← Chapters

အခန်း ၃၄၃-၃၄၅

Vol. 23 Ch. 343-345

အခန်း ၃၄၃-၃၄၅

Vol. 23 Ch. 343-345

အခန်း ၃၄၃ - ရီမိသားစုကို ရန်သွားစလို့မရဘူး

လူသတ်ရန်ရည်ရွယ်ချက်ကို ခံစားလိုက်ရသဖြင့် ယန်ကျန်းက ရီရှောင်းရှောင်းကို ချက်ချင်း ကာကွယ်လိုက်သည်။ သူမတွင်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်များရှိသော်လည်း ရီရှောင်းရှောင်းသည် အထွတ်အထိပ်တာအိုဘိုးဘေးနှင့် မယှဉ်နိုင်သေးချေ။

နောက်အခိုက်အတန့်တွင် ပင်လယ်နဂါးတာအိုဘိုးဘေးက စတင်လှုပ်ရှားခဲ့သည်။ ‘ပင်လယ်ပြင်နိယာမ’ အဆုံးမဲ့စွမ်းအားသည် အဆုံးမဲ့ပင်လယ်ပြင်အဖြစ်သို့ ပြောင်းလဲသွားကာ ရီရှောင်းရှောင်းနှင့် အခြားသူများဆီးသို့ စီးဆင်းသွားသည်။

ဟန်ဟိုင်နှင့်ရင်ဆိုင်ရချိန်တွင် ယန်ကျန်းသည် ကြောက်ရွံ့မှုမရှိဘဲ ကောင်းကင်နှင့်မြေကြီးနိယာမကို ခင်းကျင်းလိုက်သည်။ သူ၏လက်ထဲတွင်ရှိသော သုံးမြှောင့်နှစ်ထပ်ဓားက ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာအတွင်း ရေစီးကြောင်းကို ချက်ချင်းဖောက်ထွင်းလိုက်သည်။

ပင်လယ်နဂါးတာအိုဘိုးဘေး၏တိုက်ခိုက်မှုက မပြောင်းလဲဘဲ ဟန်ဟိုင်းအဖြစ်သို့ချက်ချင်း အရည်ပျော်သွားသည်။

ပင်လယ်နဂါးတာအိုဘိုးဘေး ပျောက်ကွယ်သွားသည်နှင့်အမျှ ယန်ကျန်းသည်လည်း ရီရှောင်းရှောင်းကို ချက်ခြင်းသတိထားလျက် ကာကွယ်ထားသည်။ သူ၏နဖူးပေါ်ရှိ တတိယနတ်မျက်လုံးက အဆက်မပြတ်လှည့်ပတ်ကာ ပင်လယ်နဂါးတာအိုဘိုးဘေး၏ခြေရာကို ရှာဖွေနေသည်။

သို့သော်လည်း ယန်ကျန်းက မည်သို့ပင်ရှာဖွေပါစေ ပင်လယ်နဂါးတာအိုဘိုးဘေးမှာ လုံးဝပျောက်ကွယ်သွားသလိုပင်။ သူလွတ်မြောက်သွားသည်လား။ သူ ပျောက်ကွယ်သွားသည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ တာ့ယွီမင်းဆက်အတွက် ရလဒ်ကောင်းတစ်ခုမဟုတ်ပေ။

"ဘာမှမဖြစ်ဘူး၊ သူသေချာပေါက်မပြေးဘူး"

ရီရှောင်းရှောင်းက သေချာကြည့်လိုက်သည်။

ပင်လယ်နဂါးတာအိုဘိုးဘေးကို သူမတွေ့လိုက်သည့်အခိုက်တွင် ရီရှောင်းရှောင်းသည် ၎င်းတို့၏ပစ်မှတ်က သူမဖြစ်ကြောင်း သိလိုက်ရ၏။ သူမ မသေသေးသရွေ့ ၎င်းကမည်သို့ထွက်ခွါသွားလိမ့်မည်နည်း။

ဤအခိုက်အတန့်တွင် ပင်လယ်နဂါးတာအိုဘိုးဘေးသည် တစ်ဖန်ထွက်ပေါ်လာ၏။ ထို့အပြင် သူက ရီရှောင်းရှောင်း အနားတွင် ရှိနေသည်။ ၎င်းက ပင်လယ်နဂါးတာအိုဘိုးဘေး၏ ဝှက်ဖဲတစ်ခုဖြစ်သည့် ဟန်ဟိုင်းသင်္ကေတဖြစ်သည်။ သူတစ်ကိုယ်လုံးကို ပင်လယ်ပြင်အဖြစ် စီးမျောသွားနိုင်သောကြောင့် ပင်လယ်ကြီးရှိနေသရွေ့ သူ့ကို မည်သူမှမသတ်နိုင်ချေ။

ထို့အပြင် ပင်လယ်ပြင်အတွင်း၌ သူသည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ကာ သူ၏ရွယ်တူများထက်ပင် သာလွန်စေသည်။ ယန်ကျန်းမတုံ့ပြန်ခင်၌ ပင်လယ်နဂါးတာအိုဘိုးဘေးသည် ရီရှောင်းရှောင်း၏ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။

ပင်လယ်ရေသည် ပေါက်ကွဲထွက်သွားကာ ရီရှောင်းရှောင်းဆီသို့ ချက်ချင်းကျရောက်သွားသည်။ ဆူးများ၏ ထိပ်ဖျားများက အပြာရောင်အလင်းတန်းများဖြင့် တောက်ပနေသောကြေ င့် အသေးအဖွဲမျှသာ မဟုတ်သည်မှာ ထင်ရှား၏။

ပင်လယ်နဂါးတာအိုဘိုးဘေးများ၏မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခုပေါ်လာသည်။ ယန်ကျန်းသည် အချိန်မီဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် ရီရှောင်းရှောင်က စတင်လှုပ်ရှားခဲ့၏။ သူမ၏ ဖီးနစ်ဝတ်ရုံသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ၎င်းမှာ ရီဖန်သန့်စင်ထားသော အလယ်အလတ်အဆင့် နတ်လက်နက်ဖြစ်ကာ ၎င်း၏ခံစစ်စွမ်းအားမှာလည်း အလွန်ကောင်းမွန်သည်။ မီးနစ်သံချပ်ပေါ်ရှိ မီးတောက်များသည်လည်း ချက်ချင်းပေါက်ကွဲသွားကာ ဆူးပင်များလည်း အရည်ပျော်သွားသည်။

ပင်လယ်နဂါး တာအိုဘိုးဘေးသည်ပင် အံ့အားသင့်သွားသည်။ သူ၏အချက်အလက်များအရ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်၏ နောက်ပိုင်းအဆင့်များတွင်သာဖြစ်သည်။ သူကဲ့သို့သော အနှိုင်းမဲ့တာအိုဘိုးဘေးများ၏တိုက်ခိုက်မှုကို သူမ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ထို့အပြင် ထို အလယ်အလတ် နတ်လက်နက်က မည်သည့်နေရာက ရလာသနည်း။

