အခန်း ၃၁၉-၃၂၁
Vol. 22 Ch. 319-321
အခန်း ၃၁၉ - ဆက်ခံသူ၏ မြှား
အဆုံးတွင် မဟာမင်နတ်မင်းဆက်က လှုပ်ရှားခဲ့သည်။ မဟာမင်ဘုရင်သည် တိုက်ပွဲကို ကိုယ်တိုင်ဦးတောင်ကာ စစ်တပ်ကြီးကိုခေါ်ဆောင်လာလျက် သူ့ကို အရှက်ရစေသော အမျိုးသမီးရီရှောင်းရှောင်းကို ပေးဆပ်စေလိုကြောင်း ပြသခဲ့သည်။
သို့သော် သူမသိခဲ့သည်မှာ ရီရှောင်းရှောင်းက သူ့ကို စောင့်နေခြင်းကိုပင်။ ရီရှောင်းရှောင်းသည် တာ့ယွီနတ်မင်းဆက်အတွင်းမှ အင်အားစုများကို သုတ်သင်ရှင်းလင်းရန်အတွက် အချိန်များစွာ မယူခဲ့ရချေ။
၎င်းတို့ကိုရှင်းလင်းပြီးနောက် ကြယ်တာရာဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ကြီးများသည် ကြယ်တပ်များနှင့်အတူ လှည့်လည်ကာ မဟာမင်နတ်မင်းဆက်ရောက်လာမည့်အချိန်ကို စောင့်မျှော်နေကြ၏။
တာ့ယွီနတ်မင်းဆက်နှင့်အနီးဆုံး ကျုံးရှန်းနယ်မြေတွင် မဟာမင်ဘုရင်သည် ချန်မင်ကမ္ဘာသို့ လေဟာနယ်လမ်းကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်လှစ်ခဲ့သည်။
တပ်ဖွဲ့ဝင်သန်းပေါင်းများစွာတို့က နယ်မြေနှစ်ခုသို့မဟုတ် သုံးခုကို ဖြတ်ကျော်ရန်လုံလောက်သော အင်အားရှိသည်;
ထို့အပြင် တာအိုဘိုးဘေးနယ်ပင်ရှိ စွမ်းအားရှင်သုံးဦးက နတ်မင်းဆက်တစ်ခု၏ အင်အားကိုပြသသည်။
“တိုက်ခိုက်ကြ!”
ဧရာမစစ်တပ်ကြီးသည် လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်ရောက်လာကာ ချန်မင်ကမ္ဘာသို့ ဦးတည်သွားခဲ့သည်။
လေဟာနယ်အတက်အကျများကို ခံစားရပြီးနောက် ပုန်းအောင်းနေသော အင်အားစုများစွာကလည်း စိတ်လှုပ်ရှားစပြုလာသည်။ နောက်ဆုံးတွင် တိုက်ပွဲစတင်ခဲ့လေပြီ။
တာ့ယွီနတ်မင်းဆက်သည် မဟာမင်နတ်မင်းဆက်ကို တွန်းလှန်ရန်အင်အားမရှိနိုင်။ မဟာမင်နတ်မင်းဆက်က တာ့ယွီနတ်မင်းဆက်ကို ချေမှုန်းနိုင်လိမ့်မည်ဟု သူတို့မထင်ထားသော်လည်း၊ တာ့ယွီမင်းဆက်အထိနာလိမ့်မည်။
ရီရှောင်းရှောင်းဘက်တွင်လည်း လေဟာနယ်လမ်းကြောင်းပေါ်လာခြင်းကို သတိပြုမိခဲ့၏။
မင်နတ်မင်းဆက်၏ပထမဆုံး တာအိုဘိုးဘေးက ချန်မင်ကမ္ဘာတွင် ပေါ်လာသောအခါ၊ ဤတိုက်ပွဲသည် အသေအကျေတိုက်ပွဲဖြစ်မည်မှန်း လူတိုင်းသိကြသည်။
ရီရှောင်းရှောင်း၏စကားများကို အမြဲတည်သည်။
ဤမဟာမင်နတ်မင်းဆက်က သိမ်းပိုက်ချင်ပါက ၎င်းတို့နှင့် စစ်တိုက်ရလိမ့်မည်။
ကံကြမ္မာရွှေကွင်းကို ယူဆောင်ရန်မှာ သိပ်မလွယ်လှချေ။ ထို့ကြောင့် နတ်မင်းဆက်သုံးဆက်သာ ကံကြမ္မာရွှေကွင်းကို ယူဆောင်နိုင်ကြောင်းကို ရီရှောင်းရှောင်းကောင်းကောင်းသိပါ၏။
မဟာချင်မင်းဆက်က ကြိုးကိုင်သူမဖြစ်နိုင်ဟု ရီဖန်ကပြောသောကြောင့် ၎င်းသည် မဟာမင်နတ်မင်းဆက် သို့မဟုတ် တန်နတ်မင်းဆက်ဖြစ်ရမည်ဟုဆိုသည်။ ယခုအချိန်သည် လျှို့ဝှက်ထားသော ကြိုးကိုင်သူကို ဖော်ထုတ်ရန်အချိန်ဖြစ်သည်။
နေရာလွတ်ထဲရှိ ရီဖန်အနားတွင် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးက သူနှင့်အတူယှဉ်ရပ်နေ၏။
"မျိုးနွယ်ခေါင်းဆောင်ရီ၊ ဒီမဟာမင်နတ်မင်းဆက်က အရံပဲဖြစ်နိုင်တယ်"
ယင်ကျန်းသည် အောက်ဘက်ရှိ မင်နတ်မင်းဆက်၏ ကြီးမားသောစစ်တပ်ကြီးကို ကြည့်ကာတီးတိုးဆိုသည်။
"ဟုတ်မယ်၊ သူတို့တော်တာ်တော့ ကံမကောင်းကြတာပဲ!"
ရီဖန်သည် အေးဆေးတည်ငြိမ်စွာပြောသော်လည်း သူ့စကားထဲရှိ သတ်ပစ်ရန်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိပေ။ အမှန်တကယ်တွင် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်သို့ရောက်အောင် ဆောင်ရွက်နိုင်သည့်မည်သူမဆို ကြင်နာပြီး နူးညံ့သိမ်မွေ့သူ ဖြစ်နိုင်မည်နည်း။ ရီဖန်က မဟာမင်နတ်မင်းဆက်ကို ချမ်းသာပေးမှသာ ယင်ကျန်းအံ့သြသွားမည်ဖြစ်သည်။
“ဦးလေးယင်၊ ဒီတခေါက် မင်းကိုဒုက္ခပေးမိပါပြီ။ ကျေးဇူးတင်ပါတယ်”
ဗောဓိဘိုးဘေးသည် တစ်ကိုယ်တည်းကျင့်ကြံနေသောကြောင့် ကူညီရန်အခွင့်အရေးမရှိသည်မှာ သေချာသည်။ သို့သော် သူမထွက်သွားမီ ဗောဓိဘိုးဘေးက ယင်ကျန်းကို ရှာပြီးအကူအညီတောင်းခဲ့သည်။
လျှို့ဝှက်ကြိုးကိုင်သူက အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်ရမည်။ ၎င်းကို လွှမ်းမိုးနိုင်မည့်သူမရှိပါက ဗောဓိဘိုးဘေးကလည်း စိတ်အေးနိုင်မည်မဟုတ်ပေ။
"ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး၊ ဘယ်သူက ငါ့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလည်းဆိုတာ ငါသိချင်တယ်!"
