အခန်း ၃၆၁-၃၆၃
Vol. 25 Ch. 361-363
အခန်း ၃၆၁ - မိသားစုလက်နက်တိုက်၊ တာအိုဘိုးဘေးနယ်မြေ
ဟူထျန်းဧကရာဇ်သည် သူ၏ကျင့်ကြံမှုအဆင့် အောင်မြင်မှုရရှိခဲ့သဖြင့် အလွန်စိတ်လှုပ်ရှားနေသည်။ ယခုလက်ရှိ သူ၏ကျင့်ကြံမှုအဆင့် ပြန်လည်ကောင်းမွန်လာကာ အဆင့်တက်လှမ်းသွားသောကြောင့် ဟူထျန်းကြယ်တာရာမင်းဆက်ကို ပြန်လည်တည်ဆောက်ရန် မဝေးကွာတော့ချေ။
ဟူမိန်အာသည် သူမ၏သံသယများကိုဖယ်ရှားလိုက်ပြီး ရီရှင်းလုံကို အပြည့်အဝလက်ခံခဲ့သည်။ ယခုအခါတွင် ဟူထျန်းဧကရာဇ်၏ ကျင့်ကြံမှုအဆင့်ဖြတ်ကျော်သွားရာ နဂါးနယ်မြေ၌ အခိုင်အမာရပ်တည်နိုင်ပြီဖြစ်သည်။
၎င်းတို့၏ကလေးများနောင်ရေးအတွက် ဟူမိန်အာသည် ရီထျန်းမုကိုခေါ်ကာ ရီရှင်းလုံနှင့်အတူ ရီမိသားစုသို့ပြန်သွားရန် စီစဉ်ခဲ့သည်။ ရီထျန်းမုသည် ယခုအခါတွင် သူ၏စွမ်းရည်များကို ဖွင့်ထားပြီးဖြစ်သော်လည်း ပိုမိုလျင်မြန်စွာ အောင်မြင်လာရန်အတွက် အရင်းအမြစ်များ လိုအပ်နေသေးသည်။ သေချာပေါက်ပင် ရီမိသားစုက ထိုကိစ္စအတွက် ပိုမိုကောင်းမွန်သည့်နေရာဖြစ်၏။
ဟူထျန်းဧကရာဇ်အတွက် ၎င်းကိုလက်ခံရန် ခက်ခဲသော်လည်း နောက်ဆုံးတွင် ဟူမိန်အာ၏အစီအစဉ်ကို သဘောတူခဲ့ရသည်။ ယခုအခါတွင် လူတိုင်း၏ကျင့်ကြံမှုအဆင့် တိုးတက်လာပြီးဖြစ်သောကြောင့် ပြန်လည်ဆုံဆည်းကြရန်မှာ လွယ်ကူသည်။ ဟူထျန်းဧကရာဇ်ထွက်ခွါခါနီးတွင် တာအိုဘိုးဘေး၏ လျှို့ဝှက်ရတနာများပါရှိသော မှန်တစ်ချပ်ကို ထုတ်ပြခဲ့သည်။
"ရှင်းလုံ၊ ငါတို့မှာ အဖိုးတန်ပစ္စည်းတွေ မရှိဘူး။ “ဒီရတနာတိုက်ထဲမှာ အဖိုးတန်တဲ့အရာတွေရှိရင် မိန်အာရဲ့ ခန်းဝင်ပစ္စည်းအဖြစ် ယူလိုက်ပါ။ မင်းစိတ်မရှိဖို့တော့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။
ဟူထျန်းကြယ်တာရာမင်းဆက်တစ်ခုလုံးကို ကွယ်ပျောက်လုနီးပါးဖြစ်စေခဲ့သော ထိုရတနာတိုက်ကို ရီရှင်းလုံလက်ခံနိုင်မည်လား။
"ယောက္ခမ၊ ကျွန်တော်တို့ ဒါတွေကိုမလိုပါဘူး"
ရီရှင်းလုံက မှန်ကိုယူလိုက်ပြီးနောက် ၎င်းအတွင်းရှိယန္တရားကို ချက်ချင်းဖော်ထုတ်လိုက်သည်။ သူ၏ အင်မော်တယ်စွမ်းအားဖြင့် စည်းတံဆိပ်ကို ချက်ချင်းချိုးဖျက်လိုက်၏။ မုဟိုင်အင်မော်တယ်ဧကရာဇ်သည် စည်းတံဆိပ်ကိုချိုးဖျက်ရန်အတွက် ဟူမိန်အာ၏ သွေးကိုလိုအပ်သော်လည်း ရီရှင်းလုံအတွက် ၎င်းကမခက်ခဲပေ။
ရီရှင်းလုံသည် သူ၏ဝိညာဉ်အာရုံဖြင့် ၎င်းအတွင်းမှ အဖိုးတန်ပစ္စည်းများအများအပြားကို တွေ့ရှိလိုက်ရကာ ၎င်းတို့အားလုံးသည် တာအိုဘိုးဘေးတစ်ဦး၏ ကံကြမ္မာထက်ဝက်မျှ တန်ဖိုးရှိသောအရာများကို တွေ့ရှိခဲ့သည်။ နတ်လက်နက်များ ဖန်တီးရန်အတွက် သင့်တော်သောပစ္စည်း မြောက်မြားစွာပင် ရှိသေးသည်။
သို့သော် ရီမိသာကလည်း ပြတ်လပ်နေခြင်းမရှိသောကြောင့် ရီရှင်းလုံက ၎င်းတို့ကိုလက်ခံရန် ရည်ရွယ်ချက်မရှိပေ။
သူသည် ဟူထျန်းဧကရာဇ်၏အသုံးပြုမှုကို လွယ်ကူချောမွေ့စေရန်အတွက်သာ ရတနာတိုက်ကိုဖွင့်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ထိုအရင်းအမြစ်များနှင့် ရီရှင်းလုံ၏အကူအညီဖြင့် ဟူထျန်းဧကရာဇ်သည် အနာဂတ်တွင် ဘိုးဘေးနယ်မြေသို့ပင် ဖြတ်ကျော်သွားနိုင်သည်။
နောက်ဆုံးတွင် ဟူမိန်အာ၏ တောက်ပသောအကြည့်အောက်၌ ရီရှင်းလုံသည် ဟူထျန်းဧကရာဇ်၏လက်သို့ မှန်ကိုပြန်ပေးလိုက်ကု ဟူမိန်အာထံမှ ဆုလာဘ်တစ်ခုအဖြစ် အနမ်းတစ်ပွင့်ကို ရရှိခဲ့သည်။
ဟူထျန်းကြယ်တာရာမင်းဆက်တွင် မည်သည့်ပြဿနာမျှမရှိတော့ကြောင်း အတည်ပြုပြီးနောက် ရီရှင်းလုံနှင့် ဟူမိန်အာတို့သည် အချိန်မဆွဲကြတော့ပေ။
မကြာခင်မီတွင် ရီရှင်းလုံသည် ဟူမိန်အာကို ရီမိသားစုထံသို့ ပြန်ခေါ်လာခဲ့ကာ ၎င်းတို့၏လက်ထပ်ပွဲကို သေချာကျင်းပခဲ့သည်။ ဤသို့ဖြင့် ဟူမိန်အာသည် ရီမိသားစု၏ချွေးမဖြစ်လာခဲ့သည်။ မင်္ဂလာပွဲပြီးသောအခါ ဟူမိန်အာသည် သူမ၏စွမ်းရည် သိသိသာသာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး ရီရှင်းလုံကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
