← Chapters

အခန်း ၃၂၈-၃၃၀

Vol. 22 Ch. 328-330

အခန်း ၃၂၈-၃၃၀

Vol. 22 Ch. 328-330

အခန်း ၃၂၈ - ပျက်ဆီးခြင်း မူလနိယာမ ပင်လယ်အတွင်းမှ အမည်ခံအခွင့်အရေး

မကောင်းသောအကြံအစည်များရှိသည့် ကျင့်ကြံသူအများအပြားသည် ဝမ်းသာသွားကြ၏။ ရီဖန်သေဆုံးမှုက လူအများအတွက် သတင်းကောင်းဖြစ်သည်။ ပျက်ဆီးခြင်းဂိုဏ်း၏ဌာနချုပ်တွင် အရိုးဘိုးဘေးသည် သတင်းစကားကိုလက်ခံရရှိပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထန်မင်းဆက်ဘုရင်သည်လည်း ပြန်မလာနိုင်တော့ဘဲ သူ၏အာဏာကို စိန်ခေါ်နိုင်တော့မည် မဟုတ်ချေ။ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ကျသွားသော ရီဖန်သည်လည်း ပျက်ဆီးခြင်းဂိုဏ်းအတွက် ပြဿနာမရှိတော့ပေ။ သတင်းနှစ်ခုလုံးသည် အရိုးဘိုးဘေးအတွက် သတင်းကောင်းဖြစ်သည်။

"ဗီဇပြောင်း ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို လွှတ်လိုက်တော့"

ရီဖန်မရှိတော့သည့်အတွက် တာ့ယွီနတ်မင်းဆက်အပေါ်ရှိ အင်အားစုကြီးများ၏ သဘောထားသည်လည်း လုံးဝပြောင်းလဲသွားခဲ့သည်။

စတုရန်းလက်မတောင်ကို မျက်နှာသာပေးထားရသောကြောင့် တာ့ယွီနတ်မင်းဆက်သို့မဟုတ် ရီမိသားစုအတွက် ခက်ခဲစေမည့်အရာများကို ပွင့်ပွင့်လင်းလင်း မလုပ်နိုင်ချေ။ သိူ့သော် အမှောင်ထဲမှ ကြံစည်နေကြ၏။

၎င်းတို့၏အမြင်အရ ပျက်ဆီးခြင်းသွေးဆေးလုံးကို ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့အား နှိမ်နင်းရန် မလိုအပ်တော့သောကြောင့် ရီမိသားစု၏အသုံးဝင်မှုသည်လည်း ဆုံးရှုံးသွားခဲ့သည်။

အမှန်တကယ်တွင် အင်အားစုများစွာသည် တာ့ယွီနတ်မင်းဆက်မှ ထိန်းချုပ်ထားသော ကမ္ဘာများကိ စတင်မျက်စိကျလာကြသည်။

တာ့ယွီနတ်မင်းဆက်သည် ကမ္ဘာပေါင်းခြောက်ခုအထိရောက်ရှိသွားပြီဖြစ်၏။

အင်အားစုများအတွက် ခိုလှုံရာနေရာပေးရန် နေရာအနည်းငယ်ကို စွန့်လွှတ်ခြင်းက သင့်လျော်သည်မဟုတ်လား။

ရီရှောင်းရှောင်းက ထိုအင်အားစုများ၏ရည်ရွယ်ချက်များကို မြင်နိုင်သော်လည်း သူမတွင် အင်အားအပြည့်ဖြင့်ခုခံရန် အစီအစဉ်မရှိပေ။ ရီရှောင်းရှောင်း၏လက်ထဲတွင် ချီယွင် ကံကြမ္မာရွှေကွင်းကိုးခုသည် လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းတစ်လျှောက် တောက်ပစွာ လှည့်ပတ်နေသည်။

ချီယွင် ကံကြမ္မာရွှေကွင်းများရှိခြင်းကြောင့် တာ့ယွီနတ်မင်းဆက်၏ စွမ်းရည်အလားအလာကို အပြည့်အဝထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။ တာ့ယွီနတ်မင်းဆက်၏ လက်ရှိအင်အားဖြင့် ကျယ်ပြန့်သော ကမ္ဘာခြောက်ခုကို ထိန်းချုပ်ရန်မှာ ရုန်းကန်ရမည့်ပုံပင်။

စစ်အင်အားအများစုကို တာ့ယွီနတ်မင်းဆက်၏ မူလကမ္ဘာကြီးသုံးကမ္ဘာသို့ ပြန်လည်တိုးချဲ့ခဲ့ကာ ကြီးမားသောအခင်းအကျင်းကို တိတ်တဆိတ်တည်ဆောက်ခဲ့သည်။ နိုင်ငံတော်ကို အကာအကွယ်ပေးသော အခင်းအကျင်းကို ကာကွယ်ရေးအတွက်သာ ရိုးရှင်းစွာအသုံးမချဘဲ တာ့ယွီမင်းဆက်၏ကျင့်ကြံသူအားလုံးကို သိမ်မွေ့စွာ လွှမ်းမိုးထားနိုင်သည်။ လူတိုင်းသတိမပြုမိသော်လည်း တာ့ယွီနတ်မင်းဆက်၏ အင်အားက ဆက်လက်ကြီးထွားလာခဲ့၏။

၎င်းတို့အားလုံးကို ရီဖန်က သတိမထားမိလိုက်ချေ။ ယခုအခါတွင် ရီဖန်သည် အချိန်ကာလမသိဘဲ ကြာမြင့်စွာခရီးသွားပြီးနောက် လူသူကင်းမဲ့သောကမ္ဘာသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤကမ္ဘာကြီးသည် တိတ်ဆိတ်ကာ အသက်မရှိဟုထင်ရသည်။ အဆုံးလည်းမရှိသောကြောင့် ရီဖန်သည် မည်သည့်ဦးတည်ချက်ကိုမျှ အာရုံမခံနိုင်ပေ။

အထီးကျန်မှုက ရီဖန်၏နှလုံးသားကို လွှမ်းခြုံထား၏။

နှလုံးစွမ်းအားက ရွေ့လျားနေလျက် ရီဖန်သည် အဆိုးမြင်စိတ်များအားလုံးကို ဖယ်လိုက်ကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို အနီးကပ် စောင့်ကြည့်ခဲ့သည်။

ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ပင်လယ်မဟုတ်ဘဲ ပျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နေသည့် ထူးခြားသောကမ္ဘာကြီးဖြစ်သည်။ ဤကမ္ဘာတွင် ကျင့်ကြံသူများသည် ပျက်ဆီးခြင်းစွမ်းအားတစ်ခုတည်းသာ အသုံးချနိုင်ကာ ဝိညာဉ်ပစ္စည်းသို့မဟုတ် အင်မော်တယ်စွမ်းအားမရှိပေ။

ဤပျက်ဆီးခြင်းစွမ်းအားက ရီဖန်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လိုသကဲ့သို့ စိမ့်ဝင်သွားသည်။

သို့သော် ရီဖန်၏လက်ရှိအင်အားဖြင့် ပျက်ဆီးခြင်းစွမ်းအားက သူ့ကိုလုံး၀ထိခိုက်စေနိုင်မည်မဟုတ်ချေ။

