← Chapters

အခန်း ၃၆၇-၃၆၉

Vol. 25 Ch. 367-369

အခန်း ၃၆၇-၃၆၉

Vol. 25 Ch. 367-369

အခန်း ၃၆၇ - ကြီးမြတ်သောခေတ်သို့ ရောက်ရှိလာခြင်း

သို့သော် ရီဖန်က သေချာပေါက်ပင် သာမန်ကျင့်ကြံသူ မဟုတ်ပေ။ ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် လျင်မြန်စွာတိုးလာခြင်းက သူတော်စင်နယ်မြေထက်သာလွန်ကာ ရီဖန်အတွက် ကုန်ကျစရိတ်သက်သာစေသည်။ သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ပျက်ဆီးခြင်းဘုရားကျောင်း တစ်ခုထက်မကရှိသည်။

ရီဖန်က သူ့ကံကြမ္မာအရ နောက်ထပ်ပျက်ဆီးခြင်းဘုရားကျောင်းများကို ရှာတွေ့နိုင်မည့် အခွင့်အရေးရှိသည်ဟု ယုံကြည်သည်။

သို့ဖြစ်ပါက ပျက်ဆီးခြင်းအရည်များကို သူစိတ်တိုင်းကျ အသုံးပြုနိုင်မည် မဟုတ်လား။ ပျက်ဆီးခြင်းဘုရားကျောင်းကို ဤအကြိမ်တွင် ရီဖန်၏ အကြီးမားဆုံးသော အကျိုးအမြတ်အဖြစ် မှတ်ယူနိုင်သည်။

ရီဖန်သည် ပျက်ဆီးခြင်းအရည်များကို မပျက်စီးစေရန်အတွက် ပျက်ဆီးခြင်းပုလဲအတွင်းရှိ သီးခြားနေရာငယ်လေးတစ်ခုတွင် ဂရုတစိုက်သိမ်းထားလိုက်သည်။ ရီဖန်သည် ပျက်ဆီးခြင်းအရည်ကို ပျက်ဆီးခြင်းပုလဲထဲသို့ ထည့်လိုက်သည်နှင့်တပြိုင်နက် ပျက်ဆီးခြင်းပုလဲထံမှ ပြင်းထန်သောအလိုဆန္ဒကို ခံစားလိုက်ရသည်။

၎င်းက အလွန်ပြင်းထန်၏။ ပျက်ဆီးခြင်းပုလဲက ထိုပျက်ဆီးခြင်းအရည်ကို စုပ်ယူချင်နေသည်။ လက်ရှိတွင် ပျက်ဆီးခြင်းစွမ်းအားပြတ်လပ်မှုမရှိသောကြောင့် ရီဖန်က ၎င်းကိုစမ်းသုံးကြည့်စေကာ ပျက်ဆီးခြင်းပုလဲ၏ တစ်ရာခိုင်နှုန်းကို စုပ်ယူခိုင်းရန်ဆုံးဖြတ်လိုက်သည်။

ပျက်ဆီးခြင်းအရည်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပျက်ဆီးခြင်းပုလဲအတွင်းရှိနေရာက သိသိသာသာ ပြောင်းလဲသွားသည်။ ယခုတစ်ကြိမ်တွင် ကမ္ဘာသစ်သည် ပိုမိုအားကောင်းလာရုံမျှမဟုတ်ဘဲ လုံးဝအသစ်တစ်ခု မွေးဖွားလာခဲ့သည်။

ပျက်ဆီးခြင်းအရည်၏ တစ်ရာခိုင်နှုန်းက ပျက်ဆီးခြင်းပုလဲထဲသို့ နောက်ထပ်စကြဝဠာတစ်ခုကို အမှန်တကယ် ထည့်သွင်းခဲ့သည်။ ပျက်ဆီးခြင်းအရည်များအားလုံးကို စုပ်ယူလိုက်လျှင် ပျက်ဆီးခြင်းပုလဲအတွင်းသို့ အနည်းဆုံး နောက်ထပ်စကြဝဠာ ဒါဇင်ပေါင်းများစွာကို ထည့်သွင်းနိုင်လိမ့်မည်။

စကြဝဠာဆယ်ခု၏ စွမ်းအားက အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦး၏စွမ်းအားနှင့် တူညီသည်။ ပျက်ဆီးခြင်းပုလံအတွင်းရှိကမ္ဘာကြီး အဆင့်တက်လာပြီးသည့်အချိန်မှစ၍ ၎င်းက ကြီးထွားရန် ပိုမိုခက်ခဲလာသည်။ ဤတစ်ကြိမ်တွင် ရီဖန်သည် ပျက်ဆီးခြင်းပုလဲ လျင်မြန်စွာကြီးထွားလာနိုင်မည့် နည်းလမ်းရှာတွေ့သည့်အတွက် အလွန်ပျော်သွား၏။

တစ်ခုတည်းသောအချက်မှာ ကုန်ကျစရိတ်အနည်းငယ်မြင့်မားခြင်းဖြစ်သည်။ စကြဝဠာသုံးထောင်နှင့် အခြားမရေမတွက်နိုင်သော ကမ္ဘာငယ်လေးများပါရှိသည်ကို ပန်ကုစကြဝဠာဟုခေါ်သည်။ ရီဖန်၏ပျက်ဆီးခြင်းပုလဲ ဆက်လက်ကြီးထွားနေပါက ၎င်းသည် နောက်ဆုံးတွင် အမှန်တကယ်စကြဝဠာဖြစ်လာနိုင်သည်။

သူတော်စင်အဆင့်စကြဝဠာတစ်ခုလုံး၏ စွမ်းအားဖြင့် ရီဖန်၏စွမ်းအာ မည်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်နည်း။ သူတော်စင်အဆင့် အလွန်လား။ သို့သော်လည်း ပျက်ဆီးခြင်းပုလဲကို အချိန်တိုအတွင်း စကြဝဠာအဆင့်သို့ အဆင့်မြှင့်တင်ရန် ခက်ခဲသောကြောင့် ရီဖန်သည် တစ်ဆင့်ပြီးတစ်ဆင့်သာ လုပ်ဆောင်နိုင်သည်။

ယခု ပျက်ဆီးခြင်းအရည်ကို သုံးစွဲသူ အများအပြားရှိနေပြီဖြစ်ပြီး၊ သူသည် အနာဂတ်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို မကြာခဏ သွားရောက်ရမည့်ပုံပေါ်သည်။ ပျက်ဆီးခြင်းဘုရားကျောင်းသည် တန်ဖိုးရှိသောကြောင့် ရီဖန်သည် သွေးဆောင်မှုကို မခံနိုင်ပေ။