ရီရှင်းလုံက ဘဝင်မြင့်စွာပြုံးလိုက်၏။ ၎င်းက ရီမိသားစုမှ ချွေးမတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်သည်။ အခြားသူများက မသိနိုင်သော်လည်း ရီမိသားစု၏အဖွဲ့ဝင်များအတွက် ထင်ရှားသော အကျိုးကျေးဇူးများကို ခံစားနိုင်သည်။
ဟူမိန်အာသည် စိတ်လှုပ်ရှားနေသည်။ မူလက သူမသည် ရီရှင်းလုံနှင့် ရီထျန်းမုတို့အား အမှီမလိုက်နိုင်တော့မည်ကို စိုးရိမ်နေခဲ့သော်လည်း၊ ယခုတွင် ၎င်းက လုံးဝပြဿနာမရှိပုံရသည်။ ထိုစွမ်းရည်မျိုးကို အလဟဿ မဖြစ်သင့်ဟုခံစားရသောကြောင့် ရီထျန်းမုကို နောက်ထပ် ညီငယ် ညီမလေး ပေးသင့်သည်ဟု အကြံရလာသည်။
ရီရှင်းလုံကလည်း ဟူမိန်အာ၏အကြံဥာဏ်ကို သဘောတူခဲ့သည်။ နောက်ဆုံးတွင် သူ့မှာ ဇနီးတစ်ယောက်ရှိလာပြီဖြစ်ရာ သူ့မောင်နှမများကိုနှောက်ယှက်ရန်အတွက် အဘယ်ကြောင့် နောက်ထပ်သားသမီးများ ထပ်မမွေးရမည်နည်း။ ယခု သုံးခုမြောက်မျိုးဆက်တွင် သူက အသက်အကြီးဆုံးအိမ်ထောင်မရှိသူ မဟုတ်တော့ချေ။
ရီရှင်းလုံ၏ ညစ်ပတ်မှုကြောင့် လူတိုင်း မျက်စောင်းထိုးလိုက်ကြသည်။ ၎င်းက အဖော်တစ်ဦးမျှသာဖြစ်ကာ မည်သူမဆိုရှာဖွေနိုင်ပါ၏။ သို့သော် ရီရှင်းလုံ အိမ်ထောင်ပြုပြီး ကလေးမွေးခြင်းက လက်မထပ်ရသေးသည့် တတိယမျိုးဆက် တပည့်များကို ဖိအားပေးခဲ့သည်။ ရီရှင်းလုံကကာဆီးထားသဖြင့် ၎င်းတို့ ပိုမကြိုးစားဘဲနေပါက လက်ထပ်ရန် နှောင့်နှေးနေလိမ့်မည်။
ရီဖန်သည် ရီရှင်းလုံမင်္ဂလာဆောင်သည့်နေ့ ရောက်ရှိလာချိန်မှလွဲ၍ သူ၏ဂူအိမ်တွင်သာ နေထိုင်ခဲ့သည်။ ရီဖန်ရှေ့တွင် ဂိုဏ်းခွဲအမျိုးမျိုးမှ မတူညီသော နတ်နိယာမများစွာ ရှိနေသည်။ အဓိကအားဖြင့် တာအိုဘိုးဘေးအထက်ရှိ အပိုင်းက ရီဖန်အတွက် အသုံးအဝင်ဆုံးအပိုင်းဖြစ်သည်။ အမှန်မှာ ရီဖန်သည် မိသားစြလက်နက်တိုက်၏ နောက်အဆင့်အတွက် ပြင်ဆင်နေခဲ့ခြင်းဖြစ်၏။
ရီမိသားစု၏ ကျင့်ကြံမှုအဆင့်သည် ပိုမိုအားကောင်းလာကာ မကြာမီတွင် တာအိုဘိုးဘေးအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။
အကယ်၍ ရီဖန်က ပိုအားစိုက်ထုတ်ခြင်းမရှိခဲ့လျှင် ရီမိသားစု ကျင့်ကြံသူများ အဆင့်တက်လှမ်း အောင်မြင်ချိန်တွင် ကျင့်ကြံရေးနည်းစနစ်များ အမှန်တကယ်ပြတ်လပ်သွားလိမ့်မည်။ ရွေးချယ်စရာမရှိသော ရီဖန်သည် ပို၍ပင် ကြိုးစားလုပ်ဆောင်ခဲ့၏။
ဤကာလအတွင်း ဂိုဏ်းခွဲများစွာ ကွယ်ပျောက်သွားခြင်းကြောင့် ရီဖန်သည် ကျင့်ကြံရေး ကျမ်းများစွာကို ရရှိထားသည်။ ယခုတွင် ၎င်းတို့သည် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို အဆင့်မြှင့်တင်ရန် လောင်စာအဖြစ်အသုံုးပြု၍ အရှိန်မြင့်တင်နိုင်ပြီဖြစ်သည်။
ရီဖန်၏စိတ်ထဲတွင် ကျင့်ကြံရေးကျမ်းများကို တစ်ခုပြီးတစ်ခုနားလည်လာပြီးနောက် အသုံးဝင်သောအပိုင်းများကို ဖယ်ထုတ်ကာ ထိန်းသိမ်းထားလိုက်သည်။
တာအိုဘိုးဘေးနယ်ပယ်များ မပါဝင်လျှင်ပင် လက်ရှိ ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို ပန်ကုစကြဝဠာတွင် အကောင်းဆုံး ကျင့်ကြံ နည်းစနစ်အဖြစ် မှတ်ယူနိုင်သည်။ ၎င်းကို အဆင့်မြှင့်တင်ရန်မှာ မလွယ်ကူတော့ပေ။ ရီဖန်က ကျင့်ကြံနည်းစနစ်ကို ကောက်နုတ်နေသည့်အချိန်တွင် အပြင်ဘက်တွင်လည်း လှုပ်လှုပ်ရှားရှားဖြစ်နေသည်။
ယင်ယန်ဂိုဏ်းအသစ်တစ်ခုက တိတ်တဆိတ် တိုတက်လာခဲ့သည်။ ယင်ယန်ဂိုဏ်းပေါ်ပေါက်လာခြင်းက ပျက်ဆီးခြင်းဂိုဏ်းကဲ့သို့ဖြစ်နေမည်ကို ပန်ကုစကြဝဠာမှလူများက စိုးရိမ်နေကြသည်။
သို့သော် ယင်ယန်ဂိုဏ်းပေါ်လာပြီးနောက် ၎င်းတို့က လူသားမျိုးနွယ်စုကို စိတ်မဝင်စားပေ။ ၎င်းအစား ပျက်ဆီးခြင်းဂိုဏ်းအပေါ်တွင် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသကဲ့သို့ ပစ်မှတ်ထားကာ အပြင်းအထန် တိုက်ခိုက်နေသည်။
ရီဖန်ထံမှ သုတ်သင်ခြင်းကိုခံရပြီးနောက် ပျက်ဆီးခြင်းဂိုဏ်းသည် ယခုအခါတွင် အလွန်အင်အားနည်းနေသည်။ ထို့ကြောင့် ယင်ယန်ဂိုဏ်း၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် ကျရှုံးစပြုလာ၏။
……..