အလယ်အလတ်အဆင့် နတ်လက်နက်များကို ဖန်တီးနိုင်သော သူတော်စင်အဆင့်ရှိ အင်မော်တယ်လက်နက်သန့်စင်သူအနည်းငယ်သာ ရှိသည်။ ၎င်းတို့ထဲမှ မည်သူက ရီရှောင်းရှောင်းအတွက် သန့်စင်ပေးခဲ့သနည်း။

မအောင်မြင်သောတိုက်ခိုက်မှုအပြီးတွင် ပင်လယ်နဂါးတာအိုဘိုးဘေးသည် ပင်လယ်ထဲသို့ပြန်ထွက်ပြေးရန် စဉ်းစားခဲ့သော်လည်း ရီရှောင်းရှောင်းက သူ့ကို ထိုအခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိခဲ့ချေ။ သူမသည် ကျန်းနန်ဓားကို လက်ထဲတွင်ကိုင်ထားပြီး ရုတ်တရက်ခုတ်ချလိုက်ရာ ကြယ်များပေါက်ကွဲသွားသည်။

ရီရှောင်းရှောင်းသည် ပင်လယ်နဂါးတာအိုဘိုးဘေး၏ ပြိုင်ဘက်မဟုတ်သော်လည်း၊ အလယ်အလတ်အဆင့် နတ်လက်နက်ကို ကိုင်ဆောင်ထားသောကြောင့် သူမသည် သူ့ကိုချုပ်နှောင်ထားနိုင်ဆဲဖြစ်သည်။

ရီရှောင်းရှောင်းသည် ပင်လယ်နဂါးတာအိုဘိုးဘေး၏ မှီခိုရာမှာ ပင်လယ်များနှင့် ပေါင်းစပ်နေကြောင်း သိလိုက်ပြီးဖြစ်ရာ၊ ယန်ကျန်း၏အကူအညီဖြင့် သူ့ကို ပင်လယ်ပြင်နှင့် ပေါင်းစည်းခွင့်အရေးမပေးသရွေ့ ပြန်ထိန်းထားနိုင်မည်မှာသေချာ၏။

နောက်ထပ် အလယ်အလတ်အဆင့် နတ်လက်နက်တစ်ခု၊

ပင်လယ်နဂါးတာအိုဘိုးဘေးသည် အလွန်ချဉ်တူးလာသည်။ သူသည် အထွတ်အထိပ်တာအိုဘိုးဘေးတစ်ဦးဖြစ်သည့်တိုင် အလယ်အလတ်အဆင့် နတ်လက်နက်တစ်ခုကိုသာ ပိုင်ဆိုင်ထားကာ ၎င်းသည် အကူအမျိုးအစားဖြစ်သည်။

ရီရှောင်းရှောင်းတွင်မူ အလယ်အလတ်နတ်လက်နက် နှစ်ခုရှိ၏။ တိုက်ခိုက်ရေးအတွက်တစ်ခု၊ ကာကွယ်ရေးအတွက် တစ်ခု၊ ၎င်းတို့သည် ပင်လယ်နဂါးတာအိုဘိုးဘေးအိပ်မက်မက်ခဲ့ရသော အရာများဖြစ်သည်။

ရီရှောင်းရှောင်းက တိုက်ခိုက်ရန်ခဲယဉ်းသောကြောင့် ၎င်းလက်နက်နှစ်ခုရှိကြောင်းကို မည်သူမျှမသိကြပေ။

ယခုတွင် သူမက ၎င်းတို့ကို ထုတ်သုံးလိုက်ရာ အံ့အားသင့်စရာအချက်တစ်ခု ရရှိသွားကြ၏။

ယန်ကျန်းသည်လည်း ပင်လယ်နဂါးတာအိုဘိုးဘေးနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ချက်ချင်းပင်တုံ့ပြန်လိုက်ပြီး ပင်လယ်ပြင်နယ်မြေသို့ ပြန်လည်ဝင်ရောက်ခြင်းမှ တားဆီးခဲ့သည်။

ယန်ကျန်းက တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့ပြီး ရီရှောင်းရှောင်းက ကူညီပေးကာ ပင်လယ်နဂါးတာအိုဘိုးဘေးကို ထိုကဲ့သို့ထိန်းသိမ်းထားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းလာသည်ဟု ခံစားလာရပြီးနောက် ပင်လယ်နဂါးတာအိုဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းမှာ အသုံးမကျကြောင်း ကျိန်ဆဲမိသည်။ အချိန်သာ ကုန်သွားသော်လည်း စစ်ကူက ရောက်မလာသေးပေ။

လက်ရှိအခြေအနေအရ ရီရှောင်းရှောင်းကိုမသတ်နိုင်ရုံသာမက ထွက်ပြေးရန်လည်းခက်ခဲသည်။ ရီရှောင်းရှောင်းက ယခုလေးတင်ပြသထားသည့် အင်အားကြောင့် သူ၏ဝှက်ဖဲတစ်ချပ်ဖြင့် သူမကိုသတ်ရန်မဖြစ်နိုင်ချေ။

ထိုအချိန်တွင် နောက်ထပ်ရုပ်ပုံတစ်ခုကငြိမ်သက်စွာ ထွက်ပေါ်လာသည်။ တိုက်ပွဲအလယ်တွင်ရှိနေကြသော ရီရှောင်းရှောင်းနှင့် ယန်ကျန်းတို့က ၎င်းကို သတိမထားမိခဲ့ကြပေ။ အလင်းဖျော့ဓားမြှောင်တစ်ချောင်းက အရိပ်မည်းကြီး၏လက်ထဲတွင် ပေါ်လာပြီးနောက် ရီရှောင်းရှောင်းဆီသို့ တိတ်တဆိတ်ချဉ်းကပ်သွားသည်။

ရီရှောင်းရှောင်းသည် ရုတ်တရတ် တစ်စုံတစ်ရာကို ခံစားလိုက်ရကာ သူမကိုချက်ချင်း ဖုံးလွှမ်းသွားသည်။ ထို့နောက် ခက်ခက်ခဲခဲ ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမအနားရှိအရိပ်အယောင်ကို မြင်လိုက်ရ၏။

အရိပ်၏မျက်နှာကို မြင်သောအခါ ရီရှောင်းရှောင်း အံ့သြသွားသည်။ ဤလူသည် ထန်မင်းဆက်၏ဘုရင်ဖြစ်ကြောင်း သူမ တန်းမှတ်မိသည်။ ထိုသူက ရီဖန်၏လက်၌ ကွယ်လွန်သွားသည်ကို သူမကိုယ်တိုင်မြင်တွေ့ခဲ့ရရာ ၎င်းကမည်သို့ပြန်ပေါ်လာသနည်း။

