← Chapters

အခန်း ၃၈၈-၃၉၀

Vol. 26 Ch. 388-390

အခန်း ၃၈၈-၃၉၀

Vol. 26 Ch. 388-390

အခန်း ၃၈၈ - ကျင့်ကြံရေးအရှိန်ဆယ်ဆ၊ ရီမိသားစု၏ စစ်မြေပြင်အသစ် ဖွင့်လှစ်ခြင်း

အခြားသူများကို ရီမိသားစုကျင့်ကြံသူများ၏ မျိုးဆက်သစ်များထဲမှ ရွေးချယ်ထားကာ မျိုးဆက်တစ်ခုစီအတွက် နေရာရာဂဏန်းရှိသည်။

များပြားလှသော ရီမိသားစုနှင့်ယှဉ်လျှင် နေရာထောင်ဂဏန်းက အလွန်ရှားပါး၏။

သို့သော် ရီဖန်သည် မျိုးနွယ်စုနယ်မြေများကို ပိုမိုရယူပြီးနောက် ၎င်းတို့အားလူံးကို ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျင့်ကြံခွင့်ပြုနိုင်သည်အထိ အချိန်ကြာတော့မည်မဟုတ်ဟု ရီဖန်ယုံကြည်ထားသည်။

"ကျင်းထျန် ကျင်းဟိုင် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကိစ္စက အရမ်းအရေးကြီးတာမို့ အသေးစိတ်အချက်အလက်တွေကို ပေါက်ကြားလို့မရဘူးနော်”

ရီဖန်၏လေသံက အလွန်လေးနက်၏။ အကယ်၍ ပင်ကိုပျက်ဆီးခြင်းပင်လယ်၏လျှို့ဝှက်ချက်ကို ယခုဖော်ထုတ်လိုက်ပါက ရီမိသားစုသည် ပန်ကုစကြဝဠာရှိ အဓိကအင်အားစုအားလုံးထံမှ ချေမှုန်းခံရမည်မှာ သေချာသည်။ ထိုအခြေအနေရောက်လာပါက လက်ရှိရီမိသားစုပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

အထူးသဖြင့် ဝမ်ရှန်းဂိုဏ်း၊ တာအိုဂိုဏ်းနှင့် အခြားခေတ်များစွာကြာအောင်တည်ရှိခဲ့သော အင်အားများစုများဖြစ်သည်။ ဗောဓိဘိုးဘေးပင်လျှင် ၎င်းတို့၏ဇစ်မြစ်ကို အပြည့်အ၀နားမလည်ချေ။

သို့သော်လည်း ဤအင်အားစုများ၏စွမ်းအားက အပေါ်ယံတွင်ပြထားသလောက် လုံးဝမရိုးရှင်းသည်မှာ သေချာပေါက်ပင်။ ရီမိသားစုသည် သိုသိပ်စွာနေထိုင်ရန် လိုအပ်ပါသေးသည်။ မတူညီသောနေရာများတွင် ကျင့်ကြံခြင်းအစီအစဉ်ကို စတင်လိုက်ပြီးနောက် ရီမိသားစုသည် ပို၍ပင်သိုသိပ်လာခဲ့၏။

၎င်းတို့မသိလိုက်ခင် အနှစ်တစ်ထောင်ကုန်လွန်သွားခဲ့သည်။ အထွတ်အမြတ်ရတနာတိုက်တွင် ဟုန်မိန်ခရမ်းရောင်ချီ၏သဲလွန်စကိုမတွေ့ရသေးသော်လည်း သူတော်စင်တစ်ပိုင်းများကြားတွင် တိုက်ပွဲအများပြားဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များပင်လျှင် အကြိမ်ပေါင်းများစွာ ကျဆုံးသွားကြပြီးဖြစ်သည်။

ဤနှစ်တစ်ထောင်တစ်လျှောက်လုံး ရီမိသားစု ကွယ်ပျောက်သွားနေပုံရသည်။ တာ့ယွီနတ်မင်းဆက် ဆက်လက်ရပ်တည်နေခြင်းကြောင့်သာမဟုတ်ပါက ရီမိသားစုပျက်သုဉ်းသွားပြီဟုပင် အင်အားစုများက ယုံကြည်သွားလိမ့်မည်။ ဤခေတ်ကြီးတွင် ရုန်းကန်ခြင်း ယှဉ်ပြိုင်ခြင်းများ မရှိခြင်းက ခေတ်နောက်ကျနေခြင်းဖြစ်သည်။ ရီမိသားစု၏လုပ်ရပ်များက ကိုယ့်သေတွင်းကိုယ်တူးနေကြခြင်းဖြစ်သည်ဟု ထင်ကြ၏။

သူတော်စင်တစ်ပိုင်းများ ပိုများလာသောအခါ စစ်မှန်သောသူတော်စင်နယ်မြေ စွမ်းအားရှင်ပင် ပေါ်ပေါက်လာနိုင်ကာ ရီမိသားစု၏ လက်ရှိအားသာချက်များ ကွယ်ပျောက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ပိုအားကောင်းသော အင်အားစုများက လျှို့ဝှက်ဆန်းကြယ်သော ရီမိသားစုကို အလွတ်ပေးမည်မဟုတ်ပေ။

ဤနှစ်များအတွင်း ရီမိသားစုက ပြင်ပကမ္ဘာကို ပေးစွမ်းခဲ့သောခံစားချက်က လျှို့ဝှက်ဆန်းကြယ်သည်။ သူတော်စင်အမွေအနှစ်ရှိသည်ဟုသော အယူအဆက ဤနှစ်များအတွင်း ပျောက်ကွယ်မသွားရုံသာမကဘဲ ပို၍ပင်ယုံကြည်လာသည််။ ရီမိသားစုက မသေချာမရေရာချန်ထားခဲ့သည့် အင်အားပြသမှုကြောင့်သာမဟုတ်လျှင် အင်အားစုတော်တော်များများက ၎င်းတို့ကို အရေးယူခဲ့ပြီးသည်မှာ ကြာပြီဖြစ်သည်။

"အချစ်ကလေး အောင်မြင်မှုတစ်ခုပြီးပြီလား"

ရီကျင်းဖန်သည် ကျင့်ကြံရာမှထွက်ခွါလာသော ရင်ကျန်းကိုမြင်ရသောအခါ စိတ်လှုပ်ရှားလာသည်။

"ဟုတ်တယ်၊ ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ”

ရီဖန်ထံမှ ဟုန်မိန်ခရမ်းရောင်ချီကိုရရှိပြီးနောက် ရင်ကျန်းသည် တစ်ကိုယ်တော်ကျင့်ကြံမှုကို ချက်ချင်းစတင်ခဲ့သည်။ ဟုန်မိန်ခရမ်းရောင်ချီနှင့် ပျက်ဆီးခြင်းအရည်တို့၏ အကျိုးကျေးဇူးများကြောင့် ရင်ကျန်းသည် အနှစ်တစ်ထောင်အတွင်း အောင်မြင်မှုတစ်ခုရရှိကာ ရီမိသားစု၏တတိယမြောက် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ဖြစ်လာသည်။ သူ၏ ကျင့်ကြံမှုအဆင့်ကိုစုစည်းပြီးနောက် အလယ်အလတ်အဆင့်နှင့် နီးကပ်လာသည်။

"ရင်ကျန်း ဂုဏ်ပြုပါတယ်ကွာ” ဗောဓိဘိုးဘေးက ရင်ကျန်းက ချက်ချင်းပြေးလာပြီး ချီးကျူးလိုက်သည်။

"ဘိုးဘေး၊ ဦးလေးရီကို ကျေးဇူးတင်ရမှာပါ"

ရီဖန်၏အကူအညီမပါဘဲ သူသည် သူတော်စင်တစ်ပိုင်းအောင်မြင်မှုတစ်ခုကို မည်သည့်အချိန်မှ ပြုလုပ်နိုင်မည်မှန်း မသိနိုင်ပေ။

"ဘိုးဘေးလဲ အောင်မြင်မှုတစ်ခုရပြီးပြီလား"

ဗောဓိဘိုးဘေးကို တွေ့လိုက်ရသောအခါ ရင်ကျန်းသည် သူ၏အသွင်အပြင်ပြောင်းလဲမှုကို ခံစားခဲ့ရပြီး ၎င်းက နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကထက် ပို၍ပင်အားကောင်းလာသည်။

"ဟုတ်တယ်၊ရှောင်ဖန်ရဲ့ကျေးဇူးကြောင့် ငါနောက်ထပ်တစ်လှမ်း ထပ်တက်လှမ်းသွားပြီလေ!"

