← Chapters

အခန်း ၃၈၅-၃၈၇

Vol. 26 Ch. 385-387

အခန်း ၃၈၅-၃၈၇

Vol. 26 Ch. 385-387

အခန်း ၃၈၅ - ပန်ကုစကြဝဠာ

၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ချန်ရှန်းသူတော်စင်တစ်ပိုင်းကို ထပ်မံတိုက်ခိုက်လိုက်သည်။ ချန်ရှန်းသူတော်စင်တစ်ပိုင်းက ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ရည်ရွယ်ချက်ကို သတိထားမိသည်။ ယနေ့တွင် ၎င်းတို့ထဲမှ တစ်ဦးကသာ အောင်ပွဲခံနိုင်လိမ့်မည်ပင်။ သို့မဟုတ်ပါက ဤနေရာမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။

"၀မ်လျို့ မင်း သေချင်နေမှတော့ ငါဖြည့်စည်းပေးရမှာပေါ့!"

၀မ်လျို့သူတော်စင်တစ်ပိုင်းကို တိုက်ခိုက်နေစဉ် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် သူ့ပတ်ဝန်းကျင်ကို လေ့လာနေပြီး ထောင့်တစ်နေရာရှိ ရီဖန်ကို အမြန်သတိပြုမိလိုက်သည်။

၀မ်လျို့သူတော်စင်တစ်ပိုင်းက တာအိုဘိုးဘေးနယ်မြေတွင် ကျင့်ကြံသူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျခေါ်ဆောင်လာခြင်းကြောင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းက အံဩနေခဲ့သည်။ ရီဖန်သည် အခြားတာအိုဘိုးဘေးနှင့် မတူကြောင်း သူခန့်မှန်းထား၏။

၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ယုံကြည်မှုရှိသော အမူအရာကြောင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ၎င်းက ရီဖန်နှင့်တစ်ခုခု ပတ်သက်နေရမည်ဟု သံသယရှိလာသည်။

သို့သော််လည်း ရီဖန်ကိုယ်တိုင်က ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ယုံကြည်ချက်ရှိစေသည့်အရာဟု သူမထင်ထားချေ။ သူထင်ထားသည်မှာ ရီဖန်သည် ၀မ်လျို့သူတော်စင်တစ်ပိုင်းကို ယုံကြည်မှုရှိစေသည့် ထင်ရှားသောနောက်ခံနှင့် ပက်သက်နေသည်ဟု သံသယဝင်ခဲ့သည်။

ဖြစ်နိုင်လျှင် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ဆက်လက်တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်မရှိပေ။အကယ်၍ ၎င်းတို့အဖွဲ့က ရှုံးန်မ့်သွားလျှင် တခြားအင်အားစုကြီးများအတွက် အခွင့်အရေးဖြစ်သွားလိမ့်မည်။ ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ဆွဲထားမှုကြောင့်သာမဟုတ်ပါက ၎င်းတို့ ထွက်ပြေးသွားသည်မှာ ကြာပြီဖြစ်သည်။

ယခုတွင် ရီဖန်သည် ၀မ်လျို့သူတော်စင်တစ်ပိုင်းအတွက် အလွန်အရေးပါလာသောကြောင့် အဘယ်ကြောင့် အနာကျင်ဆုံးနေရာကို မထိုးနှက်ရမည်နည်း။ ၎င်းတို့က ရီဖန်ကိုဖမ်းနိုင်သရွေ့ ချောမောစွာ ဆုတ်ခွါသွားနိုင်မည်ဖြစ်သည်။ ထိုသို့တွေးပြီးနောက် ချန်ရှန်းသူတော်စင်တစ်ပိုင်းက ရီဖန်ရှိရာနေရာသိာ့ မသိမသာလျှောက်သွားလိုက်သည်။

၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ချန်ရှန်းသူတော်စင်တစ်ပိုင်း၏ ရည်ရွယ်ချက်များကို မြင်သော်လည်း ကြားဝင်စွက်ဖက်ခြင်းမရှိပေ။ တကယ်တမ်းတွင် သူ့ရင်ထဲ၌ ကြည်နူးပန်းများ ပွင့်လန်းနေသေး၏။ ယနေ့တွင် သူတစ်ချိန်က ကြုံခဲ့ရသော "အံ့အားသင့်ဖွယ်" အရသာကို ချန်ရှန်းသူတော်စင်တစ်ပိုင်းကိုလည်း မြည်းစမ်းခိုင်းရမည်။

အခွင့်အရေးရရှိသောအခါ ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် တုံ့ဆိုင်းခြင်းမရှိပေ။ သူသည် ရီဖန်ထံသို့ ချက်ခြင်းလက်လှမ်းကာ ဖမ်းဆုပ်လိုက်လေသည်။ ကောင်းကင်လက်လှမ်းမီ လက်တစ်ဖက်က ရီဖန်ထံ ပြေးလာပြီး ထောင်ချောက်ဆင်လိုက်ကာ သူ့ကိုတားဆီးရန် ရည်ရွယ်ထားသည်။

ထိုတိုက်ခိုက်မှုတွင် သူတော်စင်တစ်ပိုင်းစွမ်းအားပါ၀င်သောကြောင့် သာမန်တာအိုသည် ၎င်းကိုခုခံနိုင်မည်မဟုတ်ချေ။ သို့သော် ရီဖန်က သာမန်သူတော်စင်တစ်ပိုင်းမဟုတ်သည်မှာ ထင်ရှား၏။

ကျရောက်လာသည့် ကြီးမားသောလက်ကို ရင်ဆိုင်ရန်အတွက် ရီဖန်သည် နတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူသည် ချက်ခြင်းလွတ်မြောက်သွားကာ ချန်ရှန်းသူတော်စင်တစ်ပိုင်းကို ရွှင်မြူးစွာကြည့်လိုက်သည်။

လုံးဝထိမှန်မည်ဟု ယုံကြည်ထားသော တိုက်ခိုက်မှုကြောင့် ၎င်းကိုတခဏတာမျှ ဆွံ့အသွားစေသည်။

