အခန်း ၃၁၆-၃၁၈
Vol. 22 Ch. 316-318
အခန်း ၃၁၆ - စိတ်လှုပ်ရှားနေသော ဗောဓိဘိုးဘေး၊ ရီဖန်နိုင်သွားပြီ
မဟာချင်ဘုရင်သည် အခြားမည်သည့်အရာကိုမှ မကြောက်သော်လည်း နောက်ကွယ်တွင် မည်သူကြိုးကိုင်နေမှန်းမသိရဘဲ ပစ်မှတ်ထားခံရခြင်းကို မကြိုက်ပေ။ ဤခံစားချက်က မဟာချင်ဘုရင်ကို မကျေမနပ်ဖြစ်စေ၏။
"သူတို့ကို အရင်စုံစမ်းကြည့်ကြတာပေါ့၊ မကြာခင် အဖြေပေါ်လာမယ်လို့်ထင်ပါတယ်"
နောက်အခိုက်အတန့်တွင် မဟာချင်ဘုရင်သည် နေရာမှ ပျောက်ကွယ်သွားသည်။ သူနှင့်အတူပျောက်ကွယ်သွားသူမှာ မြေပြင်ပေါ်တွင် လဲကျနေသော အချိန်တာအိုဘိုးဘေးဖြစ်သည်။
မဟာချင်ဘုရင် ပြန်ပေါ်လာချိန်တွင် သူသည် စတုရန်းလက်မတောင်တွင်ရှိနေ၏။ စတုရန်းလက်မတောင်သည် နယ်ပယ်သုံးထောင်မှ တစ်သီးတခြားရှိသော်လည်း၊ မဟာချင်ဘုရင်အတွက် ၎င်း၏ကျင့်ကြံမှုအဆင့်ဖြင့် ထိုနေရာကိုရှာဖွေရန် မခက်ခဲပေ။
"ယင်ကျန်း၊ မင်း ဒီအဖိုးကြီးကို လာရှာမယ်လို့ မမျှော်လင့်ထားဘူး"
ယင်ကျန်းသည် မဟာချင်ဘုရင်၏ နာမည်ရင်းဖြစ်သည်။ သို့သော် ပန်ကုစကြဝဠာတွင် မဟာချင်ဘုရင်၏ နာမည်ရင်းကိုသိသူ အနည်းငယ်မျှသာရှိသည်။
"ဗောဓိ၊ မင်းရဲ့စတုရန်းလက်မတောင်ရောက်လာတာက ရှင်းပြချက်ပေးဖို့ပါ" ထိုအဖြစ်အပျက်ပြီးနောက်တွင် ဗောဓိဘိုးဘေးက သူ့ကို တိုက်ရိုက်မမေးခဲ့သော်လည်း သူတစ်ခုခုကို ရှာတွေ့ထားကြောင်း ယင်ကျန်းသိသည်။
အချိန်တာအိုဘိုးဘေးသည် မြေပြင်ပေါ်တွင် လဲကျနေ၏။ ဗောဓိဘိုးဘေးနှင့် မဟာချင်ဘုရင်တို့နှစ်ဦးစလုံးသည် သူရန်မစဝံ့သောသူများဖြစ်သည်။ သူ့ကံကြမ္မာကို သတ်မှတ်ပြီးလေပြီ။
"ဒါက ကံကြမ္မာရွှေကွင်းခိုးယူမှုရဲ့ နောက်ကွယ်ကသူလား"
ဗောဓိဘိုးဘေးကပြုံးလိုက်သည်။ "ဟုတ်တယ်၊ သူ့နောက်မှာ တခြားသူတွေ ရှိနိုင်သေးတယ်”
ယင်ကျန်းသည် အချိန်တာအိုဘိုးဘေး၏ နောက်ကွယ်တွင် မည်သူရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိသေးချေ။ သို့သော် အကျိုးအကြောင်းသက်ရောက်မှုအရ မဟာချင်နတ်မင်းဆက်နှင့် တာ့ယွီနတ်မင်းဆက်အကြား သဘောထားကွဲလွဲလျှင် အကျိုးအမြတ်အများဆုံးရရှိမည့်သူက နောက်ကွယ်မှကြိုးကိုင်သူဖြစ်နိုင်၏။
မဟာထန်နတ်မင်းဆက်နှင့် မဟာမင်နတ်မင်းဆက်တို့သည် တာ့ယွီနတ်မင်းဆက်နှင့် မဟာချင်နတ်မင်းဆက်ကြားဆက်ဆံရေးကို ကောင်းမွန်စေလိုခြင်းမရှိသည်မှာ ထင်ရှားသည်။ သို့သော် ၎င်းတို့အင်အားစုနှစ်ခုထဲမှ မည်သူ၏လက်ချက်ဖြစ်ကြောင်း မပြောနိုင်သေးပေ။
"မှန်းထားသလိုပဲ၊ ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနိုင်တယ်လို့ ရှောင်ဖန်ပြောခဲ့တာ မှန်နေတာပဲ!"
ဗောဓိဘိုးဘေးက ယင်ကျန်းကို ရင်းရင်းနှီးနှီးသိသည်။ ထိုကိစ္စက သူ၏လက်ချက်မဖြစ်နိုင်။ ကြားထဲ အထင်လွှဲစေသော အခြားအရာများရှိသည်ကို အတပ်ပြောနိုင်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရီက သိခဲ့တာလား"
ယင်ကျန်း အနည်းငယ်အံ့သြသွားသည်။ သူ့မှာ သက်သေအထောက်အထားများနှင့်အတူ ရှင်းပြရန်စဉ်ထားသော်လည်း သူ၏ရှင်းပြချက်မတိုင်မီကပင် အမှန်တရားကို ရှာဖွေတွေ့ထားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဟုတ်တယ်၊ ရှောင်ဖန်က မင်းကိုချွင်းချက်မရှိ ယုံကြည်ပုံပဲ။ သူက နောက်ကွယ်ကတစ်ယောက်က မင်းလို့ လုံးဝကိုမတွေးခဲ့ဘူး"
"မျိုးနွယ်စုခေါင်းဆောင်ရီက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့လူပဲ!"
ယင်ကျန်းသည် ယခင်တည်းကရီဖန်ကို စိတ်ဝင်စားခဲ့ပြီးဖြစ်သော်လည်း ယခုပိုစိတ်ဝင်စားသွားသည်။ နားလည်မှုလွဲနိုင်မည့်အရာများကို ရှင်းလင်းခဲ့ကြသော်လည်း တိုက်ရိုက်အရေးယူရန် မစီစဉ်ထားကြချေ။
အကယ်၍ ကိစ္စများ၏နောက်ကွယ်မှလူသည် မဟာချင်နှင့်တာ့ယွီအကြား ပြဿနာများတက်စေရန်လှုံ့ဆော်ခြင်း ကျရှုံးသွားကြောင်းသိပါက လွယ်ကူစွာလက်လျှော့မည်မဟုတ်ပေ။
ယခုတွင် ၎င်းတို့သည် ကြိုးကိုင်သူဘက်မှလှုပ်ရှားရန် စောင့်ဆိုင်းပြီး သူ့ကို ဖော်ထုတ်ရန်သာလိုသည်။ ဗောဓိဘိုးဘေးနှင့် မဟာချင်ဘုရင်တို့နှစ်ဦး ပူးပေါင်းထားကြောင်းသိပါက အကွက်ရွှေ့ရန်တုံ့ဆိုင်းနေနိုင်သည်။
…..
