← Chapters

အခန်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အခန်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အခန်း ၃၀၁- အလကားရတာကို ဘာလို့အခွင့်ကောင်းမယူရမှာလဲ

ရီဖန်၏ကျင့်ကြံရေးအဆင့်သည် ဆက်လက်တိုးတက်လာသော်လည်း တိုးတက်လာသည့်အရှိန်က ပိုနှေးသွားခဲ့သည်။ ရီဖန်အတွက်ပင်လျှင် အချိန်တိုအတွင်း တာအိုဘိုးဘေးနယ်မြေသို့ တက်လှမ်းနိုင်ရန် ခက်ခဲနိုင်၏။

ရီမိသားစုအဖွဲ့ဝင်များ၏ ကျင့်ကြံမှုအဆင့်များသည် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ရီဖန်၏စိတ်ထဲ၌ စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

'ရေရှည်တာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ မိသားစုတိုးမြင့်လာခြင်း အဆင့်ဆယ့်လေး၊ အဆင့်မြင့်ဖန်ကုကို ပြီးဆုံးသွားလို့ ဆုလာဘ်တောင်းဆိုနိုင်ပါပြီ”

ရေရှည်တာဝန်ပြီးမြောက်သွားခြင်းက သတင်းကောင်းတစ်ခုဖြစ်သည်။

'စနစ်၊ ဆုငွေထုတ်လိုက်တော့”

“မိသားစုစွမ်းရည်ဖြစ်တဲ့ တာအိုဘိုးဘေးဥာဏ်အလင်း(ပျက်ဆီးခြင်း)ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်”

ပျက်ဆီးခြင်းအဆင့်ရှိ နောက်ထပ်ဆုတစ်ခုက ရီမိသားစုအတွက် အလိုအပ်ဆုံးဖြစ်သည့် ဉာဏ်အလင်းစွမ်းရည်ဖြစ်နေခြင်းသည် ထီပေါက်ခြင်းဖြစ်ဖြစ်၏။

'စနစ်၊ စွမ်းရည်တင်လိုက်”

ဉာဏ်အလင်းစွမ်းရည်ဖြင့် အချိန်တိုအတွင်း ရီမိသားစု၌ တာအိုအဆင့် ဆေးပညာရှင်အရေအတွက် တိုးလာနိုင်သည်။ ဤနည်းဖြင့် ပျက်ဆီးခြင်းသွေးဆေးလုံးသန့်စင်သည့် အမြန်နှုန်းလည်း သိသိသာသာ တိုးလာလိမ့်မည်။ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့နှင့် နောက်တစ်ကြိမ်ရင်ဆိုင်ရာတွင် ပိုမိုအရှိန်မြန်လာမည်ဖြစ်သည်။

သို့သော် ရီဖန်စိတ်အဝင်စားဆုံးအရာက ၎င်းမဟုတ်ချေ။ ရီဖန်၏အမြင်တွင် ဉာဏ်အလင်းတိုးပွားခြင်း၏ အကြီးမားဆုံးအကျိုးကျေးဇူးမှာ အမျိုးမျိုးသော ကျင့်ကြံနည်းစနစ်များကို နားလည်နိုင်သည့်အမြန်နှုန်းတိုးလာခြင်းဖြစ်၏။

ရေရှည်မစ်ရှင်ဖြစ်သည့် မိသားစု လက်နက်တိုက်အဆင့်ဆယ့်ခုနစ်ကိုပြီးဆုံးရန် လိုအပ်နေသေးသည်။ အင်မော်တယ်ဘုရင်နယ်မြေအဆင့်ရှိ ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်က လက်ရှိရီမိသားစုအတွက် မသင့်တော်သေးပေ။

တစ်ဖက်တွင် ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်ကို အင်မော်တယ်ဧကရာဇ်အဆင့်သို့ နှိမ့်ချရန်လည်း မဖြစ်နိုင်ပေ။ ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်သည် ပြီးပြည့်စုံလုနီးပါးဖြစ်နေ၏။ ၎င်းကိုလျှော့ခြင်းက သာမန်ကျင့်ကြံနည်းစနစ်များထက် အဆများစွာခက်ခဲလိမ့်မည်။

ရီဖန်၏ ယခင်ဉာဏ်အလင်းအဆင့်ဖြင့်ပင် ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်ကို အင်မော်တယ်ဧကရာဇ် အဆင့်သို့လျှော့ချရန်အတွက် အချိန်များစွာကြာနိုင်သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဉာဏ်အလင်းအဆင့်က နောက်ထပ်တိုးလာသည်။

ထို့ကြောင့် ရီဖန်သည် အချိန်တိုအတွင်း ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်ကို အင်မော်တယ်ဧကရာဇ်အဆင့်သို့ လျှော့ချနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ဤအတောအတွင်း အခြားအင်အားစုများက ရီမိသားစုထံသို့ အဆင့်အမျိုးမျိုးရှိသော ကျင့်ကြံနည်းစနစ်အများအပြားကို ပေးပို့ခဲ့သည်။

၎င်းတို့ကို အပြည့်အဝနားလည်နေသရွေ့ ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်ကို အဆင့်မြှင့်ရန် လုံလောက်သည်။

စနစ်က စွမ်းရည်ကိုတင်နေချိန်အတွင်း ရီမိသားစုမှလူများသည် ၎င်းတို့၏ဉာဏ်အလင်းတိုးလာနေသည်ကို ခံစားလာရ၏။ သို့သော် မည်သူမျှအသံမထွက်ဘဲ တိတ်တဆိတ်ကျင့်ကြံနေကြသည်။ မြှင့်တင်ပေးသော ဉာဏ်အလင်းစွမ်းရည်အပေါ်မူတည်၍ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း လျင်မြန်စွာတိုးတက်လာသည်။

ရီမိသားစုတစ်ခုလုံးက ၎င်းတို့၏အင်အားကို အဆက်မပြတ်မြှင့်တင်လျက်ရှိသည်။ ရီမိသားစုက ၎င်းတို့၏အင်အားမြှင့်တင်ရန် အလုပ်များနေချိန်တွင် ရီဖန်၏စိတ်ထဲ၌ စနစ်သတိပေးချက်များ ထွက်ပေါ်လာသည်။

''မိသားစုစွမ်းအားတန်ဖိုး အမှတ်တစ်သိန်းတိုးလာပါပြီ”

‘'မိသားစု၏စွမ်းအား အမှတ်နှစ်သိန်းတိုးလာပါပြီ”

မိသားစုစွမ်းအားတာဝန်ကိုလည်း ပြီးမြောက်တော့မည်။

“အစ်ကို ချန်မင်ကမ္ဘာက ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့အားလုံးကို ရှင်းပြီးသွားပြီ!'

