← Chapters

အခန်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အခန်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အခန်း ၃၃၁ - တုန်းရှန်းရွာသို့ပြန်သွားခြင်း

ထိုအချိန်တွင် ရီဖန်သည် သူ့ကိုယ်တွင်းရှိ ဟုန်မိန်ခရမ်းရောင်ချီ၏ အရေးပါပုံကို သဘောပေါက်သွားသည်။ လက်ရှိတွင် ရီဖန်ထံ၌ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင် စုစုပေါင်းသုံးချောင်းရှိသည်။ ဗောဓိဘိုးဘေးကို တစ်ချောင်းပေးလိုက်လျှင်ပင် သူ့ထံ၌ နှစ်ချောင်းကျန်ပါသေး၏ ။

ရီဖန်ခန့်မှန်းထားသည့်အတိုင်း ယခုသူပြီးဆုံးသွားသော ရေရှည်တာဝန်တိုင်းအတွက် အပိုဆုအဖြစ် ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်နှင့် တွဲထားသည်။ ထို့ကြောင့် ဟုန်မိန်ခရမ်းရောင်ချီသည် သူ့အတွက် ဂေါ်ဖီထုပ်လောက် စျေးမပေါသော်လည်း တန်ဖိုးကြီးလွန်းလှသည်လည်း မဟုတ်ပေ။

သို့သော် အခြားသော အနှိုင်းမဲ့တာအိုဘိုးဘေးများအတွက်မူ ဟုန်မိန်ခရမ်းရောင်ချီသည် အလွန်အဖိုးတန်ရာ ၎င်းက ရီဖန်၏ကြွယ်ဝချမ်းသာမှုကို ဖော်ပြနေသည်။ ရီဖန်ထံတွင် ဟုန်မိန်ခရမ်းရောင်ချီရှိသောကြောင့် ၎င်းကို သူနှင့်မတွေ့ဖူးသူထံ လွှဲပေးမည်ဟုမဆိုလိုချေ။

ဓားတစ်သောင်းဘိုးဘေး၏ခံယူချက်ကို ဆင်ခြင်ပြီးနောက် ရီဖန်က ဖြည်းညှင်းစွာမေးလိုက်သည်။

"ဓားတစ်သောင်း ဘိုးဘေး၊ ခင်ဗျားဒီကထွက်သွားချင်လား"

ထွက်သွားရန်ဟူသော စကားလုံးကို ဓားတစ်သောင်းဘိုးဘေး မေ့လျော့နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာလေပြီ။ ပင်ကိုပျက်ဆီးခြင်း ပင်လယ်ထဲသို့ ကျရောက်သွားစဉ်က ၎င်းကို သူစဉ်းစားခဲ့ဖူးပါ၏။ သို့သော် အကြိမ်ကြိမ်ကျရှုံးခဲ့ကာ ပြန်လမ်းမရှာနိုင်ခဲ့သောကြောင့် အရှုံးပေးခဲ့သည်။

"တကယ်ထွက်သွားလို့ရလား" ဓားတစ်သောင်းဘိုးဘေးက ရေရွတ်လိုက်၏။

"ခင်ဗျားသာဆန္ဒရှိရင် သေချာပေါက်ရတာပေါ့!"

ရီဖန်သည် ဓားတစ်သောင်းဘိုးဘေးကို ထုတ်ပေးလိုခြင်းမှာ သူက ဗောဓိဘိုးဘေး၏ မိတ်ဆွေတစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။ ဗောဓိဘိုးဘေးအတွက် သူနှင့်ပြောဆိုဆွေးနွေးနိုင်သည့် သူငယ်ချင်းများစွာမရှိခဲ့ပေ။သူ့ဆရာသာ ဓားတစ်သောင်းဘိုးဘေးကိုတွေ့နိုင်ပါက အလွန်ဝမ်းသာသွားမည်ဟု သူထင်ပါ၏။

"ဘာလို့ငါ့ကိုထုတ်ပေးချင်ရတာလဲ"

ဓားတစ်သောင်းဘိုးဘေးက မေးလာသည်။

"ကျွန်တော့ဆရာက ဗောဓိဘိုးဘေးလေ"

“မင်းက ဗောဓိရဲ့တပည့်လား”

ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် သူတွေ့ခဲ့သော ဤသူက သူ့မိတ်ဆွေကောင်း၏ တပည့်ဖြစ်နေခြင်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

“ဓားတစ်သောင်းဘိုးဘေး၊ ခင်ဗျားထွက်သွားချင်ရင် ကျွန်တော် ထုတ်ပေးနိုင်ပါတယ်”

ထိုအတွက် သူဘာမှတောင်းဆိုမည်မဟုတ်၊ အလကားထုတ်ပေးလိုက်မည်။ အဆင့်မြင့်နတ်လက်နက်ဖြစ်သည့် ဓားသေတ္တာကို ရီဖန်လိုချင်သည်မှာ မှန်သော်လည်း ဓားတစ်သောင်းဘိုးဘေးကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်မရှိပေ။ ရီဖန်တကယ်လိုချင်ပါက ဓားတစ်သောင်းဘိုးဘေး အပြင်ထွက်နိုင်မည့်အခွင့်အရေးကို ပိတ်ဆို့လိုက်နိုင်၏။

စိတ်ပျက်အားငယ်နေသူများမှာ မျှော်လင့်ချက်ကိုမြင်သောအခါ အလွန်စိတ်လှုပ်ရှားကြသည်။ ဓားတစ်သောင်းဘိုးဘေး၏ တည်ငြိမ်သောမျက်လုံးများတွင် အလင်းတစ်ချက်တောက်ပလာ၏။

"မင်းငါ့ကိုထုတ်ပေးနိုင်ရင် မင့်အမိန့်ကို နာခံမှာပါ" သူကိုယ်တိုင်လည်း ကတိပေးခဲ့သည်။

"ကောင်းပြီ၊ ဒါပေမယ့် ကျွန်တော်တို့မထွက်ခင် စိတ်မရှိဘဲ ကျွန်တော့အတွင်းစိတ်ထဲဝင်လိုက်ပါလား။ အပြင်ရောက်တာနဲ့ ပြန်ထုတ်ပေးပါမယ်”

နယ်မြေတစ်သောင်း၏တံခါးသည် အလွန်တန်ဖိုးရှိသောကြောင့် ရီဖန်က ၎င်းနှင့်ပက်သက်၍ မည်သူ့ကိုမျှ မသိစေလိုချေ။

