← Chapters

အခန်း ၂၉၈-၃၀၀

Vol. 20 Ch. 298-300

အခန်း ၂၉၈-၃၀၀

Vol. 20 Ch. 298-300

အခန်း ၂၉၈ - စုန်းမျိုးနွယ်စု၏ ရီဖန်အပေါ်သဘောထား

ဤတစ်ကြိမ်တွင် သူသည် နတ်လက်နက်များ၏ စွမ်းအားကို ပထမဆုံးအကြိမ်တွေ့ကြုံခံစားခဲ့ရသောကြောင့် ၎င်းကိုလိုချင်သောဆန္ဒမှာ ပို၍ပင်တိုးလာခဲ့သည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် ထင်သလောက်မရိုးရှင်းကြောင်း သူအမြဲခံစားမိသော်လည်း နတ်လက်နက်နှစ်ခုအပေါ်ရှိ လောဘကြောင့် အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်၏။

ရီကျင်းချုံနှင့် ရီချင်တို့သည် နောက်ဆုံးတွင် ၎င်းတို့၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းနိုင်ခဲ့သည်။ ၎င်းတို့၏ဒဏ်ရာအတိုင်းအတာကိုလည်း ထည့်စဉ်းစားရန်လိုအပ်ကာ စုန်းဘိုးဘေးနယ်မြေရှိ စွမ်းအားကြီးကျင့်ကြံသူတစ်ဉီးက မည်မျှအစွမ်းထက်သည်ကို မအံ့ဩဘဲမနေနိုင်ကြချေ။

တကယ်တမ်းတွင် ၎င်းတို့သည် ရီဖန်မဟုတ်သလို ၎င်းတို့ထံတွင်အားကိုးရလောက်သည့် အစွမ်းအစများလည်း မရှိခဲ့ကြချေ။ ၎င်းတို့သည် စုန်းဘိုးဘေးနယ်မြေရှိတစ်စုံတစ်ဦးကို ခုခံရန်လိုအပ်သောအင်အားနှင့် အလွန်ဝေးကွာသော စုန်းအရှင်နယ်မြေတွင်သာရှိကြ၏။

အကယ်၍ ၎င်းတို့မနိုင်နိုင်သော တိုက်ပွဲဖြစ်ပါက၊ လိမ္မာပါးနပ်သောနည်းဗျူဟာကို အသုံးပြုရမည်။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းနှစ်ခုသည် သဘောထားကွဲလွဲမှုများဖြင့် စတင်ခဲ့သောကြောင့် ယခုအချိန်တွင် မည်သူ့ကိုမှအပြစ်တင်၍မရပေ။

၎င်းတို့နှစ်ဦးသည် လူများကို စတင်ထိန်းချုပ်လာသည့်အချိန်၌ စုန်းမျိုးနွယ်စုမှ အင်အားကြီးသူနှစ်ယောက်သည် ကောင်းကင်ယံတွင် ပေါ်လာသည်။ ကောင်းကင်စုန်းကမ္ဘာတွင် အမျိုးမျိုးသောအစိတ်အပိုင်းများ များပြားစွာတည်ရှိသော်လည်း စုန်းဘိုးဘေးနယ်မြေမှ စွမ်းအားကြီးသူသုံးဦး တစ်ပြိုင်နက်တည်းပေါ်လာသည်အထိ မည်သည့်အချိန်ကများ စည်ကားခဲ့ဖူးသနည်း။

နောက်ထပ်စုန်းဘိုးဘေးနှစ်ယောက်ရောက်လာကြောင်း သတိထားမိသောအခါ နေမုဆိုးစုန်းဘိုးဘေး၏ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားသည်။ မူလက နတ်လက်နက်နှစ်ခုစလုံးသည် သူတစ်ယောက်တည်းအတွက်သာ ဖြစ်သင့်သော်လည်း ယခုတွင် မသေချာတော့ချေ။

စုန်းမျိုးနွယ်စု၏ အစွမ်းထက်သောဖြစ်တည်မှုများထဲတွင် နေမုဆိုးစုန်းဘိုးဘေးသည် နတ်လက်နက်ကိုပင် မပိုင်ဆိုင်နိုင်သောကြောင့် အားအနည်းဆုံးဟုယူဆခံရသည်။ ယခုတွင် စုန်းဘိုးဘေးနှစ်ပါးပေါ်ပေါက်လာပြီး ၎င်းတို့နှစ်ဦးစလုံးသည် သူ့ထက်ပို၍အစွမ်းထက်ကြသည်။

စုန်းဘိုးဘေးနှစ်ပါးရောက်ရှိလာသည်နှင့်တပြိုင်နက် နေမုဆိုးစုန်းဘိူးဘေးက အဘယ်ကြောင့် ဤကောင်းကင်စုန်းကမ္ဘာငယ်လေးတွင်ရှိနေကြောင်း သိလိုသောသဖြင့် ဘေးကိုကြည့်ရှုလိုက်လိုက်ကြသည်။ သို့သော် သိပ်မကြာမီတွင် ရီကျင်းချုံနှင့် ရီချင်တို့လက်ထဲရှိ နတ်လက်နက်များကို သူတို့သတိထားမိလိုက်ကြကာ နေမုဆိုးစုန်းဘိုးဘေးက အဘယ်ကြောင့် ကောင်းကင်စုန်းကမ္ဘာကိုရောက်နေကြောင်း ချက်ခြင်းနားလည်သွားသည်။

“နေမုဆိုးစုန်းဘိုးဘေး မင်းကမရိုးမသားနဲ့ ရတနာတွေကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာပဲ”

စုန်းဘိုးဘေးနှစ်ဦးက ကောင်းကင်စုန်းကမ္ဘာတွင် အနှောက်အယှက်ဖြစ်နေကြကြောင်း သတိပြုမိသောကြောင့် စုံစမ်းရန်ဆုံးဖြတ်ခဲ့သည်။ သို့မဟုတ်ပါက နတ်လက်နက်နှစ်ခုစလုံးသည် နေမုဆိုးစုန်းဘိုးဘေး၏ လက်ထဲတွင် အဆုံးသတ်သွားလိမ့်မည်။

နေမုဆိုးစုန်းဘိုးဘေးသည် ပြန်လည် မတုံ့ပြန်နိုင်တော့ဘဲ သူ့မျက်နှာမှာ ပို၍ပင်မည်းမှောင်သွားသည်။

နတ်လက်နက်နှစ်ခုလုံးကို သူ့အတွက်သိမ်းဆည်းထားရန် လက်တွေ့ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရရာ နေမုဆိုးစုန်းဘိုးဘေး၏ရည်ရွယ်ချက်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။

သူသည် ယခုအချိန်တွင် နတ်လက်နက်တစ်ခုကို သိမ်းဆည်းထားနိုင်ရန်သာမျှော်လင့်လျက် သုံးမြှောင့်မှန်ရှစ်ချပ်ဆိုလျှင် လုံလောက်ပါ၏။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်အရ နတ်လက်နက်များကို ထိန်းသိမ်းရန်အတွက် အလွန်ခက်ခဲပေလိမ့်မည်။

အသစ်ရောက်လာသော စုန်းဘိုးဘေးနှစ်ပါးက ကိစ္စတစ်ခုမပြီးဆုံးမီ သတိလက်လွတ်နေမည့်အမျိုးအစားမဟုတ်ကြောင်း ထင်ရှားသည်။ ၎င်းတို့လက်မှ နတ်လက်နက်ကို ရရှိရန်မှာ မလွယ်ကူပေ။

