← Chapters

အခန်း ၃၀၇-၃၀၉

Vol. 21 Ch. 307-309

အခန်း ၃၀၇-၃၀၉

Vol. 21 Ch. 307-309

အခန်း ၃၀၇ - မိသားစုလက်နက်တိုက် အဆင့်ဆယ့်ခုနစ်၊ အင်မော်တယ်ဧကရာဇ်နယ်မြေ

ပျက်ဆီးခြင်းဂိုဏ်းတစ်ခုလုံးသည် နောက်ကွယ်မှလက်သည်ကို ဖော်ထုတ်ရန်အတွက် မည်သည့်ချွင်းချက်မှမထားဘဲ စတင်လုပ်ဆောင်ခဲ့သည်။ ဤအခြေအနေသို့ရောက်နေသည့်တိုင်အောင် ပျက်ဆီးခြင်းဂိုဏ်းသည် ဖန်ကုစကြဝဠာတစ်ခုလုံးတွင် စွမ်းအားအရှိဆုံးအင်အားစုများထဲမှ တစ်ခုဖြစ်နေသေးသည်။ အဖြစ်အပျက်တစ်ခုကိုစုံစမ်းလာပါက ပျက်ဆီးခြင်းဂိုဏ်းထံမှ ကွယ်ဝှက်ထားရန်ခက်ခဲသည်။ နောက်ဆုံးတွင် သဲလွန်စအားလုံးသည် ရီဖန်ကို ထပ်မံညွှန်ပြနေပြန်၏။

"ရီဖန်၊ ထပ်ပြီးသော ရီဖန်ပဲလား!"

အရိုးဘိုးဘေး၏ ဒေါသမှာ ကောင်းကင်ကိုပင် ဖောက်ထွက်မတတ်ဖြစ်နေကာ ရန်ဟွမ်နယ်မြေသို့သွားရောက်ပြီး ရီဖန်ကိုထိုနေရာတွင် သတ်ပစ်ရန်ကလွဲ၍ ဘာမှမစဉ်းစားနိုင်တော့ချေ။

သို့သော်လည်း သူချက်ချင်း မလုပ်နိုင်သေးကြောင်း ဆင်ခြင်သိရှိပြီရဖြစ်သည်။ သူတစ်ဦးတည်းမဟုတ်ဘဲ ပျက်ဆီးခြင်းဂိုဏ်းတစ်ခုလုံးကို ခေါ်ဆောင်သွားလျှင််ပင် ရီဖန်ကိုသေချာပေါက် ထိနိုင်ဦးမည်မဟုတ်ချေ။ လက်ရှိ ရန်ဟွမ်နယ်မြေသည် ဖန်ကုစကြဝဠာတစ်ခုလုံး၏ အာရုံစူးစိုက်မှုကိုရရှထား၏။

လှုပ်ရှားရန်အသာထား၊ ရန်ဟွမ်နယ်မြေတွင် သူတို့ပေါ်လာသည့်အချိန်၌ ဆိုးရွားသောထိုးနှက်ချက်များနှင့် ရင်ဆိုင်ရမည်ကိုပင် ကြောက်ပါသေးသည်။ အကြိမ်ကြိမ် သုတ်သင်ရှင်းလင်းခံရပြီးနောက်တွင် ၎င်းတို့၏အင်အားစုသည် အလွန်အားနည်းသွားခဲ့ပြီးဖြစ်ရာ နောက်ထပ်အန္တရာယ်များကို မလှုံ့ဆော်ဝံ့ကြတော့ချေ။

"ရီဖန်ကိစ္စကို ဖယ်ထားကြဦးစို့!"

"အခု တစ်ခုတည်းသောနည်းလမ်းက နတ်ဆိုးမျိုးနွယ်စုနဲ့ ပူးပေါင်းဖို့ပဲ၊ ဒီတစ်ခါတော့ မင်းတို့ငါ့ကို စိတ်မပျက်စေဖို့မျှော်လင့်ပါတယ်"

အရိုးဘိုးဘေးသည် ရောက်ရှိနေသည့် ပျက်ဆီးခြင်းဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်များကို စိုက်ကြည့်နေသည်။

ဝူရှန်းဘိုးဘေးနှင့်ပတ်သက်သည့် အဖြစ်အပျက်မှစ၍ အရိုးဘိုးဘေး၏သံသယမှာ ပို၍ပင်ကြီးထွားလာခဲ့သည်။

သူကိုယ်တိုင်ကလွဲ၍ မည်သူ့ကိုမှ မယုံရဲတော့ချေ။ ပျက်ဆီးခြင်းဂိုဏ်းအတွင်း ဝူရှန်းဘိုးဘေးအပြင် အခြားသူလျှိုများမရှိဟု မည်သူအာမခံနိုင်မည်နည်း။

တခြားသူများ၏အာမခံချက်ပင်လျှင် အကျိုးသက်ရောက်မှု မရှိတော့ပေ။ ယခုတွင် သူတို့ကြား၌ နောက်ထပ်သတိထားမှုတစ်ခုပင် တိုးလာသည်။ ပြီးပြည့်စုံသောယုံကြည်မှုရှိခဲ့သည့် ယခင်အခြေအနေသို့ ပြန်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။

တစ်ဖက်တွင် ရီဖန်သည် ဗောဓိဘိုးဘေးထံမှပေးပို့သော တိုက်ပွဲအစီရင်ခံစာကို လက်ခံရရှိခဲ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့အားလုံး လုံးဝပျက်သုဉ်းသွားခဲ့လေပြီ။ ပျက်ဆီးခြင်းဂိုဏ်းသည် ဤအတောအတွင်း ကောင်းကောင်းပြုမူနေလိမ့်မည်။

တိုက်ပွဲအစီရင်ခံစာအပြင် ဝူရှန်းဘိုးဘေးက ရတနာအချို့ကို ပေးပို့ခဲ့သည်။ ပျက်ဆီးခြင်းဂိုဏ်းနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို ရီဖန်မှ ပံ့ပိုးပေးထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သဘာဝကျစွာပင် ဤရတနာများသည် ရီဖန်အတွက် ခွဲတမ်းရှိသည်။

လက်မှုနတ်ဘုရားအပျက်အဆီးများအတွင်းတွင် ရီဖန်သည် ဝိညာဉ်သတ္တုရိုင်းများနှင့် ဝိညာဉ်ပစ္စည်းတစ်ချို့ကိုလည်း ရရှိခဲ့သည်။ လက်ရှိ ရီဖန်သည် မကြုံစဖူးချမ်းသာနေကာ အလယ်အလတ်အဆင့် နတ်လက်နက်များကိုသန့်စင်ရန်ပင် စီစဉ်နေပြီဖြစ်သည်။

