အခန်း ၃၈၂-၃၈၄
Vol. 26 Ch. 382-384
အခန်း ၃၈၂ - ဒီသရုပ်ဆောင်တွေက တကယ်အရည်အချင်းမရှိတာဘဲ
မည်သို့ပင်ဆိုစေကာမူ ရုပ်ခန္ဓာသည် တာအိုဘိုးဘေးနယ်မြေသို့ရောက်ရှိပြီးနောက် ကမ္ဘာ့စွမ်းအားသည် ၎င်း၏အကျိုးသက်ရောက်မှု ဆုံးရှုံးသွား၏။ သို့သော် နတ်စွမ်းအားက ခန္ဓာကိုယ်ကို ထပ်မံအာဟာရဖြည့်သွင်းပေးပြီး ရီဖန်ကို အချိန်တိုအတွင်း သန်မာလာစေသည်။
ရီဖန်သည် သူတော်စင်နယ်မြေ ကျင့်ကြံနည်းစနစ်သုံးခုကို အချိန်အတော်ကြာကတည်းက လေ့လာထားပြီးဖြစ်သော်လည်း သူ့တွင် ကျင့်ကြံရန် နတ်စွမ်းအားမရှိသောကြောင့် ကန့်သတ်ခံထားရခြင်းဖြစ်သည်။
ယခုအခြေအနေအားလုံး ပြေလည်သွားသောအခါ ရီဖန်သည် တုံ့ဆိုင်းမနေဘဲ ကျင့်ကြံခြင်းကို ချက်ချင်းစတင်ခဲ့သည်။ မီးခိုးတိမ်တိုက်စာအုပ် သာ့လော့နတ်စာအုပ်နှစ်ခုစလုံးသည် ကျင့်ကြံနည်းများဖြစ်သော်လည်း ရီဖန်၏ပထမဆုံးကျင့်ကြံမှုအတွက် နတ်ဆိုးနတ်ဘုရားကိုယ်ထည်ကို ရွေးချယ်ခဲ့သည်။
ကျင့်ကြံခြင်းမှရရှိသော အနည်းဆုံးအကျိုးကျေးဇူး ကိုယ်ကာယစွမ်းရည်မြှင့်တင်ခြင်းဖြစ်သည်။ နတ်စွမ်းအားရှားပါးမှုကြောင့် သူတော်စင်တစ်ပိုင်းများပင်လျှင် သူတို့၏ကိုယ်ကာယကို တော်ရုံအလုပ်ပေးကြချေ။ အများစုမှာ ၎င်းတို့၏ကျင့်ကြံမှုအဆင့် တစ်ဆို့မှသာ ၎င်းတို့၏ ကိုယ်ကာယစွမ်းအားကိုမြှင့်တင်ရန် ရွေးချယ်ကြသည်။
သို့သော် ရီဖန်သည် ပျက်ဆီးခြင်းပုတီးထံမှ နတ်စွမ်းအားကို အချိန်မရွေးထုတ်ယူနိုင်ကာ သူ့တွင် စစ်မှန်သောသူတော်စင်နယ်မြေ သွေးမျိုးဆက်ရှိသောကြောင့် သူ၏ကိုယ်ကာယမြှင့်တင်ခြင်းသည် ရေတိုအတွက် အကျိုးအရှိဆုံးဖြစ်သည်။ ရီဖန်၏ကျင့်ကြံမှုအဆင့်က တာအိုဘိုးဘေးနယ်မြေတွင်သာ ရှိနေသည်ကို မည်သူအပြစ်တင်နိုင်မည်နည်း။
မရေမတွက်နိုင်သော နတ်စွမ်းအားများသည် ချက်ချင်းပင်အာဟာရအဖြစ် ပြောင်းလဲသွားပြီး ရီဖန်၏ ကိုယ်ကာယကို လျင်မြန်စွာမြှင့်တင်ပေးသည်။ နတ်စွမ်းအားဖြင့် အာဟာရဖြည့်သွင်းထားသည့် နောက်ဆုံးအသွေးအသားနှင့်အတူ ရီဖန်၏ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုသည် သူတော်စင်တစ်ပိုင်းကိုယ်ထည်အဖြစ်သို့ လုံးဝပြောင်းလဲသွားခဲ့သည်။ အသိစိတ်၊ သွေးသား၊ စိတ်ဝိညာဉ်အမျှင်တစ်ခုချင်းစီတိုင်းတွင် နတ်စွမ်းအားဖြင့်ပြည့်လျှံနေကာ တာအိုဘိုးဘေးနယ်မြေနှင့် လုံးဝမတူသောအင်အားကို ရရှိသွားသည်။
ရီဖန်သည် ယခု သူမည်မျှအစွမ်းထက်သည်ကို မသိသော်လည်း ပျက်ဆီးခြင်းပုတီးကို အသုံးမပြုဘဲ သူ၏ကိုယ်ကာယကို အားကိုးခြင်းဖြင့် သာမန်သူတော်စင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ခရီးက ရီဖန်၏ကျင့်ကြံမှုအဆင့်ကို ကြီးမားစွာမြှင့်တင်ပေးခဲ့၏။ ရီဖန်သည် မြောက်ပိုင်းဗုဒ္ဓတိုင်းပြည်မှ ရှေးဗုဒ္ဓနှစ်ပါးကို ထပ်မံကျေးဇူးတင်မိပြန်သည်။
ယခုတွင် ရီဖန်သည် ပျက်ဆီးခြင်းဘုရားကျောင်းကို ရှာတွေ့ပြီးနောက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် ဆက်မနေတော့ဘဲ ပန်ကုစကြဝဠာကို အရင်ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ ရီဖန် ပျက်ဆီးခြင်းဘုရားကျောင်းမှ ထွက်ခွာခါနီးတွင် အနီးနား၌ စွမ်းအားကြီးတည်ရှိနေမှုများကို ရုတ်တရက် ခံစားလိုက်ရသည်။ ပျက်ဆီးခြင်းမွန်းစတားများကြားတွင်လည်း တိုက်ပွဲဖြစ်နိုင်သည်လား။
ထ်ိုနေရာတွင် ရှိသောသူအားလုံးသည် သူတော်စင်တစ်ပိုင်းနယ်မြေတွင် ရှိကြ၏။ ဤနှစ်များတစ်လျှောက်တွင် ရီဖန်သည် သူတော်စင်တစ်ပိုင်းများနယ်ပယ်ရှိ ပျက်ဆီးခြင်းမွန်းစတားများကိုမတွေ့ခဲ့ရဖူးပေ။ သို့သော် ရီဖန်သည် တိုက်ခိုက်နေကြသောသူများမှာ ပျက်ဆီးခြင်းမွန်းစတားများမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုတည်ရှိမှုသည် ပျက်ဆီးခြင်းမွန်းစတားများနှင့် လုံးဝကွဲပြားပြီး ကျင့်ကြံသူများနှင့် အနည်းငယ်ဆင်တူသည်။ ဤကျင့်ကြံသူများ၏ တည်ရှိမှုသည် ရီဖန်တို့ဘက်မှ ကျင့်ကြံသူများနှင့် အနည်းငယ်ကွဲပြားသော်လည်း ၎င်းတို့အားလုံး တူညီပုံရသည်။ သူ အခြားကျင့်ကြံသူများနှင့် တွေ့လိုက်ရသည်လား။