ပျက်ဆီးခြင်းပုလဲကို စကြဝဠာအဆင့်သို့ အဆင့်မြှင့်ရန်အတွက် ရီဖန်သည် နောက်ထပ် ပျက်ဆီးခြင်းဘုရားကျောင်းဆယ်ခုကို ရှာရလိမ့်မည်။ နှစ်ထောင်ချီကြာသည့်အချိန်က လုံလောက်ပါ့မလားဟု သူတွေးမိ၏။

ရီဖန်သည် ပျက်ဆီးခြင်းပုလဲကို ပျက်ဆီးခြင်းအရည်၏ ဆယ်ပုံတစ်ပုံကို စုပ်ယူစေခဲ့သည်။ ထို့နောက် သူသည် နယ်မြေတစ်သောင်းဂိတ်တံခါးကို ထုတ်ကာ ရီမိသားစုထံ ပြန်သွားခဲ့သည်။ ရီဖန်သည် ရီမိသားစုသို့ ပြန်ရောက်ပြီးနောက် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ဗောဓိဘိုးဘေးကို ပျက်ဆီးခြင်းအရည်ကိုပေးအပ်ရန်ဖြစ်သည်။

"ဆရာ ဒါက ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှာ တွေ့ခဲ့ရတဲ့ ပျက်ဆီးခြင်းစိတ်ဝိညာဉ်အရည်ပါ၊ အဲ့ဒါက ဟုန်မိန်ခရမ်းရောင်ချီကို မြန်မြန်စုပ်ယူနိုင်အောင် ကူညီပေးလိမ့်မယ်”

စုပ်ယူမှုနှုန်းအရမ်းနှေးသောကြောင့် စိုးရိမ်နေသည့် ဗောဓိဘိုးဘေးက ရီဖန်၏စကားကိုကြားသောအခါ ဝမ်းသာသွားသည်။ တစ်ချိန်တည်းတွင် ဗောဓိဘိုးဘေးက အနည်းငယ်ရှက်ရွံ့သွား၏။ သူ့တပည့်က သူ့ကိုပြန်လည်ကူညီပေးနေရခြင်းက နည်းနည်းရှက်စရာကောင်းသည်မဟုတ်လား။

"ဆရာ၊ ဒါကို အဲလောက်စဉ်းစားဖို့ မလိုပါဘူး။ သုံးကြည့်လိုက်ပါ"

ရီဖန်သည် ဗောဓိဘိုးဘေး၏အတွေးကို သိသောကြောင့် ပြုံးကာ ပြောလိုက်သည်။

"ဆရာ ပိုသန်မာလာလေ၊ ကျွန်တော် ယုံကြည်မှု ပိုရှိလာလေပဲ"

ရီဖန်က ထိုသို့ပြောနေသဖြင့် ဗောဓိဘိုးဘေးလည်း မငြင်းသာတာ့ချေ။ ပျက်ဆီးခြင်းအရည် အနည်းငယ်ကိုယူ၍ စမ်းကြည့်သည်။ မူလက ဟုန်မိန်ခရမ်းရောင်ချီကို စုပ်ယူရန် ခက်ခဲနေသော်လည်း ပျက်ဆီးခြင်းအရည်က သံချေးတက်နေသော အစိတ်အပိုင်းတစ်ခုကို ချောဆီလောင်းလိုက်သကဲ့သို့ အရှိန်ချက်ချင်းမြန်လာသည်။

"ဆရာ ဘယ်လိုလဲ"

ဗောဓိဘိုးဘေး၏ မျက်လုံးပြန်ပွင့်လာသည်ကို မြင်သောအခါ ရီဖန်က အလောတကြီး မေးလိုက်သည်။

"ဒါက အရမ်းထိရောက်တာပဲ၊ အရှိန် အနည်းဆုံး ဆယ်ဆတိုးသွားပြီ” ဗောဓိဘိုးဘေးက ဝမ်းသာအားရ ပြောလိုက်သည်။

"အလုပ်ဖြစ်တော့ ကောင်းတာပေါ့!"

ကြီးမြတ်သောခေတ်သို့မရောက်မီ ဗောဓိဘိုးဘေး၏ ကျင့်ကြံမှုအဆင့်ကို သူတော်စင်တစ်ပိုင်း အထွတ်အထိပ်ထိ အဆင့်မြှင့်တင်နိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။ သို့ဖြစ်ပါက ၎င်းတို့သည် အခြားအင်အားစုများထံမှ နိုးကြားလာသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များကို ကိုင်တွယ်နိုင်သည်။

အချိန်ကျလာသောအခါ သူတော်စင်နယ်မြေကိုဖြတ်ကျော်ရန်အခွင့်အရေးရှိပါက အောင်မြင်မှုများကိုတတ်နိုင်သမျှမြန်မြန်ပြီးမြောက်နိုင်သည်။ ရီဖန်သည် ခဏတာအသုံးပြုရန် လုံလောက်နိုင်သည့် နောက်ထပ်ပျက်ဆီးခြင်းအရည်၏ ဆယ်ပုံကို ဗောဓိဘိုးဘေးထံသို့ပေးခဲ့သည်။

ထို့နောက် ရီဖန်သည် ရီမိသားစု၏ အခြားသောကျင့်ကြံသူများကိုခေါ်ကာ ပျက်ဆီးခြင်းအရည်ကို ခွဲဝေပေးသည်။ ယခုအချိန်မှစ၍ ရီမိသားစုမှကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မခွဲခြားဘဲ ပျက်ဆီးခြင်းအရည်ကို အသုံးပြု၍ ကျင့်ကြံကြလိမ့်မည်။

သို့သော်လည်း မူလအလွန်အသုံးဝင်သော ပျက်ဆီးခြင်းပုလဲကို အသုံးမပြုဘဲထားရလိမ့်မည်။ ထိုကောင်းမွန်သည့်အရာကို အသုံးမချပါက ဖြုန်းတီးရာကျလိမ့်မည်။ ရီဖန်သည် ပျက်ဆီးခြင်းပုလဲမှ ပျက်ဆီးခြင်းအရည်ကို ထုတ်ယူနိုင်မည်လားဟု ကြိုးစားကြည့်ရန်ဆုံးဖြတ်ထားသည်။