ဖန်ကုစကြဝဠာရှိ အလယ်အလတ်အဆင့်ရှိ နတ်လက်နက်များကို ထိပ်တန်းအင်မော်တယ်လက်နက်များအဖြစ် သတ်မှတ်ကြသည်။ ဗောဓိဘိုးဘေးများ၏ အဆင့်အတန်းနှင့်ပင်လျှင် အလယ်အလတ်အဆင့်ရှိ နတ်လက်နက်ရတနာနှစ်ပါးသာ ရှိသည်။

ထိပ်တန်းအဆင့်ရှိ နတ်လက်နက်များနှင့်ပတ်သက်၍ သူ့ထံတွင် တစ်ခုမှမရှိပေ။ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကထိုတိုက်ပွဲတွင် ထိပ်တန်းကျင့်ကြံသူများသာမက ထိပ်တန်းအဆင့် အရံအလုပ်အကိုင်ကျွမ်းကျင်သူအများအပြားလည်း ဆုံးရှုံးခဲ့ရသည်။

ထိုအမွေဆက်ခံမှုပြတ်တောက်သွားခြင်းကြောင့် အဆင့်မြင့်အရံအလုပ်အကိုင်ကျွမ်းကျင်သူကျင့်ကြံသူများသည် ပို၍ပင်ရှားပါးလာသည်။

"စနစ်၊ တွက်လိုက်တော့!"

ရီဖန်၏စိတ်ထဲတွင် အသိပညာများစွာ ဆက်တိုက်ထွက်ပေါ်လာသည်။ ဆေးပညာနှင့် အခင်းအကျင်းကျွမ်းကျင်မှုတွင် အတွေ့အကြုံများ သိသိသာသာတိုးလာသော်လည်း အဆင့်ဖြတ်ကျော်ရန် မလုံလောက်သေးချေ၊

ရီဖန်က ၎င်းရလဒ်နှင့်ပက်သက်၍ များစွာအံ့ဩမနေချေ။ ဤတစ်ကြိမ်တွင် ရီဖန်ဂရုစိုက်သည်မှာ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း၌ သူ့အဆင့်ဖြတ်ကျော်သွားမလားကိုပင်။

ရလဒ်အနေဖြင့် ရီဖန်ကို စိတ်မပျက်စေခဲ့ချေ။ သူ၏စိတ်ထဲတွင် သန့်စင်ခြင်းအတွေ့အကြုံများစွာ ထွက်ပေါ်လာသောကြောင့် ရီဖန်၏ အင်မော်တယ်ပစ္စည်းသန့်စင်သူအဆင့်သည်လည်း အလယ်အလတ် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်။

အနှစ်ငါးထောင်နီးပါးကြာပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် ဖန်ကုစကြဝဠာတစ်ခုလုံး၌ အလယ်အလတ် သူတော်စင်အဆင့်သို့ရောက်ရှိသွား၏။ အလယ်အလတ်အဆင့် နတ်လက်နက်များကို သန့်စင်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းလိုအပ်ချက်နှင့်အတူ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းအဆင့် လိုအပ်ချက်များစွာလည်းရှိသည်။

ရီဖန်သည် အလွန်လျင်မြန်စွာ တိုးတက်လာသော်လည်း၊ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်၏နှောင်းပိုင်းအဆင့်တွင်သာရှိသေးသည်။ ဘိုးဘေးနယ်မြေနှင့် အလွန်ဝေးကွာသေး၏။

နှောင်းပိုင်းအင်မော်တယ်ဧကရာဇ်ကျင့်ကြံမှုအဆင့်ဖြင့် အလယ်အလတ် သူတော်စင်အဆင့်ရှိ အင်မော်တယ်ပစ္စည်းများကို သန့်စင်ရန်မှာအလွန်ခက်ခဲသည်။ ရီဖန်ပင်လျှင် လုံးဝယုံကြည်မှုမရှိခဲ့ချေ။

ကျင့်ကြံရေးတွင်တိုးတက်မှုက အရေးကြီးလိုအပ်နေပုံရသည်။ သို့သော်လည်း ယခုအခါတွင် ကျင့်ကြံရေးအဆင့်ကို အချိန်တိုအတွင်း တိုးမြှင့်ရန်မှာခက်ခဲနေသေးသည်။

ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ရီမိသားစုတွင် အင်မော်တယ်ဘုရင်နယ်မြေ၌ ကျင့်ကြံသူဆယ်ဦးကျော်ရှိနေပြီဖြစ်သည်။

ရီရှောင်းရှောင်း၏ ကျင့်ကြံမှုသည် အင်မော်တယ်ဘုရင်နယ်မြေ၏ အထွတ်အထိပ်တွင်ရှိကာ အချိန်မရွေး အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ဖောက်ထွက်ရန် မျှော်လင့်ချက်ရှိသည်။

ပျက်ဆီးခြင်းဖန်တီးမှုကျမ်းစာသည်လည်း နှောင့်နှေးနေတော့မည်မဟုတ်ချေ။ ရီဖန်သည် ပျက်ဆီးခြင်းလေဟာနယ်ဆီသို့မရောက်မီ ဉာဏ်အလင်းသစ်ပင်ထံရောက်ရှိခဲ့သည်။ ဉာဏ်အလင်းသစ်ပင်၏အရည်က ရီဖန်၏နှလုံးစွမ်းအားကို ပဉ္စမအဆင့်အထိ ဖြတ်ကျော်နိုင်စေခဲ့ကာ ၎င်း၏အကျိုးသက်ရောက်မှုသည် အမှန်တကယ်ထူးခြားသည်ဟု ဆိုနိုင်သည်။

ယခုအချိန်တွင် ရီဖန်အတွက် ပထမဆုံးအကြိမ်စဉ်ကလောက် အကျိုးသက်ရောက်မှုမရှိတော့ပေ။ သိူ့သော် ကျင့်ကြံနည်းစနစ်များကို နားလည်သဘောပေါက်ရန်အတွက် အသုံးပြုမည်ဆိုလျှင် သူ့အကျိုးသက်ရောက်မှုက ကြီးမားနေသေးသည်။

ရီဖန်သည် ဉာဏ်အလင်းအရည်အားလုံးကို တစ်ခါတည်းယူသွားပြီးနောက် စတုရန်းလက်မတောင်သို့ ရောက်ရှိခဲ့သည်။ စတုရန်းလက်မတောင်၏ ကျမ်းစာသိုလှောင်ရာနေရာကို ရီဖန်အတွက် ဖွင့်လှစ်ထားပြီးဖြစ်သည်။

လက်ရှိတွင် ရီဖန်အတွက်အရေးအကြီးဆုံးမှာ သူကြာရှည်စွာမျှော်လင့်ခဲ့သည့် နတ်နိယာမများဖြစ်၏။

