အခန်း ၃၉၄-၃၉၆
Vol. 27 Ch. 394-396
အခန်း ၃၉၄ - မိသားစုစွမ်းအား အဆင့်ဆယ့်သုံး
ထိုရောင်ဝါများက ခေတ္တမျှပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားသော်လည်း ရင်ကျန်းသည် အသက်ရှူမဝသလိုခံစားလိုက်းသည်။ ရင်ကျန်းက ရီဖန်သည် လက်နက်သန့်စင်ရန်အတွက် တစ်ကိုယ်တည်းကျင့််ကုံနေသည်ကို သိသော်လည်း ၎င်း၏ရောင်ဝါက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်အထိ မည်သည့်လက်နက်မျိုးကို သန့်စင်နေပါသနည်း။ ၎င်းကိုအသက်သွင်းလိုက်လျှင် ရင်ကျန်းသည် ရိုက်ချက်တစ်ခုကိုပင် ခံနိုင်ရည်မရှိမည်ကို စိုးရိမ်မိ၏။
လက်နက်သန့်စင်ခန်းအတွင်းတွင် ရီဖန်၏နဖူးမှ ချွေးးများ အဆက်မပြတ်စီးကျလာသည်။ သူသည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့ကာ ယခုအချိန်တွင် ပိုင်ဆိုင်ခွင့်ရယူမည့် လုပ်ငန်းစဉ်တွင်ရှိနေသည်။
ပိုင်ဆိုင်ခွင့်မရှိပါက ရီဖန်သည် ထိုမဟာသူတော်စင်လက်နက်ကို အမှန်တကယ်ကိုင်စွဲနိုင်မည်မဟုတ်ပေ။
တကယ်တမ်းတွင် သူပိုင်ဆိုင်ခွင့်ရလျှင်ပင် ရီဖန်၏လက်ရှိစွမ်းအားဖြင့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အပြည့်အဝအသက်သွင်းနိုင်မည်မဟုတ်။ သူတော်စင်နယ်မြေရှိသူများကသာ ၎င်းကို မှန်ကန်စွာအသုံးပြုနိုင်လိမ့်မည်။
သူတော်စင်တစ်ပိုင်း၏ နတ်စွမ်းအားပမာဏ သို့မဟုတ် အရည်အသွေးမည်မျှပင်ရှိစေကာမူ ၎င်းသည်အဆင့်နိမ့် မဟာသူတော်စင်လက်နက်ဖြစ်သည့် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အသက်သွင်းရန် မလုံလောက်ပါ။ မဟာသူတော်စင်လက်နက်သည် သူတော်စင်တစ်ပိုင်းနယ်မြေထိန်းချုပ်မှုထက် သာလွန်သော မဟာသူတော်စင်လက်နက်ဖြစ်နေဆဲဖြစ်သည်။
ရီဖန်သည် ထိုအခြေအနေကို မျှော်မှန်းထားပြီးဖြစ်၏။ ထို့အပြင် ရီဖန်သန့်စင်ထားသော မဟာသူတော်စင်လက်နက်သည် သူအသုံးပြုရန်ရည်ရွယ်ထားခြင်းမဟုတ်ချေ။ ရီဖန်က နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အသုံးမပြုနိုင်သော်လည်း ရီမိသားစုကတော့ အသုံးပြုနိုင်သည်။
ရီမိသားစု၏ကံကြမ္မာသည် ကံဇာတာကို တိုးမြှင့်ရန်အတွက်ချည်း မဟုတ်ပေ။ ကံဇာတာကိုယ်တိုင်ကလည်း အထူးစွမ်းအားတစ်မျိုးဖြစ်သည်။ ၎င်းကိုအခင်းအကျင်းနှင့်ဆက်သွယ်လိုက်ပါက နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အသက်သွင်းရန် လုံလောက်သည်။ သို့သော် ထိုသို့ပြုလုပ်ရန်အတွက် နတ်ဘုရာနှိမ်နင်းခြင်းကြာပွတ်သည် ရီမိသားစုအတွင်း ရှိနေရမည်ဖြစ်သည်။ ထိုအချိန်မှစ၍ ရီမိသားစုနယ်မြေကို သူတော်စင်တစ်ပိုင်းများကပင် မျက်စောင်းထိုးနိုင်မည်မဟုတ်သည့် တားမြစ်နယ်မြေဖြစ်လာလိမ့်မည်။
“ကောင်းကင်ကံကြမ္မာအခင်းအကျင်း စတင်လိုက်"
ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အခိုင်အမာရယူပြီးနောက် သူကြိုတင်ပြင်ဆင်ထားသည့် အခင်းအကျင်းကို ချက်ချင်းအသက်သွင်းလိုက်သည်။ ထို့နောက် ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို လေထဲသို့ ပစ်တင်လိုက်သည်။ ထို့နောက် သူသည် အခင်းအကျင်းကိုစတင်ပြီး နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ထဲသို့ ကံဇာတာစွမ်းအားကို အဆက်မပြတ်ထည့်သွင်းခဲ့သည်။
ရီမိသားစုတစ်ခုလုံးကို ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုဖြင့် ဖုံးအုပ်ထားပုံရကာ ရီမိသားစုကျင့်ကြံသူများ၏ အသက်ရှူသံများမှာလည်း လျင်မြန်လာသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ထိုခံစားချက် ပြန်လည်မပျောက်ကွယ်သွားမီ ခဏမျှသာကြာခဲ့သည်။ ထို့နောက်တွင် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် လူတိုင်း၏အမြင်မှ လုံးဝပျောက်ကွယ်သွားကာ ရီမိသားစုအတွင်း နက်ရှိုင်းစွာဖုံးကွယ်ခံလိုက်ရသည်။
ရီဖန်က ၎င်းကို အဆင့်ခေါ်မချင်း နတ်ဘုရားနိမ်နင်းခြင်းကြာပွတ်၏ခြေရာများကို မည်သူမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ရီဖန်သက်ပြင်းချလိုက်ပြီးနောက် အနည်းငယ်ပြေလျော့သွားသည်။ ရီမိသားစုအတွက် မယုံနိုင်လောက်အောင် အစွမ်းထက်သောဝှက်ဖဲကို စုဆောင်းရန် နှစ်ရာနှင့်ချီ၍အချိန်ယူခဲ့ရပြီးနောက် အရာအားလုံးက ထိုက်တန်ခဲ့သည်။ ယခုမှစ၍ ရီမိသားစုသည် ၎င်းတို့၏အမိမြေတွင် ရှိနေသရွေ့ ၎င်းတို့ကို မည်သူကမျှ အန္တရာယ်မပြုနိုင်တော့ချေ။
"ဦးလေး!"
