← Chapters

အခန်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အခန်း ၂၉၂-၂၉၄

Vol. 20 Ch. 292-294

အခန်း ၁၉၂ - ဝူရှန်းဘိုးဘေးက အကြီးမားဆုံးသစ္စာဖောက်တစ်ဦးဖြစ်သည်

"ဝူရှန်း၊ ဒီတစ်ခါတော့ ဂိုဏ်းကဘာမှမလုပ်နိုင်တော့ဘူး။ မင်းရဲ့တပည့်ကို စတေးခံမှရတော့မယ်။ မင်းနားလည်ဖို့ မျှော်လင့်ပါတယ်!"

ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်သောကြောင့် အရိုးစုဘိုးဘေးက ဝူရှန်းကိုစည်းရုံးနေခဲ့သည်။

"အင်း ငါသဘောတူပါတယ်”

အမြဲလိုလို တွန့်ဆုတ်နေခဲ့သော ဝူရှန်းဘိုးဘေးက လိုလားစွာပြောလာသောကြောင့်၊ အရိုးစုဘိုးဘေးက အလွန်ဝမ်းသာသွားသည်။ ဝူရှန်းဘိုးဘေးသာ သဘောတူခဲ့လျှင် ယခုတစ်ကြိမ်တွင် ၎င်းတို့၏အကြံအစည်အောင်မြင်မည်မှာ သေချာပါ၏။

ထို့နောက်တွင် သူတို့လုပ်ရမည်မှာ စုယန်က ရီဖန်ကို ကိုင်တွယ်မည့်အချိန်ကို စောင့်ဆိုင်းရန်ဖြစ်သည်။

ရီမိသားစု၏အတားအဆီးမရှိဘဲ နတ်ဆိုးမျိုးစေ့စီမံကိန်းကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်။ ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ ပြန်လည်နိုးလာမည့်အရှိန်ကလည်း ပိုမြန်လာလိမ့်မည်။

တစ်ဖက်တွင် ဝူရှန်းဘိုးဘေးပေးသောစာရင်းကို ယူဆောင်လာသည့် ရီဖန်မှာ စတုရန်းလက်မတောင်တောင်သို့ရောက်ရှိခဲ့သည်။

"ဆရာ၊ ဒါက ဝူရှန်းဘိုးဘေးဆီကရတဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးရဲ့ စာရင်းပါ။ ဒီလူတွေကို ငါတို့ ရှင်းရမလဲ ကြည့်ကြတာပေါ့"

လူသတ်လိုစိတ်က ရီဖန်၏မျက်လုံးများထဲတွင် ပြည့်နှက်သွားသည်။ လူသားမျိုးနွယ်စုကို သစ္စာဖောက်ခဲ့သော ဤသတ္တဝါများကို အရှင်ထားရန်မလိုအပ်တော့ချေ။

"ဒီစာရင်းကို ဝူရှန်းဘိုးဘေးက မင်းကိုပေးခဲ့တာလား"

ဗောဓိဘိုးဘေးက အနည်းငယ် မှင်တက်သွားရသည်။ ဝူရှန်းဘိုးဘေးက မည်သူနည်း။ သူ့ခေတ်က သူ့အခါက ပျက်ဆီးခြင်းဂိုဏ်းထဲရှိ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သည်မဟုတ်လား။

ထိုသူက သူလျှိုစာရင်းကို ရီဖန်ထံ အဘယ်ကြောင့်လွှဲပြောင်းပေးခဲ့ရသနည်း။ ၎င်းက ထောင်ချောက်တစ်ခုဖြစ်နိုင်သလား။

နှစ်များတစ်လျှောက်တွင် ဗောဓိဘိုးဘေးသည် ဝူရှန်းဘိုးဘေးကို ရှာဖွေသတ်ဖြတ်ရန် တစ်ကြိမ်ထက်မက ကြိုးစားခဲ့ဖူးသည်။ သို့သော် ဝူရှန်းဘိုးဘေး၏ များပြားလှသောလူဝင်စားများကြောင့် အတိအကျသိရရန် မဖြစ်နိုင်ချေ။

ပျက်ဆီးခြင်းဂိုဏ်းဌာနချုပ်အတွင်း၌ပင် မည်သည့်ကိုယ်ပွါးက ဝူရှန်းဘိုးဘေးအစစ်အမှန်ဖြစ်သည်ကို မည်သူမျှမသိခဲ့ကြပေ။ ရီဖန်သည်လည်း ဗောဓိဘိုးဘေးထံသို့ အကြောင်းစုံဖွင့်ဟပြောပြရတော့သည်။ စုယန်၏လျှို့ဝှက်လှုပ်ရှားမှုများကိုပင် ဝန်ခံခဲ့သည်။ အကယ်၍ ပျက်ဆီးခြင်းဂိုဏ်းက သူမကိုအဆုံးထိတွန်းအားမပေးခဲ့လျှင်၊ ဝူရှန်းဘိူးဘေးကို သိမ်းသွင်းနိုင်မည့် အခွင့်အလမ်းရလာလိမ့်မည် မဟုတ်ချေ။

ရီဖန်ထံမှ အကြောင်းစုံကို ကြားပြီးနောက် ဗောဓိဘိုးဘေးများပင် ရီဖန်၏အရည်အချင်းကို မအံ့ဩဘဲ မနေနိုင်တော့ချေ။ သူ့တပည့်သာလျှင် ဝူရှန်းဘိုးဘေးကဲ့သို့သောသူကို ယိမ်းယိုင်စေနိုင်ခဲ့သည်။ ဤလှုပ်ရှားမှုသည် ပျက်ဆီးခြင်းဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်၏။

သို့သော် ရီဖန်၏အောင်မြင်မှုများကို ယခုအချိန်အထိ လျှို့ဝှက်ထားရဦးမည်။ လူသားမျိုးနွယ်စုအတွင်း တာအိုဘိုးဘေးအဆင့်ရှိသည့် ပျက်ဆီးခြင်းဂိုဏ်းအဖွဲ့ဝင်များစွာရှိနိုင်သေးကြောင်း ဗောဓိဘိူးဘေး ခန့်မှန်းနိုင်သည်။

နှမြောစရာကောင်းသည်မှာ စာရင်းတွင်ပါဝင်သော အမြင့်ဆုံးပုဂ္ဂိုလ်သည် အင်မော်တယ်ဧကရာဇ်နယ်မြေ၌သာရှိကာ၊ တာအိုဘိုးဘေးများမပါဝင်ချေ။ သို့သော်လည်း ဤစာရင်းသည် အဖိုးတန်လှ၏။

၎င်းတွင်ပါဝင်သော သစ္စာဖောက်များသည် လူ့မျိုးနွယ်စုတွင် အရေးပါသော ရာထူးများရရှိထားကြကာ၊ အချို့မှာ တာအိုဘိုးဘေးများ၏ တပည့်များပင်ဖြစ်နေသေးသည်။ သူတို့ မည်သည့်အချိန်က ပြောင်းလဲသွားသည်၊ သို့မဟုတ် တာအိုတပည့်များဖြစ်လာပြီးမှ ပြောင်းလဲသွားသည်လားနှင့်ပက်သက်၍ မည်သူမျှ မသိခဲ့ကြချေ။