အခန်း ၃၆၂ - မိသားစုလက်နက်တိုက်၊ တာအိုဘိုးဘေးနယ်မြေ
ပန်ကုစကြဝဠာရှိ အခြားသူများမပါဝင်သည့် တိုက်ပွဲက အင်အားစုကြီးများကို စိတ်အေးလက်အေးပွဲထိုင်ကြည့်နိုင်မည့် ရှားရှားပါးပါးအခွင့်အရေးကို ပေးထားသည်။ ၎င်းတို့က မည်သို့မျှ ဝင်စွက်ဖက်လိုစိတ်မရှိကြချေ။ ဤပြဿနာတွင် ၎င်းတို့ဂိုဏ်းနှစ်ဂိုဏ်းလုံး သေသွားခဲ့လျှင်ပင် ၎င်းတို့က မျက်တောင်ခတ်ကြလိမ့်မည်မဟုတ်ပေ။
ပန်ကုစကြဝဠာရှိသတ္တဝါများအတွက် ထိုအင်အားစုများအားလုံးက ရန်သူများဖြစ်သည်။သို့သော် လူတိုင်းသည် ယင်ယန်ဂိုဏ်း၏ မူလဇစ်မြစ်ကို အနည်းငယ်သိချင်နေကြ၏။
ပျက်ဆီးခြင်းဂိုဏ်းကို သူတော်စင်တစ်ပိုင်းက နောက်ခံပြုထားသော်လည်း ယင်ယန်ဂိုဏ်းက ၎င်းတို့အပေါ် မကြောက်ရွံ့ခဲ့ပေ၊ ၎င်းတို့၏နောက်ခံက မည်သူနည်း။ ယင်ယန်ဂိုဏ်းကို ကျောထောက်နောက်ခံပေးထားသော သူတော်စင်တစ်ပိုင်း ရှိသေးသည်လား။
နှမြောစရာကောင်းသည်မှာ ယင်ယန်ဂိုဏ်းက မည်သို့ပင်ပြုမူခဲ့ပါစေ နတ်ဆိုးနတ်ဘုရားလော့ဟူက ပြန်မပေါ်လာတော့ဘဲ တိတ်တိတ်ကလေးပျောက်ကွယ်သွားပုံရသည်။ ထို့ကြောင့် ပန်ကုစကြဝဠာသည် နှစ်ပေါင်းရာနှင့်ချီသည်အထိ ကြာမြင့်သော ရှားရှားပါးပါးငြိမ်းချမ်းသောကာလသို့ ကျရောက်သွားသည်။
"ဘမ်း!"
ရုတ်တရက် ရီဖန်၏ဂူအိမ်အတွင်းမှ ကြီးမားသော ရောင်ဝါတစ်ခု ပေါ်လာသည်။ ရီဖန်၏နောက်တွင် ကောင်းကင်နှင့်မြေကမ္ဘာကြား ဆန့်တန်းလျက် ဧရာမပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ရုပ်ပုတစ်ခုရှိသည်။ ၎င်းမှာ ဘိုးဘေးနယ်မြေ ပျက်ဆီးခြင်းဖန်တီးမှု ကျမ်းဖြစ်၏။
ထိုရုပ်ပုံက မှုန်ဝါးနေသော်လည်း ထိုနေရာတွင် အကြီးအကဲတစ်ဦးရှိနေပါက ရုပ်ပုံ၏ဇာစ်မြစ်ဖြစ်သော ပန်ကုကိုမှတ်မိလိမ့်မည်။ ရီဖန်သာလျှင် ပန်ကုစကြဝဠာတစ်ခုလုံးတွင် ပန်ကုကိုယ်တိုင် ရောက်ရှိလာစေနိုင်သည်။ သို့သော် ပန်ကု၏မျက်နှာသည် ခါတိုင်းနှင့် အနည်းငယ်ကွဲပြားပုံရသည်။
"ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ သခင့်အတွက် ဂုဏ်ယူပါတယ်၊ ရီမိသားစုလက်နက်တိုက် အဆင့်ဆယ့်ရှစ်ဖြစ်တဲ့ ဘိုးဘေး နယ်မြေကို ပြီးဆုံးသွားလို့ ဆုထုတ်ယူနိုင်ပါပြီ"
အနှစ်တစ်ထောင်ကြာ ရုန်းကန်ပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် ဘိုးဘေးနယ်မြေ ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို အောင်မြင်စွာထုတ်နုတ်နိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ရီဖန်သည် အနည်းငယ်ပြာယာခတ်နေ၏။
ဘိုးဘေးနယ်မြေ ကျင့်ကြံနည်းစနစ်က ရီဖန်၏ ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို ထုတ်နုတ်ရန်အတွက် ထိရောက်မှုမရှိတော့ချေ။
ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို သူတော်စင်နယ်မြေသို့ ပြောင်းလဲရန်အတွက် သူတော်စင်နယ်မြေ ကျင့်ကြံနည်းစနစ်ကို လိုအပ်သလား။ သို့ဖြစ်ပါက သူတကယ် ပြဿနာတက်လိမ့်မည်။
ပန်ကုစကြဝဠာတစ်ခုလုံးတွင် စွမ်းအားရှင် အနည်းငယ်မျှသာ သူတော်စင်နယ်မြေ ကျင့်ကြံနည်းစနစ်ကို ပိုင်ဆိုင်ကြသည်။ တာအိုဂိုဏ်း၊ သူတော်စင်တစ်သောင်းနန်းတော်၊ ပျက်ဆီးခြင်းဂိုဏ်း စသည်တို့က စွမ်းအားကြီး အင်အားစုကြီးများမဟုတ်လား။
ထို့အပြင် ဤထိုအင်အားစုများမှ သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်များက ရီဖန်အတွက် လုံလောက်မှုရှိမရှိကိုမူ မသိရသေးချေ။
ရီဖန် သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခုအချိန်မှစ၍ တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်တော့မည်ဖြစ်သည်။ အဆိုးဆုံးဖြစ်လာပါက ပိုကြီးသည့်စကြဝဠာကြီးကိုရောက်နိုင်မည့် နည်းလမ်းရှာရလိမ့်မည်။
