အခန်း ၃၄၉-၃၅၁
Vol. 24 Ch. 349-351
အခန်း ၃၄၉ - ပျော်မြူးနေသောအရိုးဘိုးဘေး
ထိုရောင်ဝါ၏ပြင်းထန်မှုက တာအိုဘိုးဘေးနယ်ပယ်ကိုပင် ကျော်လွန်နေသည်။ ရီဖန်က ဗောဓိဘိုးဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ၎င်းက ရီဖန်၏ယူဆချက်ကို အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုရောင်ဝါက သူတော်စင်တစ်ဝက်အဆင့်စွမ်းအားရှင်နှင့် ညီမျှသည်။
ရီဖန်သည် ဗောဓိအိုဘိုးဘေးကို ဟုန်မင်ခရမ်းရောင်ချီစွမ်းအား ပေးခဲ့ခြင်းအတွက် အလွန်ကျေးဇူးတင်မိသွားသည်။ သို့မဟုတ်ပါက ယနေ့ ပြဿနာအကြီးကြီးတက်တော့မည်။
ဗောဓိဘိုးဘေး၏အပြုအမူကို ကြည့်ခြင်းအားဖြင့် လက်ရှိအခြေအနေကို ကိုင်တွယ်နိုင်စွမ်းရှိမည်မှာ သေချာ၏။ ဗောဓိဘိုးဘေးပင် ထိတ်လန့်သွားခြင်းမရှိရာ ရီဖန်ကလည်း တုန်လှုပ်သွားမည်မဟုတ်ပေ။
ထိုပုဂ္ဂိုလ်၏ထွက်ပေါ်လာမှုက ပျက်ဆီးခြင်းဂိုဏ်းမှ ကျင့်ကြံသူများကို ရုတ်တရက် စိတ်လှုပ်ရှားသွားစေသည်။ ၎င်းမှာ သူတို့နေ့စဉ်ကိုးကွယ်ခဲ့သော စွမ်းအားရှင်ဖြစ်သည်။ ထန်မင်းဆက်ဘုရင်တစ်ပါးတည်းသာ အခြေအနေမကောင်းပုံပေါ်နေသည်။
နတ်ဆိုးနတ်ဘုရားလော့ဟူ၏ ရုတ်ချည်းပေါ်ပေါက်လာခြင်းက ၎င်းတို့၏ကြိုးစားအားထုတ်မှုအများစုသည် အချည်းနှီးဖြစ်သွားကြောင်းပြနေသည်။
လော့ဟူ အပြည့်အဝမွေးဖွားလာချိန်တွင် ယခုကဲ့သို့ သူတော်စင်တဝက်မဟုတ်ဘဲ စစ်မှန်သောသူတော်စင်အဆင့်၌ရှိသင့်၏။
သူတော်စင်နယ်မြေနှင့် သူတော်စင်တဝက်နယ်မြေသည် အဆင့်တစ်ဝက်မျှသာကွာသော်လည်း ထိုတစ်ဝက်အဆင့်ကို ကျော်ဖြတ်ရန်မှာ မလွယ်ကူချေ။ သူတော်စင်နယ်မြေရှိစွမ်းအားရှင်မရှိပါက ကြီးမြတ်သောခေတ်သို့ အမှန်တကယ် ရောက်ရှိသွားသောအခါ ၎င်းတို့သည် အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
ထန်မင်းဆက်ဘုရင်သည် ရီမိသားစုကျင့်ကြံသူများကို ဒေါသတိကြီး ကြည့်နေသည်။ ၎င်းတို့၏အစီအစဉ်သည် ရီမိသားစုကြောင့် လုံးဝပျက်ဆီးသွားခဲ့၏။
ထိုနေရာတွင် ရောက်ရှိနေသူများ၏အကြည့်အောက်၌ လက်လေးချောင်း၊ မြွေမြီးကဲ့သို့သော အမြီး၊ ကြောက်စရာကောင်းသောအသွင်အပြင်နှင့် အနက်ရောင်နတ်ဆိုးချီကို ထုတ်လွတ်နေသော ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင်က ပျက်ဆီးခြင်းဂိုဏ်း၏ကျင့်ကြံသူများထဲတွင် ပေါ်လာသည်။
ပျက်ဆီးခြင်းဂိုဏ်း အခြေစိုက်စခန်းအလယ်ရှိရုပ်တုနှင့် တူညီသော ဤသတ္တဝါသည် ဒဏ္ဍာရီလာ နတ်ဆိုးနတ်ဘုရားလော့ဟူဖြစ်သည်မှာ ထင်ရှား၏။
“နတ်ဆိုးဘုရားကို ဂါဝရပြုပါတယ်”
လော့ဟူပေါ်ထွက်လာသောအခါ ပျက်ဆီးခြင်းဂိုဏ်း၏ ကျင့်ကြံသူများအားလုံး ဒူးထောက်လိုက်ပြီး ၎င်းတို့၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
လော့ဟူ၏ကြောက်မက်ဖွယ်မျက်နှာနှင့် မျက်လုံးများက ဒူးထောက်နေသော နောက်လိုက်များကို လစ်လျူရှုလိုက်ကာ ၎င်းအစား ထန်မင်းဆက်၏ဘုရင်ကို ကဲ့ရဲ့ဟန်ဖြင့် ကြည့်လိုက်သည်။
"မူဇီ မင်းငါ့ကိုစိတ်ပျက်စေတာပဲ!"
