အခန်း ၃၃၇-၃၃၉
Vol. 23 Ch. 337-339
အခန်း ၃၃၇ - ပျက်ဆီးခြင်းသွေးဆေးလုံးအသစ်၊ တန်ဖိုးဆယ်ဆ
ပင်လယ်နဂါးအင်မော်တယ်ဂိုဏ်းမှ ဦးဆောင်သော အင်အားစုကြီးများသည် ယခုအခါတွင် ၎င်းတို့၏ လက်အောက်ငယ်သားများထံမှ သတင်းစကားများကို ကြောက်ရွံ့စွာကြည့်နေကြ၏။ သူတို့သည် ရီဖန်ပျောက်သွားသောကြောင့်သာ တာ့ယွီမင်းဆက်ကို ဆန့်ကျင်ရန်သတ္တိရှိကြခြင်းဖြစ်သည်။
သို့သော် ယခုအချိန်တိုလေးအတွင်းတွင် ရီဖန်ပြန်ရောက်လာပြီဖြစ်ရာ မကြောက်ရွံ့ဘဲမနေနိုင်ကြချေ။ ၎င်းတို့နားမလည်နိုင်ကြသည်မှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ စေလွှတ်ခံလိုက်ရသည့် လူတစ်ယောက်သည် ဒဏ်ရာအနာတရမရှိဘဲ မည်သို့ပြန်လာနိုင်ခဲ့သနည်း။
လူတိုင်းသည် ပင်လယ်နဂါးတာအိုဘိုးဘေးထံသို့ လှည့်ကြည့်နေကြကာ သူ၏အတွေးကို သိချင်နေကြသည်။ ပင်လယ်ရှည်တာအိုဘိုးဘေး၏မျက်နှာသည်လည်း မသက်မသာဖြစ်နေ၏။
သူ၏ ကျင့်ကြံမှုအဆင့်သည် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်မြေမှ ခြေတစ်လှမ်းသာဝေးတော့သည့် အထွတ်အထိပ် တာအိုဘိုးဘေးအဆင့်တွင်ရှိသည်။ ထို့ကြောင့် သူသည် ရီဖန်အဝေးသို့ရောက်နေသည့်အချိန်တွင်သာ တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်ရန်သတ္တိရှိ၏။
သို့သော် သူသည် စွမ်းအားကြီးတာအိုဘိုးဘေးတစ်ဦးဖြစ်သော်လည်း အနှိုင်းမဲ့တာအိုဘိုးဘေးကိုပင်အနိုင်ယူနိုင်သည့် ရီဖန်နှင့်ရင်ဆိုင်ရာတွင် ဘာမှမဟုတ်သည်ကိုလည်း သိထားသည်။
"သွားကြရအောင်၊ ဒီနယ်မြေတွေကို တာ့ယွီနတ်မင်းဆက်ကို ချက်ချင်းပြန်ပေးလိုက်ရအောင်၊ အဲတာမှပဲ ပြန်ပြေလည်နိုင်လိမ့်မယ်"
ပင်လယ်နဂါးတာအိုဘိုးဘေးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲရှိအရာများကို ပြောလိုက်သည်။ လက်ရှိနယ်မြေများကို စွန့်လွှတ်ပါက ၎င်းတို့၏ဂိုဏ်းခွဲများကို နေရာပြောင်းရွှေ့ရန်အတွက် နယ်မြေသစ်ရှာဖွေရန် ခက်ခဲလိမ့်မည်။
သို့သော် သူတို့သာထိုသို့မလုပ်ခဲ့လျှင် ရီဖန်၏တိုက်ရိုက်သတ်ဖြတ်ခြင်းခံရမည်ကိုလည်း ကြောက်ရသေး၏။ ရီဖန်သည် ၎င်းတို့၏လုပ်ရပ်အတွက် အငြိုးထားခြင်းမရှိဘဲ သနားကြင်နာလိမ့်မည်ဟု သူတို့မထင်ကြချေ။ ရီမျိုးနွယ်စုက ချေမှုန်းပစ်လိုက်သည့် အင်အားစုများစွာက အကောင်းဆုံးဥပမာများဖြစ်သည်။
"သွားရအောင်၊ ငါ အခုသွားတော့မယ်!"
ဖျက်ဆီးခံရသည်နှင့်ယှဉ်လျှင် ပြန်လည်တည်ဆောက်ရမည့် အခက်အခဲများက ဘာမှမဟုတ်ချေ။
အင်အားစုများ၏ ခေါင်းဆောင်အများစုက ပင်လယ်နဂါးတာအိုဘိုးဘေး၏အဆိုပြုချက်ကို သဘောတူကြကာ ၎င်းတို့၏ဂိုဏ်းခွဲများဆီိသို့ ချက်ခြင်းပြန်သွားပြီး ပစ္စည်းများထုပ်ပိုးကာ တပည့်များနှင့်အတူ ထွက်ခွါလာကြသည်။
သို့သော် သေခြင်းတရားကိုမကြောက်ရွံ့ဘဲ ထွက်ခွာရန်ရည်ရွယ်ချက်မရှိသော အင်အားစုအချို့လည်းရှိသေးသည်။ သင့်လျော်သော နယ်မြေသစ်တစ်ခုကို ရှာဖွေရန်အတွက် ခက်ခဲလိမ့်မည်ဖြစ်ရာ ၎င်းတို့သည် ဘေးကင်းသည်ဟုတွေးခဲ့ကြ၏။
ရီဖန်က ၎င်းတို့ကို အမှန်တကယ်ရှင်းလင်းရန် အမှန်တကယ်ရောက်လာသည့်အခါမှသာ ထွက်ခွါသွားနိုင်၏။ ထိုကျင့်ကြံသူများ၏စိတ်ထဲတွင် အမျိုးမျိုးသောအတွေးများ ပျံ့နှံ့နေသည်။ ၎င်းတို့သည် ရည်ရွယ်ချက်များစွာရှိသော်လည်း အားလုံးက ကိုယ်ကျိုးအတွက်သာ ဖြစ်သည်။
မကြာမီတွင် အင်အားစုကြီးများ ထွက်ခွါသွားသည့် သတင်းက ညတွင်းချင်း ပျံ့နှံ့သွားသည်။ ပန်ကုစကြဝဠာရှိ ကျင့်ကြံသူများသည် ရီမိသားစု၏စွမ်းအားကို တစ်ဖန်ပြန်လည်နားလည်လာကြသည်။
