အခန်း ၃၆၄-၃၆၆
Vol. 25 Ch. 364-366
အခန်း ၃၆၄ - အတုအယောင် ဂိုဏ်းကောင်းနှစ်ခု
ဓားတာအိုဘိုးဘေး။ မကြာမီတွင် ရောက်ရှိလာသူ၏အမည်ကို တစ်စုံတစ်ယောက်က မှတ်မိသွား၏။ ၎င်းသည် ယခင်က ၀မ်ကျန်း၏ မိတ်ဆွေကောင်းများထဲမှတစ်ဦးဟု လူသိများသော ဓားတာအိုဘိုးဘေးဖြစ်သည်။ ၎င်းနှစ်ဦးစလုံးက ဓားနိယာမကို လိုက်နာကြသည်။
ဓားတစ်ချောင်းတည်းကပင် ပြင်းထန်သောတိုက်ခိုက်မှုကို ကိုယ်စားပြုသည်။ ဓားတာအိုဘိုးဘေးကို အနှိုင်းမဲ့တာအိုဘိုးဘေးကြားတွင်ပင် စွမ်းအားအကြီးဆုံးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားကြ၏။
ယခု ဓားဘိုးဘိုးဘေးက ဧကရာဇ်ကျန်းရှင်းကို ကူညီရန်ရောက်ရှိလာရာ ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများ အလွန်ဝမ်းသာသွားကြ၏။ အနှိုင်းမဲ့ တာအိုဘိုးဘေးတစ်ဦးနှင့်ရင်ဆိုင်ရချိန်၌ပင် ရီရှောင်းရှောင်းက လုံးဝမတုန်လှုပ်သွားချေ။
"ရီမိသားစုက မလွှဲပေးဘူးဆိုရင် ဘာလုပ်မလို့လဲ"ရီရှောင်းရှောင်းက မေးလိုက်သည်။
"မလွှဲပေးဘူးလား"
ဤတစ်ကြိမ်တွင် ဓားဘိုးဘိုးဘေး စိတ်ပူရမည့်အလှည့်ဖြစ်သွားသည်။ အမှန်အတိုင်းဆိုရလျှင် သူသည်လည်း အလိုလိုသိစိတ်တချို့ကို ခံစားခဲ့ရသည်။ ဓားသမားတစ်ယောက်အနေဖြင့် ၎င်းထံတွင် အံ့ဩဖွယ်ရာစွမ်းရည်များ ရှိသင့်သည်မဟုတ်လား။
သို့သော် ရီရှောင်းရှောင်းက အမှန်တကယ်လက်မလွှဲဘူးဆိုလျှင်လည်း ရီရှောင်းရှောင်းကို ထိဝံ့မည်မဟုတ်ပေ။ လက်ရှိ ပန်ကုစကြဝဠာတွင် အနှိုင်းမဲ့တာအိုဘိုးဘေးက အသန်မာဆုံးမဟုတ်တော့ဘဲ သူတော်စင်တစ်ပိုင်းကသာ အမြင့်ဆုံးဖြစ်သည်။
ရီမိသားစုသည် သူတော်စင်တစ်ပိုင်းရှိသည့် အင်အားစုအနည်းထဲမှ တစ်ခုဖြစ်သည်။ ရီရှောင်းရှောင်းသည် ရီမိသားစုအတွင်း ထူးခြားသောဖြစ်တည်မှုဖြစ်ကြောင်းကို လူတိုင်းသိသည်။ သူမသည် မိသားစုခေါင်းဆောင်ရီဖန်၏ တစ်ဦးတည်းသောညီမဖြစ်၏။
ဓားတာအိုဘိုးဘေးက ရီဖန်၏ညီမကို ထိဝံ့ပါက ရီဖန်က သူ့ကိုသတ်လိမ့်မည်လား။ အဖြေက အလွန်ရှင်း၏။ ရီဖန်က သူ့ကိုသေချာပေါက် ချမ်းသာပေးလိမ့်မည်မဟုတ်ချေ။ အခြေအနေက မထင်မှတ်ထားစရာများဖြစ်လာသည်။
ရီရှောင်းရှောင်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခုရှိနေ၏။ ခြိမ်းခြောက်မှုများပြုလုပ်ရန်မှာ လွယ်ကူသော်လည်း ၎င်းတို့ကို အမှန်တကယ်လုပ်ဆောင်နိုင်မည့် အင်အားကိုလိုအပ်သည်။ သို့မဟုတ်ပါက ဟာသဖြစ်လိမ့်မည်ပင်။
ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများက ဓားတာအိုဘိုးဘေးကို ၎င်းတို့လုပ်ဆောင်လိုသည့်အရာများကို ဖြည့်ဆည်းပေးမည်ဟု မျှော်လင့်လျက် စောင့်ကြည့်နေကြသည်။
ဓားတာအိုဘိုးဘေးက လှုပ်ရှားပေးလျှင် ၎င်းတို့က ဝမ်ကျန်းကျမ်းကိုရယူရန် အရည်အချင်းမရှိသော်လည်း၊ အနည်းဆုံး ၎င်းတို့သည် ရီမိသားစုမထံမှ ပစ်မှတ်ထားခံရတော့မည်မဟုတ်ပေ။ ဓားဘိုးဘိုးဘေးက လက်ရှိအခြေအနေကို ဆင်ခြင်ပြီးနောက် ရီမိသားစုက ၎င်းတို့ကို များစွာဂရုမစိုက်တန်ရာဟု တွေးထင်ခဲ့ကြသည်။
ပတ်ဝန်းကျင်နေရာလွတ်တွင် ကျင့်ကြံသူအများအပြားက လက်ရှိအခြေအနေများကို ပုန်းကွယ်ကြည့်ရှုနေကြသည်။ ဓားတာအိုဘိုးဘေးသည် ရှေးခေတ် အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်ပြီး ပန်ကုစကြဝဠာတွင် ထင်ရှားသည်။
အကယ်၍သူက ယနေ့ခြိမ်းခြောက်မှုပြုလုပ်ပြီး ဘာမှမလုပ်ခဲ့လျှင် မျက်နှာပျက်ရလိမ့်မည်ဖြစ်သည်။
အနာဂတ်တွင် ဓားတာအိုဘိုးဘေးအကြောင်းကို ပြောသူတိုင်းက ယနေ့အဖြစ်အပျက်ကို သတိရကာ ၎င်းက ရီမိသားစုကို ကြောက်ရွံ့သည်ဟု ပြောဆိုကြလိမ့်မည်။ လက်ရှိတွင် ဓားတာအိုဘိုးဘေးသည်လည်း ခက်ခဲသော အခြေအနေတွင် ရှိနေသော်လည်း သူလှုပ်ရှားမှဖြစ်မည်။
ဓားတာအိုဘိုးဘေးသည် ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပြီး အဆိုးဆုံးအခြေအနေတွင် ထွက်ပြေးရန်စဉ်းစားထားခဲ့၏။ ကြီးမားကျယ်ပြန့်သော ပန်ကုစကြဝဠာတွင် ရီမိသားစုက သူ့ကိုရှာတွေ့နိုင်မည်ဟု မယုံကြည်ချေ။
‘ဓားတာအို’
ထာဝရဧရာမဓားက ကောင်းကင်မှပြုတ်ကျလာပြီးနောက် ရီရှောင်းရှောင်းဆီသို့ ဦးတည်သွားသည်။ ဓားဘိုးဘေး၏အစွမ်းမှာလဲ သေချာပေါက် မဆိုးလှပေ။ ဓားချက်တစ်ချက်တည်းက စောင့်ကြည့်နေသော ကျင့်ကြံသူများကို ကြက်သီးထသွားစေပြီး အလျင်အမြန်နောက်ဆုတ်သွားစေသည်။
ဒဏ္ဍာရီလာဓားရှည်အောက်တွင် တောက်ပသည့် ဓားရှည်တစ်လက် ရုတ်တရက်ပေါ်လာခဲ့သည်။ ထာဝရဧရာမဓားနှင့်နှိုင်းယှဉ်လျှင် ၎င်းက ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သော်လည်း ဧရာမဓားကြီးကို ရပ်တန့်နိုင်ခဲ့သည်။
ဓားသွားနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံသည့်အသံက ပဲ့တင်ထပ်သွားပြီး ထာဝရဧရာမဓားက တစ်လက်မချင်း ကွဲအက်သွားသည်။
"ဘယ်သူလဲကွ!"