ရီဖန်သည် ပါးစပ်ကိုဟပြီး ပျက်ဆီးခြင်းစွမ်းအားကို စုပ်ယူလိုက်သည်။ မီးခိုးရောင် ပျက်ဆီိးခြင်းစွမ်းအားက ရီဖန်၏ချုပ်ကိုင်မှုမှလွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း၊ နောက်အခိုက်အတန့်တွင် ရီဖန်၏အတွေး ပျံ့နှံ့သွားကာ ပျက်ဆီးခြင်းစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တည့်တည့်တိုးဝင်လာကြသည်။

သာမာန်ကျင့်ကြံသူအတွက် ပျက်ဆီးခြင်းစွမ်းအားက အဆိပ်ဖြစ်ကာ စုပ်ယူ၍မရပေ။ ၎င်းကို စားသုံးရုံမျှဖြင့် ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းမရှိသောကြောင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် သေခြင်းတရားနှင့်သာ အဆုံးသတ်ရလိမ့်မည်။ သိူ့သော် ရီဖန်အတွက်မူ ထိုသို့သော ပြဿနာမရှိချေ။

ရီဖန်သည် ပျက်ဆီးခြင်းစွမ်းအားကို သန့်စင်သောစွမ်းအင်အားအဖြစ် တိုက်ရိုက်ပြောင်းလဲပေးသည့် ပျက်ဆီးခြင်းဖန်တီးမှုစာအုပ်ကို အသက်သွင်းခဲ့သည်။

၎င်းက အလူပ်ဖြစ်ကာ အဆင်ပြေသွား၏။

ရီဖန်က ၎င်းကိုသုံးနိုင်သည့်အတွက် ဝမ်းသာသွားသည်။ အချိန်တိုအတွင်းတော့ စွမ်းအားအတွက် စိတ်ပူစရာမလိုတော့ချေ။ ကြီးမားသော ပျက်ဆီးခြင်းစွမ်းအားကို စုပ်ယူနိုင်လျှင် သူ၏ကျင့်ကြံမှုအဆင့်သည်လည်း တဟုန်ထိုး တက်လာလိမ့်မည်။

ကံမကောင်းစွာဖြင့် ရီဖန်၏စွမ်းအားကို စနစ်ကသော့ခတ်ထားသောကြောင့် သူသည် ပျက်ဆီးခြင်းစွမ်းအားအားလုံးကို စုပ်ယူလိုက်လျှင်ပင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။

ယခု စဉ်းစားရမည့်ကိစ္စမှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှ မည်သို့ရုန်းထွက်ရမည်ကိုပင်။ ရီဖန်သည် ဤလမ်းကြေ င်းထဲမှ ထွက်သွားနိုင်မလားကို သိရန်အတွက် နယ်ပယ်တစ်သောင်းတံခါးကို ပထမဆုံး ထုတ်ယူလိုက်သည်။

မူလက ရှင်းရှင်းလင်းလင်းတည်ရှိခဲ့သည့် နယ်ပယ်တစ်သောင်းတံခါးသည် နေရာတိုင်းတွင်ရှိနေသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်ရှိနေစဉ် သက်ရောက်မှုရှိနိုင်မလား။ တိကျသော ပို့ဆောင်ရေးစနစ်က ယခုအခါတွင် ကျပန်းပို့ဆောင်ရေးစနစ်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ထိုသတင်းက အကောင်းကြီးမဟုတ်သော်လည်း မဆိုးလှချေ။ ၎င်းက ကျပန်းပို့ဆောင်ခြင်းဖြစ်သော်လည်း သူထွက်သွားနိုင်သရွေ့တော့ အဆင်ပြေပါ၏။ ထွက်ခွာရန်နည်းလမ်းရှာပြီးနောက် ရီဖန်သည် အလျင်စလိုမထွက်သွားချေ။

ရှေးစာအုပ်များထဲတွင် ကန့်သတ်ချက်ပြည့်မီသော ကျင့်ကြံသူများသည် ပိုမိုမြင့်မားသောအဆင့်သို့ဖြတ်ကျော်ရန် အခွင့်အလမ်းကိုရှာဖွေရန်အတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ကြသည်ဟု ဖော်ပြခဲ့သည်။

ရီဖန်သည် ဤအခွင့်အရေးဟုခေါ်သည့်အရာကို ဘာမှန်းမသိသော်လည်း ကျင့်ကြံသူအများအပြားက ၎င်းကိုရှာဖွေရန် ပင်ကိုပင်လယ်ထဲသို့သွားကြသောကြောင့်၊ ၎င်းသည် အမှန်တကယ်တည်ရှိနိုင်၏။

ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ခရီးထွက်နိုင်ရန်ခက်ခဲသည်။ ထို့ကြောင့် ထိုအမည်ခံအခွင့်အရေးကိုများ ရှာတွေ့နိုင်မလား။

သူ့ကံကြမ္မာနှင့်ပက်သက်၍ ရီဖန်က အမြဲယုံကြည်မှုရှိသည်။ ရီမိသားစု၏လက်ရှိကံကြမ္မာရှိသည့် ရီဖန်ပင် အခွင့်အရေးရှာမတွေ့ပါက အခြားသူများကတော့ ပို၍ပင်မဖြစ်နိုင်ချေ။

စိတ်ထဲတွင် အစီအစဉ်ခင်း ရီဖန်သည် ၎င်းကိုအကောင်အထည်ဖော်လိုက်ကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဦးတည်ရာမဲ့လျှောက်သွားခဲ့သည်။ လမ်းကြောင်းကို လုံးဝမပြောနိုင်သည့်အတွက် ရီဖန်သည် ကျပန်းဦးတည်ချက်တစ်ခုကိုရွေးကာ လျှောက်သွား၏။

ရီဖန်သည် တနှစ်ပတ်လုံး ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် မည်မျှဝေးဝေးသွားခဲ့သည်ကိုပင် မသိတော့ချေ။ ထိုအချိန်တွင် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုအမျိုးမျိုးတို့ကလည်း ရီဖန်ကို အနှောက်အယှက်ပေးလာသည်။

ရီဖန်က ထိုအဆိုးမြင်စိတ်များကို ဖြတ်တောက်ရန်အတွက် သူ၏နှလုံးစွမ်းအားကို ဆက်လက်အသုံးပြုခဲ့သည်။ နှလုံးစွမ်းအားကို စဉ်ဆက်မပြတ်အသုံးပြုခြင်းကြောင့် ရီဖန်၏နှလုံးစွမ်းအားသည်လည်း တဖြည်းဖြည်းအားကောင်းလာသည်။

နှလုံးစွမ်းအားတိုးလာခြင်းရန် အလွန်ခက်ခဲသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် အမှန်တကယ်ပင် ထိုသို့သော လုပ်ဆောင်ချက်များရှိနေ၏။ သူကောင်းကောင်းအသုံးမချနိုင်လျှင် အလကားဖြစ်သွားလိမ့်မည်။