ရီဖန်သည် တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာသည်ကို မြင်လိုက်ရသောအခါ ရင်ကျန်းက သူ့ကိုနှုတ်ဆက်ရန် အမြန်သွားလိုက်သည်။ ရင်ကျန်း၏ခေါ်ဆိုမှုက ရီဖန်ကိုကျောရိုးမတ်သွားစေသည်။
"တာအိုမိတ်ဆွေရင်ရေ ငါ့ကို အဲလိုကြီးမခေါ်ဖို့ သဘောတူပြီးသား မဟုတ်ဘူးလားကွာ” ရီဖန်သည် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
ရင်ကျန်းက ရယ်မောလိုက်ပြီး "ဦးလေး၊ အဲဒါက ဘာမှ မထူးခြားပါဘူး။ မင်းက ငါ့ကို တာအိုပညာရှင်လို့ခေါ်၊ ငါက မင်းကိုဦးလေးလို့ခေါ်မယ်။ အဲဒါ အတူတူပဲလေ”
ရီဖန်စိတ်ရှုပ်နေသည့် ရှားပါးသောအခိုက်အတန့်က ရင်ကျန်းကို အလွန်ပျော်ရွှင်စေသည်။ နောက်ဆုံးတွင် ရီမိသားစု၏ မိသားစုအကြီးအကဲကို ထိုအခြေအနေမျိုးနှင့်တွေ့နိုင်ရန် အခွင့်အရေးများစွာမရှိပေ။ ပျော်ရွှင်စရာအကြောင်းအရာ အနည်းငယ်ကို ဖလှယ်ပြီးနောက် ရင်ကျန်းက ဝမ်ရှန်းဂိုဏ်းအကြောင်း ရီဖန်ကို အမြန်ပြောပြသည်။
ရင်ကျန်း၏စကားကိုနားထောင်ပြီးနောက် ရီဖန်သည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။ ရီဖန်သည် ပန်ကုစကြဝဠာတွင် ထိပ်တန်းအင်အားစုဖြစ်သည့် ဝမ်ရှန်းဂိုဏ်းနှင့်မစိမ်းချေ။
ဝှက်ဖဲအဖြစ် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ပိုင်ဆိုင်သည့်တိုင် ရီဖန်ကဝမ်ရှန်းဂိုဏ်းကို လျှော့မတွက်ဝံ့ပေ။ စစ်မှန်သော သူတော်စင်များစွာကို မွေးထုတ်ပေးခဲ့သော အင်အားစုတစ်ခုဖြစ်သည့် ၎င်းတို့ထံတွက် ကိုယ်ပိုင်ဝှက်ဖဲများမရှိဟု ရီဖန်မယုံပေ။ သူတော်စင်တစ်ယောက်ထားခဲ့သော ဝှက်ဖဲက မည်မျှအစွမ်းထက်မည်ကို ရီဖန်မသိသောကြောင့် ၎င်းကို အလေးအနက်ထားရမည်။
ရီဖန်က သေချာပေါက် ကြောက်ရွံ့နေသည်တော့မဟုတ်ပေ။ ၎င်းတို့မနိုင်လျှင် မိသားစုတစ်ခုလုံးကို ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နေရာရွှေ့ပြောင်းနိုင်သည်။ ထိုအချိန်တွင် ၎င်းတို့အချိန်ယူသန်မာလာပြီးနောက် ပိုမိုအားကောင်းလာကာ ဤသူတော်စင်အင်အားစုကို သုတ်သင်ပစ်နိုင်မည်။
လက်နက်သန့်စင်သူဖြစ်သည့် သူ့အဆင့်အတန်းကြောင့် အလိုရှိခြင်းခံနေရသော ရီဖန်သည် အလွန်စိတ်မကောင်းဖြစ်မိပါ၏။ အင်မော်တယ်လက်နက်သန့်စင်သူများ၏ ရေပန်းစားမှုကြောင့် ရီဖန်သည် အမြဲတမ်းနိမ့်ချနေထိုင်ခဲ့သည်။ သူ့လူများထံမှလွဲ၍ ရီဖန်က သူ့ကိုယ်သူ သူတော်စင်အဆင့်လက်နက်သန့်စင်သူအဖြစ် မထုတ်ဖော်ဖူးပေ။ သို့သော် ယခုအချိန်တွင် ရှောင်လွှဲ၍မရသော အခြေအနေမှ မလွတ်မြောက်နိုင်ပုံရသည်။
သို့ဖြစ်ပါက သူသည်လည်း သူတော်စင်အဆင့် ထိပ်တန်းလက်နက်သန့်စင်သူဖြစ်လာရလိမ့်မည်။ ရီမိသားစုတွင် အဆင့်မြင့် သူတော်စင်လက်နက်သန့်စင်သူ မရှိသော်လည်း ၎င်းတို့ထံတွင် ထိပ်တန်းအဆင့်တစ်ဦးရှိသည်မဟုတ်လား။ ၎င်းကိုကိုင်တွယ်နိုင်မည်ဟု မျှော်လင့်ရ၏။
"စနစ် ပေါင်းစည်းလိုက်တော့”
ရီဖန်၏အတွေးထဲတွင် မရေမတွက်နိုင်သော အတွေ့အကြုံများက တစ်ဖန်ပေါ်လာပြန်သည်။
ဤတစ်ကြိမ် လက်နက်သန့်စင်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် အင်မော်တယ်လက်နက်သန့်စင်သူများအားလုံးသည်လည်း ရုတ်တရက်ထွက်ပေါ်လာကာ
အကျိုးအမြတ်မည်မျှကြီးမားသည်ကို ပြသခဲ့သည်။
ထိုအကျိုးအမြတ်များအားလုံး ရီဖန်ထံတွင် ပြသနေပြီဖြစ်သည်။
ဖြတ်ကျော်ရန်ခက်ခဲသည့် အဆင့်မြင့်သူတော်စင်အဆင့် လက်နက်သန့်စင်ခြင်းနည်းစနစ်သည် ဤအချိန်မကြာမြင့်တော့ဘဲ ၎င်း၏တစ်ဆို့မှုကချက်ချင်း ပျောက်ကွယ်သွားသည်။ သူတော်စင်အဆင့်တွင် အဆင့်အနည်းငယ် ကွာခြားလျှင်ပင် ကွာဟချက်က အလွန်ထင်ရှားသည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် သူတော်စင်တစ်ပိုင်းအများစုသည် ထိပ်တန်းသူတော်စင် လက်နက်များကိုသုံးနိုင်သည်။ သို့သော် သူတော်စင်တစ်ပိုင်းများထဲမှ အစွမ်းအထက်ဆုံးသူသာလျှင် ထိပ်တန်းသူတော်စင်လက်နက်များကို အသုံးပြုရန် အရည်အချင်းပြည့်မီ၏။ ရီဖန်သည် သူ့စိတ်ထဲမှအသိပညာများ ရုတ်ချည်းတိုးလာမှုကို ချေဖျက်ရန်စီစဉ်နေချိန်တွင် စနစ်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်။ မိသားစုစွမ်းအား အဆင့်ဆယ့်သုံးပြီးသွားလို့ ဆုလာဘ်စုဆောင်းဖို့ အဆင်သင့်ပါ"
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် နယ်မြေချဲ့ထွင်ခြင်းက ရီမိသားစု၏လွှမ်းမိုးမှုကို အရှိန်မြှင့်တင်လိုက်သည်။ သို့သော် ထိုတာဝန်ကို လျင်မြန်စွာပြီးသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ရီဖန်သည် ဝမ်းသာဖွယ်သတင်းကောင်းဖြင့် ဝမ်ရှန်းဂိုဏ်းနှင့်ပက်သက်သည့် အတွေးအားလုံးကို ဘေးဖယ်ထားလိုက်သည်။ ရီဖန်အတွက် စနစ်ဆုလာဘ်များရရှိခြင်းထက် ပိုအရေးကြီးသောအရာမရှိပါ။
