အခန်း ၃၇၉-၃၈၁
Vol. 26 Ch. 379-381
အခန်း ၃၇၉ - ပျက်ဆီးခြင်းတိုက်ပွဲ၊ သူတော်စင်တစ်ပိုင်းများပင် သည်းမခံနိုင်သည့် နောက်ကွယ်မှလက်မဲကြီး
ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်နှင့်ပတ်သက်သော အချက်အလက်များကို မမောမပန်းရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ပျက်ဆီးခြင်းဘုရားကျောင်း၏တန်ဖိုးက လျစ်လျူမရှုနိုင်လောက်အောင် ကြီးမားလွန်းသည်မဟုတ်လား။ ကံမကောင်းစွာပဲဖြင့် ၎င်းနှင့်ပက်သက်၍ အရိပ်အမြွက်မျှမရရှိခဲ့ချေ။
ရီဖန်သည် ၎င်းကို စွန့်လွှတ်လုနီးပါးဖြစ်သော်လည်း မြောက်ဘက်ဗုဒ္ဓတိုင်းပြည်ထံမှ ပင်ကိုပျက်ဆီးခြင်းပင်လယ်အကြောင်း သတင်းရခဲ့ရာ အလွန်အံ့သြသွားရသည်။ ရီဖန်က အချက်အလက်များကို ထပ်မံရှာဖွေပြီးနောက်တွင် အလွန်စိတ်လှုပ်ရှားသွား၏။
မြောက်ဘက်ဗုဒ္ဓတိုင်းပြည်မှ တစ်စုံတစ်ယောက်က ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့ပြီးနောက် ဘေးကင်းစွာထွက်ခွာနိုင်ခဲ့သည်။
ဤဗုဒ္ဓကျင့်ကြံသူ၏မှတ်တမ်းအရ သူသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် နန်းတော်တစ်ခုကို တွေ့ဖူးသည်။ စိတ်မကောင်းစရာမှာ စွမ်းအားကြီးမွန်းစတားတစ်ကောင်က နန်းတော်ဝင်ပေါက်ကို စောင့်ရှောက်နေသောကြောင့် နောက်ထပ်စူးစမ်းလေ့လာရန် နန်းတော်တွင်းသို့ ခြေမချနိုင်ခဲ့ပေ။
မှတ်တမ်းထဲတွင် ရေးသားထားသည့်နန်းတော်ဟု ခေါ်သောအရာမှာ ပျက်ဆီးခြင်းဘုရားကျောင်းဖြစ်နိုင်သည်။ အစောင့်အရှောက်မွန်းစတားက ပျက်ဆီးခြင်းနတ်ဆိုးဖြစ်ရမည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ မတော်တဆ၀င်ရောက်သွားသော ဗုဒ္ဓကျင့်ကြံသူမှာ သာမန်တာအိုဘိုးဘေးတစ်ဦးမျှသာဖြစ်သောကြောင့် ပင်ကိုပျက်ဆီးခြင်ပင်လယ်ထဲကို မည်သို့ဝင်ထွက်ရမည်ကို ရှင်းရှင်းလင်းလင်း မသိရချေ။
သို့သော် သူ၏ဖော်ပြချက်အပေါ် အခြေခံ၍ ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။
အကယ်၍ သူသာ နောက်ထပ်ပျက်ဆီးခြင်းဘုရားကျောင်းကို တွေ့ရှိနိုင်ပါက ရီဖန်သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ရောက်ရှိရန်ပင် မလိုအပ်ပေ။ သူသည် ပျက်ဆီးခြင်းအရည်ကို အသုံးချပြီး နောက်ထပ် ကမ္ဘာကြီးများစွာကို မွေးဖွားပေးနိုင်မည်ဖြစ်ကာ ထိုကမ္ဘာများ၏စွမ်းအားဖြင့် သူသည် သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားကို ရရှိလိမ့်မည်။
ဤစာအုပ်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ တိကျသောတည်နေရာအမှတ်များကို အသေးစိတ်မဖော်ပြထားသော်လည်း ၎င်းက ရီဖန်ရောက်ရှိခဲ့သောနေရာများကို ထင်ရှားစွာဖော်ပြထားသည်။ အချိန်များစွာရင်းနှီးမြှုပ်နှံပြီးနောက်တွင် ပျက်ဆီးခြင်းဘုရားကျောင်းကို ရှာတွေ့နိုင်မည်ဟု ရီဖန်ယုံကြည်ထားသည်။
ရီဖန်သည် မြောက်ဘက်ဗုဒ္ဓတိုင်းပြည်ကို အလွန်သဘောကျသောကြောင့် “သက်ရှိဗုဒ္ဓ” ဟူ၍ပင် ရည်ညွှန်းလိုသွားသည်။
အဝေးမှရောက်ရှိလာသော ဤအဖိုးတန်အချက်အလက်များက သူ၏လိုအပ်ချက်များနှင့် ကိုက်ညီနေသည်။ ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ရီဖန်သည် တုံ့ဆိုင်းမနေဘဲ ပျက်ဆီးခြင်းပင်လယ်ထဲသို့ ချက်ချင်းပြန်သွားသည်။
ရီမိသားစု၏သုံးစွဲမှုက အဆက်မပြတ်တိုးမြင့်လာသောကြောင့် ပျက်ဆီးခြင်းအရည်ကိုရှာရန် ပိုမိုအားစိုက်ခြင်းမရှိလျှင် မကြာမီကုန်ခမ်းသွားလိမ့်မည်။
ပျက်ဆီးခြင်းအရည်ကြောင့် သူ၏ကျင့်ကြံမှုအဆင့် လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ကြုံပြီးနောက်တွင် ရီဖန်သည် နေ့စဥ် နှေးကွေးသောကျင့်ကြံမှုကို သည်းမခံနိုင်တော့ပေ။
မြောက်ဘက်ဗုဒ္ဓတိုင်းပြည်မှာ အချက်အလက်များရရှိသော်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ပန်ကုစကြဝဠာနှင့် လုံးဝကွဲပြားသည်။ တိကျသော တည်နေရာအမှတ်များမရှိသောကြောင့် သူသည် တဖြည်းဖြည်းရှာဖွေသွားပြီး သူ၏ကံကြမ္မာကိုသာ အားကိုးနိုင်မည်ဖြစ်သည်။
ရီဖန်က ပျက်ဆီးခြင်းဘုရားကျောင်းကို ရှာဖွေနေစဉ်အတွင်း ပန်ကုစကြဝဠာတွင် ပထမဆုံး အထွတ်အထိပ်ရတနာတိုက် တိုက်ပွဲကိုစတင်ခဲ့သည်။