ရီဖန်သည် သူ၏နှလုံးသားစွမ်းအားကို အဆက်မပြတ်အသုံးချပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထူးခြားသောပုံရိပ်ယောင်က နှလုံးစွမ်းအားသုံးစွဲမှုကို သိသိသာသာမြန်စေသည်။ ရီဖန်၏ တိုးတက်မှုသည်လည်း အလွန်မြန်ဆန်လာ၏။

ရီဖန်အတွက် နှလုံးသားစွမ်းအား ပဉ္စမအဆင့်နှောင်းပိုင်းသို့ရောက်ရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း ယခုအခါတွင် ပဉ္စမအဆင့်နှောင်းပိုင်းမှ ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ရောက်ရန် နှစ်အနည်းငယ်သာ လိုတော့သည်။

နှလုံးစွမ်းအား ပဉ္စမအဆင့်၏အထွတ်အထိပ်ကို ပန်ကုစကြဝဠာတစ်ခုလုံးတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။ ဗောဓိဘိုးဘေးကဲ့သို့ နှလုံးစွမ်းအားကို အထူးပြုသူအနည်းငယ်မှလွဲ၍ ရီဖန်ကို ပထမတန်းစားအဖြစ် သတ်မှတ်နိုင်သည်။

သို့သော် ပဉ္စမအဆင့်၏ အထွတ်အထိပ်သို့ရောက်ပြီးနောက် ရီဖန်သည် ပိတ်ဆို့မှုနှင့်ကြုံရပြန်သည်။ သူသည် လက်ရှိတွင် လျင်မြန်စွာတိုးတက်နေသော်လည်း ပဉ္စမအဆင့်၏ အထွတ်အထိပ်မှ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရန် မလွယ်ကူပေ။ ရီဖန်သည် နှလုံးစွမ်းအားကို အာရုံမစိုက်တော့ဘဲ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ဆက်လက်စူးစမ်းလေ့လာခဲ့သည်။

နှစ်အတော်ကြာပြီးနောက် ရီဖန်သည် ကမ္ဘာများစွာကို ဖြတ်ကျော်လာသည်ဟု ခံစားမိသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်၏အဆုံးကို ရှာမတွေ့သေးပေ။

အချိန်ကြာမြင့်စွာ အထီးကျန်ခြင်းက ရီဖန်ကို စိတ်မရှည်ဖြစ်လာစေကာ အရှုံးမပေးသင့် မပေးသင့် ဝေခွဲမရဖြစ်စေ၏။ ထိုအချိန်တွင် ရီဖန်သည် ထူထဲသောအပျက်အဆီးများထဲမှ သက်ရှိကိုရုတ်တရက် သတိထားမိလိုက်သည်။

မကြာမီတွင် မီးခိုးရောင်နတ်ဆိုးတစ်ကောင်က မတည်ငြိမ်သည့် ပျက်ဆီးခြင်းစွမ်းအားထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။ နတ်ဆိုးသည် ရီဖန်ကိုတွေ့လိုက်သည်နှင့် ချက်ချင်းပင် သူ့ဆီသို့ လျင်မြန်စွာဝင်ရောက်လာသည်။

နတ်ဆိုး၏အင်အားသည် အလွန်အစွမ်းထက်ခြင်းမရှိသောကြောင့် ၎င်းသည် ရီဖန်၏ပြိုင်ဘက်မဟုတ်ပေ။ ရီဖန်သည် တစ်ခဏအတွင်း အင်မော်တယ်ဘုရင်နယ်မြေ နတ်ဆိုးတစ်ကောင်ကို အနိုင်ယူနိုင်စွမ်းရှိသည်။

သို့သော် ဤပျက်ဆီးခြင်းနတ်ဆိုးက ထူးဆန်းသောကြောင့် ရီဖန်သည် အလျင်စလိုတိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ၎င်းသည် သက်ရှိသတ္တဝါနှင့်မခြားနားသော်လည်း ရီဖန်သည် ၎င်းထံမှ သက်ရှိဖြစ်တည်မှုကို မခံစားရချေ။

ထွက်သက်ဝင်သက်မရှိပါက ၎င်းသည် စိတ်ဝိညာဉ်မရှိဘဲ ပင်ကိုဗီဇအရသည လုပ်ဆောင်တတ်သည်။

ထို ထူးဆန်းသည့် ပျက်ဆီးခြင်းနတ်ဆိုး၏တည်ရှိမှုကို မည်သည့်စွမ်းအား ပံ့ပိုးပေးသနည်း။ နေ့တစ်ဝက်ခန့် သုတေသနပြုပြီးသည့်တိုင်အောင် ရီဖန်သည် ၎င်းအတွက် အဖြေမရှာနိုင်သေးပေ။

သူလက်ဆန့်ထုတ်ပြီး ညွှန်ပြလိုက်သည်နှင့် ပျက်ဆီးခြင်းနတ်ဆိုးသည် ပေါက်ကွဲသွား၏။ ၎င်းသည် မတည်ငြိမ်သောပျက်ဆီးခြင်းစွမ်းအားဆီသို့ ပြန်သွားခဲ့ကာ မီးခိုးရောင်ပုတီးစေ့လေးများကို ချန်ထားခဲ့သည်။

ရီဖန်၏လက်လှုပ်ရှားမှုဖြင့် ပုတီးစေ့များသည် လက်တွင်းသို့ရောက်ရှိလာသည်။ သူသည် ဤပုတီးစေ့အတွင်းတွင် ထူးဆန်းသောစွမ်းအားတစ်မျိုးနှင့် ချုပ်နှောင်ထားကြောင်းကို ခံစားရ၏။

ခဏမျှတွေးပြီးနောက် ရီဖန်သည် ပုတီးစေ့အတွင်းမှ စွမ်းအင်ကို အလွယ်တကူစုပ်ယူလိုက်သည်။ ဤစွမ်းအင်သည် ရီဖန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

ရီဖန်က အကြမ်းဖျင်းခန့်မှန်းချက်တစ်ခု ပြုလုပ်ခဲ့သည်။ ဤပုတီးစေ့သည် အင်မော်တယ်ဘုရင်နယ်မြေကျင့်ကြံသူကို နယ်ပယ်ငယ်တစ်ခုအထိ ကျင့်ကြံမှုအဆင့် တိုးတက်စေကာ ၎င်းတွင်ဘေးထွက်ဆိုးကျိုးမရှိပေ။ ဤအရာကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှ အမည်ခံ မဟာအခွင့်အရေးဟု ခေါ်နိုင်သလား။

……….

