အခန်း ၂၇၇-၂၇၉
Vol. 19 Ch. 277-279
အခန်း ၂၇၇ - မိသားစုစွမ်းအားရှင် အဆင့််ဆယ့်ခြောက်၊ အင်မော်တယ်ဘုရင်နယ်မြေ
တာ့ယွီအင်မော်တယ်မင်းဆက်တစ်ခုလုံး စတင်လှုပ်ရှားသည့်အချိန်၌ ရီဖန်သည်လည်း စနစ်သတိပေးချက်ကို လက်ခံရရှိပြီးဖြစ်သည်။
"ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်တဲ့အတွက် ဂုဏ်ယူပါတယ်၊ မိသားစုစွမ်းအားရှင် အဆယ့်ခြောက်ယောက်- အင်မော်တယ်ဘုရင်နယ်မြေ ပြီးဆုံးသွားလို့ စုဆောင်းနိုင်ပါပြီ”
ရီရှောင်းရှောင်းဖြတ်ကျော်သွားသည့်အချိန်ကို ရီဖန်သတိထားမိလိုက်၏။
“စနစ်၊ ဆုကြေးထုတ်လိုက်ပါ”
"ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်သခင်။ သွေးမျိုးဆက်စွမ်းအားမြှင့်တင်ရန် အခွင့်အရေး တစ်*"
သွေးမျိုးဆက်အဆင့်မြှင့်ရန်လား။ သွေးမျိုးဆက်တစ်ခုသတ်သတ်မှတ်မှတ်ရှိနေပြီး မဟုတ်လား။
မူလက ရီဖန်သည် ဤဆုလာဘ်မှာ အဇူရာနဂါးသွေးမျိုးဆက်ဖြစ်လိမ့်မည်ဟု တွေးထားသော်လည်း ၎င်းကို သွေးမျိုးဆက်အဆင့်မြှင့်တင်ခြင်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် အခြေခံအားဖြင့် ၎င်းတို့သည် အတူတူသာဖြစ်သည်။
"သုံးလိုက်တော့!"
ရီဖန်သည် သွေးမျိုးဆက်အဆင့်မြှင့်တင်ခြင်း ဆုလာဘ်ကိုအသုံးပြုရန် ရွေးချယ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွင်းရှိ အဇူရာနဂါးသွေးမျိုးဆက် ပွက်ပွက်ဆူလာသည်ကို ရုတ်တရက်တွေ့ရှိခဲ့ရသည်။ အသွင်ပြောင်းခြင်းများစွာပြီးဆုံးပြီးနောက် အဇူရာနဂါးသွေးမျိုးဆက်သည် ရီမိသားစု၏ဖွဲ့စည်းပုံနှင့် အလွန်လိုက်ဖက်နေပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် နဂါးသွေးမျိုးဆက်လက္ခဏာများ ပျောက်ကွယ်သွားပြီးနောက် ၎င်းနေရာတွင် ရီဖန်၏သွေးမျိုးဆက်ဖြစ်သည့် ထူးခြားသော ရီမျိုးနွယ်စုသွေးမျိုးဆက်ဖြစ်လာသည်။ ရှေးဟောင်းရောင်ဝါတစ်ခုက သွေးမျိုးဆက်ထဲမှ ပြည့်လျှံကျလာကာ၊ ရီဖန်၏သွေးသည် တာအိုဘိုးဘေး သွေးမျိုးဆက်ဖြစ်လာခဲ့သည်။
တာအိုဘိုးဘေးတစ်ဦးထံမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် စွမ်းရည်သို့မဟုတ် အခြားသော အလားအလာများသည် သာမန်ကျင့်ကြံသူတိုင်းထက် ပိုမိုအားကောင်း၏။
ယခု ရီမိသားစု၏မျိုးဆက်များသည် တာအိုဘိုးဘေးများ၏သွေးမျိုးဆက်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့်၊ ၎င်းတို့၏ အလားအလာသည် အလွန်တိုးမြင့်လာမည်ဖြစ်ကာ ရီမိသားစုအတွက် ထူးခြားသော နတ်စွမ်းရည်များကိုပင် ဖန်တီးနိုင်လိမ့်မည်။
ပျက်ဆီးခြင်းကျမ်းစာသည် သွေးမျိုးဆက်နှင့်ပေါင်းစည်းသွားကာ ရီမိသားစု၏ စစ်မှန်သောမျိုးရိုးကျင့်ကြံနည်းစနစ်ဖြစ်လာသည်။ ရီမိသားစုကျင့်ကြံသူများမှလွဲ၍ အခြားသူများသည် ပျက်ဆီးခြင်းကျမ်းစာကိုရယူလိုလျှင်ပင် ၎င်းကိုကျင့်ကြံနိုင်မည်မဟုတ်ပေ။
ရီဖန်၏ ကျင့်ကြံမှုဆင့်သည် မတိုးလာသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားသည် နောက်ထပ်ခုန်တက်သွားသည်။ အကယ်၍ သူသည် ဟွမ်လျို့နတ်ဆိုးဘိုးဘေးကို နောက်တစ်ကြိမ် ရင်ဆိုင်ရပါက၊ နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ ရုန်းကန်ရတော့မည်မဟုတ်ပေ။
ရီဖန်၏သွေးမျိုးဆက် အသွင်ပြောင်းလာပြီးနောက် ရီမိသားစုရှိအခြားသူများ၏သွေးမျိုးဆက်သည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲလာကာ
လူတိုင်း၏စွမ်းရည်နှင့် ဉာဏ်အလင်းမှာလည်း များစွာ တိုးတက်ခဲ့သည်။
ရီရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့် အောင်မြင်ပြီးနောက်၊ ရီဖန်သည် အင်မော်တယ်ဧကရာဇ်နယ်မြေကို ကျော်ဖြတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း ရီဖန်သည် အလျင်စလိုမလုပ်ချေ။
မူလနိယာမ ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုသည် ပြီးပြည့်ရန်အတွက် ခြေတစ်လှမ်းသာဝေးတော့သည်။ သူ၏နားလည်မှု ထပ်မံတိုးလာသဖြင့် ရီဖန်သည် အချိန်တိုလေးအတွင်း မူလနိယာမ ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုကို အပြည့်အဝ နားလည်သဘောပေါက်ရန် ယုံကြည်မှုရှိလာခဲ့သည်။
အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းကိုပင် ဘေးဖယ်ထားကာ၊ အင်မော်တယ်ဧကရာဇ်ဘုံသို့ ဖြတ်ကျော်ရန်အတွက် ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုကို အပြည့်အဝနားလည်ရန်ကြိုစားနေခဲ့သည်။ တစ်ချိန်တည်းတွင် ကွမ်ဟန်နန်းတော်၌ ပဋိပက္ခများဖြစ်ပေါ်နေ၏။
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် သူ၏ဂိုဏ်းအတွင်း၌ နောက်ထပ်အင်မော်တယ်ဧကရာဇ်တစ်ပါးရှိနေသည်ဟု မတွေးမိချေ။ ဤအင်မော်တယ်ဧကရာဇ်မင်းသည် ကွမ်ဟန်နန်းတော် အခင်းအကျင်းကို ဖျက်ဆီးရန် ကြိုးပမ်းရင်း ရုတ်တရက်ပေါက်ကွဲလာသည်။
အရေးကြီးသောအခိုက်အတန့်တွင် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်က တွေ့ရှိသောကြောင့် ရပ်တန့်နိုင်ခဲ့သော်လည်း၊ နောက်ထပ် အဆင့်တူအင်မော်တယ်ဧကရာဇ်ကို ရင်ဆိုင်ရသည့်အခါတွင် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ခုခံရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။ ယခင်က ဟုန်ယွင်ဧကရာဇ်၏ ချုံခိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာမှအပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးချေ။
"ငါအမြဲမှီခိုခဲ့ရတဲ့ ကွမ်ဟန်နန်းတော်က ငါ့လက်ထဲမှာ ကျဆုံးသွားတော့မှာလား"
ကွမ်ဟန်နတ်သမီးတည်ထောင်ခဲ့သော ကွမ်ဟန်နန်းတော်သည် ချန်မင်ကမ္ဘာတွင် နှစ်ပေါင်းသိန်းနှင့်ချီ၍ ရပ်တည်နေခဲ့သည်။ အကယ်၍ ၎င်းသည် သူ၏စောင့်ရှောက်မှုအောက်တွင် ကျဆုံးသွားရပါက ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် သေပြီးလျှင်ပင် အေးချမ်းစွာအနားယူနိုင်မည်မဟုတ်ပေ။
"ကွမ်ဟန်၊ မင်း လက်နက်ချပြီးရင် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးကိုဝင်လိုက်၊ မင်းမှာ အသက်ရှင်ဖို့ နည်းလမ်းရှိသေးတယ်"
……
ဟုန်ယွင်ဧကရာဇ်သည် အချိန်ကြာမြင့်စွာစုံစမ်းစစ်ဆေးပြီးနောက် တာ့ယွီအင်မော်တယ်မင်းဆက်သည် အခွံချည်းသက်သက်သာဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်သည်။ ယခုအချိန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် ချန်မင်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ရမည့်အချိန်ဖြစ်၏။
ကွမ်ဟန်နန်းတော်သာမက အခြားသောအင်မော်တယ်ဧကရာဇ်များပါရှိသည့် အင်အားစုများသည် ကွမ်ဟန်နန်းတော်ကဲ့သို့ အခြေအနေများနှင့်ရင်ဆိုင်နေရသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ အင်မော်တယ်ဧကရာဇ်အရေအတွက်သည် ယခုကျန်ရှိနေသော ချန်မင်ကမ္ဘာဇာတိ အင်မော်တယ်ဧကရာဇ်များထက် ပိုများနေသည်။ ထိုအတိုင်းဆက်သွားပြီး တာ့ယွီအင်မော်တယ်မင်းဆက်က ဘာမှမလုပ်ဆောင်ခဲ့လျှင် ချန်မင်ကမ္ဘာသည် ကျောက်တုံးအဖြစ်သာကျန်လိမ့်မည်။
"ငါသေရင်တောင် မင်းတို့ဖြစ်ချင်တာမဖြစ်စေရဘူး!"
