← Chapters

အခန်း ၃၄၀-၃၄၂

Vol. 23 Ch. 340-342

အခန်း ၃၄၀-၃၄၂

Vol. 23 Ch. 340-342

အခန်း ၃၄၀ - အဲတာက ရီဖန်မဟုတ်ရင်တော့ ငါကိုယ်တိုင်ဖြေရှင်းလိုက်မယ်

သို့မဟုတ်ပါက အထွတ်အထိပ်တာအိုဘိုးဘေးဖြစ်သူ ပင်လယ်နဂါးတာအိုဘိုးဘေးသည် သူ့အကြံအစည်များအတွက် အထောက်အကူမဖြစ်မည့် ဤသတ္တဝါများကို အဘယ်ကြောင့် ခေါ်ဆောင်လာမည်နည်း။ ၎င်းတို့အားလုံးက ပင်လယ်နဂါးတာအိုဘိုးဘေး ကိုယ်တိုင်အတွက်သာဖြစ်သည်။

ထိုအချိန်တွင် ပျက်ဆီးခြင်းဂိုဏ်း၏ဌာနချုပ်၌ အရိုးဘိုးဘေးသည် ခက်ခဲသောအချိန်ကာလကိုဖြတ်သန်းနေရသည်။ ရီဖန်ပြန်လာသည့်သတင်းကို အရိုးဘိုးဘေးကြားသည့်အချိန်မှစ၍ ကျင့်ကြံရန်စိတ်ကူးမရှိတော့ချေ။ သူ၏ကျင့်ကြံမှုက မည်မျှပင်အားကောင်းနေပါစေ ရီဖန်ကို အနိုင်ယူနိုင်မည်လား။

ရီဖန်က ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ပြန်လာနိုင်သည်ဟူသည့်အတွေးက အရိုးဘိုးဘေး၏ယုံကြည်မှုကို ပျောက်ဆုံးသွားစေ၏။ သူမတိုက်ခိုက်လိုပါက အဘယ်ကြောင့်ကျင့်ကြံနေရဦးမည်နည်း။

"ရီဖန် မင်းတကယ်သေသင့်တာ"

အရိုးဘိုးဘေးက ရန်ဟွမ်ကမ္ဘာသို့ အပြေးအလွှားသွားကာ ရီဖန်ကိုသတ်ပစ်ရန် ဆန္ဒရှိသော်လည်း သူမလုပ်နိုင်ကြောင်းကို သိ၏။

"သတင်းပို့ပါတယ် ဂိုဏ်းချုပ်၊ ပျက်ဆီးခြင်းသွေးဆေးလုံးက အဆင်သင့်ဖြစ်နေပါပြီ"

ဘမ်း!

ထောက်လှမ်းရေးသမားက စိတ်ပျက်အားငယ်နေသော အရိုးဘိုးဘေးကိုချန်ထားခဲ့ပြီး ပြန်ထွက်သွားသည်။ ရီဖန်ပြန်လာသည်နှင့် ဘာကောင်းကျိုးမှပေးမည်မဟုတ်ကြောင်းကို အရိုးဘိုးဘေးသိထားသည်။

ရီဖန်ပြန်လာသည်နှင့် သူသေချာစီစဉ်ထားခဲ့သည့် ပျက်ဆီးခြင်းသွေးဆေးလုံး ဒုတိယအဆင့်ကို ဖြေရှင်းနိုင်ခဲ့သည်။

ရီဖန်အနေနှင့် အခက်အခဲတစ်ခုခုကို ပြခဲ့မည်ဆိုလျှင်ပင် ဒီအတွက် သူထိုမျှစိတ်ကသိကအောက်ဖြစ်လိမ့်မည် မဟုတ်ပေ။

ရီဖန်သည် ပျက်ဆီးခြင်းဂိုဏ်း၏အစီအစဉ်များကို အကြိမ်ကြိမ်နှောင့်ယှက်ခဲ့သဖြင့် အရိုးဘိုးဘေးသည် စိတ်ပျက်ကာ အကူအညီမဲ့နေ၏။

ပျက်ဆီးခြင်းသွေးဆေးလုံး ထွက်ပေါ်လာပြီးနောက်တွင် နတ်ဆိုးချီစုဆောင်းရန်ခက်ခဲမှုက ယခင်ကဲ့သို့ပင်ဖြစ်လာလိမ့်မည်။ အင်အားအနည်းငယ်ပြန်လည်ရရှိလာသော ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည်လည်း တစ်ဖန်နှေးသွားလိမ့်မည်။

"သတင်းပို့ပါတယ်!"

ပျက်ဆီးခြင်းဂိုဏ်း၏ နောက်ထပ်အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးက အရိုးဘိုးဘေးထံသို့ ပြေးသွားခဲ့သည်။

"အခုရော ဘာဖြစ်သွားတာလဲ?" အရိုးဘိုးဘေးက အားနည်းစွာမေးလိုက်သည်။

သူလက်လျှော့လိုက်ပါပြီ၊ မည်သည့်အရာများဖြစ်လာဖြစ်လာ ရီဖန်ထက်တော့ မဆိုးနိုင်တော့ပါ။

"ဂိုဏ်းချုပ်၊ သတင်းကောင်းရှိတယ်၊ လူသားဧကရာဇ် ဆက်ခံသူကို ရှာတွေ့ပြီ!"

ထိုသတင်းကိုကြားမှသာ အရိုးဘိုးဘေးပျော်သွားတော့သည်။

အမြဲတမ်းနည်းလိမ်းတစ်ခုခု ရှိတတ်သည်မဟုတ်လား။ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့မရှိပါက လူ့ဧကရာဇ်ဆက်ခံသူ၏ရောင်ဝါက ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ စွမ်းအားများကို ပြန်လည်ရန်အတွက် လုံလောက်လိမ့်မည်။ နတ်ဆိုးနတ်ဘုရားက စွမ်းအားအချို့ပြန်ရသောအခါတွင် ထိုတာအိုဘိုးဘေးများနှင့် ရီဖန်တို့ငရဲပြည်သို့သွားရတော့မည်။

သူသည် စစ်မှန်သော သူတော်စင်တစ်ဦးကဲ့သို့ မသန်မာသော်လည်း၊ သူတော်စင်တစ်ပိုင်းကိုတော့ တိုက်ခိုက်နိုင်ပါသေးသည်။

“ပြောစမ်း၊ လူ့ဧကရာဇ်အမွေဆက်ခံသူက ဘယ်မှာလဲ၊ ငါကိုယ်တိုင်လုပ်မယ်” အရိုးဘိုးဘေးသည် စတင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်အထိ ဖြတ်ကျော်ပြီးနောက် အရိုးဘိုးဘေးက လှုပ်ရှားရန် အချိန်တန်ပြီဟု ခံစားရသည်။ ယခုအချိန်တွင် ရီဖန်ကလွဲ၍ မည်သူ့ကိုမှ မကြောက်တော့ချေ။

“ဂိုဏ်းချုပ်၊ လူ့ဧကရာဇ်ဆက်ခံသူက တာ့ယွီနတ်မင်းဆက်ရဲ့ဘုရင် ရီရှောင်းရှောင်းပါ!"

"ဘာကြီး!”

အရိုးဘိုးဘေး၏လေသံ မြင့်တက်လာကာ ထောက်လှမ်းရေးသမားကို မယုံကြည်နိုင်စွာကြည့်ရင်း ဟာသတစ်ခုဖြစ်သည်ဟု ပြောလာရန်မျှော်လင့်မိသည်။

"လူသားဧကရာဇ်ရဲ့ ဆက်ခံသူက ရီရှောင်းရှောင်း၊ တာ့ယွီနတ်မင်းဆက်ရဲ့ဘုရင်ပါ!"