စတုရန်းလက်မတောင်တွင် နတ်ဥပဒေအမျိုးအစားပေါင်း ဒါဇင်များစွာရှိသည်။ ဤကဲ့သို့သော အခြေခံအုတ်မြစ်က အခြားအင်အားစုများနှင့် နှိုင်းးယှဉ်၍ပင်မရချေ။

ရီဖန်သည် အလွန်သင့်လျော်သည့် ဤကဲ့သို့သောဂိုဏ်းကို ရှာတွေ့ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်သည်။ သာ့လော့အင်မော်တယ်စူတြာ၊ လော့ထျန်းနတ်လမ်းစဉ်၏ ဆင့်ကဲပြောင်းလဲခြင်း၊ ငါ-ခြောက်နက်နဲအင်မော်တယ်စွမ်းရည်၊ ရှစ်-ကိုး နက်နဲအင်မော်တယ်စွမ်းရည်၏ ပြီးပြည့်စုံသောပုံစံတို့တွင် ရီဖန်သည် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းသို့ ပေါင်းစပ်ရန်အတွက် ၎င်းတို့ကိုဦးစွာရွေးချယ်လိုက်သည်။

ပျက်ဆီးခြင်းဖန်တီးမှုကျမ်းတွင် အခြေခံအုတ်မြစ်အဖြစ် နတ်လမ်းစဉ်နှစ်ခုက ရှိနှင့်ပြီးဖြစ်သည်။ ၎င်းတို့ကို ပေါင်းစပ်ခြင်းလိုခြင်းအကြောင်းမှာ အခြားသောနတ်လမ်းစဉ်များကို ပေါင်းစပ်ခြင်းထက် ပိုမိုလွယ်ကူသောကြောင့်ဖြစ်၏။ ယခုတွင်ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို ဖြတ်တောက်ခြင်းတစ်ခုစီတိုင်းက အလွန်ခက်ခဲလာသောကြောင့် ရီဖန်ကိုခေါင်းကိုက်စေသည်။

………….

အခန်း ၃၀၈ - မိသားစုလက်နက်တိုက် အဆင့်ဆယ့်ခုနစ်၊ အင်မော်တယ်ဧကရာဇ်နယ်မြေ

အင်မော်တယ်ဧကရာဇ်အဆင့်တွင်ရှိနေခြင်းကို ထိန်းချုပ်၍ရသော်လည်း တာအိုဘိုးဘေးနယ်ပယ်အတွက်မူ ရီဖန်ကိုယ်တိုင်ပင်လျှင် အချိန်တိုအတွင်း၌ ၎င်းကိုဖြတ်တောက်နိုင်ရန် ယုံကြည်ချက်မရှိပေ။

ဉာဏ်အလင်းအရည်ကိုမျိုချပြီးနောက် ရီဖန်သည် အင်အားပြည့်ဝသွား၏။ သူ့စိတ်ထဲတွင် နတ်နိယာမနှစ်ခုကို နားလည်သဘောပေါက်နိုင်အောင် အဆက်မပြတ် ထုတ်ပေးနေသည်။ ထို့နောက် ဤနားလည်မှုကို ရီဖန်က ပျက်ဆီးခြင်းဖန်တီးမှုကျမ်းတွင် ထည့်သွင်းကာ ဆက်လက်လျှော့ချနေခဲ့သည်။

နေရာလွတ်အတွင်းရှိ ဗောဓိဘိုးဘေးသည် ရီဖန်၏လုပ်ရပ်ကို သတိပြုမိခဲ့၏။ ထို့နောက် ရီဖန်ကို မည်သူတစ်ဦးတစ်ယောက်မှ အနှောင့်အယှက်မပေးရန်အတွက် ကျမ်းစာသိုလှောင်ရာနေရာကို တိုက်ရိုက်ပိတ်လိုက်သည်။

လက်ရှိတပည့်များထဲတွက် ရီဖန်အပေါ်ရှိ ဗောဓိဘိုးဘေး၏မျှော်လင့်ချက်က အကြီးမားဆုံးဖြစ်သည်။ အနာဂတ်တွင် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို တွန်းလှန်နိုင်ခြေအရှိဆုံးသူမှာ ရီဖန်မှလွဲ၍ အခြားမည်သူမျှမရှိပေ။

စွန်းဝူခုန်းနှင့် ယန်ကျန်းကဲ့သို့သော ဗောဓိဘိုးဘေးများ၏စိတ်ထဲတွင် ပါရမီရှင်များဟု သတ်မှတ်ထားသည့် အမွေဆက်ခံသူများပင်လျှင် သူ့လောက်ယုံကြည်နိုင်စေခြင်းမရှိချေ။ ဗောဓိဘိုးဘေးသိသော သူ့တပည့် အကောင်းဆုံးလုပ်နိုင်သည့်အရာသည် ဆန်းကြယ်ဖြစ်ရပ်များဖန်တီးခြင်းဖြစ်၏။

ထောင်ပေါင်းများစွာသော အခိုက်အတန့်အတွင်း ရီဖန်သည် ဗောဓိဘိုးဘေး၏ ယုံကြည်မှုအရင်းမြစ်ဖြစ်သည့် ဆန်းကြယ်ဖြစ်ရပ်ပေါင်းများစွာကို ဖန်တီးခဲ့သည်။

ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို နားလည်မှုနှင့်ပတ်သက်၍ ပျောက်ကွယ်သွားသော ရှေးနတ်ဘုရားများမှလွဲ၍ ဗောဓိဘိုးဘေးသည် ဖန်ကုစကြာဝဠာတွင် ဗဟုသုတအများဆုံးဖြစ်သည်။ ဗောဓိဘိုးဘေးသည်လည်း ထိုစစ်ပွဲကြီးကို ကိုယ်တိုင်တွေ့ကြုံပြီးမှသာ နတ်ဆိုးနတ်ဘုရားများက မည်မျှထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည်ကိုသိခဲ့သည်။

သို့သော် ထိုအချိန်က လော့ထောင်နတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးနတ်ဘုရားများကြားတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။ ယခုအချိန်တွင် လော့ထောင် မည်မျှသန်မာနေမည်ကို ဗောဓိဘိုးဘေးပင် စိတ်ကူးမယဉ်နိုင်တော့ချေ။

လော့ထောင်သာ ဆုံးဖြတ်လိုက်သည်နှင့် သူသည် ဖန်ကုစကြဝဠာအတွက် ပြဿနာများကို ယူဆောင်လာနိုင်သည်။ ဤအချိန်တွင် လိုအပ်သောအရာမှာ ဆန်းကြယ်ဖြစ်ရပ်များဖြစ်၏။

