုင်ပါ၏။
ကြယ်ဆယ့်လေးလုံးက တာ့ယွီအင်မော်တယ်မင်းဆက်၏ ကြယ်နှစ်ဆယ့်ရှစ်ပွင့်နေရာအားလုံးကို စုစည်းကာ ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးမည့် ပြည့်စုံသောကြယ်စုတပ်ဖွဲ့တစ်ခုဖြစ်လာစေသည်။
အခြားဆုကြေးအတွက် ၎င်းမှအကျိုးအမြတ်အများဆုံးရရှိသူမှာ ပိုင်ဇယ်ဖြစ်သည်။ ရီမိသားစု၏မူလကမ္ဘာအတွင်းတွင် ပိုင်ဇယ်၏ဘေးတွင် လဲလျောင်းနေသည့် အဇူရာနဂါးသည် ၎င်း၏ခွန်အားများစတင်ပေါက်ကွဲလာသောကြောင့် ရုတ်တရက်ထရပ်လိုက်သည်။
ဤနှစ်များတစ်လျှောက် ရီမိသားစု၏ ကြွယ်ဝသောအရင်းအမြစ်များဖြင့် ကျင့်ကြံထားသည့် အဇူရာနဂါး၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်၏အလယ်အလတ်အဆင့်သို့ ဖြတ်သွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ယခုလေးတင်မှ ပိုင်ဇယ်၏ကျင့်ကြံမှုအဆင့်သည် နက်နဲအင်မော်တယ် အထွတ်အထိပ်၌သာ ရှိနေဆဲဖြစ်သည်။
သို့သော် ပိုင်ဇယ်သည် အလွန်လျင်မြန်စွာ အဆင့်ဖြတ်သွားကာ အစောပိုင်း အင်မော်တယ်ဘုရင်နယ်မြေမှ အလယ်အလတ်အဆင့်၊ ထို့နောက် နှောင်းပိုင်းအဆင့်သို့ ချက်ချင်း ခုန်တက်သွားသည်။ အချိန်တိုလေးအတွင်း၌ ပိုင်ဇယ်၏ကျင့်ကြံမှုအဆင့်သည် နယ်ပယ်ကြီးတစ်ခုနီးပါး တိုးတက်လာခဲ့သည်။
ပိုင်ဇယ်၏ ရံဖန်ရံခါရုတ်တရက်အောင်မြင်မှုရရှိခြင်းကို အဇူရာနဂါးလည်း ကျင့်သားရနေပြီးဖြစ်သည်။ ပိုင်ဇယ်၏အောင်မြင်မှုပြီးဆုံးပြီးနောက် သူက ‘ငါမမိုက်ဘူးလားကွ ဟမ်’ ဟု ပြောနေသကဲ့သို့ အဇူရာနဂါးကို အောင်ပွဲခံသောအကြည့်ဖြင့် ကြည့်လာသည်။
အဇူရာနဂါးသည် မျက်လုံးများကိုသာ ပြန်မှိတ်ပြီး ၎င်း၏ခြေသည်းများကိုသိမ်းလိုက်ကာ ပိုင်ဇယ်ကို နိမ့်ချနေရန် အချက်ပြလိုက်သည်။ အဘယ်ကြောင့်လောနေရမည်နည်း။ မကြာမီ ကျော်တက်ခံရပြန်ဦးမည်မလား။
ပိုင်ဇယ်က ၎င်း၏ကျင့်ကြံမှုအဆင့် ဖြတ်ကျော်ရန်အတွက် ကံဇာတာကို အားကိုးခြင်းနှင့်ယှဉ်လျှင် အဇူရာနဂါး၏ တိုးတက်မှုက သိသိသာသာ ပိုမြန်ဆန်သည်။ အဇူရာနဂါး၏ အချက်ပြမှုကို မြင်လိုက်ရသည့်အခါတွင် ပိုင်ဇယ်မှာ ချက်ချင်း ညှိုးငယ်သွားရှာသည်။
သူ၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေ နှောင်းပိုင်းအထိကွဲသွားသော်လည်း ပိုင်ဇယ်က အင်မော်တယ်ဘုရင်နယ်မြေ၏ အလယ်အလတ်အဆင့်ရှိ အဇူရာနဂါးကို အနိုင်ယူရန် ယုံကြည်မှုမရှိပေ။ တကယ်တမ်းတွင် ပိုင်ဇယ်သည် တိုက်ခိုက်ရေးစွမ်းရည်မရှိသည့် သတ္တဝါတစ်ကောင်သာဖြစ်၏။
အရှုံးပေးသွားသော ပိုင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဇူရာနဂါးသည် ဆက်လက်ငိုက်မြည်းနေခဲ့၏။ ပိုင်ဇယ်သည်လည်း အဇူရာနဂါးဘေးတွင် ငြီးတွားကာ လှဲလျောင်းလျက် အဇူရာနဂါးကဲ့သို့ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
….
ယင်ယန်တံခါးသည် ရန်ဟွမ်နယ်မြေတွင် ခြေကုပ်ယူထားသော်လည်း အခြားသောနယ်ပယ်များတွင် စစ်ပွဲများကို စတင်လှုပ်ရှားလာပြီဖြစ်သည်။ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်စုမှထိန်းချုပ်ထားသော မဟာကြယ်တာရာကမ္ဘာကြီး ဆယ့်သုံးခုသည်လည်း ပုန်ကန်စပြုလာ၏။
ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတို့သည် လူသားမျိုးနွယ်စု၏ကျင့်ကြံသူများအတွက် အလွန်ရင်းနှီးခြင်းမရှိပေ။ သို့သော်လည်း ယနေ့တွင် ၎င်းအင်အားစုနှစ်ခု မည်မျှကြောက်လန့်ဖွယ်ကောင်းသည်ကို မြင်တွေ့ ခဲ့ရသည်။
မိတ်ဆွေဖြစ်ခဲ့ဖူးသောကျင့်ကြံသူများသည် ရုတ်တရက် ရန်သူများဖြစ်လာကာ စတင်သစ္စာဖောက်လာကြသည်။ ၎င်းကို ကာကွယ်ရန်မှာ သာမာန်ကျင့်ကြံသူများတတ်နိုင်သည့် အတိုင်းအတာထက်ကျော်လွန်နေကာ အင်မော်တယ်ဧကရာဇ်များပင်လျှင် ခြုံခိုတိုက်ခိုက်ခံရသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့သည် ဤအရာအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့သောကြောင့်၊ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသသောအချိန်တွင် ကောင်းကောင်းပြင်ဆင်ထားပြီးဖြစ်သည်။ ဤနေ့တွင် လူသားမျိုးနွယ်စု၏မရေမတွက်နိုင်သောကျင့်ကြံသူများ ကျဆုံးသွားကာ၊ အင်အားစုများစွာသည် ဤအဓိက အင်အားစုကြီးနှစ်ခု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့သည်။
ယခင်ကတွေ့ရခဲသော ဧကရာဇ်နယ်မြေအဆင့်များသည် ကြီးမားသောအင်အားစုနှစ်ခုထဲမှ အရူးအမူး ပေါ်ထွက်လာခဲ့သည်။ ဤ အင်မော်တယ်ဧကရာဇ်များထဲမှ အချို့သည် တစ်ခါမှ ပေါ်မလာဖူးသူများ၊ အချို့မှာ ပျောက်ကွယ်သွားသော သို့မဟုတ် သေဆုံးသွားပြီဟု ယူတထားသူများနှင့် အချို့မှာ အင်မော်တယ်ဧကရာဇ်တပ်ဖွဲ့များကို လက်ရှိထိန်းချုပ်ထားဆဲဖြစ်သည်။ ၎င်းတို့အားလုံးသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၊ ယင်နှင့်ယန်တံခါးတို့၏ လူများဖြစ်နေခြင်းက အလွန်ကြောက်စရာကောင်းနေ၏။
ကြီးမားသောနယ်မြေများသည် ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတို့၏ လက်အောက်သို့ ကျရောက်သွားကာ လူသားမျိုးနွယ်စုသည် အချိန်တိုအတွင်းမတုံ့ပြန်နိုင်ခဲ့ချေ။ ဤအခြေအနေကို သိလိုက်ရသောအခါ ရီဖန်ကိုယ်တိုင်ပင် ထိတ်လန့်သွားသည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့်၊ ယင်နှင့်ယန်တံခါးတို့၏ အင်အားက ရီဖန်၏နားလည်မှုကို ကျော်လွန်နေသည်။ အနည်းဆုံး ဤအင်မော်တယ်ဧကရာဇ်များသည် ရီဖန်၏စာရင်းထဲတွင် မပါဝင်နေချေ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးရှိ စုယန်၏အခွင့်အာဏာကို တိုးမြှင့်ရန်လိုအပ်နေသေးပုံရသည်။
အင်မော်တယ်ဧကရာဇ်များနှင့် တာအိုဘိုးဘေးများစာရင်းရှိလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက အခြားသောအင်မော်တယ်ဧကရာဇ်များနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့သည် ဘဝနှင့်သေခြင်းတံခါး၏ လူများဖြစ်မဖြစ် သတိထားရလိမ့်မည်။ ရန်ဟွမ်နယ်မြေနှင့်အနီးဆုံးဖြစ်သော ချန်မင်ကမ္ဘာတွင်လည်း ကြီးစွာသော သက်ရောက်မှုရှိသည်။
"ဟုန်ယွင် မင်းဘာကိုဆိုလိုတာလဲ!"