ထောက်လှမ်းရေးသမားက အရိုးဘိုးဘေးရှင်းရှင်းလင်းလင်း မကြားလိုက်ရသောကြောင့်ဟုထင်ကာ ထပ်တလဲလဲပြန်ပြောပြလိုက်သည်။

ဘမ်း!

ထောက်လှမ်းရေးသမားက ပေါက်ကွဲသွားပြီးနောက် အရိုးဘိုးဘေးသည်လည်း သူ့ထိုင်ခုံပေါ်သို့ လဲကျသွားသည်။ ရီရှောင်းရှောင်း၊ ရီမိသားစု၊ ရီဖန်၊ သူသည် ရီမိသားစုတစ်ခူလုံးနှင့် ပတ်ရန်ဖြစ်ခဲ့သည် မဟုတ်လား?

ရီရှောင်းရှောင်းသည် ရီဖန်၏ညီမဖြစ်ကြောင်း အရိုးဘိုးဘေးက မည်သို့မသိဘဲနေမည်နည်း။

ယခင်က သူကိုယ်တိုင်လှုပ်ရှားမည်ဟုပြောခဲ့သည့်စကားကို ပြန်ရုတ်သိမ်းရတော့မည်။ သူ သူရဲဘောကြောင်သောကြောင့်မဟုတ်ဘဲ သူ့လက်ရှိအနေအထားအရ ရီဖန်ကဲ့သို့သောသူမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မသင့်လျော်ကြောင်း သိလိုက်သောကြောင့်ဖြစ်သည်။

သို့သော် အရိုးဘိုးဘေးက လုံးဝလက်လျှော့ရန်တော့စိတ်ကူးမရှိချေ။ လူ့ဧကရာဇ်ကို ဆက်ခံသူ၏တန်ဖိုးသည် ၎င်းတို့၏ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ပျိုးထောင်မှာ နှစ်ပေါင်းငါးထောင်နှင့် ညီမျှသည်။

သူကိုယ်တိုင်တိုက်ရိုက်မလုပ်ဆောင်နိုင်သော်လည်း ရီရှောင်းရှောင်းကို ဆန့်ကျင်ရန် မကြံစည်နိုင်ခြင်းမျိုးမဟုတ်ချေ။ လူသားဧကရာဇ်သည် လူသားမျိုးနွယ်စု၏ကံကြမ္မာနှင့် ယုံကြည်မှု၏ ထုတ်ကုန်တစ်ခုသာဖြစ်သည်။

အကယ်၍ လူသားမျိုးနွယ်၏ စိတ်နှလုံးတွင်ရှိသော တာ့ယွီနတ်မင်းဆက်နှင့် ရီရှောင်းရှောင်းတို့၏ အဆင့်အတန်းကို ဖျက်ဆီးပစ်နိုင်လျှင် ထိုလူ့ဧကရာဇ် အမွေဆက်ခံသူ၏စွမ်းအားသည် အလွန်လျော့ကျသွားမည်ဖြစ်သည်။ ထိုအချိန်တွင် သူနှင့်ရင်ဆိုင်ရခြင်းက ပိုလွယ်လိမ့်မည်။

"လူသားမျိုးနွယ်စုထဲမှာ ရီမိသားစုကို မကျေမနပ်ဖြစ်နေတဲ့သူ ရှိသင့်တယ်မဟုတ်လား"

အရိုးဘိုးဘေးက ချွန်ထွက်နေသောမေးစေ့ကို ပွတ်သပ်ကာ သူ့မျက်နှာပေါ်တွင် ကျောက်ကျစ်သောအပြုံးတစ်ခုပေါ်လာသည်။ ရီရှောင်းရှောင်းကို ဆန့်ကျင်ရန် အကြံအစည်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။

သို့သော် သူမသိသောအရာမှာ ရီရှောင်းရှောင်းသည် လူသားဧကရာဇ်ရာထူးကို များစွာဂရုမစိုက်ခဲ့ပေ။

ရီရှောင်းရှောင်းအတွက် လူသားမျိုးနွယ်၏ကံကြမ္မာနှင့် ယုံကြည်မှုက ဝန်ထုပ်ဝန်ပိုးမျှသာဖြစ်သည်။

ရီရှောင်းရှောင်းသာ အမှန်တကယ် လူသားဧကရာဇ်ဖြစ်ချင်ပါက၊ သူမကို လူအများက မထီမဲ့မြင်ပြုမည်ကို မကြောက်ချေ။ သူမသည် လူအများ၏လေးစားမှုအတွက် ရိုးရှင်းစွာတိုက်ယူချင်သည်။ ယုံကြည်မှုကိုအောင်နိုင်ခြင်းနှင့် နှိုင်းယှဉ်လျှင် ရီရှောင်းရှောင်းသည် လူများကိုတိုက်ခိုက်ရာတွင် ပို၍ကောင်းမွန်သည်။

ရီမိသားစုဘက်တွင် အင်အားစုအနည်းငယ်သည် ရီမိသားစုလက်ထဲတွင် ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ၎င်းတို့သည် ရန်သူများနှင့်ရင်ဆိုင်ရာတွင် အလွန်ရက်စက်ကြမ်းကြုတ်ကြ၏။ ပျက်ဆီးခြင်းသွေးဆေးလုံးကို ရောင်းချခြင်းမှ ငြင်းဆိုရန်အတွက် ရီမိသားစု၏အမည်ပျက်စာရင်းတွင် အင်အားစုအများအပြားကို မှတ်ထားခဲ့သည်။

ပျက်ဆီးခြင်းသွေးဆေးလုံးကို မရနိုင်သော

အင်အားစုများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ ဤသို့ဖြင့် ရီမိသားစုကို ဆန့်ကျင်သော အင်အားစုများ တဖြည်းဖြည်းစုစည်းလာကာ အင်အားကြီးလာသည်။

ထိုအင်အားစုကို ဦးဆောင်သူမှာ အထွတ်အထိပ်တာအိုဘိုးဘေးဖြစ်သည့် ပင်လယ်နဂါးတာအိုဘိုးဘေးဖြစ်သည်။ ပင်လယ်နဂါးတာအိုဘိုးဘေးသည် ရီမိသားစုကို အခြေအနေများအား လျစ်လျူရှုထားသောကြောင့် ရှုတ်ချခဲ့သော်လည်း၊ ရီမိသားစုကို ရန်မစမိစေရန်သတိပေးခဲ့သည်။

နောက်ထပ်မဟာမိတ်တစ်ဦးကို ရရှိပြီးနောက် ပင်လယ်နဂါးတာအိုဘိုးဘေးသည် ၎င်း၏ လျှို့ဝှက်ခန်းသို့ ပြန်သွားခဲ့သည်။

"ပင်လယ်နဂါး၊ မင်းဆုံးဖြတ်ချက်ချပြီးပြီလား" စူးရှသောအသံဖြင့် အရိပ်မည်းကြီးတစ်ခုက မှောင်ရိပ်များထဲမှထွက်လာကာ မေးလိုက်သည်။

"ရီမိသားစုက ကြင်နာမှုမရှိမှတော့ ငါတို့ကို မတရားဘူးလို့အပြစ်ပြောလို့မရဘူး"

"ဒါပေမယ့် မင်းရဲ့စကားကတိတည်ဖို့မျှော်လင့်ပါတယ်၊ နတ်ဆိုးနတ်ဘုရားရဲ့သွေးတစ်စက်လေ!"