သို့သော် ၎င်းက ရီမိသားစု၏ စွမ်းအားမဟုတ်ဘဲ ရီဖန်၏စွမ်းအားဖြစ်သည်။ ရီဖန်ပြန်လာသောကြောင့် ဤအင်အားစုများ လုံးဝပြောင်းရွေ့သွားရခြင်းဖြစ်သည်။ ရီဖန်ကိုယ်တိုင်က လှုပ်ရှားရန်ပင်မလိုဘဲ၊ သူ့နာမည်တစ်ခုတည်းနှင့် အင်အားစုကြီးများကို ခြောက်လှန့်ရန် လုံလောက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရီက တကယ်မိုက်တာပဲ"
"အရွက်တစ်ထောင်တာအိုဘိုးဘေးက တကယ်စွမ်းအားကြီးလွန်းတယ်"
လူငယ်ကျင့်ကြံသူများက ရီဖန်ကို အလွန်လေးစားကြည်ညိုလာကြသည်။ ၎င်းတို့လည်း နာမည်တစ်ခုတည်းနှင့် တာအိုဘိုးဘေးအားလုံးကို ဟန့်တားနိုင်သည့်သူဖြစ်ချင်သည်။ ရီဖန်ကဲ့သို့သော သူတစ်ယောက်ဖြစ်မလာနိုင်ပါက ရီဖန်၏လူများထဲမှတစ်ယောက်ဖြစ်လာရမည်။
ရီမိသားစုမှအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်မှာ အလွန်ခက်ခဲသော်လည်း ရီမိသားစုသို့လက်ထပ်ခြင်းက အလွန်ကောင်းမွန်သာ ရွေးချယ်မှုတစ်ခုဖြစ်သည်။
ကိုယ့်ကိုယ်ကို ချောမောသည်ဟုသတ်မှတ်ထားသော ကျင့်ကြံသူအများအပြားသည် ထိုအတွေးများဖြင့် စိတ်ကူးယဉ်နေကြ၏။ ထိုကဲ့သို့ မိသားစုထဲသို့ လက်ထပ်ခြင်းက ရှက်စရာမဟုတ်ပေ။
ရုတ်တရက်ဆိုသလိုပင် ရီမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခြင်းက နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ အင်အားစုကြီးများ ထွက်ခွါသွားသောကြောင့် ကမ္ဘာကြီးသုံးခုသည် ကန္တရပြင်ကဲ့သို့ ခြောက်သွေ့နေ၏။
လူတိုင်းသည်လည်း ဤနေရာကို ရီမိသားစုက မည်သို့ကိုင်တွယ်ဖြေရှင်းမည်မှန်း သိချင်နေကြသည်။ သို့သော် ရီမိသားစုနှင့် တာ့ယွီနတ်မင်းဆက်မှလူများသည် ဤနေရာကို မေ့သွားသကဲ့သို့ လုံးဝမပေါ်လာပေ။
တာ့ယွီနတ်မင်းဆက်က ဤကမ္ဘာကြီးသုံးခုကို လုံးဝစွန့်လွှတ်ခဲ့လေသလား။ ယခုအခါတွင် ပန်ကုစကြဝဠာတစ်ခုလုံး၌ နတ်မင်းဆက်နှစ်ပါးသာ ကျန်ရှိတော့သည်။
အင်အားအကြီးဆုံးဖြစ်သည့် တာ့ယွီမင်းဆက်က မူလကမ္ဘာကြီးခြောက်ခုကို သိမ်းပိုက်ထားကာ အင်အအားစုများထဲတွင် အကျယ်ပြန့်ဆုံးဖြစ်၏။
ယခုအခါတွင် အဓိကကမ္ဘာကြီးသုံးခုကို စွန့်လွှတ်လိုက်ပါက တာ့ယွီမင်းဆက်၏အာဏာသည် အလွန်လျော့ကျသွားလိမ့်မည်။ တာ့ယွီမင်းဆက်က အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခဲ့သနည်း။
လူတိုင်းက တာ့ယွီနတ်မင်းဆက်၏ အတွေးအမြင်များကို မမှန်းဆနိုင်ကြသေးသော်လည်း မည်သည့်ရည်ရွယ်ချက်ကိုမျှ မတုံ့ပြန်ရဲကြချေ။
ထိုကမ္ဘာကြီးတစ်ခု၌ ကျန်ရှိနေသောအင်အားစုများသည်သာ လျှို့ဝှက်စွာဝမ်းမြောက်နေကြ၏။
တာ့ယွီနတ်မင်းဆက်က ၎င်းတို့၏တည်ရှိမှုကို တိတ်တဆိတ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသလား။ သို့ဖြစ်လျှင် ၎င်းတို့၏နယ်မြေများကို ချဲ့ထွင်နိုင်မည်လား။ ဤကမ္ဘာကြီးသုံးခုတွင် ကောင်းချီးနယ်မြေများစွာရှိသည်။ တာ့ယွီနတ်မင်းဆက်မရှိလျှင်ပင် ထိုနယ်မြေများကို ၎င်းတို့ သိမ်းပိုက်ရန်အလှည့်ကျလိမ့်မည်မဟုတ်ပေ။
သို့သော် ယခုတွင် ၎င်းတို့သာကျန်ရှိတော့ရာ ဤအဆင့်မြင့် ကောင်းချီးမြေများကို ခံစားခွင့်ရရှိခဲ့ကြလိမ့်မည်။ ဤဂိုဏ်းများနှင့် အင်အားစုများသည် ကောင်းချီးနယ်မြေများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်လာကြကာ ရရှိသောအရင်းအမြစ်များနှင့် တိုးတက်မှုများကြောင့် ပျော်ရွှင်နေကြသည်။
ပင်လယ်နဂါးတာအိုဘိုးဘေးသည် ၎င်းတို့၏ ကြည်နူးမှုကိုကြည့်ပြီး နောင်တရခြင်းမရှိပေ။ တာ့ယွီနတ်မင်းဆက်သည် စာရင်းရှင်းလင်းလိမ့်မည်မဟုတ်ဟု သူတို့ အမှန်တကယ် ထင်နေသလား။
ပင်လယ်နဂါးတာအိုဘိုးဘေးသည် ယခုအချိန်တွင် တာ့ယွီနတ်မင်းဆက်က ၎င်းတို့အတွက် ရှင်သန်ရန်နည်းလမ်းတစ်ခုချန်ထားပေးရန်သာ မျှော်လင့်ထားသည်။
…….