ရီဖန်သည် အစပိုင်းတွင် သူ မပါဝင်ရန် စီစဉ်ထားသော်လည်း ရုတ်တရက်စိတ်ပြောင်းသွားသည်။ ပထမပျက်ဆီးခြင်းဘုရားကျောင်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် အခြားစကြဝဠာများမှ ကျင့်ကြံသူများရှိသည်ဟု ဖော်ပြထားသော်လည်း
ပျက်ဆီးခြင်းပင်လယ်မှာ ကျယ်ပြောလွန်းသောကြောင့် ရီဖန်သည် ယခင်က အခြားသောကျင့်ကြံသူများ၏ တည်ရှိမှုကို တစ်ခါမျှမကြုံခဲ့ဖူးပေ။ ယခုတွင် ၎င်းတို့နှင့်တွေ့ရသည့်အခါ သူအခွင့်အရေးကို မည်သို့ လက်လွတ်ခံမည်နည်း။
တကယ်တမ်းတွင် ရီဖန်၏စွမ်းအား သိသိသာသာတိုးလာတာကြောင့် သူ၏ယုံကြည်မှုကို မြှင့်တင်ပေးထားခြင်းဖြစ်သည်။ မဟုတ်လျှင် ရီဖန်၏ သတိကြီးသောစိတ်ဓာတ်နှင့် သူထွက်ပြေးခဲ့သည်မှာ ကြာလေပြီ။ သူက ပွဲကြည့်ရန်စိတ်ဝင်စားသော်ငြားလည်း ၎င်းတို့၏တိုက်ပွဲများတွင်ပါဝင်ရန် လုံးဝစိတ်ကူးမရှိပေ။
ရီဖန်သည် သူ၏ရောင်ဝါကိုချုပ်တည်းထားပြီး တိုက်ပွဲဦးတည်ရာဆီသို့ တိတ်တဆိတ် လျှောက်လှမ်းသွားသည်။ မကြာမီတွင် ရီဖန်သည် တိုက်ခိုက်နေသော အုပ်စုနှစ်ခုကို တွေ့လိုက်ရ၏။ အုပ်စုနှစ်စုတွင် စုစုပေါင်း ကျင့်ကြံသူ ခုနစ်ဦးရှိသည်။ ၎င်းတို့ထဲကငါးယောက်က အခြားနှစ်ယောက်ကို တိုက်ခိုက်နေကြသည်။
နောက်ထပ်နှစ်ဦးက အနည်းငယ်ပိုအားကောင်းသော်လည်း စုပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါတွင် ၎င်းတို့သည် ကြာကြာမထိန်းနိုင်တော့ပုံရသည်။
“သတ်ပစ်”
ကျင့်ကြံသူနှစ်ဦးသည် ၎င်းတို့၏ နတ်လက်နက်များကို လွှဲယမ်းလိုက်ပြီး လွတ်လမ်းရှာရန် ကြိုးစားကြသည်။ သူတော်စင်နယ်မြေကျင့်ကြံသူတစ်ဦးစီတိုင်းတွင် ထိပ်တန်းနတ်လက်နက်ရှိသည်။ ထို့အပြင် ၎င်းတို့၏ ကျင့်ကြံနည်းစနစ်များက အလွန်အစွမ်းထက်ပုံရ၏။ ၎င်းတို့မှာ နတ်စွမ်းအားနှင့် မတူသော်လည်း အားနည်းခြင်းမရှိပေ။
ထိုသူများသည် အခြားစကြဝဠာများမှ လူများဖြစ်ကြသည်မှာ သေချာ၏။ ထို့ကြောင့်သာ အလွန်ချမ်းသာနေခြင်းဖြစ်ရမည်။
ထိုအချိန်တိုလေးအတွင်း ရီဖန်သည် သူတော်စင်နယ်မြေများကြားတွင်ပင် သူဌေးနှင့် ဆင်းရဲသားများကြားကဲ့သို့ ကွာဟမှုရှိနေကြောင်း သဘောပေါက်သွား၏။ ပန်ကုစကြဝဠာသည် အခြားစကြဝဠာများနှင့် ယှဉ်လျှင် အလွန်ဆင်းရဲသည်။
ဆင်းရဲသားများကို ကူညီရန်အတွက် သူဌေးများဆီက လုယက်ရမည်ဟူသော အတွေးတစ်ခုက ရီဖန်၏စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။
၎င်းတို့က အလွန်ချမ်းသာပြီး သူကအလွန်ဆင်းရဲနေရာ ပြဿနာမရှိချေ။ ရီဖန်သည် မလှုပ်ရှားရသေးမီ ထိုနေရာမှ သူတော်စင်ငါးဦးက ရုတ်တရက်ရီဖန်၏တည်နေရာကို လှည့်ကြည့်လာသည်။
"ဘယ်သူလဲ ကိုယ်တိုင်ထွက်လာခဲ့”
ရီဖန်၏အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွား၏။ ဤကဲ့သို့သော ခိုးကြောင်ခိုးဝှက်အပြုအမူက ဒုက္ခရောက်စေနိုင်ကြောင်းကို သူသိလိုက်သည်။ နောက်တဆင့်တွင် ထိုသူများက သူ့ကိုသတ်ဖို့ ကြိုးစားကြမည်မဟုတ်လား။
“ဒီက တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး ဝင်မစွက်ဖက်ပါနဲ့၊ ဒီနှစ်ယောက်က နတ်ဆိုးကျင့်ကြံသူတွေမို့
ငါတို့က အကျိုးအမြတ်ရဖို့ ကြိုးစားနေတာပါ”
ရီဖန်သည် တိုက်ခိုက်ရန်ပြင်ဆင်ထားသော်လည်း အခွင့်မရရှာသေးချေ။ ၎င်းတို့ဘက်မှ လိမ္မာယဉ်ကျေးနေခြင်းက ရီဖန်ကိုရှက်သွားသေ၏။
"တာအိုမိတ်ဆွေ ငါတို့ကို ကယ်ပါ၊ ငါတို့က နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ရပါဘူး၊ သူတို့လျှောက်ပြောနေကြတာ!"
