← Chapters

အခန်း ၃၅၅-၃၅၇

Vol. 24 Ch. 355-357

အခန်း ၃၅၅-၃၅၇

Vol. 24 Ch. 355-357

အခန်း ၃၅၅ - ရီဖန်လား၊ ရင်းနှီးနေတဲ့နာမည်ပဲ

"အဘိုး၊ ကျွန်တော်ဘာလုပ်လို့လဲ"

တစ်စုံတစ်ယောက်ကို လိုက်ရှာနေရုံဖြင့် အဘယ်ကြောင့် ရုတ်တရက် စတင်ရိုက်နှက်ရသနည်း။

"မင်းက သစ္စာမဲ့တဲ့ လူယုတ်မာပဲကွ၊ မင်း ကိုယ့်ကိုကိုယ် ကာကွယ်ရဲသေးတာလား"

နဂါးနီလေးနှင့်အတူ အခြေအနေကို ရှင်းပြရန် ကြိုးစားသော ရီကျင်းစန်တို့သည်လည်း ချက်ချင်းပင်ဦးတည်ချက်ပြောင်းကာ ရီဖန်နှင့်အတူ ရီရှင်းလုံကို အပြစ်ပေးရန်ဦးတည်လိုက်ကြ၏။

ထိုအချိန်တွင် ရီရှင်းလုံသည် သူ့ကိုယ်သူကာကွယ်ရန်ပင် မေ့လျော့သွားခဲ့သည်။ သူ့စိတ်ထဲတွင် ဟူမိန်အာက သူ့အတွက် ကလေးမွေးထားသည့်အကြောင်းဖြင့် ပြည့်နှက်နေသည်။ သူ ရီရှင်းလုံထံတွင် ကလေးတစ်ယောက်ရှိနေသည်လား။

ဘမ်း!

နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီးနောက် ရီရှင်းလုံနာကျင်စွာ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ရီရှင်းလုံက ရီဖန်ကို ရှင်းပြရန်လိုအပ်နေပြီဖြစ်ကြောင်းသိလိုက်၏။ သို့မဟုတ်ပါက သူအရိုက်ခံရတော့မည်မှာ သေချာပေါက်ပင်။

ရီမိသားစုက ကျရှုံးနိုင်သော်လည်း သူတို့ထံတွင် လူရှုပ်လူပွေတစ်ဦးတော့ ရှိနေ၍မရပေ။ သူ့မြေးအတွက် သနားကာ ရီရှင်းလုံကို ကာကွယ်ပေးပြီး ရီဖန်ကိုရှင်းပြခွင့်ပေးခဲ့သူမှာ စုယန်သာဖြစ်သည်။ ရီရှင်းလုံအပေါ် စူးယန်၏နားလည်မှုကို အခြေခံ၍ သူ့မြေးသည် လူရှုပ်တစ်ဦးမဖြစ်နိုင်ချေ။

အခွင့်အရေးရသောအခါ ရီရှင်းလုံက အမြန်ရှင်းပြလိုက်သည်။ သူ့ထံတွက် ကလေးရှိမှန်းတောင်မသိဘဲ ဟူမိန်အာက သူ့ကိုမနှုတ်ဆက်ဘဲ ချန်ထားခဲ့ခြင်းဖြစ်ရာ၊ သူကသာ မှားယွင်းခံရသည်ဟု ခံစားရသည်။

ရီရှင်းလုံ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရီဖန်နှင့် အခြားသူများက သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာဖြင့် ရီမိသားစုသည် လူရှုပ်လူပွေတစ်ဦးကို မမွေးထုတ်မိခဲ့ချေ။

သို့သော် ယခုဟူမိန်အာနှင့် ရီထျန်းမုတို့၏တည်ရှိမှုကို သိရှိပြီးဖြစ်သည့်အတွက် ရီမိသားစုက ၎င်းကို လျစ်လျူရှု၍မရပေ။

"ကျင်းစန်၊ နဂါးနီလေး၊ မင်းတို့လဲ လိုက်လာသင့်တယ်!"

ရီဖန်က သူ့မြေးဖြစ်သူကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူအပြင်မှာ နှစ်အတော်ကြာ လျှောက်သွားနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ရီမိသားစုထဲကို ပြန်ဝင်ချိန်တန်ပြီဖြစ်သည်။ ရီဖန်သည် လေဟာနယ်လမ်းကြောင်းကိုဖွင့်ပြီးနောက် ရီမိသားစုအဖွဲ့ဝင်များကို ဟူမိန်အာရှိရာနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

မြေနဂါးနယ်မြေတွင် ဟူမိန်အာနှင့် ရီထျန်းမုတို့သည် ကျင့်ကြံသူအချို့ ဝိုင်းရံထားခြင်းကိူ ခံနေရသည်။ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး ကမ္ဘာ့အင်မော်တယ်နယ်မြေနှ ကောင်းကင်အင်မော်တယ်နယ်မြေထိရှိ၏။ ဟူမိန်အာသည် ၎င်းတို့နှင့် မယှဉ်နိုင်ချေ။

"မင်းသမီးလေး၊ မင်းလည်း အရှုံးပေးလိုက်တော့!"

မူလက ဟူထျန်းကြယ်တာရာမင်းဆက်၏ လက်အောက်ခံများဖြစ်သည့် ထိုသူများက ယခုအခါတွင် ဟူထျန်းကြယ်တာရာမင်းဆက်၏ မင်းသမီးဖြစ်သည့် သူမကို ဆန့်ကျင်လာကြသည်။ ဟူမိန်အာက ယနေ့ သူမ မလွတ်မြောက်နိုင်မှန်း သိသော်လည်း ရီထျန်းမုကို သူမကဲ့သို့ ဖမ်းမမိစေလိုချေ။

နောက်အခိုက်အတန့်တွင် ဟူမိန်အာ၏ မျက်လုံးထဲတွင် စိတ်ဆုံးဖြတ်ပြီးသောအရိပ်အယောင် ထွက်ပေါ်လာသည်။

"ငါ မင်းနဲ့လိုက်လို့ရတယ်၊ ဒါပေမယ့် ငါ့ကလေးကိုတော့ လွှတ်ပေးမှရမယ်"

