← Chapters

အခန်း ၃၂၅-၃၅၇

Vol. 22 Ch. 325-327

အခန်း ၃၂၅-၃၅၇

Vol. 22 Ch. 325-327

အခန်း ၃၂၅ - ထန်မင်းဆက်ရဲ့ဘုရင် ဖော်ထုတ်ခံလိုက်ရပြီ

‘မင်းတို့က ဖုံးကွယ်ချင်သေးတာလား၊ ကောင်းပြီလေ ဆက်ပုန်းကြပေါ့။ သေခါနီးအချိန်ရောက်ရင် ပုန်းအောင်းနေနိုင်ဦးမလား ကြည့်ရသေးတာပေါ့’

ဆုတ်ခွာသွားသော ထန်နတ်မင်းဆက်စစ်တပ်နှင့် ထိပ်တိုက်တွေ့သောအခါတွင် ရီရှောင်းရှောင်းက နောက်ဆုတ်ရန်အစီအစဉ်မရှိပေ။

တာ့ယွီနတ်မင်းဆက်နှင့် မဟာချင်မင်းဆက်တို့၏တပ်များသည် မတူညီသောလမ်းကြောင်းနှစ်ခုမှ တိုက်ခိုက်ခဲ့ကြကာ ထန်နတ်မင်းဆက်ကို ထိရောက်စွာ ထောင်ချောက်ဆင်ခဲ့သည်။

"အရှင်၊ ငါတို့ အခုထိမတိုက်သင့်သေးဘူးလား"

ထန်မင်းဆက်၏ထိပ်တန်းအရာရှိများအားလုံးသည် မြို့တော်တွင် စုရုံးခဲ့ကြသည်။ ရီရှောင်းရှောင်းသည် ထန်နတ်မင်းဆက်တွင် အကြီးအကဲများမရှိဟု ထင်ရခြင်းမှာ ယခုအချိန်အထိ ၎င်းတို့က ရှေ့ထွက်မလာသေးသောကြောင့်ဖြစ်သည်။

ထန်မင်းဆက်၏ဘုရင်မပါဘဲ အထွတ်အထိပ်တာအိုဘိုးဘေးသုံးဦးနှင့် ပုံမှန်တာအိုဘိုးဘေးခုနစ်ဦးရှိသည်။ အကယ်၍ဤအကြောင်းကိုသာဖော်ထုတ်လိုက်ပါက မည်သူမှပင်ယုံနိုင်လိမ့်မည်မဟုတ်ပေ။

တာ့ယွီနတ်မင်းဆက်မထွန်းကားမီက ထန်နတ်မင်းဆက်သည် မဟာမင်နတ်မင်းဆက်နှင့် ခြားနားခြင်းမရှိပေ။ သို့သော် ဤစွမ်းအားဖြင့် ထန်မင်းဆက်သည် မဟာမင်နတ်မင်းဆက်နှင့် ယှဉ်နိုင်ပါသလား။

၎င်းတို့၏လူတစ်ဝက်လောက်ကို စေလွှတ်လိုက်လျှင်ပင် မဟာမင်နတ်မင်းဆက်ကို လုံးဝဖျက်ဆီးနိုင်လိမ့်မည်။

မဟာချင်မင်းဆက်၌ပင် တာအိုဘိုးဘေးနယ်ပယ်ရှိစွမ်းအားရှင်ထိုမျှ မရှိပေ။ ထန်နတ်မင်းဆက်သည် ၎င်းတို့ကိုယ်ကို ဖုံးကွယ်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

"စိတ်မပူပါနဲ့ ရီဖန်ကို စောင့်ရအောင်!"

"ရီဖန်ပေါ်လာပြီးတာနဲ့ မင်းတို့အားလုံး တခြားသူတွေကို ထိန်းထားကြ၊ ငါက ရီဖန်ကို သတ်ဖို့လုပ်မယ်"

အခြားသူများကို ထိန်းထားရန်မှာ လွယ်ကူမည်မဟုတ်ပေ။ ထန်မင်းဆက်ဘုရင်က ရီဖန်ကို သတ်လိုက်သောအခါ ၎င်းတို့၏ကံကြမ္မာသည်လည်း စည်းတံဆိပ်ခတ်ခံရပေလိမ့်မည်။

သို့သော် ၎င်းတို့၏မျက်လုံးများထဲတွင် တုန်လှုပ်မှုအရိပ်အယောင်များမရှိဘဲ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့အတွက် အသက်ဆုံးရှုံးရလျှင်ပင် ထန်မင်းဆက်ဘုရင်အတွက် အသေခံရန် ထိုက်တန်ဆဲဖြစ်သည်။

ထန်မင်းဆက်၏ဘုရင်က ၎င်း၏လက်အောက်ငယ်သားများကို ကြည့်ပြီးဂုဏ်ယူနေမိသည်။ သူ၏ဂုဏ်သိက္ခာက သူ နှစ်ပေါင်းရာထောင်ချီ၍ပျိုးထောင်ခဲ့သော မဟာနတ်မင်းဆက်တွင်ရှိသည်။ ဤမင်းဆက်က ပြိုလဲလုနီးဖြစ်နေလျှင်ပင် ဘုရင်၏ ဘုန်းတန်ခိုးကို ဖုံးကွယ်ထား၍မရချေ။

"ရီဖန်၊ မင်းနဲ့အတူ ထန်နတ်မင်းဆက်တစ်ခုလုံးကို ဆွဲချသွားနိုင်တာက မင်းဂုဏ်ယူသင့်တဲ့အရာပဲ"

ထန်ဘုရင်သည် ထန်မင်းဆက်တစ်ခုလုံးကို အာရုံလွှမ်းခြုံထားလျက် ရီဖန်ပေါ်လာမည်ကို စောင့်ဆိုင်းနေသည်။

နေရာလွတ်ထဲတွင် ရီဖန်သည် မဟာချင်ဘုရင်နှင့် ပခုံးချင်းယှဉ်ရပ်နေ၏။

"ထန်မင်းဆက်ဘုရင်က ငါ့ကို ပစ်မှတ်ထားပုံရတယ်!"