“ကောင်းပြီ!” ဓားတစ်သောင်းဘိုးဘေးက မဆိုင်းမတွဘဲ သဘောတူလိုက်၏။

ရီဖန် မက်မောလောက်မည့် ပစ္စည်းတစ်စုံတစ်ရာ သူ့ထံတွင်ရှိလိမ့်မည်ဟု သူမထင်ပါ။ ရီဖန်သည် အတွေးတစ်ခုဖြင့် ဓားတစ်သောင်းဘိုးဘေးကို ပျက်ဆီးခြင်းကမ္ဘာရှိ ပျက်ဆီးခြင်းပုတီးလုံးအတွင်း ထည့်ထားလိုက်သည်။

ပျက်ဆီးခြင်းကမ္ဘာအတွင်းတွင် ဓားတစ်သောင်းဘိုးဘေးက သူနှင့်ရင်းနှီးကျွမ်းဝင်သော အင်မော်တယ်နှင့်ဝိညာဉ်စွမ်းအားများ အသက်ဝင်လာကာ ပြန်လည်ရှင်သန်လာခဲ့သည်။ မကြာမီတွင် နူးညံ့သည့်အသွင်အပြင်နှင့် ကြင်နာတတ်သည့်မျက်လုံးရှိသော လူအိုကြီးတစ်ယောက်ပုံ တဖြည်းဖြည်းပေါ်လာသည်။

"ပန်ကုစကြဝဠာရေ၊ ငါ တာအိုပညာရှင်ဝမ်ကျန်း ပြန်လာပြီ"

သူ၏ကျင့်ကြံမှုအဆင့်ကို ပြန်လည်ထူထောင်ရန်အတွက် စွမ်းအားများကို စုပ်ယူခဲ့ရသည်။ ရီဖန်၏အမိန့်ကိုနာခံမည်ဟု ကတိပေးထားသောကြောင့် ၎င်းကို သူချိုးဖောက်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ဓားတစ်သောင်းဂိုဏ်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ သူ့ထံတွင်လဲ ပြန်သွားစရာနေရာမရှိတော့ချေ။ သူ့အသက်ကို ကယ်တင်ပေးသူက ရီဖန်ဖြစ်သည့်အတွက် သူ့ထံသို့လွှဲပြောင်းပေးလိုက်ခြင်းက ပြဿနာရှိလိမ့်မည်မဟုတ်ချေ။

တစ်ဖက်တွင် ရီဖန်သည် နယ်မြေတစ်သောင်းတံခါးကို ထုတ်ယူလိုက်၏။ ကိစ္စပြီးသွားသည့်အတွက် သူပြန်ရန်အချိန်တန်လေပြီ။ ဓားတစ်သောင်းဘိုးဘေး၏တည်ရှိမှုကို မမျှော်လင့်ထားသော အံ့သြစရာတစ်ခုဟု ယူဆနိုင်၏။ ရီဖန်သည် နတ်ဘုရားများအတွက် တိုကင်ကိုထုတ်ကာ ဓားတစ်သောင်းဘိုးဘေးကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့သည်။

ရင်းနှီးမှု ၉၉မှတ်၊ ၎င်းက ထိုမျှထိအမှတ်မြင့်နေသည်လား?

ရီဖန်က ဓားတစ်သောင်းဘိုးဘေးသည် ရီမိသားစုနှင့် ဤမျှရင်းနှီးမှုရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နတ်ဘုရားများအတွက်တိုကင်ကို အသုံးမပြုလျှင်ပင် သူသစ္စာဖောက်ရန်မှာ ဖြစ်နိုင်ချေမရှိသလောက်နည်း၏။

ဓားတစ်သောင်းဘိုးဘေး၏ ကျင့်ကြံမှုအဆင့် ပြန်လည်မကောင်းမွန်သေးသော ဤအချိန်တွင် မဆိုင်းမတွဘဲ နတ်ဘုရားတိုကင်ကိုအသုံးပြုရန် ရွေးချယ်ခဲ့သည်။ ၎င်းတိုကင်ဖြင့် ရီမိသားစုသည် ၎င်းတို့အတွက် စွမ်းအားကြီးနတ်ဘုရားကို ရရှိခဲ့သည်။

အဝေးနေရာရှိ ရန်ဟွမ်နယ်မြေတွင် အဝါရောင်ကောင်းကင်အင်မော်တယ်ဧကရာဇ်သည် ရုတ်တရက် အရေးတကြီးခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာကြာအောင် ရီမိသားစုထံမှ အရင်းမြစ်များစွာရရှိထားသောကြောင့် အဝါရောင်ကောင်းကင်အင်မော်တယ်ဧကရာဇ်မှာ တာအိုဘိုးဘေးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုသော အင်မော်တယ်ဧကရာဇ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။

အကယ်၍ အတိတ်ကသာဖြစ်ပါက သူသည် တာအိုဘိုးဘေးအဆင့်သို့ဖြတ်ကျော်နိုင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ဝံ့မည်မဟုတ်ပေ။ယခုတွင် သူ့ကိုယ်သူ ရီမိသားစုအပိုင်အဖြစ် ခံစားလာရပြီဖြစ်သည်။

သူသည် တာအိုဘိုးဘေးနယ်မြေကို ဖြတ်ကျော်ရန် အာရုံစိုက်ရမည်။ သို့မဟုတ်ပါက သူအသုံးမကျဖြစ်သွားနိုင်၏။ ရီမိသားစု၏တိုးတက်မှုနှုန်း မြန်လာသည်နှင့်အမျှ အဝါရောင်ကောင်းကင်အင်မော်တယ်ဧကရာဇ်အပေါ် ဖိအားမှာလည်း ကြီးမားလာသည်။ ၎င်းကို စိတ်ထဲတွင်ထားကာ ကောင်းကင်ဝါအင်မော်တယ်ဧကရာဇ်သည် တာအိုဘိုးဘေးနယ်ပယ်သို့ ဖြတ်ကျော်ရန်စီစဉ်ခဲ့၏။

ထိုအချိန်တွင် ပျက်ဆီးခြင်းကမ္ဘာ၌ ရီမိသားစု၏နတ်ဘုရားဖြစ်လာပြီးနောက် ဓားတစ်သောင်းဘိုးဘေးသည် သူ၏စွမ်းရည်နှင့် အရည်အချင်းတိုးမြင့်လာမှုကို ချက်ချင်းခံစားခဲ့ရသည်။ နှစ်တစ်သန်းအတွင်း ပါရမီအရှိဆုံးပုဂ္ဂိုလ်အဖြစ် သူ၏စွမ်းရည်မှာ မဆိုးလှပေ။

