← Chapters

အခန်း ၃၂၂-၃၂၄

Vol. 22 Ch. 322-324

အခန်း ၃၂၂-၃၂၄

Vol. 22 Ch. 322-324

အခန်း ၃၂၂ - မိသားစုလူဦးရေအဆင့် ၁၁

နှစ်ပေါင်းများစွာကြံစည်တိုက်ခိုက်ပြီးနောက် မဟာချင်မင်းဆက်၏အုပ်စိုးရှင်သည် တာ့ယွီနတ်မင်းဆက်က ၎င်းတို့ထက် သာလွန်သွားမည်ကို ထိုင်စောင့်ကြည့်နေလိမ့်မည်ဟု မထင်ပေ။ ထန်မင်းဆက်အုပ်စိုးရှင်က သူ့နှလုံးသားထဲတွင် ဆုတောင်းနေလေ၏။

ထန်နတ်မင်းဆက်သည် ရီရှောင်းရှောင်း၏ နောက်ထပ်ပစ်မှတ် ဖြစ်လာခဲ့သည်။ သို့သော် ရီရှောင်းရှောင်းသည် အလျင်စလိုတိုက်ခိုက်ရန် မလုပ်ဆောင်ခဲ့ပေ။ အဆင့်တိုင်းကို ဂရုတစိုက်ဆောင်ရွက်ရမည်။

ယခု တာ့ယွီနတ်မင်းဆက် လုပ်ဆောင်ရမည့်အရာမှာ မဟာမင်နတ်မင်းဆက်ကို ဦးစွာချေဖျက်ရန်ဖြစ်သည်။ မဟာမင်နတ်မင်းဆက်သည် မဟာကမ္ဘာကြီးနှစ်ခုပါ၀င်သောကြောင့် တာ့ယွီနတ်မင်းဆက်အတွက် ၎င်းကိုစုပ်ယူရန် အချိန်အနည်းငယ်ကြာနိုင်သည်။

ထိုအချိန်တွင် ရီဖန်အတွက် အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိလာ၏။ ရီဖန်သည် တာအိုဘိုးဘေးတိုက်ခိုက်ရေးစွမ်းအားကိုသာ ပိုင်ဆိုင်ထားသော်လည်း အထွတ်အထိပ်တာအိုဘိုးဘေးများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူသည်အားနည်းခြင်းမရှိချေ။

သို့သော် ရီဖန်သည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်သာရှိခဲ့သောကြောင့်

အဆင့်ဖြတ်ကျော်ခြင်းမရှိဘဲ ရန်သူများနှင့် ရင်ဆိုင်ရသောအခါတွင် ယုံကြည်မှုကင်းမဲ့နေတတ်၏။

ယခုတွင် ရီဖန်သည် နောက်ဆုံးတွင် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ရီကျင်းချုံနှင့် ရီချင်တို့သည်လည်း ၎င်းတို့၏ စုန်းဘိုးဘေးများသွေးမျိုးဆက်ကို အားကိုးကာ အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ဖြတ်သွားခဲ့သည်။

ဒုတိယမျိုးဆက်များထဲမှ အကြီးအကဲနှစ်ဦးဖြစ်သော ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည်လည်း အင်မော်တယ်ဧကရာဇ်နယ်မြေသို့ အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည်။ ဤကာလအတွင်း ရီမိသားစု၏ကြိုးပမ်းအားထုတ်မှုများသည်လည်း နောက်ဆုံးတွင် အကျိးအမြတ်ရရှိလာ၏။

ရီမိသားစုရှိ အင်မော်တယ်ဧကရာဇ်များ၏ အရေအတွက်သည် သိသိသာသာ တိုးလာခဲ့သည်။ အင်မော်တယ်ဧကရာဇ်များစွာ၏ပံ့ပိုးမှုဖြင့် ရီဖန်သည် နောက်ဆုံးတွင်တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်ရန် လုံလောက်သောကျင့်ကြံမှုကို ရရှိခဲ့သည်။

"ဂုဏ်ယူပါတယ် သခင်၊ မိသားစုလူဦးရေ နှစ်သန်းကျော်သွားပြီး မိသားစုလူဦးရေ အဆင့်၁၁ ရေရှည်တာဝန်ကို အောင်မြင်စွာပြီးမြောက်သွားပါပြီ၊ ဆုလာဘ်ကို တောင်းဆိုနိုင်ပါတယ်”

ရီဖန်၏ အောင်မြင်မှုမတိုင်ခင် နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးသည်၊ ၎င်းတို့မျိုးနွယ်စု၏ လူဦးရေမှာ များပြားလာပြီဖြစ်၏။ ပန်ကုစကြဝဠာရှိ အင်အားစုကြီးများအားလုံး၏ ပံ့ပိုးမှုအောက်တွင် ရီမိသားစု၏လူဦးရေသည် ပေါက်ကွဲထွက်လာ၏။

ကျင့်ကြံမှုအဆင့်မြင့်လေ မျိုးဆက်မွေးဖွားရန်အတွက် ခက်ခဲလေဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အင်အားစုကြီးများမှရရှိသော ဝိညာဉ်ရေးဆေးပင်များနှင့် ဝိညာဉ်ပစ္စည်းများကို မခုခံနိုင်ခဲ့ကြပေ။ သို့မဟုတ်ပါက ရီဖန်သည် ထိုတာဝန်ကိုပြီးမြောက်ရန် အချိန်ပိုယူရလိမ့်မည်။

"စနစ်၊ ဆုငွေထုတ်ပါ!"

“သခင့်အတွက် ဂုဏ်ယူပါတယ်။ မိသားစုအမှတ်အသားဆုလာဘ်ဖြစ်တဲ့ သူတော်စင်အဆင့်သို့ ကူးပြောင်းခြင်းကို ရရှိပါပြီ"

၎င်းသည် အရောင်ကိုမဖော်ပြတော့ဘဲ သူတော်စင်အဆင့်အရည်အချင်းဟူ၍သာ တိုက်ရိုက်ရေးသားခဲ့သည်။

တာအိုဘိုးဘေးအရည်အချင်းက ရီမိသားစု၏ ကျင့်ကြံသူအဖွဲ့ဝင်များကို ၎င်းတို့၏ ကျင့်ကြံမှုအဆင့်တိုးတက်လာစေရန် ကူညီပေးနိုင်သော်လည်း အရှိန်ကိုတော့ ဤမျှမြှင့်တင်ပေးလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ၎င်းသည်အရည်အချင်းမျှသာဖြစ်သောကြောင့် တာအိုဘိုးဘေးတိုင်းက တာအိုဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟု အာမမခံနိုင်ပေ။

သူတော်စင်အဆင့်အရည်အချင်းပြည့်မီသူများက တာအိုဘိုးဘေးနယ်ပယ်သို့ မဖြတ်ကျော်နိုင်ခဲ့လျှင်တော့ ရီဖန်သည် ၎င်းတို့ကို ရီမိသားစုမှ ထုတ်ပယ်ရန် စဉ်းစားရလိမ့်မည်။ ၎င်းက အလွန်ရှက်ဖွယ်ကောင်းလှ၏။

ဤဆုလာဘ်သည် ရီဖန်ကို စိတ်အားထက်သန်စေသည်။ သူသည် တာအိုဘိုးဘေးနယ်မြေ၏ ပျက်ဆီးခြင်းဖန်တီးမှုစာအုပ်ကိုလည်း ပြီးစီးတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ရရှိမည့်ဆုလာဘ်က သူတော်စင်အဆင့် ဉာဏ်အလင်းဖြစ်ရမည်။

