← Chapters

အခန်း ၃၉၇-၃၉၉

Vol. 27 Ch. 397-399

အခန်း ၃၉၇-၃၉၉

Vol. 27 Ch. 397-399

အခန်း ၃၉၇ - အထွတ်အမြတ်ရတနာတိုက်၊ ဟုန်မိန်ခရမ်းရောင်ချီ ထွက်ပေါ်လာခြင်း

လက်ရှိတွင် ရီမိသားစုသည် နှစ်တစ်ရာတိုင်းတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွင်းသို့ ကျင့်ကြံသူတစ်စုကို စေလွှတ်လေ့ရှိသည်။ အကယ်၍ ပန်ကုစကြဝဠာရှိ အဓိကအင်အားစုများသည် ရီမိသားစုကို သေချာအာရုံစိုက်စောင့်ကြည့်နေပါက ကျင့်ကြံသူအရေအတွက် သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရှိရလိမ့်မည်။

“ရှောင်ဖန်၊ မင်းရဲ့အဆင့်မြင့် နတ်လက်နက်က တကယ်ကိုအံ့ဩစရာပဲ!"

ဗောဓိဘိုးဘေးသည် ရီဖန်လာပို့သော ထိပ်တန်း တိုက်ခိုက်ရေးနတ်လက်နက်များကို အသက်သွင်းပြီးနောက် သူ၏မျက်နှာသည် အပြုံးဖြင့်တောက်ပသွားသည်။ ယခုတွင် ရီဖန်သည် ထိပ်တန်းနတ်လက်နက်များကို သန့်စင်ပေးနိုင်သောကြောင့် ရီမိသားစု၏ သူတော်စင်တစ်ပိုင်းအဖွဲ့ဝင်များအတွက် လက်နက်တပ်ဆင်ပေးနိုင်သည်မှာ သဘာဝကျသည်။

သို့သော် ရီဖန်အတွက်ပင် ထိပ်တန်းနတ်လက်နက်ကို သန့်စင်ရန် နှစ်ရာနှင့်ချီ၍ ကြာမြင့်သည်။ ထို့ကြောင့် သူတော်စင်တစ်ပိုင်းနယ်ပယ်ရှိ စွမ်းအားရှင်များသာ ထိပ်တန်းနတ်လက်နက်များကို အသုံးပြုခွင့်ရှိသည်။ တာအိုဘိုးဘေးသည် အဆင့်မြင့် နတ်လက်နက်များကိုသာ သုံးနိုင်ဆဲဖြစ်သည်။

သို့မဟုတ်ပါက ရီဖန်၏စွမ်းအားဖြင့် ရီမိသားစု၏တာအိုဘိုးဘေးကို ထိပ်တန်းနတ်လက်နက်များတပ်ဆင်ပေးကာ ပန်ကုစကြဝဠာရှိ အခြားလက်နက်အားလုံးကို ချေမှုန်းပစ်မည်ဖြစ်သည်။

သိထားရမည်မှာ ပန်ကုစကြဝဠာတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် သူတော်စင်နယ်မြေ အထွတ်အထိပ်ရှိ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းပင်လျှင် အဆင့်မြင့်နတ်လက်နက်များကိုသာ သုံးနိုင်သည်။

ပန်ကုစကြဝဠာရှိ အင်မော်တယ်လက်နက်သန့်စင်သူများသည် ထိပ်တန်း နတ်လက်နက်များကို သန့်စင်ရန် အရည်အချင်းမပြည့်မီကြချေ။

ထိပ်တန်းနတ်လက်နက်များ ထွက်ပေါ်လာနိုင်သည့် တစ်ခုတည်းသောနေရာမှာ အထွတ်အမြတ်ရတနာတိုက်ဖြစ်သည်။ ကံမကောင်းစွာဖြင့် အထွတ်အမြတ်ရတနာတိုက်မှထွက်လာသော ထိပ်တန်းနတ်လက်နက်အများစုသည် သူတော်စင်နယ်မြေစွမ်းအားရှင်များနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ပန်ကုစကြဝဠာတွင် ထိပ်တန်းနတ်လက်နက်များ လုံးဝမကျန်တော့ပေ။