သို့သော် ယခုအချိန်တွင် ၎င်းတို့သည် ထိုအပိုင်းကိုမစဉ်းစားမီ နတ်လက်နက်များကို ဦးစွာရယူရန် လိုအပ်သည်။ ထိုအချိန်တွင် လူတိုင်း၏အကြည့်များသည် ရီကျင်းချုံနှင့် ရီချင်တို့ထံ ကျရောက်သွားပြန်၏။

တစ်ချိန်တည်းတွင် စုန်းဘိုးဘေးများသည် ၎င်းတို့၏နယ်မြေသို့ လျင်မြန်စွာ ချဉ်းကပ်လာသည့် ရင်းနှီးကျွမ်းဝင်သောရောင်ဝါကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုရောင်ဝါသည် သူ့ကိုယ်သူ ဖုံးကွယ်ရန်မကြိုးစားဘဲ ၎င်း၏ပိုင်ရှင်သည် ရီဖန်ဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားသည်။

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ ဖြစ်စဉ်ကို တွေ့ကြုံခဲ့ရပြီးနောက် စုန်းမျိုးနွယ်စုဝင်အများအပြားသည် အင်မော်တယ်ဧကရာဇ်ရီဖန်နှင့် ရင်းနှီးလာကာ သူ့အပေါ်အလွန် ယဉ်ကျေးရိုသေကြသည်။

နောက်ဆုံးတွင် ၎င်းတို့သည် လက်ရှိတွင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ ပြဿနာကိုဖြေရှင်းရန်အတွက် ရီမိသားစု၏ ပျက်ဆီးခြင်းသွေးဆေးလုံးများကို အားကိုးနေရသည်။ ထို့ကြောင့် ရီဖန်ကို မစော်ကာရဝံ့ကြချေ။

သို့သော်လည်း စုန်းမျိုးနွယ်စုနှင့်မသက်ဆိုင်သော ရီမိသားစုက အဘယ်ကြောင့် စုန်းကမ္ဘာတွင် ရုတ်တရက်ပေါ်လာမှန်း နားမလည်နိုင်ခဲ့ကြပေ။ စုန်းဘိုးဘေးများသည် လျစ်လျူမရှုဝံ့ဘဲ ရီဖန်ဆီသို့ ချက်ချင်းပြေးသွားသည်။

"အကြီးအကဲရီ၊ ကျွန်တော်တို့ကို ကြိုမပြောဘဲ စုန်းကမ္ဘာထဲ ဘယ်လိုရောက်လာတာပါလိမ့်။ ကျွန်တော်တို့တော်တော်လေး ဧည့်ဝတ်မကျေတာဘဲဗျာ”

ယဉ်ကျေးပျူငှာသော စုန်းဘိုးဘေးများနှင့် ရင်ဆိုင်ရချိန်တွင် ရီဖန်သည် သူ့ဒေါသကိုထိန်းထားနိုင်လိုက်သည်။

"ငါ့မိသားစုက အငယ်လေးနှစ်ယောက်လေ၊ ကောင်းကင်စုန်းကမ္ဘာမှာ နည်းနည်းဆုံးရှုံးသွားရတယ်တဲ့။ သူတို့ကို စစ်ဆေးဖို့ ဒီကိုရောက်နေတာပါ" ရီဖန်က ပြုံးပြုံးလေး ပြန်ဖြေသည်။

ရီဖန်၏အဖြေက စုန်းဘိုးဘေးများကို ပို၍ပင် ပဟေဠိဖြစ်စေခဲ့သည်။ ရီဖန်သည် လူသားမျိုးနွယ်စုဝင် မဟုတ်လား။ သူ့မိသားစုက အငယ်လေးများက အဘယ်ကြောင့် စုန်းကမ္ဘာထဲတွင် ရှိနေရမည်နည်း။

သို့သော် ရီဖန်က ထိုကဲ့သို့ပြောမှတော့ စုန်းကမ္ဘာထဲသို့ မ၀င်ရောက်အောင် မတားဆီးနိုင်မည်မှာ သေချာသည်။

ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရှုရန်အတွက် ရီဖန်နှင့်အတူတကွ လိုက်ပါသွားရန်ဆုံးဖြတ်လိုက်ကြသည်။ ဖြစ်နိုင်ပါက ၎င်းတို့သည်လည်း ရီဖန်၏အခြေအနေကို ဖြေရှင်းရန်အတွက် ကူညီပေးနိုင်လိမ့်မည်။

၎င်းသည် ရီဖန်နှင့်ဆက်ဆံရေး တိုးမြင့်လာစေရန်အတွက် ကြိုးပမ်းမှုဖြစ်လာလိမ့်မည်။

ရီဖန်၏အငယ်လေးများက အင်အားများစွာမရှိကြဟု ယူဆလိုက်ကြသည်။ ၎င်းက ငယ်ရွယ်သူများကြားရှိ အသေးအဖွဲကိစ္စဖြစ်ရမည်။ ၎င်းတို့ ရီဖန်နှင့်အတူ ကောင်းကင်စုန်းကမ္ဘာကိုလိုက်သွားပြီး ဖြေရှင်းပေးရမည်။

ထိုအတောအတွင်း ကောင်းကင်စုန်းကမ္ဘာတွင် နောက်ထပ်တိုက်ပွဲတစ်ခု စတင်ခဲ့သည်။ ရီကျင်းချုံသည် နတ်လက်နက်ကို နာခံမှုရှိရှိ လွှဲပြောင်းပေးမည်မဟုတ်ပေ။ စုန်းဘိုးဘေးများကလည်း တိုက်ပွဲကိုခုံမင်သောကြောင့် ရီကျင်းချုံကလည်း ၎င်းတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးလိုက်မည်။

တကယ်တမ်းတွင် ရီကျင်းချုံအနှစ်သက်ဆုံးအရာသည် တိုက်ပွဲများဖြစ်ကာ တုန်လှုပ်ချောက်ချားစရာမကောင်းမည်ကိုပင် စိုးရိမ်နေသေးသည်။ ရီကျင်းချုံနှင့် ရီချင်တို့၏ လက်ရှိတိုက်ခိုက်ရေးစွမ်းအားနှင့် စုန်းဘိုးဘေးသုံးယောက်ကိုအနိုင်ယူရန် မဖြစ်နိုင်ချေ။ သူတို့ ယခုလုပ်ရမည်မှာ ရီဖန်ရောက်လာသည်ကို စောင့်ဆိုင်းရင်း စုန်းဘိုးဘေးသုံးယောက်ကို အချိန်ဆွဲထားရန်ဖြစ်သည်။

နတ်စုန်းဂိုဏ်း၏ကျင့်ကြံသူများကလည်း ရီကျင်းချုံနှင့် ရီချင်တို့ မထိန်းနိုင်တော့မည်ကို စိုးရိမ်စွာဖြင့် စောင့်ကြည့်နေကြသည်။ သို့သော် လူတိုင်းကို အံ့အားသင့်စေခဲ့သည်မှာ နတ်လက်နက်နှစ်ခု၏အကူအညီဖြင့် ရီကျင်းချုံနှင့် ရီချင်တို့သည် စုန်းဘိုးဘေးသုံးပါးကို အမှန်တကယ်ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်၏။

တစ်ချိန်တည်းတွင် ၎င်းတို့၏စွမ်းအားကိုလည်း အဆက်မပြတ်သုံးစွဲနေရာ၊ ထိုကဲ့သို့ ဆက်ဖြစ်နေပါက ၎င်းတို့သည် ကြာရှည်စွာထိန်းထားနိုင်မည်မဟုတ်ပေ။ သို့သော် ဤစွမ်းဆောင်မှုက လူတိုင်းကို ထိတ်လန့်စေနိုင်ရန် လုံလောက်သည်။

