အခန်း ၃၇၃-၃၇၅
Vol. 25 Ch. 373-375
အခန်း ၃၇၃ - ရှေးနတ်ဘုရား ရီဖန်
ရီမိသားစုအတွင်းတွင် အမျိုးသမီးများကို ကောင်းမွန်စွာ ဆက်ဆံလေ့ရှိသည်။ ထိုမင်္ဂလာပွဲတွင် ရီဖန်က အကြီးအမှူးအဖြစ် ထမ်းဆောင်ခဲ့၏။ ရီဖန်နှင့် ရင်ကျန်းတို့၏ အနေအထားကြောင့် ဖိတ်ကြားထားသော ဧည့်သည်များသည် အင်အားကြီးခေါင်းဆောင်များနှင့် ဂိုဏ်းခွဲများမှခေါင်းဆောင်များဖြစ်သည်။ ရင်ကျန်းက ရီရှောင်းရှောင်း၏သမက်ဖြစ်လာတော့မည်ဟူသော သတင်းကို ၎င်းတို့လက်ခံရရှိသောအခါ တုန်လှုပ်သွားကြသည်။ ကမ္ဘာကြီးများ ရူးသွားလေသလား။
မဟာချင်မင်းဆက်သည် တာ့ယွီမင်းဆက်သို့ စတင်ဝင်ရောက်သောအခါက မဟာချင်မင်းဆက်သည် တာ့ယွီမင်းဆက်၏ဖိနှိပ်မှုတွင် ကျဆုံးသွားပြီဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင် ထိုသို့လုံးဝမဖြစ်နိုင်ရာ။ ၎င်းက မဟာချင်ဘုရင်ကိုယ်တိုင် မဟာချင်မင်းဆက်တစ်ခုလုံးကို တာ့ယွီဘုရင်၏သမီးတော်နှင့်လက်ထပ်ရန် ခန်းဝင်ပစ္စည်းအဖြစ် ကမ်းလှမ်းခဲ့ခြင်းသာဖြစ်ရမည်။
ထိုခေါင်းဆောင်များက ဤကဲ့သို့ပြတ်သားသော လုပ်ဆောင်မှုကြောင့် အံ့အားသင့်ခဲ့ကြရသည်။ တာ့ယွီဘုရင်၏သမီးတော်သည် ဤမျှလောက်ရက်ရောသောခန်းဝင်ပစ္စည်းနှင့် အဖိုးထိုက်တန်ပါသလား။
ထိုအချိန်တွင် အမျိုးသမီးအားလုံးသည် ရီကျင်းဖန်ကို အားကျနေကြ၏။ သူမသည် မဟာချင်ဘုရင်ကဲ့သို့သော အင်အားကြီးသူကို ရရှိရုံသာမကဘဲ များပြားလှသော ခန်းဝင်ပစ္စည်းကိုလည်းရရှိခဲ့ကာ မရေမတွက်နိုင်သော အမျိုးသမီးကျင့်ကြံသူများ၏ အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့သည်။
လှပသောနားလည်မှုလွဲမှားမှုတစ်ခု ပေါ်ပေါက်ခဲ့သော်လည်း ရီမိသားစုမှလူများက ၎င်းကိုရှင်းပြရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဂိုဏ်းခွဲများကလည်း ရင်ကျန်းနှင့် လက်ထပ်ခြင်းအတွက် ရီကျင်းဖန်ကိုဂုဏ်ပြုရန် လက်ဆောင်များ ဆက်တိုက်ပေးပို့ခဲ့သည်။
ရီကျင်းဖန်သည် ရီဖန်၏တူမသာမက ရီရှောင်းရှောင်း ၏သမီးလည်းဖြစ်သေးသည်။ မည်သို့ပင်ဖြစ်စေ နှစ်ဖက်စလုံးက အင်အားစုကြီးများထံမှ လေးစားမှုကိုရရှိထားပြီးဖြစ်၏။
ယခု ရင်ကျန်းဘက်တွင် သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်များ ရှိနေသော်လည်း အနှိုင်းမဲ့တာအိုဘိုးဘေးအထွတ်အထိပ်ရှိ ရင်ကျန်းက ထိပ်ဆုံးတွင်ရှိနေသည်။ ရင်ကျန်း၏စွမ်းရည်များအရ အနာဂတ်တွင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင် ဖြစ်လာရန် အလားအလာသည် အလွန်မြင့်မားသည်။
လက်ဆောင်များတောင်လိုပုံနေသည်ကိုကြည့်ရင်း၊ ရီကျင်းဖန်မှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ သူမ၏ အပြုံးမှာ လုံးဝပျောက်ကွယ်သွားခြင်းမရှိပေ။
"လက်ထပ်တာက ဒီလောက်အကျိုးရှိမှန်းသိရင် စောစောတည်းက လက်ထပ်ခဲ့ပါတယ်!" ရီကျင်းဖန်က စိတ်လှုပ်ရှားစွာ ပြောမိလိုက်သည်။
"ဟမ်?" ရင်ကျန်း၏အကြည့်တစ်ချက်ဖြင့် ရီကျင်းဖန် ချက်ခြင်းငြိမ်သွားသည်။
သူမအမျိုးသားရှေ့တွင် ထိုစကားမျိုး မပြောသင့်ပေ။ သူမ လျှာခလုတ်တိုက်သွားခြင်းသာဖြစ်၏။ မင်္ဂလာဆောင်ပြီးသောအခါ ရီဖန်သည် ရင်ကျန်းကို ဆင့်ခေါ်လိုက်ပြန်၏။
"ရီမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတာရဲ့ အကျိုးကျေးဇူးတွေ ခံစားမိပြီလား" ရီဖန်က ပြုံးလျက်မေးလိုက်သည်။
ရင်ကျန်းက ခေါင်းညိတ်လိုက်၏။ သူသည် ရီမိသားစုထဲသို့ ပေါင်းစည်းလိုက်ပြီးနောက် သူ့ကိုယ်တွင် အပြောင်းအလဲတစ်ခုခုရှိကြောင်းကို ခံစားလိုက်ရသည်။
ပင်ကိုစွမ်းရည်သာမက အခြားကဏ္ဍများတွင်လည်း အလွန်တိုးတက်ခဲ့သည်။ သူ၏လက်ရှိစွမ်းရည်အရ ရင်ကျန်းသည် အနှစ်တစ်သောင်းအတွင်း သူတော်စင်နယ်မြေသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး!" ရင်ကျန်းက လေးလေးစားစား ပြောလိုက်၏။
ထိုအခေါ်အဝေါ်က ရီဖန်ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသော်လည်း သူဘာမှမပြောပေ။
တူမနှင့်လက်ထပ်ပြီးနောက် “ဦးလေး” ဟု ခေါ်ဆိုခြင်းက ပြဿနာမဟုတ်ပေ။
"မင်းငါ့ကို ဦးလေးလို့ခေါ်မှတော့ မင့်ကို မင်္ဂလာဆောင်လက်ဆောင်ပေးရမှာပေါ့!"