နောက်အခိုက်အတန့်တွင် ဗောဓိဘိုးဘေးက သူ၏ရောင်ဝါကို ဖုံးကွယ်မထားတော့ပေ။ သူသည် နှောင်းပိုင်းအဆင့်မှခြေတစ်လှမ်းသာဝေးသော သူတော်စင်တစ်ပိုင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။

ရင်ကျန်းက စိတ်ကိုပြင်ဆင်ထားသော်လည်း ထိတ်လန့်သွားဆဲပင်။ ဗောဓိဘိုးဘေး၏ကျင့်ကြံမှုအဆင့် ပိုမိုအားကောင်းနေသည်မှာ မထူးဆန်းပေ။ ထူးဆန်းသည့်အချက်မှာ သူ၏ကျင့်ကြံမှုက သူ့ထက်ပိုမြင့်မားသော်လည်း သူ၏တိုးတက်မှုက ပိုမိုလျင်မြန်နေခြင်းဖြစ်သည်။

ရင်ကျန်း၏အံ့ဩနေသောအမူအရာကို မြင်လိုက်ရသဖြင့် ရီကျင်းဖန်က ရယ်မောလိုက်ကာ ရီဖန်၏အသစ်စက်စက် ကျင့်ကြံရေးနယ်မြေအကြောင်းသတင်းကို ပြောပြလိုက်သည်။ ဤလွန်ခဲ့သောထောင်စုနှစ်တစ်ခုက ရင်ကျန်းသည် တစ်ကိုယ်တည်းကျင့်ကြံနေခဲ့သောကြောင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျင့်ကြံခြင်း၏အကျိုးကျေးဇူးကိုမခံစားရချေခ

ယခု သူထွက်လာပြီဖြစ်ရာ သူကောင်းကောင်း ခံစားနိုင်ပြီဖြစ်၏။

"အချစ်လေး၊ ဦးလေးပြောတာက သူတော်စင်တစ်ပိုင်းသုံးယောက်မှာ ငါတို့ထဲက တစ်ယောက်ပဲ ရီမိသားစုမှာ အုပ်ချုပ်သူအဖြစ် ဆက်နေဖို့လိုမှာ။ ဒီတစ်ကြိမ် ဘိုးဘေးနေခဲ့မှာမို့ ပင်ကိုပျက်ဆီးခြင်းပင်လယ်မှာ ကျင့်ကြံဖို့ အတူလိုက်ခဲ့လို့ရတယ်"

၎င်းကိုကြားသည့်အခါ ရင်ကျန်းသည် စိတ်မရှည်တော့ဘဲ ရီမိသားစု၏ ပျက်ဆီးခြင်းပင်လယ်သို့ဆက်သွားရန် စိတ်အားထက်သန်နေခဲ့သည်။ လက်ရှိ ရီမိသားစု၏ အတွင်းပိုင်းတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ တိုက်ရိုက်ပို့ဆောင်နိုင်သည့် ဂိတ်တံခါးပေါက်တစ်ခုရှိသည်။ ရင်ကျန်း၏ စိတ်လှုပ်ရှားနေသောအမူအရာကို မြင်လိုက်ရသောအခါ ရီကျင်းဖန်က သူ့ကိုထပ်မံမစတော့ဘဲ ပင်ကိုပျက်ဆီးခြင်းပင်လယ်ဆီ ခေါ်သွားလိုက်သည်။

လွန်ခဲ့သော ထောင်စုနှစ်တစ်ခုနှင့် နှိုင်းယှဉ်ပါက လက်ရှိရီမိသားစု၏နယ်မြေသည် လေးဆတိုးလာကာ ရီမျိုးနွယ်စုဝင် သောင်းပေါင်းများစွာကို နေရာချထားသည်။ အင်မော်တယ်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူအရေအတွက်သည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်နှင့် နှိုင်းယှဉ်ပါက အဆဒါဇင်များစွာတိုးလာခဲ့သည်။ တာအိုဘိုးဘေးနယ်မြေရှိ ကျင့်ကြံသူအရေအတွက်မှာလည်း အဆများစွာ တိုးလာခဲ့သည်။ ဖိနှိပ်မှုကိုဖယ်ရှားပြီးနောက် ကျင့်ကြံမှုအရှိန်မှာ ပျံသန်းနေသကဲ့သို့ဖြစ်သည်။

ရီဖန်သည် ကျင့်ကြံရန်နေရာများအပြင် ကျုံးဖန်မြို့၌ အရွက်တစ်ထောင်ဆေးခန်းကို တိုးချဲ့ခဲ့သည်။ သို့သော် ရီမိသားစု၏ လက်ရှိဆေးပညာနှင့် လက်နက်သန့်စင်ခြင်းနည်းပညာများဖြင့် ၎င်းတို့ကို ကျုံးဖန်မြို့၏ ထိပ်တန်းအဆင့်အဖြစ် မသတ်မှတ်နိုင်ပေ။ အရင်ဆုံး အရင်းအမြစ်များကို စုဆောင်းရန်လိုသည်။

ထိုအရင်းအမြစ်များကို ရီဖန်ကိုယ်တိုင် ထိပ်တန်းနတ်လက်နက်နှင့် နတ်ဆေးလုံးများအဖြစ် သန့်စင်ထားပြီး ရီမိသားစုအတွက် ပျက်ဆီးခြင်းအရည်အနည်းငယ်ကို ရရှိစေသည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျင့်ကြံရန်အတွက် ပျက်ဆီးခြင်းအရည်ကို အသုံးပြုရမည်။ ယခုအခါတွင် ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ ပျက်ဆီးခြင်းအရည်သုံးစွဲမှုလည်း တိုးလာသည်။

နှစ်တစ်ရာတိုင်းတွင် ပျက်ဆီးခြင်းအရည် ဆယ်ယူနစ်ခန့် သုံးစွဲလေ့ရှိ၏။ အနှစ်တစ်ထောင်အတွင်း ရီဖန်သည် ပျက်ဆီးခြင်းအရည်ယူနစ် ရာနှင့်ချီ၍ သုံးစွဲခဲ့သည်။ ရီဖန်သည် ထိုနှစ်များအတွင်း ပျက်ဆီးခြင်းဘုရားကျောင်းနှစ်ခုကို ရှာတွေ့ခဲ့ခြင်းနှင့် ချန်ရှန်းသူတော်စင်တစ်ပိုင်းထံမှ လုယက်ခဲ့ခြင်းမရှိပါက ယခုအချိန်တွင် ကျင့်ကြံရန်တတ်နိုင်မည်မဟုတ်ပေ။