တကယ်တမ်းတွင် ရီကျင်းချုံနှင့် ရီချင်တို့၏ ကျင့်ကြံမှုအဆင့်သည် စုန်းအရှင်များသာဖြစ်သည်။ စုန်းဘိုးဘေးသုံးယောက်၏မျက်နှာများပေါ်ရှိ အံ့ဩမှုက နတ်စုန်းဂိုဏ်းမှကျင့်ကြံသူများထက်ပင် သာလွန်သည်။

နတ်လက်နက်များက အစွမ်းထက်သော်လည်း ၎င်းတို့နှစ်ဦး၏ကျင့်ကြံမှုအဆင့်သည် စုန်းအရှင်အဆင့်တွင်သာရှိသေးသည်။ စုန်းအရှင်များ၏ ကျင့်ကြံမှုအဆင့်ဖြင့် တာအိုဘိုးဘေးသုံးဦးကို ထိန်းထားနိုင်သည်။ ထိုအရည်အချင်းမျိုးကို စုန်းမျိုးနွယ်စုတစ်ခုလုံး၏ သုံးပုံတစ်ပုံ၌ပင် ရှာတွေ့နိုင်မည်မဟုတ်ချေ။

နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်၏ စိတ်ထဲတွင် ပို၍ပင် မသက်မသာခံစားလာရသည်။ ရီကျင်းချုံနှင့် ရီချင်တို့၏ အထောက်အထား အတိအကျကို နားမလည်နိုင်ခဲ့ကြချေ။ သူတို့၏ပင်ကိုယ်စွမ်းရည်သည် မည်မျှကြီးမားနိုင်မည်နည်း။ ၎င်းတို့က နတ်စုန်းဂိုဏ်း၏ နတ်ဘုရားကလေးနှစ်ပါး ဖြစ်နိုင်သလား။

နတ်စုန်းဂိုဏ်းတွင် အင်အားအကြီးဆုံးမှာ စုန်းဧကရာဇ်နယ်မြေထက် မမြင့်ချေ။ ထိုသို့သော နတ်ဘုရားကလေးများကို ဖွားမြင်ရန်မှာ ၎င်းတို့အတွက် လွန်လွန်းနေပြီဖြစ်သည်;

"ငါတို့ ဒီတိုက်ပွဲကို အမြန်အဆုံးသတ်သင့်ပြီ၊ တစ်ခုခုမှားနေတယ်လို့ ငါခံစားရတယ်"

နေမုဆိုးစုန်းဘိုးဘေးက အခြားစုန်းဘိုးဘေးနှစ်ယောက်ကို လှမ်းပြောသည်။

စွမ်းအားကြီး စုန်းဘိုးဘေးနယ်မြေ၏ဆဋ္ဌမအာရုံသည် အလွန်တိကျ၏။ နေမုဆိုးစုန်းဘိုးဘေးမဟုတ်ဘဲ အခြား စုန်းဘိုးဘေးနှစ်ယောက်ကလည်း တစ်ခုခုလွဲနေကြောင်း သတိထားမိကြသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည် အလွန်တည်ငြိမ်ကာ ၎င်းတို့သည် သာမာန်သဘောထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ဖြစ်နိုင်ချေတစ်ခုသာရှိသည်မှာ ရီကျင်းချုံနှင့် ရီချင်တို့က သူတို့ကို လုံးဝဂရုမစိုက်ပေ။

စုန်းအရှင်နယ်ပယ်ရှိကျင့်ကြံသူနှစ်ဦးက အဘယ်ကြောင့် လျစ်လျူရှုနိုင်သနည်း။ အဖြေတစ်ခုသာရှိသည်။ ၎င်းတို့နောက်ခံအင်အားက သူတို့ထက်ပင်သာလွန်သောကြောင့်ဖြစ်ရမည်။ သို့သော် ၎င်းတို့သည် စုန်းကမ္ဘာရှိ စုန်းဘိုးဘေးအများအပြားကို ကောင်းစွာသိရှိကြကာ ၎င်းတို့မိသားစုများတွင် ထိုသို့သောစွမ်းရည်ရှိသည့် ငယ်ရွယ်သော ကျင့်ကြံသူများမရှိချေ။

ပိုမသိလေလေ ပိုကြောက်စရာကောင်းလေဖြစ်လာ၏။

ယခုတွင် ၎င်းတို့အတွက် နောက်ဆုတ်ရန်နေရာမရှိသောကြောင့် ရီကျင်းချုံနှင့် ရီချင်တို့ကိုသာ ဆက်လက်တိုက်ခိုက်နေရသည်။ ပြင်းထန်သောတိုက်ပွဲ ထပ်မံဖြစ်ပွားပြီးနောက် ရီကျင်းချုံနှင့် ရီချင်တို့၏ ကျင့်ကြံမှုအဆင့်များက နတ်လက်နက်များကိုသုံးစွဲခြင်းအတွက် မပံ့ပိုးပေးနိုင်တော့ချေ။

သို့သော် ထိုအခိုက်အတန့်တွင် ရီကျင်းချုံနှင့် ရီချင်တို့၏ မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုပေါ်လာ၏။ နောက်ဆုံးတွင် ရီဖန်ရောက်ရှိလာသည်ကို သတိပြုမိလိုက်ကြသည်။ ၎င်းတို့၏နှလုံးသားထဲတွင် စုန်းဘိုးဘေးများပင်လျှင် ရီဖန်ကို မခြိမ်းခြောက်နိုင်ဘဲ၊ ရီဖန်သည် အနှိုင်းမဲ့တည်ရှိမှုတစ်ခုဖြစ်သည်။

နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်ကာ သူတို့၏အာရုံထဲတွင် အင်အားကြီးရောင်ဝါများစွာက လျင်မြန်စွာချဉ်းကပ်လာကြောင်း သတိပြုမိသည်။

၎င်းတို့ထဲမှအများစုသည် ရင်းနှီးသာရောင်ဝါများ ဖြစ်ကြသော်လည်း ထူးထူးခြားခြားမရင်းနှီးသော ရောင်ဝါတစ်ခုလည်းရှိသည်။ ၎င်းက ရီကျင်းချုံနှင့် ရီချင်တို့၏နောက်ခံအင်အားဖြစ်ပုံရသည်။

နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည် ရီကျင်းချုံနှင့် ရီချင်တို့၏နောက်ကွယ်တွင် မည်သူရှိကြောင်း သိိလိုကြ၏။ ဤလူသည် စုန်းမျိုးနွယ်စုဝင်မဟုတ်ပေ။ နယ်မြေသုံးခုလုံးတွင် အချို့သောစွမ်းအားကြီး ဖြစ်တည်မှုများကသာ ၎င်းတို့၏တပည့်များကို မျိုးနွယ်စုအတွင်းမှမဟုတ်ဘဲ ရွေးချယ်ခဲ့ကြသည်။ တာအိုဗောဓိဘိုးဘေးကဲ့သို့ပင်၊ သူသည် ခွဲခြားမှုမရှိဘဲ သူ့လက်အောက်တွင် လူသားများ၊ မွန်းစတားများနှင့် နတ်ဆိုးများပင်ရှိနေသည်။

ဤရောင်ဝါများ နီးကပ်လာသည်နှင့်အမျှ နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည် ၎င်းက စုန်းမျိုးနွယ်နှင့်မသက်ဆိုင်သော လူသားမျိုးနွယ်မှဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော်နောက်အခိုက်အတန့်တွင် သုံးယောက်လုံး အံ့အားသင့်သွားသည်မှာ ဤလူသည် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်နေ၏။