တာအိုဂိုဏ်းနှင့်၀မ်ရှန်းဂိုဏ်းကဲ့သို့သော ထိပ်တန်းအင်အားစုကြီးများက ၎င်းအတွက်ယှဉ်ပြိုင်ရန် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးထက်မက စေလွှတ်ခဲ့သည်။
ဤနာမည်ကြီးသော အင်အားစုများအပြင် ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ဂိုဏ်းခွဲများသည်လည်း သူတော်စင်အဆင့်ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။
ထို့အပြင် ထိုသူတော်စင်တစ်ပိုင်းကျင့်ကြံသူများ အားလုံးက အလွန်ကျွမ်းကျင်ကြသည်။
ရီမိသားစု၏ လွှမ်းမိုးမှုကြောင့်ဖြစ်မည်။ ယခင်က အလွန်လျှို့ဝှက်လေ့ရှိသော ထိုအင်အားစုများသည် ထိပ်တန်းအင်အားစုစွမ်းအားကို ရုတ်တရက်ပြသလာကြသည်။
ဒြပ်စင်သုံးခုအထွတ်အထိပ်ရတနာတိုက်၏ တည်ရှိမှုက တစ်ဒါဇင်ကျော်သော သူတော်စင်တစ်ပိုင်းကျင့်ကြံသူများ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့ကာ တာအိုဘိုးဘေးအဆင့် ကျင့်ကြံသူများကို လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့သွားစေသည်။ ဤမျှများပြားသော သူတော်စင်များကြားတွင် တာအိုဘိုးဘေးကျင့်ကြံသူများက မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။
သူတော်စင်တစ်ပိုင်း၏အင်အားကြောင့် တာအိုဘိုးဘေးများက ရတနာများကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ၎င်းတို့ကို ထိန်းသိမ်းနိုင်လိမ့်မည်မဟုတ်ပေ။ ထိုခံစားချက်က သူတော်စင်တစ်ပိုင်းကျင့်ကြံသူ မရရှိသေးသည့် အင်အားစုများကို စိတ်ပျက်အားငယ်သွားစေသည်။ နောက်ဆုံးတွင် ထိုထိပ်တန်းအင်အားစုများက အဘယ်ကြောင့် အတားအဆီးမဲ့ရပ်တည်နိုင်သည်ကို နားလည်သွားကြ၏။
မဟာကမ္ဘာကြီးတစ်ခုထွန်းကားလာခြင်းက သူတော်စင်တစ်ပိုင်းရှိပြီးသော အင်းအာစုကြီးများအတွက် အခွင့်အရေးပိုရစေကာ ၎င်းတို့သည် ထိုအရင်းအမြစ်များကိုအသုံးပြု၍ သူတော်စင်တစ်ပိုင်းအသစ်များကို ကျင့်ကြံပေးပြီး ပိုမိုအားကောင်းလာကြမည်ဖြစ်သည်။ ကြီးကြီးမားမားအမှားမလုပ်မိဘဲ တဖြည်းဖြည်းကျင့်ကြံနေသရွေ့ ၎င်းတို့၏ အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေမည်ဖြစ်သည်။
မကြာသေးမီက အသစ်တက်လာခဲ့သော အင်အားစုများက အဘယ်ကြောင့် နှစ်သန်းပေါင်းများစွာတည်ရှိခဲ့သော ထိပ်တန်းအင်အားစုများထက် သာလွန်ရမည်နည်း။
ထိုအခက်အခဲက ရီမိသားစုအရှိန်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ထင်ရှားစွာပြသနေသည်။ အနှစ်တစ်သောင်းအတွင်း၌ နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော အင်အားစုများကို သူတို့နောက်တွင် ဖိနှိပ်ထားနိုင်ခဲ့သည်။
ရီမိသားစုမှပြသထားသော အင်အားအရ တာအိုဂိုဏ်းနှင့် အခြားထိပ်တန်းဂိုဏ်းအနည်းငယ်သာ ၎င်းတို့နှင့် ပြိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ရီမိသားစုကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေသည့် ကံကြမ္မာမျိုးကို လူတိုင်းကသိချင်နေကြသည်။ ရီမိသားစုသည် စစ်မှန်သောသူတော်စင်၏ အမွေအနှစ်ကို ဆက်ခံခဲ့သည်ဟူသော ကောလာဟလများက အမှန်တကယ်ဖြစ်နိုင်ပါသလား။
ရီမိသားစုက သူတော်စင်တစ်ပိုင်းများကို မွေးထုတ်ခဲ့ပြီးနောက် ရီဖန်သည် စစ်မှန်သောသူတော်စင်၏အမွေအနှစ်ကို ဆက်ခံခဲ့သည်ဟူသော ကောလာဟလများက ပန်ကုစကြဝဠာတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ရီဖန်က သူတော်စင်တစ်ဦးဝင်စားခြင်းဖြစ်သည်ဟူ၍ပင် ထင်ကြေးပေးခဲ့ကြ၏။
သို့မဟုတ်ပါက သူတော်စင်တစ်ပိုင်း၏ အမွေဆက်ခံမှုဖြင့်ပင် ရီမိသားစုသည် လက်ရျှအရှိန်အဟုန်ဖြင့် မတိုးတက်နိုင်ချေ။ ခိုင်လုံသောအထောက်အထားမရှိသော်လည်း ဤကောလဟာလကို အများအပြားက လက်ခံထားကြသည်။ သူတော်စင်တစ်ပိုင်းများပင်လျှင် ထိုကောလဟာလကို ယုံကြည်ကြ၏။ သူတို့၏နားလည်မှုအရ ရီမိသားစု၏ တိုးတက်မှုအရှိန်အဟုန်ကို ၎င်းတို့ကပို၍ပင် ကြောက်ရွံ့ကြသည်။
သူတော်စင်တစ်ဦး၏အမွေအနှစ်ဆိုသည်မှာ အစစ်အမှန်ဖြစ်နိုင်သည်။ ရီမိသားစု၏ စွမ်းအားပြသမှုနှင့် ဗုဒ္ဓကျင့်ကြံသူ သူတော်စင်နှစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် မဟုတ်ပါက၊ သူတော်စင်တစ်ပိုင်းအချို့သည် ရီမိသားစု၏လျှို့ဝှက်ချက်များကို စတင်စူးစမ်းနေပြီးဖြစ်သည်။
"ဘမ်း!"