ထိုသို့ပြောရင်း ရီဖန်က သူ့လက်ကိုလှန်လိုက်ရာ သူ့လက်ဖဝါးအလယ်တွင် ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်းကို ပေါ်လာသည်။ ယခုတွင် ရင်ကျန်းသည် ရီမိသားစုနှင့် အပြည့်အ၀ပေါင်းစည်းပြီး ၎င်း၏စနစ်ဖြင့် ချည်နှောင်ထားသောကြောင့် ရီဖန်က ဟုန်မိန်ခရမ်းရောင်ချီကို စိတ်ချလက်ချ ပေးလိုက်သည်။
ဟုန်မိန်ခရမ်းရောင်ချီသည် အဖိုးတန်လွန်းသောကြောင့် ရီဖန် အလွန်သတိထားရ၏။
"ဒ-ဒါက ဟုန်မိန်ခရမ်းရောင်ချီလား"
ရင်ကျန်းမျက်လုံးပြူးသွားပြီး ထိတ်လန့်သွားသည်။
ရီဖန်က သူ့အတွက် နတ်လက်နက်သို့မဟုတ် ဝိညာဉ်ပစ္စည်းတချို့ပြင်ဆင်ပေးမည်ဟု ထင်ခဲ့သော်လည်း သူ့ကို ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်ကို ပေးမည်ဟု မထင်ခဲ့ပေ။ ကျင့်ကြံမှုအားကောင်းလေ ဟုန်မိန်ခရမ်းရောင်ချီ၏တန်ဖိုးကို ပို၍နားလည်နိုင်လေဖြစ်သည်။
၎င်းက သူတော်စင်နယ်မြေသို့ရောက်ရှိနိုင်မည့် လက်နက်ဖြစ်၏။ ယခုအချိန်တွင် စကြဝဠာကြီးနိုးထလာရာ မည်သူက မလိုချင်ဘဲရှိမည်နည်း။ ရင်ကျန်းသည် နောက်ဆုံးတွင် ရီဖန်၏ စွမ်းအားကိုနားလည်သွားသည်။ စကြဝဠာနိုးထလာရုံမျှဖြင့် ရီဖန်သည် သူ့ကို ဟုန်မိန်ခရမ်းရောင်ချီကို ဆွဲထုတ်ပေးနိုင်သည်။
အခြေအနေများကို သုံးသပ်ပြီးနောက် ဤကဲ့သို့သော ဟုန်မိန်ခရမ်းရောင်ချီသည် အထွတ်အမြတ်ရတနာကထု အပြည့်အဝဖွင့်လှစ်ပြီးမှသာ ရရှိနိုင်မည်ဖြစ်သည်။
သို့သော် ရီဖန်အတွက်တော့ ၎င်းက အဖိုးမတန်ဟုထင်ရသည်။ ရီဖန်က သူ့ကို ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်းနဲ့ လက်ဆောင်ပေးခဲ့ပါက သူ့ထံတွင် ထိုထက်မကရှိနေကြောင်း ဆိုလိုသည်။
ရင်ကျန်းက ရီဖန်အား ဟုန်မိန်ခရမ်းရောင်ချီကို မည်သို့ရရှိကြောင်း သိချင်သော်လည်း မမေးမိအောင် သတိထားသည်။ တခါတလေ နည်းနည်းသိခြင်းက ပိုပျော်ရွှင်စေနိုင်၏။ ရီဖန်က သူ့ကိုပြောပြရန် ဆန္ဒရှိပါက သေချာပေါက် ပြောပြလိမ့်မည်။
"မင်းလည်း သူတော်စင်တစ်ပိုင်းနယ်မြေကို မြန်မြန်ဖြတ်ကျော်သင့်တယ်။ အဲတာဆို ငါတို့ရီမိသားစုမှာ သူတော်စင်တစ်ပိုင်း သုံးယောက်ရှိလာလိမ့်မယ်"
ယခင်ဘဝက ထိပ်တန်းဂိုဏ်းခွဲများ အပြည့်အဝ ပြန်လည်ရှင်သန်လာသောအခါ သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားတစ်ခုတည်းနှင့် မလုံလောက်တော့ပေ။ ဝမ်ရှန်းဂိုဏ်းကိုသာ ကြည့်ပါ။
၎င်းတို့ထံတွင် သူတော်စင်တစ်ပိုင်းတစ်ယောက်သာ ရှိသည်ဟုဆိုလျှင်ပင် ရီဖန်မယုံပေ။
ရီဖန်သည် ဟုန်မိန်ခရမ်းရောင်ချီကို ထုတ်ယူနေစဉ် အဝေးရှိ ပန်ကုစကြဝဠာအတွင်း ဗုဒ္ဓကျင့်ကြံသူများပိုင်စိုးသောကမ္ဘာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"အရှေ့ဘက်မှာ ကောင်းကင်နယ်မြေက ရတနာတစ်ခုပေါ်လာပြီ၊ အဲတာငါတို့အတွက်လဲ အရမ်းအရေးပါတယ်”
ပြန်လည်နိုးထလာသော သူတော်စင်တစ်ပိုင်းဗုဒ္ဓကျင့်ကြံသူဖြစ်သည့် ရန်ဟော်ရှေးဗုဒ္ဓက သူတော်စင်တစ်ပိုင်းဗုဒ္ဓကျင့်ကြံသူ တိချီရှေးဗုဒ္ဓကို ခန့်မှန်းပြောလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် မြောက်ပိုင်းဗုဒ္ဓနယ်မြေရှိ စွမ်းအားအကြီးဆုံးဗုဒ္ဓဂိုဏ်းခွဲများထဲမှ တစ်ခုဖြစ်သည်။