ရီကျင်းချုံနှင့် ရီချင်တို့ကို ဤမျှဂရုမစိုက်ဘဲနေနိုင်စေရန်အတွက် ၎င်းသည် အနည်းဆုံး တာအိုဘိုးဘေးနယ်မြေတွင်ရှိသင့်သည်ဟု ယူဆထားကြသော်လည်း၊ ၎င်းက အင်မော်တယ်ဧကရာဇ်တစ်ပါးသာဖြစ်သည်။ ၎င်းတို့သည် စုန်းဘိုးဘေးများကို အဘယ်ကြောင့် မကြောက်ရွံ့ကြသနည်း။

တစ်ခုခုမှားနေလေပြီ။ ရီကျင်းချုံနှင့် ရီချင်တို့၏နောက်တွင် အခြားလူများရှိရဦးမည်။

ရောက်ရှိလာသောအင်မော်တယ်ဧကရာဇ်သည် ၎င်းတို့နောက်ကွယ်မှပုဂ္ဂိုလ်၏ ကိုယ်စားလှယ်သာ ဖြစ်ရမည်။

…………

အခန်း ၂၉၉ - ရီမိသားစု၏ ဂုဏ်သတင်း

ရီဖန်နှင့်ပါလာသော စုန်းဘိုးဘေးများသည် ရီကျင်းချုံနှင့် ရီချင်တို့ကို လျင်မြန်စွာရှာတွေ့သွား၏။ သို့သော် ၎င်းတို့အာရုံမှာ ၎င်းတို့လက်ထဲရှိ နတ်လက်နက်များအပေါ်တွင်သာရှိသည်။ ၎င်းတို့ စုန်းဘိုးဘေးများအသီးသီးတွင် လက်နက်များရှိသော်လည်း ၎င်းတို့၏တည်ရှိမှုကို လျစ်လျူမရှုနိုင်ပေ။

နေမုဆိုးစုန်းဘိုးဘေးတို့ သုံးယောက်သည် ရီကျင်းချုံနှင့် ရီချင်ကို ဖြုတ်ချရန်အတွက် ကြိုးပမ်းသော်လည်း ကျရှုံးသွားပုံရသည်။ နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်ထံတွင် တူညီသော အတွေးရှိသည်။ ၎င်းတို့၏ နတ်လက်နက်များ မည်မျှအစွမ်းထက်သည်ဖြစ်စေ စုန်းဘိုးဘေးသုံးဦးက စုန်းအရှင်နှစ်ဦးကို ရှုံးနိမ့်ခဲ့ရခြင်းမျိုးမရှိသင့်ချေ။

ရီဖန်ကိုမြင်သောအခါ မူလကကြောက်ရွံ့ခြင်းမရှိသော ရီကျင်းချုံက ရုတ်တရက်မျက်ရည်များဝဲလာကာ သူ့ဘက်သို့လှည့်ကြည့်ခဲ့သည်။

"အဖေ၊ သူတို့က သမီးကို အနိုင်ကျင့်နေကြတာ"

ရီကျင်းချုံက နုတ်ခမ်းဆူလျက် နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်ကို လက်ညှိုးထိူးပြသည်။

"ကောင်းပြီ အဖေက သမီးအတွက် လက်စားချေပေးမယ်!"

ရီဖန်၏ရယ်မောသံကြားသောအခါ နေမုဆိုးစုန်းဘိုးဘေးတို့ သုံးဦးသည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုက စောင့်ကြည့်နေသကဲ့သို့ ကြီးမားသောဖိအားကို ချက်ချင်းခံစားလိုက်ရသည်။

စွမ်းအားကြီးတာအိုဘိုးဘေးများနှင့် ရင်ဆိုင်ရချိန်၌ပင် ထိုကဲ့သို့ မခံစားခဲ့ရပေ။

၎င်းတို့သည် ၎င်းတို့အပေါ် ဖိအားပေးနေသည့် ရီဖန်၏အထောက်အထားကို စတင်မေးခွန်းထုတ်လာကြ၏။ ထိုသူက အမှန်တကယ်ပင် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်သလား။

"အကြီးအကဲရီ၊ စိတ်မဆိုးပါနဲ့၊ ငါတို့စုန်းမျိုးနွယ်စုက မင်းကို သေချာရှင်းပြပေးမှာပါ" ဉာဏ်အလင်းသီလစုန်းဘိုးဘေးက စေ့စပ်ညှိနှိုင်းရန် အမြန်ဝင်ရောက်လာခဲ့သည်။ စုန်းမျိုးနွယ်စုသည် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ကိုင်တွယ်ရန်အတွက် ရီဖန်ကို အားကိုးနေရသောကြောင့် သူ့ကိုရန်မစရဲချေ။

ဗောဓိဘိုးဘေးက အပေါ်ယံတွင် ဦးဆောင်နေသော်လည်း သူသည် ရီဖန်၏ဆရာသခင်ဖြစ်သည်။ စုန်းနွယ်စုနှင့် ရီဖန်နဲ့တိုက်ခိုက်လျှင် ဗောဓိဘိုးဘေးက မည်သူ့ဘက်က နေလိမ့်မည်နည်း။ ဤအချက်ဖြင့် စုန်းမျိုးနွယ်စုက ကိုယ်တိုင်အသိဝင်သွားကြသည်။

“အိုး ဘိုးဘေးတွေက အချင်းချင်း သိနေပုံရတယ်”

စုန်းမျိုးနွယ်စုက မည်သို့ဖြေရှင်းမည်ကို သိချင်နေသောကြောင့် ရီဖန်က ဒေါသမထွက်ဘဲ ရှောင်ပေးလိုက်သည်။ ရီကျင်းချုံ၏ကျေနပ်မှုက သူတို့၏ရှင်းပြချက်ထက် ပိုအရေးကြီးသည်။

ထိုအချိန်တွင် နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည် ဉာဏ်အလင်းသီလစုန်းဘိုးဘေးကို မှတ်မိသွားကြ၏။

စုန်းကမ္ဘာသည် အလွန်ကြီးမားသောကြောင့်၊ ဉာဏ်အလင်းသီလစုန်းဘိုးဘေးက ၎င်းတို့ကိုမသိနိုင်သော်လည်း ၎င်းတို့ကတော့ သူ့ကိုသေချာပေါက် သိသည်။

နေမုဆိုးစုန်းဘိုးဘေးတို့ သုံးယောက်ကဲ့သို့သော စုန်းဘိုးဘေးအသစ်များအတွက် ဥာဏ်အလင်းသီလစုန်းဘိုးဘေးကို စီနီယာအဖြစ် သတ်မှတ်ထားသည်။ အခြားနယ်ပယ်များကဲ့သို့ပင် စုန်းဘိုးဘေးများ၏အဆင့်များသည်လည်း ကွဲပြားကြ၏။

ဘိုးဘေးနယ်မြေအထက်ရှိ သတ္တဝါများကို မတွေ့ရသည်မှာ ကြာပြီဖြစ်၏။ ယခုအခါတွင် စုန်းဘိုးဘေးများသည် နယ်ပယ်သုံးထောင်အတွင်း အထွတ်အထိပ်တည်ရှိနေပါသည်။ သို့သော် ဘိုးဘေးနယ်မြေအတွင်းရှိသူများ၏ ကျင့်ကြံမှုအဆင့်အပေါ်မူတည်၍ အဆင့်မသတ်မှတ်ထားဘဲ ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းရည်အပေါ် မူတည်၍ - သာမာန်ဘိုးဘေးများ၊ အကြီးတန်းဘိုးဘေးများ၊ အထွတ်အထိပ်ဘိုးဘေးများ၊ အနှိုင်းမဲ့ဘိုးဘေးများ၊ သူတော်စင်ဘိုးဘေးများစသည်ဖြင့် ခွဲခြားထား၏။