“စနစ် ဆုထုတ်လိုက်တော့”
"ဂုဏ်ယူပါတယ် သခင် ဟုန်မိန်ခရမ်းရောင်ချီသုံးမျှင်၊ သစ္စာခံလမ်းကြောင်းတစ်ခုရရှိပါတယ်"
သစ္စာစောင့်သိမှုလမ်းကြောင်းသည် ရီမိသားစု၏ ဩဇာလွှမ်းမိုးမှုအတွင်းမှ ကျင့်ကြံသူများ၏ သစ္စာစောင့်သိမှုကို ပြနိုင်သည်။ ၎င်းကိုဖတ်ပြီးသည်နှင့် ဧည့်သည်အကြီးအကဲတိုကင်ကို ဖြည့်စွက်ရန်ဖြစ်ကြောင်း ရီဖန်သိလိုက်သည်။ ဧည့်သည်အကြီးအကဲတိုကင်များသည် အဖိုးတန်လွန်းပြီး ရယူရန်ခက်ခဲသောကြောင့် ကျင့်ကြံသူအများစုသည် ၎င်းတိုကင်နှင့် မထိုက်တန်ချေ။ ဤသစ္စာတောင့်သိမှုလမ်းကြောင်းသည် ၎င်းကိုဖြည့်စွက်ရန်ဖြစ်၏။
သစ္စာစောင့်သိမှုလမ်းကြောင်းဖြင့် ရီမိသားစုအတွင်း သူလျှိုများရှင်သန်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ရီဖန်သည် ၎င်း၏အကျိုးသက်ရောက်မှုများကို လျင်မြန်စွာစမ်းသပ်ခဲ့သည်။ ရီမိသားစုအတွင်း ထိုသို့စိမ့်ဝင်ရန်မှာ မဖြစ်နိုင်ချေ။ သို့သော် နတ်မင်းဆက်ဘက်တွင်မူ ရီဖန်သည် ပြဿနာအနည်းအကျဉ်းကို တွေ့ရှိခဲ့သည်။
ဤကျင့်ကြံသူများ၏ သစ္စာစောင့်သိမှုသည် သုံးဆယ်သို့မဟုတ် လေးဆယ်ခန့်သာရှိကာ ၎င်းတို့သည် နတ်မင်းဆက်အတွင်းသို့ အကြံအစည်တချို့ဖြင့် ဝင်ရောက်ခဲ့ကြောင်း ပြနေသည်။ ထိုလူများထဲမှ အများအပြားသည် နတ်မင်းဆက်တွင် အလယ်အလတ်ရာထူးများပင် ရရှိခဲ့ကြသည်။ အထက်ပိုင်းအရာရှိအားလုံးကို ရီမိသားစုအပေါ် လုံးဝသစ္စာစောင့်သိသည့် သူများနှင့်ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုအလယ်အလတ်အဆင့် ကျင့်ကြံသူများသည် ရာထူးတိုးရန် အခွင့်အလမ်းမရှိပေ။
ရီဖန်သည် ၎င်းတို့ကိုဖယ်ရှားရန် မစီစဉ်ရသေးသော်လည်း လူစာရင်းကို ရီရှောင်းရှောင်းသို့ လွှဲပြောင်းပေးခဲ့သည်။ ဤလူများကို ယခုသုတ်သင်လိုက်လျှင် ရီမိသားစုအပေါ် အကြံအစည်ရှိသော အင်အားစုများက နောက်ထပ်လူများကို နတ်မင်းဆက်ထဲသို့ ဆက်လက်စေလွှတ်မည်ဖြစ်သည်။ သို့သော် ဤလူများကို ရီမိသားစု၏ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဆိုလျှင်၊ ၎င်းတို့သည် အခြားအရာများအတွက်ဆောင်ရွက်ပေးနိုင်လိမ့်မည်။
ရီဖန်သည် သူလျှိုအားလုံးကိုအမြစ်ဖြတ်ရန် အနှစ်တစ်ရာတိုင်း သစ္စာစောင့်သိမှုလမ်းကြောင်းကိုအသုံးချမည်ဟု ကြံရွယ်ထားသည်။ ရီမိသားစု၏ အတွင်းပိုင်းဖွဲ့စည်းပုံသည် ပန်ကုစကြဝဠာရှိအင်အားစုအားလုံးတွင် အသန့်ရှင်းဆုံးဖြစ်သင့်သည်။ ၎င်းက သွေးမျိုးဆက်စွမ်းအားဖြင့် ချည်နှောင်ခြင်း၏အားသာချက်ဖြစ်ကာ အခြားအင်အားစုများနှင့် နှိုင်းယှဉ်၍မရသော အကျိုးအမြတ်ဖြစ်သည်။
အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ရီဖန်သည် သူတော်စင်လက်နက်များကိုသန့်စင်ရန် အာရုံစိုက်လာခဲ့သည်။ နှစ်များတစ်လျှောက် ရီဖန်သည် ထိပ်တန်းသူတော်စင်လက်နက်များကို မသန့်စင်နိုင်သော်လည်း၊ ပင်ကိုပျက်ဆီးခြင်းပင်လယ်ရှိ အရွက်တစ်ထောင်ဆေးခန်းမှတဆင့် ထိပ်တန်းသူတော်စင်လက်နက်များ သန့်စင်ရန် ပစ္စည်းအမြောက်အမြား ရောင်းဝယ်နိုင်ခဲ့သည်။
ထိုပစ္စည်းများသည် ထိပ်တန်းသူတော်စင်လက်နက် သုံးခုသို့မဟုတ် လေးခုကိုသန့်စင်ရန် လုံလောက်သည်။
ယခုတွင် သူ၏သန့်စင်ရေးနည်းစနစ် အဆင့်တက်သွားပြီဖြစ်ရာ သူ၏လက်နက်များကို အဆင့်မြှင့်တင်ရန် အချိန်တန်လေပြီ။
ပန်ကုစကြဝဠာတစ်ခုလုံး ကမောက်ကမဖြစ်ချိန်တွင် ပန်ကုစကြဝဠာ၏ကျင့်ကြံသူများက ရီမိသားစု၏ သူတော်စင်တစ်ပိုင်းများကို ထိပ်တန်း သူတော်စင်လက်နက်များဖြင့် အပြည့်အ၀တပ်ဆင်ထားသည်ကိုမြင်ပြီး အလွန်မလန့်သွားရန် သူမျှော်လင့်ပါသည်။
ထိုအချိန်တွင် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းသည် ဒေါသတကြီးဖြင့် ၀မ်ရှန်းဂိုဏ်းသို့ပြန်လာခဲ့ကာ ရီမိသားစု၏သဘောထားကို ပြန်လည်ဖော်ပြရန်အတွက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို ရှာဖွေခဲ့သည်။
"ရီမိသားစုက ငြင်းလိုက်တာလား။ ရီမိသားစုမှာ အလယ်အလတ် သူတော်စင်အဆင့် လက်နက်သန့်စင်သူရှိတယ်လို့ မင်းထင်လား"
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ရီမိသားစု၏ငြင်းဆိုမှုကို ဂရုမစိုက်ချေ။ ရီမိသားစု၏ လက်နက်သန့်စင်သူက ၎င်း၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ၊ မရှိကိုသာ သူဂရုစိုက်သည်။
……….