ဗုဒ္ဓကျင့်ကြံသူများသည် ၎င်းတို့နှင့် ကံကြမ္မာဆက်စပ်နေသည်ဟု ဇွတ်အတင်းယူဆကာ ရတနာများကို အတင်းအကြပ်သိမ်းယူသည့် အရည်အချင်းရှိပုံရသည်။ ထို့ကြောင့် ၎င်းတို့သည် ရတနာရှာဖွေရာတွင် နက်နဲသောနားလည်မှုရှိသည်။ ထိုခန့်မှန်းချက်က ရန်ဟော်ရှေးဗုဒ္ဓကို စိတ်လှုပ်ရှားစေခဲ့၏။ 'ကောင်းကင်နယ်မြေရတနာ’သည် မည်သည့်အရာဖြစ်မှန်း အတိအကျမခန့်မှန်းနိုင်သော်လည်း စိတ်လှုပ်ရှားမှုနှင့် အလိုဆန္ဒများကို ခံစားနိုင်သည်။
………
အခန်း ၃၇၄ - ရှေးနတ်ဘုရား ရီဖန်
၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်များဖြစ်ကြကာ ထိုရတနာက
ဤကဲ့သို့သော ခံစားချက်မျိုးလှုံ့ဆော်နိုင်ခြင်းသည် ၎င်း၏တန်ဖိုးကို ထင်ရှားစေသည်။ ရန်ဟော်ရှေးဗုဒ္ဓ၏အမြင်အရ သူသည် ၎င်းကိုတွက်ချက်နိုင်ခဲ့သောကြောင့် ထိုရတနာက သူနှင့်ကံကြမ္မာဆက်စပ်နေသည်။ ကောင်းကင်ကလက်ဆောင်တွေပေးလိုက်ပြီး လက်မခံလျှင် ဒုက္ခရောက်လိမ့်မည်။
၎င်းကိုတွက်ချက်ပြီးချိန်တွင် ရန်ဟော်ရှေးဗုဒ္ဓသည် မည်သို့ပင်ဖြစ်စေကာမူ ထိုရတနာကို သေချာပေါက် ရရမည်ဖြစ်သည်။
"အတိတ်ဘဝကို ဟောကိန်းထုတ်ပြီးတော့ ဒီဘဝမှာ လက်ခံရတဲ့သူတွေဖြစ်ပြီးတော့၊ အနာဂတ်ကို ဟောကိန်းထုတ်တဲ့သူက ဒီဘဝမှာအကျိုးရှိလိမ့်မယ်!"
ရန်ဟော်ရှေးဗုဒ္ဓ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။ ယခင်တွက်ချက်မှုအရ ၎င်းမှာ အရှေ့ဘက်သို့ဦးတည်နေကြောင်းသာ ဆုံးဖြတ်နိုင်ခဲ့သည်။ သို့သော် အရှေ့အရပ်သည် အလွန်ကျယ်သောကြောင့် ရတနာတစ်ခုရှာရန်မှာ မဖြစ်နိုင်ချေ။ ရန်ဟော်ရှေးဗုဒ္ဓသည် အခြားရွေးချယ်စရာမရှိသဖြင့် သူ၏စွမ်းအားအစိတ်အပိုင်းကို လောင်ကျွမ်းစေခဲ့သည်။
သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်က ၎င်းတို့၏အသက်စွမ်းအားကို လောင်ကျွမ်းစေသောအခါ အကျိုးသက်ရောက်မှုများမှာ အလွန်ထင်ရှား၏။ မြူအလွှာများကို ဖယ်ထုတ်လိုက်ပြီးနောက် ရန်ဟော်ရှေးဗုဒ္ဓက တိတိကျကျတွက်ချက်နိုင်ခဲ့သည်။
"ဘယ်လိုအခြေအနေရှိလဲ!" ရန်ဟော်ရှေးဗုဒ္ဓအား သူ့အသက်စွမ်းအားကို လောင်ကျွမ်းစေသည်အထိဖြစ်သွားကြောင်း မြင်လိုက်ရသဖြင့် တိချီရှေးဗုဒ္ဓလည်း စိတ်ဝင်စားလာခဲ့သည်။ သူတော်စင်တစ်ပိုင်းတစ်ဦးက အလွန်ဂရုစိုက်သောအရာများသည် သာမန်မဟုတ်နိုင်ချေ။
"အခွင့်အရေးကဘာလဲဆိုတာ အတိအကျမသိပေမယ့် အရှေ့ဘက်မှာရှိတဲ့ ရီမိသားစုထဲမှာမှန်း သေချာတယ်"
ရီမိသားစု။ တိချီရှေးဗုဒ္ဓက မျက်မှောင်ကြုတ်လိုက်သည်။ ဗုဒ္ဓကျင့်ကြံသူများသည် ပြင်ပကမ္ဘာနှင့် ထိတွေ့မှုနည်းပါးသော်လည်း ပန်ကုစကြဝဠာတစ်ခုလုံးတွင် အကျော်ကြားဆုံးသော ရီမိသားစုအကြောင်းတော့ ကြားဖူးကြသည်။ သူတော်စင်တစ်ပိုင်းရှိသည့် မရှိသည့် မိသားစုကြားခြားနားချက်က နေ့နှင့်ညကဲ့သို့ဖြစ်၏။
“ဒီအခွင့်အရေးက သူတော်စင်တစ်ပိုင်းကို ရန်စမိရင်တောင် ထိုက်တန်ပါတယ်”
တိချီရှေးဗုဒ္ဓ၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရသဖြင့် ရန်ဟော်ရှေးဗုဒ္ဓက လောင်စာထပ်လောင်းလိုက်သည်။
"ဒီ ရီမိသားစုရဲ့တကယ့်အင်အားကို မင်းတွက်ချက်နိုင်လား" တိချီရှေးဗုဒ္ဓက အနည်းငယ် စိုးရိမ်နေသေးသည်။
"ကောင်းကင်လျှို့ဝှက်ချက်က အခုအချိန်မှာ ဖရိုဖရဲဖြစ်နေတော့ တွက်ချက်ရခက်တာက ခက်တယ်။ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ရှိတဲ့ အင်အားစုတစ်ခုရဲ့ အခြေအနေကိုတော့ မဆုံးဖြတ်နိုင်သေးဘူး"
"ဒါပေမယ့် အဲဒါက သူတော်စင်တစ်ပိုင်းတစ်ယောက်ပဲလေ။ ငါတို့နှစ်ယောက်လုံးက သူတော်စင်တွေဖြစ်နေတာပဲကို ဘာကြောက်စရာရှိလဲ။"