နေရောင်ခြည်ဖြာကျနေသည့် ခရမ်းရောင်အလင်းတန်းက ကောင်းကင်ယံတွင် ရုတ်တရက်ထွက်ပေါ်လာတယ်။ အထွတ်အမြတ်ရတနာတိုက်အတွင်းရှိ သူတော်စင်တစ်ပိုင်းမြောက်မြားစွာသည် ချက်ချင်းပင် ခရမ်းရောင်အလင်းရောင်ကို စိတ်အားထက်သန်စွာ မော့ကြည့်လိုက်ကြသည်။
…………
အခန်း ၃၈၀ - ပျက်ဆီးခြင်းတိုက်ပွဲ၊ သူတော်စင်တစ်ပိုင်းများပင် သည်းမခံနိုင်သည့် နောက်ကွယ်မှလက်မဲကြီး
ဟုန်မိန်ခရမ်းရောင်ချီသည် ခရမ်းရောင်ဖြစ်သည်ကို လူတိုင်းသိထားကြပြီးဖြစ်၏။ သူတော်စင်တစ်ပိုင်းတိုင်း၏အမြင်တွင် ခရမ်းရောင်ရတနာက အမြဲတမ်းအရေးကြီးဆုံးဖြစ်သည်။ ၎င်းက ဟုန်မိန်ခရမ်းရောင်ချီဖြစ်နိုင်သည် မဟုတ်လား။ အောက်ဘက်ရှိသူတော်စင်တစ်ပိုင်းတို့သည် အခြားရတနာများကို ဂရုမစိုက်တော့ဘဲ ခရမ်းရောင်အလင်းဆီသို့ ပြေးသွားကြသည်။
"ဒါ ငါ့ဟာပဲ!"
အမည်မသိသော အင်အားစုတစ်ခုမှ သူတော်စင်တစ်ပိုင်းတစ်ဦးက ခရမ်းရောင်အလင်းကို ပထမဆုံးတွေ့ရှိခဲ့ကာ ခရမ်းရောင်အလင်းကို သူ့အိတ်ထဲသို့သိမ်းစည်းရန်အတွက် အင်္ကျီလက်ကို ချက်ချင်းမ၊တင်လိုက်သည်။ နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သောတိုက်ခိုက်မှုများက ထိုသူတော်စင်တစ်ပိုင်းထံသို့ ဦးတည်သွားခဲ့သည်။
တိုက်ခိုက်ခဲ့သူများမှာ သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်များသာမကဘဲ ၎င်းတို့၏လောဘကြောင့် သူတော်စင်တစ်ပိုင်းများကို ဆန့်ကျင်ရန်ရွေးချယ်ခဲ့သော တာအိုဘိုးဘေးအနည်းစုလည်းပါဝင်သည်။ လောဘသည် ပြစ်မှုတစ်ခုဖြစ်သော်လည်း အပြင်းထန်ဆုံးလှုံ့ဆော်မှုလည်းဖြစ်သည်။ ထိုစိတ်ခံစားမှုမျိုးက တာအိုဘိုးဘေးများကိုပင် သူတို့၏ အကြောက်တရားကို မေ့လျော့သွားစေကာ
သူတော်စင်တစ်ပိုင်းကိုပင် တိုက်ခိုက်ရဲစေသည်။
ထိုသူတော်စင်တစ်ပိုင်း၏မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်ယောင်ပေါ်လာကာ တစ်ခုခုမှားနေသည်ကို သူခံစားမိသည်။ သူ့စိတ်ခံစားချက်ကို လွှမ်းမိုးခြင်းခံလိုက်ရ၏။
သူသည် ရင့်ကျက်တည်ငြိမ်မှုကို အလေးထားသော သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားရှင်ဖြစ်သောကြောင့် ထိုအရာကို စိတ်မြန်လက်မြန်ပြုမူမည်မဟုတ်ပေ။ သို့သော် ယခုတစ်ကြိမ်တွင် အကျိုးဆက်များကို မစဉ်းစားဘဲ လုပ်ဆောင်လိုက်မိပုံရသည်။ သူတင်မကဘဲ အခြားသူတော်စင်တစ်ပိုင်းများသည်လည်း လွှမ်းမိုးခံခဲ့ရပုံရသည်။
သူတော်စင်တစ်ပိုင်းသည် သူသိမ်းဆည်းတော့မည်ရတနာကို အမြန်ပြန်ကြည့်လိုက်ရာ ၎င်းက လူတိုင်းအပေါ် လွှမ်းမိုးနေခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။ ဤခရမ်းရောင်အလင်းသည် ဟုန်မိန်ခရမ်းရောင်ချီ လုံးဝမဟုတ်ဘဲ ဟုန်မိန်ခရမ်းရောင်ချီက ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမရှိချေ။ တစ်ယောက်ယောက်က ၎င်းတို့အားလုံးကို ဆန့်ကျင်ရန် ကြံစည်နေပုံရသည်။
သူတော်စင်တစ်ပိုင်းသည် ကြောက်လန့်တကြားလှည့်ကာ သူ့အတွေးများကိုပြောပြနိုင်ရန် မျှော်လင့်သော်လည်း တိုက်ခိုက်အောက်တွင် လွှမ်းမိုးခံလိုက်ရသည်။
တစ်ဒါဇင်ကျော်သော သူတော်စင်တစ်ပိုင်းများ၏ ဝိုင်းရံမှုကိုရင်ဆိုင်ရချိန်တွင် သူသည် အခြားသူများကို သတိပေးရန်အခွင့်အရေးမရှိပဲ ခဏအတွင်း ကျဆုံးသွားခဲ့၏။
သူတော်စင်တစ်ပိုင်း၏ ထိန်းထားခြင်းမရှိတော့သောကြောင့် ခရမ်းရောင်အလင်းက လူတိုင်း၏အာရုံကိုစွဲဆောင်ရင်း အရူးအမူးပျံထွက်သွားပြန်သည်။ ဤသို့ဖြင့် ပျက်ဆီးခြင်းတိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွါးခဲ့ပြန်၏။ သူတော်စင်တစ်ပိုင်းမှအစ တာအိုဘိုးဘေးအဆုံး မည်သူကမျှ ၎င်းကိုရှောင်လွှဲမရခဲ့ပေ။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့၏ခံစားချက်များကို လုံးဝသတိမထားမိဘဲ ခရမ်းရောင်အလင်းတန်းကိုသာ စိုက်ကြည့်နေကြသည်။
