← Chapters

အခန်း ၃၇၀-၃၇၂

Vol. 25 Ch. 370-372

အခန်း ၃၇၀-၃၇၂

Vol. 25 Ch. 370-372

အခန်း ၃၇၀ - လူသားဧကရာဇ်ရီရှောင်းရှောင်း

ရင်ကျန်းက သူ့လက်ကို ခမ်းနားစွာဝှေ့ယမ်းလိုက်ပြီးပြောလိုက်သည်။

“အရှင်၊ မင်းက လူသားဧကရာဇ်ဖြစ်လာမှတော့ မဟာချင်နတ်မင်းဆက် ဆက်တည်ရှိနေဖို့ မလိုတော့ပါဘူး"

"မဟာချင်နတ်မင်းဆက်ရဲ့ မူလရည်ရွယ်ချက်က ဒီအမွေကို ထိန်းသိမ်းစောင့်ရှောက်ထားရုံအတွက်ပဲ"

"မင်း ငါ့လက်အောက်ကသူတေကို သူတို့ကိုယ်တိုင် ပါဝင်နိုင်မယ့် နေရာတချို့ချန်ထားပေးဖို့ကိုပဲ ငါမျှော်လင့်ပါတယ်”

ရီရှောင်းရှောင်းက အသက်ပြင်းပြင်းရှူပြီး ခေါင်းကိုလေးနက်စွာ ငြိမ့်လိုက်သည်။

"ကောင်းပြီ၊ အခုကစပြီးတော့ ရှင်က မဟာချင်ဘုရင်မဟုတ်တော့ဘဲ၊ တာ့ယွီနိုင်ငံ့အရှင် ရင်ကျန်းဖြစ်လာပြီးတော့ ကျွန်မနဲ့အတူ လူသားမျိုးနွယ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရမယ်"

“ကောင်းပါပြီ!”

ထိုအချိန်မှစ၍ မဟာချင်ဘုရင်မရှိတော့ဘဲ တာ့ယွီနိုင်ငံ့အရှင်ရင်ကျန်းအဖြစ်သာ ရှိတော့သည်။

ရင်ကျန်း၏အခြေအနေကို ဖြေရှင်းပြီးနောက် ရီရှောင်းရှောင်းက နောက်ဆုံးတွင် သူမ၏ရှေ့မှ လူသားဧကရာဇ်အမွေအနှစ်ကို အာရုံစိုက်လိုက်သည်။

၎င်းအပေါ်တွင် အညွှန်းနှစ်ခုရှိ၏။ ရီရှောင်းရှောင်းသည် အလွန်ကောင်းချီးပေးခံရပြီး မျက်နှာသာပေးခံရသည်ဟု ခံစားရကာ လူ့ဧကရာဇ်တံဆိပ်နှင့် လူ့ဧကရာဇ်မျှော်စင်ကို ထုတ်ယူလိုက်ပြီး ၎င်းတို့နှစ်လုအပေါ်တွင် ညင်သာစွာ ထားလိုက်သည်။

လူ့ဧကရာဇ်တံဆိပ်နှင့် လူ့ဧကရာဇ်မျှော်စင်တို့သည် လူ့ဧကရာဇ်အမွေအနှစ်များ၏ သင်္ကေတများဖြစ်ကာ ၎င်းကိုဖွင့်ရန်သော့များလည်းဖြစ်သည်။

နောက်အခိုက်အတန့်တွင် လူသားဧကရာဇ်အမွေသည် ကောင်းကင်သို့ပျံတက်သွားပြီး တာ့ယွီမြို့တော်အပြင်ဘက်တွင် သက်တံရောင်များကို ထုတ်လွှတ်လျက်ရှိသည်။ တာ့ယွီနတ်မင်းဆက်၏ မူလနယ်မြေအားလုံးကို သက်တံအကာအရံဖြင့် ဖုံးအုပ်ထား၏။

၎င်းက တာ့ယွီနတ်မင်းဆက်၏ ရွှေကွင်းကိုးခုနှင့် ရောနှောကာ တာ့ယွီနတ်မင်းဆက်၏ နိုင်ငံတော်ကာကွယ်ရေးအခင်းအကျင်းကို ဖြစ်ပေါ်လာစေသည်။ တာ့ယွီနတ်မင်းဆက်၏ နယ်မြေတစ်ခုလုံးကို ထိုအခင်းအကျင်းကြီးဖြင့် ကာကွယ်ထားနိုင်သည်။

မူလ နိုင်ငံတော်ကာကွယ်ရေးအခင်းအကျင်းက ဘိုးဘေးနယ်ပယ် ကျင့်ကြံသူများကို တွန်းလှန်နိုင်ခဲ့သည်။ ယခုတွင် အထွတ်အထိပ်တာအို ဘိုးဘေးပင်လျှင် ထိုအခင်းအကျင်းကို ဖြတ်ကျော်ပြီး တာ့ယွီနတ်မင်းဆက်၏နယ်မြေထဲသို့ ဝင်ရောက်ရန် အတော်ကြိုးစားရမည်။ ရီရှောင်းရှောင်းက ၎င်းကိုထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့မည်ဆိုပါက အနှိုင်းမဲ့တာအိုဘိုးဘေးကိုပင် ချုပ်နှောင်ထားနိုင်လိမ့်မည်။

ထိုအချိန်တွင် ယခင်ကပျောက်ကွယ်သွားသော ကံကြမ္မာရွှေနဂါးကြီးလည်း ပြန်ပေါ်လာ၏။

ကံကြမ္မာရွှေနဂါးသည် တာ့ယွီနတ်မင်းဆက်၏ နယ်မြေအနှံ့အပြားသို့ အဆက်မပြတ်ပျံသန်းသွားကာ ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ တာ့ယွီနတ်မင်းဆက်မှ လူများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်း၊ ၎င်းတို့၏ ဒဏ်ရာများကို ကုသပေးခြင်း၊ ၎င်းတို့၏ သက်တမ်းကို တိုးစေခြင်းကဲ့သို့သော ထူးခြားသည့်စွမ်းအားကို ခံစားရသည်။

တာ့ယွီနတ်မင်းဆက်အတွက် အခြားသော ရည်ရွယ်ချက်ဆိုးများမရှိသည့် ကျင့်ကြံသူတိုင်းသည် ကံကြမ္မာရွှေနဂါးထံမှ ကောင်းချီးများကို ရရှိခဲ့ကြသည်။

"လူသားဧကရာဇ်ပဲ! လူသားဧကရာဇ်ပြန်လာပြီ၊ လူသားမျိုးနွယ်က ထာဝရတိုးတက်လာလိမ့်မယ်!"