ထန်မင်းဆက်ဘုရင်၏ ပစ်မှတ်မှာ ခန့်မှန်းရခက်သည်မဟုတ်ချေ။ ရီဖန်၏ခန့်မှန်းချက်အရ ထန်မင်းဆက်ဘုရင်၏ ကျင့်ကြံမှုအဆင့်သည် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်တွင်ရှိသည်။

ထန်မင်းဆက်ဘုရင်ကလှုပ်ရှားခဲ့လျှင် သူတစ်ယောက်တည်းကပင် တာ့ယွီနှင့် မဟာချင်နတ်မင်းဆက်များ၏ အင်အားစုများကို ချေမှုန်းပစ်နိုင်သည်။ သို့သော် သူမလှုပ်ရှားသေးပေ။ တခြား အကြံအသည်းများရှိရမည်။

ရီဖန်မှလွဲ၍ အခြားဘယ်သူကများ ထန်ဘုရင်ကို ထိုကဲ့သို့ဖြစ်စေမည်နည်း။ ထန်မင်းဆက်ဘုရင်က အဘယ်ကြောင့်သူအား ဤမျှစိုးရိမ်နေရသနည်း။

ယခင်က ဗောဓိဘိုးဘေး၏ အချိန်မီ ပေါ်ထွက်လာခြင်းကြောင့်သာမဟုတ်ပါက ထန်မင်းဆက်ဘုရင်သည် သူ့ကိုရှင်းလင်းပြီးဖြစ်လိမ့်မည်။

နောက်ဆုံးအကြိမ်က ထန်မင်းဆက်ဘုရင်၏ သတ်ဖြတ်ရန်ရည်ရွယ်ချက်ကို ရီဖန် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူနှင့် ထန်ဘုရင်ကြားတွင် ထုတ်ဖော်မပြနိုင်သော ဆက်စပ်မှုအချို့ရှိရမည်။ ထန်မင်းဆက်ဘုရင်နဲ့ သူက မည်သို့များ ဆက်နွယ်မှု ရှိနိုင်မည်နည်း။ သူ့အမေကိုများ သတ်ခဲ့မိလေသလား။

သူ့အပေါ်တွင် ရန်ငြိုးထားနိုင်သည့် တစ်ခုတည်းသော တစ်ခုတည်းသော အင်အားစုမှာ ပျက်ဆီးခြင်းဂိုဏ်းဖြစ်သည်။ အကယ်၍ ထန်မင်းဆက်ဘုရင်က ပျက်ဆီးခြင်းဂိုဏ်းမှဆိုလျှင် အရာအားလုံးသည် အဓိပ္ပါယ်ရှိနိုင်၏။

သို့သော် နောက်အခိုက်အတန့်တွင် ရီဖန်သည် ချွေးအေးများစီးကျလာသည်။ အကယ်၍ ထန်မင်းဆက်ဘုရင်သည် အမှန်တကယ်ပင် ပျက်ဆီးခြင်းဂိုဏ်းမှဖြစ်ပါက သူ၏ပုန်းကွယ်နိုင်စွမ်းမှာ မြင့်မားလှသည်။

အကယ်၍ သူသည် အမှန်တကယ်ပင် ပျက်ဆီးခြင်းဂိုဏ်းမှဖြစ်လျှင် အနှိုင်းမဲ့ဘိုးဘေးနယ်ပယ်စွမ်းအားကိုရရှိနေချိန်တွင် ထိုကဲ့သို့သော ကြီးမားသောစွမ်းအားကို ထိန်းချုပ်နိုင်ခြင်းက၊ လူသားမျိုးနွယ်စုအတွက် အလွန်အရေးကြီးသည့်အရာဖြစ်သည်။

ထန်မင်းဆက်ဘုရင်က သူ့ကို ပစ်မှတ်ထားလာသည့်အတွက် ရီဖန်ရုတ်တရက် ကျေးဇူးတင်သွားတယ်။ သို့မဟုတ်ပါက သူ့ကိုဖော်ထုတ်ရန် လွယ်မည်မဟုတ်ချေ။

ရီဖန်က သူ့သံသယများကို ယင်ကျန်းအား ပြန်ပြောပြလိုက်ရာ ယင်ကျန်းအံ့ဩသွားသည်။ ထိုဖြစ်နိုင်ခြေကို သူတစ်ခါမှ မစဉ်းစားဖူးသော်လည်း ရီဖန်က ထိုသို့ပြောပြီးနောက် ၎င်းမှာဖြစ်နိုင်ခြေရှိပုံရသည်။

အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်လာရန်အတွက် ကျင့်ကြံသူသည် အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ သို့သော်လည်း ထန်မင်းဆက်၏ အရင်းအမြစ်များသည် ထန်မင်းဆက်ဘုရင်၏ အောင်မြင်မှုကိုပံ့ပိုးရန် မလုံလောက်သောကြောင့် သူ့တွင် အခြားအထောက်အထားရှိရမည်။

တန်ဘုရင်သည် ပျက်ဆီးခြင်းဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဆိုပါက၊ အရာအားလုံးသည် အဓိပ္ပါယ်ရှိလာ၏။ ပျက်ဆီးခြင်းဂိုဏ်းသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သောကြောင့် လုံလောက်သော အရင်းအမြစ်များကို ပိုင်ဆိုင်ထားမည်မှာသေချာသည်။

အင်အားကြီးသော သို့မဟုတ် အရည်အချင်းရှိသော ကျင့်ကြံသူအများအပြားသည် အရင်းအမြစ်များရှာဖွေရန်အတွက် ပျက်ဆီးခြင်းဂိုဏ်း၏ခွေးများဖြစ်လာကြသည်။

ယင်ကျန်းသည် ယခုတစ်ကြိမ် ထန်မင်းဆက်ဘုရင်၏ အထောက်အထားကို ရှာဖွေတွေ့ရှိလိုက်ရသောကြောင့် စိတ်သက်သာရာရသွား၏။ သို့မဟုတ်ပါက အရေးကြီးသည့်အခိုက်အတန့်တွင် အမှန်တကယ့်ဒုက္ခကြုံရလိမ့်မည်။

"သူငါ့ကိုစောင့်နေတာဆိုတော့ ငါသွားလိုက်မယ်"

ရီဖန်သည် ခဏစဉ်းစားပြီးနောက် စကားစလိုက်သည်။ ယင်ကျန်းကလည်း မကန့်ကွက်ဘဲ ခေါင်းညိတ်လိုက်၏။ ရီဖန်၏ လက်ရှိအင်အားဖြင့်၊ သူသည် ထန်မင်းဆက်ဘုရင်နှင့် မယှဉ်နိုင်သော်လည်း ထန်မင်းဆက်ဘုရင်က သူ့ကို အမြန်အနိုင်ယူရန် မလွယ်ကူပေ။