ထိုစကားကိုကြားသောအခါ ထန်မင်းဆက်ဘုရင်၏ မျက်နှာသည် ချက်ချင်းဖြးဖျော့သွား၏။ သို့သော်လည်း သူ၏အရည်အချင်းမပြည့်မီမှုကြောင့် နတ်ဆိုးနတ်ဘုရား အချိန်မတန်မီပေါ်ထွက်လားခြင်းဖြစ်ကြောင်းကိုတော့ ငြင်းဆိုနိုင်ခြင်းမရှိပေ။
ပျက်ဆီးခြင်းဂိုဏ်း၏ နှစ်ရာနဲ့ချီပြီး ပြင်ဆင်ထားတဲ့ အစီအစဥ်ဟာ ပြင်ဖို့ အချိန်မကျန်တော့ဘဲ တခဏချင်း ပြိုကျသွားတယ်။
"စကြဝဠာထဲမှာ လူသားတွေက နတ်ဆိုးနတ်ဘုရားစွမ်းအားကနေ ဖန်တီးထားတဲ့ အလားအလာအရှိဆုံး သတ္တဝါတွေပဲ"
လော့ဟူပြောသွားသော နတ်ဆိုးနတ်ဘုရားသည် ပန်ကုဖြစ်ကာ နတ်ဆိုးနတ်ဘုရားသုံးထောင်ထဲတွင် ပထမအဆင့်ဖြစ်သည်။ ပန်ကုမရှိပါက ပန်ကုစကြဝဠာသည်လည်း ရှိလာလိမ့်မည်မဟုတ်ေပေ။
"မင်းတို့က ဒီနေ့ငါ့ကို အစောကြီး ထွက်လာအောင်လုပ်မှတော့ မင်းတို့ရဲ့ အသွေး အသား ဝိညာဉ်နဲ့ ပြန်ပေးဆပ်ကြပေါ့”
လော့ဟူသည် များစွာစိတ်ဆိုးခြင်းမရှိပေ။ အစောကြီး ထွက်ပေါ်လာရခြင်းကြောင့် အခြားသောကဏ္ဍများတွင် လိုအပ်ချက်များဖြည့်စွက်ရမည်ဖြစ်သည်။ သို့သော်လည်း လော့ဟူက ၎င်းကို အလွန်ဆိုးရွားသောကိစ္စတစ်ခုအဖြစ် မမှတ်ယူခဲ့ချေ။
ဤခေတ်ကာလက ခြားနားသည်ကို သူတွေ့ရှိခဲ့ပြီးဖြစ်သည်။ စကြာဝဠာ၏ စည်းမျဉ်းများသည် ယခင်ခေတ်များထက် အဆတစ်ရာ ပိုမိုရှုပ်ထွေးနေ၏။
စည်းမျဉ်းစည်းကမ်းများ ပျက်ဆီးခြင်းဖြစ်လာခြင်းက နေရာလွတ်များအပေါ် ကောင်းကင်ဘုံတာအို၏ ထိန်းချုပ်မှုအားနည်းသွားကြောင်းကိုပြကာ ၎င်းက အခွင့်အလမ်းများစွာကို ပေးစွမ်းနေသည်။ ဤအခြေအနေတွင် နက်နဲစွာလျှို့ဝှက်ထားသော အခွင့်အရေးများ ပေါ်လာနိုင်သည်။
ယခုသူ၏ကျင့်ကြံမှုအဆင့်ဖြင့် လော့ဟူသည် ပန်ကုစကြာဝဠာတစ်ခုလုံးတွင် ရှေ့ဆုံးတွင်ပြေးနေသည်။ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက သူ၏ ကျင့်ကြံမှုအဆင့်ကို သူတော်စင်နယ်မြေသို့ ပြန်လည်ထူထောင်ရန်မှာ ခက်ခဲမည်မဟုတ်ချေ။
ထိုအချိန်တွင် သူသည် ပန်ကုစကြဝဠာအနှံ့ လွတ်လပ်စွာ သွားလာနိုင်သော နတ်ဆိုးနတ်ဘုရားလော့ဟူ ဖြစ်နေဆဲပင်။ သူသည် ပန်ကုစကြာဝဠာသို့ ကျော်ဖြတ်ရန်ပင် အခွင့်အလမ်းရှိလာနိုင်သည်။
ပန်ကုစကြဝဠာကို ကျော်ဖြတ်ရန်အတွက် စစ်မှန်သော သူတော်စင်အဆင့်သို့ အမှန်တကယ်ကျော်ဖြတ်ပြီးသူများသာ တတ်နိုင်သည်။
ပြန်စဉ်းစားရလျှင် ဤလူသားများကိုပင် သူ ကျေးဇူးတင်ရဦးမည်။ ကျေးဇူးသိတတ်သည့်အနေဖြင့် နောင်ပိုင်းတွင် ၎င်းတို့ကို ချမ်းသာပေးရမည်။
ထိုသို့တွေးပြီးနောက် လော့ဟူသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားသော ဧရာမသတ္တဝါကြီးအဖြစ်သို့ ပြောင်းလဲသွား၏။ သူ၏လှုပ်ရှားမှုတိုင်းက နေရာလွတ်များစွာကို ပျက်ဆီးစေခဲ့သည်။
သူတော်စင်နယ်မြေစွမ်းအားသည် တာအိုဘိုးဘေးနယ်ပယ်နှင့် နှိုင်းယှဉ်၍မရပေ။ သူတော်စင်တစ်ပိုင်းပင်လျှင် တာအိုဘိုးဘေးနယ်ပယ်ထက် သာလွန်သည်။
လော့ဟူပေါ်ထွက်လာမှုက ပန်ကုစကြဝဠာတစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့၏။ ကြီးမြတ်သောခေတ်ပင် မရောက်သေးဘဲ အဘယ်ကြောင့် သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားရှင်တစ်ဦး ထွက်ပေါ်လာရသနည်း။
တာအိုဂိုဏ်းနှင့် သူတော်စင်တစ်သောင်းနန်းတော်ကဲ့သို့သော ထိပ်တန်းအင်အားစုများသည်လည်း ၎င်းတို့၏ဘိုးဘေးများကို ချက်ချင်းရှာဖွေခဲ့ကြသည်။
ယခုခေတ်တွင် ၎င်းတို့အင်အားစုကြီးများသည် သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားရှင်အသစ်ကို မမွေးဖွားနိုင်ခဲ့သော်လည်း၊ နောက်ဆုံးရှေးခေတ်များက ဤအင်အားစုများတွင် သူတော်စင်တစ်ဝက်စွမ်းအားရှင်များအပြင် စစ်မှန်သော သူတော်စင်နယ်မြေစွမ်းအားရှင်များလည်းရှိခဲ့သည်။
ယခင် ကြီးမြတ်သောခေတ်ပြီးနောက် ထိုသူတော်စင်တစ်ပိုင်းတို့သည် အချိန်၏ပျက်ဆီးခြင်းကို တွန်းလှန်ရန်အတွက် မိမိကိုယ်ကို စည်းတံဆိပ်ခတ်ထားရန် ရွေးချယ်ခဲ့သည်။
အင်အားစုကြီးများ၏ အခြေခံအုတ်မြစ်ဖြစ်သော ထိုသူတော်စင်တစ်ပိုင်းစွမ်းအားရှင်များက ကြီးမြတ်သောခေတ်သို့ စတင်ရောက်ရှိချိန်တွင်မှသာ ပေါ်ထွက်လာမည်ဖြစ်သည်။