ကွမ်ဟန်ဧကရာဇ် သည် သူ၏စိတ်ဝိညာဉ်ထဲတွင် ပြင်းထန်စွာနာကျင်ခံစားလိုက်ရကာ သူ့သူငယ်ချင်း ဟုန်ယွင်ဧကရာဇ်ကို မယုံနိုင်စွာကြည့်နေခဲ့သည်။
ဟုန်ယွင်ဧကရာဇ်သည် ချန်မင်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ်များကြားတွင် အလွန်ကျော်ကြားကာ သူ၏အစွမ်းသည်လည်း ထိပ်တန်းအဆင့်ဖြစ်သည်။ ဟုန်ယွင်ဧကရာဇ်က ယင်ယန်တံခါး၏အဖွဲ့ဝင်ဖြစ်မည်ဟု မည်သူထင်မည်နည်း။
"ကွမ်ဟန်၊ ငါတို့ ယင်ယန်တံခါးကိုဝင်ဖို့ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်"
ဟုန်ယွင်ဧကရာဇ်သည် မျက်နှာသာပေးပုံပေါ်သော်လည်း သူ၏လှုပ်ရှားမှုကို မရပ်တန့်ခဲ့ချေ။ဟုန်ယွင်ဧကရာဇ်၏ စွမ်းအားသည် ကွမ်ဟန်ဧကရာဇ်ထက် အားကောင်းသောကြောင့်၊ ယခု ရုတ်တရက်တိုက်ခိုက်လာသောအခါတွင် ကွမ်ဟန်သည် သူနှင့် ပြိုင်ဘက်ဟုတ်တော့ချေ။
ကွမ်ဟန်ဧကရာဇ် အဆုံးသတ်ခံရခါနီးတွင် တစ်စုံတစ်ဦးရုတ်ချည်းရောက်ရှိလာကာ ကွမ်ဟန်ဧကရာဇ်ကို ခေါ်ဆောင်ပြီး နေရာလွတ်ထဲသို့ အမြန်ထွက်ခွာသွားခဲ့သည်။
"လိုက်ဖို့မလိုပါဘူး၊ ငါတို့က ချန်မင်ကမ္ဘာ မှာရောက်နေမှတော့ သူတို့ဘယ်ပြေးဦးမှာတုန်း"
ဟုန်ယွင်ဧကရာဇ်သည် သူအနိုင်ရခဲ့သော အင်မော်တယ်ဧကရာဇ်ငါးပါးကို ကြည့်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ချန်မင်ကမ္ဘာသည် အလွန်အင်အားကောင်းသော စကြာဝဠာနယ်မြေတစ်ခုမဟုတ်သောကြောင့် အင်မော်တယ်ဧကရာဇ်များ၏အရေအတွက်မှာလည်း မများချေ။ ယခုအခါတွင် အများစုသည် ယင်ယန်တံခါး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
"ဟုန်ယွင်၊ တာ့ယွီအင်မော်တယ်မင်းဆက်က ချန်မင်ကမ္ဘာမှာ ရှိနေတုန်းပဲနော်"
ထိုစကားကြောင့် ဟုန်ယွင်ဧကရာဇ်ရယ်နေရာမှ ရပ်တန့်သွား၏။ လက်ရှိတွင် ချန်မင်ကမ္ဘာတွင် သူကြောက်ရွံ့သောအင်အားစုမှာ တာ့ယွီအင်မော်တယ်မင်းဆက်ဖြစ်သည်။
တာ့ယွီအင်မော်တယ်မင်းဆက်ကိုယ်တိုင်က ထိုမျှအင်အားမကြီးမားသော်လည်း တာ့ယွီဧကရာဇ်နောက်ကွယ်တွင်ရှိနေသည်မှာ ရန်ဟွမ်နယ်မြေနှင့် ရီမိသားစုဖြစ်သည်။
"စိတ်မပူပါနဲ့၊ ငါတို့ရဲ့ ယင်ယန်တံခါးက ချန်မင်ကမ္ဘာတွင်ဧကရာဇ်တွေက မကြာခင် လှုပ်ရှားပါလိမ့်မယ်"
ဟုန်ယွင်ဧကရာဇ်သည် သူ့တွင် အစီအစဉ်ရှိပြီးသားကဲ့သို့ ကောင်းကင်ကို စိုက်ကြည့်နေသည်။ ၎င်းက အခြားအင်မော်တယ်ဧကရာဇ်များ၏ စူးစမ်းချင်စိတ်ကို နှိုးဆွနေသည်။
ရီဖန်ထံတွင် ဗောဓိဘိုးဘေးက နောက်ခံအဖြစ်ရှိသည်။ ယင်ယန်တံခါးက ဗောဓိဘိုးဘေးကိုပင် မကြောက်ရွံ့နေခြင်းမှာ အတိအကျ မည်သို့စီစဉ်ထား၍ဖြစ်သနည်း။ ယင်ယန်တံခါးတွင် ကြီးပြင်းလာခဲ့သည့် ဟုန်ယွင်ဧကရာဇ်နှင့် မတူညီဘဲ၊ ၎င်းတို့ ယင်ယန်တံခါး၏အဖွဲ့ဝင်များဖြစ်လာခြင်းမှာ ဟုန်ယွင်၏ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်။
ယင်ယန်တံခါးသည် မည်မျှအင်အားကြီးကြောင်း သူတို့များစွာမသိထားကြချေ။ သို့သော် ယင်ယန်တံခါးတွင် တာအိုဘိုးဘေးများ တစ်ဦးထက်မက ရှိနိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။ သို့မဟုတ်ပါက အင်မော်တယ်ဧကရာဇ်များမည်မျှ ရှိနေစေကာမူ နယ်ပယ်သုံးထောင်တွင် ပြဿနာရှာနိုင်လိမ့်မည်မဟုတ်ချေ။
"ချန်ပန်း ကျေးဇူးတင်ပါတယ်!"
ကွမ်ဟန်ဧကရာဇ်ကို ကယ်တင်ခဲ့သူမှာ ချန်ပန်း ဖြစ်သည်။ ကွမ်ဟန်ဧကရာဇ်ကို ကွမ်ဟန်နန်းတော်သို့ ပြန်ခေါ်ဆောင်လာပြီးနောက် ချန်ပန်းသည် စိတ်မလျှော့နိုင်သေးချေ။
"ဒီအချိန်က ချန်မင်ကမ္ဘာအတွက် ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒါကို ရှောင်နိုင်ပါ့မလား"
အင်မော်တယ်ဧကရာဇ်ဖြစ်သူများပင်လျှင် ဤအကျပ်အတည်းမျိုးနှင့်ရင်ဆိုင်ရသည့်အခါ ယုံကြည်မှုမရှိကြတော့ချေ။
"အဆင်ပြေမှာပါ၊ ငါတို့ ချန်မင်ကမ္ဘာမှာလည်းအကောင်ကြီးကြီးရှိတာပဲ!"
ကွမ်ဟန်ဧကရာဇ်သည် အသက်ပြင်းပြင်းရှူကာ ဒဏ်ရာများကိုမျိုသိပ်ရင်း တာ့ယွီအင်မော်တယ် မင်းဆက်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ချန်မင်ကမ္ဘာအတွက် တစ်ခုတည်းသော မျှော်လင့်ချက်က သူ့အပေါ်တွင်သာရှိတော့သည်။ သူတို့နောက်ထပ်လုပ်ရမည့်အရာမှာ ရီဖန်အရေးယူခင်အထိ အသက်ရှင်ကျန်နေစေရန်ဖြစ်၏။
"ကွမ်ဟန်နန်းတော်က အဖွဲ့ဝင်များအားလုံး ငါ့အမိန့်ကို လိုက်နာပါ၊ အခင်းအကျင်းကို အသက်သွင်းလိုက်တော့၊ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှအပြင်မထွက်ရဘူး!"
ကွမ်ဟန်ဧကရာဇ်သည် သူ၏ဂိုဏ်းအတွင်း သစ္စာဖောက်များရှိနေသည်ကိုသိသော်လည်း မည်သူမည်ဝါဖြစ်သည်ကိုမသိနိုင်သေးသောကြောင့် လူတိုင်းကိုချုပ်ထားရန် ဆုံးဖြတ်ခဲ့သည်။ မည်သူကိုမှထွက်ခွါခွင့်မပြုနိုင်ချေ။
……..