သို့သော်လည်း ရီမိသားစု၏စွမ်းရည်သို့မြှင့်တင်ပြီးနောက်၊ သူ၏ စွမ်းရည်နှင့်ဉာဏ်အလင်း သိသိသာသာ တိုးလာသည်ကို ခံစားမိသည်။ ၎င်းက အလွန်အစွမ်းထက်လှ၏။ ရီမိသားစုသို့ဝင်ရောက်ခြင်းက သူ့အတွက် အကျိုးအမြတ်ကြီးတစ်ခုဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။

သူ၏တိုးမြှင့်ထားသော အရည်အချင်းများနှင့် စွမ်းရည်များသည် ယခင်က တာအိုဘိုးဘေးအဆင့်သို့ ဖြတ်ကျော်ရန်မလုံလောက်ခဲ့ပေ။ ယခု တိုးလာမှုက လုံလောက်မည်လား။

ဓားတစ်သောင်းဘိုးဘေးသည် ထိုသို့ကျော်လွှားနိုင်သည်ကို ခံစားရသဖြင့် သူ၏ယုံကြည်မှုကို ပြန်လည်ရရှိခဲ့သည်။ မှန်၏။ အဆုံးတွင်ဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ အချိန်၏စမ်းသပ်မှုလိုအပ်လိမ့်မည်။

…….

အခန်း ၃၃၂ - တုန်းရှန်းကျေးရွာသို့ပြန်သွားခြင်း

ရီဖန်သည် နောက်ဆုံးတွင် အဆင်သင့်ဖြစ်နေပြီဖြစ်ရာ နယ်ပယ်တစ်သောင်း တံခါးဝထဲသို့ဝင်လိုက်သည်။

ရွေးချယ်ထားသော တည်နေရာမှာ ချန်မင်ကမ္ဘာအတွက်ဖြစ်၏။ နယ်မြေတစ်သောင်း၏တံခါးအတွင်း ဆက်တိုက်ကွဲလွဲမှုများဖြစ်ပေါ်ပြီးနောက် အချိန်မည်မျှကြာခဲ့သည်ကို သူမသိသော်လည်း နောက်ဆုံးတွင် သူ၏အမြင်အာရုံသည် နေရာအနှံ့ရှည်လျားသောမြစ်မှ လက်တွေ့ကမ္ဘာဆီသို့ ပြန်သွားခဲ့သည်။

ရီဖန်သည် သူ့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ သူ လူသားမျိုးနွယ်စု၏ကမ္ဘာတွင် ရှိနေဆဲဖြစ်ပုံရသည်။ အကြောင်းမှာ သူသည် လူသားမျိုးနွယ်စုကို သိပ်မဝေးသည့်နေရာတွင် မြင်နေရဆဲပင်။

လေဟာနယ်နေရာပြမှတ်များကအနည်းငယ်ကွဲလွဲနေနိုင်သော်လည်း လွဲမှားမှုများက များစွာသိသာလိမ့်မည်မဟုတ်ချေ။ ရုတ်တရက် ရီဖန်သည် ခပ်လှမ်းလှမ်းမှ ရင်းနှီးသလိုခံစားရသော နေရာကိုတွေ့လိုက်ရသည်။

ရီဖန်သည် မည်သည့်စွမ်းအားကိုမှမထုတ်ဘဲ ရှေ့သို့ ဖြည်းညှင်းစွာလျှောက်သွားသည်။ ‘တုန်းရှန်းရွာ’ ရွာထိပ်ရှိ စာလုံးသုံးလုံး ရီဖန်၍အမှတ်တရများကို တဖြည်းဖြည်း လှုံ့ဆော်ပေးနေ၏။ အတွေးထဲတွင် ရီဖန်သည် ကမ္ဘာ့နှလုံးကိုခံစားမိလိုက်သည်။ တည်နေရာအမှတ်များကို ချန်မင်ကမ္ဘာသို့ သတ်မှတ်ထားသော်လည်း ၎င်းတို့ကို ရန်ဟွမ်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

ချန်ဟယ်မြို့၊ တုန်းရှန်းရွာ။ ဤနေရာသည် ရင်းနှီးသလို မရင်းနှီးသလိုနေရာတစ်ခုဖြစ်လာသည်။ တစ်ချိန်က သူ သိုင်းပညာသင်ယူရန်အတွက် တုန်းရှန်းရွာမှထွက်ခွါခဲ့ကာ၊ ကြယ်တစ်ထောင်ပင်လယ်သို့မရွှေ့ပြောင်းမီ တစ်ကြိမ်သွားရောက်လည်ပတ်ခြင်းမှလွဲ၍ ရီဖန် နောက်တစ်ကြိမ်ပြန်မလာခဲ့ချေ။

ရီဖန်သည် ရီမိသားစုထံပြန်ရန် အလျင်စလိုမလုပ်ဘဲ တုန်းရှန်းရွာတစ်ဝိုက်တွင် လျှောက်ကြည့်နေခဲ့၏။

နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီးနောက် တုန်းရှန်းရွာတည်ရှိနေမည်ဟု ရီဖန်မထင်ထားချေ။ သို့သော်လည်း သူသိသည့်သူများကတော့ မရှိတော့ပါ။

ဝမ်စံအိမ်သည် တုန်းရှန်းရွာ၏အလယ်ဗဟိုရှိ စံအိမ်တော်ကြီးတစ်ခုဖြစ်သည်။ ၎င်းကိုမြင်သောအခါ ရီဖန်၏နှလုံးသားထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ပေါ်လာသည်။ ၎င်းက အစ်ကိုဝမ်တို့အိမ် ဖြစ်နိုင်ပါသလား။

‘အစ်ကိုဝမ်၊ ဝမ်တုန်း’ ရီဖန်နှင့် စုယန်တို့ကို သူ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်၏။ ထိုစဉ်က ဝမ်တုန်းသာ ဘာမှမလုပ်ပေးခဲ့လျှင် ရီမိသားစုသည်လည်း ယခုလက်ရှိအခြေအနေနှင့် ကွဲပြားသွားနိုင်သည်။

"ဦးကြီး အိမ်ရှေ့မှာဘာလုပ်နေတာလဲဗျ"