"ပြဿနာမှမရှိပါဘူး၊ နတ်ဆိုးနတ်ဘုရားသွေးတစ်စက်ကို ငါတို့ရဲ့ ပျက်ဆီးခြင်းဂိုဏ်းက သေချာပေါက် ပေးနိုင်တယ်။ မင်း အနှိုုင်းမဲ့ တာအိုဘိုးဘေးတစ်ဦးဖြစ်လာဖို့ သေချာပေါက် ဖြတ်ကျော်သွားနိုင်မှာပါ”

တစ်ချိန်က ပျောက်ကွယ်သွားခဲ့သော ထန်မင်းဆက်ဘုရင်က အမှောင်ထဲမှ ထွက်ပေါ်လာသောအရိပ်ဖြစ်သည်။ ပင်လယ်နဂါးတာအိုဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကိုတွေ့သောအခါ ထိတ်လန့်သွားသည်။

သူသိထားသည့်အချက်အလက်အရ ထန်မင်းဆက်ဘုရင်သည် ရီဖန်၏လက်ထဲတွင် ကွယ်လွန်သွားပြီးဖြစ်သည်။ သို့သော် ကျင့်ကြံသူများသာ ကစားနိုင်သည့် လှည့်ကွက်များရှိသဖြင့် ပင်လယ်နဂါးတာအိုဘိုးဘေးသည် လျင်မြန်စွာ သဘောပေါက်သွား၏။

သို့သော်လည်း ရီဖန်၏မျက်စိအောက်တွင် သူ၏သေဆုံးခြင်းကို အတုလုပ်နိုင်ခဲ့သောကြောင့် ထန်မင်းဆက်ဘုရင်ထံတွင်လည်း ဝှက်ဖဲအနည်းငယ်ရှိမည်မှာသေချာသည်။

"ဂုဏ်ယူပါတယ်၊ မင်းမကြာခင်မှာ လက်စားချေနိုင်မယ်လို့ငါယုံတယ်"

ပင်လယ်နဂါး တာအိုဘိုးဘေးက အလေးပြုသည်။

ထန်မင်းဆက်ဘုရင်ကိုမြင်လိုက်ရခြင်းက ပင်လယ်နဂါးတာအိုဘိုးဘေးများ၏ယုံကြည်မှုကို မြှင့်တင်ပေးသည်။ ရီဖန်၏လက်အောက်မှလွတ်လာသော ထန်မင်းဆက်ဘုရင်၏ရှင်သန်မှုက ရီဖန်သည် ကောလဟာလများထွက်ပေါ်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူမဟုတ်ကြောင်း သက်သေပြနေသည်။

ပင်လယ်နဂါး တာအိုဘိုးဘေး၏ မျက်လုံးများကို ကြည့်ပြီးနောက် ထန်မင်းဆက်ဘုရင်က ဘာမှ မပြောပေ။ ပျက်ဆီးခြင်း ဂိုဏ်းအတွက်၊ ပင်လယ်နဂါးတာအိုဘိုးဘေးများသည်လည်း ငါးစာတစ်ခုသာဖြစ်သည်။

၎င်း၏တစ်ခုတည်းသောတန်ဖိုးမှာ ရီရှောင်းရှောင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုတွင်သာ တည်ရှိနေ၏။

"မင်း မကြာခင် အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်!"

ဤသို့ဖြင့် ထန်မင်းဆက်ဘုရင် ပျောက်ကွယ်သွားပြန်သည်။ ပင်လယ်နဂါး တာအိုဘိုးဘေးပင်လျှင် သူမည်သို့ထွက်ခွာသွားသည်ကို မပြောနိုင်ပေ။

ပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနေကြကာ ပင်လယ်နဂါးတာအိုဘိုးဘေးနှင့် ရီမိသားစုမှ ငြင်းပယ်ခံရသည့် အင်အားစုများသတင်းက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

ပင်လယ်နဂါးတာအိုဘိုးဘေးအတွက် သူသည် လူ့မျိုးနွယ်ကိုသစ္စာဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။ ပျက်ဆီးခြင်းဂိုဏ်းက သူ့အတွက် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်သရွေ့ ၎င်းကအရေးမကြီးချေ။ သူလုပ်ဆောင်နေသမျှက ပိုမိုမြင့်မားသော အောင်မြင်မှုအဆင့်တစ်ခုအတွက်ဖြစ်သည်။

နတ်ဆိုးနတ်ဘုရားသွေးမျိုးဆက်က အထွတ်အထိပ်တာအိုဘိုးဘေးတစ်ဦးမှ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်သည်အထိ ဖြတ်ကျော်ရန် လုံလောက်သည်။

စိတ်ပျက်အားငယ်နေသော အင်အားစုများပေါင််းစည်းရန်အတွက် ပင်လယ်နဂါးတာအိုဘိုးဘေးများက တုံ့ဆိုင်းမနေဘဲ အလွယ်တကူ သဘောတူခဲ့ကြသည်။ ထို့အပြင် သူသည်များပြားလှသော အင်အားစုများကိုလည်း အတူတကွ စည်းရုံးခဲ့သည်။

ဤအင်အားစုငယ်များသည် ရီမိသားစုက သန်မာကြောင်းသိသော်လည်း ၎င်းတို့၏အင်အားအတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိကြပေ။သို့သော် အထွတ်အထိပ် တာအိုဘိုးဘေးများ ရှိနေခြင်းက ၎င်းတို့ကို ယုံကြည်မှုအနည်းငယ် ပေးစွမ်းနိုင်သည်။

သူတို့မသိခဲ့ကြသည်မှာ ၎င်းတို့သည် ရီမိသားစုနှင့် ပင်လယ်နဂါးတာအိုဘိုးဘေးတို့၏ ကစားပွဲမှ ငါးစာလေးများဖြစါကြသည်ကိုပင်။ ရီမိသားစုသည် အဆိုပါ များပြားလှသောအင်အားစုများကို တွန်းလှန်ရန်သတ္တိရှိပါက ချင်းယွီအင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ခဲ့စဉ်ကထက် သက်ရောက်မှုက ပိုကြီးမားမည်ဖြစ်သည်။

ထိုအချိန်တွင် ရီမိသားစုသည် ပန်ကုစကြာဝဠာတွငါ လူတို့၏ယုံကြည်မှုကို ဆုံးရှုံးသွားခဲ့ပါက၊ ၎င်းသည် ပျက်ဆီးခြင်းဂိုဏ်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးလိမ့်မည်။

ပင်လယ်နဂါးတာအိုဘိုးဘေးသည် လူမိုက်မဟုတ်ချေ။ သူ့ကို ရီမိသားစုနှု့် တိုက်ရိုက်ရင်ဆိုင်ခိုင်းပါက သတ္တိရှိမည် မဟုတ်ပေ။

လက်ရှိအစီအစဉ်များသည် ပင်လယ်နဂါးတာအိုဘိုးဘေးများ၏သည်းခံနိုင်သည့်အတိုင်းအတာထဲမှ ဖြစ်သည်။ ပင်လယ်နဂါးတာအိုဘိုးဘေးက ၎င်းတို့ကို အကြိမ်ကြိမ် ဦးနှောက်ဆေးကြောသောကြောင့် ရီမိသားစုအပေါ် မုန်းတီးမှုများမှာ တဖြည်းဖြည်း ပိူများလာ၏။

