အခန်း ၃၁၃-၃၁၅
Vol. 21 Ch. 313-315
အခန်း ၃၁၃ - အဲတာကတကယ်ပဲ မဟာချင်နတ်မင်းဆက်လား၊ ငါတော့မယုံဘူး
ရီဖန်နှင့် အခြားနှစ်ယောက်၏ရောင်ဝါကို ခံစားလိုက်သည့် တာအိုပညာရှင်ဟန်ဟိုင်သည် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ၎င်းတို့က စွမ်းအားကြီးလွန်းလှ၏။
"တာ့ယွီဘုရင်၊ ငါမင်းကို အာမခံပါတယ်၊ ငါတို့ တုန်းဟိုင်တာ့လုကမ္ဘာက တာ့ယွီမင်းဆက်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"
တုန်းဟိုင်တာ့လုကမ္ဘာသည် ဤတစ်ကြိမ်တွင် တာ့ယွီနတ်မင်းဆက်၏ နန်းတက်ပွဲခမ်းအနားသို့ ဖိတ်ကြားခံရသည်။ သို့သော် သေချာပေါက်ပင် သူတို့ဘက်က မတုံ့ပြန်ခဲ့ကကြချေ။ နောက်ဆုံးတွင် တုန်းဟိုင်တာ့လုကမ္ဘာနှင့် တာ့ယွီနတ်မင်းဆက်သည် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြပေ။
ယခုတွင် တာအိုပညာရှင်ဟန်ဟိုင်သည် နန်းတက်ပွဲအခမ်းအနားသို့ မတက်ရောက်ခဲ့ခြင်းကို အလွန်နောင်တရမိ၏။ သို့မဟုတ်ပါက သူသည် ဆက်ဆံရေးအချို့ကို ခိုင်မြဲစေနိုင်ဦးမည်။
"မင်းတို့က ပါးစပ်ကသာ ဒီလိုရည်ရွယ်ချက် မရှိဘူးပြောတာ၊ တိုက်ရိုက်ကျူးလွန်ခဲ့တာပဲလေ!"
ရီရှောင်းရှောင်း၏အကြည့်များသည် အေးစက်နေသည်။ ကိုယ်လုပ်ဆောင်ခဲ့သည့် ကိစ္စအတွက် ပေးဆပ်ရမည့်တန်ဖိုးတစ်ခုရှိလိမ့်မည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် အခြားမည်သူက တာ့ယွီမင်းဆက်၏ အဆင့်အတန်းကို လေးစားတော့မည်နည်း။ အဆင့်အတန်းကို နှုတ်ဖြင့်ထုတ်ဖော်ပြောဆိုရခြင်းမဟုတ်ဘဲ တိုက်ပွဲများမှတစ်ဆင့်ရရှိခြင်းဖြစ်၏။ ထိုသို့ပြောရလျှင် ဤတုန်းဟိုင်တာ့လုကမ္ဘာသည် စွမ်းအားကိုပြသရန် ကောင်းမွန်သောရွေးချယ်စရာတစ်ခု ဖြစ်နိုင်သည်။
ပြန်လည်သင့်မြတ်ရန် အခွင့်အလမ်းမမြင်သော ဟန်ဟိုင်တာအိုပညာရှင်က အံကြိတ်လျက် တုန်းဟိုင်တာ့လုကမ္ဘာကိုစွန့်ခွါပြီး ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်သည်။ လုံးဝတုံ့ဆိုင်းမနေဘဲ ထွက်ပြေးရမည်။
သူသည် မကြာသေးမီက တာအိုဘိုးဘေးများနယ်ပယ်သို့ ဖြတ်သွားခဲ့သော သာမာန်တာအိုဘိုးဘေးတစ်ဦးသာဖြစ်ကာ သူ့သက်တမ်းက အနှစ်တစ်သိန်းအောက်သာရှိသေးသည်။
ယခင်က တာအိုပညာရှင်တုန်းဟိုင်၏အကူအညီနှင့် သူ့စွမ်းအားကို ပြသနိုင်ခဲ့သော်လည်း၊ တာအိုပညာရှင်တုန်းဟိုင် ဆုံးပါးသွားပြီးနောက် သူသည် အင်အားကြီးတာအိုဘိုးဘေးများအတွက် ဘာမှမဟုတ်တော့ချေ။
သူသည် ရီဖန်နှင့် အခြားနှစ်ယောက်၏ရောင်ဝါကိုကောင်းစွာ ခံစားသိရှိထားပြီးဖြစ်သောကြောင့်
သူသေခြင်းတရားကို စောင့်မျှော်နေသင့်သလား။ သူထွက်ပြေးရမည်မဟုတ်လား။
ကံမကောင်းစွာဖြင့် ရီဖန်က တုန်းဟိုင်တာ့လုကမ္ဘာကို ကိုင်တွယ်ရန်ဆုံးဖြတ်လိုက်သည်နှင့် မည်သူမျှ မလွတ်မြောက်နိုင်တော့ပေ။ တုန်းဟိုင်တာ့လုကမ္ဘာရှိလူတိုင်းသည် တာအိုပညာရှင်တုန်းဟိုင်၏နောက်လိုက်များဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် တာ့ယွီမင်းဆက်၏ ရန်သူများဖြစ်သည်။
ကြယ်စုတပ်ဖွဲ့သည် တုန်းဟိုင်တာ့လုကမ္ဘာတစ်ခုလုံးကို လျင်မြန်စွာသုတ်သင်လိုက်သည်။ တုန်းဟိုင်တာ့လုကမ္ဘာ၏ အဆင့်မြင့်အရာရှိများသေဆုံးသွားက တချို့ကဖမ်းဆီးခံခဲ့ရပြီး တစ်လအတွင်း၊ တုန်းဟိုင်တာ့လုကမ္ဘာသည် တာ့ယွီနတ်မင်းဆက်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။
တာ့ယွီနတ်မင်းဆက်၏လျင်မြန်ပြီး သနားညှာတာမှုကင်းမဲ့သောလုပ်ရပ်က ရန်ဟွမ်နယ်မြေတစ်ခုလုံးကို ထိတ်လန့်စေခဲ့၏။ အလွန်ရက်စက်ကာ လျင်မြန်သည်။ ဘယ်လိုကြည့်ကြည့် တုန်းဟိုင်တာ့လုကမ္ဘာသည် တာအိုပညာရှင်တုန်းဟိုင် သေဆုံးသွားသည့်တိုင် အထွတ်အထိပ်အဆင့်တာအိုဘိုးဘေးများရှိသည့် အခြေခံအုတ်မြစ်ခိုင်မာသော အင်အားစုတစ်ခုဖြစ်နေသေးသည်။
သို့သော်လည်း တာ့ယွီနတ်မင်းဆက်ရှေ့တွင် ၎င်းတို့သည် လုံးဝခုခံနိုင်ခြင်းမရှိဘဲ သမိုင်းမှပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့ မည်သို့ မတုန်လှုပ်မခြောက်ခြားဘဲ နေနိုင်ကြမည်နည်း။
တာ့ယွီမင်းဆက်ကသူတို့ကို တိုက်ခိုက်လာရင်ရော ခံနိုင်ရည်ရှိမည်လား။
သူတို့အတွက် အဖြေကရှင်းသည်။ ဝန်မခံချင်သည့်တိုင် သူတို့ကံကြမ္မာသည်လည်း တုန်းဟိုင်တာ့လုကမ္ဘာနှင့် အများကြီးကွာခြားမည် မဟုတ်ပေ။
" တာ့ယွီဘုရင်က အရမ်းလွန်သွားပြီ၊ တုန်းဟိုင်တာ့လုကမ္ဘာကို ချေမှုန်းပစ်လိုက်တာပဲ!"