"ဒါက သူတော်စင်တစ်ပိုင်းလား”

သူတော်စင်တစ်ပိုင်းမဟုတ်ပါက သူသည် နတ်စွမ်းအားကို မည်သို့အသုံးချနိုင်သနည်း။ သို့သော် ရီဖန်သည် နတ်စွမ်းအားကို အသုံးပြုနေသော်လည်း၊ သူ၏ရောင်ဝါက တာအိုဘိုးဘေးနယ်မြေတွင်သာ ရှိနေသေးသည်။ ရီဖန်ကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ အတွေ့အကြုံရှိသော သူတော်စင်တစ်ပိုင်းသည်ပင် အံ့သြသွားခဲ့သည်။ နတ်စွမ်းအားကို အသုံးချနိုင်စွမ်းရှိသော တာအိုဘိုးဘေးတစ်ဦးကို သူယခင်က တစ်ခါမျှမတွေ့ဖူးခဲ့ချေ။

၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ချန်ရှန်းသူတော်စင်တစ်ပိုင်း၏ မျက်နှာပေါ်မှ ဆွံ့အသွားသောအမူအရာကိုမြင်သောအခါ စိတ်ထဲတွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ နောက်ဆုံးတွင် ချန်ရှန်းသူတော်စင်တစ်ပိုင်းကို ထိုကဲ့သို့တွေ့လိုက်ရခြင်းက မည်မျှကျေနပ်စရာကောင်းသနည်း။

ချန်ရှန်းသူတော်စင်တစ်ပိုင်းက အံ့အားသင့်သွားသော်လည်း ရီဖန်က မရပ်တန့်သွားချေ။ သူသည် တစ်ခဏအတွင်း ချန်ရှန်းသူတော်စင်တစ်ပိုင်းရှေ့တွင် ပေါ်လာသည်။ သူသည် နတ်စွမ်းအားကိုမသုံးဘဲ ထိုအစား သူတော်စင်တစ်ပိုင်းကိုယ်ထည်ကို အားကိုးလျက် ချန်ရှန်းသူတော်စင်တစ်ပိုင်းကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ သူ၏ထိုးနှက်ချက်က သာမန်ဟုထင်ရသော်လည်း ချန်ရှန်းသူတော်စင်တစ်ပိုင်းကို အလွန်ဒုက္ခရောက်စေခဲ့သည်။

ဤတာအိုကျင့်ကြံသူက သူ့ခန္ဓာကိုယ်ကို အားကောင်းစေမည့်လမ်းကြောင်းများ ကျင့်ကြံခဲ့ပါသလား။ သူ့ခန္ဓာကိုယ်က အဘယ်ကြောင့်ဤမျှ အစွမ်းထက်သနည်း။

နတ်စွမ်းအားကို အမိန့်ပေးနိုင်သည့်သူတော်စင်ကိုယ်ထည်ရှိသော်လည်း တာအိုဘိုးဘေးနယ်မြေ ရောင်ဝါသာရှိနေခြင်းက ချန်ရှန်းသူတော်စင်တစ်ပိုင်းကို အံ့ဩသွားစေသည်။ ဤတာအိုဘိုးဘေးသည် ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ယုံကြည်မှုရင်းမြစ်ဖြစ်သည်မှာ ထင်ရှားသည်။

အချိန်ကြာလာသည်နှင့်အမျှ ချန်ရှန်း သူတော်စင်တစ်ပိုင်းသည် စတင်ရုန်းကန်လာရ၏။ တာအိုဘိုးဘေးက သူတော်စင်တစ်ပိုင်းကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု မည်သူကယုံမည်နည်း။ သို့သော် ဤမြင်ကွင်းသည် သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ရီဖန်က ချန်ရှန်းသူတော်စင်တစ်ပိုင်းကို ကိုင်တွယ်နေသည့်အချိန်အတွင်း ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ချန်ရှန်းသူတော်စင်တစ်ပိုင်း၏အဖွဲ့မှ အခြားသူများကို လွတ်လပ်စွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ တစ်ချိန်က ဟန်ချက်ညီသောတိုက်ပွဲက ယခုတိမ်းစောင်းသွားလေပြီ။ သူတော်စင်တစ်ပိုင်းများ တစ်ယောက်ပြီးတစ်ယောက် ကျသွားကြ၏။ ဤခံစားမှုသည် ၀မ်လျို့သူတော်စင်တစ်ပိုင်းဘက်မှသူများအတွက် ဝမ်းသာစရာဖြစ်သည်။

အစောပိုင်းတွင် ရီဖန်၏အုပ်ချုပ်မှုကို လက်ခံရန်ခက်ခဲသော်လည်း ယခုတွင် ၎င်းကကျေနပ်စရာကောင်းသည်ဟု ခံစားလာရသည်။ နောက်ဆုံးတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိခြင်းက မည်မျှကောင်းမွန်ကြောင်း သူတို့ သဘောပေါက်သွားကြ၏။

ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် အနီးနားရှိ အခြေအနေကိုလိုက်ကြည့်ပြီးနောက် သူရှံးနိမ့်သွားကြောင်း သဘောပေါက်လိုက်ကာ စိတ်ဓာတ်ကျလာသည်။

"မင်းက တကယ်ပဲ ဘယ်သူလဲ"

ချန်ရှန်းသူတော်စင်တစ်ပိုင်းက ရီဖန်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။ အချိန်ကြာမြင့်စွာ ရှင်သန်ခဲ့ရပြီးနောက် ခဏတာလောဘကြောင့် ပျက်စီးသွားရသည်ကို သူလက်မခံနိုင်ချေ။ သူ့ရှေ့ရှိ ထူးဆန်းသော တာအိုဘိုးဘေးကြောင့်သာ မဟုတ်ပါက ၀မ်လျိ့သူတော်စင်တစ်ပိုင်း၏ အဖွဲ့ကို မချေမှုန်းနိုင်လျှင်ပင်

ဆုံးရှုံးမှုကြီးကြီးမားမား မခံစားခဲ့ရဘဲ ယခုသူကိုယ်တိုင်ရောက်ရှိနေသော အခြေအနေတွင်လည်း သေချာပေါက် ရှိနေမည်မဟုတ်ပေ။

