← Chapters

အခန်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အခန်း ၃၀၄-၃၀၆

Vol. 21 Ch. 304-306

အခန်း ၃၀၄ - သေသည်အထိ လည်ပင်းညစ်ပစ်ရမည်

သူ၏ကိုယ်ပွါးများထဲမှတစ်ခုကို ဖျက်ဆီးခြင်းက ဝူရှန်းဘိုးဘေးအပေါ် သက်ရောက်မှုရှိသော်လည်း ၎င်းသည်မပြင်းထန်ချေ။ ထို့ကြောင့် အရိုးဘိုးဘေးသည် ဝူရှန်းဘိုးဘေးကို ယခုအချိန်ထိ မဆန့်ကျင်သေးခြင်းဖြစ်သည်။

သို့သော် တစ်စုံတစ်ဦးက ထက်မြက်လွန်းနေခြင်းသည် သူတို့ကျဆုံးရသည့်အကြောင်းဖြစ်လိမ့်မည်ဟု ဘယ်သူကထင်ထားနည်နည်း။ ဝူရှန်းဘိုးဘေးက အမှောင်ထဲတွင် ကြိုးဆွဲကစားနေကာ အရိုးဘိုးဘေးသည် သူ၏နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားရသည်။

မကြာမီတွင် ဝူရှန်းဘိုးဘေး၏ ဘေးတွင် နောက်ထပ်ကိုယ်ပွားတစ်ခုပေါ်လာသည်။ သူသည် ဤအချိန်အတွင်း ပျက်ဆီးခြင်းဂိုဏ်းအကြောင်း ထောက်လှမ်းစုဆောင်းထားသော သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးအပ်ပြီးနောက် ပျောက်ကွယ်သွားသည်။ သူ့မှာ လုပ်စရာအများကြီး ရှိပါသေး၏။

ဤနှစ်များတစ်လျှောက်တွင် ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းကြောင့် ဘာမှမလုပ်ဆောင်နိုင်ခဲ့ပေ။ ယခုတွင် သူ့ရည်မှန်းချက်များအတိုင်း လုပ်ဆောင်ရန်အတွက် လွတ်လပ်သွားပြီဖြစ်သည်။ သူ ရီဖန်ကို ကတိပေးခဲ့သည့်အကြောင်းကို မေ့သွားသည်မှာတော့ ကြာလေပြီ။ ဝူရှန်းဘိုးဘေးသည် ရီမိသားစု၏ ဧည့်သည်အကြီးအကဲဖြစ်လာရန် အမှန်တကယ် ဆန္ဒမရှိခဲ့ပေ။

မကြာမီတွင် ရီမိသားစုမှ ရီဖန်သည် ဝူရှန်းဘိုးဘေးယူဆောင်လာသည့် သိုလှောင်လက်စွပ်ကိုရရှိခဲ့သည်။

လက်စွပ်ထဲမှ အချက်အလက်များကိုကြည့်ပြီးနောက် ရီဖန်ပြုံးလိုက်သည်။ ယင်ယန်တံခါးစာရင်းအပြည့်အစုံနှင့် ဖန်ကုစကြဝဠာရှိ ပျက်ဆီးခြင်းဂိုဏ်း၏အခင်းအကျင်း။ ဤအချက်အလက်များက ပျက်ဆီးခြင်းဂိုဏ်းကို အခက်တွေ့စေရန်လုံလောက်သည်။

ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ ထွက်ခွါသွားကြောင်းကိုလည်း ရီဖန်သိရှိခဲ့သည်။

ဝူရှန်းဘိုးဘေးသည် ရီမိသားစု၏ ဧည့်သည်အကြီးအကဲဖြစ်လာရန် ပြန်လာမည်မဟုတ်သည်ကို ရီဖန်သေချာနေပြီဖြစ်သည်။

သို့သော် ရီဖန်က ၎င်းကိုဆုံးရှုံးမှုကြီးတစ်ခုဟု မမြင်ချေ။ ဝူရှန်းဘိုးဘေး၏အင်အားသည် ထူးခြားလှသည်မဟုတ်။ သူ့ကို အဖိုးတန်စေသည့်အရာက လူအများကိုလှည့်စားနိုင်ခြင်းကြောင့်ဖြစ်သည်။ ဤနှစ်များတွင် ပျက်ဆီးခြင်းဂိုဏ်း တည်ထောင်မှုတစ်ဝက်သည် သူ့ကြောင့်ဖြစ်၏။ သို့သော်လည်း ထိုစွမ်းအားက ရီဖန်နှင့် ရီမိသားစုအပေါ် များစွာသက်ရောက်မှုမရှိပေ။

"ဝူရှန်းဘိုးဘေး၊ ငါတို့ပြန်ဆုံကြတာပေါ့"

ဝူရှန်းဘိုးဘေးကဲ့သို့ အရေးပါသည့် ဇာတ်ကောင်က စင်မြင့်မှထွက်ခွါသွားမည်မဟုတ်ကြောင်း ရီဖန်အမြဲခံစားမိသည်။ သူတို့ပြန်ဆုံကြလိမ့်မည်။ တစ်ခုတည်းသောအရာမှာ သူတိူ့ပူးပေါင်းစဉ်က ဝူရှန်းဘိုးဘေးသည် မိတ်ဆွေလား၊ ရန်သူလားကို မသိခဲ့ခြင်းဖြသ်၏။

ရီဖန်၏ အချက်အလက်များကို သူတစ်ယောက်တည်းမကိုင်တွယ်နိုင်ချေ။ ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ဘိုးဘေးနယ်မြေ ကျင့်ကြံသူများအကြောင်း အချက်အလက်များသည် ယခင်ကထက်နည်းပါးသွားခဲ့သည်။ ထုတ်ဖော်ထားပြီးသည့် ကျန်းချန်နှင့် ဝမ်ဟယ်ဘိုးဘေးအကြောင်းမှလွဲ၍ အခြားသာမန်ဘိုးဘေးအကြောင်းသာပါရှိသည်။

ဤဘိုးဘေးသုံးယောက်သည် ပျက်ဆီးခြင်းဂိုဏ်း၏ ဝှက်ဖဲများဖြစ်ကြောင်း တစ်စုံတစ်ယောက်က ရီဖန်ကို လာပြောပြပါက သူယုံမည်မဟုတ်ပေ။ အကယ်၍ ပျက်ဆီးခြင်းဂိုဏ်းသည် ထိုမျှလောက်သာ စွမ်းအားရှိလျှင် ဖန်ကုစကြာဝဠာ၏အင်အားစုများကြားတွင် ဤကဲ့သို့ပြဿနာရှာလိမ့်မည်မဟုတ်ချေ။

အမှောင်ထဲတွင် ဘိုးဘေးနယ်ပယ်မှကျင်ကြံသူများသည် ပျက်ဆီးခြင်းဂိုဏ်းထံ သစ္စာကတိပြုခဲ့ကြသည်။ ဤဘိုးဘေးနယ်မြေသူလျှိုများနှင့် အဆက်အသွယ်ရှိသူများသည် ပျက်ဆီးခြင်းဂိုဏ်းအတွင်းတွင် အဆင့်အတန်းမြင့်မားကြ၏။