စနစ်၏သဘောသဘာဝအရ ရီဖန်သည် ၎င်းကိုကောင်းကောင်း နားလည်သည်။ အရည်အချင်းနှင့် ဉာဏ်အလင်းသည် အမြဲတမ်းနီးပါး ဆက်စပ်နေသည်မဟုတ်လား။

ဆုလာဘ်များရရှိပြီးနောက် ယခုအချိန်သည် တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်ရမည့်အချိန်ဖြစ်သည်။ ရီဖန်၏အတွေးများသည် ဝိညာဉ်ပင်လယ်ထဲသို့ ဆင်းသက်လာသည်။

ဝိညာဉ်ပင်လယ်အတွင်း ပျက်ဆီးခြင်းကောင်းကင်တာအိုနှင့် ရောယှက်လျက် ခိုင်ခံ့သောကြိုးများသည် ထူးခြားစွာဖြစ်ပေါ်လာသည်။

ပျက်ဆီးခြင်းကောင်းကင်ဘုံတာအိုသည် ကောင်းကင်တာအိုများထဲတွင် အပြင်းထန်ဆုံးဟု သတ်မှတ်ခံရသည်။

တာအိုဘိုးဘေးနယ်ပယ်သို့ ဖြတ်ကျော်ရန်အတွက် သူ့ကိုယ်ပိုင်စည်းမျဉ်းများ ဖန်တီးရန်လိုအပ်၏။

ရီဖန်သည် ၎င်းစည်းမျဉ်းအတွက် အကြံတစ်ခုရှိသည်။

ရီဖန် အလေးနက်ဆုံးနားလည်သည့်အရာမှာ ပျက်ဆီးခြင်းနှင့် ကမ္ဘာတို့ဖြစ်သည်။

ပျက်ဆီးခြင်းပုလဲတည်ရှိမှုနှင့် ရန်ဟွမ်နယ်မြေတွင် ကမ္ဘာကြီးနှစ်ခုကိုထိန်းချုပ်ထားခြင်းဖြင့် ရီဖန်၏ ၎င်းတာအိုအပေါ် နားလည်သဘောပေါက်မှုသည် အလေးနက်ဆုံးဖြစ်သည်။ သူ့ကိုယ်ပိုင်စည်းမျဉ်းကို ဖန်တီးရန်အတွက် ထိုအချက်နှင့် စတင်ရန်သေချာပေါက်လိုအပ်လိမ့်မည်။

"စနစ်၊ ပေါင်းစည်းပြီးတော့ အဆင့်ဖြတ်ကျော်လိုက်တော့!"

ပထမဆုံးအောင်မြင်မှုတွင် စွမ်းရည်အမျိုးမျိုးရောက်ရှိလာသည်။ သူတော်စင်အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့်အတူ ဆေးပညာနှင့် အခင်းအကျင်းတွင်လည်း သူတော်စင်အလယ်အလတ်အဆင့်သို့ ရောက်သွားသည်။ နောက်ဆုံးတွင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် ဖြတ်ကျော်သွားခဲ့၏။

ပျက်ဆီးခြင်းကောင်းကင်တာအိုသည် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အာဟာရအဖြစ် ဖြည်းညှင်းစွာ ပျက်ပြယ်သွားကာ ရီဖန်အမှန်တကယ်ပိုင်ဆိုင်သော ပျက်ဆီးခြင်းကမ္ဘာစည်းမျဉ်းကို မွေးဖွားပေးသည်။

စည်းမျဉ်းအသစ်တစ်ခုစီသည် စကြဝဠာ၏အနှစ်သာရကို မြှင့်တင်နိုင်ကာ ၎င်း၏မူလနိယာမများကို ပိုမိုခိုင်မာစေသည်။

စွမ်းအားပိုကောင်းလေလေ၊ ကြယ်တာရာမူလနိယာမကို ရွေ့လျားစေနိုင်မှု ပိုမိုအားကောင်းလေဖြစ်သည်။

ရီဖန်သည် သူတော်စင်အဆင့်အတွက် ၎င်းကို ပဏာမနားလည်ခဲ့သည်။ သူတော်စင်အဆင့်သည် ကြယ်တာရာမူလနိယာမကို ရွေ့လျားစေခြင်းမဟုတ်ဘဲ လူတစ်ဦး၏ခန္ဓာကိုယ်အတွင်း

ကြယ်တာရာမျိုးစေ့ကိုထည့်သွင်းခြင်းဖြစ်သည်။

ပျက်ဆီးခြင်းပုလဲက ကမ္ဘာကြီးကို မွေးဖွားပေးခြင်းနှင့် ဆင်တူသော်လည်း ဤဖြစ်စဉ်က ပိုအစွမ်းထက်၏။

သို့သော် လူသားများ၏ ကြိုးစားအားထုတ်မှုကြောင့် ထိုကဲ့သို့သော နတ်မျိုးစေ့များမွေးဖွားခြင်းသည် မယုံနိုင်လောက်အောင်ရှားပါးကာ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို လိုအပ်သည်။

သူတော်စင်အများစုအသုံးပြုသည့်နည်းလမ်းမှာ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကို ကြယ်တာရာမျိုးစေ့အဖြစ်သို့ ပြန်လည်သန့်စင်ခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ရီဖန်၏ခန္ဓာကိုယ်သည် ပျက်ဆီးခြင်းစကြဝဠာ၏ ပထမဆုံးစည်းမျဉ်းကို မွေးဖွားပေးခဲ့သည်။ ထို့နောက်တွင် ဒုတိယ၊ တတိယသိူ့ ရောက်ရှိလာ၏။ တာအိုဘိုးဘေးနယ်မြေသို့ ဝင်ရောက်စတွင် ကြယ်တာရာမူလနိယာမ ဆယ်ခုထက်နည်းသည်။

သာမာန်တာအိုဘိုးဘေးတစ်ဦးတွင် ပုံမှန်အားဖြင့် ရာဂဏန်းထက်နည်းစွာရှိသည်။ အထွတ်အထိပ်တာအိုဘိုးဘေးအတွက်မူ တစ်ထောင်မှ ကိုးသောင်းအထိ ရှိနိုင်သည်။ အနှိုင်းမဲ့တာအိုဘိုးဘေးကမူ ထောင်ပေါင်းများစွာသော မူလအခြေခံနိယာမများဖြင့်စတင်ကာ စကြဝဠာအတွင်း များစွာပေါက်ပွားရန်အတွက် ပြင်ဆင်နေသည့် မူလအခြေခံနိယာမကို စုပြုံလာစေသည်။

ထို့ကြောင့် အထွတ်အထိပ်တာအိုဘိုးဘေးများနှင့် အနှိုင်းနဲ့တာအိုဘိုးဘေးများကြားရှိကွာဟချက်မှာ အလွန်ကြီးမား၏။

ယခုမှထိုးဖောက်ခဲ့သည့် ရီဖန်ထံတွင် မူလအခြေခံနိယာမများ တဟုန်ထိုးတက်လာသည်။ တစ်၊ တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းစသည်ဖြင့်တက်သွားပြီး သူသည် နောက်ဆုံးမရပ်တန့်မီ မူလအခြေခံနိယာမပေါင်း ခြောက်သောင်းကျော်ကို မွေးဖွားနိုင်ခဲ့သည်။