ရီမိသားစုနှင့်ပတ်သက်သည့် ကောလာဟလများသည်လည်း ပန်ကုစကြာဝဠာတစ်ခုလုံးတွင် ပျံ့နှံ့လာသည်။

အင်အားစုငယ်များကို ဖိနှိပ်ချုပ်ချယ်မှု၊ ၎င်းတို့၏ မရိုးသားသော လုပ်ရပ်များနှင့် ရောထွေးနေသော အမှန်တရားနှင့် လိမ်လည်မှုများအကြောင်းက လူအများကို အမှားနှင့်အမှန်ပိုင်းခြားရန် ခက်ခဲစေသည်။

………

အခန်း ၃၄၁ - ရီရှောင်းရှောင်းတစ်ယောက်တည်းကျန်ခဲ့ပြီ၊ မြန်မြန်လာ

ကောလာဟလများ များပြားလာသည်နှင့်အမျှ ရီမိသားစုအပေါ် လူအများ၏ခံယူချက်က ပိုဆိုးလာသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် သက်သေအထောက်အထားများ မလိုအပ်ပေ။ သူတို့ကိုယ်တိုင်က အမှန်ဖြစ်သည်ဟု ယုံကြည်လိုက်သည်နှင့် ၎င်းကသူတို့အတွက် အမှန်တရားဖြစ်လာသည်။

ရီမိသားစုသည် မကြာသေးမီက ချမ်းသာကြွယ်ဝလာခဲ့သောကြောင့် လူအများကြားတွင် မနာလိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းတို့သည် ရီမိသားစု၏ ကျဆုံးခန်းကို မြင်လိုကြသည်။ ရီမိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နတ်မင်းဆက်အပေါ်တွင်လည်း သက်ရောက်မှုများရှိခဲ့သည်။

ပျံ့နှံ့နေသော ကောလာဟလများနှင့်အတူ နတ်မင်းဆက်အတွင်းရှိ သာမန်ကျင့်ကြံသူများက ၎င်းကိုကွဲပြားစွာ တွေ့မြင်လာကြသည်။

ကျင့်ကြံသူအများစုသည် နတ်မင်းဆက်ကို ယုံကြည်ဆဲဖြစ်သော်လည်း မဆုတ်မနစ်သော ကောလာဟလများက လူအချို့၏ယုံကြည်ကို ယိမ်းယိုင်လာစေရန် လှုံ့ဆော်ပေးသည်။

စိတ်ထားကောင်းသည်ဟူသော ကျင့်ကြံသူအများအပြားက နတ်မင်းဆက်ကို ထိုအင်အားစုများအား အခကြေးငွေမယူဘဲ လွတ်လပ်စွာ ကူညီပေးနိုင်ရန်ပင် မျှော်လင့်နေကြ၏။ ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့ စေတနာဗလဗွနှင့်သူများ ပြတ်လပ်ခြင်းမရှိပေ။

၎င်းတို့၏ လက်တစ်ချောင်းကိုမ၊မရသရွေ့တော့ ကိုယ်ချင်းစာနိုင်ကြလိမ့်မည်။ ၎င်းတို့က ဖျက်ဆီးလိုခြင်းမရှိသော်လည်း အမှန်တကယ်ပင် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းကြ၏။

ကျန်းရှင်းဆေးခန်းမှတာဝန်ရှိသူများက နတ်မင်းဆက်၏ကံကြမ္မာ တဖြည်းဖြည်း ကျဆင်းလာသည်ကို သတိပြုမိသောအခါ ရီရှောင်းရှောင်းထံ အကြောင်းကြားခဲ့သည်။

နတ်မင်းဆက်၏ထောက်လှမ်းရေးစနစ်သည် ယခုအခါတွင် ပန်ကုစကြာဝဠာတစ်ခွင်၌ ပျံ့နှံ့နေသောကြောင့် အဆိုပါကောလာဟလများ၏ အရင်းအမြစ်ကို အလွယ်တကူ ခြေရာခံနိုင်သည်။

ပင်လယ်နဂါးတာအိုဘိုးဘေးသည် ထိုအဖွဲ့မှ သီးသန့်နေရန် ကြိုးစားခဲ့သော်လည်း သူ၏အမည်စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်နေဆဲဖြစ်သည်။ ရီရှောင်းရှောင်းက စာရင်းကို ကြည့်လိုက်သောအခါတွင် နာမည်များက အလွန်ရင်းနှီးနေကြောင်း တွေ့လိုက်ရ၏။

ရီမိသားစုက စည်းစိမ်ဥစ္စာများကို စုဆောင်းရင်း အလုပ်များနေခဲ့သောကြောင့် အစပိုင်းတွင် ၎င်းတို့ကို လျစ်လျူရှုရန်စီစဉ်ခဲ့သော်လည်း ၎င်းတို့က အတင်းအကျပ်ဖိအားပေးနေပုံရသည်။ ကံကြမ္မာနှင့် ဂုဏ်သိက္ခာကျဆင်းခြင်းက ရီရှောင်းရှောင်းကို များစွာအနှောက်အယှက်မဖြစ်စေသော်လည်း၊ နောက်ကွယ်ရှိကြိုးကိုင်သူကို ပိုစိုးရိမ်ခဲ့သည်။

ဤအုပ်စုကြီးကို ကျယ်ပြန့်စွာလွှမ်းမိုးနိုင်သည့်သူက တစ်ယောက်တည်းဖြစ်သည်ဟု မထင်ချေ။ ၎င်းတို့နောက်ကွယ်တွင် ပိုအားကောင်းသည့် အင်အားစုတစ်ခုရှိရမည်။

ထို့အပြင် ၎င်းအင်အားစု၏ရည်ရွယ်ချက်က နတ်မင်းဆက်ထက်ပို၏။ ၎င်းမှာ ရီမိသားစုဖြစ်သည်။ ရီမိသားစုကိုဆန့်ကျင်ရန် ကြံစည်သူတစ်ယောက်ရှိနေသည့်အတွေးက ရီရှောင်းရှောင်းကို သည်းမခံနိုင်ဖြစ်လာစေသည်။

ထို့ကြောင့် ရီရှောင်းရှောင်းသည် ရီဖန်က သူမအတွက် ပြုလုပ်ပေးထားသော အလယ်အလတ်အတင့် နတ်လက်နက်ဖြစ်သည့် ကျန်းနန်ဓားကိုထုတ်လိုက်သည်။

ဓါးသွားသည် သွေးမသောက်ရသည်မှာကြာပြီဖြစ်သောကြောင့် တစ်ခုခုဆောင်ရွက်ရန်အချိန်တန်လေပြီ။ အခြားတစ်ဖက်တွင် မဟာမိတ်ဂိုဏ်းများသည် အချိန်ကောင်းလေးရရှိနေကြ၏။

နတ်မင်းဆက်က ၎င်းတို့၏လုပ်ရပ်များကြောင့် ၎င်းတို့ကို အပြစ်တင်ခြင်းမပြုခဲ့သည့်အတွက်၊ ၎င်းတို့ကို ကြောက်ရွံ့နေသည်ဟုထင်သွားသည်။ နောက်ဆုံးတွင် နတ်အင်ပါယာတစ်ခုအတွက် ဂုဏ်သတင်းက သိသာထင်ရှားသောအလေးချိန်ရှိသည်။

၎င်းတို့သည် ရီမိသားစုကို အလျှော့အတင်းလုပ်ရန် တွန်းအားပေးရန်အတွက် ဆုံးဖြတ်ခဲ့သည်။ အဖွဲ့သည် အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ပင်လယ်နဂါးဘိုးဘေးသည် ပို၍ပင် စိတ်မသက်မသာ ဖြစ်နေသည်။ ထိုကိစ္စကို ရှောင်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ရီမိသားစုက သူ့အကြောင်းကို သတိမထားမိနိုင်တန်ရာ။

ရီမိသားစုက အရေးယူလျှင် သူမည်သို့တုန့်ပြန်ရမည်နည်း။ ထိုသို့သောကိစ္စများတွင် ပင်လယ်နဂါးတာအိုဘိုးဘေးသည် ယုံကြည်မှုမရှိပေ။

"ငါ အခုချက်ချင်း ထွက်ပြေးသင့်တယ်!"