ထိုပုဂ္ဂိုလ်က အရိုးဘိုးဘေးဖြစ်နိုင်သည်။ ယခုတွင် ဝူရှန်းဘိုးဘေးထွက်ခွါသွားသည့်အတွက် ပျက်ဆီးခြင်းဂိုဏ်းနှင့်ပတ်သက်သည့် အချက်အလက်များကိုရရှိရန် လွယ်ကူတော့မည်မဟုတ်ပေ။ ထို့အပြင် ပျက်ဆီးခြင်းဂိုဏ်းက ဝူရှန်း၏သစ္စာဖောက်မှုကိုသတိပြုမိသွားလျှင် ၎င်းတို့ အလွန်သတိရှိကြမည်မှာ သေချာသည်။

ရီဖန်သည် ဘိုးဘေးဗောဓိထံသို့ အချက်အလက်များကို အပ်လိုက်သည်။ ၎င်းကိုမြင်ပြီးနောက် ဗောဓိဘိုးဘေးသည် သူ့တပည့် မည်မျှလိမ္မာပါးနပ်ကြောင်းကို မအံ့ဩဘဲမနေနိုင်တော့ချေ။ ဤတစ်ကြိမ်တွင်တော့ ပျက်ဆီးခြင်းဂိုဏ်းအမြစ်ကိုတူးရမည်။

ဗောဓိဘိုးဘေးသည် ၎င်းတို့လှုပ်ရှားပြီးနောက် ပျက်ဆီးခြင်းဂိုဏ်း၏တုံ့ပြန်မှုကို ကြိုမြင်နိုင်နေပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် အလွန်အံ့အားသင့်စရာ ဖြစ်သွားလိမ့်မည်။

ဗောဓိဘိုးဘေးသည် အလျင်စလိုမလုပ်ဘဲ ရီဖန်နှင့် ကျန်းချန်ဘိုးဘေးတို့ကို သုံးရက်အတွင်း လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာစေသည်။ ၎င်းတို့သည် လျှို့ဝှက်နယ်မြေမှထွက်လာပြီးနောက် ဤပူးပေါင်းကြံစည်သူများကိုစုစည်းခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။

သို့မဟုတ်လျှင် ၎င်းတို့အချိန်မတိုင်မီ လုပ်ဆောင်လိုက်ပြီး ပျက်ဆီးခြင်းဂိုဏ်းက စီစဉ်ထားသည့်အတိုင်း ရီဖန်ကို မတိုက်ခိုက်လျှင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာလိမ့်မည်။ ပျက်ဆီးခြင်းဂိုဏ်းအပေါ်ရှိ သူ့သဘောထားမှာ ဖြစ်နိုင်သမျှ နောက်ထပ်တစ်ယောက်ကို သတ်ပစ်ရန်သာ။

သုံးရက်အကြာတွင် ရီဖန်သည် မဟာကမ္ဘာတစ်ထောင်သို့ရောက်ရှိခဲ့သည်။ သွေးလမင်းနှစ်စင်းကိုအမြင့်တွင် ချိတ်ဆွဲထားလိုက်ပြီးနောက် ကျန်းချန်ဘိုးဘေးက သူ့လက်ဖြင့် ဓားပုံစံဖော်လိုက်၏။ မကြာမီတွင် အခင်းအကျင်းသည် တဖြည်းဖြည်း ကွယ်ပျောက်သွားကာ လူတိုင်းရှေ့တွင် ရှေးဟောင်းအပျက်အစီးတစ်ခု၏ ဝင်ပေါက်ပေါ်လာသည်။

"အကြီးအကဲရီ၊ ဒါက လက်မှုနတ်ဘုရားရုပ်ကြွင်းရဲ့ ဝင်ပေါက်ပါ၊ မြန်မြန်ဝင်ရအောင်!" ကျန်းချန်ဘိုးဘေးက စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။

"ကောင်းပြီ၊ မြန်မြန်ဝင်ရအောင်!" ရီဖန်သည် စိတ်မရှည်စွာ သံယောက်လိုက် လိုက်သည်။

သူ့နောက်တွင် ရီမိသားစုကျင့်ကြံသူများတန်းစီပြီး အပေါက်ဝကိုဖြတ်ကျော်လာကာ အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲသော လက်မှုနတ်ဘုရားအပျက်အစီးများထဲသို့ ဝင်သွားကြသည်။

လေဟာနယ်လှည့်ပြောင်းသွားပြီးနောက် လူတိုင်းသည် ကမ္ဘာတစ်ခုအသစ်တစ်ခုထဲသို့ ရောက်လာကြသည်။

လက်မှုနတ်ဘုရား၏ရုပ်ကြွင်းထဲသို့ ဝင်သည်နှင့်တပြိုင်နက် ရီဖန်သည် ၎င်းတို့နှင့်ပတ်သက်သည့် မတူညီသောအရာတစ်ခုကို သတိပြုမိသည်။

လေထုထဲရှိ နေရာတိုင်းတွင် တာအိုယင်သည် ထူထပ်နေ၏။ တာအိုယင်တစ်ခုစီတွင် လက်မှုနတ်ဘုရား၏ ဉာဏ်အလင်းပါဝင်သည့် အင်မော်တယ်ပစ္စည်းသန့်စင်သူလမ်းကြောင်းပါရှိသည်။ ပျက်ဆီးခြင်းဂိုဏ်းက ရီဖန်ကိုသတ်ချင်သော်လည်း သူ့ကိုမလှည့်စားခဲ့ကြချေ။ ဤသည်မှာ အမှန်ပင် အင်မော်တယ်ပစ္စည်းသန့်စင်သူများအတွက် အာထားရာဖြစ်သည်။

ရီဖန်မိသားစုကျင့်ကြံသူများ၏ ဉာဏ်အလင်းဖြင့် အချိန်တိုအတွင်း ဗဟုသုတများစွာရရှိနိုင်မည်ဟု ရီဖန် ယုံကြည်ခဲ့သည်။

"ကျန်းချန်ဘိုးဘေး၊ ဒီတစ်ခါတော့ ငါမင်းကို ကျေးဇူးတင်ပါတယ်!" ရီဖန်က ရိုးသားစွာပြောလိုက်သည်။

"ကျေးဇူးတင်စရာမလိုပါဘူး၊ ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ!"

ကျန်းချန်မှာလည်း ပျော်ရွှင်နေပုံရသည်။ နှစ်ဖက်စလုံးက သူတို့လိုချင်သည့် ရလဒ်များကို အောင်မြင်ပြီးပြီဖြစ်၏။

"စကားမစပ် ဒီမှာ မင်းတို့နှစ်ယောက်ပဲရှိတာလား"

ရီဖန်သည် အခြားသောကျင့်ကြံသူများ၏တည်ရှိမှုကို ရှာဖွေရန်ကြိုးစားကာ လှည့်ပတ်ကြည့်နေသည်။ ကံမကောင်းစွာဖြင့် ရီမိသားစု၏ကျင့်ကြံသူများနှင့် ဘိုးဘေးနှစ်ဦးမှလွဲ၍ အခြားကျင့်ကြံသူများ၏ အရိပ်အယောင်ကိုပင်မတွေ့ရချေ။

ရီဖန်စကားကိုကြားသောအခါ ဘိုးဘေးနှစ်ယောက်၏ စိတ်ထဲတွင် တုန်လှုပ်သွား၏။ ကျန်းချန်မှာ ပြုံးပြရန်ပင် အနိုင်နိုင်ကြိုးစားနေရသည်။

"ရီဖန်၊ မင်းက နောက်နေတာပဲ၊ ဝမ်ဟယ်နှင့် ငါပဲ ဒီနတ်ဘုရားအကြောင်းသိတာကို၊ တခြားဘယ်သူရှိမှာလဲကွာ!"