"ဟုတ်တယ်၊ တာ့ယွီနတ်မင်းဆက်က လွန်လွန်းတယ်"
လူအချို့က ရီရှောင်းရှောင်း၏လုပ်ရပ်ကို မကျေမနပ်ဖြစ်ကာ တုန်းဟိုင်တာ့လုကမ္ဘာကို သုတ်သင်ခဲ့သည့်အတွက် တာ့ယွီနတ်မင်းဆက်ကို ဝေဖန်ခဲ့ကြသည်။ ထိုလူများက အရာအားလုံးကို ကောင်းကောင်းနားလည်ကြသော်လည်း သူတို့၏မြင့်မြတ်မှုကို ပြသလိုသဖြင့် ပြစ်တင်ရှုတ်ချနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တာ့ယွီနတ်မင်းဆက်ကို နောက်ထပ်အင်အားစုများက ထောက်ခံထားဆဲဖြစ်သည်။
"တာအိုပညာရှင်တုန်းဟိုင်က ပြဿနာရှာနေတာလေ၊ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ"
"ဟုတ်တယ်၊ တာ့ယွီနတ်မင်းဆက်အပေါ် တာအိုပညာရှင်တုန်းဟိုင်ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကြောင့် မဟုတ်ရင် တာ့ယွီနတ်မင်းဆက်က ဘာလို့ လက်စားချေမလဲ"
ထိုလုပ်ရပ်၏ အကျိုးကျေးဇူးများသည် ထင်ရှား၏။ ၎င်းသည် တာ့ယွီနတ်မင်းဆက်၏ စွမ်းအားကိုပြသရုံသာမက တစ်ကိုယ်တည်းကျင့်ကြံသူများကို တာ့ယွီနတ်မင်းဆက်၏အင်အားကို သဘောကျကာ တပ်ဖွဲ့ထဲသို့ ဝင်လိုကြသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများကို ရီရှောင်းရှောင်းက ခြွင်းချက်မရှိကြိုဆိုခဲ့၏။
ဤကျင့်ကြံသူများက တာ့ယွီနတ်မင်းဆက်၏စွမ်းအားကို ပိုမိုခိုင်မာစေမည်ဖြစ်သောကြောင့် ရီရှောင်းရှောင်းက အဘယ်ကြောင့်ငြင်းပယ်နိုင်မည်နည်း။ အသစ်ဝင်လာသူများကြားတွင် မကောင်းသောရည်ရွယ်ချက်များရှိနိုင်ခြင်းနှင့်ပက်သက်၍ ရီရှောင်းရှောင်းက မစိုးရိမ်ချေ။
လက်ရှိတာ့ယွီမင်းဆက်သည် ဖန်ကုစကြာဝဠာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခင်က အားနည်းသော တာ့ယွီနိုင်ငံမဟုတ်တော့ပေ။ သူတို့သည်လည်း ကြောက်ရွံ့နေစရာမလိုတော့ပေ။
ရီရှောင်းရှောင်းသည် မည်သူ့ကိုမဆို နှိမ်နှင်းနိုင်သည်ဟု ယုံကြည်ချက်ရှိ၏။
တာအိုပညာရှင်တုန်းဟိုင်ကဲ့သို့သောသူများကို သုတ်သင်ပြီးနောက် ရီရှောင်းရှောင်းသည် တုန်းဟိုင်တာ့လုကမ္ဘာကိုလည်း အလွတ်ပေးမည်မဟုတ်ချေ။ ကြီးမားသောတာ့လုကမ္ဘာက တာ့ယွီနတ်မင်းဆက်၏ နယ်မြေအကွာအဝေးကို သုံးပုံတစ်ပုံတိုးစေသည်။
နတ်မင်းဆက်တစ်ခုအတွက် နယ်မြေတိုးချဲ့ခြင်းက လွယ်ကူမည်မဟုတ်။ ၎င်းတို့ထံတွင် အင်အားအလုံအလောက်ရှိလျှင်ပင် အုပ်စိုးရှင်ရှိပြီးသားနယ်မြေကို မကျူးကျော်နိုင်ကြပေ။
ဖြစ်နိုင်ပါက ထိုတန်ခိုးကြီးသော နတ်မင်းဆက်များသည် အဘယ်ကြောင့် တာ့လုကမ္ဘာနှစ်ခု သို့မဟုတ်သုံးခုကိုသာ အုပ်စိုးနိုင်မည်နည်း။ ဖန်ကုစကြဝဠာသည် အနည်းငယ်မျှသာ ကျယ်ဝန်းသောကြောင့် အင်အားကြီးဖြစ်တည်မှုများကို ကျောထောက်နောက်ခံမရှိသည့်သူဟူ၍ မရှိချေ။
မဆင်မခြင်ဆောင်ရွက်ပါက ၎င်းတို့ကို မဟာမိတ်ဖွဲ့၍ တိုက်ခိုက်ရန် ရန်စမိခြင်းပင်ဖြစ်နိုင်သည်။
ဤတစ်ကြိမ်တွင် တာအိုပညာရှင်တုန်းဟိုင်က သူ့ကိုအခွင့်အရေးပေးသောကြောင့်သာ ရီရှောင်းရှောင်း တာ့လုကမ္ဘာကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် တာအိုပညာရှင်တုန်းဟိုင်နှင့် သူ့နောက်ကွယ်က မည်သည့်အင်အားစုကိုမဆို ကျေးဇူးတင်သင့်၏။
နောင်တွင် ၎င်းတို့နှင့်ထပ်မံတွေ့ဆုံပါက ရီဖန်သည် နောက်ကွယ်တွင်ရှိနေသူတိုင်းကို "ကျေးဇူးတင်ကြောင်း" ဖော်ပြပါဦးမည်။