ထိုအချိန်တွင် ဤဒရာမာဇာတ်လမ်း၏ အဓိကဇာတ်ကောင်ဖြစ်သူ ရီမိသားစုသည် ပျက်ဆီးခြင်းသွေးဆေးလုံးများကိုသန့်စင်ရင်း အလုပ်များနေကြ၏။
ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံးများကို အဆင့်မြှင့်ရန်အတွက်နည်းလမ်းကို ရှာတွေ့ထားပြီးဖြစ်သည်။ အဆင့်မြှင့်ထားသော ပျက်ဆီးခြင်းသွေးဆေးလုံးသည် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို လုံးဝဖယ်ရှားနိုင်သည်။
ထို့အပြင် ယခုတစ်ကြိမ် ရီမိသားစု၏သွေးမျိုးဆက်ကို ပါဝင်ပစ္စည်းအဖြစ် မလိုအပ်သောကြောင့် သန့်စင်ရန်ခက်ခဲမှုနည်းပါးလာကာ သန့်စင်မှုအရှိန်သည်လည်း ပိုမြန်လာသည်။
သို့သော် ယခုတစ်ကြိမ်တွင် ရီဖန်သည် ယခင်အကြိမ်ကဲ့သို့ စျေးလျှော့တောင်းရန် အစီအစဉ်မရှိတော့ချေ။ အင်အားစုကြီးများ၏ သစ္စာဖောက်မှုကို တွေ့ကြုံပြီးနောက် ရီဖန်သည် ထိုအင်အားစုများအတွက် မျှော်လင့်ချက်မရှိတော့ပေ။
၎င်းတို့ကို ယဉ်ပါး၍မရသော ခွေးများဖြစ်ကြသည်။ သူတို့ကို ကျွေးမွေးထားသည့်အခါတွင် ကိုယ်က သခင်ဖြစ်သော်လည်း၊ ကိုယ်က အသုံးမဝင်တော့သည့်အခါတွင် ၎င်းတို့အတွက် ဘာမှမဖြစ်တော့ချေ။ ထို့ကြောင့် ငွေရှာရမည်၊ ပိုက်ဆံကောင်းကောင်းရှာရမည်။
ဤကာလအတွင်း ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်က ဆက်လက်တိုးတက်နေရာ ၎င်းတို့၏ စားသုံးမှုမှာလည်း အဆက်မပြတ်တိုးလာသည်။
သန်မာသောစွမ်းရည်ရှိသည့် ကျင့်ကြံသူသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့် လျင်မြန်စွာတိုးတက်စေရန်အတွက် တူညီသော အရင်းအမြစ်များလိုအပ်သည်။
ရီမိသားစု၏အဖွဲ့ဝင်များသည် အရည်အချင်းကောင်းလွန်းသဖြင့် ရီမိသားစုကျင့်ကြံသူများသုံးစွဲသည့် အရင်းအမြစ်များသည် အခြားမိသားစုများနှင့် နှိုင်းယှဉ်လျှင် အလွန်များပြား၏။
………..
အခန်း ၃၃၈ - ပျက်ဆီးခြင်းသွေးဆေးလုံးအသစ်၊ တန်ဖိုးဆယ်ဆ
အကယ်၍ ၎င်းတို့ ပိုက်ဆံသေချာမရပါက ဤမျှများပြားသော တပည့်များကို ထောက်ပံ့နိုင်လိမ့်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ရီမိသားစုတွင် ထူးခြားသောစွမ်းရည်များစွာရှိသေးသည်။
အရင်းအမြစ်များမလုံလောက်ပါက၊ ၎င်းတို့ကို အဓိက အင်အားစုကြီးများ၏အိတ်ကပ်ထဲမှ ထုတ်ယူနိုင်၏။ ချက်ချင်းပင် ရီမိသားစု၏ဘဏ္ဍာတိုက်ထဲ၌ သန်းပေါင်းများစွာသော ပျက်ဆီးခြင်းသွေးဆေးလုံးများ ပေါ်လာသည်။
ထို့နောက်တွင် ရီဖန်သည် ရီမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် ချင်ဧကရာဇ်မင်းဆက်နှင့် နတ်စုန်းဂိုဏ်းကဲ့သို့သော အဓိကအင်အားစုများကို ရှာဖွေခဲ့သည်။ သူ၏လက်ဝှေ့ယမ်းခြင်းဖြင့် ပျက်ဆီးခြင်းသွေးဆေးလုံး အများအပြားကို ၎င်းအင်အားစုများ၏ခေါင်းဆောင်များထံသို့ ပေးအပ်ခဲ့၏။
ယခုတွင် နတ်စုန်းဂိုဏ်း၏ဂိုဏ်းချုပ်ရီချင်သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်မဟုတ်လား။ ကိယ့်လူမျိုးများနှင့်ပတ်သက်လာလျှင် ရီဖန်က အမြဲတမ်းရက်ရောပါ၏။ မကြာမီတွင် ပျက်ဆီးခြင်းသွေးဆေးလုံးအပုံလိုက်ကို အင်အားစုကြီးများထံ ပေးပို့ခဲ့သည်။
စျေးနှုန်းနှင့်ပတ်သက်၍ ရီဖန်က ၎င်းတို့အတွက် ထောက်ပံ့ရန် ဆန္ဒရှိသည်။ ထိုအင်အားစုများလက်ခံလျှင် ရီဖန်က အလကားပင်ပေးချင်သည်။
ကံမကောင်းစွာဖြင့် ရီဖန်တန်ဖိုးထားသည့်အင်အားစုများက ထိုကဲ့သို့ခြွင်းချက်မရှိ လက်ခံသောသူများမဟုတ်ကြချေ။ ရီဖန်က စျေးသက်သက်သာသာနှင့် ကမ်းလှမ်းလျှင်ပင် ၎င်းတို့လက်ခံနိုင်ရန်အတော်ပြောယူရမည်။
ပျက်ဆီးခြင်းသွေးဆေးလုံးကိုအသုံးပြုပြီးနောက် သူ၏လက်အောက်ငယ်သားများ တဖြည်းဖြည်း အင်အားပြည့်လာသည်ကိုမြင်မှသာ ချင်ဧကရာဇ်သည် သက်ပြင်းတစ်ချက်ချနိုင်၏။
သာမန်အင်အားစုများနှင့် နှိုင်းယှဉ်ပါက၊ နတ်မင်းဆက်များသည် ကျင့်ကြံသူများပိုများသောကြောင့် ပျက်စီးမှုအများဆုံးဖြစ်သည်။ ဤအတောအတွင်း ချင်ဧကရာဇ်သည် အံကြိတ်ကာ ဆက်လက်တောင့်ခံနေခဲ့ရသည်။
နောက်ဆုံးတွင် မျှော်လင့်ချက်ကိုမြင်လိုက်ရပြီဖြစ်ရာ ချင်ဧကရာဇ်သည် အလွန်စိတ်အေးလက်အေး ဖြစ်သွားရှာ၏။ ယခုတစ်ကြိမ် ရီဖန်၏ ဝင်ရောက်စွက်ဖက်မှုမရှိပါက ပန်ကုစကြဝဠာ၏ ဆုံးရှုံးမှုသည် ပို၍ကြီးမားလာမည်ဖြစ်ကြောင်း သူကောင်းစွာသိသည်။