ယခုတွင် ပန်ကုစကြဝဠာကြီး၏ ကြီးမြတ်သောခေတ်သို့ မရောက်လာမီကပင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာခြင်းကြောင့် ၎င်းတို့ကို အထိိတ်တလန့်ဖြစ်စေခဲ့သည်။ အကယ်၍ အခြားအင်အားစုများတွင် သူတော်စင်တစ်ပိုင်းရှိနေသည့်အချိန်တွင် ၎င်းတို့ထံ၌မရှိပါက အားနည်းချက်ဖြစ်လာနိုင်သည်။
မကြာမီတွင် ဒုတိယမြောက် သူတော်စင်တစ်ပိုင်းကိုမွေးဖွားခဲ့၏။ သူတော်စင်တစ်သောင်းနန်းတော်၏ သူတော်စင်တစ်ပိုင်းက ပထမဆုံးနိုးထလာခဲ့သည်။
လော့ထျန်းသူတော်စင်တစ်ပိုင်းက ကံကြမ္မာ၏နိယာမကို နားလည်မှုအကျွမ်းကျင်ဆုံးဖြစ်သည်။
သူ နိုးထလာသောအခါတွင် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များ ဖရိုဖရဲဖြစ်နေသည်ကို ရှာတွေ့လိုက်ရသည်။ သူတော်စင်တစ်ပိုင်းနယ်မြေရှိ သူကိုယ်တိုင်ပင်လျှင် ကြီးမြတ်သောခေတ်ကာလသို့ အချိန်စောစီးစွာရောက်ရှိသွားစေသည့် မူမမှန်သောအရာများဖြစ်ပေါ်စေခဲ့သည်ကို မခန့်မှန်းနိုင်ခဲ့ပေ။ အချိန်သည် သတ်မှတ်ထားသောရက်နှင့် နှိုင်းယှဉ်ပါက နှစ်ထောင်ပေါင်းများစွာ အချိန်စောနေခဲ့သည်
“ဒီရက်ပိုင်း ပန်ကုစကြဝဠာမှာ မူမမှန်တာတစ်ခုခုဖြစ်ခဲ့သလား"
မူမမှန်သည့်အရာဟုဆိုရလျှင် သူတော်စင်တစ်သောင်းနန်းဆောင်၏ ဂိုဏ်းချုပ်က ရီမိသားစုအကြီးအကဲဖြစ်သော ရီဖန်ကို ချက်ချင်းသတိရလိုက်သည်။
ယခုလက်ရှိတွင် ပန်ကုစကြဝဠာ၌ အကြီးမားဆုံးပြောင်းလဲမှုရှိပါက သေချာပေါက် ရီဖန်ပင်ဖြစ်လိမ့်မည်။ မကြာသေးမီက ပန်ကုစကြဝဠာရှိ အရေးကြီးအဖြစ်အပျက်များအားလုံးသည် ရီဖန်နှင့် ဆက်စပ်နေပုံရ၏။
………
အခန်း ၃၅၀- ပျော်မြူးနေသော အရိုးဘိုးဘေး
ယခုတစ်ကြိမ်တွင် ပျက်ဆီးခြင်းဂိုဏ်းကို ဆန့်ကျင်သည့် ရီဖန်၏လုပ်ဆောင်မှုကြောင့် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားလော့ဟူကို စောစီးစွာ ပေါ်ထွက်လာစေကာ ၎င်းတို့၏ သူတော်စင်တစ်ပိုင်းဘိုးဘေးများကိုလည်း အချိန်မတိုင်မီ နိုးထလာစေရန် တွန်းအားပေးခဲ့သည်။
သူတော်စင်တစ်ပိုင်းဘိုးဘေးများသည် လက်ရှိအချိန်အထိ တစ်သက်တာလုံး ရှင်သန်နေခဲ့ကြသော်လည်း ၎င်းတို့အားလုံးထံတွင် အသက်စွမ်းအားများစွာ မကျန်တော့ပေ။ နှစ်ထောင်ပေါင်းများစွာ စောစီးစွာနိုးထလာရခြင်းက ထိုဘိုးဘေးများအပေါ် သိသိသာသာ သက်ရောက်မှုရှိသည်။
"ရီဖန်!”
လော့ထျန်းသူတော်စင်တစ်ပိုင်းသည် သူ့အကြောင်းကိုရှာဖွေရန် အချိန်အကြာကြီး ကြိုးစားခဲ့ရသော်လည်း ဘာမှမတွေ့ခဲ့ရချေ။ ထိုတည်ရှိမှုက မည်သည့်နေရာကပေါ်လာမှန်းမသိဘဲ ၎င်းသည် ကောင်းကင်ဘုံတာအို အတွင်း၌ မရှိပေ။ ထိုသို့သောတည်ရှိမှုသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။
"ရီဖန်က တကယ်ကို မသေချာမရေရာတာဘဲ၊ သူ့ကို သတ်ပစ်နိုင်ရင် သတ်ပစ်ရမယ်၊ မဟုတ်ရင်တော့ သူနဲ့ရန်သူဖြစ်လို့မရဘူး!"
လော့ထျန်းသူတော်စင်တစ်ပိုင်းသည် အနည်းငယ် အံ့သြသွား၏။ ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များမှာ ဖရိုဖရဲဖြစ်နေသော်လည်း ထိုကဲ့သို့သောတည်ရှိမှုမျိုးကို ခြေရာခံ၍မရနိုင်သကဲ့သို့ ရှားပါးလှသည်။
ဤဘဝတွင် ကမ္ဘာကြီးက လုံးဝကွဲပြားပုံရသည်။ ဖြစ်နိုင်သည်မှာ ဤစွမ်းအားရှင်များသည်လည်း သူတော်စင်နယ်မြေ သို့မဟုတ် သူတော်စင်နယ်မြေအထက်သို့ ဖြတ်ကျော်နိုင်မည့် အခွင့်အရေးရှိပုံရသည်။
ခဏအကြာတွင် လော့ထျန်း သူတော်စင်တစ်ပိုင်း၏နှလုံးသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်သွား၏။ ထိုသူတော်စင်တစ်ပိုင်းများအတွက် တစ်သက်တာနေထိုင်ခြင်းက အဆင့်တက်လှမ်းအောင်မြင်ရန်အတွက် အခွင့်အရေးရှာဖွေခြင်းဖြစ်သည်။ ယခုတွင် အခွင့်အရေးများ ရောက်တော့ပြီဖြစ်ရာ မည်သို့စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။
"င့ါကို ဝိညာဉ်ပစ္စည်းတွေ ပိုပြင်ဆင်ပေးပါ။ ငါရဲ့ ကျင့်ကြံရေးအဆင့်ကို ပြန်ထူထောင်ဖို့လိုတယ်"
အင်အားစုကြီးများ၏ဘိုးဘေးများ ပေါ်ထွက်လာပြီးနောက်တွင် ပျက်ဆီးခြင်းဂိုဏ်းမှ လော့ဟူသူတော်စင်တစ်ပိုင်း၏ အထောက်အထားမှာ လျှို့ဝှက်ချက်မဟုတ်တော့ပေ။
သူတော်စင်တစ်ပိုင်း ပေါ်ပေါက်လာခြင်းက ကြီးမားသော သက်ရောက်မှုရှိသည်။ ရီမိသားစုက သူတော်စင်တစ်ဝက်ကို အမှန်တကယ်ခုခံနိုင်မည်လား။ ရီမိသားစုအပေါ် လေးလေးနက်နက်ယုံကြည်သည့် မိသားစုများပင်လျှင် ရီမိသားစုက သူတော်စင်တစ်ဝက်ကို ခုခံနိုင်သည်ဟု အခိုင်အမာမပြောရဲကြချေ။