ဗဟုသုတကြွယ်ဝသည့် လူအိုကြီးတစ်ဦးက ထိုစွမ်းအားကိုမှတ်မိသွားကာ ရိုသေမှုအပြည့်ဖြင့် တာ့ယွီမြို့တော်ဦးတည်ရာဆီသို့ စိတ်လှုပ်ရှားစွာ ဦးညွတ်လိုက်သည်။ လူသားမျိုးနွယ်စုအတွက် လူသားဧကရာဇ်သည် ၎င်းတို့၏ယုံကြည်ရာဖြစ်သည်။ လူသားဧကရာဇ်တည်ရှိနေသရွေ့ လူသားမျိုးနွယ်စုသည် မည်သူတစ်ဦးတစ်ယောက်၏အနိုင်ကျင့်ခြင်းကို ခံရမည်မဟုတ်ဟု ၎င်းတို့ကယုံကြည်ခဲ့ကြ၏။

ပန်ကုစကြဝဠာတွင် လူသားမျိုးနွယ်စု၏ နယ်မြေများသည် အလွန်များပြားသည်။ နယ်မြေအများစုကို လူသားမျိုးနွယ်စု၏ အင်အားကြီးဂိုဏ်းများကသိမ်းပိုက်ခဲ့သည်။ ထိုဂိုဏ်းများက စွမ်းအားကြီးဝါဒကို လိုက်နာသောကြောင့် ရလဒ်အနေဖြင့် သာမန်လူသားအရေအတွက်မှာ များစွာမရှိပေ။

တာ့ယွီနတ်မင်းဆက်၏နယ်မြေနှင့် မူလချင်နတ်မင်းဆက်နယ်မြေတွင် လူသားဦးရေသည် လူသားမျိုးနွယ်စု၏ သုံးပုံတစ်ပုံနီးပါးရှိသည်။

တာ့ယွီနတ်မင်းဆက်သည် ၎င်းတို့လူများအတွက် အလွန်ကောင်းမွန်သောကြောင့် ထိုနိုင်ငံသားများသည် ၎င်းတို့၏အုပ်စိုးရှင် ရီရှောင်းရှောင်းအပေါ်၌ ခိုင်မာသောစိတ်ဓာတ်ရှိသည်။ ယခုတွင် ရီရှောင်းရှောင်းက လူသားဧကရာဇ်ဖြစ်လာခြင်းကို ၎င်းတို့က ကန့်ကွက်မည်မဟုတ်ပေ။

မကြာမီတွင် လူသားမျိုးနွယ်စု၏ယုံကြည်မှုများက ကြယ်တာရာများကဲ့သို့ ရီရှောင်းရှောင်းဆီသို့ ပျံသန်းလာခဲ့သည်။ လူ့ဧကရာဇ်စည်းတံဆိပ်၊ လူ့ဧကရာဇ်မျှော်စင်နှင့် အခြားလူသားဧကရာဇ်လက်နက်များကို ဤယုံကြည်မှုဖြင့် ပြုလုပ်ထားသောကြောင့် ၎င်းတို့ကအရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်လာခဲ့သည်။

လူသားဧကရာဇ်၏ဆက်ခံသူအဖြစ် ရီရှောင်းရှောင်း၏အထောက်အထားကို ထုတ်ဖော်လိုက်ခြင်းကြောင့် ထိုယုံကြည်ခြင်းများက ပို၍ဖြူစင်လာကာ ရလဒ်ကို ပိုမိုကောင်းမွန်လာစေသည်။

ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ လူသားဧကရာဇ်၏ယုံကြည်ခြင်းကို ထပ်မံပေါင်းစည်းလိုက်ရာ ယခုအခါတွင် ၎င်းကိုမဖိနှိပ်ထားတော့ဘဲ တာအိုဘိုးဘေးနယ်မြေသို့ တက်လှမ်းလာခဲ့သည်။

တာ့ယွီနတ်မင်းဆက်အတွက် ညွှန်ကြားချက်များ ချန်ထားခဲ့ပြီးနောက် ရီရှောင်းရှောင်းသည် ရန်ဟွမ်နယ်မြေရှိ ရီမိသားစုဌာနချုပ်သို့ ချက်ချင်းသွားရောက်ခဲ့သည်။ လူသားဧကရာဇ်သည် လူသားမျိုးနွယ်စု၏အခွင့်အာဏာကို ကိုယ်စားပြုကာ လူသားဧကရာဇ်ပြန်လည်ပေါ်ထွက်လာမည်ကို လူသားများက စောင့်မျှော်နေကြသည်။

သို့သော် လူသားအားလုံးက လူသားဧကရာဇ်ပေါ်ထွက်လာရန် မျှော်လင့်ကြသည်မဟုတ်ပေ၊ အချို့ ကျူးကျော်မျိုးနွယ်စုများမှ လူများက လူသားဧကရာဇ်ကို ထာဝရပျောက်ကွယ်သွားရန်ပင် ဆန္ဒရှိခဲ့ကြသည်။

ယခုအခါတွင် လူသားဧကရာဇ်ဆက်ခံသူအဖြစ် ရီရှောင်းရှောင်း၏အထောက်အထားကို ထုတ်ဖော်ပြသလိုက်ရာ သူမအတွက် အလွန်အန္တရာယ်များလာ၏။ ယခုတွင် သူမသည် တစ်ကိုယ်တော်ကျင့်ကြံပြီး အဆင့်ဖြတ်ကျော်ရန် လိုအပ်နေကာ သူမလုံးဝဘေးကင်းကြောင်း သေချာစေရန်အတွက် ရီမိသားစုထံသို့ ပြန်သွားရမည်ဖြစ်သည်။

သူမ မကျင့်ကြံမီ ရီရှောင်းရှောင်းသည် ရီဖန်အရေးတကြီးလိုအပ်သော ပစ္စည်းသုံးခုကို စုယန်အားပေးထားခဲ့သည်။ လူ့ဧကရာဇ်အမွေအနှစ်သည် လူ့ဧကရာဇ်တစ်ဦးတည်းအတွက်သာ အကျိုးပြုသည်မဟုတ်ဘဲ၊ ၎င်းက သူ၏လူများအတွက် သင့်လျော်သောရတနာများကို ထုတ်ပေးနိုင်သည်။

စုယန်ကို ရီရှောင်းရှောင်းပေးခဲ့သော အမွေအနှစ်သုံးခုသည် အနုပညာတစ်ရာကို ကျင့်ကြံရန်အတွက် အလွန်အသုံးဝင်သည်။ ရှေးဧကရာဇ်သုံးပါးနှင့် အုပ်စိုးရှင်ငါးပါးတို့အနက်မှ ဧကရာဇ်သုံးပါးသည် လမ်းကြောင်းကိုယ်စီ လျှောက်လှမ်းခဲ့ကြ၏။

ဖူရှိီက အခင်းအကျင်းများတွင် ထူးချွန်သည်။

ဆွေ့ယင်က လက်နက်သန့်စင်ခြင်းတွင် ထူးချွန်သည်။

ရှန်နုန်က ဆေးပညာတွင်ထူးချွန်သည်။

ရီမိသားစု၏ကျင့်ကြံသူများသည် ဤအမွေအနှစ်သုံးပါးကို ကောင်းစွာနားလည်နိုင်ပါက ၎င်းလမ်းကြောင်းများမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ ၎င်းတို့က နတ်လက်နက်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။

ဒဏ္ဍာရီအရ ရှေးလူသားဧကရာဇ်သုံးပါးမှ ကျင့်ကြံသူများသည် သူတော်စင်နယ်ပယ်အထက်သို့ ရောက်ရှိခဲ့ကြသည်။

လူ့ဧကရာဇ်ရောက်ရှိလာမှုက ပန်ကုစကြဝဠာတစ်ခုလုံးရှိ လူသားနယ်မြေများသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ အင်အားကြီးနိုင်ငံအားလုံးသည် လူသားဧကရာဇ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ချက်ချင်းစတင်စူးစမ်းလာကြ၏။