ရီဖန်ကိုယ်တိုင်ပင်လျှင် ၎င်းကိုမမျှော်လင့်ထားချေ။

ရီဖန်သည် သူ၏အခြေခံအုတ်မြစ်က အစွမ်းထက်မှန်းသိ၏။ သို့မဟုတ်ပါက အင်မော်တယ်ဧကရာဇ်နယ်မြေကျင့်ကြံခြင်းအဆင့်ဖြင့် အထွတ်အထိပ်တာအိုဘိုးဘေးများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သို့သော် မူရင်းအခြေခံနိယာမအများကြီးနှင့် စတင်ရလိမ့်မည်ကိုတော့ သူမသိခဲ့ပေ။ ပုံမှန်အားဖြင့် မူရင်းအခြေခံနိယာမအရေအတွက် တစ်သိန်းသို့ရောက်ရှိသောအခါ၊ ၎င်းသည် ကြယ်တာရာမျိုးစေ့များကိုစတင်တွေ့ရှိလိမ့်မည်၊ ၎င်းသည် ဤစည်းမျဉ်းများ၏အလားအလာဖြစ်သည်။

သို့သော်လည်း ရီဖန်သည် စည်းမျဉ်းအရေအတွက် ခြောက်သောင်းကျော်ကို တိုးမြှင့်ခြင်းက ထိုမျှခက်ခဲလိမ့်မည်မဟုတ်ကြောင်းခံစားနိုင်သည်။အနည်းဆုံး သောင်းချီသော စည်းမျဉ်းများက ရီဖန်၏ ကန့်သတ်ချက်နှင့် ကပ်ပင်မနေချေ။

တာအိုဘိုးဘေးတစ်ဦး၏ ကန့်သတ်ချက်သို့ ရောက်ရန်မှာ သူထင်သလောက်မလွယ်ကူပုံရသည်။

အသက်ကို ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်ပြီးနောက် ရီဖန်၏နှလုံးသည် စိတ်လှုပ်ရှားလာ၏။

သူသည် အင်မော်တယ်ဧကရာဇ်တစ်ဦးအနေဖြင့် တာအိုဘိုးဘေးများကိုခံနိုင်ရည်ရှိခဲ့ရာ ယခုတွင် တာအိုဘိုးဘေးအဆင့်သို့ ဖြတ်ကျော်သွားသောကြောင့်၊ အနှိုင်းမဲ့တာအိုဘိုးဘေးများကို တိုက်ခိုက်ရန် မည်သည့်ပြဿနာမျှမရှိတော့ပေ။

ရီဖန်သည် ယခင်က အနှိုင်းမဲ့တာအိုဘိုးဘေးများနှင့် ထပ်မံတွေ့ဆုံရလျှင် သူသည် ၎င်း၏မိုက်မဲသော ခေါင်းကိုဖြတ်ပစ်မည်မှာ သေချာသည်။ ‘ထန်မင်းဆက်၊ ဒီတစ်ခါ ငါ့ကိုစိတ်မပျက်စေနဲ့တော့’

ရီဖန်သည် သူ၏ကျင့်ကြံမှုအပြီး အားဖြည့်ရန်မလိုအပ်ဘဲ သူ၏တံခါးပိတ်ကျင့်ကြံမှုကိုတိုက်ရိုက် အဆုံးသတ်ခဲ့သည်။

သူ၏မိတ်ဆွေများက သူ့ကိုမြင်သောအခါ ဖိအားများ ရုတ်တရက် ခံစားလိုက်ရသည်။ ဤဖိအားသည် သူတို့၏ဆရာနှင့်တွေ့သောအခါ သူတို့ခံစားခဲ့ရသည့်အတိုင်းပင်။ ၎င်းတို့မျက်လုံးထဲတွင် ထိတ်လန့်နေကြ၏။ သူတို့ညီငယ်လေး၏ အင်အားက ယခုတွင် ဆရာနှင့် အတူတူနီးပါးရှိနေသည်လေ။

ရီဖန်၏တိုးတက်မှုကို မနာလိုကြသော်လည်း ဤကြီးမားလှသောအမြန်နှုန်းက ၎င်းတို့အပေါ် ဖိအားများစွာပေးနေဆဲဖြစ်သည်။ ဆရာတူညီလေးထက် အင်အားနည်းလာခြင်းကြောင့် သူတို့ သည်းမခံနိုင်တော့ပေ။

‘မဟုတ်ဘူး၊ အဆင်မပြေဘူး။ မြန်မြန်ကျော်ဖြတ်ရမယ်’

အထူးသဖြင့် ရီဖန်နှင့် ပထမဆုံးတွေ့ဆုံစဉ်က နောက်ဆုံးမျိုးဆက်ကို ပြန်ပြောင်းသတိရသည့်အခါ ရီဖန်က ကမ္ဘာအင်မော်တယ်ကျင့်ကြံသူသာရှိသေးသည်။

ထိုအချိန်က မည်မျှကြာပါသေးသနည်း။ ယခုတွင် သူ၏ ကျင့်ကြံမှုအဆင့်က ၎င်းတို့ထက်သာလွန်နေပြီဖြစ်သည်။

ဤကွာဟချက်ကြောင့် ထန်နတ်မင်းဆက်၏အဖြစ်အပျက်အပြီးတွင် တိတ်တဆိတ် တစ်ကိုယ်တည်းကျင့်ကြံရမည်ဟု ကတိပြုကာ အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်သို့ မဖြတ်ကျော်မချင်း ပြန်မထွက်ဟု

ကတိပြုစေခဲ့သည်။

သူတို့၏နောက်ဆုံးမျိုးဆက်ဖြစ်သော စွန်းဝူခုန်းနှင့် ယန်ကျန်းတို့အားလုံးသည် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်နှင်ပ ခြေတစ်လှမ်းသာဝေးသည်။ အချို့သောအခွင့်အရေးများကြောင့် ၎င်းတို့သည် နောက်တစ်နေ့တွင်ပင် ဖြတ်ကျော်သွားနိုင်သည်။

ယခင်က ဖိအားများကို မခံစားခဲ့ရသောကြောင့် အလျင်စလိုမဖြစ်ခဲ့ကြပေ။ ယခုတွင် ရီဖန်ကသာလွန်သွားသောကြောင့် နောက်ဆုံးတွင် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ဒီတစ်ခါတွင် သူတို့ကိုယ်သူတို့ ကန့်သတ်ချက်အထိ တွန်းပို့ကြရလိမ့်မည်။

ရီဖန်၏တစ်ကိုယ်တည်းကျင့်ကြံမှုအတွင်း တာ့ယွီနတ်မင်းဆက်က မဟာမင်နတ်မင်းဆက်ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ ကမ္ဘာငါးခုလုံးကို ထိန်းချုပ်ထားပြီးသော တာ့ယွီနတ်မင်းဆက်သည် ယခု ပန်ကုစကြဝဠာတွင် ထိပ်တန်းအဖြစ် သတ်မှတ်ခံထားရသည်။

တာ့ယွီနတ်မင်းဆက်၏ အင်အားသည် မဟာချင်မင်းဆက်ထက်ပင် သာလွန်သည်ဟု လူအများက ဆွေးနွေးကြသည်။ သို့သော် တစ်ဖက်တွင် အနှိုင်းမဲ့တာအိုဘိုးဘေးမရှိသော တာ့ယွီနတ်မင်းဆက် သည် မဟာချင်မင်းဆက်နှင့် မယှဉ်နိုင်သေးဟု အချို့က ယူဆကြသည်။

မဟာချင်ဘုရင်သည် အမှန်တကယ်ပင် အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်ကာ အစွမ်းအထက်ဆုံး ဘုရင်တစ်ပါးဖြစ်သည်။ မဟာချင်မင်းဆက်သည် ဘုရင်၏အာဏာကို ကြီးမားစွာမှီခိုအားထားသည့် ပထမဆုံးမင်းဆက်ဖြစ်သည်။

များပြားလှသော ဆွေးနွေးမှုများကြားတွင် လူအများအပြားသည် တိုက်ပွဲအတွက် လျှို့ဝှက်ထားသော ရည်ရွယ်ချက်များရှိခဲ့ကြသည်။ မဟာချင်မင်းဆက်က တာ့ယွီနတ်မင်းဆက်ကို အပြစ်ပေးပိတ်ဆို့ရန်လည်း မျှော်လင့်နေကြသည်။

ကံမကောင်းဖြင့် မဟာချင်မင်းဆက်သည် ထိုမှတ်ချက်များကို လုံးဝမကြားခဲ့သကဲ့သို့ပင် ဘာလှုပ်ရှားမှုမှမရှိခဲ့ပေ။ ထိုအချိန်တွင် တာ့ယွီနတ်မင်းဆက်က နောက်တစ်ကြိမ်လှုပ်ရှားရန် ပြင်ဆင်နေလေသည်။

…………..