"မင်းဘာလုပ်တာလဲ ငါက မင်းအစ်ကိုလေ"
လျိုရွေ့သူတော်စင်တစ်ပိုင်းထံမှ တိုက်ခိုက်ကြောင့် ဟန်ချွမ်းသူတော်စင်တစ်ပိုင်းက တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိရှိလိုက်ရသည်။ ၎င်းတို့နှစ်ဦးက အမွှာညီအကိုများဖြစ်ကြရာ တစ်ယောက်နှင့်တစ်ယောက် မည်သို့တိုက်ခိုက်မည်နည်း။
“ရပ်လိုက်ကြ”
ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် နောက်ဆုံးတွင် ၎င်းတို့ တစ်စုံတစ်ခု၏လွှမ်းမိုးမှုကို ခံနေရသည်ကို ခံစားမိသွားသည်။ ၎င်းက ထိပ်တန်းနတ်လက်နက်ဖြစ်သည့် ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကို ပြင်းထန်စွာခါယမ်းလိုက်ရာ ကြည်လင်ပြတ်သားသောအသံက အထွတ်အမြတ်ရတနာတိုက်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းသည် နတ်လက်နက်ဖြစ်ပြီး ၎င်း၏အကြီးမားဆုံးအသုံးပြုမှုမှာ စိတ်ဝိညာဉ်အတွက်ဖြစ်၏။ လူတိုင်းက သူတို့၏စိတ်ဝိညာဉ်ပင်လယ်တစ်လျှောက် အေးစက်မှုကိုခံစားလိုက်ရပြီးနောက် သူတို့၏စိတ်နှလုံး ပြန်လည်ကောင်းမွန်လာသည်။
"အစ်ကို၊ ငါ ဘာဖြစ်သွားတာလဲ”
လျိုရွေ့သူတော်စင်တစ်ပိုင်းသည် နောက်ဆုံးတွင် သူ့အာရုံပြန်ရလာပြီး ဟန်ချွမ်းသူတော်စင်တစ်ပိုင်းကို ထိတ်လန့်တကြားကြည့်လိုက်သည်။ လက်ရှိတွင် သူသည် ပန်ကုစကြဝဠာရှိ သူတော်စင်တစ်ပိုင်းနယ်မြေ၏ အထွတ်အထိပ်ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သော်လည်း၊ ၎င်းတို့မသိလိုက်ဘဲ လွှမ်းမိုးခံလိုက်ရ၏။
အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကိုတိုက်ခိုက်ရန် ဤအခွင့်အရေးကို အခွင့်ကောင်းယူခဲ့ပါက ရလဒ်ကိုပင် တွေးဝံ့မည်မဟုတ်ပေ။ အခြားသူတော်စင်တစ်ပိုင်းနှင့် တာအိုဘိုးဘေးသည်လည်း တဖြည်းဖြည်းနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ အပျက်အစီးများကိုကြည့်ကာ ကြောက်ရွံ့သွားသည်။ လူတိုင်းမသိလိုက်ဘဲ လွှမ်းမိုးခံရခြင်းက အလွန်ကြောက်စရာကောင်းသည်။
ယခုတွင် သူတို့၏အသိစိတ် ပြန်လည်ကောင်းမွန်လာသော်လည်း တိုက်ပွဲ၏ရလဒ်က အလွန်ကြောက်စရာကောင်းသည်။ သူတော်စင်တစ်ပိုင်းများထဲမှ သုံးဦးကျဆုံးသွားပြီးဖြစ်သည်။ တာအိုဘိုးဘေးအဆင့်ကျင့်ကြံသူများ အရေအတွက်သည် မရေမတွက်နိုင်အောင်ပင် ဖြစ်၏။
သူတော်စင်တစ်ပိုင်းသုံးဦးစလုံးသည် သူတော်စင်တစ်ပိုင်း တစ်ဦးစီသာ ရှိကြသော အင်အားစုများမှဖြစ်သည်။ ယခု ၎င်းတို့ ဤကဲ့သို့ ကျဆုံးသွားသာကြောင့် ဤခေတ်အတွင်း ပြိုင်ဆိုင်မှုမှ အင်အားစုကြီးသုံးခု ပျောက်ကွယ်သွားပြီဖြစ်ကြောင်းဆိုလိုသည်။ သူတော်စင်တစ်ပိုင်းမရှိလျှင် အခွင့်အလမ်းရရှိနိုင်မည့် အခွင့်အရေးမှာ သုညသာရှိ၏။
အခြားသော အင်အားစုများမှ သူတော်စင်တစ်ပိုင်းတို့သည်လည်း ကျဆုံးခြင်းမရှိသည့်အတွက် အလွန်စိတ်သက်သာရာ ရခဲ့ကြသည်။ သို့သော် ၎င်းတို့လည်း အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်နေသည်။ ဤခေတ်စတင်သည်မှာ မည်မျှကြာသေးသနည်း။ သူတော်စင်တစ်ပိုင်း အများအပြားကျဆုံးခဲ့ပြီးဖြစ်သည်။
ထိုအခြေအနေမျိုးသည် ယခင်ခေတ်များတွင် မရှိခဲ့ဖူးချေ။ ဤတစ်ကြိမ်တွင် နောက်ကွယ်ရှိအရာတချို့ကို ထိန်းချုပ်ထားသည့် တည်ရှိမှုတစ်ချို့ရှိနိုင်ကာ ထိုနောက်ကွယ်မှချုပ်ကိုင်သူအကြောင်း သူတို့ဘာမှမသိကြပေ။ သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ပင်လျှင် ၎င်းတို့ကို မလုံခြုံစေနိုင်ဘဲရှိသည်။