အရိပ်၏ဖုံးကွယ်မှုနည်းပညာက အစွမ်းထက်လွန်းသောကြောင့် ရီရှောင်းရှောင်းက ၎င်းကိုရှာတွေ့ချိန်တွင် ရပ်တန့်ရန်နောက်ကျသွား၏။ ပင်လယ်နဂါးတာအိုဘိုးဘေးမှာ အလွန်စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် ပျက်ဆီးခြင်းဂိုဏ်းခွဲမှသူများ ရောက်ရှိလာသည်။

ရီရှောင်းရှောင်းအသတ်ခံရသရွေ့ သူသည် နတ်ဆိုးနတ်ဘုရားသွေးငါးစက်ကို ရရှိမည်ဖြစ်သည်။

ထိုအချိန်တွင် အနှိုင်းမဲ့ တာအိုဘိုးဘေး အဆင့်သို့ ဖြတ်ကျော်ခြင်းက ပြဿနာမဟုတ်တော့ပေ။

"ချကြ! ချကြ!"

ရီရှောင်းရှောင်းသည် အသက်ရှင်ဆဲဖြစ်ကာ ထန်မင်းဆက်ဘုရင်၏ ဓားမြှောင်သည် သူမနှင့် ဆံချည်မျှင်မျှသာဝေးကွာတော့သည်။ သိူ့သော်လည်း ၎င်းက သူမအပေါ်သို့ မကျရောက်ခဲ့ချေ။

ရီရှောင်းရှောင်းနှင့် ထန်မင်းဆက်ဘုရင်ကြားတွင် တစ်စုံတစ်ခုကပိတ်ဆို့နေပုံရသည်။ သို့သော် ထန်မင်းဆက်ဘုရင်က မည်သို့ပင်ရှာစေကာမူ မည်သည့်အရာက တားဆီးပိတ်ပင်ထားသည်ကို သူ မသိနိုင်ပေ။

ထိုနည်းစနစ်ကို အနှိုင်းမဲ့တာအိုဘိုးဘေးကပင်လျှင် ပိုင်နိုင်မည်မဟုတ်ချေ။ ရီဖန်ရောက်လာခြင်း ဖြစ်နိုင်သလား? မဖြစ်နိုင်ချေ၊ ရီဖန်သည် ရန်ဟွမ်နယ်မြေ၌သာ ရှိနေကြောင်း သူ၏ထောက်လှမ်းရေးက ပြသထားသည်။

…………

အခန်း ၃၄၄ - ရီမိသားစုကို ရန်သွားစလို့မရဘူး

ဗောဓိဘိုးဘေး၏ အဆင့်အတန်းဖြင့် သူသည် ရီရှောင်းရှောင်းကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ရန် မဖြစ်နိုင်ပေ။ ရီရှောင်းရှောင်း၏အထောက်အထားဖြင့်ပင် သူမသည် ထိုကဲ့သို့အရည်အချင်းမပြည့်မီသေးပါ။

ရီရှောင်းရှောင်းသည် လူ့ဧကရာဇ်

အမွေဆက်ခံသူတစ်ဦးဖြစ်လျှင်ပင်၊ ယခင်က လူသားဧကရာဇ်သည်လည်း ဗောဓိဘိူးဘေးနှင့် ရွယ်တူမိတ်ဆွေမျှသာဖြစ်သည်။

ရီမိသားစုတွင် နောက်ထပ်အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးရှိနေခြင်း ဖြစ်နိုင်ပါသလား။

ထိုအတွေးပေါ်လာသောအခါ ထန်မင်းဆက်ဘုရင်ပင်လျှင် ထိတ်လန့်သွား၏။ အနှိုင်းမဲ့တာအိုဘိုးဘေးသည် တွေ့ရများသော ဂေါ်ဖီထုပ်မျိုးမဟုတ်ချေ။ ပန်ကုစကြာဝဠာတစ်ခုလုံးတွင် ဤနယ်ပယ်သို့ရောက်ရှိသွားသော စွမ်းအားရှင်အရေအတွက်ကို လက်နှစ်ဘက်ဖြင့်ပင် ရေတွက်နိုင်သည်။

အကယ်၍ ရီမိသားစုတွင် အနှိုင်းမဲ့တာအိုဘိုးဘေးနှစ်ဦးနှင့် ဗောဓိဘိုးဘေးတစ်ဦးရှိပါက ၎င်းတို့တွင် အနှိုင်းမဲ့တာအိုဘိုးဘေး သုံးဦးရှိသည်ဟုဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့ကို ပန်ကုစကြဝဠာတွင် ထိပ်တန်းအင်အားစုအဖြစ် သတ်မှတ်နိုင်သည်။

၎င်းတို့ပျက်ဆီးခြင်းဂိုဏ်းက ဤကဲ့သို့သောဖြစ်တည်မှုကို ရန်စရန် အမှန်တကယ်တတ်နိုင်မည်လား။

ထန်မင်းဆက်ဘုရင်က ဤတစ်ကြိမ်တွင် ၎င်းတို့၏ပျက်ဆီးခြင်းဂိုဏ်းက ရီရှောင်းရှောင်းကို တိုက်ခိုက်ခြင်းသည် ကြီးမားသောအမှားတစ်ခုဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ရီဖန်၏ ကာကွယ်တတ်သည့် သဘောအရ သူသည် ၎င်းတို့ ရီရှောင်းရှောင်းအား ပစ်မှတ်ထားနေခြင်းကို အမှန်တကယ် လျစ်လျူရှုထားမည်လား။

ထန်မင်းဆက်ဘုရင်က အတွေးထဲပျောက်နေချိန်အတွင်း သူ့ဘေးနားရှိ ပင်လယ်နဂါးတာအိုဘိုးဘေးက ပို၍ပင်စိုးရိမ်ပူပန်လာသည်။ ထန်မင်းဆက်ဘုရင်သည် အောင်မြင်ရန် နီးကပ်လာသည့်အချိန်တွင် အဘယ်ကြောင့်မလှုပ်ရှားတော့ကြောင်းကို သူနားမလည်ချေ။

"မင်းဘာလို့မလှုပ်တာလဲ၊ ပျက်ဆီးခြင်းဂိုဏ်းဝင်တွေအားလုံးက မင်းလိုပဲ အသုံးမကျဘူးလား"

ပင်လယ်နဂါးတာအိုဘိုးဘေးက ကျယ်လောင်စွာ မကျိန်ဆဲဘဲမနေနိုင်တော့ချေ။

ထန်မင်းဆက်ဘုရင်မှာဆွံ့အသွား၏။ 'မင်းအရမ်းအစွမ်းထက်တယ်ဆိုရင်လဲ ဘာလို့လာမလုပ်လဲကွာ’