ဖြစ်နိုင်လျှင် သူတို့သည် ပေါ်ပေါက်လာသောလူသားဧကရာဇ်ကို ပုခက်ထဲမှာတည်းက လည်ပင်းညှစ်သတ်ပစ်ချင်သည်။ လူ့ဧကရာဇ်သည် နေ့ချင်းညချင်း အစွမ်းထက်လာခြင်းမျိုးမဟုတ်ဘဲ ကြီးထွားလာရန်အတွက် အချိန်လိုအပ်သည်။

ဤခေတ်များတစ်လျှောက်တွင် အသတ်ခံလိုက်ရသည့် လူသားဧကရာဇ်များလည်း ရှိခဲ့ဖူးသည်။

လူသားဧကရာဇ်အသတ်ခံရတိုင်း လူသားမျိုးနွယ်စုအတွက် မှောင်မိုက်သည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ကြီးမြတ်သောတာအိုဘိုးဘေးအားလုံးပင်လျှင် ၎င်းတို့စွမ်းအားရှိသရွေ့ လူသားဧကရာဇ်ကို ကာကွယ်ကြလိမ့်မည်။ လူသားမျိုးနွယ်၏ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသည့် လူသားဧကရာဇ်တစ်ပါးကို လုပ်ကြံသတ်ဖြတ်ခြင်းက ကြီးမြတ်သောတာအိုဘိုးဘေးနှင့် သူတော်စင်တစ်ပိုင်းတို့အပေါ်တွင် သက်ရောက်မှုရှိသည်။

ချက်ချင်းပင် ရီရှောင်းရှောင်း၏ အချက်အလက်များသည် အင်အားကြီးမျိုးနွယ်စုများ၏ စားပွဲထက်သို့ ရောက်ရှိသွား၏။ မဟာတာ့ယွီဘုရင်ရီရှောင်းရှောင်း၊ နာမည်တစ်လုံးစီတိုင်းက ၎င်းတို့နှင့် အလွန်ရင်းနှီးသည်။ ယခုတွင် ရီမိသားစု၏အကြီးတန်းအဖွဲ့ဝင်များသည် ထိပ်တန်းအင်အားစုများထဲ၌ ရာထူးကြီးများဖြစ်၏။

ရီရှောင်းရှောင်း၏ အထောက်အထားကို သိလိုက်ရပြီးနောက် လူသားဧကရာဇ်ကို ကာကွယ်လိုသူများက ဝမ်းသာသွားကြကာ ရီရှောင်းရှောင်းကို သတ်လိုသူများက မကျေနပ်ကြချေ။ လူသားဧကရာဇ်ပေါ်ပေါက်လာခြင်းကို သူတို့လက်ခံနိုင်သော်လည်း လူသားဧကရာဇ်က ရီမိသားစုနှင့်ဆက်စပ်နေခြင်းကို ၎င်းတို့လက်မခံနိုင်တော့ပေ။

ရီမိသားစုသည် အလွန်သန်မာနေပြီဖြစ်ကာ ယခုအခါတွင် နောက်ထပ်လူသားဧကရာဇ်တစ်ပါး ပေါ်ထွက်လာသောကြောင့် ၎င်းတို့ကိုတိုက်ခိုက်ရန်မှာမဖြစ်နိုင်တော့ပေ။ ရီမိသားစုထွန်းကားလာခြင်းက လူများစွာ၏

အစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေသည်။

"လူသားဧကရာဇ် ပေါ်ပေါက်လာမှုကို ဘယ်လိုဖြေရှင်းရမလ

"တိုက်ရိုက်တိုက်ခိုက်ဖို့ အခွင့်အရေးရှာလိုက်၊ ဒီခေတ်ကြီးက ထူးခြားတာမို့ လူသားဧကရာဇ်က လူသားမျိုးနွယ်စုမှာ ထိပ်တန်းအင်အားစုဖြစ်လာလိမ့်မယ်။ ငါတို့ သူ့ကို လုံးဝချမ်းသာပေးလို့မရဘူး"

"လှုပ်ရှားဖို့ကို မင်းလုပ်မလား၊ ငါလုပ်ရမလား။ ငါ့ရဲ့အချက်အလက်တွေအရ ရီရှောင်းရှောင်းက လောလောဆယ် ရန်ဟွမ်နယ်မြေမှာပဲ၊ မင်းသွားမလား"

"ရန်ဟွမ်နယ်မြေ" ဟူသော စကားကိုကြားသည့်အခါ အင်အားစုကြီးများက အနည်းငယ်စိတ်ပျက်သွားကြသည်။

သူမသည် ချန်မင်ကမ္ဘာတွင်ရှိနေပါက ရီရှောင်းရှောင်း ကိုလုပ်ကြံရန် အခွင့်အရေးရှာနိုင်သေးသည်။ သို့သော် ရီမိသားစု၏အမာခံနယ်မြေဖြစ်သည့် ရန်ဟွမ်နယ်မြေတွင် ၎င်းတို့သည်သူလျှိုများကိုပင် စိမ့်ဝင်ခိုင်းရန် မတတ်နိုင်ပေ။ ရီမိသားစု၏စွမ်းအားကို တိုက်ပွဲများစွာတွင် အပြည့်အဝ သက်သေပြခဲ့ပြီးဖြစ်ရာ ရီရှောင်းရှောင်းကို ရီမိသားစုနယ်မြေတွင် တိုက်ခိုက်ရန် သတ္တိမရှိခဲ့ချေ။

ယခု၌ပင် ရီမိသားစုသည် အင်အားစုကြီးများ၏ အမြင်တွင် အနည်းငယ်ဆန်းကြယ်နေသည်။ ရီမိသားစုတွင် အင်အားကြီးအဖွဲ့ဝင်မည်မျှရှိသည်ကို မသိကြရသေးချေ။ မကြာသေးမီက ရီမိသားစု၏ သူတော်စင်တစ်ပိုင်းသည် စစ်မှန်သောသူတော်စင်တစ်ပိုင်းမဟုတ်ဟု ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း ဗောဓိဘိုးဘေးဖြစ်သူက စစ်မှန်သော သူတော်စင်တစ်ပိုင်း ဟုတ်မဟုတ်ကို မည်သူမျှ မစမ်းသပ်ချင်ကြချေ။

"လူသားဧကရာဇ်ကြီး သေချာပေါက် ချုပ်ငြိမ်းသွားမှဖြစ်မယ်။ သူ ရန်ဟွမ်နယ်မြေမှာ တစ်သက်လုံးနေမယ်လို့တော့ မထင်ဘူး"

ရီရှောင်းရှောင်းသည် ရန်ဟွမ်နယ်မြေမှထွက်ခွါသွားပါက သူမကို တိုက်ခိုက်ရန် အခွင့်အရေးရှာနိုင်သည်။ သူတို့၏ အချက်အလက်များ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်သာရှိသည်။ သူမက တာအိုဘိုးဘေးနယ်မြေ၌ ရှိနေလျှင်ပင် သိသိသာသာ ခြိမ်းခြောက်မှု ရှိလာမည်မဟုတ်ပေ။

သူတို့ကြောက်ရွံ့သည်မှာ လက်ရှိလူသားဧကရာဇ် ရီရှောင်းရှောင်းမဟုတ်ဘဲ လူသားမျိုးနွယ်၏ ထိပ်တန်းစွမ်းအားရှင်ဖြစ်လာနိုင်သည့် အနာဂတ်လူသားဧကရာဇ် ရီရှောင်းရှောင်းကိုဖြစ်သည်။

ရီရှောင်းရှောင်း အပြည့်အဝမကြီးထွားမီ သူမကို ချေမှုန်းရန် အခွင့်အလမ်းရှိသေးသည်။ လူ့ဧကရာဇ်အထွတ်အထိပ်များစွာကို တွေ့ကြုံခဲ့ရပြီးနောက် အင်အားစုကြီးများသည် လူသားဧကရာဇ်မင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိရှိကြသောကြောင့် ရီမိသားစုကိုရန်စမိသည့်တိုင်အောင် ရီရှောင်ရှောင်နှင့် ရင်ဆိုင်ရန်အတွက် ဆုံးဖြတ်ချက် ခိုင်မာပြီးဖြစ်သည်။

……….