"တကယ်ဘယ်သူမှမရှိဘူးဘဲ၊ နှမြောလိုက်တာ"

ရီဖန် စိတ်မကောင်းစွာကြည့်နေသည်။ ဤတစ်ကြိမ်တွင် ငါးကြီးကြီးဆွဲဆောင်နိုင်လိမ့်မည်ဟု ထင်ထားသော်လည်း ပုစွန်သေးသေးလေးနှစ်ကောင်သာ မိသွားသည်။ ပျက်ဆီးခြင်းဂိုဏ်းသည် ဤပုစွန်နှစ်ကောင်က သူ့ကိုဖိနှိပ်နိုင်မည်ဟု တကယ်ထင်နေသလား။ သူ့ကို လျှော့တွက်ထားပုံရ၏။

နောက်ဆုံးတွင် သူတစ်ဦးတည်းက ပျက်ဆီးခြင်းဂိုဏ်းတွင် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ သူ့ကိုဖမ်းရန်အတွက် ၎င်းတို့၏အဆင့်မြင့်အဖွဲ့ဝင်များကို မစေလွှတ်ခြင်းက သူ့ကိုအထင်သေးနေခြင်းဖြစ်ရမည်။

နောက်အခိုက်အတန့်တွင် ရီဖန်၏အတွေးတစ်ခုဖြင့် ရီမိသားစုကျင့်ကြံသူများသည် ပျက်ဆီးခြင်းနေရာလွတ်ထဲသို့ ပြန်ရောက်သွားသည်။ ထို့နောက် ရီဖန်က ကျန်းချန်နှင့် ဝမ်ဟယ်တို့ကို လှည့်ကြည့်လိုက်သည်;

"ရီဖန် မင်းဘာလုပ်နေတာလဲ"

ရီဖန်ထံတွင် တစ်ခုခုမှားနေကြောင်းကို ဦးနှောက်မရှိသူပင် ပြောနိုင်သည်။

၎င်းတို့အထောက်အထားများက လုံခြုံသည်ဟု ယုံကြည်ကြ၏။ နှစ်များတစ်လျှောက်တွင် ၎င်းတို့သည် ပျက်ဆီးခြင်းဂိုဏ်းနှင့် အနည်းငယ်သာ အဆက်အသွယ်ရှိခဲ့ကာ သိသာထင်ရှားသော အဆက်အသွယ်များကို ဖော်ပြထားခြင်းမရှိပေ။

သို့တိုင် ရီဖန်၏သဘောထားကိုကြည့်ခြင်းအားဖြင့် ၎င်းတို့၏မူမမှန်မှုကို သတိပြုမိသည်မှာထင်ရှားသည်။

သို့သော် ရီဖန်၏စိတ်အပြောင်းအလဲကို သတိပြုမိပြီးသည့်တိုင် ကျန်းချန်သည် အပြစ်မရှိဟန်ဆောင်ကာ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

“တော်လိုက်ကြစမ်းပါ၊ မင်းတို့ငါ့ကို အန်ချင်အောင်လုပ်နေတာပဲ"

ကိုယ့်အမျိုးကိုယ် သစ္စာဖောက်နိုင်သူသည် မည်သူ့ကိုမျှ သစ္စာမဖောက်နိုင်စရာအကြောင်းမရှိချေ။ ကျန်းချန်နှင့် ဝမ်ဟယ်တို့၏ အမူအရာများမှာ ချက်ချင်းပြောင်းလဲသွားသည်။ ယခုတွင် ရီဖန်သည် ၎င်းတို့အထောက်အထားများကို သိသွားသည်မှာ သေချာသွားပြီဖြစ်သည်။

သို့သော် ရီဖန်က မည်သို့သိသွားရသနည်း?

၎င်းတို့၏ စစ်မှန်သောအထောက်အထားများကို ပျက်ဆီးခြင်းဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသာ သိရှိခဲ့ကြသည်။ ၎င်းတို့အထဲက တစ်ယောက်ယောက်က ပျက်ဆီးခြင်းဂိုဏ်းကို သစ္စာဖောက်ခဲ့ခြင်းဖြစ်နိုင်သလား။

လုံးဝမဖြစ်နိုင်ပေ! ၎င်းတို့သည် ထိုအတွေးကို အမြန်ပယ်ချလိုက်သည်။ ပျက်ဆီးခြင်းဂိုဏ်းက နတ်ဆိုးနတ်ဘုရား၏ ကန့်သတ်ချက်အတွက်သုံးသည့် နည်းလမ်းကို သူတို့သတိပြုမိသည်။ ၎င်းတို့၏ အသိစိတ်ပင်လယ်ကိုကန့်သတ်ထားသောကြောင့် ပျက်ဆီးခြင်းဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များသည် သစ္စာဖောက်ရန်မဖြစ်နိုင်ပေ။

ရီဖန်သည် အခြားနည်းလမ်းများဖြင့် ၎င်းတို့၏ အထောက်အထားများအကြောင်းသိရှိသွားပုံရသည်။ သူတို့သည် စိတ်အားထက်သန်လွန်းသဖြင့် ရီဖန်၏သံသယကို နှိုးဆွပေးမိခြင်း ဖြစ်နိုင်ပါသလား။ နှစ်ယောက်သားသည် ချက်ခြင်းပင် လက်မှုနတ်ဘုရားရုပ်ကြွင်းကို ကြည့်လိုက်သည်။

ရီဖန်သတိထားမိသလိုပင် သူတို့ကိုယ်တိုင်ကလွဲ၍ တခြားကျင့်ကြံသူအရိပ်အယောင်ကိုပင် မတွေ့ရချေ။

သို့သော် ယခုအချိန်တွင် လက်မှုနတ်ဘုရားရုပ်ကြွင်းက လုံးဝပိတ်သွားပြီဖြစ်ကာ အတွင်းဘက်မှမဖွင့်ထားပါက အပြင်ဘက်မှကျင့်ကြံသူများ မ၀င်ရောက်နိုင်ပေ။

ရီဖန်ကိုကြည့်လိုက်ပြီးနောက် ၎င်းတို့နှစ်ယောက်၏အမူအရာများသည် တဖြည်းဖြည်း တည်ငြိမ်သွားပြန်၏။

"ရီဖန်၊ မင်းက တော်တော်ထက်မြက်တာတော့ ငါဝန်ခံပါတယ်။ ဒါပေမယ့် မင်း ပေါ့လျော့လွန်းတာပဲ။ အပျက်အဆီးထဲ ဝင်လိုက်တာနှင့် မင်းကံကြမ္မာကို တံဆိပ်ခတ်လိုက်ပြီးသားကွ!"

နှစ်ယောက်စလုံးသည် ၎င်းတို့ဘိုးဘေးစွမ်းအင်ကို ထုတ်လွှတ်ကာ ရီဖန်ကိုချိန်ရွယ်ထားသည်။ ၎င်းတို့၏တုန့်ပြန်မှုကိုမြင်သောအခါ ရီဖန်သည် ၎င်းတို့သူ့ကို အထင်လွဲသွားမှန်းသိလိုက်၏။

"ငါဒီကို တစ်ယောက်တည်းလာတာလို့ ထင်နေတယ်လို့တော့ မပြောနဲ့နော်!"