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်အနားတွင် အမည်မသိရောင်ဝါတစ်ခု သိသိသာသာ ထွက်ပေါ်လာကာ
အဆုံးမရှိရေလွှမ်းနေသော လကြာပန်းသည် လျှို့ဝှက်နည်းပညာဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ အပြင်းအထန်စုပ်ယူခြင်းခံလိုက်ရ၏။
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် သူသေကိုယ်သေတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကာ သူသေသွားလျှင်ပင် ကွမ်ဟန်နန်းတော်မှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏လက်သို့ မကျရောက်စေရဟုကျိန်ဆိုခဲ့သည်။
ဤအင်မော်တယ်ဧကရာဇ်ကို သတ်ပြီး ကွမ်ဟန်နန်းတော်၏တပည့်အချို့ကို အပြင်လွှတ်လိုက်နိုင်သရွေ့ ကွမ်ဟန်နန်းတော်သည် တစ်နေ့နေ့တွင်ပြန်လည် နိုးထလာနိုင်မည်ဖြစ်သည်။ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် လျှို့ဝှက်နည်းပညာကို အသက်သွင်းတော့မည့်အချိန်၌ လက်တစ်ဖက်က သူ့ပခုံးပေါ်ရောက်လာသည်။
သူ့ခန္ဓာကိုယ်ထဲသို့ ရွှေရောင်စွမ်းအင်တစ်ခု ဝင်ရောက်လာကာ၊ မငြိမ်မသက်ဖြစ်နေသော လကြာပန်း၏စွမ်းအားသည် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်မင်း၏ ခန္ဓာကိုယ်အတွင်း ချက်ချင်းငြိမ်သက်သွားခဲ့သည်။
"ကွမ်ဟန်အင်မော်တယ်ဧကရာဇ်၊ ဒီလိုလူနဲ့ သူသေကိုယ်သေတိုက်ဖို့ မထိုက်တန်ပါဘူး"
ရင်းနှီးသောအသံကိုကြားသောအခါ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် ချက်ချင်းစိတ်လှုပ်ရှားလာ၏။ အချိန်အတော်ကြာအောင် ဇွဲရှိရှိလုပ်ဆောင်ခဲ့ခြင်းက အကောင်းဆုံးရလဒ်ကို ဖြစ်ပေါ်စေကြောင်း သူသိလိုက်သည်။ ရီရှောင်းရှောင်းနှင့် တာ့ယွီအင်မော်တယ်မင်းဆက်တို့ ပြန်ရောက်လာပြီဖြစ်သည်။
"ဧကရာဇ်ရီ ကျေးဇူးတင်ပါတယ်!"
ရီရှောင်းရှောင်းပေါ်လာသောအချိန်တွင် ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် သူ့ဘေးကင်းသွားပြီဖြစ်ကြောင်း သိလိုက်၏။
"မင်းသွား နားလိုက်တော့၊ ကျန်တာ ငါတို့နဲ့ ထားခဲ့"
ကွမ်ဟန်အင်မော်တယ်ဧကရာဇ်သည် တုံ့ဆိုင်းမနေဘဲ ဘေးသို့ထွက်ခွာသွားသည်။
ရီရှောင်းရှောင်းပြသထားသည့် ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေတွင်သာရှိသော်လည်း ရီမိသားစုဝင်အားလုံးသည် အလွန်ဥာဏ်ကောင်းသောကြောင့် သူအလုံးစုံယုံကြည်ထား၏။
၎င်းတို့အတွက် အင်မော်တယ်ဘုရင်နယ်မြေ၌ရှိနေစဉ် အင်မော်တယ်ဧကရာဇ်နှင့် သူသေကိုယ်သေတိုက်ခိုက်ခြင်းက သာမာန်အဖြစ်အပျက်လေးသာဖြစ်သည်။
တစ်ခါက ရီဖန်သည် တာအိုဘိုးဘေးကို အင်မော်တယ်ဘုရင်အဆင့်ဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး မည်သည့်ပြဿနာမျှမရှိခဲ့ပေ။ ရီရှောင်းရှောင်း ပေါ်လာသောအခါ၊ နတ်သမီးဧကရာဇ်သည် ချက်ချင်းသတိရှိလာသည်။
သို့သော် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်မှာ အင်မော်တယ်ဘုရင်နယ်မြေ၌သာရှိကြောင်း သတိပြုမိသောအခါ၊ သူသည် ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"ကွမ်ဟန်၊ မင်းမှာ အင်အားကြီး မဟာမိတ်တချို့ရှိမယ်ထင်ထားတာ။ အင်မော်တယ်ဘုရင်တစ်ပါးလေးပဲဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး ဟားဟားဟားဟား!"
“တော်စမ်း၊ ပါးစပ်ပိတ်ထား!"
ရီရှောင်းရှောင်း၏ စကားကိုကြားသောအခါ၊ အင်မော်တယ်ဧကရာဇ်သည် ရုတ်တရက် သူ့ပါးစပ်ကို ဖွင့်မရတော့ကြောင်း တွေ့လိုက်ရ၏။
ဤသည်မှာ မဟာတာအို၏စွမ်းအားမဟုတ်ဘဲ၊ ကမ္ဘာ့စည်းမျဉ်းများဖြစ်သည်။ စကြာဝဠာမှ လူသားဧကရာဇ်အား ပေးအပ်သည့်အခွင့်ထူးများထဲမှ တစ်ခုဖြစ်သော စကားနိယာမသည် လူသားမျိုးနွယ်စုနှင့် ဆက်ဆံရာတွင် အထူးအစွမ်းထက်သည်။
လူသားဧကရာဇ်သည် သဘာဝအားဖြင့် လူ့မျိုးနွယ်စု၏ အဓိပတိအုပ်ချုပ်သူဖြစ်၏။
လူသားဧကရာဇ်နှင့် ရင်ဆိုင်ရသည်ပ လူသားမျိုးနွယ်ဝင်တိုင်းသည် သူတို့ကိုယ်သူတို့ အလိုအလျောက် နှိမ့်ချကြရလိမ့်မည်။ အင်မော်တယ်ဧကရာဇ်သည် ၎င်း၏စွမ်းအားကို အဆက်မပြတ်အသုံးချပြီး စည်းမျဉ်းများကိုချိုးဖျက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် အင်မော်တယ်ဧကရာဇ်သည် သူ၏အစောပိုင်းမောက်မာမှုကို ဆုံးရှုံးသွားကာ ကြောက်ရွံ့မှုတစ်ခုတည်းသာ ကျန်ရှိတော့သည်။
ရီရှောင်းရှောင်းသည် အင်မော်တယ်ဧကရာဇ်၏ခံစားချက်ကို ဂရုမစိုက်ဘဲ လူသားဧကရာဇ်တံဆိပ်စည်းကို ရေးဆွဲခဲ့သည်။ ကောင်းကင်အောက်၌ နေရာအားလုံးသည် ဧကရာဇ်ပိုင်မြေဖြစ်သည်။ ရီရှောင်းရှောင်၏ သွယ်လျသောလက်ချောင်းများက အဆက်မပြတ် ညွှန်ပြလိုက်ပြီးနောက်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူအဖွဲ့ဝင်တစ်ဦးစီသည် ချက်ချင်းဝပ်တွားလာကြပြီး ရီရှောင်းရှောင်းကို တုန်လှုပ်ခြောက်ခြားစွာကြည့်နေသည်။ ထို့နောက် ချက်ချင်းဒူးထောက်လိုက်ကြပြီး ရီရှောင်းရှောင်းကိုမျှော်လင့်တကြီး ကြည့်နေကြ၏။
"ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ!"
လူသားဧကရာဇ်မင်း၏ အခွင့်အာဏာသည် လူတိုင်းကို အမှုထမ်းရန်အမိန့်ပေးနိုင်စွမ်းရှိသည်။ လူသားဧကရာဇ်ထံမှရွေးချယ်ခံရသော လူသားမျိုးနွယ်စုဝင်များသည် လူသားဧကရာဇ်၏ စစ်သည်များဖြစ်လာလိမ့်မည်။ နောက်ဆုံးတွင် ရီရှောင်းရှောင်းသည် နတ်သမီးဧကရာဇ်ကို လှည့်ကြည့်လိုက်၏။
"ရှင်သန်ခြင်းလား သေဆုံးခြင်းလား?"