ထိုအတောအတွင်း သူလှုပ်ရှားရန်အချိန် လုံလောက်ပါလိမ့်မည်။ နောက်အခိုက်အတန့်တွင် ရီဖနသည် ထန်မင်းဆက်၏မြို့တော်အထက်တွင် ပေါ်လာသည်။ နတ်မင်းဆက်နှစ်ပါး၏စစ်တပ်များသည် ထန်နတ်မင်းဆက်၏မြို့တော်အပြင်ဘက်တွင်ရှိနေပြီဖြစ်သည်။

ဤစစ်ပွဲတွင် ထန်နတ်မင်းဆက်သည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ တပ်ဖွဲ့ဝင် သန်းတစ်ရာတွင် ဆယ်ပုံတစ်ပုံသာ ကျန်တော့သည်။ သို့သော် ထန်နတ်မင်းဆက်၏ ခုခံမှုကလည်း မင်းဆက်နှစ်ဆက်အတွက် သိသာသောဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။

ကံကောင်းစွာဖြင့် ထန်မင်းဆက်၏ စွမ်းအားရှင်များသည် မည်သည့်လှုပ်ရှားမှုမပြုလုပ်ခဲ့သောကြောင့် ထန်နတ်မင်းဆက်ကို ဖိနှိပ်ရန် အတော်ပင်လွယ်ကူစေသည်။

ရီဖန်က ထန်မင်းဆက်အထက်ကောင်းကင်တွင် ပေါ်လာချိန်၌ အနှိုင်းမဲ့တာအိုဘိုးဘေး၊ အထွတ်အထိပ်တာအိုဘိုးဘေး၊ သာမန်တာအိုဘိုးဘေးတို့၏ အင်အားကြီးရောင်ဝါများစွာက ရုတ်တရက် ချုပ်နှောင်လာခဲ့သည်။ ရီဖန်သည် စိတ်ကိုပြင်ဆင်ထားသော်လည်း၊ ထန်နတ်မင်းဆက်ရှိ စွမ်းအားရှင် အများအပြားကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။

………..

အခန်း ၃၂၆ - ထန်မင်းဆက်ဘုရင် ဖော်ထုတ်ခံလိုက်ရပြီ

ထိုကဲ့သို့ များပြားလှသော တာအိုဘိုးဘေးစွမ်းအားရှင်များက တာ့ယွီနှင့် မဟာချင်မင်းဆက်တို့ကို ဖြူဖျော့သွားစေခဲ့သည်။

နောက်အခိုက်အတန့်တွင် ၎င်းတို့သည် ရီဖန်ထံသို့ တိုက်ရိုက်တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့သည် ခြိမ်းခြောက်ခြင်း မရှိသကဲ့သို့ ရီဖန်ကိုလည်း ပြင်ဆင်ခွင့် မပေးခဲ့ချေ။ ၎င်းတို့လှုပ်ရှားသည့် အခိုက်အတန့်တိုင်းက သူတို့သတ်ရန်သာဖြစ်သည်။

ဤသည်မှာ ရန်သူနှင့်ဆက်ဆံရာတွင် ထားရှိရမည့် မှန်ကန်သော သဘောထားဖြစ်သည်။ ရီဖန်သည် မလှုပ်ရှားမီ ခြိမ်းခြောက်လေ့ရှိသူများ၏ အပြုအမူကို အမှန်တကယ်ရွံရှာခဲ့သည်။ စကားများလွန်းသောကြောင့်

သေကြေပျက်စီးရသောလူမိုက်များကို သူတို့ မသိကြဘူးလား။

ထန်မင်းဆက်ဘုရင်၏လက်ထဲတွင် အနက်ရောင် ဓားမြှောင်တစ်စင်းသည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပနေ၏။ ပျက်ဆီးခြင်းနှင့် အမှောင်ထု၊ ဓားမြှောင်ပေါ်တွင် အမျိုးမျိုးသော စွမ်းရည်များရောယှက်နေသည်။

ဓားမြှောင်မှထုတ်လွှတ်သော ရောင်ဝါက ၎င်း၏ အဆင့်အတန်းသည် အလယ်အလတ် အထွတ်အထိပ်အဆင့်ရှိ နတ်လက်နက်ဖြစ်ကြောင်းကို ပြနေသည်။

ဤအခိုက်အတန့်တွင် ရီဖန်သည် သတိလက်လွတ်ဖြစ် မဖြစ်ဘဲမနေနိုင်တော့ချေ။ သူသည် သူ၏ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ၎င်းကအလယ်အလတ်နတ်လက်နက်တစ်ခုသာဖြစ်သော်လည်း ရီဖန်၏အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းအဆင့်ဖြင့် ၎င်းသည် ထန်မင်းဆက်ဘုရင်၏ အလင်းဖျော့ဓားမြောင်ထက် အားနည်းခြင်းမရှိပေ။

အလင်းဖျော့ဓားမြောင်သည် လေဟာနယ်ထဲသို့ ဖြတ်ဝင်သွားပြီးနောက် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ထိမှန်သွားသည်။

၎င်းတို့ထိသွားသည်နှင့် တပြိုင်နက် ထန်မင်းဆက်တစ်ခုလုံး အပျက်အဆီးများထဲသို့ကျရောက်သွားသည်။

တာအိုဘိုးဘေးများပင်လျှင် ၎င်းတို့၏တိုက်ခိုက်မှုများကို ဆက်လက်မလုပ်ဆောင်နိုင်ပေ။ တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်များကိုသာ အပြင်းအထန် ခုခံနေကြရ၏။ ထန်မင်းဆက်အတွင်းမှ သာမာန်ကျင့်ကြံသူများသည် တိုက်ပွဲ၏နောက်ဆက်တွဲရလဒ်ကို ခုခံနိုင်စွမ်းမရှိကြဘဲ ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းသွားကြသည်။

သူတို့မသေမီ၌ပင် ၎င်းတို့၏မျက်လုံးများမှာ လင်းလက်နေကြ၏။ သူတို့၏အမြင်တွင် ထန်မင်းဆက်ဘုရင်အတွက် အသေခံရခြင်းက အလွန်ဂုဏ်ယူစရာကောင်းသော လုပ်ရပ်ဖြစ်သည်။