ဓားဘိုးဘိုးဘေးက ရုတ်တရက်နိုးကြားလာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ တိုက်ခိုက်သူက သူ့ကိုရင်းနှီးသည့်ခံစားချက်ကို ပေးနေသော်လည်း ခဏအကြာထိ သူက မည်သည့်မိတ်ဆွေဟောင်းဖြစ်မှန်းကို မမှတ်မိခဲ့ပေ။
"ဓားဘိုးဘေး၊ မင်းက နောက်ကို ပြန်ပြန်ဆုတ်ယုတ်သွားတာပါလား”
၀မ်ကျန်းက ရီရှောင်းရှောင်း၏ဘေးတွင် ပေါ်လာကာ ဓားတာအိုဘိုးဘေးကို မထီမဲ့မြင်ကြည့်နေသည်။ အရင်ခေတ်က ပန်ကုစကြဝဠာ၏ကျင့်ကြံသူများသည် ဓားတာအိုဘိုးဘေးနှင့် ၀မ်ကျန်းတို့ကို မိတ်ဆွေကောင်းများဟု ထင်ခဲ့ကြသော်လည်း တကယ်တမ်းတွင် ၀မ်ကျန်းက ဓားတာအိုဘိုးဘေးကို မည်သည့်အခါကမှ အထင်ကြီးခြင်းမရှိပါ။
၀မ်ကျန်းသည် ဓားများကို အစွဲအလမ်းကြီးသူဖြစ်သော်လည်း ဓားတာအိုဘိုးဘေးက ဓားသူခိုးမျှသာဖြစ်သည်။ ဓားတာအိုဘိုးဘေးသည် ပြင်ပလူများအမြင်တွင် ၎င်းတို့က မိတ်ဆွေကောင်းများဟုထင်စေရန်အတွက် သူကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားခြင်းဖြစ်၏။ ၀မ်ကျန်းက ထိုကိစ္စကိုသော်လည်း ဖြေရှင်းရန်အတွက် စိတ်ကူးမရှိသောကြောင့် ယနေ့ထိတိုင် နားလည်မှု လွဲမှားနေကြခြင်းဖြစ်သည်။
သို့သော် သူတို့မထင်ထားသည်မှာ နှစ်များစွာကြာပြီးသည်အထိ ဓားတာအိုဘိုးဘေးက ထိုဇာတ်လမ်းကို မပြီးဆုံးသေးသည်ကိုပင်။ ဓားတာအိုဘိုးဘေးသည် ၀မ်ကျန်း၏ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါက သူသည် ဧကရာဇ်ကျန်းရှင်းကို ကူညီရန်အတွက် အမှန်တကယ်ဝင်ရောက်လာမည်ဖြစ်သည်။ ယခုတွင် သူကိုယ်တိုင်အတွက်သာ လုပ်ဆောင်နေပုံရ၏။
၀မ်ကျန်းတာအိုဘိုးဘေးကိုမြင်သောအခါ ဓားတာအိုဘိုးဘေးသည် လန့်သွားပြီးနောက် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေသည်။ ၀မ်ကျန်းတာအိုဘိုးဘေးက မသေဘူးလား။ သူ့ရှေ့တွင် မည်သို့အသက်ရှင်လျက်ပေါ်လာသနည်း။
သို့ဖြစ်ပါက ရီမိသားစု၏ ၀မ်ကျန်းလက်နက်တိုက် အမွေဆက်ခံခြင်းက အမှန်တကယ်မရှိဘဲ မူလက ၀မ်ကျန်းလက်နက်တိုက်ကို အသုံးပြုခဲ့သည့် ၀မ်ကျန်းတာအိုဘိုးဘေးရှိနေခြင်းဖြစ်သည်။ အမွေဆက်ခံသည်ဟူသည့်စကားက မည်သည့်နေရာက ရောက်လာလေသနည်း။
သို့သော် မကြာမီတွင် ဓားဘိုးဘေးက ပြန်လည်တည်ငြိမ်သွား၏။ ထိုအချိန်က ၀မ်ကျန်းတာအိုဘိုးဘေးသည် အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်ကာ၊ သူသည် အထွတ်အထိပ်တာအို ဘိုးဘေးတစ်ဦးဖြစ်သည်။ သူက ၀မ်ကျန်းတာအိုဘိုးဘေးတွေ၏ တပည့်ဖြစ်ချင်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
သူ့ကို ဓားသူခိုးဟု ခေါ်ဆိုခဲ့ပြီး ဓားအပေါ်တွင် လေးစားမှုမရှိဟု ပြောဆိုခဲ့သည်။ ၎င်းက ဓားဘိုးဘိုးဘေး၏နှလုံးသားကို ကြေကွဲစေခဲ့ပြီး သူတစ်သက်လုံးအမှတ်ရနေမည့် အရာတစ်ခုဖြစ်သည်။ဤတစ်သက်တွင် လက်စားချေရန် အခွင့်အရေးမရှိတော့ဟု သူထင်ခဲ့သော်လည်း ယခုတွင် အခွင့်အရေးရလာပုံပေါ်သည်။
ယခုအချိန်တွင် နှစ်ယောက်စလုံးက အနှိုင်းမဲ့တာအိုဘိုးဘေးများ ဖြစ်ကြသော်လည်း ၀မ်ကျန်းတာအိုဘိုးဘေးသည် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ရာ မည်သူက သန်မာပြီး မည်သူက အားနည်းသည်မှာ မသေချာသေးပေ။
"၀မ်ကျန်း မင်းအသက်ရှင်နေမယ်လို့ မထင်ထားဘူး”
ဓားတာအိုဘိုးဘေး၏လေသံက ပိုမိုငြိမ်သက်လာပြီး ဝမ်ကျန်းတာအိုဘိုးဘေးကို အေးစက်စွာကြည့်နေသည်။ ဓားဘိုးဘိုးဘေး၏စကားက်ု ကြားလိုက်ပြီးနောက် ကျင့်ကြံသူများမှာ ပေါက်ကွဲသွားကြ၏။ ဓားဘိုးဘိုးဘေးက ထိုသူကို ၀မ်ကျန်းတာအိုဘိုးဘေးဟု ရည်ညွှန်းလိုက်သည်လား။
၀မ်ကျန်းတာအိုဘိုးဘေးသာလျှင် ၀မ်ကျန်းဟူသော ဘွဲ့ကို ခံယူနိုင်သည်။ ၀မ်ကျန်းတာအိုဘိုးဘေးနောက်တွင် ထိုဘွဲ့နာမည်၏ဖိအားကို ခံနိုင်ရည်မရှိသောကြောင့် မည်သူကမျှ ဝမ်ကျန်းဟူသောဘွဲ့အမည်ကို မခံယူခဲ့ကြချေ။
၀မ်ကျန်းတာအိုဘိုးဘေးသည် လူများစွာအတွက် ငယ်စဉ်ကတည်းက ၎င်းတို့၏ရည်မှန်းချက်နှင့် ကြည်ညိုလေးစားရာ ဖြစ်ခဲ့သည်။ ယခုတွင် ၀မ်ကျန်းတာအိုဘိုးဘေး ပြန်ပေါ်လာသည့်အတွက် ထိုသူများမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ စိတ်လှုပ်ရှားပြီးနောက်မှသာ လူတိုင်းတုံ့ပြန်နိုင်ကြ၏။