အခန်း ၃၂၉ - ဟုန်မိန်ခရမ်းရောင်ချီစွမ်းအား၏ အဖိုးတန်မှု၊ ရှေ့ကလမ်းကို ပိတ်ထားတယ်

အင်မော်တယ်ဘုရင်နယ်မြေရှိ ပျက်ဆီးခြင်းနတ်ဆိုးများ၏ သက်ရောက်မှုက အလွန်ကောင်းမွန်နေပြီဖြစ်သည်။ တာအိုဘိုးဘေးနယ်မြေရှိ ပျက်ဆီးခြင်းနတ်ဆိုးသာရှိခဲ့ပါက တာအိုဘိုးဘေးနယ်မြေအတွင်းရှိ ကျင့်ကြံသူများအပေါ် သိသိသာသာသက်ရောက်မှုရှိနိုင်သည်။ အနှိုင်းမဲ့တာအိုဘိုးဘေး၏ အောင်မြင်မှုသည် မဖြစ်နိုင်ပေ။

ပျက်ဆီးခြင်းနတ်ဆိုးသည် ရုတ်တရက် အပျက်အဆီးများထဲမှ ထွက်ပေါ်လာ၏။ ထိုပျက်ဆီးခြင်းနတ်ဆိုးများ ပေါ်ထွက်လာမှုက ကျပန်းမဟုတ်ကြောင်း ရီဖန်သတိပြုမိသည်။

ထိုသို့တွေးရင်း ရီဖန်သည် ရှေ့သို့ဆက်သွားခဲ့၏။ လျင်မြန်စွာပေါ်လာသည့် ပျက်ဆီးခြင်းနတ်ဆိုးများ၏ အင်အားက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ ပျက်ဆီးခြင်းပုလဲဟု အမည်ပေးထားသောပုလဲ သည်လည်း အဆက်မပြတ်စုပ်ယူနေသည်။

ပျက်ဆီးခြင်းပုလဲက မည်သို့လုပ်ဆောင်ကြောင်း သိပြီးနောက် ရီဖန်က ၎င်းကိုထပ်မသုံးတော့ချေ။ ပျက်ဆီးခြင်းပုလဲသည် ရီဖန်အတွက် အသုံးမဝင်သော်လည်း ရီမိသားစု၏ ကျင့်ကြံသူများအတွက် အလွန်အရေးကြီး၏။

ရီဖန်သည် ဤပျက်ဆီးခြင်းပုလဲများကို ရီမိသားစုထံ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်ကာ၊ ၎င်းတို့မိသားစု၏ အင်အားသည် ကြီးမားစွာတိုးမြင့်လာမည်ဟု ယုံကြည်သည်။ ဤမျှကောင်းမွန်သည့် အခွင့်အရေးကို လက်လွတ်မခံသင့်ချေ။

ယခု အိမ်သို့အလျင်စလို ပြန်သွားမည့်အစား ရီဖန်သည် ပျက်ဆီးခြင်းနတ်ဆိုးများကိုသတ်ပြီး ပျက်ဆီးခြင်း ပုလဲများကို အဆက်မပြတ်စုဆောင်းနေသည်။ ဤအတောအတွင်း ရီမိသားစုမှကျင့်ကြံသူများသည် ရီဖန်ပြန်အလာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

ရီဖန်၏ သတင်းအစအနကို မကြားရသော်လည်း ရီမိသားစုကျင့်ကြံသူများသည် သူသေချာပေါက် ပြန်လာမည်ဟု ယုံကြည်ကြသည်။ ထိုအချိန်တွင် ရီမိသားစုနှင့် အကျွမ်းတဝင်ရှိသော သူတစ်ဦးရောက်ရှိလာ၏။

တပည့်အချို့က ရောက်ရှိလာသူမှာ ရောင်ဝါများထုတ်လွှတ်ခြင်းမရှိဘဲ သာမန်သူတစ်ဦးကဲ့သို့ထင်ရသော ဗောဓိဘိုးဘေးဖြစ်ကြောင်း သိလိူက်ရသည်။ ဗောဓိဘိုးဘေးသည် သာမန်လူတစ်ဦးဖြစ်ရန် မဖြစ်နိုင်တော့သောကြောင့် အောင်မြင်မှုတစ်ခု ရရှိထားခြင်းဖြစ်ရမည်။

"ဆရာ၊ သူတော်စင်နယ်မြေကို ဖြတ်ပြီးပြီလား" စွန်းဝူခုန်း က မနေနိုင်တော့ဘဲချက်ချင်းမေးလိုက်သည်။

"သူတော်စင်နယ်မြေကိုဖြတ်ကျော်ဖို့က သိပ်မလွယ်ဘူး!" ဗောဓိဘိုးဘေးက ပြောသည်။

"ငါဟာ စကြဝဠာမျိုးစေ့ကို စုစည်းပြီးတော့ သူတော်စင်နယ်မြေထဲကို ခြေတစ်လှမ်းတစ်ဝက်လောက် ရောက်နေပြီထင်တယ်"

ဤစကားများက လက်ရှိရှိနေသည့်လူတိုင်းကို ချက်ချင်းပင် လှုံ့ဆော်ပေးခဲ့သည်။ သူတော်စင်နယ်မြေ သို့ ခြေလှမ်းတစ်ဝက်လှမ်းခြင်းကလည်း

ရိုးရှင်းသည့်ကိစ္စတော့ မဟုတ်ပေ။ 'သူတော်စင်နယ်မြေ' ဟူသောအမည်နှင့်ချိတ်ဆက်ပြီး တာအိုဘိုးဘေးနယ်မြေနှင့် ဝေးကွာသွားပြီဖြစ်သည်။

ပန်ကုစကြာဝဠာတစ်ခုလုံး၌ ရှာလျှင်ပင် ‘သူတော်စင်နယ်မြေသို့ ခြေတစ်လှမ်းတစ်ဝက်' ရောက်ခဲ့သူမှာဗောဓိဘိုးဘေးသာရှိလိမ့်မည်။

လျှို့ဝှက်စွာဖြင့် ၎င်းနှင့်တူညီသော အဆင့်အတန်းကို ရရှိခဲ့သော အခြားသူ ရှိမရှိကိုတော့ ၎င်းတို့လည်း မသိကြပေ။ သို့တိုင် ‘သူတော်စင်နယ်မြေသို့ ခြေတစ်လှမ်းတစ်ဝက်’ရောက်နေသော ဗောဓိဘိူးဘေးရှိနေခြင်းဖြင့် ၎င်းတို့၏ စတုရန်းလက်မတောင်တန်းသည် ပျက်ဆီးခြင်းကမ္ဘာတွင် ၎င်းတို့ကိုလူံခြုံမှုပေးနိုင်စွမ်းရှိသည်။

“ဗောဓိဘိုးဘေး၊ အောင်မြင်မှုရပြီးပြီဆိုတော့ ရီဖန်ကို ပြန်ခေါ်ပေးလိူ့ရမလား”

သူမ၏နှလုံးသားထဲမှ မျှော်လင့်ချက်ဖြင့် စုယန် အနည်းငယ် ထိတ်လန့်စွာမေးလိုက်၏။

စုယန်ကို လွယ်လွယ်မဖြေဘဲ ဗောဓိဘိုးဘေးက စတင်တွက်ချက်တော့သည်။ မကြာမီတွင် သူ့အမူအရာ ပြောင်းသွားပြီး ထူးထူးခြားခြားဖြစ်လာသည်။

" ရှောင်ဖန်က ပြန်မလာနိုင်တော့ဘူးလို့ ထင်ရပေမယ့် သူက ပြန်မလာဖို့ကို ရွေးချယ်ထားတာ"

"သူဟာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှာ အခွင့်အလမ်းကောင်းတစ်ခုကို ရှာတွေ့ခဲ့ပုံရတယ်။ ဒီကလေးရဲ့ ကံကြမ္မာက တကယ့်ကိုကောင်းလွန်းတာပဲ!"