ရီဖန်၏အမြင်တွင် ပန်ကုစကြာဝဠာတစ်ခုလုံးတွင် ဝူရှန်းဘိုးဘေးသည်သာ ၎င်းနှင့် တူညီသော ဦးနှောက်ဆေးကြောနိုင်စွမ်းရှိသည်။ ထိုအဘိုးကြီး ဘယ်ကိုပြေးသွားမှန်းတော့ သူသေချာမသိချေ။ သို့မဟုတ်ပါက သူသည် ထန်မင်းဆက်ဘုရင်နှင့် အနည်းငယ်ဖလှယ်နိုင်ကြမည်ဖြစ်၏။

နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် အလင်းဖျော့ဓားမြှောင်၏တိုက်ခိုက်မှုကို တားဆီးကာ ဘေးဘက်သို့ ရွေ့လျားသွားသည်။ ထန်မင်းဆက်ဘုရင်သည် ရီဖန်ကို ထိုးနှက်ချက်တစ်ချက်တည်းဖြင့် သုတ်သင်ပြီးနောက် အခြားစွမ်းအားရှင်များက မတုံ့ပြန်နိုင်မီ ထွက်ပြေးရင် ကြံစည်နေသည်။

သို့သော် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏စွမ်းအားကို သတိပြုမိသောအခါ၊ ထန်မင်းဆက်ဘုရင်လည်း အံ့အားသင့်သွားခဲ့၏။ အင်အားက သူ့ထက် လုံးဝမနိမ့်ကျနေချေ။ ရီဖန်သည် ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးမျှသာ မဟုတ်ဘူးလား။

ဤမျှအချိန်တိုလေးအတွင်း သူ၏အင်အားသည် အနှိုင်းမဲ့တာအိုဘိုးဘေးနှင့် ယှဉ်နိုင်သည်အထိ မည်သို့ရောက်ရှိလာသနည်း။ ထိုကွာဟမှုက ထန်မင်းဆက်ဘုရင်ကို အလွန်စိတ်စိတ်မသက်မသာဖြစ်စေသည်။

ရီဖန်က သူ့ကိုမျှားခေါ်ရန် ရည်ရွယ်ချက်နှင့် ရောက်လာသလားဟု သူသံသယဝင်လာသည်။ ရီဖန်က ထောင်ချောက်ထဲသို့ဝင်လာမည့်အစား သူက ရီဖန်၏ထောင်ချောက်ထဲသို့ ကျသွားသည်။

ရီဖန်၏အစွမ်းကိုသိရှိလိုက်ရချိန်တွင် ထန်မင်းဆက်ဘုရင်က သူ့အခွင့်အရေးကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။

ရီဖန်ကို နှိမ်နင်းရန် ကျရှုံးသွားပြီး၊ ထန်နတ်မင်းဆက်တစ်ခုလုံး ပင်ပန်းနေသည်ကိုမြင်လိုက်ရသော ထန်မင်းဆက်ဘုရင်သည် အလွန်ကူရာမဲ့ ဖြစ်နေခဲ့သည်။

သို့သော်လည်း ယခုအချိန်သည် ထန်နတ်မင်းဆက်၏ ပြဿနာများကို တွေးတောရမည့်အချိန်မဟုတ်ပေ။ ရီဖန်ကိုမသတ်နိုင်ခဲ့လျှင်ပင် သူထွက်ပြေးသွားနိုင်သည်။

ယခုမပြေးပါက အလွန်နောက်ကျသွားလိမ့်မည်။

ထန်နတ်မင်းဆက်မရှိသည့်တိုင် သူ့ထံတွင် ပြန်လည်တည်ဆောက်ရန် အခွင့်အရေးရှိနေဆဲဖြစ်သည်။ သို့သော် သူကျရှုံးသွားပါက အရာအားလုံး အမှန်တကယ်ပြီးဆုံးသွားလိမ့်မည်။

စကြဝဠာ၏မူလစွမ်းအားကို အသက်သွင်းပြီးနောက် ထန်မင်းဆက်ဘုရင်သည် နေရာလွတ်ကိုဆုတ်ဖြဲကာ ထွက်ခွာသွားခဲ့သည်။ နောက်အခိုက်အတန့်တွင် ပို၍ အင်အားကောင်းသော မူလစွမ်းအားတစ်ခုက ထန်မင်းဆက်ဘုရင် ဆုတ်ဖြဲလိုက်သော နေရာလွတ်ကို ဖြိုခွဲလိုက်ကာ သူ၏ခန္ဓာကိုယ်ကို ကြယ်တာရာနေရာလွတ်ထဲသို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

ရီဖန်နှင့် ယင်ကျန်းတို့သည် ထန်မင်းဆက်ဘုရင်ကို အရှေ့နှင့် အနောက်မှ ပိတ်ဆို့ထားကြသည်။ အကယ်၍

ဘုရင်က ၎င်းတို့နှစ်ယောက်ကို အနိုင်မယူနိုင်လျှင် သူထွက်ပြေးနိုင်မည်မဟုတ်ပေ။ သို့သော် ထန်မင်းဆက်၏ဘုရင်သည် အနှိုင်းမဲ့ တာအိုဘိုးဘေးနှစ်ပါးဖြစ်သည့် ရီဖန်နှင့် ယင်ကျန်းတို့ကို အနိုင်ယူရန် အမှန်တကယ် စွမ်းအားရှိပါသလား။

သူတို့၏ရောင်ဝါနှစ်ခုဖိအားအောက်တွင် သူ့ကိုယ်သူ ပိတ်လှောင်ထားခွရသကဲ့သို့ ခံစားလိုက်ရသောကြောင့် ထန်မင်းဆက်ဘုရင်၏မျက်နှာသည် အလွန်ဖျော့သွားခဲ့သည်။

"ရီဖန်၊ ယင်ကျန်း မင်းတို့ ဘာလို့ ငါ့ကို ဒီလောက်ထိ တွန်းအားပေးတာလဲ" ထန်မင်းဆက်၏ဘုရင်သည် ရီဖန်နှင့် ယင်ကျန်းကို ပြင်းထန်စွာစိုက်ကြည့်နေသည်။