နတ်သမီးဧကရာဇ်သည် သူ၏အင်မော်တယ်အလင်းဖြင့် ကျရောက်လာသော လူသားဧကရာဇ်တံဆိပ်စည်းကိူ ခုခံနေရသည်။ သို့သော် နောက်ဆုံးတွင် သူသည် လူသားဧကရာဇ်၏အခွင့်အာဏာကို မခုခံနိုင်တော့ဘဲ အမှုထမ်းအဖြစ် ပြောင်းလဲသွားသည်။
"လူသားဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ!"
အဆိုပါ လေးစားအပ်ပါသော နတ်သမီးဧကရာဇ်ကို ကြည့်ရင်း ကွမ်ဟန်ဧကရာဇ်သည် ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ ရီမိသားစု၏ အဖွဲ့ဝင်များသည် မျိုးရိုးစဉ်ဆက်အလိုက် ပိုပိုထူးခြားလာခြင်းဖြစ်ရမည်။
နတ်သမီးဧကရာဇ်များကိုပင် အနိုင်ယူနိုင်ပါက ကွမ်ဟန်ဧကရာဇ်ဆိုလျှင် လုံးဝခုခံနိုင်စွမ်းရှိမည်မဟုတ်ချေ။ ကွမ်ဟန်ဧကရာဇ်သည် ရီမိသားစုနှင့် တာ့ယွီအင်မော်တယ်မင်းဆက်တို့နှင့် အမြဲနီးကပ်စွာရှိနေသည့်အတွက် အလွန်ကျေးဇူးတင်နေမိသည်။
သို့မဟုတ်ပါက ယနေ့သမိုင်းဝင်မည့်သူသည် ကွမ်ဟန် နန်းတော်ဖြစ်သွားလိမ့်မည်။ ထိုအချိန်တွင် ကွမ်ဟန်ဧကရာဇ်သည် ဧကရာဇ်ချန်ဘန်းထံမှ မကြာမီက ရရှိခဲ့သော သတင်းစကားကို ရုတ်တရက်သတိရသွားသည်။ ခုနက ကွမ်ဟန်ဧကရာဇ်သည် သူ့ကိုယ်သူပင် မကယ်တင်နိုင်ခဲ့သောကြောင့် ထိုအရာကိုမတွေးနိုင်ခဲ့ချေ။ ယခုတွင် ရီရှောင်းရှောင်းပေါ်လာပြီဖြစ်သောကြောင့် သေချာပေါက်ပြောရမည်ပင်။
"ဧကရာဇ်ရီ၊ ချန်ပန်းအင်မော်တယ်ရုံးတော်က ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်။ သွားပေးလို့များရနိုင်မလားမသိ..."
ကွမ်ဟန်ဧကရာဇ်သည် ရီရှောင်းရှောင်းတို့ကို မတောင်းဆိုရဲချေ။ သူသည် ကိုယ့်အသက်ကိုယ် နှမြောသေး၏။ ရီရှောင်းရှောင်းသည် လုံးဝမတွန့်ဆုတ်ဘဲ အနောက်ဘက်ကောင်းကင်နယ်မြေရှိ ချန်ပန်းအင်မော်တယ်ရုံးတော်သို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။
ချန်ပန်းအင်မော်တယ်ရုံးတော်နှင့် ကွမ်ဟန်နန်းတော် နှစ်ခုစလုံးသည် တာ့ယွီအင်မော်တယ်မင်းဆက်အတွက် မဟာမိတ်များဖြစ်ကြကာ နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိသည်။ ရီရှောင်းရှောင်းသည် ဤအရာကို သူမနှလုံးသားထဲတွင် အမြဲအမှတ်ရနေခဲ့၏။
သို့မဟုတ်ပါက သူမသည် ချန်မင်ကမ္ဘာသို့ဝင်ရောက်လာသောအခါ ကွမ်ဟန်နန်းတော်ကို အမြန်ကယ်တင်လိမ့်မည်မဟုတ်ချေ။
ချန်မင်ကမ္ဘာတွင် အင်မော်တယ်ဧကရာဇ်တပ်ဖွဲ့ အနည်းငယ်မှလွဲ၍ ကြီးမားသောအစိတ်အပိုင်းများသည် ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး နယ်မြေများထဲသို့ ကျသွားသည်။
တာ့ယွီအင်မော်တယ်မင်းဆက်သည် အောက်ပိုင်းငါးပြည်နယ်၏ အစိတ်အပိုင်းများစွာကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဆီသို့ ဆုံးရှုံးလိုက်ရ၏။ ရီရှောင်းရှောင်းသည် ဤအခြေအနေအတွက် တာ့ယွီအင်မော်တယ်မင်းဆက် ၏အရာရှိများကို အပြစ်မတင်ချေ။ ၎င်းတို့ကိုပြန်သိမ်းယူနိုင်သည်။ သို့သော် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့်၊ ယင်ယန်တံခါးသည် သူမ၏ဒေါသကို ခံနိုင်ရည်ရှိမရှိတော့ မပြောတတ်ချေ။
ဟုန်ယွင်ဧကရာဇ်သည် ရီရှောင်းရှောင်း ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ချက်ချင်းသတင်းရရှိခဲ့ကာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အခြားအဖွဲ့ဝင်များကို အကြောင်းကြားခဲ့သည်။
"တာ့ယွီဧကရာဇ်ပေါ်လာပြီ။ ဒီတစ်ကြိမ် ငါတို့တာ့ယွီအင်မော်တယ်မင်းဆက် ကိုတိုက်ရိုက်ချေမှုန်းပြီး တာဝန်ပြီးမြောက်နိုင်ရမယ်"
ဟုန်ယွင်ဧကရာဇ်သည် ယခုအချိန်အထိ တာ့ယွီအင်မော်တယ်မင်းဆက်ကို အလေးအနက်မထားသေးပေ။ တာ့ယွီအင်မော်တယ်မင်းဆက်၏ ထပ်ခါတလဲလဲ လိုက်လျောမှုများကြောင့် ဟုန်ယွင်ဧကရာဇ်သည် သူ့ကိုယ်သူ ယုံကြည်နေခဲ့၏။
ရီရှောင်းရှောင်း၏ဦးတည်ရာသည် ချန်ပန်းအင်မော်တယ်ရုံးတော်ဖြစ်ပြီး၊ ဟုန်ယွင်ဧကရာဇ်သည် အဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ လူများကို ချန်ပန်းအင်မော်တယ်ရုံးတော်သို့ခေါ်ဆောင်ကာ ရီရှောင်းရှောင်းကို ဖြုတ်ချရန်စီစဉ်ခဲ့သည်။
လက်ရှိ ချန်ပန်းအင်မော်တယ်ရုံးတော၏ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းသည် ပျက်နေပြီဖြစ်သည်။ ချန်ပန်းအင်မော်တယ်ဧကရာဇ်သည် နတ်သမီးဧကရာဇ်နှစ်ပါးကို တစ်ယောက်တည်း တိုက်ခိုက်လျက်ရှိ၏။ ၎င်းသည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဤသို့ဖြစ်လာမယ်မှန်းသိပါက ချန်ပန်းအင်မော်တယ်ရုံးတော်၏ကျင့်ကြံသူများကို ခေါ်ဆောင်ပြီး စောစောထွက်သွားခဲ့မည်ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာချမှတ်ထားသည့် ချန်ပန်းအင်မော်တယ်ရုံးတော်၏ အခြေခံအုတ်မြစ်များ ပျောက်ကွယ်သွားသော်လည်း အနည်းဆုံးတော့ ချန်ပန်းအင်မော်တယ်ရုံးတော်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ယခုမူ သူသည် ချန်ပန်းအင်မော်တယ်ရုံးတော်ကို မကာကွယ်နိုင်ရုံသာမက အင်အားကြီးဧကရာဇ်နယ်ပယ်ရှိ သူကိုယ်တိုင်လည်း သေခြင်းတရားနှင့် ရင်ဆိုင်နေရသည်။ ဧကရာဇ်နယ်ပယ်နှစ်ယောက်၏ ဝိုင်းရံထားခြင်းကြောင့် ချန်ပန်းဧကရာဇ်သည် လွတ်မြောက်ရန် အခွင့်အလမ်းမရှိပေ။
" ကွမ်ဟန်မှာ ဘယ်လိုဖြစ်နေလဲ သိချင်လိုက်တာ "
ကွမ်ဟန်ဧကရာဇ်ထံမှ မကြားရသောကြောင့် ချန်ပန်းဧကရာဇ်သည် ကွမ်ဟန်နန်းတော်တွင် ပြဿနာဖြစ်နေကြောင်း သိထားပြီးဖြစ်သည်။ သို့သော် ထိုအချိန်တွင် ချန်ပန်းဧကရာဇ်သည် ကွမ်ဟန်ဧကရာဇ်၏ ရုတ်တရက်တုံ့ပြန်မှုကိုရရှိခဲ့သည်။
ကွမ်ဟန်ဧကရာဇ်ထံမှ စကားလုံးများမှာ "အားတင်းပြီး စောင့်နေပါ၊ တာ့ယွီအင်မော်တယ်မင်းဆက်က စစ်ကူတွေ ရောက်လာပြီ"
၎င်းကိုကြားသည်နှင့် ချန်ပန်းဧကရာဇ်၏ အားနည်းနေ့သည့် စိတ်ဓာတ်က ချက်ချင်းပင် တက်ကြွလာသည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ အကူများ ရောက်ရှိလာပါက ချန်ပန်းအင်မော်တယ်ရုံးတော်ကို ကယ်တင်နိုင်လိမ့်မည်။