"သိချင်လား ဒီကိုလာကြည့်လေ"

ထိုစကားများကို ရီဖန်ပြောခြင်းမဟုတ်ဘဲ ၀မ်လျို့သူတော်စင်တစ်ပိုင်းထံမှ ထွက်လာခြင်းဖြစ်သည်။ တိုက်ပွဲ၏လက်ကျန်များကို ရီဖန်ကိုယ်တိုင်ရှင်းရန်မလိုတော့ချေ။ ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ မဆုတ်မနစ်သော တိုက်ခိုက်မှုများကြောင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် ကြာရှည်မခံနိုင်တော့ဘဲ နားကြည်းမှုအပြည့်နှင့် ကျဆုံးသွားသည်။

ပန်ကုစကြဝဠာတွင် အဖိုးတန်ရှားပါးသော သူတော်စင်တစ်ပိုင်းများက ဤနေရာတွင် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြသည်။ ပန်ကုစကြဝဠာသည် အမှန်တကယ်ပင် အားနည်းပုံရ၏။ အကယ်၍ ဤလူများသည် ပန်ကုစကြဝဠာ၏တည်ရှိမှုကို ရှာတွေ့သွားလျှင် အန္တရာယ်ရှိနိုင်သည်။

မကြာမီတွင် ၀မ်လျို့သူတော်စင်တစ်ပိုင်းက တိုက်ပွဲနေရာကိုရှင်းလင်းပြီး ရီဖန်အတွက် အရင်းအမြစ်များကို ယူလာခဲ့သည်။ ကျဆုံးသွားသော သူတော်စင်တစ်ပိုင်းများထံမှ အရင်းအမြစ်များသာမက ချန်ရှန်းသူတော်စင်တစ်ပိုင်းအဖွဲ့၏ အခြေစိုက်စခန်းကိုလည်း ၀မ်လျို့သူတော်စင်တစ်ပိုင်းတို့က သိမ်းပိုက်သွားခဲ့သည်။

၀မ်လျို့သူတော်စင်တစ်ပိုင်းက ချန်ရှန်းသူတော်စင်တစ်ပိုင်းနှင့် သူ့လူများ၏ အလောင်းများအား သယ်ဆောင်လာသည်ကို မြင်သောအခါ ဤအကြိမ်တွင် ချန်ရှန်းသူတော်စင်တစ်ပိုင်း ရှုံးနိမ့်သွားကြောင်း လူတိုင်းသိလိုက်ကြသည်။

ချန်ရှန်းသူတော်စင်တစ်ပိုင်းကို ချေမှုန်းနိုင်ခဲ့သော ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ အင်အားက စောင့်ကြည့်နေသူများထံမှ သုံးသပ်မှုများစွာ ထွက်ပေါ်လာစေခဲ့သည်။

………..

အခန်း ၃၈၆ - ပန်ကုစကြဝဠာ

ကျုံးဖန်မြို့၏အပြင်ဘက်တွင် ချန်ရှန်းသူတော်စင်တစ်ပိုင်းအဖွဲ့သည် စွမ်းအားကြီးသည်ဟု သတ်မှတ်ခံရသည်။ ၀မ်လျို့သည် ၎င်းတို့ကိုချေမှုန်းရန် လုံလောက်သောစွမ်းအားရှိပါက ၎င်းကို ရန်စခြင်းမပြုသင့်ပေ။ ချန်ရှန်းသူတော်စင်တစ်ပိုင်းအဖွဲ့၏နယ်မြေကို သိမ်းပိုက်ခြင်းအား လုံးဝခုခံကြခြင်းလည်း မရှိချေ။

တစ်စုံတစ်ယောက်တွင် အကြံအစည်တစ်ခုခုရှိလျှင်ပင် ၀မ်လျို့သူတော်စင်တစ်ပိုင်း ရှိနေချိန်၌ ၎င်းကိုအကောင်အထည်ဖော်မည်မဟုတ်ဘဲ၊ အခြေအနေကို အပြည့်အ၀နားလည်သဘောမပေါက်မီ မည်သူကမှ လှုပ်ရှားမည်မဟုတ်ချေ။

အကြောင်းမှာ ၎င်းတို့မအောင်မြင်လျှင် စွန့်စားရမည့်အရာက ၎င်းတို့၏အသက်ဖြစ်သောကြောင့်ပင်။

ချန်ရှန်းသူတော်စင်တစ်ပိုင်းအဖွဲ့သည် ကျုံးဖန်မြို့ တွင် အချိန်အတော်ကြာစခန်းချခဲ့ကြရာ ၀မ်လျို့သူတော်စင်တစ်ပိုင်းအဖွဲ့ထက် ပျက်ဆီးခြင်းအရည် ဆယ်ဂဏန်းများစွာရှိသည်။

ပျက်ဆီးခြင်းအရည်တစ်ဝက်အပြင် ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းအတွက် အဖိုးတန်အရင်းအမြစ်များစွာလည်း ရှိသေးသည်။ ထိုအရင်းအမြစ်များစွာကို ထိပ်တန်း နတ်လက်နက်ပြုလုပ်ရန် အသုံးပြုနိုင်သည်။

လက်ရှိဖြစ်ရပ်များကြောင့် မဟုတ်ပါက ချန်ရှန်းသူတော်စင်တစ်ပိုင်းသည် နောက်ထပ်နှစ်ပေါင်းထောင်သောင်းမကအချိန်ရလျှင် ထိပ်တန်းနတ်လက်နက်များကို စုစည်းနိုင်မည်ဖြစ်သည်။

စိတ်မကောင်းစရာမှာ ထိုပစ္စည်းအားလုံး ရီဖန်လက်ထဲသို့ ကျရောက်သွားပြီဖြစ်သည်။ သို့သော် ရီဖန်၏ လက်ရှိလက်နက်သန့်စင်ခြင်းနည်းစနစ် အဆင့်က ထိပ်တန်းနတ်လက်နက်ကို သန့်စင်ရန် မလုံလောက်သောကြောင့် နောက်ပိုင်းအချိန်ထိ စောင့်ရဦးမည်။