စိတ်မကောင်းစွာဖြင့် ရီဖန်သည် ဤအဆင့်မြင့်ကမ္ဘာများနှင့်ပတ်သက်၍ လက်ရှိတွင် ဦးဆောင်နိုင်ခြင်းမရှိသေးပေ။ အင်အားစုအမျိုးမျိုးမှ စွမ်းရည်ကောင်းများစွာတို့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။
၎င်းတို့က ပိုမိုအားကောင်းသောကမ္ဘာများသို့ ပြောင်းရွှေ့သွားကြသည်ဟု ယုံကြည်ကြသည်။
သို့သော် ၎င်းတို့က အဆင့်မြင့်ကမ္ဘာများအကြောင်း အချက်အလက််များကို ချန်ထားခဲ့ခြင်းမရှိသည့်အတွက် ရီဖန်ပင်လျှင် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့သည်။
ရီဖန်သည် သူ့ထံတွင် စနစ်ရှိသောကြောင့် လွတ်မြောက်ရန် နည်းလမ်းရှာနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ဖြေသိမ့်ထား၏။ ပန်ကုစကြဝဠာတွင် သေသည်အထိပိတ်မိနေမည်တော့ မဟုတ်ချေ။
"စနစ်၊ ဆုငွေထုတ်လိုက်တော့”
"ဆုလက်ခံရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ ဟုန်မိန်ခရမ်းရောင်ချီ ကြိုးမျှင်ငါးခု၊ နယ်မြေတစ်သောင်းဂိတ်တံခါးအဆင့်မြှင့်တင်ခြင်း ဆုကို ရရှိပါတယ်”
ဟုန်မိန်ခရမ်းရောင်ချီသည် အစွမ်းထက်သော်လည်း ရီဖန်ထံတွင် ၎င်းပစ္စည်းများစွာရှိထားပြီးဖြစ်ကာ ၎င်းတို့ကို အေးဆေးစွာကိုင်တွယ်နိုင်သည်။ သို့သော် နောက်ထပ်ဆုတစ်ခုကို မြင်လိုက်သောအခါ ပျော်ရွှင်စွာထခုန်လိုက်၏။
နယ်ပယ်တစ်သောင်းဂိတ်တံခါးသည် ဤနှစ်များတစ်လျှောက် ရီမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့်အခန်းကဏ္ဍများမှ ပါဝင်ခဲ့သည်။ ရီဖန်က ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ပိတ်မိနေချိန်၌ပင် နယ်မြေတစ်သောင်းဂိတ်တံခါး၏ကျေးဇူးကြောင့် သူ လုံးဝစိုးရိမ်ခြင်းမရှိခဲ့ပေ။
သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ရှိနေစဉ်အတွင်း ရီဖန်သည် နယ်ပယ်တစ်သောင်းဂိတ်တံခါး၏ ကန့်သတ်ချက်များကိုလည်း နားလည်ခဲ့သည်။ ယခုတွင် ၎င်းကိုအဆင့်မြှင့်နိုင်တော့မည်ဖြစ်ရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
"စနစ် ဖွင့်လိုက်တော့”
ရီဖန်၏ ပျက်ဆီးခြင်းနယ်မြေထဲတွင် မှောင်မိုက်နေသော နယ်ပယ်တစ်သောင်းဂိတ်တံခါးက ရုတ်တရက်ပေါ်လာပြီး သူ့ရှေ့တွင် ပျံဝဲနေသည်။ လက်ရှိကမ္ဘာတစ်သောင်းဂိတ်တံခါးတွင် သဩဒိနိတ်ထောင်ပေါင်းများစွာရှိကာ မဟာနှင့် အလယ်ကမ္ဘာတစ်ထောင်ကို ကိုယ်စားပြုသည်။
သို့သော် ရီဖန်သည် သူ၏စွမ်းရည်များကို အသုံးပြု၍ ဤကမ္ဘာများသို့ အချိန်မရွေး ရောက်ရှိနိုင်သောကြောင့် နယ်ပယ်တစ်သောင်းဂိတ်တံခါးက များစွာထိရောက်မှုမရှိပေ။ ခဏအကြာတွင် မှောင်မည်းနေသော နယ်ပယ်တစ်သောင်းဂိတ်တံခါးက တောက်ပလာသည်။
အလင်းရောင်က ဖြည်းဖြည်းချင်း မပျောက်ကွယ်သွားမီ တစ်နေ့တာလုံး တောက်ပနေခဲ့၏။ အဆင့်မြှင့်တင်ပြီးနောက် နယ်ပယ်တစ်သောင်းဂိတ်တံခါးသည် ငွေရောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားသည်။
ကြယ်ဂိတ်တံခါးတွင် ငွေရောင်အလင်းမှတ်နှစ်ခုနှင့် ဆက်လက်ဖြစ်ပေါ်နေသောအလင်းတစ်ခု စုစုပေါင်းအလင်းမှတ်သုံးခုက ရီဖန်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ များမကြာမီတွင် ရီဖန်သည် ဤအလင်းမှတ်များက မည်သည်ကိုကိုယ်စားပြုကြောင်းကို နားလည်လာသည်။
ငွေရောင်အလင်းမှတ်နှစ်ခုတွင် တစ်ခုက ပန်ကုစကြဝဠာကိုကိုယ်စားပြုပြီး၊ နောက်တစ်ခုက ရီဖန် တစ်ခေါက်ရောက်ဖူးသည့် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ကိုယ်စားပြုသည်။ နောက်ဆုံး အလင်းမှတ်က စကြဝဠာအသစ်ကို ကိုယ်စားပြုသည်။