“စောက်သုံးမကျဘူး၊ အားလုံး စောက်သုံးမကျကြဘူး!"
နေရာလွတ်ထဲတွင် အရိုးဘိုးဘေးက လျှို့ဝှက်ပုဂ္ဂိုလ်တစ်ဦးကို အပြစ်တင်နေသည်။
"အရိုးဘိုးဘေး၊ မင်းနေရာမင်း သတိရစမ်း၊ ငါက မင်းတို့ ပျက်ဆီးခြင်းဂိုဏ်းက ခွေးမဟုတ်ဘူး၊ မင်းရဲ့ဒေါသကို ငါ့အပေါ်လာပုံမချနဲ့"
ကြောက်မက်ဖွယ်ရောင်ဝါကို ခံစားလိုက်ရသဖြင့် အရိုးဘိုးဘေးက ချက်ချင်းသူ့ဒေါသကို မျိုသိပ်လိုက်ရသည်။
"ဒီကိစ္စကို ဖြေရှင်းဖို့တခြားနည်းလမ်းရှိလား" အရိုးဘိုးဘေးက မကျေမနပ်မေးလာ၏။
"မဟာနတ်မင်းဆက်က မအောင်မြင်ရင် နောက်ထပ်ပစ်မှတ်ကို ပြောင်းကြတာပေါ့။ ပန်ဂုစကြာဝဠာမှာ သူတို့ချည်းရှိတာမှမဟုတ်တာ"
မဟာထန်နတ်မင်းဆက်နှင့် မဟာမင်နတ်မင်းဆက်သည် မဟာချင်နတ်မင်းဆက်ကဲ့သို့ အင်အားကြီးမားခြင်းမရှိသော်လည်း ၎င်းက ၎င်းတို့၏အကြံအစည်အတွက် အနှောက်အယှက်မရှိချေ။
သူတို့သည် ၎င်းတို့၏လှည့်ကွက်ဟောင်းများကို အသုံးချရန်သာ လိုလိမ့်မည်။ တာ့ယွီနတ်မင်းဆက်သည် ဤမျှအထိ သည်းခံနိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ မဟာချင်နတ်မင်းဆက်နှင့် ရီဖန်တို့အား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခွင့် မပြုနိုင်ပါ။
"ငါ ဒီကိစ္စကို မင်းနဲ့ အပ်ထားခဲ့မယ်"
အရိုးဘိုးဘေးက သူ၏မာနထောင်လွှားမှုကို ပယ်ချလိုက်ကာ အလွန်လေးစားစွာပြောသည်။ အကြောင်းမှာ ဤလူက သူ့ကိုသတ်နိုင်စွမ်းရှိကြောင်းကို ကောင်းစွာသိရှိထားသောကြောင့်ပင်။
"လူသားမျိုးနွယ်စုက ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတာပဲ၊ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးတောင် ပေါ်လာသေးတယ်။ ဒါပေမယ့် ကြည့်ရတာတော့ သူက လူသားမျိုးနွယ်စုနဲ့ ဘက်မတူဘူးထင်တယ်"
ပျောက်ကွယ်သွားသော လျှို့ဝှက်ပုဂ္ဂိုလ်ကို ကြည့်ရင်း အရိုးဘိုးဘေးက ညည်းညူလိုက်သည်။
"သူက အဲဘက်မှာမရှိရင် ပိုကောင်းတယ်မဟုတ်လား၊ ဒီလို အင်အားကြီးနောက်ခံကို ဘယ်မှာရှာတွေ့နိုင်မလဲ"
တိမ်နက်တာအိုပညာရှင်သည် အရိုးဘိုးဘေး၏ ဘေးတွင်ပေါ်လာကာ သူရောက်ရှိသွားသည်ကို မည်သူမျှ မသိပေ။
"တိမ်မည်း၊ မင်း ဘယ်တုန်းက ရောက်နေတာလဲ"
အရိုးဘိုးဘေး၏မျက်နှာသည် ချက်ချင်းပင် အေးစက်သွား၏။
"ငါဒီမှာတစ်ချိန်လုံးရှိနေတာပဲ မင်းသတိမထားမိတာနေမယ်" တိမ်နက်တာအိုပညာရှင်က ပြန်ပြောလိုက်သည်။
"တိမ်မည်း၊ နောက်တစ်ခါကျရင် ငါ့အစီအစဉ်တွေကို ခိုးနားမထောင်ဖို့ မျှော်လင့်ပါတယ်!"
အရိုးဘိုးဘေးသည် သတိအပြည့်ထားလိုက်သော်လည်း တွန်းအားမပေးဘဲ တိမ်နက်တာအိုပညာရှင်ကို စောင့်ကြည့်ရန်သာ သူ့ကိုယ်သူ တိတ်တဆိတ် သတိပေးခဲ့သည်။ တိမ်နက်တာအိုပညာရှင်၏ ပုံစံအစစ်အမှန်က တိမ်မည်းတစ်ခုဖြစ်သောကြောင့် သူဖုံးကွယ်ရန်ကြိုးစားပါက သူ့ကိုဖော်ထုတ်နိုင်မည်မဟုတ်ချေ။
ယခုဆိုလျှင် အရိုးဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ အကြီးတန်းပုဂ္ဂိုလ်များကိုပင် အပြည့်အဝယုံကြည်နိုင်တော့မည်မဟုတ်ပေ။ သူ့အတွက် ဤအစီအစဉ်က အလွန်အရေးကြီးသောကြောင့် ပျက်ဆီးခြင်းဂိုဏ်းမှ အခြားသူများကို ပါဝင်ခွင့်မပြုနိုင်ချေ။ ၎င်းက တိမ်နက်တာအိုပညာရှင်ဖြစ်လျှင်ပင် ခွင့်မပြုနိုင်ပါ။
"ရေရှည်တာဝန်ကို ပြီးမြောက်သွားလို့ ဂုဏ်ယူပါတယ်။ သခင်၊ မိသားစုအင်အားအဆင့်ဆယ့်နှစ်အတွက် ဆုလာဘ်ထုတ်ယူနိုင်ပါပြီ"
တုန်းဟိုင်တာ့လုကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မိသားစုအင်အားတန်ဖိုးသည်လည်း စဉ်ဆက်မပြတ်တိုးလာခဲ့ကာ မိသားစုစွမ်းအားရေရှည်တာဝန်သည်လည်း နောက်ဆုံးတွင် နောက်တစ်ဆင့်သို့ရောက်ရှိသွား၏။
“စနစ်၊ ဆုငွေထုတ်လိုက်”
"ဆုရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ကောင်းကင်ဘုံဗိုလ်ချုပ်ရာထူး ၃၆ခု၊ မြေကမ္ဘာဗိုလ်ချုပ်ရာထူး ၇၂ခုနဲ့ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအား တစ်ခုရရှိပါတယ်"
ကောင်းကင်ဗိုလ်ချုပ် ၃၆ဦးနှင့် မြေကမ္ဘာဗိုလ်ချုပ် ၇၂ ဦးတို့က ရှေးကောင်းကင်ရုံးတော်မှ ဒဏ္ဍာရီလာရာထူးနေရာများဖြစ်သည်။ ၎င်းတို့သည် ကြယ်တာရာ၂၈ခုထက် အနည်းငယ် စွမ်းအားလျော့သော်လည်း အလွန်အစွမ်းထက်သည့် အရာများဖြစ်ဆဲပင်။
