← Chapters

မှင် ကန်မှ ပြောင်းရွေ့ခြင်း

Vol. 2 Ch. 16

မှင် ကန်မှ ပြောင်းရွေ့ခြင်း

Vol. 2 Ch. 16

လျူယောင်က “မှင် “ကန်ဘေး ကို မောင်းလိုက်ကာ အကောင်းဆုံးနေရာကို ရွေးချယ်လိုက်သည်။

ထိုနေရာက ဝေးတာကြောင့် ကင်မရာများလည်း မရှိသလို လူလည်း ပြတ်သည်။ အနီးဆုံး မီးတိုင်ပင် ဆယ်မီတာခန့် ကွာဝေးပြီး အလင်းရောင် မှိန်မှိန်လေးသာ ရှိသည်။

လျူယောင် ကားကိုရပ်ပြီး၊ ပစ္စည်းထည့်ခန်းကိုဖွင့်ကာ လိပ်ကြီးကို ကားထဲဝင်ရန် ခေါ်လိုက်သည်။

နှစ်မိနစ်ပင် မပြည့်သေး၊ စပါးကြိတ်စက်ထက် ကြီးမားတဲ့ လိပ်ကြီးတစ်ကောင်က ကန်ထဲမှ ထွက်လာခဲ့သည်။ ကီလို ၁၀၀ ကျော် အလေးချိန်ရှိတဲ့ လိပ်ကြီးပုံမှာ ကြောက်မက်ဖွယ်ကောင်းနေသည်။

အခြား တစ်ယောက်သာ မြင်ပါက ပထမဆုံး တုံ့ပြန်မှုအနေနဲ့ ကြောက်လန့်တကြား ထခုန်မိပေလိမ့်မည်။

လျူယောင်က မကြောက်ပေ။ ဒီလိပ်က သူ့အိမ်မွေးတိရစ္ဆာန်ပင် ဖြစ်သည်။ သူစိုးရိမ်တာက အခြားသူများ မြင်သွားမှာကိုပင် ဖြစ်သည်။

ထို့ကြောင့် သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး လူမရှိတာကို တွေ့တဲ့အခါ သက်ပြင်းချလိုက်သည်။

"မြန်မြန် ကားထဲဝင်!"

အမိန့်ကိုကြားတာနဲ့ လိပ်ကြီးက လျင်မြန်သွက်လက်စွာ လှုပ်ရှားကာ ကားပစ္စည်းထည့်ခန်းထဲကို ချောမွေ့စွာ ဝင်ရောက်သွားသည်။

လိပ်ကြီးမှာ အလွန်ကြီးမားပေမဲ့ ကားပစ္စည်းထည့်ခန်းကလည်း ကြီးမားတာကြောင့် တင်ဆောင်ရာတွင် ပြဿနာ မရှိပေ။

ရက်အနည်းငယ်အတွင်း နောက်ထပ်ကြီးလာပါက မဆန့်တော့ပေ။

လိပ်ကြီး ကားထဲရောက်တာနဲ့ လျူယောင် မသုံးတော့တဲ့ အဝတ်ဟောင်းများနဲ့ ဖုံးအုပ်လိုက်သည်။ အဓိကအားဖြင့် တခြားသူ မမြင်အောင် ကာကွယ်ရန် ဖြစ်ပြီး မလှုပ်ရှားရန်လည်း မှာကြားခဲ့သည်။

အဝတ်ဟောင်းများနဲ့ ဖုံးအုပ်ပြီးနောက် ပစ္စည်းထည့်ခန်းတံခါးကို ပိတ်ကာ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ကြည့်ရှုပြီး လူမရှိတာ သေချာမှ လျူယောင် သက်ပြင်းရှည်ကြီး ချလိုက်ကာ စိတ်များစွာ ပေါ့ပါးသွားသလို ခံစားရပြီး

ကားထဲဝင်ကာ ထွက်ခွာလိုက်သည်။

"သခင်၊ ကျွန်တော့်ကို ဘယ်ကို ခေါ်သွားနေတာလဲ?"

"ငါ မင်းကို ပင်လယ်ကို ခေါ်သွားမလို့။ ဒါပေမဲ့ ပင်လယ်ရေက ငန်တယ်၊ မင်း အဲ့ဒီပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေနိုင်မလား?"