ချန်ရှန်းသူတော်စင်တစ်ပိုင်း၏နယ်မြေကို စူးစမ်းလေ့လာပြီးနောက် ရီဖန်၏စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်လာသည်။ ရီမိသားစုသည်လည်း စစ်မြေပြင်အသစ် ဖွင့်လှစ်သင့်သည်ဟု သူထင်၏။

ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် အရင်းအမြစ်များကြွယ်ဝပြီး အင်အားကြီးသတ္တဝါများစွာ နေထိုင်ရာဖြစ်သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် စီးပွါးရေးလုပ်ကိုင်နိုင်ပါက ၎င်းတို့သည် ရီမိသားစုထံသို့ များပြားလှသောအရင်းအမြစ်များ ယူဆောင်ပေးမည်မှာ သေချာသည်။

ထိုအတွေးဖြင့် ရီဖန်သည် နယ်မြေတစ်သောင်းဂိတ်တံခါးကို ချက်ချင်းဖွင့်လိုက်သည်။ရီဖန်က ၀မ်လျို့သူတော်စင်တစ်ပိုင်းကို ပန်ကုစကြဝဠာသိူ့ ပြန်ခေါ်သွားရန်ရည်ရွယ်ထားသည်။ ဆန်းကြယ်သော နယ်မြေတစ်သောင်းဂိတ်တံခါးကို ကြည့်လိုက်ပြီးနောက် ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ရီဖန်၏အံ့ချီးဖွယ်များအကြောင်း ပို၍နားလည်လာသည်။ သူ၏သခင်က အမှန်တကယ် ထူးကဲသော တည်ရှိမှုဖြစ်ရမည်။ သူ့သခင်နောက်ကိုသာ ကောင်းကောင်းလိုက်နိုင်ပါက သူ့အနာဂတ်သည် လက်ရှိအခြအနေထက်ပင် ပိုကောင်းလာလိမ့်မည်။

ရီဖန်သည် နယ်ပယ်တစ်ထောင်၏တံခါးကိုဖြတ်သန်းလျက် ၀မ်လျို့သူတော်စင်တစ်ပိုင်းကို ပန်ကုစကြဝဠာထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ပန်ကုစကြဝဠာထဲသို့ ဝင်ရောက်လာသောအခါ ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ချက်ချင်းဝမ်းသာသွား၏။ သူ၏သခင်သည် စကြဝဠာအသစ်တစ်ခုမှဖြစ်သည်။

အသစ်စက်စက်စကြဝဠာတစ်ခုက သူတော်စင်နယ်မြေစွမ်းအားရှင်ကိုပင် ဆွဲဆောင်နိုင်ကာ ၎င်းသည် သူတော်စင်များကြားတွင် ကြီးမားသောစစ်ပွဲကို ဖြစ်ပေါ်စေမည်မှာ သေချာသည်။

၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် ပန်ကုစကြဝဠာတွင် သူတော်စင်နယ်မြေစွမ်းအားရှင်များများမရှိသေးကြောင်းကို အလွယ်တကူသိလိုက်သည်။ အကြောင်းမှာ လက်ရှိစကြဝဠာသည် သူတော်စင်နယ်မြေတည်ရှိမှုကို လက်မခံနိုင်သေးသောကြောင့်ဖြစ်၏။

သို့သော်လည်း ဤစကြဝဠာသည် စဉ်ဆက်မပြတ်ကြီးထွားနေပုံရကာ မကြာမီတွင် သူတော်စင်နယ်မြေတည်ရှိမှုကို လိုက်လျောညီထွေဖြစ်စေနိုင်တော့မည်ဖြစ်သည်။

သူတော်စင်နယ်မြေ စွမ်းအားရှင်များမရှိသည့် စကြဝဠာအသစ်နှင့် ရီဖန်၏ပင်ကိုယ်စွမ်းရည်များက ၀မ်လျို့သူတော်စင်တစ်ပိုင်းကို ထိတ်လန့်စေခဲ့သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် အုပ်စိုးရှင်အသစ်တစ်ဦးထွန်းကားလာမှုကို ကြုံတေ့ရတော့မည်။

သို့သော် ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ပန်ကုစကြဝဠာ၏စည်းမျဉ်းများကို ပိုမိုနက်ရှိုင်းစွာ သိမြင်လာသောအခါ ထိတ်လန့်ဖွယ်ကောင်းသောခံစားချက်ကို ရရှိခဲ့သည်။

ဤစကြဝဠာ၏စည်းမျဉ်းများသည် အခြားစကြဝဠာများအားလုံးတွင် မြင်ဖူးသည့်အရာများနှင့် ကွဲပြားပုံပေါ်သည်။ ကန့်သတ်ချက်များက ဤကမ္ဘာကြီး၏ ကျင့်ကြံ သူများကို ဖိနှိပ်ထားပုံရ၏။ ထိုကန့်သတ်ချက်များအောင်တွင် ပန်ကုစကြဝဠာ၌ ကျင့်ကြံရန်ခက်ခဲမှုက အခြားစကြဝဠာများထက် များစွာမြင့်မားသည်။

၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ၎င်းက ဆယ်ဆပိုခက်မည်ဟု အကြမ်းဖျင်းခန့်မှန်းနိုင်သည်။

ထိုအခက်အခဲအောက်တွင် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ကျင့်ကြံ နိုင်သူများမှာ အမှန်တကယ်ပင် ထူးချွန်ကြမည်မှာ သေချာပါ၏။ ၀မ်လျို့သူတော်စင်တစ်ပိုင်း၏နောက်ထပ်တွေ့ရှိမှုတစ်ခုက သူ့ဦးရေပြားယားကျိကျိဖြစ်လာသည်အထိ ကြောက်လန့်စေသည်။