ယခု မဟာတာ့ယွီမင်းဆက်တွင် ရှိသောအရာများမှာ ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ ဤရာထူးနေရာ ၁၀၈ ခုဖြင့် တာ့ယွီမင်းဆက်သည် ၎င်းတို့၍ကွက်လပ်ကိုဖြည့်ရန်အတွက် ထိပ်တန်းကျွမ်းကျင်သူ ၁၀၈ ယောက်ကို လျင်မြန်စွာ ကျင့်ကြံနိုင်လိမ့်မည်။
နောက်ဆုံးဆုက ရင်းနှီးပြီးသောဆုတစ်ခုဖြစ်၏။ မူလက ရီဖန်သည် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို ရရှိရန် လွယ်ကူမည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားသည် နှစ်ကြိမ်ဆက်တိုက်ဆုအနေဖြင့်ပေါ်လာရာ ရီဖန်၏စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်သွား၏။
အနာဂတ်တွင် အလုပ်တစ်ခုပြီးမြောက်တိုင်း ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို အမြဲထပ်ပေါင်းပေး လိမ့်မည်တော့မဟုတ်တန်ရာ။ စနစ်၏ သဘောတရားနှင့်အညီ သုံးသပ်ကြည့်လျှင် ဤဖြစ်နိုင်ခြေသည် တကယ်မြင့်မားသည်။
ရီမျိုးနွယ်စုတွင် အဖွဲ့ဝင်များစွာရှိသည်။ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအား မလုံလောက်ပါက နောက်ပိုင်းတွင် ရီမျိုးနွယ်စုမှ အင်အားကြီးကျင့်ကြံသူများ၏ ထိုးဖောက်အောင်မြင်မှုများအတွက် အထောက်အကူပြုရန် မည်သို့လုံလောက်မည်နည်း။
ရီမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ကျင့်ကြံမှုအဆင့်သည် မလုံလောက်သေးသောကြောင့် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို သုံးရန်စောနေသေး၏။ ထိုအခြေအနေတွင် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကိုသုံးနိုင်သူတစ်ယောက်ကို အရင်သုံးစေသင့်သည်မဟုတ်လညး။
ရီဖန်တွေးမိသည့်သူမှာ ဗောဓိဘိုးဘေးဖြစ်သည်။
ဗောဓိဘိုးဘေးက ဟုန်မိန်ခရမ်းရောင်ချီကို အသုံးပြုခဲ့လျှင် သူတော်စင်အဆင့်သို့မဖြတ်ကျော်နိုင်လျှင်ပင် သူတော်စင်တစ်ဝက်နယ်မြေသို့ ဖြတ်ကျော်နိုင်သေးသည်။
လက်ရှိ ပန်ကုစကြဝဠာသည် ဖရိုဖရဲကာလအတွင်းကျရောက်နေ၏။ အနှိုင်းမဲ့တာအိုဘိုးဘေးပင်လျှင် ယခင်ကဲ့သို့ အနှိုင်းမမဲ့တော့ချေ။ အကယ်၍ သူတော်စင်တစ်ပိုင်းနယ်မြေကျင့်ကြံသူရှိပါက ပြဿနာရှာမည့်သူများရန်မှ တားနိုင်လိမ့်မည်။
ရီဖန်သည် အသန်မာဆုံးပေါင်လုံးကြီးကို ဖမ်းကိုင်ထားနိုင်မှသာ၊ သူ့စိတ်ထဲတွင် ပိုပြီးစိတ်ချနိုင်လိမ့်မည်။ ထိုသို့တွေးပြီးနောက် ရီဖန် ဆက်မထိန်းနိုင်တော့ချေ။
အများကြီးစဉ်းစားပြီးနောက် နောက်ဆုံးတွင် ရီဖန်ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ဗောဓိဘိုးဘေးသည် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကြောင့် သူ့ကိုဒုက္ခပေးမည်မဟုတ်။ ၎င်းကို ရီဖန်ယုံကြည်သည်။
သို့ဆိုလျှင် သူ့ဆရာကို ဟုန်မိန်ခရမ်းရောင်ချီစွမ်းအား ကြိုးမျှင်တစ်ခု ပေးလိုက်ပါက ဘာပြဿနာရှိနိုင်မည်နည်း။ တခြားသူများဆိုလျှင် တုံ့ဆိုင်းနိုင်သော်လည်း ရီဖန်က တုံ့ဆိုင်းခြင်းမရှိချေ။ သူ့မှာ စနစ်ရှိသောကြောင့် စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။
မကြာမီတွင် ရီဖန်သည် စတုရန်းလက်မတောင်သို့ နောက်တစ်ကြိမ်ရောက်ရှိလာကာ ဗောဓိဘိုးဘေးနှင့် တွေ့ဆုံခဲ့သည်။
“ဆရာ၊ ကျွန်တော့မှာ အဖိုးတန်ရတနာတစ်ခုရှိတယ်လို့ ပြောရင် ကျွန်တော့ဆီက ဓားပြတိုက်မှာလား”
ရီဖန်သည် အတတ်နိုင်ဆုံးတည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။ ထိုစကားက သူ၏ဆရာဗောဓိဘိုးဘေးကို နှလုံးခုန်မြန််လာစေသည်။ သူ့တပည့်က သူ့ကို နောက်ထပ်အံ့အားသင့်စေဦးမည်လား။ အလွန်အဖိုးတန်သော ရတနာတစ်ခုဆိုလျှင် အဆင့်မြင့် နတ်လက်နက်တစ်ခုများဖြစ်နိုင်မလား။
မဟုတ်သေး။ အဆင့်မြင့် နတ်လက်နက်တစ်ခုက အဖိုးတန်သော်လည်း ဤမျှလောက်ဖြင့် သူ့တပည့်ထံတွင် ထိူသို့သောအမူအရာ ရှိနေမည်မဟုတ်ချေ။
အဖိုးတန်ရတနာ? ဗောဓိဘိုးဘေးသည် ယခင်က ရီဖန်ကို ပြောခဲ့ဖူးသော ဟုန်မိန်ခရမ်းရောင်ချီအကြောင်း ရုတ်တရက်သတိရလိုက်သည်။ အဲဒါဖြစ်နိုင်မလား! ဗောဓိဘိုးဘေး၏ နှလုံးစွမ်းအားနှင့်ပင် အနည်းငယ်ထိတ်လန့်သွား၏။ ခဏအကြာတွင် ရုတ်တရက် ပြန်လည်တည်ငြိမ်သွားပြန်သည်။
“ရှောင်ဖန် အဲဒါကို မထုတ်နဲ့။ ဒီအကြောင်းကို ဘယ်သူ့ကိုမှလဲ မပြောနဲ့။ ဒါက မင်းတစ်ယောက်တည်းပဲ သိသင့်တဲ့အရာ"