"နေနိုင်ပါတယ်"

ထိုစကားကို ကြားတဲ့အခါ လျူယောင် အနည်းငယ် ပျော်ရွှင်အံ့သြသွားသည်။ လိပ်ကြီး ပင်လယ်ရေပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု့ မရှိမှာကို သူ စိုးရိမ်နေပေမဲ့ လိပ်ကြီးက နေနိုင်ကြောင်းပြောလာသည်။

တကယ် နေနိုင်မယ်ဆိုပါက အလွန်ကောင်းပေလိမ်မည်။

ကားမောင်းတာက ပို အားအင်ပြည့်ဝလာသလိုပဲ။ ပင်လယ်ကမ်းခြေကို အမြန်ရောက်ရှိကာ ပင်လယ်ထဲကို အမြန် လွှတ်ပေးနိုင်ပါစေလို့ ဆုတောင်းနေမိသည်။

ဒါပေမဲ့ လျူယောင် နှေးကွေးစွာ မောင်းနေ ရသည်။ " ​မှင် "ဟူရေကန် ဥယျဥ်ဂိတ်တွင် အဝင် အထွက်ကားများကို စစ်ဆေးနေတဲ့ ဝန်ထမ်းများ ရှိနေတာကြောင့်ပင်။

" ဘာလဲကွာ "ဘယ်တုန်းက စစ်ဆေးတာလဲ။ အရင်က မစစ်ဆေးပါဘူး။

ဒါက စည်းကမ်းအသစ် ဖြစ်လောက်မယ်။ လူတစ်ယောက် "မှင် "ကန်ထဲကို မိကျောင်းကြီးတစ်ကောင် လွှတ်ချပြီးနောက် ဥယျာဉ်တွင် အဝင်အထွက်ကားများကို စတင် စစ်ဆေးလာခဲ့သည်။

အထူးသဖြင့် ညဘက်တွင် စစ်ဆေးမှုများ ပိုမို တင်းကျပ်သည်။

လျူယောင် ကံကောင်းခဲဲ့သည်။ သူ အခုလေးတင် လာတုန်းက ဝန်ထမ်းများ အလှည့်ကျ ပြောင်းလဲနေချိန်နှင့် တိုက်ဆိုင်ခဲ့တာကြောင့် မိနစ်အနည်းငယ်ကြာ ဘယ်သူ့မှစစ်ဆေးနေခြင်း မရှိခဲ့ပေ။

ကားအရှိန်ကို လျှော့ကာ ဂိတ်ကို ဖြည်းဖြည်းချင်း မောင်းဝင်သွားသည်။ လှည့်ပြန်လို့လည်း မရ။ ပစ္စည်းထည့်ခန်းမှ လိပ်ကြီးကို မတွေ့ပါစေနဲ့လိုသာ ဆုတောင်းနေမိသည်။

"မလှုပ်နဲ့၊ ဖုံးထား"

လိပ်ကြီးကို ပြောပြီးနောက် ဂိတ်ကို မောင်းနှင်သွားရာ သူ့ရှေ့တွင် အဖြူရောင်ကားတစ်စီး ရပ်ထားပြီး စစ်ဆေးခံနေရသည်။

"ဘာ?"

"ပစ္စည်းထည့်ခန်းကိုပါ ဖွင့်ပြီး စစ်ဆေးနေတာလား ထိုအခြေအနေကို မြင်တဲ့အခါ လျူယောင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အလျှင်အမြန် စဉ်းစားလိုက်သည်။

" ပစ္စည်းထည့်ခန်းမှ လိပ်ကြီးကို တွေ့သွားပါက ဘယ်လိုလုပ်မလဲ. "

ရှေ့မှ ကားစစ်ဆေးတာ ပြီးတဲ့အခါ လျူယောင်အလှည့် ရောက်လာပြီး ဝန်ထမ်းတစ်ဦးက ရှေ့ကို တက်လာရန် အချက်ပြလိုက်သည်။

ထိုအခြေအနေကို ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ စိတ်ထဲမှ ဆုတောင်းနေမိသည်။ "ဘုရားသခင် ကူညီပါ၊ ပစ္စည်းထည့်ခန်းထဲက လိပ်ကြီးကို မတွေ့ပါစေနဲ့"