၎င်းတို့နှစ်ဦးသည် လျင်မြန်စွာခုခံကာကွယ်လိုက်ကြပြီး ရီဖန်၏နေရာသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။
ရီဖန်က ဒါရိုက်တာလုပ်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ရာ ထိုသရုပ်ဆောင်များကြောင့် သက်ပြင်းချလိုက်သည်။
တကယ်တမ်းတွင် ထိုသူတော်စင်တစ်ပိုင်းများ၏ သရုပ်ဆောင်မှုစွမ်းရည်မှာ မဆိုးလှပေ။ ၎င်းတို့အားလုံးသည် သူတော်စင်များထဲတွင် အထက်တန်းစားများဖြစ်သည်။
သို့သော်လည်း အော်စကာဆုရအကောင်းဆုံးမင်းသားထက် သရုပ်ဆောင်စွမ်းရည်ရှိသည့် ရီဖန်၏အမြင်တွင် ၎င်းတို့၏ သရုပ်ဆောင်စွမ်းရည်က ယှဉ်မရလောက်အောင် အားနည်းလွန်းသည်။
"သရုပ်ဆောင်တာတော်ပါတော့ တိုက်ကြရအောင်ပါ"
နောက်အခိုက်အတန့်တွင် ရီဖန်သည် အခြားသူများ၏ တုန်လှုပ်ချောက်ချားနေသည့် အကြည့်အောက်တွင် သူ၏နတ်ဆိုးနတ်ဘုရားကိုယ်ထည်ကို တိုက်ပွဲထဲသို့ ဆင့်ခေါ်လိုက်သည်။ သူ၏ လက်သီးတစ်ချက်က နတ်ဆိုးကျင့်ကြံသူနှစ်ဦးကို လွှင့်ထွက်သွားစေကာ ရောက်ရှိလာသည့် ကျင့်ကြံသူများကို အေးစက်စွာကြည့်လိုက်သည်။
နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် အမှန်ပင်နတ်ဆိုးကျင့်ကြံသူများဖြစ်သော်လည်း ဤတိုက်ပွဲတွင် အကောင်းနှင့်အဆိုးခွဲခြား၍မရဘဲ အစွမ်းအထက်ဆုံးအင်အားစုကသာ တစ်ဦးတည်းသော အုပ်ချုပ်သူဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူခုနစ်ယောက်သည် ရီဖန်ကို အေးစက်စွာကြည့်ကာ သရုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။
"ငါတို့ ကောင်းကောင်းမလုပ်နိုင်ဘူးလားကွာ"
၎င်းတို့ခုနစ်ယောက်မှာ အနည်းငယ်စိတ်ရှုပ်သွားသည်။ ၎င်းတို့သည် ထိုသရုပ်ဆောင်မှုစွမ်းရည်ဖြင့် သူတော်စင်တစ်ပိုင်းများစွာကို လှည့်စားသတ်ဖြတ်နိုင်ခဲ့သော်လည်း ၎င်းက ရီဖန်အတွက် မည်သို့မျှအလုပ်မဖြစ်ခဲ့ပေ။
"အင်း၊ မင်းတို့ သရုပ်ဆောင်မှုစွမ်းရည်က မဆိုးပါဘူး၊ ဒါက တိုက်ဆိုင်သွားလို့ပါကွာ”
တိုက်ဆိုင်မှုများစွာသည် တိုက်ဆိုင်မှုသပ်သပ်မဟုတ်တော့ပေ။ ရီဖန်သည် တိုက်ဆိုင်မှုနှင့် အခွင့်အရေးအားလုံးကို သံသယစိတ်ဖြင့် အမြဲသတိထားခဲ့သည်။ ကျင့်ကြံသူများ၏ နှလုံးသားက လူသားများထက် ပိုညစ်ပတ်တတ်သည် မဟုတ်လား။
ဝတ္တုများစွာကို ဖတ်ရှုပြီးနောက် ကျင့်ကြံရေးကမ္ဘာ၏ ဇာတ်ကွက်အားလုံးကို မြင်တွေ့ခွင့်ရသည့်အတွက် ဝမ်းသာမိပါသည်။ ၎င်းက ကူးပြောင်းလာသူတစ်ဦး၏ အကြီးမားဆုံးအားသာချက်ဖြစ်၏။ ထိုစာရေးဆရာများသည် အဆုံးမရှိသော စိတ်ကူးစိတ်သန်းများရှိကြကာ ဖြစ်နိုင်သည့် ဇာတ်ကွက်နှင့် အစီအစဥ်များအားလုံးကို ရေးသားထားခဲ့သည်။
နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် ရီဖန်ကိုပစ်မှတ်ထား၍ တိုက်ခိုက်မှုကိုစတင်ခဲ့သည်။ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အလွန်အစွမ်းထက်ခြင်းမရှိဘဲ အများစုမှာ သူတော်စင်တစ်ပိုင်း အစောပိုင်းအဆင့်တွင်ရှိကြောင်း ပြသနေ၏။
သို့သော် ၎င်းတို့က သူတော်စင်တစ်ပိုင်းဖြစ်နေဆဲကာ တစ်ချက်လှုပ်ရှားရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို အရောင်ပြောင်းစေနိုင်သည်။ များပြားလှသော ပျက်ဆီးခြင်းစွမ်းအားများသည် ရေလှိုင်းများထဲသို့ ထကြွလာကာ အဝေးသို့ပြန့်ကျဲသွားသည်။
ဘမ်း!
တိုက်ခိုက်မှုက ရီဖန်ကို အရှိန်ပြင်းစွာ ထိမှန်သွားသည်။ သို့သော် နောက်အခိုက်အတန့်တွင် သူတို့မပျော်နိုင်တော့ပါ။ ၎င်းတို့၏တိုက်ခိုက်မှုက ရီဖန်အပေါ် လုံးဝသက်ရောက်မှုမရှိနေချေ။
တစ်ဖက်တွင် ရီဖန်သည် သူ၏လက်ရှိအကာအကွယ်ကို အလွန်ကျေနပ်သွား၏။ ရီဖန်ကဲ့သို့ တည်ငြိမ်သော ကျင့်ကြံသူတစ်ယောက်အတွက် သူ၏အကာအကွယ်က သန်မာသည်ဟု မည်သည့်အခါကမှ မခံစားခဲ့ရဖူးပေ။
ယခုအခါတွင် ကာကွယ်ရေးစမ်းသပ်မှု ပြီးသွားပြီးနောက် တိုက်ခိုက်ရေးစွမ်းအားကိုစမ်းသပ်ရန် အချိန်ကျရောက်နေပြီဖြစ်သည်။ ရီဖန်၏ဖုံးကွယ်ထားမှု ပျောက်ကွယ်သွားပြီး သူ၏ကျင့်ကြံမှုအဆင့်ကိုထုတ်ဖော်လိုက်သည်။
ရီဖန်၏ကျင့်ကြံမှုအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ ကျင့်ကြံသူအများအပြားက ၎င်းတို့ အမြင်မှားသည်ဟု ထင်နေကြ၏။ သူတော်စင်တစ်ပိုင်း အဆင့်တောင်မရောက်သေးသည့် ကျင့်ကြံရေးသမားတစ်ဦးက ၎င်းတို့၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်ပါသလား။ ၎င်းတို့၏ နှစ်ပေါင်းများစွာ ကျင့်ကြံလာမှုက အလဟဿဖြစ်သွားသလိုပင် ခံစားလိုက်ရသည်။
သို့မဟုတ် တာအိုဘိုးဘေးတစ်ဦးက ထိုမျှအစွမ်းထက်နေရသည်အထိ ၎င်းတို့ ပင်မရေစီးကြောင်းမှ နောက်ကျကျန်နေခဲ့သလား။
ရီဖန်သည် ၎င်းတို့ကို စဉ်းစားရန်အချိန်အများကြီးမပေးဘဲ နောက်အခိုက်အတန့်တွင် စတင်လှုပ်ရှားခဲ့သည်။
ပျက်ဆီးခြင်းပုလဲအတွင်း နတ်စွမ်းအားကို စုဆောင်းရင်း ရီဖန်သည် သူ၏အင်အား ချက်ခြင်း တိုးလာသည်ကို ခံစားလိုက်ရသည်။ တိုက်ပွဲသည် အလွန်မကြာလိုက်ပေ။ သူတော်စင်ခုနစ်ယောက်က လုံးဝပျောက်ကွယ်သွားသည်။ သူတော်စင်တစ်ပိုင်းများသည် ပျက်ဆီးခြင်းပုလဲအတွင်း ၎င်းတို့၏စွမ်းအားကို လုံး၀မစုစည်းနိုင်ဘဲ ရီဖန်၏ဓားစာခံများ လုံးဝဖြစ်သွားကြောင်း သိလိုက်ရသည်။
ရီဖန်က သူတို့ကိုသတ်ရန် အလျင်စလိုမလုပ်ခဲ့ပေ။ ထိုသူများက အလွန်အသုံဝင်သေးသည်မဟုတ်လား။ ၎င်းတို့ကို ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်အကြောင်း ပိုမိုနားလည်လာစေရန် ကူညီပေးလိမ့်မည်။ သူသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် နှစ်ထောင်ပေါင်းများစွာ လှည့်လည်သွားလာနေသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သောနေရာအကြောင်း များစွာမသိရသေးပေ။
ဤတစ်ကြိမ်က အလွန်ကောင်းမွန်သည့် အခွင့်အရေးဖြစ်သည်။ ထိုသရုပ်ဆောင်များက သူသိချင်သည့်အရာများကို ပြောပြနိုင်မည်ဟု ရီဖန်ယုံကြည်၏။
……..