သို့သော်လည်း ဤစကြဝဠာသြဒိနိတ်အသစ်သည် အပြည့်အဝမဖွဲ့စည်းရသေးဘဲ ရီဖန်က ၎င်းအပြည့်အဝဖြစ်ပေါ်လာရန်အတွက် နှစ်ထောင်ပေါင်းများစွာကြာမည်ဟု ခန့်မှန်းခဲ့သည်။
ပန်ကုစကြဝဠာကို မဆိုထားနှင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကပင် ရီဖန်အတွက် အံ့သဩစရာကောင်းနေပြီသည်။ ပျက်ဆီးခြင်းပုတီး၏ အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်၏။
ပျက်ဆီးခြင်းပုတီးကို ဆက်လက်သုံးစွဲနေကြသောကြောင့် ရီဖန်က ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ နောက်တစ်ကြိမ် မည်သို့သွားရောက်ရမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုအရာအားလုံးပြေလည်သွားပြီဖြစ်သည်။
နောက်ဆုံးစကြဝဠာအသစ်၏ တည်နေရာမှတ်အတွက်မူ ရီဖန်က ယခုအချိန်တွင် အလျင်စလို မလုပ်ခဲ့ပေ။ လုံလောက်သောအင်အားနှင့် ယုံကြည်မှုအပြည့်မရှိဘဲ တည်နေရာအမှတ်များကိုရရှိလျှင်ပင် ရီဖန်က ထိုစကြဝဠာသို့ ချက်ချင်းသွားရောက်နိုင်လိမ့်မည်မဟုတ်ချေ။
အနည်းဆုံး သူသည် အခြားကမ္ဘာတစ်ခုသို့ သွာူရောက်ရာတွင် အန္တရာယ်မရှိကြောင်း သေချာစေရန်အတွက် သူတော်စင်တစ်ပိုင်းသို့မဟုတ် စစ်မှန်သောသူတော်စင် ဖြစ်နေမှရမည်။
"စနစ် စုစည်းလိုက်ပါ”
နှစ်စဉ်နှစ်တိုင်း ရီဖန်အတွင်းရှိ စည်းမျဉ်းအရေအတွက်က လျင်မြန်စွာတိုးများလာသည်။လွန်ခဲ့သော နှစ်တစ်ရာကပင် သူထံတွင်စည်းမျဉ်းတစ်သန်းကျော် ရှိနေပြီဖြစ်သည်။ ယခုဆိုလျှင် စည်းမျဉ်းနှစ်သန်းမျှပင် ရှိလောက်တော့မည်။
သို့သော် ၎င်းက ရီဖန်၏ကန့်သတ်ချက်သို့ မရောက်သေးသည့်အတွက် သူ့ကို အနည်းငယ် ဒုက္ခဖြစ်စေသည်။ ဗောဓိဘိုးဘေးသည် နိယာမတစ်သန်းကျော်ရှိစဉ်ကပင် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သည်။
ယခုတွင် ရီဖန်သည် သူ၏ကန့်သတ်ချက်သို့မရောက်သေးသောကြောင့် ဟုန်မိန်ခရမ်းရောင်ချီဖြင့်ပင် သူတော်စင်တစ်ပိုင်းနယ်မြေသို့ မဖြတ်သွားနိုင်ခဲ့ပေ။ သူသည် ဆက်လက်၍သာ ပင်ပင်ပန်းပန်းလုပ်ဆောင်နေရသည်။ သို့သော် မကြာမီဖြတ်သွားကောင်းပါရဲ့။
ပေါင်းစည်းမှုအပြီးတွင် ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ချက်ချင်းရောက်ရှိသွားသည်။ ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် အဓိကအားကိုးရမည်မှာ စနစ်၏စုစည်းမှုဖြစ်၏။ ထို့ကြောင့် သူ၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်လိုပါက ပျက်ဆီးခြင်းပုတီးကို မရှိမဖြစ်လိုအပ်သည်။
ဤတစ်ကြိမ်တွင် ရီဖန်သည် ရီမိသားစု၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ အဆင့်မြှင့်တင်ရန်အတွက် ပျက်ဆီးခြင်းပုတီးများကို ပိုမိုရယူလိုသည်။ ရီဖန်က ပျက်ဆီးခြင်းပုတီးစေ့များကို စုဆောင်းရင်း အလုပ်ရှုပ်နေချိန်တွင် တစ်ဖက်၌ တာအိုဘိုးဘေးအများအပြားသည် ဝမ်ကျန့်ဂိုဏ်းခွဲတစ်ခုကို တွေ့ရှိခဲ့ကြသည်။
ဤဂိုဏ်းခွဲကို ၀မ်ကျန်းဂိုဏ်းဟု အမည်ခေါ်ဆိုဆဲဖြစ်သော်လည်း ထိုနေရာတွင် အင်အားအကြီးဆုံးအဖွဲ့ဝင်မှာ အင်မော်တယ်ဧကရာဇ်တစ်ပါးသာဖြစ်သည်။ ပန်ကုစကြဝဠာကို ဝမ်ကျန်းဂိုဏ်းက ကြီးစိုးခဲ့သည့်နေ့ရက်များနှင့် များစွာဝေးကွာသွားပြီးဖြစ်၏။
ဤတာအိုဘိုးဘေးများက ၀မ်ကျန်းဂိုဏ်း၏ အမွေဆက်ခံခွင့်ကိုတောင်းရန် ရီမိသားစုထံသို့သွားရောက်ရန် ဆန္ဒရှိနေကြသည်ကို သိသောအခါ ဂိုဏ်းချုပ်ဖြစ်သူ ဧကရာဇ်ကျန်းရှင်းမှာ ချက်ခြင်းကြောင်အသွားသည်။
ဤနေရာတွင် ၎င်းတို့ရန်စ၍မရသော ရီမိသားစု ပါဝင်သည်။ သို့သော်လည်း နောက်ဆုံးတွင် ခြိမ်းခြောက်မှုများနှင့် သွေးဆောင်မှုများကို သူ တောင့်မခံနိုင်ခဲ့ပေ။
ထိုတာအိုဘိုးဘေးက ၀မ်ကျန်းဂိုဏ်းမှ တာအိုဘိုးဘေး၏ မိတ်ဆွေများကို ဆက်သွယ်နပြီး ရီမိသားစုကို ၀မ်ကျန်းကျမ်းအား စွန့်လွှတ်ရန် ဖိအားပေးစေခဲ့သည်။