ထိုအချိန်တွင် ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် ခရမ်းရောင်အလင်းကို ထပ်ဖမ်းလိုက်သည်။ ထိုခရမ်းရောင်အလင်းက ကောင်းသည့်အရာမဟုတ်ကြောင်းသိသောကြောင့် အခြားမည်သူကမှ ဟန်ချွမ်းသူတော်စင်တစ်ပိုင်းကို မတားခဲ့ကြချေ။ ထိုခရမ်းရောင်အလင်းတန်းကြောင့် လူများစွာ သေကြေပျက်စီးနိုင်၏။
ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် အနည်းငယ်အားထည့်လိုက်ရာ ၎င်း၏ပတ်ဝန်းကျင်ရှိ အကာအကွယ်အလင်းတန်းက ချက်ချင်းကွဲထွက်သွားပြီး အတွင်းမှ ခရမ်းရောင်ကျောက်တုံးတစ်တုံးကို ပေါ်လာစေသည်။ ထိုကျောက်တုံးထံမှ ထူးဆန်းသောစွမ်းအားတစ်ခု ပြုစားခံလိုက်ရပြန်သည်။ ထိုလွှမ်းမိုးမှုအောက်တွင်
ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် နောက်တစ်ကြိမ် ပြုစားခံလိုက်ရသည်။
ကံကောင်းစွာဖြင့် ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကို အချိန်မီအသက်သွင်းနိုင်ကာ ထိုအကျိုးသက်ရောက်မှုကို ဖယ်ရှားနိုင်လိုက်၏။ သူ့လက်ကောက်ဝတ်ကိုလှုပ်ရှားလိုက်ပြီး ကျောက်တုံးကို ဖယ်ရှားလိုက်သည်။ သူတော်စင်တစ်ပိုင်းကို လွှန်းမိုးနိုင်သည့် ထိုစွမ်းအားကအလွန်ပြင်းထန်သည်။ ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် ၎င်းက မည်သည့်အရာဖြစ်ကြောင်း လေ့လာလိုသော်လည်း
ဟန်ချွမ်းသူတော်စင်တစ်ပိုင်းသည် ဦးနှောက်ကုန်အောင်စဉ်းစားသည့်တိုင် ထိုကျောက်တုံး ဘယ်ကလာမှန်း မသိရချေ။
ပန်ကုစကြဝဠာသမိုင်းတွင် ထိုသို့သောအရာမျိုး တည်ရှိပုံမပေါ်ပေ။ ပန်ကုစကြဝဠာနှင့်မသက်ဆိုင်ပါက မည်သည့်နေရာကရောက်လာသနည်း။ ထို့အပြင် နောက်ကွယ်ရှိ လျှို့ဝှက်ကြိုးကိုင်သူက မည်သူဖြစ်မည်နည်း။
"အားလုံးပဲ ဒီနောက်ကွယ်မှာ လျှို့ဝှက်ကြိုးကိုင်သူရှိရမယ်။ အဲတာ ဘယ်သူလဲဆိုတာ သိရဖို့အတွက် အားလုံးကူညီပေးကြဖို့ မျှော်လင့်ပါတယ်"
"ဟန်ချွမ်းသူတော်စင်တစ်ပိုင်း ငါတို့ဒီကိစ္စကို ဒီတိုင်းလျစ်လျူရှုလို့ မရဘူး"
အခြားသော သူတော်စင်များအားလုံးကလည်း သဘောတူညီကြောင်း ထုတ်ပြောခဲ့သည်။
ထိုလျှို့ဝှက်အကြံအစည်က သူတို့အားလုံးနှင့် သက်ဆိုင်သောကြောင့် ၎င်းတို့လွှတ်ပေးမည်မဟုတ်ပေ။
လျို့ဝှက်ကြိုးကိုင်သူ၏နည်းလမ်းများက ကြောက်စရာကောင်းလွန်းလှသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရကာ နောက်တစ်ကြိမ် ၎င်းတို့၏လုံးဝပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သည်။
သေဆုံးသွားမည့်သူမှာ သူတို့ကိုယ်တိုင်ဖြစ်မည်ဖြစ်သောကြောင့် ထိုရလဒ်ကို မည်သူကမျှ မမြင်ချင်ကြပေ။ ထိုသူမသေသရွေ့ ၎င်းတို့ငြိမ်းချမ်းစွာ အခြေချနိုင်မည်မဟုတ်ချေ။ ထိုပြဿနာကြောင့် အထွတ်အမြတ်ရတနာတိုက်ကို စူးစမ်းရှာဖွေမည့် စိတ်အားထက်သန်မှု လျော့နည်းသွားသည်။ အဓိကအကြောင်းအရင်းမှာ ဤမျှလောက်သော သူတော်စင်တစ်ပိုင်းများစွာကို ဆန့်ကျင်နိုင်သည့် လျှို့ဝှက်ကြိုးကိုင်သူကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။
အကယ်၍ သူတို့တစ်ယောက်တည်းရှိနေပါက ၎င်းကိုလုံးဝခံနိုင်ရည်ရှိမည်မဟုတ်ချေ။ ရတနာများက မည်မျှပင်ကောင်းနေပါစေ ၎င်းတို့အသက်နှင့်တော့ မထိုက်တန်ပါ။ ခဏအကြာတွင် မူလက စည်ကားနေသော ဒြပ်စင်သုံးခုအထွတ်အမြတ်ရတနာတိုက်သည် ရုတ်တရက် ငြိမ်သက်သွား၏။
သူတော်စင်တစ်ပိုင်းကို ဆန့်ကျင်တိုက်ခိုက်ရန် ကြံစည်နေသည်ဟူသောသတင်းက မကြာမီတွင် အဓိကအင်အားစုများကြား ပျံ့နှံ့သွားသည်။ လျှို့ဝှက်ကြိုးကိုင်သူက လူတော်တော်များများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။ ဤမျှလောက်များသော သူတော်စင်များကို ကြံစည်နိုင်သူက မယုံနိုင်လောက်အောင် အစွမ်းထက်ရမည်။
"ရီမိသားစုက ဒီတစ်ခါ အထွတ်အမြတ်ရတနာတိုက်ကို မ၀င်ခဲ့ဘူး၊ သူတို့ တစ်ခုခုများ သိထားလို့လား"