ရီရှောင်းရှောင်း၏စကားကိုကြားသောအခါ ရီဖန်က စနစ်ကို မိသားစုအဆင့်အခြေအနေကို ဖွင့်စေလိုက်သည်။ ကြီးမားသောကမ္ဘာကြီးကို အပြည့်အဝအုပ်စိုးရန်မှာ မလွယ်ကူချေ။

မည်သည့်ရန်သူမှမရှိသော်လည်း တာ့ယွီအင်မော်တယ်မင်းဆက်သည် ချန်မင်ကမ္ဘာတစ်ခုလုံးတွင် ၎င်း၏လွှမ်းမိုးမှုကို ဖြန့်ကျက်ရန်အတွက် အချိန်အတော်ကြာသွားသည်။ ယနေ့တွင် ထိုပန်းတိုင်ကို ပြီးမြောက်နိုင်ခဲ့လေသည်။

“လက်ရှိအဆင့်သတ်မှတ်ချက်: ချန်မင်ကမ္ဘာတွင် အဆင့်တစ်”

“ဖန်ကုစကြဝဠာမှာ: အဆင့်၁၀၈၆နဲ့ အဆင့်အသစ်ကို စတင်လိုက်ပါပြီ

ရီဖန်သည် ရီမိသားစုက ချန်မင်ကမ္ဘာတွင် ပထမအဆင့်ရရှိခြင်းကို မအံ့ဩခဲ့ပေ။ သို့သော် ဖန်ကုစကြဝဠာအဆင့်သည် တစ်ထောင်ကျော်သာရှိနေသောကြောင့် ရီဖန်ပင် အနည်းငယ်အံ့ဩခဲ့ရသည်။

သို့သော်လည်း ၎င်းကအဓိပ္ပါယ်ရှိပါ၏။ တကယ်တမ်းတွင် ရီမိသားစု၌ စစ်မှန်သော တာအိုဘိုးဘေးနယ်မြေရှိစွမ်းအားရှင် မရှိသေးချေ။

ဖန်ကုစကြာဝဠာသည် အလွန်ကြီးမားသောကြောင့် ရီမိသားစု ယခုယှဉ်ပြိုင်နေသူများမှာ လူသားမျိုးနွယ်စုသာမကဘဲ အခြားမျိုးနွယ်စုများပါ ပါဝင်လိမ့်မည်ဖြစ်ရာ၊ အဆင့်တစ်ထောင်ကျော်က သင့်လျော်သည်။

'စနစ်၊ အဆင့်ဆုကို ထုတ်လိုက်တော့”

“ဂုဏ်ယူပါတယ် သခင်၊ မိသားစုကံကြမ္မာအမှတ် နှစ်သန်း၊ အရံအလုပ်အကိုင် အမြန်နှုန်း အနှစ်နှစ်ထောင်တိုးမြှင့်ခြင်းနဲ့ ဧည့်သည်အကြီးအကဲတိုကင်တစ်ခု ရရှိပါတယ်”

ရီဖန်က ကံကြမ္မာလမ်းစဉ်ကို အသက်သွင်းလိုက်ပြီးနောက် ရီမိသားစုကျင့်ကြံသူများကို ကြည့်လိုက်သည်။ ဤနှစ်များတစ်လျှောက် ရီမိသားစု၏ကံကြမ္မာသည် အလွန်ကောင်းမွန်လာ၏။

၎င်းတို့၏ဦးခေါင်းထက်မှ ကံကြမ္မာရောင်ဝါသည်လည်း ရွှေရောင်ပြောင်းသွားခဲ့လေသည်။ ရွှေရောင်သည် ကံကြမ္မာထိပ်တန်းအဆင့်ဟု ဆိုနိုင်သည်။ ရီမိသားစုမှကျင့်ကြံသူများသည် အတွေ့အကြုံအတွက် အပြင်ထွက်လျှင်ပင် အဖိုးတန်ရတနာများစွာကို စုဆောင်းနိုင်လိမ့်မည်။

ထိုအချိန်တွင် ပိုင်ဇယ်သည် ကံကြမ္မာစွမ်းအားကိုရရှိပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်သည် တစ်ဟုန်ထိုးတိုးတက်လာကာ၊

အင်မော်တယ်ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့် ရောက်မှသာ ရပ်တန့်သွားခဲ့သည်။

“ဟားဟားဟား၊ ငါအင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်သွားပြီကွ”

ပိုင်ဇယ်၏ အောင်ပွဲခံရယ်မောသံက ရီမိသားစုတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။ အခြားဆုနှစ်ခုကလည်း အလွန်ကောင်းမွန်သည်။ သို့သော် ရီဖန်သည် ၎င်းတို့ကို အသုံးပြုရန် အလျင်မလိုနေချေ။

ရီမိသားစု၏ အရံအလုပ်အကိုင်များသည် မကြာသေးမီက လျင်မြန်စွာတိုးတက်လာသည်။ ဉာဏ်အလင်းအဆင့်တိုးမြင့်သွားသော်လည်း သေချာသည့်အရင်းအမြစ်များမရှိပါက အချိန်တိုအတွင်း သိသာထင်ရှားစွာတိုးလာရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရီဖန်သည် ဤအတောအတွင်း အင်အားစုကြီးများက ပေးပို့လာသော၊ အရံအလုပ်အကိုင်များမြှင့်တင်ခြင်းအတွက်အသုံးပြုနိုင်မည့် ဝိညာဉ်ပစ္စည်းအားလုံးကို အသုံးပြုမိခဲ့ခြင်းကြောင့် နောင်တရသွားသည်။

သို့မဟုတ်ပါက အရံအလုပ်အကိုင်တိုးမြှင့်ခြင်းတိုကင်ဖြင့် ရီမိသားစုသည် သူတော်စင်အဆင့် အရံအလုပ်အကိုင် သို့မဟုတ် နှစ်ခုကိုကျင့်ကြံနိုင်သည်။ သို့ဖြစ်ပါက ရီဖန်၏ကိုယ်ပိုင် အရံအလုပ်အကိုင်အဆင့်သည်လည်း သိသာထင်ရှားစွာတိုးလာနိုင်သည်။