ရီမိသားစုနှင့်ပတ်သက်၍ ရန်ဟော်ရှေးဗုဒ္ဓက အမှန်တကယ်ဂရုမစိုက်ပေ။ ၎င်းကို သေးငယ်ပြီးအသစ်ဖြစ်ပေါ်လာသော လူသားအင်အားစုလေးက ခုခံနိုင်လိမ့်မည်မဟုတ်ပေ။
"ကောင်းပြီ၊ ရီမိသားစုက ငါတို့လမ်းမှာရောက်နေမှတော့ ဘာလို့မကြိုဆိုပေးရမှာလဲ"
ဆုံးဖြတ်ချက်ချပြီးနောက် တိချီရှေးဗုဒ္ဓ၏မျက်နှာသည် တည်ငြိမ်သောအမူအရာအဖြစ် ပြန်လည်ရောက်ရှိသွားခဲ့သည်။
" အံ့ဩစရာပဲ ရီမိသားစုက ဗုဒ္ဓဘာသာနဲ့ ကံစပ်နေတယ်”
ဟန်ဆောင်အပြုံးများက နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အပြည့်ရှိသည်။
‘သုံးဆယ်ခုမြောက်ဓား ထွက်လာခြင်း’
၀မ်ကျန်းတာအိုဘိုးဘေး ကျင့်ကြံရာ လှိုဏ်ဂူမှ စွမ်းအားကြီး ဓားတစ်ချောင်းထွက်ပေါ်လာသည်။
ရီမိသားစုထဲမှ ဓားပညာကိုလေ့ကျင့်နေသော ကျင့်ကြံသူများသည် ဤဓားအတွင်းမှ အမှန်တရားများကို နားလည်သဘောပေါက်နိုင်ကြောင်း ခံစားမိသောအခါ တင်ပျဉ်ခွေထိုင်လိုက်ကြ၏။
အများစုမှာ ဓားပညာကိုနက်ရှိုင်းစွာ နားလည်လာကြသည်။ သူတော်စင်တစ်ပိုင်း ဓားသမားတစ်ဦး၏ဓားရည်ရွယ်ချက်က အခြား ကျင့်ကြံရေးသမားများအတွက် ရှားပါးသောအခွင့်အရေးဖြစ်သည်။ သို့သော် ရီမိသားစု၏ ကျင့်ကြံသူများသာ ထိုအခွင့်အရေးကို တွေ့ကြုံခံစားခွင့်ရခဲ့သည်။
နှစ်တစ်သန်းအတွင်း ပထမဆုံးပါရမီရှင်ဟု ခေါ်ထိုက်သော ၀မ်ကျန်းတာအိုဘိုးဘေးသည် ရီဖန်ပေးသော ဟုန်မိန်ခရမ်းရောင်ချီကို အသုံးပြု၍ ၀မ်ကျန်းလက်နက်တိုက်ကို မြှင့်တင်ကာ သူတော်စင်တစ်ပိုင်းလှုပ်ရှားမှုဟုခေါ်သော သုံးဆယ်ခုမြောက်ဓားကိုဖန်တီးခဲ့သည်။
အချိန်အတော်ကြာအောင် ဖြတ်ကျော်ပြီးသည့်တိုင် ဗောဓိဘိုးဘေးသည်ပင် သူတော်စင်တစ်ပိုင်း ကျင့်ကြံနည်းကို မဖန်တီးခဲ့သေးပေ။ သူတော်စင်တစ်ပိုင်း ကျင့်ကြံနည်းစနစ်ကို ဖန်တီးပြီးနောက် ၀မ်ကျန်းတာအိုဘိုးဘေး၏ ကျင့်ကြံမှုအဆင့်သည်လည်း သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်သွားခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို ရီမိသားစုက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ကြီးမြတ်သောခေတ်ကြီး ရောက်ရှိသောအခါတွင် ၎င်းတို့သည် ပိုများပြားသောဝှက်ဖဲများကို ပြင်ဆင်ရန်လိုအပ်သည်။ ဝှက်ဖဲအနည်းငယ်သာပိုမရှိပါက ရီဖန်သည် စိတ်မသက်မသာခံစားရလိမ့်မည်။
"စနစ်၊ စုစည်းလိုက်!"
မူလကိုယ်တွင်းရှိ စည်းမျဉ်းနှစ်သန်းကျော်သည် တစ်ဖန်မြင့်တက်လာကာ ရီဖန်၏စိတ်ဝိညာဉ်ပင်လယ်သည် စည်းမျဉ်းကြိုးများဖြင့် ပြည့်ကျပ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်သို့ ရောက်ရှိတော့မည့် အရိပ်အယောင်ပေါ်လာ၏။
စည်းမျဉ်းကြိုးသုံးသန်းက အထွတ်အထိပ်တာအိုဘိုးဘေးထက် နှစ်ဆနီးပါးရှိရာ
ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် သူတော်စင်တစ်ပိုင်းကို တိုကခိုက်နိုင်မည်လား။
ဤအခြေအနေနှင့်ပတ်သက်၍ ရီဖန်က ယုံကြည်မှုမရှိခဲ့ပေ။ တကယ်တမ်းတွင် သူတော်စင်တစ်ပိုင်းနှင့် တာအိုဘိုးဘေးတို့ကြား ကွာဟချက်က အလွန်များသည်။ စကြဝဠာမျိုးစေ့က သူတော်စင်တစ်ပိုင်းကို ပေးသောပင်အင်အားကို သာမန်နည်းလမ်းဖြင့် မယှဉ်နိုင်ချေ။
ရီဖန်သည် သူတော်စင်နယ်ပယ်သို့ တက်လှန်းရန် မဝေးတော့ပေ။ မကြာမီတွင် သူသည် ပန်ကုစကြဝဠာ၏အထွတ်အထိပ်သို့ ထပ်မံရောက်ရှိနိုင်မည်ဟု ယုံကြည်ထား၏။