အခန်း ၃၉၅ - ဝမ်ရှန်းဂိုဏ်း မျက်နှာပျက်ရပြီ
ရီမိသားစုထံသွားရောက်ရန် တာဝန်ပေးခံရသည့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းက ပြန်ဖြေရန်တုံ့ဆိုင်းမနေခဲ့ပေ။
"ရီမိသားစုမှာ အလယ်အလတ်အဆင့် သူတော်စင်လက်နက်သန့်စင်သူရှိရမယ်၊ မဟုတ်ရင် ငါတို့ကို ငြင်းလိုက်မှာမဟုတ်ဘူး"
"အချိန်တိုအတွင်း အလယ်အလတ်အဆင့် သူတော်စင်လက်နက်သန့်စင်သူတစ်ယောက်ဖြစ်လာဖို့အတွက် အဲဒီလူက တော်တော်အရည်အချင်းရှိတဲ့သူဖြစ်ရမယ်"
အလွန်ထူးချွန်သော အလယ်အလတ် သူတော်စင်လက်နက်သန့်စင်သူသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏အရင်းအမြစ်များဖြင့် အဆင့်မြင့် သူတော်စင်လက်နက်သန့်စင်သူအဖြစ်သို့ လျင်မြန်စွာကျင့်ကြံနိုင်သည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ချို့တဲ့သောအရာမှာ အရင်းအမြစ်များမဟုတ်ဘဲ အချိန်ဖြစ်သည်။ သူသည် နတ်ဆိုးနတ်ဘုရားကြီးထွားလာရန် စောင့်နေပါက ၎င်းကိုတိုက်ခိုက်နိုင်မည့်အင်အားရှိတော့မည်မဟုတ်ပေ။
နတ်ဆိုးနတ်ဘုရား၏ကြီးထွားမှုက အလွန်လျင်မြန်သည်။
"သူတို့မှာရှိမှတော့ ငါတို့ရီမိသားစုဆီသွားပြီး အဲဒီလက်နက်သန့်စင်သူကို ကိုယ်တိုင်ဖိတ်ခေါ်ကြတာပေါ့"
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် နေရာမှထလိုက်ပြီး နောက်အခိုက်အတန့်တွင် ၀မ်ရှန်းဂိုဏ်း၏သူတော်စင်တစ်ပိုင်းများနှင့်အတူ ရီမိသားစုဆီသို့ ဦးတည်လိုက်ကြသည်။
မကြာမီတွင် ဝမ်ရှန်းဂိုဏ်း၏ကျင့်ကြံသူများသည် ရန်ဟွမ်နယ်မြေသို့ ဝင်ရောက်လာကြသည်။ သူတော်စင်တစ်ပိုင်းများကို ရန်ဟွမ်နယ်မြေအခင်းအကျင်းများက လုံးဝခံနိုင်ရည်မရှိပေ။ အများဆုံးသတိပေးချက်တစ်ခုသာ လုပ်နိုင်သည်။
ရီဖန်သည် ဝမ်ရှန်းဂိုဏ်းမှကျင့်ကြံသူများကို သတိပြုမိသော်လည်း ၎င်းတို့ကိုရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုသို့သောပစ်မှတ်ကောင်းသည် မဟာသူတော်စင်လက်နက်စွမ်းအားကို စမ်းသပ်ရန်အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။
ထို့အပြင် ရီမိသားစုကို လိုချင်တပ်မက်ရဲသောသူများကို သတိပေးရန်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
ယခု ပန်ကုစကြဝဠာတွင် ပို၍ပို၍စွမ်းအားကြီးသူများ ပေါ်ထွက်လာသောကြောင့် ၎င်းတို့ထဲတွင် ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်လိုသူအများအပြားရှိသည်။ ရီမိသားစုသည် အင်အားများစွာ ပြသခဲ့ပြီးဖြစ်သော်လည်း ထိုအကြံဆိုးရှိသည့် စိတ်အားထက်သန်သူများကို မတားဆီးနိုင်သေးပေ။ ဤအချိန်သည် ၎င်းတို့ကိုပြသရန်အတွက် အချိန်ကောင်းဖြစ်သည်။
၀မ်ရှန်းဂိုဏ်း၏လုပ်ဆောင်ချက်များသည် အင်အားစုများစွာ၏ အာရုံစိုက်ခြင်းကိုခံရသည်မှာ သေချာသည်။ ၀မ်ရှန်းဂိုဏ်းက ရန်ဟွမ်နယ်မြေထဲသို့ ဖော်ရွေသည့်ပုံစံနှင့်မဟုတ်ဘဲ ဝင်ရောက်လာသည်ကို မြင်လိုက်ရပြီးနောက် ထိုအင်အားစုများသည် ရုတ်တရက်နိုးကြားလာ၏။
ပန်ကုစကြဝဠာရှိ ရန်ဟွမ်နယ်မြေသည် ရီမိသားစု၏ ဝှက်ဖဲဖြစ်ကြောင်း မည်သူက မသိရှိမည်နည်း။ ဝမ်ရှန်းဂိုဏ်း၏လုပ်ရပ်များက ရီမိသားစုကိုစစ်ခင်းရန် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
ထိုမြင်ကွင်းမျိုုးက ရှားပါးသောကြောင့် မည်သူကမှ လက်လွတ်မခံချင်ကြချေ။
တစ်ခုက အသစ်စက်စက်ထင်ရှားလာသည့် အင်အားစုဖြစ်ပြီး နောက်တစ်ခုက ကာလကြာရှည်တည်မြဲလာသည့် အင်အားစုဖြစ်ရာ မည်သူကပိုသန်မာကြောင်းကို ၎င်းတို့လည်း သိချင်ကြ၏။ သို့သော် မည်သူကရှုံးမည်ကို ပရိသတ်က ဂရုမစိုက်ပေ။ လက်ခုပ်တီးပြီး အားပေးကြမည်သာဖြစ်သည်။
ထိုအင်အားစုများ၏အာရုံစိုက်လာမှုကို ဝမ်ရှန်းဂိုဏ်းက ကောင်းစွာသိသော်လည်း လူစုခွဲရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းသည် မူလရည်ရွယ်ချက်မှာ ရီမိသားစုကို အရှက်ရစေပြီး ပန်ကုစကြဝဠာ၏ အုပ်စိုးရှင်အစစ်အမှန်မှာ မည်သူဖြစ်သည်ကို အဓိကအင်အားစုများ သိရှိစေရန်ဖြစ်သည်။ ထိုအင်အားပြသခြင်းအစီအစဉ်က ကြီးမြတ်သောခေတ်အားလုံးတွင် ဝမ်ရှန်းဂိုဏ်း၏လုပ်ရိုးထုံးစံတစ်ခုဖြစ်သည်။ ဤတစ်ကြိမ်တွင် ပစ်မှတ်က ရီမိသားစုဖြစ်၏။
ရီမိသားစုအတွင်း ရီဖန် သူတော်စင်တစ်ပိုင်းခြောက်ဦးအထိ ရေတွက်လိုက်သည်။ ဝမ်ရှန်းဂိုဏ်း၏ သူတော်စင်တစ်ပိုင်းများအားလုံး ရောက်ရှိနေပြီးဖြစ်လိမ့်မည််။ ၎င်းတို့အရေးယူရန် အချိန်ကျပြီဖြစ်သည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် ရီမိသားစု၏ကံကြမ္မာကို နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ထဲသို့ ပေါင်းစည်းလိုက်သည်။