ဟူမိန်အာသည် အလယ်အလတ်အဆင့် အင်မော်တယ်ဓားတစ်ချောင်းကို သူမ၏လည်ပင်းတွင်တင်လျက် သူမဘေးနားရှိ လူများကို ပြောလိုက်သည်။

ဟူမိန်အာသည် မုဟိုင်အင်မော်တယ်ဂိုဏ်းက ဟူမိသားစု၏ဘဏ္ဍာတိုက်ကိုဖွင့်ရန် သူုူမ၏ခန္ဓာကိုယ်တွင်းရှိသွေးမျိုးဆက်လိုအပ်သည်ကို ဟူမိန်အာသိသောကြောင့် သူမကို အလွယ်တကူသေခိုင်းမည်မဟုတ်မှန်း သေချာသည်။

ဟူမိသားစုဘိုးဘေးများသည် တစ်ချိန်က အထွတ်အထိပ်တာအိုဘိုးဘေးကို မွေးထုတ်ပေးခဲ့ဖူးသောကြောင့် ဟူမိသားစု၏ဘဏ္ဍာတိုက်တွင် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိသည်ဟူသော ကောလဟာလများထွက်ပေါ်ခဲ့ဖူးသည်။

ထိုလျှို့ဝှက်ချက်ကြောင့် ဟူထျန်းကြယ်တာရာမင်းဆက်သည် မုဟိုင်အင်မော်တယ်ဂိုဏ်း၏ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။ ဟူမိသားစုသွေးမျိုးဆက်များကို မုဟိုင်အင်မော်တယ်ဂိုဏ်းတွင် ဖမ်းဆီးထားသော်လည်း ၎င်းတို့၏သွေးသားမသန့်စင်မှုကြောင့် ရတနာတိုက်ကိုဖွင့်မရချေ။

ဟူမိန်အာသည် ဟူမိသားစုတွင် အသန့်ရှင်းဆုံးသောသွေးမျိုးဆက်ရှိသာကြောင့် ၎င်းကိုဖွင့်လှစ်နိုင်မည့် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ထို့ကြောင့် မုဟိုင်အင်မော်တယ်ဂိုဏ်းမှ စေလွှတ်လိုက်သော ကျင့်ကြံသူများက သူမကိုသေစေနိုင်ခြင်းမရှိပေ။

အကယ်၍ ဟူမိန်အာ သေသွားခဲ့ပါက ထိုကျင့်ကြံသူများ၏ ကံကြမ္မာသည်လည်း ကောင်းလိမ့်မည်မဟုတ်ပေ။ ဝိုင်းရံထားသော ကျင့်ကြံသူများက အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း မကြာမီတွင် စိတ်ဆုံးဖြတ်လိုက်၏။

သက်တမ်းတစ်ရာတွင် ရွှေအမြုတေအဆင့်သို့သာ ရောက်ရှိသော ကျင့်ကြံသူသည် ခြိမ်းခြောက်နိုင်ခြင်းမရှိသောကြောင့် သူသွားလိုက သွားပါစေ။

"ကောင်းပြီ၊ မင်း ငါတို့နဲ့လိုက်ခဲ့ရင် သူ့ကို လွှတ်ပေးမယ်!"

ဟူမိန်အာသည် ရီထျန်းမုကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။ “ရှောင်ထျန်း ထွက်သွားတော့၊ နောက်ပြန်မကြည့်နဲ့"

ဟူမိန်အာသည် ထိုသို့ပြောပြီးနောက် သူမအိတ်ထဲမှ ကျောက်စိမ်းဆွဲသီးကိုထုတ်ယူပြီး ရီထျန်းမု၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ရှောင်ထျန်း သားအဖေက ဒီကျောက်စိမ်းဆွဲသီးကို ထားခဲ့တာပဲ၊ သားရဲ့ ကျင့်ကြံမှုအဆင့်ပိုမြင့်လာရင် သူ့ကို သွားရှာလို့ရတယ်”

ရီထျန်းမု၏ သွေးမျိုးဆက်ပေါက်ကွဲထွက်လာမှုကို ကြည့်ခြင်းအားဖြင့် ရီရှင်းလုံ၏မိသားစုသည် မရိုးရှင်းကြောင်း ဟူမိန်အာသိလိုက်သည်။ ဖြစ်နိုင်ပါက ရီထျန်းမုက သူ့အဖေမိသားစုဆီသို့ ပြန်သွားလျှင် ပိုကောင်းလိမ့်မည်။

"မဟုတ်ဘူး အမေ၊ သူတို့ကို ခေါ်သွားခွင့်မပေးနိုင်ဘူး"

ရီထျန်းမုသည် မျက်လုံးနီရဲနေပြီး ခိုင်မာသောအမူအရာဖြင့် ဟူမိန်အာရှေ့တွင် ရပ်နေသည်။ ရီထျန်းမု၏ နှလုံးသားထဲတွင် လူသတ်လိုသော ရည်ရွယ်ချက်နှင့် ဒေါသများ အဆက်မပြတ်ထွက်လာ၏။

သူ့၏စွမ်းရည်နိမ့်ကျမှုကို မုန်းတီးခဲ့ကာ သူ၏ ကျင့်ကြံမှုအဆင့်က ရွှေဗဟိုအဆင့်တွင်သာ ရှိသောကြောင့် သူ့အမေကို မကာကွယ်နိုင်ခဲ့ပေ။

သူ၏ကျင့်ကြံမှုအဆင့် အနည်းငယ်ပိုမြင့်ပါက သူ့အမေက ဤလူများနှင့် ထွက်သွားရမည်မဟုတ်။

ရီထျန်းမု၏စိတ်ခံစားမှုများ ပြောင်းလဲလာမှုကြောင့် သူ၏သွေးမျိုးဆက်မှာလဲ အရှိန်မြန်စွာ လှည့်ပတ်လာသည်။ ရီထျန်းမု၏နောက်ဘက်တွင် ဓမ္မရုပ်ပုံတစ်ခုရှိနေသည်ကိုတော့ မည်သူမျှသတိမပြုမိခဲ့ချေ။

သူ၏ဒေါသက အထွတ်အထိပ်သို့ ရောက်သောအခါ ဖိနှိပ်ခံထားရသော သွေးမျိုးဆက်က ထပ်မံပေါက်ကွဲသွားပြန်သည်။ ချိတ်ပိတ်ထားသော စည်းတံဆိပ်သည်လည်း ချက်ချင်းကျိုးပျက်လုနီးပါးဖြစ်နေ၏။

"ငါမင်းကိုသတ်မယ်!"