သူထောင်ချောက်ဆင်ခံရခြင်းကြောင့် ယင်ကျန်းက ချမ်းသာပေးလိမ့်မည်မဟုတ်သည်မှာ သေချာ၏။ သူ့နောက်ကွယ်တွင် မည်သူကကြံစည်နေသည်ကို သူတကယ်သိချင်နေခဲ့သည်။
အောက်ဘက်တွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ရည်မှန်းချက်ကြီးသော မဟာမင်ဘုရင်က သူ၏တပ်သားများကို တိုက်ခိုက်ရန် အမိန့်ပေးထားပြီးဖြစ်သည်။
တာ့ယွီနတ်မင်းဆက်၏ အင်အားကို သူသိရှိထားပြီးဖြစ်၏။ တာ့ယွီနတ်မင်းဆက်တွင် တာအိုဘိုးဘေးနယ်မြေ၌ ယန်ကျန်းသာရှိကာ အလွန်ဆုံးရီဖန်သာ ထပ်ရှိလိမ့်မည်။
စတုရန်းလက်မတောင်က ရီဖန်ကို အထူးနှစ်သက်သော်လည်း ကန့်သတ်ချက်နိုင်သည်။ ဤတိုက်ပွဲမျိုးတွင် စတုရန်းလက်မတောင်က ၎င်းတို့တစ်အင်အားစုလုံးကို မတိုက်ခိုက်တန်ရာ။
အကယ်၍ ၎င်းတို့ကအရေးယူလာလျှင်လည်း သူတောင်းပန်ရုံသာတတ်နိုင်လိမ့်မည်။ အကယ်၍ ဤတိုက်ပွဲဖြစ်လာလျှင်ပင် စတုရန်းလက်မတောင်သည်လည်း အခြေအနေပိုကောင်းလိမ့်မည်မဟုတ်ချေ။ ၎င်းမှာ မဟာမင်ဘုရင်၏ယုံကြည်မှုဖြစ်၏။ အဆုံးတွင် မည်သည့်အုပ်စိုးရှင်ကမှ လွယ်ကူမနေချေ။
အင်အားစုကြီးများက အင်မော်တယ်နှင့် နတ်မင်းဆက်များကြားတိုက်ပွဲများတွင် ဝင်ရောက်မစွက်ဖက်ဘဲ ဝဋ်ကြွေးများကိုရှောင်ရှားကြသည်။
ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားမရှိလျှင် တာ့ယွီနတ်မင်းဆက်၏ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားက အားနည်းလွန်းလှသည်။ ထိုကဲ့သို့ အချိန်တိုတိုအတွင်းတည်ထောင်ထားသောမင်းဆက်က အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားကို စုဆောင်းရန် အချိန်မရှိပေ။ ၎င်းက တာ့ယွီနတ်မင်းဆက်၏ အကြီးမားဆုံးအားနည်းချက်ဖြစ်နိုင်၏။
"တိုက်ကြ!"
တိုက်ပွဲသံများက ချန်မင်ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ကျင့်ကြံသူသန်းပေါင်းများစွာ၏ တိုက်ပွဲက ကြောက်စရာကောင်းလှသည်။
၎င်းတို့မည်မျှအင်အားကြီးလျှင်ပင် စစ်မြေပြင်ထဲကို နက်နက်နဲနဲမဝင်ရဲကြချေ။ ၎င်းတို့က တိုက်ပွဲဝိညာဉ်ပုံစံဖြင့်သာ တိုက်ခိုက်ခဲ့ကြသည်။
အဇူရာနဂါးစစ်တပ်ဝိညာဉ်ထံမှ ဟိန်းဟောက်သံထွက်လာကာ မဟာမင်နတ်မင်းဆက်၏ အကြီးဆုံးတပ်မဖြစ်သော နတ်ကျားစစ်တပ်ကို ဦးတည်တိုက်ခိုက်ခဲ့သည်။ တိမ်တိုက်များက နဂါးခေါ်ဆောင်ရာလိုက်ကာ၊ လေပြင်းက နတ်ကျားခေါ်ဆောင်ရာလိုက်၏။ နဂါးနှင့် ကျားတိုက်ခိုက်လျှင် တစ်ဦးတော့ဒဏ်ရာရနိုင်သည်။
အဇူရာနဂါးစစ်တပ်ရှုံးမည်ဟု လူတိုင်းထင်ခဲ့ကြသော်လည်း အံ့သြစရာကောင်းသည်မှာ တာအိုဘိုးဘေးနှင့်ပင် ယှဉ်ပြိုင်နိုင်သော နတ်ကျားစစ်တပ်သည် အဇူရာနဂါးစစ်တပ်၏လက်ထဲတွင် ဆယ့်ငါးမိနစ်မျှပင် မတောင့်ခံနိုင်ခဲ့ပေ။
အဇူရာနဂါးခြေသည်းက နတ်ကျားစစ်တပ်၏ တိုက်ပွဲဝိညာဉ်ကိုဆုတ်ဖြဲလိုက်သည်။ တိုက်ပွဲဝိညာဉ်ကို ဆုတ်ဖြဲခံရခြင်းက နတ်ကျားစစ်တပ် ကျင့်ကြံသူများကို အကြပ်ရိုက်စေခဲ့သည်။ အခင်းအကျင်းအဖြစ် ကာကွယ်ထားသော တာအိုဘိုးဘေးအဆင့်စွမ်းအားရှင်ပင်လျှင် ပြင်းထန်စွာ ပျက်စီးသွားခဲ့၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ တာ့ယွီနတ်မင်းဆက်ရဲ့စစ်တပ်က ဘယ်လိုလုပ် အဲလောက် အင်အားကောင်းရတာလဲ၊ သူတို့ရဲ့ အင်အားအကြီးဆုံးက အထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်နေတယ်!"