အခန်း ၃၇၁ - မိသားစုအင်အား အဆင့်ဆယ့်ရှစ်၊ တာအိုဘိုးဘေးနယ်မြေ

အခြားတစ်ဖက်တွင် ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ပြန်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ပျက်ဆီးခြင်းဘုရားကျောင်းကို ရှာမတွေ့သော်လည်း ပျက်ဆီးခြင်းပုလဲများစွာ ရရှိခဲ့သေးသည်။ ထို ပျက်ဆီးခြင်းပုလဲများကို သန့်စင်ရန်နည်းလမ်းရှာနိုင်သရွေ့ ရီမိသားစုက ပျက်ဆီးခြင်းအရည်ကို မရှိမဖြစ်လိုအပ်တော့မည် မဟုတ်ပေ။

ရီဖန်ပြန်ရောက်လာပြီးနောက် စုယန်က သူမရှိချိန်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အလျင်အမြန်အကြောင်းကြားခဲ့သည်။ ကြီးမြတ်သောခေတ်သို့ ရောက်ရှိလာပြီး အထွတ်အမြတ်ရတနာ ပေါ်ပေါက်လာကာ၊ လူသားဧကရာဇ်အဖြစ် ရီရှောင်းရှောင်း၏ အထောက်အထားသည်လည်း ထုတ်ဖော်ခံလိုက်ရပြီဖြစ်သည်။ ရီဖန်သည် သူမရှိသော အချိန်တိုအတွင်း ဤမျှထူးခြားသောဖြစ်ရပ်များ ဖြစ်ပျက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အချစ်ကလေး၊ ဒီတစ်ခေါက် အထွတ်အမြတ်ရတနာကိစ္စမှာ ငါတို့ဝင်စွက်ဖက်သင့်သလား”

အားလုံးက အထွတ်အမြတ်ရတနာကို အရေးကြီးပါမှုကို ကောင်းကောင်းသဘောပေါက်ကြသော်လည်း ရီဖန်က ထိုကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သောကြောင့် မပါဝင်ခဲ့ကြပေ။ ဗောဓိဘိုးဘေးသည်ပင် အထွတ်အမြတ်ရတနာကို အနည်းငယ်စိတ်ဝင်စားခဲ့သည်။

“ရှောင်ဖန်၊ ငါတို့ ရီမိသားစုက ဟုန်မိန်ခရမ်းရောင်ချီ မပြတ်လပ်ပေမယ့်၊ ငါတို့မှာ အဆင့်မြင့် နတ်လက်နက်နဲ့ သူတော်စင်နယ်မြေကျင့်ကြံရေးနည်းစနစ်တွေ လိုအပ်နေသေးတယ်။ တကယ်လို့ မင်းလိုအပ်ရင် ငါကိုယ်တိုင် သွားယူပေးနိုင်ပါတယ်"

ဗောဓိဘိုးဘေးက သူ့ကိုယ်သူ ရီမိသားစု၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားသောကြောင့် အရာအားလုံးက ရီဖန်၏ထင်မြင်ချက်အပေါ် မူတည်သည်။ အားလုံးထံမှနားထောင်ပြီးနောက် ရီဖန်ခေါင်းခါလိုက်သည်။

"ငါတို့ ဒီနေရာမှာ ပါဝင်ဖို့ မလိုပါဘူး၊ မကြာခင် အဆင်မြင့်နတ်လက်နက်တွေကို ငါတို့ကိုယ်တိုင် သန့်စင်နိုင်တော့မှာပါ။ သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်လည်း ငါ့မှာရှိပြီးသားပဲ"

အခြားသူများက ထိုသို့ပြောလာလျှင် ဗောဓိသည် လုံးဝယုံမည်မဟုတ်ပေ။ သို့သော် ရီဖန်ထံမှ ထွက်ပေါ်လာသောအခါ ၎င်းကိုယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ရီဖန်သည် သူ့လက်ဖဝါးကိုလှန်လိုက်ရာ ပျက်ဆီးခြင်းဘုရားကျောင်းမှရရှိသော သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်သုံးမျိုး ပေါ်လာသည်။

"ဆရာ လိုအပ်တာတစ်ခုခုရှိမရှိ ကြည့်လိုက်ပါဦး၊ ၀မ်ကျန်းလဲ တာအိုဘိုးဘေးနယ်မြေကိုရောက်တာနဲ့ တစ်ခုခုရွေးလိူ့ရပြီ"

"ရီမိသားစုက ဘယ်ကျင့်ကြံသူမဆို တာအိုiဘိုးဘေးနယ်မြေကို ဖြတ်ကျော်ပြီးတာနဲ့၊ သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်ကို ရွေးနိုင်တယ်၊ အဆင်မပြေရင်လဲ အချိန်မရွေး ပြန်ပြောင်းကြပေါ့"

“လက်ရှိကျင့်ကြံနည်းစနစ်က မများပေမယ့် တဖြည်းဖြည်းတိုးတက်လာဖို့မကြာဘူးလို့ ထင်ပါတယ်”

ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အခြားသောကျင့်ကြံသူများရှိကြောင်းကို ရီဖန်သိရှိပြီးချိန်မှစ၍ ထိုကိစ္စအပေါ်တွင် အထူးအာရုံစိုက်ခဲ့သည်။

ရီဖန်က အလွန်ကံကောင်းသည်ဟု ဆိုရမည်။ ဤကာလအတွင်း သူသည် သိုလှောင်လက်စွပ်များစွာကိုရရှိကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲ ကျဆုံးသွားသော ကျင့်ကြံသူအများအပြား၏ ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ သယံဇာတအများစုကို သေဆုံးသွားသောကျင့်ကြံသူများမှ အသုံးပြုပြီးသောကြောင့် ကုန်ဆုံးသွားပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နှင့် နတ်ဥပဒေများအပါအဝင် ကျင့်ကြံ နည်းစနစ်များစွာရှိသေးသည်။ ရီမိသားစု၏ ရတနာတိုက်တွင် ၎င်းသိုလှောင်လက်စွပ်အတွင်းမှ ရတနာများထပ်မံရောက်ရှိလာပြန်သည်။

ရီဖန်သည် မိသားစုလက်နက်တိုက်တာဝန်၏ နောက်ထပ်အဆင့်များအတွက် စိုးရိမ်ခဲ့သော်လည်း ယခုအခါတွင် ပြဿနာကြီးကြီးမားမားမရှိပုံရသည်။ သူတော်စင်တစ်ပိုင်းများပင်လျှင် နည်းစနစ်တစ်ခုရရှိရန်အတွက် သွားနှင့်လက်သည်းများဖြင့် အစွမ်းကုန်တိုက်ခိုက်ခဲ့ရသော်လည်း ရီဖန်က တစ်ပြိုင်နက်တည်းသုံးခုလုံးကို ရရှိခဲ့သည်။ ရီဖန်၏အံ့ဖွယ်ရာများနှင့် ကျင့်သားရခဲ့သော ရီမိသားစုပင်လျှင် မယုံကြည်နိုင်ဖြစ်သွားရသည်။

“ကျင့်ကြံဖို့အတွက် ခနပြန်သွားဦးမယ်!”

သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်သည် ဗောဓိဘိူးဘေးကို ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်သွားစေသည်။ ယခုအချိန်တွင် သူသည် အထွတ်အထိပ်ရတနာအတွက် အချိန်မရှိတော့ဘဲ ကျင့်ကြံရန်အတွက်ပြင်ဆင်ရန် ဆုတ်ခွါသွားသည်။

အခြားတစ်ဖက်တွင် ရီဖန်သည် စုယန်ထံပေးခဲ့သော အမှတ်အသားသုံးခုကို စူးစမ်းလေ့လာခဲ့သည်။ ဆေးပညာ လက်နက်သန့်စင်ခြင်းနှင့် အခင်းအကျင်းတို့သည် ကျင့်ကြံရေးတွင် အများဆုံံးသုံးသည့် အနုပညာသုံးမျိုးဟုဆိုနိုင်သည်။ ထို့အပြင် ၎င်းတို့တစ်ခုစီတိုင်းက အထွတ်အထိပ်တွင် ရှိကြ၏။

မူလက အနုပညာတစ်ရာကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူရာတွင် တိုးတက်မှုနှေးကွေးခြင်းကြောင့် စိတ်ပူနေခဲ့သောရီဖန်သည် ယခုအခါတွင် အခွင့်အလမ်းများကို တွေ့ရှိခဲ့သည်။ ရီမိသားစု၏ ကံကြမ္မာအမှတ်က ကိုးသန်းရောက်ရှိသွားကာ ပိုင်ဇယ်ငပျင်းလေးကို အင်မော်တယ်ဧကရာဇ်နယ်မြေ၏ အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ ကံကြမ္မာစွမ်းအားသန်မာလာပါက မည်သည့်အရာမဆို ဖြစ်နိုင်သည်။

ရီဖန်သည် ပိုင်ဇယ်၏ခေါင်းကို ပြင်းပြင်းထန်ထန် ပွတ်သတ်ပြီးနောက် ရင်ကျန်းနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်။ မဟာမိတ်ဖြစ်ခဲ့သည့် ရင်ကျန်းထံမှ ဤမျှရက်ရောသောလက်ဆောင်ကို လက်ခံရရှိပြီးနောက် ရီဖန်သည်လည်း ကပ်စေးနှဲနေမည်မဟုတ်ပေ။ ရီဖန်ထံတွင် ရင်ကျန်းအလွန်လိုအပ်နေသော အရာတစ်ခုရှိသည်။

ချန်မင်ကမ္ဘာရှိ တာ့ယွီနိုင်ငံတော်၏ မြို့တော်အတွင်းတွင်

"ရင်ကျန်း ရှင် ခြောက်နိုင်ငံကို ဘယ်လိုသုတ်သင်ခဲ့လဲဆိုတာ ပြောပြရမယ်”

ရီကျင်းဖန်သည် ဆေးလုံးများကို သန့်စင်ပြီးသောအခါ သူမသည် ရင်ကျန်းကို သူ့အကြောင်းပုံပြင်များအား ပြောပြစေပြီး စပ်စုစွာနားထောင်နေခဲ့သည်။ မဟာချင်မင်းဆက်၏ ဒဏ္ဍာရီပုံပြင်သည် စကြဝဠာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

မဟာချင်ဘုရင် ရင်ကျန်းသည် လူအများအတွက် စံပြပုဂ္ဂိုလ်ဖြစ်သည်။ ရီကျင်းဖန်သည်လည်း မဟာချင်မင်းဆက်၏ ဇာတ်လမ်းများအကြောင်းကို အလွန်စိတ်ဝင်စားခဲ့၏။ ယခု ရင်ကျန်းက ၎င်းတို့ဘက်တွင်ရှိနေရာ သူမက အခွင့်အရေးကို လက်လွတ်မခံခဲ့ချေ။

ရီကျင်းဖန်သည်အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ရောက်ရှိခဲ့သော်လည်း သူမ၏ အဓိကစိတ်ဝင်စားမှုမှာ ငွေရှာခြင်းသာဖြစ်သည်။ သူမ၏ငွေရှာလိုသော စိတ်အားထက်သန်မှုက သူမ၏ဆေးပညာတွင် အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်လာစေသည်။ အကြောင်းမှာ ရီကျင်းဖန်က ပိုမိုကောင်းမွန်သော ဆေးပညာများဖြင့် ငွေပိုရနိုင်သည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။

စိတ်မကောင်းစရာမှာ ထိုကျွမ်းကျင်မှုမှလွဲ၍ ရီကျင်းဖန်ထံတွင် ငွေရှာရန် အခြားအရည်အချင်းမရှိပေ။ ထို့ကြောင့် သူမသည် ရင်ကျန်း၏ လိမ္မာပါးနပ်သောငွေရှာနည်းများဖြင့် နာမည်ကြီးသူ လွီပုဝေကို အလွန်စိတ်ဝင်စားခဲ့သည်။

ထက်မြက်သောနည်းလမ်းဖြင့်ငွေရှာခြင်းက နည်းပညာကျွမ်းကျင်မှုဖြင့် ငွေရှာခြင်းထက် များစွာမြန်ဆန်သည်၊ ငွေချစ်ခင်လေး ရီကျင်းဖန်အတွက် ၎င်းက ကြီးမားသောသွေးဆောင်မှုတစ်ခုဖြစ်သည်။

ရင်ကျန်းသည် ပုံပြင်ပြောခြင်းကို စိတ်မဝင်စားသော်လည်း ရီကျင်းဖန်၏ အဆက်မပြတ် တောင်းဆိုမှုကြောင့် အစောပိုင်း သူအာဏာရလာချိန်က အဖြစ်အပျက်များကို ပြန်ပြောပြခဲ့သည်။ သို့သော် ရင်ကျန်းသည် လွီပုဝေက သူ၏လူဝင်စားတစ်ဦးဖြစ်ကြောင်း ပြောလိုက်သောအခါ ရီကျင်းဖန်သည် ရင်ကျန်းအပေါ်လည်း အလွန်စိတ်ဝင်စားလာခဲ့သည်။

……..