ရီထျန်းမု၏ဟိန်းဟောက်သံနှင့်အတူ ဓမ္မရုပ်ပုံက တခဏအတွင်း ထွက်ပေါ်လာသည်။ ဤအချိန်မှသာ ဝိုင်းရံထားသော ကျင့်ကြံသူများက ရီထျန်းမု၏ နောက်ကွယ်မှ ဓမ္မရုပ်ပုံကို သတိပြုထားမိကာ ထိတ်လန့်သွား၏။ ၎င်းက မည်သည့်အရာဖြစ်သနည်း။

ထိုအခြေအနေနှင့်ရင်ဆိုင်ရချိန်တွင် အသက်စွမ်းအားအဆင့်မှ ထွက်ပေါ်လာသောဖိအားကို ခံစားလိုက်ရသည်။ ထိုသူကို တစ်ချက်ကြည့်လိုက်ရုံနှင့် ၎င်းတို့က နေရာတွင် သေသွားနိုင်သည်ဟု ခံစားလိုက်ရသည်။

ရှေ့ဆုံးရှိ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူသည် ဓမ္မရုပ်ပုံ၏ရောင်ဝါကို မခံနိုင်သောကြောင့် သူ၏အင်မော်တယ်ဝိညာဉ်နှင့်အတူ ချက်ချင်းပေါက်ကွဲသွားသည်။တစ်ချက်ကြည့်လိုက်ရုံနှင့် ကောင်းကင်အင်မော်တယ်ကို သတ်ပစ်နိုင်သည့် စွမ်းအားက အလွန်ကြောက်စရာကောင်း၏။

ရီထျန်းမုသည် ဒုတိယမြောက်ကောင်းကင်အင်မော်တယ် ကျင့်ကြံသူကို ကြည့်လိုက်ကာ သူ၏သွေးမျိုးဆက်စွမ်းအားကို ထပ်မံအသုံးပြုလိုသည်။

………….

အခန်း ၃၅၆ - ရီဖန်လား၊ ရင်းနှီးနေတဲ့ နာမည်ပဲ

ကံမကောင်းစွာဖြင့် ရီထျန်းမု၏ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးသောကြောင့် သူက သွေးမျိုးဆက်ပေါက်ကွဲမှုကို မထိန်းထားနိုင်သေးပေ။ သူ့နောက်ကွယ်မှ ဓမ္မရုပ်ပုံက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး၊ ရီထျန်းမု၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေကာ မည်သည့်အင်အားကိုမှ မစုစည်းနိုင်တော့ချေ။

၎င်းကိုမြင်လိုက်ရသည့်အခါတွင် ဟူမိန်အာသည် ချက်ချင်းလန့်သွားပြီး ရီထျန်းမုကို ထိန်းပေးလိုက်သည်။ အကယ်၍ ရီထျန်းမုကသာ အသုံးဝင်ခြင်းမရှိပါက ထိုကျင့်ကြံရေးသမားများက သူ့ကိုလွှတ်ပေးလိမ့်မည်။

သို့သော် ရီထျန်းမုက ယခုလေးတင် ထုတ်ပြလိုက်သည့် စွမ်းအားကိုမြင်သောအခါ သူကရိုးရှင်းသူတစ်ဦးမဟုတ်သည်မှာ ထင်ရှား၏။ ထိုသူများက လွှတ်ပေးဦးမည်လား။

ဟူမိန်အာခန့်မှန်းထားသည့်အတိုင်း ရီထျန်းမုကိုကြည့်ရင်း ကျင့်ကြံသူများ၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ ရီထျန်းမုက သူအသုံးပြုသည့်နည်းစနစ်ကို လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း အတည်ပြုပြီးနောက် ကျင့်ကြံသူများက ၎င်းတို့၏ပြင်းထန်သော ရောင်ဝါကို သူ့အပေါ် ထုတ်လွှတ်လိုက်သည်။

"မင်းသမီးလေး၊ မင်းအခု ငါတို့နဲ့လိုက်ခဲ့မလား၊ မဟုတ်ရင် ငါတို့ သူ့ကို သတ်ပစ်မယ်!"

ရီထျန်းမုကို လွှတ်ပေးရန် မဖြစ်နိုင်တော့ချေ။ သူ့စွမ်းရည်က ထူးခြားပုံမပေါ်သော်လည်း၊ ထိုစွမ်းရည်ကို ပိုင်ဆိုင်ထားတာကြောင့် အနာဂတ်တွင် ကလဲ့စားချေရန် ဖြစ်နိုင်သည့်အတွက် အန္တရာယ်ရှိလာနိုင်သည်။

ရီထျန်းမု၏ မျက်လုံးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။ သူ ယခုလေးတင်သုံးလိုက်သည့် စွမ်းရည်ကို နောက်တစ်ကြိမ်ပြန်စချင်သော်လည်း မလုပ်နိုင်တော့ချေ။

ဟူမိန်အာ၏မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်သွား၏။ ယနေ့တွင် သူတို့အမှန်တကယ် အဆုံးသတ်ရတော့မည်လား။

ရီထျန်းမု၏ဒေါသက အလွန်ကြောက်စရာကောင်းနေသည်။ ထိုအချိန်တွင် သူ၏သွေးမျိုးဆက်သည်လည်း ပြန်လည်စတင်လာ၏။

ရီထျန်းမု၏အကြည့်ထဲတွင် စိတ်ကျေနပ်မှုများ ပြည့်နှက်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှထွက်လာသော ကိုက်ခဲနာကျင်မှုကို လျစ်လျူရှုကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန်ပြင်လိုက်သည်။