ပန်ကုစကြဝဠာမှ သတ္တဝါများသည် ဤကန့်သတ်ချက်များမှလွတ်မြောက်ပြီး မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ပါက ၎င်းတို့သည် ၎င်းတို့၏စွမ်းရည်ကြောင့် လူတိုင်းကို အံ့အားသင့်စေမည်မှာသေချာသည်။ ၀မ်လျို့သည် သူ၏တွေ့ရှိချက်များကို ရီဖန်ထံသို့မျှဝေရန် ရည်ရွယ်လိုက်သော်လည်း သူ့အပေါ်ပြင်းထန်စွာကျရောက်နေသည့် အာရုံစိုက်မှုတစ်ခုကြောင့် မော့ကြည့်လိုက်သည်။ ၎င်းက စကြဝဠာ၏ဆန္ဒဖြစ်သည်။ ပန်ကုစကြဝဠာ၏ဆန္ဒက ပြင်ပလူတစ်ဦးကို ရှာတွေ့သွားပြီး သူ့ကိုရှင်းလင်းရန် ရည်ရွယ်ခဲ့သည်။

“သခင် ကျွန်တော်”

၎င်း၏စောင့်ကြည့်နေသော အကြည့်အောက်တွင် ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ကြောက်ရွံ့တုန်လှုပ်သွားပြီး ရီဖန်ကို ထိတ်လန့်စွာကြည့်လိုက်သည်။ ယခုပန်ကုစကြဝဠာမှ မထွက်ခွာလျှင် သူသေသွားလိမ့်မည်။ သူတော်စင်တစ်ပိုင်းသာမက သူတော်စင်အပြည့်ဖြစ်လျှင်ပင် ၎င်းအသိစိတ်၏ဖိနှိပ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ရီဖန်သည်လည်း တစ်ခုခုလွဲနေသည်ကို ခံစားလိုက်ရသောကြောင့် သူ့လက်ကို ဝေ့ယမ်းပြီး နယ်ပယ်တစ်သောင်းဂိတ်တံခါးကို ချက်ချင်းပြန်ခေါ်လိုက်သည်။ သူသည် ၀မ်လျို့သူတော်စင်တစ်ပိုင်းကိုဖမ်းဆုပ်ပြီး တုံ့ဆိုင်းမနေဘဲ ပန်ကုစကြဝဠာမှထွက်ခွာကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ပြန်ပေါ်လာသည်။

၀မ်လျို့သူတော်စင်တစ်ပိုင်းထွက်သွားသည်နှင့် ပန်ကုစကြဝဠာ၏အသိစိတ်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုများက သူတော်စင်တစ်ပိုင်းများစွာ၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ အခြေအနေတစ်ခုခုကြောင့် စကြဝဠာကြီး ကမောက်ကမဖြစ်သွားသလား။ သို့မဟုတ် ရတနာတစ်ခုခုများ ပေါ်လာသလား။

ထိုဖြစ်နိုင်ချေက သူတော်စင်တစ်ပိုင်းများကို စိတ်မငြိမ်မသက်ဖြစ်စေသည်။ စကြဝဠာဆန္ဒကို ကမောက်ကမဖြစ်စေနိုင်သော အဖိုးတန်ရတနာသည် မည်မျှတန်ဖိုးရှိမည်နည်း။ သို့သော် ၎င်းတို့၏ထင်မြင်ယူဆချက်များအတိုင်း အတိအကျမသိနိုင်သောကြောင့် အရှုံးပေးရုံသာရှိသည်။

ထိုအင်အားစုများထဲတွင် ဝမ်ရှန်းဂိုဏ်းလည်းပါဝင်၏။

၀မ်ရှန်းဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ၎င်းတို့ရှေ့မှ စည်းတံဆိပ်များစွာကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ တစ်ချိန်က ခိုင်ခံ့သောစည်းတံဆိပ်တုံးများသည် ယခုအချိန်တွင် ပြေလျော့လာသည်။ ဤနေရာတွင် စည်းတံဆိပ်ခတ်ထားသော သူတော်စင်တစ်ပိုင်းများက ယခင်ဘဝက အလွန်စွမ်းအားကြီးသူများ ဖြစ်ခဲ့ဖူးသည်။

အကယ်၍ ၎င်းတို့ကိုလွှတ်လိုက်လျှင် ဝမ်ရှန်းဂိုဏ်း၏အင်အားကို ကြီးမားစွာ မြှင့်တင်နိုင်မည်ဖြစ်သည်။ ဤအချိန်အထိ ၎င်းတို့သည် စည်းတံဆိပ်ဖယ်ရှားခြင်းမပြုသင့်သေးသော်လည်း စကြဝဠာဆန္ဒ၏ ကမောက်ကမဖြစ်မှုကြောင့် အချိန်စောစေခဲ့သည်။ ဤဘဝတွင် အရာအားလုံးက ထိန်းချုပ်ခြင်းမပြုနိုင်ဘဲ တိုးတက်နေပုံရသည်။

ကျုံးဖန်မြို့တွင် ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် ပန်ကုစကြဝဠာမှ ထွက်ခွါသွားခဲ့ပြီးနောက် ပြင်းထန်စွာမောဟိုက်နေကာ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများရှိနေသေးသည်။ ၎င်းက သူ့ဘဝတွင် ထပ်မကြုံချင်တော့သည့် ကြောက်မက်ဖွယ်ခံစားချက်တစ်ခုဖြစ်သည်။

သူ့စိတ် အနည်းငယ်တည်ငြိမ်သွားပြီးနောက် ၀မ်လျို့သူတော်စင်တစ်ပိုင်းသည် သူ၏တွေ့ရှိချက်များကို ရီဖန်ထံ မျှဝေခဲ့သည်။

၀မ်လျို့သူတော်စင်တစ်ပိုင်း၏ဖော်ပြချက်ကို နားထောင်ပြီးနောက် ရီဖန်သည် လေးနက်စွာတွေးမိသည်။ ပန်ကုစကြဝဠာက ကွဲပြားနေကြောင်းကို သူသိသော်လည်း အခြားစကြဝဠာများနှင့်နှိုင်းယှဉ်ပါက ကွာဟချက်သည် ဤမျှကြီးမားမည်ဟု မမျှော်လင့်ထားပေ။