လျူယောင် လက်ဖဝါးများ ချွေးများရွှဲနေတာကို သတိမထားမိတော့ပေ။

ကားကို အတားအဆီးရှေ့တွင် ရပ်လိုက်ပြီး လျူယောင် ပြတင်းပေါက်မှန်ကို ချကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ပြုံးပြလိုက်သည်။

"ဘာလဲ၊ အရင်က မစစ်ဆေးခဲ့ဘူး ထင်ပါတယ်"

ဥယျာဉ်ဝန်ထမ်းတစ်ဦးက ကားထဲကို ကြည့်လိုက်ရာ ကားထဲတွင် လူတစ်ယောက်သာ ရှိပြီး ပစ္စည်းထည့်ခန်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"မင်္ဂလာပါ ဆရာ၊ပစ္စည် းထည့်ခန်းကိုဖွင့်ပြီးကျွန်တော် တို့ကိုကြည့်ခွင့်ပြုပါခင်ဗျာ"

လျူယောင်က

"ကျွန်တော့် ပစ္စည်းထည့်ခန်းထဲမှာ ဘာမှမရှိပါဘူး!အဝတ်ဟောင်းတချို့ပဲရှိပါတယ်"

ဝန်ထမ်းက

"ဆရာ၊ ကျွန်တော်တို့ အလုပ်ကိုပူးပေါင်းဆောင်ရွက်ပေးပါခင်ဗျာ"

ဟု အပြင်းအထန် တောင်းဆိုနေသည်။

လျူယောင် ကားထဲတွင် မလှုပ်မယှက် ရှိနေသည်။ သူ ချီတုံချတုံ ဖြစ်နေသည်။ ပစ္စည်းထည့်ခန်းကို ဖွင့်လိုက်တာနဲ့ လျှို့ဝှက်ချက် ပေါ်သွားနိုင်ကြောင်း သူသိသည်။

" မတတ်နိုင်ဘူး ကံစမ်းကြည့်ရမယ် "

“သူတို့ လှမ်းကြည့်ရုံသာ ဆိုပါက အဝတ်ဟောင်းများကို ဖယ်မကြည့်သရွေ့၊ ညဘက်တွင် အလင်းရောင်လည်း မှောင်နေတဲ့အတွက် လွတ်မြောက်သွားနိုင်ချေ ရှိသည်။

ထို စိတ်ကူးနဲ့ လျူယောင် တံခါးကိုဖွင့်ပြီးကားပေါ်မှ ဆင်းကာ ပစ္စည်းထည့်ခန်းကို ဖွင့်ရန် ပြင်လိုက်ပေမဲ့ မကြာခင် ရပ်လိုက်သည်။

ထိုလူက ဒီနေရာမှခေါင်းဆောင်တစ်ဦး ဖြစ်သည်။ လျူယောင် ရက်အနည်းငယ်အကြာက မိကျောင်းကြီးကို ဖမ်းခဲ့သူဖြစ်ရာ လျူယောင်နဲ့ဆုံတွေ့ခဲ့ဖူးပြီး မှတ်မိနေသည်။

အခုလေးတင် လျူယောင် ကားထဲတွင် ထိုင်တုန်းက သူ မမှတ်မိခဲ့ပေမဲ့ လျူယောင်ကားပေါ်မှ ဆင်းလာတဲ့အခါ ချက်ချင်း မှတ်မိသွားသည်။သူက အံ့သြစွာဖြင့်

"မစ္စတာ လျူ၊ မင်း ဖြစ်နေတာကိုး!"

ဟု ပြောလိုက်သည်။

လျူယောင်သည် တစ်ဖက်လူကို ကြည့်လိုက်ရာ ရက်အနည်းငယ်အကြာက တွေ့ဆုံခဲ့ဖူးတာကြောင့် မှတ်မိသွားသည်။ ထိုလူက ငှာနမူုးရှီပင် ဖြစ်သည်။

လျူယောင် အနည်းငယ်ပျော်သွားသည်။ ဒီအချိန်တွင် အသိတစ်ဦးနှင့် တွေ့ဆုံရတာကြောင့် ပစ္စည်းထည့်ခန်းကို ဖွင့်ရန် မလိုအပ်တော့ ဘူး လို့ သူ ထင်မိလိုက်သည်။

လျူယောင် အကြောင်းပြချက် တစ်ခုကို ကြုံရာ ပြောလိုက်သည်။ " စိတ်ပြေလက်ပျောက် ကားပတ်မောင်းနေတာ၊ ဒီရောက်လာမှန်းတောင် မသိဘူး၊ အခု ပြန်တော့မလို့ပါ"

ဌာနမှူးရှီက အခြားသူများကိုလှည့် ပြောလိုက်သည် "စစ်ဆေးစရာ မလိုပါဘူး။ မစ္စတာ လျူက ရက်အနည်းငယ်အကြာက မိကျောင်းကြီးကို ဖမ်းခဲ့တဲ့သူပဲ ၊ လွှတ်လိုက်!" ဟု ပြောလိုက်သည်။

"ဘာ!"