"ထိန်းမထားနိုင်တော့ဘူးကွ!"

ရီဖန်၏စကားအဆုံးတွင် သူ့ညီအကိုများစွာသည် ကမ္ဘာပုံစံငယ်လေးထဲမှ ထွက်လာကြသည်။

………….

အခန်း ၃၀၅ - ပျက်ဆီးခြင်းဂိုဏ်းအတွင်းရှိ ပဋိပက္ခများ

စွန်းဝူခုန်း၏အသွင်အပြင်က အလွန်ထူးခြားလွန်းသောကြောင့် သူ့ကိုမမှတ်မိရန် ခက်ခဲသည်။ ကျန်းချန်သည် စွန်းဝူခုန်းကို မြင်လိုက်သည့်အခိုက် သူအဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်၏။

"ရီဖန်၊ မင်းက ဂုဏ်သိက္ခာမရှိဘူး!"

မည်သူက ရုပ်ကြွင်းထဲကို ၎င်းတို့၏ဆရာအစ်ကိုများအား ခေါ်ဆောင်လာမည်နည််း။ ဗောဓိဘိုးဘေး၏တပည့်များသည် ဖန်ကုစကြာဝဠာတစ်ခွင်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်သည်။ ကျန်းချန်နှင့် ဝမ်ဟယ်ဘိုးဘေးတို့က သေချာပေါက်မှတ်မိသည်။

"ညီငယ်လေး၊ ဒါလေးပဲလား"

စွန်းဝူခုန်းသည် သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် အခြားကျင့်ကြံသူများကို မတွေ့ရှိခဲ့ပေ။ သူသည် ရီဖန်နှင့်တူညီသော တုံ့ပြန်မှုရှိသည်။ ငါးကြီးကြီးမမိသောကြောင့် စိတ်ပျက်သွားရှာ၏။

"ညီငယ်လေး၊ ဒါကို မြန်မြန်ဖြေရှင်းရအောင်"

တစ်ဖက်တွင် ယန်ကျန်းသည် များစွာဂရုမစိုက်ချေ။ တစ်ဦးတည်းသတ်ခြင်းနှင့် အများအပြားသတ်ခြင်းက သူ့အတွက် ကွာခြားမှုမရှိပေ။

"မိတ်ဆွေရီဖန်၊ နားလည်မှုလွဲနေတယ် ထင်တယ်"

နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးမျှင်ကို ဆုပ်ကိုင်ရင်း ကျန်းချန်က ပြောလိုက်သည်။

၎င်းတို့၏အမြင်အရ ဤနေရာတွင် ရီဖန်မှလွဲ၍ ကျင့်ကြံအားလုံးက ၎င်းတို့ကိုအလွယ်တကူ ချေမှုန်းနိုင်သည့် တိုက်ခိုက်ရေးစွမ်းအားရှိကြသည်။ အမှန်တကယ်တိုက်ရလျှင် အန္တရာယ်ရှိနိုင်ကာ သေချာပေါက် သေခြင်းတရားကစောင့်ကြိုနေလိမ့်မည်။

"နားလည်မှုလွဲနေတာလား ငါတော့မထင်ပါဘူး!"

ရီဖန်က ပြုံးပြီးဆက်ပြောလိုက်သည်။

"မင်းတို့ငါကို တိုက်ခိုက်ဖို့ကြံလိုက်ကတည်းက ငါသိထားပြီးသား"

ထိုစကားကိုကြားသောအခါ တာအိုဘိုးဘေးနှစ်ဦးစလုံး ချက်ချင်းသဘောပေါက်သွားကြသည်။ ပျက်ဆီးခြင်းဂိုဏ်းတွင် သစ္စာဖောက်တစ်ယောက်ရှိနေသည်။ ထို့အပြင် သစ္စာဖောက်သည် ဂိုဏ်းထဲမှ ရာထူးကြီးမြင့်သူဖြစ်ရမည်။

“ခွေးကောင်တွေ! အရိုးဘိုးဘေးက ငါတို့ကို မီးမွှေးပေးလိုက်တာပဲကွ!"

၎င်းတို့နှစ်ဦးသည် စိတ်ပျက်လက်ပျက်ဖြစ်နေကြ၏။ တင်းကျပ်သောအမိန့်တားမြစ်ချက်များရှိသည့် ပျက်ဆီးခြင်းဂိုဏ်း၏ထိပ်တန်းအဆင့်ထဲတွင် သစ္စာဖောက်တစ်ယောက်ရှိနေနိုင်သည်ကို သူတို့နားမလည်နိုင်ပေ။ အဓိပ္ပာယ်မရှိပါ။

"မိတ်ဆွေ ရီဖန် ငါတို့သေရတော့မှာဆိုမှတော့၊ မင်းကို ဘယ်သူ ပြောခဲ့လဲဆိုတာများပြောပြလို့ရမလား"

အကယ်၍ ဤသစ္စာဖောက်ကို မရှင်းနိုင်ပါက ပျက်ဆီးခြင်းဂိုဏ်းအတွက် ပြဿနာဖြစ်စေမည်မှာ သေချာသည်။

ရီဖန်၏မျက်နှာပေါ်ရှိအပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားကာ လူသတ်ရန် ရည်ရွယ်ချက်တစ်ခုသာ ကျန်တော့သည်။

"မင်းကို ငါဘာလို့ မသေခင်သိခိုင်းရမှာလဲ၊ မင်းတို့နဲ့တန်လို့လား"

ရီဖန်သည် သစ္စာဖောက်မှုကို လုံးဝမနှစ်သက်ချေ။ သတ်ဖြတ်ခြင်းကပင် ၎င်းတို့အတွက် သနားညှာတာရာရောက်လိမ့်မည်။

“တိုက်ကြ!”

စွန်းဝူခုန်းက ပထမဆုံးလှုပ်ရှားခဲ့သည်။ သူတော်စင်အဆင့်၏အထွတ်အထိပ်တွင်ရှိသော ရွှေတုတ်ချောင်းက ကြီးမားသောစွမ်းအားဖြင့် ပေါက်ကွဲသွားသည်။

"အစ်ကိုကြီး၊ ရုပ်ကြွင်းကို မဖျက်ဆီးလိုက်နဲ့ဦးနော်!"

စွန်းဝူခုန်း၏ဒေါသကိုမြင်သော ရီဖန်က ချက်ချင်းသတိပေးလိုက်သည်။

"မင်းရဲ့ပစ္စည်းတွေ မပျက်ဆီးစေရပါဘူးကွ"

စွန်းဝူခုန်းသည် ရီဖန်က သူရွှေတုတ်ချောင်းကို အဆင့်မြှင့်ရန်အတွက် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း နည်းပညာကိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်နေသေးသောကြောင့် လက်မှုနတ်ဘုရား၏အပျက်အဆီးများကို ဖျက်ဆီးမည်မဟုတ်ပေ။

ဟော်ရီနှင့် ယန်ကျင်းတို့မှလွဲ၍ အခြားတပည့်များသည် စွန်းဝူခုန်း၏လက်ထဲမှ ရွှေတုတ်ချောင်း၏လွှမ်းမိုးနိုင်စွမ်းကို မချီးမွမ်းဘဲမနေနိုင်ချေ။