သို့သော် ရီမိသားစုသည် သူတော်စင်တစ်ဝက်ကို အမှန်တကယ် ခုခံနိုင်ပါက ရီမိသားစု၏အဆင့်အတန်းသည် တစ်ဖန်ပြန်လည်မြင့်တက်လာကာ ပန်ကုစကြာဝဠာရှိ ထိပ်တန်းမိသားစုတစ်ခု ဖြစ်လာလိမ့်မည်။
အနှစ်တစ်သောင်းအတွင်း၌ ထိပ်တန်းမိသားစုဖြစ်လာခြင်းမှာ မကြုံစဖူးကိစ္စတစ်ခုဖြစ်ရာ ရီမိသားစုသည်လည်း ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လိမ့်မည်။ မရေမတွက်နိုင်သော လူများစွာက တိုက်ပွဲ၏ရလဒ်ကို သိချင်နေကြသည်။
ပျက်ဆီးခြင်းဂိုဏ်းမှကျင့်ကြံသူများသည် လော့ဟူကို ယုံကြည်မှုအပြည့်ဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။
ထန်မင်းဆက်ဘုရင်တစ်ဦးတည်းသာ စိုးရိမ်မှုအချို့ရှိနေသည်။ ဤကျင့်ကြံသူများထဲတွင် သူသည် ရီဖန်ကို အကောင်းဆုံးနားလည်သူဖြစ်သည်။ ရီဖန်၏မျက်နှာသည် တည်ငြိမ်လွန်းနေရာ သူလုံးဝ စိတ်မပူပုံရသည်။
သူတော်စင်တစ်ပိုင်းကို ခုခံနိုင်သူက အခြားသူတော်စင်တစ်ပိုင်းသာဖြစ်သည်။ ရီမိသားစုတွင်လည်း သူတော်စင်တစ်ပိုင်း ရှိနေသလား။
နောက်တစ်ခဏတွင် ရီဖန်သည် ဗောဓိဘိုးဘေးကို ကူကယ်ရာမဲ့စွာ ခေါ်လိုက်ရသည်။
“ဆရာ ကျွန်တော် ဆရာ့အကူအညီလိုနေတယ်!”
ယခုသူတော်စင်တစ်ပိုင်းစွမ်းအားရှင်များ ပေါ်ထွက်လာခြင်းက ရီဖန်မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေ၏။ မူလက ရီဖန်သည် ၎င်း၏ဝှက်ဖဲဖြစ်သည့် ဗောဓိဘိုးဘေး၏ ကျင့်ကြံမှုအဆင့်ကို ဖော်ထုတ်ရန်အစီအစဉ်မရှိပေ။ ယခုတွင် ဖော်ထုတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
"ကျန်တာ ငါ့ကိုလွှဲထားလိုက်!"
ဗောဓိဘိုးဘေးက သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားကို စမ်းသပ်ချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ နောက်အခိုက်အတန့်တွင် ဗောဓိဘိုးဘေးသည် လော့ဟူထံသို့ ပျံသန်းသွား၏။
ခြေတစ်လှမ်းတည်းနှင့် သူ့ခန္ဓာကိုယ်က ပြန့်ကားသွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး နိယာမကို အသုံးချခဲ့ခြင်းဖြစ်သည်။
သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့် အသုံးပြုသည့် ကောင်းကင်နှင့်မြေကြီးနိယာမက ရီဖန်နှင့် အခြားတာအိုဘိုးဘေးများအသုံးပြုသည့် နတ်စွမ်းရည်များထက် အဆပေါင်းများစွာ ပြင်းထန်သည်။
ဗောဓိဘိုးဘေးထံမှ သူတော်စင်တစ်ပိုင်းနယ်မြေ၏ ရောင်ဝါထွက်ပေါ်လာသည်။ ဗောဓိဘိုးဘေးသည် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ကာ သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားကို ခံစားမိပြီး အလွန်ကျေနပ်သွားသည်။
အဆင့်ဖြတ်ကျော်သွားပြီးနောက် ဗောဓိဘိုးဘေးသည် သူတော်စင်တစ်ပိုင်းစွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်သည့်အတွက် အနည်းငယ်မသက်မသာဖြစ်နေခဲ့သည်။ ယခုတွင် သူ့နှလုံးသားအတိုင်း တိုက်ခိုက်နိုင်ပြီဖြစ်သောကြောင့် ဗောဓိဘိုးဘေးမှာ အလွန်ပျော်မြူးနေ၏။
ဗောဓိဘိုးဘေး၏ မျက်နှာချင်းဆိုင်တွင်ရှိသော လော့ဟူသည် သူ့မျက်လုံးထဲတွင် ရီမိသားစုကို ပုရွက်ဆိတ်များအသွင်သဘောထားကာ ချေမှုန်းရန် စိတ်ကူးထားသည်။ ထိုအချိန်တွင် ဗောဓိဘိုးဘေး၏ သူတော်စင်တစ်ပိုင်းရောင်ဝါကို ရုတ်တရက်ခံစားလိုက်ရကာ ချက်ချင်းစိတ်မလုံဖြစ်သွားသည်။
သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များကို စည်းတံဆိပ်ခတ်ထားဆဲ မဟုတ်ပါလား။ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသနည်း။ ဤပြောင်းလဲမှုက လော့ဟူမျှော်မှန်းထားသည်ထက် ကျော်လွန်နေသည်။
ပြန်လည်ရှင်သန်ခြင်းအစီအစဉ်က မအောင်မြင်သည့်အတွက် သူတော်စင်တစ်ပိုင်းအဖြစ် စောစီးစွာထွက်ပေါ်လာရသည်။ အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပုံရ၏။
အတိတ်မှ စည်းမျဉ်းများက ဤဘဝတွင် သက်ရောက်မှုမရှိပုံရသည်။ စည်းမျဉ်းများမရှိခြင်းက ၎င်းတို့ကဲ့သို့သော ကျွမ်းကျင်သူများအတွက် များစွာအကျိုးယုတ်စေသည်။ သူတို့၏အားသာချက်များအားလုံး ဖယ်ရှားခံလိုက်ရကာ ယခုအချိန်တွင် ၎င်းတို့သည် တခြားသူများသည့် တူညီစည့် စမှတ်မျဉ်းပေါ်တွင် ရပ်နေခြင်းဖြစ်၏။
“ရှစ်ကိုး နက်နဲစွမ်းရည်!”