၎င်းတို့၏ ကျင့်ကြံမှုအဆင့်တိုးလာသည့်အတွက် ရီမိသားစု၏ ဆေးပညာနှင့် လက်နက် သန့်စင်ခြင်းအဆင့်တို့က နောက်ကျကျန်စပြုလာသည်။ သူတော်စင်နယ်မြေအလယ်အလတ်အဆင့်က မလုံလောက်တော့ပေ။ ဤကာလအတွင်းတွင် လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာအဆင့်ကို အဆင့်မြှင့်တင်ရန် လိုအပ်သည်။ အနည်းဆုံး သူတော်စင်နယ်မြေနှောင်းပိုင်းတွင် ရှိသင့်သည်မဟုတ်လား။

ပြောမှပင် လက်ရှိ ပန်ကုစကြဝဠာ၌ မည်သူမျှ သူတော်စင်နယ်မြေ နှောင်းပိုင်းအဆင့် ဆေးလုံးများနှင့် လက်နက်များကို မည်သူကမှ မသန့်စင်နိုင်ပုံရသည်။ လက်ရှိ ရှိနေသော အရာများမှာ နောက်ဆုံးခေတ်မှ ဆင်းသက်လာခဲ့ခြင်းသာဖြစ်၏။

ရီဖန်သည် ရီမိသားစု၏ကျင့်ကြံသူများကို ရှေးနတ်ဘုရားအမွေအနှစ်များဆီသို့ ပြန်လည်ပို့ဆောင်ခဲ့ကာ လက်နက်သန့်စင်ခြင်းလမ်းကြောင်းကို အဆက်မပြတ်နားလည်လာစေသည်။ ရီမိသားစုမှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အလိုလိုသိမြင်နိုင်စွမ်းမှာ အလွန်ကောင်းမွန်ကြ၏။

………

အခန်း ၃၆၈ - ကြီးမြတ်သောခေတ်သို့ ရောက်ရှိလာခြင်း

ရီဖန်ပြန်လည်ယူဆောင်လာသော ပျက်ဆီးခြင်းအဖြေနှင့်ပေါင်းစည်းလိုက်သောအခါ ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သောကြောင့် ရီမိသားစုမှ ကျင့်ကြံသူများသည် အခြားနေရာသို့မသွားဘဲ နေအိမ်တွင်သာ ဆက်လက်နေထိုင်ကျင့်ကြံလိုကြသည်။

၎င်းတို့၏ တာအိုနှလုံးသားကို မြှင့်တင်ရန် လိုအပ်ခြင်းကြောင့်သာမဟုတ်ပါက အိမ်ထဲတွင်နေမည်မှာ သေချာသည်။ ရီမိသားစုတစ်ခုလုံး တိုးတက်လာခြင်းကြောင့် ရီဖန်၏ကျင့်ကြံမှုအဆင့်တိုးမြင့်လာကာ အနှိုင်းမဲ့တာအိုဘိုးဘေး ကန့်သတ်မှတ်နှင့်နီးကပ်လာသည်။

ရီမိသားစုက တည်ငြိမ်အေးချမ်းနေသော်လည်း ပန်ကုစကြဝဠာတစ်ခုလုံးသည် အလွန်မငြိမ်မသက်ဖြစ်နေ၏။ လက်ရှိပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုနှင့် လာရှုပ်ရန်အသာထား၊ ယခုအချိန်တွင် ၎င်းတို့၏ ယခင်လူများကယူဆောင်လာသော ပို၍ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။

စကြဝဠာတစ်ခုသည် နတ်ဆိုးနတ်ဘုရားနှစ်ပါးကို သည်းမခံနိုင်သောကြောင့် လော့ထောင်နှင့်ဝူရှန်းဘိုးဘေး တို့ကလည်း အချင်းချင်းသည်းမခံနိုင်ကြချေ။ အစောပိုင်းတိုက်ပွဲများသည် ထန်မင်းဆက်ဘုရင် ဦးဆောင်သော ပျက်ဆီးခြင်းဂိုဏ်းနှင့် အရိုးဘိုးဘေးဦးဆောင်သော ယင်ယန်ဂိုဏ်းကြားတွင်သာ ဖြစ်ပွားခဲ့သည်။

သူတော်စင်တစ်ပိုင်းမရှိသောကြောင့် ၎င်းတို့၏ယုံကြည်မှု လျော့နည်းနေခြင်းဖြစ်နိုင်သည်၊ ယန်ယန်ဂိုဏ်းသားများက တိုက်ပွဲအစောပိုင်းတွင် အမြဲတမ်းအားနည်းနေသည်။ ၎င်းတို့ ပျက်ဆီးခြင်းဂိုဏ်းနှင့် အရင်းနှီးဆုံးသူများမှာ ဝူရှန်းဘိူးဘေးနှင့် အရိုးဘိုးဘေးတို့ဖြစ်ကြသည်။

သို့သော် တိုက်ပွဲက တဖြည်းဖြည်းအလှည့်အပြောင်းများလာပြီး အံ့ဩစရာကောင်းတာသည်မှာ ယင်ယန်ဂိုဏ်းက တိုက်ပွဲများတွင် အသာစီးရလာခြင်းဖြစ်သည်။

လော့ထောင်မှာ ၎င်းကိုလုံးဝ သည်းမခံနိုင်ပေ။ နောက်ဆုံးတွင် လော့ထောင်ကိုယ်တိုင်လှုပ်ရှားပြီး ယင်ယန်ဂိုဏ်း၏ဌာနချုပ်ကို တိုက်ခိုက်ရန်စီစဉ်ခဲ့သည်။

အခြေအနေကိုစောင့်ကြည့်နေသော အင်အားစုကြီးအားလုံးက ယင်ယန်ဂိုဏ်းတော့သွားပြီဟု ထင်ထားကြကာ အချို့မှာ ယင်ယန်ဂိုဏ်းကို လျှို့ဝှက်တိုက်ခိုက်ရန်ပင် စတင်စဉ်းစားလာကြသည်။ ထိုဂိုဏ်းကြီးနှစ်ခုက သေလောက်အောင်တိုက်ပွဲဖြစ်သွားလျှင် ၎င်းတို့အတွက် အကောင်းဆုံးဖြစ်သည်။ တစ်ဖက်ကကျဆုံးသွားပြီး နောက်တစ်ဖက်က ပိုမိုလွှမ်းမိုးချုပ်ကိုင်လာသည့်အခြေအနေမျိုးကို မမြင်လိုကြချေ။