သို့သော် တစ်စုံတစ်ဦးက ၎င်းတို့ကိုဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။ လုံလောက်သောစွမ်းအားမရှိပါက ၎င်းတို့တွင် ထိပ်တန်းနတ်လက်နက်ရှိကြောင်း မည်သူကထုတ်ဖော်ဝံ့မည်နည်း။

"ဆရာ ထိပ်တန်းနတ်လက်နက်လောက်ကို ပြောမနေပါနဲ့။ ကျွန်တော် ပိုအင်အားကောင်းလာတဲ့အထိ စောင့်ပါဦး။ ဆရာ့အတွက် မဟာသူတော်စင်လက်နက် သန့်စင်ပေးမယ်"

ရီဖန်၏မြင့်မားသော စကားလုံးများကို ဗောဓိဘိုးဘေးက သံသယမရှိယုံသည်။ သူ့တပည့်က လျှောက်မဝါကြွားတတ်ကြောင်းကို သူသိ၏။ အကယ်၍ သူနောင်အခါတွင် မဟာသူတော်စင်လက်နက်တပ်ဆင်ပေးမည်ဟုပြောပါက သေချာပေါက်တပ်ဆင်ပေးမည်ဖြစ်သည်။

"ငါ့တစ်သက် မဟာသူတော်စင်လက်နက်သုံးဖို့ အခွင့်အရေးရလိမ့်မယ်လို့ တစ်ခါမှမထင်ထားဘူးကွာ ဟားဟား”

ဗောဓိဘိုးဘေးက သူ့ရင်တွင်းပျော်ရွှင်မှုကိုဖော်ပြလျက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ရီဖန်ကို တပည့်အဖြစ် ခံယူပြီးချိန်မှစ၍ ဗောဓိဘိုးဘေးသည် သူ့ကံကို အံ့ဩခဲ့ရသည်မှာ အကြိမ်မရေတွက်နိုင်တော့ပေ။

“ရှောင်ဖန်၊ ငါတို့ ဒီအထွတ်အမြတ်ရတနာတိုက်အစီအစဉ်မှာ မပါကြနဲ့စို့"

ဤနှစ်များတွင် ပန်ကုစကြဝဠာ၌ အထွတ်အမြတ်ရတနာတိုက်များစွာ ထွက်ပေါ်လာသည်။ သို့သော် ထိုရတနာများတွင် ကျင့်ကြံမှုအရင်းအမြစ်များ၊ နတ်လက်နက်များနှင့် အခြားအရာများသာပါဝင်သည်။ ဟုန်မိန်ခရမ်းရောင်ချီသည် လုံးဝပေါ်မလာသေးပေ။

"ဆရာ ကျွန်တော်တို့မပါတော့ပါဘူး။ ဟုန်မိန်ခရမ်းရောင်ချီပေါ်လာရင်တောင် ရီမိသားစုအတွက် အသုံးမဝင်ဘူးလေ”

၎င်းမှာ ရီဖန်ဝါကြွားခြင်းမဟုတ်ဘဲ အမှန်တကယ် လိုအပ်နေခြင်းမရှိသောကြောင့်ဖြစ်သည်။ ရီဖန်ထံတွင်ရှိသော ဟုန်မိန်ခရမ်းရောင်ချီပမာဏသည် လက်နှစ်ဘက်နှင့်ရေတွက်နိုင်သောပမာဏထက် ကျော်လွန်နေပြီဖြစ်သည်။ ရီမိသားစုတွင် လက်ရှိချို့တဲ့နေသည့်အရာမှာ ဟုန်မိန်ခရမ်းရောင်ချီမဟုတ်ဘဲ အနှ်ုင်းမဲ့တာအိုဘိုးဘေးဖြစ်သည်။