ဗောဓိဘိုးဘေးက အားလုံးကို တပြိုင်နက်တည်း ချေမှုန်းပစ်ရန် စီစဉ်ခဲ့သည်။ အကယ်၍ ၎င်းတို့အားလုံးကို ချက်ခြင်းသတ်လိုက်မည်ဆိုပါက ဝူရှန်းဘိုးဘေး၏ သစ္စာဖောက်မှုကို သိသွားကြလိမ့်မည်။ ပျက်ဆီးခြင်းဂိုဏ်းသည်လည်း ငတုံးမဟုတ်ကြေပေ။

ဝူရှန်းဘိုးဘေးကို ပျက်ဆီးခြင်းဂိုဏ်းအတွင်းထားရှိခြင်းက လူ့မျိုးနွယ်စုထဲသို့ အခြားတာအိုဘိုးဘေးများ ရောက်ရှိလာခြင်းထက် များစွာအားသာသည်။

“ရှောင်ဖန်၊ ငါတို့ ပျက်ဆီးခြင်းဂိုဏ်းကို ရှင်းပြီးရင် မင်းရဲ့အောင်မြင်မှုတွေကို အားလုံးသိလာကြလိမ့်မယ်"

ဗောဓိဘိုးဘေးက ရှက်ရွံ့စွာ ပြောလိုက်သည်။ ရီဖန်သည် ဗောဓိဘိုးဘေးဖြစ်သူကို အမှတ်ဝင်ယူစေခဲ့သော်လည်း သူ၏တပည့်ကိုယ်တိုင်က ဘာမျှမရရှိခဲ့ပေ။ ဗောဓိဘိုးဘေး၏အမြင်တွင် ၎င်းကလုံးဝမတရားပေ။

ရီဖန်က ၎င်းနှင့်ပက်သက်၍ အမှုမဲ့အမှတ်မဲ့သာထားခဲ့သည်။ အသိအမှတ်ပြုခံရခြင်း မခံရခြင်းနှင့်ပက်စက်၍ များစွာဂရုမထားချေ။

ပျက်ဆီးခြင်းဂိုဏ်းကိုချေမှုန်းပြီး ရီမိသားစုကို ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်သရွေ့ လုံလောက်လေပြီ။

ရီဖန်အတွက် ကျော်ကြားမှုသည် လုံးဝအသုံးမဝင်ပေ။ ဤနေရာမှစ၍ ဗောဓိဘိုးဘေးက အရာရာကို ကိုင်တွယ်နိုင်ကာ ရီဖန်က လက်တစ်ချောင်း မ၊ရန်ပင် လိုလိမ့်မည်မဟုတ်တော့ပေ။ သူသည် ဘာမှမလုပ်တော့ဘဲ ပျက်ဆီးခြင်းသွေးဆေးလုံးများကို ဆက်လက်သန့်စင်ရန်အတွက် ရီမိသားစုထံ ချက်ခြင်းပြန်လာခဲ့သည်။

ရီမိသားစုကို တိုးချဲ့လာသည်နှင့်အမျှ ပျက်ဆီးခြင်းသွေးဆေးလုံးများကို တီထွင်နိုင်သည့် ဆေးပညာရှင်အရေအတွက်လည်း တိုးလာကာ ထုတ်လုပ်မှုအရှိန်မြင့်လာသည်။ ဤနှုန်းဖြင့်၊ ပျက်ဆီးခြင်းနတ်ဆိုးများသည် အနှစ်တစ်ထောင်အကြာတွင် လုံးဝကုန်ဆုံးလုနီးပါးဖြစ်လာလိမ့်မည်။

"ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့ သခင့်အတွက် ဂုဏ်ယူပါတယ်၊ မိသားစုလူဦးရေတစ်သန်း ပြည့်ပါပြီ။ ဆုငွေထုတ်ယူလို့ရပါပြီ"

နောက်ဆုံးတွင် မိသားစု၏လူဦးရေသည် တစ်သန်းသို့ ရောက်ရှိသွားခဲ့သည်။ မိသားစုအသီးသီးမှ ပေးပို့လာသော စွမ်းရည်များပြားမှုကြောင့် ရီမိသားစု၏လူဦးရေသည် လျင်မြန်စွာ တိုးပွားလာခဲ့သည်။

“စနစ်၊ ဆုငွေကိုရယူပါ”

"မိသားစုကတ်ဖြစ်တဲ့ ပျက်ဆီးခြင်း တာအိုဘိုးဘေးစွမ်းရည်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

ပျက်ဆီးခြင်းကတ်သည် လက်ရှိတွင် ရီဖန်ရဖူးသမျှထဲ၌ အဆင့်အမြင့်ဆုံးကတ်ဖြစ်သည်။ တာအိုဘိုးဘေးစွမ်းရည်ဖြင့် ရီမိသားစု၏စွမ်းရည်သည် ဖန်ကုစကြာဝဠာ၏အထွတ်အထိပ်သို့ရောက်ရှိသွားလိမ့်မည်။ လူတိုင်းသည်လည်း တာအိုဘိုးဘေးတစ်ဦး ဖြစ်လာရန် အလားအလာရှိလာနိုင်သည်။

၎င်းကို တခြားအင်အားစုများကသာ သိသွားပါက သေမတတ် ကြောက်ကြလိမ့်မည်။ ၎င်းကို သေးငယ်သည့် ပန်းတိုင်တစ်ခုရရှိခြင်းအဖြစ် ယူဆနိုင်သေးသည်။ သို့သော် ရီမိသားစုသည် ၎င်းတစ်ခုတည်းကိုသာ ရှာတွေ့ခဲ့ခြင်းမဟုတ်ပေ။

တကယ်တမ်းတွင် ရီမိသားစု၏လူဦးရေတိုးနှုန်းက နှေးသည်ဟု ယူဆနိုင်သည်။ သက်ရှည်ဂိုဏ်း၊ အရွက်တစ်ထောင်ကျောင်းတော်နှင့် တာ့ယွီအင်မော်တယ်မင်းဆက်တို့သည် ရီမိသားစု၏ အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်နေသော အင်အားစုကြီးသုံးခုဖြစ်သည်။

ရီမိသားစုတွင်ပါဝင်ချင်သော်လည်း ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးမရှိသူများအတွက်၊ ဤအင်အားစုသုံးခုသည် အကောင်းဆုံးရွေးချယ်စရာများဖြစ်လာ၏။ ခိုလှုံရန်ဖြစ်စေ၊ ကျေးဇူးဆပ်ရန်ဖြစ်စေ၊ ကျင့်ကြံသူများက ထိုအင်အားစုသုံးခုထဲက တစ်ခုခုနှင့်ပူးပေါင်းရန် ဆန္ဒရှိကြသည်။