ဗောဓိဘိုးဘေးသည် ရီဖန်သန့်စင်ထားသော အလယ်အလတ်အဆင့် နတ်လက်နက်များကို ကိုင်စွဲလျက် လော့ဟူထံသို့ ချိန်ရွယ်လိုက်သည်။
ဗောဓိဘိုးဘေး၏ ပြင်းထန်သောတိုက်ခိုက်မှုကို ကြည့်ပြီးနောက် လော့ဟူသည် တွေးတောရန်အချိန်မရှိတော့ဘဲ တိုက်ခိုက်မှုကိုရင်ဆိုင်ရန် ဦးနှောက်ကိုအလုပ်ပေးလိုက်ရသည်။
၎င်းတို့၏တိုက်ပွဲက ပန်ကုစကြာဝဠာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
ဤသည်မှာ သူတော်စင်တစ်ပိုင်းနယ်မြေ၏ စွမ်းအားသာရှိနေသည်။ အကယ်၍ ၎င်းသည် စစ်မှန်သော သူတော်စင်နယ်မြေဖြစ်ပါက စကြဝဠာကြီးပင်လျှင် တိုက်ပွဲကိုခံနိုင်ရည်ရှိရန် ရုန်းကန်ရမည်ဖြစ်ရာ ပျက်ဆီးခြင်းနေရာလွတ်ထဲတွင်သာ တိုက်ခိုက်ရလိမ့်မည်။
နတ်ဆိုးနတ်ဘုရားများသည် အမြဲတမ်း ကြောက်မက်ဖွယ်စွမ်းအားများရှိတတ်ကြ၏။ ၎င်းတို့ပေါ်လာတိုင်း ပန်ကုစကြာဝဠာရှိ သက်ရှိသတ္တဝါများအတွက် အန္တရာယ်ရှိသည်။
၎င်းတို့နှစ်ဦးလုံးက သူတော်စင်တစ်ပိုင်းဖြစ်ကြသော်လည်း ဗောဓိဘိုးဘေးက နတ်ဆိုးဘုရားလော့ဟူကို အနိုင်ယူနိုင်သည်ဟု တော်တော်များများက မယုံကြည်ကြပေ။ အလွန်ဆုံးမှ သူခုခံနိုင်ရုံသာဖြစ်လိမ့်မည်။
သို့သော် တိုက်ပွဲမြင်ကွင်းက ၎င်းတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။
ဗောဓိဘိုးဘေးသည် သူ၏တာအိုအနုပညာကိုစွန့်လွှတ်လျက် တိုက်ခိုက်သူအဖြစ်အသွင်ပြောင်းကာ လော့ဟူထံသို့ သူ၏ဓားဖြင့် ခုတ်ယမ်းလိုက်သည်။
ခုတ်လွှဲချက်တိုင်းက ကမ္ဘာတစ်ခုလုံးကို ဆင့်ကဲဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးလျက် တလက်လက်တောက်ပနေသည်။
သို့သော် တိုက်ခိုက်မှု၏ပစ်မှတ်ဖြစ်သော လော့ဟူအတွက် အချိန်ကောင်းလေးရရှိနေခြင်းမဟုတ်ပေ။
ခုတ်လွှဲချက်တိုင်းအတွက် လော့ဟူသည် ထိုတိုက်ခိုက်မှုများကို တားဆီးရုံမျှသာတတ်နိုင်ကာ ပြင်းထန်စွာခုခံခဲ့ရသည်။
ဗောဓိဘိုးဘေး၏ ပေါ့ပါးမှုနှင့် နှိုင်းယှဉ်လျှင် လော့ဟူသည် ပို၍ခက်ခဲနေသည်မှာ ထင်ရှား၏။ လော့ဟူသည် သူ့စိတ်ထဲတွင် အဆက်မပြတ် ကျိန်ဆဲနေသော်လည်း သူကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။
သူသည် ပြန်လည်ရှင်သန်လာရန် အတင်းအကြပ်တွန်းအားပေးခံခဲ့ရသောကြောင့် သူ၏ စွမ်းအားသည်လည်း အထွတ်အထိပ်သို့ အပြည့်အဝမရောက်ရှိသေးချေ။ သို့မဟုတ်ပါက သူသည် ဤသူတော်စင်တစ်ပိုင်းကို ဆုတ်ဖြဲပစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် ဗောဓိဘိုးဘေးက အသာစီးရရှိနေသော်လည်း လော့ဟူကို လုံးဝသတ်ရန်အတွက် မဖြစ်နိုင်ချေ။
အထက်ဘက်ရှိ တိုက်ပွဲသည် အသေအကြေဖြစ်နေသော်လည်း
အောက်ဘက်ရှိတိုက်ပွဲမှာ ယခုမှပြန်လည်စတင်ခြင်းဖြစ်သည်။ ဗောဓိဘိုးဘေးမရှိသော်လည်း တာအိုဘိုးဘေးနှစ်ယောက်ဖြစ်သည့် ဝမ်ကျန်းနှင့် ရီဖန်တို့က ထန်မင်းဆက်ဘုရင်နှင့်ရင်ဆိုင်ရန် လုံလောက်သည်။
သူတော်စင်တစ်ပိုင်းပေါ်ပေါက်လာခြင်းကို ရီဖန်က အလွယ်တကူ ကိုင်တွယ်ဖြေရှင်းခဲ့သောကြောင့် ၎င်းက ထန်ဘုရင်၏ ရီဖန်ကြောက်ရွံ့ခြင်းရောဂါကို ပိုမိုဆိုးရွားစေကာ တိုက်ခိုက်လိုစိတ်ပင်မရှိတော့ပေ။ ရီဖန်နှင့်ရင်ဆိုင်ရပါက နောက်ဆုံးတွင် သူဘဲ ကျရှုံးသွားမည်ဖြစ်ရာ အဘယ်ကြောင့်ခေါင်းမာမာနှင့် ခုခံနေရဦးမည်နည်း။ ထန်မင်းဆက်ဘုရင်ထံတွင် လွတ်မြောက်ရန်အတွေးတစ်ခုတည်းသာရှိတော့၏။
ထိုအချိန်တွင် အခြားသောကျင့်ကြံသူများ ရုတ်တရက်ပေါ်လာကာ စစ်မြေပြင်သို့ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့၏ခေါင်းဆောင်မှာ အရိုးဘိုးဘေးမှလွဲ၍ အခြားမရှိချေ။
ထန်မင်းဆက်ဘုရင်က အရိုးဘိုးဘေးတို့ကို တွေ့လိုက်ရသည်နှင့် သူ့မျက်လုံးများမှာ ချက်ချင်းတောက်ပလာသည်။ အရိုးဘိုးဘေး၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်း အနှိုင်းမဲ့တာအိုဘိုးဘေးသာရှိသေးသော်လည်း သူသည် ဖိအားအချို့ကို မျှဝေပေးနိုင်လိမ့်မည်။
"အရိုးဘိုးဘေး၊ ဒီမှာ!"