အကယ်၍ နောက်တစ်ကြိမ်တိုက်ခိုက်ပါက သူ့ခန္ဓာကိုယ်ပြိုလဲသွားနိုင်ကြောင်း ရီထျန်းမု သဘောပေါက်သော်လည်း၊ သူ့အမေကို ကူညီနိုင်သရွေ့ ရီထျန်းမုက မငြီးမငြူဘဲ ဆောင်ရွက်လိမ့်မည်။

ဝိုင်းရံထားသောကျင့်ကြံသူများသည် စွမ်းအားအတက်အကျကို ထပ်မံခံစားလိုက်ရသောအခါ ချက်ချင်းထိတ်လန့်သွားကြသည်။ ရီထျန်းမုက တစ်ကြိမ်တွင် ၎င်းတို့ထဲက တစ်ယောက်ကိုသာ သတ်နိုင်မှန်းသိသော်လည်း မည်သူကမှ စတေးမခံလိုကြပေ။

ထိုအချိန်တွင် လက်တစ်ဖက်က ရီထျန်းမု၏ ခန္ဓာကိုယ်ကို ညင်သာစွာထိတွေ့လိုက်သည်။ ထိုလက်များအောက်တွင် ရီထျန်းမု၏ သွေးမျိုးဆက်မငြိမ်သက်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"ကလေး၊ မင်း ဒီစွမ်းအားကို ထပ်သုံးရင် မင်းခန္ဓာကိုယ်က မခံနိုင်တော့ဘူး"

ကမ္ဘာ့စွမ်းအားက ရီထျန်းမုကို စဉ်ဆက်မပြတ် အားပြန်ဖြည့်ပေးကာ၊ ၎င်းစွမ်းအားကြောင့် သူ၏ဒဏ်ရာများအားလုံး ချက်ချင်းသက်သာသွားခဲ့သည်။ ရီထျန်းမု၏ခန္ဓာကိုယ်သည်ပင် အဆများစွာ ပိုမိုသန်မာလာပြီး သူ့သွေးမျိုးဆက်စွမ်းအားကို အဆီးအတားမရှိ အသုံးပြုလာနိုင်၏။

ရွှေအမြုတေအဆင့်တွင်ရှိနေသည့် ရီထျန်းမုကသာ ကမ္ဘာ့စွမ်းအားကောင်းချီးကို ခံနိုင်ရည်ရှိသည်။ ရီဖန်သည် ရီထျန်းမုအတွင်းရှိ စွမ်းရည်စည်းတံဆိပ်ကို သတိပြုမိသောကြောင့် ဟူမိန်အာကို ညင်သာစွာလှမ်းကြည့်လိုက်ကာ အနည်းငယ်အားစိုက်ထုတ်လိုက်ရုံဖြင့် စည်းတံဆိပ်က ချက်ချင်းကျိုးသွားသည်။

ထို့နောက် ရီထျန်းမု၏ကျင့်ကြံမှုအဆင့်သည် တဟုန်ထိုးတိုးတက်လာခဲ့သည်။ ရွှေဗဟိုအဆင့်၊ အခြေတည်ဝိညာဉ်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်တို့ကို ဖြတ်ကျော်သွားပြီးနောက် အနည်းငယ်ကြာသောအခါ သူ၏ကျင့်ကြံမှုအဆင့်သည် လူသားအင်မော်တယ်နယ်မြေသို့ရောက်ရှိသွားခဲ့သည်။

ကောင်းကင်ထက်တွင် ကောင်းကင်အဘိညာဉ်ဆင်းသက်ရန်အတွက် ကောင်းကင်မျက်လုံးပေါ်လာသည်။

ရီဖန်လှမ်းကြည့်လိုက်သည်နှင့် ၎င်းသည် တုံ့ဆိုင်းခြင်းမရှိ ချက်ခြင်းပျောက်ကွယ်သွား၏။

ကောင်းကင်တာအိုပင်လျှင် ရီဖန်ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေသည်။ ရီဖန်၏လက်ရှိစွမ်းအားဖြင့် သူသည်ကမ္ဘာကြီးတိုင်းကို ဖျက်ဆီးပစ်နိုင်သည်။ ကမ္ဘာကြီးတစ်ခု၏ ကောင်းကင်ဘုံတာအိုသည်လည်း ရီဖန်ကို ရန်စဝံ့မည်မဟုတ်ချေ။ ရီဖန်၏ လှုပ်ရှားမှုအနည်းငယ်ကပင် ဤကမ္ဘာ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်ဖက်ရှိကျင့်ကြံသူများက လုံးဝအံသြသွားကြသည်။ ယခုလေးတင်ပေါ်လာသည့် ကျင့်ကြံသူက မည်သူနည်း။

သူသည် ကောင်းကင်မျက်လုံးကို တစ်ချက်ကြည့်ရုံဖြင့် ကြောက်ရွံ့စေနိုင်သည်။ အင်မော်တယ်ဧကရာဇ်ပင်လျှင် ထိုကဲ့သို့မလုပ်ဆောင်နိုင်ချေ။

၎င်းက စွမ်းဆောင်မှုအမြင့်ဆုံးအနေဖြင့် အင်မော်တယ်ဧကရာဇ်အထိသာ မြင်ဖူးသော ထိုဂိုဏ်းမှကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။

ရီဖန်သည် ထိုအရေးမပါသော ကျင့်ကြံသူများကို စိတ်မ၀င်စားဘဲ သူ့အကြည့်က ဟူမိန်အာဆီသို့ ကျရောက်သွားသည်။ ရီဖန်၏အကြည့်အောက်တွင် ဟူမိန်အာ၏ခန္ဓာကိုယ်သည် ပျော့ပျောင်းသွားကာ သူမ မည်သို့တွေးရမည်ကိုပင် မေ့သွား၏။

ထိုအခိုက်အတန့်တွင် ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်ပြီးဖြစ်သော ရီထျန်းမုသည် ပထမဆုံးတုံ့ပြန်လာသူဖြစ်သည်။ သူက ဟူမိန်အာရှေ့တွင် ရပ်နေလျက် ရီဖန်ကို သတိနှင့်ကြည့်နေသည်။ သူသတိထားနေသည့်တိုင် အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

