← Chapters

အခန်း ၂၈၉-၂၉၁

Vol. 20 Ch. 289-291

အခန်း ၂၈၉-၂၉၁

Vol. 20 Ch. 289-291

အခန်း ၂၈၉ - စုယန်၏ ပျက်ဆီးခြင်းဘိုးဘေးကို သိမ်းသွင်းမှု

များမကြာမီတွင် နတ်မိမယ်အများအပြားကို ရီမိသားစုထံစေလွှတ်ခဲ့သည်။ အစပိုင်းတွင် ၎င်းတို့သည် ယခင်ကမကြားဖူးသည့် မိသားစုငယ်လေးထဲသို့ လက်ထပ်ရန်တွန့်ဆုတ်နေခဲ့ကြသော်လည်း၊ ရီမိသားစုမှ တပည့်များ၏ စွမ်းရည်နှင့် အရင်းအမြစ်များကြောင့် ချက်ချင်းစိတ်ပြောင်းသွားသည်။

၎င်းတို့၏ဂိုဏ်းခွဲရှိ နတ်သားတော်များနှင့် နတ်မိမယ်များ ရရှိနိုင်သောအရင်းအမြစ်များအားလုံးက ရီမိသားစုအဖွဲ့ဝင်များမှ တစ်ဦးတစ်ယောက်စီနှင့် ညီမျှသည်။ ဤအခြေအနေသည် မယုံနိုင်လောက်အောင် ကောင်းမွန်နေ၏။

ထို့အပြင် ရီမိသားစု၏တပည့်တိုင်းသည် အလွန်စွမ်းအားကြီးသောကြောင့် နတ်မိမယ်များ နေရာမှားရောက်ရှိလာခြင်းဖြစ်သလားဟူ၍ပင် သံသယဝင်လာစေသည်။ ယခုအခါတွင် ရီဖန်သည် မိသားစုဝင်ရောက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

ဤနတ်မိမယ်များက သစ္စာစောင့်သိမှုအဆင့်တစ်ခုသို့မရောက်မချင်း မိသားစုဝင်ထဲသို့ရောက်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် ရီမိသားစုတွင် လျှို့ဝှက်ချက်များရှိလျှင်ပင် ယခုအချိန်၌ ၎င်းတို့ကို ကာကွယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

ရလက်ရှိရီဖန်သည် ထိုအရာများအတွက် စိတ်ပူစရာမလိုတော့ပါ။

မကြာမီတွင် ရီမိသားစုသည် လူဦးရေ လျင်မြန်စွာ တိုးပွါးလာကာ ပျက်ဆီးခြင်းသွေးဆေးလုံး၏ အရေအတွက်သည်လည်း တဖြည်းဖြည်းတိုးလာ၏။ ပျက်ဆီးခြင်းသွေးဆေးလုံးများကို လက်ခံရရှိပြီးနောက် အင်အားစုကြီးများသည် ၎င်းကိုလူသိရှင်ကြားမထုတ်ပြဘဲ တိတ်တဆိတ် အသွင်ပြောင်းခဲ့သည်။

ပျက်ဆီးခြင်းဂိုဏ်း၏ဖျက်ဆီးမှုမှ တားဆီးရန်အတွက် ဖုံးကွယ်ထားရန်လိုအပ်လိမ့်မည်။ အနည်းဆုံး ပျက်ဆီးခြင်းဂိုဏ်းက သတိမပြုမိမီ တတ်နိုင်သမျှ ကယ်တင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ပျက်ဆီးခြင်းဂိုဏ်းက စုံစမ်းစစ်ဆေးလာတော့မည်ဖြစ်ကြောင်း သူတို့သိ၏။ သူတို့လုပ်နိုင်သည့်အရာမှာ လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန်သာ။

ရီဖန်သည် ရီရှောင်းရှောင်းကို ပျက်ဆီးခြင်းသွေးဆေးလုံးများ ပို့ဆောင်ရန်အတွက် တာဝန်ပေးလိုက်သည်။ လူသားဧကရာဇ်အသစ်အနေဖြင့် လူသားမျိုးနွယ်စုကြားတွင် ရီရှောင်းရှောင်း၏အဆင့်အတန်းသည် အလွန်အရေးပါ၏။

အင်အားကြီးနိုင်ငံများအားလုံးက ရီရှောင်းရှောင်းကို လျင်မြန်စွာမှတ်မိသွားကာ သူမကိုလက်ခံခဲ့သည်။ ကယ်တင်ခြင်းခံရသော ကျင့်ကြံသူများသည် ဖုံးကွယ်ထားခြင်းမရှိဘဲ ထိုဆေးလုံးများကို ရီမိသားစုက ထောက်ပံ့ပေးခဲ့ပြီး တာ့ယွီအင်မော်တယ်မင်းဆက်က ကုသပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကို အသိပေးခဲ့သည်။

ထို့ကြောင့် ၎င်းတို့၏နှလုံးသားထဲတွင် ရီရှောင်းရှောင်းအပေါ် ယုံကြည်မှုနှင့် ကျေးဇူးတရားများ ပိုမိုပေါ်ပေါက်လာသည်။ ရီရှောင်းရှောင်းသည် သူမထံရောက်ရှိလာသော ယုံကြည်ခြင်းကြိုးမျှင်များကို ခံစားနိုင်၏။ သူမနှင့်ပတ်သက်သော လူ့ဧကရာဇ်ရောင်ဝါသည်လည်း ပိုမိုအားကောင်းလာသည်။

ရီမိသားစုတစ်ခုလုံးအလုပ်များနေချိန်တွင် ရီဖန်သည် ကယ်ဆယ်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကာ ချန်မင်နယ်မြေအတွင်း အဆက်မပြတ် လှည့်လည်နေခဲ့သည်။ သူ့ကြိုးစားမှုကြောင့် ကျင့်ကြံသူများ၏မိသားစုများနှင့် ၎င်းတို့၏စွမ်းအားများ ပြန်လည်ရရှိလာသည်ကိုကြည့်ရင်း ရီဖန်၏နှလုံးသားထဲတွင် ကျေနပ်မှုများထွက်ပေါ်လာသည်။