သေချာပေါက်ပင် လူတိုင်းက ၎င်းတို့နှင့် မပူးပေါင်းနိုင်ကြချေ။ ရီကျင်းဟိုင်ကဲ့သို့သော လူများအတွက် စွမ်းရည်ကဲ့သို့သောအများကို အဓိကမထားဘဲ၊ ၎င်းတို့၏ အာရုံစူးစိုက်မှုသည် တစ်စုံတစ်ယောက်၏အင်အားအပေါ်တွင်သာရှိသည်။

၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလိုသည့် ကျင့်ကြံသူများထဲတွင် ပျက်ဆီးခြင်းဂိုဏ်းက သူလျှိုများ ထည့်ထားလိမ့်မည််မှာ သေချာ၏။ ထို့ကြောင့် ၎င်းတို့သည် ရီဖန်ကိုတွေ့ရှိပြီး ရှာဖွေဖော်ထုတ်နိုင်မည့် အခင်းအကျင်းများကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ရီဖန်၏ အခင်းအကျင်းအဆင့်သည် တာအိုအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေဆဲဖြစ်သော်လည်း၊ သူချမှတ်ထားသော အခင်းအကျင်းက၊ အင်မော်တယ်ဧကရာဇ်နယ်မြေရှိ ကျွမ်းကျင်သူကို ရှာဖွေဖော်ထုတ်ရန် လုံလောက်သည်။

တာအိုဘိုးဘေးတစ်ဦးက ထောက်လှမ်းရေးအချက်အလက်များကို စုဆောင်းရန်အတွက် ၎င်းတို့၏တပ်ဖွဲ့သုံးဖွဲ့နှင့် ပူးပေါင်းလာလိမ့်မည်မဟုတ်ပေ။ ပျက်ဆီးခြင်းဂိုဏ်းမှ သူလျှိုများသည် အခြေခံအားဖြင့် ၎င်းအခင်းအကျင်းကိုဖြတ်သန်းနိုင်သည့် အခွင့်အလမ်းမရှိ။ လူသားမျိုးနွယ်ကို သစ္စာဖောက်မည့်သူကို လူတစ်ဦးအဖြစ် သတ်မှတ်၍မရချေ။

ရီမိသားစုတစ်ခုလုံး ထွန်းကားလာသည့်အချိန်အတွင်း ပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုကို အမြဲစောင့်ကြည့်နေကာ ၎င်းထံမှ မည်သည့်သတင်းကိုမဆို စောင့်မျှော်လျက်ရှိသည်။ စုယန်ကသာ လှုပ်ရှားလိုက်ပါက အခြေအနေကို ချက်ချင်း သိရလိမ့်မည်။

၎င်းတို့သည် စုယန်၏ရှင်သန်ခြင်းသို့မဟုတ် သေဆုံးခြင်းကို ဂရုမစိုက်ချေ။ ရီဖန် မတော်တဆမှုဖြစ်ပြီးနောက်တွင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့စီမံကိန်းကို ချက်ချင်းပြန်စတင်ချင်ရုံသာရှိသည်။

မကြာမီက ပျက်ဆီးခြင်းနတ်ဆိုးအရေအတွက် လျော့ကျလာခဲ့ကာ ၎င်းတို့ပါဝင်နိုင်သည့်စွမ်းအားမှာလည်း လုံလောက်မှု မရှိသောကြောင့် ၎င်းတို့၏အကြံအစည်အပေါ် ထိခိုက်မှုရှိခဲ့သည်။

သို့သော် စုယန်ကိုအမိန့်ပေးအပြီးတွင် စုယန်သည် သူတို့ပြောထားသော တည်နေရာသို့မရောက်လာခဲ့ပေ။

၎င်းတို့သည် စုယန်အတွက် တာအိုဘိုးဘေးကိုသတ်နိုင်သော အဆိပ်ကို ပြင်ဆင်ထားကြသည်။ စုယန်က ရီမိသားစုရှိ ကျင့်ကြံသူများကိုသတ်ရန်အတွက် ထိုအဆိပ်ကိုသုံးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ယခုတွင် စုယန်သည် ပေါ်မလာသည့်အပြင် ရီဖန်ကို အဆိပ်ခတ်ရန်လည်း မကြိုးစားခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ စုယန်က သူ့ကိုယ်သူ ဖော်ထုတ်ခံရမှာကို မကြောက်ဘူးလား"

အရိုးစုဘိုးဘေးက စုယန်၏ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။

"ဝူရှန်း၊ စုယန်ရဲ့ခန္ဓာကိုယ်ထဲမှာ မင်းတံဆိပ်ထားထားတယ်မလား" အရိုးစုဘိုးဘေးက ဝူရှန်းဘိုးဘေးဘက်လှည့်ပြီး မေးလာသည်။

ဝူရှန်းဘိုးဘေးက ခေါင်းညိတ်လိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ လူတိုင်းရှေ့တွင် ကြယ်တာရာမြေပုံတစ်ခုပေါ်လာသည်။

၎င်းအပေါ်တွင် အစက်ငယ်များစွာဖြင့်ပြည့်နှက်နေ၏။ စွမ်းအားပိုကောင်းလေ အစက်ကပိုတောက်ပလေဖြစ်သည်။ စုယန်ကိုကိုယ်စားပြုသည့်အစက်က လူတိုင်းရှေ့တွင် ပေါ်လာသည်။

"ဒါက စုယန်ရဲ့တံဆိပ်ပဲ!"

ကြယ်တာရာမြေပုံပေါ်တွင် သူတို့ရရှိထားသည့် အချက်အလက်များနှင့်ကိုက်ညီသော ရန်ဟွမ်နယ်မြေရှိ စုယန်၏တည်နေရာကို ပြသနေသည်။

"စုယန်ကို နောက်ဆုံး အမိန့်ပေးလိုက်။ သူမမလုပ်ရင် သတ်ပစ်လိူက်တော့!"

လူတိုင်းရှေ့တွင် ဝူရှန်းဘိုးဘေးက စုယန်ကို ဆက်သွယ်ခဲ့သည်။

"စုယန် မင်းကဘာကိုဆိုလိုတာလဲ။ မင်း ရီမိသားစုမှာရှိလို့ ငါတို့ ဘာမှလုပ်လို့မရဘူးလို့ မထင်နဲ့နော်။ ငါတို့ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးနေတာ"

တိမ်မည်းတာအိုပညာရှင်သည် မည်းမှောင်နေသောမျက်နှာထားဖြင့်ရှိနေကာ ၎င်းတို့၏အကြံအစည်ကို ပျက်သွားနိုင်ကြောင်း ရိပ်မိနေ၏။ စုယန်က မတုံ့ပြန်ဘဲ အေးစက်စက်လှောင်ရယ်ကာ အဆက်အသွယ်ဖြတ်လိုက်သည််

"သူ့ကိုသတ်၊ အခုသတ်လိုက်စမ်း!"

အရိုးစုဘိုးဘေးက သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ ၎င်းတို့အကြံအစည်မအောင်မြင်လျှင်ပင် စုယန်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားသည်။

……………….