ဗောဓိဘိုးဘေးသည် သူ့တပည့်ဖြစ်သူက ၎င်းကို ဖန်တီးပေးနိုင်ရန် မျှော်လင့်မိသည်။

လော့ထောင်နှင့်ပက်သက်၍ စိတ်ပူပင်မှုကို ဗောဓိဘိုးဘေးက မည်သူ့ကိုမျှ မပြောခဲ့ချေ။ အခြားသူများသိပါက ဖန်ကုစကြဝဠာသည် ပဋိပက္ခများထဲသို့ ကျရောက်သွားလိမ့်မည်။ အနည်းဆုံး အနှစ်တစ်သောင်းမကုန်ဆုံးမီအထိ ဗောဓိဘိုးဘေးသည် သူ့မျှော်လင့်ချက်ကို စွန့်လွှတ်မည်မဟုတ်ပေ။

ရီဖန်သည် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို လျှော့ချရန် အလုပ်များနေချိန်၌ တာ့ယွီအင်မော်တယ်မင်းဆက်သည်လည်း မအားချေ။ ပျက်ဆီးခြင်းဂိုဏ်းသည် ရီဖန်ခန့်မှန်းချက်အတိုင်း ယခုအခါတွင် ပို၍နာခံလာသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့်၊ ယင်ယန်တံခါးတို့၏ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့အစီအစဉ်သည် လျင်မြန်စွာရှုံးနိမ့်သွား၏။

ရီမိသားစု၏အဓိက လှော်တက်ဖြစ်သည့် ရီရှောင်းရှောင်းနှင့် တာ့ယွီအင်မော်တယ်မင်းဆက်တို့သည်လည်း အဓိကမျိုးနွယ်စုများကြားတွင် ကျော်ကြားလာခဲ့သည်။ သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ဂိုဏ်းတို့သည် လူများစွာစုဆောင်းထားသော်လည်း တာ့ယွီအင်မော်တယ်မင်းဆက်နှင့် လုံးဝမနှိုင်းယှဉ်နိုင်ပေ။ ကြယ်တာရာနေရာနှင့် ပေါင်းစပ်ထားသော ကြယ်စုတပ်ဖွဲ့၏ စဉ်ဆက်မပြတ် ကြီးထွားလာမှုနှင့်အတူ တာ့ယွီအင်မော်တယ်မင်းဆက်၏အင်အားသည် အင်မော်တယ်မင်းဆက်တစ်ခုရှိသင့်သည်ထက် လုံးဝကျော်လွန်နေပြီဖြစ်သည်။

အင်မော်တယ်မင်းဆက်၏အထက်တွင် ဖန်ကုစကြာဝဠာရှိ ထိပ်တန်းတန်ခိုးရှင်များနှင့ါ တူညီသောနတ်မင်းဆက်ရှိသည်။ ဖန်ကုစကြာဝဠာတွင် နတ်မင်းဆက်ကြီးသုံးပါးအနေဖြင့် ထန်နတ်မင်းဆက်၊ ချင်နတ်မင်းဆက်နှင့် မင်နတ်မင်းဆက်တို့သာရှိသည်။

ကမ္ဘာသုံးခုကို သိမ်းပိုက်ထားသည့် ချင်နတ်မင်းဆက်သည် တန်ခိုးအရှိဆုံး တည်ရှိမှုဖြစ်သည်။ ယခုအခါတွင် နိုင်ငံတော်၏ကံကြမ္မာကို ဖိနှိပ်ထားရန်အတွက် တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင် မရှိသေးသည်မှလွဲ၍ တာ့ယွီအင်မော်တယ်မင်းဆက်သည် နတ်မင်းဆက်ကြီးသုံးခုနှင့် ၎င်းတို့ကြားရှိကွာဟချက်ကို တဖြည်းဖြည်းဆွဲချုံ့နိုင်လာသည်။

ရီရှောင်းရှောင်း၏ ကျင့်ကြံရေးနန်းတော်အတွင်းတွင် ရီရှောင်းရှောင်းသာ ချဉ်းကပ်နိုင်သည့် အလင်းတန်းလေးများသည် သူမဆီသို့ အဆက်မပြတ်ရွေ့လျားသွားကာ သူမ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

“လူသားဧကရာဇ်နှလုံးသားကို ပေါင်းစပ်မယ်!”

လူသားမျိုးနွယ်စု၏ ယုံကြည်မှုဖြင့် ရောနှောထားသော လူ့ဧကရာဇ်နှလုံးသားသည် လူသားဧကရာဇ်အတွက် အလွန်အရေးကြီးသည်။ ယခုတစ်ကြိမ် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့၏အချိန်ကို အခွင့်ကောင်းယူပြီး၊ တာ့ယွီအင်မော်တယ်မင်းဆက်နှင့် ရီရှောင်းရှောင်းသည် လူသားဧကရာဇ်နှလုံးသားကိုရောနှောရန်အတွက် လူသားမျိုးနွယ်စုနှင့် အပြည့်အဝမိတ်ဆက်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။

ကျင့်ကြံမှုအဆင့်နိမ့်လေ၊ လူသားဧကရာဇ်နှလုံးသား ရောနှောခြင်းအကျိုးကျေးဇူးက ပိုများလေဖြစ်သည်။ ရီရှောင်းရှောင်းသည် အင်မော်တယ်ဘုရင်နယ်မြေရှိ လူသားဧကရာဇ်နှလုံးသားကို ရောနှောလိုသောကြောင့် သူမ၏ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားခဲ့သည်။

မဟုတ်လျှင် လူသားဧကရာဇ်ရတနာများ ပိုင်ဆိုင်ထားသည့် ရီရှောင်းရှောင်းသည် အင်မော်တယ် ဧကရာဇ်နယ်မြေကို ကျော်ဖြတ်သွားလိမ့်မည်။

“ပေါင်းစည်းလိုက်တော့!"

ရီရှောင်းရှောင်း၏ဟိန်းဟောက်သံနှင့်အတူ လူသားမျိုးနွယ်စု၏ယုံကြည်ချက်က ရီရှောင်းရှောင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အရှိန်သည် ပို၍လျင်မြန်လာသည်။

ကောင်းကင်ဘုံတာအိုသည်လည်း တုံ့ပြန်မှုတစ်ခုရှိလာကာ အင်အားစုကြီးများက ကောင်းကင်ဘုံတာအို၏ ပုံမှန်မဟုတ်သောလှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ကောင်းကင်ဘုံတာအိုသည် တစ်ခုခုကိုဆင်နွှဲနေပုံရကာ စိတ်လှုပ်ရှားနေပုံပေါ်သည်။ သို့သော်လည်း တစ်စုံတစ်ခုကဖုံးလွှမ်းထားပုံရကာ ဘာမှမတွေ့ရချေ။

ဝေးကွာသော ချင်ဧကရာဇ်နယ်မြေတွင် အမြဲတမ်းတံခါးပိတ်ကျင့်ကြံလေ့ရှိသော ချင်ဧကရာဇ်သည် ရုတ်တရက်မျက်လုံးပွင့်လာသည်။

"လူသားဧကရာဇ်နှလုံးသား၊ လူသားဧကရာဇ်တစ်ပါး ပေါ်လာပြီပဲ!"

