← Chapters

အခန်း ၂၉၅-၂၉၇

Vol. 20 Ch. 295-297

အခန်း ၂၉၅-၂၉၇

Vol. 20 Ch. 295-297

အခန်း ၂၉၅ - ဘယ်သူက မတိုက်ခိုက်နိုင်ရမှာလဲ

ဂိုဏ်းပေါင်းစုံက တပြိုင်နက်တိုက်ခိုက်လာသောကြောင့် နတ်စုန်းဂိုဏ်းက တုံ့ပြန်နိုင်သည့်အချိန်တွင် တိုက်ခိုက်သူများသည် ၎င်းတို့၏တံခါးဝသို့ ရောက်ရှိလာပြီဖြစ်သည်။

“ကျင်းချုံ၊ ရှောင်ချင်။ ငါတို့က သူတို့ကို မထိန်းနိုင်တော့ရင် မင်းတို့နှစ်ယောက် အရင်ထွက်ပြေးရမယ်နော်။ မင်းတို့ အသက်ရှင်နေသရွေ့ နတ်စုန်းဂိုဏ်းကပျောက်သွားမှာ မဟုတ်ဘူး"

ဝူချန်၏အသံသည် လေးလံနေကာ အဆိုးဆုံးရလဒ်အတွက် ပြင်ဆင်ထားပူံရသည်။

"ဂိုဏ်းချုပ်၊ အခြေအနေက အဲလောက်ဆိုးလို့လား"

ရီကျင်းချုံသည် ၎င်းကြောင့် စိတ်အနှောက်အယှက်မဖြစ်ပုံရသည်။ တိုက်ပွဲတစ်ခုမျှသာဖြစ်သောကြောင့် သူမမကြောက်ပေ။ ရီကျင်းချုံအတွက် ကျင့်ကြံမှုအဆင့်အောင်မြင်ခြင်းက တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် ညီမျှသည်။

ရီချင်ကလည်း "ဂိုဏ်းချုပ်၊ အခြေအနေက ကျွန်တော်တို့ထင်ထားသလောက် မဆိုးပါဘူး။ နတ်စုန်းဂိုဏ်းက သေချာပေါက် အရှုံးနိုင်ဘူး"

အကယ်၍ သူသည် လျှို့ဝှက်ဆန်းကြယ်စုန်းအဆင့်တွင်သာရှိသေးပါက ရီချင် ထိုသို့မပြောဝံ့ပေ။ ယခုတွင် သူ၏ကျင့်ကြံမှုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် ရီချင်သည် ယုံကြည်မှုအပြည့်ရှိနေသည်။

“မျှော်လင့်ရတာပါပဲ”

ထိုအချိန်တွင် နတ်စုန်းဂိုဏ်းတစ်ခုလုံး တုန်ခါသွား၏။ စုန်းဧကရာဇ်နယ်မြေ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော ဂိုဏ်း၏ကာကွယ်ရေးအခင်းအကျင်းသည် ပြင်းထန်သောတိုက်ခိုက်မှုအောက်၌ ကွဲအက်သွားခဲ့သည်။

"ဝူချန်၊ ဒီနေ့က နတ်စုန်းဂိုဏ်းရဲ့ အဆုံးသတ်ပဲ"

ဆန့်ကျင်ဘက်ဂိုဏ်းနှစ်ခု၏ခေါင်းဆောင်များက အင်အားအပြည့်နှင့် ရယ်မောနေကြသည်။ ၎င်းတို့သည် ဝူချန်ကို မနာလိုခဲ့ကြသော်လည်း ယခုလက်စားချေရမည်ဖြစ်ရာ ပျော်ရွှင်နေကြသည်။

နတ်စုန်းဂိုဏ်းအထက်ကောင်းကင်ယံသို့ ပျံတက်သွားသော ဝူချန်၏ရောင်ဝါမှာ ပေါက်ကွဲထွက်လာ၏။ နတ်စုန်းဂိုဏ်းမှ စုန်းဧကရာဇ်နယ်မြေရှိ စွမ်းအားနှစ်ဦးလည်း ရောက်ရှိလာကာ၊ ဆန့်ကျင်ဘက်ရှိ ကျင့်ကြံသူအများအပြားကို စိုက်ကြည့်နေကြသည်။

သို့သော် ၎င်းတို့၏ အမူအရာမှာ မကောင်းမွန်ချေ။

ဂိုဏ်းနှစ်ခုမှ စုန်းဧကရာဇ်နယ်ပယ်ရှိ လူလေးယောက်။

၎င်းတို့လက်အောက်မှ လျှို့ဝှက်ဆန်းကြယ်စုန်းနယ်ပယ်နှင့် စုန်းအရှင်အရေအတွက်ပင်လျှင် နတ်စုန်းဂိုဏ်းဝင်များထက် အလွန်များပြားနေသည်။ လက်ရှိအခြေအနေအရ နတ်စုန်းဂိုဏ်းသည် ဖျက်ဆီးခြင်းခံရနိုင်သည်။ စုန်းဧကရာဇ်များ၏ တိုက်ခိုက်မှုနှင့်ပင်လျှင် သူတို့ကိုလွှမ်းမိုးသွားလိမ့်မည်။

"ဝူဟိုင်၊ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်စမ်း။ မင်း တိုက်ချင်ရင် တိုက်ကြတာပေါ့၊ ဒီနေ့ မင်းကို ငါတို့နဲ့အတူ ဆွဲချသွားမှာ!"

နတ်စုန်းဂိုဏ်းမှ စုန်းဧကရာဇ်က အေးစက်စွာပြောလိုက်ကာ သူ၏အကြည့်သည် တစ်ဖက်ခြမ်းရှိ အင်အားကြီးစုန်းကြီးများအပေါ်သို့ ကျရောက်သွားသည်။ အဆင့်တူသည့် စုန်းများပင်လျှင် စုန်းဧကရာဇ်၏ခြိမ်းခြောက်မှုကို မခံနိုင်ကြချေ။

၎င်းတို့အကြောက်ဆုံးမှာ နတ်စုန်းဂိုဏ်းက ၎င်းတို့ကို ဒေါသတကြီး ဆွဲချသွားမည်ကိုပင်။ ထို့ကြောင့် ယခုအချိန်မှ တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

"ဝူမု၊ ရီကျင်းချုံနဲ့ ရီချင်ကို လွှဲပေးရင်၊ ငါတို့ ပြန်ဆုတ်သွားမယ်!"