ရီမိသားစုသည် ပန်ကုစကြာဝဠာကို နှစ်ကြိမ်တိုင်အောင် ကယ်တင်ခဲ့သည်။ ကံမကောင်းစွာပဲဖြင့် ဤမိသားစုများက ကျေးဇူးသိတတ်ပုံမရချေ။
ပန်ကုစကြဝဠာက ပိုတာဝန်ယူရမယ့် အချိန်ရောက်လေပြီ။
ရီဖန်သည် ချင်ဧကရာဇ်ထံသို့ သူ တန်ဖိုးမြင့်စွာဖြင့် ရောင်းချလိုသည့်ရည်ရွယ်ချက်ကို ပြောပြခဲ့ရာ တစ်ဖက်ကလဲ ငြင်းဆိုခြင်းမရှိချေ။ အကယ်၍ ၎င်းတို့က ကျေးဇူးမသိတတ်လျှင်၊ အဘယ်ကြောင့် နောက်ထပ်အကျိုးခံစားခွင့်များ ပေးရမည်နည်း။
ကျင့်ကြံသူအများအပြား လျင်မြန်စွာပြန်လည်ကောင်းမွန်လာသော သတင်းက လျစ်လျူရှုရန် အနည်းငယ်ခက်ခဲသည်။ များမကြာမီတွင်၊မဟာချင်မင်းဆက်နှင့် နတ်စုန်းဂိုဏ်းကဲ့သို့သော အင်အားစုကြီးများအတွင်း ဖြစ်ပျက်မှုများက ပန်ကုစကြာဝဠာ၏ အဓိကအင်အားစုအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ရီဖန်ပြန်လည်ရောက်ရှိလာခြင်းနှင့် ၎င်းကို ပေါင်းစပ်လိုက်သောအခါ ဤပျက်ဆီးခြင်းသွေးဆေးလုံးများသည် ရီမိသားစုမှဖြစ်ကြောင်း လျင်မြန်စွာခန့်မှန်းမိကြ၏။ ရီဖန်၏လုပ်ဆောင်နိုင်စွမ်းအပေါ်တွင် မည်သူကမှ သံသယမရှိကြချေ။ လက်ရှိ ပန်ကုစကြဝဠာတွင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ကို ကိုင်တွယ်နိုင်သည့် တစ်ဦးတည်းသော ဆေးပညာရှင်မှာ ရီဖန်ဖြစ်သည်။
များမကြာမီတွင် အင်အားစုများသည် ပျက်ဆီးခြင်းသွေးဆေးလုံးများကိုဝယ်ယူရန်အတွက် ရီမိသားစုထံသို့ ရောက်လာသည်။
သို့သော် ပျက်ဆီးခြင်းသွေးဆေးလုံး၏စျေးနှုန်းကိုမြင်သောအခါ၊ ၎င်းတို့အားလုံး အံသြသွားကြသည်။ နောက်ဆုံးအကြိမ်က ပျက်ဆီးခြင်းသွေးဆေးလုံး၏စျေးနှုန်းကို ရီဖန်ကများစွာမယူခဲ့ချေ။ သို့သော် ဤတစ်ကြိမ်တွင် ဈေးသည်ဆယ်ဆမျှ တက်သွား၏။
"ဆရာကြီး၊ ဒီဈေးက အရမ်းမကြီးဘူးလား"
အင်အားစုတစ်ခု၏ ခေါင်းဆောင်ဖြစ်သူက ရီကျင်းထျန်ကို မေးသည်။
ဤအကြိမ်ရောင်းချမှုကို တာ့ယွီနတ်မင်းဆက်က ကိုင်တွယ်ရန် မသင့်လျော်သောကြောင့် ၎င်းကို အရွက်တစ်ထောင်ဆေးခန်းက စီမံခန့်ခွဲခဲ့သည်။ ယခု ပန်ကုစကြဝဠာတစ်ခုလုံးတွင် ပျံ့နှံ့နေသော အရွက်တစ်ထောင်ဆေးခန်းက ပျက်ဆီးခြင်းသွေးဆေးလုံးအသစ်ကို ရောင်းချခြင်းက ပိုမှန်လိမ့်မည်။
"မဟုတ်ဘူး၊ ဈေးမကြီးဘူး။ ကုန်ကျစရိတ်ကများမှတော့ ဈေးများမှာပေါ့” နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့သော ရီကျင်းထျန်က မဆိုင်းမတွပြန်ဖြေလိုက်သည်။
"သခင်ရီ၊ မင်းတို့မိသားစုက ငါတို့ကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။"
ရီကျင်းထျန်၏စကားကို ကြားလိုက်ပြီးနောက် ထိုအင်အားစုများမှာ ချက်ခြင်းပင် မကျေမနပ်ဖြစ်သွားကြ၏။ ဤတန်ဖိုးက ၎င်းတို့အသားကို လှီးနေသကဲ့သို့ပင်။ ယခင်ကစျေးအလွန်နည်းလှသည်ဖြစ်ရာ ယခုချိန်တွင် မည်သူက စျေးပိုပေးချင်မည်နည်း။
"သခင်ရီ၊ မင်းမိသားစုရဲ့ ပျက်ဆီးခြင်းသွေးဆေးလူံးက အရင်တစ်ခေါက်ကတောင် တော်တော်စျေးသက်သာတာပဲ၊ ဘာလို့အခုမှ ဈေးတက်ရတာလဲ!"
"ဟုတ်တယ် ဘာလို့ဈေးတက်တာလဲ"
၎င်းတို့၏ဆန္ဒပြမှုကိုကြားသောအခါ ရီကျင်းထျန်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုပေါ်လာသည်။
"ဘာလို့လဲဆိုတော့၊ ငါတို့ရဲ့ ရီမိသားစုက ပျက်ဆီးခြင်းသွေးဆေးလုံးကို တီထွင်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ ကြိုက်ရင်ဝယ်၊ မဝယ်ချင်ရင် ထွက်သွားကြ!"
ရီကျင်းထျန်နောက်တွင် တာအိုဘိုးဘေးဟွမ်လောင်စန်း၏ရောင်ဝါ ထွက်ပေါ်လာကာ ဆူပူနေသော ဂိုဏ်းချုပ်များကိုလွှမ်းမိုးထားသည်။ ဟွမ်လောင်စန်း၏ ရောင်ဝါအောက်တွင် ၎င်းအင်အားစုများသည်လည်း ရုတ်တရက် ငြိမ်သက်သွားကြ၏။ ဤနေရာသည် ရီမိသားစု၏ အရွက်တစ်ထောင်ဆေးခန်းဖြစ်ကာ ၎င်းတို့အရှုပ်လုပ်နိုင်မည့် နေရာမဟုတ်ပါ။
"ဟမ့် ဘယ်သူကမှ ရီမိသားစုကို အရာသွင်းတော့မယ်လို့ မထင်ပါဘူး!"
"အမှန်ပဲ၊ စစ်ပွဲကနေ အမြတ်ထုတ်ချင်နေတာ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး!"