တကယ်တမ်းတွင် သူမလုပ်ချင်သောကြောင့်မဟုတ်ဘဲ မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ရီရှောင်းရှောင်းသည် တစ်စုံတစ်ခုရပ်တန့်သွားသည်ကို ခံစားလိုက်ရကာ သူမ လုံခြုံသွားပြီဟု ခံစားလိုက်ရသည်။

ရီရှောင်းရှောင်းသည် ရီဖန်မိသားစုကို တစ်စုံတစ်ယောက်က အကာအကွယ်ပေးထားကြောင်း ရီဖန်ပြောဖူးသည်ကို သတိရလိုက်၏။

၎င်းတို့ကို ကာကွယ်ပေးသည့်သူမှာ ဝမ်ကျန်းတာအိုဘိုးဘေးဖြစ်သည်။

ယခုအချိန်တွင် ဝမ်ကျန်းတာအိုဘိုးဘေးတွင် အခြားအလုပ်များမရှိတော့ဘဲ သူ၏ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် ရီမိသားစု၏တပည့်များကို အကာအကွယ်ပေးသည့်အလုပ်က သူ့တာဝန်ဖြစ်လာသည်။

ရီရှောင်းရှောင်း အံ့ဩစွာဖြင့် မော့ကြည့်လိုက်ရာ သူ့ခေါင်းထက်တွင် ပုံရိပ်တစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ရီမိသားစု၏အသန်မာဆုံး နောက်လိုက် ဝမ်ကျန်းတာအိုဘိုးဘေးဖြစ်သည်။ ဝမ်ကျန်းတာအိုဘိုးဘေး၏ခန္ဓာကိုယ်သည် လူအုပ်ထဲသို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ပင်လယ်နဂါးတာအိုဘိုးဘေးနှင့် ထန်မင်းဆက်ဘုရင်တို့ နှစ်ယောက်စလုံး ၎င်းကိုမြင်လိုက်ရသည်နှင့် တုန်လှုပ်ခြောက်ခြားသွား၏။ အကြောင်းမှာ ၎င်းတို့နှစ်ဦးလုံးက ထိုသူကို မှတ်မိသွားသောကြောင့်ပင်။

ရီဖန်၏ရှေ့မျိုးဆက်မှ နှစ်သန်းပေါင်းများစွာအတွင်း အပြင်းထန်ဆုံးပါရမီရှင် ဝမ်ကျန်းတာအိုဘိုးဘေးသည် အနှိုင်းမဲ့တာအိုဘိုးဘေးများကြားရှိ အထွတ်အထိပ်ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။

ဝမ်ကျန်းတာအိုဘိုးဘေးသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ပျောက်ကွယ်သွားသင့်သည် မဟုတ်လား။ ထိုအခိုက်တွင် ရီဖန်ကိုလည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ စေလွှတ်ခဲ့ကြောင်း ရုတ်တရက်သတိရသွားသည်။

ဝမ်ကျန်းတာအိုဘိုးဘေးကိုယ်တိုင်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် ရှိနေခဲ့၏။

ရီဖန်က ဝမ်ကျန်းတာအိုဘိုးဘေးကို ထုတ်ပေးခဲ့ခြင်းဖြစ်နိုင်သလား။ ၎င်းကိုတွေးမိပြီးနောက် ထန်မင်းဆက်ဘုရင်က သူ့ကိုယ်သူပါးသာချလိုတော့သည်။ ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ စေလွှတ်ခြင်းက သူလုပ်ခဲ့သမျှထဲမှ အကြီးဆုံးအမှားကြီးတစ်ခုဖြစ်လာသည်။

ရီဖန်ကို အခွင့်အရေးများပေးရုံသာမက ဝမ်ကျန်းတာအိုဘိုးဘေးအဆင့်ရှိ နောက်လိုက်တစ်ဦးကိုလည်း ရီမိသားစုထံ ခေါ်ဆောင်လာခဲ့သည်။

ပင်လယ်နဂါးတာအိုဘိုးဘေးများသည်လည်း သဘောပေါက်သွားပြီးနောက် ထန်မင်းဆက်ဘုရင်ကို မုန်းတီးစွာကြည့်လိုက်သည်။ ‘မင်းလုပ်ခဲ့တာတွေကို ကြည့်စမ်း၊ အဲဒါတွေက ငါတို့ဟာဖြစ်ရမှာကွ’ ထန်မင်းဆက်ဘုရင်သည် သစ္စာဖောက်တစ်ယောက်ဖြစ်နေ၏။

အကယ်၍ ၎င်းက အခြားသော အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်ခဲ့ပါက၊ ၎င်းတို့သည် ခုခံရန် စဉ်းစားနိုင်ဦးမည်ဖြစ်သော်လည်း၊

ဝမ်ကျန်းတာအိုဘိုးဘေးဖြစ်နေသည့်အတွက် ခုခံရန်အကြံကို လုံးဝစွန့်လွှတ်လိုက်ကြသည်။ ပြန်မတိုက်နိုင်၊ မလွတ်မြောက်နိုင်ဘဲ ယခုအချိန်တွင် အမှန်တကယ်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေလေပြီ။

ဝမ်ကျန်းတာအိုဘိုးဘေးက သူ့လက်ကိုညင်သာစွာ မြှောက်လိုက်ပြီး ပြန်ချလိုက်သည်။ ‘ဝမ်ကျန်းလက်နက်တိုက်၊ ပထမ ဓား။’ ဝမ်ကျန်းတာအိုဘိုးဘေး၏ အပြင်းထန်ဆုံးသောကျွမ်းကျင်မှုမှာ သူ၏ဓားကျွမ်းကျင်မှုဖြစ်ကာ၊ သူ၏ ဝမ်ကျန်းလက်နက်တိုက်သည် ပန်ကုစကြဝဠာရှိ ဓားသမားအားလုံးအတွက် နတ်ကျောင်းတော်ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်သန်းက ဝမ်ကျန်းတာအိုဘိုးဘေး၏ အမွေအနှစ်များရှိကြောင်း ကောလာဟလတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက သူ၏အမွေအနှစ်အတွက် ယှဉ်ပြိုင်ရန် ပန်ကုစကြဝဠာတွင်း တိုက်ပွဲကို အစပျိုးလုနီးပါးဖြစ်ခဲ့သည်။ ၎င်းက ဝမ်ကျန်းလက်နက်တိုက်သည် မည်မျှ အစွမ်းထက်ကြောင်း ပြသနေ၏။