အဆုံးတွင် ဗောဓိဘိုးဘေးသည် ယခင်ကကဲ့သို့ တည်ငြိမ်သောဗောဓိဘိုးဘေး ပြန်ဖြစ်သွား၏။ ထိုအချိန်တွင် ရီဖန်သည် သူမှန်ကန်စွာ တွေးထင်ထားကြောင်း သိလိုက်သည်။
………
အခန်း ၃၁၇ - မဟာမင်နတ်မင်းဆက်ထဲက ကျားကိုဖယ်ထုတ်ဖို့ ခက်လိမ့်မယ်
“ဆရာ၊ ကျွန်တော် အခုမလိုသေးဘူးလေ၊ ဆရာ့ကိုပေးလိုက်ရင်လဲ ကျွန်တော့စွမ်းအားကို မြှင့်တင်တာနဲ့တူတယ် မဟုတ်လား”
"ဆရာ အဆင့်တက်လှမ်းပြီးသွားရင် ကျွန်တော့ကိုထားခဲ့မလို့များလား"
ရီဖန်သည် ဗောဓိဘိုးဘေးကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့သည်။ ဗောဓိဘိုးဘေးက ရီဖန်၏ ရည်ရွယ်ချက်ကို မြင်နိုင်သော်လည်း ရီဖန်၏စကားကြောင့် ထပ်မံငြင်းဆိုလိုက်လျှင် ကျေးဇူးကန်းရာကျလိမ့်မည်။
“ရှောင်ဖန်၊ မင်းဆရာ့ကို ဒီရတနာ ပေးချင်တာသေချာလား၊ ဒါမျိုးဒုတိယတစ်ခုရဖို့ဆိုတာ လွယ်မှာတာရော သဘောပေါက်လား"
ဗောဓိဘိုးဘေးက လေးလေးနက်နက်ပြောသည်။
"ဆရာ၊ ကျွန်တော် နောင်တရစရာမရှိပါဘူး။ အဆိုးဘက်ကမတွေးပါနဲ့။၊ နောင်တစ်ချိန်ကျ နောက်ထပ်တစ်ခု ထပ်ရနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ"
ထိုစကားများကို ဗောဓိဘိုးဘေးက တုံ့ပြန်ခြင်းမရှိပေ။ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်နှစ်ချောင်းကို အခြားသူတစ်ဦးက ရရှိထားသည်ဟုဆိုလာလျှင် ဗောဓိဘိုးဘေးက ၎င်းကိုယုံမည်မဟုတ်ပေ။
သို့သော် ရီဖန်ကိုတော့ ဗောဓိဘိုးဘေးက မဝေဖန်ဝံ့ချေ။ သူ့တပည့်က အလွန်ထူးခြားသောကြောင့် အနာဂတ်တွင် သူသည် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို အမှန်တကယ် ရရှိနိုင်၏။ နောက်ဆုံးတွင် ဗောဓိဘိုးဘေးက ရီဖန်၏အဆိုပြုချက်ကို သဘောတူလိုက်သည်။
ရီဖန်က အသာပြုံးလိုက်ကာ သူပြင်ဆင်ထားသော ဟုန်မိန်ခရမ်းရောင်ချီကို ထုတ်လိုက်သည်။
ဗောဓိဘိုးဘေးက စိတ်ကိုပြင်ဆင်ထားသည့်တိုင် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကိုမြင်ရသည့်အချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပေ။ အဆုံးတွင် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို ပိုင်ဆိုင်ထားသူက သူတော်စင်ဖြစ်လာနိုင်မည်မဟုတ်လား။
သူ့ဘဝအတွက် အဓိကရေစီးကြောင်းကြီးးရောက်လာလေပြီ။
၎င်းက စပင်မစတင်ရသေးသော်လည်း သူသည် အောင်မြင်ပြီးဖြစ်၏။ ဗောဓိဘိုးဘေးမှာ ဘယ်လိုမှစိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
“ရှောင်ဖန်၊ ဒီဆရာက ကျေးဇူးတင်ပါတယ်”
ဗောဓိဘိုးဘေးက လေးနက်စွာပြောသည်။ ယခုတွင် ဗောဓိဘိုးဘေးသည် အဓိကရေစီးကြောင်းထဲမရောက်သေးသောကြောင့် ဟုန်မိန်ခရမ်းရောင်ချီနှင့်ပင် သူသည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်နိုင်ဦးမည်မဟုတ်ချေ။
သို့သော် သူတော်စင်တစ်ပိုင်းနယ်မြေကို ဖြတ်ကျော်ရန်တော့ လုံလောက်နိုင်၏။ ဗောဓိဘိုးဘေးက စကားအများကြီးမပြောဘဲ စတုရန်းလက်မတောင်၏အာဏာကို ရီဖန်ထံလွှဲအပ်ကာ အလျင်အမြန်ထွက်သွားခဲ့သည်။
ယခင်က ဗောဓိဘိုးဘေး ထိုကဲ့သို့ပြုမူသည်ကို တစ်ခါမှမမြင်ဖူးသော တပည့်များက မအံ့သဩဘဲမနေနိုင်ချေ။ ၎င်းတို့၏ ဆရာတူအစ်ကိုကြီးက သူတို့ဆရာကို အလွန်စိတ်လှုပ်ရှားစေခဲ့သည့်အရာက မည်သည့်အရာဖြစ်နိုင်သနည်း။
သို့သော် တပည့်များထံတွင် အခြားအကြံအစည်မရှိပေ။ စတုရန်းလက်မတောင်တစ်ခုလုံးအတွက် ၎င်းတို့၏ဆရာတူအစ်ကိုပေးခဲ့တဲ့ အကူအညီကို သိထာားကြပြီးဖြစ်သည်။ ၎င်းတို့ နှလုံးသားထဲတွင် ကျေးဇူးတရားများမှအပ တခြားအတွေးများ မည်သို့ရှိနိုင်မည်နည်း။
ရန်ဟွမ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် ရီဖန်သည် သူ၏အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ ရီမိသားစု ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်များ အားကောင်းလာသည်နှင့်အမျှ ရီဖန်၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်သည်လည်း အင်မော်တယ်ဧကရာဇ်၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
ရီဖန်က သူသည် အချိန်တိုအတွင်း တာအိုဘိုးဘေးအဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အရေးရလိမ့်မည်ဟု ယုံကြည်၏။ ထိုအချိန်တွင် ပန်ကုစကြဝဠာ၏ အထွတ်အထိပ်ဖြစ်သော တာအိုဘိုးဘေးတစ်ဦးအဆင့် စွမ်းအားရှိလာလိမ့်မည်ဟု ဆိုလိုသည်။