ချန်ပန်းဧကရာဇ်က ထိုခက်ခဲတဲ့အချိန်များကို ဖြတ်ကျော်ပြီးသည်နှင့် သူ့၏အကောင်းဆုံးအင်မော်တယ်ဝိုင်ကိုထုတ်ကာ ကွမ်ဟန်ဧကရာဇ်ကို ကောင်းကောင်းသောက်ခိုင်းရမည်ဟု စိတ်ထဲတွက်ကတိပြုခဲ့သည်။
အကယ်၍ ကွမ်ဟန်ဧကရာဇ် သည် သူ့ကို တာ့ယွီအင်မော်တယ်မင်းဆက်နှင့် ကောင်းမွန်သောဆက်ဆံရေးထူထောင်ရန် အကြံမပေးပါက၊ ချန်ပန်းအင်မော်တယ်ရုံးတော် ရသည် ဤဘေးအန္တရာယ်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
…………………
အခန်း ၂၇၈ - ချန်ပန်းအင်မော်တယ်ရုံးတော်က တိုက်ပွဲ၊ အရပ်မျက်နှာပေါင်းစုံမှ တပ်ကူများ
ချန်ပန်းဧကရာဇ်က ထိုသတင်းကို လက်ခံရရှိသည့်အချိန်တွင် ဝိုင်းရံထားသော အင်မော်တယ်ဧကရာဇ်နှစ်ဦးသည်လည်း ဟုန်ယွင်ဧကရာဇ်ထံမှ တာ့ယွီအင်မော်တယ်ဧကရာဇ်ထွက်ပေါ်လာပြီဖြစ်ကြောင်းသတင်းစကားကို လက်ခံရရှိခဲ့သည်။
တာ့ယွီအင်မော်တယ်မင်းဆက်က နောက်ဆုံးတွင် စတင်လှုပ်ရှားလာကြောင်း သိရသောအခါ အင်မော်တယ်ဧကရာဇ်နှစ်ဦးသည် ထိတ်လန့်ခြင်းမရှိဘဲ ထိုအစား စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့အတွက် တာ့ယွီအင်မော်တယ်မင်းဆက်ကို ချေမှုန်းနိုင်သရွေ့ ချန်မင်ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။
အင်မော်တယ်ဧကရာဇ်များအနေဖြင့် ၎င်းတို့သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ဆုလာဘ်များကိုလည်း ရရှိနိုင်သည်။ အင်မော်တယ်ဧကရာဇ်အများအပြားသည် ၎င်း၏ခြိမ်းခြောက်မှုများနှင့် ရက်ရောသောဆုလာဘ်များကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။
အင်မော်တယ်ဧကရာဇ်ကြီးနှစ်ပါး၏ တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာသည်။ ချန်ပန်းဧကရာဇသည်လည်း ယုံကြည်မှုရှိလာသဖြင့် လုံးဝယိမ်းယိုင်ခြင်းမရှိပေ။ သူသည် သူ၏အထူးကျွမ်းကျင်သောစွမ်းရည်ကို ပြသကာ အင်မော်တယ်ဧကရာဇ်နှစ်ပါးနှင့် တိုက်ပွဲဝင်ခဲ့သည်။ အခြေအနေများ ပိုမိုပြင်းထန်လာပြီးနောက် ကောင်းကင်ယံတွင် ကြီးမားသောအက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။
ရီရှောင်းရှောင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်မှကျင့်ကြံသူ အခင်းအကျင်းများဖြင့် ရောက်ရှိလာ၏။
"ချီတက်ကြ!"
ရှီးထျန်းနက်နဲအင်မော်တယ်များသည် ၎င်းတို့၏အောက်ဘက်ရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများကို တိုက်ခိုက်ရန် သက်ဆိုင်ရာတပ်များကို ဦးဆောင်ခဲ့သည်။ စစ်ကူများရောက်ရှိလာသည်ကိုမြင်ရသောအခါ ချန်ပန်းအင်မော်တယ် နန်းတော်မှကျင့်ကြံသူများသည် အလွန်ဝမ်းသာသွားကြ၏။
၎င်းတို့၏နှလုံးသားထဲတွင် တာ့ယွီအင်မော်တယ်မင်းဆက်အပေါ် ကျေးဇူးတရားများဖြင့် ပြည့်နှက်နေသည်။ ရီရှောင်းရှောင်း ရောက်ရှိလာသည်ကို မျက်မြင်တွေ့လိုက်ရသောအခါ၊ အင်မော်တယ်ဧကရာဇ်နှစ်ပါးသည် တိုက်ခိုက်ခြင်းကိုရပ်နားပြီး ရီရှောင်းရှောင်းကို သတိနှင့်စောင့်ကြည့်နေခဲ့သည်။ ချန်ပန်းဧကရာဇ်သည် နောက်ဆုံးတွင် အသက်ရှုချောင်သွား၏။
"ကျေးဇူးတင်ပါတယ်၊ တာ့ယွီဧကရာဇ်"
ချန်ပန်းဧကရာဇ် သည် ကျေးဇူးတင်ကြောင်းပြကာ အရိုအသေပေးလိုက်သည်။
"ချန်ပန်းဧကရာဇ်၊ မင်းကအစောကြီး အာချောင်နေတာပဲ"
ထိုအချိန်တွင် အင်မော်တယ်ဧကရာဇ်နှစ်ပါးသည်လည်း ကောင်းကင်သို့မျှော်ကြည့်နေရင်းမှ ဟုန်ယွင်ဧကရာဇ်နှင့် အခြားသူများလည်း ရောက်ရှိလာခဲ့သည်။ ဟုန်ယွင်ဧကရာဇ်သည် ၎င်းကိုနောက်ဆုံးတိုက်ပွဲအဖြစ် သတ်မှတ်ကာ သန်းနှင့်ချီသော ကျင့်ကြံရေးသမားများကို ခေါ်ဆောင်လာသည်။
ဤကျင့်ကြံသူများသည် ကျင့်ကြံမှုအဆင့်ကွဲပြားကြ၏။ သံသယမရှိ ၎င်းတို့၏အရေအတွက်က စုယန်တာဝန်ယူစဉ်ကထက် ပိုများနေမည်မှာ သေချာသည်။
"ရီရှောင်းရှောင်း၊ မင်းမထွက်လာရဲလောက်ဘူးလို့ကို ထင်ထားတာ" ဟုန်ယွင်ဧကရာဇ်သည် ရီရှောင်းရှောင်းကို ဘဝင်ခိုက်စွာငုံ့ကြည့်လျက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ စစ်တပ်တစ်ခုစီတွင် လူသန်းပေါင်းများစွာပါဝင်ကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထက်ပင် အင်အားပိုများသည်။
သို့သော် ဟုန်ယွင်ဧကရာဇ်သည် ၎င်းကို အရေအတွက်နှင့်မဆုံးဖြတ်ခဲ့ချေ။ ကျင့်ကြံရေးအဆင့်တချို့ပြီးနောက်တွင် တပ်ဖွဲ့ဝင်အရေအတွက်ထက် တိုက်ခိုက်ရေးစွမ်းအားကသာ ပိုအရေးကြီးသည်။ သို့သော်လည်း ရီရှောင်းရှောင်းဘက်ကို ကြည့်လိုက်လျှင် အသန်မာဆုံးမှာ အထွတ်အထိပ်အင်မော်တယ်ဘုရင်အဆင့်ရှိ ရီရှောင်းရှောင်းသာဖြစ်သည်။
ဧကရာဇ်တစ်ယောက်အနေနှင့် အရှေ့ဧကရာဇ်၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဘုရင်နယ်မြေကို ဖြတ်ကျော်ကာ ရီမိသားစု၏ တတိယအင်မော်တယ်ဘုရင်ဖြစ်လာရန်လိုသေးသည်။ အခြားသော စွမ်းအားအရှိဆုံး ရှီးထျန်းတို့မှာလည်း နှောင်းပိုင်း နက်နဲအင်မော်တယ်များဖြစ်ကြ၏။
ဟုန်ယွင်၏ရှုထောင့်မှကြည့်လျှင် တာ့ယွီအင်မော်တယ်မင်းဆက်သည် အရေးမပါသောအစုအဝေးမျှသာ ဖြစ်သည်။ ဟုန်ယွင်ဧကရာဇ်သည် တာ့ယွီအင်မော်တယ်မင်းဆက်ကို အာရုံစိုက်ခြင်းက ဖြုန်းတီးမှုတစ်ခုဖြစ်သည်ဟုပင် ခံစားခဲ့ရသည်။
ရီရှောင်းရှောင်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ဧကရာဇ်နယ်ပယ်တွင် ရှိနေလျှင်ပင် ၎င်းတို့၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၌ အင်မော်တယ်ဧကရာဇ် တစ်ဒါဇင်ကျော်ရှိနေသည်မဟုတ်လား။ ကိန်းဂဏန်းများအားဖြင့်ပင် ၎င်းတို့သည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ချေမှုန်းနိုင်၏။
"ရီရှောင်းရှောင်း၊ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်၊ ငါ့ဆီ အညံ့ခံလိုက်!"