အဝေးမှနေ၍ တိုက်ပွဲကိုကြည့်နေသော မဟာမင်ဘုရင်ပင်လျှင် မယုံနိုင်စွာ မျက်လုံးပြူးသွားသည်။ စစ်တပ်၏အဆင့်အတန်းအပေါ်လေးစားမှုကိုအသာထား ရှေးခေတ်အင်မော်တယ်ရုံးတော်က အပ်နှင်းထားသော အင်မော်တယ်ဗိုလ်ချုပ်များသည် ရိုးရှင်းသောသူများမဟုတ်ချေ။
ကြယ်တာရာတပ်ဖွဲ့၏စွမ်းအားက ပိုမိုအားကောင်းလာသောအခါ၊ ၎င်းတို့သည် ရှေးခေတ်အင်မော်တယ်ဗိုလ်ချုပ်များ၏စွမ်းအားကို ပိုမိုပြသလာသည်။ ထို့အပြင် တာ့ယွီနတ်မင်းဆက်မှ စစ်သည်များအားလုံးသည် လူသားဧကရာဇ်၏ကောင်းချီးမင်္ဂလာကို ခံယူခဲ့ကြပြီးဖြစ်သည်။
ကောင်းကင်နှင့်မြေကမ္ဘာပေါ်တွင် ၎င်းတို့သည်သာ လူသားမျိုးနွယ်၏ စစ်မှန်သောမျိုးနွယ်စုဖြစ်၏။ တိုက်ပွဲအစမှစတင်ကာ မဟာမင်နတ်မင်းဆက်ကို နှိမ်နင်းခဲ့သည်။ ထိုသူများလုံးဝကျရှုံးသွားသည့်တိုင်အောင် ၎င်းတို့ကိုယ်တိုင် သတိမထားမိလိုက်ကြချေ။
…………..
အခန်း ၃၂၀ - ဆက်ခံသူ၏ မြှား
နတ်ကျားစစ်တပ်၏ရှုံးနိမ့်မှုကြောင့် မကြာမီတွင် တုံ့ပြန်မှုတစ်ခုဖြစ်ပါ်လာသည်။ အခြားတပ်အင်အားစုများသည်လည်း ၎င်းတို့၏ ထိုးစစ်များကို တစ်ခုပြီးတစ်ခု စတင်ကာ မဟာမင်မင်းဆက်၏တပ်များကို ထိခိုက်ပျက်စီးစေခဲ့သည်။
ကောင်းကင်ယံတွင် သွေးများပြည့်လျှံနေကာ ချန်မင်ကမ္ဘာ၏ကောင်းကင်ယံမှ သွေးများ ကျဆင်းလာသည်။ ထိုအလောင်းပင်လယ်ကြားတွင် တာ့ယွီနတ်မင်းဆက်၏ စစ်သည်များသည် မည်သည့်အမူအရာမှမရှိကြချေ။
၎င်းတို့အားလုံးသည် တူညီသော လူသားးမျိူးနွယ်စု၏အဖွဲ့ဝင်များဖြစ်သော်လည်း ဤရန်ဘက်များသည် ကျူးကျော်သူ၊ ရန်သူများဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏အမိမြေကို ကာကွယ်ခြင်းမျှသာဖြစ်၏။
ရီရှောင်းရှောင်းသည် အဆုံးအထိတိုက်ပွဲဝင်ရန် ကတိပြုပြီးသည်မှစ၍ ၎င်းတို့သည် ဖြစ်လာသမျှအတွက် အဆင်သင့်ဖြစ်နေလေပြီ။ ၎င်းတို့သေရမည်ဆိုလျှင်ပင် မဟာမင်မင်းဆက်၏ အသားကို လှီးဖြတ်သွားရလိမ့်မည်။
မဟာမင်ဘုရင်က တုန့်ပြန်နိုင်ချိန်တွင် ချန်မင်နယ်ပယ်တွင် စစ်ပွဲသည် ပြီးဆုံးလုနီးနေလေပြီ။ မင်နတ်မင်းဆက်၏ စစ်အင်အားဆယ်ရာခိုင်နှုန်းသည် ချန်မင်းကမ္ဘာတွင် စွန့်ပစ်ခံခဲ့ရကာ ၎င်းတို့၏ အသွေးအသားများက မြေဆီလွှာမြေဩဇာဖြစ်လာသည်။
"အကုန်လုံးအမှိုက်တွေချည်းပဲ!"
မဟာမင်ဘုရင်၏မျက်လုံးများသည် ဒေါသနှင့် ပြည့်နှက်နေသည်။ မင်နတ်မင်းဆက်၏ အင်အားကြီးစစ်တပ်များရှိလျက်နှင့် ရှုံးနိမ့်မှုက အလွန်ခံစားရစေ၏။
မဟာမင်ဘုရင်၏ မျက်လုံးများသည် အနီရဲရောင်တောက်နေသည်။ မဟာမင်နတ်မင်းဆက်သည် ပန်ကုစကြာဝဠာတွင် ခေတ်အဆက်ဆက် အချိန်အတော်ကြာအောင် ကြီးမားသောရှုံးနိမ့်မှုကို မခံစားခဲ့ရဖူးချေ။
ဤကဲ့သို့ဆုံးရှုံးမှုကို မဟာမင်နတ်မင်းဆက်က ခွင့်လွှတ်နိုုင်လိမ့်မည်မဟုတ်။ ဤတစ်ကြိမ်တွင် မဟာမင်နတ်မင်းဆက်က ၎င်း၏အင်အားသုံးပုံတစ်ပုံကို စေလွှတ်ခဲ့သော်လည်း ဆယ်ရာခိုင်နှုန်းကသာ ချန်မင်နယ်မြေသို့ ရောက်ခဲ့သည်။
သူတို့စစ်တပ်၏ဆယ်ပုံတစ်ပုံက တာ့ယွီနတ်မင်းဆက်ကို ဖျက်ဆီးနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါတွင် ၎င်းတို့မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိသွားကြ၏။ ၎င်းတို့စစ်တပ်၏ ဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရကာ အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထဲမှတစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
"ချန်မင်ကမ္ဘာကို ချီတက်ကြ၊ ဒီတစ်ခါ တပ်ဖွဲ့တွေကို ငါကိုယ်တိုင် ဦးဆောင်မယ်!"