နှမြောစရာကောင်းသည်မှာ ယခုအချိန်မှနောင်တရနေခြင်းက အသုံးမဝင်တော့ချေ။ ၎င်းတို့သည်အနာဂတ်တွင် ထိုကဲ့သို့သောရတနာများကို ဖြည်းဖြည်းချင်းပြန်လည် စုဆောင်းရန်သာတတ်နိုင်သည်။

နောက်ဆုံးဆုဖြစ်သည့် ဧည့်သည်အကြီးအကဲတိုကင်အတွက် ရီဖန်ထံတွင် အကြံအစည်များရှိပြီးဖြစ်သည်။ ဤတိုကင်အတွက် အသင့်တော်ဆုံးအသုံးပြုသူမှာ ဝူရှန်းဘိုးဘေးဖြစ်လိမ့်မည်။ အကယ်၍ ဧည့်သည်အကြီးအကဲတိုကင်ဖြင့် ထိန်းချုပ်ထားခြင်းမရှိပါက ဝူရှန်းဘိုးဘေးသည် ၎င်းတို့၏ဧည့်သည်အကြီးအကဲဖြစ်လာလျှင်ပင် ရီဖန်သည် သူ့ကို လုံးဝယုံကြည်နိုင်မည်မဟုတ်ပေ။

ရှုပ်ထွေးနေသောအတွေးများကို ဘေးဖယ်လိုက်ပြီးနောက် ရီဖန်သည် ကျင့်ကြံရေးနည်းစနစ်ကိုနားလည်ပြီး ပျက်ဆီးခြင်းဖန်တီးမှုကျင့်စဉ်ကို အမြန်ဆုံး အဆင့်မြှင့်တင်ရန်ကြိုးစားရင်း အချိန်ကိုကုန်ဆုံးစေခဲ့သည်။

ထိုအချိန်တွင် ပျက်ဆီးခြင်းဂိုဏ်းဌာနချုပ်၌ နတ်ဆိုးနတ်ဘုရားရုပ်ထုထဲမှ စွမ်းအားအနည်းငယ်သာထွက်လာသည်ကိုကြည့်ကြီး အရိုးဘိုးဘေးက အနည်းငယ်စိုးရိမ်သွားသည်။

…………….

အခန်း ၃၀၂ - အလကားရတာကို ဘာလို့အခွင့်ကောင်းမယူရမှာလဲ

"ငါတို့ ဒီအတိုင်းဆက်သွားလို့မရတော့ဘူး။ ရီမိသားစုကိုသာ ဒီတိုင်းဆက်ထားရင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့က လုံးဝအသုံးဝင်တော့မှာမဟုတ်ဘူး"

တိမ်နက်တာအိုပညာရှင်က မကျေမနပ်ပြောလိုက်သည်။

လူတိုင်းကလည်း တိမ်နက်တာအိုပညာရှင်၏စကားကို သဘောတူကြ၏။ သို့သော် သဘောတူညီချက်ကို ဘာလုပ်ရမည်နည်း။ အကြီးမားဆုံးပြဿနာမှာ ရီမိသားစုကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာခြင်းဖြစ်သည်။

"တိမ်နက်၊ ရီဖန်က နေ့တိုင်း ချန်မင်နယ်ပယ်မှာပဲ ပုန်းနေတာ။ ဖန်ကုစကြဝဠာမှာရှိတဲ့ အင်အားစုကြီးအားလုံးက ချန်မင်နယ်မြေကို သတိထားစောင့်ကြပ်နေကြတော့ အဲနေရာမှာ ရီဖန်ကိုတိုက်ဖို့ အခွင့်အရေးရပါ့မလား”

၎င်းတို့ပျက်ဆီးခြင်းဂိုဏ်းက အလွန်အင်အားကြီး၏။ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင်များ မပါလျှင်ပင်၊ ၎င်းတို့ထံတွင်ရှိသည့် တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင် ဆယ်ဦးထက်ပိုရှိသေးသည်။

သို့သော်လည်း ဘာအရေးရှိသနည်း? ဖန်ကုစကြဝဠာဘက်ခြမ်းရှိ တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင်အရေအတွက်ထက် မသာလွန်လျှင်ပင် ၎င်းတို့ထက်ပိုနည်းလိမ့်မည်မဟုတ်ပေ။

ယခုအချိန်တွင် ဖန်ကုစကြဝဠာ၏ တာအိုဘိုးဘေးနယ်မြေရှိ စွမ်းအားရှင်များသည်လည်း နတ်ဆိုးနတ်ဘုရားတိုက်ပွဲနေရာမှ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြကာ ၎င်းတို့ထွက်ခွါလာရန် မျှော်လင့်နေကြသည်။ နတ်ဆိုးနတ်ဘုရားတိုက်ပွဲနေရာ၏ အကာအကွယ်မရှိတော့ပါက ၎င်းတို့ကို တိုက်ခိုက်နိုင်လိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ရီဖန်ကိုပင် မရှင်းလင်းနိုင်သေးမီ၊ ၎င်းတို့၏ ပျက်ဆီးခြင်းဂိုဏ်းက အရင်သုတ်သင်ခံရမည်ဖြစ်သည်။

ထိုအချိန်တွင် တိမ်နက်တာအိုပညာရှင်၏မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုပေါ်လာသည်။

“သေချာပေါက်ပေါ့၊ ချန်မင်နယ်မြေမှာ ငါတို့ ရီဖန်ကိုမတိုက်နိုင်ပေမယ့် ရီဖန်ထွက်လာရင်ရော?"

"ရီမိသားစုရဲ့ မိသားစုခေါင်းဆောင်ရီဖန်က ကျင့်ကြံရေးမှာတင် သန်မာတာမဟုတ်ဘူး၊ ဆေးပညာ၊ အင်မော်တယ်ပစ္စည်းသန့်စင်တာတွေမှာလည်း ထူးခြားတဲ့စွမ်းရည်ရှိတယ်"

“ဆိုတော့ ယေဘူယျပြောရရင် အရံအလုပ်အကိုင်မှာ ကျွမ်းကျင်တဲ့ကျင့်ကြံသူတွေက ဝိညာဉ်ပစ္စည်းတွေကို ခုခံနိုင်စွမ်းမရှိကြဘူး”

"ပြီးတော့ ငါတို့လက်ထဲမှာ လက်မှုနတ်ဘုရားရုပ်ကြွင်း ရှိတယ်မဟုတ်လား"