အခန်း ၃၂၃ - ထန်နတ်မင်းဆက်ဘုရင် : အရိုက်ခံရတာက ငါမဟုတ်ဘူးလား

ဤတစ်ကြိမ်တွင် ပစ်မှတ်သည် သေချာပေါက် ထန်နတ်မင်းဆက်ဖြစ်၏။ ထန်မင်းဆက်သည် လူတိုင်း၏အမြင်အာရုံမှ ပျောက်ကွယ်သွားချင်သကဲ့သို့ အချိန်အတော်ကြာအောင် နိမ့်ချနေထိုင်ခဲ့သော်လည်း ၎င်းက ဘာကိုမှမပြောင်းလဲပေးနိုင်ချေ။

ယခုတွင် ရီရှောင်းရှောင်းက စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်နှင့် ထန်မင်းဆက်က မည်မျှပငါ နှိမ့်ချနေထိုင်စေကာမူ သူမ၏ရည်မှန်းချက်ကို စွန့်လွှတ်မည်မဟုတ်ပေ။ ကိစ္စအားလုံး၏နောက်ကွယ်မှ လျှို့ဝှက်ကြိုးကိုင်သူကို ချမ်းသာပေးမည်မဟုတ်။

ထို့အပြင် တာ့ယွီနတ်မင်းဆက်၏ ကံကြမ္မာရွှေကွင်းကို လုံးဝလုံခြုံစေရန်အတွက် ထန်နတ်မင်းဆက်အတွင်း ဝှက်ထားသော ကံကြမ္မာရွှေကွင်းကိုလည်း ပြန်လည်ရယူရမည်ဖြစ်သည်။ ထို့ကြောင့် အခေုအနေအားလုံးအောက်တွင် ထန်မင်းဆက်၏ကံကြမ္မာကို စည်းတံဆိပ်ပိတ်ထားပြီးဖြစ်၏။

အကယ်၍ ထန်မင်းဆက်အတွင်း အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးရှိနေခြင်းကြောင့်သာ မဟုတ်ပါက၊ ရီရှောင်းရှောင်းသည် ယခင်တည်းက အရေးယူပြီးဖြစ်လိမ့်မည်။

သို့သော် ထန်ဘုရင်သည် ဖုံးကွယ်ရာတွင် အလွန်တော်၏။ အနှိုင်းမဲ့တာအိုဘိုးဘေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း အချိန်အတော်ကြာအောင် မထုတ်ဖော်ပြရခြင်းက လွယ်ကူမည့်အလုပ်မဟုတ်ပေ။

အကယ်၍ ၎င်းက တာ့ယွီနတ်မင်းဆက်ကို တိုက်ခိုက်ရန်အတွက် စီစဉ်ထားခြင်းကြောင့်သာ မဟုတ်ပါက ပန်ကုစကြဝဠာအတွင်းရှိ အခြားသော အနှိုင်းမဲ့တာအိုဘိုးဘေးများကို သတိမပြုမိကြသေးချေ။

ယခုမူတွင် တာ့ယွီနတ်မင်းဆက်တွင်လည်း ၎င်းတို့၏ အနှိုင်းမဲ့တာအိုဘိုးဘေးများရှိပြီဖြစ်သောကြောင့် နောက်ဆုံးတွင် ခြုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

သို့သော်လည်း ရန်သူက အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်ခဲ့လျှင်ပင် ၎င်းတို့၏စွမ်းအားအပြည့်ကို မဆင်မခြင်လွှတ်ချရန် ဆုံးဖြတ်ထားပါက ၎င်းတို့ကိုရပ်တန့်ရန် လွယ်ကူမည်မဟုတ်ပေ။

ရီဖန်သည် စွန့်စားလိုသူမဟုတ်၊ ထို့ကြောင့် တစ်စုံတစ်ရာ အရေးယူခြင်းမပြုမီ၊ သူက ယင်ကျန်းကို ထပ်မံခေါ်ဆိုခဲ့သည်။ ထန်ဘုရင်ဖောက်ခွဲရန်ကြိုးစားလျှင်ပင် အနှိုင်းမဲ့တာအို ဘိုးဘေးနှစ်ဦးရှိနေပါက သက်ရောက်မှုရှိလိမ့်မည်မဟုတ်ပေ။

ထန်မင်းဆက်အတွင်းတွင် ထန်ဘုရင်၏စိတ်ထဲတွင် မသာမယာဖြစ်နေကာ မျက်ခွံများအဆက်မပြတ်လှုပ်နေ၏။ အနှိုင်းမဲ့တာအိုဘိုးဘေးသည် ကံကြမ္မာနှင့်ဆိုင်သော အရာများကို အာရုံခံနိုင်သောကြောင့်၊ ထ်ိုမသက်မသာခံစားရခြင်း၏ အကြောင်းအရင်းရှိရမည်။ သို့သော်လည်း သူမည်ကဲ့သို့တွက်ချက်ပါစေ၊ သူအဘယ်ကြောင့်ထိုသို့ခံစားနေရမှန်း နားမလည်နိုင်ချေ။

ယခုတွင် ပန်ကုစကြဝဠာတစ်ခုလုံး၌ သူ၏ပြဿနာမှာ ရီဖန်ဖြစ်သည်။ ရီဖန်က သူနှင့်ရင်ဆိုင်ခိုင်းရန်အတွက် ဗောဓိဘိုးဘေးကို ခေါ်ဆောင်လာခြင်း ဖြစ်နိုင်ပါသလား။ ထိုသို့တွေးကြည့်လျှင် မဖြစ်နိုင်ဟုထင်ရသည်။ ထန်မင်းဆက်သည်လည်း သေးငယ်သောအင်အားစုမဟုတ်ပေ။

စတုရန်းလက်မတောင်သည် အမှန်တကယ် လှုပ်ရှားလိုပါက အကြောင်းပြချက်ရှိရမည်။ ထန်ဘုရင်သည် သူ၏လုပ်ရပ်များနောက်ကွယ်တွင် မည်သည့်အထောက်အထားမျှ မကျန်ခဲ့ဟု ယုံကြည်ထား၏။

“လာမယ့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ဖို့ အမိန့်ထုတ်လိုက်!”

ထန်ဘုရင်သည် ရီဖန်လှုပ်ရှားလာမည်ဟု မယုံသော်လည်း သူ့စိတ်ထဲတွင် မသက်မသာဖြစ်နေသောကြောင့် ကြိုတင်ပြင်ဆင်ထားဆဲဖြစ်သည်။

"အရိုးဘိုးဘေး၊ ငါ့အကြောင်း မကြာခင် ပေါ်သွားနိုင်တယ်၊ မင်းလည်း အဆင်သင့်ပြင်ထား!"