စုန်းဧကရာဇ်ဝူဟိုင်က ၎င်းတို့၏ အဓိကအချက်ကို ထုတ်ပြောလာသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ရွေးချယ်ခံထားရသည့် နှစ်ဦးအတွက်ဖြစ်သည်။

၎င်းတို့၏ပစ်မှတ်များကို တိုက်ရိုက်ရရှိပါက နတ်စုန်းဂိုဏ်းကို ချမ်းသာပေးနိုင်၏။

ရွေးချယ်ထားသောသူနှစ်ဦးသာမရှိလျှင် နတ်စုန်းဂိုဏ်းသည် အင်အားကောင်းနေသေးသော်လည်း၊ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်နိုင်မှုက လျော့နည်းသွားမည်ဖြစ်သည်။

"ဟာဟားဟား ဝူဟိုင်၊ ငါတို့ရွေးချယ်ထားတဲ့သူတွေကို လွှဲပြောင်းပေးဖို့ပြောရအောင် မင်းအိပ်မက်မက်နေတာလား။ မင်းတို့ထဲက ဘယ်နှစ်ယောက်လောက် ဆက်ပြီး အသက်ရှင်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

နတ်စုန်းဂိုဏ်းက ရီကျင်းချုံနှင့် ရီချင်တို့ကို စတေးရန်အတွက် မည်သည့်အခါကမှ မစဉ်းစားမိကြချေ။ ၎င်းတို့ရွေးချယ်ထားသည့် သူနှစ်ယောက်ကို အပြည့်အ၀ထောက်ခံသောကြောင့် ဒီလိုနေ့မျိုးရောက်လာနိုင်ကြောင်း မျှော်လင့်ထားပြီးဖြစ်သည်။

၎င်းတို့နှစ်ဦး၏ စွမ်းအားများကျင့်ကြံပြီးမှသာ တိုက်ပွဲဝင်ရန် မျှော်လင့်ခဲ့ကြသော်လည်း ဤဂိုဏ်းနှစ်ခုသည် ဤမျှစိတ်မရှည်နိုင်ဘဲ စစ်ပွဲကိုချက်ချင်းစတင်လိုကြသည်။

"ဝူမု၊ ဒီလိုဆိုမှတော့ ဘာမှပြောစရာမရှိတော့ဘူး၊ ငါတို့ကို ရိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့!"

စုန်းဧကရာဇ်နယ်မြေ၏ ရောင်ဝါစွမ်းအားများ ပေါက်ကွဲလာပြီးနောက် နတ်စုန်းဂိုဏ်းသည် ဖိအားအောက်တွင် ရှိနေ၏။ သို့သော် ယခုအချိန်ထိ နတ်စုန်းဂိုဏ်းမှတပည့်များသည် အနည်းငယ်မျှ မကြောက်ကြပေ။ ၎င်းတို့အသီးသီးသည် လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်လျက် အလျှော့မပေးဘဲ ခုခံထားကြသည်။

ဂိုဏ်းနှစ်ခုမှ သန်မာသောကျင့်ကြံသူများနှင့် ရင်ဆိုင်ရသော်လည်း ဧကရာဇ်မင်းကို တိုက်ခိုက်ရန်အတွက် အရာရာကိုစတေးရန် အသင့်ဖြစ်နေကြသည်။ ဤအခိုက်အတန့်တွင် လူနှစ်ဦးပေါ်လာကာ လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ရီကျင်းချုံနှင့် ရီချင် အမှန်တကယ်ထွက်လာသည်ကို မြင်သောအခါ ဝူချန်ချက်ခြင်းစိုးရိမ်သွား၏။

"မင်းတို့နှစ်ယောက် အဲမှာ ဘာလုပ်နေတာလဲ ပြန်လာခဲ့ကြ!"

ရီကျင်းချုံနှင့် ရီချင်တို့ ဘေးကင်းစေရန်အတွက် ၎င်းတို့သည် တိုက်ပွဲတွင် အသေခံရန်ပင်ပြင်ဆင်ထားကြသည်။ သူတို့နှစ်ယောက် တစ်ခုခုဖြစ်သွားပါက ၎င်းတို့၏ စတေးမှုအားလုံးက အဓိပ္ပါယ်မဲ့သွားလိမ့်မည်။ စုန်းဧကရာဇ်နှစ်ပါးသည်လည်း ထပ်တူစိုးရိမ်သွားကြသည်။

စုန်းဧကရာဇ်ဝူမုသည် သူ့လက်ကို ဝှေ့ယမ်းကာ နေရာလွတ်စွမ်းအားကို လှမ်းခေါ်ပြီး ၎င်းတို့နှစ်ဦးကို ချက်ခြင်းနေရာရွှေ့ပြောင်းရန် ကြံလိုက်သည်။ သို့သော် သူ၏စွမ်းအားသည် ရီကျင်းချူနှင့် ရီချင်တို့အပေါ်တွင် သက်ရောက်မှုမရှိခဲ့ပေ။ ဧကရာဇ်စွမ်းအားက ၎င်းတို့ကို အဝေးသို့စေလွှတ်ရန် မလုံလောက်ချေ။

သူ့စွမ်းအားက သက်ရောက်မှုမရှိသည်ကို မြင်လိုက်ရသောအခါ ဝူမု၏မျက်လုံးထဲတွင် အလင်းတစ်ချက်တောက်ပသွား၏။

သူ့ကိုခုခံခဲ့သည့်စွမ်းအားက သူ့ထက်ပင်မနိမ့်ကျပေ။ ၎င်းကို ရီကျင်းချုံနှင့် ရီချင်တို့ ထုတ်လွှတ်ခဲ့ခြင်းဖြစ်နိုင်သလား။

၎င်းကိုသဘောပေါက်သွားသောအခါ ဝူမုသည် ရုတ်တရက် စိတ်တည်ငြိမ်သွားသည်။ ယနေ့တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်တော့မည်ကို သူခံစားမိလိုက်သည်။ ထို့အပြင် ထိုမမျှော်လင့်ထားသည့် အရာများတွင် ရီကျင်းချုံနှင့် ရီချင်တို့ပါ၀င်ကြ၏။

ရီကျင်းချုံကို နားလည်နိုင်သော်လည်း ရီချင်ကို သူ၏သွေးအေးမှုကြောင့် လူသိများသည်။ ရီချင်သည် ယုံကြည်ချင်မရှိပါက ယနေ့တိုက်ခိုက်ရန်ပင် လာလိမ့်မည်မဟုတ်ချေ။

ရီကျင်းချုံက ရောက်ရှိလာသူအားလုံးကိုကြည့်ပြီးနောက် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ‘စုန်းဧကရာဇ်နယ်မြေရှိ ပြိုင်ဘက်လေးယောက်။ အကြီးအကဲနှစ်ယောက်က နှစ်ယောက်ယူမယ်၊ ဆရာကြီးက တစ်ယောက်ယူမယ်၊ သူ့အတွက် တစ်ယောက်တည်းထားရမယ်’