ရီဖန်၏မျက်နှာက ပြောင်းလဲခြင်းမရှိချေ။ သူကမေးလိုက်သည်။

“မင်းက ပျက်ဆီးခြင်း ဂိုဏ်းရဲ့ အဖွဲ့ဝင်လား”

ထိုစကားကြောင့် ထန်မင်းဆက်ဘုရင်၏မျက်နှာမှာ တင်းမာသွား၏။

"မင်းဘယ်လို ခန့်မှန်းလိုက်တာလဲ"

ထန်မင်းဆက်ဘုရင်က သူကောင်းကောင်း ကွယ်ဝှက်ထားခဲ့သည်ဟု ထင်ခဲ့သည်။

"ခန့်မှန်းတာတော့ မဟုတ်ဘူး။ ပန်ကုစကြဝဠာမှာ ငါနဲ့ကြီးကြီးမားမားရန်ငြှိုးရှိတာက ပျက်ဆီးခြင်းဂိုဏ်းပဲ ရှိတယ်။ ရန်သူတေအကုန်လုံးကို ငါသတ်လိုက်တာလေ။ ဆိုတော့ ခင်ဗျားက ပျက်ဆီးခြင်းဂိုဏ်းကပဲ ဖြစ်မှာပေါ့"

ရီဖန်သည် သူ၏ခရီးတလျှောက်တွင် ရန်သူများစွာနှင့် ကြုံတွေ့ခဲ့ရ၏။ ယခုတွင်၎င်းက ပျက်ဆီးခြင်းဂိုဏ်းများသာဖြစ်သည်။

"ပျက်ဆီးခြင်းဂိုဏ်းကလုပ်မိတဲ့ အကြီးမားဆုံးအမှားက မင်းကို စောစောအရေးမယူမိတာဘဲ"

ရီဖန်သည် ပျက်ဆီးခြင်းဂိုဏ်း၏ အစီအစဉ်များကို အကြိမ်ကြိမ်ပျက်ပြားစေခဲ့သည်။ ယခုတွင် သူသည် ပျက်ဆီးခြင်းဂိုဏ်းကျင့်ကြံသူများ၏ အိပ်မက်ဆိုးဖြစ်လာလုနီးပါးပင်။

ယခုအချိန်တွင် ရီဖန်၏အင်အားသည် အနှိုင်းမဲ့ တာအိုဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရီဖန်နှင့် ရင်ဆိုင်ရာတွင် အောင်မြင်ရန် အခွင့်အလမ်းမရှိသလောက်ပင်။

တိုက်ပွဲက ထပ်မံဖြစ်ပွါးခဲ့သည်။ ယခုတစ်ကြိမ်တွင် အနှိုင်းမဲ့တာအိုဘိုးဘေး ၃ ဦးကြားမှ တိုက်ပွဲက မြေကြီးကိုပင်ကွဲအက်စေနိုင်သည်။ ကမ္ဘာကြီး၏ စွမ်းအားသည်ပင် အနှိုင်းမဲ့တာအိုဘိုးဘေးသုံးဦး၏ တိုက်ပွဲကို ခံနိုင်ရည်မရှိပေ။

ကျန်ရစ်ခဲ့သော ထန်နတ်မင်းဆက်၏ ကျင့်ကြံသူအချို့သည်လည်း အကာအရံမရှိသောကြောင့် တိုက်ရိုက်ဆုတ်ဖြဲခံလိုက်ရသည်။ ၎င်းတို့ကို သေဆုံးစေသည့်သူမှာ သူတို့ကိုးကွယ်ခဲ့သောဘုရင်ဖြစ်၏။

ဤသူများသည် ဦးနှောက်ကို လုံးဝဆေးကြောခံခဲ့ရသောကြောင့် ကယ်တင်နိုင်ရန် မျှော်လင့်ချက်မရှိပေ။ သေဆုံးသွားသည့်တိုင် ရီဖန်နှင့် သူ့အဖော်တို့က ၎င်းတို့သနားစရာကောင်းသည်ဟု လုံးဝကို မခံစားရချေ။

တိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသောရလဒ်က အင်အားစုများမှ ကြည့်ရှုသူများကို ကြောက်လန့်စေကာ ပါဝင်ပတ်သက်မည်ကို စိုးရိမ်သောကြောင့် အဝေးသို့ဆုတ်သွားသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ နှလုံးသားထဲတွင် ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည်။

အနှိုင်းမဲ့တာအိုဘိုးဘေးဘွဲ့သည် ယခုတန်ဖိုးမရှိတော့သလား။ မဟာချင်မင်းဆက်၏ဘုရင်သည် အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်ကြောင်း သူတို့သိခဲ့ကြသော်လည်း ထန်မင်းဆက်၏ဘုရင်နှင့် ရီဖန်တို့က အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို မည်သည့်အချိန်က ရရှိသွားသနည်း။

ထန်မင်းဆက်၏ဘုရင်သည် အလွန်နှိမ့်ချနေထိုင်ကာ မည်သူမှမသိဘဲ ဖြတ်ကျော်သွားခဲ့သည်။ အမှန်တကယ်တွင် ထန်မင်းဆက်၏ဘုရင်သည် နှစ်ပေါင်းသောင်းချီကြာအောင် ရှင်သန်နေထိုင်ခဲ့သော ရှေးခေတ်ကျင့်ကြံသူဖြစ်ရာ အနှိုင်းမဲ့တာအိုဘိုးဘေး၏ စွမ်းရည်ကို လျှို့ဝှက်စွာဖုန်းကွယ်ထားနိုင်ခြင်းကို နားလည်နိုင်၏။

သို့သော် ရီဖန်ကျင့်ကြံနေသည်မှာ အနှစ်တစ်သောင်းရှိသေးလို့လား။ အချိန်တိုလေးအတွင်း သူသည် အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်လာခဲ့သည်။ ၎င်းကို လူသားတစ်ယောက်က အမှန်တကယ်လုပ်ဆောင်နိုင်မည်လား။ သမိုင်းတစ်လျှောက် ရီဖန်ကို အမြန်ဆုံးကျင့်ကြံသူဟု သတ်မှတ်နိုင်သည်။

သူ့ထံတွင် လျှို့ဝှက်ချက်ကြီးကြီးမားမားရှိရမည်ဟု လူအများက မှန်းဆခဲ့ကြ၏။ သို့သော် ယခု ရီဖန်၏ကျင့်ကြံမှုအဆင့်က အလွန်အားကောင်းနေသောကြောင့် သူ့ကိုယ်ပိုင်လျှို့ဝှက်ချက်ကို သိထားလျှင်ပင် မည်မျှကွာခြားနိုင်မည်နည်း။