ထန်ဘုရင်၏သတင်းကို လက်ခံရရှိသောအခါ၊ အရိုးဘိုးဘေး၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားသွားခဲ့သည်။

အကယ်၍ ထန်ဘုရင်၏တည်ရှိမှု ဖော်ထုတ်ခံလိုက်ရပါက သူသည်လည်း လူသားများကြားတွင် နေထိုင်နိုင်တော့မည်မဟုတ်သည်မှာ သေချာ၏။

ပျက်ဆီးခြင်းဂိုဏ်းမှ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးရှိနေခြင်းကကို လူသားမျိုးနွယ်စုက သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်လိမ့်မည်။

ထိုအချိန်ရောက်လာလျှင် ထန်ဘုရင်သည် နတ်ဆိုးနတ်ဘုရားစစ်မြေပြင်သို့ ပြန်သွားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။အရိုးဘိုးဘေးကလည်း ထန်ဘုရင်ပြန်လည်ရောက်ရှိလာခြင်းကို အထူးတလည်ကြိုဆိုခြင်းမရှိပေ။

လက်ရှိတွင် အရိုးဘိုးဘေးသည် ပျက်ဆီးခြင်း ဂိုဏ်းအတွင်း နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ အကယ်၍ ထန်ဘုရင်ပြန်လာပါက သူ့ရာထူးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမည်လား။

"ငါတို့ ဖော်ထုတ်ခံရလို့မဖြစ်ဘူး!”

အရိုးဘိုးဘေးသည် ထန်ဘုရင်ဖော်ထုတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် လိုအပ်ပါက ၎င်းတို့၏တည်ရှိနေမှုကိုထုတ်ဖော်ရန်အတွက် လူသားမျိုးနွယ်စုအတွင်းရှိ သူ၏ လျှို့ဝှက်အေးဂျင့်များကို ချက်ချင်းအမိန့်ပေးခဲ့သည်။

လူသားများကြားတွင် ဝှက်ထားသော အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးက ပျက်ဆီးခြင်းဂိုဏ်းအတွင်းမှ တစ်ဦးထက် များစွာတန်ဖိုးရှိသည်။

အကယ်၍ ၎င်းတို့သည် ဤတစ်ကြိမ်တွင် တာ့ယွီနတ်မင်းဆက်ကို ပစ်မှတ်မထားဘဲ နတ်ဆိုးနတ်ဘုရားတို့ကိုယ်တိုင် ပြောဆိုခဲ့ခြင်းကြောင့်မဟုတ်ပါက၊ အရိုးဘိုးဘေးပင်လျှင် ထန်ဘုရင်၏ တည်ရှိမှုအကြောင်းကိုမသိနိုင်သည်အထိ ထိုဘုရင်က အပုန်းကောင်းသည်။

ထိုသို့သော နက်နဲသောဖုံးကွယ်မှုနှင့် ကြောက်မက်ဖွယ်စွမ်းရည်များရှိသည့် နောက်ထပ်သူလျှိုတစ်ဦးကို လေ့ကျင့်သင်ကြားပေးရန် လွယ်ကူမည်မဟုတ်ချေ။

အရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့၏တည်ရှိနေမှုကို ထုတ်ဖော်ခဲ့မည်ဆိုလျှင် ၎င်းသည် ပန်ကုစကြဝဠာအတွက် ကြီးမားသောသက်ရောက်မှုရှိမည်မှာ သေချာပါသည်။

ထန်ဘုရင်သည် နောက်ဆက်တွဲကိစ္စများအတွက် တွတ်ချက်ပြီးနောက် နောက်ထပ်ရောက်လာမည့်အရာအတွက် စတင်ပြင်ဆင်လာသည်။

အကယ်၍ သူအမှန်တကယ် ဖော်ထုတ်ခံလိုက်ရပါက ထန်မင်းဆက်ကို စွန့်လွှတ်ရလိမ့်မည်။ ထန်ဘုရင်သည် ထန်နတ်မင်းဆက်တစ်ခုလုံးကို ၎င်း၏နတ်အာရုံဖြင့် ကြည့်ရှု့ရင်း တွန့်ဆုတ်သောခံစားချက်ကို ခံစားရသည်။

သူသည် ထန်နတ်မင်းဆက်တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ထား၏။ အကယ်၍သူက နတ်မင်းဆက်ကို သစ္စာဖောက်ရန် အမိန့်ပေးလျှင်ပင် မဆိုင်းမတွလိုက်နာကြလိမ့်မည်။ ထိုကဲ့သို့သော အင်အားစုကို စွန့်လွှတ်ရခြင်းက ထန်ဘုရင်အတွက်ပင် နာကျင်စရာကောင်းသည်။

မသက်မသာဖြစ်နေသည့်ခံစားချက်က သူဖော်ထုတ်ခံလိုက်ရပြီဟု သံသယဖြစ်စေခဲ့ကာ ယခုထွက်သွားခြင်းက အကောင်းဆုံးဖြစ်ကြောင်းပြောနေသည်။ သို့သော်လည်း ထန်ဘုရင်က ထွက်ခွာရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤအကျပ်အတည်းက ရီဖန်ကိုသတ်နိုင်မည့်

အခွင့်အရေးတစ်ခုလည်းဖြစ်နိုင်သည်။ ထန်ဘုရင်၏ယူဆချက်အရ လူသည် အန္တရာယ်ကြားတွင် ကံကြမ္မာကိုရှာရမည်။

သူသိထားသည့်အတိုင်းဆိုလျှင် ဗောဓိဘိုးဘေးက တစ်ကိုယ်တော်ကျင့်ကြံနေသောကြောင့်

ထွက်လာနိုင်မည်မဟုတ်ပေ။ ဗောဓိဘိုးဘေးမရှိပါက ချင်ဘုရင်ရှိလျှင်ပင် ရီဖန်ကိုသတ်ရန် အခွင့်အရေးရှိသေးသည်။

ရီဖန်ကိုသုတ်သင်ခြင်းက ပျက်ဆီးခြင်းဂိုဏ်းကို ခြိမ်းခြောက်မှုကြီးတစ်ခုမှ ဖယ်ရှားပေးလိမ့်မည်။ ဤအရာကြောင့် သူဖော်ထုတ်ခံရလျှင်ပင် ထိုက်တန်ပါ၏။

များမကြာမီတွင် သူလျှိုများသည် တာ့ယွီမင်းဆက်အတွင်းသို့ စိမ့်ဝင်ရောက်ကာ သတင်းပြန်ပို့ခဲ့သည်။ ‘တာ့ယွီနတ်မင်းဆက်ရဲ့ စစ်တပ်က စတင်လှုပ်ရှားနေပြီ’

ရီရှောင်းရှောင်း၏ လုပ်ရပ်များက လျှို့ဝှက်ထားမည့် ရည်ရွယ်ချက်မရှိဘဲ ပွင့်လင်းမြင်သာစွာ ပြသထားသည်။

ပထမဆုံး ကြောက်ရွံ့သွားသည့်သူများမှာ ထန်မင်းဆက်မဟုတ်ဘဲ များပြားလှသော အင်အားစုငယ်လေးများဖြစ်သည်။

“တာ့ယွီမင်းဆက်က တပ်တွေ ထပ်ပြီးစုထားတယ်၊ ဒီတစ်ကြိမ် ဘာလုပ်ဖို့စီစဉ်နေပြန်တာလဲ”

ဤစိုးရိမ်ပူပန်နေသည့် အင်အားစုများထဲတွင် အများအပြားသည် တာ့ယွီနတ်မင်းဆက်နှင့် ချင်နတ်မင်းဆက်ကြားတွင် ပေါ်တင် သို့မဟုတ် လျှို့ဝှက်ရန်စမှုများ ရှိခဲ့ဖူးသည်။

တာ့ယွီနတ်မင်းဆက်က ရုတ်တရက်တပ်များကို စုစည်းထားသည်ကိုမြင်လျှင် ၎င်းတို့ကပစ်မှတ်များဖြစ်မည်ကို စိုးရိမ်လာကြသည်။

……….