ဟုန်မိန်ခရမ်းရောင်ချီ မကျန်တော့သည့်အချိန်တွင် ရီမိသားစုသည်လည်း ၎င်းကိုမလိုအပ်တော့ဟု ရီဖန်ယုံကြည်ခဲ့သည်။

အကယ်၍ အခြားစကြဝဠာမှ သူတော်စင်တစ်ပိုင်းများက ဟုန်မိန်ခရမ်းရောင်ချီကို မလိုအပ်ဘဲ သူတော်စင်နယ်မြေသို့ ဖြတ်ကျော်သွားနိုင်လျှင် ပန်ကုစကြဝဠာမှ ကျင့်ကြံသူများသည်လည်း ထိုသို့လုပ်ဆောင်နိုင်လိမ့်မည်ဟု ရီဖန်ယုံကြည်ထားသည်။ ဖြစ်နိုင်ခြေရှိသရွေ့ ရီဖန်က ၎င်းကိုရှာတွေ့နိုင်မည်ဟု ယုံကြည်၏။

ရီဖန်၏သေချာနေသောစကားကြောင့် ဗောဓိဘိုးဘေးက သူ့ကိုမည်သို့ ပြန်ချေပရမည်ကို မသိခဲ့ပေ။ ဟုန်မိန်ခရမ်းရောင်ချီ ခြောက်မျှင်မျှသာရှိနိုင်သော ကမ္ဘာတွင် သူ့တပည့်သည် ၎င်းတို့ကို လက်ကားပစ္စည်းများကဲ့သို့ လုံလောက်စွာထောက်ပံ့ပေးခဲ့သည်။ အခြားသူတော်စင်တစ်ပိုင်းသာသိလျှင် ၎င်းတို့သည် ရီမိသားစုကို ဝိုင်းရံထားမည်ကိုပင် စိုးရသည်။

ရီမိသားစုတွင် ဟုန်မိန်ခရမ်းရောင်ချီ များစွာရှိသောကြောင့် အထွတ်အမြတ်ရတနာတိုက်အတွက် တိုက်ပွဲတွင် ပါဝင်ရန်မလိုအပ်ချေ။ လက်ရှိတွင် ရီမိသားစုသည် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရန်သာ လိုအပ်ကာ ၎င်းတို့၏ ပထမဆုံးသော သူတော်စင်နယ်မြေစွမ်းအားရှင် ပေါ်ပေါက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေရန်လိုသည်။ ထိုအချိန်တွင် ရီမိသားစုကို ပန်ကုစကြဝဠာတွင် နံပါတ်တစ်စွမ်းအားရှင်အဖြစ် မှတ်ယူနိုင်မည်ဖြစ်သည်။ သူတော်စင်နယ်မြေ စွမ်းအားရှင်နှင့်ရင်ဆိုင်ရပါက သူတော်စင်တစ်ပိုင်းများပင်လျှင် ဘေးထွက်နေလိမ့််မည်။

ထိုအတောအတွင်း သူတော်စင်တစ်ပိုင်းများ အရေအတွက်တိုးများလာသဖြင့် ပန်ကုစကြဝဠာတွင် အထွတ်အမြတ်ရတနာတိုက်အတွက် ပြိုင်ဆိုင်မှုသည်လည်း ပိုမိုပြင်းထန်လာသည်။ ပထမတစ်ခုပေါ်လာပြီးနောက် အထွတ်အမြတ်ရတနာတိုက်အတွက် ပြိုင်ဆိုင်မှုကြောင့် သူတော်စင်တစ်ပိုင်းအသစ်များ ကျဆုံးခြင်းမရှိခြင်းသည် ဟုန်မိန်ခရမ်းရောင်ချီ မပေါ်လာသေးသောကြောင့်ဖြစ်ကြောင်းကို လူတိုင်းသိကြသည်။