အခန်း ၂၇၅ - တပည့်လိမ္မာလေးရေ၊ မြင့်မြတ်တဲ့အင်မော်တယ်လက်နက် ဆယ်ခုလောက်ယူခဲ့နော်
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် အခင်းအကျင်းကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်ကာ အတွင်းပိုင်းထဲကထိုးဖောက်ခြင်းမှ ကာကွယ်ထားသည်။ ကွမ်ဟန်နန်းတော်အခင်းအကျင်းသည် ရှေးဒဏ္ဍာရီကွမ်ဟန်အင်မော်တယ်သားတော်ထံမှ ဆင်းသက်လာကာ အလွန်အစွမ်းထက်သည်။ ၎င်းကိုချိုးဖျက်ရန်ရန်ကြိုးစားပါက အင်မော်တယ်ဧကရာဇ်နယ်မြေမှ အင်အားကြီးဧကရာဇ်တစ်ပါးအတွက်ပင် အလွန်ခက်ခဲလိမ့်မည်။
ချန်ပန်းဧကရာဇ်သည်လည်း ကွမ်ဟန်အင်မော်တယ်ဧကရာဇ်နှင့် တူညီသောလမ်းကြောင်းကို ရွေးချယ်ခဲ့ကာ ၎င်း၏ဂိုဏ်းကို စောင့်ရှောက်ရန်အတွက် အခင်းအကျင်းများကို အသက်သွင်းပြီး သစ္စာဖောက်များကို စောင့်ကြည့်နေခဲ့သည်။
ချန်မင်ကမ္ဘာမှ မငြိမ်မသက်မှုများသည် တာ့ယွီအင်မော်တယ်မင်းဆက်အပေါ် သက်ရောက်မှုမရှိသေးချေ။ ယင်ယန်တံခါး၏ လှုပ်ရှားမှုများသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ထားသေးပုံရ၏။
ရီရှောင်းရှောင်းသည် စတင်တိုက်ခိုက်ခြင်းမလုပ်သေးဘဲ ထိုအချိန်မတွင်း ကြီးထွားလာခဲ့သည်။ ရီဖန်ပေးသော ကြယ်အခင်းအကျင်း နေရာဆယ့်လေးခုကို သိသာထင်ရှားသော ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့သည့် တာ့ယွီအင်မော်တယ်မင်းဆက်၏ကျင့်ကြံသူဆယ့်လေးဦးအား ချက်ခြင်းရွေးချယ်ကာ သင့်လျော်သော ရာထူးများကိုပေးအပ်ခဲ့သည်။
ကြယ်တာရာအဖွဲ့အစည်းလေးခုအပါအဝင် တိုက်ပွဲဝိညာဉ် သင်ေ္ကတလေးခုဖြစ်သည့်
အဇူရာနဂါးကြယ်စုက အဇူရာနဂါးတိုက်ပွဲဝိညာဉ်ကို တည်ထောင်ကာ၊ ကျားဖြူကြယ်စုသည် ကျားဖြူးတိုက်ပွဲဝိညာဉ်ထူထောင်သည်။ ဖီးနစ်ငှက်ကြယ်စုကလည်း ဖီးနစ်တိုက်ပွဲဝိညာဉ်ကို တည်ထောင်ကာ၊ ရွှမ်ဝူကြယ်စုက ရွှမ်ဝူတိုက်ပွဲဝိညာဉ်ကို ထူထောင်ခဲ့သည်။
ကြယ်နှစ်ဆယ့်ရှစ်လုံး၏ ပေါင်းစပ်စွမ်းအားဖြင့် သင်္ကေတလေးခု၏ တိုက်ခိုက်ရေးစွမ်းအားသည် ရီရှောင်းရှောင်းကို ကျော်လွန်ကာ တာ့ယွီအင်မော်တယ်မင်းဆက်တွင် အင်အားအကောင်းဆုံးဖြစ်လာခဲ့သည်။ သို့သော် ဤစွမ်းအားကို ရီရှောင်းရှောင်းက ကောင်းစွာ ဖုံးကွယ်ထားသည်။ ပဋိပက္ခများနီးကပ်လာသည်နှင့်အမျှ အင်အားကို အချိန်မတန်မီ ထုတ်ဖော်ပြသခြင်းသည် မသင့်လျော်ချေ။
တစ်ချိန်တည်းတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဆင့်မြင့်ခေါင်းဆောင်များကြားတွင် အာဏာလုပွဲတစ်ခု စတင်ခဲ့သည်။ ဤအာဏာလုပွဲမှာ ချန်မင်းကမ္ဘာ၏စစ်ဦးစီးချုပ်ဖြစ်သည့် စုယန်၏ရာထူးကို ပစ်မှတ်ထားခြင်းဖြစ်သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ဝူရှန်းဘိုးဘေးသည် အမြင့်ဆုံးရာထူးနေရာ၌ရှိသော်လည်း
ထိုဂိုဏ်းသည် ဝူရှန်းဘိုးဘေးတစ်ဦးတည်းနှင့် မပြီးပေ။ မကြာသေးမီအချိန်များက စုယန် ၏ရာထူးတိုးခြင်းသည် လျင်မြန်စွာတိုးတက်လာသောကြောင့် အခြားဘိုးဘေးများက မသင့်လျော်ကြောင်းတွေးလာသည်။
တာအိုဘိုးဘေးနှစ်ဦးက ဝူရှန်းဘိုးဘေးကို အတူတကွဖိအားပေးကာ ရီရှောင်းရှောင်းကို ချန်မင်နယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ စစ်ဦးစီးချုပ်ရာထူးကို လက်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။ ဝူရှန်းဘိုးဘေးပင်လျှင် အခြားဘိုးဘေးနှစ်ဦး၏ ယူဆချက်များကို လျစ်လျူမရှုနိုင်ပေ။
"စုယန်က ရန်ဟွမ်နယ်မြေကို အပြည့်အဝအာရုံစိုက်ပြီးတော့ ချန်မင်နယ်မြေကို ထိန်းချုပ်တာ လက်လွှတ်သင့်တယ်!"
နယ်မြေနှစ်ခုရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ထိန်းချုပ်ထားသူတစ်ဦးသည် အလွန်အင်အားကြီးသောကြောင့် ဂိုဏ်း၏ရာထူးကြီးသူအများအပြားကို မျက်မုန်းကျိုးလာစေ’။
"စုယန်၊ မင်းဘယ်လိုထင်လဲ"
ခဏတိတ်ဆိတ်သွားပြီးနောက်၊ ဝူရှန်းဘိုးဘေးက စုယန် ကိုမေးသည်။
စုယန်သည် အပေါ်ယံတွင် အေးစက်ယောင်ဆောင်နေသော်လည်း သူမ၏စိတ်ထဲတွင် ရယ်ချင်ပတ်ကျိဖြစ်နေသည်။ ယခု တိုက်ပွဲကြီးတစ်ခု စတင်လာသောအခါတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည်လည်း မလွဲမသွေ တိုက်ပွဲဝင်ရလိမ့်မည်။ သို့သော် ဂိုဏ်းအတွင်းရှိလူများသည် ရီမိသားစု၏အဖွဲ့ဝင်များ ဖြစ်ကြသောကြောင့် တိုက်ပွဲဖြစ်လာပါက အချင်းချင်းကြားမှ တိုက်ပွဲဖြစ်သွားနိုင်သည်။
သို့သော် သူတို့မတိုက်ခိုက်လျှင်လည်း ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက စုယန်ကို သံသယဝင်လာနိုင်သည်။ စုယန်သည် ၎င်းအတွက် စိတ်ပူပန်နေရာမှ ထိုပြဿနာ၏အဖြေကို ရုတ်တရက်ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"ကျွန်မ ထွက်သွားနိုင်ပေမယ့် ချန်မင်နယ်မြေက လူတစ်ချို့ကို အတူခေါ်သွားရလိမ့်မယ်။ သူတို့က ရန်ဟွမ်နယ်မြေမှာ စိမ့်ဝင်ဖို့ သင့်လျော်တာပေါ့”
စူယန်ရွေးခေါ်သွားသူအများစုမှာ ရီမိသားစုမှသူများဖြစ်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အစစ်အမှန်အဖွဲ့ဝင်များအနေနှင့်ပက်သက်၍ စုယန်က ၎င်းတို့ကို ဂရုမစိုက်ချေ။ စုယန်၏ကျိုးကြောင်းဆင်ခြေက ခိုင်လုံသော်လည်း အခြားဘိုးဘေးနှစ်ယောက်က ချိတုံချတုံဖြစ်နေခဲ့သည်။ သို့သော်လည်း ဝူရှန်းဘိူးဘေး၏မျက်နှာကြောင့် နောက်ဆုံးတွင် သဘောတူခဲ့ကြ၏။
သူမ၏ပန်းတိုင်ကို ရောက်သည်နှင့် စုယန် သက်ပြင်းတစ်ချက် ချလိုက်သည်။ စုယန်သည် ရီမိသားစုက လှုပ်ရှားလာတော့မည်ဖြစ်ကြောင်း သေချာပေါက်သိသည်။ ချန်မင်ကမ္ဘာသည် ရီမိသားစုအတွက် အခြေစိုက်စခန်းဖြစ်သောကြောင့် ၎င်းတို့သည် ဤနေရာကိုစွန့်လွှတ်လိမ့်မည်မဟုတ်ချေ။