ယခုအခါ လက်နက်သန့်စင်ခြင်းနည်းစနစ်ကို သူတော်စင်အဆင့်သို့ မြှင့်တင်ရန်အတွက် အရေးတကြီးလိုအပ်သည်။ ကံမကောင်းစွာဖြင့် လက်နက်သန့်စင်ခြင်းနည်းစနစ်ကို မြှင့်တင်ခြင်းက မလွယ်ချေ။ အခွင့်ကောင်းအချို့မရှိပါက ထိပ်တန်း သူတော်စင်အဆင့် လက်နက်သန့်စင်သူအဖြစ် အချိန်တိုအတွင်းတက်လှမ်းရန် ခက်ခဲသည်။

ရီမိသားစုအတွင်းပိုင်းတွင် ရီဖန်၏ရောင်ဝါသည် အဆက်မပြတ် ပြောင်းလဲနေ၏။ ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ရန်ရုန်းကန်နေရသည်။

လွန်ခဲ့သော အနှစ်တစ်ရာခန့်က ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ အောင်မြင်မှုရရန် လုံလောက်နေပြီဖြစ်သော်လည်း ဖြတ်ကျော်ရန် မရွေးချယ်ခဲ့ပေ။ သူက ကန့်သတ်ချက်အထိထားပြီးမှ ဖြတ်ကျော်သွားရန် ရည်ရွယ်ထားခဲ့၏။

ရီဖန်သည် အနှစ်တစ်ရာအတွင်း သူ၏ကျင့်ကြံမှုအဆင့်ကို ချောမွေ့စွာအောင်မြင်နိုင်လိမ့်မည်ဟု ကြိုတင်သိထားသည်။ အနှစ်တစ်ရာသည် ရီဖန်အတွက် အချိန်မကြာသောကြောင့် စောင့်ရကျိုးနပ်ပါသည်။

၀မ်ရှန်းဂိုဏ်း၏ တားမြစ်ထားသော သူတော်စင်မျှော်စင်အတွင်း၌ အရင်းအမြစ်အများအပြားကို ထိုနေရာသို့ ယူဆောင်လာကြသည်။ ချက်ချင်းပင် ထိုမျှော်စင်မှ ကြောက်မက်ဖွယ်ရောင်ဝါများ ထွက်ပေါ်လာပြီးနောက် ၀မ်ရှန်းဂိုဏ်းမှကျင့်ကြံသူများကြားတွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။

“ပြန်ထွက်လာတဲ့အတွက် ကြိုဆိုပါတယ် ဘိုးဘေး!”

နောက်အခိုက်အတန့်တွင် သူတော်စင်မျှော်စင် တံခါးပွင့်လာကာ လူအိုတစ်ဦးထွက်လာခဲ့သည်။ သူတော်စင်တစ်ပိုင်းအနည်းငယ်က သူ့ကိုဂရုတစိုက် အလေးပြုကာ နှုတ်ဆက်ရန်အတွက် အလျင်စလို လျှောက်လာသည်။

"ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို ဂါဝရပြုပါတယ်"

အခြားသူတော်စင်တစ်ပိုင်းများက ထိုအမည်ကိုကြားလျှင် ကြောက်လန့်သွားလိမ့်မည်။ နောက်ဆုံးခေတ်က ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ရာထူးခြောက်ခုအတွက်ယှဉ်ပြိုင်ရန် အရည်အချင်းအရှိဆုံးသော သူတော်စင်တစ်ပိုင်းများထဲမှ တစ်ဦးဖြစ်သည်။

သူ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် သေသွားပြီဟု လူတိုင်းက ထင်ထားသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူမသေရုံသာမက ဤခေတ်ကာလအထိ အသက်ရှင်သေးသည်။

"ကြီးကြီးကျယ်ကျယ် မလိုဘူး၊ ငါလိုတဲ့ အချက်အလက်ကိုပေးပါ!"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ၀မ်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ်ကို ပြောလိုက်သည်။ ဂိုဏ်းချုပ်က ကျောက်စိမ်းပြားကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအား ရိုသေစွာပေးလိုက်သည်။ ကျောက်စိမ်းပြားတွင် နတ်ဆိုးနတ်ဘုရား၏ အဖွဲ့ခွဲနှစ်ခုအကြောင်း အချက်အလက်များပါရှိသည်။

"ဒီဘ၀မှာ ကောင်းကင်ဘုံက ငါ့ကို ကူညီပေးတာပဲ၊ ငါ့ကိုသူတော်စင်ဖြစ်မလာအောင် ဘယ်သူကမှ တားနိုင်မှာမဟုတ်ဘူး"

အချက်အလက်ကိုဖတ်ပြီးနောက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုအရိပ်ယောင်များပေါ်လာသည်။ ယခင်ခေတ်က သူသည် သူတော်စင်ရာထူးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့်အချိန်၌ အမွေဆက်ခံခွင့်ရရှိခဲ့သောကြောင့် သူတော်စင်ရာထူးအတွက်ပြိုင်ပွဲမှ ရုတ်တရက်နုတ်ထွက်ကာ ယခုခေတ်တိုင်အောင် စည်းတံဆိပ်ခတ်ထားခဲ့သည်။

သူရရှိခဲ့သောအမွေတွင် နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို သိမ်းပိုက်ပြီး သူတော်စင်ဖြစ်လာရန် အသုံးပြုနိုင်သည့် လျှို့ဝှက်နည်းပညာတစ်ခုရှိသည်။ ဤအမွေဖြင့် သူသည် နတ်ဆိုးနတ်ဘုရားနှလုံးသား၏ လျှို့ဝှက်ချက်ကို သိရှိခဲ့၏။ ဤလျှို့ဝှက်ချက်ဖြင့် နတ်ဆိုးနတ်ဘုရားက သူတော်စင်မဖြစ်မီ သူလှုပ်ရှားနိုင်ပါက သူတော်စင်နယ်မြေ စွမ်းအားရှင်ဖြစ်လာရန် သေချာလုနီးပါးဖြစ်သည်။

သူတော်စင်တစ်ယောက်ဖြစ်ရန်အတွက် ရရှိလာမည့် အခွင့်အရေးတစ်ခုက သူ့ကိုယ်သူ စည်းတံဆိပ်ခတ်ထားပြီး စောင့်ဆိုင်းခဲ့ရသည်နှင့် ထိုက်တန်သည။ စကြဝဠာဆန္ဒက ဤတစ်ကြိမ်တွင် သူ့ကို စည်းတံဆိပ်ခတ်ခြင်းမှ နိုးကြားစေခဲ့သည်။

အနှစ်တစ်ထောင် ပြန်လည်ထူထောင်ခြင်းက သူ့အတွက် အချိန်ပိုရကာ ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိစေသည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏အမြင်တွင် ဤအဖြစ်အပျက်များအားလုံးက ကောင်းကင်နယ်မြေသည် ၎င်းကို သူတော်စင်ဖြစ်စေလိုသည့် နိမိတ်လက္ခဏာများဖြစ်သောကြောင့်ဟူ၍ပင်။

…………

အခန်း ၃၈၉ - ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ရည်ရွယ်ချက်၊ နတ်ဘုရားချိုးဖျက်ခြင်းလှံတံ