ဟုန်ယွင်ဧကရာဇ်သည် ရီရှောင်းရှောင်း၏ တုံ့ပြန်မှုကို စောင့်မျှော်လျက်ရှိသည်။ ရီရှောင်းရှောင်းက စကားတစ်ခွန်းမှမပြောဘဲ ဟုန်ယွင်ဧကရာဇ်ထံ သူမ၏တုံ့ပြန်မှုသည် လူသားဧကရာဇ်စည်းတံဆိပ်ဖြစ်သည်။
"ဖိနှိပ်စမ်း!"
လူသားဧကရာဇ်တံဆိပ်သည် လေထုထဲတွင် ကျယ်ပြန့်လာကာ၊ ချန်မင်ကမ္ဘာ၏ ပုံရိပ်ယောင်သည် ၎င်းအထက်တွင် ထွက်ပေါ်လာသည်။ လူသားဧကရာဇ်တံဆိပ်၏အောက်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှကျင့်ကြံသူအများအပြားရှိနေ၏။
ဟုန်ယွင်ဧကရာဇ်သည် တာအိုဘိုးဘေး၏တပည့်တစ်ဦးအနေဖြင့် သူ၏နည်းလမ်းများရှိသည်။ သူ၏လက်ဝှေ့ရမ်းမှုနှင့်အတူ ကောင်းကင်တွင် တိမ်မြုပ်နေသော အနီရောင်တိမ်တိုက်တစ်ခုပေါ်လာကာ လူသားဧကရာဇ်တံဆိပ်ဆီသို့ ဦးတည်သွားသည်။
ဟုန်ယွင်ဧကရာဇ်သည် တာအိုဘိုးဘေး၏ တပည့်တစ်ဦးဖြစ်သော်လည်း မွန်မြတ်သောအင်မော်တယ်လက်နက်ကို အသုံးမပြုနိုင်ပေ။ သူ၏ အနီရောင်တိမ်တိုက်သည် ၎င်း၏မူလပုံစံမှ ပြန်လည်သန့်စင်ထားသော အထွတ်အထိပ်အဆင့်ရှိ တာအိုပစ္စည်းများသာဖြစ်သည်။
အနီရောင်တိမ်တိုက်သည် လူသားဧကရာဇ်တံဆိပ်နှင့် ထိပ်တိုက်တွေ့ပြီးနောက်တွင် ကမ္ဘာကြီး၏ အရောင်အားလုံးကို ဆုံးရှုံးလိုက်ရသည်။
ဟုန်ယွင်ဧကရာဇ်က အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးသည် မည်မျှစွမ်းအားကြီးစေကာမူ သူမသည် သူ့ကိုနိုင်လိမ့်မည်မဟုတ်ဟုတွေးခဲ့သည်။
သို့သော် လူသားဧကရာဇ်တံဆိပ်သည် အနီရောင်တိမ်တိုက်နှင့် တိုက်မိသည့်အချိန်၌ ဟုန်ယွင်က သူဆိုးရွားသောအမှားတစ်ခုကို ပြုလုပ်မိကြောင်း သိလိုက်ရသည်။ အထွတ်အထိပ်တာအိုတိမ်တိုက်သည်ပင် လူသားဧကရာဇ်တံဆိပ်ကို မတားဆီးနိုင်ပေ။
အနီရောင်တိမ်တိုက်သည် မိုင်သန်းပေါင်းများစွာအဝေးသို့ လွှင့်ထွက်သွားကာ ဟုန်ယွင်၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ဟုန်ယွင်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော တာအိုအင်မော်တယ်ပစ္စည်းသည် ပျက်စီးသွားသောကြောင့်၊ ဟုန်ယွင်၏ စိတ်ဝိညာဉ်သည် သံတူကြီးဖြင့် ရိုက်ခံနေရသကဲ့သို့ ခံစားနေရသည်။ သို့သော် သူ့စိတ်ထဲတွင် ဒေါသကိုမထိန်းနိုင်တော့ပေ။ တာအိုဘိုးဘေး၏ ထင်ရှားကျော်ကြားသော တပည့်တစ်ဦးက အင်မော်တယ်ဘုရင်တစ်ပါးမျှကြောင့် ဒဏ်ရာရသွားခဲ့ရ၏။
"တိုက်ခိုက်ကြ၊ တာ့ယွီအင်မော်တယ်မင်းဆက်ကို ဖျက်ဆီးကြ"
ဟုန်ယွင်ဧကရာဇ်၏ ယုံကြည်မှုများ ပြိုပျက်သွားပြီး ရီရှောင်းရှောင်း၏ အင်အားကို အသိအမှတ်ပြုခဲ့သည်။
သို့သော်လည်း ရီရှောင်းရှောင်း မည်မျှပင်သန်မာနေပါစေ သူမတစ်ယောက်တည်းသာဖြစ်သည်။
အကယ်၍ သူတို့ဘက်မှ အင်မော်တယ်ဧကရာဇ်များအားလုံး အတူတကွတိုက်ခိုက်လျှင် ရီရှောင်းရှောင်း မည်သို့ရင်ဆိုင်မည်နည်း။
"ကြယ်စုတပ်ဖွဲ့ကြီး ဘယ်မှာလဲ!"
"ဒီမှာ၊ ဒီမှာ!"
ကြယ်စုတပ်ဖွဲ့နှစ်ဆယ့်ရှစ်ခုတွင် တစ်ခုစီတွင် ၎င်းတို့၏ကိုယ်ပိုင် တိုက်ပွဲဝိညာဉ်များရှိသည်။ ဖီးနစ်ငှက်နှင့် ရွှမ်ဝူတပ်ဖွဲ့တို့သည် တပ်စုဆယ့်လေးခုအဖြစ် ပိုင်းခြားကာ တစ်ခုစီသည် ၎င်းတို့၏ တပ်ဖွဲ့ဝိညာဉ်များကို အဆင့်ခေါ်ခဲ့ကြပြီးဖ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အင်မော်တယ်ဧကရာဇ်များကို ဝိုင်းရံထားသည်။
အခြားတစ်ဖက်တွင် အဇူရာနဂါးနှင့် ကျားဖြူတပ်ဖွဲ့သည် ကျားဖြူတပ်ဖွဲ့ ဝိညာဉ်နှင့် အဇူရာနဂါးတပ်ဖွဲ့ ဝိညာဉ်အဖြစ်သို့ တိုက်ရိုက်အသွင်ပြောင်းလိုက်၏။ ရွှမ်ဝူနှင့် ဖီးနစ်ငှက်တပ်ဖွဲ့များ၏ ရည်မှန်းချက်မှာ အင်မော်တယ်ဧကရာဇ်များကို အနိုင်ယူရန်မဟုတ်ဘဲ ၎င်းတို့ကိုရပ်တန့်ရန်ဖြစ်သောကြောင့် နေရာခွဲလိုက်ကြခြင်းဖြစ်၏။
အခြားတစ်ဖက်တွင် အဇူရာနဂါးနှင့် ကျားဖြူတပ်ဖွဲ့တို့သည် ရန်သူကို ချေမှုန်းရန် ရည်ရွယ်သည်။ ဤအခိုက်အတန့်တွင် ကြယ်စုတပ်ဖွဲ့သည် ရှေးခေတ်နတ်ဘုရားများ၏အင်အားကို အမှန်တကယ်ပြသခဲ့သည်။
အင်မော်တယ်ဧကရာဇ်များသည် ကြယ်တပ်နှစ်ခုကို ချိုးဖျက်ရန်ကြိုးပမ်းလျက် ၎င်းတို့၏တာအိုလက်နက်များကို ဝှေ့ယမ်းလိုက်ကြသည်။
‘ရွှမ်ဝူသံချပ်’ ‘ဖီးနစ် မီးတောက်’ သို့သော်လည်း တပ်ဖွဲ့နှစ်ခု၏ မွေးရာပါစွမ်းရည်များနှင့် ရင်ဆိုင်ရသောအခါတွင် အဆိုပါအင်မော်တယ်ဧကရာဇ်များ၏ တိုက်ခိုက်မှုများသည် မျှော်လင့်ထားသလိုဖြစ်မလာချေ။
အင်မော်တယ်ဧကရာဇ်မင်း၏တိုက်ခိုက်မှုကို တစ်ဦးချင်းစီတိုင်းမခံနိုင်ပေ။ သိူ့သော် လူတစ်သန်းလောက်က အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုကိုမျှဝေခံယူကြပါက၊ ထိုတိုက်ခိုက်မှုသည် တပ်ဖွဲ့၏ ဝိညာဉ်ရေးအနှစ်သာရကြောင့် အားနည်းသွားကာ၊ အင်မော်တယ်ဧကရာဇ်တစ်ဦးသည်လည်း ထိုမျှအစွမ်းထက်ပုံမပေါ်တော့ပေ။
အင်မော်တယ်ဧကရာဇ်များသည် ကြယ်စုတပ်ဖွဲ့များကို မကိုင်တွယ်နိုင်သော်လည်း တပ်ဖွဲ့များသည် တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ အင်မော်တယ်ဧကရာဇ်များကို အချိန်ဆွဲထားနိုင်ရုံသာဖြစ်သည်။
…..