အခန်း ၃၈၃ - သရုပ်ဆောင်ခြင်း၊ မြှူဆွယ်ခြင်း
ရီဖန်နှင့် ရင်ဆိုင်ရချိန်တွင် လွန်ခဲ့သည့်အခိုက်အတန့်က ရှိနေခဲ့သော ၎င်းတို့၏ကြီးကျယ်မြင့်မြတ်မှုများ ပျောက်ကွယ်သွားကာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ပျက်ဆီးခြင်းပုလဲ၏နေရာလွတ်ထဲသို့ ဝင်ပြီးနောက် ၎င်းတို့သည် ဤတစ်ကြိမ်တွင် အမှန်တကယ် လူမှားရှုပ်မိသွားကြောင်း သိလိုက်ရသည်။ ပျက်ဆီးခြင်းပုလဲထဲတွင် ၎င်းတို့အားလုံး လုံး၀ဖိနှိပ်ခြင်းခံထားရသကဲ့သို့ ခံစားနေကြရ၏။
သူတော်စင်တစ်ပိုင်းအဆင့်ကျင့်ကြံသူကို အသာထား၊ သူတော်စင်တစ်ဦးသည်ပင် ဤနေရာ၌ ခုခံရန်ကြိုးပမ်းပါက လုံးဝကျဆုံးသွားနိုင်သည်ဟု ခံစားခဲ့ကြရသည်။ ထို့ကဲ့သို့သော အဆင့်မြင့်လက်နက်မျိုးကို သူတို့ တစ်ခါမှမကြားဖူးကြပေ။ ယခုအချိန်တွင် သူတို့လွတ်မြောက်ရန် အတွေးက လုံး၀ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရီဖန်၏အမျက်ဒေါသကို ဖြေရှင်းရန်သာဖြစ်၏။
၎င်းတို့သည် လက်ရှိအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ လုံ့လစိုက်ထုတ်ချက် ကျင့်ကြံခဲ့ကြသောကြောင့် ယခုအချိန်တွင် သေရန်အဆင်သင့်မဖြစ်သေးပေ။
"အခု ငါမေးမယ် မင်းတို့ဖြေကြ”
ရီဖန်၏စကားကိုကြားသောအခါ သူတော်စင်တစ်ပိုင်းတို့သည် အရူးအမူးခေါင်းညိတ်ပြီး လုံးဝနာခံကြောင်းပြသလိုက်သည်။
"နာမည်က"
"၀မ်လျို့ "
"နောက်ခံက"
မကြာမီတွင် ရီဖန်သည် သူတော်စင်တစ်ပိုင်းများ၏ မူလဇစ်မြစ်ကို အကြမ်းဖျင်းနားလည်လာခဲ့သည်။
၎င်းတို့သည် အမှန်တကယ်ပင် ထျန်းလုံစကြဝဠာ ဟုခေါ်သော အခြားစကြဝဠာမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူတို့၏ကျင့်ကြံရေးကို နတ်တာအိုဟုခေါ်သည်။ ၎င်းတို့သည် နတ်အသိဉာဏ်ကို ဖြန့်ကျက်ပြီး တပည့်များစုဆောင်းကာ ၎င်းတို့ထံမှရသော ယုံကြည်ခြင်းစွမ်းအားဖြင့် ကျင့်ကြံကြသည်။
၎င်းတို့၏ကျင့်ကြံမှုအဆင့်မှာ ပန်ကုစကြဝဠာတွင် သူတော်စင်တစ်ပိုင်းနှင့် ညီမျှသော နတ်ဘုရားတစ်ပိုင်းဖြစ်သည်။ ပန်ကုစကြဝဠာနှင့်မတူဘဲ ၎င်းတို့၏စကြဝဠာတွင် သူတော်စင်များကဲ့သို့ စစ်မှန်သောနတ်ဘုရားများရှိသည်။ ထိုမျှမကဘဲ ၎င်းတို့တွင် ပန်ကုစကြဝဠာထက်ပို၍ အရင်းအမြစ်များစွာရှိကြသည်။ ရီဖန်က ပန်ကုစကြဝဠာအကြောင်း ကြားဖူးသလားဟု မေးမြန်းသောအခါ လုံးဝမကြားဖူးကြောင်း ပြန်ဖြေကြသည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် စကြဝဠာတစ်ခုတည်းသာမက စကြဝဠာများစွာကို ချိတ်ဆက်ပေးသည်။ ဤနေရာမှ မိုင်ပေါင်းကုဋေများစွာ ဝေးကွာသောနေရာတွင် စကြဝဠာအသီးသီးမှ ကျင့်ကြံသူများဖြင့် တည်ဆောက်ထားသော မြို့တစ်မြို့ ရှိသည်။ ထိုမြို့တွင် အမျိုးမျိုးသော အင်အားစုများက နားခိုရန်နှင့် ကုန်သွယ်မှုစျေးကွက်အဖြစ် ဆောင်ရွက်ကြသည်။
ထိုသို့ရောင်းဝယ်သည့် ကုန်သွယ်ရေးကုန်စည်များက ကျင့်ကြံရေးအရင်းအမြစ် အမျိုးအစားအမျိုးမျိုးဖြစ်ကြ၏။ ၎င်းတို့ထဲတွင် အဖိုးတန်ဆုံးအရင်းအမြစ်မှာ ပျက်ဆီးခြင်းအရည် ဖြစ်သည်။ မည်သည့်ကျင့်ကြံမှုစနစ်တွင်မဆို ပျက်ဆီးခြင်းအရည်သည် အလွန်အဖိုးတန်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ ပျက်ဆီးခြင်းအရည်ကို ထိပ်တန်းနတ်လက်နက်နှင့်ပင် လဲလှယ်နိုင်သည်။
ရီဖန်ရရှိထားသော ပျက်ဆီးခြင်းအရည်သည် ထောင့်တစ်ရာနီးပါးရှိကာ ထိပ်တန်းနတ်လက်နက် တစ်ရာနှင့်လဲလှယ်နိုင်သည်။ ၎င်းကိုသိရသည့်အခါတွင် ရီဖန်အံ့ဩသွားသည်။ ထိပ်တန်းနတ်လက်နက်ရာချီက ပျက်ဆီးခြင်းပုလဲကို တစ်ကြိမ်တစ်ခါသာ အဆင့်မြှင့်တင်ပေးနိုင်သည်။ အကယ်၍ သူသည် ပျက်ဆီးခြင်းပုလဲကို စစ်မှန်သောစကြဝဠာအဖြစ် အဆင့်မြှင့်တင်လိုပါက၊ ထိပ်တန်းနတ်လက်နက်ထောင်ပေါင်းများစွာ လိုအပ်လိမ့်မည်။ ၎င်းက လုံးဝဖြုန်းတီးခြင်းပင်။
မြို့တော်ပေါ်ပေါက်လာခြင်းက ရီဖန်အတွက် ပျက်ဆီးခြင်းအရည်ကို လဲလှယ်ရန် အခြားနည်းလမ်းတစ်ခုရှိနေပြီဖြစ်ရာ ၎င်းက သူ့အတွက် သတင်းကောင်းဖြစ်သည်။ သို့မဟုတ်ပါက ပျက်ဆီးခြင်းဘုရားကျောင်းကိုရှာတွေ့ရန် ကံကြမ္မာကိုသာအားကိုးပြီး ပျက်ဆီးခြင်းပုလဲကို စကြဝဠာအဆင့်အထိ အဆင့်မြှင့်ရန် မည်မျှကြာမည်ကို သူမသိပေ။