သို့သော် ထိုအချိန်တွင် ဝူရှန်းဘိုးဘေးက သူ၏သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့် ထွက်ပေါ်လာသည်။ သူတော်စင်တစ်ပိုင်းနယ်မြေ၏စွမ်းအားဖြင့် ဝူရှန်းဘိုးဘေးသည် လော့ထောင်ကို တားဆီးနိုင်ခဲ့၏။ သူတော်စင်အဆင့်ရောက်ရှိနေခြင်းတူညီသောကြောင့် လော့ထောင်က ဝူရှန်းဘိုးဘေးကို ဘာမှလုပ်မရတော့ချေ။ နောက်ဆုံးတွင် ၎င်းတို့ သရေတိုက်ပွဲဖြင့် အဆုံးသတ်ခဲ့သည်။

သို့သော်လည်း နှစ်ဖက်လုံးက တိုက်ပွဲကိုရပ်တန့်ရန် မစဉ်းစားဘဲ ပို၍ပင်ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အဓိကဂိုဏ်းနှစ်ခုကြား တိုက်ပွဲက ပန်ကုစကြဝဠာတစ်ခုလုံးကို ထိခိုက်လာသည်။

ထို့ကြောင့် ခဲခဲယဉ်းယဉ်းတည်ငြိမ်နေသော ပန်ကုစကြဝဠာသည် တစ်ဖန်ရှုပ်ထွေးလာပြန်၏။

သူတော်စင်တစ်ပိုင်းရှိသော အင်အားစုများအတွက် အခြေအနေကောင်းမွန်နေသေးသော်လည်း တစ်ယောက်မှမရှိသောအင်အားစုများက နတ်ဆိုးနတ်ဆိုးနှစ်ပါး၏ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်ကြသည်။

သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်ရှိသည့် အင်အားစုမှာ သုံးခုသာရှိသည်၊ ရီမိသားစုနှင့် ဝမ်ရှန်းဂိုဏ်း တာအိုဂိုဏ်းတို့က ၎င်းတို့၏သူတော်စင်ဘိုးဘေးများကို လတ်တလော နိုးထစေခဲ့သည်။ ထို့ကြောင့် ထိုအင်အားစုနှစ်ခုက ၎င်းတို့အတွက် နှစ်လိုဖွယ်ပစ်မှတ်များဖြစ်လာခဲ့သည်။

အကယ်၍ နတ်ဆိုးဘုရားတစ်ပါးပါးက အမှန်တကယ်တိုက်ခိုက်ခဲ့ချိန်တွင် ထိုအင်အားစုနှစ်ခုမှ သူတော်စင်တစ်ပိုင်းတို့ထံမှ အကူအညီများရပါက သူတော်စင်မရှိသော အင်အားစုများအတွက် အဆင်ပြေလိမ့်မည်။

သူတော်စင်တစ်ပိုင်း စွမ်းအားရှင်ရှိသော်လည်း မနှိုးရသေးသော အင်အားစုများလည်းရှိကြ၏။

ကြီးမြတ်သောခေတ်သို့ မရောက်သေးသဖြင့် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များက်ို နိုးထစေရန် မထိုက်တန်ချေ။ နှစ်ပေါင်းများစွာ စည်းတံဆိပ်ခတ်ထားပြီးနောက် သူတော်စင်တစ်ပိုင်း လက်ကျန်အသက်စွမ်းအားက များပြားခြင်းမရှိပေ။

တိုက်ပွဲတိုင်းတွင် အသက်စွမ်းအားကို အသုံးချရသောကြောင့် စစ်မှန်သောသူတော်စင်နယ်မြေသို့မဖြတ်ကျော်နိုင်ခဲ့ပါကသူတော်စင်တစ်ပိုင်းဘိုးဘေးများသည် ၎င်း၏လက်ရှိအခြေအနေအရ နောက်ထပ်တိုက်ပွဲများစွာကို စီမံနိုင်တော့မည်မဟုတ်။

ထို့ကြောင့် နောက်ပိုင်းတွင် သူတော်စင်တစ်ပိုင်းတစ်ယောက်သို့မဟုတ် နှစ်ယောက်သာရှိသော အင်အားစုများအတွက် ထိုအခြေအနေကအကျိုးကျေးဇူးများပိုများသည်။ သူတော်စင်တစ်ပိုင်း၏ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသော်လည်း ၎င်းတို့က စည်းတံဆိပ်ခတ်ထားသော သူတော်စင်တစ်ပိုင်းကို နှိုးထရန် မလုပ်ကြပေ။

တာအိုဂိုဏ်းနှင့် ဝမ်ရှန်းဂိုဏ်းကဲ့သို့သော အင်အားစုများသည် သူတော်စင်တစ်ပိုင်း တစ်ယောက်မကရှိသောကြောင့် ပြဿနာမရှိ။ အခြေအနေက ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်လိမ့်မည်ဟု လူတိုင်းကထင်ခဲ့ကြသော်လည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုက လူတိုင်းကို အံ့ဩသွားစေသည်။

အလယ် မဟာကမ္ဘာတစ်ထောင်၊ ပန်ကုစကြဝဠာတစ်ခုလုံးနှင့် ပထမဆုံး မဟာကမ္ဘာတစ်ထောင်တို့တွင်

မဟာကမ္ဘာတစ်ထောင်ကို မည်သည့်အင်အားစုတစ်ခုတည်းကမှ လုံးဝသိမ်းပိုက်ထားခြင်းမရှိဘဲ၊ ထိုအစား များပြားလှသောအင်အားစုများက ရှုပ်ထွေးစွာဆက်နွှယ်နေကြကာ ၎င်းတို့ထဲမှ မည်သူကမှ အားမနည်းကြချေ။ ထိပ်တန်းအင်အားစုအများအပြားပင် ထိုနေရာ၌ ၎င်းတို့၏လက်အောက်ငယ်သားများရှိသည်။

သို့သော် လွန်ခဲ့သောနာရီဝက်ခန့်က ပေးချမ်းနေသော ကမ္ဘာသည် ရုတ်တရက်ပြောင်းလဲမှုကို ခံစားခဲ့ရသည်။ အလယ်ကမ္ဘာ၏ဗဟိုတွင် သေးငယ်သောအမွေအနှစ်တစ်ခု ပေါ်လာသည်။ ၎င်းပေါ်လာသည်နှင့်တပြိုင်နက် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