ကြယ်စုတပ်ဖွဲ့များနှင့်မတူဘဲ၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အင်မော်တယ်ဧကရာဇ်များသည် မပျော်ရွှင်နေကြချေ၊ ဟုန်ယွင်ဧကရာဇ်သည် တာ့ယွီအင်မော်တယ်မင်းဆက် မှကျင့်ကြံသူများကိုသတ်ရန် တာဝန်ပေးခဲ့သော်လည်း ယခုအချိန်တွင် သတ်ဖြတ်ရန်မပြောနှင့် အကာအကွယ်များကိုပင် မချိုးဖျက်နိုင်သေးပေ။
ဟုန်ယွင်ဧကရာဇ်သည် သူ၏ရန်သူကိုလျှော့မတွက်တော့ဘဲ ရီရှောင်းရှောင်းကို သတိထားရင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ရီရှောင်းရှောင်းက သူ့ကို အမြန်အနိုင်မယူနိုင်ခဲ့ချေ။
"ရီရှောင်းရှောင်း၊ မင်းရဲ့ တာ့ယွီအင်မော်တယ်မင်းဆက်က ဒီနေ့အဆုံးသတ်ရတော့မယ်"
"ငါ့ရဲ့ တာ့ယွီအင်မော်တယ်မင်းဆက် အဆုံးသတ်တော့မယ်ဆိုတာ သေချာရဲ့လား"
ရီရှောင်းရှောင်း၏မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ်ထူးဆန်းပြီး ဟုန်ယွင်ဧကရာဇ်၏ လေးနက်မှုကိုအနည်းငယ် လှောင်ရယ်နေပုံရသည်။
ရီရှောင်းရှောင်း၏ ထူးဆန်းသောအမူအရာက ဟုန်ယွင်ဧကရာဇ်ကို သံသယများလာစေခဲ့သည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါတွင် အင်မော်တယ်ဧကရာဇ်များစွာသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို မနှိမ်နင်းနိုင်သေးကြောင်း တွေ့ရှိခဲ့သည်။
ဟုန်ယွင်ဧကရာဇ်သည် အခြားသောအင်မော်တယ်ဧကရာဇ်များအနေဖြင့် ၎င်းတို့၏ရန်သူများကို ရှင်းလင်းပြီး၊ သူ့ကို လာအကူအညီပေးရန် မျှော်လင့်နေသည်။ နောက်ဆုံးတွင် သူတစ်ယောက်တည်း ရီရှောင်းရှောင်းကို မနှိမ်နင်းနိုင်ချေ။ သို့သော်လည်း သူသည် ရီရှောင်းရှောင်း၏ အနိုင်ယူခြင်းမခံရအောင် အကောင်းဆုံးကြိုးစားရလိမ့်မည်။ သို့သော် လက်ရှိအခြေအနေအရ သူတို့ကိုပံ့ပိုးပေးရန် မလိုအပ်လျှင်ပင် လုံလောက်ပါ၏။
ထို့အချိန်တွင် ဖုံးကွယ်ထားသော အဇူရာနဂါးတပ်ဖွဲ့နှင့် ကျားဖြူတပ်ဖွဲ့တို့သည် နောက်ဆုံးတွင်စတင်လှုပ်ရှားလာသည်။ အဇူရာနဂါးသည် ၎င်း၏ကြီးမားသောကိုယ်ထည်ကို လှည့်ပတ်ကာ အင်မော်တယ်ဧကရာဇ်နယ်မြေရှိ အင်အားကြီးကျင့်ကြံသူကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ အခြားအင်မော်တယ်ဧကရာဇ်များကဲ့သို့ပင် ဤအင်မော်တယ်ဧကရာဇ်သည် အဇူရာနဂါးတပ်ဖွဲ့ထံမှလွတ်မြောက်ရန် သူ၏အင်မော်တယ်စွမ်းအားကို သုံးနိုင်လိမ့််မည်ဟုထင်ထားသော်လည်း၊ အဇူရာနဂါး၏စွမ်းအားများ ပေါက်ကွဲလာသောအခါတွင် ၎င်း၏စွမ်းအားသည် အခြားတပ်များနှင့် မယှဉ်သာကြောင်း သိသာလာသည်။
ကျားဖြူတပ်ဖွဲ့များသည်လည်း ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ အင်မော်တယ် ဧကရာဇ်မင်းအနားတွင် လူသတ်ကွင်းတစ်ခုဖန်တီးကာ ထိုနည်းတူတိုက်ခိုက်လာသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အင်အားကြီးသူများကို လျှော့ချရန်ဖြစ်သည်။
တစ်ဦးပြီးတစ်ဦး ပြုတ်ကျလာပြီးနောက်တွင်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတစ်ခုလုံးကို ဖြုတ်ချခြင်းက အချိန်တစ်ခုသာကြာမြင့်သည်။ ရုတ်တရက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အင်မော်တယ်ဧကရာဇ်တစ်ပါးသည် အသတ်ခံလိုက်ရ၏။
"တျန်းရှီဧကရာဇ် ဘယ်လိုဖြစ်နိုင်မှာလဲ!"
ကျန်အင်မော်တယ်ဧကရာဇ်များက တွေးထားသည်မှာ တပ်ဖွဲ့များက ၎င်းတို့ကိုအနိုင်မယူနိုင်ဘဲ အချိန်ဆွဲရန်သာဖြစ်သည်ဟူ၍ပင်။ ယခုတွင် ပထမဆုံးသေဆုံးမှုအပြီး၌ ၎င်းတို့ကိုယ်ကိုထိန်းမရတော့ပေ။
ယခုတစ်ကြိမ် သေဆုံးသွားသူသည် နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်သော်လည်း နောက်တစ်ဦးမှာ ၎င်းတို့ဖြစ်လာနိုင်သည်။ အဇူရာနဂါးသည် အခြားပစ်မှတ်များကို အာရုံစိုက်လိုက်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။
"ချန်ပန်း မင်းအဆင်ပြေရဲ့လား" ကွမ်ဟန်ဧကရာဇ်က ချန်ပန်းအင်မော်တယ်ရုံးတော်၌ ပေါ်လာ၏။
"ငါအဆင်ပြေပါတယ်၊ ဒါပေမယ့် ငါတို့လည်းသူတို့ကိုသွားပြီးကူညီသင့်တယ်"
အကယ်၍ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး ပြိုလဲခြင်းမရှိပါက အနာဂတ်တွင်ကောင်းမွန်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ယနေ့တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှသူများ သေကိုသေရမည်!
အင်မော်တယ်ဧကရာဇ်နှစ်ယောက် အကြည့်ချင်းမလှယ်ကြီးနောက်
တိုက်ပွဲထဲဝင်ရောက်လာကြ၏။ ကျရှုံးနေပြီဖြစ်သော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများသည် ဆက်ထိန်းထားရန် ပို၍ခက်ခဲလာသည်။
"ငါက ဟုန်ပေါ် က ကူညီဖို့!"
"ငါ ကျင်းဖိန်ကလည်း ဒီနေ့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနဲ့ သူသေကိုယ်သေတိုက်မယ်"
ချန်ပန်းအင်မော်တယ်ရုံးတော်ရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် တာ့ယွီအင်မော်တယ်မင်းဆက်အကြား တိုက်ပွဲသတင်းက ချန်မင်ကမ္ဘာ့အင်အားကြီးနိုင်ငံများသို့ ပျံ့နှံ့သွားပြီးဖြစ်သည်။ အင်မော်တယ်ဧကရာဇ်နယ်မြေသို့ကျင့်ကြံနိုင်ခဲ့သော သူများသည် အရူးများမဟုတ်ကြချေ။
ယနေ့ တာ့ယွီအင်မော်တယ်မင်းဆက် ကျဆုံးသွားပါက၊ ၎င်းတို့အတွက်လည်း ကောင်းမွန်မည်မဟုတ်ကြောင်း ကောင်းစွာသိရှိခဲ့ကြသည်။ တာ့ယွီအင်မော်တယ်မင်းဆက်သည် ယနေ့တွင် အောင်ပွဲခံမှရမည်ဖြစ်သောကြောင့် ၎င်းတို့အားလုံး ကူညီရန်အပြေးအလွှားရောက်လာခဲ့ကြ၏။
ကျန်အင်မော်တယ်ဧကရာဇ်အင်အားစုခြောက်ခုအပါအဝင်၊ အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ အင်အားစုခုနစ်ခုလုံး ရောက်ရှိလာကြကာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှကျင့်ကြံသူများကို တိုက်ထုတ်ခဲ့ကြသည်။
ဤစွမ်းအားအသစ်များ ဖြည့်သွင်းခြင်းဖြင့်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူစစ်တပ်သည် ဖိအားကိုမခံနိုင်ဘဲ ချက်ချင်းပြိုလဲသွားကြ၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ အဆင့်နိမ့်ကျင့်ကြံသူများသည်လည်း သတ်ဖြတ်ခံခဲ့ရကာ၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ အင်မော်တယ်ဧကရာဇ်များက လွတ်မြောက်ရန် အခွင့်အလမ်းကိုရှာဖွေနေကြသော်လည်း မလွတ်မြောက်နိုင်ပေ။
"ဟုန်ယွင်ဧကရာဇ်၊ အဖြေတစ်ခုခုရှာစမ်းပါ"
လက်ရှိအခြေအနေအရ တာအိုဘိုးဘေး၏တပည့်ဖြစ်သူ ဟုန်ယွင်ဧကရာဇ်သာလျှင် ဤအခြေအနေကို ဖြေရှင်းနိုင်စွမ်းရှိသည်။ ဟုန်ယွင်ဧကရာဇ်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးမှ အဆင့်မြင့်အရာရှိများထံ အကူအညီတောင်းနေသရွေ့ သူတို့တွင် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။
သို့သော် သူတို့သတိမထားမိသည်မှာ ဟုန်ယွင်ဧကရာဇ်သည် အကူအညီတောင်းရန် မည်သည့်အခါကမှ မစဉ်းစားခဲ့ပေ။ သူတို့ရှုံးသွားပါက သူပြန်လာတိုက်ခိုက်ရန် အခွင့်အရေးရှိနိုင်သေးသည်။
သို့သော် သူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ထိပ်တန်းအရာရှိများထံမှ အကူအညီတောင်းပါက ၎င်း၏အရည်အချင်းမရှိမှုကို ဖော်ပြမိလိမ့်မည်။
သူ့ဘက်တွင် တာအိုဘိုးဘေးတစ်ဦးရှိလျှင်ပင် ဆိုးရွားသောအကျိုးဆက်များမှာ ရှောင်ပြေးနိုင်လိမ့်မည်မဟုတ်ချေ။ ဟုန်ယွင်ဧကရာဇ်သည် မရှုံးချင်သလို၊ ရှုံးနိမ့်မှုကိုလည်း ဝန်မခံချင်ပေ။ မကြာမီတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများ ပိုပိုနည်းပါးလာခဲ့သည်။
ဟုန်ယွင်ဧကရာဇ်၏ အကြည့်မှာ ပို၍အေးစက်လာသည်။ သူသည် လုံးဝရှုံးနိမ့်သွားကြောင်းသိသိနှင့် အနီးနားရှိ အင်မော်တယ်ဧကရာဇ်ကြီးများ တဖြည်းဖြည်းကျရှုံးလာခြင်းကို ကြည့်ရှုနေခဲ့သည်။
"ရီရှောင်းရှောင်း၊ မင်းအခုနိုင်သွားပြီထင်နေတာလား။ ငါပြန်လာတဲ့အခါ မင်းတို့ ရီမိသားစု အဆုံးသတ်ရလိမ့်မယ်!"