အခန်း ၃၂၄ - ထန်နတ်မင်းဆက်ဘုရင်: အရိုက်ခံရတာက ငါမဟုတ်ဘူးလား

သို့သော် ၎င်းတို့၏စိုးရိမ်ပူပန်မှုများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ တာ့ယွီနတ်မင်းဆက်၏ စစ်တပ်တစ်ခုလုံး စတင်စုစည်းခဲ့ကြသော်လည်း ၊ ထိုသိသာထင်ရှားသောလှုပ်ရှားမှုက ၎င်းတို့ကို ပစ်မှတ်ထားခြင်းမဟုတ်သည်မှာ ထင်ရှားသည်။

၎င်းတို့၏ အဆင့်အတန်းကို ကောင်းကောင်းသိသည်; တာ့ယွီနတ်မင်းဆက်က ၎င်းတို့ကို အရေးယူရန် ရည်ရွယ်ထားသည်ဆိုပါက မည်သည့်စစ်တပ်ကိုမဆို အလွယ်တကူ စေလွှတ်လိုက်နိုင်သည်။ ဤကဲ့သို့ ကြီးကြီးမားမားစည်းရုံးရန် မလိုအပ်နေချေ။

ပထမဆုံးအကြိမ်အနေဖြင့် ၎င်းတို့၏အရေးမပါမှုက ဆိုးရွားသည့်အရာမဟုတ်ကြောင်း တွေးမိခဲ့ကြသည်။ အနည်းဆုံး လက်ရှိတွင် ၎င်းတို့အတွက် ပြဿနာများစွာရှိိလိမ့်မည်မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းတွင် ၎င်းတို့၏ စူးစမ်းလိုစိတ်များ ပေါ်လာသည်။

တာ့ယွီနတ်မင်းဆက်၏ ကြီးမားသောစစ်ဆင်ရေးကို မည်သည့်အင်အားစုကများ လှုံ့ဆော်ပေးလိုက်သနည်း။ ပန်ကုစကြဝဠာတစ်ခုလုံးတွင် များပြားလှသော မျိုးနွယ်စုများနှင့် အင်အားစုများထဲမှ တာ့ယွီနတ်မင်းဆက်ကို ထိုသို့သော အတိုင်းအတာဖြင့် လုပ်ဆောင်စေနိုင်သော အင်အားစုက အနည်းငယ်သာရှိသည်။

၎င်းတို့ထဲမှ တစ်ခုက မဟာချင်မင်းဆက်ဖြစ်၏။

တာ့ယွီနတ်မင်းဆက်က မဟာချင်နတ်မင်းဆက်ကို ဆန့်ကျင်ရန် အမှန်တကယ်ရည်ရွယ်ထားခြင်း ဖြစ်နိုင်ပါသလား။ နတ်မင်းဆက်၏ထိပ်တန်းရာထူးကို ယှဉ်ပြိုင်ရန်များ ရည်မှန်းထားသလား။

ထန်မင်းဆက်နှင့်ပတ်သက်၍မူ ၎င်းတို့သည် မကြာသေးမီက အလွန်နိမ့်ချနေထိုင်ခဲ့သောကြောင့် မေ့ပျောက်နေခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတွင် လူအများ၏အမြင်တွင် တာ့ယွီနှင့် ထန်မင်းဆက်ကြား ပဋိပက္ခရှိပုံမရသောကြောင့် ၎င်းတို့သည် အကြောင်းပြချက်မရှိဘဲ လှုပ်ရှားရန်မဖြစ်နိုင်ပေ။

များစွာစဉ်းစားပြီးနောက် မဟာချင်မင်းဆက်တစ်ခုတည်းကသာ တာ့ယွီနတ်မင်းဆက်နှင့် ဆက်ဆံခဲ့ကြောင်း ထင်ရှားလာ၏။ နောက်ဆုံးတွင် နတ်မင်းဆက်နေရာအတွက်ယှဉ်ပြိုင်ရန် တာ့ယွီနှင့် မဟာချင်မင်းဆက်များ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်ရမည်ဟု ကျင့်ကြံသူအများအပြားက ယုံကြည်ခဲ့ကြသည်။

အဆုံးတွင် မဟာချင်မင်းဆက်၏ ကျင့်ကြံသူများပင်လျှင် တာ့ယွီနတ်မင်းဆက်က ၎င်းတို့ကိုအရေးယူရန် အမှန်တကယ်ပင် စီစဉ်နေသလားဟု သံသယဝင်လာရ၏။ မဟာချင်မင်းဆက်သည် တာ့ယွီနတ်မင်းဆက်ကို မကြောက်သော်လည်း ၎င်းတို့၏ပြိုင်ဆိုင် ပဋိပက္ခကြောင့် ထန်မင်းဆက်ကို အခွင့်အရေးယူခွင့်မပေးနိုင်ကြချေ။

"စိတ်မပူပါနဲ့၊ ဒီတစ်ကြိမ် တာ့ယွီနတ်မင်းဆက်တင်မဟုတ်ဘူး တခြားသူတွေကလည်းအရေးယူကြလိမ့်မယ်"

မဟာချင်ဘုရင်က ပြုံးလျက်ပြောလိုက်သည်။ ဤအချိန်သည် မဟာချင်နတ်မင်းဆက်အတွက် ထူးထူးခြားခြား အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

ထန်မင်းဆက်ကို တာ့ယွီနတ်မင်းဆက်က ၎င်းတို့ကိုယ်တိုင် သုတ်သင်ရှင်းလင်းနိုင်သော်လည်း

ရီရှောင်းရှောင်း၏မူအရ ဤအကျိုးရလဒ်ကိုမျှဝေရန် ယင်ကျန်းကို ဖိတ်ကြားပေးခဲ့သည်။

မကြာမီတွင် မဟာချင်မင်းဆက်၏လှုပ်ရှားမှုကိုလည်း သတိပြုမိခဲ့ကြ၏။ တာ့ယွီနတ်မင်းဆက်က လှုပ်ရှားခဲ့ပြီးနောက် မဟာချင်မင်းဆက်ကလည်း လိုက်လာခဲ့သည်။ ထိုသို့သော တိုက်ဆိုင်မှုများဖြင့် နတ်မင်းဆက်နှစ်ပါးသည် အမှန်တကယ် တိုက်ပွဲစတင်ရန် ဖြစ်နိုင်သလား။

နတ်မင်းဆက်ကြီးနှစ်ပါးထိပ်တိုက်တွေ့လျှင် ဟူသောအတွေးဖြင့် လူအများက ၎င်းကိုမြင်လိုစိတ်ပြင်းပြလာကြသည်။ ဖြစ်နိုင်လျှင် သူတို့နှစ်ဦးစလုံး ဆုံးရှုံးမှုကြီးကြီးမားမားခံစားရကာ အပြန်အလှန် ဖျက်ဆီးပြီးအဆုံးသတ်သွားကြနိုင်သည်။