အချိန်ကြာလာမြင့်ပြီးနောက် မဟာချင်ဘုရင်၏ အလည်အပတ်ခရီးစဉ် ရောက်ရှိလာသည်။ မဟာချင်ဘုရင်နှင့်ဆိုပါက ရီရှောင်းရှောင်းကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရမည်မှာ သေချာသည်။ ရီဖန်ပင်လျှင် ထိုဒဏ္ဍာရီလာ မဟာချင်မင်းဆက်ဘုရင်ကို မြင်ချင်လွန်းသောကြောင့် လူကိုယ်တိုင်ပေါက်ချလာ၏။
ရီဖန်၏ယခင်ဘဝအမှတ်တရများတွင်၊ မဟာချင်သည် အမှန်တကယ်ပင်ဏ္ဍာရီလာဖြစ်သည်။ အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ နတ်နဂါးကိုးကောင်သယ်ဆောင်လာသော စီးတော်ယာဉ်ဖြင့် ရောက်ရှိလာသောကြောင့် ပတ်ဝန်းကျင်သည် ရုတ်တရက်လေးလံသွားသည်။
လူတိုင်း၏အာရုံစူးစိုက်မှုသည်လည်း စီးတော်ယာဉ်ပေါ်ရှိ သူထံသို့ကျရောက်နေခဲ့သည်။ ဤလူလတ်ပိုင်းကျင့်ကြံသူသည် ဘာမှမလုပ်ဘဲနေလျှင်ပင် စကြဝဠာ၏ဇာတ်ဆောင်ကဲ့သို့ ထင်ပေါ်နေကာ၊ မည်သူနှင့်မျှ ယှဉ်မရချေ။ မရည်ရွယ်ဘဲထုတ်လွှတ်ထားသော လွှမ်းမိုးချုပ်ကိုင်လိုသည့်ရောင်ဝါက သူ၏ထူးခြားမှုကို ဖော်ပြနေသည်။
………
အခန်း ၃၁၄ - အဲတာက တကယ်ပဲ မဟာချင်နတ်မင်းဆက်လား၊ ငါတော့မယုံဘူး
မိတ်ဆက်နေရန်ပင် မလိုချေ။ လူတိုင်းက ထိုသူကိုမှတ်မိလိုက်ကြသည်။ ၎င်းက မဟာချင်နတ်မင်းဆက်၏ဘုရင်နှင့် မဟာချင်တာအိုဘိုးဘေးတို့ဖြစ်သည်။
"တာ့ယွီဘုရင်၊ ကျွန်တော်တို့ရဲ့ ကျူးကျော်မှုအတွက် တောင်းပန်ပါတယ်" ဟုဆိုလာသည်။
မဟာချင်ဘုရင်က ရှေ့တစ်လှမ်းတိုးကာ ရီရှောင်းရှောင်းနှင့် အခြားသူများထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူစကားပြောပြီးသည့်နောက်တွင် နွေးထွေးသောအပြုံးတစ်ခုပေါ်လာသည်။
သူပြောပြီးသည်နှင့်တပြိုင်နက် ပဲ့တင်ထပ်နေသောအသံက ပြင်းထန်မှုအားလုံးကို ချက်ချင်းချေဖျက်လိုက်ကာ လူတိုင်းကိုလတ်ဆတ်သော နွေဦးလေညင်းလေးဖြင့် လွှမ်းခြုံထားသကဲ့သို့ရှိသည်လ
ရီရှောင်းရှောင်းက နောက်ဆုံးတွင် တုံ့ပြန်လာကာ "မဟာချင်ဘုရင်က တာ့ယွီနတ်မင်းဆက်ကို လာရောက်လည်ပတ်တာက တာ့ယွီအတွက် ဂုဏ်ယူစရာပါ"
"ဒါက ရီမိသားစုရဲ့ နာမည်ကြီး အကြီးအကဲဖြစ်မယ်ထင်တယ်!" ထိုအချိန်တွင် မဟာချင်ဘုရင်သည် ရီဖန်ကိုကြည့်ရန် ရုတ်တရက်လှည့်လာသည်။
"မဟာချင်ဘုရင် မှတ်မိနေတာက ကျွန်တော့အတွက် ဂုဏ်ယူစရာပဲ!" ရီဖန်သည် ထိုစကားကို ပြောရင်း ရယ်မောကာ အနည်းငယ်ဦးညွှတ်လိုက်သည်။ သူ့အမူအရာကတည်ငြိမ်ပြီး ပြုံးနေနိုင်သော်လည်း ရီဖန်နှလုံးသားက တည်ငြိမ်နေ၏။
မဟာချင်ဘုရင်က မရည်ရွယ်ဘဲ ထုတ်ဖော်ပြသလိုက်သည့် ရောင်ဝါက ရင်းနှီးသောခံစားမှုတစ်ခုကိုရစေသည်။ တာအိုပညာရှင်တုန်းဟိုင်၏နောက်ကွယ်မှ ထွက်ပေါ်လာသော ရင်းနှီးကျွမ်းဝင်သည့်ခံစားချက်နှင့် တူညီလုနီးပါးပင်။
ဤရှာဖွေတွေ့ရှိမှုက ရီဖန်ကို ထိတ်လန့်စေခဲ့သည်။ မဟာချင်ဘုရင်သည် ၎င်းတို့၏ရွှေကံကြမ္မာကို တာ့ယွီ နတ်မင်းဆက်ထံမှ ခိုးယူခဲ့သူဖြစ်နိုင်ပါသလား။ အချက်အလက်ကျကျစဉ်းစားလျှင် အလွန်ဖြစ်နိုင်ချေရှိသည်။
မဟာချင်ဘုရင်သည် ရုတ်တရက်တာ့ယွီနတ်မင်းဆက်သို့လာရောက်ရန် ဆုံးဖြတ်ပြီးနောက် တာ့ယွီနတ်မင်းဆက်၏ကံကြမ္မာရွှေကွင်းက ပျောက်ကွယ်သွားခဲ့သည်။ အံ့ဩစရာတိုက်ဆိုင်မှုတစ်ခုလား?