သွေးကြွေးကို သွေးနှင့်ပြန်ပေးတပ်ရမည်။
ဤဆုံးရှုံးမှုအတွက် မဟာမင်ဘုရင်သည် သွေးကြွေးကို ကိုယ်တိုင်ကိုယ်ကျဆပ်ခိုင်းမည်ဖြစ်၏။ ထို့ကြော ရင့်သူသည်စစ်တပ်ကြီးကို ချန်မင်ကမ္ဘာသို့ ကိုယ်တိုင်ဦးဆောင်ရန်ဆန္ဒရှိခဲ့သည်။
ချန်မင်နယ်မြေတွင် ရီရှောင်းရှောင်းနှင့် သူ၏တပ်ဖွဲ့သည်လည်း ပျော်ရွှင်နေခြင်းမရှိပေ။ ၎င်းကအစသာရှိသေးကြောင်း သူတို့ကောင်းကောင်းသိသည်။ သေသည်အထိ တိုက်ပွဲဝင်မည်ဟု ကတိပြုပြီးနောက် တာ့ယွီနတ်မင်းဆက်နှင့် မဟာမင်နတ်မင်းဆက်တို့အနက်မှ မင်းဆက်တစ်ခုတည်းကသာ သမိုင်းမှတ်တမ်းများတွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦး၏ရောင်ဝါကို ခံစားလိုက်ရသောအခါ ရီရှောင်းရှောင်း အနည်းငယ်ပြုံးမိသွားသည်။ အထွတ်အထိပ် တာအိုဘိုးဘေးနှစ်ဦးရောက်ရှိလာခြင်းက မဟာမင်နတ်မင်းဆက်သည် ပို၍အလေးအနက်ထားလာကြောင်းကို ပြသနေသည်။ အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦးသည် ပုံမှန်အားဖြင့် ထိပ်တန်းအင်အားစုများကို ကိုင်တွယ်နိုင်သည်ထက်ပိုပါ၏။
သို့တိုင် ရီရှောင်းရှောင်းသည် မတုန်မလှုပ်ရှိနေသည်။ သူမသည် ယနေ့တိုက်ပွဲအတွက် အပြည့်အ၀ ပြင်ဆင်နေခဲ့ခြင်းဖြစ်ကာ သူတို့ဘက်တွင်လည်း အထွတ်အထိပ် တာအိုဘိုးဘေးများရှိသည်။
အထွတ်အထိပ်တာအိုဘိုးဘေး တစ်ဦးတည်းပင်မကဘဲ စုစုပေါင်းလေးဦးရှိကာ၊ ရီဖန်သည် တစ်ဦးဖြစ်လုနီးပါးနှင့် ကျန်သုံးဦးမှာ ရီဖန်၏ ဆရာတူညီအစ်ကိုသုံးဦးဖြစ်သည်။ ထို့အပြင် သာမန်တာအိုဘိုးဘေးများကြားတွင် အထွတ်အထိပ်တာအိုဘိုးဘေးများနှင့် မခြားနားသည့် နောက်ထပ်သုံးဦးရှိသေးသည်။
အကြီးတန်းညီအစ်ကိုခြောက်ယောက်သည် ရီရှောင်းရှောင်း၏ဖိတ်ကြားချက်အရ မဟုတ်ဘဲ ၎င်းတို့၏စိတ်ဆန္ဒအလျောက် လာခဲ့ခြင်းဖြစ်သည်။ ဤတစ်ကြိမ် ဗောဓိဘိုးဘေး၏ တစ်ကိုယ်တည်းကျင့်ကြံခြင်းက ရီဖန်ကြောင့်ဖြစ်ကြောင်း သူတို့သိထားသောကြောင့် ညီငယ်လေးအား အလွန်ကျေးဇူးတင်နေကြသည် ။
ထို့ကြောင့် ရီဖန်နှင့်မဟာမင်နတ်မင်းဆက်ကြားရှိ ပြဿနာကို ကြားသိပြီးနောက် ၎င်းတို့သည် မဆိုင်းမတွဘဲ စစ်တိုက်ရန် တာ့ယွီမင်းဆက်ထံ ပြေးလာကြသည်။ ၎င်းတို့၏ အနာဂတ်အောင်မြင်မှုများကို ထိခိုက်စေနိုင်သော ကံကြမ္မာညစ်ညမ်းမှုကိုခံရနိုင်ကြောင်း သိထားလျက်နှင့်ပင် အနည်းငယ်မျှမတွန့်ဆုတ်ကြပေ။
သို့သော်လည်း ရီရှောင်းရှောင်းက သူတို့ကို စိတ်မပူရန် အာမခံခဲ့သည်။ အခြားသူများက ကံကြမ္မာညစ်ညမ်းမှုကို ကြောက်ရွံ့ကြသော်လည်း ရီရှောင်းရှောင်းဘက်မှသူများက ၎င်းအတွက်စိတ်ပူစရာမလိုပေ။
လူသားဧကရာဇ်ရာထူးရှင် ရီရှောင်းရှောင်းသည် လူသားမျိုးနွယ်၏ တန်ပြန်ကံကြမ္မာကို လုံးဝကာကွယ်နိုင်၏။ ၎င်းသည် လူ့ဧကရာဇ်၊ လူ့မျိုးနွယ်စု၏ အကြီးအမှူးဖြစ်ကာ ထိုအရာကို အကြွင်းမဲ့ထိန်းချုပ်ထားသည်။
မဟာမင်ဘုရင်သည် လေဟာနယ်လမ်းကြောင်းမှ ပထမဆုံးထွက်ခွါလာသူဖြစ်ကာ ၎င်းက ကောင်းကင်ယံရှိ ရီရှောင်းရှောင်းကို စိုက်ကြည့်နေလျက် လူသတ်လိုစိတ်ဖြင့်ပြည့်နှက်နေသည်။
"တာ့ယွီဘုရင်၊ ငါက တာ့ယွီနတ်မင်းဆက်အတွက် အသက်ရှင်ဖို့လမ်းစကို ချမ်းသာပေးဖို့ရည်ရွယ်ထားပေမယ့် မင်းအဲဒါကို တန်ဖိုးမထားဘူးပဲ!"