သူ့ရှေ့ကလူထံမှ သူ့သွေးမျိုးဆက်ချင်း ရင်းနှီးမှုကိုခံစားလိုက်ရ၏။ သူမည်သူမှန်း ရီထျန်းမု မသိသော်လည်း ထိုသူ၏ပစ်မှတ်က သူဖြစ်နိုင်ကြောင်းကို သိလိုက်သည်။

"ရီထျန်းမု၊ ငါက မင်းအဘိုး ရီဖန်ပါ”

အဘိုး။ မရင်းနှီးသော ထိုစကားလုံးက ရီထျန်းမုကို အနည်းငယ်စိတ်ရှုပ်ထွေးသွားစေသည်။ ထိုအချိန်တွင် ဟူမိန်အာသည် ရီဖန်၏နောက်ဘက်မှ ရင်းနှီးပြီးသောသူကို မှတ်မိသွားသည်။

သူတို့မတွေ့ရစဉ်က ရီရှင်းလုံသည် သူမကို အလွန်အောက်မေ့သော်လည်း၊

ယခုတွေ့ ဆုံရသောအခါ ရီရှင်းလုံသည် ရုတ်တရက်ရှက်ကိုးရှက်ကန်းဖြင့် ရှေ့ထွက်လာရန် တွန့်ဆုတ်နေသည်။

သည်းမခံနိုင်တော့သော ရီကျင်းစန်က ရီရှင်းလုံ၏တင်ပါးကို တိုက်ရိုက်ပိတ်ကန်လိုက်ရ၏။ ရီရှင်းလုံသာ ဤပုံစံအတိုင်း ဆက်၍တုံ့ဆိုင်းနေပါက သူ့မြေးက သူ့ကိုမည်သည့်အခါတွင်မှ အဘိုးခေါ်နိုင်မည်နည်း။

သူတို့၏မြေးဖြစ်သူက ယခုအသက်ကြီးပြင်းလာသော်လည်း သူ၏ငယ်ဘဝကို မသိလိုက်ကြရချေ။ သို့သော် မြေးတစ်ယောက်ရှိခြင်းက ပိုကောင်းပါသေး၏။

"ဘယ်လိုနေလဲ ညီမလေး"

ရီရှင်းလုံသည် စကားတစ်ခွန်းကိုမဟမီ အချိန်အတော်ကြာနေခဲ့သည်။

"ကျွန်မအဆင်ပြေပါတယ် ရှင်ရော"

ဟူမိန်အာသည် ရီရှင်းလုံ၏ကြောင်အနေသောပုံစံကို မြင်ပြီး နောက်ဆုံးတွင် ပြုံးလျက်စကားပြောလာသည်။

ဤအရူးလေးက အရင်အတိုင်းပင်။

"ညီမလေး အဲတုန်းက ဘာလို့ထွက်သွားရတာလဲ"

ဤနှစ်များကြာပြီးနောက် ရီရှင်းလုံသည် နောက်ဆုံးတွင် သူ့နှလုံးသားကို ထိတ်လန့်စေသောမေးခွန်းများအား မေးရန်အခွင့်အရေးရခဲ့သည်။

“ကျွန်မ..”

ဟူမိန်အာက မည်သို့ပြန်ဖြေရမှန်းမသိသောကြောင့် ခေါင်းငုံ့ထားလိုက်သည်။ ဟူထျန်းကြယ်တာရာမင်းဆက်က အင်အားကြီးမားသော မုဟိုင်အင်မော်တယ်ဂိုဏ်းအန္တရာယ်နှင့်ရင်ဆိုင်ရသောအခါ ဟူမိန်အာသည် ရီရှင်းလုံကို ၎င်းထဲသို့ မဆွဲချလိုခဲ့ပေ။

နောက်ပိုင်း ဟူမိန်အာက သူမထံတွင် ကိုယ်ဝန်ရှိနေကြောင်းသိလိုက်ရသောအခါ ရီရှင်းလုံကို ဆက်သွယ်လိုသော်လည်း မရခဲ့ချေ။ ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ဟူမိန်အာသည် ဤနှစ်များအတွင်းမှ အကြောင်းအရာများကိုပြောပြလိုက်သည်။

ဟူမိန်အာ၏စကားကို နားထောင်ပြီးနောက် ရီရှင်းလုံသည် သူ့ကိုယ်သူသာ ပိတ်ရိုက်လိုတော့သည်။ ထိုအချိန်က ဟူမိန်အာနှင့်သူ၏ပေါင်းစည်းမှုသည် တိုက်ဆိုင်မှုတစ်ခုဖြစ်ကာ သူ၏အထောက်အထားအမှန်ကို သူမအားမပြောပြနိုင်ခဲ့ချေ။ အကယ်၍ သူသာ စောစောပြောနိုင်ခဲ့ပါက ၎င်းတို့သည် ဤမျှကြာအောင် ခွဲခွာရမည်မဟုတ်ပေ။

ထိုအချိန်က ရီမိသားစုသည် ယခုသူတို့ရှိနေသည့် အခြေအနေ၌မရှိသော်လည်း မုဟိုင်အင်မော်တယ်ဂိုဏ်းနှင့် ရင်ဆိုင်ရာတွင်တော့ ပြဿနာရှိမည်မဟုတ်။ ရီရှင်းလုံကလည်း ဟူမိန်အာပြောသမျှကို လုံးဝ သံသယမ၀င်ပေ။

သွေးမျိုးဆက်ကို အာရုံခံမိရုံဖြင့် ရီရှင်းလုံက ရီထျန်းမုသည် သူ့သားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။ ရီထျန်းမုသည် အဘိုးသာမက အဖေကိုပါ ရရှိလိုက်သောကြောင့် လုံးဝအံ့ဩနေသည်။

ဤနှစ်များတစ်လျှောက် ရီထျန်းမုသည် သူ့အဖေနှင့်ပက်သက်၍ အပြစ်မတင်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် ယခုတွင် ဤအရာသည် သူ့အဖေ၏အပြစ်မဟုတ်သောကြောင့် ရီထျန်းမုလည်း ဘာလုပ်ရမှန်းမသိဖြစ်နေ၏။ အခု “အဖေ” လို့ ခေါ်ရမည်လား။ သို့မဟုတ် သူ အပြစ်တင်သင့်သလား မသိတော့။

သူ့အဖေက အလွန်စွမ်းအားကြီးပုံရသည်။ သူယခင်က စွမ်းအားကြီးသည်ဟုထင်ထားသော ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများက သူ့အဖိုးရှေ့တွင် ပုရွက်ဆိတ်သာသာ ရှိတော့သည်။ သူ့အဘိူးက မည်မျှ သန်မာသနည်း။

"ထျန်းမု လာခဲ့!"