ဟော်ရီနှင့် ယန်ကျန်းတို့၏ ကိုယ်ပိုင်လက်နက်များကိုလည်း ရီဖန်မှသန့်စင်ခဲ့သည်ဖြစ်ရာ ရီဖန်၏ကိုယ်ပိုင်လက်နက်များကိုအသုံးပြုပြီးနောက် ၎င်းတို့၏စွမ်းအားကို သိရှိခဲ့ကြသောကြောင့် ရီဖန်နှင့် ပို၍ပင်နီးကပ်လာခဲ့သည်။

ရီဖန်ကဲ့သို့ အင်မော်တယ်သန့်စင်သည့် ဆရာကြီးတစ်ဦးကို တွေ့ရန်မလွယ်ကူချေ။ ရီဖန်နှင့် ခိုင်မာသောဆက်ဆံရေးတည်ဆောက်ရန် အခွင့်အရေးကိုသာ လက်လွှတ်လိုက်ပါက အမှန်ပင် အရူးများသာဖြစ်ရမည်။

လူတစ်ယောက်၏ ကျင့်ကြံမှုနည်းစနစ်က မည်မျှအစွမ်းထက်နေစေကာမူ အင်မော်တယ်လက်နက်များကို လိုအပ်နေသေးသည်။ အင်အားကြီးသူများ၏ကျင့်ကြံမှုနည်းပညာအတွက် အင်မော်တယ်လက်နက် လိုအပ်ချက်များကပိုများသည်။

သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူတိုင်းသည် တာအိုဘိုးဘေးအတွက် အလွန်အရေးကြီးသည်။ သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူအဖြစ် ရီဖန်၏အထောက်အထားကို ထုတ်ဖော်မပြသခဲ့မိခြင်းမှာ ကံကောင်း၏။ သို့မဟုတ်ပါက ရီမိသားစုရှေ့တံခါးသို့ ယခင်တည်းက တာအိုဘိုးဘေးများရောက်ရှိလာပြီးဖြစ်သည်။

ရီဖန်သည် ယခုအချိန်တွင် သူတော်စင်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်သူအဖြစ် သူ၏အဆင့်အတန်းကို ထုတ်ပြရန်အစီအစဉ်မရှိပေ။ အခြားသူများကိုမပြောနှင့် သူ့လူများအတွက်ပင် နတ်လက်နက်များကို သန့်စင်ရန်အတွက် အချိန်မလောက်သေးချေ။

ဤတစ်ကြိမ်တွင် ရီဖန်သည် သူ၏ အင်မော်တယ်ပစ္စည်းသန့်စင်သူအဆင့်ကို သူတော်စင်အဆင့် အလယ်အလတ်ထိမြှင့်တင်နိုင်ပြီး ပိုမိုအားကောင်းသော အင်မော်တယ်ပစ္စည်းများကို ပြန်လည်သန့်စင်နိုင်ရန်မျှော်လင့်သည်။

ကျန်းချန်နှင့် ဝမ်ဟယ်ဘိုးဘေးတို့သည် အဖမ်းမခံရခင်အထိ အချိန်အတော်ကြာအောင် မရပ်တည်နိုင်ကြချေ။ သို့သော် ရီဖန်သည် သူတို့ကို ချက်ချင်းမသတ်ခဲ့ပေ။ လူအချို့ကို သတ်ခြင်းထက် အသက်ရှင်ချန်ထားခြင်းက ပိုတန်ဖိုးရှိနိုင်သည်။ ရီဖန်သည် ၎င်းတို့ထံမှ လူ့မျိုးနွယ်စုထဲတွင် စိမ့်ဝင်စိမ့်ဝင်နေသော ပျက်ဆီးခြင်းဂိုဏ်းအကြောင်း နောက်ထပ်အချက်အလက်များကိုရရှိနိုင်ရန် မျှော်လင့်ခဲ့သည်။

လူသားမျိုးနွယ်စုတွင် ပုန်းအောင်းနေသည့်ဘိုးဘေးတစ်ဦးစီက ပျက်ဆီးခြင်းဂိုဏ်း၏အပေါ်ယံအဖွဲ့ဝင်များထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ တာအိုဘိုးဘေးနှစ်ဦး၏စွမ်းအားကို တားမြစ်ချက်များဖြင့် ချိတ်ပိတ်ပြီးနောက် ရီဖန်က ၎င်းတို့ကို စွန်းဝူခုန်းထံသို့၊ အခြားသူများကို စစ်ဆေးမေးမြန်းရန်အတွက် ဗောဓိဘိုးဘေးထံသို့ လွှဲပြောင်းပေးလိုက်သည်။

ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာအတွင်းရှိ ရီမိသားစု၏ကျင့်ကြံသူအများအပြားကို ဆင့်ခေါ်လိုက်သည်။ ဆင့်ခေါ်ခံရသည့် ရီမိသားစုဝင်မျာလည်း အချိန်မဖြုန်းဘဲ လက်မှုနတ်ဘုရားကျောက်တိုင်ဘေးတွင် ထိုင်ကာ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှုများရရှိပြီးနောက် ၎င်းတို့၏ သန့်စင်မှုအတွေ့အကြုံကို အဆက်မပြတ်တိုးမြှင့်နေသည်။

ရီမိသားစု၏ အင်မော်တယ်ပစ္စည်းသန့်စင်သူများက ၎င်းတို့၏ကျင့်ကြံခြင်းတွင် နှစ်မြုပ်နေသည်ကိုကြည့်ပြီး ရီဖန်သည် ၎င်း၏အရံအလုပ်အကိုင်သင်္ကေတကို အသုံးပြုရန်ရွေးချယ်ခဲ့သည်။

လျင်မြန်စွာ လည်ပတ်နေပြီးဖြစ်သော အတွေ့အကြုံက နောက်ထပ်ခုန်ပျံကျော်လွှားသွားခဲ့သည်။

ရီမိသားစုဝင်များ အဆင့်တက်လာသကဲ့သို့ ရီဖန်ကိုယ်တိုင်လည်း အလားတူပင်။

ရီဖန်၏စိတ်ထဲတွင် ကျင့်ကြံမှုနည်းစနစ်များကို လျင်မြန်စွာနားလည်နေသည်။ ထို့နောက် ၎င်းတို့ကို ပျက်ဆီးခြင်းဖန်ဆင်းမှုကျမ်း၏ အခြေခံအုတ်မြစ်အဖြစ်သို့ပြောင်းလဲခဲ့ကာ အဆက်မပြတ်တိုးတက်စေခဲ့သည်။

ရီဖန်က လက်မှုနတ်ဘုရား၏အပျက်အစီးများထဲသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ပျက်ဆီးခြင်းဂိုဏ်းသည် ပတ်ဝန်းကျင်ကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ စွန်းဝူခုန်းနှင့်အခြားသူများ အပျက်အစီးများထဲမှ ထွက်လာသောအခါ အရိုးဘိုးဘေးက ၎င်းတို့ကစားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူတို့သည် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ၎င်းတို့တွင် ဒုတိယအစီအစဉ်တစ်ခုဖြစ်သည့် ဝူရှန်းဘိူးဘေးရှိသည်။ သူတို့သည် ဝူရှန်းဘိုးဘေးနှင့် လျှို့ဝှက်ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။

ထိုအချိန်တွင် သူတို့သည် ဝူရှန်းဘိုးဘေးနှင့် နောက်တစ်ကြိမ်ဆက်သွယ်ရန် အခွင့်အရေးရတော့မည်မဟုတ်ကြောင်းကို မသိကြသေးဘဲ သူ၏ဖုံးကွယ်ထားရာတွင် ကျွမ်းကျင်မှုကိုပင် ချီးကျူးနေသေးသည်။