ရီဖန်သည် ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာလေပြီ။ တာအိုဘိုးဘေးတစ်ဦး၏ အင်အားဖြင့် ရီဖန်သည် တာ့ယွီနတ်မင်းဆက်၏ကံကြမ္မာဖြစ်သော ကံကြမ္မာရွှေကွင်းကိုလုယူခဲ့သည့် အင်အားစုနှင့် တန်းတူညီနိုင်လိမ့်မည်ဟု ယုံကြည်သည်။ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးမျှလောက်တော့ မိသားစုတိုင်းတွင် တစ်ဦးစီရှိနိုင်သည်မဟုတ်လား။
ဤအတောအတွင်း မဟာချင်မင်းဆက်၏ ဦးဆောင်မှုမရှိသောကြောင့် အင်အားစုအများအပြားသည် ၎င်းတို့၏ကျောထောက်နောက်ခံကို ဆုံးရှုံးသွားရာ တာ့ယွီနတ်မင်းဆက်ကို ရန်စရန် မဝံ့ရဲခဲ့ကြပေ။
"အသုံးမကျတဲ့ အချိန်ဘိုးဘေးပဲ၊ မဟာချင်ဘုရင်ကို သိမ်းသွင်းနိုင်တယ်လို့ ပြောခဲ့ပြီးတော့ အခုကျအသတ်ခံလိုက်ရတယ်"
တာအိုဘိုးဘေးက ချင်မင်းဆက်ကိုသိမ်းသွင်းနိုင်မည်ဟု ဆွဲဆောင်ထားသောကြောင့် ကုန်ကျစရိတ်လဲများပြားခဲ့သည်။ ထိုအင်အားစုများကလည်း အတော်ပေးဆပ်ခဲ့ရသည်။
သို့သော် ယခုအချိန်တွင် ဘာသတင်းမှမရှိသည့်အပြင် အချိန်တာအိုဘိုးဘေးကိုပင် ဆက်သွယ်၍မရတော့သောကြောင့်၊ သူတို့ မပျော်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် အချိန်တာအိုဘိုးဘေး၏ အထောက်အထားကို မသိခဲ့ကြချေ၊ သို့မဟုတ်ပါက သေလောက်အောင် လန့်သွားလိမ့်မည်။ ၎င်းတို့သည် တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်ရန် ကြံစည်ရဲသော်လည်း ပျက်ဆီးခြင်းဂိုဏ်းမှ သူလျှိုများကိုတော့ ရန်စရန်သတ္တိမရှိပေ။
၎င်းတို့သည် မဟာချင်မင်းဆက်ကို အားမကိုးနိုင်တော့သော်လည်း အရှုံးမပေးလိုကြသေးချေ။ ၎င်းတို့ကျင့်ကြံသူများအနေဖြင့် ပျက်ဆီးခြင်းနေရာလွတ်အတွင်း လှည့်လည်သွားလာနေခြင်းက ရေရှည်ဖြေရှင်းချက်မဟုတ်သောကြောင့် ဝှက်ကတ်အသစ်တစ်ခုလိုအပ်သည်။
၎င်းတို့သည် ဝှက်ဖဲများကို စိတ်မဝင်စားသည့်အပြင် နေရာကောင်းများကို သိမ်းပိုက်ထားသော အင်အားစုများကလည်း ၎င်းတို့ထက်အားမနည်းကြချေ။ ယခုအချိန်တွင် ပိုင်ရှင်မရှိသော နယ်မြေသစ်တစ်ခု မပေါ်လာပါက ၎င်းတို့အတွက် သင့်လျော်သောနေရာရှိလိမ့်မည်မဟုတ်။
ထို့အပြင် ဤနယ်မြေသည်လည်း အသေးငယ်သောကြောင့် အင်အားစုများစွာရှိပြီးဖြစ်သည်။ ထို့အပြင် နယ်မြေကျဉ်းလွန်းလျှင် အင်အားစုအများအပြားကို ထားရှိနိုင်လိမ့်မည်မဟုတ်။
ချင်မင်းဆက်ထံမှ အကူအညီမရနိုင်တော့ရာ အခြားအင်အားစုများက ကူညီရန်သာ မျှော်လင့်နိုင်သည်။ တာ့ယွီနတ်မင်းဆက်က သဘောတူသည် မတူသည်ကိုတော့ ဆက်မစဉ်းစားတော့ချေ။
အသစ်တည်ထောင်ထားသော နတ်မင်းဆက်က ကောင်းမွန်စွာတည်ထောင်ထားပြီးဖြစ်သော နတ်မင်းဆက်များကို ငြင်းဆန်နိုင်လိမ့်မည်မဟုတ်။
ယခုတစ်ကြိမ် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ဖြစ်ရပ်တွင် တာ့ယွီနတ်မင်းဆက်သည် အကျိုးကျေးဇူးများစွာရရှိခဲ့သောကြောင့် အချိန်နည်းနည်းတော့လိုလိမ့်မည်။
“ ငါ ထန်နတ်မင်းဆက်နဲ့ကို ဆက်သွယ်လိူက်မယ်၊ မင်းတို့က မင်နတ်မင်းဆက်ကို ဆက်သွယ်လိုက်၊ ဒီတစ်ကြိမ်တော့ ကျရှုံးလို့မဖြစ်ဘူး”
ထိုနတ်မင်းဆက်နှစ်ခုက ၎င်းတို့၏နောက်ဆုံးမျှော်လင့်ချက် ဖြစ်၏။ အကယ်၍ နတ်မင်းဆက်တစ်ခုက သဘောတူလက်ခံလျှင် တာ့ယွီနတ်မင်းဆက်ကို တိုက်နိုင်လိမ့်မည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီးနောက် နတ်မင်းဆက်နှစ်ခုလုံးထံမှ တုံ့ပြန်မှုမရရှိသေးရာ တာအိုဘိုးဘေးများကို စိတ်ရှုပ်လာစေသည်။ ၎င်းတို့နတ်မင်းဆက်နှစ်ခုလုံးက သဘောမတူသလို ငြင်းလဲမငြင်းပေ။
ထန်နတ်မင်းဆက်အတွင်း ဝန်ကြီးချုပ်စုမူက စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
“သူတို့ပြောတာကို သဘောတူမယ်ဆိုရင်လဲ ဘာလို့အခုမတူလိုက်တာလဲ”
“ စုမူ၊ ငါတို့ကို လာရှာတာက သူတို့လေ၊ ဘာလို့ ငါတို့က အလောတကြီးသဘောတူရမှာလဲ”
“မင်မင်းဆက်ကိုအရင် လှုပ်ရှားခိုင်းလိုက်တာက မကောင်းဘူးလား” ထန်မင်းဆက်၏ဘုရင်က သူ့လက်ထဲရှိ ကံကြမ္မာရွှေကွင်းကို ကစားရင်း အလျင်မလိုဘဲ ပြောလိုက်သည်။
အကယ်၍ထိုနေရာတွင် တာ့ယွီမင်းဆက်မှ အကြီးအကဲများသာရှိပါက ၎င်းသည် ကံကြမ္မာရွှေကွင်းကိုးကွင်းထဲမှ ခိုးယူခံလိုက်ရသောတစ်ခုဖြစ်ကြောင်း တန်းမှတ်မိနိုင်၏။
………..