ဧကရာဇ်ကျန်းရှင်းသည် ရှေးမှတ်တမ်းများထဲမှ ၀မ်ကျန်းကျမ်းကို ဖတ်ပြီးနောက် ၎င်းသည် ပန်ကုစကြဝဠာတွင် ထိပ်တန်းကျင့်ကြံနည်းစနစ်ဖြစ်ကြောင်း သိရှိခဲ့သည်။ အကယ်၍ သူက ၀မ်ကျန်းဂိုဏ်းမှ တာအိုဘိုးဘေး၏အမွေကို ရယူနိုင်ခဲ့ပါက၊ သူသည် ဘိုးဘေးနယ်မြေသို့ ရောက်နိုင်လိမ့်မည်။
အင်မော်တယ်ဧကရာဇ်ဧကရာဇ်တစ်ပါးသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် နှစ်တစ်သိန်းကျော်ကြာပိတ်မိနေခဲ့သောအခါ ဘိုးဘေးနယ်မြေ၏သွေးဆောင်မှုသည် သေလောက်အောင် ပြင်းထန်၏။
ထိုတာအိုဘိုးဘေးများက ၀မ်ကျန်းဂိုဏ်းတာအိုဘိုးဘေး၏ မိတ်ဆွေများကို ကူညီရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း အတည်ပြုပြီးနောက်ဧကရာဇ်ကျန်းရှင်းသည် နောက်ဆုံးတွင် သွေးဆောင်မှုကို မခံနိုင်တော့ဘဲ သဘောတူလိုက်သည်။
၎င်းတို့တစ်အုပ်စုက ဝမ်ကျန့်ဂိုဏ်းကိုယ်စား တာအိုဘိုးဘေးအမွေဆက်ခံရန်ဟူသော ဆိုင်းဘုတ်အောက်တွင် အလျင်အမြန်ထွက်ခွါကာ ရီမိသားစုဆီသို့ ဦးတည်သွားကြသည်။
စိတ်ဝင်စားသော အင်အားစုတချို့၏ အားပေးမှုနှင့်အတူ ထိုသတင်းက ပန်ကုစကြဝဠာတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
မကြာမီတွင် ဧကရာဇ်ကျန်းရှင်းရှိရာ ၀မ်ကျန်းဂိုဏ်းသည် အမှန်တကယ်ပင် ရှေးခေတ်ဝမ်ကျန်း ဂိုဏ်၏ အမွေဆက်ခံသူဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ၎င်းတို့က ယခုအချိန်တွင် နိမ့်ကျသွားသော်လည်း သူတို့က စစ်မှန်သောအမွေခံများဖြစ်နေဆဲပင်။
ထိုအကြောင်းအရာက ရီမိသားစု မည်သို့တုံ့ပြန်မည်ကို သိချင်သော ကျင့်ကြံ သူအများအပြား၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
ပန်ကုစကြဝဠာကို နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သော ၀မ်ကျန်းတာအိုဘိုးဘေးထံတွင် သံသယဖြစ်ဖွယ်မရှိစွာပင် မိတ်ဆွေများစွာရှိသည်။ ထိုမိတ်ဆွေများက ယခု မည်သို့တွေးနေပါစေ၊ တာအိုဘိုးဘေးအများအပြားက ဧကရာဇ်ကျန်းရှင်း၏လုပ်ရပ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
၎င်းတို့ထဲတွင် အနှိုင်းမဲ့ တာအိုဘိုးဘေးနှစ်ဦးလည်း ပါဝင်သည်။ ၎င်း တာအိုဘိုးဘေးနှစ်ဦးသည် စစ်မှန်သော ခင်မင်ရင်းနှီးမှုဖြင့်ပြောသည်လား သို့မဟုတ် အခြားသော အကြံဥာဏ်များ ရှိမည်လားကို မည်သူမျှမပြောနိုင်သော်လည်း ယခု လူတိုင်း သတိထားနေကြသည်မှာ ရီမိသားစု၏တုံ့ပြန်မှုကို ဖြစ်သည်။
………
အခန်း ၃၆၃ - အတုအယောင် ဂိုဏ်းကောင်းနှစ်ခု
အားလုံးက ရီမိသားစု၏တုံ့ပြန်မှုကို စောင့်မျှော်နေကြသော်လည်း ၎င်းတို့ကပျောက်ကွယ်သွားသကဲ့သို့ ဘာမှမတုံ့ပြန်ခဲ့ချေ။ လူတိုင်းက ရီမိသားစု၏ သဘောထားကို နားလည်ကြသည်။
အကယ်၍၎င်းတို့က ၀မ်ကျန်းလက်နက်တိုက်ကဲ့သို့သော အဆင့်မြင့်အမွေအနှစ်များကို ချက်ချင်းလွှဲအပ်လိုက်ပါက ရီမိသားစုသည် နောက်ထပ် ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မည်မဟုတ်ပေ။
လျင်မြန်စွာပင် လူအုပ်ကြီးသည် ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် စုရုံးလာကြသည်။ ယခုအခါတွင် ရီမိသားစု၏သီးသန့်နယ်မြေဖြစ်သော ရန်ဟွမ်နယ်မြေကို ၎င်းတို့၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ရန်ဟွမ်နယ်မြေသို့မ၀င်ရောက်နိုင်ပါက ရီမိသားစုမှ အဖွဲ့ဝင်များကို မတွေ့နိုင်ဘဲ ၀မ်ကျန်းလက်နက်တိုက်အမွေအနှစ်ကို တောင်းဆိုရန်လည်းမဖြစ်နိုင်တော့ချေ။
ဧကရာဇ်ကျန်းရှင်းသည် ရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်းမသိတော့ဘဲ တာအိုဘိုးဘေးများဘက်သို့ ကြည့်လိုက်သည်။ ရီမိသားစုမှ တုံ့ပြန်ခြင်းမရှိသောကြောင့် သူသည်လည်း ပြဿနာရှာရန်ပင် အခွင့်အရေးမရပေ။ တာအိုဘိုးဘေးကလည်း ကူကယ်ရာမဲ့နေသည်။