၎င်းတို့လိုချင်သည့် ရလဒ်များမရသည့်အခါတွင် ၎င်းတို့၏မျက်နှာဆိုးကြီးများ ချက်ချင်းပေါ်လာ၏။
ထိုအင်အားစုကြီးများ၏ ခေါင်းဆောင်များမှာ ဒေါသတကြီး ထွက်ခွါသွားကြသည်။
သူတို့၏အဆင့်အတန်းကို သိသောကြောင့် ရီမိသားစုကို စိတ်ပြောင်းစေမည့် နည်းလမ်းမရှိကြောင်း၊ ပိုမိုအားကောင်းသော အင်အားစုများ၏ အကူအညီကိုသာ ရယူရမည်ဖြစ်ကြောင်း သူတို့သိရှိကြသည်။
ပျက်ဆီးခြင်းသွေးဆေးလုံး၏စျေးနှုန်းသည် ဆယ်ဆတိုးလာသောကြောင့် လုံးဝမဝယ်ချင်ကြပေ။ သူတို့၏အမြင်တွင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့သည် ပန်ကုစကြဝဠာတစ်ခုလုံးအတွက် အဓိကကိစ္စဖြစ်သောကြောင့် ရီမိသားစုကလည်း ၎င်းတို့ကို အခမဲ့ပေးသင့်သည်ဟူ၍ တွေးထင်ကြသည်။
အလကားမပေးလျှင်ပင် စျေးနှုန်းက ယခင်အတိုင်းသာရှိသည့်၏။ စျေးနှုန်းတိုးကောက်ခြင်းက
ရီမိသားစု၏အပြစ်သာဖြစ်သည်။
ပျက်ဆီးခြင်းသွေးဆေးလုံး၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကုန်ကျစရိတ်နှင့် ရီမိသားစုမှ သုံးစွဲရသည့် အရင်းအမြစ်များနှင့်ပတ်သက်၍ ၎င်းတို့သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ချေ။ ၎င်းတို့၏ တစ်ခုတည်းသောအကျိုးစီးပွားမှာ အမြတ်ဖြစ်သည်။
မကြာမီတွင် ပျက်ဆီးခြင်းသွေးဆေးလုံးများ စျေးတက်သွားသည့် သတင်းက ပျံ့နှံ့လာခဲ့သည်။
ပျက်ဆီးခြင်းသွေးဆေးလုံး၏စျေးနှုန်းသည် ဆယ်ဆတက်သွားကြောင်းကြားသောအခါ အင်အားစုများစွာက မနေနိုင်ကြတော့ဘဲ ရီမိသားစုကို လောဘကြီးသည်ဟု စွပ်စွဲကာ ဈေးလျှော့ခိုင်းကြတော့သည်။
ထိုစွပ်စွဲချက်များနှင့် ရင်ဆိုင်ရသည်ကို ရီမိသားစုက လုံးဝဂရုမစိုက်နေချေ။ ရီမိသားစု၏ ရပ်တည်ချက်က အလွန်ရှင်း၏။ လိုချင်ရင် ဝယ်လိုက်ပါ။ မလိုချင်ရင် ဖယ်လိုက်ပါ။ ၎င်းတို့က ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ရီဖန်အတွက် ကြီးကြီးမားမား ထိခိုက်စေခြင်းမရှိချေ။
ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်မှုက ရီမိသားစုအပေါ် သက်ရောက်မှုမရှိသည်ကို မြင်သောအခါ ၎င်းတို့က တခြားတစ်ခုကို အာရုံပြောင်းလိုက်ကြသည်။ ဥပမာ တာ့ယွီနတ်မင်းဆက်ကို အပြစ်တင်ခြင်းနှင့် ရီမိသားစုနှင့် ဆက်စပ်နေသော အင်အားစုများကို အခက်အခဲဖြစ်စေခြင်းကဲ့သို့သော ကိစ္စများ။
သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ကျောင်းတော်ကဲ့သို့သော နေရာများက ရီမိသားစု၏အင်အားစုများဖြစ်သည်မှာ ထင်ရှား၏။ ၎င်းတို့သည် အမြဲတမ်း သိုသိပ်စွာနေထိုင်လျက် အမှီအခိုကင်းစွာဖြင့်ဖွံ့ဖြိုးတိုးတက်လာကြသည်။
ရီမိသားစုကြောင့်သာမဟုတ်ပါက ထိုနှစ်နေရာကို လူအများက လျစ်လျူရှုထားကြလိမ့်မည်။
"ရီကျင်းဟိုင်၊ မင်းရဲ့ ရီမိသားစုက အရမ်းလွန်နေပြီ။ ငါတို့ မင်းနဲ့မရပ်တည်နိုင်တော့ဘူး"
"အရွက်တစ်ထောင်ကျောင်းတော်က ရီမိသားစုရဲ့ ကျောင်းတော်လား။ ဒီလို ကျောင်းတော်က ကျောင်းသားကောင်းတွေ ဘယ်လို မွေးထုတ်ပေးနိုင်မှာလဲ၊ ငါတို့ နှုတ်ထွက်တော့မယ်!"