ချင်ဧကရာဇ်၏အကြည့်သည် အဆုံးမဲ့နေရာလွတ်ကို ဖြတ်ကျော်ကာ ချန်မင်နယ်မြေထဲသို့ ရောက်သွား၏။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် ချင်ဧကရာဇ်သည် ဖန်ကုစကြာဝဠာအတွင်း လူသားဧကရာဇ်၏အသက်ရှုသံကို စတင်သတိပြုမိခဲ့သည်။ သို့သော် ထိုအချိန်တွင် လူသားဧကရာဇ်၏ရောင်ဝါသည် အလွန်အားနည်းနေသေးသည်။ ချင်ဧကရာဇ်၏ အတိုင်းအတာဖြင့်ပင် လုံးဝမကြည့်နိုင်ခဲ့ချေ။

သို့သော် ယခုတစ်ကြိမ်တွင် ရီရှောင်းရှောင်းသည် လူသားဧကရာဇ်နှလုံးသားကို ပေါင်းစည်းခြင်းဖြင့် လူသားဧကရာဇ်ရောင်ဝါကို ထပ်မံထုတ်လွှတ်လာသောကြောင့် ချင်ဧကရာဇ်သည် နောက်ဆုံးတွင် လူသားဧကရာဇ်၏တည်နေရာကို အတည်ပြုနိုင်ခဲ့၏။

"တာ့ယွီအင်မော်တယ်မင်းဆက်? ပျက်ဆီးခြင်းသွေးဆေးလုံးနဲ့ ရီမိသားစု?"

ချင်ဧကရာဇ် အနည်းငယ်မျက်မှောက်ကြုတ်လိုက်သည်။ ၎င်းတို့မဟာချင်နတ်မင်းဆက်ပင်လျှင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့၏ကျူးကျော်မှုကို မရှောင်နိုင်ဘဲ ပျက်ဆီးခြင်းသွေးဆေးလုံးကို လိုအပ်ခဲ့သည်။

ရီရှောင်းရှောင်းက ရီမိသားစုမှဖြစ်သည်ဟူသောအချက်က ချင်ဧကရာဇ်ကိုပင် အနည်းငယ်မလွယ်ကူသောခံစားချက်ကိုပေးသည်။

"ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ။ ဆယ်နှစ်အတွင်း တာ့ယွီအင်မော်တယ်မင်းဆက်ကို သွားရောက်လည်ပတ်"

ချင်ဧကရာဇ်၏အမိန့်ကြောင့် မဟာချင်နတ်မင်းဆက်ကြီးတစ်ခုလုံး လှုပ်ရှားသွားကာ သူ့ခရီးစဉ်အတွက် ပြင်ဆင်နေသည်။ ချင်ဧကရာဇ်၏ အမိန့်ကိုမြင်ပြီးနောက် အင်အားစုအများအပြားသည် အနည်းငယ်ရှုပ်ထွေးသွားကြ၏။

တာ့ယွီအင်မော်တယ်မင်းဆက်သည် ရီမိသားစု၏ပံ့ပိုးမှုကြောင့် အမှန်တကယ်ပင် အင်အားကြီးမားသော အင်အားစုတစ်ခုဖြစ်လာသော်လည်း၊

ချင်ဧကရာဇ်က ၎င်းတို့ကို ထိုကဲ့သို့ အရေးတယူဆက်ဆံရန် ထိုက်တန်သည်ဟုမထင်ကြချေ။

တကယ်တမ်းတွင် ချင်ဧကရာဇ်သည် ဗောဓိဘိုးဘေးနှင့် တူညီသည်။ တာ့ယွီအင်မော်တယ်မင်းဆက်အတွက် သူ၏ဆက်ဆံပုံကိုဖော်ပြရန် 'လည်ပတ်ခြင်း' ဟူသော စကားလုံးကို အသုံးပြုခြင်းသည် အလွန်ချဲ့ကားရာရောက်သည်။

ရီရှောင်းရှောင်းဘက်တွင် ထိုသတင်းရောက်လာပြီးနောက် သူမသည်လည်း စိတ်ဖိစီးသွားသည်။ ရီရှောင်းရှောင်း၏အမြင်အရ မဟာချင်ဧကရာဇ်လာရောက်ခြင်းသည် ကောင်းသောကိစ္စမဟုတ်တန်ရာ။

သို့သော်လည်း မဟာချင်ဧကရာဇ်က ကိုယ်တိုင်ထုတ်ဖော်ပြောဆိုလာသောကြောင့် ရီရှောင်းရှောင်းသည် မငြင်းဆန်နိုင်ချေ။ သို့မဟုတ်ပါက သူမ မဟာချင်နတ်မင်းဆက်မျက်နှာကို ဖြတ်ရိုက်မိရာကျမည်။ ယခုအချိန်တွင် တစ်ခုတည်းသောရွေးချယ်မှုမှာ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရန်ဖြစ်သည်။

နောက်အရေးကြီးဆုံးအချက်မှာ လူသားဧကရာဇ်၏နှလုံးသားကို ပေါင်းစည်းရန်ဖြစ်သည်။ ရီရှောင်းရှောင်းသည် သူမကိုယ်တိုင် အပြင်းအထန်လေ့ကျင့်နေချိိန်အတွင်း လက်အောက်မှသူများကို ပြင်ဆင်ခွင့်ပေးထားသည်။

…..

စတုရန်းလက်မတောင်၏ ကျမ်းစာသိုလှောင်ရာနေရာတွင်

ငါး-ခြောက်နက်နဲအင်မော်တယ်စွမ်းရည်ကို ထပ်မံကျင့်ကြံပြီးနောက် ရီဖန်၏ခန္ဓာကိုယ်သည် တိုးတက်လာကာ နောက်ထပ် ခြေတစ်လှမ်းနီးကပ်လာသည်။

ငါး-ခြောက်နက်နဲအင်မော်တယ်စွမ်းရည်၏ အခြေခံအုတ်မြစ်ဖြင့်၊ ရှစ်-ကိုးနက်နဲအင်မော်တယ်စွမ်းရည်သည်လည်း သေးငယ်သောအဆင့်ကို လျင်မြန်စွာရောက်ရှိသွားကာ တာအိုဘိုးဘေးနှင့်ညီမျှသည့် ကာကွယ်ရေးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ဤအရာသည် ငါး-ခြောက်နက်နဲအင်မော်တယ်စွမ်းရည် အခြေခံအုတ်မြစ်ကို ကုန်ဆုံးသွားစေခဲ့သည်။ ဆက်လက်တိုးတက်လိုလျှင် အရင်းအမြစ်များစွာကို သုံးစွဲရမည်။