ဤကာလအတွင်း ရီဖန်သည် ဘဝ၏ ရှုထောင့်အမျိုးမျိုးကို တွေ့ကြုံခဲ့ရသည်။ လူ့သဘောသဘာဝသည် ရှုပ်ထွေးလွန်းကာ ၎င်းတို့၏အနှစ်သာရက အထူးအခြေအနေများအောက်တွင်သာ သံသယကင်းစွာထွက်ပေါ်လာသည်။ ရီဖန်သည် ၎င်းတို့ထဲမှ အကောင်းရော အဆိုးပါ သတိပြုမိသည်။

ရီဖန်သည် ဤကာလတွင် သူ၏နှလုံးသားစွမ်းအား ကြီးမားလာကြောင်း ခံစားခဲ့ရသည်။ ရီဖန်၏ယခင်ကဘဝမှာ ချောမွေ့လွန်းနေသည်မှာ ထင်ရှား၏။ ဥာဏ်အလင်း၏အကူအညီဖြင့် ဒုတိယဘဝကို တွေ့ကြုံနေရသော်လည်း ၎င်းကမလုံလောက်သေးချေ။

အခြားအင်မော်တယ် ဧကရာဇ်တိုင်းသည် နှစ်ပေါင်းရာနှင့်ချီမကဘဲ နှစ်ပေါင်းထောင်သောင်းမက နေထိုင်ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့နှင့်ယှဉ်လျှင် ရီဖန်သည် မရင့်ကျက်သေးပေ။ သို့သော် ဤတစ်ကြိမ်တွင် ရီဖန်၏ချို့ယွင်းချက်များ တဖြည်းဖြည်းပြည့်ဝလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး!"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!"

ကျေးဇူးတင်စကားများက ရီဖန်၏အပြုံးကို ပိုမိုတောက်ပစေခဲ့သည်။ ရုတ်တရက် ရီဖန်၏စိတ်ထဲတွင် တဖြည်းဖြည်းကြီးထွားလာသော နှလုံးစွမ်းအားက တစ်ဟုန်ထိုး တိုးလာခဲ့ကာ၊ ချက်ချင်းပင် ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ပဉ္စမအဆင့် အထွတ်အထိပ်ရှိ နှလုံးစွမ်းအားသည် အစောပိုင်း ပဉ္စမအဆင့်ထက် ပိုမိုအားကောင်း၏။

တာအိုဘိုးဘေးအများစုပင်လျှင် နှလုံးစွမ်းအား ပဉ္စမအဆင့် အထွတ်အထိပ်သို့ မရောက်ရှိခဲ့ကြသော်လည်း ရီဖန်သည် ၎င်းတို့ကို ကျော်တက်သွားလေပြီ။ အတွေးတစ်ခုတည်းဖြင့် သူသည် အနီးနားရှိကောင်းကင်ကမ္ဘာများအားလုံးကို မြင်နိုင်သည်။

အနီးနားရှိကောင်းကင်ကမ္ဘာများမှ ကျင့်ကြံသူအများအပြားမှာလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ရီဖန် တွေ့ရှိခဲ့သည်။ကျန်သည့် ပျက်ဆီးခြင်းနတ်ဆိုးများကလည်း လျော့ပါးလာ၏။

နတ်ဆိုးနတ်ဘုရားစစ်မြေပြင်တွင် အရိုးဘိုးဘေးသည် နတ်ဆိုးနတ်ဘုရားရုပ်တုမှ တုန့်ပြန်မှုကိုခံစားရခဲ့ရကာ ၎င်းသည် ပျောက်ကွယ်လုနီးပါး မငြိမ်မသက်ဖြစ်လာကြောင်း သတိထားမိသည်။

"ဘာဖြစ်တာလဲခ ပျက်ဆီးခြင်းနတ်ဆိုးအရေအတွက်က တိုးလာသင့်တာလေ။ အခုက ဘာလို့လျော့သွားတာလဲ"

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့၏ ရလဒ်ကောင်းများကြောင့် ပျက်ဆီးခြင်းဂိုဏ်းသည် ထောင်လွှားလာကာ ပျက်ဆီးခြင်းနတ်ဆိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဂရုမစိုက်တော့ချေ။ ၎င်းတို့၏အမြင်အရ ဖန်ကုစကြဝဠာအတွင်းရှိ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့မကွဲသရွေ့ ပျက်ဆီးခြင်းနတ်ဆိုးအရေအတွက်က တိုးလာလိမ့်မည်။

ဖန်ကုစကြဝဠာတစ်ခုလုံးကို ပျက်ဆီးခြင်းနတ်ဆိုးများ သိမ်းပိုက်နိုင်ရန် စိတ်ကူးမယဉ်ဖူးသော်လည်း အနည်းဆုံးတော့ ၎င်းတို့အရေအတွက်က လျော့မသွားသင့်ပေ။ သို့သော် ယခုတွင် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်သောအခါ ပျက်ဆီးခြင်းနတ်ဆိုးအရေအတွက်က အနည်းဆုံး ထက်ဝက်လောက် လျော့သွားလေပြီ။

ပျက်ဆီးခြင်းဂိုဏ်း၏ ထောက်လှမ်းရေးကွန်ရက်သည် အထင်ကြီးစရာကောင်းသည်ဟုဆိုရမည်။ ၎င်းတို့က ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ရီဖန် ကုသပေးနေသည်အား တွေ့ရှိခဲ့သည်။ နောက်ထပ် ရီမိသားစု ထပ်လာပြန်ပြီ။ တိမ်နက်တာအိုပညာရှင်ထက် မည်သူကမျှ ပိုဒေါသမထွက်နိုင်တော့ချေ။

သူ၏တပည့်ဖြစ်သော တိမ်နီနတ်ဆိုးဘိုးဘေးသည် ရီမိသားစု၏လက်တွင် သေဆုံးသွားခဲ့သည်။ တိမ်နီနတ်ဆိုးဘိုးဘေးသည် ၎င်းတို့၏ ပျက်ဆီးခြင်းဂိုဏ်းတွင် ၎င်း၏အသိဥာဏ်ကိုမဆုံးရှုံးစေဘဲ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ထိန်းချုပ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