ရီဖန်ကိုယ်တိုင်က အနှိုုင်းမဲ့တာအိုဘိုးဘေးတစ်ဦး၏ ကျင့်ကြံမှုကို ပိုင်ဆိုင်ရုံသာမက၊ တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် ဗောဓိဘိုးဘေးတစ်ဦး၏ ပံ့ပိုးမှုလည်းရှိသေးသည်။ ထို့အပြင် မဟာချင်ဘုရင်နှင့် ရီဖန်၏ဆက်ဆံရေးကိုကြည့်လျှင် ရိုးရှင်းပုံမပေါ်ပေ။

ရီဖန်ကို ရန်စခြင်းက အနှိုင်းမဲ့တာအိုဘိုးဘေး ၃ ယောက်ကို တစ်ပြိုင်တည်း ရန်စခြင်းနှင့်တူသည်။ ထို့ကဲ့သို့ ရန်စရန် မည်သူတတ်နိုင်မည်နည်း။

ထန်မင်းဆက်၏ဘုရင်သည်ပင် အနှိုင်းမဲ့ တာအိုဘိုးဘေးတစ်ဦးဖြစ်သည့်တိုင် ရက်ရက်စက်စက် ရိုက်နှက်ခြင်းကိုခံနေရသည်မဟုတ်လား။

အချိန်ကြာလာသည်နှင့်အမျှ ထန်မင်းဆက်၏ဘုရင်သည် ဒဏ်ရာပိုမိုပြင်းထန်လာကာ သူ၏ အသက်ရှုသံမှာလည်း တဖြည်းဖြည်း အားနည်းလာသည်။

ထန်မင်းဆက်၏ဘုရင်သည် လွတ်မြောက်ရန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားခဲ့သော်လည်း ယခုတွင် အခွင့်အရေးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"ငါမလွတ်မြောက်နိုင်မှတော့ နတ်ဆိုးနတ်ဘုရားအတွက် နောက်ဆုံးကူညီသွားရမယ်!"

နောက်အခိုက်အတန့်တွင် ထန်မင်းဆက်ဘုရင်၏ ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ ဤအနက်ရောင်စွမ်းအင်ကို ခံစားလိုက်ရသောအခါ လူအများက ၎င်းကိုလျင်မြန်စွာ မှတ်မိခဲ့သည်။ ဤအနက်ရောင်စွမ်းအားက ထိုအချိန်က ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့နှင့်တူညီ၏။

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ပျက်ဆီးခြင်းဂိုဏ်းကသာ ပိုင်ဆိုင်သည်။ ထန်မင်းဆက်၏ဘုရင်က ပျက်ဆီးခြင်းဂိုဏ်း၏မှဖြစ်သလား။

ထန်မင်းဆက်ဘုရင်နှင့် အဆက်အသွယ်ရှိခဲ့သော ကျင့်ကြံသူအများအပြားသည် ချွေးအေးများစီးကျလာကြ၍။ သူတို့သည် ပျက်ဆီးခြင်းဂိုဏ်းနှင့် အလွန်နက်ရှိုင်းသော အဆက်အသွယ်ရှိခဲ့ပုံရသည်။

ထန်မင်းဆက်ဘုရင်က ၎င်းတို့ကိုဆန့်ကျင်ရန် ဆန္ဒရှိလာလျှင် မည်သူမျှလွတ်မြောက်နိုင်မည် မဟုတ်ပါချေ။ ထိုအချိန်တွင် အင်အားကြီးစုကြီးများက

အင်အားကြီးကျင့်ကြံသူအများအပြားသည် ထန်မင်းဆက်ဘုရင်အတွက် ရပ်တည်ရန် အဓိကအင်အားစုများကို သွေးထိုးလှုံ့ဆော်ခဲ့ကြောင်းကို ရုတ်တရက် သတိရသွား၏။

သို့သော် ယခုတွင် အကြောင်းရင်းကို ရှာတွေ့ပြီဖြစ်သည်။ ၎င်းတို့က ထန်မင်းဆက်ဘုရင်နှင့် အဆက်အသွယ်မရှိခြင်းမဟုတ်ဘဲ သူတို့မသိဘဲနှင့် အဆက်အသွယ်ရှိနေခြင်းဖြစ်သည်။

ထန်မင်းဆက်ဘုရင်၏ အထောက်အထားသည် ထုတ်ဖော်ခံလိုက်ရပြီဖြစ်၏။ ၎င်းတို့၏ အထောက်အထားများကိုလည်း အတည်ပြုနိုင်လုနီးပါးဖြစ်ကာ ၎င်းတို့အားလုံးသည် ပျက်ဆီးခြင်းဂိုဏ်းမှဖြစ်သည်။

ထန်မင်းဆက်၏ဘုရင်အတွက်ပင် အထွတ်အထိပ်တာအိုဘိုးဘေးများကို စွန့်လွှတ်လိုစိတ်ရှိကြရာ ထန်မင်းဆက်၏ဘုရင်သည် ပျက်ဆီးခြင်းဂိုဏ်းအတွင်း အဆင့်အတန်းမြင့်မားကြောင်း ခန့်မှန်းနိုင်သည်။

…………

အခန်း ၃၂၇ - ပျက်ဆီးခြင်း မူလနိယာမ ပင်လယ်အတွင်းမှ အမည်ခံအခွင့်အရေး

ထန်မင်းဆက်ဘုရင်၏ပတ်ဝန်းကျင်တွင် အနက်ရောင်ရောင်ဝါသည် ပို၍ပင်သိပ်သည်းလာသည်။

ရီဖန်နှင့် ချင်မင်းဆက်ဘုရင်တို့က ထန်မင်းဆက်ဘုရင်ကို သူ၏စွမ်းအားကြီး လှုပ်ရှားမှုများကို ထုတ်ဖော်နိုင်မည့် အခွင့်အရေးမပေးချင်ကြချေ။

သို့သော် အသွင်ကူးပြောင်းမှုသည် ချက်ချင်းမဟုတ်ဘဲ အလွန်နှေးကွေး၏။ ထန်မင်းဆက်ဘုရင်သည် အနက်ရောင်ရောင်ဝါနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအားသည် အလွန်ခြိမ်းခြောက်လာနိုင်ခဲ့သည်။