ထန်မင်းဆက်ဘုရင်သည် ယနေ့ကဲ့သို့ အရိုးဘိုးဘေးများအပေါ်နွေးထွေးမှုမျိုး တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ မကြာသေးမီက အရိုးဘိုးဘေးနှင့် အဆင်မပြေသည့်အချက်ကိုပင် မေ့သွားသည်။
ထန်မင်းဆက်ဘုရင်ထံသို့ အလျင်အမြန်ချဉ်းကပ်လာစဉ် အရိုးဘိုးဘေး၏မျက်နှာပေါ်တွင် ဆိုးသွမ်းသောအပြုံးတစ်ခု ပေါ်လာသည်။ ထန်မင်းဆက်ဘုရင်ထံရောက်ခါနီးတွင် အရိုးဘိုးဘေးပတ်ဝန်းကျင်ရှိ ကမ္ဘာ့စွမ်းအား ပေါက်ကွဲသွားသည်။
ထန်မင်းဆက်ဘုရင်အပေါ် အရိုးဘိုးဘေး၏မုန်းတီးမှုသည် အလွန်နက်ရှိုင်းစွာအမြစ်တွယ်နေပြီဖြစ်သည်။ သူလှုပ်ရှားလိုက်သည်နှင့် သက်ညှာပေးရန်မရှိပေ။
သတိထားစောင့်ကြည့်နေသော ရီဖန်သည် အစပိုင်းက အရိုးဘိုးဘေးကိုတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း အရိုးဘိုးဘေးများ၏လှုပ်ရှားမှုများကို သတိပြုမိသောကြောင့် ရုတ်တရက်ရန်တန့်လိုက်သည်။
အရိုးဘိုးဘေး၏ပစ်မှတ်သည် ၎င်းတို့ဖြစ်ပုံမပေါ်ချေ။ ထိုရလဒ်ကြောင့် ရီဖန် အနည်းငယ်အံ့သဩသွားသည်။ အရိုးဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်း၏ ထိပ်ပိုင်းထဲမှ မဟုတ်လား။ ၎င်းက ထန်မင်းဆက်ဘုရင်ကို အဘယ်ကြောင့် ဆန့်ကျင်ရသနည်း။ ဤအခြေအနေသည် ရီဖန်နှင့် အနည်းငယ်ရင်းနှီးသလို ခံစားရသည်။ အရိုးဘိုးဘေး၏လက်ရှိအမူအရာက ရီဖန်ကို အတိတ်ကဝူရှန်းဘိုးဘေးအား သတိရစေသည်။
ထန်မင်းဆက်ဘုရင်သည် အရိုးဘိုးဘေးက သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားတာကြောင့် ခုခံကာကွယ်မှုမရှိခဲ့ချေ။ သူ တိုက်ခိုက်ခံရချိန်မှသာ တုံ့ပြန်နိုင်ခဲ့ကာ ကာကွယ်ရေးအတွက် သူ၏နတ်လက်နက်ကို ထုတ်လိုက်သည်။
သို့သော် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်ရှိ သတ္တဝါများအတွက် ဤအခြေအနေမှ တုံ့ပြန်မှုက နောက်ကျလွန်းသွားပြီဖြစ်သည်။ ထိုးနှက်ချက်တစ်ခုက ထန်မင်းဆက်ဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများပေါ်လာစေကာ သူ၏စွမ်းအားသည်လည်း သိသိသာသာ လျော့နည်းသွားသည်။
သူ၏တိုက်ခိုက်မှု အောင်မြင်သွားကြောင်း မြင်သောအခါ အရိုးဘိုးဘေးသည် အလွန်ကျေနပ်သွား၏။
သူသည် ထန်မင်းဆက်ဘုရင်ကို တိုက်ခိုက်ချင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း နတ်ဆိုးနတ်ဘုရားလော့ဟူကြောင့် မအောင်မြင်နိုင်ခဲ့ပေ။
ယခုအချိန်တွင် သူ၏စိတ်မကျေနပ်မှုများကို ဖယ်ရှားနိုင်လိုက်သောကြောင့် အရိုးဘိုးဘေးသည် အလွန်စိတ်သက်သာရာရသွားကာ သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း အနည်းငယ် တိုးတက်လာပုံပေါ်သည်။ လူကိုတိုက်ခိုက်ခြင်းက ဤကဲ့သို့သော အကျိုးသက်ရောက်မှုရှိနိုင်သည်ကို မည်သူသိမည်နည်း။
………
အခန်း ၃၅၁ - အရိုးဘိုးဘေး ဘက်ပြောင်းသွားပြီ
အရိုးဘိုးဘေးသည် အောင်မြင်စွာ လက်စားချေပြီးနောက် မကြုံစဖူးပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ သူ၏ကျင့်ကြံမှုအဆင့် ဖြတ်ကျော်သွားသည့်အချိန်ကပင် ဤမျှလောက် မပျော်ရွှင်ရချေ။
သူသည် ထန်မင်းဆက်ဘုရင်ကို အငြိုးအတေးထားခဲ့သောကြောင့် ယခုအချိန်တွင် လက်စားချေနိုင်မည့် အခွင့်အရေးရခဲ့သောကြောင့် ကျေနပ်နေသည်မှာ သဘာဝကျ၏။
ထန်မင်းဆက်ဘုရင်က လက်တုံ့ပြန်နိုင်စွမ်းမရှိသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အရိုးဘိုးဘေးများ၏တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာသည်။
တာအိုဘိုးဘေးများဖြစ်သည့် ရီဖန်နှင့် ဝမ်ကျန်းတို့နှစ်ဦးသည် ၎င်းတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကာ ထန်မင်းဆက်ဘုရင်နှင့် အရိုးဘိုးဘေးများကြားမှ ဟာသဇာတ်လမ်းကို ထိုင်ကြည့်နေလိုက်သည်။ အစောပိုင်းတွင် ခြုံခိုတိုက်ခိုက်ပြီးနောက် ထန်မင်းဆက်ဘုရင်သည် တဖြည်းဖြည်း စိတ်ပြန်လည်တည်ငြိမ်လာခဲ့၏။
အရိုးဘိုးဘေးက လော့ထောင်ရှေ့တွင် အဘယ်ကြောင့် သူ့ကိုတိုက်ခိုက်ဝံ့ကြောင်း နားမလည်သေးသော်လည်း ယခုတွင် ထိုကိစ္စကို စဉ်းစားရမည့်အချိန်မဟုတ်ဘဲ တန်ပြန်တိုက်ခိုက်ရန် စဉ်းစားရမည်ဖြစ်သည်။
ထန်မင်းဆက်ဘုရင်သည် နတ်ဆိုးနတ်ဘုရားသွေးကို အားကိုးလျက် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်သို့ ရောက်ရှိခဲ့သော်လည်း၊ သူကိုယ်တိုင်သည်လည်း ယခင်တည်းက တာအိုဘိုးဘေးတစ်ဦးဖြစ်သောကြောင့် အဆင့်တက်လှမ်းပြီးနောက်တွင် အရိုးဘိုးဘေးများထက် အားမနည်းပေ။
မကြာမီတွင် ထန်မင်းဆက်ဘုရင်သည် အရိုးဘိုးဘေးများ၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသွားကာ ပြန်လည်တိုက်ခိုက်ခြင်းကိုစတင်ခဲ့သည်။
ထန်မင်းဆက်၏ ‘တောင်မြစ်မြို့’ မှ ဖိအားများကျရောက်လာကာ အရိုးဘိုးဘေးများသည် သူ့ကိုကမ္ဘာတစ်ခုလုံးက ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလာရသည်။
‘ပျောက်ဆုံးသွားသောဝိညာဉ်နယ်မြေ’
အရိုးဘိုးဘေးသည်လည်း သူ့နောက်ကွယ်ရှိ ပျောက်ဆုံးသွားသောဝိညာဉ်နယ်မြေကို ဆင့်ခေါ်လိုက်ကာ ထန်မင်းဆက်ဘုရင်၏တိုက်ခိုက်မှုကို ခုခံထားသည်။
တိုက်ပွဲ၏နောက်ဆက်တွဲရလဒ်များက သာမန်တာအိုဘိုးဘေးများအတွက် ပြင်းထန်လွန်းလှသည်။ ရီဖန်နှင့် ဝမ်ကျန်းတို့သည် ရီမိသားစု၏ကျင့်ကြံသူများကို ချက်ချင်းကာကွယ်ပေးလိုက်၏။
သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်း ကျင့်ကြံသူများမှာ ကံမကောင်းလှချေ။ ၎င်းတို့သည် ရီမိသားစုနှင့်တိုက်ပွဲတွင် မသေဆုံးခဲ့ဘဲ အိမ်တွင်းပြဿနာများကြောင့် သေဆုံးသွားကြရသည်။
"သေစမ်း!"