ရီကျင်းချုံသည် သူမ၏နှုတ်ခမ်းများကို မဲ့လိုက်ပြီးနောက် မကျေနပ်ကြောင်း ထုတ်ဖော်လိုက်သည်။ တစ်ယောက်တည်းက မည်သို့လုံလောက်နိုင်မည်နည်း။ မဖြစ်သေးချေ၊ နောက်မှ အင်အားအကြီးဆုံးပြိုင်ဘက်ကို ရှာရမည်။

စုန်းဧကရာဇ်လေးပါးသည် ရီကျင်းချုံ၏အကြည့်အောက်တွင် ထိတ်လန့်တကြားခံစားလိုက်ရသည်။ ထိုခံစားချက်က ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေ၏။ ဤဖိအားများက ဘယ်ကရောက်လာသနည်း။

မကြာမီးတွင် ၎င်းတို့သည် ရီကျင်းချုံကို အာရုံစိုက်မိသွား၏။ မဖြစ်နိုင်ချေ!

ရီကျင်းချုံက စုန်းအရှင်နယ်ပယ်ရှိ ကျင့်ကြံသူသာဖြစ်သည်။ သူမ၏ပင်ကိုယ်စွမ်းရည် မည်မျှပင် အားကောင်းစေကာမူ၊ သူမသည် စုန်းဧကရာဇ်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့ ထင်ယောင်ထင်မှားဖြစ်ခြင်းသာဖြစ်းမည်။

……..

အခန်း ၂၉၆ - ဘယ်သူက မတိုက်ခိုက်နိုင်ရမှာလဲ

"ဝူချန်၊ သူတို့ကိုယ်တိုင်တောင် လိုလိုလားလားနဲ့ ရှေ့တက်လာတာပဲကို၊ မင်းတို့က ဘာလို့ အတင်းတွန်းအားပေးနေသေးတာလဲ"

မြေစုန်းဂိုဏ်းချုပ်က ရူးမိုက်စွာဖြင့် အခြေအနေကို သတိမမူမိဘဲ ချုပ်ကိုင်ထားဆဲဖြစ်သည်။ သူထင်လိုက်သည်မှာ ရီကျင်းချုံနှင့် ရီချင်တို့သည် အမှီအခိုကင်းဟန်ဆောင်လျက် နတ်စုန်းဂိုဏ်းကို ကာကွယ်ခဲ့ခြင်းဖြစ်သည် ဟူ၍ပင်။

“ကျင်းချုံ၊ရှောင်ချင် နောက်ဆုတ်လိုက်ကြပါ၊ ဒါကို ငါတို့ရှင်းလိုက်မယ်"

ဝူချန်သည် တိုက်ပွဲအတွက် ပြင်ဆင်ထားပြီးဖြစ်၏။

"ဂိုဏ်းချုပ်၊ ကျွန်မတို့က ဒီကိုအသေခံဖို့လာတာမဟုတ်ဘူး၊ သူတို့ကိုသတ်ဖို့လာတာပါ"

ဝံပုလွေဖန်းလက်နက်သည် ရီကျင်းချုံ၏လက်ထဲမှ ပျောက်ကွယ်သွားပြီးနောက် နောက်တစ်ဖန်ပြန်ပေါ်လာသည်။ ၎င်းသည် ယခင်ကကဲ့သို့ တာအိုလက်နက်မဟုတ်တော့ချေ။

၎င်းကို ရီဖန်ကိုယ်တိုင် ပြန်လည်သန့်စင်ခဲ့ကာ နတ်လက်နက်တစ်ခုဖြစ်သည့် ပျက်ဆီးခြင်းဝံပုလွေစွယ်တင်းပုတ်အဖြစ် အမည်ပေးထားသည်။ ထိုလက်နက်ပေါ်လာသောအခါ လူတိုင်းအံ့ဩသွားကြသည်။

၎င်းတို့ဘက်မှ စုန်းဧကရာဇ်လေးပါး တုန်လှုပ်သွားရုံသာမက နတ်စုန်းဂိုဏ်း၏ စုန်းဧကရာဇ်နှစ်ပါးလည်း ထိတ်လန့်သွားကြ၏။ သူတို့ကိုယ်တိုင်ပင်လျှင် မထိုက်တန်သော နတ်လက်နက်တစ်ခုက ၎င်းနတ်ဘုရားကလေးထံတွင် အဘယ်ကြောင့်ရှိနေရသနည်း။

စုန်းဧကရာဇ်နှစ်ယောက်ဖြစ်သည့် ဝူမုနှင့် ဝူဟိုင်တို့ကလည်း ဝူချန်ကို မေးခွန်းထုတ်ရင်း စိုက်ကြည့်နေကြသည်။ နတ်စုန်းဂိုဏ်းက နတ်လက်နက်ကို မည်သည့်အချိန်ကရရှိခဲ့သနည်း။

ဝူချန်ကလည်း လုံးဝအပြစ်ကင်းသည်။ နတ်စုန်းဂိုဏ်းတွင် နတ်လက်နက်တစ်ခုရှိနေပါက ၎င်းတို့သည် မြေစုန်းဂိုဏ်းနှင့် လူ့စုန်းဂိုဏ်း၏ တိုက်ခိုက်မှုကို တောင့်ခံနေစရာပင်မလိုချေ။ သူကိုယ်တိုင်ကလည်း ရီကျင်းချုံသည် ထိုနတ်လက်နက်ကို မည်သည့်နေရာကရခဲ့ကြောင်း သိချင်နေသည်။

စုန်းဧကရာဇ်နှစ်ပါးသည် ရီကျင်းချုံ၏ နတ်လက်နက်ဇစ်မြစ်ကိုသိချင်နေကြသော်လည်း ယခုအချိန်က ၎င်းကိုအာရုံစိုက်ရမည့်အချိန်မဟုတ်မှန်း သိကြ၏။ ထ်ုနတ်လက်နက်က ၎င်းတို့၏မျှော်လင့်ချက်ကို တစ်ဖန်တောက်ပလာစေသည်။

စုန်းဘုရင်နယ်ပယ်ရှိ နတ်လက်နက်ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူသည် စုန်းဧကရာဇ်နယ်ပယ်ရှိ ပြိုင်ဘက်ကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။ နှမြောစရာကောင်းသည်မှာ ၎င်းကတစ်ခုသာရှိသည်၊ နောက်တစ်ခုရှိလျှင် ပိုကောင်းလိမ့်မည်။

‘ချီးပဲလေ!’