အကြောင်းမှာ အမွေအနှစ်ပေါ်တွင် ရေးထားသော စကားလုံးလေးလုံးဖြစ်သည့် ဒြပ်စင်သုံးခုအထွတ်အမြတ်ရတနာဟူသော စာလုံးကြောင့်ဖြစ်သည်။

ပေါ်လာသည့်အရာမှာ သူတော်စင်တစ်ယောက်၏ အုတ်ဂူဖြစ်ကာ နာမည်အတိုင်းပင် ၎င်းက သူတော်စင်တစ်ဦး၏ သင်္ချိုင်းနေရာဖြစ်သည်။ သာမန်အခြေအနေများတွင် သူတော်စင်အုတ်ဂူကို မဟာတာအိုဥပဒေဖြင့် ကာကွယ်ထားသောကြောင့် ၎င်း၏တည်နေရာကို သူတော်စင်တစ်ပိုင်းများပင်ရှာဖွေရန် မဖြစ်နိုင်ပေ။

၎င်းပေါ်ပေါက်လာခြင်းက တစ်စုံတစ်ရာကို ရည်ညွှန်းနေသည်။ ကြီးမြတ်သောခေတ်ကြီးသို့ ရောက်ရှိလာပြီဖြစ်၏။

“မြန်မြန်! ဘိုးဘေးကို နှိုးကြ”

"ဘိုးဘေးတွေ ပြန်လာဖို့ အချိန်ကျပြီ!"

"ကြီးမြတ်တဲ့ခေတ်ရောက်ပြီ၊ သူတော်စင်ဖြစ်ဖို့ အခွင့်အရေးက ဒီမှာပဲ!"

အင်အားစုများသည် တားမြစ်နယ်မြေများအတွင်းသို့ စိတ်အားထက်သန်စွာ ဝင်ရောက်လာကာ နှစ်သန်းပေါင်းများစွာ အိပ်ပျော်နေသော ဘိုးဘေးများကို နိုးထစေခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့၏ အချိန်မတန်မီနိုးထလာခြင်းက အကျိုးသက်ရောက်မှုရှိမရှိ ဂရုမစိုက်တော့ပေ။

အထွတ်အမြတ်ရတနာ ပေါ်ပေါက်လာခြင်းက သူတော်စင်ဖြစ်ရန် အခွင့်အလမ်းတစ်ခုဖြစ်သည့် ဟုန်မိန်ခရမ်းရောင်ချီ ပါဝင်နေကြောင်းဆိုလိုသည်။

အထွတ်အမြတ်ရတနာတစ်ခုစီတွင် ဟုန်မိန်ခရမ်းရောင်ချီ ပါ၀င်နိုင်သည်။

ဒြပ်စင်သုံးပါးသူတော်စင်သည် လွန်ခဲ့သောရာစုနှစ်နှစ်ခုက သူတော်စင်တစ်ဦးဖြစ်ကာ သူတော်စင်များကြားတွင်ပင် စွမ်းအားကြီးသည်ဟု ယူဆရသည်။ သူ၏ အထွတ်အမြတ်ရတနာတွင် ဟုန်မိန်ခရမ်းရောင်ချီကို သိုလှောင်ထားမည့် အခွင့်အရေးက အခြားသောသူတော်စင်များ၏ အားနည်းသော အထွတ်အမြတ်ရတနာနှင့် ယှဉ်လျှင် အလွန်များပြားသည်။

ဟုန်မိန်ခရမ်းရောင်ချီမရှိလျှင်ပင် ဝိညာဉ်ပစ္စည်းများနှက့် သူတော်စင်နယ်မြေဥပဒေများ၊ အဆင့် နတ်လက်နက်များ ရှိနေမည်မှာသေချာသည်။ ထိပ်တန်းအင်အားစုများသာမကဘဲ တာအိုဘိုးဘေးပင်လျှင် မငြိမ်မသက်ဖြစ်နေကြသည်။

၎င်းတို့သည် ဟုန်မိန်ခရမ်းရောင်ချီအတွက် အခွင့်အရေးမရနိုင်သော်လည်း သူတော်စင်နယ်မြေဥပဒေများနှင့် နတ်လက်နက်များက ၎င်းတို့ကို သေချာပေါက်ဆွဲဆောင်နိုင်သည်။

ကြီးမြတ်သောခေတ်သို့ ရောက်ရှိလာသည်နှင့်အမျှ အနှိုင်းမဲ့တာအိုဘိုးဘေးများသည် အဆင့်ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကို ခံစားသိရှိထားပြီးဖြစ်သည်။မဟာတာအိုဖိနှိပ်မှုကို ရုတ်သိမ်းလိုက်သည်နှင့်တပြိုင်နက် ၎င်းတို့ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ရန် အခွင့်အလမ်းများမှာ သိသိသာသာ တိုးလာသည်။ ယခုမလုပ်လျှင် မည်သည့်အချိန်မှ လုပ်ရမည်နည်း။

နောက်ပိုင်းကာလတွင် ပန်ကုစကြဝဠာကြီး ပြောင်းလဲသွားကြောင်း ကျင့်ကြံသူများက ခံစားခဲ့ရသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် သူတော်စင်တစ်ပိုင်းရောင်ဝါကို ရုတ်တရက်ခံစားနိုင်သည်။

"ဟန်တန်းတောင်က ကျန်းမိသားစုမှာ ဘယ်လိုလုပ် သူတော်စင်တစ်ပိုင်းရှိနေတာလဲ"

"ပင်လယ်အိုး အင်မော်တယ်မင်းဆက်က တစ်နေ့တည်းမှာ သူတော်စင်နှစ်ပါး နိုးထသွားတဲ့အပြင် သူတို့ရဲ့အခြေခံအုတ်မြစ်ကလဲ တော်တော်နက်နဲတာပဲ!"