ထိုအတွေးက တာအိုဘိုးဘေး၏ စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ထို့သို့တွေးမိလာပါက ဖယ်ထား၍မရချေ။

သူတစ်ချိန်က စွန့်လွှတ်မခံနိုင်သည့်အရာဖြစ်သော သူ၏ဂိုဏ်းသည်လည်း ရုတ်တရက် သိသိသာသာပင် အားနည်းသွား၏။

သူသည် ဂိုဏ်းကို သူ၏အင်အားကြီးမားလာစေရန်အတွက် အထောက်အကူဖြစ်သည့် အရင်းအမြစ်အချက်အချာတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

ယခုတွင် သူသည် နတ်ဆိုးနတ်ဘုရား၏ သွေးမျိုးဆက်ကိုရနိုင်ပါက အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်သို့ ဖြတ်ကျော်ရန်အတွက် အချိန်လုံလောက်မည်ဖြစ်ရာ ဂိုဏ်းသည် များစွာအရေးမကြီးတော့ချေ။

ဆွေးနွေးနေကြသည့် ကျင့်ကြံသူအများအပြားကို ကြည့်လိုက်ပြီးနောက် ပင်လယ်နဂါးတာအိုဘိုးဘေးသည် နောက်ဆုံးတွင်စိတ်ဆုံးဖြတ်လိုက်၏။

၎င်းတို့၏ လက်ရှိစိတ်နေသဘောထားကို ကြည့်ခြင်းအားဖြင့် ရီမိသားစုက လက်တုံ့ပြန်ရန် အချိန်အနည်းငယ်သာလိူတော့သည်။ သူသည် ၎င်းတို့နှင့်အတူ မနစ်မြုပ်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။

" ပင်လယ်နဂါးတာအိုဘိုးဘေး၊ ဒီတစ်ကြိမ် မင်းရဲ့အကြံအစည်က ငါတို့ကို တကယ်ကို ကူညီပေးခဲ့တယ်!"

တစ်စုံတစ်ယောက်က တာအိုဘိုးဘေး၏ ပြောင်းလဲသွားသော အမူအရာများကို သတိပြုမိလိုက်ကာ ချက်ခြင်းမြှောက်ပင့်လိုက်သည်။

တာအိုဘိုးဘေးက လန့်သွားပြီးနောက် အမြန်ငြင်းလိူက်သည်။ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက မင်းရဲ့အောင်မြင်မှုပဲ၊ ငါနဲ့ဘာမှမဆိုင်ဘူး!”

သူသည် ဤလူများနှင့် အဆက်အသွယ်ဖြတ်ရန် စီစဉ်နေကာ အောင်မြင်မှုက သူလိုချင်သည့် နောက်ဆုံးအရာဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ လူအုပ်ကြီးသည် တာအိုဘိုးဘေး၏စကားကို လျစ်လျူရှုကာ သူနှိမ့်ချနေထိုင်သည်ဟုထင်နေ၏။

တာအိုဘိုးဘေးတွေက သူတို့ကိုရောင်းစားရန် စိတ်ကူးရှိနေကြောင်း မသိခဲ့ကြချေ။ ပထမအဆင့်တွင် ရီမိသားစု၏ဂုဏ်သိက္ခာကို ထိခိုက်စေရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို အောင်မြင်ပြီးနောက်၊ ဒုတိယအဆင့်ကိုစတင်ရန် ပြင်ဆင်နေကြသည်။

လူတစ်စုသည် နောက်အဆင့်ကို စိတ်အားထက်သန်စွာ ဆွေးနွေးကြသဖြင့် ၎င်းတို့အထက်တွင် ပေါ်လာခဲ့သော သူများကိုသတိမမူမိကြချေ။

"အချစ်လေး အခင်းအကျင်းချလိုက်တော့၊ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မလွတ်စေနဲ့!"

ရီရှောင်းရှောင်းက ဘေးဘက်ရှိ အရှေ့ဧကရာဇ်ကိုချိုသာစွာ အမိန့်ပေးလိုက်သည်။

ခေါင်းဆောင်ဖြစ်သည့် အရှေ့ဧကရာဇ်သည် နှစ်များတစ်လျှောက် သူ၏ကျင့်ကြံမှုအဆင့်တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ အလယ်အလတ်အင်မော်တယ်ဧကရာဇ်ဖြစ်လာ၏။

ထို့အပြင် သူ၏ အခင်းအကျင်းကျွန်းကျင်မှုက အရှေ့ပိုင်းဧကရာဇ်မြို့တော်တွင်ရှိစဉ်ကအတိုင်း လျော့ပါးသွားခြင်းမရှိပေ။

အခင်းအကျင်းကို တည်ဆောက်ပြီးသည်နှင့်တစ်ပြိုင်နက် တာအိုဘိုးဘေးတစ်ဦးပင်လျှင် ၎င်းကိုအလွယ်တကူ မချိုးဖျက်နိုင်ချေ။ အခြေတစ်ခုချင်းစီသည် အရှေ့ဘက်ဧကရာဇ်လက်မှ ပျံထွက်လာပြီးနောက်၊ နေရာလွတ်ရှိ

ထောင့်လေးထောင့်တွင် ရပ်တန့်သွားသည်။

နတ်ဘုရားထောက်ချောက်အခင်းအကျင်းသည်

အရှေ့ဧကရာဇ်ကို ရီဖန်သင်ပေးဖူးသည့် အခင်းအကျင်းဖြစ်သည်။ အထွတ်အထိပ်ရောက်လျှင် သာမာန်ကျင့်ကြံသူများသာမက နတ်ဘုရားများကိုပင် ထောင်ချောက်ဆင်နိုင်သည်။ အခင်းအကျင်းပုံပေါ်လာပြီးနောက်တွင် နေရာလွတ်တစ်ခုလုံးကို တံဆိပ်ချိတ်ပိတ်လိုက်၏။

ထိုအခါမှသာ အောက်ဘက်ရှိ စကားပြောနေသော ကျင့်ကြံသူများက တစ်ခုခုထူးဆန်းနေသည်ကို ခံစားလိုက်ရကာ ပျာယာခတ်လျက်ထွက်ပြေးကြသည်။ ကျင့်ကြံသူများက ထွက်ပြေးရန် ကြိုးပမ်းစဉ်တွင် တစ်ချိန်က အလွယ်တကူ ဆုတ်ဖြဲနိုင်သော နေရာလွတ်က ၎င်းတို့၏စွမ်းအားဖြင့် မနိုင်သော နတ်သတ္တုကဲ့သို့ ခိုင်မာသည့်နေရာကို တွေ့လိုက်ရသည်။

ကျင့်ကြံမှုအဆင့်နိမ့်သူများသည် အဆင့်မြင့်မားသူများကိုမော့ကြည့်လိုက်ကြကာ ဝမ်းချုပ်နေသကဲ့သို့ တူညီသောအမူအရာမျိုးကို တွေ့ရသည်။

……….