မင်ဘုရင်၏မျက်လုံးများတွင် လူသတ်ရန်ရည်ရွယ်ချက်မှာ သိသာထင်ရှားနေကာ အထွတ်အထိပ်တာအိုဘိုးဘေး၏ စွမ်းအားသည် ထင်ရှားလာပြီးနောက် လေထုသည် ချက်ချင်းပင်တင်းမာလာသည်။
အထွတ်အထိပ်တာအိုဘိုးဘေးတစ်ဦးက တာ့ယွီမင်းဆက်၏စစ်တပ်တစ်ခုလုံးကို သတ်ဖြတ်ရာတွင် မည်သည်အခက်အခဲမှ ကြုံတွေ့ရမည်မဟုတ်သော်လည်း၊ ကံမကောင်းစွာဖြင့် သူလုပ်ဆောင်ရန်ပင် အခွင့်အရေးမရခဲ့ချေ။
ခပ်လှမ်းလှမ်းတစ်နေရာတွင် တစ်စုံတစ်ယောက်က လေးညှို့တင်ထားပြီးဖြစ်၏။ လှုပ်ရှားလုဆဲဆဲရှိနေသော မဟာမင်ဘုရင်သည် ရုတ်တရက်သူ့ပတ်ဝန်းကျင်၌ အေးစက်သွားသလိုခံစားရလိုက်ရကာ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ထိုတစ်ခဏ၌ သူသည် ရီရှောင်းရှောင်းကို တိုက်ခိုက်ရန်ပင် အတွေးမရှိတော့ချေ။ အန္တရာယ်ရှိသည့် တိုက်ခိုက်မှုကို ခုခံရန်အတွက်ပြင်ဆင်ထားသည့် နတ်လက်နက်ကိုပင် ထုတ်သုံးလိုက်ရသည်။
နောက်အခိုက်အတန့်တွင် သာမန်မြှားတစ်စင်းသည် မဟာမင်ဘုရင်၏ခန္ဓာကိုယ်ကို ထိမှန်သွား၏။
မဟာမင်ဘုရင်၏ ခံစစ်စွမ်းအားနှင့် တားမြစ်ချက်သည်လည်း ဤမြှားအောက်တွင် အသုံးမဝင်ပေ၊ ၎င်းက သူ့ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။ အဆင့်နိမ့် ကာကွယ်ရေးနတ်လက်နက်ပင်လျှင် ထိုးဖောက်ခံလိုက်ရကာ အလင်းမှိန်ဖျဖျကိုသာ ထုတ်လွှတ်နိုင်တော့သည်။
အဆုံးတွင် မဟာမင်ဘုရင်သည် အလယ်အလတ်အဆင့် နတ်လက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ခဲ့၏။ သို့သော်လည်း ကြီးမားသောတိုက်ခိုက်မှုကြောင့် မဟာမင်ဘုရင်၏နောက်ဘက်ရှိ မရေမတွက်နိုင်သောတပ်များ လုံးဝပျောက်ကွယ်သွားခဲ့ကာ ခြေရာတစ်ချက်မကျန်ခဲ့ချေ။
တာအိုဘိုးဘေးနယ်မြေ ကျင့်ကြံမှုအဆင့်မရှိဘဲ တိုက်ခိုက်မှုကို မည်သူမျှခံနိုင်မည်မဟုတ်ချေ။
၎င်းက ဗောဓိဘိုးဘေး၏ တပည့်ကြီးဟော်ရိ၏ အင်အားဖြစ်ကာ အထွတ်အထိပ်တာအိုဘိုးဘေးများကြားတွင် အင်အားအကောင်းဆုံးဖြစ်သည်။
ဤအခိုက်အတန့်တွင် မင်ဘုရင်သည် ပြင်းထန်စွာတုန်လှုပ်သွားကာ မြှားလာရာလမ်းကြောင်းကို ကြည့်ပြီးတောက် သူ၏ ယခင်မာနထောင်လွှားမှုပင် မကျန်တော့ချေ။
“ဟော်ရိ၊ မင်းငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"
မင်ဘုရင်သည် ၎င်းကိုမယုံနိုင်ချေ။ မကြာသေးမီကပင် စတုရန်းလက်မတောင်၏ကျင့်ကြံသူများသည် တာ့ယွီနတ်မင်းဆက်ကိုကူညီရန်အတွက် ၎င်းတို့၏ကံကြမ္မာကို စွန့်စားဝံ့မည်မဟုတ်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအခါတွင် သူသည်လှောင်ရယ်ဖွယ်ဖြစ်သွား၏။
မင်ဘုရင်သည် အမှန်တကယ်ပင်နားမလည်နိုင်တော့။ တာ့ယွီနတ်မင်းဆက်က စတုရန်းလက်မ တောင်၏အသက်ကိုများ ကယ်တင်ခဲ့လေသလား။
သို့မဟုတ်ပါက စတုရန်းလက်မတောင်မှ ကျင့်ကြံသူများသည် မဟာမင်မင်းဆက်ကို ဆန့်ကျင်ရန်အတွက် အဘယ်ကြောင့် ၎င်းတို့၏ အနာဂတ်ကျင့်ကြံရေးအောင်မြင်မှုများကိုစွန့်စားကာ တာ့ယွီနတ်မင်းဆက်ကိုကူညီမည်နည်း။
ဟော်ရိလှုပ်ရှားလိုက်သောအခါတွင် သူ့ဆီသို့ဦးတည်လာသော ဝဋ်ကြွေးကံတရားကို ခံစားမိသည်။ အင်အားကောင်းလ ဤနတ်မင်းဆက်များကိုအရေးယူရန် အဖိုးခပိုကြီးလေ၊ ဝဋ်ကြွေးကံ ပိုများလေဖြစ်၏။ သို့သော် ဟော်ရိထံ ဦးတည်လာသည့် ကံတရားက ယခင်ကတစ်ခါမှမပေါ်လာဖူးသကဲ့သို့ ရုတ်တရက် ကွယ်ပျောက်သွားသည်။
ဤအခြေအနေကို ခံစားလိုက်ရသဖြင့် ဟော်ရိသက်ပြင်းတစ်ချက်ချလိုက်သည်။ ကူညီဆောင်ရွက်ပေးလျှင် ဝဋ်ကြွေးကံများတိုးလာနိုင်မှန်း သိသော်လည်း ဝင်ပါရန်ရည်ရွယ်ထားဆဲဖြစ်သည်။ ယခုတွင် သူသည် ၎င်းဝဋ်ကြွေးကံများစုဆောင်းခြင်းကို ရှောင်ရှားနိုင်လိုက်ကာ ၎င်း၏အနာဂတ်ကျင့်ကြံမှုကို မထိခိုက်စေမည်ဆိုပါက ပိုကောင်းပါ၏။
မင်ဘုရင်သည် ဟော်ရိ၏ ပြောင်းလဲမှုကို သတိမထားမိဘဲ သူ့ကိုဆက်စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ဟော်ရိသည် ထပ်မံလှုပ်ရှားလိုက်၏။