ဤသူများက သူ့ကိုမြို့တော်ဆီသို့ ဦးဆောင်လမ်းညွှန်ပေးနိုင်လိမ့်မည်။ ဤတစ်ပိုင်းသူတော်စင်များသည် ရီဖန်အတွက် အလွန်အသုံးဝင်သော တပ်သားများဖြစ်သောကြောင့် ၎င်းတို့ကိုသတ်ပစ်ရန် အစီအစဉ်မရှိသေးချေ။ သူသည် ၎င်းတို့၏ ဝိညာဉ်ပင်လယ်ထဲသို့ မန္တန်ထည့်ထားသည့် တားမြစ်ချက်တစ်ခုကို မြှုပ်နှံလိုက်သည်။
ရီဖန်၏အတွေးတစ်ခုဖြင့် သူတော်စင်တစ်ပိုင်း၏ စိတ်ဝိညာဉ်များကို ချက်ချင်းချေဖျက်ပစ်နိုင်လိမ့်မည်။ စိတ်ဝိညာဉ်သာမရှိပါက သူတော်စင်တစ်ပိုင်းပင်လျှင် သေသွားနိုင်သည်။ ထို့ကြောင့် ဤသူတော်စင်တစ်ပိုင်းတို့သည် ရီဖန်၏စွမ်းအားကို မခုခံဝံ့ကြပေ။ ၎င်းတို့က ရီဖန်၏တပ်သားများ ဖြစ်လာမည်ဖြစ်သော်လည်း သေသွားခြင်းထက် ပိုကောင်းနေပါသေးသည်။
"အစ်ကိုကြီး၊ ငါတို့ မင်းကို ကျုံးဖန်မြို့ကို လိုက်ပို့ပေးမယ်!"
တပ်သားလေးများသည် လျင်မြန်စွာလိုက်လျောညီထွေဖြစ်အောင် ညှိယူလိုက်ပြီး ရီဖန်ကို တလေးတစားပြောလာသည်။ ရီဖန်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် လူအုပ်နှင့်ရောနှောကာ ကျုံးဖန်မြို့ဆီသို့ ဦးတည်သွားကြသည်။
ဤတစ်ကြိမ်တွင် ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်မထားဘဲ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် သူ၏အဆင့်ကို ဖော်ပြထားသည်။ တစ်ခါတရံတွင် ကွယ်ဝှက်ထားခြင်းထက် ဖော်ပြထားခြင်းက ရန်သူကိုပိုမိုရှုပ်ထွေးစေနိုင်သည်။ ရီဖန်၏လမ်းညွှန်မှုကြောင့် သူတော်စင်တစ်ပိုင်းတို့သည် သူ့အပေါ်အထူးသဘောထားမပြဘဲ အခြားသောကျင့်ကြံသူများကဲ့သို့ ဆက်ဆံကြ၏။
၎င်းတို့၏ကျင့်ကြံ မှုအဆင့်ဖြင့် မိုင်ပေါင်းဘီလီယံချီသည့် အကွာအဝေးက အလွန်မဝေးကွာသောကြောင့် ကျုံးဖန်မြို့သို့ လျင်မြန်စွာရောက်ရှိသွားသည်။ ရီဖန်သည် ဤကျုံးဖန်ဟုခေါ်သောမြို့ကို မျှော်ကြည့်ရင်း ပေါ့ပေါ့ပါးပါး လျှောက်လာသည်။
ကျုံးဖန်မြို့သည် အလွန်ကြီးမားကာ ၎င်းသည် သာမာန်ကမ္ဘာတစ်ထောင်ငယ်မျှပင် ကျယ်၏။
ကျုံးဖန်မြို့တွင် ကျင့်ကြံသူအများအပြားရှိကာ အများစုမှာ အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သည်။
ကျင့်ကြံမှုအဆင့်နိမ့်သော ကျင့်ကြံသူအများစုသည် အဆင့်မြင့်ကျင့်ကြံသူများထံ အမှုထမ်းရန်အတွက် ထိုနေရာတွင်ရှိနေကြသည်။ တကယ်တမ်းတွင် သူတော်စင်တစ်ပိုင်းများသည် အထင်ကြီးလေးစားခံရကာ ကျွန်တချို့ကို အမြဲလိုအပ်နေ၏။
ဆေးလုံး၊ လက်နက်များ၊ အခင်းအကျင်းများသည် ဤနေရာရှိဆိုင်အမျိုးမျိုးတွင် ပြတ်လပ်ခြင်းမရှိပေ။ ကြည့်ရသည်မှာ ပန်ကုစကြဝဠာတွင်ရှားပါးသော နတ်ဆေးလုံးများ၊ နတ်လက်နက်များကို ဤနေရာတွင် အလွန်များပြားစွာတွေ့ရသည်။ သူတော်စင်တစ်ပိုင်းများ၏ဖော်ပြချက်အရ ကျုံးဖန်မြို့ရှိ တာအိုဘိုးဘေးအများစုသည် နတ်လက်နက်များကိုင်ဆောင်ရန် တတ်နိုင်ကြသည်။ အမှန်တကယ် အစွမ်းထက်သော သူတော်စင်တစ်ပိုင်းများသည် ထိပ်တန်းနတ်လက်နက်နှင့် ဒဏ္ဍာရီလာ နတ်လက်နက်များကို အသုံးပြုကြ၏။
၎င်းတို့၏ခိုးယူခြင်းအကြောင်းအရင်းမှာ အလွန်ဆင်းရဲခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့တွင် နောက်ခံသို့မဟုတ် အထောက်အပံ့တစ်ခုမှ မရှိပေ။ သူတော်စင်တစ်ပိုင်းခုနစ်ယောက်တို့သည် ထိပ်တန်းနတ်လက်နက်တစ်ခုကိုပင် စုပေါင်းမဝယ်တိုင်ကြချေ။ ယခုတွင် ၎င်းတို့သည် ရီဖန်၏ဖိနှိပ်ခြင်းခံခဲ့ရကာ ထိပ်တန်းနတ်လက်နက်များကို သုံးခွင့်မရှိတော့ဘဲ ကျန်ဘဝတစ်လျှောက်လုံး သူ့ထံတွင်အမှုထမ်းရတော့မည်ဖြစ်သည်။
ယခုအချိန်တွင် ရီဖန်သည် ၎င်းတို့ကို ရီမိသားစုထဲသို့ခေါ်ဆောင်ရန် သို့မဟုတ် ၎င်းတို့ကို ဟုန်မိန်ခရမ်းရောင်ချီ ပေးအပ်ရန် ရည်ရွယ်ချက်မရှိသေးပေ။ ရီမိသားစု၏အပိုဆုကြးများမရှိပါက ဟုန်မိန်ခရမ်းရောင်ချီရှိလျှင်ပင် ၎င်းတို့သည် မြင့်မားသောအောင်မြင်မှုများ ရရှိလိမ့်မည်မဟုတ်ပေ။ အားလုံးက အမှိုက်သာဖြစ်သွားလိမ့်မည်ပင်။ အကယ်၍ သူသည် အမှုထမ်းတိုကင်များစွာကို တစ်ပြိုင်နက် မရရှိနိုင်ပါက ရီဖန်သည် ၎င်းတို့ကို ရီမိသားစုထဲသို့ထည့်သွင်းရန် စဉ်းစားရဦးမည်။
………..