သူသည် တိမ်နီနတ်ဆိုးဘိုးဘေးကို တာအိုဘိုးဘေးနယ်မြေ ပျက်ဆီးခြင်းနတ်ဆိုးမြောက်မြားစွာဖန်တီးရာတွင် အသုံးပြုရန် စီစဉ်ခဲ့သည်။ နတ်ဆိုးဘိုးဘေးများသည် ပုံမှန်တာအိုဘိုးဘေးများကဲ့သို့ အင်အားမရှိသော်လည်း ၎င်းတို့၏အရေအတွက်များနေသရွေ့ ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

သူသည် ဤအောင်မြင်မှုမှတစ်ဆင့် ပျက်ဆီးခြင်းနတ်ဆိုးများ၏ခွင့်ပြုချက်ကို ရရှိခဲ့သည်။

သို့သော် တိမ်နီနတ်ဆိုးဘိုးဘေးကို ရီဖန်က ရှင်းလင်းလိုက်သောကြောင့် မျှော်လင့်ချက်များ ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ တိမ်နက်တာအိုပညာရှင်က ပျက်ဆီးခြင်းဂိုဏ်းကို ဦးစားပေးရန်မလိုပါက ရီဖန်ကိုအရေးယူခဲ့ပြီးဖြစ်လိမ့်မည်။

ထို့အပြင် ရီဖန်၏နောက်ကွယ်၌ ထိပ်တန်းဗောဓိဘိုးဘေးတစ်ဦးလည်း ရှိနေသည်မဟုတ်လား။ အကယ်၍ ထိပ်တန်းတာအိုဘိုးဘေးက လက်စားချေရန် ဆုံးဖြတ်ခဲ့လျှင် ပျက်ဆီးခြင်းဂိုဏ်းသည်လည်း အခက်တွေ့လိမ့်မည်။ ယခုတွင် ပျက်ဆီးခြင်းဂိုဏ်းမှ အဖွဲ့ဝင်များသည် တိမ်နက်တာအိုပညာရှင်အပေါ် ၎င်းတို့၏ဆုံးဖြတ်ချက်ကို အနည်းငယ်နောင်တရနေကြ၏။

……………..

အခန်း ၂၉၀ - စုယန်၏ ပျက်ဆီးခြင်းဘိုးဘေးကို သိမ်းသွင်းမှု

ရီဖန်ကို စောစီးစွာ သုတ်သင်နိုင်ခဲ့ပါက ၎င်းသည် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကိုဖျက်ဆီးရန် နည်းလမ်းရှာနိုင်မည်မဟုတ်ပေ။

"ရီမိသားစုကို လွှတ်ပေးလို့မရဘူး။ သူတို့ကို ချက်ချင်းရှင်းပစ်ရမယ်"

အရိုးဘိုးဘေး၏အကြည့်သည် ဝူရှန်းဘိုးဘေးအပေါ်သို့ ကျရောက်သွားသည်။ တကယ်တမ်းတွင် လက်ရှိ ရီမိသားစုအတွင်း အကြီးမားဆုံး "သစ္စာဖောက်" မှာ ဝူရှန်း၏ တပည့်ဖြစ်သည်။ ထို့ကြောင့် စုယန်နှင့် စတင်ခြင်းက ရီမိသားစုနှင့် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မည်။

ဖန်ကုစကြဝဠာရှိ တာအိုဘိုးဘေးများသည် အရူးများမဟုတ်ပေ။ ၎င်းတို့က ရီဖန်ကို သေချာပေါက် ကာကွယ်နိုင်လိမ့်မည်ဖြစ်သောကြောင့်၊ ၎င်းတို့အနေဖြင့် ရီဖန်ကိုတိုက်ခိုက်ရန် လွယ်မည်မဟုတ်ချေ။

ရီဖန်ကိုဖြေရှင်းပြီးနောက်တွင် စုယန်အတွက် မည်သို့ဖြစ်လာမည်ကိုမူ ပျက်ဆီးခြင်းဘိုးဘေးများက လုံးဝမစိုးရိမ်ပေ။ ဝူရှန်းဘိုးဘေးကသာ အလွန်စိတ်မကောင်းဖြစ်ပုံရသည်။ ဤသူများ၏စိတ်ထဲတွင် သူ့တပည့်အတွက် နေရာမရှိကြောင်းသိထားပြီးဖြစ်သည်။

၎င်းတို့၏ရည်မှန်းချက်များ အောင်မြင်နိုင်သရွေ့ သူ့ကိုယ်သူစတေးရန်ပင် လုံး၀တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် ဝူရှန်းသည် စုယန်ကိုမစတေးချင်ချေ။ သူ့တပည့်စုယန်က ဝူရှန်းအတွက် အလွန်အရေးကြီးသည်။

"ငါကန့်ကွက်တယ်!" ဝူရှန်းဘိုးဘေးသည် ငြင်းဆန်ခြင်းကအသုံးမဝင်ကြောင်း သိသော်လည်း ငြင်းဆိုရန်တွန့်ဆုတ်မနေပေ။

"ဝူရှန်း၊ အခုက ငါတို့ပျက်ဆီးခြင်းဂိုဏ်းတစ်ခုလုံးရဲ့ အကျိုးစီးပွားပဲ၊ မင်းရဲ့အကျိုးအတွက်နဲ့ပဲ ဒီလိုဆုံးဖြတ်လို့မရဘူး"

တိမ်နက်တာအိုပညာရှင်က ဝူရှန်းဘိုးဘေးကို အခြေအနေကိုခြုံငုံမစဉ်းစားတတ် ဟူ၍ဆုံးမခဲ့သည်။

၎င်း၏အမြင်တွင် သူ့တပည့်သေဆုံးသွားပါက ဝူရှန်းတပည့်ကိုလည်း အလွတ်မပေးသင့်ချေ။ စုယန်သည် နဂိုတည်းက ချန်မင်ကမ္ဘာကို ထိန်းချုပ်ထားသောကြောင့် သူလည်းသေသင့်သည်။