ကျားခေါင်းနှင့်တူသော မျက်နှာရှိသည့် ကလေးက မှင်သက်နေသော ရီဖန်ကိုမေးလာသည်။ ထိုကလေးကိုမြင်သောအခါ ရီဖန်သည် ၎င်းကဝမ်တုန်း၏အိမ်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။

သူဝန်ခံရမည်မှာ မျိုရိုးစဉ်ဆက်သည် အံ့ဩဖွယ်ကောင်းသည့်အရာတစ်ခုဖြစ်သည်။ နှစ်များစွာကြာပြီးနောက်မွေးဖွားလာသော ထိုကလေးထံတွင် ဝမ်တုန်း၏အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ကလေး မင်းတို့အိမ်ကို လိုက်လည်လို့ရမလား"

ရီဖန်သည် သူဘာကြောင့် ထိုမေးခွန်းကို ရုတ်တရက် မေးမိမှန်း မသေချာချေ။ သူ အသက်ကြီးလာသောကြောင့် လွမ်းဆွတ်စရာများပေါ်လာခြင်းလည်းဖြစ်နိုင်သည်။

ရီဖန်၏စကားကိုကြားသောအခါ ကလေးသည် တုံ့ဆိုင်းမနေဘဲ သူ့အိမ်ဆီသို့ ပြေးသွားကာ

“အဖေ့ တစ်ခုခုတော့ဖြစ်နေပြီ၊ တစ်ယောက်ယောက်က သားတို့အိမ်ကို စိတ်ဝင်စားနေတယ်” ဟု အော်လိုက်သည်။

ထိုအသံက ဝမ်မိသားစုတစ်ခုလုံးကို ထိတ်လန့်စေကာ ၎င်းတို့အားလုံး အလျင်အမြန်ထွက်လာကြသည်။ ရီဖန်သည် ကလေး၏ နားလည်မှုလွဲမှားခြင်းမှ တားဆီးရန် သူ့လက်ကိုဆန့်ထုတ်လိုက်သော်လည်း ပြန်သိမ်းလိုက်၏။ ရီဖန်ထွက်သွားရန် စဉ်းစားနေချိန်တွင် ဝမ်မိသားစုထွက်လာသည်။

ဝမ်မိသားစုသည် ရီဖန်ကိုတွေ့လိုက်သောအခါ အလွန်အံ့အားသင့်သွားသည်။ ဝမ်မိသားစုခေါင်းဆောင် ဝမ်ဟူက ရီဖန်ကို ကြောင်ကြည့်ရင်း သူ့မျက်လုံးများကို ပွတ်သပ်ကာ အမြင်မမှားကြောင်း အတည်ပြုရန်ကြိုးစားနေရှာသည်။

၎င်းတို့၏ ဘိုးဘေးဘုရားကျောင်းအတွင်းတွင် ပုံတူပန်းချီကားတစ်ခုအမြဲရှိသည်။ ၎င်းက ဝမ်မိသားစု၏ ကောင်းကင်ကံကြမ္မာအစနှင့် ၎င်းတို့၏ဘိုးဘေးများ၏ အချစ်ဆုံးသူငယ်ချင်းကို ကိုယ်စားပြု၏။

ဝမ်မိသားစုမှ ကျင့်ကြံသူများသည် နှစ်ထောင်ပေါင်းများစွာကတည်းက ၎င်းတို့နှစ်ဦးကို အမြဲကိုးကွယ်ခဲ့ကြသည်။ တစ်ဦးက ၎င်းတို့၍၏ ဘိုးဘေးဖြစ်သူ ဝမ်တုန်းဖြစ်ကာ၊ နောက်တစ်ဦးက ကျင့်ကြံသူရီဖန်ဖြစ်သည်။ ၎င်းတို့ရှေ့မှသူက ပုံတူထဲရှိ အင်မော်တယ်နဲ့ တစ်ထပ်တည်းတူညီ၏။

"ခင် ခင်ဗျားက အင်မော်တယ်ရီလား”

နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း ရီဖန်အသက်ရှင်နေသေးသည်။ ၎င်းက အင်မော်တယ်မှလွဲ၍ အခြားမရှိနိုင်ချေ။

"မင်းငါ့ကိုမှတ်မိတယ်လား" နှစ်များစွာကြာပြီးနောက် ဝမ်မိသားစု၏လူများက သူ့ကို မှတ်မိနေလိမ့်မည်ဟု ရီဖန် မထင်ထားခဲ့ပေ။

"အင်မော်တယ်ရီ၊ ကျွန်တော်တို့ဘိုးဘေးတွေက ခင်ဗျားရဲ့ပုံတူကို ချန်ထားခဲ့ပြီးတော့ ဝမ်မိသားစုက အဲဒါကို မျိုးဆက်ပေါင်းများစွာ ကိုးကွယ်ခဲ့ကြတာပါ"

ရီဖန်သက်ပြင်းချလိုက်သည်။ သူ တုန်းရှန်းရွာမှ ထွက်သွားသောအခါ ဝမ်မိသားစုအား ပိုင်ဆိုင်မှုအနည်းငယ် ပေးခဲ့သည်။ ဤနှစ်များကြာပြီးနောက် ဝမ်မိသားစုက ၎င်းကိုမှတ်မိလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ၎င်းကရီဖန်ကို အနည်းငယ်ရှက်သွားစေ၏။

ငယ်ရွယ်နုပျိုစဉ်က ၎င်းတို့၏ မှတ်ဉာဏ်တွင် နက်နဲသော အမှန်တရများ ချန်ထားခဲ့သည်။ နှစ်များကြာပြီးနောက် ဝမ်တုန်း၏ပုံရိပ်ကို ရီဖန့်စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းရှိနေဆဲဖြစ်သော်လည်း သူတို့ပြန်မဆုံနိုင်တော့သည်ကို သိပါ၏။

အင်မော်တယ်နှင့် သေမျိုးများမှာ ကွာခြားလှကာ ဤနှစ်များတစ်လျှောက် ရီဖန်သည် အိုမင်းလာသော အသိအကျွမ်းဟောင်းများစွာကို တွေ့ဖူးပါ၏။ မကြာမီတွင် ရီဖန် ပြန်လည်တည်ငြိမ်သွားသည်။ ဝမ်ဟူ၏ဦးဆောင်မှုအောက်တွင် ရီဖန်သည် ရီမိသားစုပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သည်။