သို့သော် သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအထွတ်အထိပ်သို့ရောက်ရှိခြင်းက ယခုတစ်ကြိမ်တွင် သူ၏အကြီးမားဆုံးအောင်မြင်မှုမဟုတ်ပေ။ သူ၏ အကြီးမားဆုံးအောင်မြင်မှုမှာ ဆေးပညာနှင့် လက်နက်များကိုသန့်စင်ခြင်းစွမ်းရည်ဖြစ်သည်။ ၎င်းတို့သည် နောက်ဆုံးတွင် အဆင့်တက်လှမ်းသွား၏။
နှစ်ပေါင်းများစွာအတွေ့အကြုံများက ရီဖန်ကို နှစ်ပေါင်းထောင်သောင်းမက အဆက်မပြတ် ကျင့်ကြံစေနိုင်ခဲ့ကာ သူနိုးလာသောအခါတွင် အနည်းငယ်မူးဝေနေ၏။
သူတော်စင်အဆင့် ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းစွမ်းရည်က ပန်ကုစကြဝဠာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူတော်စင်တစ်ပိုင်းအများစုသည် ထိပ်တန်းနတ်လက်နက်များကို မပိုင်ဆိုင်ကြချေ။ သို့မဟုတ်ပါက အထွတ်အထိပ်ရတနာ၏ ထိပ်တန်းနတ်လက်နက်များက အလွန်ဆွဲဆောင်မှုရှိမည်မဟုတ်ပေ။ ၎င်းက ပန်ကုစကြဝဠာရှိ ကျင့်ကြံသူများကို ပြင်းပြင်းထန်ထန်ဖိနှိပ်ထားသည့် စည်းတံဆိပ်တစ်ခုခု ရှိနေပုံရသည်။
ရီဖန်ယခင်က ပျက်ဆီးခြင်းဘုရားကျောင်းမှရရှိခဲ့သည့်အချက်အလက်များအရ၊ အခြားစကြဝဠာရှိ သူတော်စင်တစ်ပိုင်းတို့သည် ဖြတ်ကျော်ရန်အတွက် ဟုန်မိန်ခရမ်းရောင်ချီကို မလိုအပ်ဘဲ အနုပညာတစ်ရာက ကျင့်ကြံရန် ပိုမိုလွယ်ကူကြောင်း တွေ့ရှိခဲ့သည်။ ထိပ်တန်းသူတော်စင်အဆင့်ဆေးလုံးများနှင့် လက်နက်များသာမက မဟာသူတော်စင်များ၏ နတ်လက်နက်များပင် ထွက်ပေါ်လာတတ်သည်။
ပန်ကုစကြဝဠာကို မြူအလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားပုံရ၏။
ပန်ကုစကြဝဠာတွင် ကြီးမားသောလျှို့ဝှက်ချက်အချို့ရှိဦးမည်မှန်း ရီဖန်သေချာပြောနိုင်သည်။ သို့မဟုတ်ပါက ဤကဲ့သို့ ပစ်မှတ်ထားခံရမည်မဟုတ်ပေ။ ဆေးပညာနှင့် လက်နက် သန့်စင်ခြင်းကျွမ်းကျင်မှုများတွင် အောင်မြင်မှုနှင့်အတူ ယခုအခါတွင် သူသည် ထိပ်တန်းနတ်လက်နက်များကို အပြည့်အဝသန့်စင်နိုင်နေပြီဖြစ်သည်။
ပန်ကုစကြဝဠာသည် လက်နက်သန့်စင်ရန်အတွက် ပစ္စည်းများမရှာရပါးပေ။ ရီဖန်၏ ပျက်ဆီးခြင်းပုတီးတွင် ထိပ်တန်းသူတော်စင်အဆင့်ပစ္စည်းများစွာရှိ၏။ ၎င်းတို့အားလုံးကို နှစ်များတစ်လျှောက် ဗောဓိဘိုးဘေးက စုဆောင်းခဲ့ခြင်းဖြစ်သည်။ သန့်စင်ရမည့်ပစ္စည်းများကိုကြည့်ရင်း ရီဖန်သည် လေ့ကျင့်ရန်အတွက် နတ်လက်နက်အချို့ကို ပြန်လည်သန့်စင်ရန် စီစဉ်ခဲ့သည်။
“ရှောင်ဖန် ကျေးဇူးအများကြီးတင်ပါတယ်"
၀မ်ကျန်းသူတော်စင်တစ်ပိုင်းသည် သူ၏ကျင့်ကြံမှုအဆင့်ကို ခိုင်မာစေပြီးသည်နှင်ြ တပြိုင်နက် ရီဖန်ကို ကျေးဇူးတင်ကြောင်းဖော်ပြရန် ချက်ချင်းရောက်လာသည်။ ၀မ်ကျန်းသူတော်စင်တစ်ပိုင်း ရောက်ရှိလာသဖြင့် ရီဖန်သည် သူ၏လုပ်ဆောင်မှုများကို ရပ်တန့်ခဲ့ရသည်။
"၀မ်ကျန်းသူတော်စင်တစ်ပိုင်း၊ မင်းနည်းနည်းတော့ အမြတ်ရသွားပုံပဲ" ရီဖန်က အပြုံးနှင့်ဆိုသည်။
ထို့နောက် ရီဖန်သည် ပျက်ဆီးခြင်းအရည်အများအပြားကို ထုတ်ယူပြီး ၀မ်ကျန်းတာအိုဘိူးဘေးအား ပေးအပ်လိုက်သည်။
"ဒါက ဟုန်မိန်ခရမ်းရောင်ချီကို သန့်စင်တဲ့နေရာမှာ အရှိန်မြှင့်ပေးနိုင်တဲ့ ပျက်ဆီးခြင်းအရည်ပါ၊ ဒါနဲ့ သူတော်စင်တစ်ပိုင်း ဒါမှမဟုတ် စစ်မှန်တဲ့သူတော်စင်နယ်မြေကိုတောင် ဖြတ်ကျော်နိုင်မယ်လို့ ထင်တယ်"
ပျက်ဆီးခြင်းအရည်ကို သူ့လက်ထဲတွင်ကိုင်ထားရင်း ၀မ်ကျန်းသူတော်စင်တစ်ပိုင်းမှာ အလွန်ရှက်သွားသည်။ မူလက သူအားဖြင့်ကူညီနိုင်မည်ဟု တွေးကာ ရီမိသားစု၏လက်အောက်သို့ဝင်ရန် သဘောတူခဲ့သည်။ သို့သော် သူကဘာမှမလုပ်ရဘဲ ရီဖန်ဆီက လက်ဆောင်များသာ အမြဲရနေ၏။