ဤအဖြစ်အပျက်၏နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သည့် ထန်မင်းဆက်ဘုရင်ပင်လျှင် နတ်မင်းဆက်နှစ်ပါး၏ လှုပ်ရှားမှုများကို မြင်သောအခါ သံသယရှိစပြုလာသည်။ တာ့ယွီနတ်မင်းဆက်၏ပစ်မှတ်သည် သူမဟုတ်ဟု သူစတင်သံသယဝင်လာခဲ့၏။ သူ၏အထောက်အထားကို ဖုံးကွယ်ထားနိုင်ဆဲဖြစ်ပုံရသည်။

နတ်မင်းနှစ်ပါးက သူ၏ထန်မင်းဆက်ကို အမှန်တကယ်ပစ်မှတ်ထားသည်အထိ တန်ဖိုးရှိလိမ့်မည်မဟုတ်ဟု ထန်ဘုရင်ကယုံကြည်ခဲ့သည်။ ထန်မင်းဆက်၏အင်အားက ထိုမျှကြောက်စရာကောင်းနိုင်စရာမရှိချေ။

သူကိုယ်တိုင် ပေါ်တင်ထုတ်ဖော်ပြသခဲ့သော အင်အားပင်လျှင် အထွတ်အထိပ်တာအိုဘိုးဘေးအဆင့်တွင်ရှိသည်။ ၎င်းက နတ်မင်းဆက်နှစ်ပါးကို တစ်ပြိုင်နက်တည်းပူးပေါင်းစေရန်အတွက် အလွန်ကြီးကျယ်လွန်းနေ၏။ ဖြစ်နိုင်သည်မှာ သူတို့သည် အမှန်တကယ်ပင် ထန်မင်းဆက်ကို ပစ်မှတ်ထားခြင်းမဖြစ်နိုင်ပေ။

ထန်ဘုရင်သည် သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်လေးတလက်လက်တောက်ပနေခဲ့သည်။ သူ၏ အထောက်အထားအမှန်ကို ဖုံးကွယ်ထားနိုင်ဆဲပင်။

တပ်ဖွဲ့များကို စုစည်းခြင်းက အချိန်များစွာမကြာခဲ့ပေ။ များပြားလှသောတပ်ဖွဲ့များ၏ ခန့်မှန်းချက်များကြားတွင် တာ့ယွီနှင့် မဟာချင်မင်းဆက်များသည် နောက်ဆုံးတွင် ၎င်းတို့၏လှုပ်ရှားမှုကိုစတင်ခဲ့သည်။

နတ်မင်းဆက်ကြီးနှစ်ခုသည် လေဟာနယ်လမ်းကြောင်းများကို တပြိုင်နက်တည်း စတင်တည်ဆောက်ခဲ့သည်။ ထိုသို့သော ကြီးမားသည့် စစ်တပ်များကို ပို့ဆောင်ရန်အတွက် သာမန် လေဟာနယ်လမ်းကြောင်းများဖြင့် မလုံလောက်ပေ။

၎င်းတို့၏ပစ်မှတ်က ယခင်နှင့်မတူဘဲ၊ ၎င်းတို့၏ ရည်မှန်းချက်မှာ ထန်မင်းဆက်တစ်ခုလုံးကို ချေမှုန်းရန်ဖြစ်သောကြောင့် လိုအပ်သည့် စစ်တပ်အရေအတွက်မှာလည်း ပိုများသည်။

ရီရှောင်းရှောင်း၏ထောက်လှမ်းမှုများအရ ထန်မင်းဆက်သည် အခြားနတ်မင်းဆက်များနှင့် ကွဲပြားသည်။ အခြားနတ်မင်းဆက်များ၏ အထက်ပိုင်းကို ချေမှုန်းလိုက်သည်နှင့် အောက်ခြေရှိသူများက သေသည်အထိ တိုက်ခိုက်မည်မဟုတ်သော်လည်း ထန်မင်းဆက်ကမူ အထက်မှအောက်ခြေအထိ အားလုံးညီညွတ်ကြ၏။

၎င်းတို့သည် သေသည်အထိ တိုက်ပွဲတွင် လက်နက်မချကြချေ။ ဤအခြေအနေသည် လူတိုင်း ဦးနှောက်ဆေးကြောခြင်းခံထားရသော ရှင်သန်ခြင်းနှင့်သေဆုံးခြင်း ဖြစ်စဉ်ကဲ့သို့ပင်။ ထို့ကြောင့် ထန်မင်းဆက်ကိုချေမှုန်းရာတွင် ဘယ်သူ့ကိုမှချန်ထား၍မရချေ။

ထန်မင်းဆက်၏ ကြီးမားသောစကြဝဠာအတွင်း လေဟာနယ်လမ်းကြောင်းများ အများအပြားပေါ်လာသောအခါ လူတိုင်းက ၎င်းတို့မှားယွင်းနေကြောင်း နားလည်သွားကြ၏။

တာ့ယွီနှင့် မဟာချင်နတ်မင်းဆက်များသည် စစ်တိုက်ရန် မဟုတ်ဘဲ မဟာမိတ်ဖွဲ့ကာ ထန်မင်းဆက်ကိုတိုက်ခိုက်လာခြင်းဖြစ်သည်။

နှိမ့်ချနေထိုင်သော ထန်မင်းဆက်က အင်အားကြီးသော တာ့ယွီနှင့် မဟာချင်မင်းဆက်များမှ အရေးယူရသည်အထိ မည်သည့်လမ်းကြောင်းတွင် သွားတိုက်မိခဲ့ကြသနည်။

မကြာသေးမီက ထန်မင်းဆက်သည် လုံးဝပျောက်ကွယ်နေခဲ့၏။ အင်အားကြီးနတ်မင်းဆက်နှစ်ပါးက ထန်မင်းဆက်ကိုတိုက်ခိုက်လာခြင်းက အင်အားစုများ မတွေးထင်ထားသော ရလဒ်ဖြစ်သည်။ အကြောင်းပြချက်မရှိဟုထင်ရသော အင်အားကြီး နတ်မင်းဆက်နှစ်ပါး စုစည်းခြင်းက ၎င်းတို့အတွက်လည်း စိုးရိမ်ဖွယ်ရာအချက်ဖြစ်သည်။

အကယ်၍ အကြောင်းပြချက် မခိုင်လုံသောတိုက်ခိုက်မှုများကို နိုင်ထက်စီးနင်း လုပ်ဆောင်နိုင်လျှင် ယနေ့ ထန်မင်းဆက်ကဲ့သို့ နောက်နေ့တွင် မည်သူစာရင်းထဲ၌ ပါဝင်လာမည်ကို မသိနိုင်ချေ။

တာ့ယွီနှင့် မဟာချင်မင်းဆက်များ၏ မဟာမိတ်များနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် ခုခံနိုင်စွမ်းမရှိပေ။ အနှိုင်းမဲ့တာအိုဘိုးဘေးရှိသည့် ထိပ်တန်းအင်အားစု အနည်းငယ်မှလွဲ၍ အခြားသူများအတွက်ရလဒ်သည် ထန်မင်းဆက်နှင့်ကွာခြားမည်မဟုတ်ပေ။

"သူတို့ကို ရှုံ့ချကြစမ်း!"