ဝမ်မိသားစုမှကျင့်ကြံသူများသည် အလွန်ဝမ်းသာနေကြ၍။ ရီဖန်ထံမှ တစ်စုံတစ်ရာရရှိရန် မမျှော်လင့်ထားဘဲ သူ၏အသက်ရှင်နေမှုကို သက်သေပြနိုင်ရုံမျှဖြင့် ၎င်းတို့၏မျှော်လင့်ချက်များ ပြည့်ဝနေပြီးဖြစ်သည်။

ဝမ်မိသားစုစံအိမ်သည် အလွန်ကျယ်သည်၊ လက်ရှိတုန်းရှန်းရွာတွင် တစ်ခုတည်းသော ကျင့်ကြံမှုမိသားစုဖြစ်သည့် ဝမ်မိသားစုက သဘာဝကျစွာပင် အကျယ်ပြန့်ဆုံးသောနေရာများကို သိမ်းပိုက်ထားသည်။ ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရှုပြီးနောက် ရီဖန်သည် ဝမ်မိသားစု၏များပြားသော ကျင့်ကြံသူများကို သတိပြုမိကာ ၎င်းတို့ထဲတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ပင်ရှိသေးသည်။

ဝမ်မိသားစုစံအိမ်တော် အတွင်းပိုင်းတွင် ရီဖန်သည် ထူးထူးခြားခြားခတ်ထားသော ခြံကိုတွေ့လိုက်သည်။ ၎င်း၏ပုံစံသည် ကျေးလက်ကျေးရွာရှိခြံဝင်းပုံစံနှင့်တူသည်။ သို့သော် ဤခြံကိုမြင်သောအခါတွင် ရီဖန်သည် သူ့မျက်လုံးများပူလာသလို ခံစားလိုက်ရသည်။ ဤခြံသည် ယခင်က ရီဖန် ဝမ်တုန်းထံသို့ လက်ဆောင်ပေးဖူးသော နေရာဖြစ်သည်။

နှစ်များစွာကြာပြီးသည်အထိ ဝမ်မိသားစုသည် ၎င်းဖြိုချပြီး ပြန်လည်တည်ဆောက်ခြင်းမပြုရုံသာမက ကောင်းမွန်စွာထိန်းသိမ်းထားနိုင်ခဲ့သည်မှာ အံ့ဩဖွယ်ကောင်းလှသည်။

ရီဖန်၏တုံ့ပြန်မှုများကိုမြင်လိုက်ရပြီးနောက် ဝမ်ဟူသည် ဤရီဖန်မှာ ယခင်က ရီအင်မော်တယ်ဖြစ်သည်ဟု ပို၍ပင် ယုံကြည်လာခဲ့သည်။ ဝမ်မိသားစုအတွင်းရှိ ဤခြံသည် တုန်းရှန်းရွာမှမထွက်ခွာမီတစ်ချိန်က အင်မော်တယ်ရီ နေထိုင်ရာနေရာဖြစ်ကြောင်း မျိုးရိုးစဉ်ဆက် မိသားစုအကြီးအကဲထံမှ သိခဲ့ရသည်။

ဝမ်တုန်းမသေဆုံးမီ ၎င်းကို မဖြိုဖျက်ရန်ပင် အမိန့်ထုတ်ခဲ့၏။ ဝမ်တုန်းက ရီဖန်သည် အင်မော်တယ်လူသားတစ်ဦးဖြစ်ပြီး အလွန်ကြာရှည်စွာ အသက်ရှင်နေနိုင်သည်ကို သိထားသောကြောင့်

သူ တုန်းရှန်းရွာသို့ ပြန်ရောက်လာပါက အနည်းဆုံး နေစရာနေရာတစ်ခုရှိရန်မျှော်လင့်သည်;

၎င်းမှာ ရီဖန်၏သူငယ်ချင်းကောင်းဖြစ်သည့် ဝမ်တုန်းက သူ့အတွက်လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။

"အကြီးအကဲဝမ်၊ ဒီခြံထဲမှာ တစ်ရက်လောက်နေလို့ရမလား" ရီဖန်က ဝမ်ဟူကိုမေးသည်။

"ရတာပေါ့ အင်မော်တယ်ရီ၊ နေလို့ရပါက ဒီခြံက အမြဲတမ်းခင်ဗျားအတွက်ရှိပါတယ်” ဝမ်ဟူက လေးစားစွာ ပြန်ပြောသည်။

ထိုအချိန်တွင် ဝမ်မိသားစု၏ကျင့်ကြံသူများသည်လည်း နားလည်သွားကြ၏။ ၎င်းတို့ငယ်စဉ်တည်းက ဝမ်မိသားစုတွင် ၎င်းတို့ကို ကန့်သတ်ထားသောနေရာဖြစ်သည့် ပုံမှန်မဟုတ်သော အိမ်တစ်လုံးရှိနေသည်ကို သိချင်ခဲ့ကြ၏။ ၎င်းက ဤအိမ်သည် အင်မော်တယ်၏နေအိမ်ဖြစ်နေခြင်းပင် ။

ရီဖန်သည် ဝမ်မိသားစုကို အနှောက်အယှက်မပေးရန် တောင်းဆိုပြီးနောက် အခန်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။ အခန်းကို ဂရုတစိုက်ထိန်းသိမ်းထားကာ အခါအားလျော်စွာ သန့်ရှင်းရေးလုပ်ထားသောကြောင့် ညစ်ပတ်ခြင်းမရှိပေ။

ရီဖန်သည် သူ့အခန်းဟောင်းသို့ ပြန်သွားပြီးနောက် ရင်းနှီးသောကုတင်ပေါ်တွင် အိပ်လိုက်သည်။၎င်းက စုယန်နှင့် သူ၏မင်္ဂလာဦးညအတွက်နေရာဖြစ်ကာ၊ ရီမိသားစု၏ ခရီးစဉ်အစလည်းဖြစ်သည်။ ဝမ်တုန်းကြောင့်သာ မဟုတ်ပါက၊ ရီဖန်သည် ဤကုတင်ပေါ်တွင် နောက်တစ်ကြိမ် ထပ်အိပ်ရန် အခွင့်အရေးပင်ရှိပါမည်လား။ ငိုက်မျဉ်းလာပြီးနောက် ရီဖန်သည် မျက်လုံးမှိတ်ထားလိုက်၏။