"ဒါက အရမ်းတန်ဖိုးကြီးပေမယ့်၊ ရီဖန်ကို လက်မှုနတ်ဘုရားနဲ့ လဲလှယ်လိုက်ရတာက တန်လိမ့်မယ်လို့ထင်တယ်"

တိမ်နက်တာအိုပညာရှင်၏ စကားကို နားထောင်ပြီးနောက် ကျင့်ကြံသူအားလုံးသည် မျက်လုံးများအရောင်တောက်လာကြသည်။ ရီဖန်အကြောင်းအချက်အလက်များစွာရှိသည့် တိမ်နက်တာအိုပညာရှင်က ရီဖန်ကိုရင်ဆိုင်နိုင်မည့် နည်းလမ်းမျိုးစုံကိုစဉ်းစားထားပုံရသည်။ အရေးကြီးဆုံးအချက်မှာ တိမ်နက်တာအိုပညာရှင်၏ အစီအစဉ်က အောင်မြင်နိုင်ခြေများ၏။

"လွဲချော်တာတွေ မရှိစေဖို့၊ ဒီတစ်ကြိမ်မှာ ငါတို့ထဲက စမလှုပ်ရှားဘဲ လူသားမျိုးနွယ်ထဲမှာ ဖွက်ထားတဲ့ တာအိုဘိုးဘေးတွေကိုပဲ လုပ်ခိုင်းရမယ်"

"ဟုတ်တယ်၊ ငါတို့ နတ်ဆိုးနတ်ဘုရားတိုက်ပွဲနေရာကနေ ထွက်လိုက်တာနဲ့ သတိထားမိသွားမှာ သေချာတယ်"

"ရီဖန်က ထောက်ချောက်ကိုကြိုမြင်ပြီး ကြောက်လန့်သွားရင် ပြဿနာရှိနိုင်တယ်!"

၎င်းတို့ဆွေးနွေးမှုများအပြီးတွင် ပြီးပြည့်စုံသည့် အစီအစဥ်တစ်ခုကို အမြန်ရေးဆွဲခဲ့ကြသည်။

"ရန်ဟွမ်ကမ္ဘာ့သခင်ရဲ့ အထောက်အထားအရ ရီဖန်လည်း တာအိုဘိုးဘေးနယ်မြေရဲ့ တိုက်ခိုက်ရေးစွမ်းအားရှိမယ့်ပုံပဲ"

"အန္တရာယ်ကင်းအောင်လို့ တာအိုဘိုးဘေးနှစ်ယောက်ဖြစ်တဲ့ သာမာန်တာအိုဘိုးဘေး တာအိုပညာရှင်ကျန်းချန်နဲ့ အကြီးတန်းတာအိုဘိုးဘေး တာအိုပညာရှင်ဝမ်ဟယ်ကိုပဲ လွှတ်ကြတာပေါ့"

"တာအိုဘိုးဘေးနှစ်ယောက်က ငါတို့ ရီဖန်အပေါ် အလေးထားတာကိုပြသဖို့ လုံလောက်ပါလိမ့်မယ်"

လူသားမျိုးနွယ်စုတွင် ပုန်းအောင်းနေသည့် တာအိုဘိုးဘေးတစ်ဦးစီတိုင်းသည် ပျက်ဆီးခြင်းဂိုဏ်းအတွက် အလွန်အဖိုးတန်၏။ ယခုတွင် ရီဖန်အတွက်ကြောင့်နှင့် တာအိုဘိုးဘေးနှစ်ယောက်ကို စေလွှတ်ထားခြင်းက ရီဖန်သည် ပျက်ဆီးခြင်းဂိုဏ်းအတွက် မည်မျှအရေးကြီးကြောင်းကို ပြသနေသည်။ မကြာမီတွင် ရီဖန်နှင့် ရင်ဆိုင်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ကြတော့သည်။

သို့သော် မည်သူမျှသတိမထားမိလိုက်သည်မှာ မျက်နှာပေါ်တွင်ထူးဆန်းသောအပြုံးရှိနေသည့် ဝူရှန်းဘိုးဘေးကိုဖြစ်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး ပျက်သုဉ်းသွားသည့်အချိန်မှစ၍ ပျက်ဆီးခြင်းဂိုဏ်းရှိ ဝူရှန်းဘိုးဘေး၏ အဆင့်အတန်းသည်လည်း ကျဆင်းလာခဲ့သည်။

မူလက တိုက်ပွဲစွမ်းရည်မကျွမ်းကျင်သည့်အပြင် ယခုတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးပါမရှိတော့ရာ ဝူရှန်းဘိုးဘေးကို မည်သူ့မျှအာရုံမစိုက်ကြတော့ချေ။

အကယ်၍ ၎င်းတို့သာ ဝူရှန်းဘိုးဘေးနေရာတွင် ခံစားရမည်ဆိုပါက သူ့ထက်ပင် ပို၍စိတ်ဓာတ်ကျနေကြလိမ့်မည်။

မကြာမီတွင် နတ်ဆိုးနတ်ဘုရားဂိုဏ်းအပြင်ဘက်ရှိ ဝူရှန်းက ရီဖန်ထံသို့ အကြောင်းကြားလာသည်။

“ပျက်ဆီးခြင်းဂိုဏ်းက မင်းကိုအရေးယူဖို့ စီစဉ်နေကြတယ်”

“ပြီးတော့ အဲဒါက လူသားမျိုးနွယ်ထဲမှာဖွက်ထားတဲ့ တာအိုဘိုးဘေးနှစ်ယောက်ဖြစ်တဲ့ တာအိုပညာရှင်ကျန်းချန်နဲ့ တာအိုပညာရှင်ဝမ်ဟယ်ပဲ”

ဝူရှန်းဘိုးဘေးပေးပို့သော အကြောင်းကြားစာကို ကြည့်ပြီးနောက် ရီဖန်၏မျက်နှာသည် အနည်းငယ်ဆိုးရွားသွား၏။ ပျက်ဆီးခြင်းဂိုဏ်းက သူ့ကို ဆန့်ကျင်သည့်အတွက် လုံးဝမအံ့ဩပေ။

ပျက်ဆီးခြင်းဂိုဏ်း၏အခြေအနေကို ကြည့်ခြင်းအားဖြင့် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့အစီအစဉ်က ပျက်ဆီးခြင်းဂိုဏ်းအတွက် အလွန်အရေးကြီးကြောင်း သူသိသည်။ ၎င်းတို့ ယခုအချိန်အထိ ခံနိုင်ရည်ရှိသည့်အချက်က ပျက်ဆီးခြင်းဂိုဏ်းသည် အမှန်တကယ်အစွမ်းထက်ကြောင်းကို သက်သေပြနေ၏။