အခန်း ၃၄၂ -

ရီရှောင်းရှောင်းတစ်ယောက်တည်းကျန်ခဲ့ပြီ၊ မြန်မြန်လာ

အကယ်၍ တစ်စုံတစ်ယောက်က ယခုအချိန်အထိ ၎င်းတို့ကိုတိုက်ခိုက်လာခြင်းကို မသိသေးပါက၊ ၎င်းတို့သည်လည်း လူမိုက်ဖြစ်ရမည်။ ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူတို့သည် ကောင်းကင်ယံရှိ ရီရှောင်းရှောင်းနှင့် အခြားသူများကို တွေ့လိုက်ရသည်။

သူတို့သည် တာ့ယွီနတ်မင်းဆက်ကို ကြံစည်ဝံ့သောကြောင့် ရီရှောင်းရှောင်းကိုလည်း မမှတ်မိစရာမရှိပေ။ ရီရှောင်းရှောင်းကိုတွေ့လိုက်သည်နှင့် ၎င်းတို့၏မျက်နှာများမှာ ချက်ချင်းပြောင်းသွားသည်။ ၎င်းတို့ကို တိုက်ခိုက်ခဲ့သူမှာ တာ့ယွီမင်းဆက်၏ အမျိုးသမီးဧကရာဇ်ရီရှောင်းရှောင်းဖြစ်သည်။

လွန်ခဲ့သည့်အခိုက်အတန့်က စိတ်လှုပ်ရှားနေသူများသည်လည်း ရေခဲပုံးထဲပြုတ်ကျသွားသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ တာ့ယွီနတ်မင်းဆက်က သူတို့ကဲ့သို့သော ပုံမှန်သတ္တဝါတချို့နှင့် ကိုယ်တိုင်ဆက်ဆံလိမ့်မည်ဟု မထင်ထားခေ

ျ။

"ပင်လယ်နဂါး တာအိုဘိုးဘေး၊ အခု ငါတို့ ဘာလုပ်သင့်လဲ"

လူတိုင်း၏မျက်လုံးများက ထိုနေရာတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးဖြစ်သော ပင်လယ်နဂါးတာအိုဘိုးဘေးထံသို့ ကျရောက်သွားသည်။

တိတ်တိတ်လေးဆုတ်ခွါသွားသော ပင်လယ်နဂါးတာအို ဘိုးဘေးများကလည်း ၎င်း၏လမ်းကြောင်းများတွင် ချက်ချင်းရပ်သွားလိုက်ကာ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သူအလွန်ဒေါသထွက်နေသည့်အကြောင်းမှာ ထွက်မပြေးဘဲ ကျန်ရစ်ခဲ့သောကြောင့်ဖြစ်ကာ၊ ယခုထွက်ပြေးရန်မှာ အလွန်ခဲယဉ်းသွားပြီဖြစ်သည်။

မျက်လုံးများအားလုံးသည် ပင်လယ်နဂါး တာအို ဘိုးဘေးများအပေါ် အာရုံစူးစိုက်ထားကာ ယခု သူဖုံးကွယ်ထားချင်လျှင်ပင် မရတော့ချေ။ သတ္တိရှိရှိ ရှေ့ထွက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ယခုအချိန်မှစ၍ လူသားမျိုးနွယ်စုသည် သူခိုလှုံရာနေရာမဟုတ်တော့ကြောင်း သိလိုက်၏။

မကမ်းမလှမ်းတွင်ရှိနေသော ရီရှောင်းရှောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပင်လယ်နဂါးတာအိုဘိုးဘေး၏ မျက်လုံးထဲတွင် လူသတ်လိုသည့်ရည်ရွယ်ချက် ထွက်ပေါ်လာသည်။

အကယ်၍ လူတစ်ဦး၏ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်းဖြင့် နတ်ဆိုးနတ်ဘုရားသွေးတစ်စက်ကိုရနိုင်ပါက၊ ရီရှောင်းရှောင်းကို သတ်လိုက်မည်ဆိုလျှင် ပျက်ဆီးခြင်း ဂိုဏ်းက သူ့ကိုဆုပေးမည်လား။ ရီဖန်ဒီမှာရှိနေလျှင် သူထိုသို့တွေးဝံ့မည်မဟုတ်ချေ။

သို့သော် သူအကြိမ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီးနောက် ရီဖန်က ထိုနေရာတွင်ရှိမနေချေ။ လက်ရှိအသန်မာဆုံးမှာ ယန်ကျန်းဖြစ်၏။ ဗောဓိဘိုးဘေး၏တပည့် ယန်ကျန်းသည် ပျော့ညံ့သူမဟုတ်သော်လည်း ပင်လယ်နဂါးတာအိုဘိုးဘေးသည်လည်း ပေါ့သေးသေးမဟုတ်သောကြောင့် စိုးရိမ်စရာမရှိပေ။

သူသည် ပန်ကုစကြဝဠာတွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားနိုင်ခဲ့ကာ သူ့ထဲတွင်လည်း သူ့ခေတ် သူ့အခါ သေချာပေါက်ရှိဖူးပါ၏။ အကယ်၍ သူ၏ဝှက်ဖဲကို အသုံးပြုပါက၊ ရီရှောင်းရှောင်းကို တိုက်ရိုက်ချေမှုန်းနိုင်မည်လား။

သို့သော်လည်း သူမလှုပ်ရှားမီ ပျက်ဆီးခြင်းဂိုဏ်းမှ မည်သည့်အကျိုးကျေးဇူးများရရှိမည်ကို အတည်ပြုရလိမ့်မည်။ ပင်လယ်နဂါးတာအိုဘိုးဘေးက အရိုးဘိုးဘေးထံသို့ တိတ်တဆိတ် သတင်းစကားပေးပို့သည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။

အရိုးဘိုးဘေးဘက်တွင် ရီရှောင်းရှောင်းနှင့် ယန်ကျန်းတို့က ပင်လယ်နဂါးတာအိုဘိုးဘေးကို ဝိုင်းဝန်းချေမှုန်းရန်အတွက် တစ်ယောက်တည်းလာသည့်သတင်းကို ကြားသိရတဲ့အခါ အလွန်စိတ်လှုပ်ရှားကာ ထခုန်လုနီးနီးပင်။

ပုံမှန်အားဖြင့် ရီရှောင်းရှောင်းသည် ရီဖန်နှင့် အလွန်နီးကပ်လွန်းသော ရန်ဟွမ်နှင့် ချန်မင်ကမ္ဘာတွင် နေသောကြောင့်၊ သူမအား အစောင့်အကြပ်မရှိလျှင်ပင် အရိုးဘိုးဘေးက မလှုပ်ရှားရဲချေ။

ယခုတွင် သူတို့ရှိရာနေရာသည် ချန်မင်ကမ္ဘာနှင့် အလွန်ဝေးသောကြောင့် ရီဖန်အမြန်သွားလျှင်ပင် အချိန်ယူရလိမ့်မည်။