အခန်း ၃၇၂ - မိသားစုအင်အား အဆင့်ဆယ့်ရှစ်၊ တာအိုဘိုးဘေးနယ်မြေ

နောက်ဆုံးတွင် ရီကျင်းဖန်သည် ဆေးပညာကို လုံးဝမလေ့ကျင့်တော့ဘဲ ရင်ကျန်းကို သူ၏စီးပွါးရေးနည်းပညာများသင်ပေးရန် ရင်ကျန်းကို အဆက်မပြတ် နှောင့်ယှက်နေခဲ့သည်။ ထိုကဲ့သို့ ထူးခြားသောမြင်ကွင်းကို ရီမိသားစုမှ အခြားအဖွဲ့ဝင်များကလည်း မြင်တွေ့ခဲ့ရသည်။

ရီကျင်းဖန်သည် ဤနှစ်များအတွင်းဆေပညာကိုသာ အမြဲစွဲလမ်းနေခဲ့ခြင်းကြောင့် ယခုအချိန်အထိ တာအိုအဖော်မရှိခြင်းဖြစ်သည်။ တာအိုလက်တွဲဖော် မဆိုထားနှင့် သူမထံတွင် သာမန်ရင်းနှီးသည့် ယောက်ျားလေးမိတ်ဆွေများပင် မရှိခဲ့ပေ။ ယခုတွင် သူမက အမျိုးသားတစ်ဦးကို ကပ်တွယ်နေခြင်းသည် ရှားရှားပါးပါးအဖြစ်အပျက်တစ်ခုဖြစ်၏။

မဟာချင်ဘုရင်ရာထူးမှ နုတ်ထွက်ပြီးနောက် ရင်ကျန်းသည် ၎င်း၏လွှမ်းမိုးနိုင်သည့်ရောင်ဝါ ပျောက်ဆုံးသွားပြီးနောက် လူကြီးလူကောင်းတစ်ဦးကဲ့သို့ ကျက်သရေရှိနေသည်။ ရီမိသားစု၏ရှုထောင့်မှကြည့်လျှင် ရီကျင်းဖန်နှင့် ရင်ကျန်းတို့ အတူတကွပေါင်းစည်းနိုင်ပါက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။

ရင်ကျန်းက အသက်ကြီးသည်ဟုဆိုလျှင်၊ ကျင့်ကြံသူများကြားတွင် အသက်အရွယ်က ပြဿနာမဟုတ်ချေ။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင်အခြေအနေများအပေါ် မူတည်၍ ဆုံးဖြတ်နိုင်ကြသည်။

ယနေ့တွင်လည်း ရီကျင်းဖန်က ရင်ကျန်းကို နှောက်ယှက်နေပြန်၏။ ရီဖန်က သူ့ကိုခေါ်နေကြောင်းကို ကြားသည်နှင့်တပြိုင်နက် ရင်ကျန်းသည် ၎င်းကိုအခွင့်အရေးယူပြီး ရီကျင်းဖန်ကို နှုတ်ခမ်းစူလျက်ကျန်နေစေကာ အမြန်ထွက်ပြေးသွားသည်။

"အစ်ကိုရင်ကျန်း မတွေ့တာကြာပြီ!" ရီဖန်က သူ့ကို နှုတ်ဆက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ အနာဂတ်မှာ မင်းရဲ့လမ်းညွှန်မှုကို စောင့်မျှော်နေပါတယ်”

ရင်ကျန်းက သူ့ရာထူးကို ကောင်းကောင်း အသိအမှတ်ပြုသည်။ ယခု သူသည် တာ့ယွီနတ်မင်းဆက်၏ အဖွဲ့ဝင်ဖြစ်နေပြီဖြစ်သောကြောင့် ရီမိသားစု၏အကြီးအကဲရီဖန်နှင့် ဆက်ဆံရာတွင် ပေါ့ပေါ့ဆဆမနေနိုင်ပေ။

"အစ်ကိုရင်ကျန်း ၊ဘာလို့ အဲလောက် ယဉ်ကျေးနေတာလဲဗျာ၊ ရှောင်းရှောင်းက အနာဂတ်မှာ အစ်ကို့ရဲ့အကူအညီ လိုလာဦးမှာလေ”

အလပသလာပ ပြောဆိုပြီးနောက် ရီဖန်က “အစ်ကိုရင်ကျန်း၊ ငါတို့မိသားစုထဲကိုဝင်ဖို့များ စိတ်မဝင်စားဖူးလား"

"မင်းတို့မိသားစုထဲကလား?" ရင်ကျန်းက ထိုစကားလုံး၏ အဓိပ္ပါယ်ကို အနည်းငယ်ရှုပ်ထွေးသွားသည်။

"အစ်ကိုရင်ကျန်းက ဒီတစ်လျှောက်လုံး တစ်ကိုယ်တည်းဖြစ်နေတာလေ၊ တာအိုလက်တွဲဖော်ရှာဖို့ စိတ်ကူးမရှိဘူးလား"

ရီဖန်၏စကားကိုကြားသောအခါ ရင်ကျန်း၏စိတ်ထဲတွင် လှပသောရုပ်ပုံတစ်ခု ရုတ်တရက်ပေါ်လာသည်။ ထိုအခြေအနေမျိုးကို ရင်ကျန်း တစ်ခါမှ မကြုံဖူးချေ။ အတိတ်က ရင်ကျန်းသည် လူ့ဧကရာဇ်အမွေအနှစ်ကိုစောင့်ထိန်းရင်း အလုပ်များနေသောကြောင့် တာအိုလက်တွဲဖော်ရှာရန် မစဉ်းစားခဲ့ပေ။

ရီမိသားစုတွင်ရှိသည့် သူ၏အချိန်က သူ့ဘဝတစ်လျှောက်တွင် အသာယာဆုံးဖြစ်သည်။

သူ၏ကျင့်ကြံမှုအဆင့်သည်ပင် ဖြတ်ကျော်သွားမည့် အရိပ်အယောင် ပြနေသည်။ ရီကျင်းဖန်အကြောင်းကို သူအမြဲတမ်းညည်းညူနေသော်လည်း၊ သူမသိလိုက်ဘဲ သူမရောက်ရှိနေခြင်းနှင့် နေသားကျနေပြီးဖြစ်သည်။

ရင်ကျန်း၏အခြေအနေတွင် သူသည် သူ၏ကိုယ်ပိုင်ခံစားချက်များနှင့်ပက်သက်၍ ရှင်းလင်းစွာသိသည်။ သူအရင်က သေချာမမြင်ခဲ့သော်လည်း ယခုရီဖန်က ၎င်းကို ထောက်ပြလိုက်သည်နှင့် ရင်ကျန်းသည် သူ၏ပုံမှန်မဟုတ်သော အပြုအမူကို သဘောပေါက်သွားသည်။

ရင်ကျန်း၏မျက်လုံးထဲမှ အပြောင်းအလဲကို မြင်လိုက်ရပြီးနောက် ရီဖန်သည် ထိုသူ့ထံတွင် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ ထိုမျက်လုံးများက လုံးဝကို ချစ်မိနေခြင်းဖြစ်၏။ ရီမျိုးနွယ်စုဝင်မည်သူက ထိုသူ၏နှလုံးသားကို ဖမ်းစားလိုက်မိမှန်း သူမသိလိုက်ပေ။

ရင်ကျန်းက ၎င်းတို့မိသားစုထဲမှဖြစ်လာလျှင် ရီဖန်က သူ့ကို ပွေ့ဖက်ပြီးကြိုဆိုလိမ့်မည်။ ရင်ကျန်း၏စွမ်းရည်နှင့် ရီမိသားစု၏ မြှင့်တင်မှုများကြောင့် ၎င်းတို့ထဲတွင် နောက်ထပ်သူတော်စင်တစ်ပိုင်း စွမ်းအားရှင်များ ရှိလာလိမ့်မည်။ ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက် ရောက်ရှိလာ၏။

"ဦးလေး ဘာလုပ်နေတာလဲ"

ရီကျင်းဖန်သည် သံသယစိတ်ဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ရင်ကျန်းထံတွင် ပြဿနာမရှိမှသာ သူမစိတ်လျှော့လိုက်၏။ ရီကျင်းဖန်သည် ရင်ကျန်းဘက်၌ အားလျော့နေမည်ကို စိုးရိမ်တာကြောင့် သူမစစ်ဆေးကြည့်ရန် ဝင်လာခဲ့ခြင်းဖြစ်သည်။

“ရှောင်ဖန်၊ မင့်ကြည့်ရတာ အရှင်ရင်ကျန်းကို အရမ်းဂရုစိုက်ပုံပဲနော်” ရီဖန်က သူမကိုရည်ရွယ်ချက်ရှိရှိ စနောက်လိုက်သည်။

"ဦးလေး!"