ဖြစ်နိုင်ခြေအရှိဆုံးရလဒ်မှာ တာ့ယွီအင်မော်တယ်မင်းဆက်သည် ချန်မင်ကမ္ဘာကို သိမ်းပိုက်လိမ့်မည်။ ယင်ယန်တံခါး၏ လက်ရှိလုပ်ဆောင်နေသမျှအရာအားလုံးက တာ့ယွီအင်မော်တယ်မင်းဆက်အတွက် လက်ဆောင်ဖြစ်လာလိမ့်မည်။ အဆုံးတွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် ချန်မင်ကမ္ဘာကိုရရှိသောအခါတွင် အခြားသောအင်အားစုများကလည်း ၎င်းတို့ကို ကျေးဇူးတင်လာလိမ့်မည်ပင်။
"စုယန်၊ အဆင်မပြေဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်"
စုယန်က အခြေအနေထဲမှ ရုန်းထွက်ခဲ့သော်လည်း ဝူရှန်းဘိုးဘေးက စုယန်၏ စိတ်ခံစားချက်များကို အလေးထားဆဲဖြစ်သည်။ "ဆရာ၊ ကျွန်မ အဆင်ပြေပါတယ်"
စုယန်က ‘အနိုင်ကျင့်ကြံခံရသည်ဟု ခံစားရသော်လည်း ဝန်မခံသော လူတစ်ဦး၏မျက်နှာအမူအရာဖြင့်’ သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အသုံးပြုခဲ့သည်။
"ဒါတွေက မင်းအတွက်လျော်ကြေးလို့မှတ်လိုက်ပါ။ လောလောဆယ် ရန်ဟွမ်နယ်မြေကိုသာ အာရုံစိုက်ထား။ ဒီက အခြေအနေကိုဖြေရှင်းပြီးရင် ရန်ဟွမ်နယ်မြေကို အရေးယူမှာပါ" ဝူရှန်းဘိုးဘေးကစကားပြောနေရင်း စုယန်အတွက် အရင်းမြစ်တစ်ချို့ကိုပေးအပ်လိုက်သည်။
ချန်မင်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကျု လက်လွှဲယူခဲ့သူမှာ ယခင်က ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ကို တိုက်ခိုက်ခဲ့သော ဟုန်ယွင်ဧကရာဇ်မှလွဲ၍ အခြားသူမဟုတ်ပေ။
သူသည် စုယန်ထံမှနာမည်စာရင်းကို အောင်နိုင်သူပမာပြုံးရင်း လက်ခံရယူလိုက်ကာ၊ ဟုန်ယွင်ဧကရာဇ်သည် စုယန်ထွက်ခွာသွားသည်ကို ကြည့်ပြီး သူ့မျက်လုံးများသည် လောဘနှင့် ပြည့်နှက်နေသည်။ ဤအာဏာလွန်လုပွဲအတွက် လှုံ့ဆော်မှုမှာ ဟုန်ယွင်ဧကရာဇ်၏အကြံအစည်ဖြစ်သည်။
သူသည် ဧကရာဇ်မင်းတစ်ပါးဖြစ်ရုံသာမက၊ သူ့ဆရာသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဂိုဏ်းအတွင်းရှိ တာအိုဘိုးဘေးများထဲမှ တစ်ဦးဖြစ်သည့် တိမ်နက်တာအိုဘိုးဘေးဖြစ်သည်။ ဂိုဏ်းတွင်းရှိ လူအများစုသည် ထူးကဲသောစွမ်းရည်ရှိသည့် အမျိုးသမီးကျင့်ကြံသူစုယန်ကို မလိုလားကြချေ။
သို့သော် စုယန်၏ အစွမ်းထက်သောမိသားစုကျောထောက်နောက်ခံကြောင့် ၎င်းတို့တိုက်ခိုက်ရန် တုံ့ဆိုင်းနေကြခြင်းဖြစ်၏။ ရီမိသားစုက တော်တော်သန်မာသည်မဟုတ်လား? သူတို့မပါဘဲ ထောင်လွှားနေနိုင်ဦးမည်လား ကြည့်ကြသေးတာပေါ့။
ဟုန်ယွင်ဧကရာဇ်၏ထင်မြင်ချက်အရ စုယန်သည် ဝူရှန်းဘိုးဘေးထံမှ အလွန်အာရုံစိုက်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမက ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့်ဟူ၍ပင်။ ရီမိသားစုမရှိပါက စုယန်၏အဆင့်အတန်းသည်လည်း သိသိသာသာ ကျဆင်းလာမည်မှာသေချာ၏။
ထို့ကြောင့် သူက ရီမိသားစုကိုပစ်မှတ်ထားခြင်းဖြစ်သည်။
ချန်မင်ကမ္ဘာသည် ယခုအခါတွင် ပဋိပက္ခများဖြစ်နေသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ လုပ်ဆောင်ချက်များသည်လည်း ကန့်သတ်မှုနည်းပါးသွားခဲ့သည်။
ဟုန်ယွင်ဧကရာဇ်သည် သူ၏အင်ပါယာကို ကြီးမားကျယ်ပြန့်စွာချဲ့ထွင်ရန် စီစဉ်ထားသောကြောင့်၊ စုယန်လက်အောက်မှ စွမ်းအားရှင်များစွာ ထွက်ခွာသွားပြီးနောက် ကျန်နေသာကွက်လပ်များကို လျင်မြန်စွာဖြည့်ကာ ပို၍အားကောင်းလာစေခဲ့သည်။
သို့သော် သူမမျှော်လင့်ထားသည့်အရာမှာ သူကိုင်ထားသော အမည်စာရင်းသည် နောက်နေ့တွင် စုယန်လက်ထဲသို့ ရောက်သွားမည်ဟူ၍ပင်။ မည်သူက ထိုကဲ့သို့ ပြုလုပ်ခဲ့သနည်း။ ၎င်းမှာ သေချာပေါက် ယခင်တံခါးသခင်ဖြစ်၏။
သူသည် စုယန်ကြောင့် ဤနှစ်များတစ်လျှောက် သူ၏ ကျင့်ကြံမှုအဆင့်ကို နက်နဲအင်မော်တယ်ဘုံသို့ တိုးမြှင့်ခဲ့ရုံသာမက ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး တွင်လည်း ဒုတိယအုပ်ချုပ်သူရာထူးကိုလည်းရရှိခဲ့သည်။ တံခါးသခင်က သူ့အဆင့်အတန်းအတွက် မည်သူတာဝန်ယူပေးထားသည်ကို အလွန်ရှင်းရှင်းလင်းလင်းသိသောကြောင့် စုယန်အပေါ် အလွန်သစ္စာစောင့်သိ၏။
ဤတစ်ကြိမ်တွင် စုယန်က သူ့ကိုထားခဲ့ကာ လူအများစုကို ခေါ်ဆောင်သွားသောကြောင့် တခြားသူများက စုယန်နှင့်သူ့ဆက်ဆံရေးအကြောင်း သေချာမသိကြဘဲ၊ သူ့ကို အရေးမကြီးဟု မှတ်ယူထားကြသည်။
စုယန်က သူမလက်ထဲက စာရင်းကိုကြည့်လိုက်ပြီးနောက် ရယ်မောလျက် ရီရှောင်းရှောင်းကို ပေးလိုက်သည်။ ကျယ်ပြောလှသော ထာဝရအလင်းနယ်ပယ်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ သူလျှိုအများအပြားရှိခဲ့သည်။ စုယန်က ၎င်းတို့အားလုံးကို သူ့လူများနှင့် အစားထိုးချင်လျှင်ပင် ၎င်းကအချိန်တိုအတွင်း ပြီးမြောက်နိုင်သည့် ကိစ္စမဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင် သူတို့အားလုံးကို အပြီးရှင်းထုတ်နိုင်လိမ့်မည်။
သူတို့ပြန်ပြီး ထိန်းချုပ်နိုုင်သည့်အချိန်တွင် လူတိုင်းသည် ကိုယ့်မျိုးနွယ်စုဝင်များသာဖြစ်နေလိမ့်မည်မဟုတ်လား။ စုယန်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ထွက်ခွါရန်ရည်ရွယ်ချက်မရှိဘဲ၊ သူမသည် ထိုထက်ပိုတက်လှမ်းရန် ကြံစည်နေခဲ့ခြင်းဖြစ်သည်။ တစ်နေ့တွင် သူမသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို လုံးဝထိန်းချုပ်နိုင်ခဲ့ပါကလည်း ၎င်းသည် ဆိုးရွားသောရွေးချယ်မှုတစ်ခုမဟုတ်ချေ။
ဟုန်ယွင်ဧကရာဇ်သည် ရည်မှန်းချက်ကြီးသည်။ လူသစ်စုဆောင်းမှုပြီးသောအခါတွင် သူသည် အခြားတပ်ဖွဲ့များကို ချက်ချင်းပြောင်းရွှေ့ခဲ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အင်အားသည်လည်း အဆက်မပြတ် ကြီးထွားလာ၏။
"ဝူရှန်း ငါ့တပည့်က တော်တော် တော်တယ် မဟုတ်လား"
တိမ်နက်တာအိုဘိုးဘေးသည် ဟုန်ယွင်ဧကရာဇ်၏ စွမ်းဆောင်မှုကို အလွန်ကျေနပ်ပုံရသည်။ သူ့တပည့်သည် မည်သူထက်မျှ မနိမ့်ကျနေချေ။
"တကယ် အရမ်းတော်တယ်!"