ဟူမိန်အာက ရီထျန်းမုကို ခေါ်လိုက်သည်။ ရီထျန်းမုသည် ရင်းနှီးနေဟန် ခံစားရသော ရီဖန်ကိုစိုက်ကြည့်နေသည်။

"သွားလေ ကလေး!" ရီဖန်က ပြုံးလျက်ပြောလိုက်သည်။

"ဟုတ်သားပဲ၊ ငါတို့ ဒီအပြင်လူတွေကို အရင်ရှင်းသင့်တယ်!"

ထိုအချိန်မှသာ နေရာ၌ အပြင်လူများရှိနေသေးကြောင်းကို မှတ်မိသွားကြသည်။

မုဟိုင်အင်မော်တယ်ဂိုဏ်းမှကျင့်ကြံသူများမှာ မငိုဘဲ မနေနိုင်ကြတော့။ နောက်ဆုံးတွင် သူတို့ကို သတိရသွားရှာသေးသည်။

“အဘိုး၊ ဒီလူတွေကို ကျွန်တော့ဆီ လွှဲပေးမလားဟင်”

ကျင့်ကြံမှုအဆင့်အောင်မြင်မှုကို ကြုံတွေ့ပြီးနောက် ရီထျန်းမုသည် သူကိုယ်တိုင်လှုပ်ရှားရန် စိတ်အားထက်သန်နေသည်။

"ထျန်းမု၊ အဘိုးသူတို့ကို မေးခွန်းတချို့မေးပြီးရင် သားနဲ့ လွှဲပေးမယ်နော်!"

"ငါက ရီဖန်ပဲ၊ မင်းနောက်ကွယ်က အင်အားစုတွေကိုပြောပြလို့ရမလား"

ရီဖန်က ကောင်းစွာပြောလိုက်သည်။ မသိလျှင် သူတို့၏ဆက်ဆံရေးက ထူးခြားနေသည်ဟူ၍ပင် ထင်ကောင်းထင်နိုင်၏။ ရီဖန်လား။

ရီဖန်ဟူသည့် နာမည်ကိုကြားသောအခါ လူတော်တော်များများက အလွန်ရင်းနှီးနေသည်ဟု ခံစားရသည်။

ရုတ်တရက် ကောင်းကင်အင်မော်တယ်တစ်ဦးက ရီဖန်ကို ထိတ်လန့်စွာကြည့်လိုက်သည်။

"ခင်ဗျားက အရွက်တစ်ထောင်တာအိုဘိုးဘေးပဲ"

ကျန်ရှိနေသည့်ကျင့်ကြံသူများ၏ စိတ်သည်လည်း ပေါက်ကွဲသွားကာ လုံးဝမှင်တက်သွားကြသည်။

ယနေ့ ပန်ကုစကြဝဠာတွင် ရီမိသားစု၏ဦးဆောင်ဖြစ်သည့် အရွက်တစ်ထောင်တာအိုဘိုးဘေးဖြစ်သူ ရီဖန်အကြောင်းကို မသိသောသူများ ရှိကောင်းရှိနိုင်သော်လည်း ဤလူများတော့ မပါဝင်ခဲ့ပေ။

ထိုမျှမက အရွက်တစ်ထောင်တာအိုဘိုးဘေး ရီဖန်သည် ၎င်းတို့ လေးစားအားကျရသူတစ်ဦးဖြစ်သည်။ ဤအခြေအနေမျိုးနှင့် ၎င်းတို့၏စံပြပုဂ္ဂိုလ်နှင့် တွေ့ရမည်ဟု မထင်ထားကြချေ။

…….

အခန်း ၃၅၇ - ငါ့အဖေက အရမ်းသန်မာတာ

ရီဖန်၏အထောက်အထားကို အတည်ပြုပြီးနောက် ကျင့်ကြံသူအများအပြားသည် လုံးဝတွေးခေါ်နိုင်စွမ်းမရှိတော့ပေ။ ထိုအချိန်တွင် ဘေးဘက်ရှိ ဟူမိန်အာကလည်း ရီဖန်၏နာမည်ကို မှတ်မိသွားကာ ထူးထူးခြားခြားရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဟူမိန်အာက တစ်ကိုယ်တည်းကျင့်ကြံသူဖြစ်သော်လည်း ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေခြင်းမျိုး မဟုတ်ပေ။

အစောပိုင်းက သူမသည် ဘာဖြစ်နေမှန်းကို အတိအကျမသိသော်လည်း ကျင့်ကြံသူများထံမှ တာအိုဘိုးဘေး၏ဘွဲ့အမည်ကို ကြားလိုက်သောအခါ သူမ၏မှတ်ဥာဏ်များ လျင်မြန်စွာထွက်ပေါ်လာ၏။

ရီမိသားစု၏ အကြီးအကဲဖြစ်သူ အရွက်တစ်ထောင်တာအိုဘိုးဘေးသည်

ပန်ကုစကြဝဠာတစ်ခုလုံးတွင် နာမည်ကြီးသောကြောင့် သူမ မသိရန် ပိုခက်ခဲသည်။ ရီဖန်၏ထင်ရှားမှုကို သိရှိလိုက်သောအခါ ဟူမိန်အာ၏စိတ်သည် ရပ်တန့်သွားလျက် သူမကိုယ်သူမ အိပ်မက်ထဲတွင် ရောက်နေသလို ခံစားလိုက်ရ၏။