ပင်လယ်နဂါးတာအိုဘိုးဘေးနှင့် ထန်မင်းဆက်ဘုရင် နှစ်ဦးစလုံးသည် ၎င်းတို့အပေါ်မှ ဖြတ်သွားသော လေပြည်ကို ခံစားလိုက်ရသည်။ နောက်အခိုက်အတန့်တွင် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

နာကျင်မှုမရှိဘဲ၊ ကောင်းကင်နှင့်မြေကြီးကြားတွင် ရိုးရှင်းစွာပင် ပျောက်ကွယ်သွားကြ၏။ ဓားတစ်ချက်ဖြင့် အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦး ကျသွားလေပြီ။

ဝမ်ကျန်းတာအိုဘိုးဘေးကို ကြည့်နေချိန်တွင် ယန်ကျန်း၏မျက်လုံးများတွင် ကြည်နူးမှုအပြည့်ရှိသည်။

သူသည် အမှန်တကယ်ပင် ဝမ်ကျန်းတာအိုဘိုးဘေးဖြစ်ကာ သူ၏စံပြပုဂ္ဂိုလ်ဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားပြီးနောက် ရီရှောင်းရှောင်းနှင့် တခြားသူများသည် အကြာကြီးမနေဘဲ

အမြန်ထွက်သွားကြသည်။

ရီရှောင်းရှောင်းနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်တွင် ကျင့်ကြံရေးသမားအများအပြားသည် တိုက်ပွဲနေရာသို့ ရောက်ရှိလာကြသည်။

ရီရှောင်းရှောင်းဤနေရာသို့ အလျင်အမြန်ရောက်ရှိလာသည့်သတင်းကို ရရှိပြီးနောက် ၎င်းတို့သည် အလျင်အမြန်လိုက်လာသော်လည်း ကွက်လပ်တစ်ခုသာတွေ့လိုက်ရသည်။

သို့သော် လေထဲတွင်ကျန်ရစ်ခဲ့သော ခြေရာများမှတစ်ဆင့် ဤနေရာတွင်ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွါးခဲ့ကြောင်းကိုပြောနိုင်သည်။

ထို့နောက် တစ်စုံတစ်ယောက်က လူသေအလောင်းများကို တွေ့ရှိခဲ့ရ၏။

ရီမိသားစု၏ကိစ္စရပ်များသည် အင်အားစုများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ အလောင်းများမှာ မကြာသေးမီက တာ့ယွီမင်းဆက်ကိုပစ်မှတ်ထားသည့် အင်အားစုများမှသူများဖြစ်ကြောင်းကို ဖော်ထုတ်ရန် အချိန်မကြာလိုက်ပေ။ ရီရှောင်းရှောင်း၏ ဤတစ်ကြိမ်လာရောက်မှုက ထိုလူများကြောင့် ဖြစ်နိုင်သလား။

ထိုအချိန်တွင် အချိန်တာအိုတွင် ကျွမ်းကျင်သော တာအိုဘိုးဘေးတစ်ဦးက အတိတ်မြင်ကွင်းကို ပြန်လည်ခြေရာခံရန်အတွက် သူ၏အချိန်စွမ်းအားကို အသုံးချလိုက်ရာ ပင်လယ်နဂါးတာအိုဘိုးဘေး၊ ယန်ကျန်း၊ ရီရှောင်းရှောင်း နှင့် အခြားသူများပေါ်လာသည်။ ထို့နောက်တွင် ထန်မင်းဆက်၏ဘုရင်ပေါ်လာသည်။

ထန်မင်းဆက်ဘုရင်ပေါ်လာခြင်းက ၎င်းအင်အားစုများကို ထိတ်လန့်စေခဲ့သည်။

ထန်မင်းဆက်ဘုရင် ကွယ်လွန်သွားပြီဟု အားလုံးက ထင်ခဲ့ကြရာ ပြန်ပေါ်လာရန် မမျှော်လင့်ခဲ့ကြပေ။

ပျက်ဆီးခြင်းဂိုဏ်းဝင်ဟုယူဆရသည့် ထန်မင်းဆက်ဘုရင်သည်ပြန်ပေါ်လာခြင်းက ပင်လယ်နဂါးတာအိုဘိုးဘေးသည်လည်း ပျက်ဆီးခြင်းဂိုဏ်းနှင့်ပူးပေါင်းနေကြောင်း ဖော်ပြနေသည်။ လူတိုင်းအံ့ဩသွားကြ၏။ ဤတစ်ကြိမ်တွင်လည်း ရီမိသားစုကို ပစ်မှတ်ထားသူမှာ ပျက်ဆီးခြင်းဂိုဏ်းသာ ဖြစ်သည်။

တာ့ယွီနတ်မင်းဆက်က အရေးယူရန် ကျိုးကြောင်းဆီလျော်ခဲ့ကာ ယခုတွင် ၎င်းတို့သည် ပျက်ဆီးခြင်းဂိုဏ်းနှင့် ဆက်နွယ်နေကြောင်းပေါ်လာရာ သူတို့ဘာမှထပ်မပြောရဲတော့ပေ။ ခြေရာခံမှုဆက်လက်လုပ်ဆောင်ပြီးနောက် ရုတ်တရက် ဓားချီ ပေါ်လာသည်။

ဓားချီပေါ်လာသောအခါ၊ မြင်ကွင်းသည် ရုတ်တရက်လေးလံလာကာ တာအိုဘိုးဘေး၏ အသက်ရှူသံများသည်လည်း ချက်ခြင်း အားပျော့သွားပြီး သူ့မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ဤဓားချီ သည် သူ၏ခြေရာခံခြင်းကိုပင် တိုက်ရိုက်ဖျက်ဆီးနိုင်၏။

"ဘာတွေဖြစ်နေတာလဲ?"

တာအိုဘိုးဘေးက စကားမပြောဘဲ သူနောက်ကြောင်းပြန်သွားခဲ့သည့် နောက်ဆုံးမြင်ကွင်းကို ပြလိုက်သည်။ ထိုမြင်ကွင်းတွင် ဓားချီသည် အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦးကို ချက်ချင်းသတ်ပစ်လိုက်သည်။ ဤနောက်ဆုံးဓားချီ ကို ရီမိသားစုမှတစ်စုံတစ်ဦးက ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။

၎င်းက အတိအကျဘာကိုဆိုလိုသနည်း။ ထိုအချိန်တွင် တစ်စုံတစ်ယောက်က ၎င်းကို ရုတ်တရက်မှတ်မိသွားသည်။

"ဒါက ဝမ်ကျန်းလက်နက်တိုက်ပဲ!"