ဥပမာအားဖြင့် ဗောဓိဘိုးဘေးကို အနှိုင်းမဲ့တာအိုဘိုးဘေးဟု သတ်မှတ်နိုင်သည်။ ရီဖန်နှင့်အတူပါလာသော စုန်းဘိုးဘေးများထဲတွင် အချို့မှာ အကြီးတန်းစုန်းဘိုးဘေးများဖြစ်ကြကာ အချို့မှာအထွတ်အထိပ်စုန်းဘိုးဘေးများဖြစ်သည်။

နေမုဆိုးစုန်းဘိုးဘေးသုံးယောက်သည် သာမန်စုန်းဘိုးဘေးများသာဖြစ်ကြ၏။ စုန်းဘိုးဘေးများကြားတွင် သူတို့၏အဆင့်အတန်းသည် အနိမ့်ဆုံးဖြစ်သည်။ ဧကရာဇ်နယ်မြေနှင့်နှိုင်းယှဉ်လျှင်တော့ အမြင့်ပိုင်းတွင်ရှိရှာသေးသည်။

နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည် ဉာဏ်အလင်းသီလစုန်းဘိုးဘေးကို မှတ်မိသွားသောအခါ ဆိုးရွားသောခံစားချက်တစ်ခုရရှိလိုက်သည်။ စွမ်းအားအကြီးဆုံး စုန်းဘိုးဘေးများစွာဝန်းရံထားသော ရီဖန်သည် ရိုးရှင်းပုံမရချေ။

“စုန်းဘိုးဘေးတို့ကို နှုတ်ဆက်ပါတယ်”

နေမုဆိုးစုန်းဘိုးဘေးသုံးယောက်သည် မခုခံဝံ့တော့ဘဲ ရီဖန်နှင့်သူ့အဖော်များထံ နာခံစွာချဉ်းကပ်ခဲ့သည်။

"ပြောစမ်း၊ ဘာဖြစ်နေတာလဲ!"

ဉာဏ်အလင်းသီလစုန်းဘိုးဘေးက ရည်မွန်ခြင်းမရှိသောလေသံဖြင့် မေးလိုက်သည်။

အကယ်၍ ဤစုန်းဘိုးဘေးများသည် ၎င်းတို့၏မျိုးနွယ်စုမှမဟုတ်ပါက၊ ဉာဏ်အလင်းသီလစုန်းဘိုးဘေးက ၎င်းတို့ကိုချေမှုန်းရန် ရီဖန်နှင့် ပူးပေါင်းလိုက်ပြီးဖြစ်သည်။

နေမုဆိုးစုန်းဘိုးဘေးသည် မည်သည့်အသေးစိတ်အချက်ကိုမျှ ထိမ်ချန်မထားဘဲ အရာအားလုံးကို ဝန်ခံခဲ့သည်။ ဝူဟိုင်ထံမှ သတင်းစကား၊ နတ်လက်နက်များအတွက် ၎င်းတို့၏လောဘစိတ် စသည့်အရာအားလုံးကို ဝန်ခံခဲ့၏။

နေမုဆိုးစုန်းဘိုးဘေး၏ ပြတ်သားမှုက ရီဖန်၏ဒေါသကို သိသိသာသာလျော့ပါးသွားစေခဲ့သည်။ တစ်ဖက်တွင် စိတ်အဆင်းရဲဆုံးမှာ အခြားစုန်းဘိုးဘေးနှစ်ဦးဖြစ်သည်။ အခြေအနေကို သိလိုက်ရသောကြောင့် ဝမ်းသာမိသော်လည်း ယခုအချိန်တွင် ၎င်းတို့သည် မည်သည့်မူမှန်မူကိုမျှ အာရုံမခံစားမိနိုင်ရန်သာ မျှော်လင့်မိသည်။

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ဒီလူတွေကို ငါတို့ဘယ်လို ကိုင်တွယ်သင့်လဲ"

ဉာဏ်အလင်းသီလစုန်းဘိုးဘေးက ရီဖန်ဘက်သို့လှည့်၍ သူ့ထင်မြင်ချက်ကို မေးမြန်းခဲ့သည်။

ထိုကဲ့သို့ ဉာဏ်အလင်းသီလစုန်းဘိုးဘေးက အလွန်အကျွံလေးစားမှုဖြင့်ဆက်ဆံခြင်းသည် အင်မော်တယ်ဧကရာဇ်တစ်ဦးကို ပုံမှန်ဆက်ဆံသည့်ပုံစံမဟုတ်ပေ။ ၎င်း၏ ရီဖန်ကိုဆက်ဆံပုံကြောင့် စုန်းဘိုးဘေးသုံးယောက်သည် နောက်ဆုံးတွင် ရီဖန်၏အထောက်အထားကိုခန့်မှန်းနိုင်ခဲ့သည်။

စုန်းဘိုးဘေးပင်လျှင် လေးစားစွာဆက်ဆံရသော အင်မော်တယ်ဧကရာဇ်သည်

ပျက်ဆီးခြင်းသွေးဆေးလုံးကိုသန့်စင်ပေးသော ချန်မင်ကမ္ဘာမှ ရီမိသားစု၏ အကြီးအကဲဖြစ်သူရီဖန်မှလွဲ၍ အခြားမရှိပေ။

ထိုသို့သိလိုက်ရသောအခါ နေမုဆိုးစုန်းဘိုးဘေးတို့သုံးယောက်သည် ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားရှာ၏။ ဖြစ်နိုင်လျှင် အကြီးတန်းတာအိုဘိုးဘေးများကိုသာ သွားစော်ကားလိုတော့သည်။ ရီဖန်သည် အင်မော်တယ်ဧကရာဇ်ဖြစ်သော်လည်း မရေမတွက်နိုင်သောတာအိုဘိုးဘေးများကို အလွယ်တကူနှိမ်နင်းနိုင်ခဲ့သည်။

“အကြီးအကဲရီ ကျွန်တော်တို့မှားသွားတာပါ။ နတ်စုန်းဂိုဏ်းရဲ့ နတ်ဘုရားကလေးတွေက ခင်ဗျားနဲ့ပတ်သက်တာကို တကယ်မသိခဲ့လို့ပါဗျာ”

စောနက မိန်းကလေးက နတ်စုန်းဂိုဏ်း၏ နတ်ဘုရားကလေးတစ်ဦးဖြစ်ပြီး၊ ထိုနတ်ဘုရားကလေးက ရီဖန်ကို ‘အဖေ’ ဟုခေါ်လိုက်သည်မဟုတ်လား။ ဉာဏ်အလင်းသီလစုန်းဘိုးဘေးသည် သူ့ခေါင်းကိုပတ်ချာလည်သွားသလို ခံစားလိုက်ရသည်။

ရီကျင်းချုံသည် နတ်စုန်းဂိုဏ်း၏ နတ်ဘုရားကလေးဖြစ်လာသောကြောင့် သူမသည် အဆင့်အတန်းမြင့်သော စုန်းမျိုးနွယ်စု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်မှာ သေချာ၏။

ရီဖန်ကဲ့သို့သော လူသားတစ်ယောက်က စုန်းမျိုးနွယ်စု၏ သွေးမျိုးဆက်ကို မည်သို့ဖွားမြင်နိုင်မည်နည်း။ ရီဖန်က စုန်းမျိုးနွယ်စု၏သွေးမျိုးဆက်ကို သယ်ဆောင်လာခြင်းလား၊ သို့မဟုတ် ရီဖန်၏ဇနီးကများ စုန်းမကြီးဖြစ်လေသလား။ ရီဖန်ကိုကြည့်ရင်း ဉာဏ်အလင်းသီလစုန်းဘိုးဘေးပင်လျှင် စပ်စုချင်လာသည်။