ရီမိသားစုက ၀မ်ကျန်းလက်နက်တိုက်ကို လွှဲပြောင်းပေးရန် ဆန္ဒမရှိလျှင်ပင် ဧကရာဇ်ကျန်းရှင်းကိုတော့ ဒုက္ခမပေးရဲဟု ခန့်မှန်းထားကြ၏။ သို့မဟုတ်ပါက ရီမိသားစု၏ နာမည်ပျက်သွားလိမ့်မည်။ ထို့အပြင် ၀မ်ကျန်းဘိုးဘေး၏ မိတ်ဆွေဟောင်းများသည် ၎င်းတို့၏အစဉ်အဆက်များ ထိခိုက်သွားပါက ဒီတိုင်းနေလိမ့်မည်မဟုတ်။
ယခုအခါတွင် ပန်ကုစကြဝဠာ၌ ရီမိသားစု၏ ကျဆုံးခြင်းကို မြင်လိုသူ အများအပြားရှိသည်။ ရီမိသားစုဘက်က တုံ့ပြန်ခဲ့လျှင် တခြားသူများကလည်း ထိုအခွင့်အရေးကို လက်လွတ်ခံလိမ့်မည်မဟုတ်ချေ။ ၎င်းတို့ အောင်မြင်နိုင်ရန်အတွက် တာအိုဘိုးဘေးများသည် ဧကရာဇ်ကျန်းရှင်းကို ပြဿနာရှာနည်းကိုပင် အထူးသင်ပေးထားသေး၏။
ဧကရာဇ်တစ်ဦးအနေဖြင့် ပြဿနာရှာခြင်းက ရှက်စရာကောင်းသော်လည်း ၀မ်ကျန်းဘိုးဘေး အမွေအနှစ်အတွက်ဆိုပါက ထိုက်တန်သည်။ ယခုမူတွင် ဆုံးဖြတ်ချက်ချမည့်သူကိုပင် မတွေ့နိုင်ဘဲ ၎င်းတို့၏ ကြိုးပမ်းမှုများမှာလည်း အကျိုးသက်ရောက်မှုမရှိတော့ပေ။
တကယ်တမ်းတွင် ၎င်းတို့သည် ရန်ဟွမ်နယ်မြေထဲသို့ ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့ပါက ရီမိသားစုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် သူတို့ဝင်ရဲပါသလား။ သေချာပေါက်ကို မဝင်ရဲသည်သာမက ၎င်းတို့၏ အထောက်အထားကိုပင် မထုတ်ဖော်ရဲကြချေ။
ရီမိသားစုသည် ဝမ်ကျန်း၏မျိုးဆက်ကို အန္တရာယ်မပြုဝံ့သော်လည်း ၎င်းတို့ကိုအန္တရာယ်ပြုရန်အတွက်တော့ ဝန်လေးနေမည်မဟုတ်။ ၀မ်ကျန်းလက်နက်တိုက်၏ သွေးဆောင်မှုကြောင့်သာ မဟုတ်ပါက၊ ၎င်းတို့သည်လည်း ရီမိသားစုကို ရန်စဝံ့မည်မဟုတ်ပေ။
ရီမိသားစုကို ရန်စခြင်း၏အကျိုးဆက်များက ရှင်းသည်။ မည်သူကများ ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်ဖူးပါသနည်း။
"မဖြစ်သေးဘူး၊ တကယ်လို့ ငါတို့ ရီမိသားစုကို မတွေ့ရရင် တာ့ယွီမင်းဆက်မှာ ဒုက္ခသွားပေးရမယ်။ တာ့ယွီဘုရင်ကလည်း ရီမိသားစုထဲကပဲလေ"
တာအိုဘိုးဘေးတစ်ဦးက အကြံပြုလာသည်။ မကြာမီတွင် ထိုအဆိုပြုချက်ကို နောက်ထပ် တာအိုဘိုးဘေးများက အတည်ပြုခဲ့သည်။ ၎င်းတို့ ရန်ဟွမ်နယ်မြေထဲကို မဝင်နိုင်ခဲ့လျှင် တာ့ယွီမင်းဆက်ကို ပြဿနာရှာရမည်။
ကျီးလဲ့တာအိုဘိုးဘေးသည် ဧကရာဇ်ကျန်းရှင်းကို ဦးတည်ချက်ပြောင်းရန်နှင့် တာ့ယွီနတ်မင်းဆက်ကို ဦးတည်ရန် အရိပ်အမြွက်ပြလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ၎င်းတို့ ရည်မှန်းချက်ကို ရရှိသွား၏။
ရီရှောင်းရှောင်းသည် ငိုယိုအော်ဟစ်ပြီး သူ့ကိုယ်သူသတ်သေမည်ဟုခြိမ်းခြောက်ကာ ရီမိသားစုက အမွေများပြန်လည်ပေးအပ်ရန်အတွက် ခြိမ်းခြောက်နေသော ဧကရာဇ်ကျန်းရှင်းကိုကြည့်ကာ ညှာတာခြင်းမရှိခဲ့ပေ။ ဓားချက်တစ်ချက်တည်းဖြင့် ချက်ခြင်းခုတ်ပိုင်းလိုက်သည်။
ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများက ကူညီရန်ပင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။ ၎င်းကို ရီရှောင်းရှောင်းက ၀မ်ကျန်းလက်နက်တိုက်မှသင်ယူခဲ့ကာ ထိုစွမ်းအားသည် အမှန်တကယ် အံ့ဩစရာကောင်း၏။
သို့သော် ရီရှောင်းရှောင်းက သူ့ကိုသတ်ရန်မရည်ရွယ်ထားဘဲ ဧကရာဇ်ကျန်းရှင်း၏ကိုယ်ခန္ဓာကို ဖျက်ဆီးပစ်ရုံမျှသာလုပ်ကာ သူ၏စိတ်ဝိညာဉ်ကို မဖျက်ဆီးဘဲထားခဲ့သည်။ သူမ၏လက်ဝှေ့ရမ်းလိုက်ခြင်းဖြင့် ဧကရာဇ်ကျန်းရှင်း၏စိတ်ဝိညာဉ်က သူမ၏လက်ထဲသို့ ရောက်ရှိသွားသည်။