သို့သော် မဟာချင်ဘုရင်အကြောင်းကို ရီဖန်၏နားလည်မှုအရ ၎င်းသည်မဖြစ်နိုင်ချေ။ မဟာချင်နတ်မင်းဆက်က နတ်မင်းဆက်အားလုံးတွင် ရှေးအကျဆုံးနှင့် တန်ခိုးအကြီးဆုံးဖြစ်ကာ
မဟာချင်ဘုရင်သည် အနှိုင်းမဲ့တာအိုဘိုးဘေးများကြားတွင် အထွတ်အထိပ်ဖြစ်သည်။
ထိုသို့သောသူက ကံကြမ္မာရွှေကွင်းအတွက် တာ့ယွီနတ်မင်းဆက်ကို လှည့်စားရန် အမှန်တကယ်ပြုလုပ်နိုင်မည်လား။ မဟာချင်ဘုရင်က ဘုန်းတန်ခိုးကြီးပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟူသည့် ကောလဟာလများ ထွက်ပေါ်နေသည်။
နတ်ဆိုးမျိုးနွယ်ဟု၏ အနိုင်ယူ၍မရသော နတ်ဆိုးဘိုးဘေးများကို ရင်ဆိုင်ရသောအခါတွင်ပင် သူသည် နတ်ဆိုးဘိုးဘေးကို အကူအညီမယူဘဲ တစ်ချက်တည်းနှင့် ကိုင်တွယ်ခဲ့သည်။ ထိုသို့သောသူက သေးငယ်သောတစ်စုံတစ်ရာကို ခိုးယူမည်လား။ ရီဖန်ကတော့ မယုံချေ!
၎င်းက ရီဖန်၏နှလုံးသားကို သံသယများဖြင့် ပြည့်စေခဲ့သော်လည်း မဟာချင်ဘုရင်ကို အပြစ်ရှိကြောင်း မစွပ်စွဲခဲ့ပေ။ တစ်စုံတစ်ယောက်၏ စိတ်နှလုံး၌ ဖြစ်ပျက်နေသောအရာကို တခြားသူများက မသိနိုင်သောကြောင့်၊ ဘာမဆိုဖြစ်နိုင်သည်။
ရီဖန်သည် သူ့နှလုံးသားထဲတွင် ထွက်ပေါ်လာသောအတွေးကို ဆုပ်ကိုင်ထားသည်။ အခြေအနေကို ရင်ဆိုင်ရန် နည်းလမ်းမရှိသောကြောင့် စိတ်ရှုပ်ခံမနေတော့ချေ။ သူ့စွမ်းရည်များကိုရရှိပါက ထိုကိစ္စကို ရှင်းလင်းနိုင်လိမ့်မည်။
ရီရှောင်းရှောင်းက မဟာချင်ဘုရင်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပြီး အရာအားလုံးချောမွေ့စွာ တိုးတက်နေသကဲ့သို့ မဟာချင်နတ်မင်းဆက်နှင့်ပင် ဆက်ဆံရေးတစ်ခု ထူထောင်ခဲ့သည်။ မဟာချင်ဘုရင်ထွက်သွားပြီးနောက်၊ ရီဖန်သည် တာ့ယွီတွင် ကြာကြာမနေဘဲ ဗောဓိဘိုးဘေးကို လိုက်ရှာခဲ့သည်။
"ဆရာ၊ တာအိုပညာရှင်တုန်းဟိုင်ရဲ့ နောက်ကွယ်ကလူနဲ့ တော်တော်ဆင်တူတဲ့ရောင်ဝါကို ခံစားမိလိုက်တယ်!"
ရီဖန်သည် ဗောဓိဘိုးဘေးဖြစ်သူကို သူ၏ရှာဖွေတွေ့ရှိမှုအကြောင်း တိုက်ရိုက်ပြောပြလိုက်သည်။ ထိုစကားကို ကြားသောအခါ ဗောဓိဘိုးဘေး၏မျက်နှာသည် မှေးမှိန်သွား၏။
“ရှောင်ဖန်၊ ငါဒီကိစ္စနှင့်ပက်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ အမြဲခံစားရတယ်" သူ သက်ပြင်းချလိုက်သည်။
"ဟုတ်တယ် ဆရာ၊ တစ်ခုခုလွဲနေပြီလို့ ခံစားရတယ်!"
ရီဖန်သည် ဗောဓိဘိုးဘေးဖြစ်သူ၏ခံစားချက်ကို ကြားသောအခါတွင် စိတ်လှုပ်ရှားသွား၏။
"တကယ်တော့ ဒီရောင်ဝါက သူနဲ့ဆင်တူတာကို ကျွန်တော်ခုနကမှ သိခဲ့တာ"
ဖန်ကုစကြာဝဠာကြီးသည် အလွန်ကြီးမားပြီး ဘိုးဘေးနယ်မြေစွမ်းအားရှင် အများအပြားရှိခဲ့သည်။ ဤအစွမ်းထက်သော သတ္တဝါတို့၏ လမ်းကြောင်းများအတွင်း မလွဲမသွေတွေ့ဆုံရသည်များရှိနိုင်သည်။
တာအိုဘိုးဘေးများထဲမှ ထာဝရဘိုးဘေးတစ်ဦးဖြစ်သည့် ဗောဓိဘိုးဘေးအနေဖြင့် ထိုရောင်ဝါကို သတိမပြုမိစရာမရှိချေ။ သို့သော် ရီဖန်ကို ဒေါသဖြင့် တုန့်ပြန်ခြင်းမှတားဆီးရန်အတွက် ရီဖန်ကိုမပြောမီ စုံစမ်းစစ်ဆေးမှုအပြီးထိ စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ဗောဓိဘိုးဘေး၏ရှင်းပြချက်ကို ကြားသောအခါ ရီဖန်သည် ဒေါသမထွက်ဘဲ နားလည်ခဲ့သည်။ မဟာချင်ဘုရင်နှင့် ဗောဓိဘိုးဘေးနှစ်ဦးစလုံးသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်သည်။
ဤကိစ္စကြောင့်ဖြစ်ပေါ်လာသည့် ပဋိပက္ခမှန်သမျှသည် လူသားမျိုးနွယ်အတွက် ကောင်းမွန်သောအချက်မဟုတ်ပေ။ ထို့အပြင် ဤကိစ္စသည် အနည်းငယ်အတွေးလွန်စရာကောင်း၏။