နတ်နိယာမများတွင် အပြင်းထန်ဆုံး ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည့် ရှစ်-ကိုးနက်နဲအင်မော်တယ်စွမ်းရည်ကို အထွတ်အထိပ်အထိကျင့်ကြံပါက အနှိုင်းမဲ့တာအိုဘိုးဘေးများနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ကိုယ်ခန္ဓာအင်အားကိုရရှိနိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းသည် အရင်းအမြစ်များစွာကိုသုံးစွဲရ၏။

ရှစ်-ကိုးနက်နဲအင်မော်တယ်စွမ်းရည်တွင် အလွှာနှစ်ဆယ့်လေးခုပါ၀င်ကာ ရီဖန်သည် ယခုအချိန်တွင် ဆယ့်နှစ်လွှာအထိသာ ကျင့်ကြံထားနိုင်ခဲ့သည်။ ဤနေရာမှစပြီး အလွှာတစ်ခုတိုးလာတိုင်း အရင်းအမြစ်များစွာ လိုအပ်လိမ့်မည်။

သုံးစွဲခဲ့သောအရင်းအမြစ်များက အလွန်များပြားသောကြောင့် တာအိုဘိုးဘေးတစ်ဦးကိုပင် တုန်လှုပ်သွားစေလိမ့်မည်။

"အချိန်တန်ပြီဆိုတော့ ငါပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို အဆင့်မြှင့်သင့်တယ်!"

နောက်အခိုက်အတန့်တွင် ရီဖန်၏စိတ်ထဲရှိ ပျက်ဆီးခြင်းဖန်ဆင်းခြင်းကျမ်းသည် နောက်ဆုံးတွင် အင်မော်တယ်ဧကရာဇ်အဆင့်သို့ရောက်ရှိသွား၏။ ရီဖန်ကျင့်ကြံခဲ့သော မရေမတွက်နိုင်သည့် နည်းစနစ်များအားလုံးသည် တွေးခေါ်မှုအတွက် အစာဖြစ်လာကာ ပျက်ဆီးခြင်းဖန်တီးမှုကျမ်း၏ နောက်ထပ်နယ်မြေအတွက် လမ်းခင်းပေးခဲ့သည်။

"ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ သခင့်ကို ဂုဏ်ယူပါတယ်၊ မိသားစုလက်နက်တိုက် အဆင့်ဆယ့်ခုနစ် အင်မော်တယ်နယ်မြေကို ပြီးမြောက်သွားလို့ ဆုတောင်းဆိုနိုင်ပါပြီ"

စနစ်၏အချက်ပေးသံကြားပြီးမှသာ ရီဖန်သည်နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်၏။ မိသားစုလက်နက်တိုက်တာဝန်ကို နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့လေပြီ။

"စနစ်၊ ဆုထုတ်လိုက်"

"မိသားစုခေါင်းဆောင်၏ အင်မော်တယ်ပစ္စည်းအဆင့်တိုးမြှင့်မှုအခွင့်အရေးတစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါတယ်"

မိသားစုခေါင်းဆောင်၏ အင်မော်တယ်ပစ္စည်း အဆင့်မြှင့်တင်ခြင်းသည် မိသားစုခေါင်းဆောင်၏ အင်မော်တယ်ပစ္စည်းကို ခြွင်းချက်မရှိ တစ်ကြိမ်အဆင့်မြှင့်တင်နိုင်သည်။

ဝိုး!

ရီဖန်က မကျိန်ဆဲဘဲ နေနိုင်တော့ချေ။ သည်ဆုက အလွန်ကောင်းမွန်၏။ ရီဖန်၏ လက်ရှိတာအိုနှလုံးသားဖြင့်ပင် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

စနစ်ဆုများအဖြစ် ရီဖန်ရရှိခဲ့သော မိသားစုခေါင်းဆောင်ဆုအနည်းငယ်သာရှိကာ၊ ၎င်းတို့တွင် အချိန်နေရာလွတ်ပြား ကဲ့သို့သောအရာသည် အလွန်အစွမ်းထက်၏။ သို့သော် ရီဖန်၏လက်ထဲရှိ မိသားစုခေါင်းဆောင်အင်မော်တယ်ပစ္စည်းမှာ ပျက်ဆီးခြင်းပုလဲဖြစ်သည်။

ပျက်ဆီးခြင်းပုလဲအတွင်းရှိကမ္ဘာကြီးသည် ရီဖန်၏သန့်စင်မှုအောက်တွင် နှစ်ပေါင်းများစွာဖွံ့ဖြိုးတိုးတက်လာပြီးနောက် အလယ်ကမ္ဘာတစ်ထောင်၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် မဟာကမ္ဘာတစ်ထောင်သို့ရောက်ရန် နောက်ထပ်နှစ်ပေါင်းမည်မျှကြာမည်ကို မသိနိုင်သေးချေ။

ဥပမာ ရန်ဟွမ်နယ်မြေသည် ထိုအချိန်က အလယ်ကမ္ဘာတစ်ထောင်၏အထွတ်အထိပ်သို့ ရောက်ရှိနေကာ အခြားအလယ်ကမ္ဘာတစ်ထောင်နှစ်ခုကို ဝါးမြိုပြီးနောက်မှသာ မဟာကမ္ဘာတစ်ထောင်ဖြစ်လာခဲ့သည်။

…………….

အခန်း ၃၀၉ - မိသားစုစွမ်းအားရှင် အဆင့်ဆယ့်ခုနစ်၊ အင်မော်တယ်ဧကရာဇ်အဆင့်

၎င်းသည် ပြန်လည်ထူထောင်ခြင်းမျှသာဖြစ်သော်လည်း ရီဖန်အတွက်မူ ၎င်းသည် ဖန်တီးခြင်းတစ်ခုဖြစ်သောကြောင့် ပို၍ပင်ခက်ခဲသေးသည်။

ရီဖန်ရရှိသောအရင်းအမြစ်အများစုကို ပျက်ဆီးခြင်းပုလဲ၏ကမ္ဘာ့စွမ်းအား အဆင့်မြှင့်တင်ရေးတွင်အသုံးပြုခဲ့သည်ဟုဆိုနိုင်သည်။

၎င်းက မိသားစုခေါင်းဆောင်အင်မော်တယ်ပစ္စည်း အဆင့်မြှင့်တင်မှုအရေအတွက်က ရီဖန်ကို အလွန်စိတ်လှုပ်ရှားစေသည့် အကြောင်းရင်းဖြစ်သည်။

"စနစ်၊ ပျက်ဆီးခြင်းပုလဲကို အဆင့်မြှင့်လိုက်"