အခန်း ၂၉၃ - နတ်စုန်းဂိုဏ်းအတွင်းရှိပြောင်းလဲမှုများ

ဝူရှန်းဘိုးဘေးက ဤသူလျှိုများ၏ အသက်နှင့်သေဆုံးခြင်းအပေါ် အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားကြောင်း ပျက်ဆီးခြင်းဂိုဏ်းရှိ လူအားလုံးသိထားပြီးဖြစ်သည်။ ယခု ၎င်းတို့၏ပန်းတိုင်မှာ ဝူရှန်းဘိုးဘေးက စုယန်ကို တိုက်ရိုက်သတ်ပစ်ရန်ဖြစ်သည်။ ၎င်းတို့ မစ်ရှင်မပြီးနိုင်လျှင်ပင်၊ စုယန်ကို မလွှတ်ပေးနိုင်ချေ။

ဝူရှန်းဘိုးဘေးကလည်း မကန့်ကွက်ဘဲ မန္တန်ဖြင့်ချက်ချင်းထိန်းချုပ်ကာ စုယန်၏စိတ်ဝိညာဉ်ကိုဖျက်ဆီးရန် ရည်ရွယ်လျက် ဖောက်ခွဲပစ်လိုက်သည်။

သို့သော် ဝူရှန်းဘိုးဘေးက ၎င်းကိုမည်မျှအသက်သွင်းသည့်တိုင် မန္တန်သည် မည်သည့်အကျိုးသက်ရောက်မှုမျှမပြခဲ့ချေ။ ဝူရှန်းသည်လည်း ဤရလဒ်ကို မျှော်လင့်ထားပြီးဖြစ်၏။

စုယန်ထံတွင် ထိုသို့သောနည်းလမ်းမရှိပါက သူမသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးထဲသို့ မည်သို့စိမ့်ဝင်နိုင်မည်နည်း။ ဝူရှန်းဘိုးဘေးက သူထည့်သွင်းထားသော ကန့်သတ်ချက်များသည် စုယန်အပေါ်တွင်သာမကဘဲ စုယန်ခေါ်သွင်းလာသော သူလျှိုများအတွက်လည်း သက်ရောက်မှုမရှိနိုင်ကြောင်း သတိထားမိလိုက်သည်။

ဤရလဒ်ကို ဝူရှန်းဘိုးဘေးက သိသော်လည်း အခြားမည်သူမျှက မသိကြချေ။ နေ့တစ်ဝက်တိုင်အောင် မည်သည့်တုံ့ပြန်မှုကိုမှမတွေ့ရသောကြောင့် ဝူရှန်းက စုယန်ကိုသတ်ရန် ဝန်လေးနေသည်ဟု ထင်မြင်လာကြ၏။

"မယုံရင် မင်းကိုယ်တိုင်စမ်းကြည့်လို့ရတယ်ကွာ!"

ဝူရှန်းဘိုးဘေးသည် ၎င်းကိုစမ်းသပ်ရန် အရိုးစုဘိုးဘေးထံသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့လိုက်ကာ ဒေါသထွက်သည့်အမူအရာကိုပြသခဲ့သည်။

အရိုးစုဘိုးဘေးသည် ကန့်သတ်ချက်မန္တန်ကို အသက်သွင်းရန်အတွက် နတ်ဆိုးနတ်ဘုရားတိုက်ပွဲမြေပြင်အတွင်းရှိနေသော သူလျှိုတစ်ဦးကို ရွေးချယ်လိုက်သည်။

သူလျှိုသည် ရုတ်တရက်တောင့်တင်းသွားပြီးနောက် သူ့မျက်လုံးများမှေးမှိန်သွားကာ သူ၏စိတ်ဝိညာဉ်ကွဲအက်သွားပြီး အသက်ထွက်သွားကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်းကိုမြင်သည့်အခါတွင် တခြားသူလျှိုများသည် ခေါင်းမမော့ရဲဘဲ ၎င်းတို့နောက်ထပ်ရွေးချယ်ခံရမည်ကိုသာ ကြောက်ရွံ့နေကြတော့သည်။

အရိုးစုဘိုးဘေးက အကြိမ်များစွာ စမ်းသပ်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည့်အခါမှသာ ၊ ၎င်းက ဝူရှန်းလှည့်စားခြင်းမဟုတ်ဘဲ စုယန်ထံတွင် ကန့်သတ်ချက်များ သက်ရောက်မှုပျက်ပြယ်စေသည့် တစ်စုံတစ်ရာရှိနေသည်ကို အတည်ပြုနိုင်ခဲ့သည်။

“အရိုးစုဘိုးဘေး၊ မင်းလုပ်ထားတဲ့အရှုပ်ထုတ်တွေကို ကြည့်စမ်း!”

နောက်ဆုံးတွင် အရိုးဘိုးဘေးက ဝူရှန်းကို အပြစ်ပုံချလိုက်သည်။ ဝူရှန်းဘိုးဘေးက မငြင်းဆန်သည်ကိုမြင်သောအခါ အရိုးစုဘိုးဘေးက တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။ ထိုအခြေအနေမျိုးတွင် အပြစ်ပုံချရန်အတွက် ဝူရှန်းက အကောင်းဆုံးရွေးချယ်မှုဖြစ်၏။

သို့သော် သူခေါင်းငုံ့ထားစဉ် ဝူရှန်း၏မျက်လုံးများထဲမှ အေးစက်မှုကို သူသတိမထားမိလိုက်ပေ။ ထိုအချိန်တွင် စုယန်သည် ပျက်ဆီးခြင်းဂိုဏ်းတွင် အမှန်တကယ်ပါဝင်ခဲ့ဖူးခြင်းမရှိကြောင်း အားလုံးသိရှိလိုက်ကြရကာ၊ သူမသည် လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်ကြောင်း သိသွားကြ၏။

စုယန်၏ အထောက်အထားကို ဖော်ထုတ်လိုက်ပါက စုယန်ကို ထိခိုက်မည်မဟုတ်သည့်အပြင် သူမ၏အောင်မြင်မှုများကိုပင် မြှင့်တင်ပေးလိမ့်မည်။ နှစ်များတစ်လျှောက် စုယန်သည် ပျက်ဆီးခြင်းဂိုဏ်းထဲသို့ ပထမဆုံးစိမ့်ဝင်နိုင်သည့် သူလျှိုဖြစ်ခဲ့သည်။ စုယန်၏ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ရီမိသားစုကို ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိတော့သောကြောင့် ၎င်းတို့ကိုလွှတ်ထားလိုက်ရသည်။

ပျက်ဆီးခြင်းဂိုဏ်းသည် ယခုအချိန်တွင် အလွန်အားကောင်းနေပုံရသော်လည်း ထိပ်တိုက်တိုက်ပွဲကြုံလာလျှင် ၎င်းတို့သည် ဖန်ကုစကြဝဠာအတွင်းရှိ များပြားလှသောတပ်ဖွဲ့များနှင့် ယှဉ်နိုင်မည်မဟုတ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်ခဲ့ကြသည်။ နတ်ဆိုးနတ်ဘုရားစစ်မြေပြင်ကြောင့်သာမဟုတ်ပါက ၎င်းတို့သည် ချေမှုန်းခံရပြီးသည်မှာ ကြာပြီဖြစ်၏။