ကျင့်ကြံမှုအဆင့်တစ်နေရာသို့ ရောက်ပြီးနောက်တွင် အိပ်စက်ခြင်းကို မလိုအပ်တော့ချေ။ ကျင့်ကြံသူအများအပြားက ၎င်းကို အချိန်ဖြုန်းခြင်းဟုပင် ရှုမြင်ကြသည်။ ရီဖန်သည် သူမည်သည့်အခါက သူကောင်းကောင်းအိပ်ပျော်ခဲ့ဖူးသည်ကိုပင် မေ့နေလေပြီ။ အလွန်အိပ်ငိုက်လာပြီးနောက် ရီဖန်လုံးဝအိပ်ပျော်သွား၏။

နောက်တစ်နေ့နံနက်တွင် ရီဖန်သည် နံနက်ခင်းနေရောင်ကြောင့် နိုးလာသည်။

ထိုအချိန်တွင် ရီဖန်သည် သူ၏ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။ သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသော အဆင့်ငါး အထွတ်အထိပ် နှလုံးစွမ်းအားပိတ်ဆို့မှုက နှလုံးစွမ်းအား အဆင့်ခြောက် အစောပိုင်းအဆင့််သို့ရောက်သည်အထိ တိုးလာခဲ့သည်။

နှလုံးစွမ်းအားအဆင့်ခြောက်ဖြင့် သူသည် ဤကမ္ဘာအထွတ်အထိပ်သို့ အမှန်တကယ်ရောက်ရှိခဲ့သည်။

မြင်သာထင်သာသောအရာများနှင့်မတူဘဲ၊ နှလုံးစွမ်းအားအောင်မြင်မှုကို တမင်တကာ လှုံ့ဆော်ပေးခြင်း၏ အကျိုးသက်ရောက်မှုသည် သဘာဝအတိုင်းဖြစ်လာသည်ထက် ပိုအစွမ်းထက်သည်။

တုန်းရှန်းရွာသည် အမှန်ပင် သူ၏ကောင်းချီးမြေဖြစ်၏။ ရီဖန်သည် အာသမ်းရင်း ထလာသည်။ အတိတ်က အမှတ်တရများကို အောက်မေ့မိသည့်တိုင် ရှေ့ဆက်လျှောက်လှမ်းရန်လိုသေးသည်။ လန်းဆန်းအားဖြည့်ပြီးနောက်တွင် ပြန်လည်ထွက်ခွာရန် အချိန်တန်လေပြီ။ ကုတင်ပေါ်တွင် သူ၏သိုလှောင်လက်စွပ်ကို ထားခဲ့ပြီးနောက်၊ ရီဖန်သည် တုန်းရှန်းရွာမှ ပျောက်ကွယ်သွားပြန်၏။

သိုလှောင်လက်စွပ်အပြင် ရီဖန်သည် စည်းတံဆိပ်တစ်ခုကို ချန်ထားခဲ့သည်။ ၎င်း တာအိုတံဆိပ်က ဝမ်မိသားစုအတွက် အကာအကွယ်တစ်ခုဖြစ်လာလိမ့်မည်။

ရီဖန်၏တာအိုတံဆိပ်သည် အင်မော်တယ်ဧကရာဇ်ကိုပင် ချေမှုန်းနိုင်လောက်သည်အထိ အစွမ်းထက်သည်။

သုံးရက်အကြာတွင် ဝမ်ဟူသည် အခန်းတွင်းမှ လှုပ်ရှားမှုများကို သတိမထားမိသောကြောင့် တံခါးခေါက်လိုက်သည်။ ဘာတုံ့ပြန်မှုမှမရဘဲ ခဏလောက်ခေါက်ပြီးနောက် ဝမ်ဟူသည် ရီဖန် ထွက်သွားခြင်းဖြစ်မည်ဟုယူဆကာ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ကုတင်ပေါ်ရှိ သိုလှောင်လက်စွပ်မှစ၍ အခန်းလွတ်ထဲတွင် ဝမ်ဟူ၏အာရုံကို ဖမ်းစားနိုင်သည့်အရာမရှိချေ။ သူ၏ နတ်အာရုံဖြင့် လက်စွပ်ကို စမ်းသပ်ကြည့်ရာ ဝမ်ဟူသည် လုံးဝ တုန်လှုပ်သွားခဲ့သည်။

သိုလှောင်လက်စွပ်အတွင်းရှိ သယံဇာတ အမျိုးအစားတိုင်းသည် သူတို့စိတ်ကူးယဉ်ဖူးသမျှထက် သာလွန်နေ၏။ အင်မော်တယ်ဆေးလူံးများ၊ အင်မော်တယ်ပစ္စည်းများနှင့် အခြားအရင်းအမြစ်များစွာသည် ဝမ်မိသားစုကို အဆင့်ပေါင်းများစွာ မြှင့်တင်ပေးနိုင်လောက်အောင် ပေါများပါသည်။

………..

အခန်း ၃၃၃ - ရီမိသားစုမှ ကျင့်ကြံသူများကို တိုက်ခိုက်ခြင်း

"ကျေးဇူးတင်ပါတယ် အင်မော်တယ်ရီ!"

ဝမ်ဟူက ရီဖန်မြင်နိုင် မမြင်နိုင်ကို မသိသော်လည်း တလေးတစား ဦးညွတ်ရင်းပြောလိုက်သည်။ ထို့နောက် သူသည် မျိုးနွယ်စုတစ်ခုလုံးကိုစုစည်းပြီး ထိုနေ့က အဖြစ်အပျက်များကို အသိပေးခဲ့သည်။

အနာဂတ်တွင် ရီဖန်သည် ၎င်းတို့၏ဒုတိယဘိုးဘေး ဖြစ်လာလိမ့်မည်။ ရီဖန်ချန်ထားခဲ့သော အရင်းအမြစ်များကို မြင်ပြီးနောက် ဝမ်ဟူ၏အဆိုပြုချက်ကို မည်သူကမှ မကန့်ကွက်ခဲ့ပေ။ ထိုသို့သော စွမ်းအားကြီးဘိုးဘေးများရှိခြင်းက ပို၍ပင် ကောင်းသေးသည်။

ရီဖန်သည် သူ့စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ကာ ရီမိသားစုထံ ပျော်ရွှင်စွာပြန်လာခဲ့သည်။

ရီမိသားစုတွင် မိသားစုဝင်အများစုမှာ အိမ်တွင်ရှိနေကြ၏။ ဤကာလအတွင်း ရီဖန်သည် အချိန်ကြာမြင့်စွာ ဝေးကွာနေသောကြောင့် ရီဖန်ပြန်မလာနိုင်တော့ဟု အခြားသူများကခံစားလာရကာ သူတို့၏လုပ်ရပ်များသည်လည်း တဖြည်းဖြည်း အထိန်းအကွပ်မဲ့လာသည်။