ဗောဓိဘိုးဘေးက တခြားသူတိုင်းက ကံဆိုးနေသည်ဟု ခံစားရသည်။ ရီဖန်ကိုစိတ်ပူနေခြင်းကြောင့် သေသင့်ပါ၏။ ရီဖန်၏အကြောင်းကို အပြည့်အစုံ အဓိပ္ပါယ်မဖော်နိုင်သော်လည်း ရီဖန်၏ လက်ရှိအခြေအနေကောင်းမွန်ကြောင်းကိုတော့ သူပြောပြနိုင်ပါသည်။

ဗောဓိဘိုးဘေး၏စကားကိုကြားသောအခါ လူတိုင်း သက်ပြင်းချလိုက်သည်။ ရီဖန်အဆင်ပြေနေသရွေ့ တခြားအခွင့်အလမ်းများကို ဂရုမစိုက်ကြပေ။ ရီဖန်၏ရောက်ရှိခြင်းကသာ ရီမိသားစုအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

သူတို့ယခုလုပ်ရမည့်အရာမှာ ရီမိသားစုကိုကာကွယ်ပြီး ရီဖန်ပြန်လာသည်ကို စောင့်နေရန်သာရှိသည်။ တပည့်များက ဤတစ်ကြိမ်တွင် ရီဖန်သည် မည်သည့်အခွင့်အရေးကိုများ ရသွားသနည်းဟု အံ့ဩနေကြ၏။

ရီဖန် အဆင်ပြေကြောင်းကို သိလိုက်ရသည့် ရီမိသားစုကျင့်ကြံသူများ၏ စိတ်နှလုံးသည် တဖြည်းဖြည်းပြေလျော့လာကာ ပိုကြိုးစားလာကြသည်။ ရီဖန်ပြန်လာသောအခါ အံ့ဩစရာကြီးတစ်ခုခုကို ပြသပေးချင်ကြသည်။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာကုန်လွန်သွား၏။ ထို့အပြင် ပန်ကုစကြာဝဠာတွင် အတိတ်မှအရာတစ်ခုဖြစ်ခဲ့သည့် ပျက်ဆီးခြင်း နတ်ဆိုးမျိုးစေ့သည် ပြန်လည်ပေါ်လာသည်။

အစပိုင်းတွင် အချို့သောအင်အားစုများက ပျက်ဆီးခြင်းသွေးဆေးလုံးများကို အသုံးပြု၍ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့များကို ဖိနှိပ်ထားနိုင်သော်လည်း ၊ အချိန်ကြာလာသည်နှင့်အမျှ ပျက်ဆီးခြင်း နတ်ဆိုးမျိုးစေ့များသည်လည်း စတင်အသွင်ပြောင်းလဲလာပြီဖြစ်ကြောင်း သိရှိလာရသည်။

တစ်ချိန်က ထိရောက်သော ပျက်ဆီးခြင်းသွေးဆေးလုံးသည်လည်း ယခုအခါတွင် လုံးဝအသုံးမဝင်တော့ဘဲ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့များ ပေါ်ပေါက်လာမှုကို တားဆီးနိုင်စွမ်းမရှိတော့ပေ။

ဤအခြေအနေက ချက်ချင်းပင် အင်အားစုများကို ပျက်တီးစေခဲ့ကာ ၎င်းတို့၏ပထမဆုံးတုံ့ပြန်မှုသည် ရီမိသားစုထံမှ အကူအညီရယူရန်ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် ရီဖန်သည် ပင်ကို ပျက်ဆီးခြင်းပင်လယ်ထဲသို့ စေလွှတ်ခံရသောကြောင့် မကူညီနိုင်တော့ကြောင်း ရုတ်တရက် သတိရသွားကြသည်။

ရီဖန်မလုပ်နိုင်လျှင် ရီမိသားစုမှ တခြားကျင့်ကြံသူများရော လုပ်နိုင်မည်လား။ ၎င်းတို့က လူများစေလွှတ်ပြီး အကူအညီတောင်းသောအခါ ရီမိသားစုနှင့် နတ်မင်းဆက်တစ်ခုလုံး ပိတ်ချထားကြောင်းကို တွေ့ရှိခဲ့ရသည်။

ပျက်ဆီးခြင်း နတ်ဆိုးမျိုးစေ့များ ပြန်ပေါ်လာသည်နှင့်တပြိုင်နက် ရီရှောင်းရှောင်းသည် သီးသန့်ခွဲထားရန် ဆုံးဖြတ်ခဲ့သည်။ ဤနှစ်များအတွင်း ရီဖန်မရှိသောကြောင့် အင်အားစုများစွာက နတ်မင်းဆက်ကို နည်းမျိုးစုံဖြင့်နှောက်ယှက်ခဲ့သည်။

နတ်မင်းဆက်က လုံးလုံးလျားလျား ချုပ်ကိုင်ထားတဲ့ ကမ္ဘာကြီးခုအပြင် ကျန်ကမ္ဘာကြီးသုံးခုသည်လည်း ပုန်ကန်သည့်အင်အားစုများကြောင့် ယိုယွင်းလာသည်။ လက်ရှိနတ်မင်းဆက်သည် အလွန်အားနည်းနေသေးသည်ကို ရီရှောင်းရှောင်းသိ၏။

စတုရန်းလက်မတောင်ထံမှ အကူအညီတောင်းကာ ထိုအင်အားစုများကို ဖယ်ရှားနိုင်သော်လည်း စတုရန်းလက်မတောင်မှလူများသည်

ဤနေရာတွင်အမြဲတမ်းရှိနေနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် နတ်မင်းဆက်သည် ၎င်း၏အင်အားကိုလိုအပ်နေသေးသည်။

ယခုတွင် ရီဖန်သည် အနီးနားမရှိသောကြောင့် ရီရှောင်းရှောင်းက နတ်မင်းဆက်ကို အလွန်ထင်ရှားစေရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူမသည် ကမ္ဘာသုံးခုကို တဖြည်းဖြည်း စွန့်လွှတ်လိုက်တော့သည်။

နတ်မင်းဆက်၏စွန့်လွှတ်မှုက အဓိကအင်အားစုများကို အလွန်ဝမ်းမြောက်စေကာ ၎င်းတို့သည် အဓိကကမ္ဘာကြီးသုံးခုကိုသိမ်းပိုက်ရန် ချီတက်လာခဲ့ကြသည်။

………..