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ထိန်းချုပ်ရာတွင်တိုးတက်မှုသည် လက်ရှိလူသားများကြားတွင် အလျင်မြန်ဆုံးဖြစ်ကာ၊ ၎င်းမှာလည်း ရီဖန်က လူသားတစ်ဦးဖြစ်နေသောကြောင့် ဖြစ်သည်။

\

…………

အခန်း ၃၀၀ - ရီမိသားစု၏ ဂုဏ်သတင်း

သို့သော် လူသားမျိုးနွယ်စု၏ဝေစုမှာ အခြားမျိုးနွယ်စုများထက် အလွန်ကြီးမားသည်။ ရီဖန်ထံတွင် စုန်းမျိုးနွယ်စု၏ သွေးမျိုးဆက်ပါရှိပါက သူသည်လည်း ၎င်းတို့ထဲက တစ်ယောက်ဖြစ်လာလိမ့်မည်မဟုတ်လား။ ၎င်းတို့ထဲမှတစ်ဦးအတွက် ဝေစုတိုးလာခြင်းက ကျိုးကြောင်းဆီလျော်သည် မဟုတ်လား။

"ကောင်းပြီ၊ ငါ စုန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်မရှိပါဘူး။ ရီကျင်းချုံနဲ့ ရီချင်မှာရှိတဲ့ စုန်းဘိုးဘေးသွေးမျိုးဆက်ကတော့ လုံးဝတိုက်ဆိုင်မှုပဲ။ သူတို့ကံကြမ္မာရဲ့အစိတ်အပိုင်းတစ်ခုပဲ!"

ရီဖန်သည် ဉာဏ်အလင်းသီလစုန်းဘိုးဘေး၏ အတွေးများကို သဘောပေါက်သွားသောကြောင့် အနည်းငယ်စိတ်ဆိုးလျက်ပြန်ပြောလိုက်သည်။ မျိုးစပ်တစ်ဦးအဖြစ် ထင်မြင်ခံရခြင်းကို မည်သူကမှ နှစ်သက်လိမ့်မည်မဟုတ်ပေ။

“အော် အဲလိုလား?"

ဥာဏ်အလင်းသီလစုန်းဘိုးဘေးက သက်ပြင်းချလိုက်ကာ အနည်းငယ်နောင်တရနေပုံပေါ်သည်။ အခြားသူများ၏ လျစ်လျူရှုထားမှုကြောင့် နေမုဆိုးစုန်းဘိုးဘေးမှာ ဖယ်ကြဉ်ခံထားရသလို ခံစားခဲ့ရသည်။ ‘မင်းတို့ငါ့ကိုကြည့်သင့်တာလေ!’

သို့သော် ရီဖန်နှင့် ဥာဏ်အလင်းစုန်းဘိုးဘေးတို့၏ တည်ရှိမှုအောက်တွင် အနည်းငယ်မျှသော ခံစားချက်ကိုပင် မထုတ်ပြဝံ့သောကြောင့် နေမုဆိုးစုန်းဘိုးဘေးမှာ ခေါင်းငုံ့ထားရရှာသည်။ နောက်ဆုံးတွင် ရီဖန်က သူရှိနေကြောင်း သတိရသွား၏။

“ကျင်းချုံ မင်းဘာလုပ်သင့်တယ်ထင်လဲ"

ဤခရီးစဉ်က ရီကျင်းချုံအတွက်ဖြစ်သောကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ချက်ချသင့်သည်။

ရီကျင်းချုံက နေမုဆိုးစုန်းဘိုးဘေးကို ဖျက်ဆီးလိုလျှင် ရီဖန်သည်လည်း အနည်းငယ်မျှ တွန့်ဆုတ်နေမည်မဟုတ်ပေ။ စုန်းဘိုးဘေးတစ်ဦးလောက်က ရီဖန်၏မျက်လုံးများတွင် ဘာမှ ပြဿနာမရှိနေချေ။

ရီဖန်၏အာရုံစူးစိုက်မှုကို ရယူလိုပါက အနည်းဆုံး အဆင့်မြင့် စုန်းဘိုးဘေးတစ်ဦးဖြစ်သင့်သည်။

ထိုစုန်းဘိုးဘေးများ ဝင်စွက်ဖက်မည်လားနှင့် ပတ်သက်၍ ရီဖန်သည် ဝင်စွက်ဖက်ဝံ့သူများကို စတုရန်းလက်မတောင်အား ကိုင်တွယ်ဖြေရှင်းခိုင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။

သို့သော် ရီဖန်သည် သူ၏လွှမ်းမိုးမှုကို လျှော့တွက်ခဲ့သည်မှာ ထင်ရှား၏။ ထိုစုန်းဘိုးဘေးများက သူ့ကို ထိုအခွင့်အရေးမပေးမည်မှာထင်ရှား၏။

"ငါ ပြင်ဆင်ဖို့ ဆန္ဒရှိပါတယ်!"

နေမုဆိုးစုန်းဘိုးဘေးက လျော်ကြေးပေးရန်အတွက် အံကြိတ်လျက် ထုတ်ဖော်ပြောဆိုခဲ့သည်။

စုန်းဘိုးဘေးတစ်ဦးပိုင်ဆိုင်မှု ထက်ဝက်နီးပါး ပမာဏရှိသော ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ပစ္စည်းများကို ကမ်းလှမ်းခဲ့သည်။

၎င်းက ထိုခြေလှမ်းကို လှမ်းလိုက်သောအခါ အခြားစုန်းဘိုးဘေးနှစ်ဦးသည်လည်း အံကြိတ်လျက် တူညီသော လျော်ကြေးငွေကို ပေးဆောင်ရတော့သည်။

သေချာပေါက်ကတော့ ၎င်းတို့သည် ရီဖန်နှင့် သွားမရှုပ်ရဲကြချေ။

ဉာဏ်အလင်းသီလစုန်းဘိုးဘေးနှင့် အခြားသူများသည်လည်း ၎င်းတို့ဘက်မှ ရပ်တည်ပေးနိုင်မည်မဟုတ်ပေ။ ယခု သူတို့လုပ်နိုင်သည်မှာ လျော်ကြေးပေးရန်သာဖြစ်သည်။

ရီဖန်သည် လျော်ကြေးကို ချက်ချင်းလက်မခံဘဲ ရီကျင်းချုံကို ကြည့်လိုက်သည်။

အရင်းအမြစ်များစွာကို မြင်လိုက်ရသောအခါ ပစ္စည်းဥစ္စာများကို အလွန်မက်မောသူလေး ရီကျင်းချုံက ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်သည်။ နောက်ဆုံးတွင် သူတို့သည် ဆုံးရှုံးမှုမရှိခဲ့ခေ။ လျော်ကြေးအများကြီးရခြင်းက ထိုက်တန်သည်ဟု ခံစားရ၏။

နတ်စုန်းဂိုဏ်းမှ ကျင့်ကြံသူများ၏နှလုံးသားများသည် တစ်ရက်တည်းတွင် ပြင်းထန်သောအတက်အကျများဖြင့် ရိုလာကိုစတာစီးနေရသကဲ့သို့ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် ၎င်းတို့ ငြိမ်သက်သွားသည့်တိုင်အောင် စိတ်လှုပ်ရှားနေသေးကြောင်း ခံစားမိသည်။

၎င်းတို့၏ နတ်ဘုရားကလေးများထံတွင် ဤမျှအားကောင်းသည့်နောက်ခံရှိနေသည်။ ထို့အပြင် စုန်းဘိုးဘေးများစွာကို ဆင့်ခေါ်နိုင်သည့်အတွက် သာမန်လူမဟုတ်ကြောင်း ထင်ရှားသည်။ ဤကဲ့သို့သော နတ်ဘုရားကလေးများဖြင့် ၎င်းတို့နတ်စုန်းဂိုဏ်းသည် အနာဂတ်တွင် ကြီးပွါးလိမ့်ဦးမည်။