တိမ်နီနတ်ဆိုးဘိုးဘေးအတွက် စုယန်၏ရာထူးကို လုယူခဲ့သူမှာ သူဖြစ်ကြောင်းကိုမူ တိမ်နက်တာအိုပညာရှင်က လုံးဝမေ့လျော့နေခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့တပည့်ကိုအသေမခံနိုင်ဘူး"

ဝူရှန်း၏ရောင်ဝါက ချက်ချင်းပေါက်ကွဲသွားပြီးနောက် ၎င်းတို့၏အကြံအစည်များကို သူ့အစွမ်းဖြင့် ပိတ်ဆို့ထားသည်။ သို့သော် နောက်အခိုက်အတန့်တွင်၊ ဝူရှန်းသည် သူ၏ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးနတ်ဘုရား၏ကန့်သတ်ချက်များ ရုတ်တရက်အသက်ဝင်လာသည်ကို ခံစားလိုက်ရသည်။

သူ၏စွမ်းအားသည် ချက်ခြင်းချိတ်တံဆိပ်ပိတ်ခံလိုက်ရ၏။

ဝူရှန်းသည် နတ်ဆိုးနတ်ဘုရားရုပ်တုကို အံ့ဩစွာ မော့ကြည့်လိုက်သည်။ ဤကိစ္စရပ်များတွင် နတ်ဆိုးနတ်ဘုရားသည် အမြဲကြားနေသည်မဟုတ်လား။ ဤတစ်ကြိမ်တွင် အဘယ်ကြောင့် တခြားသူများဘက်သို့ ပါနေရသနည်း။

ဝူရှန်းသည် ပျက်ဆီးခြင်းဂိုဏ်းအတွက် သူ၏ပံ့ပိုးကူညီမှုများမှာ အရေးမပါကြောင်း သိရှိလိုက်ရသည်။ သူလိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ၊ နှစ်များတစ်လျှောက်တွင် ပျက်ဆီးခြင်းဂိုဏ်းအတွက် မရေမတွက်နိုင်သော သူလျှိုများကို ကျင့်ကြံပေးခဲ့သော်လည်း စွန့်ပစ်ခံခဲ့ရသည်။ ဝူရှန်း၏ယုံကြည်ချက်မှာ ယိမ်းယိုင်လာ၏။

အဓိကအကြောင်းအရင်းမှာ ဝူရှန်းသည် ပျက်ဆီးခြင်းဂိုဏ်းမှ မလွတ်မြောက်နိုင်မှန်း သိနေသောကြောင့်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ ကန့်သတ်ချက်များရှိသည်။ ဤကန့်သတ်ချက်များရှိနေသရွေ့ သူသည် ပျက်ဆီးခြင်း ဂိုဏ်းကို သစ္စာဖောက်ပါက၊ သေခြင်းတရားနှင့် ကြုံရလိမ့်မည်။

၎င်းသည် ပျက်ဆီးခြင်းဂိုဏ်းမှ တာအိုဘိုးဘေးများက ဝူရှန်းအရေးပါမှုကိုသိသော်လည်း သူ့ကိုဖိအားပေးကာ သတ္တိရှိရှိခိုင်းစေရဲသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်၏။

"ဝူရှန်း၊ ဒီကိစ္စကို မင်းကန့်ကွက်လို့မရတော့ဘူး"

မကြာမီတွင် နတ်လက်နက်တစ်ခုက ဝူရှန်းကို တံဆိပ်ခတ်လိုက်သောကြောင့် သူ ခုခံနိုင်စွမ်းမရှိတော့ပေ။ ထို့နောက် အရိုးဘိုးဘေးက စုယန်၏တိုကင်ကိုရှာကာ သူမကို စတင်ဆက်သွယ်ခဲ့သည်။

"စုယန်၊ မြန်မြန်လာ!"

ချန်မင်ကမ္ဘာကို ထိန်းချုပ်မှုဆုံးရှုံးသွားသည့်အချိန်မှစ၍ စုယန်သည် ယင်ယန်ဂိုဏ်းအတွင်း လုံးဝ ဘေးဖယ်ခံထားရသည်။ စုယန်အားး လူ့ဧကရာဇ် ရတနာများကိုရှာဖွေရန် ပြောခဲ့သော်လည်း လက်တွေ့တွင် စုယန်၏အင်အားကို တဖြည်းဖြည်း လျော့ပါးသွားစေရန်ဖြစ်သည်။

ပျက်ဆီးခြင်းဂိုဏ်းကို ကျူးကျော်ဝင်ရောက်သည့် အချိန်၌ပင် စုယန်သည် မည်သည့်အကြောင်းကြားချက်မှ မရရှိခဲ့ပေ။ သို့သော် စုယန်မှာ အလွန်အမင်းစိတ်ပူမနေဘဲ ၎င်းကို ငြီးငွေ့နေပြီဖြစ်သည်။

သူမ၏ကြင်နာသောဆရာဖြစ်သူ ဝူရှန်းကြောင့်သာမဟုတ်ပါက စုယန်သည် ပျက်ဆီးခြင်းဂိုဏ်းမှ အစောတည်းကထွက်ခွါသွားပြီးဖြစ်လိမ့်မည်။

"စုယန်၊ တစ်လခွဲအတွင်း ငါပြောတဲ့ နေရာကိုလာခဲ့။ ဂိုဏ်းအတွက် မင်းလုပ်စရာတွေရှိတယ်။ မလာဖို့ မစဉ်းစားနဲ့၊ မင်းရဲ့အထောက်အထားကို လူတိုင်း သိသွားအောင် ဖြန့်လိုက်မယ်"

အေးစက်သောအသံတစ်ခုက စုယန်၏စိတ်ထဲသို့ ဝင်ရောက်လာကာ သူမကို မျက်မှောင်ကြုတ်မိသွားစေသည်။

ဤဆက်သွယ်ရေးသင်္ကေတသည် ပျက်ဆီးခြင်းဂိုဏ်းနှင့် သက်ဆိုင်သည်၊ သို့သော် ၎င်းသည် ဝူရှန်း၏ အသံမဟုတ်ပေ။

ထို့ကြောင့် စုယန်သည် ပျက်ဆီးခြင်း ဂိုဏ်းအတွင်း တစ်ခုခုဖြစ်နေကြောင်း သဘောပေါက်သွား၏။ သို့မဟုတ်ပါက ဝူရှန်းက သူ့ကို မဆက်သွယ်စရာအကြောင်းမရှိပေ။ ပျက်ဆီးခြင်းဂိုဏ်းက စုယန်ကိုရွေးချယ်ခွင့်မပေးဘဲ သူမကိုအကြောင်းကြားရုံသာဖြစ်သည်။

ဤတစ်ကြိမ်တွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေပုံရသည်။ သေချာသည်မှာ စုယန်က မည်သည့်ကြောက်ရွံ့မှုကိုမှ မခံစားရပေ။ သူမကျုရှုံးသွားခြင်းကသာ အနည်းငယ်ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

"အဘွား၊ အပြင်ဘက်မှာ အဘွားရဲ့ ဆရာလို့ ပြောနေတဲ့သူတစ်ယောက်ရှိတယ်!"