နတ်ဆိုးနတ်ဘုရားနှစ်ဦး ထွက်ပေါ်လာခြင်းက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို အနည်းငယ်စိတ်ရှုပ်ထွေးစေသော်လည်း၊ ၎င်းသည် သူ့အတွက် ပိုမိုကောင်းမွန်သောရွေးချယ်မှုပြုလုပ်ရန် သတင်းကောင်းတစ်ခုလည်းဖြစ်သည်။

နတ်ဆိုးနတ်ဘုရား၏ကြီးထွားမှုသည် မယုံနိုင်လောက်အောင်မြန်ဆန်ခဲ့ကာ ၎င်းတို့မွေးဖွားလာစဉ်တွင် သူတော်စင်တစ်ပိုင်းအထွတ်အထိပ်သို့ ရောက်ရှိလုနီးပါးဖြစ်သည်။ နတ်ဆိုးနတ်ဘုရားများက ခြိမ်းခြောက်မှုကြီးများကို ပြုလုပ်နိုင်သည့် အကြောင်းရင်းလည်းဖြစ်၏။

ဤတစ်ကြိမ်တွင် ရီဖန်၏ဝင်ရောက်စွက်ဖက်မှုကြောင့် နတ်ဆိုးနတ်ဘုရားများ အချိန်မတန်မီမွေးဖွားလာကာ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အလွန်လျော့ကျသွားလျက် ၎င်းတို့၏တည်ရှိမှုမှာလည်း သိသိသာသာ လျော့နည်းသွားသည်။ နောက်ဆုံးအကြိမ်က အသက်ရှင်ကျန်ရစ်ခဲ့သော သူတော်စင်တစ်ပိုင်းအများအပြားပင်လျှင် နတ်ဆိုးနတ်ဘုရားများအပေါ် ကြောက်လန့်မှုကို မေ့လျော့သွားသည်။

နတ်ဆိုးနတ်ဘုရားများအကြောင်းသတင်းကို အတည်ပြုပြီးနောက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဂိုဏ်းနှစ်ခုကိုတိုက်ခိုက်ရန် ချက်ချင်းအမိန့်ထုတ်ခဲ့သည်။

၀မ်ရှန်းဂိုဏ်းနှင့် ဆက်စပ်နေသောသူတော်စင်တစ်ပိုင်း ကျင့်ကြံသူ အရေအတွက်မှာ ငါးဦးအထိရှိနေပြီဖြစ်သည်။ ဂိုဏ်းခွဲနှစ်ခုကို ကိုင်တွယ်ရန်အတွက် နောက်ထပ်အင်အားစုများကို မလိုအပ်တော့ချေ။ မကြာမီတွင် အဓိကဂိုဏ်းနှစ်ခုကို စုပေါင်းတိုက်ခိုက်ခဲ့ကြသည်။

၀မ်ရှန်းဂိုဏ်း၏လှုပ်ရှားမှုက လူအများ၏အာရုံကို ဖမ်းစားခဲ့သည်။ သို့သော် ၎င်းက နတ်ဆိုးနတ်ဘုရားဂိုဏ်းများကို ပစ်မှတ်ထားကာ ၎င်းတို့၏အကျိုးစီးပွားကို မထိခိုက်စေသောကြောင့် ထိုအင်အားစုများသည် ၎င်းကိုဆန့်ကျင်ခြင်းမရှိပေ။

အထူးသဖြင့် ယခင်ကတည်းက တည်ရှိခဲ့သော သူတော်စင်တစ်ပိုင်းများသည် နတ်ဆိုးနတ်ဘုရားများ၏ ခြိမ်းခြောက်မှုကို သိရှိကြသောကြောင့် ဝမ်ရှန်းဂိုဏ်း၏လုပ်ရပ်ကို အလွန်သဘောတူကြကာ ဂိုဏ်းကတာဝန်ယူတတ်သည်ဟု ပြောလာသည်။

၀မ်ရှန်းဂိုဏ်း၏ဝိုင်းရံမှုနှင့် ဖိနှိပ်မှုကို ရင်ဆိုင်ရပြီးနောက် အဓိကဂိုဏ်းနှစ်ခုသည် အဆက်မပြတ်ဆုတ်ခွါသွားရကာ လုံးဝခုခံနိုင်ခြင်းမရှိတော့ချေ။ အဓိကဂိုဏ်းနှစ်ခုရှိ သူတော်စင်တစ်ပိုင်းတို့သည် နတ်ဆိုးနတ်ဘုရားနှစ်ပါးသာဖြစ်သည်။ ထန်မင်းဆက်ဘုရင်ပင်လျှင် ယခုအချိန်၌ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးမျှသာ ရှိသေးသည်။

“သေစမ်း!"

အဆက်မပြတ်လက်လွတ်ခဲ့ရသောနယ်မြေကို ကြည့်ရင်း လော့ထောင်သည် အမှန်တကယ် ဒေါသထွက်နေခဲ့သည်။

ဤခေတ်ကြီးတွင် မတူညီသောအရာများကို သူမျှော်လင့်ထားသောကြောင့် ပိုမိုအောင်မြင်မှုရရှိရန် ဤခေတ်တွင်မွေးဖွားရန် ရွေးချယ်ခဲ့သည်။

သို့သော် ပထမဦးစွာ ရီဖန်သည် သူ၏ရှင်သန်နိုးထမည့်အစီအစဉ်ကို အနှောင့်အယှက်ပေးခဲ့သည်။ ယခုလည်း၀မ်ရှန်းဂိုဏ်းက သူ့ကို ဝိုင်းရံဖိနှိပ်ထားဝံ့သည်။

ထိပ်တန်းနတ်ဆိုးနတ်ဘုရားများထဲမှတစ်ဦးဖြစ်သော လော့ထောင်သည် ထိုကဲ့သို့သောဆက်ဆံမှုမျိုးကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။

"ပြန်တိုက်ကြစမ်း၊ ချက်ချင်း တန်ပြန်တိုက်စစ် စကြစမ်း"

၀မ်ရှန်းဂိုဏ်းက မရိုးရှင်းကြောင်းကို လော့ထောင်သိသည်။ ၎င်းတို့တွင် သူတော်စင်တစ်ပိုင်းကျင့်ကြံသူများစွာရှိရာ လော့ထောင်တစ်ယောက်တည်း တိုက်ခိုက်လျှင် ယှဉ်နိုင်မည်မဟုတ်သည်မှာသေချာ၏။ ထို့ကြောင့် အကူအညီများစွာရရှိရန်အတွက် ကျင့်ကြံခြင်းကို အလွန်လိုအပ်နေသည်။

ယခုဆိုလျှင် ပျက်ဆီးခြင်းဂိုဏ်းတွင် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောသူမှာ ထန်မင်းဆက်၏ဘုရင်ဖြစ်သည်။

"ထန် ဒီကိုလာဦး”

လော့ထောင်က ထန်မင်းဆက်ဘုရင်ကို ဆင့်ခေါ်ပြီး မီးခိုးရောင်အရည်တစ်ပုလင်းကို ထုတ်ပေးလိုက်သည်။

အကယ်၍ ရီဖန်သာ ထိုနေရာတွင်ရှိပါက ၎င်းသည် ပျက်ဆီးခြင်းအရည်ဖြစ်ကြောင်း သေချာပေါက် မှတ်မိလိမ့်မည်။

"ဒါက ပျက်ဆီးခြင်းအရည်ပဲ၊ မြန်မြန်သွားပြီးတော့ မင်းရဲ့ကျင့်ကြံမှုအဆင့်ကို သူတော်စင်တစ်ပိုင်းနယ်မြေရောက်အောင်လုပ်ပြီး တန်ပြန်တိုက်စစ်စကြမယ်"

လော့ထောင်၏စကားကိုကြားသောအခါတွင် ထန်ဘုရင်သည် စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။ သူသည် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သည်မှာ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်နိုင်မည့် အခွင့်အရေးမဟုတ်လား။ ယခုတွင် အခွင့်အရေးရောက်လာပြီဖြစ်ရာ သူမည်သို့ စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။

"ဂိုဏ်းချုပ်၊ ငါ မင်းကိုစိတ်မပျက်စေရပါဘူး!"