ရီဖန်နှင့် ယင်ကျန်းပင်လျှင် သူရောင်ဝါမှ ကြောက်မက်ဖွယ်ခံစားချက်ကို ခံစားခဲ့ရသည်။ သို့သော် ဤအငွေ့အသက်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သကဲ့သို့ မတည်မငြိမ်ဖြစ်နေသည်။

တကယ်တမ်းတွင် အနှိုင်းမဲ့တာအိုဘိုးဘေးများသည် ပန်ကုစကြာဝဠာ၏အထွတ်အထိပ်တွင်ရှိသည်။ နတ်ဆိုးနတ်ဘုရားပင်လျှင် အနှိုင်းမဲ့တာအိုဘိုးဘေး၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် ကြီးမားသောအဖိုးအခကို ပေးဆောင်ရမည်ဖြစ်သည်။

နတ်ဆိုးနတ်ဘုရားက အနှိုင်းမဲ့တာအိုဘိုးဘေး၏ တိုက်ခိုက်ရေးစွမ်းအားကို အဆက်မပြတ် အဆင့်မြှင့်တင်နိုင်ပါက အခြားသူများမှာ ချက်ချင်းလက်နက်ချရလိမ့်မည်။

ရီဖန်သည် အကျပ်အတည်းကို ခံစားလိုက်ရ၏။ ထန်မင်းဆက်ဘုရင်က သူ့ကိုပစ်မှတ်ထားနေသည်ကို သူသိသည်။ သူသည် ရီမျိုးနွယ်စု၏သွေးမျိုးဆက်နှင့် ပျက်ဆီးခြင်းကမ္ဘာ၏နိယာမများဖြင့် သူ့ကိုယ်သူကာကွယ်ရန် တတ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။

ထန်မင်းဆက်ဘုရင်၏ရည်ရွယ်ချက်ကိုမြင်လျှင် မဟာချင်မင်းဆက်ဘုရင်သည် မိမိလုံခြုံရေးကို လျစ်လျူရှုကာ ရီဖန်ကို သူ၏နတ်လက်နက်ဖြစ်သည့် အိုးကိုးလုံးဖြင့် လျင်မြန်စွာကာကွယ်ပေးလိုက်သည်။ ရီဖန်၏ အကာအကွယ်သည် ရွှေနှင့် သံမဏိကဲ့သို့ ခိုင်မာ၏။

ထိုအချိန်တွင် ထန်မင်းဆက်၏ဘုရင်သည် နောက်ဆုံးတွင် သူ၏လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။ ရီဖန်ရှေ့သို့ သူ့ကိုယ်သူနေရာပြောင်းရွှေ့ပို့ဆောင်လိုက်၏။

အနက်ရောင်ရောင်ဝါနှင့် ထန်မင်းဆက်ဘုရင်၏ ကိုယ်ပိုင်စွမ်းအားပေါင်းစပ်မှုက ရီဖန်၏ရှေ့တွင် မီးခိုးရောင်လမ်းကြောင်းတစ်ခုကို ဆုတ်ဖြဲပစ်လိုက်သည်။ ထန်မင်းဆက်ဘုရင်က ထွက်ပြေးဖို့ စီစဉ်နေသလား။

လေဟာနယ်လမ်းကြောင်းပေါ်လာသောအခါ ရီဖန်၏စိတ်ထဲတွင် ထိုအတွေးတစ်ခုဖြတ်ပြေးသွားသည်။ သို့သော် မဖြစ်နိုင်ပေ။ ၎င်းလမ်းကြောင်းက တစ်ခုခုမှားယွင်းနေပါသည်။

တာအိုဘိုးဘေးနယ်မြေရှိစွမ်းအားရှင်က ပျက်ဆီးခြင်းနေရာလွတ်မှတဆင့် အလွယ်တကူ ရွေ့လျားနိုင်သည်။ ပုံမှန်နေရာတစ်ခုက တာအိုဘိုးဘေးများကို ထောင်ချောက်ဆင်လို့မရချေ။

သို့သော်လည်း ဤမီးခိုးရောင်လေဟာနယ်လမ်းကြောင်းသည် အလွန်ထူးခြားသောနေရာသို့ ဦးတည်သွားပုံရသည်။ မီးခိုးရောင်စွမ်းအင်သည် ပျက်ဆီးခြင်းစွမ်းအားဖြစ်သည်မှာထင်ရှား၏။ ပန်ကုစကြဝဠာတွင် ပျက်ဆီးခြင်းစွမ်းအားမရှိသောကြောင့် ဤနေရာသည် အဘယ်နည်း။ ရီဖန်သည်ပင် ၎င်းလမ်းကြောင်း၏ ဆွဲဆောင်ခြင်းခံလိုက်ရသည်။

"ရီဖန်၊ မင်းကို ငါမသတ်နိုင်ပေမယ့် မင်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲရောက်တာနဲ့ ပြန်ထွက်လာနိုင်တော့မှာမဟူတ်ဘူး"

ပင်ကိုပျက်ဆီးခြင်းပင်လယ်အကြောင်းကို ရီဖန် သတိရသွားသည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ပန်ကုစကြဝဠာတစ်ခုလုံး၏ မူလအစဖြစ်သည်။ ပန်ကုဘုရားသခင်၊ ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားနှင့် အခြားသူများသည် ဤပျက်ဆီးခြင်းပင်လယ်ထဲတွင် မွေးဖွားလာသူများဖြစ်သည်။

ပန်ကုစကြဝဠာတစ်ခုလုံးကဲ့သို့ ကျယ်ပြန့်သည်ဟု ကောလာဟလများထွက်ပေါ်နေသော မူလပျက်ဆီးခြင်းပင်လယ်သည် ပျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နေသည်။

ပျက်ဆီးခြင်းစွမ်းအားသည် သာမန် တာအိုဘိုးဘေးများကို သေစေနိုင်လောက်၏။

၎င်းကြောင့် လူတစ်ဦးသည် အဆိပ်မမိခဲ့လျှင်ပင် အကန့်အသတ်မရှိသော ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် ပျောက်ဆုံးသွားပြီး ပန်ကုစကြဝဠာသို့ ပြန်မလာနိုင်တော့ပေ။