နတ်လက်နက်များက ဂေါ်ဖီထုပ်မဟုတ်ကြချေ။ တစ်ခုရှိနေရုံနှင့်ပင် လွန်လွန်းလှပြီ၊ နောက်တစ်ခုလိုချင်ပါက အိပ်မက်ထဲတွင်သာ ရနိုင်လိမ့်မည်။

ထိုအချိန်တွင် သာမာန်ပုံစံရှိသော သုံးမြှောင့်မှန်ရှစ်ချပ်က ရီချင်၏လက်ထဲတွင် ပေါ်လာသည်။ သို့သော် ထိုမှန်ထဲမှ ထုတ်လွှတ်လိုက်သည့် ရောင်ဝါက ၎င်းသည်လည်း နတ်လက်နက်တစ်ခုဖြစ်ကြောင်း ကြေညာနေခဲ့၏။

နတ်လက်နက်များသည် မည်သည့်အချိန်ကစ၍ စျေးပေါသွားသနည်း။ လူတိုင်း၏စိတ်ထဲတွင် ထိုကြီးမားသောမေးခွန်းတစ်ခုပေါ်လာသည်။ နတ်လက်နက်နှစ်ခု တစ်ပြိုင်နက်ပေါ်လာရာ၊ ၎င်းကို မည်သို့ကိုင်တွယ်ကြရမည်နည်း။

အဓိကဂိုဏ်းနှစ်ခုမှ စုန်းဧကရာဇ်လေးပါး၏ မျက်လုံးများမှာ နီရဲလာသည်။ ၎င်းတို့ကြားတွင် ထိုနတ်လက်နက်များကို ခွဲဝေရန်ပင် စီစဉ်နေကြပြီဖြစ်၏။ နောက်အခိုက်အတန့်တွင် ဧရာမ ဝံပုလွေစွယ်တင်းပုတ်က ၎င်းတို့၏မျက်နှာပေါ်သို့ ကျရောက်လာခဲ့သည်။

‘ဘမ်း!’

ပျက်ဆီးခြင်းဖန်တီးမှုလက်စွဲ၊ ရီဖန်သည် ငါး ခြောက် နက်နဲစွမ်းရည်နှင့်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေနိယာမတို့ကို ရီမိသားစုအတွက် အထူးသင့်လျော်သော အရွက်တစ်ထောင်အင်မော်တယ်ဥပဒေအဖြစ် ပေါင်းစပ်လိုက်ကာ၊ အနှိုင်းမဲ့စွမ်းအားကို ပေးစွမ်းခဲ့သည်။

ဝူဟိုင်သည် ခုခံနိုင်စွမ်းမရှိသောစွမ်းအားတစ်ခုက သူ့မျက်နှာကိုထိမိသွားကြောင်း ခံစားလိုက်ရကာ သူ၏အရေထူက ချက်ချင်းပုံပျက်သွားပြီးနောက် ကွဲအက်သွားသည်။

ပျက်ဆီးခြင်းဝံပုလွေစွယ်တင်းပုတ်၏ အကျိုးသက်ရောက်မှုများမှာ အစောပိုင်းက စွန်းဝူခုန်းအတွက် ရီဖန်ပြုလုပ်ပေးထားသည့် ရွှေရောင်တုတ်ချောင်းထံမှ အတုခိုးထားခြင်းဖြစ်ကာ၊ ၎င်းတွင် မရှိမဖြစ်လိုအပ်သော စွမ်းရည်နှစ်ခုဖြစ်သည့် အလေးချိန်နှင့် မာကျောမှုတို့ရှိသည်။

ဤထိုးနှက်ချက်က သူ့မျက်နှာပေါ်သို့ ကမ္ဘာကြီးတစ်ခုကို ကိုင်ပေါက်လိုက်သကဲ့သို့ဖြစ်လာသည်။ စုန်းဧကရာဇ်ဝူဟိုင်သည် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရီကျင်းချုံ၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူ့မျက်နှာမှာကြေမွသွားပြီး ခန္ဓာကိုယ်လည်း ကွဲအက်သွားခဲ့၏။

ဤတိုက်ခိုက်မှုစွမ်းအားက စုန်းဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားကာ ၎င်းသည် သူတို့ထက်ပင် ပိုမိုအားကောင်းသေးသည်။

နောက်မှအသိဝင်လာသော အခြားစုန်းဧကရာဇ်များသည်လည်း ချက်ချင်း စတင်လှုပ်ရှားခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စုန်းလက်နက်များကို ခန္ဓာကိုယ်များ၊ အထူးသဖြင့် မျက်နှာများရှေ့တွင် ကာလိုက်ကြကာ နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

တစ်ဖက်တွင်မူ နတ်စုန်းဂိုဏ်းလူအုပ်ကြားထဲရှိ ထိုင်းမှိုင်းနေသောလေထုမှာ ရုတ်တရက် စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။ ရီကျင်းချုံသည် အလွန်အစွမ်းထက်သောကြောင့် အင်အားကြီး စုန်းဧကရာဇ်ကို သူကိုယ်တိုင်ထိန်းထားနိုင်သည်မှာ သေချာ၏။ ယနေ့ သူတို့ ရှုံးမည်မဟုတ်ချေ။

နတ်စုန်းဂိုဏ်း၏တစ်ဖက်တွင် နတ်လက်နက်ကိုကိုင်ဆောင်ထားသော ရီချင်ကျန်နေသေးသည်ကိုလည်း မမေ့ထားလေနှင့်။ နတ်ဘုရားကလေးဖြစ်သော ရီချင်၏ တိုက်ခိုက်ရေးစွမ်းအားသည် ရီကျင်းချုံထက် အားနည်းလိမ့်မည်မဟုတ်ပေ။

လူတိုင်း၏မျှော်လင့်ချက်အောက်တွင် ရီချင်သည်လည်း စတင်လှုပ်ရှားခဲ့၏။ ‘သုံးမြှောင့်မှန်ရှစ်ချပ် အခင်းအကျင်း’ ရီချင်၏ပတ်လည်တွင် ကြီးမားသော အခင်းအကျင်းကြီးတစ်ခု ချက်ချင်းပေါ်ပေါက်လာခဲ့သည်။

ရီချင်သည် ၎င်း၏တာဝန်ကို ရှင်းရှင်းလင်းလင်း နားလည်ထားကာ၊ သူသည် တိုက်ခိုက်ရေးထက် ကူညီပံ့ပိုးပေးရန်သာ ပိုကြိုက်သည်။ အချင်းအကျင်းတွင် အရှိန်၊ အင်အားနှင့် အသက်စသည်ဖြင့် တံခါးရှစ်ပေါက်ရှိသည်။

ဖြာထွက်တောက်ပနေသော စွမ်းအင်သုံးခုက နတ်စုန်းဂိုဏ်းရှိလူများ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းပျံ့နှံ့သွားသည်။ လူတိုင်းက ၎င်းတို့၏စွမ်းရည်များ တခဏအတွင်းပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။

အခင်းအကျင်းတွင်နောက်ထပ် နှေးကွေးခြင်း၊ အားနည်းခြင်း၊ သေခြင်းဟူသော တံခါးသုံးပေါက်ရှိသေးသည်။ ထိုအလင်းတန်း ၃ ခုက ရန်သူများကို ပစ်မှတ်ထား၏။

"ငါအရမ်းသန်မာတာပဲ!"