………

အခန်း ၃၀၆ - ပျက်ဆီးခြင်းဂိုဏ်းထဲမှ ပဋိပက္ခများ

"ဝူရှန်း မင်းဒီတစ်ခါပြန်လာရင် မင်းရာထူးကို ပြန်ပေးမယ်!" အရိုးဘိုးဘေးကိုယ်တိုင်ပင်လျှင် ဝူရှန်းဘိုးဘေးကို သံသယမရှိခဲ့ပေ။

"အကြီးအကဲ၊ ပြဿနာတက်ပြီ!" အပြင်ဘက်မှ ခပ်လောလောအသံထွက်ပေါ်လာသည်။

"အကြီးအကဲ၊ ကျွန်တော်တို့ရဲ့ ယင်ယန်တံခါး အခြေစိုက်စခန်းအားလုံးကို ဖန်ကုစကြဝဠာက ဖျက်ဆီးပစ်လိုက်ပြီ"

ဖန်ကုစကြဝဠာက လျင်မြန်စွာလှုပ်ရှားခဲ့ရာ ယင်ယန်တံခါးသည် တုံ့ပြန်ရန်အချိန်ပင်မရှိတော့ဘဲ တိုက်ရိုက်ပျက်သုဉ်းသွားခဲ့သည်။ ၎င်းက ဗောဓိဘိုးဘေး၏လက်ချက်ဖြစ်၏။ စွန်းဝူခုန်းနှင့် သူ့အဖွဲ့ကလည်း လက်မှုနတ်ဘုရားအကြွင်းအကျန်များထဲမှ ထွက်လာပြီးသည်နှင့် စတင်လှုပ်ရှားကြတော့သည်။

လူသားမျိုုးနွယ်စုရှိ အတွင်းပိုင်းသစ္စာဖောက်များ၏ ထောက်လှမ်းရေးမှ ကာကွယ်နိုင်ရန်အတွက် ဗောဓိဘိုးဘေးကဖိတ်ခေါ်ထားသည့် တာအိုဘိုးဘေးများသည် စီမံချက်၏အကြောင်းအရာကို ထိုအချိန်မှသာ သိရှိကြရသည်။ ပျက်ဆီးခြင်းဂိုဏ်းကို သတင်းပေါက်ကြားရန်ပင် အခွင့်အရေးမရလိုက်ချေ။

ဗောဓိဘိုးဘေးသည်လည်း ဤဖိတ်ကြားထားသော တာအိုဘိုးဘေးများထဲမှ သစ္စာဖောက်ကို ဖော်ထုတ်ရန်အတွက် အမြဲစောင့်ကြည့်နေသည်။ နှမြောစရာကောင်းစွာဖြင့် လူတိုင်းက အလွန်သာမန်ဖြစ်ပုံရသည်။

သို့သော် ဗောဓိဘိုးဘေးအိုသည် တုံ့ပြန်မှုများများစားစားမရှိချေ။ သစ္စာဖောက်ကို ရှာမတွေ့သည်မှာ သာမာန်ဖြစ်သည်။ ဤမျှသာလွယ်ကူပါက ထိုသူလျှိုများသည် လူ့မျိုးနွယ်စုအတွင်း ဤမျှကြာအောင် ပုန်းအောင်းနေနိုင်မည်မဟုတ်ပေ။

ဤတစ်ကြိမ်တွင် အမြတ်အလွန်များသည်။ ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတို့မရှိပါက ပျက်ဆီးခြင်းဂိုဏ်းသည် ခြေထောက်မရှိသောသတ္တဝါနှင့်တူသည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ လွယ်လွယ်ကူကူပြန်တုံ့ပြန်နိုင်ရန်ပင် ရုန်းကန်နေကြရသည်။

"သစ္စာဖောက်ရှိနေတယ်!"

အရိုးဘိုးဘေးသည်လည်း လူ့မျိုးနွယ်စုမှပေးပို့သော သတင်းကိုလက်ခံရရှိပြီးဖြစ်ကာ ဗောဓိဘိုးဘေး၏ လုပ်ဆောင်ချက်များကိုသိသည်။ ထိုကဲ့သို့ ရှင်းလင်းပြတ်သားသော ထောက်လှမ်းရေးက အဓိပ္ပါယ်တစ်ခုသူရှိသည်။ ၎င်းတို့ထဲမှ ပေါက်ကြားမှုတစ်ခုရှိနေ၏။

များမကြာမီ ယင်ယန်တံခါးမှ အချက်အလက်များကို သိရှိထားသည့် အဆင့်မြင့်အရာရှိများအားလုံးကို ခေါ်ဆောင်လိုက်သည်။ အရိုးဘိုးဘေးက သူတို့ကို ရှင်းပြရန် အခွင့်အရေးမပေးချေ။ သူက ၎င်းတို့၏မှတ်ဥာဏ်ထဲမှတစ်ဆင့် ယင်ယန်တံခါးကို သစ္စာဖောက်သည့် စိတ်ဝိညာဉ်များကို တိုက်ရိုက်ရှာဖွေခဲ့သည်။

ယင်ယန်တံခါးမှ အဆင့်မြင့်အရာရှိ၏ နောက်ဆုံးကိုယ်ပွါးကိုစစ်ဆေးပြီးနောက် အရိုးဘိုးဘေး၏မျက်နှာအမူအရာမှာ ပို၍ပင်ဆိုးရွားလာသည်။ ယင်ယန်တံခါးမှ အဆင့်မြင့်အရာရှိများသည် တံခါးကို သစ္စာမဖောက်ခဲ့ပေ။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် အရိုးဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းကို သစ္စာဖောက်ခဲ့သည်မှာ ထိုအဆင့်မြင့်အရာရှိများဖြစ်ကြောင်းကိုသာ လိုချင်သည်။ အကြောင်းမှာ သူတို့ထဲမှမဟုတ်ပါက သစ္စာဖောက်သည် ပျက်ဆီးခြင်းဂိုဏ်းအမြင့်ပိုင်းအဆင့်ထဲမှ ဆင်းသက်လာကြောင်းရည်ညွန်းနေသောကြောင့်ဖြစ်၏။

ပျက်ဆီးခြင်းဂိုဏ်း၏လျှို့ဝှက်ချက်များကို ထိုအဆင့်မြင့်များက ထိန်းချုပ်ထားသည်။ တစ်ယောက်ယောက်ကသာ သူတို့ကို တကယ်သစ္စာဖောက်ခဲ့ပါက အကြီးအကျယ်ဒုက္ခရောက်နိုင်သည်။

"မင်းကို ဝန်ခံဖို့ အခွင့်အရေးပေးနေတယ်!"