ဝူရှန်းဘိုးဘေးသည် မကျေနပ်ခြင်းမရှိဘဲ ပြုံးပြခဲ့သည်။ ဤအခြေအနေကို ထူးထူးခြားခြား ရင်းနှီးနေသလို ခံစားနေရ၏။ ၎င်းမှာ ယင်ယန်တံခါးက ရန်ဟွမ်နယ်မြေကို ပထမဆုံးကျူးကျော်စဉ်ကကဲ့သို့ပင် အရာအားလုံး ချောမွေ့စွာ စတင်ခဲ့သည်။
ရီမိသားစုက ဤကဲ့သို့ ချဲ့ထွင်နေသော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို အမှန်တကယ်ပင် မတ်တပ်ရပ်ကြည့်နေမည်လား။ ဟုန်ယွင်ဧကရာဇ်သည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ထိခိုက်စေလျှင် ရီမိသားစုက မည်သည့်အချိန်တွင် ဝင်ရောက်စွက်ဖက်နိုင်သနည်း။ ပထမဦးဆုံးအကြိမ်အဖြစ် ဝူရှန်းဘိုးဘေးသည် ရီဖန်လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ တိမ်နက်တာအိုဘိုးဘေး၏မျက်နှာကို ဖြတ်ရိုက်ပေးရန် မျှော်လင့်ခဲ့သည်။
ထိုအချိန်တွင် ရီဖန်သည် စတုရန်းလက်မတောင်ပေါ်တွင် ရှိနေ၏။ ရီဖန်စတုရန်းလက်မတောင်တွင် ပေါ်လာသည်နှင့်တပြိုင်နက် ဗောဓိဘိုးဘေးက စိတ်ဝိညာဉ်ပစ္စည်းများကို သော့ခတ်ကာ ကြိုတင်စီစဉ်ထားသော ကန့်သတ်ချက်နယ်မြေသို့ ချက်ချင်းပစ်ထည့်လိုက်သည်။ ဗောဓိဘိုးဘေးက အပိုလုပ်နေခြင်းမဟုတ်ဘဲ ရီဖန်၏လုပ်ရပ်ကြောင့် သူတကယ်ကိုကြောက်လန့်နေခြင်းဖြစ်သည်။
အကယ်၍ ရီဖန်သာ နောက်ထပ်အကြိမ်အနည်းငယ်သာထပ်ယူသွားပါက နှစ်ပေါင်းများစွာအတွင်း သူကျင့်ကြံခဲ့သော ဝိညာာဉ်ရေးပစ္စည်းများကို ရီဖန်ကအပြောင်ရှင်းပစ်မည်မှာ သေချာပါ၏။
စတုရန်းလက်မတောင်၏အပြောင်းအလဲကို ခံစားမိလိုက်သောအခါ ရီဖန်ကလှောင်ရယ်လိုက်သည်။
“သူတို့ကို ဆရာလိုလိုလားလား လက်လွှဲပေးလာစေရမယ်လို့ အာမခံတယ်”
“ဆရာ၊ ဒုတိယအစ်ကိုဘယ်မှာလဲ” ဗောဓိဘိုးဘေးကိုတွေ့သည်နှင့် ရီဖန်ကမေးလိုက်သည်။
"မင်းရဲ့ ဒုတိယအစ်ကိုကို ဘာလို့ရှာနေတာလဲ"
ဗောဓိဘိုးဘေးက ရီဖန်ကို စိုက်ကြည့်ရင်း သူ့တပည့်ငယ်လေးထံတွင် ရည်ရွယ်ချက်တစ်ခုခုရှိနေသည်ဟု အမြဲခံစားရသည်။
"ဒါက ဘာမှကြီးကြီးမားမား မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်က ဒုတိယအစ်ကိုက ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ကျွန်တော် အသေးအမွှားလေးပြင်ဆင်ထားပေမယ့် သူဒီမှာမရှိရင်လည်း ထားလိုက်ပါ"
ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်ရောင်ဝါထွက်ပေါ်နေသော ရွှေတုတ်ချောင်းကိုထုတ်ယူလိုက်သည်။ ထိုပြုပြင်မှုက အတော်လေးအောင်မြင်ခဲ့သည်။ ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ထက်ပင် ပိုမိုအားကောင်းသည့် အဆင့်နိမ့် သူတော်စင်အဆင့်အထွတ်အထိပ်ရှိ မွန်မြတ်သောအင်မော်တယ်လက်နက်ကို တစ်ကြိမ်တည်းဖြင့် ပြုပြင်နိုင်ခဲ့သည်။
“ဘာကြီး! ဒါကို မင်းကိုယ်တိုင် သန့်စင်ထားတာလား?"
ဗောဓိဘိုးဘေးပင်လျှင် တုန်လှုပ်သွား၏။ သူ့တွင်ရွှေတုတ်ချောင်းထက် ပို၍အစွမ်းထက်သော မွန်မြတ်သောအင်မော်တယ်လက်နက်တစ်ခု ရှိသော်လည်း ဗောဓိဘိုးဘေးက မွန်မြတ်သောအင်မော်တယ်လက်နက်ကို ပြုပြင်ရန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေလိုလျှင်ပင် အရင်းအနှီးများစွာကုန်ကျမည်ဖြစ်သည်။
မတတ်နိုုင်ချေ၊ မွန်မြတ်သောအင်မော်တယ်လက်နက်များကိုပြုလုပ်နိုင်သည့် အင်မော်တယ်ပစ္စည်းသန့်စင်သူ အရေအတွက်မှာ အလွန်နည်းပါးကာ သူတို့တစ်ဦးစီသည် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ကြ၏။
ဗောဓိဘိုးဘေးက တခြားသူများကို သူ့အတွက်လက်နက် ပြုပြင်ပေးရန် တောင်းဆို၍မရသလို၊ မျက်နှာလည်းအပျက်မခံနိုင်ချေ။ ယခုတွင် ရီဖန်သည် သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူ ဖြစ်လာခဲ့ရာ ဗောဓိဘိုးဘေးကမည်သို့ စိတ်မလှုပ်ရှားဘဲနေနိုင်လိမ့်မည်နည်း။
နောက်ဆုံးတွင် စတုရန်းလက်မတောင်၌ အင်မော်တယ်ပစ္စည်းသန့်စင်သူရှိလာပြီဖြစ်သည်။ အနာဂတ်တွင် စတုရန်းလက်မတောင်၏တပည့်များသည် ၎င်းတို့၏မွန်မြတ်သောအင်မော်တယ်လက်နက်းများကို သန့်စင်ရန် အခြားသူများထံအကူအညီတောင်းရန်မလိုတော့ချေ။
ဗောဓိဘိုးဘေးက ပြုံးဖြီးလျက် ရီဖန်ထွက်ခွါသွားခြင်းကို တားဆီးခဲ့သည်။
“ရှောင်ဖန်ရေ၊ ငါမင်းကို အထင်မမှားခဲ့မှန်း သိသားပဲ။ မင်းရဲ့ ဒုတိယအစ်ကိုကြီးကို အခုချက်ချင်းခေါ်လိုက်မယ်နော်"
ဗောဓိဘိုးဘေးက သူ့တပည့်ရီဖန်ကို ပိုပိုသဘောကျလာသည်။ ထိုတပည့်လေးက အချိန်တိုင်း အံ့အားသင့်စေခဲ့သည်။ မကြာမီ၌ စွန်းဝူခုန်းသည် စတုရန်းလက်မတောင်သို့ရောက်ရှိလာ၏။
ရီဖန်၏လက်ထဲမှ ရွှေတုတ်ချောင်းကိုမြင်သောအခါ စွန်းဝူခုန်း၏အာရုံမှာ လုံးဝဖမ်းစားခံလိုက်ရသည်။ ရွှေတုတ်ချောင်းတွင် အခြားမည်သည့်အပိုကန့်သတ်ချက်မှ မပါဝင်ဘဲ စွန်းဝူခုန်းနှင့် လုံးဝလိုက်ဖက်သော ပြင်းထန်သည့် ခုခံနိုင်စွမ်းနှင့် ဆွဲငင်အားသာရှိသည်။
သို့သော် ရီဖန်က စွန်းဝူခုန်းကို ရွှေတုတ်ချောင်းပေးချင်သည်ဟု ပြောလာသောအခါတွင် စွန်းဝူခုန်းအနည်းငယ်ရှက်သွား၏။ သူ့ထင်မြင်ချက်အရ သူသည် ရီဖန်အတွက် အသေးအမွှားသာကူညီခဲ့ခြင်းဖြစ်ရာ ဤမျှကြီးကျယ်ခမ်းနားသောလက်ဆောင်ကို လက်ခံရန် မထိုက်တန်ဟုခံစားခဲ့ရသည်။
"ညီလေး၊ မင်းဒါကို မင်းကိုယ်တိုင်အတွက်ပဲ သိမ်းထားသင့်တယ်။ ငါဒီလိုလက်ဆောင်မျိုးကို လက်ခံဖို့ မထိုက်တန်ဘူး"
စွန်းဝူခုန်းက ငြင်းသည့်အခါ ရီဖန်မကျေမနပ်ဖြစ်သွားသည်။
"အကိုကြီး၊ ငါတို့ပထမဆုံးစတွေ့တုန်းက မင်းငါ့ကို ကြိုဆိုတဲ့လက်ဆောင်တစ်ခု ပေးခဲ့တယ်၊ အခုမင့်ရဲ့ ညီငယ်လေးက မင်းကိုလက်ဆောင်ပြန်ပေးတာကို လက်မခံဘူးပေါ့၊ မင်းလက်မခံတာက ငါ့ကိုအထင်သေးနေတာပဲ"
“မဟုတ်ဘူး ညီငယ်လေး၊ ဒီမွန်မြတ်တဲ့အင်မော်တယ်လက်နက်က နတ်ဆိုးဘိုးဘေး ကိုယ်ထည်ငါးခုလောက်ကို တန်တယ်ကွ”
ရီဖန်နှင့် စွန်းဝူခုန်းတို့ကို အပြန်အလှန်လှန်ကြည့်ရင်း ဗောဓိဘိုးဘေးက တိတ်တဆိတ်ပြောလိုက်သည်။
“ရှောင်ဖန်၊ မင်းတို့နှစ်ယောက်က တွေ့ဆုံခြင်း လက်ဆောင်တွေ ပေးနေကြတာ၊ ငါ့ကိုရောဟင်။ အများကြီးမတောင်းပါဘူး၊ မွန်မြတ်တဲ့အင်မော်တယ်လက်နက် ဆယ်ခုလောက်ဆို ရပါပြီ"
…………….