နတ်စုန်းဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်စုန်းကျင့်ကြံသူများသည် သူ့ကိုယ်သူတို့မထိန်းနိုင်တော့ဘဲ၊ စုန်းလက်နက်များကို ကိုင်စွဲလျက် ကျင့်ကြံမှုအဆင့်ညီသော ရန်သူများကို စတင်တိုက်ခိုက်တော့သည်။

ကျင့်ကြံမှုအဆင့်များတူညီခြင်းက တိုက်ပွဲကို လျင်မြန်စွာအဆုံးသတ်နိုင်ရန် ခက်ခဲစေလိမ့်မည်။

သို့သော် အကူစွမ်းအားနှစ်ခု၏တိုးမြှင့်မှုအောက်တွင် တိုက်ပွဲ၏မျှချှေသည်ချက်ချင်းပြောင်းပြန်ဖြစ်သွား၏။

နတ်စုန်းဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်စုန်းသည် သူ့လက်ကိုကြည့်ရင်း၊ သူမည်သည့်အချိန်က ဤမျှ အစွမ်းထက်သည်ကို မယုံနိုင်ဖြစ်နေသည်။

ထိုကျင့်ကြံသူ၏ တိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲကြီးသည် ချက်ခြင်းအသက်ဝင်လာကာ နှစ်ဘက်စလုံးက ချက်ချင်းထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

သို့သော် ဝိုင်းရံထားသော ကျင့်ကြံသူများက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် တူညီသောကျင့်ကြံမှုအဆင့်ရှိသည့် နတ်စုန်းဂိုဏ်းကျင့်ကြံသူများနှင့် အဘယ်ကြောင့်မတူညီရကြောင်းကို အပူတပြင်းရှာဖွေနေကြသည်။

ဝိုင်းရံထားသည့်အဖွဲ့တွင် မူလကအဆင့်မြင့်ကျင့်ကြံသူ အရေအတွက်ပိုများသော အားသာချက်ရှိသည်။ သို့သော် ရီချင်ထောက်ပံ့ထားသော အကူအောက်တွင် ၎င်းတို့သည် ချက်ချင်းအားနည်းသွားကြ၏။

အပြင်းအထန်တိုက်ခိုက်နေသည့် ဝူချန်ကလည်း ဂိုဏ်းကြီးနှစ်ခု၏ဂိုဏ်းချုပ်များကို တိုက်ခိုက်နေသည်။ သည်လိုရှားပါးသည့်အခွင့်အရေးမျိုးကို ဝူချန်က လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။

ဂိုဏ်းကြီးများမှ စုန်းဧကရာဇ်နှစ်ပါး၏ အမူအရာများသည် ပို၍ပင်ရုပ်ဆိုးလာသည်။ သက်တောင့်သက်သာပြီးဆုံးမည်ဟု သူတို့ထင်ထားသော တိုက်ပွဲက ၎င်းတို့၏ထိန်းချုပ်မှုမှ တဖြည်းဖြည်းလွတ်ထွက်လာသည်။

တစ်ခုခုကို မလုပ်နိုင်ပါက အမှန်တကယ်ဆိုးရွားသည့် အရာတစ်ခုဖြစ်လာမည်မှာသေချာ၏။ မကြာမီတွင် စုန်းဧကရာဇ်များ၏အကြည့်သည် ရီချင်အပေါ် ကျရောက်သွားသည်။ စစ်ပွဲ၏ဦးတည်ရာသည် ရီချင်ကြောင့် လုံးဝလမ်းလွဲသွားခဲ့၏။ ၎င်းကို ပြောင်းပြန်လှန်ရန်အတွက် ရီချင်ကိုဖယ်ရှားပစ်ရမည်။

"ငါလုပ်မယ်!"

စုန်းဧကရာဇ်သုံးပါးတွင် အားအနည်းဆုံးဖြစ်သော ဝူဟူက ရီချင်ကိုဦးတည်လျက် ပထမဆုံးတိုက်ခိုက်ခဲ့သည်။ အထောင်အပံ့တစ်ဦးက ကြီးမားသောတိုက်ခိုက်ရေးစွမ်းအားမရှိမည်မှာ သေချာသည်။

ဝူဟူက သူသည်ဆင်ခြင်တုံတရားရှိကြောင်း ယုံကြည်ခဲ့သည်။ အဆင့်တက်ခါစ စုန်းဧကရာဇ်တစ်ယောက်အနေဖြင့်၊ ဝူမုနှင့် ရီကျင်းချုံတို့သည် သူ ရန်စနိုင်သည့် ပြိုင်ဘက်များမဟုတ်ပေ။ ရီချင်သည်သာ ပြီးပြည့်စုံသော ပစ်မှတ်ဖြစ်၏။

ဝူဟူချဉ်းကပ်လာသည်ကိုကြည့်ရင်း ရီချင်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထောက်ပံ့သူများက တိုက်ခိုက်ရေးစွမ်းအားမရှိဟု မည်သူပြောသနည်း။ သုံးမြှောင့်မှန်ရှစ်ချပ်ကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းလိုက်ပြီးနောက် တံခါးရှစ်ခုစလုံးပွင့်သွားလေပြီ။

ရီချင်၏အဝတ်အစားများ ချက်ချင်းပေါက်ကွဲသွားပြီးနောက်

ကြောက်မက်ဖွယ်ကြွက်သားများနှင့် ခန္ဓာကိုယ်က နေရာလွတ်ကို ပြိုကျစေသည်။ ရီချင်၏ ရုပ်ပိုင်းဆိုင်ရာအနေအထားသည် ရီကျင်းချုံထက်ပင် ပိုကြောက်စရာကောင်းမည်ဟု မည်သူမျှမထင်မိခဲ့ချေ။

တကယ်တမ်းတွင် ရီချင်အမွေဆက်ခံခဲ့သော ကုန်းကုန်းက ပုကျိုးတောင်ကိုပင် ဖြိုခွဲနိုင်သည်။ သူ့ခန္ဓါကိုယ်ကသာ အင်အားမရှိပါက မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ရီချင်သည် စွမ်းအားအပြည့်ဖြင့် လက်သီးတစ်လုံး ထိုးချလိုက်သည်။