"ရီမိသားစုကိုရှင်းဖို့ နည်းလမ်းစဉ်းစားကြရမယ်"

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့စီမံကိန်းက ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ပြန်လည်ရှင်သန်မှုနှင့် ဆက်စပ်နေသောကြောင့် ၎င်းသည် ဤကဲ့သို့အဆုံးသတ်သွား၍မရချေ။ သို့ဖြစ်ပါက နောက်ပိုင်းတွင် သူတို့အားလုံး ဆိုးရွားသည့်အဆုံးသတ်သို့ ရောက်သွားကြလိမ့်မည်။

ပျက်ဆီးခြင်းဂိုဏ်းက ရီမိသားစုကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း စဉ်းစားနေချိန်တွင်၊ အခြားတစ်ဖက်၌ ဗောဓိဘိုးဘေးကလည်း သူ့အစီအစဉ်ကို အကောင်အထည်ဖော်နေသည်။ ၎င်းက မည်သူတစ်ဦးတစ်ယောက်ကိုမှ အသိပေးခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက်၏ အိပ်မက်ကိုထိန်းချုပ်ကာ

ပျက်ဆီးခြင်းဂိုဏ်းသူလျှိုများကို ရှင်းလင်းခဲ့သည်။

ရီဖန်မှလွဲ၍ အစီအစဉ်ကိုသိသူတိုင်းက ပျက်ဆီးခြင်းဂိုဏ်းထံသို့ ပေါက်ကြားသွားစေနိုင်သည်။ ထို့ကြောင့် သူကိုယ်တိုင် လုပ်ဆောင်ခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်လိမ့်မည်။ ဗောဓိဘိုးဘေး၏နည်းလမ်းများဖြင့် ပျက်ဆီးခြင်းဂိုဏ်းမှ သာမန်အဖွဲ့ဝင်များနှင့် ရင်ဆိုင်ရခြင်းက လုံးဝမခက်ခဲချေ။

နောက်တစ်နေ့တွင် ၎င်းတို့ယုံကြည်ရသော သူငယ်ချင်းများနှင့် လက်အောက်ငယ်သားများ၊ ကျင့်ကြံသူအများအပြားက နောက်တစ်ကြိမ် မနိုးထလာကြကြောင်း တွေ့ရှိခဲ့ကြသည်။ ၎င်းသည် ဗောဓိဘိုးဘေးနှင့် ဆက်စပ်နေ၏။

သူ၏နတ်ဥပဒေဖြစ်သော သုံးလောကအိပ်မက်က ဖန်ကုစကြဝဠာ၏ အခြားတာအိုဘိုးဘေးများကြားတွင် လျှို့ဝှက်ချက်မဟုတ်ပေ။ သိူ့သော် ဗောဓိဘိုးဘေးက ၎င်းတို့အားလုံးကို တချိန်တည်းသတ်ရန်အတွက် ထ်ုဥပဓေကို အဘယ်ကြောင့်သုံးခဲ့သနည်း။ အသတ်ခံရသော ကျင့်ကြံသူများထဲတွင် လူသားမျိုးနွယ်ဝင်များသာမက အခြားမျိုးနွယ်ဝင်များပါရှိသည်။

ဗောဓိဘိုးဘေးက အကြာကြီးဆိုင်းငံ့မနေဘဲ ၎င်းတို့က ပျက်ဆီးခြင်းဂိုဏ်း၏ လျှို့ဝှက်သူလျှိုများဖြစ်ကြောင်းကို အလျင်အမြန် ကြေညာလိုက်သည်။ ၎င်းတို့၏ ပစ္စည်းများမှတစ်ဆင့် တော်တော်များများက ပျက်ဆီးခြင်းဂိုဏ်းနှင့် ဆက်နွှယ်နေသည်ကို တွေ့ရှိခဲ့ရ၏။

၎င်းတို့၏ပိုင်ဆိုင်မှုများမှတစ်ဆင့် ဗောဓိဘိုးဘေးပြောသည့်အတိုင်းပင် ၎င်းတို့၏ အထောက်အထားများကို အတည်ပြုနိုင်ခဲ့သည်။ ၎င်းတို့ကို ဗောဓိဘိုးဘေးက အရင်ရှာဖွေတွေ့ရှိသည့်အတွက် အလွန်ဝမ်းသာသွားကာ တိတ်တဆိတ်သက်ပြင်းချလိုက်ကြသည်။

သို့မဟုတ်ပါက ပထမဦးဆုံးထိခိုက်နစ်နာသူများမှာ သူတို့ဖြစ်လာလိမ့်မည်။ ပျက်ဆီးခြင်းဂိုဏ်းသူလျှိုများက ၎င်းတို့၏ သူငယ်ချင်းများဖြစ်နေခြင်းကြောင့် ၎င်းတို့ကို ချမ်းသာပေးလိမ့်မည်မဟုတ်ချေ။ ဤကျင့်ကြံသူများသည် လူသားမျိုးနွယ်စုကို သစ္စာဖောက်ပြီးသည်နှင့် လူသားများမဟုတ်တော့ပေ။

တစ်ချိန်တည်းတွင် ၎င်းတို့သည်

ပျက်ဆီးခြင်းဂိုဏ်း၏ စွမ်းအားကို အံ့ဩသွားကြ၏။ လူများစွာတို့သည် အမျိုးမျိုးသောမျိုးနွယ်စုများထဲသို့ စိမ့်ဝင်နေသော်လည်း ၎င်းတို့ထံတွင် အနည်းငယ်မျှ သဲလွန်စမရှိပေ။

“ဗောဓိဘိုးဘေးက တကယ့်ကို အံ့ဩစရာပဲ”

ဤသူလျှိုများအားလုံးကို ဗောဓိဘိုးဘေးကိုယ်တိုင် ရှာဖွေတွေ့ရှိသောကြောင့် လူအများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အများဆုံးပံ့ပိုးပေးသူ ရီဖန်ကမူ အဖြစ်အပျက်နှင့်လုံးဝမသက်ဆိုင်တော့ဘဲ နစ်မြှုပ်သွားလေပြီ။

ဖန်ကုစကြာဝဠာရှိ အခြားသောအင်အားစုများအတွက်၊ ပျက်ဆီးခြင်းဂိုဏ်းအားနည်းသွားခြင်းက အလွန်သက်သာရာရစေ၏။ သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်းအတွက်မူ ၎င်းကသည်းမခံနိုင်ဖွယ်ရာ ဆုံးရှုံးမှုကြီးဖြစ်သည်။

ပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုက ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ စီမံကိန်းကို နှောက်ယှက်သောကြောင့် များစွာဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ယခုတွင် သူလျှိုအားလုံး ရုတ်တရက်သုတ်သင်ရှင်းလင်းခံရမှုကြောင့် ပျက်ဆီးခြင်းဂိုဏ်းမှာ လုံးဝသည်းမခံနိုင်တော့ချေ။

…………….