မူလက ရီမိသားစုတွင် နက်နဲစွာသိုဝှက်ထားခဲ့သော နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် ကံကောင်းခြင်းများစွာကိုရရှိပြီးနောက် မဟာသူတော်စင်လက်နက်၏ ခမ်းနားမှုကိုပြသခဲ့သည်။ စစ်မှန်သောသူတော်စင်များပင်လျှင် မဟာနတ်လက်နက်ကို သတိထားပြီးကိုင်တွယ်ရန် လိုအပ်သည်။ သူတော်စင်များက ရီမိသားစု၏နတ်လက်နက်ကို ထိန်းချုပ်ထားခြင်းမဟုတ်သော်လည်း ၎င်းပြသထားသည့်စွမ်းအားသည် သာမန်သူတော်စင်တစ်ပိုင်းများ ခံနိုင်ရည်ရှိသောအရာမဟုတ်ချေ။
ရန်ဟွမ်နယ်မြေအထက်တွင် အခင်းအကျင်းကို ဆင့်ခေါ်ခါနီးဖြစ်သော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူထိုအင်အား၏သဘောသဘာဝကို နားမလည်သော်လည်း ၎င်းက သူတို့ထံပစ်မှတ်ထားနေကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ သို့မဟုတ်လျှင် ထိုအင်အားက မည်သို့ပေါ်လာသနည်း။ ၎င်းက ရီမိသားစု၏ ဝှက်ဖဲလား။
ထိုအတွေးသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ စိတ်ထဲတွင်ထင်ဟပ်နေသော်လည်း မှန်ကန်စွာစဉ်းစားရန် အချိန်မရှိပေ။ မရေမတွက်နိုင်သောတိုက်ပွဲများကို ဖြတ်ကျော်ခဲ့သော အတွေ့အကြုံရင့် ထိပ်တန်းသူတော်စင်တစ်ပိုင်းတစ်ဦးအနေဖြင့်၊ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့သည်။
ထိုအရာက ရန်ဟွမ်နယ်မြေထဲတွင် ဆက်မနေနိုင်တော့ဘဲ ထွက်ပြေးရန်သာဖြစ်သည်။ ရန်ဟွမ်နယ်မြေကနေ ချက်ခြင်းဆုတ်ခွါလိုက်ကြစို့။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ သက်ရှိဆဲလ်တိုင်းက သူ့ကိုထွက်ပြေးရန်အော်ဟစ်နေကြသည်။ ရှင်သန်ခြင်း သေဆုံးခြင်းနှင့် ရင်ဆိုင်ရသည့်အခါတွင် မျက်နှာနှင့်ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းက အရေးမပါတော့ပေ။ ပုံမှန်အားဖြင့် ကျင့်ကြံသူက အသက်ပိုရှည်လေ ပို၍စိတ်ပြောင်းလွယ်လေဖြစ်သည်။
"သွားကြရအောင်!"
ဝမ်ရှန်းဂိုဏ်း၏သူတော်စင်တစ်ပိုင်းများကို ခေါ်ထုတ်ပြီး လွတ်မြောက်ထွက်ပြေးရန်ရည်ရွယ်ချက်ဖြင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ၎င်း၏စွမ်းအားကို ဖောက်ခွဲလိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် ရန်ဟွမ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် အခင်းအကျင်းကို ရီဖန်အသက်သွင်းခဲ့သည်။ ၎င်းက သူတော်စင်တစ်ပိုင်းများစွာကို မရပ်တန့်နိုင်သော်လည်း ၎င်းတို့ကို တစ်ခဏမျှနှောင့်နှေးစေရန် လုံလောက်သည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အချင်းအကျင်း၏စွမ်းအားကို ခံစားလိုက်ရကာ သူ၏မျက်နှာမှာ ပို၍ပင်ဆိုးရွားလာသည်။ ရီမိသားစုသည် ၎င်းတို့ကို လုံးဝရှင်းထုတ်ပစ်ရန် စောင့်နေခြင်းဖြစ်ပုံရသည်။ ရီမိသားစုက ၎င်းတို့ကို တားဆီးခြင်း ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ လိပ်အားလုံးကို အိုးတစ်လုံးထဲဖမ်းပြီး ဝင်လာသည်နှင့် သတ်ပစ်ရန် ကြံစည်ထားကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ရီမိသားစုကို အရှက်မဲ့သည်ဟု ကျိန်ဆဲရန် ကန့်ကွက်မည့်သူမရှိတော့ပေ။ လူများစွာကိုခေါ်ဆောင်နိုင်မည့် ထွက်လမ်းမရှိတော့သောကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူတော်စင်တစ်ပိုင်းနှစ်ယောက်ကို လက်လွှတ်လိုက်ရသည်။ သူသည် အခင်းအကျင်း၏ အတားအဆီးများကို ထပ်မံဖြတ်ကျော်ရန်အတွက် လွတ်မြောက်စွမ်းအားကိုအသုံးပြုကာ ရန်ဟွမ်နယ်မြေမှ အရှိန်ပြင်းစွာ ပြေးထွက်လာခဲ့သည်။
၎င်းကရှုပ်ထွေးပုံရသော်လည်း အရာအားလုံးက စက္ကန့်ပိုင်းအတွင်းဖြစ်သွားခဲ့သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ၀မ်ရှန်းဂိုဏ်း၏ သူတော်စင်တစ်ပိုင်းများကို ဦးဆောင်လျက် နေရာလွတ်ကို ချက်ချင်းဖြတ်ကျော်သွားကာ ရန်ဟွမ်နယ်မြေမှ ထွက်ခွါသွားသည်ကို စောင့်ကြည့်နေသည့် ပရိတ်သတ်များပင် မတုံ့ပြန်နိုင်ခဲ့ကြပေ။ ဝမ်ရှန်းဂိုဏ်းမှ ကျန်ရှိခဲ့သော သူတော်စင်တစ်ပိုင်းနှစ်ဦးမှာ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြ၏။
"ငါတို့က စွန့်ပစ်ခံလိုက်ရတာလား"
ကြည့်ရှုသူများသည်လည်း ဘာဖြစ်သွားမှန်းမသိရဘဲ ဆွံ့အနေကြသည်။
……….