ရီကျင်းဖန်က တိုးညှင်းစွာအော်လိုက်ပြီး သူမှ ရှက်ရွံ့နေသည်မှာထင်ရှား၏။ သူမ၏ မိန်းကလေးဆန်သည့်မြင်ကွင်းက ရီဖန်တစ်ခါမှ မမြင်ဖူးသည့် အရာဖြစ်သည်။ အချို့အရာများက လူတစ်ဦးအတွက် ကြီးမားသောအပြောင်းအလဲကို ယူဆောင်လာနိုင်ကြောင်း သူသိရှိသွားရသည်။

ငွေချစ်ခင်လေး ရီကျင်းဖန်ပင်လျှင် ထိုသို့ပြောင်းလဲသွားခဲ့သည် မဟုတ်လား။ ဒုတိယမျိုးဆက်များထဲတွင် ရီကျင်းဖန်က ရီဖန်ကို အနှောက်အယှက်အပေးနိုင်ဆုံးသူဖြစ်သည်။ ဤနှစ်များတစ်လျှောက် သူမသည် ငွေရှာရန်အမြဲစိတ်အားထက်သန်နေခဲ့ကာ တာအိုလက်တွဲဖော်ရှာရန် အချိန်မရှိခဲ့ပေ။

ရီကျင်းဖန်နှင့် ရင်ကျန်းတို့အကြား ကျင့်ကြံမှုအဆင့် ကွာဟချက်အတွက် ရီဖန်၏အမြင်တွင် ပြသနာမရှိချေ။

ရီမိသားစုဝင်များ၏ စွမ်းရည်ကြောင့် အခြားသူများက ၎င်းတို့အတွက် လုံလောက်မှုမရှိခြင်းမှာ သာမန်ဖြစ်သည်။ ရီမိသားစုက တခြားတစ်ယောက်ယောက်အတွက် မလုံလောက်သည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဖူးပေ။

သို့သော် ရီဖန်သည် ရင်ကျန်းနှင့် ရီကျင်းဖန်တို့ကို ရှေ့ဆက်ရန်ဖိအားမပေးဘဲ အရာအားလုံးကို သဘာဝအတိုင်း ဖြစ်လာစေရန်ထားခဲ့သည်။

"ရင်ကျန်း သူငယ်ချင်း၊ ငါပြောတာလေး စဉ်းစားပေးပါဦး" ရီဖန်သည် အဓိပ္ပါယ်ပါသောအပြုံးဖြင့် အခန်းမှထွက်သွားကာ ရီကျင်းဖန်နှင့် ရင်ကျန်းတို့ကို နှစ်ယောက်တည်း ထားခဲ့သည်။

“ရှောင်ဖန်…”

သူ့ခံစားချက်အစစ်အမှန်ကို သိရပြီးနောက် ရင်ကျန်းသည် အမျိုးသားအများစုကဲ့သို့ တုံ့ဆိုင်းခြင်းမရှိခဲ့ပေ။ သူ့ခံစားချက်များကို ရီကျင်းဖန်အား အလျင်အမြန်ရှင်းပြခဲ့ပြီး၊ သူ့ထံတွင် စစ်မှန်သောခံစားချက်များရှိကာ သူမ၏လက်တွဲဖော်ဖြစ်ချင်သည်ဟု တိုက်ရိုက်ဖွင့်ပြောလိုက်သည်။

"လူသားဧကရာဇ်တံဆိပ်၊ ချိုးဖောက်လိုက်စမ်း!"

ရီရှောင်းရှောင်း၏ ဟိန်းဟောက်သံနှင့်အတူ တာအိုဘိုးဘေးရောင်ဝါက သူမ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ သူမ၏ခန္ဓာကိုယ်အတွင်းမှ

လူသားဧကရာဇ်ဥပဒေသည်လည်း လျင်မြန်စွာ လှည့်ပတ်လာသည်။ ရီမိသားစုသည် နောက်ဆုံးတွင် ၎င်း၏ပထမဆုံးဘိုးဘေးနယ်မြေ ကျင့်ကြံသူကိုရရှိခဲ့၏။

"ဂုဏ်ယူပါတယ် သခင်၊ 'မိသားစုအင်အား အဆင့်ဆယ့်ရှစ် ဘိုးဘေးနယ်မြေ ပြီးဆုံးသွားတဲ့အတွက် ဆုထုတ်ယူနိုင်ပါပြီ”

သူတော်စင်အဆင့်စွမ်းရည်ဖြင့် ဘိုးဘေးနယ်ပယ်သို့ ဖြတ်ကျော်ခြင်းက ရီမိသားစု၏ကျင့်ကြံသူများအတွက် စိန်ခေါ်မှုမဟုတ်ပေ။

"စနစ်၊ ဆုထုတ်လိုက်တော့" ရီဖန်က ချက်ချင်းပြောလိုက်သည်။

"ဂုဏ်ယူပါတယ် သခင်၊ မိသားစုနတ်လက်နက် အဆင့်မြှင့်တင်ခြင်းတိုကင်၊ မဟာသူတော်စင် လက်နက်တစ်ခုနဲ့၊ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်တစ်ခု၊ စစ်သည်တစ်သိန်းတို့ကို ရရှိပါတယ်”

မိသားစုနတ်လက်နက် အဆင့်မြှင့်တင်ခြင်းတိုကင်သည် လက်နက်တစ်ခုကို မဟာသူတော်စင်လက်နက်အဖြစ်သို့ အဆင့်မြှင့်နိုင်သည်။ မဟာသူတော်စင်လက်နက်သည် သူတော်စင်မျိုးနွယ်စုတစ်ခုလုံးကို နှိမ်နင်းနိုင်သည်။ သူတော်စင်မျိုးနွယ်စုဟုသည်မှာ စစ်မှန်သော သူတော်စင်နယ်မြေရှိသည့် မိသားစုကိုရည်ညွှန်းခြင်းဖြစ်သည်။

အခြားဆုမှာ တာ့ယွီနတ်မင်းဆက်ကို အစွမ်းထက်တိုက်ခိုက်ရေးသမားတစ်စု လျင်မြန်စွာရရှိစေခြင်းဖြစ်သည်။ ရှေးကောင်းကင်နန်းတော်၏ အင်အားကြီးစစ်သည်တော်အမျိုးအစားထဲမှ နတ်စစ်သည်တစ်သိန်းက အခင်းအကျင်းတစ်ခုအဖြစ်လုပ်ဆောင်လျှင် သူတော်စင်တစ်ပိုင်းတစ်ဦးကိုပင် ထိန်းထားနိုင်သည်။