သူတော်စင်တစ်ပိုင်းများရှိသော အင်အားစုများက ထိပ်တန်းအင်အားစုများသာမဟုတ်ကြချေ။ အံ့ဩစရာကောင်းလောက်အောင့်ပင် ယခင်က မကြားဖူးသော အင်အားစုအချို့တွင်လည်း သူတော်စင်တစ်ပိုင်းရှိနေသည်။ နှစ်တစ်သန်းကျော်တွင် အပြောင်းအလဲများ ကြီးမားခဲ့၏။ အင်အားကြီး အင်အားစုအချို့ပင်လျှင် ကျဆင်းသွားနိုင်သည်။

အင်အားစုလေးများမှာ တဖန်ပြန်လည်တိုးတက်လာနိုင်မည့် အခွင့်အရေးကို အမြဲစောင့်မျှော်နေခဲ့ကြပြီး ယခုတွင် ထိုအခွင့်အရေး ရောက်ရှိလာလေပြီ။ သူတော်စင်တစ်ပိုင်းများ နိုးထခြင်းက ၎င်းတို့၏မျိုးနွယ်စုငယ်များကို အထွတ်အထိပ်သို့ ပြန်လည်ပို့ဆောင်ပေးရန် လုံလောက်၏။

အချို့သော အင်အားစုငယ်လေးများမှာ ယခင်တည်းက တိုက်ရိုက်ချေမှုန်းခံခဲ့ရပြီးဖြစ်ကာ ၎င်းတို့၏မိသားစုများမှာ ခြေရာပင်မကျန်တော့ဘဲ ၎င်းတို့ဘိုးဘေးများကလည်း လွင့်မျောပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထိုမျိုးနွယ်စုငယ်များအတွက် ဤအခြေအနေက ၎င်းတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးဖြစ်သည်။

သူတော်စင်တစ်ပိုင်းပေါ်လာသောအခါတွင် အထွတ်အမြတ်ရတနာကို မည်သူကမှ ဂရုမစိုက်တော့ချေ။ ၎င်းတို့၏ ထိပ်တန်းဦးစားပေးမှာ ၎င်းတို့၏အင်အားစုများကို အရင်မြှင့်တင်ရန်ဖြစ်သည်။

မျိုးနွယ်စုငယ်များသည် လျင်မြန်စွာတိုးတက်လာရန်အတွက် အရင်းအမြစ်များ လိုအပ်သည်။

ပုံမှန်အားဖြင့် သူတော်စင်တစ်ပိုင်းဘိုးဘေးများသည် အခြားအင်အားစုများ၏အရင်းအမြစ်များအပေါ်တွင် မျက်စိကျတတ်ကြသည်။ အလယ်အလတ်အင်အားစုများ၏ ကျဆုံးမှုက နတ်ဆိုးဘုရားနှစ်ပါးကြောင့်မဟုတ်ဘဲ ယခင်ခေတ်က သူတော်စင်တစ်ပိုင်းတို့ကြောင့်ဖြစ်သည်။

ချက်ခြင်းပင် ပန်ကုစကြဝဠာရှိ အင်အားစုများအားလုံးက ကြီးမားသောအပြောင်းအလဲကို ကြုံတွေ့ခဲ့ရ၏။

ပိုမိုကြံုတွေ့ရသူများမှာ စွမ်းအားကြီး အင်အားစုများမှ သူတော်စင်တစ်ပိုင်းများဖြစ်သည်။

မူလအင်အားကြီးအင်အားစုများက သူတော်စင်တစ်ပိုင်းကာကွယ်မှုမရှိဘဲ အခြားသောအင်အားစုများထံမှ အာရုံစိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့၏လှုပ်ရှားမှုများကို လျှော့ချထားရသည်။ ဤခေတ်တွင် သူတော်စင်များမရှိပါက အသံပင်မမြှင့်ရဲကြချေ။

ဤအသက်ရှုကြပ်သည့်အခြေအနေက အဓိကအင်အားစုအားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထိုသို့ဖြစ်လာမည်မှန်း သူတို့သိခဲ့လျှင် ကြီးမြတ်သောခေတ်သို့ ရောက်ချင်ကြမည်မဟုတ်။ ယခုအခါတွင် ၎င်းတို့ဖြတ်ကျော်ရန် အခွင့်အလမ်းပင်မရှိဘဲ အချိန်မရွေးပျက်သုဉ်းသွားနိုင်သည်။

ပန်ကုစကြဝဠာရှိ ထိပ်တန်းအင်အားစုတစ်ခုအနေဖြင့် ရီမိသားစုသည် နိုးကြားလာခါစ သူတော်စင်တစ်ပိုင်းများထံမှ အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့သည်။ အရင်းအမြစ်များကိုရှာဖွေနေသော သူတော်စင်တစ်ပိုင်းအချို့က ရီမိသားစုအပေါ်တွင် မျက်စိကျနေသည်။ ကမ္ဘာပေါင်းနှစ်ဆယ်ကို သိမ်းပိုက်ထားသည့် ရီမိသားစုက အလွန်ချမ်းသာမည်မှာ သေချာပါ၏။

သို့သော်လည်း ရီမိသားစုထုတ်ဖော်ခဲ့သော အင်အားက ပျော့ညံ့ခြင်းမရှိသောကြောင့် နိုးထလာသော သူတော်စင်တစ်ပိုင်းတို့သည် ပေါ့ပေါ့တန်တန်မလုပ်ရဲပေ။ မြေခွေးအိုကြီးများဖြစ်သောကြောင့် ၎င်းတို့အားလုံးသည် ရီမိသားစု၏အင်အားကိုစမ်းသပ်ရန် ဓားစာခံတစ်ယောက်ယောက်ကို စောင့်မျှော်နေသည်။

………..

အခန်း ၃၆၉ - လူသားဧကရာဇ်ရီရှောင်းရှောင်း

ရီမိသားစုသာ အင်အားအလုံအလောက်မရှိပါက ထိုလူအိူကြီးများသည် ရီမိသားစုတစ်ခုလုံးကို ခုန်အုပ်မျိုချရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် ရီမိသားစုကလုံးဝမတုံ့ပြန်ခဲ့ချေ။

အထွတ်အမြတ်ရတနာတိုက် အနီးတစ်ဝိုက်တွင်ပင် ရီမိသားစုမှလူတစ်ဦးတစ်ယောက်ကိုမှ တွေ့ရသည်မဟုတ်။ ရီမိသားစုက အထွတ်အမြတ်ရတနာကို စိတ်မဝင်စားသောကြောင့်များလား။

ထိုအကြောင်းပြချက်က လုံးဝမဖြစ်နိုင်။ ရီမိသားစု၏ သူတော်စင်တစ်ပိုင်းကလည်း စစ်မှန်သောသူတော်စင်နယ်မြေကျင့်ကြံသူဖြစ်ရန် ဆန္ဒရှိလိမ့်မည်။ တစ်ပိုင်းသူတော်စင်တိုင်းအတွက် အထွတ်အမြတ်ရတနာက အလွန်အရေးကြီးကာ ဟုန်မိန်ခရမ်းရောင်ချီကိုပင် ရရှိနိုင်သည်။