အခန်း ၃၃၀ - ဟုန်မိန်ခရမ်းရောင်ချီစွမ်းအား၏ အဖိုးတန်မှု၊ ရှေ့ကလမ်းကို ပိတ်ထားတယ်

သူတို့အမြင်အရ ရီဖန်မရှိလျှင် တာ့ယွီနတ်မင်းဆက်သည် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ ရီရှောင်းရှောင်းသည် စိတ်မဆိုးသည့်အပြင်၊ သူမသည် ဤခဏတာ ဆုတ်ခွါမှုနှင့်ပတ်သက်၍ ငြင်းခုံမနေချေ။ တာ့ယွီနတ်မင်းဆက်သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် အာဏာပြန်ရလိမ့်မည်။

နောက်ဆုံးတွင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ တစ်ဖန်ပေါ်လာသောအခါ ရီရှောင်းရှောင်းသည် ကမ္ဘာကြီးသုံးခုကို တိုက်ရိုက်ချိတ်ပိတ်ကာ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများကို လုံးဝပိတ်ပစ်လိုက်သည်။

တာ့ယွီနတ်မင်းဆက်၏နယ်မြေအတွင်းသို့ ဝင်ရောက်လိုသူ မည်သူမဆို ကြိုတင်သတင်းပို့ရမည် ဖြစ်ပြီး ခွင့်ပြုချက်မရပါက မဝင်နိုင်ချေ။ တာ့ယွီနတ်မင်းဆက်အပြင် မဟာချင်မင်းဆက်၊ စတုရန်းလက်မတောင်အစရှိသော မင်းဆက်များနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အင်အားစုများကိုလည်း ကြိုတင်အကြောင်းကြားထားသည်။

နယ်မြေများကို စည်းတံဆိပ်ပိတ်ချကာ ၎င်းတို့၏ အင်အားကို နဂိုအတိုင်းထိန်းသိမ်းလျက် ပျက်ဆီးခြင်းနတ်ဆိုးဖြစ်ပွားစဉ်အတွင်း ကြီးကြီးမားမားထိခိုက်မှုကို ရှောင်ရှားခဲ့သည်။ သို့သော် တခြားအင်အားစုများက ကံမကောင်းခဲ့ရှာချေ။

အထူးသဖြင့် ရီဖန်ပျောက်ဆုံးသွားခြင်းကြောင့် တာ့ယွီနတ်မင်းဆက်ကို ဖိနှိပ်ခဲ့သောအင်အားစုများသည် တာ့ယွီနတ်မင်းဆက်ထံမှ အကူအညီမတောင်းရဲကြတော့ပေ။ သူတို့တကယ်အကူအညီတောင်းလျှင်ပင် ရီရှောင်းရှောင်းက တုံ့ပြန်ရန် မဖြစ်နိုင်ပါ။

ရန်ငြိုးဖွဲ့ခြင်းကို ကြင်နာမှုဖြင့် မည်သို့ပေးဆပ်နိုင်မည်နည်း။ ရီရှောင်းရှောင်းက သူတော်စင်မဟုတ်ပေ။ သူမသည် သူမ၏ကိုယ်ရေးကိုယ်တာမှတ်တမ်းတွင် ၎င်းအင်အားစုများကို မှတ်သားထားသည်။ တာ့ယွီနတ်မင်းဆက်က အင်အားပြန်လည်ရရှိသောအခါ ၎င်းတို့ပေဆပ်ရမည့်အချိန်ဖြစ်၏။

အချိန်တိုလေးအတွင်း၌ ပန်ကုစကြဝဠာတစ်ခုလုံးသည် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

ပျက်ဆီးခြင်းနတ်ဆိုးများသောင်းကျန်းပြီး ပျက်ဆီးခြင်းဂိုဏ်း၏ခြိမ်းခြောက်မှုအောက်တွင် အင်အားစုများစွာက တုန်လှုပ်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် ရီဖန်ကဝင်ဖြေရှင်းပေးနိုင်ခြင်းမရှိသောကြောင့် ထိုအင်အားစုများ၏ အခြေအနေသည် ပိုဆိုးလာသည်။ အဖြေရှာမရဘဲ ပျက်ဆီးခြင်း ပျက်ဆီးခြင်းအရေအတွက် လျင်မြန်စွာ တိုးလာသောကြောင့် ၎င်းတို့သည် ကူကယ်ရာမဲ့စွာသာ စောင့်ကြည့်နေရ၏။

ပျက်ဆီးခြင်းဂိုဏ်းတွင် အရိုးဘိုးဘေးသည် တိုးပွါးလာသောစွမ်းအင်ကို သက်တောင့်သက်သာကြည့်ရင်း စိတ်ချမ်းသာနေသည်။ ရီဖန်မရှိလျှင် ပျက်ဆီးခြင်းဂိုဏ်း၏အကြံအစည်ကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။ ထန်မင်းဆက်ဘုရင်၏ ပံ့ပိုးကူညီမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါ၏။

"လီရှီ၊ ကျေးဇူးအများကြီးတင်ပါတယ်!"

"မင်းငါ့ကိုကျေးဇူးတက်ဖို့ မလိုပါဘူး!"

ဤအခိုက်အတန့်တွင် အရိုးဘိုးဘေးများ၏နားထဲ၌ ခြောက်ခြားဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ!" အရိုးဘိုးဘေးသည် တစ်စုံတစ်ယောက်က သူ့ဘေးနားသို့ တိတ်တဆိတ်ခိုးဝင်လာသည်ဟု ထင်သောကြောင့် ထိတ်လန့်သွားသည်။

"ငါ့ကို မမှတ်မိဘူးလား?"

ရင်းနှီးသောအသံ ထွက်ပေါ်လာသည်နှင့် အရိုးဘိုးဘေးသည် နောက်ဆုံးတွင် ထိုလူကိုသိရှိသွား၏။ ထန်မင်းဆက်ဘုရင် လီရှီ၊ သူမည်သို့များအသက်ရှင်နိုင်သနည်း။

"လီရှီ၊ မင်းအသက်ရှင်နေမယ်လို့ ငါမထင်ထားဘူး"

အရိုးဘိုးဘေးသည် အထွတ်အထိပ် တာအိုဘိုးဘေးတစ်ဦးဖြစ်သောကြောင့် မကြာမီတွင် သူ၏တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ မရေမတွက်နိုင်သော စွမ်းရည်နှင့် နည်းပရိယာယ်များရှိသည့် ဤကမ္ဘာကြီးတွင် လီရှီ ပြန်လည်မရှင်သန်နိုင်စရာ အကြောင်းမရှိပေ။

ဝူရှန်းဘိုးဘေး၏ ကိုယ်ပွါးခွဲထုတ်ခြင်းနည်းပညာကဲ့သို့ပင်၊ ထိုသို့သောအခြေအနေမျိုးသည် လီရှီ၏အခြေအနေသို့ ဦးတည်သွားနိုင်သည်။

သို့သော်လည်း အရေးကြီးဆုံးအချက်မှာ လီရှီ၏ ကျင့်ကြံမှုသည် အရိုးဘိုးဘေးနှင့် တူညီသောအဆင့်ဖြစ်သည့် အထွတ်အထိပ် တာအိုဘိုးဘေးနယ်ပယ်သို့ ကျဆင်းသွားခြင်းကြောင့် အရိုးဘိုးဘေးက သတိမမူမိခြင်းပင်ဖြစ်သည်။ အထွတ်အထိပ် တာအိုဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းတွင်အရေးပါမှူအတွက် လုံလောက်သောစွမ်းအားမရှိပေ။

ထန်မင်းဆက်ဘုရင် လီရှီက အရိုးဘိုးဘေးများ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမြင်ရသောကြောင့် ဘာမှထပ်မပြောတော့ချေ။

ဤတစ်ကြိမ်တွင် ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲကို ပို့လိုက်သောကြောင့် သူသည်လည်း အဖိုးအခကြီးကြီးမားမားပေးခဲ့ရ၏။