အရိုးဘိုးဘေး၏မျက်လုံးများသည် ခန်းမအတွင်းရှိ ပျက်ဆီးခြင်းဂိုဏ်းမှ အဆင့်မြင့်အရာရှိများကို လှည့်ပတ်ကြည့်နေသည်။ လေထုသည် ချက်ချင်းပင် ပြင်းထန်လာ၏။

ရောက်ရှိနေသော တာအိုဘိုးဘေးများ၏ အကြည့်များကပင်လျှင် တစ်ယောက်ကိုတစ်ယောက်သံသယဝင်နေကြသည်။ သစ္စာဖောက်အစစ်ကို ရှာမတွေ့ခင်အထိ လူတိုင်းက သံသယဖြစ်စရာကောင်းသည်။

"အရိုးဘိုးဘေး၊ ငါတို့ကြားမှာ သစ္စာဖောက်တစ်ယောက်ရှိနေတာ သေချာလား"

၎င်းတို့၏ ပျက်ဆီးခြင်းဂိုဏ်းကို ၎င်းနှင့်တည်ဆောက်ထားသော်လည်း ဖန်ကုစကြဝဠာက ၎င်းတို့ကြားတွင် သစ္စာဖောက်တစ်ဦးကို အမှန်တကယ် မြှုပ်နှံထားနိုင်သည်ဆိုပါက ရှက်စရာကောင်းသည်။

"သစ္စာဖောက်မရှိရင် အချက်အလက်က ဘယ်လိုပေါက်ကြားသွားတာလို့ မင်းထင်လဲ"

ထိုစကားကိုကြားပြီးနောက် မြေနက်တာအိုဘိုးဘေးသည် တိတ်ဆိတ်သွား၏။

"မင်းတို့ဆန္ဒအလျောက် ဝန်မခံဘူးဆိုတာ သေချာလား"

အရိုးဘိုးဘေးက သည်းခံနိုင်စွမ်းပင် လျော့နည်းလာသည်။

“အကြီးအကဲ၊ အချက်အလက်တွေ သိတဲ့သူက နောက်ထပ်တစ်ယောက်ရှိသေးတယ်လေ”

တာအိုဘိုးဘေးတစ်ဦးက ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားပုံရကာ လျင်မြန်စွာပြောလာသည်။ လက်ရှိကျင့်ကြံသူများအပြင် အပြင်၌ ပျက်ဆီးခြင်းဂိုဏ်းမှ အဆင့်မြင့်အရာရှိတစ်ယောက်ရှိသေးသည်။

ဝူရှန်းဘိုးဘေးသည် သစ္စာဖောက်ဟုတ်မဟုတ် မသေချာကြသေးသော်လည်း ယခုအချိန်တွင် သက်သေအတွက် မတွေးနိုင်ကြသေးချေ။ ကိုယ်တိုင်သေသည်ထက် သူငယ်ချင်းသေသည်က ပိုကောင်းပါသေး၏။ ဝူရှန်းဘိုးဘေးပေါ်သို့ အပြစ်လွှဲချနိုင်ရန် မျှော်လင့်နေကြသည်။

"ဝူရှန်း၊ တကယ်ပဲသူလား"

မကြာသေးမီက ပျက်ဆီးခြင်းဂိုဏ်းတွင်းရှိ ဝူရှန်းဘိုးဘေး၏ အပြုအမူသည် ပို၍ပင်နှိမ့်ချထားသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး အဖြစ်အပျက်အပြီးတွင် မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပုံရသည်။

ဝူရှန်းဘိုးဘေး၏အမူအရာကို သတိရပြီးနောက် ပျက်ဆီးခြင်းဂိုဏ်းသားများသည် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ပိုပိုပြီးခံစားလာရသည်။

အလွန်နှိမ့်ချနေထိုင်ခြင်းက ကောင်းသည့်အရာ မဟုတ်ချေ။ အပြစ်ပုံချချင်နေသော တာအိုဘိုးဘေးပင်လျှင် တစ်ခုခုလွဲချော်နေပြီဖြစ်ကြောင်း ခံစားမိသည်။

"ဝူရှန်းရဲ့နေရာကို ချက်ချင်းရှာစမ်း"

ပျက်ဆီးခြင်းဂိုဏ်း၏အဆင့်မြင့်အရာရှိတိုင်းသည် စောင့်ကြည့်ခံထားရသည်။ မကြာမီတွင် ဝူရှန်းဘိုးဘေး၏ တည်နေရာကို ထုတ်ဖော်နိုင်ခဲ့သည်။ အမှန်တကယ်ပင် သူသည် လက်မှုနတ်ဘုရားအပျက်အဆီးများ၏အပြင်တွင် ရှိနေသည်။ သူတို့များအတွေးလွန်နေသလား။

ထိုအချိန်တွင်ပင် လက်မှုနတ်ဘုရားအပျက်အဆီးထဲမှ တံခါးများ ရုတ်တရက်ပွင့်သွားကာ ရီဖန်သည် ရီမိသားစု၏ကျင့်ကြံသူများကိုဦးဆောင်လျက် ထွက်ပေါ်လာသည်။ အရံအလုပ်အကိုင်တိုကင်၏ ကျိုးသက်ရောက်မှုကြောင့်၊ လူတိုင်း၏ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနည်းပညာသည် အချိန်တိုအတွင်း သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

အကြာကြီးဆက်နေခြင်းက ကြီးမားသောအကျိုးရလဒ်များ ရရှိစေမည်မဟုတ်သောကြောင့် ခေတ္တရပ်ထားပြီး သူတို့တိုးတက်မှုကိုချေဖျက်ရန် အချိန်ယူခြင်းက ပိုကောင်းလိမ့်မည်။

အားလုံး၏မျက်လုံးများက ရီဖန်ရှိနေသည့်နေရာသို့ စိုက်ကြည့်နေကြသည်။

ရီဖန်၏ရုပ်သွင်ပျောက်ကွယ်သွားသည်အထိ ဝူရှန်းဘိုးဘေး၏ အရိပ်အယောင်ကိုမတွေ့ရသေးပေ။ ဝူရှန်းဘိုးဘေးကိုကိုယ်စားပြုသည့်အလင်တန်းသည်လည်း လုံးဝမလှုပ်ရှားဘဲ ငြိမ်သက်နေခဲ့သည်။

"ဝူရှန်းဘိုးဘေးက ဘာဖြစ်နေတာလဲ ချက်ချင်းသွားကြည့်စမ်း"

ခဏကြာပြီးနောက် စာတစ်စောင်ရောက်လာသည်။

အလင်းတန်း၏တည်နေရာတွင် ဝူရှန်းဘိုးဘေးသည် ကမ္ဘာ့အင်မော်တယ်နယ်မြေ မှကိုယ်ပွါးတစ်ခုသာစေလွှတ်ထားကာ သူ၏အဓိကကိုယ်ထည်သည် ပျောက်ကွယ်သွားပြီဖြစ်၏။ တစ်နည်းဆိုရသော် ဝူရှန်းဘိုးဘေးသည် လူတိုင်းကိုလှည့်စားခဲ့သည်။ ဤအချိန်အထိ မည်သူက သတင်းပေါက်ကြားစေခဲ့သည်ကို မသိသေးပါက တကယ်ပင် အရူးများသာဖြစ်ရမည်။

"ဝူရှန်း ငါမင်းကိုသတ်မယ်!"