အခန်း ၃၈၄ - သရုပ်ဆောင်ခြင်း၊ မြှူဆွယ်ခြင်း
ဤနေရာတစ်ဝိုက်တွင် ကာလရှည်ကြာအောင် ဓားပြများဖြစ်ခဲ့ကြသော ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့ထံတွင် ကျုံးဖန်မြို့ရှိ ၎င်းတို့၏ကိုယ်ပိုင်အခြေစိုက်စခန်းကို ရှိကြ၏။ ကျုံးဖန်မြို့သည် ထိုမျှလောက်မကြီးမားသော်လည်း မြေကွက်တိုင်းက အလွန်အဖိုးတန်သည်။ တာအိုဘိုးဘေးတစ်ဦးပင်လျှင် ကျုံးဖန်မြို့၌ လုံလောက်သော မြေကွက်ကြီးတစ်ခုရှိမည်မဟုတ်ပေ။ ကျုံးဖန်မြို့တွင် သူတော်စင်တစ်ပိုင်းများသာ အခြေချနိုင်ကြသည်။
၀မ်လျို့နှင့် အခြားသူများ၏အဆိုအရ ကျုံးဖန်မြို့၏ အတွင်းပိုင်းတွင် သူတော််စင်နယ်မြေကျင့်ကြံသူများရှိသည်။ ၎င်းသူတော််စင်နယ်မြေကျင့်ကြံသူများသည် ကျုံးဖန်မြို့ကိုဖန်တီးသူများဖြစ်ကြ၏။ သို့သော်လည်း ထိုသူတော််စင်နယ်မြေ ကျင့်ကြံသူများက အပြင်ထွက်လေ့မရှိသောကြောင့် ၎င်းတို့ကိုမြင်ရန် အခွင့်မသာကြချေ။
ကျုံးဖန်မြို့အပြင်ဘက်၊ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင်လည်း နောက်ထပ်မြို့များ ရှိရမည်။ နှမျောစရာကောင်းသည်မှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်က ကျယ်ပြန့်လွန်းသည်။
သူတော််စင်နယ်မြေကျင့်ကြံသူတစ်ဦးပင်လျှင် အခြားကျင့်ကြံသူများနှင့် တွေ့ဆုံရန်အခက်အခဲရှိ၏။
၀မ်လျို့နှင့် သူ၏အဖော်များသည်လည်း ကျုံးဖန်မြို့တစ်ခုတည်းကိုသာ သိကြသည်။ အခြားမြို့များတွင် တိကျသော တည်နေရာအမှတ်များမရှိကြပေ။ ၎င်းတို့သည် ရီဖန်ကို ၎င်းတို့၏အခြေစိုက်စခန်းသို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြကာ လမ်းခရီးတွင် ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ မိတ်ဆွေတချို့နှင့် တွေ့ကြရသည်။
"၀မ်လျို့ မင်း အခု တာအိုဘိုးဘေးတွေနဲ့ သွားလာနေရတဲ့အထိ အရမ်းနိမ့်ကျသွားတာလားကွ"
၀မ်လျို့၏မျက်နှာသည် ပြောင်းလဲသွားပြီး ရီဖန်ထံသို့ လျှို့ဝှက်အကြောင်းကြားလိုက်သည်။ ဤလူများသည် ၎င်းတို့နှင့် အသိအကျွမ်းများဖြစ်ကြသည်။
တူညီသောစီးပွါးရေးလုပ်ငန်းများရှိသောကြောင့် ၎င်းတို့ကြားတွင် အဖုအထစ်တချို့ရှိကြ၏။
သို့သော် နှစ်ဖက်ကြားကွာခြားချက်မှာ မကြီးမားသောကြောင့် တစ်ဖက်နှစ့်တစ်ဖက် ဒုက္ခမပေးနိုင်ဘဲ စကားဖြင့်သာ အနိုင်ယူနိုင်သည်။
သို့သော် တစ်ခုခုဖြစ်ခဲ့လျှင် တစ်ဖက်ကိုတိုက်ခိုက်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ ဤလူများက ရီဖန်၏စိတ်ဝင်စားမှုကို ချက်ချင်းနှိုးဆွလိုက်သည်။
ထိုဓားပြများထံတွင်လည်း လုယက်ပစ္စည်း အနည်းငယ် ရှိသင့်သည်မဟုတ်လား။ ရီဖန်သည် ဤဆင်းရဲနွမ်းပါးသော ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့ထံမှပင် နယ်မြေအများအပြားမှ ပျက်ဆီးခြင်းအရည်များကို လုယူခဲ့သည်။ ယခုပျက်ဆီးခြင်းပုလဲကို လျင်မြန်စွာ မြှင့်တင်လိုသော ရီဖန်အတွက် ပျက်ဆီးခြင်းအရည်အမြောက်အမြား လိုအပ်နေရာ ထိုသူများက ပြီးပြည့်စုံသောပစ်မှတ်များဖြစ်မည်။
ရီဖန်သည် ၀မ်လျို့နှင့် သူ၏အဖော်များကို သရုပ်ဆောင်ရန် ပြောကြားလိုက်၏။ ၀မ်လျို့သည် ဒေါသထွက်သွားသော်လည်း ချုပ်တည်းလိုက်ပြီး သူ့ကိုယ်သူလျင်မြန်စွာ သရုပ်ဆောင်လိုက်သည်။ ထို့နောက် ဟန်မဆောင်ဘဲ လှည့်ထွက်သွားတော့သည်။
၀မ်လျို့နှင့် သူ၏အဖော်များ ပြန်လည်ဆုတ်ခွါသွားသည်ကိုကြည့်ရင်း ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ တစ်ခုခုတော့ မှားနေပြီ။ ၀မ်လျို့သည် စကားနာထိုးခံရတိုင်း အလွယ်တကူ သည်းခံနိုင်သည့်သူမဟုတ်ပါ။
"၀မ်လျို့နဲ့သူ့အဖော်တွေ တစ်ခုခုဖြစ်ခဲ့လားလို့ စုံစမ်းချေ"
၎င်းတို့အဖွဲ့သည် တာအိုဘိုးဘေးတစ်ဦးကို ရရှိခဲ့သော်လည်း အလွန်နာခံနေခြင်းက ဝမ်လျို့သူတော်စင်တစ်ပိုင်း၏ ပုံစံမဟုတ်သည်မှာ ထင်ရှားသည်။ မကြာမီတွင် ထောက်လှမ်းရေးသူတော်စင်တစ်ပိုင်းက ထိုသတင်းကို ပြောပြလိုက်သည်။
၀မ်လျို့သူတော်စင်တစ်ပိုင်းတို့က ကုသရေးဆေးလုံးများကို တိတ်တဆိတ်ဝယ်ယူနေကြပြီး ၎င်းတို့ဒဏ်ရာရထားနိုင်ချေရှိကြောင်း ဖော်ပြနေသည်။ ထို့အပြင် ကုသရေးတွင် ကျွမ်းကျင်သော သူတော်စင်တစ်ပိုင်းတစ်ဦးကို ၀မ်လျို့က ၎င်း၏ဒဏ်ရာများကို ကုသရန်အတွက် ပိုက်ဆံပေးခဲ့သည်။
အကယ်၍ ၎င်းသည် ကုသရေးဆေးလုံးများသာဖြစ်ပါက သတိကြီးစွာထားတတ်သော ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ၀မ်လျို့တို့ကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့အား ကုသပေးခဲ့သည့် သူတော်စင်တစ်ပိုင်းထံမှ တိကျသော အချက်အလက်ကိုရရှိပြီးနောက်၊ ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ထိုင်မနေနိုင်တော့ချေ။ ၎င်းက သူ့အတွက် ရွှေအခွင့်အရေးပင်။