ရီရှောင်းရှောင်းသည် ဧကရာဇ်ကျန်းရှင်း၏နောက်ကွယ်မှလူကို သိချင်သည်။ ဧကရာဇ်တစ်ပါးမျှက ရီမိသားစုကိုကြံစည်ရဲလိမ့်မည်မဟုတ်ဟု ရီရှောင်းရှောင်း ယုံကြည်ထားသည်။ ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများကလည်း အမှောင်ထဲတွင် ဆက်မနေနိုင်တော့ဘဲ သတိပြန်ဝင်လာကြသည်။
ရီရှောင်းရှောင်းသည် နောက်ကွယ်မှလူကို ရှာဖွေချင်နေ၏။ အကယ်၍ ၎င်းတို့၏ အထောက်အထားများကို ထုတ်ဖော်ခံရပါက ၎င်းတို့အဆုံးသတ်သွားလိမ့်မည်။
၎င်းတို့ နားမလည်နိုင်သည်မှာ ရီရှောင်းရှောင်းသည် ပန်ကုစကြဝဠာရှိ အခြားသူများက ရီမိသားစုအား မည်သို့ထင်မြင်လိမ့်မည်ကို လုံးဝဂရုမစိုက်သလား။ ၀မ်ကျန်းဘိုးဘေး၏ မိတ်ဆွေများက သူမအား ပြဿနာရှာမည်ကို သူမတကယ်မကြောက်ဘူးလား။
၎င်းတို့က သိုင်းပညာအပေါ် လေးစားမှုမရှိသည့်အတွက် ရီရှောင်းရှောင်းကို စိတ်ထဲမှကျိန်စာတိုက်လိုက်ပြီး ရီရှောင်းရှောင်းဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။
"တာ့ယွီဧကရာဇ်၊ မင်းအရမ်းလွန်သွားပြီ၊ ဧကရာဇ်ကျန်းက သူ့ဘိုးဘေးတွေရဲ့အမွေကို တောင်းဖို့လာခဲ့တာလေ၊ ဘာလို့ သူ့ကို တိုက်ခိုက်ရတာလဲ"
ပါးစပ်ဖွင့်လိုက်သည်နှင့် အဖြူအမည်းရောထွေးလျက် ၎င်းတို့ကသာ ကိုယ်ကျင့်တရားမြင့်မားသကဲ့သို့ ရီရှောင်းရှောင်းကို အပြစ်တင်ရန်ကြိုးစားခဲ့ကြသည်။
“သေချာပေါက်ပဲ၊ ၀မ်ကျန်းလက်နက်တိုက်ရဲ့ အမွေအနှစ်က ၀မ်ကျန်းဘိုးဘေးအပိုင်ပဲကို သူ့မျိုးဆက်တွေက တောင်းဆိုတာ ဘာမှားလို့လဲ"
"ဝမ်ကျန့်ဘိုးဘေးက ပန်ကုစကြဝဠာမှာ ဂုဏ်သရေရှိတဲ့သူပဲကို ရီမိသားစုကလွန်လွန်းတာပေါ့!"
စကားတစ််ခွန်းပြီးတစ်ခွန်းပြောဆိုကာ ရီမိသားစုက ကိုယ်ကျင့်တရားမရှိဟု ထပ်ခါတလဲလဲ စွပ်စွဲနေကြ၏။ ဝိညာဉ်ကိုစစ်ဆေးရန် ကြံစည်နေသည့် ရီရှောင်းရှောင်းက သူမ၏လက်ကိုရပ်တန့်လိုက်ကာ တာအိုဘိုးဘေးကို ကြည့်လိုက်သည်။
"ရှင်တို့က ဒီကိစ္စနောက်ကွယ်ကသူတွေ ဖြစ်ရမယ်”
ရီရှောင်းရှောင်းသည် တာအိုဘိုးများကို စိတ်ဝင်တစားကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ်လိုက်သည့်အခါ တာအိုဘိုးဘေးများ၏ မျက်နှာများမှာ ချက်ချင်းဖျော့တော့သွားကြသည်။
“တာ့ယွီဧကရာဇ် မင်းဘာတွေပြောနေတာလဲ၊ ငါတို့က မင်းတို့ ရီမိသားစုရဲ့အပြုအမူကို သည်းမခံနိုင်လို့ပြောပေးနေရတာ" ကျီးလဲ့တာအိုဘိုးဘေးက ဝန်မခံရဲပေ။
"ဟုတ်ပြီလေ ဒါဆို ရှင်တို့ဟုတ်လား မဟုတ်လားသိရအောင် ရှင်တို့ရဲ့စိတ်ဝိညာဉ်တွေထဲ ရှာလိုက်မယ်လေ"
ရီရှောင်းရှောင်းက ထိုသို့ပြောလိုက်ပြီး ၎င်းတို့၏ဝိညာဉ်များကိုပြန်ရှာရန် ပြင်လိုက်ပြန်သည်။ ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ၎င်းတို့ ထိုင်စောင့်နေ၍မဖြစ်တော့မှန်း သိကြသည်။
လက်ရှိ ဦးစားပေးရမည်မှာ ဧကရာဇ်ကျန်းရှင်း၏ စိတ်ဝိညာဉ်ကို ပြန်လည်ရယူရန်ဖြစ်သည်။ ၎င်းကို သတ်ပစ်မိပြီဆိုလျှင်ပင် ၎င်းက ရီရှောင်းရှောင်း၏လက်ထဲ သူ့ကိုထားခဲ့ရတာထက် ပိုလုံခြုံမည်ဖြစ်ကာ၊ ဧကရာဇ်ကျန်းရှင်းကို သွေးထိုးလှုံ့ဆော်သူများက ၎င်းတို့ဖြစ်ကြောင်း ရီရှောင်းရှောင်းကို လုံးဝအတည်ပြုခွင့်မပေးနိုင်ပေ။
၎င်းတို့သည် ၀မ်ကျန်းဘိုးဘေး၏အမွေဆက်ခံရန် ကြံစည်ဝံ့ကြသောကြောင့် အားနည်းသူများမဟုတ်ကြပေ။ ၎င်းတို့ငါးယောက်ထဲတွင် အထွတ်အထိပ်တာအို ဘိုးဘေးနှစ်ဦးလည်းရှိသည်။ ၎င်းတို့အားလုံး အကြည့်ချင်းဖလှယ်ကာ စတင်လှုပ်ရှားရန်ပြင်လိုက်သည်။
ဤအခိုက်အတန့်တွင် တာ့ယွီမင်းဆက်၏ အထက်ကောင်းကင်၌ ကြောက်မက်ဖွယ်ရုပ်ပုံတစ်ခုပေါ်လာသည်။
"ရီရှောင်းရှောင်း၊ မင်းအရမ်းလွန်နေပြီ။ ၀မ်ကျန်းဘိုးဘေးရဲ့ ဆက်ခံသူကို ငါ့ဆီလွှဲပေးပြီး ၀မ်ကျန်းဘိုးဘေးတွေ အမွေကို စွန့်လွှတ်လိုက်၊ အဲတာဆို မင်းအသက်ကို ချမ်းသာပေးမယ်”
………