ဖြန်း!
ဟုန်ယွင်ဧကရာဇ် ထိုကဲ့သို့ပြောနေချိန်ကို အခွင့်ကောင်းယူကာ ရီရှောင်းရှောင်းက သူ့ကို ပါးရိုက်လိုက်သည်။ ဟုန်ယွင်ဧကရာဇ်၏ မျက်လုံးများမှာ အရှက်တရားကြောင့် နီရဲလာခဲ့၏။
"အနီရောင် တိမ်တိုက်!"
အနီရောင်တိမ်တိုက်တစ်ခုပေါ်လာပြီးနောက် ၎င်းသည် ဆက်လက်ကျယ်ပြန့်လာသည်။ ၎င်းကို စူးစူးစိုက်စိုက် ကြည့်နေရင်း လူတိုင်း၏နှလုံးမှာ သည်းထိတ်ရင်ဖိုဖြစ်နေရှာသည်။ သို့သော် နောက်အခိုက်အတန့်တွင် အနီရောင်တိမ်တိုက် ပျောက်ကွယ်သွားကာ ဟုန်ယွင်ဧကရာဇ်သည်လည်း ပါသွား၏။
‘မင်းကို အကွက်ကြီးကြီးရွှေ့တော့မယ်ထင်ထားတာလေ၊ နောက်ဆုံးတော့ ထွက်ပြေးသွားတယ်တဲ့လား’
………….
အခန်း ၂၇၉ - ဝူရှန်းဘိုးဘေးနှင့် ပူးပေါင်းခြင်း
တာ့ယွီအင်မော်တယ်မင်းဆက်မှလူများသာမက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှလူများပင် လုံးဝကြောင်အသွားကြသည်။ ဟုန်ယွင်ဧကရာဇ် ထွက်ပြေးသွားလေပြီ၊ သူတို့အခု ဘာလုပ်ရမည်နည်း။
အထူးသဖြင့် ၎င်းတို့ကိုကာကွယ်ပေးရန်အာမခံထားသောကြောင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသို့ လိုလားစွာဝင်ရောက်သွားကြသော အင်မော်တယ်ဧကရာဇ်များသည် ယခုအခါတွင် ဘာမှမကျန်တော့ပေ။ ဟုန်ယွင်ဧကရာဇ်၏ထွက်ပြေးမှုက တိုက်ပွဲ၏အဆုံးအဖြတ်ကို ပြသနေ၏။ ကျန်ခဲ့သူများမှာ ကြက်ကလေး ငှက်ကလေးများသာဖြစ်ကြတော့သည်။
“တာ့ယွီဧကရီ၊ ငါတို့ တာ့ယွီအင်မော်တယ်မင်းဆက်မှာ ပါဝင်ချင်ပါတယ်၊ လက်ခံသေးလားဗျာ"
"ဟုတ်တယ်၊ ကျွန်တော်တို့လည်း တာ့ယွီအင်မော်တယ်မင်းဆက်နဲ့ ပူးပေါင်းဖို့ ရည်ရွယ်ထားတယ်"
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ဖြစ်ရပ်ပြီးနောက် အင်မော်တယ်ဧကရာဇ်အင်အားစုများသည် ၎င်းတို့ကိုယ်ကိုကာကွယ်ရန် နည်းလမ်းမရှိကြောင်း နားလည်ခဲ့သည်။ ဤကဲ့သို့သော ပဋိပက္ခများကြားတွင် ရှင်သန်ရန်အတွက် ကျောထောက်နောက်ခံများရှိရန် အရေးကြီးသည်။ လက်ရှိ ထာဝရအလင်းနယ်မြေတွင် အခိုင်မာဆုံးကျောထောက်နောက်ခံမှာ တာ့ယွီအင်မော်တယ်မင်းဆက်ဖြစ်သည်။
ကျန်ရှိသော အင်မော်တယ်ဧကရာဇ်တပ်ဖွဲ့များအားလုံးသည် တာ့ယွီအင်မော်တယ်မင်းဆက် သို့ဝင်ရောက်လိုကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းက တာ့ယွီအင်မော်တယ်မင်းဆက်အတွက် သေချာပေါက်ကောင်းသည်ဖြစ်ရာ ရီရှောင်းရှောင်းက သေချာပေါက် ငြင်းလိမ့်မည်မဟုတ်ပေ။
တာ့ယွီအင်မော်တယ်မင်းဆက်တွင်ပါဝင်ခြင်းက ၎င်းတို့လက်အောက်သို့ လုံးဝပေါင်းစည်းရခြင်းမျိုးမဟုတ်ဘဲ လက်ဆောင်ဆက်သရန်သာ လိုအပ်ကာ တာ့ယွီအင်မော်တယ်မင်းဆက်၏ ကာကွယ်မှုကို ရရှိနိုင်သည်။
တာ့ယွီအင်မော်တယ်မင်းဆက်က ၎င်းတို့ကို အကာအကွယ်ပေးနိုင်မည်လား၊ ၎င်းကို ရီရှောင်းရှောင်းက နည်းနည်းမှ စိတ်မပူပေ။ သူမ မကာကွယ်နိုင်လျှင်တောင် ရီဖန်အမြဲရှိနေသေးသည်။
ထို့နောက် တာ့ယွီအင်မော်တယ်မင်းဆက်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို တန်ပြန်တိုက်စစ်စတင်ခဲ့၏။ ကြယ်တာရာတပ်ဖွဲ့များသည် ၎င်းတို့၏ ကြောက်မက်ဖွယ်အင်အားကို ပထမဆုံးပြသနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏အဆင့်မြင့်ပိုင်းမှ သူများပင်လျှင် တာ့ယွီအင်မော်တယ်မင်းဆက်စစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းရည်ကို သတိထားရလိမ့်မည်။
လက်ရှိ ကြယ်တာရာတပ်ဖွဲ့များ၏ ကျင့်ကြံမှုအဆင့်သည် အထူးကောင်းမွန်ခြင်း မရှိသေးဘဲ ၎င်းတို့၏ ထူးခြားသော တိုက်ပွဲဝိညာဉ်ကြောင့်သာ သာမာန်အင်မော်တယ်ဧကရာဇ်များနှင့် ရင်ဆိုင်နိုင်ခဲ့သည်။ ကြယ်တာရာတပ်ဖွဲ့များသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်ပါက၊ ပိုမိုအားကောင်းလာမည်လား။
ဤမေးခွန်း၏အဖြေမှာ ထင်ရှား၏။ တိုက်ပွဲဝိညာဉ်ကို ၎င်းကိုကျင့်ကြံသည့်တပ်ဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။ တပ်ဖွဲ့အတွင်းရှိ တပ်သားများ၏ကျင့်ကြံမှုအဆင့်အားကောင်းလေလေ၊ တပ်ဖွဲ့၏ တိုက်ပွဲဝိညာဉ်က ပို၍အားကောင်းလေဖြစ်သည်။
ကြယ်တာရာတပ်ဖွဲ့များနှင့်အတူ တာ့ယွီအင်မော်တယ်မင်းဆက်သည် နယ်ပယ်သုံးထောင်တစ်ခုလုံးမှ အသိအမှတ်ပြုခံထားရသော အာဏာကိုရရှိခဲ့သည်။ ရီဖန်၏သဩဇာလွှမ်းမိုးမှုကို မှီခိုအားထားခြင်းမရှိလျှင်ပင် အခြားအင်အားစုများက ၎င်းတို့ကိုနှိုးဆွခြင်းမပြုရဲတော့ပေ။
ဟုန်ယွင်ဧကရာဇ် မရှိတော့သော ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ခုခံနိုင်စွမ်းမရှိတော့ချေ။ တစ်ချိန်က သိမ်းပိုက်ခဲ့သောနယ်မြေကို နာခံစွာဖြင့် ပြန်လည်ပေးအပ်လိုက်ရသည်။
ရီရှောင်းရှောင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ကိုင်တွယ်ဖြေရှင်းရာတွင် ညှာတာခြင်းမရှိဘဲ ၎င်းတို့အားလုံးကို သတ်ပစ်လိုက်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသို့ ရောက်သွားပြီးနောက် သူတို့အားလုံးသည် ဝူရှန်း ဘိုးဘေး၏ ဦးနှောက်ဆေးကြောခြင်းကို ခံခဲ့ရပြီးဖြစ်ရာ သာမန်လူသားများကျင့်ကြံသူများ ဖြစ်လာရန်အတွက် မဖြစ်နိုင်သလောက်ပင်။ ထိုကဲ့သို့ မတည်ငြိမ်သည့် အကြောင်းရင်းများကြောင့် ရီရှောင်းရှောင်းက ၎င်းတို့ကို ဆက်လက်တည်ရှိနေရန် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
၎င်းတို့၏လူများကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကယ်ထုတ်ပြီးပါက လက်ရှိကျန်ရှိသူများအားလုံးမှာ ရန်သူများဖြစ်ကြသည်။ ထိုအခိုက်အတန့်တွင် ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများသည် ၎င်းတို့၏ကြီးကြပ်ရေးမှူး စုယန်ကို အလွန်အောက်မေ့မိကြသည်။ စုယန်သာရှိနေပါက သူတို့ဤမျှသနားစရာကောင်းအောင် ရှုံးနိမ့်လိမ့်မည်မဟုတ်ချေ။
၎င်းတို့အားလုံးက ဟုန်ယွင်ဧကရာဇ်ကို အလွန်မုန်းတီးခဲ့ကြသည်။ ခန်းမအကြီးအကဲများသည် အရည်အချင်းမရှိသည့် ဧကရာဇ်ဟုန်ယွင်ကို အပြစ်ပေးရန်ဆုံးဖြတ်ချက်ချကာ စုယန်ကို ထာဝရအလင်းနယ်မြေသို့ပြန်လာပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို တာဝန်ယူရန်တောင်းဆိုခဲ့သည်။
"ဒါ မင်းရဲ့တော်တော်အရည်အချင်းရှိတဲ့ တပည့်လား!"