အကယ်၍ သူအောင်မြင်ခဲ့ပါက ၀မ်လျို့သူတော်စင်တစ်ပိုင်း သယ်ဆောင်လာသော အရင်းအမြစ်များကို ရယူနိုင်ရုံသာမက ၎င်းတို့၏အဖွဲ့ကိုလည်း တိုက်ရိုက်ချေမှုန်းပစ်နိုင်သည်။ အနာဂတ်တွင် ၎င်းတို့၏စီးပွါးရေးနှင့် ဖက်ပြိုင်ရန် မည်သူမျှရှိတော့မည်မဟုတ်ပေ။
သူတော်စင်တစ်ပိုင်း အဖွဲ့တစ်ခုစီသည် အရေးကြီးသောအရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ ထိပ်တန်းနတ်လက်နက်သည် လူရာပေါင်းများစွာထံမှ အရင်းအမြစ်များလိုအပ်၏။
လုယက်မှုချည်းကိုသာ မှီခိုအားထားလျှင် ၎င်းတို့ကိုလုံလောက်စွာစုဆောင်းရန် အချိန်မည်မျှကြာလိမ့်မည်ကို မသိနိုင်ပေ။ ဆင်းရဲသော သူတော်စင်များတစ်ပိုင်းများကို လုယက်ခြင်းက ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့ထံမှ လုယက်ခြင်းကဲ့သို့ အကျိုးအမြတ်မရှိပေ။
ထို့ကြောင့် ၎င်းတို့ကိုထောင်ချောက်ဆင်ရန် စွဲမြဲစွာမှတ်ထားလိုက်သည်။
ကျုံးဖန်မြို့ကို သူတော််စင်နယ်မြေကျင့်ကြံသူများက တည်ထောင်ထားသော်လည်း နယ်မြေတည်ငြိမ်နေသရွေ့ တိုက်ပွဲများကို တားမြစ်ထားခြင်းမရှိပေ။
လုပ်ငန်းတစ်ခုစီတိုင်းကို အင်အားကြီးပုဂ္ဂိုလ်များက ကျောထောက်နောက်ခံပြုထားသည်။ သို့မဟုတ်ပါက ၎င်းသို့ လုံးဝဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ချေ။ အချိန်ကျလာသောအခါတွင် အခင်းအကျင်းကို ဂရုတစိုက်ပြင်ဆင်ပြီး တိုက်ပွဲသံကိုဖုံးကွယ်လျက် ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့ကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လျှင် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။
အကယ်၍ ၎င်းတို့၏တွက်ချက်မှုများ မှားယွင်းသွားပြီး ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့က ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့လျှင်ပင် အများဆုံး နောက်ဆုတ်လာရမည်သာ ဖြစ်ကာ ထူးထူးခြားခြားဆုံးရှုံးမှုမျိုး ခံစားရမည်မဟုတ်ပေ။ ထိုကဲ့သို့ လက်တွေ့ကျသောစွန့်စားမှူတစ်ခုကို အဘယ်ကြောင့်မလုပ်ဆောင်ရမည်နည်း။
မကြာမီတွင် ၎င်းတို့သည် အဆင့်မြင့်သူတော််စင်နယ်မြေ အခင်းအကျင်းကိုဝယ်ယူရန်အတွကိ မြို့ထဲသို့ထွက်သွားကြသည်။ အဆင့်မြင့်နတ်လက်နက်အဆင့်ရှိသော အခင်းအကျင်းသည် သာမန်ပစ္စည်းထက် ဈေးပိုကြီးသောကြောင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းကိုပင် လန့်သွားစေသည်။ သို့သော်လည်း ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများကို ဖယ်ရှားနိုင်သရွေ့ ထိုအရင်းနှိီးများကို ပြန်လည်ရရှိနိုင်သည်။
များစွာကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ၀မ်လျို့ သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ အိမ်တွင်ရှိကြောင်း အတည်ပြုပြီးနောက် ၎င်းတို့၏အဖွဲ့ငယ်များဖြင့် စတင်လှုပ်ရှားလာသည်။
၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် သူ့အဖော်များသည် အိမ်ထဲ၌ ဒဏ်ရာပြင်းထန်စွာရဟန်ဆောင်နေရာမှ ကောင်းကင်ယံတွင်ဖုံးလွှမ်းနေသော အသွင်အပြင်ကို ခံစားလိုက်ရကာ သူတို့စောင့်မျှော်နေသော လူများရောက်လာသည်ကို သိလိုက်သည် ။
"၀မ်လျို့ သေခြင်းနဲ့ရင်ဆိုင်ဖို့ ထွက်လာစမ်း”
အခင်းအကျင်းအသက်ဝင်လာကြောင်း အတည်ပြုပြီးသည်နှင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် သူ၏လူသတ်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတော့မည်မဟုတ်ပေ။
၀မ်လျို့နှင့် သူ၏အဖော်များသည် ရီဖန်ကိုကြည့်လိုက်ရာ ၎င်းကအနည်းငယ်ခေါင်းညိတ်ပြသည်။ ရီဖန်၏ရည်ရွယ်ချက်ကို သဘောပေါက်ပြီးနောက် ၎င်းတို့၏စိတ်ဓာတ်ကျနေသောပုံစံများက တခဏချင်းပျောက်ကွယ်သွားကာ တစ်ဖန်ကြောက်မက်ဖွယ်သူတော်စင်တစ်ပိုင်းများ ဖြစ်လာပြန်သည်။
၎င်းတို့က အမှန်တကယ်ဒဏ်ရာရခဲ့သော်လည်း ၎င်းက သူတို့ကိုယ်တိုင်ဟန်ဆောင်ထားခြင်းဖြစ်သည်။
၎င်းတို့၏ဒဏ်ရာများ သက်သာလာသည်မှာ ကြာပြီးဖြစ်ကာ၊ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ပါဝင်သရုပ်ဆောင်နေကြခြင်းဖြစ်၏။
အမှန်တကယ်ဒဏ်ရာရသွားလျှင်ပင် ရီဖန်ရှိနေသရွေ့ သူတို့လုံးဝမစိုးရိမ်ကြပေ။
ချန်ရှန်းသူတော်စင်တစ်ပိုင်းက ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် သူ့အဖော်များ ဒဏ်ရာကင်းမဲ့နေသည်ကို တွေ့လိုက်ရသောအခါ သူအံ့ဩသွားသော်လည်း အမြန်သတိပြန်ဝင်လာသည်။