"ရီမိသားစုက လျှို့ဝှက်ကြိုးကိုင်သူ ဖြစ်နိုင်မလား"
ရီမိသားစုသည် စူးစမ်းလေ့လာရန် သူတော်စင်များ အဘယ်ကြောင့် မစေလွှတ်သနည်းဟူသောအချက်က လူအများကို အံ့သြသွားကြသည်။ ယခုတွင် လူအများသည် လျှို့ဝှက်ကြိုးပိုင်သူက ရီမိသားစုမှ ဖြစ်နိုင်ပါသလားဟူ၍ပင် သံသယဝင်လာကြသည်။ သို့မဟုတ်လျှင် ရီမိသားစုက အထွတ်အမြတ်ရတနာတိုက်ကို မစူးစမ်းသည်မှာ တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။
အပြင်ဘက်မှကောလာဟလများနှင့် ရင်ဆိုင်ခဲ့ရသော ရီမိသားစုသည် အနှောက်အယှက်ကင်းစွာ တည်ရှိနေခဲ့သည်။ ထိုကောလဟာလတွေက ရီမိသားစုကို ဘာမှမဖြစ်စေနိုင်ပေ။
“ကျော်ဖြတ်ဖို့အချိန်ရောက်ပြီ"
ပိုင်ဇယ်သည် ၎င်း၏ပုံစံအမှန်ကိုပြသပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ထို့နောက်တွင် ၎င်းက တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်သွားသည်။
ရီမိသားစု ပိုအားကောင်းလေ ပိုင်ဇယ်က အကျိုးကျေးဇူးများ ပိုရလေဖြစ်သည်။ ၎င်းက ရီမိသားစုတွင် ဒဏ္ဍာရီလာမွန်းစတားဖြစ်ခြင်း၏ အားသာချက်ပင်။
ပျက်ဆီးခြင်းအရည်ကို အကန့်အသတ်မရှိ ထောက်ပံ့ပေးခြင်းဖြင့် ရီမိသားစု၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ခြင်းက ဒုံးပျံပေါ် တက်ထိုင်နေသကဲ့သို့ရှိသည်။ ဆယ်စုနှစ်အနည်းငယ်ကြာတိုင်း ရီမိသားစုသည် နောက်ထပ် တာအိုဘိုးဘေးအဆင့်ကျင့်ကြံသူတစ်ဦးကို ရရှိလာမည်ဖြစ်သည်။
ရီမိသားစုဝင်များ၏ အရည်အချင်းဖြင့် တာအိုဘိုးဘေးနယ်မြေ၏ပိတ်ဆို့မှုက မကြီးမားချေ။ ရီမိသားစု၏ကျင့်ကြံမှုအဆင့် တိုးတက်မှုကို ကန့်သတ်ထားခြင်းက ကျင့်ကြံသူများ၏စိတ်ဓာတ်နှင့် အချိန်ဖြစ်သည်။ ရီမိသားစုကျင့်ကြံသူများကို အချိန်အလုံအလောက်ပေးထားပါက တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်သွားခြင်းသည် အလွန်လွယ်ကူပါလိမ့်မည်။
"၀မ်ကျန်း၊ မင်းရဲ့ကျင့်ကြံမှုအဆင့်က တော်တော်တိုးတက်လာပုံရတယ်" ဗောဓိဘိုးဘေးက ဓားတစ်သောင်းဘိုးဘေးကို ကြည့်ရင်းပြံးလိုက်သည်။
"ဟုတ်တယ်၊ရှောင်ဖန်နဲ့ဆိုရင် ကျင့်ကြံမှုအဆင့် မြန်မြန်တက်လာဖို့ မခက်ပါဘူး" နှစ်ယောက်သား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြိုင်တူရယ်မောလိုက်ကြသည်။
ကျင့်ကြံခြင်းအပြင် ယခုသူတို့ကို အပျော်ရွှင်စေဆုံးအရာမှာ ရီမိသားစုက တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။ ရီမိသားစု၏ စွမ်းရည်များဖြင့် ၎င်းတို့သည် နောက်ဆုံးတွင် ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ကြလိမ့်မည်။ သူတို့ခံစားရသည်မှာ ပန်ကုစကြဝဠာက ရီဖန်နှင့် ရီမိသားစုကို မည်သည့်အခါတွင်မှ တားဆီးထားနိုင်ခြင်းမရှိ ဟူ၍ဖြစ်သည်။
………
အခန်း ၃၈၁ - ဒီသရုပ်ဆောင်တွေက တကယ်အရည်အချင်းမရှိတာဘဲ
၎င်းတို့သည် ကျင့်ကြံရေးအဆင့် ပြီးမြောက်အောင်မြင်ခဲ့သော်လည်း ၎င်းတို့နှစ်ဦး၏ရည်မှန်းချက်ကြီးမားမှုက လျော့နည်းသွား၏။ ဟုန်မိန်ခရမ်းရောင်ချီနှင့် ပျက်ဆီးခြင်းအရည်တို့၏အကူအညီဖြင့် သူတော်စင်တစ်ပိုင်းများအကြား ၎င်းတို့၏ကျင့်ကြံမှုအဆင့် တိုးတက်မှုနှုန်းက အထွတ်အထိပ်တွင်ရှိသည်။
ယခုအချိန်တွင် ၎င်းတို့အတွက် အားလပ်ချိန်များစွာ ရရှိနေပြီးဖြစ်၏။ ၎င်းတို့တွင် အခြားဝါသနာမရှိဘဲ အားလပ်ချိန်အားလုံးကို ကျင့်ကြံသူများထံမှ မေးခွန်းများဖြေဆိုရန်နှင့် ၎င်းတို့၏သံသယများကို ဖြေရှင်းပေးရန် မြှုပ်နှံထားသည်။ အစောပိုင်းတွင် ရီဖန်သည် ထူးခြားသောစွမ်းရည်များရှိလျက်နှင့် သူ့မိသားစုသွေးမျိုးဆက်ကို အဘယ်ကြောင့် အလွန်ဂရုစိုက်ကြောင်း သူတို့နားမလည်နိုင်ခဲ့ပေ။ ၎င်းတို့က သူ၏အချိန်နှင့် အရင်းအမြစ်များကို ဖြုန်းတီးနေသည်ဟုပင် ထင်ခဲ့ကြသည်။