၎င်းက နားလည်မှုလွဲနေခဲ့ကြခြင်းဖြစ်သည်။ ရီမိသားစုက ၀မ်ကျန်းတာအိုဘိုးဘေးထံမှ အမွေရရှိခဲ့ခြင်းမဟုတ်ဘဲ ၎င်းတို့က ၀မ်ကျန်းတာအိုဘိုးဘေးကိုယ်တိုင်ကို ရရှိခဲ့ကြခြင်းပင်။
လူများစွာက လေအေးတစ်ရှိုက်ရှူမိလိုက်ကြသည်။ ရီမိသားစုသည် မူလက ဗောဓိဘိုးဘေး သူတော်စင်တစ်ပိုင်း၊ နှစ်သန်းချီသည့် စွမ်းအားပါရမီရှင် ရီဖန်တို့နှင့်အတူ ခိုင်မာခဲ့ပြီးဖြစ်သည်။ ယခုတွင် နောက်ထပ် နှစ်သန်းချီအရွယ်ရှိသည့် ပါရမီရှင် ဝမ်ကျန်တာအိုဘိုးဘေးကို ရရှိလိုက်သည်။ ရီမိသားစုသည် ပြိုင်ဘက်ကင်း လမ်းကြောင်းပေါ်ရောက်ရှိနေကြခြင်းဖြစ်၏။
မူလက ၀မ်ကျန်းလက်နက်တိုက်အမွေကို စိတ်ဝင်စားနေသောသူအားလုံးသည် ၎င်းတို့၏သေးငယ်သော အတွေးများကို ပြန်ဆုတ်လိုက်ကာ နောက်ထပ်မတွေးဝံ့ကြတော့ချေ။
ယခုလက်ရှိ ကူကယ်ရာအမဲ့ဆုံးသူများမှာ ကျီးလဲ့တာအိုဘိုးဘေးနှင့် သူ၏လူများဖြစ်သည်။ ၎င်းတို့က လူရွှင်တော်များသာဖြစ်ကြောင်း သိရှိသွားကြသည်။ ၀မ်ကျန်းတာအိုဘိုးဘေးထံမှ အမွေဆက်ခံရန်အတွက် ၀မ်ကျန်းတာအိုဘိုးဘေး၏တပည့်များကို ခေါ်ဆောင်လားခြင်းက သေကြောင်းကြံခြင်းကဲ့သို့ဖြစ်၏။
ရီရှောင်းရှောင်းသည် ဧကရာဇ်ကျန်းရှင်း၏ စိတ်ဝိညာဉ်ကို ၀မ်ကျန်းတာအိုဘိုးဘေးထံသို့ လွှဲပြောင်းပေးလိုက်သည်။ သူဟာ ၀မ်ကျန်းတာအိုဘိုးဘေး၏ဆက်ခံသူ ဖြစ်သောကြောင့် ၀မ်ကျန်းတာအိုဘိုးဘေးကသာ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းသင့်သည်။
၀မ်ကျန်းတာအိုဘိုးဘေးက သူ့ထံတွင် တပည့်မျိုးဆက်များ ကျန်ရှိနေသေးသည်ဟု မမျှော်လင့်ထားသောကြောင့် ဧကရာဇ်ကျန်းရှင်းကို တစ်ချက်ကြည့်လိုက်သည်။
ဧကရာဇ်ကျန်းရှင်းသည် အလွန်တုန်လှုပ်နေ၏။ အခြားလူများက သူ့နောက်ခံကိုမသိကြသော်လည်း ဧကရာဇ်ကျန်းရှင်းက မသိဘဲနေမည်လား။ ဧကရာဇ်ကျန်းရှင်း၏ဘိုးဘေးသည် ၀မ်ကျန်းတာအိုဘိုးဘေးနှင့် ဆက်ဆံရေးအချို့ရှိခဲ့သည်။ သို့သော် ထိုဆက်ဆံရေးက လုံးဝနီးစပ်ခြင်းမရှိပေ။
ဧကရာဇ်ကျန်းရှင်း၏ဘိုးဘေးက ၀မ်ကျန်းတာအိုဘိုးဘေး၏ အမည်ခံတပည့်သာဖြစ်ကာ အမှားတစ်ခုကြောင့် ဂိုဏ်းမှနှင်ထုတ်ခံခဲ့ရသည်။ ၀မ်ကျန်းတာအိုဘိုးဘေး ပျောက်ကွယ်သွားပြီးနောက် ၀မ်ကျန်းဂိုဏ်းက အင်အားကျဆင်းသွားသဖြင့် ၎င်းတို့၏ဘိုးဘေးက ၀မ်ကျန်းဂိုဏ်းအမည်မှည့်ကာ အခြားသူများအထင်မြင်မှားစေရန် ရည်ရွယ်ခဲ့သည်။
အဆုံးတွင် သူတို့သည် ၀မ်ကျန်းတာအိုဘိုးဘေးအမည်ကို ငှါးရမ်းထားကြခြင်းသာဖြစ်သည်။ ၀မ်ကျန်းတာအိုဘိုးဘေးက ဘာမှမမေးဘဲ ဧကရာဇ်ကျန်းရှင်း၏ဇာစ်မြစ်ကို ခန့်မှန်းနိုင်သည်။
"ထုတ်ပယ်ခံရတဲ့ တပည့်တစ်ယောက်က ၀မ်ကျန်းဂိုဏ်းရဲ့နာမည်ကို ပေးရဲတဲ့အထိ သတ္တိရှိနေတာပဲ"
၀မ်ကျန်းတာအိုဘိုးဘေးဘီဘင်က အထင်အမြင်သေးစွာပြောလိုက်သည်။ အမှန်တရား ထွက်ပေါ်လာပြီဖြစ်၏။ ၀မ်ကျန်းဂိုဏ်းသည် ၀မ်ကျန်းတာအိုဘိုးဘေးနှင့် ဆက်ဆံရေးမရှိခဲ့ပေ။ တစ်ချို့အရာများက ကျီးလဲ့တာအိုဘိုးဘေးတို့၏ စိတ်ကူးသပ်သပ်သာဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံးဝှက်ဖဲသည် ယခုအသုံးမဝင်တော့ပေ။
ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများမှာ လုံးဝပြိုလဲသွားကြ၏။ ၎င်းတို့က ၀မ်ကျန်းတာအိုဘိုးဘေးနှင့် ရင်ဆိုင်ရန်သတ္တိမရှိကြပေ။ သို့သော် နောက်ထပ် ကိုင်တွယ်ဖြေရှင်းရမာ့် ပြဿနာတစ်ခုရှိနေဆဲပင်။ယနေ့တွင် ဧကရာဇ်ကျန်းရှင်းနှင့် သူ့အဖွဲ့သာမက ဓားတာအိုဘိုးဘေးကလည်း ၀မ်ကျန်းတာအိုဘိုးဘေးနာမည်ကို အသုံးချခဲ့သည်။
"ဓားတာအိုဘိုးဘေး၊ မင်းငါ့ရဲ့ ၀မ်ကျန်းလက်နက်တိုက်ကို အရမ်းလိုချင်နေလို့ အခွင့်အရေးပေးမယ်။ ငါ့ရဲ့တိုက်ခိုက်မှုသုံးခုကိုခံနိုင်ရင် မင်းအသက် ချမ်းသာပေးပြီးတော့၊ ၀မ်ကျန်း လက်နက်တိုက်ကို လွှဲပေးမယ်"
သူပြောပြီးနောက် သူ၏ဓားရှည်ကြီးကို ထုတ်လိုက်သည်။ ၎င်းက ထူးခြားသည့် အထူးပြုလုပ်ချက်မျိုးမရှိဘဲ သာမန်သိုင်းပညာကဲ့သို့ပင် ရိုးရှင်းသည်။
‘ဆယ့်နှစ်ခုမြောက်ဓား’ ၀မ်ကျန်းတာအိုဘိုးဘေးက သူ့ဓားရှည်ကို ဓားဘိုးဘေးထံသို့ ချိန်ရွယ်ထိုးသွင်းလိုက်သည်။
ဓားတာအိုဘိုးဘေး၏မျက်လုံးများသည်လည်း ဒေါသအရောင်နှင့် တောက်ပနေ၏။ သူက ချက်ချင်းပင် ကောင်းကင်နတ်ဘုရားဓားဖြင့် တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
……..