သူမကလေး၏အဖိုးသည် အံ့ဩဖွယ်ရာ ဒဏ္ဍာရီလာ အရွက်တစ်ထောင်တာအိုဘိုးဘေးဖြစ်သည်။ ဟူမိန်အာသည် ရီရှင်းလုံ၏ အထောက်အထားက မရိုးရှင်းဟု သံသယရှိခဲ့သော်လည်း ၎င်းသည် ဤမျှသာလွန်ကောင်းမွန်သည်ဟု မထင်ထားပါ။

ဤသည်မှာ ရီမိသားစုဖြစ်ပြီး ရီထျန်းမုသည် လေးခုမြောက်မျိုးဆက်မှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သည်။ ထိုအထောက်အထားကိုသာ သူမ စောစီးစွာသိရှိခဲ့လျှင် အဘယ်ကြောင့် ပုန်းကွယ်နေလိမ့်မည်နည်း။

ရီထျန်းမု၏အထောက်အထားကိုသာ ဖော်ထုတ်လိုက်ပါက မုဟိုင်အင်မော်တယ်ဂိုဏ်းကိုအသာထား။ မည်သူမျှသူ့ကိုထိဝံ့မည်မဟုတ်ချေ။

သူမ တစ်ခုသတိရသွားသည်မှာ စွမ်းအားကြီးသည်ဟု ထင်ထားခဲ့သော အင်အားစုများက ရီမိသားစု၏ အငယ်တန်းမျိုးဆက်များနှင့် ရင်ဆိုင်ရသောအခါတွင် သုတ်သင်ခံလိုက်ရသည်ကိုပင်။ အတိအကျပြောရပါက တာအိုဘိုးဘေးများကိုပင် ပျက်ဆီးစေနိုင်သည်။

မုဟိုင်အင်မော်တယ်ဂိုဏ်းတွင် အင်အားအကြီးဆုံးမှာ မုဟိုင်းအင်မော်တယ်ဧကရာဇ်ဖြစ်သည်။ ၎င်းက ထိုအင်အားစုများနှင့်ပင် လုံးဝအဆင့်မတူချေ။

ထိုနေရာတွင် ရီထျန်းမုတစ်ဦးတည်းသာ သူ့မျိုးရိုးအမည်ရှိ ‘ရီ’က မည်သည့်အရာကိုကိုယ်စားပြုကြောင်း သေချာမသိဘဲ မှင်တက်နေခဲ့သည်။

ရီဖန်၏အထောက်အထားကို သိရှိပြီးနောက် ကျင့်ကြံသူများသည် ခုခံမှုရပ်တန့်ကာ သူတို့သိသမျှကို ထုတ်ဖော်ပြောဆိုခဲ့သည်။ သူတို့၏ဆွေမျိုးများ အသက်ရှင်နေသေးကြောင်း သိလိုက်ရသောအခါ ဟူမိန်အာနှင့် ရီထျန်းမုတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြ၏။

ဟူမိသားစုမှအကြီးအကဲများနှင့် ၎င်းတို့ကြားရှိ အဆက်အသွယ်သည် သူ့အမှတ်တရများထဲတွင် အကန့်အသတ်ရှိသော်လည်း ဟူမိသားစုဝင်များသည် ဖခင်၏အမည်ကိုပင်မသိသော ရီထျန်းမုကို အထူးကြင်နာစွာဆက်ဆံခဲ့သည်။

သူ၏အကြီးအကဲများ အသက်ရှင်နေသေးသည်ကို သိလိုက်ရသောအခါ ရီထျန်းမုက ၎င်းတို့ကိုကယ်တင်ရန် စိတ်အားထက်သန်နေ၏။ သို့သော် သူ၏ကျင့်ကြံမှုအဆင့်ကို ပြန်တွေးမိသောအခါ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

၎င်းကိုမြင်သောအခါ ရီရှင်းလုံစိတ်လှုပ်ရှားသွား၏။ ဤအခြေအနေသည် သူ၏သားဖြစ်သူနှင့် ရင်းနှီးမှုကိုခိုင်ခံ့စေနိုင်မည့် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

"ထျန်းမု၊ ငါ မင်းတို့ကို ကူညီပေးရမလား"

ရီရှင်းလုံက ရီထျန်းမုအပေါ် အပြစ်ရှိသည်ဟု ခံစားရသည်။ အထူးသဖြင့် ဟူမိန်အာက သူ့ကို ဆွဲမချမိစေရတ်အတွက် ရုတ်တရက်ထွက်ခွာသွားကြောင်း သိလိုက်ရသောအခါတွင်ဖြစ်သည်။

အကယ်၍ သူသာစိတ်ပိုရှည်ခဲ့ပြီး ၎င်းတို့ကို စောစောပြန်ခေါ်ရန် ကြိုးစားခဲ့ပါက၊ ဤမျှနှစ်ကြာရှည်စွာ ခံစားနေကြရမည်မဟုတ်ပေ။

ရီထျန်းမုက ချက်ချင်းသဘောမတူဘဲ ဟူမိန်အာကို လှမ်းကြည့်လိုက်သည်။ တကယ်တမ်းတွင် သူ့အဖေ ရီရှင်းလုံကို တစ်ခါမှမတွေ့ဖူးသောကြောင့် သူနှင့်အလွန်ရင်းနှီးခြင်းမရှိပေ။

ဟူမိန်အာက ရီရှင်းလုံ သူမကို တင်းကျပ်စွာ ဆုပ်ကိုင်မထားမီအထိ ချီတုံချတုံဖြစ်နေခဲ့သည်။

"မိန်အာ၊ မင်းနဲ့ မင်းရဲ့သားကို အိမ်ပြန်ခေါ်ဖို့ ငါလာခဲ့တာပါ၊ မင်း ဒီနှစ်တွေတစ်လျှောက် အများကြီး ဒုက္ခရောက်ခဲ့တယ်၊ အကုန် ငါ့အပြစ်ပါပဲ!"