ရီဖန်၏အမိန့်အောက်တွင် သူနှင့်လုံးဝပေါင်းစပ်ထားသည့် ပျက်ဆီးခြင်းပုလဲသည် သူ့ခန္ဓာကိုယ်အတွင်းမှ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေ၏။ ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိသွားသော လေဟာနယ်သည်လည်း တစ်ဖန် တစ်ဖန်ကြီးထွားလာသည်။

ပျက်ဆီးခြင်းလေဟာနယ်ကက ပိုအားကောင်းလေ၊ ကမ္ဘာ့စွမ်းအားက ပိုအားကောင်းလေ ဖြစ်လာလိမ့်မည်။ အလယ်ကမ္ဘာတစ်ထောင်၏ကမ္ဘာ့စွမ်းအားသည် ရီဖန်အတွက် အရေးမကြီးတော့ချေ။ အဆင့်မြှင့်တင်ခြင်းမပြုပါက ၎င်းသည်နောက်ဆုံးတွင် အလိုအလျောက်ရောက်ရှိသွားလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး၏တုန်ခါမှုနှင့်အတူ ပျက်ဆီးခြင်းလေဟာနယ်သည် နောက်ဆုံးတွင် အလယ်ကမ္ဘာတစ်ထောင်မှ မဟာကမ္ဘာတစ်ထောင်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်ခဲ့သည်။

ပြည့်လျှံနေသောကမ္ဘာ့စွမ်းအားသည် ရီဖန်ကို စတင်အာဟာရဖြည့်သွင်းပေးကာ သူ၏ခန္ဓာကိုယ်ကို သန်မာစေသည်။ သို့သော် ကမ္ဘာ့စွမ်းအားကို မှီခို၍ ရုပ်ခန္ဓာကိုအင်အားမြှင့်တင်ခြင်းက မထူးခြားချေ။ ရီဖန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ နက်နဲစွမ်းရည်ကို လှုံ့ဆော်ရန်ရွေးချယ်ခဲ့သည်။

နက်နဲစွမ်းရည်ကို လျင်မြန်စွာမြှင့်တင်ရန်အတွက် အရင်းအမြစ်များစွာလိုအပ်သည်။ ထို့အပြင်က ၎င်းက ကမ္ဘာ့စွမ်းအား၏ အကျိုးသက်ရောက်မှုများနှင့် ကိုက်ညီရမည်။

မကြာမီတွင် ဆယ့်နှစ်လွှာရှိ နက်နဲစွမ်းရည်က အဆင့်တက်လှမ်းနိုင်ခဲ့ကာ ဆယ့်သုံးလွှာ၊ ဆယ့်လေးလွှာစသည်ဖြင့် တိုးတက်လာကာ

မရပ်တန့်မီ အချိန်ငါးနှစ်ကြာသွားသည်။ နက်နဲစွမ်းရည်သည်လည်း အလွှာနှစ်ဆယ်သို့ ရောက်ရှိသွား၏။ အလွှာနှစ်ဆယ်ရှိသော နက်နဲစွမ်းရည်သည် ပြီးပြည့်စုံလုနီးပါးဖြစ်သည်။

စတုရန်းလက်မတောင်အတွင်းတွင်

နက်နဲစွမ်းရည်အသုံးပြုရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည့် ယန်ကျန်းပင်လျှင် ရီဖန်ကဲ့သို့ အလွှာနှစ်ဆယ်သာ ရှိသေးသည်။

ဒုတိယဆရာတူအစ်ကို ယန်ကျန်းသာ ရီဖန်က ဤမျှအချိန်တိုလေးအတွင်း သူ၏နှစ်မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများကို လိုက်မီသွားကြောင်းသိပါက ဘာမှတွေးနိုင်တော့မည်မဟုတ်ပေ။

ရီဖန်သည် နက်နဲစွမ်းရည်ကိုမြှင့်တင်ရန်အတွက် ကမ္ဘာ့စွမ်းအားကို ဆက်လက်စုပ်ယူခြင်းမရှိတော့ပေ။

ဤကမ္ဘာကြီး၏ ဆင့်ကဲဖြစ်စဉ်မှရရှိသော ကမ္ဘာ့စွမ်းအားသည် ရီဖန်စုပ်ယူမှုကြောင့် ကုန်ခမ်းလုနီးပါးပင်။ အဆင့်မြှင့်တင်မှုကို ခဏလေးအတွင်း အောင်မြင်နိုင်ဦးမည်မဟုတ်။ ယခုလိုအပ်နေသည်မှာ အချိန်နှင့် ဇွဲရှိရန်ဖြစ်သည်။

နက်နဲစွမ်းရည်အလွှာနှစ်ဆယ် ရရှိပြီးနောက် သူ၏နက်နဲစွမ်းရည်ကို အပြီးသတ်နိုင်ခဲ့သည်။ ရီဖန်က နက်နဲစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အနှိုင်းမဲ့တာအိုဘိုးဘေးများ၏တိုက်ခိုက်မှုကိုပင် ခုခံနိုင်လိမ့်မည်။ ၎င်းဖြင့် ရီဖန်သည် အနှိုင်းမဲ့တာအိုဘိုးဘေးများကို မနှောင့်ယှက်မိသရွေ့ ဖန်ကုစကြာဝဠာအတွင်း လွတ်လပ်စွာသွားလာနိုင်သည်။

ရီဖန် သက်ပြင်းရှည်တစ်ချက်ထုတ်လွှတ်လိုက်သည်။ ရုပ်ခန္ဓာသန့်စင်ရခြင်းကို သူအငြီးငွေ့ဆုံးဖြစ်၏။ သူ့ထံတွက် လျင်မြန်စွာအဆင့်မြှင့်တင်နိုင်မည့် ကမ္ဘာ့စွမ်းအားရှိသော်လည်း အနည်းငယ်တွန့်ဆုတ်နေသေးသည်။

တစ်ကိုယ်တော်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက်တွင် ရီမိသားစုဆီသို့ ပြန်သွားခဲ့သည်။ ရီမိသားစုကို ခြုံကြည့်လိုက်ရာ အများစုက ကောင်းမွန်စွာကျင့်ကြံနေကြသည်။ စိုးရိမ်ကြောင့်ကြမှုများရှိသော်လည်း ရီမိသားစုမှကျင့်ကြံသူများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို ဆုံးဖြတ်နိုင်သည်။ ရီမိသားစုတစ်ခုလုံးတွင် ဘိုးဘေးဖြစ်သူ ရီဖန်တစ်ဦးသာ အားလျားနေခဲ့၏။

"ဝူရှန်းဘိုးဘေး မပြန်လာသေးဘူးလား"

အချိန်အတော်ကြာပြီးနောက်တွင် ဝူရှန်းဘိုးဘေး ပြန်ပေါ်မလာတော့ကြောင်း ရီဖန်သဘောပေါက်သွားကာ သူ့ထံတွင် အတွေးတစ်ချို့ရှိနေသည်။ ဝူရှန်းဘိုးဘေးသည် ရီမိသားစုထံသို့ ဧည့်သည်အကြီးအကဲအဖြစ်လာမည်ဟု