ရီမိသားစုအပြင်ဘက်တွင် သာမန်ကျင့်ကြံသူဟုထင်ရသည့် သူတစ်ဦးက ရီမိသားစုနယ်မြေကိုကြည့်နေခဲ့သည်။ ၎င်းက သာမာန်လူမဟုတ်သည်မှာ သိသာထင်ရှား၏။

ဤလူသည် ဝူရှန်းဘိုးဘေး၏ မရေမတွက်နိုင်သော ကိုယ်ပွါးများထဲမှ တစ်ဦးဖြစ်သည်။ သူ့အပေါ်ချမှတ်ထားသော ပျက်ဆီးခြင်းဂိုဏ်းကို ကန့်သတ်ချက်အကြောင်းကို တွေးမိပြီး ဝူရှန်းဘိုးဘေးကအေးစက်စွာ ပြုံးလိူက်သည်။

သူ့ကိုယ်ပွား၏ကြီးထွားမှုအဆင့်သည် သူ၏ပင်မခန္ဓာကိုယ်ထက် မမြင့်မားသော်လည်း၊ အကြောင်းကြားစာများ ပေးပို့ခြင်းသည် အလွန်ရိုးရှင်းပါ၏။

စုယန်သည် တံခါးဆီသို့ အလျင်အမြန်ရောက်လာကာ သာမန်ဟုထင်ရသောကျင့်ကြံသူကိုမြင်ပြီးနောက် ၎င်းမှာ ဝူရှန်းဘိုးဘေး၏ကိုယ်ပွါးဖြစ်ကြောင်း မှတ်မိလိုက်သည်။ ၎င်းတို့၏အသွင်အပြင်သည် အတူတူပင်။

"ဆရာ၊ ဒီကိုဘယ်လိုရောက်လာတာလဲ" စုယန်က မေးသည်။

"ငါမလာရင် မင်းဒုက္ခရောက်တော့မှာလေ"

ဝူရှန်းဘိုးဘေးက ကူကယ်ရာမဲ့စွာပြောလိုက်သည်။

သူမနေနိုင်ချေ။ နောက်ဆုံးတွင် ဝူရှန်းဘိုးဘေး၏တပည့်ဖြစ်သူမှာ စုယန်တစ်ယောက်သာရှိသည်။

မူခက ဝူရှန်းဘိုးဘေးသည် စုယန်၏ အရည်အချင်းကြောင့်သာ သူ့တပည့်အဖြစ် လက်ခံခဲ့သော်လည်း တဖြည်းဖြည်း အမြင်ကောင်းများရှိလာ၏။

အထူးသဖြင့် စုယန်သည် အလွန်ထူးချွန်သူဖြစ်ကာ ဝူရှန်းဘိုးဘေးကိုလည်း လေးစားခဲ့သောကြောင့်၊ ဤတပည့်ကို သဘောမကျဘဲမနေနိုင်ပေ။ သူ့ဘဝတွင် အမှားများစွာကို ကျူးလွန်ခဲ့သော်လည်း စုယန်ကိုတော့ အမှန်တကယ် ဂရုစိုက်ခဲ့ပါ၏။

"တစ်ယောက်ယောက်က မင်းကို တစ်ခုခုလုပ်ဖို့ အကြောင်းကြားခဲ့လား"

“ဟုတ်တယ်” စုယန်ကလည်း ဖုံးကွယ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

"သူတို့ကို မင်းကို ရီမိသားစုနဲ့ ပက်သက်ပြီး ကိုင်တွယ်စေချင်တာ"

ဝူရှန်းဘိုးဘေးက သက်ပြင်းချလိုက်ပြီး အလွန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ဆရာတစ်ဦးအနေဖြင့် ယနေ့အဖြစ်အပျက်ကိုမတားနိုင်ဘဲ သူ့တပည့်ကို မကူညီနိုင်ခဲ့ချေ။

"မင်း လှုပ်ရှားပြီးတော့ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားပြီးပြီလား" စုယန်သည် မည်သို့ဖြေရမည်ကို မသိသောကြောင့် ခေါင်းကိုသာငုံ့ထားသည်။

အကယ်၍ စုယန်ကသာ ပျက်ဆီးခြင်းဂိုဏ်းမှ လျှို့ဝှက်ထောက်လှမ်းရေးတစ်ဦးဖြစ်ပါက ဤအခြေအနေတွင် ထွက်လမ်းမရှိတော့ပေ။ သူမ လုပ်ဆောင်သည်ဖြစ်စေ မလုပ်ဆောင်သည်ဖြစ်စေ အရှက်တကွဲအဆုံးသတ်ရလိမ့်မည်။

ပျက်ဆီးခြင်းဂိုဏ်းအပေါ်ထားရှိသော ဖန်ကုစကြဝဠာ၏ လက်ရှိသဘောထားကြောင့် စုယန်၏အထောက်အထားကို သိရှိသွားပါက သူမကို ချမ်းသာပေးလိမ့်မည်မဟုတ်ချေ။

"အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်၊ ချက်ချင်းထွက်ပြေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကိုယ် ဝန်ခံတာဖြစ်ဖြစ်ပေါ့။ ပျက်ဆီးခြင်းဂိုဏ်းကို ပြန်သွားစရာ မလိုပါဘူး၊ သူတို့ရဲ့ တားမြစ်ချက်က မင်းအပေါ် လုံးဝအလုပ်မဖြစ်ဘူးလို့ ငါထင်တယ်"