သူ့တွင် ဒြပ်စင်ကိုးခုဟု အမည်ပေးထားသည့် လျှို့ဝှက်နည်းပညာတစ်ခုရှိပြီး လော့ထောင်မှ ဆင်းသက်လာကာ ပင်မကိုယ်ထည်နှင့် ကိုယ်ပွါးများကို သိသာစွာမခွဲဘဲ ကိုးဦးအဖြစ် ခွဲထုတ်နိုင်စေသည်။ ဤတစ်ကြိမ်တွင် သူသည် အားအကောင်းဆုံးဖြစ်သည့် အခွဲကို ဆုံးရှုံးခဲ့ရသောကြောင့် အလွန်နစ်နာသွား၏။

ယခုတွင် အရိုးဘိုးဘေးက အထင်သေးနေသည့်အတွက် ဘယ်လိုမှဒေါသမထွက်ဘဲမနေနိုင်ချေ။ ထုတ်ဖော်မပြခဲ့ရုံသာရှိသည်။ အရိုးဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းတွင် နှစ်ပေါင်းများစွာနစ်မြုပ်နေခဲ့ကာ လီရှီသည် လက်ရှိအာဏာကို သိမ်းပိုက်နိုင်စွမ်းမရှိပေ။ သို့သော် သူ၏အင်အားပြန်ကောင်းလာလျှင် ထိုကဲ့သို့ ဖြစ်တော့မည်မဟုတ်။

လီရှီထွက်သွားသည်ကိုကြည့်ရင်း အရိုးဘိုးဘေးသည် မျက်တောင်ခတ်လိုက်ကာ စိတ်ထဲတွင်အတွေးဖြင့် ပြည့်နှက်နေသည်။

"လီရှီ၊ ငါဖြတ်ကျော်သွားတော့မှာဆိုတော့၊ မင်းဖြတ်သွားရင်တောင် အရေးမကြီးတော့ဘူး!"

ပျက်ဆီးခြင်းဂိုဏ်းသည် လူကောင်းများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်သောကြောင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နိုင်ခြေမရှိပေ။ ထက်မြက်သောစွမ်းရည်နှင့် မာကျောသောနှလုံးသားရှိသူ မည်သူမဆိုအနိုင်ရသည်။

အရိုးစုငယ်လေးအဖြစ်မှ တာအိုဘိုးဘေးတစ်ဦးဖြစ်သည်အထိ အရိုးဘိုးဘေးသည် မရေမတွက်နိုင်သောလူများကို လှည့်စားသတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် လီရှီက ပံ့ပိုးကူညီထားသည်ဆိုတော့ အကြောင်းပြချက်ဖြင့် တွန့်ဆုတ်နေမည်မဟုတ်ပေ။

အနီးတစ်ဝိုက်တွင် ပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားရှိသောကြောင့် မည်သူမျှ လူအများရှေ့တွင် ပြဿနာမရှာဝံ့ချေ။

‘ဖူးး’

ရီဖန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ တာအိုဘိုးဘေးနယ်မြေ ပျက်ဆီးခြင်းနတ်ဆိုးများသည် ပျက်ဆီးခြင်းချီများ ပါ၀င်သောကြောင့် အင်အားကြီးသည်။ ဒဏ်ရာရသွားလျှင်ပင် ပျက်ဆီးခြင်းချီ၏ ပြန်လည်အားဖြည့်မှုကြောင့် ချက်ချင်းပြန်ကောင်းလာနိုင်သည်။

ရီဖန်၏ကြီးမားသော စွမ်းအားဖြင့်ပင် အထွတ်အထိပ် ပျက်ဆီးခြင်းနတ်ဆိုးနှင့်ရင်ဆိုင်ရန်အတွက် သိသိသာသာ အားထုတ်ရလိမ့်မည်။

အကယ်၍၎င်းက အနှိုင်းမဲ့ တာအိုဘိုးဘေးများနယ်မြေ၏ နတ်ဆိုးတစ်ကောင်ဖြစ်လျှင် ရီဖန်လည်း အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ရီဖန်၏သိုလှောင်ခန်းအတွင်း ပျက်ဆီးခြင်းပုလဲများကုျ တောင်ငယ်လေးတစ်ခုကဲ့သို့ စုပုံထားသည်။

၎င်းတို့ထဲမှအများစုမှာ အင်မော်တယ်ဘုရင်နယ်မြေ သို့မဟုတ် အောက်ဘက်ရှိ ပျက်ဆီးခြင်းပုလဲ အနည်းငယ်ကသာ အင်မော်တယ်ဧကရာဇ်နယ်မြေ မှဖြစ်သည်။ တာအိုဘိုးဘေးနယ်မြေ ပျက်ဆီးခြင်းပုလဲနှင့်ပတ်သက်၍ ဤနှစ်များစွာအတွင်း ရီဖန်သည် ဒါဇင်အနည်းငယ်မျှသာ ရယူနိုင်ခဲ့သည်။

ရီဖန်သည် ၎င်းတို့ကို အနိုင်ယူနိုင်သော်လည်း တာအိုဘိုးဘေးနယ်မြေရှိ ပျက်ဆီးခြင်းနတ်ဆိုး အရေအတွက်သည် အလွန်နည်းသောကြောင့် ရီဖန်တစ်ယောက်နှင့် တွေ့ရန်ပင်မလွယ်ပေ။

ပျက်ဆီးခြင်းပုလဲများကို သိမ်းဆည်းပြီးနောက် ရီဖန်သည် နောက်ထပ်ပျက်ဆီးခြင်းနတ်ဆိုးများကို ဆက်လက်ရှာဖွေရန် ရည်ရွယ်ထားသည်။ ထိုအချိန်တွင် ရီဖန်သည် အဝေးမှသက်ရှိရောင်ဝါကိုရုတ်တရက် တွေ့ရှိလိုက်သည်။

ထို့အပြင် ရောင်ဝါကိုအခြေခံ၍ ၎င်းသည်လည်း လူသားမျိုးနွယ်စုမှ ဖြစ်နိုင်သည်။

ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် လူသားမျိုးနွယ်စုဝင်များ ရှိပါသလား။

ဤနှစ်များအတွင်း ရီဖန်သည် သူ့ကိုယ်သူမှလွဲ၍ အခြားမည်သည့်လူသားကိုမျှ မတွေ့ခဲ့ဖူးပေ။ နှစ်များတစ်လျှောက် အင်အားကြီးသူတစ်ချို့က အခွင့်အလမ်းရှာဖွေရန် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်လာသည်ကို ရီဖန်သိ၏။

သိူ့သော် ပျက်ဆီးခြင်းစွမ်းအားကို သန့်စင်နိုင်ခြင်းမရှိဘဲ သူတို့ တကယ်အသက်ရှင်နိုင်ဦးမည်လား။ အနည်းငယ် စပ်စုမိရင်း ရီဖန်သည် ရောင်ဝါလာသည့်ဦးတည်ရာကို လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ နာရီအနည်းငယ်ကြာပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် ရောင်ဝါဖြာထွက်နေသည့်နေရာသို့ ရောက်ရှိလာသည်။