အခန်း ၃၆၅ - ပျက်ဆီးခြင်းအထွတ်အမြတ် ဘုရားကျောင်း
၀မ်ကျန်းတာအိုဘိုးဘေး၏တိုက်ခိုက်မှုက တည်ငြိမ်အေးဆေးပြီး ဓားတာအိုဘိုးဘေး၏တိုက်ခိုက်မှုက မမေ့နိုင်ဖွယ်မြင်ကွင်းတစ်ခုကဲ့သို့ ခမ်းနားလှကာ အံ့ဩထိတ်လန့်စရာကောင်းသည်။
သို့သော်လည်း ဓားတာအိုဘိုးဘေး၏တိုက်ခိုက်မှုက ၀မ်ကျန်းတာအိုဘိုးဘေး၏ဓားနှင့် ထိပ်တိုက်တွေ့သောအခါ ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်းကွဲထွက်သွားသည်။ ထိုအရာက ၎င်းတို့နှစ်ဦးကြား အင်အားကွာခြားချက်ဖြစ်သည်။ နှစ်များစွာကြာပြီးနောက်ထိ ဓားဘိုးဘေးနှင့် ဝမ်ကျန်းတာအိုဘိုးဘေးတို့ကြား ကွာဟချက်ရှိနေဆဲဖြစ်သည်။
အဆုံးတွင် ဓားဘိုးဘေးက ၀မ်ကျန်းတာအိုဘိုးဘေး၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း သူ့မျက်နှာက ပျော်ရွှင်မနေခဲ့ပေ။ ၎င်းက ပထမဆုံးဓားချက်သာဖြစ်ကာ နောက်ထပ်နှစ်ချက် ထပ်လာဦးမည်။
‘ဆယ့်ရှစ်ခုမြောက်ဓား’ နောက်ထပ် ဓားချက်တစ်ခုကျလာကာ ၎င်းကယခင်တစ်ခုထက်ပင် ပို၍အားပြင်းသည်။ ဓားတာအိုဘိုးဘေးကလည်း တုံ့ဆိုင်းမနေဘဲ သူ၏ခုခံကာကွယ်ရေး နတ်လက်နက်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ ဘမ်း! နတ်လက်နက်ပေါက်ကွဲသံနှင့်အတူ ဓားတာအိုဘိုးဘေး လွှင့်ထွက်သွား၏။
"ဟားဟားဟား” ဓားဘိုးဘိုးဘေးက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
"၀မ်ကျန်း မင်းရဲ့ဓားသုံးချက်က ငါ့ကို မနိုင်တော့ပါဘူးကွာ”
ဆယ့်ရှစ်ခုမြောက်ဓားသည် ၀မ်ကျန်းလက်နက်တိုက်တွင် အစွမ်းအထက်ဆုံးဖြစ်၏။ ထိုဓားက ဓားဘိုးဘေး၏ အိပ်မက်ဆိုးဖြစ်ခဲ့ဖူးသည်။ သို့သော် ယခုတွင် ထိုဓားကို သူတားဆီးလိုက်နိုင်သည်။ နတ်ပစ္စည်းကိုဖောက်ခွဲခြင်းဖြင့် အောင်မြင်ခဲ့လျှင်ပင် သူပိတ်ဆို့နိုင်လိုက်ခြင်းဖြစ်သည်။
သူသာ ထိုဓားကိုတားဆီးနိုင်လျှင် နောက်တစ်ချောင်းကိုလည်း တားဆီးနိုင်လိမ့်မည်ဟု ဆိုလိုသည်။ တစ်ခဏတွေးပြီးနောက် တာအိုဘိုးဘေးသည် နောက်ထပ်နတ်လက်နက်နှစ်ခုကို ထုတ်ယူကာ သူ့ရှေ့တွင်ဆုပ်ကိုင်ထားသည်။
ဖုန်မှုန့်များနှင့် မီးခိုးများကြားမှ ဝမ်ကျန်းတာအိုဘိုးဘေး၏ပုံရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။ နတ်လက်နက်ပေါက်ကွဲမှုက ၀မ်ကျန်းတာအိုဘိုးဘေးကို လုံးဝမထိခိုက်စေခဲ့ချေ။
"ဓားတာအိုဘိုးဘေး၊ ဒီနှစ်တွေထဲမှာ မင်းတိုးတက်မလာသေးဘူးပဲ”
ဓားဘိုးဘေး၏ ကျင့်ကြံမှုအဆင့်က အနည်းငယ်တိုးဆက်လာသော်လည်း သူ၏ဓားစွမ်းရည်မှာ တိုးတက်မှုမရှိခဲ့ပေ။
သူက အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်နေသည့်တိုင် ၀မ်ကျန်းတာအိုဘိုးဘေးသည် ဓားဘိုးဘေးကို အထင်သေးနေဆဲဖြစ်သည်။ ၀မ်ကျန်းတာအိုဘိုးဘေးသည် ဓားတာအိုဘိုးဘေး၏ ဓားစွမ်းရည်တွင် ဓားတာအိုဘိုးဘေးများစွာ၏အရိပ်ကို မြင်ခဲ့ရသည်။
သူမတိုးတက်နိုင်သည့်အတွက် အခြားသူများ၏ ဓားစွမ်းရည်များနှင့်သာ ပေါင်းစည်းနိုင်သည်။ ထိုသို့သောသူက ဓားရေးလေ့ကျင့်ရန်ပင် မထိုက်တန်ချေ။
"၀မ်ကျန်း မင်းကဒီလောက်ကြာတာတောင် ဘာမှ မတိုးတက်သေးဘူး၊ ငါ့ကို ဘာဝေဖန်ပိုင်ခွင့်ရှိသလဲ"
၀မ်ကျန်းတာအိုဘိုးဘေး၏ ပြစ်တင်ဝေဖန်မှုများကြောင့် ဓားတာအိုဘိုးဘေးသည် အလွန်စိတ်မကျေမနပ်ဖြစ်သွား၏။ ထိုအချိန်က သူသည် ဓားရေးတွင် ၀မ်ကျန်းတာအိုဘိုးဘေးနှင့် မယှဉ်နိုင်ခဲ့ပေ။
ထိုခေတ်က ဓားရေးကျင့်ကြံသူတိုင်းက ၀မ်ကျန်းတာအိုဘိုးဘေးကဲ့သို့သော ဓားသမားကိုရင်ဆိုင်ရာတွင် စိတ်ပျက်အားငယ်ခဲ့ကြသည်။ ဓားဘိုးဘိုးဘေးက မည်မျှပင် ခက်ခက်ခဲခဲကြိုးစားခဲ့စေကာမူ သူသည် ၀မ်ကျန်းတာအိုဘိုးဘေးကို လုံးဝအမှီမလိုက်နိုင်ခဲ့ပေ။ နောက်ဆုံး ၀မ်ကျန်းတာအိုဘိုးဘေး ပျောက်ကွယ်သွားသောအခါ၌ သူ့အိပ်မက်ဆိုးများ ပြီးဆုံးသွားခဲ့ပြီဟု ထင်ထားခဲ့သည်။
ယခုတွင် ၀မ်ကျန်းတာအိုဘိုးဘေး ပြန်လည်ပေါ်လာခြင်းနှင့်အတူ သူ၏အတိတ်မှ အကြောက်တရားများနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။
"၀မ်ကျန်း မင်းဘာလို့ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှာ မသေသွားဘဲ ပြန်ရောက်လာတာလဲ"