"မဟာချင်ဘုရင်ကျင့်ကြံမှုအဆင့်နဲ့ သူသာ ရည်ရွယ်ချက်ရှိရှိ မထားခဲ့ဘူးဆိုရင် သူ့ရောင်ဝါကိုတောင် ငါတို့ခံစားနိုင်မှာမဟုတ်ဘူး"
"လုံးဝပဲ၊ တာအိုဘိုးဘေးနဲ့ အထွတ်အထိပ် တာအိုဘိုးဘေးကြားမှာ ကွာခြားချက်နည်းနည်း ရှိပေမယ့်လည်း အင်အားကွာခြားချက်ကတော့ လေးနက်တယ်။ ဒါက သူတော်စင်တစ်ပိုင်းနယ်မြေကိုတက်လှမ်းဖို့ နီးကပ်နေပြီဖြစ်တဲ့ မဟာချင်ဘုရင်အတွက်ကတော့ ပိုတောင်များဦးမယ်"
သူထင်ထားသည့်အတိူင်းပင်! ရီဖန်က ၎င်းသည် မည်သို့မျှမဖြစ်နိုင်ဟု ခံစားခဲ့ရသည်။ သို့သော် ရီဖန်သည် ဗောဓိဘိုးဘေးဖော်ပြခဲ့သော သူတော်စင်တစ်ပိုင်းနယ်မြေကို စိတ်ဝင်စားသွား၏။
"ဆရာကြီး၊ ဒီသူတော်စင်တစ်ပိုင်းနယ်မြေက တာအိုအဆင့်ရဲ့ အထက်ကလား"
"သူတော်စင်နယ်မြေက တာအိုအဆင့်အထက်ကမှန်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်ကတော့ သူတော်စင်အဆင့်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်သလာက်ပဲ၊ သူတော်စင်တစ်ပိုင်းရောက်ဖို့တောင် တော်တော်ခက်ခဲလိမ့်မယ်"
"ဟုန်မိန်ခရမ်းရောင်ချီမရှိရင် သူတော်စင်နယ်မြေကိုရောက်ဖို့အတွက် ကောင်းကင်ဘုံတာအိုကန့်သတ်ချက်တွေကို ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူး"
၎င်းကိုကြားသည့်အခါ ရီဖန်လည်း ထိတ်လန့်သွားသည်။
ဟုန်မိန်ခရမ်းရောင်ချီ၏အခန်းကဏ္ဍက အလွန်အရေးကြီးပါသလား။ ထိုစကားအပြီးတွင် ရီဖန်သည် အတွေးတစ်ခုကြောင့် ထိတ်လန့်သွားသည်။
တခြားသူများတွင် ဟုန်မိန်ခရမ်းရောင်ချီမရှိသော်လည်း၊ ရီဖန်မှာ ရှိသည်။ ရီဖန်ထံတွင် စနစ်တစ်ခုရှိသဖြင့် ဟုန်မိန်ခရမ်းရောင်ချီအတွက် လိုအပ်ချက်မရှိပေ။ သို့သော် စနစ်ဆုလာဘ်များကို ရီမိသားစုပြင်ပမှ အခြားသူများလည်း အသုံးပြုနိုင်မည်လားကို သူမသိပေ။
ရီဖန်သည် သူ့ကတ်များကို ထုတ်ပြရန်မစီစဉ်ထားဘဲ နောက်ထပ်စောင့်ကြည့်ရန် ရည်မှန်းထားသည်။ ဖြစ်နိုင်လျှင် ရီဖန်သည် ဗောဓိဘိုးဘေးအား ဟုန်မိန်ခရမ်းရောင်ချီကို ပျော်ပျော်ကြီးပေးပစ်လိမ့်မည်။
သူ့အား ဗောဓိဘိုးဘေး ကူညီပေးခဲ့သော အရာအားလုံးအတွက် ကျေးဇူးတင်နေသည်။
ဟုန်မိန်ခရမ်းရောင်ချီတစ်လုံးက အနည်းငယ်မျှသောစျေးနှုန်းဖြစ်သည်ဟု သူထင်ထားသည်။ ထို့အပြင် အနာဂတ်တွင် ဟုန်မိန်ခရမ်းရောင်ချီကို ဘယ်တော့မှ ရနိုင်မည်မဟုတ်ဟု မည်သူပြောသနည်း။ စနစ်၏ထိရောက်မှုနှင့်အတူ ထိုသို့သော ဆုလာဘ်များမှာ စံတစ်ခုဖြစ်လာနိုင်သည်။
ဗောဓိဘိုးဘေးခမျာ ရီဖန်၏အမူအရာအပြောင်းအလဲကို သတိပြုမိပြီးနောက် ရူးသွပ်သောအကြံတစ်ခု ထွက်ပေါ်လာသည်။ သူ့တပည့်သည် ဟုန်မိန်ခရမ်းရောင်ချီကဲ့သို့သော ရတနာကို ပိုင်ဆိုင်ထားနိုင်သလား။ မဖြစ်နိုင်လောက်ပါ။ ဗောဓိဘိုးဘေးက ထိုအကြံကို အလျင်အမြန် ပယ်ချလိုက်သည်။
ရှေးသူတော်စင်ခြောက်ပါး ပျောက်ဆုံးသွားပြီးနောက် ဤကမ္ဘာတွင် ဟုန်မိန်ခရမ်းရောင်ချီမရှိတော့ချေ။ ရီဖန်က မည်သို့ရနိင်မည်နည်း။ သူ့မှာရှိလျှင်ပင် ရီဖန်၏ပိုင်ဆိုင်မှုသာဖြစ်၏။ သူ့ဆရာအနေဖြင့် သူ့တပည့်၏ရတနာများကို မခိုးယူနိုင်ပေ။
"အတွေးလွန်နေပြန်ပါပြီ။ တာအိုဘိုးဘေးနယ်မြေကို ဖြတ်ကျော်ဖို့ကိုပဲ အာရုံစိုက်သင့်တယ်"
ဗောဓိဘိုးဘေးသည် ရီဖန်အား စိတ်ကူးယဉ်အိပ်မက် မက်နေခြင်းမှ ရပ်တန့်ရန်အတွက် အချက်ပြသည့်အနေဖြင့် ခေါင်းကိုခေါက်လိုက်သည်။ ရီဖန်သည် အားရပါးရပြုံးလိုက်သော်လည်း ဘာမှမဆိုချေ။