ပန်ကုစကြဝဠာသည် ကျင့်ကြံသူများကို ဖိနှိပ်ထားပုံရကာ ကျင့်ကြံသူများကို အလွန်အစွမ်းထက်လာစေရန် မလိုလားချေ။

ထို့အပြင် တစ်ခါတစ်ခါ စွမ်းအားကြီးကျင့်ကြံသူများကို သုတ်သင်ရှင်းလင်းတတ်သေး၏။ ထိုခံစားချက်ကို မည်သို့ဖော်ပြရမည်နည်း။ ၎င်းက ထောက်ချောက်ဆင်ခံထားရသလို ခံစားရစေသည်။ ထိုအတွေးက ရီဖန်ကိုပင် ထိတ်လန့်သွားစေခဲ့သည်။ အကယ်၍တစ်ယောက်ယောက်က ပန်ကုစကြဝဠာကို ထိန်းချုပ်နိုင်ခဲ့လျှင် ထိုသူသည် မည်မျှအစွမ်းထက်မည်နည်း။ ရီဖန်အတွက်ပင် လုံခြုံမှုမရှိချေ။

ရီဖန်သည် ၎င်းက ထင်ကြေးသက်သက်သာဖြစ်သည်ဟု သူ့ကိုယ်သူနှစ်သိမ့်ထားသော်လည်း

ထိုအတွေးပေါ်လာသည်နှင့် မပျောက်ကွယ်သွားတော့ပေ။ အချိန်အတော်ကြာပြီးနောက် ရီဖန်သည် ပြန်လည်တည်ငြိမ်သွား၏။

၀မ်လျို့သူတော်စင်တစ်ပိုင်း၏ပြောပြချက်အရ ပန်ကုစကြဝဠာမှလူများသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ရောက်လာပါက ၎င်းတို့၏ကျင့်ကြံမှုအရှိန်သည် တဟုန်ထိုးတက်လာမည်ဖြစ်သည်။

ရီဖန်သည် မကျင့်ကြံနိုင်သောကြောင့် ၎င်းအမြန်နှုန်းကွာခြားမှုကို မခံစားနိုင်ပေ။ ထို့အပြင် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကိုလာနိုင်သည့် ပန်ကုစကြဝဠာက ကျင့်ကြံသူများသည် ပျက်ဆီးခြင်းအရည်မရှိသောကြောင့် ကျင့်ကြံနိုင်ခြင်းမရှိခဲ့ရာ ထိုအခြေအနေကို သတိမမူမိကြချေ။

သို့သော် ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ထင်မြင်ယူဆချက် မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုလိုပါက ပန်ကု စကြဝဠာမှ လူနှစ်ဦးကိုခေါ်ဆောင်လာရလိမ့်မည်။ တခြားသူများအတွက် မအောင်မြင်နိုင်သော်လည်း ရီဖန်အတွက် အလွန်လွယ်ကူသည်။ စကြဝဠာဆန္ဒကြောင့် ရီဖန်သည် ၀မ်လျို့သူတော်စင်တစ်ပိုင်းကို ပန်ကုစကြဝဠာသို့ ပြန်မခေါ်ဆောင်နိုင်ခဲ့သည့်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်သည်။

ဖြစ်နိုင်လျှင် ရီဖန်သည် သူတော်စင်တစ်ပိုင်းအင်အားစုကိုစုစည်းပြီး ၎င်းတို့နှင့်အတူ ပြန်လာနိုင်လိမ့်မည်။ သို့သော်လည်း သူစိတ်အနှောက်အယှက်များစွာမဖြစ်ချေ။ ကစားပွဲတွင် အခက်အခဲအနည်းငယ် ထပ်ထည့်ထားခြင်းက အလွန်ပျော်ဖို့ကောင်းသည်မဟုတ်လား။

ရီဖန်သည် ပန်ကုစကြဝဠာသို့ပြန်သွားပြီးနောက် ဗောဓိကိုသွားရှာခဲ့ကာ စမ်းသပ်မှုတစ်ခုအတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ခေါ်ဆောင်သွားမည့်အစီအစဉ်ကို ရှင်းပြခဲ့သည်။ ဗောဓိဘိုးဘေးသည် ရီဖန်၏ဆုံးဖြတ်ချက်များကို အမြဲခြွင်းချက်မရှိ ထောက်ခံခဲ့သည်။

ပန်ကုစကြဝဠာအတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သော ပင်ကိုပျက်ဆီးခြင်းပင်လယ်က ဗောဓိဘိုးဘေး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေ၏။ ယခုတွင် သူကိုယ်တိုင်သွားရောင်နိုင်မည့်အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။

……………

အခန်း ၃၈၇ - ကျင့်ကြံရေးအရှိန်ဆယ်ဆ၊ ရီမိသားစု၏ စစ်မြေပြင်အသစ် ဖွင့်လှစ်ခြင်း

ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို မှတ်တမ်းတင်ထားသည့် တစ်ခုတည်းသောအရာမှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည်ဟူ၍ဖော်ပြထားခြင်းဖြစ်သည်။ ဗောဓိဘိုးဘေးသည် ဓားတစ်သောင်းဘိုးဘေး၏ ဖော်ပြချက်များမှတစ်ဆင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်နှင့်ပတ်သက်သော အချက်အလက်အချို့ကို လေ့လာခွင့်ရခဲ့သည်။ နယ်မြေတစ်သောင်းဂိတ်တံခါးကိုဖြတ်ကျော်လျက် ရီဖန်သည် ဗောဓိဘိုးဘေးကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

"အရမ်းဖြူတာပဲ”

တိတ်ဆိတ်သောနေရာ၊ ပျက်ဆီးခြင်းစွမ်းအား မြင်ကွင်းများက ဗောဓိဘိုးဘေးကို အံ့အားသင့်စွာ သက်ပြင်းချနိုင်စေခဲ့သည်။ ပန်ကုစကြဝဠာနှင့်ယှဉ်လျှင် ပင်ကိုပျက်ဆီးခြင်းပင်လယ်က ပိုကျယ်သည်။ သိူ့သော် ပျက်ဆီးခြင်းစွမ်းအားမှလွဲ၍ အခြားဘာမှမရှိချေ။