အခန်း ၃၁၈ - မဟာမင်နတ်မင်းဆက်ထဲက ကျားကိုဖယ်ထုတ်ဖို့ ခက်လိမ့်မယ်
ရီဖန်၏ခန့်မှန်းချက်က အလွန်မှန်၏။ ကံကြမ္မာရွှေကွင်းသည် မဟာချင်နတ်မင်းဆက်၏ လက်ထဲတွင် မဟုတ်ဘဲ၊ ထိုကိစ္စနှင့် မသက်ဆိုင်ပုံရသည့် ထန်နတ်မင်းဆက်၏ လက်ထဲတွင်ရှိသည်။
"မဟာမင်မင်းဆက်က သေချာပေါက် ဒီလောက်ထိ မဆင်မခြင်မလုပ်လောက်ဘူး"
စုမူက အနည်းငယ် သဘောမတူချင်ပေ။ ဤကိစ္စသည် အကျိုးမရှိသော လုပ်ရပ်ဖြစ်သောကြောင့် ၎င်းတို့၏ ထန်နတ်မင်းဆက်မှလွဲ၍ အခြားမည်သူက ထိုသို့လုပ်မည်နည်း။
"ယင်ကျန်း၊ ဒီမြေခွေးအိုက လုပ်မှာမဟုတ်ပေမယ့် ရူးနေတဲ့ ဘုရင်ကျူးဟိုင်ကတော့ လုပ်လိမ့်မည်။ သူ့အတွက် လုံလောက်တဲ့ အကျိုးရှိမယ်ဆို သူမဖြတ်ကျော်ရဲတဲ့သူ တစ်ယောက်မှမရှိဘူး"
"တာ့ယွီနတ်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ နယ်မြေက အဲအရူးကို သွေးဆောင်ဖို့ လုံလောက်ပါတယ်"
ထန်မင်းဆက်၏ဘုရင်သည် အရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ ယုံကြည်မှုအပြည့်ရှိသည်။
မဟာမင်နတ်မင်းဆက်၏ တော်ဝင်မြို့တော်တွင် မဟာမင်ဘုရင်သည် အင်အားကြီး အင်အားစုအသီးသီးမှစေလွှတ်သော သံတမန်များကို စောင့်ကြည့်နေခဲ့သည်။
“ငါတို့ဘက်က နယ်မြေရဲ့သုံးပုံနှစ်ပုံကို လိုချင်တယ်” ဟု မဟာမင်ဘုရင်က ပြတ်သားစွာပြောလာသည်။
ထိုစကားက သံတမန်ကို တုန်လှုပ်သွားစေသည်။ ၎င်းတို့ကသာ အရေးယူရမည့်သူများဖြစ်သော်လည်း နယ်မြေ၏သုံးပုံတစ်ပုံသာ ရရှိဦးမည်။ ၎င်းကို လက်ခံရန်ခက်ခဲ၏ ခ
"မင်းတို့ကို တခြားဘယ်သူမှ သဘောတူထားတာမရှိဘူးလား" မဟာမင်ဘုရင်က မယိမ်းမယိုင် ထပ်ပြောပြန်သည်။
သိသာထင်ရှားစွာပင် အခြားသော နတ်မင်းဆက်နှစ်ပါးကလည်း သဘောတူထားပုံမရချေ။ ထိုစကားကြောင့် သံတမန်၏မျက်နှာသည် ပို၍ပင် ချဉ်တူးသွား၏။
ထိုမင်းဆက်ကြီးများ၏ ပံ့ပိုးကူညီမှုမရှိဘဲ ၎င်းတို့သည် အင်အားကြီးမားသော တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်ဝံ့မည်မဟုတ်ပေ။ အဓိကမင်းဆက်တိုင်းတွင် အထွတ်အထိပ်အဆင့် တာအိုဘိုးဘေးရှိသည်။
အထွတ်အထိပ် တာအိုဘိုးဘေးများမပါဘဲ တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်ခြင်းက မိမိကိုယ်ကို သတ်သေခြင်းသာမဟုတ်လား။ စိတ်ထဲတွင် ရုန်းကန်ပြီးနောက်၊ သံတမန်သည် နောက်ဆုံးတွင် ကျိုးကြောင်းတွေးမိသွားသည်။
မဟာမင်နတ်မင်းဆက်၏ ပံ့ပိုးကူညီမှုမရှိဘဲ ၎င်းတို့သည် အောင်မြင်ရန်အခွင့်အလမ်းမရှိပေ။ နယ်မြေ၏သုံးပုံတစ်ပုံက ဘာမှမရှိတာထက် ပိုကောင်းပါ၏။
ပျက်ဆီးခြင်းနေရာလွတ်ထဲတွင် အချိန်အတော်ကြာ ဦးတည်ရာမဲ့လျှောက်သွားပြီးနောက် ၎င်းတို့၏နောက်ဆုံးစည်းသို့ရောက်ရှိနေပြီးဖြစ်သည်။
“ကောင်းပြီ၊ ငါတို့ သဘောတူတယ်”
"ဟုတ်ပြီ၊ မင်းပြန်လာတဲ့အခါ တာ့ယွီနတ်မင်းဆက်ကို ပစ်မှတ်ထားဖို့ ဆင်ခြေရှာလိုက်။ သူတို့ကငြင်းရင် ငါလှုပ်ရှားနေတယ်"
မဟာမင်နတ်မင်းဆက်၏ အာမခံချက်ဖြင့် အမျိုးမျိုးသောအင်အားစုများသည် ယုံကြည်မှုပြန်လည်ရရှိသွား၏။
အင်အားစုများသည် တုန်းဟိုင်သာ့လုကမ္ဘာသို့မဟုတ် ချန်မင်နယ်မြေတွင် တစ်နေရာပြီးတစ်နေရာစတင်ဝင်ရောက်လာကြသည်။
ပထမပိုင်းက ၎င်းတို့သည် ဤကမ္ဘာကြီးနှစ်ခုရှိ နယ်မြေအနည်းငယ်ကိုသာ သိမ်းပိုက်ခဲ့ကာ တာ့ယွီနတ်မင်းဆက်ကို သစ္စာခံယောင်ဆောင်ထားသည်။ သို့သော် ၎င်းတို့အခြေချပြီးသည်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်အမှန်ကို ချက်ချင်းထုတ်ဖော်ခဲ့သည်။
"တာ့ယွီနတ်မင်းဆက်၊ မင်းတို့ ငါတို့ကို သေခိုင်းချင်နေတာလား။ မြေတစ်ကွက်တောင် ငါတို့ကို နေခွင့်မပြုဘူးလား"
"ဟုတ်တယ်! တာ့ယွီနတ်မင်းဆက်က ကမ္ဘာသုံးကမ္ဘာကို သိမ်းပိုက်ထားတာတောင် ငါတို့ရှင်သန်ဖို့ နယ်မြေနည်းနည်းကို ဘာလို့မပေးနိုင်တာလဲ"
"အရှင် သူတို့က ပြဿနာရှာနေပုံပဲ"
အင်မော်တယ်ဘုရင်နယ်မြေကိုဖြတ်ကျော်ပြီးဖြစ်သော ရှီထျန်းကောင်းကင်အင်မော်တယ်က အဆိုပါအင်အားစုများ၏ လတ်တလောလုပ်ဆောင်မှုများအကြောင်း ရီရှောင်းရှောင်းထံ အသိပေးခဲ့သည်။