အခန်း ၂၉၄ - နတ်စုန်းဂိုဏ်းအတွင်းရှိ ပြောင်းလဲမှုများ

"စာရင်းကို ဘယ်သူပေါက်ကြားအောင်လုပ်လိုက်တာလဲကွ!"

အရိုးစုဘိုးဘေး၏ မျက်လုံးများနီရဲနေလျက် ပျက်ဆီးခြင်းဂိုဏ်းဝင်များကို စစ်းဆေးကြည့်ရှုနေသည်။ အတွင်းလူမရှိပါက ဤအသေးစိတ်စာရင်း ပေါက်ကြားရန်မဖြစ်နိုင်ပေ။

အဆင့်မြင့်အဖွဲ့ဝင်တော်တော်များများက ဝူရှန်းဘိုးဘေးကို သံသယအရှိဆုံးစာရင်းတွင်

ထားရှိသော်လည်း၊ တာအိုဘိုးဘေးအချို့က သူမဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းသိကြသည်။

ဤတာအိုဘိုးဘေးများ၏ စိတ်ဝိညာဉ်ပင်လယ်အားလုံးကို နတ်ဆိုးနတ်ဘုရားက တားမြစ်ထားခြင်းဖြစ်သောကြောင့်၊ ထိုသို့ပြုလုပ်ခြင်းက သေကြောင်းကြံခြင်းသာဖြစ်ရမည်။ သတင်းအချက်အလက်ပေါက်ကြားနိုင်ချေရှိသောသူများမှာ ၎င်းတို့အောက်တွင်ရှိသူများဖြစ်နိုင်၏။

အရိုးစုဘိုးဘေးက သူ့တစ်ကိုယ်လုံး အေးစက်စွာခံစားရကာ ပျက်ဆီးခြင်းဂိုဏ်းသည် ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ပျက်ဆီးခြင်းဂိုဏ်းသည် စိမ့်ဝင်မှုတွင် အကျွမ်းကျင်ဆုံး မဟုတ်လား။ ဖန်ကုစကြာဝဠာက မည်သည့်အချိန်ကစ၍ ဤမျှကျွမ်းကျင်လာသနည်း။

ယခုအခါတွင် ကိစ္စအများစုကို စိတ်အချရဆုံးဖြစ်သည့် အဆင့်အမြင့်ဆုံး တာအိုဘိုးဘေးများက ချုပ်ကိုင်ထားခြင်းဖြစ်ကာ၊ အောက်ဘက်ရှိ ကျင့်ကြံသူများ၏အခွင့်အရေးများမှာ နည်းသထက် နည်းလာခဲ့သည်။ ပျက်ဆီးခြင်းဂိုဏ်း၏ အင်အားစုနှစ်ခုကြားတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသာ အင်အားအနည်းငယ်ကျန်တော့သည်။

အခြားအင်အားစုဖြစ်သည့် ယင်ယန်တံခါးသည် မည်သည့်အဖြစ်အပျက်မျှမဖြစ်မခံနိုင်ချေ။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ အဖြစ်အပျက်ကြောင့်၊ ဝူရှန်းဘိုးဘေး၏ စွမ်းအားများ လျော့နည်းလာကာ သူလုပ်နိုင်သည့်အရာများမှာလည်း နည်းပါးလာခဲ့သည်။

ထို့ကြောင့် သူက ထိုအခွင့်အရေးကိုယူကာ တခြားနေရာများသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ မသိလိုက်သည့်အချိန်အတွင်း ဝူရှန်းဘိုးဘေးသည် လျှို့ဝှက်ချက်များကို ပိုမိုသိရှိလာရ၏။ ယင်ယန်တံခါး၏စာရင်းသည်လည်း ဝူရှန်းဘိုးဘေးလက်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း ၎င်းကိုဖုံးကွယ်မထားဘဲ လိုက်လျောညီထွေစွာဆောင်ရွက်ခဲ့သည်။ ပျက်ဆီးခြင်းဂိုဏ်း၏ သတိကြီးစွာထားမှုကြောင့်၊ ဝူရှန်းဘိုးဘေးက ထပ်မံလုပ်ဆောင်ခဲ့ပါက သူသည်အမှန်တကယ် စွန့်စားရလိမ့်မည်။

သူထိုသို့လုပ်ဆောင်ရလျှင်ပင် လုံးဝထွက်သွားတော့မည့်အချိန်၌သာ လုပ်ဆောင်ရလိမ့်မည်။

အင်မော်တယ်ဘုရင်နယ်မြေ၏ရောင်ဝါသည် ရီမိသားစုထံမှ ရံဖန်ရံခါ ထွက်ပေါ်လာသည်။

အစောပိုင်း ပျက်ဆီးခြင်းအဆင့်ကို ပေါင်းထည့်လိုက်ခြင်းဖြင့် ရီမိသားစုမှကျင့်ကြံသူများ၏ စွမ်းရည်သည် သိသိသာသာတိုးတက်လာကာ၊ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သည်လည်း ပိုမိုမြန်ဆန်လာသည်။

ဤကာလအတွင်း ရီမိသားစုထံပေးပို့သည့် အရင်းအမြစ်အရေအတွက်မှာ အလွန်များပြားသောကြောင့် ရာခိုင်နှုန်းအနည်းငယ်သာ အသုံးပြုခဲ့သော်လည်း ကျင့်ကြံမှုမှာသိသိသာသာ တိုးတက်လာသည်။စုယန်၊ ရီကျင်းထျန်၊ ရီကျင်းဟိုင်နှင့် အခြားသူများသည် အင်မော်တယ်ဘုရင်နယ်မြေသို့ ဖြတ်ကျော်သွားခဲ့၏။

အရာအားလုံးသည် ယခုအတိုင်းသာဆက်သွားနေပါက အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ဖြတ်ကျော်ရန် အချိန်ကြာတော့မည်မဟုတ်ပေ။ အနှစ်တစ်သောင်းကန့်သတ်ချက်မကျရောက်မီ တာအိုဘိုးဘေးနယ်မြေသို့ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိက လာမည့်မစ်ရှင်များအတွက် ဆုလာဘ်များ လုံလောက်မှုရှိမရှိအပေါ် မူတည်နေသည်။

တစ်ဖက်တွင် စုန်းကမ္ဘာရှိ နတ်စုန်းဂိုဏ်းအတွင်းတွင်

စုန်းဘုရင်နယ်ပယ်ရှိ ရောင်ဝါနှစ်ခုပျံ့နှံ့လာကာ ရီကျင်းချုံနှင့် ရီချင်တို့၏ ကျင့်ကြံမှုအဆင့်များသည် စုန်းဘုရင်နယ်ပယ်သို့ ကျော်ဖြတ်သွားခဲ့သည်။ ၎င်းတို့ ယခုဖြတ်ကျော်သွားနိူင်သည့် အကြောင်းရင်းမှာ ၎င်းတို့နားလည်ထားသည့် တာအိုသည် ကောင်းကင်တာအို၏ မူရင်းနိယာမဖြစ်သောကြောင့်ပင်။