ရီချင်၏အဝတ်အစားများ ပေါက်ကွဲသွားသောအခါ ဝူဟူမှာ တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ ရီချင်က ထိုလက်သီးကို ထိုးချလိုက်သည့်အချိန်၌ ဝူဟူသည် ပစ်မှတ်မှားရွေးမိကြောင်း သဘောပေါက်လိုက်သည်။

စောစောကသိခဲ့လျှင် သူသည် နတ်စုန်းဂိုဏ်းမှ နောက်ဆုံးစွမ်းအားကြီးစုန်းဧကရာဇ်ကိုသာ ရွေးချယ်ခဲ့လိမ့်မယ်။ ဝူဟိုင်နှင့်ယှဉ်လျှင် ဝူဟူက ပိုထိခိုက်သွားသည်။ တံခါးရှစ်ပေါက်စလုံးဖွင့်ထားသော ရီချင်က ရီကျင်းချုံထက်ပင် ပို၍အားကောင်းနေ၏။

သူ၏ထိုးချက်များကို ဝူဟူ၏ခန္ဓာကိုယ်က ခံနိုင်ရည်မရှိပေ။

စိတ်ဝိညာဉ်နှင့်ပက်သက်၍ စုန်းမျိုးနွယ်မှာလည်း ထိုအရာများရှိသလား။ မူလကရှုံးနိမ့်ခဲ့သော တိုက်ပွဲသည် အခြေအနေပြောင်းလဲသွားသဖြင့် ဝူမုမှာ စိတ်လှုပ်ရှားသွားသည်။ နတ်စုန်းဂိုဏ်းက ယနေ့အဆုံးမသတ်သွားသည့်အပြင်၊ ၎င်းတို့သည် ကောင်းကင်စုန်းကမ္ဘာတစ်ခုလုံးကို လုံးဝသိမ်းပိုက်နိုင်မည်ဖြစ်သည်။

“တိုက်ခိုက်ကြ!”

၎င်းကိုတွေးမိပြီရနောက် ဝူမုနှင့် စုန်းဧကရာဇ်များသည် တွန့်ဆုတ်မနေတော့ဘဲ နောက်ဆုံးစုန်းမျိုးနွယ်စုမှ စုန်းဧကရာဇ်နှစ်ယောက်ကို တိုက်ခိုက်ခဲ့ကြသည်။ စုန်းဧကရာဇ်များ၏ပံ့ပိုးကူညီမှုနှင့် ရီချင်၏အကူစွမ်းအားတို့ကြောင့် တိုက်ပွဲသည် မကြာတော့ချေ။ လက်နက်ချသူများနှင့်၊ လဲကျသူများဖြင့် ပြည့်နေ၏။

နတ်စုန်းဂိုဏ်း၏တပည့်များသည် တိုက်ပွဲပြီးနောက်တွင် ကောင်းကင်ကို ထိတ်လန့်စွာကြည့်နေကြသည်။ သူတို့၏အောင်ပွဲက အမှန်တကယ်အနိုင်ရခဲ့သည်ဟု မဆိုလိုချေ။ နောက်ဆုံးရလဒ်က ကောင်းကင်ရှိ စွမ်းအားကြီးစုန်းဧကရာဇ်များ၏ တိုက်ပွဲအပေါ်တွင် မူတည်နေသေးသည်။

ဘမ်း!

ကောင်းကင်မှ မြေပြင်သို့ ရိုက်ချခံလိုက်ရသော တစ်စုံတစ်ဦးကျလာသည်။

ဧရာမဝံပုလွေစွယ်တင်းပုတ်က ကောင်းကင်မှပြုတ်ကျလာကာ မြေကြီးသည် မိုင်ပေါင်းသောင်းနှင့်ချီ၍ တုန်ခါသွားသည်။

ခဏအကြာတွင် ရီကျင်းချုံသည် မြေပြင်သို့ ခုန်ဆင်းလာလျက် ဝူဟိုင်ကို စိတ်မကောင်းစွာ ကြည့်နေသည်။ ဝူဟိုင်၏ ကျင့်ကြံမှုအဆင့်ကို စည်းတံဆိပ်ခတ်ပြီးနောက် ရီကျင်းချုံသည် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ရသည်။

ဝူဟိုင်သည် အားနည်းလွန်းသောကြောင့် ရီကျင်းချုံ၏ တိုက်ပွဲဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပေ။ ရီကျင်းချုံသည် ကျန်စုန်းဧကရာဇ်သုံးပါးကိုကြည့်ပြီးနောက် ဇာတ်ဆောင်နေရာကို သူမဝင်ယူသင့်သည်ဟုခံစားရသည်။

ရီကျင်းချုံ၏အကြည့်ကို ရီချင်ခံစားလိုက်ရသည်။ သူက ရီကျင်းချုံ၏ရည်ရွယ်ချက်များကို နားမလည်ဘဲမနေချေ။ ထို့ကြောင့် ဝူဟူကို လျင်မြန်စွာကိုင်တွယ်လိုက်ကာ ရီကျင်းချုံ၏အကြံအစည်ကိုရပ်တန့်လိုက်သည်။

နောက်ဆုံးတွင် ကျန်ရှိသော စုန်းမျိုးနွယ်စုမှ စုန်းဧကရာဇ်နှစ်ပါးသည် နတ်စုန်းဂိုဏ်းမှလူများကို စိတ်ပျက်လက်ပျက်ကြည့်ကာ အတူတကွ ဆုတ်ခွာသွားကြသည်။ မည်သူမျှ သတိမထားမိသည့်အချိန်တွင် ဝူဟိုင်ခေါင်းငုံ့လျက် စာတစ်စောင်ပို့လိုက်သည်။

…………..