ဟုန်မိန်ခရမ်းရောင်ချီ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မြင်ကွင်းသည် ယခုလောက် အေးချမ်းတော့မည်မဟုတ်ပေ။ သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်လာရန် မည်သူကများ ဆန္ဒမရှိလိမ့်မည်နည်း။ အခွင့်အရေးအနည်းငယ်ရှိလျှင်ပင် အပြင်းအထန် တိုက်ကြလိမ့်မည်။ အဆုံးတွင် ကျဆုံးရလျှင်ပင် မည်သူကမျှ နောင်တရမည်မဟုတ်ပေ။ သူတော်စင်တစ်ပိုင်းအတွက် သူတော်စင်နယ်မြေ၏ဆွဲဆောင်မှုသည် အလွန်ကောင်းမွန်နေသည်မဟုတ်လား။

ကွမ်ဟိုင်အထွတ်အမြတ်ရတနာတိုက်အတွင်းရှိ သူတော်စင်တစ်ပိုင်းများအားလုံးသည် အရင်းအမြစ်မျိုးစုံကို အလောတကြီးစုဆောင်းနေကြ၏။

ထိုသူတော်စင်တစ်ပိုင်းစွမ်းအားရှင်များရှေ့တွင် တာအိုဘိုးဘေးများသည် ကံကောင်းစွာဖြင့် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ရန်အခွင့်အလမ်းကို ချောင်ကပ်သောထောင့်နေရာလေးများတွင်သာ ရှာဖွေရသည်။ ၎င်းတို့ မအောင်မြင်ခဲ့လျှင်ပင် ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားနေကြ၏။ ၎င်းတို့၏နှလုံးသားထဲတွင် ကံကောင်းခြင်းများရောက်ရှိလာမည်ဟု ယုံကြည်ခဲ့ကြသည်။

ယွဲ့လန်ယောင်ဇူသည်လည်း အပြင်ဘက်နယ်မြေရှိ ကွမ်ဟိုင်အထွတ်အမြတ်ရတနာတိုက်ကို အဆက်မပြတ် ရှာဖွေနေ၏။ ရုတ်တရက် ခရမ်းရောင်အရာတစ်ခုက ယွဲ့လန်ယောင်ဇူ၏အာရုံကိုဖမ်းစားလိုက်သည်။ ၎င်းသည် သန့်စင်သောခရမ်းရောင်ကြိုးမျှင်ဖြစ်သည်။ ပထမအကြည့်တစ်ချက်တွင် ယွဲ့လန်ယောင်ဇူက မတုံ့ပြန်သေးဘဲ ဆက်လက်လိုက်ရှာနေသည်။

သို့သော် ခရမ်းရောင်မြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် ရုတ်တရက် အာခေါင်များခြောက်ကပ်သွားသည်အထိ လွှမ်းမိုးခံလိုက်ရသည်။ ခရမ်းရောင် မြူခိုးများသည် ထာဝရစွမ်းအားရောင်ဝါရှိ၏။ ၎င်းက အသွင်သဏ္ဍာန်နှင့် အနှစ်သာရမရှိသော်လည်း အမှန်တကယ်တည်ရှိနေသည်။

ဤပုံစံရှိအရာဝတ္ထုသည် တစ်ခုတည်းသာ ဖြစ်နိုင်သည်။ ၎င်းမှာ သူတော်စင်တစ်ပိုင်းများ လိုချင်သော ရတနာတစ်ခုဖြစ်သည့် ဟုန်မိန်ခရမ်းရောင်ချီဖြစ်သည်။ ယွဲ့လန်ယောင်ဇူ၏နှလုံးသားသည် သူ့ရင်ဘတ်ထဲမှခုန်ထွက်ရန် အဆင်သင့်ဖြစ်လုနီးပါးပင်။

…………..