သူသည် အခွင့်အလမ်းများကိုရှာဖွေရန် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ သို့သော် သူ၏ အကြီးမားဆုံးကံကြမ္မာက ရီဖန်နှင့် တွေ့ရခြင်းဖြစ်မည်ဟု မထင်ထားပေ။
"မိသားစုအကြီးအကဲကို ကျေးဇူးတင်ပါတယ်!" ၀မ်ကျန်းသူတော်စင်တစ်ပိုင်းက သူ့ကိုထပ်ပြီး ကျေးဇူးတင်လိုက်သည်။
"ကျွန်တော့ကို ကျေးဇူးတင်မနေနဲ့၊ မင်းရဲ့ နတ်လက်နက်ကို အရင်ပေး၊ အဆင့်မြှင့်ပေးမယ်"
၀မ်ကျန်းသူတော်စင်တစ်ပိုင်း၏ နတ်လက်နက်သည် ထိပ်တန်းအဆင့်ရှိသော်လည်း ၎င်းသည် ထိပ်တန်းနတ်လက်နက်များထဲတွင် အညံ့ဆုံးဖြစ်၏။ ရီဖန်၏ လက်ရှိလက်နက်သန့်စင်ရေးကျွမ်းကျင်မှုဖြင့် ၎င်းကိုအဆင့်မြှင့်တင်နိုင်ခဲ့ပြီး လေ့ကျင့်မှုအနည်းငယ်သာလိုအပ်သည်။
ရီဖန်၏စကားကိုကြားသောအခါ ဝမ်ကျန်းသူတော်စင်က အံ့သြသွားသည်။
"မိသားစုခေါင်းဆောင်၊ ထိပ်တန်းနတ်လက်နက်ကို သန့်စင်နိုင်တာလား"
ထိပ်တန်းနတ်လက်နက်များကို သန့်စင်နိုင်ပါက သူ့ကို ပန်ကုစကြဝဠာ၏ ၎င်းကို ရှေးနတ်ဘုရားဟုပင်ခေါ်နိုင်သည်။ ခေတ်တိုင်းတွင် ၎င်းသည် ရှေးနတ်ဘုရားတစ်ပါးတည်းသာ ရှိနိုင်၏။
ရှေးနတ်ဘုရားအပျက်အဆီးများကဲ့သို့ပင်၊ ၎င်းကို ယခင်ရှေးနတ်ဘုရားက ချန်ထားခဲ့ခြင်းဖြစ်သည်။
၀မ်ကျန်းသူတော်စင်တစ်ပိုင်းသည် အလယ်အလတ် သူတော်စင်များအားလုံး ထိပ်တန်းသူတော်စင်အဖြစ်သို့ ဖြတ်ကျော်ရန် ပြင်းပြင်းထန်ထန် ကြိုစားရသည်ဟု ယုံကြည်ခဲ့သော်လည်း ရှေးနတ်ဘုရားဘွဲ့ကို ဦးစွာ တိတ်တဆိတ်ရယူခဲ့သူမှာ သူ၏မိသားစုအကြီးအကဲဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုသတင်းထွက်လာလျှင် ပန်ကုစကြဝဠာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားနိုင်သည်။ ထိပ်တန်း နတ်လက်နက်ကို အလိုရှိသော မည်သည့် သူတော်စင်တစ်ပိုင်းမှ ၎င်းကို ဆန့်ကျင်ရဲမည်မဟုတ်ချေ။ အရည်အချင်းရှိသောသူများက နေရာတိုင်းတွင် အမြဲရှိသည်။
“မိသားစုခေါင်းဆောင်၊ မင်းရဲ့လုပ်ရပ်တွေက မင်းနာမည်နဲ့လုံးဝမကိုက်ဘူး။ ဘယ်မလဲ ရိုးရှင်းတာ။
မင်းနာမည်ကို အံ့ဖွယ်ရီဆိုပြီးပြောင်းသင့်တယ်”
၎င်းကို ၀မ်ကျန်းသူတော်စင်တစ်ပိုင်းက သူ့စိတ်ထဲတွင် တိတ်တဆိတ်ညည်းညူလိုက်ခြင်းဖြစ်သည်။ သူက ထုတ်မပြောခဲ့ချေ။ ထိပ်တန်းနတ်လက်နက်က အဖိုးတန်သော်လည်း ၀မ်ကျန်းသူတော်စင်တစ်ပိုင်းသည် လုံးဝမတုံ့ဆိုင်းဘဲ ရီဖန်ထံသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်။ ရီဖန်သည် သူ၏ ထိပ်တန်းနတ်လက်နက်ကိုလိုချင်လိမ့်မည်ဟု မထင်ပါ။
…………
အခန်း ၃၇၅ - သူ့ကဲ့သို့ အရှုံးသမားတစ်ယောက်က အသက်ရှင်ချင်သေးသည်လား
အကယ်၍ ရီဖန်သာ သူ၏ထိပ်တန်းနတ်လက်နက်ကို လိုချင်ပါက၊ ၎င်းကို ပင်ကိုပျက်ဆီးခြင်းပင်လယ်၌ရှိစဉ်ကပင် ယူဆောင်သွားနိုင်သည်။ အဘယ်ကြောင့် ယခုအချိန်အထိ စောင့်နေမည်နည်း။
ရီဖန်သည် ဝမ်ကျန့်၏ ထိပ်တန်းနတ်လက်နက်ကို သူ၏လက်ရှိအသိပညာဖြင့် တစ်ချက်ကြည့်လိုက်ရာ ရုတ်တရက် နောင်တရသွားခဲ့သည်။ ဤနတ်လက်နက်၏ ပစ္စည်းက အလွန်ကောင်းမွန်သောကြောင့် ထိပ်တန်းအဆင့်နတ်လက်နက်ကို သန့်စင်ရန်အတွက်ပင် သင့်လျော်သည်။ ယခုတွင် ၎င်းသည် အဆင့်နိမ့် သာလွန်နတ်လက်နက်တစ်ခုသာဖြစ်နေသည်မှာ နှမြောစရာပင်။
"ဒီနတ်လက်နက်ကို ဘယ်သူသန့်စင်တာပါလိမ့်၊ အရည်အချင်းက တော်တော်ဆိုးတာပဲ!"