အခန်း ၂၉၇ - စုန်းမျိူးနွယ်၏ ရီဖန်အပေါ်သဘောထား

မူလက လေးယောက် နှစ်ယောက်နှင့်၊ ယခုလေးယောက် နှစ်ယောက်တူညီသေးသော်လည်း၊ ပစ်မှတ်များက စုန်းမျိုးနွယ်စု၏အဓိကဂိုဏ်းနှစ်ခုမှ စုန်းဧကရာဇ်များထံပြောင်းသွားသည်။

နှစ်ယောက်သား တုန်လှုပ်လျက် ကြောက်လန့်တကြားဖြစ်နေကြကာ အခြေအနေက ရုတ်တရက် မည်သို့ဖြစ်သွားမှန်း နားမလည်လိုက်ချေ။

"နားလည်မှုလွဲတာနေမယ်"

စုန်းဧကရာဇ်နှစ်ပါး၏မောက်မာမှုသည် လုံးဝ ပျောက်ကွယ်သွား၏။

"နားလည်မှုလွဲနေတာလား ငါတော့မထင်ပါဘူးနော်"

ယခုလေးတင် အုတ်ဂူကိုလှမ်းမြင်ထားသာရသော ဝူမုက လက်ရှိတွင် အောင်ပွဲခံသည့် အကြည့်ကြီးဖြင့် အဓိကဂိုဏ်းကြီးများ၏စုန်းဧကရာဇ်နှစ်ပါးကို စိုက်ကြည့်နေသည်။

နေ့တစ်ဝက်ခန့်တိတ်ဆိတ်နေသော ဝူဟိုင်က သူ့ခေါင်းကို ပြန်မော့လိုက်သည်။ ၎င်းတို့ကို ထိုကဲ့သို့ အနိုင်ပေးမည်ဟု ထင်ကြသလား။

ထိုစကားကိုကြားသောအခါ တပည့်များသည် ရုတ်တရတ်စိုးရိမ်ခြင်းသွားကြ၏။ ဝူဟိုင်ထံတွင် လှည့်ကွက်များ ရှိနေသေးသလား။ ထိုအချိန်တွင် လူတိုင်းသည် ပြင်းထန်သောရောင်ဝါတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ဟု ခံစားလိုက်ရသည်။

ဝူဟိုင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းကိုမော့လိုက်သည်။ နောက်ဆုံးတွင် သူစောင့်နေသည့်သူ ရောက်လာပြီဖြစ်သည်။

"ဝူဟိုင် မင်းငါ့ကိုဘာလို့ခေါ်တာလဲ"

ရောက်ရှိလာသူကို ဝူဟိုင်က ဂါဝရပြုလိုက်သည်။

“စုန်းဘိုးဘေကို နှုတ်ဆက်ပါတယ်"

စုန်းဘိုးဘေး ? နတ်စုန်းဂိုဏ်းမှတပည့်များသည် အနည်းငယ်ထိတ်လန့်သွားကာ ခေါင်မော့လျက် အထက်ကောင်းကင်မှပုံသဏ္ဌန်ကို ကြည့်လိုက်ကြသည်။ သူတို့အတွက် စုန်းဘိုးဘေးနယ်မြေမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အင်အားကြီးမားသောပုဂ္ဂိုလ်များဖြစ်သည်။ ယခုတွင် သက်ရှိစုန်းဘိုးဘေးတစ်ဦးက ၎င်းတို့ရှေ့တွင် ပေါ်လာရာ မည်သို့မျှမစိုးရိမ်ဘဲ မနေနိုင်ကြပေ။

ဝူဟိုင်က ညစ်ညမ်းစွာ ပြုံးလိုက်၏။ ရီကျင်းချုံနှင့် ရီချင်တို့သည် နတ်လက်နက်များကို ပြင်ဆင်မှုများ ပြုလုပ်ပြီးသောအခါတွင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

နတ်လက်နက်နှစ်ခုက စုန်းဘိုးဘေးများ၏လောဘကို လှုံ့ဆော်ပေးနိုင်ရန် လုံလောက်သည်။ သူ့အတွက် နတ်လက်နက်နှစ်လက်ကို မသိမ်းပိုက်နိုင်ခဲ့သည်မှာ နှမြောစရာကောင်းသော်လည်း ဝူဟိုင်က နတ်စုန်းဂိုဏ်းထံတွင် လုံးဝရှုံးနိမ့်သွားခြင်းကိုလက်ခံရန် ပိုမိုခက်ခဲလွန်းသည်ဟု ခံစားရသည်။

“လေးစားရတဲ့ စုန်းဘိုးဘေးခင်ဗျာ၊ ကျွန်တော်က အရှင့်အတွက် နတ်လက်နက်နှစ်ခုကိုရှာတွေ့ထားလိူ့ ခေါ်လိုက်ရတာပါ”

ဝူဟိုင်၏စကားကြောင့် နတ်စုန်းဂိုဏ်းမှ ကျင့်ကြံသူများ၏မျက်နှာများသည် လုံးဝ မည်းမှောင်သွားခဲ့သည်။ စုန်းဘိုးဘေး၏အစွမ်းသတ္တိကို သူတို့ကောင်းကောင်းသိ၏။ အကယ်၍ စုန်းဘိုးဘေးက နတ်လက်နက်ကို တောင်းဆိုခဲ့ပါက၊ ၎င်းတို့က သူ့ကို အမှန်တကယ် ငြင်းဆန်နိုင်မည်လား။ ငြင်းဆိုရန်နည်းလမ်းမရှိသည်မှာ လုံးဝသေချာနေသည်။

အားလုံး၏မျက်လုံးများသည် ရီကျင်းချုံနှင့် ရီချင်တို့၏ တုံ့ပြန်မှုကိုမြင်ရရန် လှည့်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် နတ်လက်နက်များ၏ လက်ရှိပိုင်ရှင်များဖြစ်ကြသည်မဟုတ်လား။

ဝူဟိုင်၏စကားကိုကြားသောအခါ နေမုဆိုးစုန်းဘိုးဘေးများပင် စိတ်ဝင်စားလာသည်။

နတ်လက်နက်များသည် စုန်းဘိုးဘေးများပင် မပိုင်ဆိုင်နိုင်သော ရတနာများဖြစ်ကြ၏။ ထိုအရာများက ကောင်းကင်စုန်းကမ္ဘာလေးမှ ကျင့်ကြံသူနှစ်ဦးထံတွင်ရှိနေသည်လား။

မကြာမီတွင် နေမုဆိုးစုန်းဘိုးဘေးသည် ရီကျင်းချုံနှင့် ရီချင်တို့၏ နတ်လက်နက်များဖြစ်သည့် ပျက်ဆီးခြင်း ဝံပုလွေစွယ်တင်းပုတ်နှင့် သုံးမြှောင့်မှန်ရှစ်ချပ်တို့ကို သတိပြုမိခဲ့သည်။

သုံးမြှောင့်မှန်ရှစ်ချပ်သည် ပျက်ဆီးခြင်းဝံပုလွေစွယ်တင်းပုတ်လောက် နေမုဆိုးစုန်းဘိုးဘေးအတွက် ဆွဲဆောင်မှုမရှိသည်မှာထင်ရှား၏။ လေးလံ၊ အားကောင်းပြီး ခိုင်ခံ့သောလက်နက်က စုန်းမျိုးနွယ်စုအတွက် ပို၍ဆွဲဆောင်မှုရှိသည်။ ရီချင်သည် ဤရလဒ်ကြောင့် အတော်လေး စိတ်ဒဏ်ရာရသွားရှာသည်။