ထန်ဘုရင်သည် ပျက်ဆီးခြင်းအရည်ကို သယ်ဆောင်ကာ ယူပြီးနောက် စိတ်လှုပ်ရှားစွာထွက်ခွာသွားခဲ့သည်။ လော့ထောင် ခန်းမထဲမှထွက်ခွာပြီးနောက် ထန်ဘုရင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားကာ အောင်ပွဲခံသည့် အကြည့်များသာ ကျန်ရစ်ခဲ့သည်။ နှစ်အတော်ကြာ ပုန်းအောင်းနေထိုင်ပြီးနောက်တွင် အကျိုးအမြတ်များရိတ်သိမ်းနိုင်ခဲ့ပြီဖြစ်သည်။

မျိုးဆက်တစ်ခု၏ဘုရင်တစ်ဦးအနေဖြင့် သူသည် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံရခြင်းကို မည်သို့သည်းခံနိုင်မည်နည်း။ ယခုတွင် သူ့ရည်ရွယ်ချက် အောင်မြင်သွားရာ ထွက်ပြေးရန် အချိန်တန်လေပြီ။

ပျက်ဆီးခြင်းဂိုဏ်းတစ်ခုလုံးမှ ပထမဆုံးလွတ်မြောက်ခဲ့သောသူမှာ ဝူရှန်းဘိုးဘေးမဟုတ်ဘဲ ထန်မင်းဆက်၏ဘုရင်ဖြစ်သည်ကို မည်သူမျှမသိခဲ့ကြပေ။ သူ၏ လူဝင်စားမှုကိုးခုထဲမှ တစ်ခုသာ ဤတားမြစ်ထားသည့်နေရာတွင်ကျန်ရှိတော့သည်။ လွတ်လပ်မှုရရှိရန်အတွက် လူဝင်စားဘဝတစ်ခု စွန့်လွှတ်ခြင်းက ထန်မင်းဆက်ဘုရင်အဖို့ သေချာပေါက်ထိုက်တန်ပါသည်။

ထိုအတွေးဖြင့် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်မြေရှိ လူဝင်စားနှစ်ဦးက ထန်မင်းဆက်ဘုရင်၏ဘေးတွင် ပေါ်လာသည်။ မကြာမီ ၎င်းတို့နှစ်ဦး ပျောက်ကွယ်သွားကာ ထန်မင်းဆက်ဘုရင်ထံမှ ပျက်ဆီးခြင်းအရည်ကို ယူဆောင်သွားသည်။ ထို့နောက် ထန်ဘုရင်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း အရည်ပျော်လာသည်။

ထိုအချိန်တွင် ကျင့်ကြံနေသော လော့ထောင်သည် ရုတ်တရက် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားလိုက်ရကာ ထန်ဘုရင်၏ရောင်ဝါကို စတင်စူးစမ်းလိုက်သည်။ သို့သော် ယခုအချိန်တွင် ထန်ဘုရင်သည် မည်သည့်အခါကမျှမရှိဖူးသကဲ့သို့ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်။

ဤခံစားချက်ကို သူရင်းနှီးပြီးသားဖြစ်၏။ အရိုးဘိုးဘေး၊ ဝူရှန်းဘိုးဘေးတို့ ရုတ်တရက် ပျောက်ကွယ်သွားကြခြင်းပင်။

"ဟားဟား!"

လော့ထောင် ဒေါသတကြီး ရယ်မောလိုက်သည်။ ယခုအချိန်ထိ သူလှည့်စားခံရသည်ကို မသိသေးပါက ငတုံးတစ်ယောက်သာဖြစ်လိမ့်မည်။ အမြဲတမ်း ထိုလူသားများက သူ့အပေါ်လှည့်စားခဲ့ကြသည်။ ၎င်းတို့အားလူံးသေသွားသင့်၏။ လူသားများထံမှ လှည့်စားခံရတိုင်း လော့ထောင်သည် မာနထိခိုက်သလို ခံစားလိုက်ရသည်။

၎င်းက ထိပ်တန်းနတ်ဆိုးနတ်ဘုရားများထဲတွင်ပါဝင်သော လော့ထောင်ကို မိုက်မဲသည့်ပုံပေါက်သွားစေသည်။

လူသတ်ရန်ရည်ရွယ်ချက်က လော့ထောင်၏စိတ်ကို ဖုံးလွမ်းသွားကာ လုံးဝရူးသွပ်သွားစေသည်။

လော့ထောင်သည် ထန်မင်းဆက်ဘုရင်ကို ပြန်လည်ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်းသိထား၏။

ထန်မင်းဆက်ဘုရင်အပေါ် သူ့ဒေါသကိုဖြေဖျောက်ရန်နည်းလမ်းမရှိသောကြောင့် လော့ထောင်သည် ပျက်ဆီးခြင်းဂိုဏ်းရှိ အခြားလူသားများထံသို့သာ သူ့ဒေါသကို ပုံချနိုင်သည်။ ထိုအချိန်တွင် ပျက်ဆီးခြင်းဂိုဏ်း၌ အလောင်းများနှင့် ရှုပ်ပွနေကာ ၎င်းတို့အားလုံးက အမျိုးကိုသစ္စာဖောက်သည့် သစ္စာဖောက်များဖြစ်သည်။

ထိုအကြောင်းကို လူတွေသိရလျှင်ပင် စာနာပေးနိုင်မည်မဟုတ်ပေ။ မကြာမီတွင် ပျက်ဆီးခြင်းဂိုဏ်းထဲ၌ လူသားတစ်ယောက်မျှ မကျန်ခဲ့တော့ချေ။ လော့ထောင်သည် ပျက်ဆီးခြင်းဂိုဏ်းတွင် လူသားကျင့်ကြံသူများကို ဘယ်တော့မှလက်ခံမည်မဟုတ်ကြောင်း တိတ်တဆိတ်ကျိန်ဆိုခဲ့သည်။

လူသားကျင့်ကြံသူများသည် ကောက်ကျစ်လွန်းသောကြောင့် ၎င်းတို့ကို တားမြစ်ချက်များဖြင့် ထိန်းချုပ်ထားလျှင်ပင် လုံးဝလုံခြုံမှုမရှိပေ။ တိမ်နက်တာအိုဘိူးဘေးနှင့် ယခင်ဘဝကအခြားသူများသည် လူသားကျင့်ကြံသူများကြားတွင် အဘယ်ကြောင့် ဤမျှရိုးသားခဲ့ကြပြီး သေဆုံးသည်အထိသစ္စာဖောက်ရန် ကြံစည်ခဲ့ခြင်းမရှိသည်ကို နားမလည်နိုင်ကြပေ။

ထန်ဘုရင်၏လွတ်မြောက်မှုကိူ လူအများစုထံမှ လျှို့ဝှက်ထားသည်။

………..