ထိုစကားကိုကြားသောအခါ စုယန်ရုတ်တရက် ခေါင်းမော့ကာ ဝူရှန်းဘိုးဘေးကို ထိတ်လန့်စွာကြည့်လိုက်သည်။

"ဆရာ အကုန်သိတာလား"

"ငါက အရူးမဟုတ်ဘူး၊ ဘယ်လိုလုပ်မသိဘဲ နေမလဲ"

ဝူရှန်းဘိုးဘေးကဒေါသတကြီးပြန်ပြောသည်။ နှစ်တစ်သန်းကျော်နေထိုင်ခဲ့သော မြေခွေးအိုကြီးက စုယန်၏လှည့်စားခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ဝူရှန်းဘိုးဘေးက သူမကိုမဖော်ထုတ်ရခြင်းမှာ သူ့ကိုယ်သူ စုယန်၏ဆရာအဖြစ် လုံးဝသတ်မှတ်ထားသောကြောင့်ဖြစ်သည်။

ဝူရှန်းဘိုးဘေးသည် စုယန်၏ပုံမှန်မဟုတ်သောအပြုအမူကို တပည့်အဖြစ်လက်မခံမီက သတိပြုမိပါက မည်သို့ဆက်ဆံလိမ့်မည်ဖြစ်ကြောင်း စဉ်းစားမိသည်။ ဝူရှန်းဘိုးဘေးသည် သူ၏တပည့်လိမ္မာအပေါ်တွင် အရေးမယူရက်သောကြောင့် ၎င်းအတွက် အဖြေရှိမည်မဟုတ်ပေ။

"ဟဲဟဲ ဆရာ၊ ကျွန်မ လှည့်စားဖို့မရည်ရွယ်ပါဘူး"

စုယန်က လွန်စွာရှက်သွားကာ ရယ်နေရသည်။ ယခုနှစ်များအတွင်း သူမ၏စွမ်းဆောင်မှုသည် အချည်းနှီးဖြစ်ခဲ့ပုံရသည်။

"ဆရာ့ကို ပျက်ဆီးခြင်းဂိုဏ်းမှာ မထားခဲ့နိုင်ပါဘူး။ ဆရာထွက်လာနိုင်ရင် ပိုကောင်းလိမ့်မယ်။ သူတို့နဲ့ အတူရှိနေရင် ဘယ်တော့မှလွတ်မြောက်မှာ မဟုတ်ဘူး"

ဝူရှန်းဘိုးဘေးသည်လည်း နောင်တဖြင့်ပြည့်နှက်နေခဲ့သည်။ သူ၏စွမ်းရည်များကို တွေ့ရှိသွားသောအခါ ပျက်ဆီးခြင်းဂိုဏ်းထဲသို့ ဝင်ရောက်ခိုင်းခဲ့သည်။ ထိုအချိန်က ဝူရှန်းဘိုးဘေးထံတွင် ပျက်ဆီးခြင်းဂိုဏ်းကို ငြင်းပယ်နိုင်သည့် အရည်အချင်းမရှိပေ။

ယခုလည်း ပျက်ဆီးခြင်းဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို သူသိခဲ့ပြီးဖြစ်သောကြောင့် သူ့ကိုလွှတ်ထားမည်မဟုတ်ပေ။ စုယန်သည် ဝူရှန်းဘိုးဘေး၏အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်သွားကာ၊ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။

ရီဖန်သည် ဝူရှန်းဘိုးဘေး၏ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မည်။ ဤနည်းဖြင့် စုယန်သည် ပျက်ဆီးခြင်းဂိုဏ်းမှ ထွက်ခွါသွားသည့်တိုင် ရီမိသားစုက ပျက်ဆီးခြင်းဂိုဏ်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ဆဲဖြစ်လိမ့်မည်။

……….

အခန်း ၂၉၁ - ဝူရှန်းဘိုးဘေးက အကြီးမားဆုံးသစ္စာဖောက်တစ်ဦးဖြစ်သည်

"ဆရာ တစ်ယောက်ယောက်က ဆရာ့ကို တားမြစ်ထားတဲ့စည်းတံဆိပ်ကို ဖယ်ရှားနိုင်ရင် ပျက်ဆီးခြင်းဂိုဏ်းကနေ ထွက်လို့ရနိုင်လား"

ဝူရှန်းဘိုးဘေးကို အတွင်းသူလျှိုအဖြစ်မွေးမြူရန်အတွက် စုယန်က စိတ်ရောကိုယ်ပါကြိုးစားနေခဲ့သည်။ ၎င်းကိုကြားသည့်အခါ ဝူရှန်းဘိုးဘေးက အံ့ဩသွားကာ “စည်းတံဆိပ်ကို ဖယ်ရှားနိုင်တာလား” ဟု မျှော်လင့်တကြီး မေးလိုက်သည်။

စုယန်ကို ပစ်မှတ်ထားသည့် စည်းတံဆိပ်က သူမအပေါ်တွင် ထိရောက်မှုမရှိသည်မှာထင်ရှား၏။ ရီရှောင်းရှောင်းထံတွင် စည်းတံဆိပ်ကို ဖယ်ရှားနိုင်မည့် ထူးခြားသောစွမ်းရည်အချို့ ရှိနိုင်ပါသလား။

"ဟင့်အင်း!" စုယန်က ခေါင်းယမ်းပြရှာသည်။

ဝူရှန်းဘိုးဘေးက ဆွံ့အသွားရ၏။ မလုပ်နိုင်ပါက အဘယ်ကြောင့် မေးနေရသေးသနည်း။

"ကျွန်မ မလုပ်နိုင်ပေမယ့် ကျွန်မမျိုးသား လုပ်နိုင်တယ်လေ!"