အင်အားစုကြီးများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် နှစ်ဖက်အင်အားစုများတွင် စတင်မငြိမ်မသက်ဖြစ်လာသည်။
"အစ်ကိုကျင်းဟိုင်၊ ငါတို့ ဒါကို ဘယ်လိုကိုင်တွယ်ကြမလဲ"
အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်က ရီကျင်းဟိုင်ကို မေးသည်။
“ငါတို့က သူတို့ကို ဘာလို့ကိုင်တွယ်ရမှာလဲ၊ သူတို့က ထွက်သွားချင်ရင် ဘာလို့တားနေရမှာလဲ။ ဒါက အကွက်ချောင်းနေတဲ့သူတွေကို ဖယ်ထုတ်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ”
ရီမိသားစု၊ တာ့ယွီနတ်မင်းဆက်တို့နှင့် နှိုင်းယှဉ်ပါက သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ကျောင်းတော်၏ အဖွဲ့ဝင်များသည် ပိုမိုရှုပ်ထွေးကြောင်းထင်ရှားကာ သူလျှိုများစွာလည်းရှိသည်။ ဤအချိန်က ၎င်းတို့အားလုံးကို သုတ်သင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
ရီကျင်းဟိုင်နှင့် အရှေ့ကျောက်ညီအစ်ကိုများက မတုံ့ပြန်သောကြောင့် ထိုအင်အားစုများက ၎င်းတို့ကြောက်လန့်သွားသည်ဟုထင်ကာ ပို၍ပင်မာန်တက်လျက် မဆင်မခြင်ပြုလုပ်လာကြသည်။
ထို့နောက် နှစ်ဖက်အင်အားစုများက အကြီးအကဲများက ရုတ်တရက် အရေးယူလိုက်ကာ ထိုတပည့်များမှာ ဒုက္ခရောက်ကြတော့သည်။ ၎င်းတို့ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များသုံးစွဲရန် လိုအပ်သည်။
ရီကျင်းဟိုင်က ၎င်းတို့အတွက် ရွေးချယ်စရာနှစ်လု ပေးခဲ့သည်။ ဤနှစ်များအတွင်း သူတို့သုံးစွဲခဲ့သည့် အရင်းအမြစ်များကိုပြန်ပေးရန်၊ သို့မဟုတ် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များကိုဖျက်ဆီးပြီး ဂိုဏ်းကထုတ်ပယ်ခြင်းခံရန်ဖြစ်သည်။
ထိုတပည့်များမှာ နောက်ဆုံးတွင် စစ်မှန်သောကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ လိမ်လည်လှည့်ဖြားမှုနှင့် အကျိုးကျေးဇူးများ၏သွေးဆောင်မှုကြောင့် ပြဿနာအိုးကို တုတ်နှင့်ထိုးမိသွားကြသည်။
သို့သော်လည်း ၎င်းတို့ကျင့်ကြံရေးအတွက် အင်အားစုနှစ်ခုမှ အသုံးပြုသည့် အရင်းအမြစ်များနှင့်နှိုင်းယှဉ်ပါက ထိုအကျိုးကျေးဇူးများက သိသိသာသာ နည်းသည်။
မူလက ဤအရာများအတွက် ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ယခင်က သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ကျောင်းတော်သည် ဂိုဏ်းနှင့်ပက်သက်၍ မကျေမနပ်ဖြစ်သည့် တပည့်များကိုဆန့်ကျင်ခြင်း သို့မဟုတ် ဂိုဏ်းအတွက်အကြံပြုချက်ပေးခြင်းကို ဆန့်ကျင်ခြင်းမရှိပေ။
၎င်းတို့အင်အားစုနှစ်ခု၏ ဖြေလျော့ပေးမှုများက တပည့်များ၏သတ္တိကို မြှင့်တင်ပေးကာ အာဏာသိမ်းရန်ကြိုးပမ်းသည်အထိ အလိုလိုက်ပေးခဲ့သည်။
သို့သော် အင်အားစုနှစ်ခုကစတင်၍ ပြင်းထန်စွာအရေးယူလာကြသည့်အခါတွင်
ယခင်က ၎င်းတို့၏လုပ်ပိုင်ခွင့်များမှာ ဂိုဏ်းက ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
အကယ်၍ဂိုဏ်းက စွန့်ပယ်ရန် ဆုံးဖြတ်လိုက်သည်နှင့် ၎င်းတို့သည် ဘာမှမဟုတ်တော့ချေ။
"ဂိုဏ်းချုပ် ကျွန်တော်တို့မှားသွားပါတယ်။ ကျွန်တော်တို့ကို တစ်ယောက်ယောက်က လှည့်စားခဲ့လို့ပါ!"
"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးပါဦး!"
ရာနှင့်ချီသော တပည့်များက ပင်မတောင်ထွတ်၏ခြေရင်းတွင် ဒူးထောက်ကာ ရီကျင်းဟိုင်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် တောင်းဆိုကြသည်။ ကံမကောင်းစွာဖြင့် ရီကျင်းဟိုင်က ၎င်းတို့ကို နောက်ထပ်အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိခဲ့ချေ။ ၎င်းတို့ရွေးချယ်ရန် သုံးရက်ခန့် အချိန်ရသည်။ ၎င်းတို့မရွေးနိုင်ပါက ရီကျင်းဟိုင်က ၎င်းတို့အတွက် ရွေးပေးမည်ဖြစ်သည်။
တစ်ဖက်တွင် အရွက်တစ်ထောင်ကျောင်းတော်၏ အခြေအနေမှာလည်း အတူတူပင်ဖြစ်ကာ တပည့်များသည် ဆုံးဖြတ်ချက်ချရန်လိုအပ်နေကြ၏။ သုံးရက်ကြာပြီးနောက် အံ့သြစရာမရှိဘဲ ထိုတပည့်များအားလုံးသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ဖယ်ရှားခံရကာ ဂိုဏ်းမှနှင်ထုတ်ခံခဲ့ရသည်။
၎င်းတို့သည် ဂိုဏ်း၏ကျင့်ကြံမှု၌သာ ပျော်မွေ့နေသည့်အပြင် အကြံအစည်းဆိုးများပါ ရှိနေပါက ထိုကဲ့သို့သော တပည့်များကို ခေါ်ထားရန်အကြောင်းမရှိပေ။ ၎င်းတို့ကို နှင်ထုတ်ခြင်းက အင်အားစုကြီးနှစ်ခုကို မထိခိုက်စေဘဲ ထိုအစား ၎င်းတို့ကို ပိုမိုစည်းလုံးလာစေခဲ့သည်။
…….
အခန်း ၃၃၉ - အဲတာက ရီဖန်မဟုတ်ရင်တော့ ငါကိုယ်တိုင်ဖြေရှင်းလိုက်မယ်
အင်အားစုနှစ်ခုအပေါ် သက်ရောက်မှုမရှိခြင်းက အခြားအင်အားစုအားလုံးကို ဆောက်တည်ရာမရဖြစ်လာစေသည်။ ပျက်ဆီးခြင်းသွေးဆေးလုံးများဝယ်ယူရန် စျေးနှုန်း ဆယ်ဆပေးဆောင်ရမည်လား။
ပျက်ဆီးခြင်းသွေးဆေးလုံးသည် အင်အားစုတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ မဝယ်ဘူးဟုပြောရန်အတွက် သူတို့ထံတွင် ယုံကြည်ချက်မရှိကြချေ။
တစ်ဖက်တွင် ရီဖန်ကို ဈေးလျှော့ခိုင်းရန် ဖိအားပေးမှုများကိုရင်ဆိုင်နေရသော ဗောဓိဘိုးဘေးကလည်း ၎င်းတို့ကို လုံးဝလျစ်လျူရှုခဲ့သည်။
ယခုအခါတွင် ဗောဓိဘိုးဘေးသည် ပန်ကုစကြာဝဠာတစ်ခုလုံးသို့ အမှန်တကယ် ဆင်းသက်လာပြီဖြစ်သည်။ သူ၏ကျင့်ကြံမှုအဆင့်ကိုသာ ဖော်ထုတ်လိုက်ပါက ပန်ကုစကြဝဠာတစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်သည်။
သို့သော် ဗောဓိဘိုးဘေးက သူ၏ကျင့်ကြံမှုအဆင့်ကို မထုတ်ဖော်ရန်သာ ရွေးချယ်ခဲ့၏။ ၎င်းကို ဖုံးကွယ်ထားခြင်းက ပိုအသုံးဝင်နိုင်သည်။
…..