အခန်း ၃၉၈ - အထွတ်အမြတ်ရတနာသိုက်၊ ဟုန်မိန်ခရမ်းရောင်ချီ ထွက်ပေါ်လာခြင်း

နှစ်ပေါင်းရာနှင့်ချီ၍ ကျင့်ကြံခဲ့သောကျင့်သားရပြီးသည့် သူ၏စိတ်ပင်လျှင် ထိုအခိုက်အတန့်ကို သည်းမခံနိုင်ပေ။ ယွဲ့လန်ယောင်ဇူ၏စိတ်လှုပ်ရှားမှုကို မည်သည့်အရာကမှ တားဆီးနိုင်ခြင်းမရှိ။

"ငါက ကံကြမ္မာရဲ့သားတော်ပဲ။ ငါ ဟုန်မိန်ခရမ်းရောင်ချီကို ရပြီကွ!"

ယွဲ့လန်ယောင်ဇူသည် စိတ်ထဲတွင်ဟိန်းဟောက်လိုက်ကာ ပြန်လည်တည်ငြိမ်သွားအောင် အချိန်ခဏယူလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် အနီးနားတွင် အခြားကျင့်ကြံသူများမရှိသဖြင့် ဟုန်မိန်ခရမ်းရောင်ချီကို အလျင်အမြန်ဝှက်ထားလိုက်ကာ မည်သူမျှမတွေ့မိခင် ထွက်ခွါရန်ပြင်ဆင်နေသည်။

ယွဲ့လန်ယောင်ဇူသည် ဟုန်မိန်ခရမ်းရောင်ချီကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်ပြီးမှသာ သူသက်ပြင်းချနိုင်သည်။ ထို့နောက် သူသည် ထိုဟုန်မင်ခရမ်းရောင်ချီကို အထွတ်အမြတ်ရတနာတိုက်မှ ယူဆောင်လာရန် လိုအပ်ကာ ပြန်လည်ဆုတ်ခွါပြီး ကျင့်ကြံရမည်ဖြစ်သည်။ အချိန်တန်လျှင် သူ သူတော်စင်နယ်မြေသို့ ရရှိလိမ့်မည်ပင်။ ထိုအတွေးများဖြင့် ယွဲ့လန်ယောင်ဇူသည် မပြုံးဘဲမနေနိုင်တော့ချေ။

သို့သော် ထိုအခိုက်အတန့်တွင် ရင်းနှီးသောအသံတစ်ခုက ယွဲ့လန်ယောင်ဇူဘေးမှ ထွက်ပေါ်လာ၏။

"ယွဲ့လန် မင်းအရမ်းပျော်နေပုံပဲ။ မင်းမှာ ရတနာတွေရသွားလို့များလားနော်”

ရောက်လာသည့်သူက ယွဲ့လန်ယောင်ဇူကိုသိနေသည်။ ယွဲ့လန်ယောင်ဇူ၏ မျက်နှာပေါ်ရှိအပြုံးသည် ချက်ချင်းပင် အေးခဲသွားကာ သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်မှု ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။ ယခုအချိန်တွင် ယွဲ့လန်ယောင်ဇူသည် အလွန်သတိရှိနေ၏။ သူ့မြင်ကွင်းထဲတွင် ပေါ်လာသည့် မည်သူမဆို သူ၏ဟုန်မိန်ခရမ်းရောင်ချီကို လုယူချင်သောကြောင့်ဖြစ်မည်။

"ဘာမှမဟုတ်ပါဘူး...ငါကဘယ်လိုလုပ် ပစ္စည်းကောင်းတွေ ရှာတွေ့တိုင်မှာလဲ!"

ယွဲ့လန်ယောင်ဇူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားခဲ့သော်လည်း သူ၏ပုံမှန်အမူအရာမှာ ယခုအချိန်တွင် ပျောက်ကွယ်သွားပုံရသည်။ အစောပိုင်းက ဟာသအဖြစ်သာပြောလိုက်သော တာအိုဘိုးဘေးသည် ယွဲ့လန်ယောင်ဇူ၏ ပုံမှန်မဟုတ်သောအပြုအမူကို သတိပြုမိပြီးနောက် တစ်ခုခုမှားယွင်းနေပြီဟု ချက်ခြင်းခံစားလိုက်ရသည်။ ၎င်းက သာမန်ရတနာတစ်ခုသာဖြစ်ပါက ယွဲ့လန်ယောင်ဇူအပေါိ ထိုကဲ့သိူ့ သက်ရောက်သေလိမ့်မည်မဟုတ်ချေ။