ထိုအခိုက်အတန့်တွင် ဗောဓိဘိုးဘေးသည် အဘယ်ကြောင့်အများစုက ပျက်ဆီးခြင်းပင်လယ်အတွင်ရ မရှင်သန်နိုင်သည်ကို နားလည်ခဲ့သည်။ ခိုင်မာသည့် တာအိုနှလုံးသားမရှိပါက ထိုကဲ့သို့သောအထီးကျန်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပါပေ။ ဗောဓိဘိုးဘေးသည် နှလုံးစွမ်းအားဆဋ္ဌမအဆင့်တွင် ရှိနေသောကြောင့် ရေတိုအတွက် ပြဿနာကြီးကြီးမားမား ရင်ဆိုင်ရမည်မဟုတ်ပေ။

"ဆရာအရင်စမ်းကြည့်သင့်တယ်”

ရီဖန်သည် ဗောဓိဘိုးဘေးအား ပျက်ဆီးခြင်းဆေးလုံး အပိုင်းတစ်ပိုင်းကို ပေးအပ်ပြီးနောက် ကျင့်ကြံမှုအရှိန်ကိုစစ်ဆေးရန် တောင်းဆိုခဲ့သည်။

ဗောဓိဘိုးဘေးသည် လေပေါ်တွင်မဟုတ်ဘဲ ဖျာပေါ်တွင်ထိုင်ကာ ချက်ချင်းကျင့်ကြံခဲ့သည်။

မကြာမီတွင် ဗောဓိဘိုးဘေးက မျက်လုံးဖွင့်လာပြီး ရီဖန်ကိုအံ့သြစွာကြည့်လာသည်။

“ရှောင်ဖန်၊ ဒီမှာ ပန်ကုစကြဝဠာနဲ့ လုံးဝမတူဘူး၊ ကျင့်ကြံမှုအမြန်နှုန်းက အနည်းဆုံးဆယ်ဆလောက် တိုးလာတယ်!"

ကျင့်ကြံမှုအမြန်နှုန်း ဆယ်ဆတိုးလာခြင်းက အလွန်ကြောက်စရာကောင်းသည်။ ရီဖန်၏မျက်လုံးထဲတွင် အလင်းတစ်ချက် လင်းလက်သွား၏။ ၀မ်လျို့သူတော်စင်တစ်ပိုင်း၏ ခန့်မှန်းချက်က မှန်ကန်သည်။ ပန်ကုစကြဝဠာမှကျင့်ကြံသူများကို ဖိနှိပ်ထားခြင်းက အမှန်တကယ်ပင် ပြင်းထန်လှသည်။

ပန်ကုစကြဝဠာ၏ ဖိနှိပ်မှုကြောင့်သာမဟုတ်ပါက ပန်ကုစကြဝဠာရှိ သူတော်စင်တစ်ပိုင်းကျင့်ကြံသူအရေအတွက်သည် ယခုထက် ဆယ်ဆပိုများနိုင်သည်။ စစ်မှန်သော သူတော်စင်နယ်မြေကျင့်ကြံသူများပင် မွေးဖွားလာနိုင်၏။

"ရီဖန် ပန်ကုစကြဝဠာက တစ်ခုခုလွဲနေတယ်မထင်ဘူးလား"

အံ့သြသွားပြီးနောက် ဗောဓိဘိုးဘေး၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။ ဗောဓိဘိုးဘေး၏ အသိဉာဏ်ဖြင့် ထိုအတွေးက ရီဖန်၏အတွေးနှင့် အတူတူပင်။ ပန်ကုစကြဝဠာတွင် ပြဿနာတစ်စုံတစ်ရာမရှိပါက အဘယ်ကြောင့် ကျင့်ကြံသူများ၏ကျင့်ကြံမှုအရှိန်ကို ဖိနှိပ်ရန်လိုအပ်သနည်း။

"ဆရာ ဒီအရာတွေအတွက် ဘာလို့ စိတ်ပူနေမှာလဲ၊ အခုကျွန်တော်တို့ ပန်ကုစကြဝဠာကို စွန့်ခွါနိုင်ပြီမဟုတ်လား"

သူ့စကားက ဘိုးဘေးဗောဓိကို ရုတ်တရက်ဥာဏ်အလင်းဝင်စေသည်။ မှန်ပါသည်။ လက်ရှိ သူတို့တွင် ပန်ကုစကြဝဠာမှ ထွက်သွားနိုင်သည့် အရည်အချင်းများရှိနေပြီဖြစ်ရာ အဘယ်ကြောင့် ထိုအရာများအတွက် စိတ်ပူရမည်နည်း။ ရီဖန်ကို တပည့်အဖြစ်လက်ခံခြင်းက သူ့ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သူနောက်တစ်ကြိမ်တွေးမိပြန်သည်။

"ဆရာ အခုကစပြီး ပျက်ဆီးခြင်းပင်လယ်မှာ ကျင့်ကြံ သင့်တယ်။ ရီမိသားစုရဲ့ဦးတည်ရာကိုလဲ ဒီကို ရွေ့ပြောင်းသင့်တယ်"

ပန်ကုစကြဝဠာက ကျင့်ကြံသူများကို ဖိနှိပ်ထားကြောင့် ရီဖန်ကသိသောကြောင့် ရီမိသားစု၏ကျင့်ကြံသူများကို ဆက်လက် ဖိနှိပ်ခံခွင့်မပေးသင့်ပေ။ သူသည် အခြားသူများကို မထိန်းချုပ်နိုင်သော်လည်း သူ့မိသားစု၏လူများကို အကောင်းဆုံးပတ်ဝန်းကျင်တွင် ကျင့်ကြံပေးရမည်ဖြစ်သည်။ ရီမိသားစု၏ ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုတွင် ကြီးမားစွာတိုးတက်နေသည့်မြင်ကွင်းကို မြင်ယောင်ရင်း ရီဖန် မပြုံးနိုင်ဘဲ မနေနိုင်တော့ချေ။