မည်သည့်နည်းလမ်းမှ ထိရောက်မှုမရှိခဲ့ပါက စျေးနှုန်းအပြည့်ဖြင့် ဝယ်ယူရန် နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။ ပျက်ဆီးခြင်းသွေးဆေးလုံး၏ အရေးပါမှုက အလွန်ကြီးမားသောကြောင့် အလွန်စျေးကြီးလျှင်ပင် ဝယ်ယူရမည်။
သူတို့က ထိုစျေးဖြင့် ဝယ်ယူရန်မလိုလားသည့်တိုင်ပေါင် ပျက်ဆီးခြင်းသွေးဆေးလုံးကို မဝယ်ဘဲနှင့် မနေနိုင်ကြချေ။ ၎င်းက လက်ဝါးကြီးအုပ်အမြတ်ထုတ်ခြင်း၏ ကောင်းချီးတစ်ခုဖြစ်သည်။ ထို့နောက်တွင် ရီမိသားစုထံသို့ အမှာစာများ တစ်သုတ်ပြီးတစ်သုတ် ရောက်လာသည်။
ရီမိသားစုသည် ပျက်ဆီးခြင်းသွေးဆေးလုံး အနည်းငယ်ကို အသင့်သိုလှောင်ထားပြီးဖြစ်သော်လည်း ဝယ်လိုအားများလာသောကြောင့် မလုံလောက်တော့ချေ။ နောက်ဆုံးတွင် ဦးစွာရောက်ရှိလာသူများကို ဦးစားပေးကာ၊ နောက်မှရောက်ရှိလာသူများက အလှည့်ကျစောင့်ရသည်။ သို့သော်လည်း ထိုအင်အားစုများက စောဒကတက်ရန်ပင် မဝံ့ရဲကြချေ။
တကယ်တမ်းတွင် ရီမိသားစုသည် အလွန်လွမ်းမိုးထားပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့က မကျေမနပ်ဖြစ်ပြီး ပျက်ဆီးခြင်းသွေးဆေးလုံးကို ရောင်းရန်ငြင်းဆိုပါက မည်သို့ဖြစ်မည်နည်း။ ရီမိသားစုသည် ယခုအချိန်တွင် ထိုသို့လုပ်ဆောင်ရန် သတ္တိရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ယုံကြည်ကြ၏။ ၎င်းတို့သည် ရီမိသားစုကို မထိန်းချုပ်နိုင်သော်လည်း ရီမိသားစုက သူတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
တစ်ဖက်တွင် လူတစ်စုသည် ပျက်ဆီးခြင်းသွေးဆေးလုံးများဝယ်ရန် ရည်ရွယ်လျက် အရွက်တစ်ထောင်ဆေးခန်းသို့ ရောက်ရှိလာသည်။ ပျက်ဆီးခြင်းသွေးဆေးလုံးများရောင်းချခြင်းအတွက် တာဝန်ရှိသော ရီမိသားစုမှကျင့်ကြံသူက သူတင်ပြသည့် အချက်အလက်ကို တစ်ချက်ကြည့်ပြီးနောက်
"ပျက်ဆီးခြင်းသွေးဆေးလုံးများကို ဝယ်ယူရန် အရည်အချင်းမရှိ" ဟု ရှင်းလင်းစွာပြောကြားလိုက်သည်။
ရီမိသားစုမှကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် အမည်ပျက်စာရင်းကို မှတ်သားထားပြီးဖြစ်သည်။ ရီဖန်က ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရီမိသားစုကိုဆန့်ကျင်သည့် အင်အားစုများအားလုံးကို အမည်ပျက်စာရင်းထဲသို့ ထည့်သွင်းထားသည်။ ရီမိသားစုသည် ငွေရှာရန် အလုပ်များနေပြီး ၎င်းတို့နှင့် ရင်ဆိုင်ဖြေရှင်းခြင်းမရှိသောကြောင့် ရီမိသားစုက ၎င်းတို့အကြောင်း မေ့သွားခြင်းဖြစ်သည်ဟု မဆိုလိုချေ။
"ဘာလဲ? ငါတို့ဝယ်လိူ့မရဘူးလား၊ ငါတို့က ဘာလိူ့ ဝယ်လို့မရရမှာလဲ!"
အငြင်းခံလိုက်ရသည့် အင်အားစု၏ခေါင်းဆောင်က ချက်ချင်းပင် ဒေါသထွက်သွားသည်။ ပျက်ဆီးခြင်းသွေးဆေးလုံးများ မလိုအပ်သော ပန်ကုစကြဝဠာမှ အင်အားစုအနည်းငယ်မှလွဲ၍ အားလုံးသည် ၎င်းတို့အတွက် စာနာဝမ်းနည်းသွားကြ၏။
ယခု ၎င်းတို့ကို မရောင်းချပါက ၎င်းတို့၏ အင်အားစုအတွင်းရှိ ပျက်ဆီးခြင်းနတ်ဆိုးအရေအတွက် ဆက်လက်တိုးလာသည်ကိုသာ စောင့်ကြည့်နိုင်မည်ဖြစ်သည်။ ၎င်းက ၎င်းတို့အသက်ပေးရန်စောင့်ဆိုင်းနေရခြင်းကဲ့သို့ ဖြစ်လိမ့်မည်။
"မင်းလုပ်ခဲ့တာတွေကို မေ့သွားပြီလား"
ရီမိသားစုမှကျင့်ကြံသူ၏ အေးစက်သောမျက်လုံးများက သူ့အပေါ်သို့ ကျရောက်လာကာ ထိုသူ၏ဒေါသကို လုံးဝဂရုမစိုက်ချေ။
ရီမိသားစုမှကျင့်ကြံသူ၏ စကားကိုကြားသောအခါ ဝယ်ယူမည့်ကိုယ်စားလှယ်က ချက်ချင်းပင် ဆွံ့အသွား၏။ ၎င်းတို့၏ အင်အားစုများက မည်သည့်အရာများပြုလုပ်ထားသည်ကို သူတို့သိသောကြောင့်၊ ထိုစကားကို ချေပနိုင်စွမ်း မရှိတော့ချေ။
အခြားသောကျင့်ကြံသူများသည် ထိုစကားများကိုကြားပြီးနောက် အနည်းငယ်မျှတသလို ခံစားလိုက်ရသည်။ သူတို့အတွက် စျေးတက်လာသော်လည်း အနည်းဆုံးတော့ ပျက်ဆီးခြင်းသွေးဆေးလုံးများကို ဝယ်ယူနိုင်သေးသည်မဟုတ်လား။
ပျက်ဆီးခြင်းသွေးဆေးလုံးများကို မဝယ်နိုင်သည့် ထိုအင်အားစုများနှင့် နှိုင်းယှဉ်လျှင် သူတို့ကအများကြီး ပိုကောင်း၏။ ၎င်းကိုကြည့်ခြင်းအားဖြင့် ရီမိသားစုက အလွန်သဘောကောင်းပုံရသည်။