‘ကြယ်ကိုးပွင့်ပုလဲကြိုး’ သည် သာမာန်သိုင်းပညာများကဲ့သို့ဖြစ်ကာ အထူးသက်ရောက်မှုမျိုးမရှိပေ။ သို့သော်လည်း ဆဌမအဆင့် နှလုံးစွမ်းအားဖြင့်ပေါင်းစပ်ထားသော တိုက်ခိုက်မှုသည် အထွတ်အထိပ်တာအိုဘိုးဘေးများအတွက်ပင်လျှင် ခုခံကာကွယ်ရန်အလွန်ခက်ခဲလိမ့်မည်၌
ဟော်ရိ၏စွမ်းအားသည် သူ၏ တပည့်ခြောက်ယောက်ကြားတွင် အပြင်းထန်ဆုံးမဟုတ်သော်လည်း သူ၏ နှလုံးစွမ်းအားကျင့်ကြံမှုအဆင့်မှာ ဗောဓိဘိုးဘေးနှင့်တန်းတူဖြစ်ကာ နှောင်းပိုင်းအဆင့်သို့ရောက်ရှိပြီး စတုရန်းလက်မတောင်တစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်သည်။
ဆဌမအဆင့် နှောင်းပိုင်းနှလုံးစွမ်းအားမှ ထွက်ပေါ်လာသောစွမ်းအားသည် အထွတ်အထိပ်တာအိုဘိုးဘေးများ စွမ်းဆောင်နိုင်သည့် စွမ်းအားထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် နှလုံးစွမ်းအားကိုကျင့်ကြံခြင်းက သာမန်ကျင့်ကြံခြင်းထက် ဖြတ်ကျော်ရန် ပိုမိုခက်ခဲသောကြောင့် ပန်ကုစကြဝဠာတွင် နှလုံးစွမ်းအားကို ကျင့်ကြံသည့်သူမှာမရှိသလောက်နည်းပါးပါသည်။
ဟော်ရိအတွက်မူ သူ့ထံတွင် ထူးခြားစွာဖြင့် နှလုံးသားစွမ်းအားထုတ်လွှတ်နိုင်သည့် စွမ်းရည်ရှိသည်။ သို့မဟုတ်ပါက သူ၏လက်ရှိအခြေအနေသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ချေ။
ဤတစ်ကြိမ် ဟော်ရိ၏တိုက်ခိုက်မှုက ယခင်ထက်ပင် ပိုပြင်းထန်သေးသည်။ အလယ်အလတ်အဆင့် နတ်လက်နက်၏ စွမ်းအားအပြည့်ဖြင့်ပင် မဟာမင်တာအိုဘိုးဘေးကို ကာကွယ်ပေးနိုင်ရန်ခဲယဉ်း၏။
နောက်ဆုံးတွင် အလယ်အလတ်အဆင့် နတ်လက်နက်ကို ပျက်စီးစေခဲ့ကာ၊ မဟာမင်ဘုရင်သည်လည်း ဟော်ရိ၏တိုက်ခိုက်မှုကို ခက်ခက်ခဲခဲတားဆီးနေရကာ သူ၏ရောင်ဝါသည်လည်း ပိုမိုအားနည်းလာ၏။
ထို့အပြင် ဟော်ရိ၏မြှားနှစ်စင်းအောက်တွင် သူနှင့်အတူခေါ်ဆောင်လာသော စစ်တပ်သည်လည်း လုံးဝနီးပါးပျောက်ကွယ်သွားခဲ့သည်။
"ပြန်ဆုတ်၊ ပြန်ဆုတ်!"
မဟာမင်ဘုရင်သည် များစွာတွေးတောရန် အချိန်မရှိတော့ဘဲ နေရာလွတ်လမ်းကြောင်းဆီသို့ ထွက်ပြေးသွားခဲ့သည်။ အကြောင်းမှာ သူသည် တတိယမြောက်မြှားကို ပစ်လွှတ်ရန်အတွက် ၎င်း၏လေးကြိုးကို တင်လိုက်သည့် ဟော်ရိကိုမြင်လိုက်သောကြောင့်ပင်။
မဟာမင်နတ်မင်းဆက်ဘုရင်၏ အရံအတားလဲကျကျန်ခဲ့ကာ ကိုယ်ထည်ပင်နေရာ၌ မကျန်ခဲ့ချေ။ သို့သော်လည်း အရံအတား၏အကူအညီဖြင့် မဟာမင်ဘုရင်သည် မဟာမင်နတ်မင်းဆက်သို့ ပြန်လည်လွတ်မြောက်နိုင်ခဲ့သည်။
မဟာမင်နတ်မင်းဆက်သို့ ပြန်ရောက်ပြီးနောက်၊ မဟာမင်ဘုရင်၏ပထမဆုံးအလုပ်မှာ လေဟာနယ်လမ်းကြောင်းကို ပိတ်ပစ်ရန်ဖြစ်သည်။ သူသည် ဟော်ရိ၏နောက်မြှားကို ရင်ဆိုင်ရန် သတ္တိမရှိသောကြောင့် လေဟာနယ်လမ်းကြောင်းတစ်ဖက်မှ သူ၏တပ်သားများကိုစွန့်ပစ်ခဲ့သည်။
"နိုင်ငံတော်ကာကွယ်ရေးအခင်းအကျင်းကို အသက်သွင်းလိုက်"
ကံကြမ္မာရွှေကွင်းခုနစ်ခု ပေါ်လာပြီးနောက် နိုင်ငံတော်ကာကွယ်ရေးအခင်းအကျင်းကို စတင်ခဲ့သည်။ ၎င်း၏ ပြီးပြည့်စုံသော အသက်ဝင်လာမှုကို ခံစားလိုက်ရသောအခါမျသာ မဟာမင်ဘုရင်သည် အနည်းငယ်စိတ်လုံခြုံမှုကို ခံစားခဲ့ရသည်။
ထိုအချိန်တွင် မဟာမင်နတ်မင်းဆက်၏ အထက်ကောင်းကင်၌ လေဟာနယ်လမ်းကြောင်းတစ်ခု တဖြည်းဖြည်းပွင့်လာခဲ့သည်။
………
အခန်း ၃၂၁ - မိသားစုလူဦးရေ အဆင့်၁၁
လေဟာနယ်လမ်းကြောင်း ပေါ်ပေါက်လာခြင်းက ၎င်း၏ဘုရင်အပါအဝင် မဟာမင်နတ်မင်းဆက်တစ်ခုလုံး၏အာရုံကို ဖမ်းစားခဲ့သည်။ ၎င်းသည် တာ့ယွီနတ်မင်းဆက်နှင့်သက်ဆိုင်ကြောင်းကို တွေးနေရန်ပင်မလိုဘံ လူတိုင်းပြောနိုင်၏။
မကြာမီတွင် မဟာမင်နတ်မင်းဆက်၏နယ်မြေအတွင်း ပေါ်လာသော လေဟာနယ်လမ်းကြောင်းမှ တာ့ယွီမင်းဆက်၏စစ်တပ်ကြီးများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မဟာမင်ဘုရင်သည် သူလွတ်မြောက်ခြင်း မရှိနိုင်တော့ကြောင်း သိလိုက်သည်။ ပြဿနာကို ရင်ဆိုင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
"တာ့ယွီဘုရင်၊ မင်း ငါတို့ကိုအဲလောက် အနိုင်ကျင့်လိူ့မရဘူးလေ!"