ထိုစကားများက ဝူရှန်းဘိုးဘေးအတွက် မျှော်လင့်ချက်ကိုတစ်ဖန် လင်းလက်စေခဲ့၏။ ရီမိသားစု၏အကြီးအကဲရီဖန်ကို သတိမထားမိရန် ခက်ခဲသည်။ လက်ရှိအချိန်တွင် ရီဖန်သည် ဖန်ကုစကြာဝဠာတစ်ခုလုံးတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

တာအိုဘိုးဘေးများပင်မတတ်နိုင်သော နတ်ဆိုးမျိုးစေ့ပြဿနာကို ဖြေရှင်းပြီးနောက်၊ အနည်းဆုံး သူ့မိသားစုကို အချိန်တိုအတွင်း အထိအခိုက်မရှိအောင် ကာကွယ်ထားနိုင်ခဲ့သည်။ ရီဖန်သည် သူ့ကိုစည်းတံဆိပ်မှ လွှတ်ပေးနိုင်သည့်စွမ်းအားရှိကြောင်းကို ဝူရှန်းဘိုးဘေးက အံ့အားသင့်နေခြင်းမရှိပေ။

"ကျွန်မ သူ့ကိုသွားမေးမယ်"

စုယန်သည် နှောင့်နှေးမနေဘဲ ရီဖန်ထံ တိိုက်ရိုက်သွားကာ ဝူရှန်းဘိုးဘေးကို သူလျှိုအဖြစ်သို့ပြောင်းလဲမည့် အကြံကိုပြောပြခဲ့သည်။ ထုံးစံအတိုင်း ရီဖန်ကလည်း ထိုအကြံကိုမကန့်ကွက်ခဲ့ပေ။ ပျက်ဆီးခြင်းဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်သောကြောင့် သူလျှိုတစ်ဦးရှိခြင်းက အကျိုးရှိလိမ့်မည်။

"ကျွန်တော် ဝူရှန်းဘိုးဘေးကိုတွေ့ဖူးပါတယ်"

တကယ်တမ်းတွင် ရီဖန်သည် ဝူရှန်းဘိုးဘေးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမဟုတ်ပေ။ ရီဖန်၏ ပျက်ဆီးခြင်းကမ္ဘာတွင်လည်း ဝူရှန်းဘိုးဘေးတည်ရှိသည်။

"အကြီးအကဲရီ ကျန်းမာပါစ"

ဝူရှန်းဘိုးဘေးက သူသည်တစ်နေ့တွင် ရီဖန်နှင့် အေးအေးဆေးဆေး စကားစမြည်ပြောနေရလိမ့်မည်ဟု မတွေးဖူးချေ။

"ဝူရှန်းဘိုးဘေးခဗျာ၊ ခင်ဗျားရဲ့ စည်းတံဆိပ်ကို တင်ဖို့ အရင်စမ်းကြည့်ပါရစေ"

“ကောင်းပါပြီ” ဝူရှန်းဘိုးဘေးက မကန့်ကွက်ဘဲ ခေါင်းညိတ်လိုက်သည်။

ရီဖန်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ဝူရှန်းဘိုးဘေး၏ နောက်ကျောကိုဖိလိုက်ပြီး သူ၏ စိတ်ဝိညာဉ်ပင်လယ်ဆီသို့ တွန်းပို့လိုက်သည်။ မကြာမီတွင် ဝူရှန်းဘိုးဘေး၏ စိတ်ဝိညာဉ်၌ ရေးထိုးထားသည့် တားမြစ်စည်းတံဆိပ်ကို တွေ့ရှိခဲ့သည်။

ဤတံဆိပ်သည် မယုံနိုင်လောက်အောင် ရှုပ်ထွေးကာ၊ ရီဖန် ယခင်ကမကြုံဖူးသော အရာတစ်ခုဖြစ်သည်။ သို့သော် သူနှင့်ရင်းနှီးမှုမရှိခြင်းက သူ ၎င်းကို မဖယ်ရှားနိုင်ဟု မဆိုလိုချေ။ ထို့အပြင် ရီဖန်သည် အလားအလာရှိသော အရာတချို့ကို တွေ့ရှိခဲ့သည်။

စည်းတံဆိပ်ကို ပျက်ဆီးခြင်းစွမ်းအားဖြင့် တည်ဆောက်ထားကာ ၎င်းကနတ်ဆိုးမျိုးစေ့နှင့် အလွန်ဆင်တူသည်။ အခြားသူများအတွက် ပျက်ဆီးခြင်းစွမ်းအားကို လက်လှမ်းမမီနိုင်သော်လည်း၊

ရီဖန်အတွက်မူ ၎င်းမှာ အလွန်ရိုးရှင်းလှ၏။

"ဒါက သိပ်ပြဿနာမရှိဘူး"

ရီဖန်ပြုလုပ်ရမည့်အရာမှာ စည်းတံဆိပ်အတွင်းမှ ပျက်ဆီးခြင်းစွမ်းအားကိုထုတ်ယူခြင်းဖြင့် ၎င်းကို ပြီးပြည့်စုံစွာဖြေရှင်းနိုင်မည်ဖြစ်သည်။

"တကယ်လား?"

ဝူရှန်းဘိုးဘေးသည် ထူးထူးခြားခြား စိတ်လှုပ်ရှားနေ၏။ သို့သော်လည်း သူ သံသယဝင်မိသည်။ အင်မော်တယ်ဧကရာဇ်ရီဖန်သည် တာအိုဘိုးဘေးပင် မဖြေရှင်းနိုင်သည့်ပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။

“ကျွန်တော့မှာ ခင်ဗျားကိုလှည့်စားစရာ ဘာအကြောင်းမှ မရှိပါဘူး” ရီဖန် အင်အားအနည်းငယ်သုံးပြီးနောက် စည်းတံဆိပ်က အနည်းငယ်ဖြေလျော့သွားပုံရသည်။ အခြားသူများက ထိုကဲ့သို့သေးငယ်သော လှုပ်ရှားမှုများကို သတိမထားမိကြသော်လည်း နှစ်ပေါင်းတစ်သန်းကြာပိတ်မိနေသော ဝူရှန်းဘိုးဘေးက ၎င်းကိုခံစားသိရှိရသည်။

"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"

ဝူရှန်းဘိုးဘေးက အော်ဟစ်ရယ်မောလိုက်ရာ သူ့ပါးပြင်ပေါ်သို့မျက်ရည်များပင် စီးကျလာသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက စည်းတံဆိပ်တုံးထဲတွင် ပိတ်မိနေခဲ့ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။