သို့သော် ၎င်းတို့သည် ရီမိသားစုထဲသို့ပေါင်းစည်းပြီးနောက် အဖွဲ့ဝင်အသစ်များမွေးဖွားခြင်းကိုမြင်ခဲ့ရပြီး မျိုးဆက်သစ်များထံမှ ချစ်ခင်လေးစားမှုကိုရရှိခဲ့ရာ နောက်ဆုံးတွင် ရီဖန်၏စိတ်ကိုနားလည်သွားကြပြီး စစ်မှန်သောပျော်ရွှင်မှုကို တွေ့ရှိခဲ့ကြသည်။
အခြားသော ထိပ်တန်းအင်အားစုများတွင် သူတော်စင်တစ်ပိုင်းတို့သည် လေးစားထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်။ သာမာန်ကျင့်ကြံသူများအနေဖြင့် သူတော်စင်တစ်ပိုင်းနှင့်တွေ့ဆုံရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ရီမိသားစုရှိ သူတော်စင်တစ်ပိုင်းနှစ်ပါး၌ အချိန်ရှိသရွေ့ သံသယစိတ်များရှိသော ကျင့်ကြံသူများအတွက် တူညီသောလမ်းညွှန်မှုပေးမည်ဖြစ်သည်။ ရီမိသားစုအဖွဲ့ဝင်များသာ ထိုအခွင့်ထူးမျိုးကို ခံစားရနိုင်သည်။
အထွတ်အထိပ်ဆက်ဆံရေးနှင့် ထူးခြားသော စွမ်းရည်များဖြင့် ရီမိသားစု၏ကျင့်ကြံသူများသည် လျင်မြန်စွာမတိုးတက်လာပါက မိသားစု၏ သွေးမျိုးဆက်တွင် တစ်စုံတစ်ရာမှားယွင်းနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ အထွတ်အမြတ်ရတနာတိုက်အတွင်းရှိ အပြောင်းအလဲများက ပန်ကုစကြဝဠာ၏စွမ်းအားကို သိသာထင်ရှားစွာ ပြောင်းလဲစေခဲ့သည်။
သူတော်စင်တစ်ပိုင်းကို အားကိုးလျက် အရင်းအမြစ်များစွာကိုလုယူခဲ့သော အင်အားစုများသည် ယခုအခါတွင် သူတော်စင်တစ်ပိုင်း၏ အကာအကွယ်မရှိတော့ဘဲ ယခင်ထက် ပိုမိုဆိုးရွားလာခဲ့သည်။ လုယက်ခံရသည့်သားကောင်များကလည်း ၎င်းတို့၏ လက်စားချေမှုကို စတင်ခဲ့သည်။
"ပျက်ဆီးခြင်းက ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားကိုယ်ထည်အတွက် တကယ်သင့်လျော်တာပဲ"
နေရာလွတ်အတွင်းရှိ စွမ်းအားကို တစ်စုံတစ်ယောက်က တိတ်တဆိတ်သုံးစွဲနေခဲ့သည်။ ဝူရှန်းဘိုးဘေးအနားတွင် သူတော်စင်တစ်ပိုင်းကိုယ်ပွါးသုံးယောက်ကို မြင်ရ၏။ အထွတ်အမြတ်ရတနာတိုက်အတွင်း ရှိနေခဲ့သော သူတော်စင်တစ်ပိုင်းများ ထိုနေရာတွင်ရှိနေပါက ၎င်းသူတော်စင်တစ်ပိုင်းကိုယ်ပွါးသုံးခုသည် ရတနာတိုက်ထဲတွင်ကျဆုံးသော သူတော်စင်တစ်ပိုင်းများဖြစ်ကြောင်း မှတ်မိကြလိမ့်မည်။
"ကိုယ်ပွါးတစ်ရာစုဆောင်းပြီးတာနဲ့ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က သူတော်စင်နယ်မြေအထိ ရောက်လိမ့်မယ်၊ ပြီးရင် ငါလုပ်ချင်တာလုပ်လို့ရပြီ”
ထိုအတွေးကြောင့် ဝူရှန်းဘိုးဘေး ဝမ်းသာသွားသော်လည်း သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသောမျက်နှာတစ်ခုက သူ့ကိုအေးစက်သွားစေသည်။
"မဟုတ်ဘူး၊ ရီဖန်ရှိနေတဲ့ ပန်ကုစကြဝဠာမှာ ထောင်လွှားနေလို့မဖြစ်ဘူး”
ဝူရှန်းဘိုးဘေးထံမှအချက်အလက်များအရ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်း နယ်မြေကိုဖြတ်ကျော်ခြင်းမရှိသေးပေ။ သို့သော်လည်း ဝူရှန်းက သူတော်စင်တစ်ပိုင်းများကြားတွင် ရီဖန်ကိုနားလည်သူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သောကြောင့် ရီဖန်သည် ထိုမျှမရိုးရှင်းကြောင်းကို သိထားသည်။
ပန်ကုစကြဝဠာတွင် အကြီးမားဆုံးပြောင်းလဲမှုက ရီမိသားစုနှင့် ရီဖန်ဖြစ်သည်။ ရီဖန်နှင့် လုံးဝမရင်ဆိုင်နိုင်မချင်း သူ့ကိုယ်သူထုတ်ဖော်ပြောဆိုခြင်း ပြု၍မဖြစ်ပေ။ အကောင်းဆုံးရွေးချယ်မှုမှာ လော့ထောင်ကဲ့သို့သောသူကို အာရုံစူးစိုက်မှုအားလုံး ဆွဲဆောင်နိုင်စေခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးက နတ်ဆိုးနတ်ဘုရားများဖြစ်ကြသော်လည်း ဝူရှန်းဘိုးဘေးက လော့ထောင်ကို ရောင်းစားရန် တုံ့ဆိုင်းခြင်းမရှိပေ။