၎င်းတို့တွင် အခြေတည်ဝိညာဉ်ရေးပစ္စည်းများ မရှိသော်လည်း ၎င်းတို့သည် စုန်းမျိုးနွယ်စု၏ စွမ်းအားကြီး စုန်းဘိုးဘေးနှစ်ဦးရာထူးကို ချုပ်ကိုင်ထားသည်။

ကုန်းကုန်းနှင့် ကျူးရုန်တို့သည် ကောင်းကင်ဘုံတာအို၏မူလနိယာမထဲမှ မီးနှင့်ရေကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးက ကောင်းကင်ဘုံတာအိုမူလနိယာမကို နားလည်ခြင်းမှာလည်း သဘာဝကျ၏။

ကျင့်ကြံမှုအောင်မြင်ခြင်းက ၎င်းတို့၏စုန်းဘိုးဘေးသွေးမျိုးဆက်ကို ပိုမိုကြွယ်ဝစေသည်။ စွမ်းအားကြီးရာထူးများဖြင့် ၎င်းတို့၏တိုးတက်မှုသည် သာမန်ကျင့်ကြံသူများထက် ပိုမိုမြန်ဆန်သည်။

"ကျင်းချုံ၊ရှောင်ချင်။ နောက်ဆုံးတော့ ကျော်ဖြတ်သွားခဲ့ပြီပဲ" သူတို့ကို အပြင်ဘက်မှ စောင့်ကြပ်ပေးနေသည့် ဝူချန်က ပထမဆုံးရောက်ရှိလာကာ ၎င်းတို့၏ထက်မြက်သည့် စွမ်းရည်များကြောင့် အံ့ဩသွားခဲ့သည်။

၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အချိန်တိုအတွင်း ကမ္ဘာစုန်းအဆင့်မှ စုန်းဘုရင်အဖြစ်သို့ မြင့်တက်သွားကာ သူနှင့်တူညီသောအဆင့်သို့ပင် ရောက်ရှိသွားသည်။ သူ၏ကျင့်ကြံမှုအဆင့်က စုန်းဘုရင်နယ်မြေ အထွတ်အထိပ်သို့ရောက်ရှိခဲ့သော်လည်း ရီကျင်းချုံနှင့် ရှောင်ချင်တို့က ကနဦးအဆင့်တွင်သာ ရှိသေးသည်။

ဝူချန်သည် ၎င်းတို့ သူ့ကိုကျော်လွန်ရန် အချိန်များစွာ မလိုအပ်တော့ဟု ယုံကြည်ခဲ့သည်။

ဝူချန်သည် သူ့ဘဝတစ်လျှောက်ကံအကောင်းဆုံးအရာမှာ နတ်စုန်းဂိုဏ်း၏ နတ်ဘုရားကလေးများကို တည်ထောင်ရခြင်းဖြစ်သည်ဟုခံစားရ၏။

ယခင် ကောင်းကင်စုန်းကမ္ဘာသည် စုန်းဘိုးဘေးသွေးမျိုးဆက်များကို မွေးထုတ်ပေးခဲ့သော်လည်း ရီကျင်းချုံနှင့် ရှောင်ချင်ကဲ့သို့ ထက်မြက်သောစွမ်းရည်မျိုးမရှိသေးချေ။

ဒဏ္ဍာရီများတွင်ပြောထားသည့်အတိုင်း ၎င်းတို့၏သွေးမျိုးဆက်က စုန်းဘိုးဘေးနယ်မြေကို ကျော်လွန်သွားလျက် ဖန်ကုစကြဝဠာဖန်ဆင်းရှင် ဖန်ကု၏သွေးမျိုးဆက်နှင့်ပင် တူညီနေသလားဟု ဝူချန်တွေးမိသည်။

စုန်းဘိုးဘေး ၁၂ ပါးစလုံးတွင် ဖန်ကုသွေး၏ အစိတ်အပိုင်းတစ်ခုပါရှိသည်။ ထို့ကြောင့် စုန်းမျိုးနွယ်စုက သူတို့ကိုယ်သူတို့ ဖန်ကု၏မျိုးဆက်များဖြစ်သည်ဟု ဆိုကြသည်။ ဖန်ကုသွေးမျိုးဆက်ကသာလျှင် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်တွင် လျင်မြန်သောတိုးတက်မှုကို ရှင်းပြနိုင်လိမ့်မည်။

"မင်းတို့နှစ်ယောက် အခု စုန်းဘုရင်နယ်ပယ်ကို ဖြတ်ကျော်သွားပြီဆိုတော့၊ ကျင့်ကြံရေးမှာပဲ မြှုပ်နှံထားလို့မရတော့ဘူး။ နတ်စုန်းဂိုဏ်းမှာ အရေးကြီးတဲ့ရာထူးတွေကို ယူဖို့အချိန်တန်ပြီ!"

၎င်းတို့သည် နတ်စုန်းဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်များ ဖြစ်နေသော်လည်း ၎င်းမှာနာမည်သာရှိပြီး ကြီးမားသောအခွင့်အာဏာ မရှိသေးချေ။ ယခုအခါတွင် ဝူချန်သည် ၎င်းတို့ထံအခွင့်အာဏာလွှဲပြောင်းရန် စီစဉ်နေကာ နတ်စုန်းဂိုဏ်းကို အမှန်တကယ်ထိန်းချုပ်စေခဲ့သည်။

ဝူချန်ကိုယ်တိုင်က အငြိမ်းစားယူရန် ကြံရွယ်နေလေပြီ။ ရီကျင်းချုံနှင့် ရီချင်တို့သည် အိမ်ထောင်ဖက်များဖြစ်သောကြောင့် ၎င်းတို့ကြားတွင် ဂိုဏ်းချုပ်ရာထူးအား မည်သူဆက်ခံမည်ကို ဆုံးဖြတ်နိုင်သည်။

နတ်ဆိုးမျိုးစေ့၏မငြိမ်မသက်မှုများက လူသားမျိုးနွယ်စု၏စကြဝဠာကိုသာမက စုန်းမျိုးနွယ်စု၏စကြာဝဠာကိုပါ ထိခိုက်လာသည်။

ယခုအခါတွင် ၎င်းကိုထိန်းချုပ်နိုင်ရုံမျှသာ ရှိသော်လည်း၊ နတ်စုန်းဂိုဏ်း၏အင်အားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

လက်ရှိ နတ်စုန်းဂိုဏ်းသည် ၎င်းတို့ကို ပိုမိုတောက်ပသော အနာဂတ်ဆီသို့ဦးတည်ကာ ပြန်လည်ထူထောင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်းတစ်ဦးကို လိုအပ်နေသည်။ ထို ကိုယ်စားလှယ်လောင်းနေရာအတွက် နတ်စုန်းဂိုဏ်းမှ လူတိုင်းသည် ရီကျင်းချုံနှင့် ရီချင်တို့နှစ်ဦးက သင့်လျော်ကြောင်း သဘောတူခဲ့ကြသည်။