အခန်း ၂၇၆ - လူသားဧကရာဇ်အမွေအနှစ်
နောက်ဆုံးတွင် စွန်းဝူခုန်းသည် ရီဖန်၏ ရွှေတုတ်ချောင်းကို လက်ခံခဲ့သည်။ ထို့နောက် စွန်းဝူခုန်းသည် နှစ်များအတွင်း သူစုဆောင်းထားသော ပစ္စည်းအားလုံးကို ရီဖန်အား ပေးခဲ့သည်။ ထိုပစ္စည်းများထဲတွင် မွန်မြတ်သောအင်မော်တယ်လက်နက်များကို သန့်စင်ရန်အတွက် အသုံးပြုနိုင်သည့် သူတော်စင်အဆင့် ပစ္စည်းအနည်းငယ်ပါဝင်သည်။
လက်ရှိရီဖန်အတွက် မွန်မြတ်သောအင်မော်တယ်လက်နက်များကို သန့်စင်ရန်မှာ များစွာမခက်ခဲလှချေ။ တစ်ခုတည်းသောကန့်သတ်ချက်မှာ လုံလောက်သောပစ္စည်းများမရှိခြင်းဖြစ်သည်။
“အစ်ကိုကြီး၊ ငါ့ရဲ့အင်မော်တယ်းပစ္စည်းသန့်စင်မှု အဆင့်မြှင့်ပြီးတာနဲ့ မင်းရဲ့ရွှေတုတ်ချောင်းကို အဆင့်မြှင့်ပေးမယ်"
ယခု ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်များကို သန့်စင်သောအခါတွင်၊ ရီမိသားစု၏ အင်မော်တယ်ပစ္စည်းသန့်စင်သူများကိုပါ အမြဲခေါ်ယူခဲ့သည်။ သူ၏လမ်းညွှန်မှုအောက်တွင် ၎င်းတို့၏ အင်မော်တယ်ပစ္စည်းသန့်စင်ရေးစွမ်းရည်သည်လည်း အလွန်တိုးတက်ခဲ့၏။
ရီဖန်၏အင်မော်တယ်ပစ္စည်းသန့်စင်မှုစွမ်းရည်သည် ဤစကြဝဠာ၏ အထွတ်အထိပ်ရောက်ရှိရန် အချိန်မကြာတော့ချေ။ သူသည် အင်မော်တယ်ပစ္စည်းသန့်စင်သူအဖြစ် အထောက်အထားကိုပြသပြီးသည်နှင့် တာအိုဘိုးဘေးတစ်ဦး၏အဆင့်အတန်းထက်ပင် ပိုသာသွားလိမ့်မည်ဖြစ်သည်။
“ရှောင်ဖန်၊ မင်းရဲ့ အစ်ကိုမျောက်အတွက် မွန်မြတ်တဲ့အင်မော်တယ်လက်နက်တစ်ခု လက်ဆောင်ပေးခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့တခြား အစ်ကိုတွေအတွက်ရောမပေးတော့ဘူးလား"
“သေချာပေါက် မင့်ကို အလကားမလုပ်ပေးခိုင်းပါဘူးကွာ" ထိုစကားကို ပြောရင်း ဗောဓိဘိုးဘေး အနည်းငယ်ရှက်ရွံ့သွားသည်။
အကယ်၍ ၎င်းတို့သည် စတုရန်းလက်မတောင်မှ သူတော်စင်အဆင့်ရှေးဟောင်းပစ္စည်းသန့်စင်သူကို ကောင်းစွာအသုံးမချပါက၊ အဖိုးတန်သော အရင်းအမြစ်များကို ဖြုန်းတီးရာကျသည်။ မွန်မြတ်သောအင်မော်တယ်လက်နက်ကို စိတ်ကြိုက်ပြုလုပ်ရန်အတွက် သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူကိုရရှိရန် မလွယ်ကူပေ။
ရီဖန်၏အစ်ကိုကြီးငါးယောက်အနက် နှစ်ယောက်မှာ မွန်မြတ်သောအင်မော်တယ်လက်နက်မရှိကြသေးပေ။ ဗောဓိဘိုးဘေး၏အကြည့်ကို မြင်သောအခါ ရီဖန် ချက်ချင်းသဘောပေါက်သွားသည်။
"ဆရာကြီး၊ ဒါက ညီငယ်တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်သင့်တဲ့အရာ့ါ၊ သူတို့လိုအပ်ချက်တွေကို ပြောပြပေးရင် သေချာပြင်ပေးပါ့မယ်။ ဒါပေမယ့်လေ ကုန်ကြမ်းပစ္စည်းတွေကတော့ပေါ့..."
ရီဖန်သည် ဗောဓိဘိုးဘေးကိုယ်တိုင် အရင်းအမြစ်များ လိုလိုလားလားပေးလာစေရမည်ဟုပြောခဲ့ဖူးသည်။ တားမြစ်ချက်များသတ်မှတ်ထားလျှင်ပင် အကျိုးမရှိချေ။ သူကိုယ်တိုင် နာခံစွာဖြင့် ပြန်ယူပေးရလိမ့မည်။
ဗောဓိဘိုးဘေး၏မျက်နှာသည် သူယနေ့သွေးကုန်အောင် အညစ်ခံရတော့မည်မှန်းသိသောအခါ ချက်ချင်းပင်မည်းမှောင်သွား၏။ ရီဖန်စိုးရိမ်သလောက် ဗောဓိဘိုးဘေးကလည်း သူ့ကိုကောင်းကောင်းသိသည်ဟု ခံစားရသည်။
ရီဖန်၏အစ်ကိုများကတောင်းလျှင် ရီဖန်က အရင်းအမြစ်တောင်းလိမ့်မည်မဟုတ်ဘဲ၊ သူကိုယ်တိုင်ပင် ပေးလိမ့်မည်။ သို့သော် သူ့ဆရာသခင်ကိုမူ ရီဖန်လုံးဝအလွတ်မပေးချေ။ သို့သော်လည်း သူဘာတတ်နိုင်မည်နည်း။ သူ့တပည့်များအတွက် လုပ်ပေးရလိမ့်မည်။
"သွားကွာ သွား!" ဗောဓိဘိုးဘေးက ကူကယ်ရာမဲ့သွာဖြင့် လက်ကိုဝှေ့ယမ်းရင်းပြောလိုက်သည်။
နောက်တစ်ရက်ကြာပြီးနောက် ဗောဓိဘိုးဘေး၏ ဟန်းဟောက်သံက စတုရန်းလက်မတောင်တန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ “ရီဖန် နောက်တစ်ကြိမ်တွေ့ရင် မင်းကို အကျယ်ချုပ်ချထားမယ်!"
ဗောဓိဘိုးဘေးသည် တချိန်က စတုရန်းလက်မတောင်တန်းရှိရာ အမှိုက်ပုံကြီးကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေသည်။ ဗောဓိဘိုးဘေးသည် ရီဖန်၏အင်အားဖြင့် တစ်နေ့တာတွက်ချက်ပြီးပေးခဲ့သော်လည်း စတုရန်းလက်မတောင်တန်းတစ်ခုလုံးကို လုယူနိုင်မည်မဟုတ်ဟုထင်ထားခဲ့သည်။
သို့သော် သူမတွေးမိသည်မှာ ရီဖန်က စွန်းဝူခုန်း၏အကူအညီကို ရယူခဲ့ခြင်းဖြစ်သည်ကိုပင်။ စွန်းဝူခုန်းသည် ရီဖန်ထံတွင် ကျေးဇူးကြွေးရှိနေသောကြောင့် သူကကူညီရန် ငြင်းဆန်မည်မဟုတ်ပေ။ စွန်းဝူခုန်းသည် ဆရာသခင်သိသွားလျှင်ပင် သူအနည်းငယ်သာ အဆူခံရမည်ကိုသိထား၏။
တာအိုဘိုးဘေးအစွမ်းအစရှိသည့် စွန်းဝူခုန်းသည် ၎င်း၏အင်္ကျီစကိုပင် လှိမ့်တင်ကာ အားပါးတရကူညီပေးလိုက်သောကြောင့်၊ တန်ဖိုးကြီးပစ္စည်းများအများစုကို တစ်ရက်အတွင်း အပြောင်ရှင်းသွားခဲ့သည်။ ဗောဓိဘိုးဘေး တာအိုဘိုးဘေးတစ်ဦးဖြစ်ကာ ချမ်းသာသည်ဟုဆိုရမည်။ စတုရန်းလက်မတောင်ပေါ်ရှိပစ္စည်းများသည် အဖိုးအတန်ဆုံးမဟုတ်သေးသော်လည်း ရီဖန်သည် အမြတ်အစွန်းအများအပြားကိုရရှိခဲ့၏။
အစ်ကိုကြီးနှစ်ယောက်အတွက် မွန်မြတ်သောအင်မော်တယ်လက်နက်များသန့်စင်ပြီးနောက် ကျန်ရှိသည့်ပစ္စည်းများမှာလည်း နောက်ထပ်မွန်မြတ်သောအင်မော်တယ်လက်နက်အချို့ကို ပြုပြင်ရန်လုံလောက်နိုင်သည်။ ဤပစ္စည်းများကို အခြားသော သူတော်စင်အဆင့်အင်မော်တယ်ပစ္စည်းသန့်စင်သူများထံ ပေးလိုက်ပါက၊ ၎င်းတို့သည် မွန်မြတ်သောအင်မော်တယ်လက်နက်တစ်ခုကို စိတ်ကြိုက်ပြုလုပ်ရန်လုံလောက်ပေမည်။
ရီဖန်က ကြားခံမရှိသောကြောင့် အမြတ်အစွန်းပေးစရာလည်းမလိုချေ။ အဆင့်မြင့်လက်မှုပညာသည် ကျင့်ကြံမှုလောကတွင်ပင် အမြတ်အစွမ်းများပြားလှ၏ ။ ရီဖန်သည် ရီမိသားစုထံပျော်ရွှင်စွာ ပြန်သွားကာ မွန်မြတ်သောအင်မော်တယ်လက်နက်များကို ဆက်လက်သန့်စင်ရန် စီစဉ်ခဲ့သည်။
ယခုအခါတွင် များစွာသောပစ္စည်းများဖြင့် ရီမိသားစု၏ အင်မော်တယ်လက်နက်များကို အဆင့်မြှင့်တင်နိုင်လိမ့်မည်။ အဖွဲ့ဝင်တိုင်းကို မွန်မြတ်သောအင်မော်တယ်လက်နက်များဖြင့် မတပ်ဆင်နိုင်သော်လည်း ဒုတိယမျိုးဆက်အနည်းငယ်အတွက် မွန်မြတ်သောအင်မော်တယ်လက်နက်းအနည်းငယ်ကို ပေးနိုင်လိမ့်မည်။
နက်နဲအင်မော်တယ်နယ်မြေရှိကျင့်ကြံသူတစ်ဦးသည် မွန်မြတ်သောအင်မော်တယ်လက်နက်ကို အသက်မသွင်းနိုင်ဟုမည်သူကပြောသနည်း။ ၎င်းကိုသန့်စင်ပြီးလျှင်ပင် အလှပြရန်ချန်ထားနိုင်သည်မဟုတ်လား။
ရီဖန်သည် မွန်မြတ်သောအင်မော်တယ်လက်နက်များကို ဆက်လက်သန့်စင်ရန်စီစဉ်နေသည့်အချိန်တွင် အချိန်အတော်ကြာ အိပ်ပျော်နေသောရန်ဟွမ်လည်း နောက်ဆုံးတွင်နိုးထလာ၏။ စကြဝဠာဖြစ်လာပြီးနောက် ရန်ဟွမ်သည် အသွင်ကူးပြောင်းသွားကာ လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
"မိတ်ဆွေရီ မတွေ့တာကြာပြီနော်!"