၎င်းကိုကြားသည့်အခါတွင် ရီရှောင်းရှောင်း၏ မျက်နှာသည် ခံစားချက်မဲ့နေခဲ့၏။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းမရှိပါက တာ့ယွီမင်းဆက်နှင့်ချည်နှောင်ခွင့်ရှိလိမ့်မည်မဟုတ်ချေ။
ရီမိသားစုထံမှာ လှုပ်ရှားမှုမရှိခြင်းက ၎င်းအင်အားစုများကို အခွင့်ကောင်းယူစေလိုသည်။ သို့သော် စိတ်မကောင်းစွာဖြင့် ရီရှောင်းရှောင်းက သွားရှုပ်၍ရသည့်သူမဟုတ်ချေ။
"ဒီအင်အားစုတွေကို ရာဇသံထုတ်ပြီးတော့ လက်အောက်ခံရင်ခံ၊ မဟုတ်ရင် တာ့ယွီနတ်မင်းဆက်ကနေ ထွက်သွားဖို့ထုတ်ပြန်လိုက်"
၎င်းတို့အပေါ် သစ္စာစောင့်သိသူများသာ တာ့ယွီနတ်မင်းဆက်အတွင်း တည်ရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် ဤနယ်မြေအားလုံးကို တာ့ယွီနတ်မင်းဆက် ကိုယ်တိုင်က အောင်နိုင်ခဲ့သည်ဖြစ်ရာ အဘယ်ကြောင့် ထိုအင်အားစုများထံ ပေးသင့်သနည်း။
မင်းဆက်ထဲတွင် ယုတ်မာသည့်ရည်ရွယ်ချက်များရှိသော အင်အားစုတစ်စုရှိနေခြင်းက ကောင်းသည့်ကိစ္စမဟုတ်နေချေ။ ရီရှောင်းရှောင်း၏ ပြန်ကြားမှုကိုလက်ခံရရှိသောအခါ အင်အားစုများက အံ့သြခြင်းမရှိပေ။
တာ့ယွီနတ်မင်းဆက်ကို လွယ်လွယ်ကူကူ ချေမှုန်းနိုင်ခဲ့ပါက၊ ၎င်းတို့သည် မဟာမင်နတ်မင်းဆက်ထံမှ ထောက်ပံ့မှုရယူရန်ပင် မလိုအပ်ပေ။ မကြာမီတွင် မဟာမင်နတ်မင်းဆက်က တာ့ယွီနတ်မင်းဆက်ထံ စာတစ်စောင် ပေးပို့ခဲ့သည်။
"ဒီအင်အားစုတွေက ပျက်ဆီးခြင်းဂိုဏ်းရဲ့ သားကောင်တွေလေ။ တာ့ယွီနတ်မင်းဆက်က ဒီကံဆိုးတဲ့ အင်အားစုတွေကို မောင်းထုတ်မယ့်အစား မဟာမင်နတ်မင်းဆက်လိုပဲ တာဝန်ယူပေးသင့်တယ်"
"မဟုတ်ရင် ငါတို့မဟာမင်မင်းဆက်က ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး"
အဓိပ္ပာယ်က ရှင်းပါ၏။ တာ့ယွီနတ်မင်းဆက်က လက်မခံလျှင် မဟာမင်နတ်မင်းဆက်က အရေးယူလိမ့်မည်။ မဟာမင်နတ်မင်းဆက်၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ အင်အားစုအသီးသီးတွင် ဆွေးနွေးမှုများစွာရှိခဲ့သည်။ အချို့က မင်မင်းဆက်က အရှက်ကင်းမဲ့သည်ဟုထင်ကြကာ၊ အချို့က ၎င်းတို့မှန်သည်ဟု ထင်ကြသည်။
သို့သော်လည်း ၎င်းတို့ကိုယ်တိုင် ကြားဝင်တိုင်သည့် အင်အားမရှိပေ။ ဤနတ်မင်းဆက်ကြီးနှစ်ပါး အမှန်တကယ်တိုက်ခိုက်လာမည်ကို အားလုံးက သိချင်နေကြသည်။ ၎င်းတို့က ဤအင်အားစုနှစ်ရပ် ထိပ်တိုက်တွေ့ရန်နှင့် နှစ်ဖက်စလုံး အတူတူထိခိုက်နစ်နာစေရန် မျှော်လင့်ပါ၏။
သို့သော် လူအများစုက တာ့ယွီနတ်မင်းဆက်သည် ရှေးမင်းဆက်ဖြစ်သည့် မဟာမင်နတ်မင်းဆက်ကို အင်အားကွာခြားချက်ရှိသောကြောင့် အရေးယူရန် မဝံ့မရဲဖြစ်နေကြမည်ဟုထင်ကြသည်။
"ငါတို့ဘာလုပ်သင့်တယ်ထင်လဲ" ရီရှောင်းရှောင်းက အရာရှိများကိုကြည့်ကာ မေးလိုက်သည်။
“အရှင်၊ အဖြေက ရှင်းပါတယ်၊ ငါတို့ တိုက်ကြရမယ်”
“အရှင်၊ သူတို့ကို ငရဲပို့ကြရအောင်”
စစ်ဘက်အရာရှိများသည် စစ်ပွဲကိုခုံမင်သောကြောင့် ၎င်းတို့၏တုံ့ပြန်မှုက ရီရှောင်းရှောင်းအတွက် အံ့သြစရာမဟုတ်ပေ။
သို့သော် အရပ်ဘက်အရာရှိများ၏တုံ့ပြန်မှုက ရီရှောင်းရှောင်းကို အံ့ဩစေသည်။ အရပ်ဘက်အရာရှိများသည် အမြဲတမ်းရှေးရိုးဆန်သည် မဟုတ်လော။ သည်အချိန်တွင် အဘယ်ကြောင့် တိုက်ခိုက်ရန် တွေးနေကြသနည်း။
“အရှင်၊ ဒီတခေါက် ငါတို့နောက်ဆုတ်လိုက်ရင် ဒီအင်အားစုတွေက ငါတို့ကို အခွင့်ကောင်းယူမှာ သေချာတယ်။ တိုက်ချင်ချင် မတိုက်ချင်ချင် ဒီတိုက်ပွဲကို တိုက်ရမှာပဲ”
ရီရှောင်းရှောင်း အံ့အားသင့်သွားသည်ကို မြင်လိုက်ရသော အရပ်ဘက်အရာရှိများက ရှင်းပြကြသည်။ အမှန်တကယ်တွင် ဤတိုက်ပွဲကို တာ့ယွီမင်းဆက်က တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ မတိုက်ရဘဲ၊ တာ့ယွီနတ်မင်းဆက်က တိုက်ခိုက်ရန်အတွက် ဖိအားပေးခံရခြင်းဖြစ်သည်။
အကယ်၍ တာ့ယွီနတ်မင်းဆက်က ဤတိုက်ပွဲကို ရှုံးနိမ့်ခဲ့လျှင် လွတ်လမ်းတစ်ခုသာ ရှိပေလိမ့်မည်၊ ၎င်းမှာ ရန်ဟွမ်ကမ္ဘာသို့ ပြန်လည်ဆုတ်ခွါရန်ဖြစ်၏။
"တိုက်ကြ!"