ရီဖန်အတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျင့်ကြံမှုအဆင့် လျင်မြန်စွာတိုးလာနိုင်သည့်သတင်းက သံသယမရှိ သတင်းကောင်းတစ်ခုဖြစ်သည်။ ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် ပိုမြန်လေလေ ရီဖန်၏ကြီးထွားမှု ပိုမြန်လာလေဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ရီမိသားစုတွင် ကျင့်ကြံသူအများအပြားရှိသောကြောင့် ၎င်းတို့အားလုံးအတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် နယ်မြေအလုံအလောက်ရှာဖွေရန် လွယ်ကူမည်မဟုတ်ပေ။

အနီးနားတွင် ကျုံးဖန် မြို့တစ်ခုတည်းသာရှိရခြင်းအကြောင်းရင်းမှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် သက်ရှိအရေအတွက်ပိုများလေ ပျက်ဆီးခြင်းမွန်းစတားများကို ပိုဆွဲဆောင်လေဖြစ်သည်။ အကယ်၍ ၎င်းတို့က သူတော်စင်တစ်ပိုင်းသို့မဟုတ် သူတော်စင်နယ်မြေ ပျက်ဆီးခြင်းမွန်းစတားအများအပြားကို ဆွဲဆောင်မိလျှင် ပြဿနာကြီးတက်လိမ့်မည်။

လက်ရှိတွင် ရီဖန်သည် ကျုံးဖန်မြို့တွင်သာ ဖွံ့ဖြိုးတိုးတက်နိုင်ကာ သူတော်စင်နယ်မြေကျင့်ကြံသူများ၏ အကာအကွယ် လိုအပ်သေးသည်။ ရီဖန်သည် ကျုံးဖန်မြို့တွင် မြေကွက်နှစ်ကွက်ရှိကာ လူထောင်ပေါင်းများစွာနေထိုင်နိုင်သည်။ ပိုကြီးသည့်နယ်မြေကိုလိုချင်ပါက ကျုံးဖန်မြို့ရှိ သူတော်စင်နယ်မြေ စွမ်းအားရှင်များထံမှ ဝယ်ရမည်။ သို့မဟုတ် အခြားသူများဆီက သိမ်းယူရမည်ဖြစ်သည်။

ရီမိသားစု၏လက်ရှိအင်အားက အရာအားလုံးကို သိမ်းပိုက်ရန် မလုံလောက်သေးသောကြောင့် ၎င်းတို့သည် သိုသိပ်စွာနေထိုင်ရန်လိုအပ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် သူတော်စင်နယ်မြေစွမ်းအားရှင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျှင် ရီမိသားစုအတွက် ကောင်းမည်မဟုတ်ပေ။

ရီဖန်သည် ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများကိုခေါ်ပြီး ဗောဓိဘိုးဘေးနှင့်မိတ်ဆက်ပေးသည်။ ရီဖန်ပျက်ဆီးခြင်းပင်လယ်တွင်မရှိသောအခါ ၎င်းတို့က ဗောဓိဘိုးဘေး၏အမိန့်ကို လိုက်နာသင့်သည်။

ရီဖန်ချုပ်ကိုင်ထားသော အမှုထမ်းများအနေဖြင့် ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများသည် ဗောဓိဘိုးဘေးကိုမဆန့်ကျင်သည့်အပြင် အလွန်လေးစားကြသည်။ နာခံစွာခေါင်းညိတ်ပြသော သူတော်စင်တစ်ပိုင်းများကြောင့် ဗောဓိဘိုးဘေး အနည်းငယ်မှင်တက်သွားသည်။ သူ့တပည့်က သူမသိလိုက်ဘဲ ထိုအခြေအနေသို့ရောက်သွားပြီလား။ အကယ်၍ ထိုလူများကို ပန်ကုစကြဝဠာသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက ရီမိသားစုတွင် ကျင့်ကြံသူအရေအတွက် သိသိသာသာတိုးလာမည်ဖြစ်သည်။

နောက်တစ်ကြိမ်တွင် ရီဖန်သည် ကျုံးဖန်မြို့ရှိ ရီမိသားစုပိုင် မြေကွက်နှစ်ကွက်ပေါ်တွင် အိမ်များဆောက်လုပ်ပြီးနောက် ရီမိသားစုမှ ကျင့်ကြံသူများကို စတင်ခေါ်ဆောင်လာခဲ့သည်။

ကျုံးဖန်မြို့တွင် ကျင့်ကြံသူများပြားစွာရှိသောကြောင့် ၎င်းတို့နှိမ့်ချနေထိုင်သရွေ့ ထောင်ပေါင်းများစွာသောလူများက များစွာအာရုံစိုက်ခံရမည်မဟုတ်ပေ။

ကျင့်ကြံရန်လာမည့် ပထမအသုတ်မှာ ရီမိသားစု၏ ထိပ်တန်းအရာရှိများဖြစ်သည်။ယခုအခါတွင် ရီမိသားစု၌ တာအိုဘိုးဘေးနယ်မြေကျင့်ကြံသူ ဆယ်ဦးနီးပါးရှိပြီး ကျန်အများစုမှာလည်း ဖြတ်ကျော်ရန် မဝေးလှပေ။ တာအိုဘိုးဘေးနယ်မြေ တစ်ပိုင်းကျင့်ကြံသူများသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ရောက်သည်နှင့် ဖြတ်ကျော်ရန်အချိန်များစွာ ကြာမည်မဟုတ်ပေ။

ရီဖန်သည်လည်း သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ရီဖန်သည် ထိုနေ့ကို လျင်မြန်စွာရောက်ရှိလာရန် အလွန်စိတ်အားထက်သနေ၏။ အကြောင်းမှာ တာအိုဘိုးဘေးအဆင့်ကျင့်ကြံ မှုအဆင့်သည် အလွန်တင်းကျပ်ထားသောကြောင့်ဖြစ်သည်။ သို့သော် ရီမိသားစု၏ထိပ်တန်းအရာရှိများအားလုံး မလာရောက်နိုင်သေးဘဲ အချို့မှာ ရီမိသားစုတွင် ဆက်နေရန် လိုအပ်သည်။

………

All Chapters