တာ့ယွီနတ်မင်းဆက်ပေါ်ထွန်းပြီးသည့်အချိန်မှစ၍ ဖန်ကုစကြာဝဠာသည် ရှားပါးသောငြိမ်းချမ်းမှုထဲ၌ နှစ်မြှုပ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဖန်ကုစကြဝဠာကို အချိန်အတော်ကြာအောင် နှောက်ယှက်ခဲ့သည့် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့သည် လုံးဝနီးပါးပျောက်ကွယ်သွားခဲ့သည်။
ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့၏ ခြိမ်းချောက်မှုမရှိတော့ခြင်းကြောင့် အဓိကအင်အားစုအားလုံး သက်ပြင်းချနိုင်ခဲ့သည်။ သို့သော် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့၏ခြိမ်းခြောက်မှု ပျောက်ကွယ်သွားသောအခါ ရီမိသားစု၏ အရေးပါမှုသည်လည်း တဖြည်းဖြည်း ကျဆင်းလာခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ရီဖန်နှင့် တာ့ယွီနတ်မင်းဆက်တို့၏ စွမ်းအားကြောင့် ရီမိသားစုက ၎င်းတို့၏အရေးပါမှုကို ဆုံးရှုံးသွားသည့်တိုင် မည်သူကမျှ ရီဖန်ကို ရန်မစရဲကြချေ။ ရှင်းရှင်းပြောရလျှင် အင်အားသည် အခြားသူများ၏ လေးစားမှုရရှိရန် အရေးကြီးသောအချက်ဖြစ်သည်။
သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်းခွဲများသည် အကောင်းမြင်စိတ်နည်းပါးကြရှာ၏။
“ငါတို့ရဲ့ အစီအစဉ် မအောင်မြင်ပုံပဲ” အရိုးဘိုးဘေးက နေရာလွတ်ထဲကို ကူကယ်ရာမဲ့စွာကြည့်ရင်း သက်ပြင်းချမိသည်။
“ဟင့်အင်း၊ မရှုံးသေးဘူး” တိမ်နက်တာအိုပညာရှင်သည် သူ့မျက်နှာကညှိုးငယ်နေသော်လည်း မျှော်လင့်ချက်မပျောက်သေးပေ။
"မရှုံးဘူးလား?" အရိုးဘိုးဘေးက အံ့သဩသွားသည်။
"အမှန်ပဲ၊ တာ့ယွီနတ်မင်းဆက် တက်လာပြီးတဲ့နောက်မှာ ရီဖန်က တစ်ခုခုကိုသတိပြုမိတာ ထင်ရှားတယ်၊ သူ စတုရန်းလက်မတောင်ကို ချက်ချင်းသွားခဲ့တယ်လေ"
"ဒါက ရီဖန်ဒေါသမထွက်အောင် ဗောဓိဘိုးဘေးထိန်းထားလို့ပဲ ဖြစ်ရမယ်"
"ငါတို့ အခုလုပ်ရမယ့် တစ်ခုတည်းသောအရာက မီးထဲကို လောင်စာထည့်ဖို့ပဲ"
"မီးထဲလောင်စာထည့်ဖို့ကိုက ဘယ်လိုစီစဉ်ထားတာလဲ"
"နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေ၊ ငါတို့လဲ နယ်မြေတိုးချဲ့ဖို့ အချိန်တန်ပြီ"
"နယ်မြေဆုံးရှုံးသွားတဲ့ တပ်ဖွဲ့တွေ နေထိုင်ဖို့ နေရာသစ်မလိုအပ်ဘူးလား"
"လက်ရှိ ဖန်ကုစကြဝဠာမှာ အင်အားစုက ကျယ်ပြောပြီးတော့ အကန့်အသတ်ရှိတဲ့စွမ်းအားကို ပိုင်ဆိုင်ထားသလဲ"
“ကောင်းလိုက်တာ၊ ချကွာ!”
ဟား ဟား ဟား ဟား!
ဟား ဟား ဟား ဟား!
ရယ်မောသံများက ပျက်ဆီးခြင်းဂိုဏ်း၏ ဌာနချုပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ လူသားမျိူးနွယ်စုက တစ်ခုခုမှားနေကြောင်း သိလိုက်ချိန်တွင် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေကို ချဲ့ထွင်မှု စတင်နေပြီဖြစ်သည်။ ၎င်းကို ချဲ့ထွင်ရန်အတွက် အရင်းအနှီးများစွာလို၏။
၎င်းတို့၏လက်ရှိနယ်မြေကို လက်ရှိအင်အားဖြင့် ထိန်းသိမ်းရန်ပင် အခက်အခဲများရှိနေသော်လည်း ပျက်ဆီးခြင်းဂိုဏ်းသည် အဘယ်ကြောင့် ဆက်လက်တိုးချဲ့လိုသနည်း?
လုပ်ဆောင်ချက်တိုင်းတွင် အကြောင်းတရားတစ်ခုရှိသည်။ ပျက်ဆီးခြင်းဂိုဏ်းချဲ့ထွင်ရခြင်း အကြောင်းရင်းကို ၎င်းတို့မသိရမီ၊ တာအိုဘိုးဘေးများပင်လျှင် အလျင်စလို လှုပ်ရှားရန် မမိုက်မဲကြပေ။ သူတို့သည် ပျက်ဆီးခြင်းဂိုဏ်းကို ရင်ဆိုင်နေခြင်းဖြစ်ရာ ပေါ့လျော့မှုတစ်ခုကပင် တာအိုပညာရှင်တစ်ဦးကို ကျဆုံးစေနိုင်သည်။
…………….