"တာ့ယွီနဲ့ ချင်မင်းဆက်က မတရားဘူး။ သူတို့ကြားဝင်ပါဖို့ ဘယ်သူဝင်နိုင်မလဲ"

လူအများ၏ထင်မြင်ယူဆချက်များထုတ်ဖော်လာကြကာ တာ့ယွီနှင့် မဟာချင်မင်းဆက်ကို ဖျန်ဖြေရန်အတွက် စတင်ပြောဆိုခဲ့ကြသည်။ ၎င်းတို့ထဲမှ အများစုက ထန်မင်းဆက်ကဲ့သို့ ကံကြမ္မာမျိုးနှင့် တွေ့ကြုံရမည်ကို ကြောက်နေကြသည်။

အချို့ကမူ အရိုးဘိုးဘေး၏ တာဝန်လွှဲအပ်ခြင်းခံထားရကာ ထန်ဘုရင်၏ အထောက်အထားအစစ်အမှန်နှင့်ပတ်သက်သည့် ပေါက်ကြားမှုမှန်သမျှကို တားဆီးပိတ်ပင်ရန် လိုအပ်သည်။

စိတ်မကောင်းစရာမှာ တာ့ယွီနှင့် မဟာချင်မင်းဆက်တို့ နှစ်ဘက်လုံးက ဤစွပ်စွဲချက်များကို စိတ်ထဲမထည့်ကြချေ။ ထို့ကဲ့သို့ ကျယ်လောင်ပြင်းထန်သည့် ဆန္ဒပြသူများက အာရုံစူးစိုက်မှုရရန် ရှိသမျှသတ္တိလေးနှင့် ယှဉ်ပြိုင်နေသည့် လူပြက်များနှင့် ကွာခြားခြင်းမရှိပေ။

ဤတစ်ကြိမ်တွင် အသံထွက်လာသည့်သူများမှာ ဂိုဏ်းငယ်လေးများသာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အမှန်တကယ် အင်အားစုကြီးများက နှုတ်ဆိတ်နေခဲ့သည်။

သိသာထင်ရှားသော စွမ်းအားရှိသည့် ဤအင်အားစုများက အခြားသူများ၏အသုံးချခံရမည့် အရူးများမဟုတ်ကြပေ။

ထန်မင်းဆက်ကို တာ့ယွီနှင့် မဟာချင်မင်းဆက်တို့၏ ရုတ်တရက်ထိုးစစ်ဆင်မှုနှင့်ပတ်သက်၍ သူတို့ စိတ်ရှုပ်နေကြသော်လည်း အကြောင်းပြချက်တစ်ခုရှိမည်ဟု ယုံကြည်ကြသည်။ ။

တာ့ယွီနှင့် မဟာချင်မင်းဆက်တို့၏ လုပ်ဆောင်ချက်များကိုဟန့်တားရန် ၎င်းတို့၏ အင်အားမလုံလောက်ကြောင်းသဘောပေါက်သွားသည့် ပျက်ဆီးခြင်းဂိုဏ်းမှသူလျှိုများက မတူညီသော အင်အားစုအားလုံးထံမှအကူအညီ တောင်းခဲ့ကြသည်။ ဤအင်အားစုကြီးများက တာ့ယွီနှင့် မဟာချင်မင်းဆက်တို့ကို အရေးယူခြင်းမှ တားဆီးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ၎င်းတို့၏ လုပ်ဆောင်ချက်များက ၎င်းတို့အတွက်စွက်ဖက်ပေးရန် တွန်းအားပေးရမည့်အစား ထိုအင်အားစုကြီးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် တာအိုဘိုးဘေးများအပါအဝင် ထန်မင်းဆက်အတွက်ရပ်တည်သည့် သူအများအပြားထွက်ပေါ်လာသည်။

ဤတာအိုဘိုးဘေးများသည် ထိုမျှမမိုက်မဲသောကြောင့် အခြားအကြောင်းအရင်းတစ်ခုရှိနိုင်ကြောင်း ခန့်မှန်းမိသည်။ သို့သော် ၎င်းတို့သည် ထန်မင်းဆက်အတွက် ၎င်းတို့၏အသံကို ထုတ်ဖော်ရန် ရွေးချယ်ခဲ့သေးသည်။ အဘယ်ကြောင့်များ ထိုသို့လှုပ်ရှားခဲ့သနည်း။

အင်အားစုကြီးများက အသံထွက်လာသည့် တာအိုဘိုးဘေးများ၏နောက်ခံသမိုင်းကြောင်းကို စုံစမ်းသောအခါ၊ ၎င်းတို့သည် ထန်မင်းဆက်နှင့် လုံးဝဆက်စပ်မှုမရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့သည် ထန်မင်းဆက်အတွက် ၎င်းတို့၏အသက်ကိုစွန့်စားရန် အကြောင်းမရှိပေ။

ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်မရှိပါက၊ ဖုံးကွယ်ထားသောအကြောင်းအရာရှိရမည်။ ဤတာအိုဘိုးဘေးများကို အဓိကအင်အားစုများက မှတ်ထားခဲ့ကြ၏။ အင်အားကြီးမင်းဆက်နှစ်ပါးက ထန်မင်းဆက်ကို တိုက်ခိုက်ခြင်း၏နောက်ကွယ်မှ အကြောင်းအရင်းကို ထုတ်ဖော်လိုက်သည်နှင့် ဤတာအိုဘိုးဘေးများ၏ အထောက်အထားအစစ်အမှန်များကို ရှင်းရှင်းလင်းလင်း သိရလိမ့်မည်။

ကိစ္စများက ပို၍ပင် စိတ်ဝင်စားစရာကောင်းလာသည်။

တစ်ဖက်တွင် တာ့ယွီမင်းဆက်နှင့် မဟာချင်မင်းဆက်တို့သည် ထန်မင်းဆက်၏ နယ်မြေအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။

တာ့ယွီမင်းဆက်ဘက်တွင် ရီဖန်၏ဆရာတူညီအစ်ကိုများနှင့် ချင်မင်းဆက်ဘက်တွင် တာအိုဘိုးဘေးအများအပြားက ၎င်းတို့၏စစ်တပ်များနှင့်အတူ ထန်မင်းဆက်နယ်မြေများကိုသိမ်းပိုက်ရန်အတွက် လိုက်ပါသွားကြသည်။

နတ်မင်းဆက်နှစ်ပါး၏ မဆုတ်မနစ်သော ထိုးစစ်များကို ရင်ဆိုင်ရသော ထန်မင်းဆက်သည် ခုခံနိုင်စွမ်းပင်မကျန်တော့ချေ။ ထို့ကြောင့် အဆက်မပြတ်ဆုတ်ခွါသွားကြရ၏။

၎င်းတို့၏စွမ်းအားက နိမ့်ချခြင်းမရှိသော်လည်း အင်အားကြီးမားသော မင်မင်းဆက်နှင့် နှိုင်းယှဉ်ပါက အင်အားနည်းနေသေးသည်။ အရေးအကြီးဆုံးမှာ ထန်မင်းဆက်တွင် တာအိုဘိုးဘေးသုံးယောက်သာ ကျန်တာ့သည်။

ရီဖန်သည် ထန်ဘုရင်၏စစ်မှန်သောအင်အားကို မသိခဲ့ပါက၊ ဤအရာသည် ဖြစ်နိုင်ချေရှိသည်ကို ထင်လိမ့်မည်။ သို့သော် ထန်မင်းဆက်၏ဘုရင်က အနှိုင်းမဲ့တာအိုဘိုးဘေးနယ်မြေတွင်ရှိသောကြောင့် ဤမျှနိမ့်ကျသော ကျင့်ကြံရေးအဆင့်မဖြစ်နိုင်ချေ။

ထန်မင်းဆက်သည် ၎င်း၏အင်အားအမှန်ကို ထုတ်ပြလိုစိတ်မရှိသေးပုံရသည်။ မည်သည့်အရာများကို ဖုံးကွယ်ဖို့ ကြိုးစားနေကြသနည်း။

………

All Chapters