သူ့အသံတောင် ပြောင်းသွားသညိ။ ရီဖန်သည် အနည်းငယ်နှုတ်ခမ်းမဲ့လိုက်ကာ အရွယ်ရောက်ပြီဖြစ်သော ရန်ဟွမ်သည် ယခင်ကကလေးလေးကဲ့သို့ မချစ်စရာကောင်းကြောင်း ခံစားလိုက်ရသည်။
ရီဖန်၏အတွေးများကို ခံစားလိုက်ရသော ရန်ဟွမ်က သူ့မူလပုံစံဖြစ်သည့် ကလေးပုံသဏ္ဍာန်သို့ ပြန်သွားခဲ့သည်။ ရီဖန်က နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လိုက်ကာာ မှန်ကန်သောအသွင်ပြောင်းခြင်းကို အတည်ပြုလိုက်သည်။
"မိတ်ဆွေရီ၊ ငါ့မှာ စိတ်အခြေအနေအတိအကျ မရှိပါဘူး၊ ဒါတွေအားလုံးက နှလုံးသားထဲကလာတာပဲ"
စကားစမြည်ပြောဆိုပြီးနောက် ရီဖန်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ ပြောသော ရန်ဟွမ်ကမ္ဘာ၏လျှို့ဝှက်ချက်ကိုသတိရသွားကာ မေးလိုက်သည်။ "ရန်ဟွမ်၊ ငါတို့ ရန်ဟွမ်ကမ္ဘာမှာ လျှို့ဝှက်ချက်တစ်ခုရှိသလား"
ရီဖန်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် သတင်းမှားဖြစ်နိုင်သည်ဟု ခံစားမိ၏။ သို့မဟုတ်ပါက ရန်ဟွမ်၏ကမ္ဘာ့သခင်အနေဖြင့် ဤလျှို့ဝှက်ချက်ကို ရှာမတွေ့နိုင်စရာမရှိချေ။ ရီဖန်မမျှော်လင့်ထားသည့်အရာမှာ ရန်ဟွမ်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ခြင်းပင်။
"တကယ်တော့၊ ရန်ဟွမ်ကမ္ဘာမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်၊ အဲတာက လူသားဧကရာဇ်မင်းရဲ့အမွေပဲ"
‘ဘာကြီးကို လူသားဧကရာဇ်ရဲ့အမွေလဲဟ’
ရီဖန်ပင်လျှင် ထိုသတင်းကြောင့် အံ့ဩသွားသည်။ ရီဖန်၏လက်ရှိအခြေအနေအရ လူသားဧကရာဇ်မည်သူဖြစ်သည်ကို သူမည်သို့မသိဘဲနေမည်နည်း။ နောက်ဆုံးလူသားဧကရာဇ်ကို ရှင်း ဟုခေါ်သည်။
အစပိုင်းတွင် ဧကရာဇ်ရှင်းထိန်းချုပ်သော မင်းဆက်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးခဲ့သည်။ စိတ်မကောင်းစရာမှာ အချို့သောအဖွဲ့အစည်းများ၏ဝင်ရောက်စွက်ဖက်မှုကြောင့် ဧကရာဇ်မင်းပြိုလဲသွားကာ ထိုအချိန်မှစ၍ လူသားမျိုးနွယ်စုသည် စတင်ကျဆင်းလာခဲ့၏။
ဧကရာဇ်မင်းကို ပစ်မှတ်ထားတိုက်ခိုက်သူများထဲတွင် နတ်ဆိုးများ၊ စုန်းများနှင့် တိုက်ရိုက်မရင်ဆိုင်ဝံ့သော သတ္တဝါအချို့လည်း ပါဝင်သည်။ ဧကရာဇ်ရှင်း၏အမွေကို ရန်ဟွမ်နယ်ပယ်တွင် တွေ့ရှိလိမ့်မည်ဟု ရီဖန်မထင်ခဲ့ပေ။
"မူလရန်ဟွမ်နယ်မြေက ဧကရာဇ်ရှင်းရဲ့ တော်ဝင်မြို့တော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့၊ တချို့ အဖွဲ့အစည်းတွေက သူကျဆုံးပြီးတဲ့နောက်မှာ ဖျက်ဆီးပစ်လိုက်တယ်"
စကြဝဠာတစ်ခုလုံးကို တော်ဝင်မြို့တော်အဖြစ် အသုံးပြုခဲ့သည့် ဧကရာဇ်ရှင်းကို ရီဖန်မလေးစားဘဲမနေနိုင်ချေ။ မကြာမီတွင် ရီဖန်သည် ဧကရာဇ်အမွေကို မတွေ့ရသည့်အကြောင်းရင်းကို သိလိုက်ရ၏။ အကြောင်းမှာ ဧကရာဇ်အမွေသည် ရန်ဟွမ်၏နေရာလွတ်အတွင်း၌ တည်ရှိနေသောကြောင့်ဖြစ်သည်။
"မတွေ့တာ မဆန်းတော့ပါဘူး"
ဧကရာဇ်အမွေသည် တာအိုဘိုးဘေးများ၏နှလုံးကိုပင် လှုံ့ဆော်ပေးနိုင်သောကြောင့် ရီဖန်ပင်လျှင် ၎င်းကိုမထုတ်ဖော်ရဲချေ။ ဗောဓိဘိုးဘေး၏ ကျောထောက်နောက်ခံကို ဖော်ပြလျှင်ပင် ရီဖန်၎င်းကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဟု မယုံကြည်ချေ; သို့သော် သူသည် ၎င်းကို သေချာပေါက် အသုံးချနိုင်သည်။
ဧကရာဇ်အမွေသည် စနစ်ပိုင်ဆိုင်ထားသော ရီဖန်အတွက် ကြီးမားသောသွေးဆောင်မှုမဟုတ်ပေ။ သို့သော် ဤအမွေအတွက် လုံးဝသင့်လျော်မည့်သူတစ်ဦး ရီမိသားစုတွင်ရှိသည်။ ဧကရာဇ်ကလည်း ဧကရီမဖြစ်နိုင်ဟု မည်သူပြောသနည်း။မကြာမီတွင် ရီဖန်သည် ရီရှောင်းရှောင်းကို ဆင့်ခေါ်လိုက်ကာ ဧကရာဇ်အမွေဆီသို့ ခေါ်ဆောင်သွားသည်။
ရီဖန်ကိုယ်တိုင် စမ်းကြည့်ခဲ့သော်လည်း ဧကရာဇ်အမွေက သူ့ကိုမတုံ့ပြန်ခဲ့ချေ။ သို့သော် ရီရှောင်းရှောင်းပေါ်လာသောအခါတွင် ဧကရာဇ်အမွေသည် တုန်ခါစပြုလာကာ
အမွေအနှစ်ထဲမှ နွေးထွေးသော အသိစိတ်တစ်ခုထွက်ပေါ်လာ၏။ ရီရှောင်းရှောင်းသည် ဧကရာဇ်ကံဇာတာကို ရရှိထားသောကြောင့် လူသားမျိုးနွယ်တွင် ဧကရာဇ်အမွေဆက်ခံရန်အတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်ဖြစ်သည်။
“ရှောင်းရှောင်း၊ သွားပါ!"