နောက်အခိုက်အတန့်တွင် ထန်မင်းဆက်ဘုရင်သည် ရီဖန်ကို မူလပျက်ဆီးခြင်းပင်လယ်၏တံခါးပေါက်သို့ ညင်သာစွာ တွန်းချလိုက်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ထန်မင်းဆက်ဘုရင်၏ ရောင်ဝါသည် ချက်ချင်းညှိုးနွမ်းသွားသည်။

ယခုအချိန်တွင် သာမာန်တာအိုဘိုးဘေးတစ်ဦးပင်လျှင် ထန်မင်းဆက်ဘုရင်ကို သတ်နိုင်ပြီဖြစ်သည်။

ထိုမြင်ကွင်းကိုမြင်သောအခါ မဟာချင်ဘုရင်သည် အလွန်တုန်လှုပ်သွားပြီး ရီဖန်ကိုကယ်တင်ရန် ကြိုးစားခဲ့တယ်။ သို့သော် ယခုအချိန်တွင် ထန်မင်းဆက်၏ တာအိုဘိုးဘေးများသည် မဟာချင်ဘုရင်ကို တိုက်ခိုက်ရန်အတွက်ဖိအားပေးကာ အသက်စွန့်ကာ စွမ်းအားအားလုံးကိုအသုံးချလျက် မိမိကိုယ်ကိုဖောက်ခွဲနိုင်သည့် လျှို့ဝှက်နည်းပညာများဖြင့် ရီဖန်ကိုကယ်တင်ခြင်းမှ တားဆီးနိုင်ခဲ့သည်။

တာအိုဘိုးဘေးတစ်ဦးကြီးတစ်ဦးကို မဟာချင်ဘုရင်က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သော်လည်း ၎င်းတို့ကြောင့် မလွဲမသွေ နှောင့်နှေးခဲ့ရသည်။ အဆုံးတွင် ထန်မင်းဆက်၏ တာအိုဘိုးဘေးများအားလုံးကို သတ်လိုက်သော်လည်း ရီဖန်သည် ပျက်ဆီးခြင်းတံခါးပေါက်ထဲတွင် ပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်နိုင်ခဲ့သည်။

"ဟားဟား၊ ဒီတခေါက် ရီဖန်ကိုလွှတ်လိုက်ရတာ တန်တယ်!"

ထန်မင်းဆက်ဘုရင်၏ရယ်သံသည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်ကာ လုံးဝ ချဉ်တူးစရာကောင်းနေသည်။

ဤတိုက်ပွဲသည် နတ်မင်းဆက်နှစ်ပါးအတွက် ကြီးကျယ်သော အောင်ပွဲဖြစ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ ရယ်မောခြင်းမရှိပေ။ ၎င်းတို့၏ ယုံကြည်အားကိုးရာပျောက်ဆုံးသွားသည့်အချိန်တွက် မည်သို့ရယ်နိုင်ဦးမည်နည်း။

ရီရှောင်းရှောင်းနှင့် ရီမိသားစုမှ အခြားသူများသည် ပျက်ဆီးခြင်းတံခါးပေါက်ထဲသို့အလျင်အမြန် ပြေးဝင်ရန်ကြိုးစားသော်လည်း ယင်ကျန်းက ၎င်းတို့ကို တားဆီးခဲ့သည်။

"ငါတို့အခု ထပ်ပြီး ပြဿနာဖြစ်စေလို့မရဘူး၊ ရီဖန်က သေချာပေါက် အဆင်ပြေမှာပါ"

အကယ်၍ ပင်ကို ပျက်ဆီးခြင်းပင်လယ်ထဲသို့ အခြားတစ်ယောက် ဝင်ရောက်သွားပါက ယင်ကျန်းသည် မည်သည့်မျှော်လင့်ချက်မှ ဆုပ်ကိုင်ထားမည်မဟုတ်ပေ။ သို့သော် ရီဖန်အတွက်မူ သူတကယ်ကို မသေချာချေ။ ရီဖန်သည် အံ့သြဖွယ်ရာများစွာကို ဖန်တီးခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူနောက်ထပ်တစ်ခု ဖန်တီးနိုင်မည်လား။

ယင်ကျန်းသည် ရီဖန်ကနောက်ထပ်အံ့ဖွယ်တစ်ခုကို ထပ်မံဖန်တီးနိုင်သည်ဟု ခံစားလိုက်ရသည်။

သူတော်စင်တစ်ဦးသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ပြင်မှ လွတ်မြောက်ရန် မဖြစ်နိုင်သော်လည်း ရီဖန်အတွက်မူ အမှန်တကယ်ပင် ကွဲပြားနိုင်သည်။

နောက်အခိုက်အတန့်တွင် ယင်ကျန်းသည် ထန်မင်းဆက်ဘုရင်၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို စွမ်းအားတစ်ခုဖြင့်ချိတ်ပိတ်ကာ သတ်သေခြင်းမှ ကာကွယ်ထားသည်။ လူ့မျိုးနွယ်စုကြားတွင် ပုန်းအောင်းနေသော တာအိုဘိုးဘေးအဆင့် ပျက်ဆီးခြင်းဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ထန်မင်းဆက်ဘုရင်သည် ထိုကဲ့သို့အသေခံရန် နှမြောစရာကောင်းသည်။

ထိုအချိန်တွင် စောင့်ကြည့်နေသည့်ဂိုဏ်းများက ဆူလာပြန်သည်။

"ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲ ပို့လိုက်ပြီလား"

၎င်းနှင့်ရင်းနှီးသော ကျင့်ကြံသူများမှာ အံ့ဩသွားကြသည်။ မကြာသေးမီနှစ်များအတွင်း မူလပျက်ဆီးခြင်းပင်လယ်သို့ စေလွှတ်ခံရသည့် မည်သည့်ကျင့်ကြံသူမျှ အသက်ရှင်လျက် ပြန်မလာနိုင်ကြချေ။

တစ်ချိန်က တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် ဝမ်ကျန်းသည် သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် မျှော်လင့်ချက်အရှိဆုံးဖြစ်ကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် နှစ်ပေါင်းသောင်းချီကြာအောင်ပျောက်ကွယ်သွားခဲ့သည်။ ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲ ပို့လိုက်ပြီးနောက် ပြန်လာရန်အခွင့်အရေးရှိနိုင်မည်လား။

………..

All Chapters