ဟုန်မိန်ခရမ်းရောင်ချီသည် အထွတ်အမြတ်ရတနာထဲတွင် သေချာပေါက်ရှိမည်ဟု မပြောနိုင်သောလည်း ယခင်ခေတ်ပုံစံများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ တစ်မူထူးခြားသည်။ ဤခေတ်က အရင်ခေတ်များနှင့် သေချာပေါက်မတူချေ။

သူတော်စင်တစ်ပိုင်းများက အချိန်မတိုင်မီ ပေါ်ထွက်လာရုံသာမကဘဲ၊ ခေတ်ကာလကပါ နှစ်ထောင်ပေါင်းများစွာစော၍ ရောက်ရှိလာသည်။ သို့သော် ၎င်းသည် အထွတ်အမြတ်ရတနာကို လိုက်ရှာနေသည့် သူတော်စင်တစ်ပိုင်းကျင့်ကြံသူများကို မထိခိုက်စေချေ။

"ရီမိသားစုရဲ့ သူတော်စင်တစ်ပိုင်းက အတုအယောင်ဖြစ်ပြီးတော့၊ သူတော်စင်တစ်ပိုင်းအစစ် မဟုတ်တာ ဖြစ်နိုင်တယ်”

"အတိအကျပြောရရင် ခေတ်သစ်မရောက်ခင် ဘယ်သူကသူတော်စင်တစ်ပိုင်းနယ်မြေကို ဖြတ်ကျော်နိုင်လို့်လဲ"

ရီမိသားစုသည် မကြာသေးမီက သိုသိပ်စွာနေထိုင်ခဲ့သောကြောင့် ကောလာဟလများစွာ ထွက်ပေါ်လာခဲ့သည်။ အကြီးမားဆုံးသော ကောလဟာလမှာ ဗောဓိဘိုးဘေး၏အောင်မြင်မှုသည် ထူးခြားသောနည်းလမ်းအချို့ကိုအားကိုးသောကြောင့် စစ်မှန်သော သူတော်စင်နယ်မြေကျင့်ကြံသူ မဟုတ်ဘူးလားဟူ၍ သံသယဖြစ်လာသည်။ သို့မဟုတ်ပါက ရီမိသားစုသည် အထွတ်အမြတ်ရတနာကို စိတ်မဝင်စားစရာမရှိပေ။

အမှန်တရားတစ်ခုတည်းသာရှိသည်၊ ရီမိသားစုက သူတို့၏လျှို့ဝှက်ချက် ဖော်ထုတ်ခံရမည်ကို ကြောက်နေခြင်းပင်။ ထိုကောလာဟလက အမှန်တရားဖြစ်ကြောင်းကို သက်သေပြရန် အထောက်အထားမရှိသော်လည်း တော်တော်များများက ၎င်းကိုယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။

စစ်မှန်သောသူတော်စင်မရှိသည့် ရီမိသားစုက စစ်မှန်သောသူတော်စင်တစ်ဦးရှိသည့် အင်အားစုနှင့် ရင်ဆိုင်ရသည်ထက် ပိုမိုလွယ်ကူသည်။ မူလက ချုပ်တည်းထားခဲ့သော အင်အားစုများက ယခုလှုပ်ရှားရန် စိတ်အားထက်သန်လာပြီဖြစ်သည်။

ထိုအချိန်တွင် ရီမိသားစုသို့ မထင်မှတ်ထားသော ဧည့်သည်ရောက်လာ၏။

"တာ့ယွီကို နှုတ်ဆက်ပါတယ်” ရင်ကျန်းက ယဉ်ကျေးစွာပြောသည်။

"ချင်မင်းဆက်ဘုရင်ကို ရီမိသားစုကကြိုဆိုပါတယ်"

ရီရှောင်းရှောင်းသည် မဟာမိတ်ဖြစ်သူ ရင်ကျန်းကို အလွန်ကြိုဆိုခဲ့သည်။ ရီမိသားစု၏မဟာမိတ်အဖြစ် အသိအမှတ်ပြုခံရသူများမှာ မများဘဲ၊ ချင်မင်းဆက်၏ဘုရင်လဲ ပါဝင်သည်။ ထို့အပြင် ရီရှောင်းရှောင်းသည် ချင်မင်းဆက်ဘုရင်ကြီး၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အကြံတချို့ရှိ၏။

"တာ့ယွီဘုရင်၊ ငါမမှားရင်တော့ မင်းက လူသားဧကရာဇ် ဆက်ခံသူဖြစ်ရမယ်”

ရင်ကျန်းသည် ရီရှောင်းရှောင်းကို ကြည့်ပြီးမေးလိုက်ကာ သူ့ထံမှ တိကျသောအဖြေကို လိုချင်သည်။

"ဟုတ်ပါတယ်” ရီရှောင်းရှောင်းက မငြင်းဘဲ ခေါင်းသာညိတ်ပြလိုက်သည်။

ရင်ကျန်းသည် သူ၏အထောက်အထားကို သိရှိပြီးနောက် မည်ကဲ့သို့တုံ့ပြန်မည်ကို မသိခဲ့သော်လည်း ရီရှောင်းရှောင်းက မလိမ်ညာခဲ့ချေ။

ယခင်လူသားဧကရာဇ် ပျောက်ကွယ်သွားပြီးနောက် မဟာချင်ဘုရင်ရင်ကျန်းသည် နောက်ထပ်လူသားဧကရာဇ်အတွက် ဖြစ်နိုင်ခြေအရှိဆုံး ဆက်ခံသူအဖြစ်သတ်မှတ်ခံရသည်။ သို့သော် ယခုလူသားဧကရာဇ်ဆက်ခံမှုက အခြားသူထံ ကျရောက်သွားသဖြင့် ရီရှောင်းရှောင်းက သူကိုယ်တိုင်သာဆိုလျှင် စိတ်ပျက်သွားလိမ့်မည်ဟု ခံစားမိသည်။

ယခင်နှစ်များက ရင်ကျန်း၏တုံ့ပြန်မှုကိုကြည့်ခြင်းအားဖြင့် ရင်ကျန်းက သူမ၏အထောက်အထားကို သိထားပြီးဖြစ်ရမည်ဟု စဉ်းစားမိသည်။ သို့သော် ရန်သူဖြစ်လာမည့်အစား သူမကိုကူညီရန် အဘယ်ကြောင့် ရွေးချယ်ခဲ့ကြောင်းကို မသိရသေးချေ။ ရင်ကျန်း၏တုံ့ပြန်မှုက ရီရှောင်းရှောင်းကို အံ့သြသွားစေ၏။