ချက်ချင်းပင် ထိုအင်အားစုများသည် ပျက်ဆီးခြင်းသွေးဆေးလုံးများဝယ်ယူခြင်းအတွက် စိတ်အားထက်သန်မှုမြင့်တက်လာခဲ့ကာ ၎င်းတို့သည် အခွင့်ကောင်းယူခံရသည်ဟု မခံစားရတော့ပေ။
ရီဖန်၏ မောင်းထုတ်ခြင်းခံလိုက်ရသော ကျင့်ကြံသူများက စိတ်မသက်မသာ ခံစားလိုက်ရသော်လည်း လိုအပ်သော ပျက်ဆီးခြင်းသွေးဆေးလုံးများကို မရယူနိုင်ပါက ဒုက္ခများလိ့မ်မည်။ သို့သော်လည်း ၎င်းတို့သည် ရီမိသားစုကို ဒုက္ခမပေးဝံ့ဘဲ အမြီးကုပ်လျက် ဂိုဏ်းသို့ပြန်သွားရသည်။
ယခင်က ကြောက်ရွံ့သောကြောင့် တာ့ယွီမင်းဆက်၏နယ်မြေမှ တိမ်းရှောင်လာသော အင်အားစုများက ယခုအခါတွင် တစ်နေရာ၌ စခန်းချကာ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကို ရှာဖွေနေကြသည်။
ရီမိသားစုက ၎င်းတို့ကို ပျက်ဆီးခြင်းသွေးဆေးလုံးများ ရောင်းမည်မဟုတ်ကြောင်း သိလိုက်ရသည့်အခါတွင် ၎င်းတို့အားလုံး မငြိမ်မသက်ဖြစ်သွားကြသည်။
"မဟုတ်ဘူး၊ ငါတို့အစား မရင်းနှီးတဲ့ ကျင့်ကြံရေးသမားတချို့ကိုများ ဝယ်ခိုင်းသင့်သလား"
ဂိုဏ်းခေါင်းဆောင်တစ်ဦးက အကြံပြုသည်။
"
ရီမိသားစုက ရူးနေတယ်ထင်လို့လား"
ပင်လယ်နဂါးတာအိုဘိုးဘေးက မျက်လုံးလှန်မကြည့်ဘဲမနေနိုင်တော့ချေ။ ရီမိသားစု၏စွမ်းရည်ဖြင့် ၎င်းတို့ဝယ်ယူခြင်းဟုတ်မဟုတ် ဆုံးဖြတ်ရန်မှာ လွယ်ကူသည်။
"ရီမိသားစုကို တောင်းပန်နိုင်မလား၊ ဒါမှမဟုတ် သူတို့ကို ကိုယ်ကျင့်တရားနဲ့ပဲ ချည်နှောင်ရမလား၊ ဖြေရှင်းချက်တစ်ခုပဲရှိတော့တယ်"
ပင်လယ်နဂါးတာအိုဘိုးဘေးက ထ်ုနည်းလမ်းများအပေါ်တွင် ယုံကြည်မှုမရှိသော်လည်း ၎င်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ဘေးကင်းစေရန်အတွက် နှစ်မျိုးစလုံးကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ပျက်ဆီးခြင်းသွေးဆေးလုံးများသည် အလွန်အရေးကြီး၏။ ကျင့်ကြံသူတစ်ဦးကျင့်ကြံရာတွင် အချိန်နှင့် အရင်းအမြစ်များစွာ လိုအပ်သော်လည်း ထိုကျင့်ကြံသူသည် နတ်ဆိုးမျိုးစေ့မှ ကူးစက်ခံရရန် အချိန်တစ်ခဏသာကြာသည်။ ယခုအခါတွင် နတ်ဆိုးမျိုးစေ့များ မည်မျှရှိသည်ကို သတိပြုမိနိုင်သည့်အပြင် ၎င်းတို့ကို လုံးဝရှောင်လွှဲ၍မရဘဲ ကူးစက်ခံနေရသည်။
တစ်ဖက်က အင်အားလျော့နည်းလာပြီး တစ်ဖက်က အင်အားတိုးလာသည်နှင့်အမျှ ၎င်းတို့သည်တစ်နေ့တွင် ရီမိသားစုက လက်တစ်ချောင်းမ၊စရာမလ်ိုဘဲ နတ်ဆိုးမျိုးစေ့ထံကျရှုံးသွားကြရလိမ့်မည်။ ဘိုးဘေးနယ်မြေရှိ ကျင့်ကြံသူအနည်းငယ်ကသာ ထိုအရာများကို ရှောင်လွှဲနိုင်လိမ့်မည်။
သို့သော် ၎င်းတို့၏ အင်အားစုများကို စွန့်လွှတ်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရန်မှာ ၎င်းတို့မလုပ်နိုင်သည့်အရာဖြစ်သည်။ ဤနှစ်များအတွင်း အဖြစ်အပျက်များအားလုံးက ကြီးမြတ်သောခေတ်တစ်ခုရောက်ရှိလာတော့မည်ဖြစ်ကြောင်းကို ပြသနေ၏။
၎င်းတို့၏အရည်အချင်းများနှင့် ကျောထောက်နောက်ခံများ မရှိပါက၊ ထိုခေတ်ကြီးထဲတွင် အလွယ်တကူရပ်တည်နိုင်ရန် အခွင့်အရေးရလိမ့်မည်မဟုတ်ချေ။
တာ့ယွီနတ်မင်းဆက်အပေါ် လှုပ်ရှားရန် စွန့်စားရသည့် အကြောင်းရင်းမှာ ကြီးမြတ်သောခေတ်ကြီးတွင် ၎င်းတို့၏ဂိုဏ်းခွဲများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် နေရာတစ်နေရာစာကို လုံခြုံအောင် ပြုလုပ်ထားလိုသောကြောင့်ဖြစ်၏။
အထွတ်အထိပ်တာအိုဘိုးဘေးအဆင့်ရှိ ကျင့်ကြံသူသည် ယခုအချိန်တွင် အလွန်အစွမ်းထက်ပုံပေါ်သော်လည်း အမှန်တကယ်စွမ်းအားရှင်များရှေ့တွင် ၎င်းတို့သည် ဘာမှမဟုတ်တော့ချေ။
ပင်လယ်နဂါးတာအိုဘိုးဘေးသည် ၎င်းအကြံကို စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိချေ။ သူ့အကြည့်မထားက သူ့ပတ်ဝန်းကျင်ရျှ များပြားလှသော စွမ်းအားရှင်ခေါင်းဆောင်များအပေါ်တွင် ကျရောက်နေ။ ထိုအင်အားစုခေါင်းဆောင်များအားလုံးကို ပေးဆပ်ရလျှင်ပင် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရလိမ့်မည်။
……….