အရိုးဘိုးဘေးသည် သူ၏ဒေါသကို အဆက်မပြတ်လွှတ်ပေးလိုက်ကာ ပျက်ဆီးခြင်းဂိုဏ်း၏ ထိပ်တန်းအဖွဲ့ဝင်များကို အသက်ရှူကြပ်စေသည့် ဖိနှိပ်မှုရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

"ကြည့်ရတာ ဂိုဏ်းချုပ်ကြီးက၊ နောက်ထပ်အောင်မြင်မှုတစ်ခုရသွားပုံပဲ။ ဒါက အနှိုင်းမဲ့ တာအိုဘိုးဘေးနယ်မြေဖြစ်ရမယ်"

ဒေါသထုတ်ဖော်နေသောအရိုးဘိုးဘေးကိုကြည့်ရင်း တာအိုဘိုးဘေးအများအပြားက တိတ်တဆိတ် ဝမ်းသာသွားသည်။ ကံကောင်းထောက်မစွာဖြင့် ဝူရှန်းဘိုးဘေးက သူ့ကိုယ်သူဖော်ထုတ်ပြသခဲ့သည်၊ မဟုတ်ပါက မည်သူမျှ ဤအဖြစ်ဆိုးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့သော် သူတို့လည်း အလွန်သိချင်နေကြသည်၊ ဝူရှန်း ဘိုးဘေးက မကြောက်ကြဘူးလား။ ၎င်းတို့အသိစိတ်ပင်လယ်ထဲတွင် ကန့်သတ်ချက်များ ကျန်နေသရွေ့ ကြောက်နေလျှင်ပင် အသုံးမဝင်ကြောင်း သူတို့သိသည်။ ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်သေးပေ။

ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ အတွေးတစ်ခုဖြင့် ၎င်းတို့၏အသက်ကိုသတ်နိုင်သည်။ ခဏအကြာတွင် တည်ငြိမ်သွားသော အရိုးဘိုးဘေးက နတ်ဆိုးနတ်ဘုရားရုပ်တုကို ချက်ချင်းထုတ်ယူလိုက်သည်။

“အို နတ်ဆိုးနတ်ဘုရား၊ သစ္စာဖောက်ဝူရှန်းအပေါ်မှာ အပြစ်ဒဏ်ပေးဖို့ တောင်းဆိုပါတယ်”

အရိုးဘိုးဘေး၏ တောင်းပန်မှုအပြီးတွင် ရုပ်တုထံမှ ပြင်းထန်သော ရောင်ဝါတစ်ခုထွက်ပေါ်လာသည်။

၎င်းက လှုပ်ရှားမှုမရှိသော်လည်း အသက်ဝင်လာပုံပင်။ ပျက်ဆီးခြင်းဂိုဏ်းမှ အကြီးတန်းအဖွဲ့ဝင်များသည် ၎င်းကိုခံစားရပြီးနောက် မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ၊ ထိုအစား သူတို့၏မျက်လုံးများသည် အံ့ဩမှုဖြင့်ပြည့်နှက်နေခဲ့သည်။

“စွမ်းအားကြီး နတ်ဆိုးနတ်ဘုရားကို ကြိုဆိုပါတယ်”

တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ရုပ်တုမှဖြာထွက်လာသောရောင်ဝါက အဝေးဆီသို့ အဆက်မပြတ်ရွေ့လျားကာ ဝူရှန်းဘိုးဘေး၏ အရိပ်အယောင်ကို ရှာဖွေနေသည်။ ခဏအကြာတွင် ရုပ်ထုထံမှ အံ့ဩသောအသံတစ်ခု ထွက်ပေါ်လာသည်။

"ဝူရှန်းက ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီ!"

၎င်းက အားလုံးကို အံ့ဩသွားစေသည်။ ဤသည်မှာ နတ်ဆိုးနတ်ဘုရားကိုယ်တိုင်ထားသည့် ကန့်သတ်ချုပ်ချယ်မှုဖြစ်သည့်တိုင် ၎င်းကိုဖျက်သိမ်းနိုင်သလား။

"ဖန်ကုစကြဝဠာက ပိုစိတ်ဝင်စားဖို့ကောင်းလာတာပဲ"

နတ်ဆိုးဘုရားသခင်၏ အသံသည်ပင် မငြိမ်သက်ဆော့ချေ။

"ဝူရှန်းက ကန့်သတ်ချက်ကို ရုတ်သိမ်းနိုင်ခဲ့ရင်၊ ငါတို့ကရော ကန့်သတ်ချက်တွေကို တုံ့ပြန်ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုလိုတာလား။"

တာအိုဘိုးဘေးနယ်မြေရှိ သန်မာသောကျင့်ကြံသူများသည် ဖန်ကုစကြာဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖြစ်နိုင်လျှင် မည်သူက တခြားသူ၏လက်ဆွဲခွေးကကဲ့သို့ လိုလိုလားလားရှိနေပါမည်နည်း။

ယခင်က သူတို့ထံတွင် ရွေးချယ်စရာမရှိခဲ့ချေ။ သူတို့၏ အသိစိတ်ပင်လယ်အတွင်းရှိ ကန့်သတ်ချက်များက ၎င်းတို့ကို နာခံရန် တွန်းအားပေးခဲ့သည်။ ယခုအချိန်တွင် ဝူရှန်းဘိုးဘေးက ကန့်သတ်ချက်များကို တုံ့ပြန်နိုင်သည့်အချက်က ၎င်းတို့ကို မတူညီသောရွေးချယ်မှုတစ်ခုကိုပြသခဲ့သည်။

ဝူရှန်းဘိုးဘေးသည် ကန့်သတ်ချုပ်ချယ်မှုကို မည်သို့တုံ့ပြန်နိုင်ခဲ့ကြောင်း သူတို့မသိကြသော်လည်း ပျက်ဆီးခြင်းဂိုဏ်းအပေါ်ရှိ ၎င်းတို့၏သဘောထားများသည် ယခင်ကထက် ပိုမိုညစ်နွမ်းလာသည်။

အရိုးဘိုးဘေးက ဦးညွှတ်နေသော လူအုပ်ကြီးကို ကြည့်ရင်း သူ့စိတ်ထဲတွင် ကမောက်ကမ ဖြစ်နေသည်ကိုလည်း ခံစားလိုက်ရသည်။ ပျက်ဆီးခြင်းဂိုဏ်းသည် အနာဂတ်တွင် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကို သူသိ၏။

ဝူရှန်းဘိုးဘေးသည် ထိုသို့ထိတွေ့ဆက်ဆံနိုင်လျှင် အခြားသူများ အဘယ်ကြောင့် ထိုသို့မလုပ်နိုင်ရမည်နည်း။ ဝူရှန်းဘိုးဘေးက သတင်းကို အမှန်တကယ်ပေါက်ကြားစေခဲ့သည်လား။ သို့မဟုတ် တခြားသူတစ်ယောက်ဖြစ်နိုင်သလား?

အနာဂတ်တွင် ပျက်ဆီးခြင်းဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်များကိုပင် လုံးဝယုံကြည်နိုင်မည်မဟုတ်တော့ချေ။ ၎င်းကိုစဉ်းစားမိပြီးနောက် အရိုးဘိုးဘေးက အလွန်ခေါင်းကိုက်သွားသည်။

လက်ရှိအရေးကြီးသည်မှာ ဝူရှန်းဘိုးဘေးက ကန့်သတ်ချက်ကို မည်သို့တုန့်ပြန်ခဲ့ကြောင်း သိရှိရန်ဖြစ်သည်။ ဝူရှန်းဘိုးဘေးကို ကူညီခဲ့သည့်သူကို မရှင်းနိုင်ပါက ပျက်ဆီးခြင်းဂိုဏ်းသည် ကျိန်းသေပေါက် ကြီးမားသည့် ပဋိပက္ခများနှင့်ရင်ဆိုင်ရလိမ့်မည်။

………

All Chapters