ဝူရှန်းဘိုးဘေးသည် နောက်ဆုံးတွင် တိမ်နက်တာအိုဘိုးဘေးကို ဝေဖန်ရန် အခွင့်အရေးရရှိသွားကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အဆင့်မြင့်ညီလာခံတွင် ဝေဖန်လိုက်သည်။
တိမ်နက်တာအိုဘိုးဘေးသည် ၎င်း၏ မကျေနပ်ချက်များကို နှလုံးသားထဲတွင် မြုပ်နှံထားကာ မတုံ့ပြန်နိုင်ချေ။ ဤတစ်ကြိမ်တွင် ဟုန်ယွင်ဧကရာဇ်၏မိုက်မဲမှုသည် ကြီးမားလွန်း၏။ ၎င်းသည် ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတစ်ခုလုံးကို ချေမှုန်းလုနီးပါးဖြစ်ခဲ့သည်။
သူသည် တာအိုဘိုးဘေး၏ တပည့်ဖြစ်လျှင်ပင် အပြစ်ဒဏ်မှ မလွတ်မြောက်နိုင်ပေ။
“ဒီကိစ္စကို ဂိုဏ်းချုပ်ကို လွှဲပေးပါ့မယ်” တိမ်နက် တာအိုဘိုးဘေးက လေးနက်စွာပြောလိုက်သည်။
"မင်းနားလည်ရင်ပြီးတာပါပဲ။ ဂိုဏ်းချုပ်ကြီးက နိုးထလာတော့မှာမလို့ အခုမှစပြီး ငါတို့မှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ရှိလာလို့မဖြစ်ဘူး။ ထာဝရအလင်းနယ်မြေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးတာဝန်ခံကို ပြောင်းလဲဖို့ အချိန်တန်ပြီ”
ဝူရှန်းဘိုးဘေးများ စိတ်ဓာတ်ကျမှုက လွင့်ပြယ်သွား၏။ ဟုန်ယွင်ဧကရာဇ်ကိုတွေးပြီးနောက် ဝူရှန်းဘိုးဘေးသည် တိတ်တဆိတ်ဝမ်းမြောက်မိသည်။ သူ့တပည့်လေးက အလွန်အစွမ်းထက်သောကြောင့် သူ့ကိုဒုက္ခမပေးဖူးပေ။ ဤတစ်ကြိမ်တွင် ဟုန်ယွင်ဧကရာဇ်၏အမှား၏ အနည်းဆုံးတစ်ဝက်ခန့်သည် တိမ်နက်တာအိုဘိုးဘေးအပေါ် ထင်ဟပ်နေမည်ဖြစ်သည်။
အကယ်၍ ယခင်က တိမ်နက်တာအိုဘိုးဘေးက အမှားလုပ်မိလျှင် သူ့ကိုမည်သူကမှ တာဝန်ယူခိုင်းမည်မဟုတ်သော်လည်း၊ ယခုတွင် ၎င်းတို့၏ဂိုဏ်းချုပ်ကြီးသည် နိုးထလာတော့မည်ဖြစ်ရာ၊
အမှားတိုင်းကို မှတ်သားထားရမည်။
ဟုန်ယွင်ဧကရာဇ်သည်လည်း ထာဝရအလင်းနယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ရီရှောင်းရှောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အလွန်စိုးရိမ်နေသည်။ ဟုန်ယွင်ဧကရာဇ်သည် ဤတစ်ကြိမ်တွင် သူရှုပ်ထွေးသွားစေခဲ့ကြောင်း သဘောပေါက်သော်လည်း ယခုအချိန်တွင် ကိုင်တွယ်ဖြေရှင်းရန် မတတ်နိုင်တော့ချေ။
ဟုန်ယွင်ဧကရာဇ်သည် သူ့သခင်ထံ အကူအညီတောင်းရန် ကြံစည်လိုက်ချိန်တွင် အနက်ရောင်တိမ်လိပ်များက သူ့ကိုတိုက်ရိုက် ခေါ်ဆောင်သွားကြသည်။ ဟုန်ယွင်ဧကရာဇ်သည် နောက်တစ်ကြိမ် မျက်လုံးကိုဖွင့်လိုက်သောအခါ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ဌာနချုပ်သို့ရောက်ရှိနေကြောင်း သိလိုက်ရ၏။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အဆင့်မြင့်အရာရှိများမှလွဲ၍ အခြားလူတစ်ဦးဖြစ်သည့်စုယန်လည်း ရှိနေသည်။ စုယန်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးဌာနချုပ်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သောကြောင့် အလွန်သိချင်နေခဲ့သည်။ အထူးသဖြင့် အနက်ရောင်ရုပ်တုကို မြင်လိုက်ရသောအခါတွင် သူမသည် လုံးဝကိုစွဲလန်းသွား၏။
သူမခံစားမိသည်မှာ ရုပ်ထုအတွင်းတွင် ပြောမပြနိုင်သောတစ်စုံတစ်ခု ရှိနေသည်ဟူ၍ပင်။
လေဟာနယ်ထဲတွင် အနက်ရောင်မီးခိုးငွေ့များသည် ရုပ်ထု၏ကိုယ်ထည်ထဲသို့ ဆက်လက်ဝင်ရောက်လာသည်။ ၎င်းမီးခိုးငွေ့များသည် ကျယ်ပြောလှသောကမ္ဘာအမျိုးမျိုးမှ ရောက်ရှိလာပုံရ၏။
ထိုအခိုက်အတန့်တွင် စုယန်သည် တစ်စုံတစ်ခုကိုနားလည်သွားသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနှင့်၊ ယင်ယန်တံခါးတို့သည် ကျယ်ပြောလှသောကမ္ဘာကြီးတွင် ပဋိပက္ခများကိုလှုံ့ဆော်ခဲ့ခြင်းက ဤရုပ်တုအတွက်ဖြစ်ပုံရသည်။
နှမြောစရာကောင်းစွာဖြင့် သူမ၏လကါရှိအဆင့်အတန်းနှင့် စုယန်သည် ဤရုပ်တုကိုတိကျစွာ သိခွင့်မရရှိသေးသောကြောင့် နောက်ထပ်စူးစမ်းလေ့လာရန် အခွင့်အရေးတစ်ခုရလာသည်အထိ စောင့်ရလိမ့်မည်။
"ဟုန်ယွင် မင်းရဲ့အပြစ်ကို မင်းသိလား"
ဟုန်ယွင်ဧကရာဇ်ပေါ်လာသည်နှင့် တပြိုင်နက်၊ သူသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အဆင့်မြင့်အရာရှိများနှင့် တိုက်ရိုက်ရင်ဆိုင်ခဲ့ရသည်။
…………..