လက်နက်သန့်စင်သူတစ်ဦးအနေဖြင့် ရီဖန်သည် ထိုကဲ့သို့သော ကောင်းမွန်သော သန့်စင်သည့်ပစ္စည်းများကို ဖြုန်းတီးပစ်ခြင်းအား မကျေနပ်ချေ။ သူ၏စကားက ၀မ်ကျန်းသူတော်စင်တစ်ပိုင်းကို ဆွံ့အသွားစေ၏။ ဤကဲ့သို့ မောက်မာမှုအတွက် ကျွမ်းကျင်မှုက အာမခံပါသလား။
ဤနတ်လက်နက်သည် ယခင် ရှေးနတ်ဘုရားထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၀မ်ကျန်းသည် ဤပစ္စည်းကိုရယူရန် မရေမတွက်နိုင်သော အန္တရာယ်များနှင့်ရင်ဆိုင်ခဲ့ရ၏။ ယခုတွင် ရီဖန်၏မျက်လုံးထဲ၌ ထိုအရာများက ဘာမှမဟုတ်တော့ချေ။ သူ ဘယ်လိုမှ အရှက်ကွဲမခံနိုင်တော့ချေ။
"ပစ္စည်းက မဆိုးပါဘူး။ ခဏစောင့်၊ ငါအဆင့်မြှင့်ပေးပါ့မယ်”
ထိပ်တန်းနတ်လက်နက်ကို သန့်စင်ခြင်းလုပ်ငန်းစဉ်က လက်နက်သန့်စင်သူတိုင်းအတွက် ရှားပါးသောမြင်ကွင်းတစ်ခုဖြစ်သည်။ ရီဖန်သည် ရီမိသားစုလက်နက်သန့်စင်သူများကို ချက်ချင်းခေါ်ကာ ထိပ်တန်းနတ်လက်နက်ကို သန့်စင်ရန်ပြင်ဆင်လိုက်သည်။
ရီမိသားစု၏ လက်နက်သန့်စင်သူများသည် လက်ရှိတွင်အတွေ့အကြုံမရှိသော်လည်း ၎င်းတို့အရည်အချင်းလုံလောက်သွားပါက ရီဖန်သည် မဟာသူတော်စင်လက်နက်သန့်စင်ခြင်းလုပ်ငန်းစဉ်အတွက် ကူညီစောင့်ကြည့်ပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သိသာထင်ရှားသော တိုးတက်မှုရှိလာမည်မှာ သေချာပါ၏။
ရီဖန်က ပစ္စည်းများကို တစ်ခုပြီးတစ်ခုဖယ်ထုတ်ကာ ပြန်လည်သန့်စင်သည်။ သူသည် ရှေးနတ်ဘုရားဟုခေါ်ဆိုသည့်အရာကို တဖြည်းဖြည်း နားလည်လာသည်။ ၎င်းသည် ထိပ်တန်းနတ်လက်နက်များကို အမှန်တကယ်သန့်စင်ပေးနိုင်သော်လည်း အများစုက ပြန်လည်သန့်စင်နိုင်ရုံလောက်သာဖြစ်ကာ အောင်မြင်ရန် အာမခံချက်မရှိပေ။
စနစ်ထံမှ ရီဖန်သင်ယူခဲ့သော သန့်စင်ရေးနည်းလမ်းမှာ ရှေးနတ်ဘုရားနှင့်နှိုင်းယှဉ်ပါက သာလွန်သည်။
ထိပ်တန်းနတ်လက်နက်များကို ပြန်လည်သန့်စင်ခြင်းက ရီဖန်အတွက် လုံးဝစိန်ခေါ်မှုမရှိပေ။ ရီဖန်သည် အချိန်နှင့် ပစ္စည်းအလုံအလောက်ရှိသရွေ့ ရီမိသားစုကျင့်ကြံသူများ၏ နတ်လက်နက်များကို ထိပ်တန်းအဆင့်သို့ အဆင့်မြှင့်တင်နိုင်သည်။
သို့သော် တာအိုဘိုးဘေးအဆင့်အောက်ကျင့်ကြံသူများသည် အခြေခံအားဖြင့် နတ်လက်နက်များ၏စွမ်းအားကို မလှုံ့ဆော်နိုင်သောကြောင့် လက်ရှိတွင် အလယ်အလတ်အဆင့်နတ်လက်နက်များကို ကိုင်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်။
ရီမိသားစု၏အင်မော်တယ်ဧကရာဇ်များသည် အလယ်အလတ်နတ်လက်နက်များ ပြောင်းသုံးနေကြောင်းကိုသာ အခြားအင်အားစုများသိရှိပါက ၎င်းတို့သည် မနာလိုစိတ်ဖြင့် စိမ်းပုပ်သွားကြလောက်၏။
သူတို့သည် နတ်လက်နက်များကို အိပ်မက်ပင် မမက်ဝံ့ကြပေ။ အလယ်အလတ်တန်းစား နတ် ပစ္စည်းများက ၎င်းတို့အတွက်အကောင်းဆုံးအိပ်မက်များ ဖြစ်နေပြီးဖြစ်သည်။ ရီဖန်သည် ဘိုးဘေးကောင်းတစ်ဦးရှိခြင်း၏အဓိပ္ပါယ်ကို ၎င်းတို့အား ပြသခဲ့သည်။ ရီမိသားစုတွင်သာ သူ့ကဲ့သို့သော ဘိုးဘေးရှိ၏။
ရီဖန်သည် တစ်နှစ်ပတ်လုံး ရှေးဟောင်းနတ်ဓားရှည်၏အဆင့်ကို အောင်မြင်စွာ အဆင့်မြှင့်တင်ခဲ့သည်။ ၎င်းသည် ထိပ်တန်းနတ်လက်နက်အဆင့်သို့ မရောက်သေးသော်လည်း အခွင့်အရေးတစ်ခုသာလိုတော့သည်။
ရီဖန်သည် သူတော်စင်တစ်ပိုင်း၀မ်ကျန်းအား နတ်ဓားကိုပေးအပ်ခါနီးတွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည့် ဗောဓိဘိုးဘေးက ရုတ်တရက်ပေါ်လာကာ ၀မ်ကျန်းသူတော်စင်ကို မကျေမချမ်းကြည့်နေသည်။ ယခင်က သူ့တပည့်သည် သူ့အတွက် ပထမဆုံး ယူဆောင်လာပေးသော်လည်း