အခန်း ၃၉၆ - ဝမ်ရှန်းဂိုဏ်း မျက်နှာပျက်ရပြီ
ယခုလေးတင်မှ ၀မ်ရှန်းဂိုဏ်း၏သူတော်စင်တစ်ပိုင်းသည် အားမာန်အပြည့်ရှိနေဆဲ မဟုတ်လား။ ရုတ်တရက် အဘယ်ကြောင့်ထွက်ပြေးသွားသနည်း။ သို့သော် မကြာမီတွင် ဝမ်ရှန်းဂိုဏ်းမှသူတော်စင်တစ်ပိုင်းများ အဘယ်ကြောင့် ထိုမျှအလျင်စလို ထွက်ခွါသွားကြကြောင်းကို သိလိုက်ရသည်။ နောက်အခိုက်အတန့်တွင် မဟာသူတော်စင်လက်နက်ဖြစ်သော နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်၏ စွမ်းအားက မိုးကုပ်စက်ဝိုင်းထက်မှ ကျဆင်းလာ၏။
လွတ်မြောက်ရန်ကြိုးစားနေသော ဝမ်ရှန်းဂိုဏ်းမှ ကျန်ရှိသည့် သူတော်စင်တစ်ပိုင်းနှစ်ဦးသည် ၎င်းစွမ်းအားအောက်တွင် ခုခံနိုင်စွမ်းမရှိတော့ချေ။ ၎င်းတို့၏အနှစ်သာရသည် ထိုနေရာတွင် မရှိခဲ့ဖူးသကဲ့သို့ စကြဝဠာအတွင်းမှ ပျက်ပြယ်သွားခဲ့သည်။ ၎င်း၏စွမ်းအားက အလွန်အံ့ဩဖွယ်ကောင်းလှသည်။
လူအားလုံးသည် အေးစက်စွာခံစားလိုက်ရသောကြောင့် တုံ့ဆိုင်းမနေဘဲ ရင်တထိတ်ထိတ်ဖြင့် ရန်ဟွမ်နယ်မြေမှ ထွက်ပြေးခဲ့ကြသည်။ နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်းအားလုံး၏ အထွတ်အထိပ်ဖြစ်သော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အဘယ်ကြောင့် ဤကဲ့သို့ပြတ်ပြတ်သားသား လှုပ်ရှားခဲ့ကြောင်း သိရှိလာကြ၏။ ရီမိသားစု၏ ဝှက်ဖဲက ထိုမျှထိတ်လန့်စရာကောင်းလှသည်။
၎င်းတို့၏အခြေအနေဖြင့် အခြားသူတော်စင်တစ်ပိုင်းများက မိုက်မဲစွာတွက်ချက်ခဲ့ကြသည်။ သို့သော် ထိုသို့သောတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ၎င်းတို့သည်လည်း ဝမ်ရှန်းဂိုဏ်းဝင် သူတော်စင်တစ်ပိုင်းများနှင့် ကွာခြားမှုရှိလိမ့်မည်မဟုတ်ဟု ထင်ကြသည်။ တစ်ခုတည်းသောခြားနားချက်မှာ ၎င်းတို့က ပိုလျင်မြန်စွာ သို့မဟုတ် ပိုဖြည်းညင်းစွာ သေဆုံးခြင်းဖြစ်နိုင်သည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို လှောင်ရယ်နေကြသော အခြားစွမ်းအားရှင်သူတော်စင်များသည်လည်း မရယ်နိုင်တော့ပေ။ တကယ်တမ်းတွင် ၎င်းတို့က ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို စတင်၍ပင် သဘောကျလာသည်။ မျှော်လင့်ထားသည့်အတိုင်း ထိပ်တန်းသူတော်စင်တစ်ပိုင်းတစ်ဦးအနေဖြင့် ထိူသူသည် ၎င်းတို့ထက် ဆုံးဖြတ်ချက် ပိုမိုမြန်ဆန်ပြတ်သား၏။ အကယ်၍ သူ့နေရာတွင် ၎င်းတို့ဖြစ်လျှင် သူတော်စင်တစ်ပိုင်းများကို ကယ်ထုတ်သွားရန်အသာထား ၎င်းတို့ကိုယ်တိုင်လွတ်မြောက်ရန်ပင် ရုန်းကန်ရလိမ့်မည်။
တစ်ခဏအတွင်း၌ ရန်ဟွမ်နယ်မြေရှိ အခြားအင်အားစုများမှ ကျင့်ကြံသူများသည် ခြေရာမရှိဘဲ ပျောက်ကွယ်သွားခဲ့ကြ၏။ ရန်ဟွမ်နယ်မြေမှ ထွက်ပြေးပြီးနောက်တွင်ပင် ရီဖန်က ၎င်းတို့အား စောင့်ကြည့်နေမည်ကို စိုးရိမ်သဖြင့် ထိုကျင့်ကြံသူများမှာ တုံ့ဆိုင်းမနေရဲပေ။ ရန်ဟွမ်နယ်မြေသည် အလွန်ကြောက်စရာကောင်းသည်။ ရီမိသားစုကို သွားမရှုပ်နှင့်ဟူသော အတွေးများက လူတိုင်း၏စိတ်ကို လွှမ်းမိုးထားသည်။
ရီမိသားစုသည် ထိုနည်းပရိယာယ်ကို ဆက်သုံးနိုင်ဦးမည်မှန်း မသေချာသော်လည်း တန်ပြန်ရန်နည်းလမ်းမရှာနိုင်သေးသရွေ့ ရီမိသားစုကို နောက်တစ်ကြိမ် မနှောင့်ယှက်ရန် ကျိန်ဆိုလိုက်ကြသည်။
သို့မဟုတ်လျှင် ရီမိသားစုမှတစ်စုံတစ်ဦးကြောင့် ၎င်းတို့အပေါ်သို့ပစ်မှတ်ထားလာပါက ၎င်းတို့သည်လည်း ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထိုစိုးရိမ်နေသော အင်အားစုများနှင့်မတူဘဲ၊ အမှောင်ထဲတွင်ပုန်းအောင်းနေသော၀ူရှန်းဘိုးဘေးသည် ဤအခြေအနေကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခင်က တင်းကြပ်နေသောအာရုံကြောများ နောက်ဆုံးတွင် ပြေလျော့သွားကြ၏။ ဝမ်ရှန်းဂိုဏ်းက ရီမိသားစုကို ဆန့်ကျင်ရန်စီစဉ်နေကြောင်း သူသိလိုက်သည်နှင့် တပြိုင်နက် ၀ူရှန်းဘိုးဘေး ရောက်ရှိလာခဲ့သည်။ သူသည်လည်း ဝမ်ရှန်းဂိုဏ်းကိုဆန့်ကျင်ရန်အတွက် ရီမိသားစုထံမှ အကာအကွယ်ရယူရန် စီစဉ်နေခြင်းဖြစ်သည် မဟုတ်လား။
သို့သော်လည်း သူဘာမှမလုပ်ရသေးမီ ဝမ်ရှန်းဂိုဏ်းက ရီမိသားစုကိုကြံစည်လာလိမ့်မည်ဟု ထင်မထားပေ။ အကယ်၍ ရီမိသားစုက ဝမ်ရှန်းဂိုဏ်းနှင့်မယှဉ်နိုင်လျှင် သူ့အားကာကွယ်ရန်ကတိသည် အချည်းနှီးဖြစ်သွားလိမ့်မည် မဟုတ်လား။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးရလဒ်က ၀ူရှန်းဘိုးဘေးကို စိတ်မပျက်စေခဲ့ပေ။ ဤတစ်ကြိမ်တွင် သူကမှန်ကန်သည့်သူကို ကျောထောက်နောက်ခံအဖြစ်ရလိုက်သည်။ ရီမိသားစုသည် ဝမ်ရှန်းဂိုဏ်းထက် အင်အားကောင်း၏။ ဤတစ်ကြိမ်တွင် ၎င်းတို့နှစ်ဦးနှစ်ဖက်လုံးအတွင် နိုင်ပွဲဖြစ်သည်။