ထိုနာမည်ကိုကြားလိုက်သောအခါတွင် အခြားကျင့်ကြံသူများသည်လည်း အငြိမ်မနေနိုင်တော့ချေ။ ၎င်းက နံပါတ်တစ် ဓားနည်းပညာအမွေအနှစ်ဖြစ်သည်။ မည်သူက စိတ်မလှုပ်ရှားဘဲနေမည်နည်း။ မည်သူက မလိုချင်ဘဲ နေမည်နည်း။

သို့သော် ဝမ်ကျန်းလက်နက်တိုက်က ရီမိသားစု၏လက်ထဲတွင်ရှိနိုင်သည်ဟုတွေးမိကာ ငြိမ်သက်သွားပြန်သည်။ ၎င်းကမည်မျှ ကောင်းမွန်နေစေကာမူ ရီမိသားစုထံမှ မတောင်းဆိုရဲပေ။ သို့သော် ကျင့်ကြံသူအချို့တွင် မတူညီသော အတွေးအမြင်များရှိကြသည်။

တကယ်တမ်းတွင် အခြားလူများသည် ရီမိသားစုမှ ဝမ်ကျန်းလက်နက်တိုက်ကို တောင်းဆိုရန် အရည်အချင်းမပြည့်မီသော်လည်း ၎င်းက ဝမ်ကျန်းဂိုဏ်း၏လူများဆိုလျှင် အဘယ်နည်း။

ဝမ်ကျန်းဂိုဏ်းသည် သမိုင်းမြစ်ထဲတွင် ပျောက်ကွယ်သွားသော်လည်း ဝမ်ကျန်းဂိုဏ်း၏ဌာနခွဲများ ကျန်နေသေးသည်ကို သူတို့သိသည်။ ၎င်းကို ယခုအခါတွင် ဝမ်ကျန်းဂိုဏ်း၏တရားဝင်ဆက်ခံသူအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။

၎င်းကို ဝမ်ကျန်းဂိုဏ်းမှဆက်ခံခြင်းကသာ အဓိပ္ပာယ်ရှိမည် မဟုတ်လား။ ထိုအချိန်က ဝမ်ကျန်းတာအိုဘိုးဘေးသည် ပန်ကုစကြဝဠာတွင် သူငယ်ချင်းဟောင်းများစွာရှိခဲ့ကာ ၎င်းတို့ထဲမှ အများစုသည် အနှိုင်းမဲ့ တာအိုဘိုးဘေးများအပါအဝင်ဖြစ်ကာ သက်ရှိထင်ရှားရှိနေဆဲဖြစ်သည်။

ရီမိသားစုသည် ဝမ်ကျန်းဂိုဏ်း၏ဆက်ခံသူများ၏ တောင်းဆိုမှုကို ငြင်းဆိုပါက၊ ထိုတာအိုဘိုးဘေးများက ရီမိသားစုကို အနည်းငယ်ဖိအားပေးနိုင်မည် မဟုတ်လား။

ဝမ်ကျန်းဂိုဏ်းက ဝမ်ကျန်းလက်နက်တိုက်အမွေကို ရယူလိုလျှင် ၎င်းတို့ထံတွင်လည်း အခွင့်အရေးရှိမည် မဟုတ်လား။

၎င်းတို့သည် ရီမိသားစုနှင့် တိုက်ရိုက်မရင်ဆိုင်နိုင်သော်လည်း လက်ရှိဝမ်ကျန်းဂိုဏ်း၏ လက်အောက်ခံဌာနခွဲကိုတော့ သေချာပေါက်ရင်ဆိုင်နိုင်သည်။ ဝမ်ကျန်းတာအိုဘိုးဘေးအမွေဆက်ခံခြင်းသည် သူတို့အတွက် အန္တရာယ်များသော်လည်း စွန့်စားရန်ထိုက်တန်၏။

တစ်ဖက်တွင်ပြန်ရောက်လာသောသတင်းကို ရရှိခဲ့သော အရိုးဘိုးဘေးသည် တုန်လှုပ်ချောက်ချားနေခဲ့၏။ သူ့အမြော်အမြင်ကို အတော်လေးသဘောကျ၏။ ဤတစ်ကြိမ်တွင် အမှန်တကယ်အန္တရာယ်များသည်။ ထန်မင်းဆက်ဘုရင်ကို ဆုံးရှုံးခဲ့ရသော်လည်း သူ့အတွက်တော့ ဆုံးရှုံးမှုကြီးမဟုတ်ချေ။

ထို့အပြင် ထန်မင်းဆက်ဘုရင်တွင် လူဝင်စားကိုယ်ပွါးတစ်ခုသာရှိမည်လား။

အရိုးဘိုးဘေးကတော့ _ မယုံချေ။

ရီမိသားစုတွင် ရီရှောင်းရှောင်းသည် လူတိုင်းနှင့်အတူ ပြန်ရောက်နေပြီဖြစ်သည်။ ရီရှောင်းရှောင်း၏ဖော်ပြချက်ကို ရီဖန်ကြားသောအခါ လူသတ်လိုသည့် ရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

ဝမ်ကျန်းတာအိုဘိုးဘေးကြောင့်သာမဟုတ်ပါက ပျက်ဆီးခြင်းဂိုဏ်း၏အစီအစဉ်သည် အောင်မြင်သွားနိုင်၏။ ဤအချိန်သည် ပျက်ဆီးခြင်းဂိုဏ်းကို သတိပေးရမည့်အချိန်ဖြစ်သည်။

၎င်းတို့သည် ရီမိသားစုကို လာမရှုပ်သင့်ချေ။ ပျက်ဆီးခြင်းဂိုဏ်းက အထိမနာသေးသရွေ့ သင်ခန်းစာကိုကောင်းကောင်းမှတ်မိဦးမည် မဟုတ်ပေ။

"ရီမိသားစုရဲ့ ကျင့်ကြံသူတွေကိုခေါ်လိုက်!"

……..

အခန်း ၃၄၅ - ထန်မင်းဆက်ဘုရင်အာဏာရလာခြင်း၊ အရိုးဘိုးဘေး၏ စိတ်ဓာတ်ကျခြင်း

ပထမဦးစွာ ရီဖန်သည် ဗောဓိဘိုးဘေးကိုသွားရှာကာ ပျက်ဆီးခြင်းဂိုဏ်းကိုရင်ဆိုင်ရန် သူ၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ရီဖန်၏လက်ရှိအင်အားဖြင့်ပင် ပျက်ဆီးခြင်းဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်သေးချေ။ ထို့ကြောင့် သူတော်စင်တစ်ပိုင်းဖြစ်သည့် ဗောဓိဘိုးဘေးပါ၀င်ရန် မဖြစ်မနေလိုအပ်သည်။

ရီဖန်သည် သူ့ဆရာဖြစ်သူကို အလွန်ယဉ်ကျေးမနေဘဲ သူ၏ရည်ရွယ်ချက်ကိုသာ တိုက်ရိုက်ဖော်ပြခဲ့သည်။