"ပြောရရင် မင်းတို့နဲ့ ငါ့နဲ့ကြား ဆက်နွှယ်မှုရှိတယ်လို့ခံစားရတယ်။ နတ်လက်နက်တွေကိုသာ လွှဲပေးရင်၊ မင်းတို့ လုံခြုံရေးအတွက် ငါအာမခံနိုင်တယ်"

သို့သော် ယခုအခါတွင် နတ်လက်နက်များ၏ပိုင်ရှင်က ရီချင်နှင့် ရီကျင်းချုံတို့ဖြစ်သောကြောင့် ၎င်းတို့ကို လွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိသည် နတ်ဆိုးဂိုဏ်းက ဆုံးဖြတ်ရမည့်အရာ မဟုတ်တော့ပေ။

၎င်းတို့ကလည်း နတ်လက်နက်များကို လွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှား၏။

ရီကျင်းချုံနှင့် ရီချင်တို့သည် နေမုဆိုးစုန်းဘိုးဘေးကို ရွှတ်နောက်နောက်ကြည့်လိုက်ကြသည်။ ၎င်းသည် စုန်းဘိုးဘေးနယ်ပယ်မှ စွမ်းအားကြီးကျင့်ကြံသူဖြစ်သောကြောင့် အဖေ့ကိုပဲ လာရိုက်ခိုင်းသင့်သလား။

ယခင်ကဆိုလျှင် ရီကျင်းချုံသည် စုန်းဘိုးဘေးနယ်မြေကို ကြောက်ရွံ့ရိုသေနေဆဲ ဖြစ်နိုင်သော်လည်း၊ ယခုတွင် စုန်းဘိုးဘေးနယ်မြေ ကျင့်ကြံသူတစ်ဦးမျှသည် သူတို့အိမ်တွင်လည်း မရှိဘဲမနေချေ။

ရီကျင်းချုံနှင့် ရီချင်တို့၏ တည်ငြိမ်သောအမူအရာကို မြင်လိုက်ရသောအခါ နေမုဆိုးစုန်းဘိုးဘေးက တစ်ခုခုမှားနေကြောင်းခံစားလိုက်ရသည်။ သို့သော် သူများစွာ မတွေးခဲ့မိပေ။ ကောင်းကင်စုန်းကမ္ဘာကဲ့သို့ သေးငယ်သောနေရာတွင် သူ့ကိုရန်စနိုင်မည့်သူ ရှိမည်မဟုတ်ချေ။

"ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးတယ်။ နတ်လက်နက်တွေကို လွှဲပေးစမ်း"

"ဒီအခွင့်အရေးကို မလိုချင်ရင် ဘယ်လိုလုပ်ရပါ့"

ရီကျင်းချုံ၏စကားများက နတ်စုန်းဂိုဏ်းမှလူများကို သေလုနီးပါးကြောက်ရွံ့သွားစေသည်။

သူတို့နတ်စုန်းဂိုဏ်းက နတ်ဘုရားကလေးများက အလွန်သတ္တိရှိနေသလား။ ယခုအချိန်တွင် စွမ်းအားကြီး စုန်းဘိုးဘေးနယ်မြေကျင့်ကြံသူများကို

ကိုင်တွယ်ဖြေရှင်း၍မရနိုင်သေးပေ။

နေမုဆိုးစုန်းဘိုးဘေးပင်လျှင် ရီကျင်းချုံကြောင့် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ သူနည်းနည်းလမ်းပျောက်သွား၏။ ရီကျင်းချုံ၏ ဝှက်ဖဲကအဘယ်နည်း။

နေမုဆိုးစုန်းဘိုးဘေးသည် သူ၏စုန်းဘိုးဘေးနယ်မြေ ဂုဏ်သိက္ခာကို စိန်ခေါ်ခံရသည်ဟု ခံစားခဲ့ရသောကြောင့် သူ့နှလုံးသားထဲတွင် ဒေါသများအလိပ်လိုက်ထွက်လာသည်။ အခွင့်အရေးပေးခဲ့စဉ်က လက်မခံသည့်အတွက် သူ့ကို အပြစ်မတင်လေနှင့်။

နောက်အခိုက်အတန့်တွင် စွမ်းအားကြီး စုန်းဘိုးဘေးနယ်မြေကျင့်ကြံသူ၏ စွမ်းအားပေါက်ကွဲသွားသည်။ နေမုဆိုးစုန်းဘိုးဘေးက သူ့လက်ကိုဆန့်ထုတ်လိုက်ကာ ရီကျင်းချုံနှင့် ရီချင်ကို လှမ်းဆွဲလိုက်သည်။

ရီကျင်းချုံနှင့် ရီချင်တို့က အားနည်းချက်အနည်းငယ်ကိုပင်မပြဘဲ နတ်လက်နက်များ၏စွမ်းအားကို ချက်ချင်းထုတ်လွှတ်ကာ နေမုဆိုးစုန်းဘိုးဘေး၏ တိုက်ခိုက်ခြင်းကို တားဆီးခဲ့သည်။

တခဏအတွင်း ၎င်းတို့သည် မိုင်သန်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရသော်လည်း နေမုဆိုးစုန်းဘိုးဘေး၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ ထိုမြင်ကွင်းက စုန်းမျိုးနွယ်စုကျင့်ကြံသူအားလုံးကို အံ့အားသင့်စေခဲ့သည်။

နတ်လက်နက်များ၏စွမ်းအားကိုအသုံးချလျှင်ပင် စုန်းဘိုးဘေးနယ်မြေတိုက်ခိုက်မှုကို ရှောင်လွှဲရန်အတွက် စုန်းအရှင်နယ်မြေရှိ ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို အသုံးပြုနိုင်ခြင်းက လွန်လွန်းနေပြီဖြစ်သည်။ စုန်းမျိုးနွယ်စု ကျင့်ကြံသူများသာမက၊ နေမုဆိုးစုန်းဘိုးဘေးပင်လျှင် လန့်သွား၏။

နေမုဆိုးစုန်းဘိုးဘေးထံတွင် နတ်လက်နက်များမရှိသောကြောင့် ၎င်းတို့နှစ်ဦးကိုင်ဆောင်ထားသော နတ်လက်နက်နှစ်ခုကို လေးနက်စွာလိုချင်သည်။ သိူ့မဟုတ်ပါက ဝူဟိုင်ပေးပို့သော စာတစ်စောင်ကြောင့် ကောင်းကင်စုန်းကမ္ဘာသို့ ချက်ခြင်းအလျင်စလို ရောက်လာလိမ့်မည်မဟုတ်ချေ။

…………….

All Chapters