ရန်ဟွမ်နယ်မြေမှ လူတိုင်းပြန်ထွက်သွားသည်ကိုမြင်သောအခါ ရီဖန်သည်လည်း နတ်ဘုရားကိုနှိမ်နင်းခြင်းကြာပွတ်ကို သိမ်းလိုက်သည်။ သူသည် နတ်ဘုရားနှိိမ်နင်းခြင်းကြာပွတ်၏စွမ်းအားကို အလွန်ကျေနပ်နေ၏။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ တိုက်ခိုက်မှုကိုရှောင်တိမ်းသွားခြင်းနှင့်ပက်သက်၍ ရီဖန်က ကြီးကြီးမားမားတုံ့ပြန်ခြင်းမရှိပေ။
နောက်ဆုံးတွင် ၎င်းသည် ထိပ်တန်း သူတော်စင်တစ်ပိုင်းဖြစ်သောကြောင့် ၎င်းကို အလယ်တကူ ဖယ်ရှားနိုင်လျှင် ပျော်စရာကောင်းတော့မည်မဟုတ်ချေ။ သို့သော် မျက်မြင်တွေ့သွားရသည့် အခြားသူတော်စင်နယ်မြေစွမ်းအားရှင်များသည် ရီမိသားစုကို နောက်တစ်ကြိမ် ထပ်မနှောက်ယှက်ဝံ့တော့ကြောင်း ရီဖန်ယုံကြည်၏။
ရီဖန်ကိုယ်တိုင်လည်း ဝမ်ရှန်းဂိုဏ်းကိုလိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ရီဖန်၏နှလုံးသားထဲတွင် ရှင်းလင်းစွာနားလည်သည့်အရာတစ်ခု ရှိသည်။ ဝမ်ရှန်းဂိုဏ်းကိုချေမှုန်းရန်အတွက် မဟာသူတော်စင်လက်နက်ကို မှီခိုအားထားခဲ့ရသည်။ မိမိအင်အားကိုသာ အားကိုးလျှင် မည်သူအရင်သေမည်ကို မသိနိုင်ပေ။
တကယ်တမ်းတွင် ရီဖန်သည်အောင်မြင်မှုတစ်ခု ရရှိပြီးသော သူတော်စင်တစ်ပိုင်းမျှသာဖြစ်သည်။ အထွတ်အထိပ် သူတော်စင်တစ်ပိုင်းနှင့်ရင်ဆိုင်ရသည့် ဖိအားမှာ အလွန်ကြီးမားလှ၏။ သူ့အင်အား လုံလောက်သောအခါတွင်မှ ၀မ်ရှန်းဂိုဏ်းကိုကိုင်တွယ်ရန် အချိန်များစွာကျန်နေသေးသည်။ ၀မ်ရှန်းဂိုဏ်းကို အချိန်အနည်းငယ် လွှတ်ထားလိုက်ဦးမည်။ လောလောဆယ် အလျင်စလိုမဖြစ်သေးပေ။
အဝေးတစ်နေရာမှ ဝမ်ရှန်းဂိုဏ်းရှိ လေထုသည် အလွန်ပြင်းထန်နေ၏။ ၎င်းတို့ထင်ထားသော ရိုးစင်းသည့်တာဝန်တစ်ခုက ဝမ်ရှန်းဂိုဏ်းကို အဓိကအင်အားစုများ၏ လှောင်ရယ်ခြင်းခံရစေရုံမကဘဲ သူတော်စင်တစ်ပိုင်းနှစ်ယောက်ကိုပါ ဆုံးရှုံးစေခဲ့သည်။ အကယ်၍ ၎င်းတို့သည် စစ်ပွဲကြီးတစ်ခုတွင် သူတော်စင်တစ်ပိုင်းနှစ်ယောက်ကို ဆုံးရှုံးခဲ့ရပါက ဤမျှပြင်းထန်သောတုံ့ပြန်မှုမျိုး ရှိမည်မဟုတ်ပေ။
ယခုတွင် တိုက်ပွဲမစတင်မီကပင် ၎င်းတို့ဘက်မှ သူတော်စင်နှစ်ယောက်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ အကယ်၍ အခြားသူတော်စင်တစ်ပိုင်းများက လျင်မြန်စွာမပြေးနိုင်ခဲ့လျှင် ၎င်းတို့သည်လည်း ရန်ဟွမ်နယ်မြေတွင် ကျန်ခဲ့လိမ့်မည်။
လက်ရှိ ပန်ကုစကြဝဠာတွင် ပျံ့နှံ့နေသောပုံပြင်မှာ ဝမ်ရှန်းဂိုဏ်းရှိသူတော်စင်တစ်ပိုင်းများက စွမ်းအားအကြီးဆုံးမဟုတ်နိုင်သော်လည်း ၎င်းတို့က အမြန်ဆုံးထွက်ပြေးနိုင်သည် ဟူ၍ပင်။ ကမ္ဘာပေါင်းများစွာ ဂုဏ်ယူနေခဲ့သည့် ဝမ်ရှန်းဂိုဏ်းက ၎င်းကို မည်သို့လက်ခံနိုင်မည်နည်း။
"ဘိုးဘေး ကျွန်တော်တို့ ဒီကိစ္စကို ငြိမ်ခံနေလို့မဖြစ်ဘူး"
ဝမ်ရှန်းဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ မျက်လုံးများမှာ သွေးနီရောင်ရဲနေလျက် နာကျင်စွာပြောလိုက်သည်။ ၎င်းသည် ဝမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထမ်းဆောင်ခဲ့ဖူးသည်။ ယခုတွင် အခြားအင်အားစုများမှ ခေါင်းဆောင်များနှင့် ရင်ဆိုင်ရန်ပင် ခက်ခဲလှ၏။ ဤတစ်ကြိမ် မျက်နှာပျက်ရခြင်းက အမှန်တကယ် ကြီးမားလှသည်မဟုတ်လား။
သူတော်စင်တစ်ပိုင်းတစ်ယောက်မှ ဘာမှမပြန်မပြောခဲ့ကြချေ။ ၎င်းတို့သည် ရန်ဟွမ်နယ်မြေသို့မပြန်ချင်ဘဲ ရီမိသားစု၏ ကြောက်စရာကောင်းသော ဝှက်ဖဲကိုလည်း ထပ်မံရင်မဆိုင်လိုကြပေ;
"ရီမိသားစုကိစ္စအတွက် အငြှိုးကို ခနဖယ်ထား။ ငါတို့၀မ်ရှန်းဂိုဏ်းက သေချာပေါက် လက်စားချေပေးမယ်”
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ အမူအရာသည် အပြောင်းအလဲမရှိဘဲ အနှောက်အယှက်မဖြစ်စေသကဲ့သို့ရှိသည်။
သို့သော် သူ့နှလုံးသားထဲတွင် ငိုကြွေးနေပြီး ရီမိသားစုအတွက် အမုန်းတရားများ ပြည့်လျှံနေသည်ကို မည်သူမျှသတိမထားမိကြပေ။ သူသည် ရီမိသားစုကို တိုက်ရိုက်ချေမှုန်းပစ်လိုသည်အထိ မုန်းတီးခဲ့သည်။
"ငါ နတ်ဆိုးနတ်ဘုရားနှလုံးသားကို ရပြီးရင် ရီမိသားစု အဆုံးသတ်ရမယ့်အချိန်ပဲ!"