ပျက်ဆီးခြင်းဂိုဏ်းနှင့်ရင်ဆိုင်မည့် ရီဖန်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဗောဓိဘိုးဘေးက မကန့်ကွက်ခဲ့ပေ။

ဗောဓိဘိုးဘေး ကောင်းကောင်းသိသည်မှာ သူ သူတော်စင်တစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်ခြင်းက သူ့တပည့်၏ကောင်းမှုကြောင့်ဖြစ်သည်က်ိုပင်။ နှစ်များတစ်လျှောက်တွင် ရီဖန်ဟာ ဘာမှမပြန်မတောင်ဘဲ တစိုက်မတ်မတ်ပေးနေခဲ့သောကြောင့် ဆရာဖြစ်သူကို အနည်းငယ် ရှက်ရွံ့စေခဲ့သည်။

ယခုတွင် သူအောင်မြင်မှုတစ်ခုလုပ်ပြီးပြီဖြစ်ရာ သူ့တပည့်ထံမှ ဤအသေးအမွှားတောင်းဆိုမှုကို သဘောမတူပါက သူ၏လူသားဆန်မှု မရှိတော့ချေ။

“ရှောင်ဖန်၊ ငါ့ကို ဘယ်လိုလုပ်စေချင်လဲ ပြောကွာ!"

ရီဖန်ကသူ့ကို ပျက်ဆီးခြင်းဂိုဏ်း၏ဌာနချုပ်သို့သွားကာ အရိုးဘိုးဘေးကို ခေါင်းဖြတ်ခိုင်းလျှင်ပင် ဗောဓိဘိုးဘေးများက လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟုခံစားရသည်။

သူတော်စင်နယ်မြေသို့ ထိုးဖောက်ဝင်ပြီးနောက် ဗောဓိဘိုးဘေးသည် အနည်းငယ်မာန်တက်လာသည်ထင်ရ၏။ သို့သော် ဗောဓိဘိုးဘေး၏နားလည်မှုအရ ၎င်းမှာဖြစ်သင့်သည်။ သူသည် ယခုပန်ကုစကြာဝဠာတွင် တစ်ဦးတည်းသော သူတော်စင်တစ်ပိုင်းဖြစ်သည်။

ပန်ကုစကြာဝဠာ၌ ပထမဆုံးသူဖြစ်လာခြင်းကြောင့် သူ့ကိုယ်သူ ဂုဏ်မယူလျှင် မည်သူ့ကိုသွားဂုဏ်ယူရမည်နည်း။

ဗောဓိဘိုးဘေးအပြင် ရီဖန်သည် ဝမ်ကျန်းတာအိုဘိုးဘေးကိုလည်း ဆင့်ခေါ်ခဲ့သည်။

ဝမ်ကျန်းတာအိုဘိုးဘေးသည် ရီမိသားစုထံသို့ သူ၏သစ္စာစောင့်သိမှုကိုပေးထားရာ အပြည့်အဝယုံကြည်နိုင်သည်။

ထို့ကြောင့် ကောင်းမွန်သည့်အရာများကို ဝေမျှရန် အချိန်တန်လေပြီ။ ဝမ်ကျန်းတာအိုဘိုးဘေးများ ရောက်ရှိလာပြီးနောက် ရီဖန်သည် သူ့လက်ကို လှည့်လိုက်ရာ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကြိုးတစ်ချောင်း ပေါ်လာသည်။

ဝမ်ကျန်းတာအိုဘိုးဘေး၏ စိတ်တည်ငြိမ်မှုဖြင့်ပင် ဟုန်မိန်ခရမ်းရောင်ချီပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းအသက်မရှူနိုင်တော့ပေ။

"ဒါက ဟုန်မိန်ခရမ်းရောင်ချီလား?"

ဝမ်ကျန်းတာအိုဘိုးဘေးက အနည်းငယ် စိတ်ရှုပ်သွားသည်။ ဟုန်မိန်ခရမ်းရောင်ချီပေါ်လာခြင်းက သူ့အတွေးများကို အနည်းငယ်ရှုပ်ထွေးသွားစေ၏။

သူ၏ ရီဖန်၏နားလည်မှုကို အခြေခံ၍ ယခုအချိန်တွင် ဟုန်မိန်ခရမ်းရောင်ချီကို ထုတ်ယူခဲ့လျှင်ပင် မမျှော်လင့်ထားသည့်အရာတော့မဟုတ်ချေ။ သို့သော် ဟုန်မိန်ခရမ်းရောင်ချီ၏ အဖိုးတန်သောစွမ်းရည်များကို တွေးမိပြီးနောက် သူ့အတွေးများကို မယုံရဲသေးပေ။ ရီဖန်က သူ့ကို ဟုန်မိန်ခရမ်းရောင်ချီကဲ့သို့သော အဖိုးတန်ပစ္စည်းများကို ပေးမည်လား။

"ဝမ်ကျန်း၊ ငါဒါကိုထုတ်ပြီးမှတော့ ခင်ဗျားကိုသေချာပေါက်ပေးမှာပေါ့"

ရီဖန်၏အတည်ပြုချက်ကိုရရှိပြီးနောက် ဝမ်ကျန်းတာအိုဘိုးဘေးသည် နောက်ဆုံးတွင် သူအိပ်မက် မက်နေခြင်းမဟုတ်ကြောင်းသိလိုက်သည် ။

"မျိုးနွယ်စုခေါင်းဆောင်၊ ဒါက အဖိုးတန်လွန်းတယ်၊ ငါ လက်မခံနိုင်ဘူး!"

သူချက်ချင်းပင် သဘောတူလိုက်ချင်သော်လည်း ဝမ်ကျန်းတာအိုဘိုးဘေးက သည်းခံထားဆဲဖြစ်သည်။ သူ၏ လက်ရှိပံ့ပိုးကူညီမှုများက ဤအရာကိုလက်ခံရရှိရန်အတွက် အရည်အချင်းပြည့်မီသည်ဟု သူမထင်ပါ။

"ဝမ်ကျန်း၊ ခင်ဗျားက အခု ရီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာမို့ ယဉ်ကျေးနေဖို့မလိုဘူး"

ရီဖန်သည် ဝမ်ကျန်းတာအိုဘိုးဘေးများ၏လက်ကို ဆွဲလိုက်ကာ ရိုးသားသောခံစားချက်ဖြင့် ပြောလိုက်သည်။

"ဝမ်ကျန်း၊ ရှောင်ဖန်နဲ့ မငြင်းနေနဲ့တော့၊ သူမရှိရင် ဒီပစ္စည်းကိုရဖို့ အခွင့်အရေးရှိလာမှာ မဟုတ်ဘူး!"