ထန်မင်းဆက်ဘုရင် ယခင်က ရီဖန်ကိုရင်ဆိုင်ရာတွင် အသုံးပြုခဲ့သော အမှောင်ဓားက သူ့လက်ထဲတွင် ထပ်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ပစ်မှတ်က အရိုးဘိုးဘေးဖြစ်သည်။
မဟာမိတ်ဖြစ်ခဲ့သည့်အတွက် အရိုးဘိုးဘေးက ထန်မင်းဆက်၏နည်းစနစ်များထဲတွင် မည်သည်က ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် တိုက်ရိုက်ရင်ဆိုင်ရန် မစဉ်းစားဘဲ
ထွက်ပြေးရန်သာကြိုးစားလိုက်သည်။
ထန်မင်းဆက်ဘုရင်ကလည်း အရိုးဘိုးဘေးကို လွတ်မြောက်စေလိုခြင်းမရှိသောကြောင့် ချက်ချင်းလိုက်ဖမ်းရန်ကြိုးစားလိုက်သည်။ သို့သော် ရီဖန်နှင့် ဝမ်ကျန့်တို့သည် ထန်မင်းဆက်ဘုရင်က ထွက်ပြေးရန်ကြိုးစားသည်ကို မြင်သောအခါ လွှတ်ပေးရန် တွန့်ဆုတ်သွားကြသည်။
သူတို့ရှေ့တွင် တိုက်ခိုက်ခြင်းက အဆင်ပြေသော်လည်း ထွက်ပြေးရန် ကြိုးစားခြင်းကိုတော့ လက်မခံနိုင်ပေ။ ၎င်းတို့နှစ်ဦးလုံး တစ်ချိန်တည်းတိုက်ခိုက်လိုက်ကာ ထန်မင်းဆက်ဘုရင်ကို ထွက်ခွါခွင့်မပြုတော့ချေ။
ထန်မင်းဆက်ဘုရင်သည် ၎င်း၏ရန်သူမှာ အရိုးဘိုးဘေးမဟုတ်ဘဲ ရီဖန်နှင့် ဝမ်ကျန်းတို့ဖြစ်ကြောင်းကို သတိရသွားသောအခါ ဒေါသကိုမည်သည့်အပေါ်တွင် ပုံချရမှန်းမသိတော့ပေ။
ရီမိသားစုက သူ့ကို အနိုင်ကျင့်ခဲ့သည့်အပြင်၊ အရိုးဘိုးဘေးကပါ သူ့ကိုပစ်မှတ်ထားနေသည်။ ၎င်းမှာ အမှန်တကယ်ပင် သည်းမခံနိုင်စရာကောင်းလှ၏။
ရီဖန်နှင့် ဝမ်ကျန်းတို့၏ ပူးတွဲတိုက်ခိုက်မှုနှင့် ထပ်မံရင်ဆိုင်ရသည့်အခါတွင် ထန်မင်းဆက်ဘုရင်သည် တင်းမာသောအနေအထားသို့ ရောက်ရှိနေသည်။ သူသည် အရိုးဘိုးဘေးများနှင့် တိုက်ခိုက်ခြင်းက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။
စောနက ထွက်ပြေးရန်ကြံစည်နေသော အရိုးဘိုးဘေးသည် ထန်မင်းဆက်ဘုရင်က အကျပ်အတည်းကြားတွင် ကျရောက်နေသည်ကို တွေ့လိုက်ရသောအခါ မထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။
သူက တိုက်ပွဲထဲသို့ တိတ်တဆိတ်ဝင်ရောက်သွားပြီး ရံဖန်ရံခါ ခြုံခိုတိုက်ခိုက်လိုက်၏။ တိုက်ခိုက်မှုတိုင်းက ထန်မင်းဆက်ဘုရင်၏အခြေအနေကို ပို၍ပင် ခက်ခဲလာစေသည်။
ရီဖန်နှင့် အရိုးဘိုးဘေးကြားတွင် တိတ်တဆိတ် နားလည်မှုတစ်ခု ပေါ်ပေါက်လာ၏။ လက်ရှိတွင် ထန်မင်းဆက်ဘုရင်သည် ၎င်းတို့၏ဘုံပစ်မှတ်ဖြစ်သည်။
နီးနီးကပ်ကပ်ရှိနေသည့် ရီဖန်ကို ကြည့်ရင်း အရိုးဘိုးဘေးများက သူ့ကို ခြုံခိုတိုက်ခိုက်ရန် စိတ်ကူးရှိခဲ့သော်လည်း၊ သူလှုပ်ရှားရန်ကြိုးစားသည့်အချိန်တိုင်း ရီဖန်ကိုကြောက်ရွံ့သည့်စိတ်များပေါ်လာကာ လုပ်နိုင်စွမ်းမရှိတော့ပေ။
ရီဖန်၏ရန်သူဖြစ်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် အရိုးဘိုးဘေးက သူ့အကြောင်းကိုကောင်းစွာသိထားသည်။
ရီဖန်သည် လက်ရှိတွင် အရိုးဘိုးဘေးများကို ဂရုမစိုက်ပုံပေါ်သော်လည်း၊ သူက အရိုးဘိုးဘေးဘက်မှ လှုပ်ရှားရန် စောင့်ဆိုင်းနေသည်ဟု ခံစားခဲ့ရသည်။
တကယ်တမ်းတွင် အရိုးဘိုးဘေး၏ ထိုးထွင်းသိမြင်မှုက မှန်ပါ၏။ ယနေ့တွင် ရီဖန်သည် ထန်မင်းဆက်ဘုရင်ကို တိုက်ခိုက်ရန် ရည်ရွယ်ထားရုံသာမက အရိုးဘိုးဘေးကိုတိုက်ခိုက်ရန်လည်း ရည်ရွယ်ခဲ့သည်။