နှစ်တွေကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ယောက်ကို နတ်စုန်းဂိုဏ်း၏အနာဂတ်အဖြစ် ရှုမြင်လာကြ၏။ ရွေးချယ်စရာမရှိတော့ဘဲ ရီကျင်းချုံနှင့် ရီချင်သည် ဝူချန်၏ အဆိုပြုချက်ကိုသာ သဘောတူလိုက်ရကာ နတ်စုန်းဂိုဏ်း၏အရေးကို တဖြည်းဖြည်း လက်လွှဲတာဝန်ယူလာကြသည်။

သို့သော် ၄င်းတို့၏ ကျင့်ကြံမှုအဆင့်က ဝူချန်ကဲ့သို့ အထွတ်အထိပ်သို့မရောက်မချင်း ဝူချန်ကိုယ်တိုင်လည်း အငြိမ်းစားယူ၍မရနိုင်သေးကြောင်း တောင်းဆိုခဲ့ကြသည်။ ဤသို့ဖြင့် မကြာမီတံင် ၎င်းတို့နှစ်ဦးသည် နတ်စုန်းဂိုဏ်း၏တာဝန်အမျိုးမျိုးကို စတင်ထမ်းဆောင်လာကြ၏။

ဂိုဏ်းတစ်ခုကိုထိန်းချုပ်ခြင်းက ရီကျင်းချုံနှင့် ရီချင်တို့အတွက် ခက်ခဲလွန်းသည်မဟုတ်ပေ။ တဖြည်းဖြည်းနှင့် နတ်စုန်းဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အဆက်မပြတ်ကြီးထွားလာသည်။

ကောင်းကင်စုန်းကမ္ဘာသည် အရွယ်အစားကန့်သတ်ထားသောကြောင့် နတ်စုန်းဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ အခြားသော အင်အားစုများက အားနည်းသွားမည်ဖြစ်သည်။

အထိခိုက်ဆုံးမှာ မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းတို့ဖြစ်၏။

ရီကျင်းချုံက စုန်းဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါ ထိုဂိုဏ်းနှစ်ခုသည် သတင်းရရှိပြီးဖြစ်သည်။ သို့သော် ထိုအချိန်တွင် ၎င်းတို့သည် နတ်စုန်းဂိုဏ်းကိုကိုင်တွယ်ရန် မဆုံးဖြတ်ရသေးပေ။ သို့သော် ယခုတွင် ၎င်းတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာသောကြောင့် အရေးယူရတော့မည်။

၎င်းတို့နှစ်ဦးပြသထားသည့် အရည်အချင်းများက ဂိုဏ်းနှစ်ခုအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေသည်။ ၎င်းတို့ ဆက်လက်ကြီးထွားလာပါက တုံ့ပြန်ရန် အခွင့်အလမ်းပင် ရှိမည်မဟုတ်ပေ။ အနာဂတ်တွင် ရီကျင်းချုံနှင့် ရီချင်တို့သည် ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်ဖြင့် ၎င်းတို့ထက်သာလွန်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ;

“ဘိုးဘေးတို့၊ ငါတို့ စောင့်နေလို့မရဘူး”

ဂိုဏ်းနှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်များသည် ၎င်းတို့၏ ဘိုးဘေးများကို လိုက်ရှာကြ၏။ ဘိုးဘေးအဆင့်တွင်ရှိသော စုန်းဧကရာဇ်များသည်သာ နောက်ဆုံးဆုံးဖြတ်ချက်ချရန် အခွင့်အာဏာရှိသည်။

“တိုက်ခိုက်ကြ!”

တပ်ဖွဲ့နှစ်ခု၏စုန်းဧကရာဇ်များသည် အချိန်အကြာကြီး တုံ့ဆိုင်းမနေပေ။ နတ်စုန်းဂိုဏ်းကို အရေးယူရန် ဆုံးဖြတ်ခဲ့ကြသည်။

နတ်စုန်းဂိုဏ်းကိုဖယ်ရှားနိုင်မှသာ ၎င်းတို့ဂိုဏ်းနှစ်ခုသည် ကောင်းကင်စုန်းကမ္ဘာတွင် ဆက်လက်ဖြစ်ထွန်းရန်အတွက် အခွင့်အလမ်းရှိမည်ဖြစ်သည်။ သို့မဟုတ်ပါက မကြာမီတွင် ၎င်းတို့သည် နတ်စုန်းဂိုဏ်း၏ လက်အောက်ခံများဖြစ်လာလိမ့်မည်။

စုန်းဧကရာဇ်နယ်မြေရှိ စွမ်းအားရှင်များအတွက် ထိုအင်အားစုတွင် စုန်းဘိုးဘေးအဆင့်မရှိပါက မည်သည့်အင်အားစုကမှ လက်အောက်ခံရန် ဆန္ဒရှိမည်မဟုတ်ချေ။ ကံမကောင်းစွာဖြင့် ၎င်းတို့သည် စုန်းဘိုးဘေးများ၏အမြင်အာရုံထဲသို့ ဝင်ရောက်ရန်လည်း အရည်အချင်းမပြည့်မီခဲ့ပေ။

စုန်းဧကရာဇ်များက အစွမ်းထက်သော်လည်း စုန်းနယ်ပယ်ရှိ ဘိုးဘေးများ၏အမြင်တွင် ၎င်းတို့သည် အနည်းငယ်ပို၍သန်မာသော ပုရွက်ဆိတ်များသာဖြစ်သည်။ ဧကရာဇ်နယ်ပယ်အားလုံးက ရီဖန်ကဲ့သို့ အင်အားကောင်းသည် မဟုတ်ချေ။

"တစ်လအတွင်း ငါတို့တိုက်ခိုက်ကြမယ်။ စုန်းဧကရာဇ်နယ်ပယ်က အင်အားကြီးတဲ့သူတွေကို၊ ငါတို့လက်ထဲအပ်လိုက်။ ကျန်တာမင်းတို့ရှင်း"

"နတ်စုန်းဂိုဏ်းက ခွေးကိုတောင် အလွှတ်မပေးဘူးဟေ့!"

နောက်တစ်လအကြာတွင် နတ်စုန်းဂိုဏ်းက မတုံ့ပြန်နိုင်သေးခင် အဓိကအင်အားစုအားလုံး၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ နတ်စုန်းဂိုဏ်းကို တိုက်ခိုက်သူများသည် မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်း များသာမက၊ သေးငယ်သောအင်အားစုများစွာလည်း ပေါင်းစည်းထားသည်။ နတ်စုန်းဂိုဏ်း၏တိုးတက်မှုကို မမြင်ချင်ကြသောကြောင့် ၎င်းတို့၏လုပ်ဆောင်ချက်သည် မယုံနိုင်လောက်အောင် စည်းလုံးနေခဲ့၏။

နတ်စုန်းဂိုဏ်းသည် လက်ရှိတွင် ကောင်းကင်စုန်းကမ္ဘာ တွင် ပထမအဆင့်ရှိသော်လည်း၊ မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းတို့နှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ မများလွန်းလှချေ။ အမှန်တကယ်တိုက်ခိုက်လာအခါတွင် နတ်စုန်းဂိုဏ်းသည် မထင်မှတ်ထားသောကြောင့် ပြန်လည်ဆုတ်ခွါသွားခဲ့သည်။

………

All Chapters