ရီဖန်မမျှော်လင့်ထားသည့်အရာမှာ သူ့ကို ဆန့်ကျင်မည့်သူများက တာအိုပညာရှင်ကျန်းချန်နှင့် တာအိုပညာရှင်ဝမ်ဟယ်တို့ဖြစ်နေခြင်းကိုဖြစ်သည်။

ရီဖန်သည် ဤတာအိုဘိုးဘေးနှစ်ဦးနှင့် အတော်လေးရင်းနှီးသည်။

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို နှိမ်နင်းရာ၌ ထိုတာအိုဘိုးဘေးနှစ်ဦးက ကြီးမားစွာအထောက်အကူပြုပေးကာ လူသားကျင့်ကြံသူအများအပြားကို ကယ်တင်ပေးခဲ့သည်။ ၎င်းတို့၏အပြုအမူကိုကြည့်ပါက ထိုနှစ်ယောက်သည် ပျက်ဆီးခြင်းဂိုဏ်းအဖွဲ့ဝင်များဖြစ်သည်ဟု မည်သူမျှသံသယဝင်လိမ့်မည် မဟုတ်ပေ။

"ပျက်ဆီးခြင်းဂိုဏ်းက လူသားမျိုးနွယ်စုထဲမှာ ကောင်းကောင်းပုန်းနိုင်တာပဲ!"

ယခုတွင် ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်လာကြတော့မည်ဖြစ်ရာ သဘာဝကျစွာပင်

ရီဖန်က ၎င်းတို့ကို ဆက်လက်တည်ရှိခွင့်ပြုတော့မည်မဟုတ်ချေ။

မကြာမီတွင် ဝူရှန်းဘိူးဘေးက ပျက်ဆီးခြင်းဂိုဏ်းခွဲ၏ အစီအစဉ်အားလုံးကို ရီဖန်နှင့်မျှဝေခဲ့ကာ လက်မှုနတ်ဘုရားရုပ်ကြွင်းများထဲသို့ မသွားရန် အကြံပေးခဲ့သည်။

"ဒီ လက်မှုနတ်ဘုရားက တကယ်ရှိလား"

ရီဖန်သည် ဝူရှန်းကရုပ်ကြွင်းအကြောင်း အစချီပြောလာသောအခါ မမေးဘဲမနေနိုင်တော့ပေ။

"အမှန်ပါပဲ။ လက်မှုနတ်ဘုရားက နှစ်တစ်သန်းကျော်အတွင်း ပထမဆုံးသူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူပါ"

ဝူရှန်းက ကြီးမြတ်သောအင်မော်တယ်ပစ္စည်းသန့်စင်သူ ဖြစ်သည့် လက်မှုနတ်ဘုရားအပေါ်ရှိ ၎င်း၏ကိုယ်ပိုင်အမြင်ကို ထုတ်ပြောလာသည်။ ဝူရှန်း၏ ရိုကျိုးသောလေသံသည် ရီဖန်၏စိတ်ဝင်စားမှုကို ပိုတိုးစေခဲ့သည်။

“ဒါဆို လက်မှုနတ်ဘုရားရုပ်ကြွင်းထဲမှာ ရတနာတွေ ရှိတာလား” ရီဖန်က ထပ်မေးသည်။

"ဟုတ်တယ်၊ လက်မှုနတ်ဘုရားရဲ့ ရုပ်ကြွင်းထဲမှာ အဖိုးအတန်ဆုံးရတနာက အင်မော်တယ်ပစ္စည်းသန့်စင်သူတွေရဲ့ ကျွမ်းကျင်မှုကို အမြန်တိုးတက်အောင် ကူညီပေးမယ့် လက်မှုနတ်ဘုရားကျောက်တိုင်ပဲ၊ ကျောက်တိုင်မှာ လက်မှုနတ်ဘုရားရဲ့ ဘဝအတွေ့အကြုံတွေပါတယ်"

“ကောင်းလိုက်တာ!”

ရီဖန် လက်ခုပ်မတီးဘဲမနေနိုင်တော့ချေ။ ဤပျက်ဆီးခြင်းဂိုဏ်းခွဲက မည်မျှကောင်းမွန်ပါသနည်း။ ရီဖန်၏အသံကိုကြားသောအခါ ဝူရှန်းသည် ပို၍ပင် စိတ်မသက်မသာဖြစ်လာသည်။

"အကြီးအကဲရီ၊ မင်း လက်မှုနတ်ဘုရားနယ်မြေထဲ ဝင်ဖို့စဉ်းစားနေတာမဟုတ်ဘူးမလား"

ဝူရှန်းဘိုးဘေးက တုန့်ဆိုင်းဟန်ဖြင့်ထပ်ပြောလာသည်။

“လက်မှုနတ်ဘုရားရဲ့ရတနာတွေက တကယ်ရှိနေရင် ငါဘာလို့လက်လွတ်ရမှာလဲ” ရီဖန်က ပြုံးပြုံးလေး ပြန်ဖြေသည်။

"ဒါပေမယ့် သူတို့က မင်းကို လုပ်ကြံဖို့ကြံစည်နေတာလေ”

"ငါသိတယ်၊ ဒါပေမယ့် ငါ့ရန်သူက တာအိုဘိုးဘေးနယ်ပယ်က နှစ်ယောက်ပဲမလား"

ဝူရှန်းသည် ရုတ်တရက် ရီဖန်ကို လုံးဝနားမလည်တော့သလို ခံစားလိုက်ရသည်။ "တာအိုဘိုးဘေးနယ်မြေမျှသာ" ဟူသောစကားက ရီဖန် သူ့ကို အလွယ်တကူနှိပ်စက်နိုင်သကဲ့သို့ သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။

နောက်ဆုံးတွင် သူကိုယ်တိုင်လည်း တာအိုဘိုးဘေးနယ်မြေတွင် ရှိနေသည်မဟုတ်လား။ ဝူရှန်းသိရှိထားသည့် ရီဖန်အကြောင်းပိုင်ခြားခြင်းဖြင့် သူသည် မသေချာဘဲလုပ်မည်မဟုတ်ကြောင်းကို ဝူရှန်းသိသည်။