အထွတ်အထိပ်တာအိုဘိုးဘေး ယန်ကျန်း တစ်ဦးတည်းသာ ရှိပါက၊ ၎င်းတို့သည် ရီရှောင်းရှောင်းကိုသတ်ပြီးနောက် အဝေးသို့ထွက်ပြေးရန် အချိန်လုံလောက်သည်။ အကျိုးအမြတ်က ဆွဲဆောင်လွန်းသောကြောင့် အရိုးဘိုးဘေးက သူ့ကိုယ်သူ မထိန်းနိုင်တော့ချေ။

အရိုးဘိုးဘေးသည် နေရာလွတ်ကို ဆုတ်ဖြဲကာ ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရန် ပြင်ဆင်ထားသည်။ သို့သော် သူသွားခါနီးတွင် အရိုးဘိုးဘေးက ရပ်လိုက်၏။ ၎င်းက ခြုံခိုမှုတစ်ခု ဖြစ်နိုင်သလား။ အရိုးဘိုးဘေးက သူ့အသက်ကလေးကို နှမြောသည်။ ယခုအချိန်တွင် သေချာနေသည်ဟုထင်ရသော်လည်း သူလုပ်ဆောင်ရန်အတွက် တုံ့ဆိုင်းနေဆဲပင်။

ထိုနေရာသို့သူကိုယ်တိုင် သွားလို့မရပေ။

အရိုးဘိုးဘေး၏စိတ်သည် တုန်လှုပ်သွား၏။ သူမသွားနိုင်သော်လည်း တခြားသူများကို သွားခိုင်းနိုင်သည်။ မကောင်းတာတစ်ခုမှ မဖြစ်ခဲ့လျှင် သူ့အတွက်အမှတ်ကောင်င်းရမည်ဖြစ်ကာ။ ပြဿနာဖြစ်လာလျှင်လည်း သူ့အပူမဟုတ်ပေ။ အရိုးဘိုးဘေးသည် သူ၏ဥာဏ်ကောင်းမှုအတွက် သူ့ကိုယ်သူလက်မထောင်ပြလိုက်သည်။

မကြာမီတွင် အရိုးဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကို ဆင့်ခေါ်ကာ ပင်လယ်နဂါးတာအိုဘိုးဘေးကို ကူညီပေးရန် တောင်းဆိုခဲ့သည်။ တန်ဘုရင်သည် အရိုးဘိုးဘေး၏ ကောက်ကျစ်စဉ်းလဲသောအကြံအစည်ကို သိသော်လည်း မကန့်ကွက်ခဲ့ပေ။

သူ၏အချက်အလက်များအရ ရီဖန်သည် လက်ရှိအချိန်တွင် ရီမိသားစု၌သာရှိနေသည်။

အကယ်၍သူသာ ရီရှောင်းရှောင်းကို လုပ်ကြံနိုင်ပါက သတင်းကောင်းတစ်ခုဖြစ်လာလိမ့်မည်။

နောင်လာမည့်လူသားဧကရာဇ်သည် အရိုးဘိုးဘေးယုံကြည်ထားသလောက် မရိုးရှင်းချေ။ ထိုအတောအတွင်း လူများက တိတ်ဆိတ်နေသော ပင်လယ်နဂါးတာအိုဘိုးဘေးကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

ဤကိစ္စကို ပင်လယ်နဂါးတာအိုဘိုးဘေးက အစပြုခဲ့သည်မှာ အမှန်ဖြစ်သော်လည်း၊ အဘယ်ကြောင့် ယခုဘာမှမပြောသနည်း။

“ပင်လယ်နဂါး တာအိုဘိုးဘေး၊ မင်းပြောလေ!”

သက်ဆိုင်ရာ အင်မော်တယ်ဧကရာဇ်တစ်ပါးက ပြောလိုက်သည်။

တာအိုဘိုးဘေးများနှင့် နှိုင်းယှဉ်ပါက ဤအင်မော်တယ်ဧကရာဇ်များသည် အကြီးမားဆုံးဖိအားအောက်တွင် ရှိနေသည်။

ရီမိသားစုရှေ့တွင် ဤအင်မော်တယ်ဧကရာဇ်များသည် ပုရွက်ဆိတ်ကလေးများနှင့် မခြားနားချေ။ အကယ်၍ ဤတာအိုဘိုးဘေးများမထွက်ပါက၊ ၎င်းတို့ကသာ ဒုက္ခရောက်မည့်သူများ ဖြစ်လာလိမ့်မည်။

ဘမ်း!

စိတ်မရှည်သော လက်သီးချက်နှင့်အတူ ပင်လယ်နဂါး တာအိုဘိုးဘေးသည် အင်မော်တယ်ဧကရာဇ်၏ဦးခေါင်းကို ကွဲကြေသွားစေကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူသည် အရိုးဘိုးဘေးထံမှ ပြန်ကြားချက်ကို လက်ခံရရှိပြီးဖြစ်သည်။ ရီရှောင်းရှောင်းကိုသတ်နိုင်သရွေ့

သူသည် နတ်ဆိုးနတ်ဘုရားသွေးစက်ငါးစက်ကိုရမည်သာမကဘဲ ပျက်ဆီးခြင်းဂိုဏ်းတွင်ပါဝင်ရန် ဖိတ်ကြားခံရကာ ဂိုဏ်း၏အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်လာမည်ဖြစ်သည်။

သူသည် ရီရှောင်းရှောင်းကိုသတ်လိုက်လျှင် လူသားမျိုးနွယ်စုတွင် ဆက်လက်ရှိနေနိုင်မည်မဟုတ်ရာ သူ့အတွက် ပျက်ဆီးခြင်းဂိုဏ်းတွင်ပါဝင်ခြင်းက ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။

ပင်လယ်နဂါးတာအိုဘိုးဘေး၏တိုက်ခိုက်မှုကြောင့် လူတိုင်းအံ့အားသင့်သွားကာ ကြောက်ရွံ့မှုများပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်လျက် ၎င်းတို့ကြားမှအကွာအဝေးကို ခြားလိုက်သည်။

ပင်လယ်နဂါးတာအိုဘိုးဘေးက သက်ပြင်းချလိုက်ပြီးနောက် သူ့ပတ်လည်ရှိ ကျင့်ကြံရေးသမားအများအပြားကို စိုက် ကြည့် ပြီး " မင်းတို့ အားလုံးအသုံးမကျဘူး!"

အခုတွင် အခြေအနေများတိုးတက်လာရာ ပင်လယ်နဂါးတာအိုဘိုးဘေးက ၎င်း၏ရည်ရွယ်ချက်ကို ဖုံးကွယ်မထားတော့ပေ။ ဤအသုံးမကျသော ပုဂ္ဂိုလ်များက ပင်လယ်နဂါးတာအိုဘိုးဘေးကို မျှော်လင့်ချက်မဲ့စေသည်။ ၎င်းတို့က အနည်းငယ်ပိူ၍ အသုံးဝင်လျှင်ပင် အခြေအနေက ဤမျှလောက်ဆိုးလိမ့်မည် မဟုတ်ပေ။

ပင်လယ်နဂါးတာအိုဘိုးဘေး၏ စော်ကားမှုများက ထိုကျင့်ကြံသူများကို ဒေါသထွက်စေသည်။ ထိုအဖြစ်အပျက်ကို ပင်လယ်နဂါးတာအိုဘိုးဘေးက လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်၏။ အမြင့်ဆုံးသော တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် ပင်လယ်နဂါးတာအိုဘိုးဘေး၏အစပြုခြင်းကြောင့်သာ မဟုတ်ပါက၊ ၎င်းတို့သည် ဤကဲ့သို့ ပြုမူဝံ့မည်မဟုတ်ပေ။