အခန်း ၃၉၀ - ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ရည်ရွယ်ချက်၊ နတ်ဘုရားချိုးဖျက်ခြင်းလှံတံ

သစ္စာအရှိဆုံးဖြစ်သော ထန်မင်းဆက်ဘုရင် ထွက်ပြေးသွားကြောင်းကို သိလိုက်ရသော ဝူရှန်းဘိုးဘးသည် အနည်းငယ်စိတ်မကောင်းဖြစ်သွား၏။ လော့ထောင်သည် မည်မျှသနားစရာကောင်းလေသနည်း။

နတ်ဆိုးနတ်ဘုရားတစ်ဦးအနေဖြင့် ဝူရှန်းဘိုးဘေးသည် လော့ထောင်သည် အနည်းငယ်ဥာဏ်ရည်ချို့တဲ့နေသည်ဟု ခံစားခဲ့ရ၏။ အကယ်၍ သူသာဆိုလျှင် ထိုကဲ့သို့ အလိမ်ခံရမှာမဟုတ်ပေ။

ထိုသို့တွေးမိသောအခါ ဝူရှန်းဘိုးဘေးက မတည်ငြိမ်နိုင်သေးဘဲ ရယ်မောနေဆဲဖြစ်သော အရိုးဘိုးဘေးကိုလှမ်းကြည့်လိုက်ပြီး ရုတ်တရက် အလွန်စိုးရိမ်နေစရာမလိုကြောင်း ခံစားလိုက်ရသည်။ အရိုးဘိုးဘေးကသာ သူ့ကိုလှည့်စားသွားနိုင်ပါက သူလည်းသေသွားလိမ့်မည်။ အဘယ်ကြောင့် သူတော်စင်နယ်မြေအတွက် တိုက်ပွဲဝင်နေရဦးမည်းနည်း။

"အရိုးဘိုးဘေး ဒီကိုလာ၊ သူတော်စင်တစ်ပိုင်းနယ်မြေကို အမြန်ဖြတ်တော့”

ပျက်ဆီးခြင်းဂိုဏ်းသည် သူတော်စင်တစ်ပိုင်းကို စတင်ကျင့်ကြံခဲ့သောကြောင့် ယင်ယန်ဂိုဏ်းသည်လည်း နောက်ကျမကျန်ရစ်သင့်ပေ။ အရိုးဘိုးဘေး၏စိတ်ထားက မကောင်းမွန်သော်လည်း အနည်းဆုံးတော့ အသုံးဝင်သေး၏။

အရိုးဘိုးဘေးက ဝူရှန်းဘိူးဘေးပေးသော အရင်းအမြစ်များကို ကြည့်ပြီး ပိုပျော်သွားသည်။ ယနေ့သည် အလွန်ကောင်းမွန်သောနေ့တစ်နေ့ဖြစ်သည်။ ထန်မင်းဆက်ဘုရင်၏ ပျက်ဆီးခြင်းဂိုဏ်းကို ပုန်ကန်ခြင်းနှင့်၊ ယခု သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ရန် အခွင့်အရေးရခဲ့ခြင်းက သူ့အတွက် သတင်းကောင်းဖြစ်သည်။

အရိုးဘိုးဘေးသည် စတင်၍ပင် စိတ်ကူးယဉ်လိုက်၏။ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်သွားပြီးနောက်တွင် ထန်မင်းဆက်ဘုရင်နှင့် ထပ်မံတွေ့ဆုံကာ သင်ခန်းစာပေးရမည်။ ထန်မင်းဆက်ဘုရင်၏ဘက်ပြောင်းမှုက ဝမ်ရှန်းဂိုဏ်း၏ အဓိကဂိုဏ်းကြီးနှစ်ခုကို ချေမှုန်းခြင်းအပေါ်တွင် နှောင့်နှေးစေခြင်းမရှိပေ။

ထန်ဘုရင်ထွက်ခွာသွားခြင်းကြောင့်ပင် လက်ရှိပျက်ဆီးခြင်းဂိုဏ်းသည် ပိုမိုပျံ့ကြဲသွားကာ ခုခံနိုင်စွမ်းနည်းပါးသွားခဲ့သည်။ ၎င်းတို့သည် အချိန်တိုလေးအတွင်း ဆုံးရှုံးမှုကြီးကြီးမားမား ခံစားလိုက်ရသည်။

ထပ်ခါတလဲလဲ ကျရှုံးမှုများက လော့ထောင်ကို မခံမရပ်နိုင်ဖြစ်လာစေသည်။ ရှေးခေတ်က ပန်ကုကိုတိုက်ရိုက်စိန်ခေါ်ရဲသည့် ဤနတ်ဆိုးနတ်ဘုရားများသည် နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ပန်ကုစကြဝဠာရှိ တခြားသတ္တဝါများကို အလေးအနက်မထားကြသေးချေ။ အဆင့်နိမ့်တပ်သားများ မခုခံနိုင်သည့်အခါတွင် သူကိုယ်တိုင်လှုပ်ရှားရမည်။

၀မ်ရှန်းဂိုဏ်းက ပျက်ဆီးခြင်းဂိုဏ်းကို နောက်တစ်ကြိမ် တိုက်ခိုက်သည့်အချိန်တွင် လော့ထောင်သည် ကြယ်တာရာနေရာလွတ်ဖြတ်သန်းလျက် ရောက်ရှိလာသည်။ နှောင်းပိုင်းသူတော်စင်တစ်ပိုင်း၏ အစွမ်းထက်သောရောင်ဝါသည် ၀မ်ရှန်းဂိုဏ်းမှကျင့်ကြံသူများကို အသက်ရှူကြပ်သွားစေသည်။ သူတော်စင်တစ်ပိုင်းများသည် အလွန်အံ့ဩသွားကြ၏။

နတ်ဆိုးနတ်ဘုရား၏စွမ်းရည်သည် အမှန်တကယ်လုံလောက်အောင် သန်မာသည်။ အချိန်မတန်မီထွက်ပေါ်လာရခြင်း၏ သက်ရောက်မှုရှိခဲ့သော်လည်း အချိန်တိုအတွင်း သူ၏ကျင့်ကြံမှုအဆင့်ကို နှောင်းပိုင်းသူတော်စင်အဆင့်သို့ ပြန်လည်ရယူနိုင်ခဲ့သည်။ အချိန်အနည်းငယ်ထပ်ပေးမိလျှင် ၎င်းသည် သူတော်စင်တစ်ပိုင်းအထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားပါက အမှန်တကယ် ဒုက္ခရောက်လိမ့်မည်။

အဆုံးမဲ့နတ်ဆိုးချီသည် နတ်ဆိုးနတ်ဘုရားအဖြစ်ပြောင်းလဲသွားပြီး ၀မ်ရှန်းဂိုဏ်း၏ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့သည်။ သူတော်စင်တစ်ပိုင်းတို့က လျင်မြန်စွာဆုတ်ခွါသွားပြီး မိမိတို့ကိုယ်ကိုကာကွယ်ရန် ၎င်းတို့၏ နတ်စွမ်းအားများကို စုစည်းထားကြသည်။ ထိုတိုက်ခိုက်မှုသည် သူတော်စင်တစ်ပိုင်း၏အထွတ်အထိပ်သို့ ရောက်လုနီးနီးဖြစ်သောကြောင့် ၎င်းတို့က တိုက်ရိုက်မခုခံရဲကြချေ။

ထိုအခိုက်အတန့်တွင် တိုက်ခိုက်မှုတစ်ခုသည်ကြယ်တာရာနေရာလွတ်ကို ဖြတ်ကျော်လျက် လော့ထောင်အပေါ်တည့်တည့်ကျရောက်သွားသည်။ လော့ထောင်တုံ့ပြန်နိုင်ချိန်တွင် တိုက်ခိုက်မှုက သူ့အပေါ်သို့ ကျရောက်နေပြီးဖြစ်သည်။ လော့ထောင်သည် ခပ်ဝေးဝေးသို့ နောက်ပြန်ဆုတ်သွားပြီး အလွန်ထိခိုက်သွားပုံရသည်။

"အထွတ်အထိပ် သူတော်စင်တစ်ပိုင်း!"