မဟာမင်ဘုရင်သည် အလွန်အရှက်ကွဲသွားသည်ဟု ခံစားခဲ့ရသည်။ မဟာမင်နတ်မင်းဆက်သည် မည်သည့်အချိန်ကများ ထိုကဲ့သို့ အတင်းအကြပ်ဖိအားပေးခံရဖူးပါသနည်း။
အတိတ်က မဟာမင်နတ်မင်းဆက်သည် အခြားအင်အားစုများကိုသာ အမြဲအနိုင်ကျင့်ခဲ့ကြသော်လည်း ယနေ့တွင် ၎င်းတို့သည် ၎င်းတို့၏နယ်မြေတွင် တိုက်ခိုက်ခံနေရ၏။
ရီရှောင်းရှောင်းကမူ မဟာမင်ဘုရင်၏ ခုခံများကို လျစ်လျူရှူခဲ့သည်။
"မဟာမင်ဘုရင်၊ ငါဒီလိုပြောဖူးတာမှတ်မိပါတယ်- မင်းတို့ တာ့ယွီနတ်မင်းဆက်ရဲ့နယ်မြေထဲကိုဝင်လိုက်တာနဲ့ သေမှပဲပြန်ထွက်နိုင်လိမ့်မယ်”
ရီရှောင်းရှောင်း၏ပါးစပ်မှ “သေမှ လွတ်မြောက်နိုင်မည်” ဟူသောစကားထဲတွင် လူသတ်ရန်ရည်ရွယ်ချက် အပြည့်ရှိနေသည်။ မဟာမင်ဘုရင်ပင်လျှင်ဖိနှိပ်ခံလိုက်ရ၏။ သူမက အဘယ်ကြောင့် ထိုအရာများကို အလေးအနက်ကြီး အတည်ယူခဲ့သနည်း။ ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုသာ မဟုတ်သလော။
ရီရှောင်းရှောင်း၏ စကားများကို ကြားပြီးနောက် မဟာမင်ဘုရင်သည် နှုတ်ဆိတ်သွားကာ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပေ။ တာ့ယွီနတ်မင်းဆက် ၏ကြီးမားသောစစ်တပ်သည် မဟာမင်နတ်မင်းဆက်အတွင်းသို့ အပြည့်အ၀စိမ့်ဝင်ထားပြီးဖြစ်သည်။
မဟာမင်ဘုရင်သည် မဟာမင်နတ်မင်းဆက်သို့ ပြန်လည်ဆုတ်ခွါသွားပြီး အာကာသဥမင်လိုဏ်ခေါင်းကို မပိတ်မီကပင်၊ တာ့ယွီနတ်မင်းဆက်မှ ကျင့်ကြံသူများသည် တစ်စုံတစ်ရာလွဲချော်နေသည်ကို သတိပြုမိနေပြီးဖြစ်၏။
ယခုတွင် စစ်တပ်၏ဝိုင်းရံမှုကိုခံထားရသော မဟာမင်နတ်မင်းဆက်မှကျင့်ကြံသူများသည် တာ့ယွီ နတ်မင်းဆက်၏ဖိအားပေးမှုအောက်တွင် တုန်လှုပ်သွားကြသည်။
"တာ့ယွီဘုရင်၊ မဟာမင်နတ်မင်းဆက်က လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်"
မဟာမင်ဘုရင်၏အသံသည် ပျော့ပျောင်းသွားကာ မာနထောင်လွှားသောခေါင်းကို ငုံ့လိုက်သည်။
"လျော်ကြေးပေးစရာ မလိုဘူး။ ငါလိုချင်တာ ငါ့ကတိကို တည်ဖို့ပဲ"
ရီရှောင်းရှောင်းသည် မဟာမင်ဘုရင်၏ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ သူမသည် မဟာမင်နတ်မင်းဆက်ထံမှ လျော်ကြေးပေးရုံမျှကိုလိုချင်သည်မဟုတ်ဘဲ မဟာမင်နတ်မင်းဆက်တစ်ခုလုံးကို လိုချင်ခဲ့သည်။ ထို့အပြင် သူမလိုချင်သောအရာသည် မဟာမင်နတ်မင်းဆက်တစ်ခုတည်းမဟုတ်၊ ထန်မင်းဆက်ကိုလည်း လိုချင်သည်။
မဟာမင်းဆက်ကြီးသုံးပါးတွင် ချင်မင်းဆက်သည် သံသယမရှိ၊ မဟာမင်မင်းဆက်သည်လည်း သံသယကင်းသွားပြီဖြစ်ကြောင့် ထိုနေ့ကလုပ်ရပ်မှာ ထန်မင်းဆက်ဖြစ်ရမည်။
ယခင်က တာ့ယွီနတ်မင်းဆက်တွင် အာဏာမရှိခြင်းနှင့် ခိုင်လုံသောအကြောင်းပြချက်မရှိခြင်းကြောင့် ထန်မင်းဆက်သည် လှုပ်ရှားမှုနောက်ကွယ်ရှိမှန်း သိသော်လည်း လက်တုံ့ပြန်ခြင်းမပြုနိုင်ပေ။
သို့သော် ယခုအချိန်တွင် ၎င်းတို့ကိုတိုက်ခိုက်ရန် ကြံစည်ခဲ့သည်မှာ ထန်မင်းဆက်ဖြစ်ကြောင်းကို သိရှိသွားသောကြောင့် သည်းခံနေစရာမလိုတော့ပေ။
ထို့ကြောင့် ထိုလူမိုက်များနှင့် ရင်ဆိုင်ရသည့်အခါတွင် စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းချုပ်ထားရန်မလိုအပ်ဘဲ တိုက်ရိုက်လှုပ်ရှားနိုင်သည်။ အခြားအထောက်အထားများမရှိလျှင်ပင် ၎င်းတို့၏ ပြောစကားသာအတည်ဖြစ်၏။
မဟာမင်ဘုရင်သည် အလွန်ဒေါသအမျက်ထွက်ကာ တာ့ယွီနတ်မင်းဆက်သည် လွန်လွန်းနေပြီဟု ခံစားရသည်။ သူကိုယ်တိုင်နောင်တရပြီးနောက် အမှားများကို ဝန်ခံပြီးသည့်တိုင် နောက်ထပ် ဘာများလိုချင်ပါသေးသနည်း။
ကံမကောင်းစွာဖြင့် ရီရှောင်းရှောင်းက သူ့ကို အခွင့်အရေးမပေးခဲ့ဘဲ မကြာမီတွင် အထွတ်အထိပ်တာအိုဘိုးဘေး ၃ဦး၏ ဝန်းရံခြင်းကိုခံလိုက်ရကာ ဒေါသပင် ဆက်မထွက်နိုင်တော့ချေ။
နောက်ဆုံးအကြိမ်က သူလွတ်မြောက်နိုင်ခဲ့သေးသော်လည်း
ယခုတွင် တာအိုဘိုးဘေးသုံးဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မဟာမင်ဘုရင်သည် လွတ်မြောက်ရန် အခွင့်အရေးပင်မရှိတော့ချေ။
"တာ့ယွီနတ်မင်းဆက်၊ မင်းတို့က ထောင်လွှားနေကြတာ! သေချာပေါက် လက်စားချေခံရဖို့ စောင့်နေလိုက်!"