ရီရှင်းလုံသည် ဟူမိန်အာ၏စိတ်ကို ပြောင်းလဲရန်အတွက် ရင်းနှီးစွာပြောဆိုခဲ့သည်။ ဟူမိန်အာသည် ချီတုံချတုံဖြစ်နေဆဲဖြစ်ကာ သူမ၏အဆင့်အတန်းက နိမ့်ကျလွန်းသဖြင့် ရီမိသားစုနှင့်လိုက်ဖက်မညီမည်ကို စိုးရိမ်နေ၏။

အကယ်၍ ရီထျန်းမုကျင့်ကြံရန်အတွက် ရီမိသားစုထံ ခေါ်ဆောင်သွားပါက ဟူမိန်အာသည် လုံးဝဆန္ဒရှိမည်ဖြစ်သည်။ သို့သော် ရီထျန်းမုကို နောက်ထပ်မတွေ့နိုင်တော့မည်ကို စိုးရိမ်သည့်အတွေးကြောင့် ထိုရလဒ်ကို လက်ခံနိုင်ပါ့မလား မသေချာပေ။

ဟူမိန်အာ၏ တုံ့ဆိုင်းမှုကိုမြင်သောအခါ ရီရှင်းလုံက ထပ်ပြောလိုက်သည်။

“မိန်အာ၊ အဘိုးက ငါမင်းနဲ့ သားကို ဒီတခေါက် အိမ်ပြန်မခေါ်နိုင်ဘူးဆိုရင် ငါ့ခြေထောက်ကို ချိူးလိုက်လိမ့်မယ်၊ ငါ့ကိုသနားပါဦးနော်”

ရီရှင်းလုံ၏ အသုံးအနှုန်းက ဟူမိန်အာအပေါ် ရီမိသားစု၏လေးစားမှုကို ဖော်ပြသည်။

ရီဖန်က ဤတစ်ကြိမ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် အကြောင်းရင်းမှာ ဟူမိန်အာအတွက် လျော်ကြေးပေးရန်ဖြစ်သည်။ သို့မဟုတ်ပါက ရီဖန်သည် သူ၏လေးခုမြောက်မျိုးဆက်၏ ကိစ္စရပ်များအတွက် ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ချေ။

"မိန်အာ၊ ရီရှင်းလုံ၊ မြေးလေး မင်းတို့ ငါ့ကို စိတ်မပျက်စေပါနဲ့။ မင်း စိတ်မရှိရင်တော့ ပြန်လာပြီး ရီရှင်းလုံနဲ့တရားဝင်လက်ထပ်ပေးမယ်"

ရီဖန်က ဟူမိန်အာကို ပြုံးပြပြီး ကတိပေးလိုက်သည်။

အရွက်တစ်ထောင်တာအိုဘိုးဘေးရီဖန်နှင့် ရင်ဆိုင်ရသောအခါ ဟူမိန်အာသည် ကြီးမားသောဖိအားအောက်တွင် ရှိနေ၏။ သို့သော် ရီဖန်၏ဖော်ရွေသော သဘောထားက သူမကို စိတ်သက်သာရာရစေခဲ့သည်။

“မိန်အာ၊ ငါတို့က ရှင်းလုံရဲ့မိဘတွေပါ၊ မင်းဘယ်လိုခံစားရလဲ ငါတို့နားလည်တာမို့ မင်းရဲ့သားနဲ့ ဘယ်တော့မှမခွဲခွါရအောင်လုပ်ပေးပါမယ်"

ရီကျင်းစန်ကလည်း နှစ်သိမ့်စကားပြောခဲ့သည်။ ၎င်းတို့၏ နှစ်သိမ့်စကားများနှင့် ကြိုးစားအားထုတ်မှုက နောက်ဆုံးတွင် ရလဒ်ထွက်ပေါ်လာသည်။ ရီမိသားစုဝင်အားလုံးက သူမကို ဆွဲဆောင်နေသည့်အတွက် သူမက ဘာကိုများ ထပ်တောင်းဆိုရတော့မည်နည်း။

ထို့အပြင် ရီမိသားစု၏သဘောထားကို သုံးသပ်ကြည့်ခြင်းအားဖြင့် ရီမိသားစု၏ အနာဂတ်နေ့ရက်များသည် ဆိုးလိမ့်မည်မဟုတ်ပေ။

ထိုကိစ္စများကို ဖြေရှင်းပြီးနောက် အရေးကြီးသောတာဝန်မှာ ရီရှင်းလုံ၏ယောက္ခမများကို ကယ်တင်ရန်ဖြစ်သည်။ မုဟိုင်အင်မော်တယ်ဂိုဏ်းငယ်လေးအတွက် ရီဖန်ကိုယ်တိုင်သွားရောက်ရလျှင် အလွန်ကြီးကျယ်သွားလိမ့်မည်။ အင်မော်တယ်ဧကရာဇ်အဆင့် ရီရှင်းလုံရှိနေခြင်းဖြင့် လှုပ်ရှားရန်လုံလောက်သည်။

ရီဖန်ထွက်ခွာခါနီးတွင် သူသည် ဟုမိန်အာနှင့် ရီထျန်းမုတို့အတွက် သိုလှောင်လက်စွပ်တစ်ကွင်းကို ပေးလိုက်သည်။ အဆင့်အမျိုးမျိုးရှိသော တာအိုလက်နက်များ၊ ကျင့်ကြံရေးအတွက် ရတနာများနှင့် နည်းစနစ်များအားလုံးရှိကာ အင်မော်တယ်ဧကရာဇ်မိသားစုပိုင်ဆိုင်မှုများနှင့် ညီမျှသည်။

"အဘိုး၊ ဒါတွေကို ကျွန်မတို့လက်မခံနိုင်ဘူးလေ”

ဟူမိန်အာက အံ့အားသင့်သွားသောကြောင့် သိုလှောင်လက်စွပ်ကို ပြန်ပေးချင်သည်။

"မိန်အာ၊ ဒီဟာတွေက ငါတို့ရီမိသားစုမှာ သတ်မှတ်ချက်တွေရှိတယ်၊ တခြားသူတွေမှာလဲ ရှိတာမို့ မင်းလည်းယူသင့်တယ်လေ"

ရီဖန်ပြောသော စကားလုံးများက လုံးဝလွဲမှားနေခြင်းမရှိပေ။

………….

All Chapters