ဤအတောအတွင်း ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ဆယ်စုနှစ်များစွာ စူးစမ်းရှာဖွေနေခဲ့သည်။ သူ၏ မဆုတ်မနစ်သော စူးစမ်းရှာဖွေမှုဖြင့် နောက်ဆုံးတွင် ဒုတိယမြောက် ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းကို တွေ့ရှိခဲ့သည်။ ဤဘုရားကျောင်းရှိ ပျက်ဆီးခြင်းအရည်ပမာဏသည် ပထမတစ်ခုထက်ပို၍ များပြား၏။
ရီဖန်သည် မဆိုင်းမတွဘဲ ပျက်ဆီးခြင်းပုတီးကို အဆင့်မြှင့်တင်ရန်အတွက် ပျက်ဆီးခြင်းအရည်အများစုကို ချက်ချင်းအသုံးပြုခဲ့သည်။
ပျက်ဆီးခြင်းပုတီးတွင် များပြားလှသောကမ္ဘာများ တစ်ခုပြီးတစ်ခုဖန်တီးခဲ့ကာ ၎င်း၏စွမ်းအားကိုအလွန်တိုးလာစေသည်။
ရီဖန်သည် ပျက်ဆီးခြင်းပုတီးကို ရရှိခဲ့စဉ်က ၎င်းသည်အစွမ်းထက်ကြောင်းသိသော်လည်း တာအိုဘိုးဘေးအဆင့်သို့ရောက်သည့်တိုင် ၎င်း၏အစွမ်းမှာအတိုင်းအတာတစ်ခုအထိ ရှိနေဦးမည်ဟု မထင်ထားချေ။
ပျက်ဆီးခြင်းပုတီးအတွင်းတွင် ကမ္ဘာပေါင်းတစ်ထောင်ပြည့်သွားသောအခါ ဘုရားကျောင်းအတွင်းရှိ ပျက်ဆီးခြင်းအရည်များ ကုန်ဆုံးသွားခဲ့သည်။ သို့သော် ရီဖန်အတွက် နောင်တရစရာမရှိပေ။ ဤတစ်ကြိမ်တွင်ရရှိသော အမြတ်များက ကြီးမားလှသည်။
ပျက်ဆီးခြင်းပုတီးသည် ၎င်း၏အသွင်ကူးပြောင်းမှု ပြီးဆုံးသွားခဲ့ပြီးနောက် ၎င်း၏မူလကမ္ဘာ့စွမ်းအားမှာ လုံးဝပျောက်ကွယ်သွားသည်။ ပျက်ဆီးခြင်းပုတီးသည် စကြဝဠာတစ်ခု၏ သန္ဓေသားပုံစံဖြစ်လာခဲ့သည်။ ပျက်ဆီးခြင်းပုတီးအတွင်းရှိ များပြားလှသောကမ္ဘာများသည်လည်း ပြီးပြည့်စုံသောကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ပျက်ဆီးခြင်းပုတီးအတွင်း၌ အာရုံခံစားတတ်သည့် သတ္တဝါအမျိုးအစားစုံလင်စွာ နေထိုင်ကြသည်။
၎င်း၏သခင်ရီဖန်က လူသားမျိုးနွယ်ဝင်ဖြစ်သောကြောင့်ဖြစ်မည်၊ ပျက်ဆီးခြင်းပုတီးအတွင်းရှိသတ္တဝါများတွင် အခြားသက်ရှိအားလုံးအုပ်စိုးထားသူများမှာ အဓိကအားဖြင့် လူသားများဖြစ်သည်။
ရီဖန်သည် ထိုသတ္တဝါများ၏ဘဝကို အနှောင့်အယှက်မပေးခဲ့ဘဲ၊ သူတော်စင်တစ်ပိုင်းများက နတ်စွမ်းအားအဖြစ်၎င်း ကြယ်တာရာစွမ်းအားအဖြစ်၎င်း သိထားကြသော ပျက်ဆီးခြင်းပုတီးအတွင်းရှိ စွမ်းအားအသစ်များနှင့် ရင်းနှီးစပြုလာသည်။
ရီဖန်က နတ်စွမ်းအားအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်နှင့်တပြိုင်နက် သူတော်စင်တစ်ပိုင်းနှင့် တာအိုဘိုးဘေးကြားတွင် အဘယ်ကြောင့် ဤမျှကြီးမားသော ကွာဟချက်ရှိနေကြောင်း ချက်ချင်းနားလည်သွားသည်။
နတ်စွမ်းအားအနည်းငယ်က အရာအားလုံးကို လွှမ်းခြုံထားပုံရ၏။ စွမ်းအားအနှစ်သာရ၏ခြားနားချက်က သူတော်စင်တစ်ပိုင်းနှင့် တာအိုဘိုးဘေးတို့ကြား သိသာထင်ရှားသောကွာဟချက်ကို ဖန်တီးပေးသည်။
မူလက
ရီဖန်သည် သူ၏နက်နဲအခြေခံဖြင့် သူတော်စင်တစ်ပိုင်းကိုသာ တိုက်ခိုက်နိုင်သော်လည်း ယခုတွင် စစ်မှန်သောနတ်စွမ်းအားဖြင့် သူတော်စင်တစ်ပိုင်းများကြားတွင် အားနည်းသူမဟုတ်တော့ပေ။ ထို့အပြင် ပျက်ဆီးခြင်းပုတီးအတွင်း၌ နတ်စွမ်းအားများစွာရှိကာ ၎င်းက သာမန်သူတော်စင်တစ်ပိုင်းထက် ပိုများသည်။ ထို့ကြောင့် ရီဖန်၏ခံနိုင်ရည်က သာမာန်သူတော်စင်တစ်ဦးထက် များစွာပိုကောင်းသည်။
ယောက်ျားစစ်စစ်တစ်ဦးက ငါးစက္ကန့်မျှသာ ကြာမည်မဟုတ်ပေ။ ခံနိုင်ရည်က အဓိကျ၏။
သို့သော် ဤအရာများသည် အံ့အားသင့်စရာမဟုတ်ပေ၊ ရီဖန်အတွက် အကြီးမားဆုံးအံ့အားသင့်စရာမှာ ယခုတွင် သူသည် သူတော်စင်နယ်မြေနည်းစနစ်များကို ကျင့်ကြံနိုင်ပြီဖြစ်သည်။
နှစ်အတော်ကြာမြင့်ပြီးနောက် ရီဖန်သည် ကမ္ဘာ့စွမ်းအားကိုအားကိုးပြီး သူ့ခန္ဓာကိုယ်ကို တာအိုဘိုးဘေးတွေအထွတ်အထိပ်အထိ သန့်စင်နိုင်ခဲ့သည်။ ရီဖန်သည် ကိုယ်ကာယစွမ်းအားတစ်ခုတည်းဖြင့်ပင် သာမန်အနှိုင်းမဲ့တာအိုဘိုးဘေးကို တိုက်ခိုက်နိုင်သည်။
…………