ယခုတစ်ကြိမ်တွင် ဓားတာအိုဘိုးဘေးသည် ၀မ်ကျန်းတာအိုဘိုးဘေး၏ လက်နက်တိုက်ကိုရယူလိုသည့်အပြင် ၀မ်ကျန်းတာအိုဘိုးဘေး၏မျိုးဆက်ကို ရှင်းပစ်ချင်ခဲ့သည်။ သူသည် ပန်ကုစကြဝဠာရှိ ၀မ်ကျန်းတာအိုဘိုးဘေး၏ ခြေရာများအားလုံးကို ဖျောက်ဖျက်လိုခဲ့၏။
ဓားတာအိုဘိုးဘေး၏စကားများကို ၀မ်ကျန်းတာအိုဘိုးဘေးက တုံ့ပြန်လိုစိတ်ပင် မရှိတော့ချေ။
"တတိယဓားချက်”
‘နှစ်ဆယ့်တစ်ခုမြောက်ဓား’ ထိုဓားနည်းပညာအသစ်ကို ဝမ်ကျန်းတာအိုဘိုးဘေးက ပျက်ဆီးခြင်းပင်လယ်ထဲတွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူ၏စွမ်းရည်ကုန်ခမ်းမှုက ၀မ်ကျန်းတာအိုဘိုးဘေးအား ဓားပညာ၏အနှစ်သာရကို နားလည်သဘောပေါက်စေခဲ့ကာ ဤလမ်းကြောင်းတွင် ပိုမိုတိုးတက်စေခဲ့သည်။
ဓားရေးကျွမ်းကျင်မှု၌ ပန်ကုစကြဝဠာတစ်ခုလုံးတွင် ၀မ်ကျန်းတာအိုဘိုးဘေးကို ယှဉ်နိုင်သောသူ မည်သူမျှမရှိပေ။ ၎င်းက ဓားဘိုးဘေးနှင့် ဝမ်ကျန်းတာအိုဘိုးဘေးတို့ကြားမှ ကွာဟချက်ဖြစ်သည်။
နှစ်ဆယ့်တစ်ခုမြောက်ဓား၏စွမ်းအားကို ခံစားလိုက်ရသောအခါ ဓားဘိုးဘေး၏မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်းက မည်သို့ဖြစ်နိုင်မည်နည်း။ ဆယ့်ရှစ်ခုမြောက်ဓားသည် ၀မ်ကျန်းတာအိုဘိုးဘေး၏ အစွမ်းထက်ဆုံး တိုက်ခိုက်ခြင်းမဟုတ်လား။ အဘယ်ကြောင့် နောက်ထပ်ရှိနေရသေးသနည်း။
သူက နှစ်ထောင်ပေါင်းများစွာကြာအောင် ဓားစွမ်းရည်အသစ်များမရရှိခဲ့သော်လည်း ဝမ်ကျန်းက အဘယ်ကြောင့် ဤမျှကြီးမားသောအောင်မြင်မှုကို အလွယ်တကူရနိုင်ခဲ့သနည်း။
ယခင်က ယုံကြည်မှုရှိသော ဓားတာအိုဘိုးဘေးသည် ယခုအချိန်တွင် မည်သည့်အာမခံချက်မျှ မရှိတော့ပေ။ ကာကွယ်ရေး နတ်လက်နက်နှစ်ခုသည်ပင် သူ့ကို လုံခြုံမှုမပေးနိုင်ချေ။
ဓားတာအိုဘိုးဘေးက သူ့နှလုံးသားထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် ၀မ်ကျန်းတာအိုဘိုးဘေး၏တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိနိုင်ရန်မျှော်လင့်ကာ တုံ့ဆိုင်းမနေဘဲ ကာကွယ်ရေးနတ်လက်နက်နှစ်ခုကို ဖောက်ခွဲလိုက်သည်။ ဓားချက်က ဓားဘိုးဘေး၏ခန္ဓာကိုယ်ကို ဖြတ်သွားသည်။
“ဒီဓားက မင်းရဲ့ခန္ဓာကိုယ်ကိုဖြတ်ဖို့ မဟုတ်ဘူးနော်”
ဓားတာအိုဘိုးဘေးသည် ရုတ်တရက် သူနှစ်ရာထောင်ချီ၍စုဆောင်းခဲ့သော ဓားပညာနားလည်မှုများ တဖြည်းဖြည်းပြိုပျက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ကျင့်ကြံမှုအဆင့်မှာ တဖြည်းဖြည်း ပြိုကွဲသွား၏။ အနှိုင်းမဲ့တာအိုဘိုးဘေးနယ်မြေ ကျင့်ကြံမှုအဆင့်ကပင် သူ့ခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်သောလှုပ်ရှားမှုများကို မတားဆီးနိုင်ခဲ့ပေ။
၀မ်ကျန်းတာအိုဘိုးဘေးက တိုက်ခိုက်မှုအပြီးတွင် အခင်းဖြစ်ရာမှ ထွက်ခွါသွားခဲ့သည်။ သူ၏ကျင့်ကြံမှု အဆင့်မရှိတော့သောကြောင့် ယခင်က ဖြောင့်တန်းနေသော ဓားဘိုးဘေး၏ခန္ဓာကိုယ်သည် လျင်မြန်စွာအိုမင်းလာကာ ခဏအကြာတွင် အဘိုးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူချက်ချင်းမသေသွားသော်လည်း ကျင့်ကြံမှုအဆင့်မရှိပါက နောက်ဆုံးသေသွားရမည်ဖြစ်သည်။ ဓားတာအိုဘိုးဘေးသည်သူမွေးဖွားစဉ်မှစ၍ လက်ရှိအချိန်ထိမြင်ကွင်းအားလုံးကို ပြန်လည်မြင်ယောင်လာသည်။
သူ့ဘဝ၏အပျော်ရွှင်ဆုံးအချိန်မှာ ဓားပညာကို စတင်သင်ယူခဲ့ချိန်ကဖြစ်၏။ နောက်ပိုင်းတွင် သူရှာဖွေခဲ့သည့်အရာမှာ ဓားစွမ်းရည်မဟုတ်တော့ဘဲ အာဏာကိုသာဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ဓားကျွမ်းကျင်မှုတွင် ၀မ်ကျန်းတာအိုဘိုးဘေးကို အဘယ်ကြောင့် လိုက်မမီနိုင်ခဲ့မှန်း နားလည်သွား၏။
အကြောင်းမှာ သူ၏ရည်ရွယ်ချက်က မသန့်ရှင်းသောကြောင့်ဖြစ်သည်။ တကယ်တမ်းတွင် ဓားတာအိုဘိုးဘေး၏ ဓားကျွမ်းကျင်မှုက ၀မ်ကျန်းတာအိုဘိုးဘေးထက် နိမ့်ကျခြင်းမရှိဘဲ၊ ဓားအပေါ်တွင် သူ၏စိတ်မြှုပ်နှံထားမှု အားနည်းခြင်းကြောင့်ဖြစ်သည်။
၀မ်ကျန်းတာအိုဘိုးဘေးတစ်လျှောက်လုံး လိုက်ပါခဲ့သောအရာမှာ သူစတင်လေ့ကျင့်ခဲ့စဉ်ကနှင့် တူညီသော ဓားပညာသာဖြစ်၏။
"၀မ်ကျန်း၊ ငါရှုံးတာကို လက်ခံလိုက်ပြီ"
ဓားဘိုးဘေးက မျက်လုံးများကိုမှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် နာကြည်းစရာမရှိတော့ဘဲ နောက်ဆုံးတွင် သူ့လွတ်မြောက်မှုကို ရှာတွေ့သွား၏။
……..