နတ်စုန်းဂိုဏ်း၏အထက်အရာရှိများပင်လျှင် ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ထားရန်ခက်ခဲနေသည်။

၎င်းတို့ နတ်စုန်းဂိုဏ်းက မသိလိုက်ဘဲ တုတ်ခိုင်သောပေါင်လုံးကြီးကို ဖက်မိလိုက်ပုံရသည်။

၎င်းတို့၏လျော်ကြေးငွေကို ပြန်ပေးပြီးနောက် နေမုဆိုးစုန်းဘိုးဘေးနှင့် တခြားသူများမှာ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားကြရှိသည်။ ကြာကြာဆက်နေလျှင် ၎င်းတို့၏ အတွင်းခံဘောင်းဘီကိုပင် ထားခဲ့ရမည်ကို ကြောက်ရွံ့ကြ၏။

"ကျင်းချုံ၊ ငါနဲ့ ပြန်လိုက်ခဲ့ချင်လား"

ယခင်က ၎င်းတို့၏အထောက်အထားများကြောင့် ရီကျင်းချုံနှင့် ရီချင်တို့သည် ဖော်ထုတ်ခံရမည်ကို စိုးရိမ်သောကြောင့် ချန်မင်ကမ္ဘာတွင်သာ နေထိုင်ခဲ့ကြသည်။ ယခုတွင် ဤပြဿနာသည် ရီမိသားစုကို အနည်းငယ်မျှ ထိခိုက်စေလိမ့်မည်မဟုတ်ချေ။

စုန်းနှစ်ယောက်သို့မဟုတ် ပျက်ဆီးခြင်းနတ်ဆိုးနှစ်ယောက်က ရီမိသားစုနှင့်အတူ ရှိနေလျှင်ပင် တပ်ဖွဲ့အားလုံးသည် ရီမိသားစုက သုတေသနလုပ်နေသည်ဟုသာ ထင်ကြလိမ့်မည်။ မည်သူမှ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။

ရီဖန်၏စကားများကို နားထောင်ရင်း နတ်စုန်းဂိုဏ်းမှ ကျင့်ကြံသူများ၏နှလုံးသားများသည် တစ်ဖန် တင်းကျပ်လာပြန်သည်။ သူတို့၏နတ်ဘုရားကလေးများကို ထွက်ခွါခွင့်မပြုနိုင်ချေ။ ၎င်းတို့ထွက်သွားပါက နတ်စုန်းဂိုဏ်းက မည်သို့ဖြစ်သွားမည်နည်း။

နတ်စုန်းဂိုဏ်း၏ကျင့်ကြံသူများသည် ရီကျင်းချုံ၏အဖြေအတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ကြကာ ၎င်းတို့၏နှလုံးသားများသည် ကြောက်ရွံ့မှုနှင့်ပြည့်နှက်နေ၏။

"အဖေ၊ သမီး အခုမပြန်သေးဘူး၊ နောက်မှ အမေ့ဆီ လာလည်မယ်လေ"

ရီကျင်းချုံ၏တုံ့ပြန်မှုကို ကြားလိုက်သောအခါမှသာ နတ်စုန်းဂိုဏ်း၏ကျင့်ကြံသူများ သက်ပြင်းချနိုင်ခဲ့သည်။ ၎င်းတို့၏ အသက်သွေးကြောက ထွက်မပြေးသွားချေ။ ရီကျင်းချုံ၏တုံ့ပြန်မှုကို ရီဖန်က ကန့်ကွက်ခြင်းမရှိပေ။ ကလေးများအားလုံး ကြီးပြင်းလာကြပြီဖြစ်ရာ အပြင်လောကထဲသို့ ဝင်ကြရသည်။

ရီဖန်လုပ်နိုင်သည့်အရာမှာ သူတို့အတွက် အကာအကွယ် ဖန်တီးခြင်းဖြစ်သည်။ ၎င်းတို့ကို အနိုင်ကျင့်ရဲသည့် မည်သူမဆို သေခြင်းတရားနှင့် ရင်ဆိုင်ရလိမ့်မည်။ ရီကျင်းချုံနှင့် ရီချင်တို့က ထွက်ခွာရန် ငြင်းဆိုသော်လည်း ရီဖန်က ထွက်ခွာရန် ပြင်ဆင်နေခဲ့သည်။

မထွက်ခွာမီတွင် ရီဖန်သည် စုန်းဘိုးဘေးများစွာ၏ ဖိတ်ကြားချက်အရ ဧည့်သည်ဖြစ်လာရန်သဘောတူခဲ့သည်။

ဤတစ်ကြိမ်တွင် စုန်းဘိုးဘေးများက ရီဖန်ကို အလွန်လေးစားခဲ့ကြသည်။ ရီဖန်ကလည်း မည်သို့ တုံ့ပြန်ရမည်ကိုသိ၏။

စုန်းမျိုးနွယ်စုများ၏လိုအပ်ချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသောကြောင့်၊

၎င်းတို့၏ဝေစုကို တိုးလိုက်းက ပြဿနာမရှိပေ။ အကြွင်းမဲ့ ရန်သူဟူ၍မရှိဘဲ၊ အကြွင်းမဲ့ အကျိုးအမြတ်သာရှိသည်။ စုန်းမျိုးနွယ်စုသည် ယခင်ကလူသားမျိုးနွယ်စုနှင့် ပဋိပက္ခများ သိသိသာသာရှိခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့၏ အကြီးမားဆုံးရန်သူမှာ ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားဖြစ်သည်။

ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားရှေ့တွင်၊ ဖန်ကုစကြဝဠာတစ်ခုလုံးသည် ပုံမှန်မဟုတ်သော စည်းလုံးမှုရှိကြ၏။ ရီဖန်နှင့် စုန်းဘိုးဘေးများ ထွက်ခွာသွားပြီးနောက်၊ နတ်စုန်းဂိုဏ်းသည် နောက်ဆုံးတွင် စုန်းမျိုးနွယ်စုကျင့်ကြံသူများကို ကြည့်ရှုရန် အချိန်ရလာသည်။

ယနေ့အတွက် စိတ်ပျက်အားငယ်ဆုံးသူများမှာ ကောင်းကင်စုန်းကမ္ဘာမှ ကျင့်ကြံသူများ ဖြစ်လိမ့်မည်။ နတ်စုန်းဂိုဏ်းကိုပင် လှုံ့ဆောင်နိုင်သည့် ရီကျင်းချုံနှင့် ရီချင်တို့၏ အင်အားကြီးနောက်ခံကိုသိရှိပြီးနောက် နှလုံးသားထဲတွင် ငိုကြွေးနေကြ၏။ ကံမကောင်းစွာဖြင့် နောင်တရရန် အခွင့်အရေးမရှိတော့ပေ။

အဓိကပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် နတ်စုန်းဂိုဏ်းမှ ကိုင်တွယ်ဖြေရှင်းရမည့်အရာမှာ ၎င်းတို့ကိုဖြစ်သည်။ လွန်ခဲ့သော နာရီအနည်းငယ်က ဤဂိုဏ်းမှကျင့်ကြံသူများသည် နတ်စုန်းဂိုဏ်း၏ လေးစားမှုကို ရရှိခဲ့ကြသည်။

သို့သော်လည်း အချိန်တိုအတွင်း ကြီးမားသောမြင်ကွင်းများကို တွေ့ကြုံပြီးနောက်၊ နတ်စုန်းဂိုဏ်းမှကျင့်ကြံသူများ၏ အမြင်အာရုံများမှာ တိုးတက်လာခဲ့ကာ၊ ယခုဆိုလျှင် ရှုံးနိမ့်သွားသောကျင့်ကြံသူများသည် နတ်စုန်းဂိုဏ်းအတွက် ပမွှားလေးများသာဖြစ်ကြသည်။

ဝူဟိုင်သည် လုံးဝဆွံ့အလျက်ရှိ၏။

"ကောင်းကင်ဘုံက ငါ ဝူဟိုင်ကို ဖျက်ဆီးချင်နေတာပဲ!"