ပင်လယ်နဂါးတာအိုဘိုးဘေးများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် တိုတောင်းသော်လည်း ၎င်းတို့၏ကြီးထွားနှုန်းကို မရပ်တန့်နိုင်ပေ။ တာအိုဘိုးဘေးအချို့ပင်လျှင် ပင်လယ်နဂါးတာအိုဘိုးဘေးအပေါ်ထားရှိသော အမြင်ပြောင်းလဲသွားကြ၏။

ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို စဉ်းစားပြီးနောက်တွင် ၎င်းတို့အားလုံးသည် လှည့်စားခံခြင််းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်ကြသည်။

ယခုတွင် ၎င်းတို့က အသုံးမဝင်တော့ဘဲ ပင်လယ်နဂါးတာအိုဘိုးဘေးက သူ့သရုပ်မှန်ကို ထုတ်ဖော်ပြသလိုက်၏။ ပင်လယ်နဂါးတာအိုဘိုးဘေးက ခေါင်းကိုမော့လိုက်ကာ ရီရှောင်းရှောင်းကို အဝေးကကြည့်ရင်း သူ၏ လူသတ်ချင်စိတ်က ပို၍ပင်ပြင်းထန်လာသည်။

ဤ အသုံးမကျသောသူများကို အားကိုး၍ မရတော့သောကြောင့်၊ သူကိုယ်တိုင် အရေးယူရတော့မည်။

အလင်းတစ်ချက်လက်သွားပြီးနောက် ပင်လယ်နဂါးတာအိုဘိုးဘေးသည် အခင်းအကျင်းအပြင်ဘက်တွင် ပေါ်လာသည်။

တာအိုဘိုးဘေးတစ်ဦးအနေဖြင့် တာအိုဘိုးဘေးတစ်ဦးကို ရပ်တန့်နိုင်သည့်အခင်းအကျင်းက ပင်လယ်နဂါးတာအိုဘိုးဘေးအတွက် တို့ဟူးနှင့်မခြားနားချေ။

သို့သော်လည်း ထိူအခင်းအကျင်းက ပင်လယ်နဂါးတာအိုဘိုးဘေးကို ရပ်တန့်ရန်ရည်ရွယ်ခြင်းမဟုတ်ပေ။ အောက်ဘက်ရှိ အခြားသော ကျင့်ကြံသူများသည် ပင်လယ်နဂါးတာအို ဘိုးဘေး ထွက်သွားသည်ကို မြင်လိုက်ကြပြီးနောက် ထွက်ပြေးသွားသည်ဟုထင်ကာ ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။

မူလက ၎င်းတို့သည် ရီမိသားစုနှင့် ယှဉ်နိုင်ခြင်းမရှိခဲ့သည့်အပြင် ယခုအခါတွင် ပင်လယ်နဂါးတာအိုဘိုးဘေးလည်း မရှိတော့သဖြင့် ၎င်းတို့၏အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

၎င်းတို့ကိုယ်ကို ကာကွယ်ရန်အတွက် ပင်လယ်နဂါးတာအိုဘိုးဘေးကို အားကိုးရန် မဖြစ်နိုင်တော့ချေ။ အားနည်းသော ကျင့်ကြံသူ အများအပြားက ရိုးသားစွာတောင်းပန်လိုက်ကာ ချက်ချင်းဒူးထောက်လိုက်ကြသည်။

"တာ့ယွီမင်းကြီး၊ ကျွန်တော်တို့က ပင်လယ်နဂါးဘိုးဘေးကြောင့် မျက်စိကန်းနေခဲ့လိူ့ပါ"

"ဟုတ်တယ်၊ ဒါက ပင်လယ်နဂါးတာအိုဘိုးဘေးရဲ့ အပြစ်ပါ။ ငါတို့ကို အပြစ်မတင်ပါနဲ့"

ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုကာ တာဝန်အားလုံးကို ပင်လယ်နဂါးတာအိုဘိုးဘေးထံသို့ တွန်းပို့ရန် ကြိုးစားနေကြသည်။ ပင်လယ်နဂါး တာအိုဘိုးဘေးက မျက်မှောင်ကြုတ်လျက် တိတ်တဆိတ်မန္တန်ရွတ်လိုက်သည်။

အသနားခံခဲ့သော ကျင့်ကြံသူသည် သူတို့၏စိတ်ဝိညာဉ်ထဲမှ တစ်ခုခုပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ ၎င်းတို့မတုံ့ပြန်နိုင်မီ အပျက်အဆီးများထဲမှ အနှောင့်အယှက်တစ်ခု ထွက်ပေါ်လာကာ ၎င်းတို့၏အသက်ကို ချက်ချင်းနုတ်ယူသွားသည်။ တာအိုဘိုးဘေးအနည်းငယ်ပင်လျှင် ၎င်းကို မခုခံနိုင်ကြချေ။

၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်တွင် ပင်လယ်နဂါးတာအိုဘိုးဘေးကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။ ထိုသူက ဤနည်းလမ်းကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း သိသာ၏။

အစကတည်းက ပင်လယ်နဂါးတာအိုဘိုးဘေးသည် ၎င်းတို့ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိသည်မှာထင်ရှားသည်။ ပင်လယ်နဂါးတာအိုဘိုးဘေးသည် သူ၏လက်ကို သုတ်လိုက်၏။ ထိုသူများက သူ၏ စစ်တုရင်အပိုင်းအစမျှသာဖြစ်ကြသည်။

မူလက သူသည် ၎င်းတို့၏အခန်းကဏ္ဍများကို ပြီးမြောက်ပြီးနောက်မှသာ ၎င်းတို့ကိုအဆုံးသတ်ရန်စီစဉ်ခဲ့သည်။ ထိုအချိန်တွင် ငှါးရမ်းထားသောအကူအညီအားလုံး သေဆုံးသွားကာ ရီမိသားစုမှ စုံစမ်းစစ်ဆေးခဲ့လျှင်ပင် ၎င်းကိုပြန်ရှာတွေ့နိုင်မည်မဟုတ်ချေ။

ယခုတွင် ရီမိသားစုက အမှန်တရားကို ရှာဖွေတွေ့ရှိသွားသောကြောင့် ၎င်းအစီအစဉ်အတွက် မလိုအပ်တော့ချေ။ လက်တစ်ချောင်းမ၊မလိုက်ရဘဲ ပင်လယ်နဂါးတာအိုဘိုးဘေးက ရီမိသားစုအား ဒုက္ခပေးသူအားလုံးကို ဂရုစိုက်ပေးခဲ့သည်။

ရီရှောင်းရှောင်းက ကြားဝင်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိဘဲ ထိုအရှုပ်အထွေးကိုကြည့်ရန်သာ စိတ်ဝင်စားခဲ့သည်။ ရီရှောင်းရှောင်းသည် ဤလက်ပါးစေများ၏ကံကြမ္မာကို ဂရုမစိုက်ချေ။

သူမရှေ့ရှိပင်လယ်နဂါးတာအိုဘိုးဘေးက ကြိုးကိုင်သူဖြစ်ရာ သူတစ်ဦးတည်းကျန်လျှင် လုံလောက်၏။ ထို့နောက်တွင် ပင်လယ်နဂါးတာအိုဘိုးဘေးသည် ရီရှောင်းရှောင်းဘက်သို့ လှည့်ကြည့်လာ၏။ လေထုသည်လည်း ရုတ်တရက် ပြင်းထန်လာသည်။

…….

All Chapters