ရီဖန်သည် လက်မှုနတ်ဘုရားရုပ်ကြွင်း နယ်မြေထဲသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သောကြောင့် ပျက်ဆီးခြင်းဂိုဏ်းခွဲသည် ယခုတစ်ကြိမ်တွင် တာအိုဘိုးဘေးနှစ်ဦးကိုဆုံးရှုံးရမည်ဖြစ်သည်။

ဝူရှန်းသည် ရီဖန်ကို နောက်ထပ်မတားဆီးရန် ဆုံးဖြတ်လိုက်ကာ၊ ပျက်ဆီးခြင်းဂိုဏ်း၏ သံသယဝင်ခံရခြင်းမှ ရှောက်ရှားရန်အတွက် အဆက်အသွယ်ဖြတ်ချလိုက်သည်။

ထိုအချိန်တွင် ရီဖန်သည်သူနှင့်အတူ မည်သူ့ကို ခေါ်ဆောင်သွားရမည်ဖြစ်ကြောင်း စီစဉ်နေပြီဖြစ်၏။ ရီကျင်းလုံနှင့် တာအိုအဆင့်နှင့်အထက်ရှိသော အင်မော်တယ်ပစ္စည်းသန့်စင်သူများကို မဖြစ်မနေခေါ်သွားရမည်။ သူသည် လက်မှုနတ်ဘုရားကျောက်တိုင်ကို သိမ်းပိုက်ရန်အတွက် ရီမိသားစုမှ အင်မော်တယ်ပစ္စည်းသန့်စင်သူများကို ခေါ်ဆောင်လာရန်စီစဉ်ခဲ့သည်။

ရီဖန်သည် သေချာပေါက် ထုတ်ဖော်ကြွားဝါတတ်သူမဟုတ်ပေ။ ဝူရှန်းထံမှ အချက်အလက်များအရ တာအိုဘိုးဘေးနှစ်ဦးသည် ခြိမ်းခြောက်မှုအနည်းငယ်သာရှိကြောင်း ပြနေသော်လည်း ရန်သူများကို တစ်ယောက်တည်းရင်ဆိုင်မည့်အစား အုပ်စုဖွဲ့ရင်ဆိုင်းခြင်းက ပိုကောင်းလိမ့်မည်။

ရီဖန်သည် စတုရန်းလက်မတောင်တန်းရှိ ၎င်း၏ဆရာတူအစ်ကိုများကို အလယ်အလတ်အဆင့် နတ်လက်နက်တစ်ခုစီကို ကမ်းလှမ်းကတိပြုကာ လက်မှုနတ်ဘုရားရုပ်ကြွင်းများထံသို့ ဖိတ်ခေါ်ခဲ့သည်။

ဗောဓိဘိုးဘေးကိုတော့ မဖိတ်ခဲ့ပေ။ ဤကဲ့သို့သော ကိစ္စသေးသေးလေးကိုသာ ဗောဓိဘိုးဘေးများအား ဆောင်ရွက်ပေးစေပါပ ပျက်ဆီးခြင်းဂိုဏ်းကို အလွန်ပစားပေးရာရောက်သွားလိမ့်မည်။

တပည့်ဖြစ်သည့် ဆရာတူအစ်ကိုခြောက်ယောက်နှင့် လုံလောက်ပါ၏ ။

“ဒီနတ်နိယာမစကြဝဠာဝှက်ဖဲကို သူငယ်ချင်းကောင်းတစ်ယောက်က ပေးထားတာ၊ မင်း လေ့လာလို့ရတယ်”

နတ်နိယာမစကြဝဠာဝှက်ဖဲသည် စွမ်းအားကြီး နတ်နိယာမဖြစ်၏။ မကြာမီတွင် ရီဖန်သည် ၎င်းနတ်နိယာမကို ကျွမ်းကျင်သွားသည်။

ရီဖန်သည် မူလက ပျက်ဆီးခြင်းပုလဲကိုအသုံးပြု၍ သူ၏ဆရာတူအစ်ကိုများကို လက်မှုနတ်ဘုရားရုပ်ကြွင်းထဲသို့ လျှို့ဝှက်ပို့ဆောင်ရန် စီစဉ်ခဲ့သည်။ ယခုတွင် နတ်နိယာမစကြဝဠာဝှက်ဖဲဖြင့် သူ၏ပျက်ဆီးခြင်းလေဟာနယ်ကို ထုတ်ဖော်ရန် မလိုအပ်တော့ပေ။ သူ့အစ်ကိုများကိုတော့ သေချာပေါက်ဖွက်ခေါ်သွားရမည်။

သို့မဟုတ်ပါက သူတို့မလှုပ်ရှားမီ ပျက်ဆီးခြင်းဂိုဏ်းကသိပြီး ကြောက်လန့်သွားပါက ရီဖန်အတွက် ဆုံးရှုံးမှုကြီးဖြစ်လာနိုင်သည်မဟုတ်လား။ ရီဖန်က အရာအားလုံးကို ပြင်ဆင်ပြီးသည်နှင့် ဝူရှန်းခန့်မှန်းထားသည့်အတိုင်း တာအိုပညာရှင်ကျန်းချန်နှင့် ဝမ်ဟယ်ဘိုးဘေးတို့ကရီဖန်ထံ ရောက်လာခဲ့သည်။

"မိတ်ဆွေရီဖန်၊ ပျက်ဆီးခြင်းသွေးဆေးလုံး ထောက်ပံ့မှုများတိုးလာသေးလား"

“အပြန်အလှန်အနေနဲ့ ကျွန်တော့်မှာ လက်မှုနတ်ဘုရား ကျန်ထားခဲ့တယ်ဆိုတဲ့ ရုပ်ကြွင်းအကြောင်းသတင်းရှိထားတာကို မျှဝေပေးပါ့မယ်!"

……………..