ကံကောင်းခြင်းများ လက်ထဲရောက်ခဲ့လျှင်ကင် ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်းကို ရရှိရန်မှာ မလွယ်ကူချေ။ အနည်းငယ်စည်းရုံးပြီးနောက်တွင် ဝမ်ကျန်းတာအိုဘိုးဘေးသည် နောက်ဆုံးတွင် ၎င်းကို လက်ခံခဲ့၏။

ဝမ်ကျန်းတာအိုဘိုးဘေးသည် သစ္စာဆိုကျမ်းကျိန်သော စကားလုံးများကိုမပြောဘဲ ရီဖန်စိတ်မပျက်ရစေရန် နှလုံးသားထဲတွင်တိတ်တဆိတ် ကတိပြုလိုက်သည်။

ရီမိသားစုတွင် အဆင့်မြင့်စွမ်းအားရှင်များ အလွန်နည်းပါးနေသေးသောကြောင့် ၎င်းတို့အတွက် ဟုန်မိန်ခရမ်းရောင်ချီရှိနေလျှင်ပင် များစွာအသုံးမဝင်ပေ။ ဝမ်ကျန်းတာအိုဘိုးဘေးတွင် ဟုန်မိန်ခရမ်းရောင်ချီရှိပါက ရီမိသားစုသည် ၎င်းတို့ကို များစွာအကျိုးပြုမည့် နောက်ထပ်သူတော်စင်တစ်ပိုင်း တစ်စိတ်တစ်ပိုင်းစွမ်းအားရှင်ကို ရရှိနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်သရွေ့ ရီဖန်သည် ၎င်းတို့ကို မည်သည့်အခါမျှ ဒုက္ခရောက်စေမည်မဟုတ်ပေ။ ဆုပေးပြီးနောက်တွင် ပျက်ဆီးခြင်းဂိုဏ်းကို အရေးယူရန် အချိန်တန်လေပြီ။ ဤတစ်ကြိမ်တွင် ပျက်ဆီးခြင်းဂိုဏ်းကို တိုက်ရိုက်ချေမှုန်းရန်မှာ မဖြစ်နိုင်သေးချေ။

ပျက်ဆီးခြင်းဂိုဏ်းသည် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို နောက်ခံထားသောကြောင့် သူတော်စင်တစ်ပိုင်းအဆင့်ရှိသည့် ဗောဓိဘိုးဘေးရှိလျှင်ပင် ရီဖန်အတွက် အာမခံချက်မရှိပေ။

ရီဖန်သည် ကြီးမြတ်သောခေတ်သို့မရောက်မီ ပျက်ဆီးခြင်းဂိုဏ်းကို အမှန်တကယ် ချေမှုန်းရန် မစဉ်းစားခဲ့ပေ။ သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်းက ရီဖန်၏လူများကို သတ္တိရှိရှိထိပါးလာသောကြောင့် ပျက်ဆီးခြင်းဂိုဏ်းကို သင်ခန်းစာကြီးကြီးမားမားမသင်ပေးရလျှင် ရီဖန်သည် သူ့စိတ်ထဲတွင် အခဲကျေလိမ့်မည်မဟုတ်ချေ။

ရီဖန်၏ဆင့်ခေါ်ချက်အရ ရီမိသားစု၏ စွမ်းအားကြီးအဖွဲ့ဝင်များ စုဝေးကြသည်။ ရီကျင်းထျန်၊ ရီကျင်းဟိူင်၊ ရီကျင်းလုံ၊ ရီကျင်းဖန်၊ ရီရှောင်းရှောင်နှင့် ရီ မိသားစုကျင့်ကြံသူများ၏ အင်မော်တယ်ဧကရာဇ်ကျင့်ကြံမှုအဆင့်ရှိ ပထမအဖွဲ့ကိုစုဝေးလိုက်သည်။ ပျက်ဆီးခြင်းပုလဲလုံး၏အကူအညီဖြင့် တာအိုဘိုးဘေးနယ်ပယ်သို့ဝင်ရောက်ရန်အတွက် များစွာမလိုတော့ချေ။

ထို့အပြင် ရီမိသားစုကျင့်ကြံသူများ၏ လေးနက်သောအသိပညာနှင့် လူတိုင်းနီးပါးသည် ၎င်းတို့လက်ထဲတွင် နတ်လက်နက်တစ်ခုသို့မဟုတ် နှစ်ခုရှိသောကြောင့် ၎င်းတို့၏ လက်ရှိတိုက်ပွဲစွမ်းအားသည် သာမန်တာအိုဘိုးဘေးနယ်မြေများထက် အားမနည်းပေ။ ထို့အပြင် ယန်ကျန်းကဲ့သို့သောသူများသည် အနှိုင်းမဲ့တာအိုဘိုးဘေးများဖြစ်ရန်ပင် မလိုတော့ချေ။

ရီဖန်၏လက်ထဲရှိအဆင့်မြင့်ပျက်ဆီးခြင်း ပုတီးစေ့များကို ထိုအဆင့်မြင့်တပည့်အနည်းငယ်က အသုံးပြုကြသည်။ ၎င်းတို့၏ကျင့်ကြံမှုသည် အစကတည်းက အနှိုင်းမဲ့တာအိုဘိုးဘေးနယ်မြေနှင့် မဝေးရာ၊ ယခုတွင် ပို၍ပင်နီးကပ်လာလေပြီ။

ဒုတိယနှင့် တတိယမျိုးဆက်များမှ တပည့်များသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာကြကာ အချို့မှာ အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ စွမ်းအားရှင်များ ဖြစ်လာကြသည်။

နက်နဲအင်မော်တယ်နှင့် အင်မော်တယ်ဘုရင်နယ်မြေရှိ တပည့်များအနေဖြင့် ၎င်းတို့သည် မရေမတွက်နိုင်အောင်များပြားလှသည်။ သတိမပြုမိဘဲနှင့် ရီမိသားစု၏အင်အားသည် လျင်မြန်စွာကြီးထွားလာသည်။

ပန်ကုစကြဝဠာတွင် ပထမအဆင့်မိသားစုဖြစ်ရန် ရည်ရွယ်သည့် ရီဖန်၏ပန်းတိုင်မှာလည်း မဝေးတော့ချေ။ ကျင့်ကြံသူအမြောက်အမြားစုဝေးထားကြပြီး ၎င်းတို့၏စွမ်းအားကြီးရောင်ဝါများကိုလည်း တိမ်များအထက်တွင် ထုတ်လွှတ်ထားကြသည်။ ၎င်းက ကျင့်ကြံသူအများအပြားကို ရီမိသားစုက ဤမျှကြီးမားသော အခင်းအကျင်းဖြင့် ဘာလုပ်မည့်အကြောင်း စပ်စုလိုစိတ်များ ဖြစ်ပေါ်လာစေသည်။

……….

All Chapters