သူသည် အချိန်မရွေး အသတ်ခံရနိုင်သော ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ ခွေးတစ်ကောင်မျှသာဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူ လွတ်မြောက်နိုင်တော့မည်ဖြစ်ရာ မပျော်ရွှင်ဘဲ မနေနိုင်တော့ချေ။

"ငါ ဘာပြန်ပေးရမှာလဲ"

သူအလွန်ပေါက်ကွဲပြီးနောက် ဝူရှန်းဘိုးဘေးသည် ပြန်လည်တည်ငြိမ်သွား၏။ ဤမျှကြီးမားသောကိစ္စအတွက် အဖိုးအခပေးရမည်ဖြစ်ကြောင်းကို သူကောင်းကောင်းသိသည်။

"ခင်ဗျားက စုယန်ရဲ့ဆရာပဲ၊ ဘာမှပြန်မတောင်းပါဘူး"

ရီဖန်သည် ပျက်ဆီးခြင်းဂိုဏ်း၏အင်အားစုထဲသို့ စိမ့်ဝင်နိုင်လျှင်ပင် ကျေနပ်နေပြီဖြစ်သည်။

"ဆရာ၊ ဆရာ့မှာ သွားစရာနေရာမရှိရင် ကျွန်မတို့ ရီမိသားစုမှာ ဧည့်သည်အကြီးအကဲလုပ်လိုက်ပါလား"

စုယန်က ရုတ်တရက်အဆိုပြုလာသည်။

ဝူရှန်းဘိုးဘေး ယခင်ကလုပ်ဆောင်ခဲ့သော အရာများကြောင့် အခြားသောအင်အားစုများက သူ့ကို လက်ခံလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ နယ်မြေအတွင်း၌ပင် ရွေးချယ်မှုများသေချာပြုလုပ်ရန် လိုအပ်သည်။

"ဟုတ်ပါပြီ၊ ရှောက်ယန်ပြောတဲ့ အတိုင်းပဲ"

နှစ်များကြာသွားပြီးနောက် ဝူရှန်းဘိုးဘေးသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ဧည့်သည်အကြီးအကဲတစ်ယောက်ဖြစ်ရခြင်းက သူ့ကို နိမ့်ကျစေလိမ့်မည်မဟုတ်ပေ။ ၎င်းက ပျက်ဆီးခြင်းဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်းထက် ပိုကောင်းလိမ့်မည်။

ရီဖန်သည် နောက်ထပ်ညှိနှိုင်းခြင်းမရှိတော့ဘဲ ဝူရှန်းဘိုးဘေး၏ စိတ်ဝိညာဉ်ပင်လယ်ထံမှ စည်းတံဆိပ်ကို ချက်ချင်းချိုးဖျက်လိုက်သည်။ ပျက်ဆီးခြင်းစွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ စည်းတံဆိပ်သည် ပို၍အားနည်းလာသည်။

နောက်ဆုံးတွင် ၎င်း၏စွမ်းအားကို လုံးဝဆုံးရှုံးသွားခဲ့ရကာ ဝူရှန်းဘိုးဘေးသည် ၎င်း၏လွတ်လပ်မှုကို နောက်တစ်ကြိမ်ထပ်မံခံစားခဲ့ရသည်။ စည်းတံဆိပ်သည် ထိုနေရာတွင်ရှိနေသော်လည်း ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကိုယ်တိုင်က ၎င်းကိုအသက်မသွင်းသရွေ့ ထိုလုပ်ဆောင်ချက်ကို သတိပြုမိမည်မဟုတ်ပေ။

ဝူရှန်းဘိုးဘေးကို ထားရခြင်းအကြောင်းမှာ သူ့ကို အတွင်းသူလျှိုအဖြစ်ထားရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့် ၎င်းကိုသာရှာဖွေတွေ့ရှိသွားပါက သူလျှိုအဖြစ် မည်သို့ဆက်သရုပ်ဆောင်နိုင်လိမ့်မည်နည်း။

“ရှောင်ယန်၊ ငါ ကိစ္စနည်းနည်းရှင်းရဦးမယ်၊ ပြီးမှ မင်းကို လာရှာမယ်"

ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ ချက်ချင်းထွက်ခွာရန် အစီအစဉ်မရှိပေ။ သူဆက်နေပြီး ၎င်းတို့ကို ပတ်မွှေပေးရဦးမည်။ ထို့ကြောင့် စုယန်ကို ကျောက်စိမ်းစလစ်တစ်စောင် ပေးထားခဲ့သည်။

ကျောက်စိမ်းစလစ်ထဲတွင် စာရင်းတစ်ခုပါရှိ၏။

၎င်းမှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးက ထည့်သွင်းထားသော သူလျှိုများစာရင်းဖြစ်သည်။

တာအိုဘိုးဘေးသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် သူလျှိုမွေးမြူရေးကို အထူးတာဝန်ယူထားသောကြောင့် ထိုစာရင်းကိုရယူရန်မှာ အပန်းမကြီးချေ။ ပျက်ဆီးခြင်းဂိုဏ်းက ဝူရှန်းဘိုးဘေးသည် သူတို့ကို သစ္စာဖောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဝူရှန်းဘိုးဘေးသည် စာရင်းကိုလွှဲပြောင်းပေးရာ၌ အပြစ်ရှိစိတ်စိုးစဉ်းမျှပင် မခံစာရလိုက်ရချေ။ သူသည် နှစ်ပေါင်းများစွာ ခေါင်းပုံဖြတ်ခံခဲ့ရသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထံမှ တရားမျှတမှုကို ပြန်ရှာရလိမ့်မည်။

ကျောက်စိမ်းစလစ်အတွင်းမှစာရင်းကို ကြည့်ပြီးနောက် စုယန်က အပြုံးကြီးပြုံးလိုက်သည်။

ယခုတစ်ကြိမ်တွင် ပျက်ဆီးခြင်းဂိုဏ်းသည် သိသိသာသာ ထိုးနှက်ခံရတော့မည်။

……………

All Chapters