လော့ထောင်သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကိုကြည့်ကာ မယုံကြည်နိုင်ဖြစ်နေပြီး သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းထားရသည်။ စည်းမျဉ်းများအရ အထွတ်အထိပ်သူတော်စင်တစ်ပိုင်း ပေါ်လာရန် အချိန်မကျသေးချေ။ ထိုအထွတ်အထိပ်သူတော်စင်တစ်ပိုင်းက မည်သည့်နေရာက ရောက်လာသနည်း။

"နတ်ဆိုးဘုရား အခုအရှုံးပေးလိုက်တော့”

ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် လော့ထောင်ကို ပြန်လည်နာလန်ထူရန် အချိန်မပေးဘဲ နတ်လက်နက်ကို လွှဲယမ်းကာ အဆက်မပြတ်တိုက်ခိုက်နေသည်။

လော့ထောင်က အံကြိတ်လိုက်ပြီး သူ့မျက်နှာတွင် ဒေါသနှင့်ပြည့်နေသည်။ ယခုတွင် အရာအားလုံးက ရှုပ်ထွေးပြီး ကမောက်ကမဖြစ်နေလေပြီ။

သူတော်စင်တစ်ပိုင်းများ အချိန်မတိုင်မီ ပေါ်ထွက်လာခြင်းက ကိစ္စကြီးဖြစ်နေပြီဖြစ်သော်လည်း၊ ယခု ပိုမိုအားကောင်းလာကာ အထွတ်အထိပ်သူတော်စင်တစ်ပိုင်းက သူ့ကို ဖိနှိပ်ထားသေးသည်။

ဤအရာသည် ၎င်းမျှော်လင့်ထားသည့်အရာနှင့် မတူချေ။ ပန်ကုစကြဝဠာ၏ စည်းမျဉ်းများ ပျောက်ကွယ်သွားပါသလား။ ထိုစည်းမျဉ်းများက ပန်ကုစကြဝဠာမှ ထွက်ခွာသွားပြီလား။ သို့မဟုတ်ပါက သူ၏အစီအစဉ်များအရ ဤသူတော်စင်တစ်ပိုင်းများသည် ၎င်းတို့ကိုဖျက်ဆီးနိုင်စွမ်း မရှိသင့်ပေ။

လော့ထောင်ထဲ နစ်မြုပ်နေချိန်၌ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ရုတ်တရက်ရောက်ရှိလာပြီး လက်ထဲတွင် ကျောက်စိမ်းလှံတစ်ချောင်းကို ကိုင်ထားသည်။

၎င်းပေါ်လာသည်နှင့် လော့ထောင်သည် ချက်ချင်း လန့်နိုးသွား၏။

နတ်ဘုရားချိုးဖျက်ခြင်းလှံတံ။ ဤသူတော်စင်တစ်ပိုင်းက ၎င်းကိုမည်သို့ရရှိခဲ့သနည်း။ နတ်ဆိုးနတ်ဘုရားများ အကြောက်ဆုံးအရာတစ်ခုရှိလျှင် နတ်ဘုရားချိုးဖျက်ခြင်းလှံတံသည် ထိုစာရင်းထဲတွင် သေချာပေါက်ပါလိမ့်မည်။

နတ်ဘုရားချိုးဖျက်ခြင်းလှံတံ၏ အဓိကလုပ်ဆောင်ချက်မှာ နတ်ဆိုးနတ်ဘုရား၏ သွေးမျိုးဆက်တားမြစ်ချက်ကို ချိုးဖျက်ရန်ဖြစ်သည်။ သွေးမျိုးဆက်တားမြစ်ချက်မရှိပါက နတ်ဆိုးနတ်ဘုရားသည် ပြန်လည်ရှင်ပြန်လာနိုင်မည့် အခွင့်အရေးမရှိတော့ပေ။

ထိုအချိန်တွင် လော့ထောင်သည် ၀မ်ရှန်းဂိုဏ်းသည် အဘယ်ကြောင့် အဓိကဂိုဏ်းခွဲနှစ်ခုကို တိုက်ခိုက်ကြောင်း နားလည်သွားခဲ့သည်။

၀မ်ရှန်းဂိုဏ်း၏ပစ်မှတ်မှာ ဂိုဏ်းနှစ်ခုလုံးမဟုတ်ဘဲ နတ်ဆိုးနတ်ဘုရားနှစ်ပါးကိုဖြစ်သည်။

လော့ထောင်၏နှလုံးသားကို နတ်ဘုရားချိုးဖျက်ခြင်းလှံတံနှင့် အပြင်းအထန်ထိုးစိုက်လိုက်ချိန်တွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ မျက်လုံးထဲတွင် ရူးသွပ်မှုတစ်ခုရှိနေသည်။ သူသည် သွေးမျိုးဆက်တားမြစ်ချက်ကို ချိုးဖျက်နိုင်သရွေ့ လော့ထောင်၏ နတ်ဆိုးဘုရားနှလုံးသားကို ရရှိနိုင်သည်။ သူသည် ထို့အခွင့်အရေးကို တစ်သက်တာလုံး စောင့်မျှော်နေခဲ့ရာ လက်လွတ်မခံနိုင်ဘဲ အလွန်ပျော်ရွှင်နေသည်။

ထို့နောက်တွင် ကျယ်လောင်သောအသံတစ်ခုက လူတိုင်း၏စိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။

လော့ထောင်သည် ၎င်းကိုတွေ့ရှိခဲ့သော်လည်း တုံ့ပြန်ရန်အချိန်နှောင်းသွားပြီဖြစ်ကာ သူ၏နှလုံးသားထဲသို့ ဖောက်ထွင်းဝင်သွားသည့် နတ်ဘုရားချိုးဖျက်ခြင်းလှံတံကိုသာ စောင့်ကြည့်နိုင်သည်။

အဆုံးတွင် လော့ထောင်သည် သူ၏နတ်ဆိုးနတ်ဘုရားကိုယ်ထည်ကို အလွန်အမင်းယုံကြည်ခဲ့ကာ နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို မည်သူကမှ အသုံးပြုလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ နတ်ဘုရားချိုးဖျက်ခြင်းလှံတံက သူ၏နှလုံးသားကို ထိုးဖောက်လိုက်သောအခါ လော့ထောင်သည် ၎င်း၏သွေးမျိုးဆက်အတွင်းပိုင်းမှ တစ်စုံတစ်ရာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

လော့ထောင်သည် ၎င်းက နတ်ဆိုးနတ်ဘုရား၏ သွေးမျိုးဆက်ကန့်သတ်ချက်ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းသည် နတ်ဆိုးနတ်ဘုရားအတွက် ကျိန်စာတစ်ခုနှင့် အပြင်းထန်ဆုံးသော စွမ်းရည်တစ်ခုဖြစ်ကာ ၎င်းတို့အား ထာဝရအသက်ကို ပေးထားသည်။ ကန့်သတ်ချက်ပျောက်ကွယ်သွားသည့်အခိုက်တွင် လော့ထောင်ထိတ်လန့်သွား၏။