သူ့ခန့်မှန်းချက်များထဲမှ တစ်ခုအတိုင်း ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများက ဟန်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ထိုကဲ့သို့တွေ့ရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
သို့သော် ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားအရာများကို လုံး၀မယုံကြည်သေးချေ။
၎င်းတို့က အမှန်တရားကိုဖုံးကွယ်ထားရန်အတွက် အတင်းအကြပ်ခုခံနေကြခြင်း ဖြစ်နိုင်သည်။
အခင်းအကျင်းကိုချထားပြီးဖြစ်သောကြောင့် အကယ်၍ပြန်လည်ဆုတ်ခွါလျှင်ပင် ဆုံးရှုံးမှုများစွာရှိသည်။ ထို့ကြောင့် သူက အရင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
"၀မ်လျို့ ဒီနေ့ မင်းတကယ် ဒဏ်ရာရလား မရလား ကြည့်ကြတာပေါ့”
ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် သူ၏နတ်လက်နက်ကို ကိုင်စွဲလျက် ၀မ်လျို့သူတော်စင်တစ်ပိုင်းကို တိုက်ခိုက်လိုက်သည်။ ၀မ်လျို့သူတော်စင်တစ်ပိုင်းက လုံးဝထိတ်လန့်ခြင်းမရှိဘဲ ချန်ရှန်းသူတော်စင်တစ်ပိုင်းက်ို တားဆီးလိုက်၏။ အခြားသော သူတော်စင်တစ်ပိုင်းများသည်လည်း ၎င်းတို့၏လက်နက်များကို ကိုင်ဆောင်ကာ ရန်သူအသီးသီးကို တိုက်ခိုက်ကြသည်။
နောက်ဆုံးတွင် ရီဖန်တစ်ယောက်တည်းကိုသာ လျစ်လျူရှုထားခဲ့ကြ၏။ချန်ရှန်းသူတော်စင်တစ်ပိုင်းတို့အမြင်တွင် တာအိုဘိုးဘေးလေး ရီဖန်က ခြိမ်းခြောက်မှုလုံးဝမရှိဘဲ နောက်ပိုင်းမှသာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်။
တိုက်ပွဲအသံက အလွန်ကျယ်လောင်သော်လည်း အခင်းအကျင်းကြောင့် အဝေးသို့ ပျံ့နှံ့မသွားပေ။ အပြင်ဘက်ရှိ တခြားကျင့်ကြံရေးသမားများက အတွင်းဘက်ရှိအရာများကို သတိထားမိလျှင်ပင် မည်သူကမှ ဝင်စွက်ဖက်မည်မဟုတ်။
ကျုံးဖန်မြို့တွင် တစ်ချိန်လုံးတိုက်ပွဲများ ဖြစ်ပွါးလေ့ရှိသည်။ အကယ်၍ ပြင်ပလူများက နှောက်ယှက်ဝံ့ပါက ၎င်းတို့သည်နှစ်ဖက်စလုံးကို ရန်စမိနိုင်သောကြောင့် ထိုင်ကြည့်နေခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အမှန်တရားကိုသိသော ကျင့်ကြံသူတချို့က စူးစမ်းလိုကြသည်။ နောက်ဆုံးတွင် ဤနေရာသည် ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့၏ နေရာဖြစ်ရာ မည်သူကများ တိုက်ခိုက်ဝံ့သနည်း။
၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းတို့၏ အဖွဲ့ငယ်များသည် အခြားသော အင်အားကြီး သူတော်စင်တစ်ပိုင်းများကြားတွင် လူသိများသည်။ ယခင်က ၎င်းတို့သည် ကျုံးဖန်မြို့သို့ရောက်ရှိလာသည့် မရင်းနှီးသော သို့မဟုတ် အားနည်းသော သူတော်စင်များကိုသာ ပစ်မှတ်ထားခဲ့ကြသည်။ ၎င်းတို့နှစ်ဖွဲ့လုံး ချေမှုန်းခံရလျှင်ပင် များစွာအာရုံစိုက်ကြမည်မဟုတ်ပေ။
အခင်းအကျင်းအတွင်းတွင် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏ဒဏ်ရာများက အတုအယောင်ဖြစ်ကြောင်း လုံး၀ယုံကြည်သွားပြီဖြစ်သည်။
အခင်းအကျင်းတစ်ခုဆုံးရှုံးခဲ့ရသော်လည်း ချန်ရှန်းသူတော်စင်တစ်ပိုင်းက တိုက်ပွဲကိုရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။
အကယ်၍ ဆက်လက်တိုက်ခိုက်ရာမှ သူဒဏ်ရာရသွားလျှင် အခြေအနေများ ရှုပ်ထွေးသွားလိမ့်မည်။ သူတို့၏ရန်သူများမှာ ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် သူ၏အဖော်များသာ မဟုတ်ဘဲ အမည်မသိအင်အားစုများကလည်း ၎င်းတို့ကို လျှို့ဝှက်စောင့်ကြည့်နေသည်။ ၎င်းတို့လဲကျရင် မရေမတွက်နိုင်သော အင်အားစုများက ကြွယ်ဝမှုအတွက် ၎င်းတို့ကိုချေမှုန်းရန် သေချာပေါက် လုပ်ဆောင်လာကြမည်။
"၀မ်လျို့ ဒီတစ်ကြိမ်တော့ ငါတို့ရှုံးတာဝန်ခံတယ်၊ တိုက်ခိုက်မှုကို အဆုံးသတ်လိုက်ပြီ "
ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် သူတော်စင်တစ်ပိုင်းများကို ပြန်ခေါ်လိုက်ပြီး ၀မ်လျို့သူတော်စင်တစ်ပိုင်းကို အေးစက်စွာပြောလိုက်သည်။
၎င်းကိုကြားသည့်အခါတွင် ၀မ်လျို့သူတော်စင်တစ်ပိုင်းက "မင်းပြောတိုင်း ရပ်ရမယ်တဲ့လား၊ အိပ်မက်မက်နေလိုက်”
၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ယုံကြည်ချက်ရှိသော စကားကြောင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းက စိတ်မသက်မသာဖြစ်သွားသည်။ ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ယုံကြည်မှုရင်းမြစ်မှာ မည်သူဖြစ်နိုင်သနည်း။ သူ ဤနေရာတွင်ရှိနေမည်မှာ သေချာသည်။
………….