ယခု ဤအဘိုးကြီးရောက်လာချိန်တွင် သူက ရီဖန်၏ ပထမဦးစားပေး မဟုတ်တော့ပေ။
"ဆရာ တံခါးပိတ်ကျင့်ကြံနေလို့ မနှောင့်ယှက်ချင်လို့ပါ၊ ဆရာ့ရဲ့ နတ်လက်နက်အတွက် အစီအစဉ်ရှိပြီးသားမို့ ချက်ချင်းသန့်စင်လို့ရပြီ!" ရီဖန်သည် ဗောဓိဘိုးဘေးကို နှစ်သိမ့်ရန် အချိန်အတော်ကြာသွားသည်။
နောက်တစ်ကြိမ်တွင် သူ့အတွက် ပထမအကြိမ် သန့်စင်ပေးမည်ဟု ကတိပြုပြီး ယခုအကြိမ်တွင် ထိပ်တန်းနတ်လက်နက်နှစ်ခု သန့်စင်ပေးမည်ဟု ကတိပေးပြီးမှသာ ဗောဓိဘိုးဘေးက ကျေနပ်သွားသည်။
ရီမိသားစုသည် ယခုအချိန်တွင် တာအိုဘိုးဘေးနယ်ပယ် စွမ်းအားရှင်များစွာကို ပိုင်ဆိုင်ထားသည်။ တာ့ယွီမင်းဆက်ကို ထည့်မတွက်ဘဲ ရီမိသားစုတစ်စုတည်းတွင် ဆယ်ယောက်ကျော်နေလေပြီ။ သူသည် ဤလူများအားလုံးအတွက် ထိပ်တန်းနတ်လက်နက်များ သတ်မှတ်ပေးရန် စီစဉ်ခဲ့သည်။ သို့မဟုတ်ပါက ရီမိသားစုကမတတ်နိုင်သောကြောင့်ဟု တခြားသူများက ထင်ကုန်လိမ့်မည်။
ဤလူများက သူတော်စင်တစ်ပိုင်းနယ်မြေသို့ဖြတ်ကျော်သောအခါ ရီဖန်သည် ထိပ်တန်းနတ်လက်နက်များကို သန့်စင်ပေးပြီး အစားထိုးခိုင်းမည်ဖြစ်သည်။ ထိပ်တန်းကာကွယ်ရေးနတ်လက်နက်၊ ထိပ်တန်းတိုက်ခိုက်ရေးနတ်လက်နက်များ စသည်ဖြင့် ရီဖန်သန့်စင်ရန် နတ်လက်နက်အနည်းငယ်ရှိနေသေးကာ အချိန်အနည်းငယ်ကြာဦးမည်။
သို့သော်လည်း ယခုအခါတွင် ရီမိသားစု၏လက်နက်သန့်စင်ရေးသမားများသည် အကူအညီအချို့ ပေးနိုင်သောကြောင့် အချိန်များစွာ သက်သာနိုင်သည်။ ရီဖန်မှလွဲ၍ ရီကျင်းလုံသည် ရီမိသားစုတွင် အကောင်းဆုံးသန့်စင်ရေးစွမ်းရည်ရှိကာ သူတော်စင်အဆင့် အလယ်အလတ်လက်နက်သန့်စင်သူတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကိုကူညီရန်အတွက် အဆင့်နိမ့် သူတော်စင်နယ်မြေရှိ သန့်စင်သူများလည်းရှိသည်။
ရီမိသားစုက ပြင်ဆင်ရင်းအလုပ်ရှုပ်နေချိန်တွင် ရီမိသားစုနေထိုင်ရာရန်ဟွမ်နယ်မြေသို့ မဖိတ်ခေါ်ထားသောဧည့်သည်နှစ်ယောက် ရောက်လာသည်။ ရန်ဟွမ်နယ်မြေ၏ ကောင်းကင်တာအိုသည် သူတော်စင်နှစ်ပါးပေါ်လာသည်ကို သတိပြုမိသည်နှင့် ချက်ချင်းပင် ရီဖန်ထံအကြောင်းကြားခဲ့သည်။ ရန်ဟွမ်နယ်မြေသည် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်ရှိသော်လည်း သူတော်စင်တစ်ပိုင်းကိုတော့ မတားဆီးနိုင်ပေ။
“သူတော်စင်တစ်ပိုင်း ဗုဒ္ဓကျင့်ကြံသူ” ရီဖန် မျက်ခုံးပင့်လိုက်သည်။
ဗုဒ္ဓကျင့်ကြံသူများသည် ယေဘူယျအားဖြင့် အိမ်တွင်းပုန်းများဖြစ်၏။ နှစ်တစ်လျှောက်တွင် ရီရှင်းလုံက ဗုဒ္ဓကျင့်ကြံသူတစ်ဦးနှင့် တွေ့ကြုံခဲ့သည်မှလွဲ၍ ရီဖန်က ၎င်းတို့နှင့်အဆက်အသွယ် မရှိသလောက်ပင်။
နက်နဲအင်မော်တယ်အဆင့်ဗုဒ္ဓကျင့်ကြံသူကြောင့် လက်စားချေရန် ရောက်လာခြင်း ဖြစ်နိုင်သလား။ သို့သော် နက်နဲအင်မော်တယ်အဆင့် ဗုဒ္ဓကျင့်ကြံသူအတွက် လက်စားချေရန် သူတော်စင်တစ်ပိုင်း နှစ်ဦးရောက်လာခြင်းက မဖြစ်နိုင်ပေ။ ထိုဗုဒ္ဓကျင့်ကြံသူများ၏ အထောက်အထားက မရိုးရှင်းဟု ထင်ရသည်။
ဗုဒ္ဓကျင့်ကြံသူများသည် အပေါ်ယံတွင် ယဉ်ကျေးသည်ဟုထင်ရသော်လည်း အတွင်းပိုင်းတွင် ရက်စက်ကြမ်းကြုတ်၏။ သူ၏အတိတ်ဘဝဖြစ်ရပ်များတွင် ဗုဒ္ဓကျင့်ကြံသူများအား သရုပ်ဖော်ထားသည်ကို သတိရသောအခါ ရီဖန်၏နှလုံးသားသည် လူသတ်ချင်စိတ်ဖြင့် ပြည့်သွားသည်။
တာအိုပညာရှင်များက တရားမျှတမှုအကြောင်း ပြောဆိုကြသော်လည်း ဗုဒ္ဓကျင့်ကြံသူများ၏ လုပ်ရပ်များက ရက်စက်ကြမ်းကြုတ်သည်။ ရီဖန်သည် သူတော်စင်တစ်ပိုင်း ဗုဒ္ဓကျင့်ကြံသူနှစ်ဦးကို မကြောက်သော်လည်း ရီမိသားစုမှအခြားသူများသည် ၎င်းတို့ကို သည်းမခံနိုင်ကြချေ။