အခန်း ၃၁၅ - စိတ်လှုပ်ရှားနေသောဗောဓိဘိုးဘေး၊ ရီဖန်နိုင်သွားပြီ
အဆက်မပြတ်ချဲ့ထွင်လာသော နတ်ဆိုးနတ်ဘုရားနယ်ပယ်ကို ရင်ဆိုင်ရင်း အင်အားစုများသည် ၎င်းတို့၏နေရာဟောင်းများမှထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။ မူလနယ်မြေမှ ပြောင်းရွှေ့ပြီးသည်နှင့် ၎င်းတို့သည် နယ်မြေသစ်တစ်ခုကို ရှာဖွေရမည်ဖြစ်၏။
ဖန်ကုစကြဝဠာသည် ကျယ်ပြောလှသော်လည်း နယ်မြေအများစုကို နေရာယူထားပြီးဖြစ်သည်။ ထိုနေရာများကို သိမ်းပိုက်ရန်အတွက် မူလပိုင်ဆိုင်သူများကို နှင်ထုတ်ရန်လိုလိမ့်မည်။
ဂိုဏ်းအင်အားစုကြီးဖြစ်စေ အဖွဲ့ငယ်လေးဖြစ်စေ မည်သူကမျှ အကြောင်းပြချက်မရှိဘဲ သူတို့နယ်မြေမှနှင်ထုတ်ခံရရန်အတွက် လိုလားစွာခွင့်ပြုလိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် တိုက်ပွဲများဖြစ်ပွါးလာမည်။
သို့သော် ယခုတကြိမ်တွင် အင်အားစုအများအပြားက ပြောင်းရွှေ့နေရာချထားနေကြသည်။ မဟာချင်နတ်မင်းဆက်၏ အဓိကကမ္ဘာကြီးသုံးခုထဲမှ တစ်ခုပင်လျှင် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေလက်အောက်သို့ ကျရောက်နေသည်။ အင်အားစုများ၏အကွာအဝေးက သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့သည့်အပြင် အခြေချနေထိုင်ရန်အတွက် နေရာများကို ရှာဖွေရန်မှာလည်း မလွယ်ကူပေ။
လက်ရှိတွင် ဖန်ကုစကြဝဠာရှိ နယ်မြေအများစုကို သိမ်းပိုက်ထားသောအင်အားစုမှာ တာ့ယွီနတ်မင်းဆက်ဖြစ်သည်။ ၎င်းသည် အသစ်ဖွဲ့စည်းထားသော နတ်မင်းဆက်ဖြစ်ကာ တန်ခိုးကြီးမားသောစွမ်းအားကို ပြသခဲ့သော်လည်း တာ့ယွီနတ်မင်းဆက်သည် ဤမျှကြီးမားသော နယ်မြေကိုသိမ်းပိုက်ရန် အရည်အချင်းမပြည့်မီဟု လူအများကထင်ခဲ့ကြသည်။ အကယ်၍ တာ့ယွီနတ်မင်းဆက်သည် ကမ္ဘာကြီးသုံးခုထဲမှ တစ်ခုသို့မဟုတ် နှစ်ခုကို စွန့်ပစ်ခဲ့လျှင်ပင် အရေးမကြီးပေ။
ရီမိသားစုသည် ပျက်ဆီးခြင်းသွေးဆေးလုံးကိုအသုံးပြုခြင်းဖြင့် ဤအင်အားစုများထံမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသောကြောင့် ယခုအချိန်တွင် နယ်မြေအချို့ကို စွန့်လွှတ်လိုက်ခြင်းက တရားမျှတသည်။
"အရှင်၊ ဒီကမ္ဘာမှာ ကျွန်တော်တို့အတွက် နေဖို့မသင့်တော်တော့ပါဘူး။ နယ်မြေအသစ် ချဲ့ထွင်ဖို့ လိုအပ်နေပါပြီ" မဟာချင်နတ်မင်းဆက်၏ဘိုးဘေးတစ်ဦးသည် မဟာချင်ဘုရင်ကို ပြောခဲ့သည်။
"မင်းက ဘယ်နေရာကိုချဲ့ထွင်ဖို့ အကြံပေးချင်လို့လဲ" မဟာချင်ဘုရင်က အေးစက်စွာပြန်မေးလိုက်သည်။
အချိန်ဘိုးဘေးက အံ့အားသင့်သွားကာ မဟာချင်ဘုရင်၏အသံသည် အနည်းငယ်လွဲမှားနေသည်ဟု ခံစားမိသည်။ သို့သော် ထိုအစီအစဉ်ကြောင့် ၎င်းက ဆက်ပြောလိုက်သည်။
“တာ့ယွီနတ်မင်းဆက်ရဲ့ အင်အားသည် မပြင်းထန်ပေမယ့် နယ်မြေများစွာကို သိမ်းပိုက်ထားလို့၊ သူတို့ အချို့ကို စွန့်လွှတ်သင့်တယ်လို့ထင်ပါတယ်”
အချိန်ဘိုးဘေးများ၏စကားကိုကြားသောအခါ အကြီးအကဲများက အချင်းချင်းတီးတိုးပြောဆိုလာသည်။ တာ့ယွီနတ်မင်းဆက်က အဓိကကမ္ဘာကြီးသုံးခုကို သိမ်းပိုက်ရန်အင်အားမရှိဟု အချို့ကယုံကြည်ကြသည်။
သို့သော် အချို့က ချင်နတ်မင်းဆက်သည် စတုရန်းလက်မတောင်ကို ၎င်းတို့၏ကျောထောက်နောက်ခံအဖြစ်ထားရှိသည့် တာ့ယွီနတ်မင်းဆက်နှင့် ရန်သူများမလုပ်သင့်ဟု ထင်ကြသည်။
စတုရန်းလက်မတောင်တွင် လူများစွာမရှိသော်လည်း ရှိသည့်တစ်ဦးစီတိုင်းက ဖန်ကုစကြဝဠာတွင် လူသိများသောတည်ရှိမှုဖြစ်ကြသည်။ မဟာချင်နတ်မင်းဆက်က ၎င်းတို့နှင့်ရန်သူဖြစ်သွားပါက ဥာဏ်မရှိရာကျမည်။
မဟာချင်ဘုရင် နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသည့်အခါတွင် ၎င်းကို မလိုလားသော အချိန်တာအိုဘိုးဘေးက "အရှင်၊ ဒါက ကျွန်တော့စိတ်ကူးသက်သက် မဟုတ်ပါဘူး၊ တာ့ယွီမင်းဆက်ကို ချန်မင်နဲ့ တုန်းဟိုင်ပြည်နယ်ကို စွန့်လွှတ်ခိုင်းဖို့အတွက်၊ ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ အင်အားစုများစွာက စာပို့ပြီးတောင်းဆိုထားကြပါတယ်”
ထိုစကားများက မူလက သဘောမတူသည့် အကြီးအကဲများသည်မထိန်းထားနိုင်တော့ချေ။