ဤတစ်ကြိမ်ဆုလာဘ်များမှာ မယုံနိုင်လောက်အောင်ပင်။

နတ်လက်နက် အဆင့်မြှင့်တင်ခြင်းတိုကင်ကို ရီဖန်က ၎င်းကို နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်အတွက် အသုံးပြုရန် စီစဉ်ထားသည်။ ရီဖန်၏ပထမဆုံးနတ်လက်နက်အနေဖြင့် နှစ်များစွာကြာပြီးနောက် ၎င်းကိုရိုးရှင်းစွာစွန့်ပစ်ခြင်းမပြုနိုင်ပေ။

အဆင့်မြှင့်တင်ပေးသော တိုကင်ကိုအသုံးပြုခြင်းက မဟာသူတော်စင်လက်နက်အသစ်ကို ဖန်တီးခြင်းမဟုတ်ဘဲ ၎င်းကိုကိုယ်တိုင် ဖန်တီးပြုလုပ်ခြင်းနှင့် ပိုတူသည်။ ရီမိသားစုရှိ အင်မော်တယ်လက်နက်သန့်စင်သူ အများအပြားအတွက်၊ ၎င်းက အမှန်တကယ်ပင် အခွင့်ကောင်းတစ်ခုဖြစ်သည်။

မဟာသူတော်စင်လက်နက်ကို ကိုယ်တိုင်သန့်စင်ခြင်းလုပ်ငန်းစဉ်ကို မြင်ရပါက ရီမိသားစု၏ အင်မော်တယ်လက်နက်သန့်စင်သူများအတွက် ကြီးမားသောတိုးတက်မှုရရှိမည်မှာ သေချာသည်။

ရီဖန်သည် ဆုလာဘ်ကိုအသုံးမပြုမီ ရီမိသားစု၏အင်မော်တယ်လက်နက်သန့်စင်သူများ ဆွေ့ယင်၏အမွေအနှစ်ကို ဦးစွာနားလည်ရန် စောင့်ဆိုင်းဦးမည်ဖြစ်သည်။ ဤတစ်ကြိမ်တွင် အဆင့်မြင့် သူတော်စင်အဆင့်လက်နက် သန့်စင်ခြင်းနည်းစနစ်ကို ရယူရလိမ့်မည်။

ရီရှောင်းရှောင်းသည် သူမ၏ကျင့်ကြံမှုအဆင့် တည်ငြိမ်အောင်ထိန်းပြီးနောက် တစ်ကိုယ်တော်ကျင့်ကြံရာမှ ထွက်လာသည်။ သူမ၏ ပင်ကိုယ်စွမ်းရည်နှင့် လူသားဧကရာဇ်၏မျိုးဆက်ဖြင့် ဘိုးဘေးနယ်ပယ်သို့အောင်မြင်မှုသည် အထွတ်အထိပ်တာအိုဘိုးဘေးတစ်ဦးအတွက်ပင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအား ချန်ထားခဲ့သေးသည်။

အဆင့်မြှင့်ထားသော လူသားဧကရာဇ်စည်းတံဆိပ်နှင့် လူသားဧကရာဇ်မျှော်စင်တို့နှင့်အတူ အနှိုင်းမဲ့တာအိုဘိုးဘေးများ ပေါ်လာလျှင်ပင်

သူမလုံးဝမကြောက်ပေ။ ထိုအချိန်တွင် သူတော်စင်တစ်ပိုင်းကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခြင်းမပြုပါက ရီရှောင်းရှောင်းဘေးကင်းဦးမည်ဖြစ်သည်။

သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များကလဲ သာမန်အားဖြင့် လက်လွတ်စပယ်ပြုမူမည်မဟုတ်ချေ။ အကယ်၍ ၎င်းတို့ဝင်ရောက်စွက်ဖက်ခဲ့မည်ဆိုလျှင် ရီမိသားစုကို ပြီးပြည့်စုံသော အကြောင်းပြချက်ပေးရလိမ့်မည်။

ရီရှောင်းရှောင်းသည် တာ့ယွီနတ်မင်းဆက်တွင် အုပ်ချုပ်ရေးတာဝန်များဆောင်ရွက်တော့မည့်အချိန်၌ ထိတ်လန့်ဖွယ်သတင်းတစ်ခုကို ရရှိခဲ့သည်။ ရီကျင်းဖန်နှင့် ရင်ကျန်းတို့ လက်ထပ်လိုက်ကြပြီ။

"ရင်ကျန်း သူငယ်ချင်း ဘယ်လို!" ရီရှောင်းရှောင်း အနည်းငယ်တုန်လှုပ်သွားပြီး ကမ္ဘာကြီးလည်သွားသလို ခံစားလိုက်ရသည်။

သူမ ခဏတာတစ်ကိုယ်တော်ကျင့်ကြံနေချိန်၌ ထိုအဖြစ်အပျက်များ မည်သို့ဖြစ်သွားသနည်း။ သူ့ထက်အသက်ကြီးသည့် သားမက်တစ်ယောက်ရှိခြင်းက ရီရှောင်းရှောင်းအတွက် အနည်းငယ်ထူးဆန်းသလို ခံစားရသည်။

"ယောက္ခမကြီး ကျွန်တော့ကို ရှောင်ကျန်းလို့ ခေါ်လို့ရပါတယ်"

ရင်ကျန်းက ရီရှောင်းရှောင်းသည် သူ့ကိုနာမည်အရင်းနှင့် မခေါ်သင့်တော့ကြောင်း တိုက်ရိုက်မပြောတတ်ပေ။

"အမေ့၊ ဘာလုပ်နေတာလဲ အခုကစပြီး သူက အမေ့သူငယ်ချင်းမဟုတ်တော့ဘူး၊အမေ့သားမက် ရင်ကျန်းပါ!"

ရီကျင်းဖန်သည် ရီရှောင်းရှောင်း၏လက်ကိုဆုပ်ကိုင်ထားပြီး သူ့အမေသဘောမကျမည်ကို စိုးရိမ်သဖြင့် စိုးရိမ်စွာလှုပ်ယမ်းလိုက်သည်။

ရီရှောင်းရှောင်း အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း သူမသည် ရှေးရိုးဆန်သောလူမဟုတ်ချေ။ သူမသည် အနာဂတ်တွင် ရင်ကျန်း၏အသက်ကို လျစ်လျူရှုထားနိုင်၏။

ရင်ကျန်းထံတွင် မိဘမရှိသောကြောင့် သမီးဖြစ်သူ၏ အိမ်ထောင်ရေးမှာ ရီရှောင်းရှောင်းအပေါ်တွင် မူတည်သည်။ ထို့ကြောင့် ၎င်းတို့သည် မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်းမပြုမီ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအပြီးသတ်ရန် စောင့်မျှော်ခဲ့ကြသည်။

သူမမျိုးဆက်၏နောက်ဆုံးလက်ထပ်သူအနေဖြင့် ရီကျင်းဖန်၏မင်္ဂလာပွဲကို အလျင်စလိုမလုပ်နိုင်ချေ။ ခမ်းနားကြီးကျယ်စွာလုပ်ဆောင်မှဖြစ်မည်။

………

All Chapters