အခန်း ၃၆၆ - ပျက်ဆီးခြင်းအထွတ်အထိပ်ဘုရားကျောင်း
ဓားတာအိုဘိုးဘေးက လွတ်မြောက်သွားသော်လည်း ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများမှာ ထိတ်လန့်စွာ ကျန်နေခဲ့ကြ၏။ ဤအခြေအနေမှလွတ်မြောက်ရန်အတွက် ဓားဘိုးဘေးကိုအားကိုးရန် မျှော်လင့်ခဲ့ကြသော်လည်း ယခု သူမရှိတော့သည့်အခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။
ရီရှောင်းရှောင်းသည် ၀မ်ကျန်းတာအိုဘိုးဘေးထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ဧကရာဇ်ကျန်းရှင်း၏ စိတ်ဝိညာဉ်ကိုရှာဖွေရန် တုံ့ဆိုင်းခြင်းမရှိ။
ဧကရာဇ်ကျန်းရှင်း၏မှတ်ဥာဏ်များထဲတွင် ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများက သူ့ကိုအမွေဆက်ခံရေးအတွက် ရီမိသားစုထံသို့ သွားရောက်စေခဲ့ခြင်းကို ထင်ရှားစွာတွေ့လိုက်ရသည်။
သူမ လက်ဖျောက်တစ်ချက်တီးလိုက်ခြင်းက ဧကရာဇ်ကျန်းရှင်း၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် သူမသည် ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများကို လှည့်ကြည့်လာသည်။ ရီမိသားစုကို ကြံစည်ဝံ့သူများပင်ရှိနေရာ သူတို့ယခင်ကသနားညှာတာလွန်းမိပုံရသည်။
ရီရှောင်းရှောင်း၏မျက်လုံးထဲမှ အကြည့်ကိုမြင်ရသောခါ ကျီးလဲ့တာအိုဘိုးဘေးနှင့် အခြားသူများသည် သူတို့ဖော်ထုတ်ခံလိုက်ရကြောင်း မသိဘဲမရှိပေ။
ထိုအချိန်တွင် ၎င်းတို့နှလုံးသားထဲရှိ တစ်ခုတည်းသောအရာမျာ အကြောက်တရားသာဖြစ်သည်။
ရီမိသားစု၏အင်အားက ၎င်းတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေရာ အပေးအယူလုပ်ရန် လုံးဝမဖြစ်နိုင်ချေ။
၎င်းတို့ တွက်ချက်မှုလွဲမှားခဲ့ကြ၏။ ရီမိသားစုသည် ၀မ်ကျန်းတာအိုဘိုးဘေး၏ အမွေအနှစ်ကို အမွေဆက်ခံခြင်းမျှသာမဟုတ်ဘဲ၊ သူတို့ဘက်တွင် ၀မ်ကျန်းတာအိုဘိုးဘေး အရှင်လတ်လတ်ရှိနေသည်။
ကျီးလဲ့တာအိုဘိုးဘေးသည် ထွက်ပြေးရန်အတွက်ကြိုးပမ်းရင်း တာအိုဘိုးဘေးစွာကို ရီရှောင်းရှောင်းထံသို့ တွန်းထုတ်ခဲ့သည်။ ခင်မင်ရင်းနှီးမှု အားလုံးကို သူ့စိတ်ထဲမှ ထုတ်ထားပြီးဖြစ်ကာ၊
ယခု သူလိုချင်သည့်အရာအားလုံးက အသက်ရှင်သန်ရန်သာဖြစ်သည်။
နောက်အခိုက်အတန့်တွင် ယန်ကျန်းက သူ့လမ်းကြောင်းတွင် ကာဆီးထား၏။ ရီမိသားစုကို နှောင့်ယှက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်သည့်သူဟူ၍ မရှိဘူးသေးပေ။ ခဏအကြာတွင် ယန်ကျန်းသည် ကျီးလဲ့တာအိုဘိုးဘေးကို ရီရှောင်းရှောင်း ရှေ့သို့ ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲခေါ်သွားခဲ့သည်။
ကျီးလဲ့တာအိုဘိုးဘေးကို ကိုင်တွယ်ရန် ယန်ကျန်းအတွက် အချိန်အများကြီးမလိုပေ။
၎င်းက အင်အားစုအသီးသီးမှ ထောက်လှမ်းသူများကို အံ့အားသင့်စေခဲ့သည်။ ထိုစွမ်းအားဖြင့် ယန်ကျန်းသည် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်တွင်မဟုတ်ပါက ထိုနေရာနှင့် နီးကပ်နေပြီဖြစ်သည်။
တခြားသူတစ်ဦး၏ တပည့်ဖြစ်လျှင် ယန်ကျန်းက အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်သည်ဟု တွေးမိမည် မဟုတ်သော်လည်း ယန်ကျန်း၏ဆရာဖြစ်သူက ဗောဓိဘိုးဘေးဖြစ်ကာ သူတော်စင်တစ်ပိုင်း နှစ်ဦးတည်းမှ တစ်ဦးဖြစ်သည်။
သူတော်စင်တစ်ပိုင်းကျင့်ကြံသူ၏ တပည့်က အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်နေသည်မှာ သာမန်မျှသာဖြစ်၏။ ထို့အပြင် ဗောဓိဘိုးဘေးထံတွင် နောက်ထပ်အင်အားကြီး တာအိုဘိုးဘေးနယ်မြေကျင့်ကြံသူ ရီဖန်ရှိသေးသည်မဟုတ်လား။
ရုတ်တရက် ထိတ်လန့်စရာတစ်ခုကို တွေ့သွားသည်။
ရီမိသားစုအတွင်း အနှိုင်းမဲ့တာအိုဘိုးဘေးများစွာ ရှိနေပုံရ၏။ ရီဖန်ကို ခနထား၊ ယခု ၀မ်ကျန်းတာအိုဘိုးဘေးလဲ ရှိသေးသည်။
သူတော်စင်တစ်ပိုင်းဖြစ်သည့် ဗောဓိဘိုးဘေးနှင့် အနှိုင်းမဲ့ တာအိုဘိုးဘေး ယန်ကျန်းတို့လည်း ရှိသည်။
လက်ရှိပန်ကုစကြဝဠာတွင် မည်သည့်မိသားစုကများ အနှိုင်းမဲ့ တာအိုဘိုးဘေးလေးဦးကို ပိုင်ဆိုင်ထားသနည်း။ ထိုကဲ့သို့သော စွမ်းအားများဖြင့် ရီမိသားစုသည် ပန်ကုစကြဝဠာတွင် နံပါတ်တစ်မိသားစုဖြစ်လာလိမ့်မည် မဟုတ်လား။
၎င်းတို့ ထိုအကြောင်းကို ပိုတွေးလေ ပိုကြောက်စရာကောင်းလေဖြစ်လာသည့်အတွက် သူတို့၏ယူဆချက်များကို သက်ဆိုင်ရာ မိသားစုများထံသို့ အစီရင်ခံရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြသည်။