ရီဖန်ရှေ့တွင် ရှုံ့မဲ့နေသောခန္ဓာကိုယ်နှင့် မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ဦးလဲနေသည်။

အဘိုးကြီးထံမှ အာရုံအဖမ်းစားနိုင်ဆုံးအရာက သူ့နောက်ကျောရှိ ဓားအိမ်ဖြစ်၏။၎င်းက သာမန်အရာဝတ္ထုမဟုတ်သည်မှာ ထင်ရှားသည်။

ရီဖန်၏ အင်မော်တယ်ပစ္စည်းသန့်စင်ခြင်း ကျွမ်းကျင်မှုဖြင့်၊ သူသည် ၎င်းဓားအိမ်က အရည်အသွေးမြင့် နတ်လက်နက်ဖြစ်နိုင်ကြောင်း လျင်မြန်စွာခန့်မှန်းနိုင်သည်။

အရည်အသွေးမြင့် နတ်လက်နက်ကို ရီဖန်ပင် မပိုင်ဆိုင်ချေ။ ၎င်းက ကောင်းကင်ဘုံမှ ပေးအပ်လာသည့် အခွင့်အရေးများဖြစ်နိုင်သလား။ သို့သော် အဘိုးကြီးက မသေသေးသောကြောင့် ၎င်းကို ယူလိုက်လျှင် မှားသည်ဟုခံစားရ၏။

ရီဖန်တွေးတောနေချိန်တွင် အဘိုးကြီးက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

"လူသားလား၊ ငါ့ရဲ့နောက်ဆုံးအချိန်မှာ တခြားလူသားတစ်ယောက်နဲ့တွေ့ရဖို့ မမျှော်လင့်ထားဘူး။ အရမ်းတန်တယ်ကွာ ဟာဟားဟား!"

သူ၏ရယ်မောသံက သူ၏လက်ရှိအခြေအနေကို စိုးရိမ်နေခြင်းမရှိပေ။

"လူလေး၊ မင်းနဲ့ရေစက်ပါတယ်လို့ ငါထင်တယ်။ ငါသေသွားရင် ငါ့ခန္ဓာကိုယ်ကို ကူင်္သဂြိုဟ်ပေးပါ။ မင်းထွက်သွားခွင့်ရရင် ကျေးဇူးပြုပြီး ငါ့အမွေကို ဝမ်ကျန်းဂိုဏ်းဆီ ပြန်ယူသွားပေးပါဦး။ ဒီဓားအိမ်ကို အဖိုးအခအဖြစ်ယူလိုက်ပေါ့။ စဉ်းစားပေးပါဦးကွာ”

အဘိုးအို၏စကားကြားသောအခါ ရီဖန်သည် ဤအဘိုးကြီးမည်သူဖြစ်သည်ကို သတိရလာသည်။

နှစ်သန်းပေါင်းများစွာအတွင်း ပြိုင်ဘက်ကင်းစွမ်းရည်ရှိသည့် တာအိုဘိုးဘေးဟု ကောလဟာလထွက်ထားသည့် နတ်နယ်မြေသို့ဖြတ်ကျော်သွားနိုင်သည့် ဓားတစ်သောင်းဘိုးဘေးဖြစ်ပုံရသည်။

လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းခန့်က သူသည် အခွင့်အလမ်းများကိုရှာဖွေရန် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် နောက်တစ်ကြိမ်မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူကျဆုံးသွားပြီဟု လူတိုင်းကထင်ကြသော်လည်း မမျှော်လင့်ဘဲ သူအသက်ရှင်ကျန်ရစ်ခဲ့သည်။

သို့သော် သူ့လက်ရှိအခြေအနေအရ ရီဖန်နှင့်သာမတွေ့ပါက ကြာကြာနေနိုင်တော့မည်မဟုတ်ပေ။

"ဓားတစ်သောင်းဘိုးဘေး၊ ဝမ်ကျန်းဂိုဏ်းက မရှိတော့ဘူး။ ကျွန်တော် အပြင်ထွက်နိုင်ရင်တောင် ခင်ဗျားရဲ့ အမွေဆက်ခံဖို့ ဘယ်သူမှရှိမှာမဟုတ်ဘူး"

ရီဖန်သည် ခဏလောက်စဉ်းစားပြီးနောက် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။

"ဝမ်ကျန်းဂိုဏ်းမရှိတော့ဘူးလား"

ဓားတစ်သောင်းဘိူးဘေး၏ မျက်လုံးများထဲတွင် ပြတ်သားသည့်အရိပ်အယောင်များ ပေါ်ထွက်ခဲ့သော်လည်း သူသည်လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွား၏။

"ကိစ္စမရှိပါဘူး၊ ဘဝနဲ့ သေဆုံးခြင်းက လည်နေတာပဲ။ နှစ်ရာနဲ့ချီပြီး တည်ရှိနေတာကတင် ကျေနပ်စရာဖြစ်နေပါပြီ"

လွတ်လပ်ပြီး ပေါ့ပါးနေသကဲ့သို့ရှိသော သူသည် သေဆုံးမည့်အရိပ်အယောင်ကိုပင် မတွေ့ရချေ။

"မင်းနဲ့ငါ ကံကြမ္မာဆက်နွှယ်နေမှတော့ ဒီဓားအိမ်ကို ငါပေးလိုက်မယ်။ ဒါပေမယ့် မင်းထုတ်နိုင်မှာမဟုတ်ပါဘူးကွာ ဟာဟားဟား!"

သူ့လက်ကိုလှန်လိုက်ကာ ဓားတစ်သောင်းဘိုးဘေးက သူ့ကျောပေါ်ရှိ ဓားအိမ်ကို ရီဖန်ထံသို့ နောင်တရခြင်း သို့မဟုတ် တွယ်တာခြင်းမရှိဘဲ ပေးခဲ့သည်။

“ဓားတစ်သောင်းဘိုးဘေး၊ ဒီမှာ နှစ်အတော်ကြာပြီးတော့ သူတော်စင်နယ်မြေကို ဖြတ်ကျော်ဖို့ အခွင့်အလမ်း မတွေ့ဘူးလား”

ရီဖန်သိချင်လာသည်။ ရှေးဘိုးဘေးများ၏ ကျင့်ကြံမှုအဆင့်ဖြင့် သေချာပေါက် အခွင့်အရေးရှိသင့်သည်။

"အခွင့်ရေးလား? ဒီလိုအရာတွေ မရှိဘူး။ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားမရှိရင် သူတော်စင်နယ်မြေကို ခြေလှန်းတစ်ဝက်လောက်တောင် ထိုးဖောက်လို့မရဘူး။ ငါ့လမ်းက ဆုံးသွားပြီ!"

ထိုအချိန်တွင် ဓားတစ်သောင်းဘိုးဘေးက ဝမ်းနည်းဟန်ပေါ်လာသည်။ ထူးခြားသော အရည်အချင်းရှိသူတိုင်းအတွက် ၎င်းတို့၏ ရှေ့ခရီးလမ်းအဆုံးသတ်ကို မြင်ရခြင်းက နာကျင်စရာအကောင်းဆုံး အတွေ့အကြုံဖြစ်သည်။

…….

All Chapters