အခန်း ၃၀၃ - သေသည်အထိ လည်ပင်းညစ်ပစ်ရမည်

သူတိူ့ရောက်လာကြလေပြီ။ ရီဖန်သည် ပျက်ဆီးခြင်းဂိုဏ်းက သူ့ကိုအမြန်လာရှာရန်အတွက် ဤမျှပင်စိတ်မရှည်ဖြစ်နေမည်ဟု မထင်ထားချေ။ သို့သော် ယခုငါးစာလာဟပ်ပြီဖြစ်သောကြောင့် ရီဖန်ကလည်း သူ့အခွင့်အရေးကို လက်လွတ်မခံတော့ပေ။

"တာအိုပညာရှင်ကျန်းချန်က ဒီလိုပြောလာမှတော့ ငါသဘောတူပါတယ်"

နှစ်ဦးနှစ်ဘက်စလုံး ကျေနပ်စွာသဘောတူခဲ့ကြသော်လည်း တာအိုပညာရှင်ကျန်းချန်က ဤမျှလွယ်ကူမည်ဟု မမျှော်လင့်ခဲ့ပေ။

"အရိုးဘိုးဘေးပြောတဲ့ ကောလဟာလအတိုင်း ရီဖန်က တကယ် ကြောက်စရာကောင်းတာရောဟုတ်ရဲ့လား"

ရီဖန်ထွက်သွားပြီးနောက် တာအိုပညာရှင်ကျန်းချန်က ဝမ်ဟယ်ဘိုးဘေးကို စပ်ဖြဲဖြဲနှင့်မေးလိုက်သည်။

“ဘယ်သူသိမလဲ၊ သူက ဗောဓိဘိုးဘေးတပည့်ဖြစ်လို့နေမှာပေါ့”

လက်ရှိတွင် ဖန်ကုစကြဝဠာအတွင်း ရီဖန်၏ကျော်ကြားမှု များပြားသော်လည်း သူတို့နှင့် ရီဖန်၏ဆက်ဆံရေးမှာ အကန့်အသတ်ရှိသည်။ မူလက သူတို့အလုပ်သည် စိန်ခေါ်မှုများလိမ့်မည်ဟုထင်ခဲ့ကြသော်လည်း အမြန်ပြီးမြောက်သွားသောကြောင့် ရီဖန်ကိုအနည်းငယ် အထင်သေးမိစေသည်။

ရီဖန်သဘောတူလိုက်သည့်သတင်းက ပျက်ဆီးခြင်းဂိုဏ်းအတွင်းထဲသို့ ပြန်ရောက်သွားသည်။ ရီဖန်၏သဘောတူခြင်းက ရိုးရှင်းသောကြောင့် အရိုးဘိုးဘေးကိုပင် အံ့အားသင့်စေကာ ၎င်းကိုယုံကြည်ရန် ခက်ခဲနေ၏။

"ရီဖန်က နာမည်ပဲရှိတာများလား" အရိုးဘိုးဘေးက ရီဖန်အတွက် ထိုမျှပေးဆပ်ရန်လိုသလားဟူ၍ပင် သံသယဝင်လာသည်။

"တစ်ခုခုတော့လွဲနေတယ်လို့ ခံစားရတယ်" အရိုးဘိုးဘေးက မျက်ခုံးပင့်လိုက်၏။

“မင်း အတွေးလွန်နေတာပါ” တိမ်နက်တာအိုပညာရှင်က ကြားဖြတ်ပြောလိုက်သည်။

"ဒါက ရီဖန်ကို ဖမ်းနိုင်မယ့် ရှားရှားပါးပါးအခွင့်အရေးပဲ၊ ငါတို့လွတ်သွားခဲ့ရင် နောက်ထပ်အခွင့်အရေး ထပ်ရလာမှာ မဟုတ်တော့ဘူးနော်"

အကယ်၍သူတို့သာ ယခုတစ်ကြိမ်မအောင်မြင်ပါက လူသားမျိုးနွယ်စုသည် ရီဖန်အပေါ် အကာအကွယ်ကို ပိုမိုခိုင်မာစေလိမ့်မည်မှာသေချာသည်။ ပျက်ဆီးခြင်းဂိုဏ်းက ရီဖန်ကို ဆန့်ကျင်ရန် ပို၍ပင်ခက်ခဲသွားလိမ့်မည်။

"ငါတို့ ဒီအချိန် အောင်မြင်မှရမယ်၊ ရှုံးလို့လုံးဝမဖြစ်ဘူး။ မင်း ဒီကာလအတွင်း အပြင်မှာနေသင့်တယ် ဝူရှန်း၊ တကယ်လို့ ကျန်းချန်နဲ့ တခြားသူတွေကျရှုံးသွားရင် မင်းကအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရမယ်"

ထိုစကားကိုကြားသောအခါ လူတိုင်းက ဝူရှန်းဘိုးဘေးကို စိတ်ဝင်တစားကြည့်လိုက်သည်။ အပြင်တွင်နေ၍ ရီဖန်နှင့်ရင်ဆိုင်ရခြင်းက လက်တွေ့အားဖြင့် သေတွင်းတူးသည့်မစ်ရှင်တစ်ခုဖြစ်သည်။

ရီဖန်ကိုသတ်နိုင်ခဲ့လျှင်ပင် လူသားမျိုးနွယ်စု၏ ထိုးစစ်ကိုရင်ဆိုင်ရာ၌ လွတ်မြောက်ရန်အခွင့်အရေး လုံးဝမရှိချေ။ သို့ဖြစ်လျှင် ဝူရှန်းဘိုးဘေးက ထိုအခက်အခဲကို မည်သို့ရင်ဆိုင်မည်နည်း။ သူ၏ကျဆုံးခြင်းအတွက် တာအိုပညာရှင်တစ်ချို့က စာနာသနားသွားကြသည်။

ဝူရှန်းဘိုးဘေးသည် သူ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လုံလောက်သွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် ထိုကဲ့သို့ဆက်ဆံခံနေရသည်။ ဝူရှန်းဘိုးဘေးသေဆုံးသွားပါက နောက်ထပ် သူတို့အလှည့်ဖြစ်လာနိုင်သလား။

ထိုခံစားချက်က ၎င်းတို့ကို ကူကယ်ရာမဲ့ဖြစ်သွားစေသည်။ ဝူရှန်းဘိုးဘေးအတွက် ပြောပေးရန်ပင် သတ္တိမရှိကြချေ။ ဝူရှန်းဘိုးဘေးကိုသာပွင့်ပွင့်လင်းလင်း ထောက်ခံပေးလိုက်ပါက စာရင်းထဲတွင် သူတို့နာမည်များရောက်သွားလိမ့်မည်။

ဝူရှန်းဘိုးဘေး၏ မျက်နှာပေါ်ရှိအမူအရာမှာ ရုတ်တရက် ပျက်ယွင်းသွားကာ မယုံနိုင်ဖြစ်နေ၏။ အရိုးဘိုးဘေး၏မျက်နှာပေါ်တွင်မူ အပြုံးတစ်ခုပေါ်လာသည်။ ၎င်းက ဝူရှန်းဘိုးဘေးက သူ့ကိုအာခံခြင်း၏ အကျိုးဆက်ဖြစ်သည်။