အဓိကအင်အားစုများ၏စိတ်ထဲတွင် ရီမိသားစု၏ အင်အားက နောက်ထပ်များပြားလာသည်။
၎င်းတို့၏ ထင်မြင်ချက်က အလွန်မှန်၏။ ယန်ကျန်း၏ကျင့်ကြံမှုက တကယ်ပင် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သည်။
ရီဖန်ထောက်ပံ့ပေးသည့် ကြွယ်ဝသောအရင်းအမြစ်များနှင့် ဗောဓိဘိုးဘေး၏လမ်းညွှန်မှုဖြင့် ယန်ကျန်း၏ကျင့်ကြံ မှုသည် တာအိုဘိုးဘေး၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ အနှိုင်းမဲ့တာအိုဘိုးဘေးကိုဖြတ်ကျော်ရန်မှာ အခက်အခဲများစွာရှိလိမ့်မည်မဟုတ်ပေ။
ထိုအောင်မြင်မှုမရသေးမီ ၀မ်ကျန်းတာအိုဘိုးဘေးသည် သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ ဖြတ်သွားရန်အထိ စီစဉ်ထားပြီးဖြစ်၏။ သို့သော် ဝမ်ကျန့်ဂိုဏ်း၏ ဆက်ခံသူများနှင့်ပတ်သက်သည့်ကိစ္စက ဝမ်ကျန်းတာအိုဘိုးဘေး၏တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။
၀မ်ကျန်းတာအိုဘိုးဘေးသည် ဓားတာအိုဘိုးဘေးကို ကိုင်တွယ်ပြီးသည်နှင့် အဆင့်ဖြတ်ကျော်ရန် နီးကပ်လာပြီဟုခံစားမိသောကြောင့် ချက်ချင်း ထွက်သွားခဲ့သည်။ အကယ်၍ သူကိုယ်တိုင်ပတ်သက်သည့် ကိစ္စများကြောင့်သာ မဟုတ်လျှင် အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်သော ၀မ်ကျန်းတာအိုဘိုးဘေးအနေဖြင့် မည်သည့်အရာကိုမျှ စိတ်မ၀င်စားပေ။
အနှိုင်းမဲ့တာအိုဘိုးဘေးအတွက် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်သွားခြင်းထက် ပိုအရေးကြီးသောအရာမရှိပါ။ ရီမိသားစုသည် မကြာမီတွင် ဒုတိယမြောက် သူတော်စင်တစ်ပိုင်းနယ်မြေ ကျင့်ကြံသူရရှိလာလိမ့်မည်ဟု မျှော်လင့်နိုင်သည်။
သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်ရှိနေသည့် ရီဖန်ကတော့ ထိုအကြောင်းကိုမသိချေ။ သူသိခဲ့လျှင်ပင် ဂရုစိုက်လိမ့်မည်မဟုတ်။ သူရောက်ရှိနေသော ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အကျိုးအမြတ်များပိုမို ရိတ်သိမ်းရန်ရှိနေခဲ့သည်။ ဥပမာ သူ့ရှေ့ရှိ ထိုနန်းတော်ကိုကြည့်ပါလေ။
ပျက်ဆီးခြင်းချီဖြင့်ဖွဲ့စည်းထားသော မီးခိုးရောင်နန်းတော်က ရီဖန်ရှေ့တွင်ပေါ်လာသည်။
ရီဖန်သည် ထိုနေရာ၌ အချိိန်ကြာမြင့်စွာကတည်းက ရှိနေခဲ့သော်လည်း
ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ၎င်းက သာမန်ထက်ထူးကဲကြောင်းကို မည်သူမဆို ခန့်မှန်းနိုင်၏။
ခဏမျှတွေးပြီးနောက် ရီဖန်သည် သူ၏ကိုယ်ပွါးကို ဆင့်ခေါ်လိုက်သည်။ ရီဖန်၏ ကိုယ်ပွါးသုံးခုအသွင်ကူးပြောင်းခြင်းက ပြီးမြောက်နေပြီဖြစ်ကာ ကိုယ်ပွါးကောင်း၏ ကျင့်ကြံမှုအဆင့်သည်လည်း အထွတ်အထိပ်တာအိုဘိုးဘေးသို့ ရောက်ရှိနေသည်။ ၎င်းက ပျက်ဆီးခြင်းနန်းတော်ထဲသို့ ဂရုတစိုက်ဝင်ရောက်လာခဲ့၏။
၎င်းတို့ဝင်လာပြီး မကြာမီတွင် ရီဖန်သည် မြေပြင်ပေါ်ရှိ ရေအိုင်ပေါင်းများစွာကို တွေ့လိုက်ရသည်။ ရေအိုင်တစ်ခုစီတွင် စွဲမက်ဖွယ်ကောင်းသောရနံ့ကို ထုတ်လွှတ်နေသည့် နို့နှစ်ရောင်အရည်များရှိသည်။
ရီဖန်သည် ဤအရည်ထဲမှ ရင်းနှီးသောစွမ်းအားက ပျက်ဆီးခြင်းပုလဲရှိ စွမ်းအားနှင့်တူသည်ကို ခံစားလိုက်ရသည်။
အချိန်အတော်ကြာ အနီးကပ်စောင့်ကြည့်ပြီးနောက် ရေအိုင်တစ်ခုစီမှ ပျက်ဆီးခြင်းသတ္တဝါတစ်ကောင် မွေးဖွားလာကြောင်း ရီဖန်သိသွားသည်။ ပျက်ဆီးခြင်းသတ္တဝါများက ထိူသိူ့မွေးဖွားလာပုံရသည်။
ပျက်ဆီးခြင်းသတ္တဝါတစ်ကောင် မွေးဖွားလာသည်နှင့် အရည်တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
ကိုယ်ပွါးကောင်းအား အရည်ကိုထိရန် ညွှန်ကြားခြင်းမရှိဘဲ ရီဖန်က ရှေ့သို့သာဆက်သွားခဲ့သည်။
ပျက်ဆီးခြင်းနန်းတော်က အလွန်မကြီးမားသဖြင့် ရီဖန်သည် နေရာတစ်ချို့သို့ရောက်သည်နှင့် အလောင်းတစ်လောင်းကိုတွေ့လိုက်ရသည်။
အလောင်း၏အသားက လုံးဝပြိုကွဲသွားသော်လည်း ၎င်း၏အရိုးများက ရွှေရောင်တောက်ပနေပြီး အစွမ်းထက်သောစွမ်းအားကို ထုတ်လွှတ်နေသည်။
တာအိုဘိုးဘေးသို့မဟုတ် သူတော်စင်တစ်ပိုင်းတို့၏ အရိုးများပင်လျှင် သေလွန်ပြီးနောက်နှစ်ပေါင်းများစွာကြာသောအခါ ထိုကဲ့သို့အခြေအနေကို မထိန်းသိမ်းနိုင်ကြချေ။
အသက်ရှိစဉ်က ထိုအလောင်း၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်ပယ်ကို ကျော်လွန်သွားပုံရသောကြောင့် ၎င်းက ဒဏ္ဍာရီလာသူတော်စင်ဖြစ်နိုင်ပါသလား။ အလောင်း၏လက်ချောင်းတွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေ၏၊