ရီရှောင်းရှောင်း၏ ဖီးနစ်ဝတ်ရုံသည် သူမပတ်ဝန်းကျင်တွင် လွင့်ပျံနေကာ ဒီတစ်ကြိမ်တွင် သူမကိုယ်တိုင် ချီတက်မည်ဖြစ်သည်။ ကြယ်နှစ်ဆယ့်ရှစ်တပ်နှင့် အသစ်ဖွဲ့စည်းထားသော ကောင်းကင်ဗိုလ်ချုပ်များနှင့် မြေကမ္ဘာဗိုလ်ချုပ် တစ်ရာ့ရှစ်ယောက်တို့က တစ်ပြိုင်နက်တည်း စုဝေးခဲ့ကြသည်။
တာ့ယွီနတ်မင်းဆက်တစ်ခုလုံး၏ အထွတ်အထိပ်အင်အားစုများကို ကိုယ်စားပြုသည့် စစ်သားသန်းပေါင်းများစွာရှိသော ကြယ်တာရာတပ်ဖွဲ့များနှင့် ကောင်းကင်ဘုံစစ်သည်တပ်ဖွဲ့တို့သည် ကမ္ဘာကြီးနှစ်ခုအတွင်းရှိ အင်အားစုများကို ကျော်ဖြတ်ကာတပြိုင်နက်နီးပါးတိုက်ခိုက်ခဲ့ကြသည်။
ညှိနှိုင်းခြင်းမရှိ၊ သတိပေးခြင်းမရှိ၊ မတုံ့ဆိုင်းဘဲ စတင်လှုပ်ရှားခဲ့ကြ၏။ ထိုရုတ်တရက်လုပ်ရပ်က အဓိကအင်အားစုများကို သတိမဲ့စေကာ ၎င်းတို့မတုံ့ပြန်နိုင်မီ ထိုးဖောက်ခံလိုက်ရသည်။ တာ့ယွီနတ်မင်းဆက်၏လုပ်ရပ်ကိုတွေ့သော ကျန်အင်အားစုများကလဲ ထိတ်လန့်စပြုလာကြ၏။
ယခင်က အရေးယူတော့မည်ဆိုလျှင် သတိပေးချက်ထုတ်ပြန်ပြီး နောက်ဆုံးမှ အင်အားသုံးလိမ့်မည်ဖြစ်သော်လည်း၊ တာ့ယွီနတ်မင်းဆက်က ပုံမှန်မလုပ်ဘဲ တိုက်ရိုက်သတ်ဖြတ်ရန် တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်။
မဟာမိတ်ကိုဦးဆောင်လာသော အင်အားစုအများအပြားသည် အထိတ်တလန့်ဖြစ်ခဲ့ကြကာ အကူအညီရယူရန်အတွက် မဟာမင်နတ်မင်းဆက်ထံ ချက်ချင်းဆက်သွယ်ခဲ့ကြသည်။ မဟာမင်ဘုရင်ကလည်း တာ့ယွီမင်းဆက်၏သတင်းကိုကြားပြီးနောက် ချက်ချင်းလှုပ်ရှားလာသည်။
"တာ့ယွီမင်းဆက် မင်းတို့လုပ်နေတာတွေကို ချက်ခြင်းရပ်လိုက်။ မဟာမင်မင်းဆက်က ဝင်ရောက်စွက်ဖက်မှ အပြစ်မတင်နဲ့"
သူသည် ဤအင်အားစုများကို ကာကွယ်မည်ဟု ပြောထားသည့်တိုင်အောင် တာ့ယွီနတ်မင်းဆက်က ၎င်းတို့ကိုနှိမ်နင်းရန် သတ္တိရှိသေးသည်။ သူကဲ့သို့သော နတ်မင်းဆက်ဘုရင်တစ်ပါးကို ဂရုမစိုက်ပြုဝံ့၏။
မဟာမင်ဘုရင်၏သတိပေးချက်ကို တုံ့ပြန်သည့်အနေဖြင့် ရီရှောင်းရှောင်းက ကိုယ်တိုင်ကိုယ်ကျပြန်ဖြေခဲ့သည်။
"တာ့ယွီနတ်မင်းဆက်၏နယ်မြေထဲကို ဝင်လာရဲမှတော့အသေတိုက်ရမှာပဲ!"
ကောင်းကင်ဘုံအထိ ရောက်ရှိလာသော လူသတ်ရန်ရည်ရွယ်ချက်က မဟာမင်ဘုရင်ကိုပင် ခဏတာအေးခဲသွားစေသည်။
အသေတိုက်ရန်ဟူသည့်စကားက ၎င်းတို့အတွက် ဟာသမဟုတ်ခဲ့ချေ။ အကယ်၍ သူတို့စကားကတိကို မလိုက်နာပြန်လျှင်လည်း ၎င်းတို့၏တာအိုပညာရှင်အဆင့်ကို များစွာ ထိခိုက်စေလိမ့်မည်။ မဟာမင်နတ်မင်းဆက်က တာ့ယွီနတ်မင်းဆက်ကို အမှန်တကယ် တိုက်ခိုက်ဝံ့ပါပ သေသည်အထိတိုက်ရမည်။
ဤအခိုက်အတန့်တွင် မဟာမင်ဘုရင်ပင်လျှင် အင်အားစုကြီးများကို ကတိပြုခဲ့သောကြောင့် အနည်းငယ်နောင်တ ရလာ၏။ ရီရှောင်းရှောင်းသည် ဤမျှပြတ်သားလိမ့်မည်ဟု သူမတွေးထားချေ။
ရီရှောင်းရှောင်း၏စကားများက တစ်နည်းနည်းဖြင့် မဟာမင်နတ်မင်းဆက်အတွင်းသို့ ပေါက်ကြားသွားခဲ့သောကြောင့် ယခုအချိန်တွင် အားလုံးက စိတ်ဝင်စားနေကြသည်။ ၎င်းတို့အားလုံးသည် မဟာမင်နတ်မင်းဆက်ကို စောင့်ကြည့်နေကြကာ အမှန်တကယ်အရေးယူဝံ့ခြင်း ရှိမရှိ သိလိုကြသည်။
"အရူးတွေ မင်းတို့ ရူးနေတာလား"
မဟာမင်ဘုရင်သည် ဒေါသတကြီးထွက်ခွါသွား၏။ ယခုသတင်းပေါက်ကြားသွားပြီးနောက် မဟာမင်နတ်မင်းဆက်က အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မဟာမင်ဘုရင်က တာ့ယွီနတ်မင်းဆက်ကို ကြောက်ရွံ့နေသည်ဟု ထင်သွားကြကာ အမှန်တကယ် မျက်နှာပျက်ရလိမ့်မည်။
ထိုအချိန်တွင် မဟာမင်ဘုရင်သည် ရွေးချယ်စရာမရှိတော့ပေ။
"အားလုံးလူစုပြီး တိုက်ခိုက်ဖို့ပြင်ဆင်ကြ!"
မဟာမင်နတ်မင်းဆက်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အရေးယူရန် အသင့်ဖြစ်နေသည်မှာ ထင်ရှားသည်။
"ဒီတစ်ခါတော့ အဲအရူး ပြေးလို့မရစေရဘူး။ ဒီတစ်ခါတော့ သူငါ့ကို စိတ်မပျက်စေကောင်းပါရဲ့"
မဟာမင်နတ်မင်းဆက်အတွင်းမှ သတင်းများကို မည်သို့အလွယ်တကူ ပေါက်ကြားနိုင်မည်နည်း။ တစ်စုံတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ
၎င်းက ထန်မင်းဆက်၏ဘုရင်မှလွဲ၍ အခြားသူမရှိချေ။ ပန်ကုစကြဝဠာတွင် ပြဿနာရှိပါက ၎င်းတို့အတွက် အခွင့်အရေးဖြစ်သည်။
……….