သူက မိကျောင်းကြီးကို ဖမ်းခဲ့တာပေါ့။

အခြားဝန်ထမ်းများကလည်း လျူယောင်ကို အကြိမ်ကြိမ် ကြည့်နေကြသည်။ ဥယျာဉ်ဝန်ထမ်းများက ထိုကိစ္စကိုသာ အမြဲပြောဆိုနေခဲ့ကြပြီး ယခုတော့ လျူယောင်ကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

ဝန်ထမ်းတစ်ဦးက အတားအဆီးကို အလျှင်အမြန် ဖွင့်ပေးလိုက်ရာ လျူယောင်က ပျော်ရွှင်စွာ ကားထဲကို ဝင်ပြီး ဌာနမှူးရှီနဲ့ အခြားသူများကို လက်ပြနှုတ်ဆက်လိုက်သည်။

နောက်ဆုံးတော့" မှင် "ဥယျာဉ်မှ ထွက်ခွာနိုင်ခဲ့ပြီ ။

"ဟူး ခုနက တော်တော် အန္တရာယ်များလိုက်တာ!"

ထိုမျှကြီးမားတဲ့ လိပ်ကြီးကို ပစ္စည်းထည့်ခန်းထဲတွင် တွေ့သွားခဲ့ပါက လျူယောင် ဘယ်လိုရှင်းပြရမလဲဆိုတာကို တကယ်မသိပေ။

"အခုတော့ ကောင်းပြီ!"

စိတ်များ ပေါ့ပါးသွားတယ်ဟု ခံစားရပြီး နေ့ခင်းဘက်တွင် သတ်မှတ်ထားတဲ့ ချင်ကျန်းမြစ်ဝကို မောင်းလိုက်သည်။

ကားအရှိန်က မမြန်သဖြင့် ရောက်ရန် မိနစ် ၄၀ မှ ၅၀ ခန့် ကြာခဲ့သည်။ ပင်လယ်ကမ်းစပ်ကို တိုက်ရိုက်မောင်းနှင်သွားရာ သူ့ရှေ့တွင် ကျယ်ပြန့်တဲ့ ပင်လယ်ပြင် ရှိနေသည်။

မတော်တဆမှုများ မဖြစ်စေရန် လျူယောင် ကားပေါ်မှ အရင်ဆင်းကာ လိပ်ကြီးကို ထုတ်ရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိတာကို သေချာပြီးနောက် လျူယောင် ပစ္စည်းထည့်ခန်းကို ဖွင့်ကာ ဖုံးအုပ်ထားတဲ့ အဝတ်ဟောင်းများကို ဖယ်ရှားလိုက်သည်။

"မင်းနေရမှာ က ဒီမှာ၊ ပင်လယ်က ငါတို့ရှေ့မှာပဲ ရောက်ပြီ"

ဟု လိပ်ကြီးကို ပြောလိုက်သည်။

အချိန် အကြာကြီး စောင့်ဆိုင်းနေခဲ့ပုံရသည်။ လိပ်ကြီး ကားပေါ်မှ အမြန်ဆင်းကာ သူ့ရှေ့ကပင်လယ်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် အလျင်အမြန် တွားသွားတော့သည်။

အရှိန်က အနည်းငယ် အံ့အားသင့်ဖွယ်ကောင်းပြီး လူကြီးတစ်ဦးထက် ပိုမိုမြန်ဆန်ကာ မျက်စိတစ်မှိတ်အတွင်း ပင်လယ်ထဲကို ပြေးဝင်သွားသည်။

လျူယောင်လည်း စိတ်ထဲမှ"လိပ်ကြီးပင်လယ် ​ေရပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေနိုင်ပါ့မလား" ဟု တွေးလိုက်သည်။

All Chapters