သွေးမျိုးဆက်ကန့်သတ်ချက်မရှိဘဲ သူသည် သာမန်ကျင့်ကြံသူနှင့် မခြားနားတော့ပေ။ ထိုအချိန်တွင်သာ အသတ်ခံရပါက အမှန်တကယ်သေသွားလိမ့်မည်။ သူတော်စင်တစ်ပိုင်းလေးပါးအပြင် အထွတ်အထိပ်သူတော်စင်တစ်ပိုင်းတစ်ဦးနှင့် ရင်ဆိုင်ရပါက သူ့အတွက် အန္တရာယ်ရှိသည်။

“ထွက်ပြေးရမည်” ဟူသည့်အတွေးက လော့ထောင်၏စိတ်ထဲသို့ ပထမဆုံးဝင်ရောက်လာသည်။ လော့ထောင်သည် အံကြိတ်လျက် ကွဲကြေနေသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

နောက်တခဏတွင် ၎င်းမှာ အစိတ်စိတ်ကြေမွသွား၏။ လော့ထောင်သည် မမြင်နိုင်သောစွမ်းအားတစ်ခုဖြင့် ဖုံးကွယ်လျက် နေရာမှပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းပင်လျှင် သူ့ကိုတားရန် အချိန်မရှိလိုက်ချေ။

"ချီးပဲ!"

လော့ထောင်ပျောက်ကွယ်သွားသည့်နေရာကိုကြည့်ရင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ သူသည် အရာအားလုံးအတွက် ပြင်ဆင်ထားသော်လည်း လော့ထောင်ထံတွင် ပင်ကိုကျောက်စိမ်းလိပ်ပြာရှိနေမည်ကို သူမမျှော်လင့်ထားပေ။

ပင်ကိုကျောက်စိမ်းလိပ်ပြာသည် ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကြယ်သော ရတနာတစ်ခုဖြစ်ကာ ၎င်းအစိတ်အပိုင်းတစ်ခုက သူတော်စင်တစ်ပိုင်းများ ချုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်နေသည်။

အလွန်အမင်းပြင်ဆင်မှုများအပြီး အရေးကြီးသောအခိုက်အတန့်တွင်မှ ရှူံးနိမ့်ခဲ့ရာ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အလွန်စိတ်ပျက်သွားပြီး သွေးအန်မတတ်ခံစားလိုက်ရသည်။

အမှန်အတိုင်းဆိုရလျှင် သူသည် လော့ထောင်ကို မဖမ်းမိလျှင်ပင် ထိုမျှဒေါသထွက်နေမည်မဟုတ်ပေ။ လော့ထောင်မရှိလျှင် ဝူရှန်းဘိူးဘေးရှိသေးသည် မဟုတ်လား။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအတွက် သည်းမခံနိုင်ဆုံးအရာမှာ နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို ဆုံးရှုံးခြင်းဖြစ်၏။ နတ်ဘုရားချိုးဖျက်ခြင်းလှံတံသည် ထိပ်တန်းနတ်လက်နက်ဖြစ်ကာ တစ်ကြိမ်သုံးပစ္စည်းဖြစ်သည်။ ကျင့်ကြံသူအများစုသည် ထိုသို့သောအရာကို မလိုအပ်ဘဲ မပြင်ဆင်ထားသောကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထံတွင် တစ်ခုသာရှိသည်။

နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို နောက်ထပ်မသန့်စင်နိုင်ပါက ယခုအချိန်တွင် ဝူရှန်းဘိုးဘေးကို ဖမ်းမိခဲ့လျှင်ပင် သွေးမျိုးဆက်တားမြစ်ချက်ကို ဖျက်ဆီးပြီး နတ်ဆိုးနတ်ဘုရားနှလုံးသားကို ရယူနိုင်မည်မဟုတ်ပေ။ သို့သော် ခေတ်ကြီးက ယခုမှစတင်ခဲ့ရာ ထိပ်တန်း သူတော်စင်သန့်စင်သူကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။

"ပန်ကုစကြဝဠာက စွမ်းအားအကြီးဆုံးသန့်စင်သူတွေကို ချက်ချင်းသွားစုံစမ်းကြ၊ ငါ့အတွက်လိုတယ်!"

နတ်ဘုရားချိုးဖျက်ခြင်းလှံတံ ပျောက်ဆုံးသွားသည့်အတွက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အလွန်ဒေါသထွက်နေသော်လည်း ဘာမှမလုပ်နိုင်ခဲ့ပေ။ တစ်ခုတည်းသောဖြေရှင်းချက်မှာ အခြားတစ်ခုကိုဖန်တီးရန်အတွက် လက်နက်သန့်စင်သူရှာဖွေရန်ဖြစ်သည်။

အကယ်၍ ထိပ်တန်းအဆင့် သူတော်စင်သန့်စင်သူများမရှိပါက ၎င်းတို့သည် အလယ်အလတ် သူတော်စင်သန့်စင်သူများကိုရှာပြီး၊ ထိပ်တန်းအဆင့်ရောက်သည်အထိ ကျင့်ကြံပေးရလိမ့်မည်။ သူ့ထံတွင်ရှိသည့် အရင်းအမြစ်များဖြင့် ထိုပန်းတိုင်ကို လျင်မြန်စွာရောက်ရှိသင့်သည်။ နတ်ဆိုးနတ်ဘုရားနှလုံးသားအတွက် မည်သည့်အရာကိုမှ တွန့်ဆုတ်နေမည်မဟုတ်ပေ။

လောကတွင် မည်သည့်အရာကမှ ထာဝရလျှို့ဝှက်ချက်မဟုတ်ချေ။ လော့ထောင်ကို ဖမ်းဆီးရန် ပျက်ကွက်ခဲ့သည့်သတင်းက ပေါက်ကြားသွား၏။ သေချာသိနားလည်သူများက နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို သတိထားမိလိုက်သည်။ သူတို့နားမလည်သည်မှာ ၀မ်ရှန်းဂိုဏ်းက နတ်ဆိုးနတ်ဘုရားကို သတ်ရန်အတွက် ဤမျှအထိအားထုတ်နေရသနည်း။ ၀မ်ရှန်းဂိုဏ်းနှင့်လော့ထောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် နက်ရှိုင်းသော အမုန်းတရားများ ရှိခဲ့ကြသည်လား။

ယင်ယန်ဂိုဏ်းမှ ဝူရှန်းဘိူးဘေးသည် ဤသတင်းကိုရရှိသောအခါ ကျောရိုးတစ်လျှောက် အေးစက်စွာခံစားလိုက်ရသည်။ အခြားသူများက နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို မသိခဲ့ကြသော်လည်း နတ်ဆိုးနတ်ဘုရားနှလုံးသားနှင့် ပေါင်းစည်းထားသူအနေဖြင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက မည်သည်ကိုလိုချင်ကြောင်း မသိဘဲမနေချေ။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ပစ်မှတ်မှာ နတ်ဆိုးနတ်ဘုရားနှလုံးသားဖြစ်သည်။ ဝူရှန်းဘိုးဘေးသည် လော့ထောင်ထက်ပင် အားနည်းရာ

လော့ထောင်ထွက်ပြေးသွားပြီးနောက် သူသာလျှင် နတ်ဆိုးနတ်ဘုရားအဖြစ် ကျန်တော့သည်။ ဝမ်ရှန်းဂိုဏ်းက သူ့ကိုအလွတ်ပေးမည်လား။ လုံးဝပေးမည်မဟုတ်ချေ။ သူသေဆုံးရမည်ကို ငြိမ်သက်စွာထိုင်စောင့်နေ၍ မဖြစ်ပေ။

……….

All Chapters