ပြောခဲ့ဖူးသည်ကို ရီဖန်မှတ်မိ၏။

သူ့အတွက် ဧည့်သည်တိုကင်ကိုတောင် ပြင်ဆင်ထားသော်လည်း ယခုသူကမလာတော့ပေ။ ရီမိသားစုက သူကြိုက်သလို ဝင်ထွက်သွားလာနိုင်သည့် နေရာဖြစ်သလား။ သူမလာချင်လျှင် ရီဖန်ကလည်း ကန့်ကွက်လိမ့်မည်မဟုတ်ချေ။ သို့သော် ဤနည်းဖြင့် ကိုယ့်ကိုကိုယ်လှည့်စားနေသည်။

နောက်ဆုံးတွင် လူတိုင်းကို အကြီးအကဲခြောက်ကဲ့သို့ မယုံကြည်နိုင်ချေ။ ရီဖန်သည် စုယန်ကိုဆက်သွယ်ပြီးနောက် သူမသည်လည်း ဝူရှန်းဘိုးဘေးနှင့် မဆက်သွယ်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ ထွက်ခွါစဉ်ကတည်းက ပျောက်ဆုံးသွားသော လူတစ်ဦးကဲ့သို့ သတင်းလုံးဝမရတော့ပေ။

ဝူရှန်းဘိုးဘေးသည် အစကတည်းက ရီမိသားစုတွင် ဧည့်သည်အကြီးအကဲဖြစ်လာရန် လုံးဝစိတ်ကူးမရှိကြောင်း ရီဖန်ခန့်မှန်းနိုင်ပါ၏။

"အဆင်ပြေပါတယ်၊ နောက်ကို သူနဲ့ထပ်တွေ့မယ်လို့ ယုံကြည်ပါတယ်"

အမည်မသိအကြောင်းပြချက်တစ်ချို့ကြောင့် ရီဖန်သည် နောင်အခါ ဝူရှန်းဘိုးဘေးနှင့် အမှန်တကယ်တွေ့ဆုံရဦးမည်ဟူသော အလိုလိုသိစိတ်တစ်ခုရှိနေသည်။

တာ့ယွီအင်မော်တယ်မင်းဆက်တွင် ရီရှောင်းရှောင်းအတွင်း၌ ရွှေရောင်အလင်းတန်းများ ပျံဝဲနေသည်။

“ပေါင်းစည်းလိုက်!"

ရီရှောင်းရှောင်း၏ အမိန့်ကြောင့် သူမ၏နှလုံးသားသည် ရွှေရောင်ပြောင်းသွားကာ လူသားဧကရာဇ်၏နှလုံးသားကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။

“ပထမအဆင့်နဲ့အထက်မှာရှိတဲ့ အရာရှိတွေကို ကောင်စီကိုသွားခိုင်းလိုက်”

လူသားဧကရာဇ်၏နှလုံးသားကို အောင်မြင်စွာပေါင်းစည်းလိုက်ပြီးနောက် ရီရှောင်းရှောင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို အင်မော်တယ်မင်းဆက်မှ နတ်မင်းဆက်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ယုံကြည်မှုရရှိခဲ့သည်။

ရီရှောင်းရှောင်းက သူမ၏ဆုံးဖြတ်ချက်ကို ကြေညာလိုက်သောအခါ ခန်းမထဲရှိအကြီးအကဲများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သို့သော် ၎င်းတို့သည် သဘောမတူဘဲ ကန့်ကွက်ခဲ့ကြ၏။

အဆိုပါအရပ်ဘက်အရာရှိများ၏အမြင်တွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် ဤနှစ်များအတွင်းအရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း၊

အနှစ်ရာထောင်ပေါင်းများစွာ ရပ်တည်ခဲ့သော နတ်မင်းဆက်များနှင့် ယှဉ်၍မရနိုင်သေးပေ။

တာ့ယွီအင်မော်တယ်မင်းဆက်သည် ယခုကဲ့သို့ ခြေလှမ်းကြီးမလှမ်းသင့်သေးဘဲ နှစ်အနည်းငယ်ကြာအောင် စောင့်သင့်သည်။ အရေးကြီးဆုံးအချက်မှာ၊ နတ်မင်းဆက်တစ်ခုသည် ကံကြမ္မာကိုဖိနှိပ်ရန်အတွက် အနည်းဆုံး တာအိုဘိုးဘေးနယ်မြေကျင့်ကြံသူတစ်ဦးလိုအပ်သည်။

ယခုအခါတွင် တာ့ယွီအင်မော်တယ်မင်းဆက်၌ တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင် မပေါ်သေးဘဲ အင်မော်တယ်နယ်မြေစွမ်းအားရှင် အနည်းငယ်သာရှိသည်။

တစ်ဖက်တွင် စစ်ဘက်အရာရှိများက ရီရှောင်းရှောင်း၏ အစီအစဉ်ကို ပြတ်ပြတ်သားသား ထောက်ခံခဲ့ကြသည်။ သူတို့သည် အခြေအနေများနှင့် အခြားအရာများကို မသိကြသော်လည်း ရီရှောင်းရှောင်းပြောသမျှ အားလုံးမှန်ကန်ကြောင်းကိုတော့ သိသည်။

ရီရှောင်းရှောင်းက ဤအကြံအစည်ကို အဆိုပြုလားသောအခါ ပြည့်စုံသောပြင်ဆင်မှုများ ရှိပြီးမည်ဖြစ်ကြောင်း သူတို့ယုံကြည်ခဲ့သည်။

အရေးကြီးဆုံးအချက်မှာ တိုက်ပွဲဝင်မှသာ ကောင်းချီးများကိုရရှိနိုင်မည်။ တာ့ယွီအင်မော်တယ်မင်းဆက်သည် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သောကြောင့် ၎င်းတို့၏အရိုးများထဲမှပင် ယားယံလာသည်။

"ငါ့ကိုဖြောင်းဖြဖို့ မလိုတော့ဘူး၊ မင်းတို့ စစ်ပွဲအတွက် ပြင်ဆင်ရမယ်၊ အချိန်တန်ရင် ဘာမှမလုပ်ခဲ့ရဘူးဆိုတာ မကြားချင်ဘူး”

နတ်မင်းဆက်အဖြစ်သို့ အဆင့်မြှင့်တင်ခြင်းသည် အင်မော်တယ်မင်းဆက်အဖြစ် မြှင့်တင်ခြင်းကဲ့သို့ ကောင်းကင်ဘုံတာအို၏စမ်းသပ်မှုမျိုး မပါဝင်ချေ။

……….

All Chapters