ရီမိသားစု၏လုံခြုံရေးအတွက် စုယန်သည် မိသားစုဝင်များကို ရန်ဟွမ်နယ်မြေအတွင်း၌သာ လှုပ်ရှားသွားလာရန်ညွှန်ကြားထားသည်။ နှစ်များတစ်လျှောက် ရီမိသားစုသည် အရင်းအမြစ်များစွာကို စုဆောင်းခဲ့သည်။ ရေတိုအတွင်း ၎င်းတို့သည် အရင်းအမြစ်များအတွက် စိတ်ပူစရာလိုတော့မည် မဟုတ်ချေ။ တကယ်တမ်းတွင် ဤအချိန်သည် ရီမိသားစုတစ်ခုလုံးဆုတ်ခွာပြီး ကျင့်ကြံရမည့်အချိန်ဖြစ်၏။

"အရမ်းအသက်ဝင်နေပါလား”

ရီဖန်သည် လူတိုင်းရှေ့တွင် ရုတ်တရက်ပေါ်လာကာ ပြုံးလျက်ပြောလိုက်သည်။ ရီဖန်ပေါ်လာသည်ကိုမြင်သောအခါတွင် အားလုံးက ခဏမျှအံ့ဩသွားပြီးနောက် ချက်ခြင်းပင် ဝမ်းသာသွားကြသည်။

"အရှင် နောက်ဆုံးတော့ပြန်လာပြီပဲ"

စုယန်သည် ရီဖန်ပေါ်သို့မှီလိုက်ကာ သူမ၏စိတ်လှုပ်ရှားမှုကို အားရပါးရထုတ်ဖော်ပြလိုက်သည်။ ရီဖန်ပြန်လာနိုင်မည်ဟု သူတို့ယုံကြည်ထားသော်လည်း အမှန်တကယ်မတွေ့နိုင်မည်ကို အနည်းငယ်စိုးရိမ်နေခဲ့ကြသည်။ ရီဖန်နောက်ဆုံးတွင် အသက်ရှင်လျက်ပေါ်လာမှသာ သူတို့စိတ်ချနိုင်သွား၏။

"အင်း စိတ်မပူနဲ့တော့ ငါပြန်လာပြီလေ" ရီဖန်က စုယန်၏ ကျောကိုပုတ်ကာ နှစ်သိမ့်ပေးသည်။

ထိုအခါမှသာ စုယန်သည် သူမအာရုံကိုပြန်ရသွားသည်။ ရီမိသားစုက တခြားသူများ၏ မျက်နှာပေါ်မှ အပြုံးများကို တွေ့လိုက်ရသည့်အခါတွင် သူမချက်ချင်း ရှက်ရွံ့သွားရသည်။

ရီဖန်ပြန်ရောက်လာခြင်းကို ဂုဏ်ပြုရမည်ဖြစ်သော်လည်း၊ ရီမိသားစုသည် ဤအချိန်တိုအတွင်း ထုတ်ဖော်ရန်အစီအစဉ်မရှိပေ။ မည်သူက ရန်သူ၊ မည်သူက မိတ်ဆွေမှန်း သေချာခွဲခြားနိုင်ရန်အတွက် ဤအခွင့်အရေးကို အသုံးချရမည်။

အခမ်းအနားမလုပ်မီအချိန်အတွင်း ရီဖန်သည် ရီမိသားစုရင်ဆိုင်နေရသော လက်ရှိအခြေအနေကို အပြည့်အဝနားလည်ထားပြီးဖြစ်သည်။ ရီမိသားစု ကြီးပွါးတိုးတက်လာသည်ကို လူတော်တော်များများက မြင်ချင်ပုံမရပေ။ ထိုလူများကို ရီဖန်က နာမည်ပျက်စာရင်းထဲတွင် ထည့်သွင်းထား၏။

အားလုံးကိုစုစည်းပြီးသည့်အချိန်မှသာ ၎င်းတို့အားလုံးကို တစ်ချက်တည်း ရိုက်ချပစ်ရမည်။ ရီမိသားစုကို လွယ်ကူစွာအနိုင်ကျင့်ခံရမည့်သူများမဟုတ်ပေ။

ရီဖန်သည် ရီမိသားစုသို့ပြန်ရောက်ပြီးနောက် ပျက်ဆီးခြင်းကမ္ဘာမှ ဝမ်ကျန်းတာအိုဘိုးဘေးကိုခေါ်ကာ လူတိုင်းနှင့် မိတ်ဆက်ပေးသည်။ ဝမ်ကျန်းတာအိုဘိုးဘေးကို ဂုဏ်သတင်းကိုသိရှိပြီးနောက် ရီမိသားစုကျင့်ကြံသူအများအပြားမှာ ပီတိဖြစ်ခဲ့ကြသည်။

ရီဖန်မတိုင်မီက ထင်ရှားကျော်ကြားခဲ့သော ဝမ်ကျန်းတာအိုဘိုးဘေးသည် လူအများကြားသိဖူးသည့် နာမည်တစ်ခုဖြစ်သည်။ ယခုတွင် ထိုကဲ့သို့သောသူက ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်လာသောအခါ၊ ၎င်းတို့၏စွမ်းအားမှာ ပိုမိုအားကောင်းလာမည်မှာ သေချာသောကြောင့် သူတို့ မည်သို့စိတ်မလှုပ်ရှားဘဲနေနိုင်ကြမည်နည်း။

"မိတ်ဆွေဝမ်ကျန်း၊ ခင်ဗျားပြန်သွားကြည့်ချင်လား"

ဝမ်ကျန်းဂိုဏ်းသည် ရှည်လျားသောခေတ်ကာလအတွင်း ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ၎င်းတို့၏ရှေးဟောင်းအကြွင်းအကျန်များက ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။

"မလိုပါဘူးကွာ၊ ဘာလို့သတိပြန်ဖော်နေဦးမှာလဲ"

ဝမ်ကျန်းတာအိုဘိုးဘေးသည် သူ့လက်ကို ပြတ်သားစွာဝှေ့ယမ်းလိုက်သည်။ ဝမ်ကျန်းတာအိုဘိုးဘေးက ဝမ်ကျန်းဂိုဏ်း၏နေရာကို သွားရောက်ရန် အစီအစဉ်မရှိသော်လည်း၊ ရီဖန်နှင့် စတုရန်းလက်မတောင်သို့ လိုက်သွားခဲ့သည်။

အတိတ်ကို ပြန်အောက်မေ့မရသော်လည်း မိတ်ဟောင်းဆွေဟောင်းများကိုတော့ တွေ့ရဦးမည်။

"ဝမ်ကျန်း၊ အဘိုးကြီး မင်းကို အသက်ရှင်နေဦးမယ်လို့ မထင်ခဲ့ဘူးကွာ!"