အရိုးဘိုးဘေးက ထန်မင်းဆက်ဘုရင်ကို ဆန့်ကျင်ခဲ့သော်လည်း သူသည် ပန်ကုစကြဝဠာဘက်တွင် မရှိတော့ချေ။
၎င်းတို့နှင့် မျိုးနွယ်မတူသောသူသည် နှလုံးသားချင်းလည်းတူမည်မဟုတ်ပေ။
အလားအလာရှိသည့်ရန်သူကို လွတ်ထားပေးခြင်းထက် အခွင့်အရေးရရှိချိန်တွက် တိုက်ရိုက်သတ်လိုက်ခြင်းက ပိုကောင်းလိမ့်မည်။ ရီဖန်သည် ထန်မင်းဆက်ဘုရင် နောက်ဆုံးအကြိမ်ကအသုံးပြုခဲ့သော နည်းဗျူဟာကို မှတ်မိနေပြီးဖြစ်ရာ၊ သူ့အကြံအစည်များ ပျက်ဆီးသွားမည်ကို စိုးရိမ်သောကြောင့် ၎င်းနှင့်ရင်ဆိုင်ရာတွင် အလွန်သတိထားနေခဲ့သည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ရီဖန်ကို ဒုက္ခမပေးနိုင်သော်လည်း ၎င်းအပြင် ပို၍ကြောက်စရာကောင်းသော အခြားနေရာများ ရှိမရှိကို မည်သူသိမည်နည်း။ ရီဖန်သည် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသော်လည်း၊ သူ့ကိုယ်သူ လွန်စွာအထင်အမြင်ကြီးနေခြင်းမျိုးမဟုတ်ပေ။
ရီဖန်၏အခြေအနေနှင့်နှိုင်းယှဉ်လျှင် အထက်ဘက်ရှိ သူတော်စင်နှစ်ဦးကြား တိုက်ပွဲက အရှိန်အဟုန်ပြင်းထန်လာသည်။
ဟုန်မိန်ခရမ်းရောင်ချီကို သန့်စင်ထားသော ဗောဓိဘိုးဘေးသည် စစ်မှန်သောသူတော်စင်နယ်မြေရောက်ရှိစေနိုင်မည့် အထောက်အထားကို ခိုင်မြဲစွာဆုပ်ကိုင်ထားသည်။
အခြားသော သူတော်စင်များနှင့်နှိုင်းယှဉ်ပါက သူ၏အင်အားသည် များစွာသာလွန်၏။
သူ၏အင်အားအပြည့်အဝကိုပြန်သေးသော လော့ထောင်ကိုရင်ဆိုင်ရာတွင် ဗောဓိဘိုးဘေးသည် စွမ်းအားအပြည့်အ၀ကိုဆုပ်ကိုင်ထားပြီးနောက် အစောပိုင်းတွင် အခိုင်အမာဖိနှိပ်လွှမ်းမိုးထားနိုင်ရန်အတွက် သတိထားလုပ်ဆောင်ခဲ့သည်။
ယခုအခါတွင် ဗောဓိဘိုးဘေးသည် လော့ထောင်ကို နှိမ်နင်းနိုင်စွမ်းရှိသည်။ အကောင်းဆုံးနည်းလမ်းမှာ လက်ရည်တိုက်ပွဲကို တိုက်ခိုက်ခြင်းဖြစ်၏။ နတ်စွမ်းအားဖြင့် ဖြည့်တင်းထားသော ကိုယ်ထည်သည် ၎င်း၏စွမ်းအားကို အပြည့်အဝပြသခဲ့သည်။
သူ၏လက်သီးချက်တစ်ခုစီတိုင်းက အနှိုင်းမဲ့ တာအိုဘိုးဘေးတစ်ဦးစီကို ဖြိုခွင်းလိုက်နိုင်သည်။
အဆက်မပြတ်ထိုးနှက်ချက်များအောင်တွင် လော့ထောင်နတ်ဆိုးနတ်ဘုရား၏ ကိုယ်ထည်ပင်လျှင် မခံနိုင်ပေ။ လော့ထောင်က အလွန်စိတ်ပျက်နေသော်လည်း အခြေအနေကိုပြန်လှည့်နိုင်မည့် နည်းလမ်းမရှိတော့ချေ။
သူက ခမ်းနားစွာပြန်လာရန် ကြံစည်ထားသော်လည်း ဤမျှသနားစရာကောင်းသော အခြေအနေသို့ ကျရောက်သွားခြင်းကို သူလက်မခံနိုင်ခဲ့ပါ။ သို့သော် သူ မည်မျှပင် တုံ့ဆိုင်းနေပါစေ လော့ထောင်သည် မည်သည့်အချိန်တွင်နောက်ဆုတ်ရမည်ကို နားလည်၏။
သူသည် အခင်းအကျင်းချထားသည့် ပျက်ဆီးခြင်းဂိုဏ်းသို့ ပြန်ဆုတ်ခွါသွားခဲ့သည်။
အဖွဲ့အစည်း၏အကူအညီဖြင့် သူသည် ပြန်လည်တိုက်ခိုက်ရန် အင်အားရရှိမည်ဖြစ်ကာ ဗောဓိဘိုးဘေးကိုပင် သတ်ပစ်နိုင်လိမ့်မည်။
‘ဘမ်း!’
ဗောဓိဘိုးဘေး၏ နောက်ထပ်လက်သီးချက်တစ်ခုက လော့ထောင်ကို ကမ္ဘာပေါင်းများစွာ လွှင့်ထွက်သွားစေသည်။ ၎င်းကိုအသုံးချလျက် လော့ထောင်သည် ချက်ချင်းလှည့်ထွက်သွားကာ ပျက်ဆီးခြင်းဂိုဏ်း၏ အတွင်းပိုင်းသို့ ပျံသန်းသွားခဲ့သည်။
ထိုကဲ့သို့ ထင်ရှားကျော်ကြားသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်သည် လူအများ၏အကြည့်အောက်တွင် ထွက်ပြေးသွား၏။
…….