ကမ္ဘာတစ်ခုစွန့်လွှတ်ရန်တောင်းဆိုခြင်းကပင် လွန်လွန်းနေပြီဖြစ်သည်။ ကမ္ဘာကြီးနှစ်ခုကို စွန့်လွှတ်ရန်အတွက် တာ့ယွီမင်းဆက်ကိုတောင်းဆိုခြင်းက သေကြောင်းကြံစည်နေခြင်းသာဖြစ်၏။
"အရှင်၊ ဒါကိုသဘောတူလို့မဖြစ်ပါဘူး" ဟု ဝန်ကြီးချုပ်လီစစ်က ချက်ချင်းကန့်ကွက်လိုက်သည်။
မဟာချင်ဘုရင်သည် စကားမပြောဘဲ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို ချိန်ဆနေသကဲ့သို့ အချိန်ဘိုးဘေးကိုကြည့်နေခဲ့သည်။ ဘုရင်က မငြင်းဆိုသည်ကို တွေ့လိုက်ရသဖြင့် အကွက်ထပ်ရွှေ့ကာ မီးထဲသို့ ဆီအမြန်လောင်းလိုက်သည်။
“အရှင်၊ ဒီကိစ္စကို ကျွန်တော်တို့ စဖို့မလိုပါဘူး။ တခြား အင်အားစုတွေက တာ့ယွီနတ်မင်းဆက်နဲ့ တိုက်ရိုက် ညှိနှိုင်းကြလိမ့်မယ်။ သူတို့က ခေါင်းဆောင်ပဲလိုတာပါ"
"အဲဒီအချိန်ရောက်ရင် ကျွန်တော်တို့တို့မဟာချင်နတ်မင်းဆက် ထိန်းချုပ်မှုအောက်မှာ ကမ္ဘာကြီးနှစ်ခုထဲကတစ်ခု ရလာလိမ့်မယ်"
၎င်းက လက်တစ်ချောင်းမှမ၊မဘဲ အကျိုးကျေးဇူးများစွာရရှိခြင်းဖြစ်ရာ အမှန်တကယ်ပင် ကောင်းမွန်သော အရာတစ်ခုဟုထင်ရသည်။ သို့သော် မဟာချင်ဘုရင်၏မျက်နှာသည် ရုတ်တရက် အေးစက်လာသည်။
"ငါတို့ မဟာချင်နတ်မင်းဆက်အတွင်းမှာ ပျက်ဆီးခြင်းဂိုဏ်းက သူလျှိုတစ်ဦးရှိနေမယ်လို့ မမျှော်လင့်ထားဘူး"
ဤစကားများက အချိန်တာအိုပညာရှင်၏ မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။ မဟာချင်ဘုရင်သည် သူ၏အထောက်အထားကို မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။
"အရှင်၊ ကျွန်တော်က ကျွန်တော်တို့ရဲ့ မဟာချင်နတ်မင်းဆက်အတွက်ပဲ ထမ်းဆောင်တာပါ။ အရှင် ကျွန်တော့ကို စွပ်စွဲနေပါပြီ" ဟု အချိန်ဘိုးဘေးက လျှောက်ထားလိုက်ကာ သူ့တစ်ကိုယ်လုံး ချွေးစက်မှာစိုရွှဲနေပြီး မြေပေါ်သို့လဲကျကာ ရုန်းကန်ရန် ကြိုးစားနေရသည်။
"အရင် တာ့ယွီနတ်မင်းဆက် အဆင့်တက်လှမ်းတုန်းက ဖြစ်ခဲ့တဲ့ကိစ္စကလဲ မင်းလုပ်နေတာပဲမဟုတ်လား"
“အော် မဟုတ်ဘူး၊ မင်းတစ်ယောက်တည်းမဟုတ်ဘဲ၊ တခြားသူတွေလည်း ရှိသေးတာပဲ"
"ငါနဲ့ ကံကြမ္မာတူတဲ့သူဆိုတော့၊ အဲဒါက မဟာမင်နတ်မင်းဆက် ဒါမှမဟုတ် ထန်မင်းဆက်ကလား"
မဟာချင်ဘုရင်၏ စကားတစ်ခုစီတိုင်းက အချိန်ဘိုးဘေး၏မျက်နှာကို ဖြူဖျော့သွားစေသည်။
မဟာချင်ဘုရင်ပြောသမျှ အကုန်မှန်ကန်သည်မှာ ထင်ရှားပါ၏။
"ထပ်ပြီး မှန်းကြည့်ရအောင်၊ မဟာချင်နတ်မင်းဆက်မှာ မင်းကြံရာပါတွေများရှိသေးလား"
မဟာချင်ဘုရင်က ရောက်ရှိနေသော အကြီးအကဲအားလုံးကို ကြည့်ရှုလိုက်သည်။ အချို့ကသူ့ကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားကြ၏။ နောက်အခိုက်အတန့်တွင် အသံတစ်ခုပေါက်ကွဲထွက်လာသည်။
"ငါ့မင်းဆက်မှာ ဒီလိုပိုးကောင်တွေရှိနေမယ်လို့ မထင်ထားမိဘူး"
အကြီးအကဲများအားလုံး၏ ကျောရိုးများပင် အေးစိမ့်သွားသလို ခံစားရသည်။ မဟာချင်ဘုရင်၏ရှေ့တွင် သူတို့သည် လုံးလုံးလျားလျားထိုးဖောက်ခံလိုက်ရကာ ဘာကိုမှဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ ရုတ်တရက် ပေါက်ကွဲသွားသော ကျင့်ကြံရေးသမားများကို ထင်ရှားစွာတွေ့ရှိခဲ့သည်။
မဟာချင်ဘုရင်ကဲ့သို့ သန်မာသည့်သူတစ်ဦးအတွက် သူစုံစမ်းရန် စိတ်ပိုင်းဖြတ်ထားပါက သဲလွန်စများကို ကျိန်းသေရှာတွေ့မည်ဖြစ်သည်။ တာ့ယွီနတ်မင်းဆက်၏ရွှေကံကြမ္မာကို နောက်ဆုံးအကြိမ် ခိုးယူခံရချိန်က မဟာချင်ဘုရင်သည် သဲလွန်စများ ရှာတွေ့ထားပြီးဖြစ်သည်။
မဟာချင်မင်းဆက်နှင့် တာ့ယွီနတ်မင်းဆက်တို့ကြား ပဋိပက္ခကို လှုံ့ဆော်ရန်ကြိုးပမ်းနေပုံရသော မဟာချင်မင်းဆက်ကို ပစ်မှတ်ထားသည့်သူများ ရှိနေသည်။ သို့သော် ထိုအချိန်တွင် မဟာချင်ဘုရင်က လူသိရှင်ကြား ဘာမှမပြောခဲ့ပေ။
အကြောင်းမှာ ထိုအချိန်က မဟာချင်ဘုရင်ရောက်ရှိလာသောအခါတွင် သက်သေမကျန်တော့ဘဲ နောက်ကွယ်မှလူများမှာလည်း အားမနည်းကြောင်း ညွှန်ပြနေသည်။ ယခုတစ်ကြိမ်တွင် သက်သေအထောက်အထားများကိုပါ တွေ့ရှိရသဖြင့် မဟာချင်ဘုရင်သည် စိတ်သက်သာရာရသွား၏။