လက်ရှိတွင် ဝူရှန်းဘိုးဘေးသည် အသုံးဝင်မှုမရှိသောကြောင့် အလွယ်တကူ စွန့်လွှတ်ခံလိုက်ရသည်။ ခဏကြာအောင် နှုတ်ဆိတ်သွားပြီးနောက် ဝူရှန်းဘိုးဘေးက ခက်ခက်ခဲခဲလက်ခံလိုက်ရသည်။

“ကောင်းပြီလေ” ပြောပြီးသည်နှင့် ဝူရှန်းဘိုးဘေးက ချက်ချင်း လှည့်ထွက်သွားသည်။

သို့သော် သူတို့အားလုံးသည် ဝူရှန်းဘိုးဘေး၏ အပြုံးကို သတိမထားမိလိုက်ကြချေ။ သူသည် ပျက်ဆီးခြင်းဂိုဏ်းအတွင်း ရာထူးကြီးသူအဖြစ် ဆက်လက်ရပ်တည်နေသော်လည်း အမှန်တကယ် အခွင့်အာဏာမရှိကြောင်းသိပြီးဖြစ်သည်။

သူသည် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနေရာမှ ထွက်သွားရန်ပင် မတတ်နိုင်ချေ။ ထို့ကြောင့် ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ ထွက်ခွာရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် အခွင့်အရေးဆိုက်ရောက်လာခဲ့လေပြီ။

သို့သော် အရိုးဘိုးဘေးနှင့် အခြားသူများ သံသယမဝင်စေရန်အတွက် ဝူရှန်းဘိုးဘေးက စိတ်ဆင်းရဲဟန်ဆောင်နေရသေး၏။ အရိုးဘိုးဘေးသည် ဝူရှန်းဘိုးဘေးထွက်ခွါသွားသည်ကိုကြည့်ပြီး သူ့အမူအရာမှာ မပြောင်းလဲဘဲ ရှိနေသည်။

သူသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ပြဿနာများပေါ်ပေါက်လာချိန်မှစ၍ ဝူရှန်းဘိုးဘေးကို မကျေမနပ်ဖြစ်နေခဲ့ခြင်းပင်။ ကံမကောင်းစွာဖြင့် သူသည် လက်ရှိတွင် ပျက်ဆီးခြင်းဂိုဏ်း၏ အမြင့်ဆုံးအရာရှိဖြစ်နေသော်လည်း ဝူရှန်းဘိုးဘေးကို သတ်နိုင်မည့် အခွင့်အာဏာတော့မရှိရှာပေ။

နောက်ဆုံးတွင် ဝူရှန်းဘိုးဘေးကို သတ်ရန်အခွင့်အရေးရရှိလာပြီဖြစ်ရာ အရိုးဘိုးဘေးက လက်လွတ်ခံလိမ့်မည်မဟုတ်ချေ။ ဝူရှန်းဘိုးဘေးက ငြင်းဆန်ခဲ့လျှင် ပျက်ဆီးခြင်းဂိုဏ်းအမိန့်ကို ဆန့်ကျင်သည့်အတွက် အပြစ်ပေးနိုင်သည်။ ဝူရှန်းဘိုးဘေးက လက်ခံလျှင်လည်း သေရလိမ့်မည်။

ဝူရှန်းဘိုးဘေးလွတ်မြောက်နိုင်မည့် အခွင့်အရေးနှင့်ပက်သက်၍ အရိုးဘိုးဘေးက တွေးပင်မတွေးထားချေ။

ပျက်ဆီးခြင်းဂိုဏ်း၏ အကြီးတန်းအဖွဲ့ဝင်များအားလုံးကို နတ်ဆိုးနတ်ဘုရားက နည်းစနစ်တချို့ဖြင့် ကိုယ်တိုင်စီရင်ထားကာ ၎င်းတို့၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တားမြစ်ချက်များထားရှိသည်။

၎င်းတို့ထဲတွင် တားမြစ်ချက်ကို ဖယ်ရှားရန်အတွက် အခင်းအကျင်းကျွမ်းကျင်သည့် တာအိုပညာရှင်များကို ရှာဖွေကူညီခိုင်းခဲ့ကြသော်လည်း ၎င်းတို့အားလုံးသေဆုံးသွားရသည်။ အကူအညီပေးသော တာအိုပညာရှင်ပင်လျှင် နှောင့်ယှက်ခံခဲ့ရကာ ပြန်လည်နာလန်ထူရန်အတွက် နှစ်ထောင်ပေါင်းများစွာကြာခဲ့သည်။

ထိုအချိန်မှစ၍ မည်သူကမျှ တားမြစ်ချက်ကိုဖယ်ရှားပြီး လွတ်လပ်မှုပြန်လည်ရယူရန် မစဉ်းစားရဲတော့ချေ။ သူတို့အသက်ရှင်နေချိန်အတွင်း ပျက်ဆီးခြင်းဂိုဏ်းမှ မလွတ်မြောက်နိုင်ကြောင်းကို အားလုံးသိထားကြ၏။

ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းနှင့် ရှင်းလင်းပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်ဆုံးတွင် သူလွတ်မြောက်ခဲ့သည်။

"ရီဖန်၊ ငါမင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ” ဝူရှန်းဘိုးဘေး၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခုပေါ်လာသည်။ သူ့လက်ကောက်ဝတ်ကိုလှည့်လိုက်သည်နှင့် လက်ထဲတွင် သိုလှောင်လက်စွပ်လေးတစ်ကွင်းပေါ်လာသည်။

ပျက်ဆီးခြင်းဂိုဏ်းအတွင်းမှ ဝူရှန်းဘိုးဘေးက ဝူရှန်းဘိုးဘေးအစစ်အမှန်ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မည်မဟုတ်ပေ။ ထို့ကြောင့် ယခုမှသာ ပျက်ဆီးခြင်းဂိုဏ်းကို ဆန့်ကျင်ရန်ဆုံးဖြတ်ခဲ့သည်။

အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာလည်းဖြစ်တတ်သည်ဟူသောအယူအဆကို ဝူရှန်းဘိုးဘေးက အကြွင်းမဲ့ယုံကြည်၏။

အရိုးဘိုးဘေးကိုယ်တိုင်ပင်လျှင် ပျက်ဆီးခြင်းဂိုဏ်းအတွင်းရှိ ဝူရှန်းဘိုးဘေးက ဝူရှန်းဘိုးဘေးအစစ်ဖြစ်လိမ့်မည်ဟု သံသယမ၀င်ခဲ့ချေ။

……………

All Chapters