မဟာမင်ဘုရင်ကျဆုံးသွားပြီးနောက် ကျန်ရှိသော ကျင့်ကြံသူများသည် တာ့ယွီနတ်မင်းဆက်အတွက် ခြိမ်းခြောက်မှုမရှိခဲ့ပေ။ တကယ်တမ်းတွင် ကျင့်ကြံရေးသမား အများအပြားက လက်နက်ချပြီးဖြစ်သောကြောင့် ရီရှောင်းရှောင်းက လက်ညှိုးတစ်ချောင်းမ၊ရန်ပင် မလိုတော့ချေ။
သူတို့၏ ရှုထောင့်မှဆိုလျှင် မည်သည့်နေရာတွင်ထမ်းဆောင်ရခြင်းကမှ အရေးမကြီးချေ။ ပိုမိုအားကောင်းသော တာ့ယွီနတ်မင်းဆက်ကို သစ္စာခံခြင်းသည်လည်း ပြဿနာမရှိနိုင်ပါ။ ထိုကျောရိုးမဲ့သတ္တဝါများကို ရီရှောင်းရှောင်းက ထုံးစံအတိုင်းရှုတ်ချခဲ့သည်။
သို့သော်လည်း စစ်အင်အားကို ပိုမိုဖြုန်းတီးခြင်းမှ ရှောင်ရှားရန်အတွက် သူမသည် ဆက်လက်၍ အရေးယူခြင်းမပြုခဲ့ပေ။ ၎င်းတို့ကို နောက်ပိုင်းတွင် အချိန်မရွေးဖယ်ရှားနိုင်၏။
ရောက်ရှိနေကြသော အင်အားစုကြီးများမှ သူလျှိုများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
၎င်းတို့သည် မဟာမင်နတ်မင်းဆက်ကို တာ့ယွီနတ်မင်းဆက်က ခုခံနိုင်မည့်ဖြစ်နိုင်ခြေအပါအဝင် ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့ကြသော်လည်း။ တိုက်ပွဲက ဤမျှချောချောမွေ့မွေ့ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
တာ့ယွီနတ်မင်းဆက်သည် မည်သည့်စစ်အင်အားကိုမျှ အသုံးမချဘဲ မဟာမင်နတ်မင်းဆက်ကိုအနိုင်ယူခဲ့သည်။ ၎င်းက တာ့ယွီနတ်မင်းဆက် တိုးတက်လာသည်ကို မမြင်လိုသည့် အင်အားစုများကို အလွန်စိတ်ပျက်စေကာ၊ မဟာမင်နတ်မင်းဆက်၏ အသုံးမကျမှုအတွက် တိတ်တဆိတ်ကျိန်ဆဲကာ စိတ်ဆိုးဒေါသထွက်နေ၏။
ထန်မင်းဆက်သည်လည်း မဟာမင်နတ်မင်းဆက်သည် တာ့ယွီနတ်မင်းဆက်အောက်တွင် ကျရှုံးသွားသည့်သတင်းကို ရရှိခဲ့သည်။ ထန်မင်းဆက်ဘုရင်၏အမူအရာမှာ ထိတ်လန့်တုန်လှုပ်ခြင်းမှ ဒေါသအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏အကြံအစည်တွင် မဟာမင်နတ်မင်းဆက်က တာ့ယွီနတ်မင်းဆက်ကို အားနည်းသွားစေလိမ့်မည်ဟု ထင်ထားခဲ့သည်။
အနည်းဆုံး ၎င်းတို့သည် တာ့ယွီနတ်မင်းဆက်အတွက် အတားအဆီးအချို့ကို ဖြစ်ပေါ်စေလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ ထိုရည်မှန်းချက်များထဲမှ တစ်ခုမျှမပြီးမြောက်ခဲ့ပေ။ ဤမျှကြာအောင်စီစဉ်ခဲ့သော ထန်ဘုရင်က ၎င်းကို မည်သို့လက်ခံနိုင်မည်နည်း။
"အရှင်၊ ငါတို့ မဟာမင်နတ်မင်းဆက်ကို အရေးယူသင့်သလား" ဝန်ကြီးချုပ်က စတင်ပြောဆိုခဲ့သည်။
မဟာမင်နတ်မင်းဆက်သည် မဟာမင်းဆက်ကြီးသုံးပါးတွင် အားအနည်းဆုံးဖြစ်သော်လည်း ၎င်းသည် ကြီးမားလတ်ဆတ်သော အသားတုံးဖြစ်နေဆဲပင်။ ၎င်းကိုစားသုံးရာတွင် ထန်နတ်မင်းဆက်၏စွမ်းအားသည်လည်း အလွန်တိုးမြင့်လာမည်ဖြစ်သည်။
"မဟုတ်ဘူး၊ ငါတို့အခု ဘာမှမလုပ်သင့်ဘူး!"
ထန်ဘုရင်သည် ဝန်ကြီးချုပ်၏အကြံပြုချက်ကို ချက်ခြင်းပင် ငြင်းဆိုလိုက်သည်။
"အရေးယူခြင်းဖို့ ရှောင်ရုံတင်မဟုတ်ဘူး ဒီကိစ္စတွေနဲ့လဲ လွတ်လွတ်ကင်းကင်းနေမယ်"
တာ့ယွီနတ်မင်းဆက်မှပြသသောအင်အားက ထန်ဘုရင်ကို အလွန်ထိတ်လန့်စေခဲ့သည်။ သူ့ထံတွင် နောက်ထပ်အစီအစဉ်များ ရှိနေသော်လည်း၊ သူ၏ လက်ရှိအစီအစဉ်များ အဆက်မပြတ်ကျဆုံးမှုက သူ့ကိုယ်သူယုံကြည်မှုကို ကျဆင်းစေခဲ့သည်။ နောက်ဆက်တွဲအစီအစဉ်များကို သူမျှော်မှန်းထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဦးမည်လား။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့၏အစီအစဉ်များ ကျရှုံးခဲ့သော်လည်း ၎င်းတို့ကိုယ်ကို မထုတ်ဖော်ခဲ့ကြသောကြောင့် တာ့ယွီနတ်မင်းဆက်၏ လက်တုံ့ပြန်ရန်အကြောင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ သို့မဟုတ်ပါက ထန်ဘုရင်သည် ယခုအချိန်တွင် အမှန်တကယ် ခေါင်းကိုက်နေရလိမ့်မည်။
ယခုတွင် မဟာချင်ဘုရင်သည် တာ့ယွီနတ်မင်းဆက်၏ အရှိန်အဟုန်ဖြင့်ထွန်းကားလာခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားကာ ၎င်းတို့ကို နှိမ်နင်းရန်သာ မျှော်လင့်နိုင်သည်။
………….