ဝူဟိုင်၏ ဒေါသတကြီးဟောက်သံနှင့်အတူ ပျက်ဆီးခြင်း ဝံပုလွေစွယ်တင်းပုတ်သည် အပြင်းအထန်ပေါက်ကွဲကာ

သူ့အသက်လည်းပါသွားသည်။ အဓိကဂိုဏ်းနှစ်ခုမရှိတော့ရာ ကောင်းကင်စုန်းကမ္ဘာသည် နတ်စုန်းဂိုဏ်း၏လက်ထဲသို့ လုံးဝကျရောက်သွားသည်။

ရီကျင်းချုံနှင့် ရီချင်တို့သည်လည်း ယခုထိုကိစ္စအတွက် စိတ်ပူစရာမလိုတော့ချေ။ ၎င်းတို့သည် နောက်ထပ်ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရကာ ဝူချန်သည် ဂိုဏ်းချုပ်ရာထူးကို ရီကျင်းချုံနှင့် ရီချင်တို့အား လွှဲပြောင်းပေးရန် စိတ်အားထက်သန်နေခဲ့သည်။

သူတို့သည် တွန့်ဆုတ်နေကြသော်လည်း၊ ဝူချန်က သူအိုမင်းလာပြီဖြစ်၍ ကောင်းစွာကျင့်ကြံလိုသည်ဟု ဆိုကာ ဘာမှဆက်မလုပ်တော့ဘဲ အနာဂတ်တွင်သာ ရီကျင်းချုံနှင့် ရီချင်ကို ကူညီပေးရန် မျှော်လင့်နေသည်။

ရီကျင်းချုံသည် ဂိုဏ်းချုပ်ရာထူးကို နတ်စုန်းဂိုဏ်း၏ အခြားကျင့်ကြံသူများကိုပေးရန် အကြံပြုခဲ့သော်လည်း မည်သူမျှလက်မခံဝံ့ဘဲ တိုက်ရိုက် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ရီကျင်းချုံနှင့် ရီချင်တို့က ဂိုဏ်းချုပ်မဖြစ်ခဲ့လျှင် မည်သူက ထိုရာထူးကို ရယူဝံ့မည်နည်း။

လက်ရှိဂိုဏ်းချုပ်ရာထူးမှာ နတ်စုန်းဂိုဏ်း၏ အခြားသောကျင့်ကြံသူများအတွက် အာလူးပူပူ ဖြစ်သည်။ နောက်ဆုံးတွင် ရီချင်သည် ဝူချန်၏ရာထူးကိုလက်ခံပြီး နတ်စုန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်လာရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

မူလက ရီချင်သည် ရီကျင်းချုံကို နတ်စုန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာစေလိုသော်လည်း ရီကျင်းချုံက ကလေးယူလိုသောကြောင့် အချိန်မရှိသဖြင့် ရီချင်ကသာ အလျှော့ပေးခဲ့ရသည်။

နှစ်တွေကြာလာသည်နှင့်အမျှ ၎င်းတို့သည် လုံခြုံမှုမရှိသော ကောင်းကင်စုန်းကမ္ဘာတွင် အမြဲရှိနေခဲ့ကြတာကြောင့် မျိုးဆက်မရသေးပေ။ ယခုတွင် အရာအားလုံး ပြေလည်သွားသောကြောင့် သားမြေးချီရန် စဉ်းစားရမည့် အချိန်ရောက်လေပြီ။

ရီမိသားစု၏ဒုတိယမျိုးဆက်တွင် ရီကျင်းချုံနှင့် ရီချင်တို့သာ သားဆက်မရှိခြင်းဖြစ်သည်။ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားမဖြစ်စေရန်အတွက် ရီကျင်းချုံနှင့် ရီချင်တို့သည် ဤကိစ္စကို အစီအစဉ်တွင် ထည့်သွင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။

ရီချင်က ဂိုဏ်းချုပ်ရာထူးကို ဆက်ခံကြောင်း သိလိုက်ရသဖြင့် နတ်စုန်းဂိုဏ်းမှတပည့်များသည် အလွန်ဝမ်းသာခဲ့ကြသည်။ ရီကျင်းချုံနှင့် ရီချင်တို့၏ နောက်ခံကြောင့် စုန်းဘိုးဘေးများပင်လျှင် ၎င်းတို့ကို မျက်နှာသာပေးရသည်။

အနာဂတ်နတ်စုန်းဂိုဏ်းသည် သေချာပေါက် အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဖြစ်ကာ၊

နတ်စုန်းဂိုဏ်း၏ တပည့်များသည်လည်း တိုက်ရိုက်အကျိုးခံစားခွင့်များရရှိလာလိမ့်မည်။

စုန်းဧကရာဇ်နှစ်ပါးပင်လျှင် အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ရှိခဲ့ကြသည်။ နတ်စုန်းဂိုဏ်းသည် ပိုမိုအင်အားကောင်းလာကာ ၎င်းတို့၏အနာဂတ်တွင် စုန်းဘိုးဘေးနယ်မြေကိုပင် မျှော်လင့်နိုင်မည့်အခွင့်အလမ်းပင်ရှိလာနိုင်သည်။ တပည့်များ၏ကျင့်ကြံမှုသည်လည်း ပိုမိုတက်ကြွလာခဲ့၏။

ရီမိသားစုရှိ၊ ရီဖန်၏ဂူအိမ်အတွင်း…

"စနစ် ငြိမ်းချမ်းရေးရှာလိုက်တော့!"

အခင်းအကျင်းအဆင့်သည် နောက်ဆုံးတွင် သူတော်စင်အဆင့်သို့ ကျော်ဖြတ်သွားကာ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းကျွမ်းကျင်မှုသည်လည်း သိသာထင်ရှားစွာ တိုးတက်လာသည်။ ဤကာလအတွင်း ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ပိုမိုလျင်မြန်လာသည်။

ကျွမ်းကျင်မှုတိုးလာသည်နှင့်အမျှ ပျက်ဆီးခြင်းသွေးဆေးလုံး ထုတ်လုပ်မှု အရှိန်သည်လည်း တဖြည်းဖြည်းပိုမြန်လာ၏။ မူလက နတ်ဆိုးမျိုးစေ့ပြဿနာကို အပြီးတိုင်ဖြေရှင်းရန် နှစ်တစ်ထောင်ကျော် အချိန်ယူရမည်ဟု ခန့်မှန်းထားသော်လည်း ယခုအချိန်တွင် ထိုမျှကြာမည်မဟုတ်တော့ချေ။

သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုက နတ်ဆိုးမျိုးစေ့ကို ဖြေရှင်းနေခြင်းအား သေချာပေါက် ထိုင်ကြည့်နေမည်မဟုတ်ပေ။ အချိန်တန်သောအခါ ပျက်ဆီးခြင်းဂိုဏ်းခွဲများသည် ရီမိသားစုကို ပစ်မှတ်ထားမည်မှာ သေချာသည်။ အင်မော်တယ်ဧကရာဇ်ကျင့်ကြံမှုအဆင့်သည် အနည်းငယ် မလုံလောက်သေးပေ။

All Chapters