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏အမြင်တွင် နတ်ဆိုးနတ်ဘုရားနှလုံးသား၏တန်ဖိုးသည် ဟုန်မိန်ခရမ်းရောင်ချီထက်ပင် ပို၍ထူးခြားသည်။ ထို့ကြောင့် သူသည် ရီမိသားစုကို မယုံနိုင်လောက်အောင်ပင် မုန်းတီးနေသော်လည်း သူ၏အဓိကရည်ရွယ်ချက်မှာ ထိပ်တန်းသူတော်စင်အဆင့် လက်နက်သန့်စင်သူကို ရှာဖွေရန်ဖြစ်သည်။
"မင်းတို့အားလုံး အပြင်ထွက်ပြီး လက်နက်သန့်စင်ရေးသမားကို ရှာချေ။ ဒီခေတ်ရဲ့ ရှေးနတ်ဘုရားက ငါတို့ဝမ်ရှန်းဂိုဏ်းထဲမှာမွေးဖွားလာတာ ဖြစ်ရမယ်”
နတ်ဘုရားချိုးဖျက်ခြင်းကြာပွတ်သည် အရေးအကြီးဆုံးဖြစ်ကာ ၎င်းတို့တွင် အချိန်များစွာမကျန်တော့သောကြောင့် နှောင့်နှေးစေမည့် မည်သည့်အကြောင်းပြချက်ကိုမျှ မလိုချင်ပေ။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ထိုသို့ပြောသောကြောင့် အခြားသူတော်စင်တစ်ပိုင်းတို့သည် သဘောတူရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ၎င်းတို့၏ ရီမိသားစုအပေါ် မုန်းတီးမှုသည်လည်း ပို၍နက်ရှိုင်းလာခဲ့သည်။
ပျက်ဆီးခြင်းဂိုဏ်းသည် နတ်ဆိုးနတ်ဘုရားမရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ယင်ယန်ဂိုဏ်းသည်လည်း အလွန်နိမ့်ကျနေပြီး လုံးဝပျောက်ကွယ်သွားသည်နှင့် မခြားနားတော့ချေ။ အဓိကအင်အားစုအားလုံးအားလုံးသည်လည်း ပြင်းထန်စွာ ကျင့်ကြံနေကြဆဲဖြစ်သည်။ ကြီးမြတ်သောခေတ်အတွင်း ထွန်းကားခြင်းသည် ကျင့်ကြံသူများအတွက် အကျိုးအရှိဆုံးအရာဖြစ်၏။
အထူးသဖြင့် တာအိုဘိုးဘေးများသည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ တတ်နိုင်သမျှ အမြန်ဆုံးကျော်ဖြတ်ရန် အလွန်စိတ်ထက်သန်ကြသည်။ အတိတ်ကာလများတွင် လက်ရှိခေတ်၏တာအိုဘိုးဘေးများသည် သူတော်စင်နယ်မြေစွမ်းအားရှင်များဖြစ်လာခြင်းက ပုံမှန်ဖြစ်စဉ်ဖြစ်သည်။ ကြီးမြတ်သောခေတ်ကြီးတစ်ခု ထွန်းကားလာသည်နှင့် ကြုံလာရသောကြောင့် ထိုအခွင့်အရေးကို မည်သူကမျှ လက်လွတ်မခံချင်ကြပေ။ ဤသို့ဖြင့် ပန်ကုစကြဝဠာတစ်ခုလုံးသည် ရှားပါးသော ငြိမ်သက်အေးချမ်းမှုသို့ တစ်ဖန်ရောက်ရှိသွား၏။
လူတိုင်း၏အတွေးအမြင်များသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန် အာရုံစိုက်နေကြသည်။ အာဏာရရန် ရုန်းကန်မှုများပင် သိသိသာသာ လျော့နည်းသွားသည်။ သူတော်စင်တစ်ပိုင်းများ ရံဖန်ရံခါ ထွက်ပေါ်လာခြင်းရှိသော်လည်း ကိုယ့်ကိုယ်ကိုထူထောင်နိုင်သူများက စွမ်းအားရှင်များဖြစ်လာသည်။ ယခုအချိန်တွင် ပြဿနာအချို့ရှိလျှင်ပင် သေးငယ်သည့် အတိုင်းအတာမျှသာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွား၏။ တာအိုဘိုးဘေးအဖြစ်မှ ဖြတ်ကျော်နိုင်ခဲ့သည့် ပန်ကုစကြဝဠာရှိ သူတော်စင်တစ်ပိုင်းအရေအတွက်သည်လည်း အများအပြား တိုးလာခဲ့သည်။ အကြောင်းအရင်းကိုနားမလည်သော်လည်း ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ကျင့်ကြံမှုအရှိန် သိသိသာသာတိုးလာသည်ကို တွေ့ရှိခဲ့ရသည်။
ကျုံးဖန်မြို့အပြင်ဘက် ရီမိသားစုနယ်မြေရှိ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ။ ။ လက်ရှိ ရီမိသားစုနယ်မြေသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကနှင့် နှိုင်းယှဉ်ပါက အလွန်ခြားနားနေပြီဖြစ်သည်။ ယခုအခါတွင် ရီမိသားစုသည် ပြင်ပမြို့များအထိ ကျော်ကြားကာ ပြင်ပမြို့၏ ထိပ်တန်းအင်အားစုဆယ်ခုထဲမှ တစ်ခုအဖြစ် စာရင်းသွင်းခံရသည်။
ပြင်ပမြို့၏ထိပ်တန်းအင်အားစုဆယ်ခုသည် များသောအားဖြင့် သူတော်စင်တစ်ပိုင်းစွမ်းအားရှင် အနည်းဆုံးဆယ်ဦးနှင့် အထွတ်အထိပ်သူတော်စင်တစ်ပိုင်း တစ်ဦးနှစ်ဦးရှိတတ်သည်။ ရီမိသားစုတွင် အထွတ်အထိပ် သူတော်စင်တစ်ပိုင်း မရှိသေးသော်လည်း ၎င်းတို့တွင် နှောင်းပိုင်းအဆင့် သူတော်စင်တစ်ပိုင်း စွမ်းအားရှင်နှစ်ဦးရှိကာ ၎င်းတို့သည်လည်း အထွတ်အထိပ် သူတော်စင်တစ်ပိုင်းနှင့် မဝေးကွာတော့ချေ။
ဗောဓိဘိုးဘေး၊ ဓားတစ်သောင်းဘိုးဘေးတို့သည် အနှစ်တစ်ထောင်အတွင်း သိသာထင်ရှားသည့် တိုးတက်မှုများပြုလုပ်ရန် လုံလောက်သည်။ ရင်ကျန်း၏ ကျင့်ကြံမှုအဆင့်သည်လည်း သူတော်စင်တစ်ပိုင်းအဆင့်ကို ကျော်လွန်နေပြီဖြစ်ကာ သူသည် နှောင်းပိုင်း သူတော်စင်တစ်ပိုင်းအဆင့်နှင့် မဝေးကွာတော့ပေ။ တာအိုဘိုးဘေးအဆင့် စွမ်းအားရှင်များကြားတွင် အဆင့်တက်လှမ်းအောင်မြင်မှုပေါင်း တစ်သောင်းကျော်ရှိသည်။ ကျင့်ကြံမှုအရှိန် ဆယ်ဆမြှင့်တင်ခြင်းက အလွန်လွှမ်းမိုးလွန်းသည်။
ရီဖန်ကလည်း ပျက်ဆီးခြင်းအရည်ကို အကန့်အသတ်မရှိ ပံ့ပိုးပေးထားသောကြောင့် ကျင့်ကြံမှုအရှိန်နှေးသွားရန် မဖြစ်နိုင်ချေ။ လက်ရှိရီမိသားစုအတွက် အနည်းငယ်နိမ့်ကျနေသည့် သူတော်စင်နယ်မြေ ကျင့်ကြံမှုစွမ်းရည်ကြောင့်သာ မဟုတ်ပါက ရီဖန်အပြင် နောက်ထပ်သူတော်စင်တစ်ပိုင်းစွမ်းအားရှင်သည် ရီမိသားစုမှ ပေါ်ထွက်လာပြီးဖြစ်လိမ့်မည်။
ရီဖန် ယခုမျှော်လင့်ထားဆုံးအရာမှာ စွမ်းရည်နှင့် ဉာဏ်အလင်းကို နောက်တစ်ဆင့်သို့တိုးတက်စေရန်အတွက် ရေရှည်တာဝန်ကို ပြီးမြောက်စေရန်ဖြစ်သည်။ ရီဖန်အနေဖြင့် နှစ်ထောင်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပြီးနောက် အလယ်အလတ် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
……….