ရီဖန်က ၎င်းကို ယူလိုက်ပြီးနောက် မကြာမီတွင် ရီဖန်၏အသိစိတ်ထဲ၌ ကျယ်ဝန်းသောသိုလှောင်ခန်းတစ်ခု ပေါ်လာသည်။
သို့သော် ထိုနေရာတွင် ကျောက်စိမ်းပြားလေးခုသာ ရှိနေပုံရသည်။ ရီဖန်က ၎င်းတို့ထဲ၌ မည်သို့သောလျှို့ဝှက်ချက်များ ရှိနေသည်ကို ကြည့်ရန်အတွက် ကျောက်စိမ်းပြားများကို ယူလိုက်သည်။
သူတော်စင် နိယာမ၊ မီးခိုးတိမ်နတ်စာအုပ်။ သူတော်စင် နိယာမ၊ သာ့လော့နတ်စာအုပ်။ သူတော်စင် နိယာမ၊ နတ်ဘုရားနတ်ဆိုး အထွတ်အမြတ်ကိုယ်ထည်။
ကျောက်စိမ်းပြားသုံးခုတွင် စစ်မှန်သောသူတော်စင်နိယာမများ ပါရှိသည်။ ၎င်းတို့က သူတော်စင်နယ်မြေအထိ ကျင့်ကြံရန်အတွက် ပြီးပြည့်စုံသော နည်းစနစ်များကိုထောက်ပံ့ပေးထားသည်။
ဤအရိုးစုပိုင်ရှင်သည် အမှန်တကယ်ပင် ဒဏ္ဍာရီလာသူတော်စင်ဖြစ်ကြောင်း ရီဖန်ကို အတည်ပြုမိလုနီးပါးဖြစ်စေခဲ့သည်။ သို့သော် သူတော်စင်များက မသေနိုင်ဟု ဆိုကြသည်မဟုတ်လော။ ၎င်းက ဤနေရာတွင်မည်သို့ သေသွားသနည်း။
ရီဖန်က ထိုအချက်ကြောင့် အနည်းငယ်အံ့ဩသွားခဲ့သည်။ သို့သော် နောက်ဆုံးကျောက်စိမ်းပြားက ရီဖန်၏စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပေးခဲ့၏။ နောက်ဆုံးကျောက်စိမ်းပြားတွင် အချက်အလက်အနည်းငယ်သာရှိသော်လည်း ရီဖန်အတွက် ၎င်းက သူတော်စင်နိယာမသုံးခုထက် ပိုအရေးကြီးသည်။
၎င်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံး၏ မူလအစကို မှတ်တမ်းတင်ထားခြင်းဖြစ်၏။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ပန်ကုစကြဝဠာအတွက် သီးသန့်မဟုတ်ပေ။ ၎င်းက အနီးနားရှိ စကြဝဠာများစွာနှင့်လည်း ဆက်စပ်နေသည်။
ပျက်ဆီးခြင်းစွမ်းအားများ ပြည့်လျှံလာခြင်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်ပို ဖြစ်ပေါ်လာစေသည်။
၎င်းက ကျယ်ပြောလှပြီး သူတော်စင်များပင်လျှင် ထိုနေရာကို အပြည့်အ၀ မစူးစမ်းနိုင်ကြချေ။ တော်တော်များများက ထိုထဲတွင် ပျောက်ဆုံးသွားကြ၏။
ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိ အကြီးမားဆုံးအခွင့်အရေးမှာ ပျက်ဆီးခြင်းဘုရားကျောင်းဖြစ်သည်။ ပျက်ဆီးခြင်း ဘုရားကျောင်းတွင် ပျက်ဆီးခြင်းအရည်များရှိသည်။
ပျက်ဆီးခြင်းအရည်၏ အထူးခြားဆုံးအသုံးပြုမှုမှာ သူတော်စင်တစ်ပိုင်းအတွင်းရှိစကြဝဠာကို လျင်မြန်စွာ ကျင့်ကြံပေးပြီး သူတော်စင်နယ်မြေကို ဖြတ်ကျော်စေနိုင်ခြင်းဖြစ်သည်။
သူရှာတွေ့ထားသော သူတော်စင်သည် ပန်ကုစကြဝဠာမှမဟုတ်ဘဲ အခြားစကြဝဠာမှဖြစ်နိုင်ကြောင်း ရီဖန်သဘောပေါက်လိုက်သည်။ ထိုစကြဝဠာ၏ ကျင့်ကြံသူများသည် သူတော်စင်နယ်မြေကိုဖြတ်ကျော်ရန် ဟုန်မိန်ခရမ်းရောင်ချီကို မလိုအပ်ကြပေ။
ပန်ကုစကြဝဠာတွင်သာ ထိုထူးဆန်းသော ကန့်သတ်ချက်များ ရှိနေပုံရသည်။ ထိုကန့်သတ်ချက်ကို ကျောက်စိမ်းပြားတွင် အသေးစိတ်မဖော်ပြထားသောကြောင့် ရီဖန်ကိုယ်တိုင်စုံစမ်းရမည်ဖြစ်သည်။
သို့သော် ပျက်ဆီးခြင်းအရည်သည် အခြားသောစကြဝဠာများမှ ကျင့်ကြံသူများကို သူတော်စင်နယ်မြေသို့ မြှင့်တင်ပေးနိုင်လျှင် ဗောဓိဘိုးဘေးကဲ့သို့သောသူများအား ဟုန်မိန်ခရမ်းရောင်ချီကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်စေရန် ကူညီပေးနိုင်လိမ့်မည်မဟုတ်လား။
ဟုန်မိန်ခရမ်းရောင်ချီနှင့်ပင် ဗောဓိဘိုးဘေးသည် အောင်မြင်မှုတစ်ခုပြုလုပ်ရန် အချိန်အတော်ကြာ လိုအပ်နေသေးသည်။ သို့သော် မဟာကမ္ဘာကြီး မဖွင့်လှစ်မီ နှစ်အနည်းငယ်သာရှိတော့ရာ မည်သို့ဖြစ်လာနိုင်သည်ကို သူတို့မသိကြသေးချေ။ သူတော်စင်တစ်ပိုင်းအဆင့်လောက်ဖြင့် ၎င်းက လုံလောက်အောင်ပြင်ဆင်ပြီးပြီဟု မဆိုနိုင်ပေ။
ယခုတွင် ပျက်ဆီးခြင်းအရည်ဖြင့် ၎င်းတို့သည် ဗောဓိဘိုးဘေး၏ကျင့်ကြံမှုကို အရှိန်မြှင့်နိုင်ပြီဖြစ်သည်။ မဟာကမ္ဘာကြီး ပြန်လည်ရောက်ရှိမလာမီ စစ်မှန်သော သူတော်စင်နယ်မြေသို့ ဖြတ်ကျော်နိုင်ခဲ့ပါက၊ ၎င်းသည် ရီမိသားစုအတွက် ကြီးမားသောကာကွယ်မှုတစ်ခု ဖြစ်လာလိမ့်မည်။
ပျက်ဆီးခြင်းအရည်သည် ၎င်းတို့၏ကျင့်ကြံမှုကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သောကြောင့် အခြားသော ကျင့်ကြံသူများအတွက် ထိပ်တန်းရတနာအဖြစ်လည်း သတ်မှတ်နိုင်သည်။ သို့သော် လူအများစုက ၎င်းကို ဖြုန်းတီးဝံ့မည်မဟုတ်ပေ၊ သာမန်ကျင့်ကြံသူများအနေဖြင့် ကျင့်ကြံရန်အတွက် ပျက်ဆီးခြင်းအရည်ကိုအသုံးပြုနိုင်မည့် အရင်းအမြစ်များပင် မရှိချေ။
………