ဗောဓိဘိုးဘေးက ဝမ်ကျန်းတာအိုဘိုးဘေးကို မြင်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

၎င်းတို့အတွက် အသက်ရှိနေဆဲ မိတ်ဆွေဟောင်းတစ်ဦးနှင့် ဆုံတွေ့ခွင့်ရခြင်းက အမှန်တကယ်ပင် ရှားပါးလှ၏။

"ဗောဓိ၊ အဘိုးကြီး မင်းတောင် မသေသေးတာကို ငါကဘယ်လိုသေမှာလဲ"

ဝမ်ကျန်းတာအိုဘိုးဘေးက ရီမိသားစုတွင် အမှုထမ်းနေကြောင်း ဗောဓိအိုဘိုးဘေးသိသောအခါ ဝမ်းမြောက်စွာပြောလိုက်သည်။ “မင်းက အမွေအနှစ်ကြီးကြီးတစ်ခု တူးနိုင်လိုက်တာပဲကွ”

ဗောဓိအိုဘိုးဘေးက သူ့တပည့်ဖြစ်သူထံတွင် ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်းထက်မကသော အဖိုးတန်အရာများစွာရှိလိမ့်မည်ဖြစ်ကြောင်း သေချာပေါက်သိသည်။ ရီဖန်၏ သူ့လူများအပေါ်ထားရှိသော သဘောထားကိုကြည့်ခြင်းအားဖြင့် ၎င်းက ဝမ်ကျန်းတာအိုဘိုးဘေးအတွက် အကျိုးရှိနိုင်ပုံရသည်။ ဝမ်ကျန်းသည် များစွာပြန်မပြောဘဲ ရယ်မောလိုက်သည်။ သူသည် ရီမိသားစုတွင်ရှိခြင်း၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရပြီးဖြစ်ကာ အရာအားလုံးသည် ဆန်းကြယ်လွန်းလှ၏ ။

ရီမိသားစုအတွင်းတွင် ရီဖန်သည် ယခုတစ်ကြိမ် ဖြစ်ပွားခဲ့သော ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို လေ့လာနေသည်။ ရီဖန်က ယခုတစ်ကြိမ် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို သေချာပေါက် အဆင့်မြှင့်ထားကြောင်း တွေ့ရှိခဲ့သည်။ ကူးစက်မှုပိုအားကောင်းလာရုံသာမကဘဲ ဖယ်ရှားရန်လည်း ပိုမိုခက်ခဲလာသည်။

အကယ်၍ ယခင်ပျက်ဆီးခြင်းသွေးဆေးလုံးကိုသာ အသုံးပြုခဲ့လျှင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ဖျက်ဆီးရန်သို့မဟုတ် အောင်မြင်ရန် မဖြစ်နိုင်သလောက်ပင်။ သို့သော် ယခုအခါတွင် ရီဖန်၏ ဆေးပညာစွမ်းရည်သည်လည်း များစွာတိုးတက်လာသည်။

ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကိုဖြေရှင်းရန်အတွက် ပျက်ဆီးခြင်းသွေးဆေးလုံး ဖော်စပ်လိုပါက အခက်အခဲသည် ယခင်ကထပ်အများကြီးပိုနည်းသွားလိမ့်မည်။

ဤတစ်ကြိမ်တွင် ရီဖန်သည် ဆေးလုံးများကို ယခင်နှစ်ကအတိုင်း အင်အားစုများထံသို့ စျေးသက်သာစွာဖြင့်ပေးလိမ့်မည်မဟုတ်ချေ။ ဖြတ်သန်းလာပြီးနောက် ရီဖန်သည် ၎င်းအင်အားစုများမှာ မိုက်ရိုင်းသောဝံပုလွေများသာဖြစ်ကြောင်း သိလာ၏။

မဟာမိတ်ကောင်းအနည်းငယ်မှလွဲ၍ အခြားသူများဝယ်လိုလျှင် စျေးပိုပေးကာဝယ်နိုင်လိမ့်မည်။ ငွေအမြောက်အမြား ရပေးဆောင်ရန် ဆန္ဒမရှိပါက ၎င်းတို့လာရာလမ်းအတိုင်းပြန်သွားနိုင်သည်။ ၎င်းမှာ

လက်ဝါးကြီးအုပ်ကာ ငွေရှာခြင်းဖြစ်၏။ ရီဖန်က ထိုသို့တွေးပြီးနောက် ငွေရှာရန်မျှော်လင့်ချက်ဖြင့် သုတေသနပြုခဲ့သည်။

ရီဖန်၏ရည်မှန်းချက်ကြီးသော ငွေရှာသည့်အစီအစဉ်ကို ကြားသောအခါ၊ ရီကျင်းဖန်သည်လည်း ချက်ချင်းပင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ကျင့်ကြံမှုအဆင့် နှင့်အတူ သူမ၏ကြွယ်ဝမှုကလည်း သိသိသာသာကြီးထွားလာခဲ့သည်။ သို့သော် သူမသည် ငွေရှာရန် အလွန်စိတ်အားထက်သန်နေသေး၏။ သူမအတွက် ငွေရှာခြင်းထက် ပိုအရေးကြီးသည့်အရာမရှိပေ။

တစ်ဖက်တွင် ပြင်ပကမ္ဘာ၌ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကြောင့် အင်အားစုအားလုံးနီးပါး အကြီးအကျယ်ဒုက္ခရောက်ခဲ့ရသည်၊ ရီဖန်၏စွက်ဖက်မှုမရှိသောကြောင့် ဤတစ်ကြိမ်အကျိုးဆက်များသည် နောက်ဆုံးအကြိမ်ထက်ပို၍ပင် ဆိုးရွားနေ၏။

"အားလုံးပဲ ငါတို့သေဖို့ကို ထိုင်စောင့်နေလို့မရဘူး၊ ငါတို့ လှုပ်ရှားရမယ်"

………

All Chapters