ရီဖန်၏စကားကြောင့် ရီရှောင်းရှောင်းက ဧကရာဇ်အမွေကို ညင်သာစွာထိလိုက်သည်။
နောက်အခိုက်အတန့်တွင် ဧကရာဇ်အမွေသည် ရီရှောင်းရှောင်းဆီသို့ ချက်ခြင်းရောက်လာ၏။
ထို့နောက် ရီရှောင်းရှောင်း၏ ရောင်ဝါသည် အဆက်မပြတ်ကြီးထွားလာသောကြောင့်
ရီဖန်၏လက်လှုပ်ရှားမှုဖြင့် နေရာတစ်ခုလုံးကို ချက်ချင်းပိတ်လိုက်သည်။
ကျင့်ကြံမှုအဆင့်မြှင့်တင်ခြင်းက အမွေဆက်ခံမှုအတွက် အပိုဆုတစ်ခုသာဖြစ်သည်။ အမွေဆက်ခံမှုအတွင်း အခြားအရာများသည် ပိုအရေးကြီးဆုံးဖြစ်သည်။ ရီရှောင်းရှောင်းသည် အမွေကိုလုံးဝစုပ်ယူလိုက်သည်နှင့် သူမပို၍အားကောင်းလာမည်မှာ သေချာသည်။
သူကိုယ်တိုင်အတွက်လည်း အင်မော်တယ်ဧကရာဇ်နယ်မြေကို ဖြတ်ကျော်ရမည့်အချိန်ကျရောက်လာပြီဖြစ်၏။ စစ်ပွဲတစ်ခုဖြစ်လာသောအခါ အင်မော်တယ်ဘုရင်နယ်မြေနယ်ပယ် ကျင့်ကြံမှုအဆင့်သည် လုံလောက်မှုမရှိချေ။ သို့သော် ယခုအောင်မြင်မှုတစ်ခုကိုလိုချင်ပါက တစ်စုံတစ်ခုလိုနေသေးသည်။
ရီဖန်၏မူလနိယာမဖြစ်သည့် ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုသည် မပြီးပြတ်သေးသောကြောင့် ၎င်းကိုနားလည်ရန် အချိန်ပိုလိုနေသေးသည်။ အကယ်၍ သူ၏ဉာဏ်အလင်းသာ ပိုအားကောင်းလာပါက…။ လောလောဆယ်တွင် ဉာဏ်အလင်းရရှိရန် အခွင့်အလမ်းမရှိသေးပေ။
ယခု ရီဖန်မျှော်လင့်နိုင်သည့်အရာမှာ သွေးမျိုးဆက်ဆင့်ကဲဖြစ်စဉ်ဆုသာဖြစ်၏။ အဆင့်တိုးမြှင့်ထားသော သွေးမျိုးဆက်ဖြင့်၊ သူ၏ဉာဏ်အလင်းတိုးလာကာ ရီဖန်သည် မူရင်းနိယာမ ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုကို ပိုမိုမြန်ဆန်စွာ နားလည်နိုင်မည်ဖြစ်သည်။
ရီဖန်နှင့် ရီရှောင်းရှောင်းတို့သည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် အလုပ်များနေချိန်တွင် ချန်မင်ကမ္ဘာတွင် ဟုန်ယွင်ဧကရာဇ်သည် မထိန်းနိုင်တော့ဘဲ တာ့ယွီအင်မော်တယ်မင်းဆက်ကို စတင်တိုက်ခိုက်လာသည်။ သို့သော် တိုက်ပွဲကြီးတစ်ခုကို မစတင်သေးချေ။ ထိုအစား တာ့ယွီအင်မော်တယ်မင်းဆက်၏ အင်အားနှင့် သည်းခံနိုင်မှုကို စဉ်ဆက်မပြတ်စမ်းသပ်နေသည်။
ရီရှောင်းရှောင်းသည် ကျင့်ကြံနေဆဲဖြစ်သောကြောင့် သူမ၏အမိန့်မပါဘဲ ဆုံးဖြတ်ချက်မချရဲကြချေ; ရီရှောင်းရှောင်းမှလွဲ၍ တာ့ယွီအင်မော်တယ်မင်းဆက်အတွက် ဆုံးဖြတ်ချက်ချနိုင်သူမှာ ရီဖန်သာဖြစ်သည်။ သို့သော် ယခုအခါတွင် နှစ်ဦးလုံးမရှိသောကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်၏ကျင့်ကြံသူများကို ဆုံးရှုံးခဲ့ရသည်။
တိုက်ပွဲများနှင့် ပတ်သက်၍ တာ့ယွီအင်မော်တယ်မင်းဆက်၏ကျင့်ကြံသူများသည် ကြောက်ရွံ့ခြင်းမရှိပေ။ မဟုတ်၊ သူတို့က တိုက်ပွဲများကို အနည်းငယ်မျှော်လင့်သေးသည်ဟုဆိုရမည်။
ကြယ်စုတပ်ဖွဲ့ သည် စတင်တည်ထောင်ချိန်မှစ၍ စစ်ပွဲကိုသေချာမဆင်နွှဲခဲ့ရသေးချေ။
ယခူအချိန်တွင် အင်မော်တယ်ဧကရာဇ်တစ်ပါးရောက်လာလျှင်ပင် ကြယ်စုတပ်ဖွဲ့က တာ့ယွီအင်မော်တယ်မင်းဆက်ကို လာရှုပ်၍မရကြောင်း သက်သေပြရန်အတွက် တိုက်ခိုက်လိမ့်မည်ဖြစ်သည်။ ရီရှောင်းရှောင်း၏ အမိန့်မပါသေးသောကြောင့်သာ တာ့ယွီအင်မော်တယ်မင်းဆက်သည် အနည်းငယ်ရေလိုက်ငါးလိုက်နေခဲ့သည်။ ၎င်းတို့သည် လိုအပ်ပါက နယ်မြေအချို့ကို ယာယီစွန့်လွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
တာ့ယွီအင်မော်တယ်မင်းဆက်၏ လုပ်ရပ်ကြောင့် ဟုန်ယွင်ဧကရာဇ်က တာ့ယွီအင်မော်တယ်မင်းဆက်တွင် စစ်တိုက်ရဲသောသတ္တိမရှိဟု ယုံကြည်လာကာ သူ့ကိုပို၍ ရဲတင်းလာစေသည်။
ရှီးထျန်းနက်နဲအင်မော်တယ်၏ တားဆီးမှုကြောင့်သာမဟုတ်ပါက၊ တာ့ယွီအင်မော်တယ်မင်းဆက် ၏ကြီးမားသောအင်အာစုးများသည် ဟုန်ယွင်ဧကရာဇ် ကိုတိုက်ရိုက်သုတ်သင်ချေမှုန်းရန်အလျင်စလိုလုပ်ဆောင်ပြီးနေပြီဖြစ်သည်။
ရီမိသားစုထဲတွင် အင်မော်တယ်ဘုရင်နယ်မြေရောင်ဝါတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် တော်ဝင်သရဖူနှင့် ဝတ်ရုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးပေါ်လာသည်။
ရီရှောင်းရှောင်းကို တွေ့လိုက်သောအခါ ရီမိသားစုကျင့်ကြံသူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ရိုသေမှုတစ်ခုရှိနေသည်။
၎င်းက ရီရှောင်းရှောင်းသည် ရီဖန်၏ညီမဖြစ်ခြင်းကြောင့်မဟုတ်ဘဲ သူတို့၏ သွေးသားရင်းမြစ်များထဲမှ နက်နဲသည့် ရိုသေမှုတစ်ခုဖြစ်သည်။ ၎င်းမှာ လူသားဧကရာဇ်၏ ကျက်သရေဖြစ်၏။ ဤတစ်ကြိမ်တွင် ရီရှောင်းရှောင်းသည် လူသားဧကရာဇ်အမွေမှ အမြတ်ကြီးမားစွာရရှိခဲ့သည်။
သူမ၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ်သို့ တိုက်ရိုက်ချိုးဖျက်သွားနိုင်ရုံသာမက မွန်မြတ်သောအင်မော်တယ်လက်နက်နှစ်ခုကိုလည်း ရရှိခဲ့၏။ ဧကရာဇ်၏ဝတ်ရုံနှင့် ဧကရာဇ်သရဖူတို့သည် ရီရှောင်းရှောင်းအတွက် ဧကရာဇ်အဖြစ် လုံးဝလိုက်ဖက်သော မွန်မြတ်သောအင်မော်တယ်လက်နက်းများဖြစ်သည်။သူတို့သည် ရီဖန်ပြုလုပ်သော မွန်မြတ်သောအင်မော်တယ်လက်နက်များထက် ပို၍ လိုက်ဖက်ညီသေးသည်။
"တာ့ယွီအင်မော်တယ်မင်းဆက်ရဲ့ကျင့်ကြံသူတွေ ချန်မင်ကမ္ဘာကို လိုက်ခဲ့ကြဟေ့"
ကမ္ဘာ့လမ်းကြောင်းပွင့်လာပြီးနောက် တာ့ယွီအင်မော်တယ်မင်းဆက်၏ မရေမတွက်နိုင်သော စိတ်အားထက်သန်သည့်ကျင့်ကြံသူများသည် ချန်မင်ကမ္ဘာဆီသို့ ပျံသန်းသွားကြသည်။
…………