ရီရှောင်းရှောင်း၏အထောက်အထားကို အတည်ပြုပြီးနောက် ရင်ကျန်းက ရုတ်တရက် စိတ်အေးလက်အေးဖြစ်သွားသည်။ ရင်ကျန်းသည် လူ့ဧကရာဇ်မင်းဆက်ဆက်ခံသူ၏ ကာကွယ်သူဖြစ်သောကြောင့် ထိုဘွဲ့ကိုဂရုမစိုက်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ။

သူ၏တာဝန်မှာ လူသားဧကရာဇ်မင်း၏ဆက်ခံသူ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ဖြစ်ပြီး၊ ထို့နောက်တွင် ထိုသူလက်ထဲသို့ လွှဲပြောင်းပေးရန်ဖြစ်သည်။

လူသားဧကရာဇ်မသေဆုံးမီ နောက်ဆုံးတွေ့လိုက်ရသောသူမှာ လူသားအင်မော်တယ်နယ်မြေ၌သာရှိနေသည့် ရင်ကျန်းဖြစ်သည်ကို မည်သူမျှမသိခဲ့ကြပေ။ နောက်ပိုင်းတွင် ရင်ကျန်းသည် လူသားဧကရာဇ်ကျန်ရစ်သောအရင်းအမြစ်များ၏အကူအညီဖြင့် အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်လာခဲ့သည်။

ရင်ကျန်းထံတွင် ကြီးမားသည့်အခွင့်အရေးရှိသည်ကို လူတိုင်းသိသော်လည်း ရင်ကျန်း၏လျှို့ဝှက်ချက်ကို မည်သူကမှ မဖော်ထုတ်ဝံ့ကြချေ။ လူသားဧကရာဇ်မင်းဆက် ဆက်ခံသူ၏ ကာကွယ်သူဖြစ်နေခြင်းက ရင်ကျန်း၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည်။

ရင်ကျန်းက နောက်ထပ်လူသားဧကရာဇ်မဖြစ်နိုင်ဟု ယခင်ဧကရာဌ်က မပြောခဲ့သော်လည်း ရင်ကျန်းထံတွင် ထိုအကြံမျိုးမရှိပေ။ လူ့ဧကရာဇ်ဆက်ခံမည့်သတင်းကိုပင် စုံစမ်းခြင်းမရှိဘဲ လူ့ဧကရာဇ်၏ဆက်ခံသူပေါ်လာရန်သာ တိတ်တဆိတ်စောင့်မျှော်ခဲ့သည်။

လူသားဧကရာဇ်၏ဆက်ခံသူက လမ်းတစ်ဝက်တွင် သေဆုံးမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သောကြောင့် စောင့်ဆိုင်းနေရန်သာ တတ်နိုင်သည်။

သို့မဟုတ်ပါက ရင်ကျန်း၏အင်အားနှင့် မဟာချင်နတ်မင်းဆက်အင်အားကို အဆပေါင်းများစွာ အလွယ်တကူချဲ့ထွင်နိုင်ကာ မဟာကမ္ဘာထောင်သုံးထောင်ကိုပင် သိမ်းပိုက်နိုင်သည်။

၎င်းက ယခင်လူသားဧကရာဇ်၏အာရုံမှာ တိကျကြောင်းပြသနေသည်။ ရင်ကျန်းသည် အမှန်တကယ်ပင် ကာကွယ်သူအဖြစ် အရည်အချင်းပြည့်မီသူဖြစ်၏။

“အရှင် ငါ ဒီကိုရောက်လာတဲ့ ပထမအချက်က မင်းရဲ့အထောက်အထားကို အတည်ပြုပြီး ဒုတိယအနေနဲ့ အရင်လူသားဧကရာဇ်က ချန်ထားခဲ့တဲ့ ဆက်ခံခွင့်ကို ပေးအပ်ဖို့ပါ"

ထိုသို့ပြောပြီးနောက် ရင်ကျန်းက လက်ကိုလှန်လိုက်ပြီးနောက် သူ့ရှေ့တွင် ရွှေလူသားဧကရာဇ်စည်းကို ထုတ်ယူလိုက်ကာ ၎င်းပေါ်တွင် "ထာဝရလူသားဧကရာဇ်" ဟူသော စာလုံးကို ရေးထိုးထားသည်။

“ဒီမှာ မင်းအတွက် နောက်ဆုံးလူသားဧကရာဇ် ချန်ထားခဲ့တဲ့အရာတွေ ရှိတယ်”

ရင်ကျန်းက ရီရှောင်းရှောင်းကို အမွေအနှစ်အား မည်သို့ဖွင့်ရမည်ကို မပြောဘဲ ရီရှောင်းရှောင်းကိုယ်တိုင် သေချာပေါက်သိလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ ရီရှောင်းရှောင်းက ရင်ကျန်းကိုကြည့်လိုက်သည်။ သူ့ရှေ့ရှိ အမွေအနှစ်ကို အာရုံမစိုက်ဘဲ ရင်ကျန်း၏စကားကို အာရုံစိုက်ထား၏။

ရင်ကျန်းက သူ့ကိုတာ့ယွီဘုရင်ဟုပင် မခေါ်တော့ဘဲ အရှင်ဟု တိုက်ရိုက်ခေါ်လိုက်သည်။ ရီရှောင်းရှောင်း သဘောပေါက်သည်မှာ ၎င်းက ရင်ကျန်း၏သဘောထားကိုကိုယ်စားပြု၏။

ယခုမှစ၍ တာ့ယွီနတ်မင်းဆက်တစ်ခုတည်းသာ ရှိတော့မည်။

“မဟာချင်ဘုရင်၊ ရှင်ဒီလိုလုပ်စရာတော့ မလိုပါဘူး"

ရီရှောင်းရှောင်းမှာ အနည်းငယ်တုန်လှုပ်သွားသည်။ သူမသည် လူသားဧကရာဇ်၏ဆက်ခံမည့်ဘွဲ့အမည်တစ်ခုတည်းအတွက် တာ့ယွီနတ်မင်းဆက်ကိုတည်ထောင်ရန် နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုကို စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်ချေ။

……….

All Chapters