"ယွဲ့လန် မင်းမှာ ဟုန်မိန်ခရမ်းရောင်ချီရထားတာလား”

သေချာပေါက်ပင်။ ထိုတာအိုဘိုးဘေးပင်လျှင် ယွဲ့လန်ယောင်ဇူက ဟုန်မိန်ခရမ်းရောင်ချီကို အမှန်တကယ်ရရှိခဲ့သည်ဟု မယုံခဲ့ပါချေ။ သိူ့သော် ထိုစကားက ယွဲ့လန်ယောင်ဇူ၏အာရုံကြောများကို တောင့်တင်းသွားစေသည်။ ဟုန်မိန်ခရမ်းရောင်ချီ ရရှိခြင်းသတင်းကို မပေါက်ကြားစေရန်အတွက် သူ့ကိုသတ်ပစ်ရမည်။ နောက်အခိုက်အတန့်တွင် ယွဲ့လန်ယောင်ဇူသည် တာအိုဘိုးဘေးကို တိုက်ခိုက်လိုက်၏။

မူလက နတ်ဆိုးဘိုးဘေးထက် ပိုအစွမ်းထက်သော ယွဲ့လန်ယောင်ဇူက သူ့ကိုတိုက်ခိုက်လာရန် မမျှော်လင့်ထားသော တာအိုဘိုးဘေးသည် ချက်ခြင်းဖိနှိပ်ခံခဲ့ရကာ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများထွက်ပေါ်လာသည်။ တာအိုဘိုးဘေးသည် မယုံချင်သော်လည်း ယွဲ့လန်ယောင်ဇူ၏ တိုက်ခိုက်မှုက သူ့ခန့်မှန်းချက်မှန်ကန်ကြောင်း ဖော်ပြနေသည်။ ယွဲ့လန်ယောင်ဇူသည် ဟုန်မိန်ခရမ်းရောင်ချီကို အမှန်တကယ် ရရှိထားပြီးဖြစ်သည်။ တာအိုဘိုးဘေးသည်လည်း ချက်ချင်းစိတ်လှုပ်ရှားသွား၏။

ယွဲ့လန်ယောင်ဇူက ဟုန်မိန်ခရမ်းရောင်ချီကို လိုချင်သကဲ့သို့ သူလည်းလိုချင်သည်။ ထိုအချိန်တွင် သူသည် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ယွဲ့လန်ယောင်ဇူကိုသတ်ပြီး ဟုန်မိန်ခရမ်းရောင်ချီကို ရယူနိုင်လိမ့်မည်။ တိုက်ပွဲက ပိုပြင်းထန်လာ၏။ မကြာမီတွင် အနီးနားရှိ ကျင့်ကြံသူအများအပြားသည် တိုက်ပွဲသံကို သတိပြုမိသွားကာ စောင့်ကြည့်ရန် ရောက်လာကြသည်။

ယွဲ့လန်ယောင်ဇူနှင့် အမည်မသိတာအိုဘိုးဘေးတို့ အသက်အန္တရာယ်ကိုပင် စွန့်စားတိုက်ခိုက်နေကြကြောင်း တွေ့လိုက်ရသဖြင့် ၎င်းတို့နှစ်ဦးသည် အခွင့်ကောင်းတစ်ခုကိုတွေ့ရှိခဲ့ကြောင်း အတည်ပြုလိုက်နိုင်သည်။ ဘိုးဘေးနယ်မြေစွမ်းအားရှင်နှစ်ဦးကို အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အရင်းအမြစ်က တစ်ခုသာရှိ၏။ ၎င်းက သူတော်စင်အဆင့်တက်လှမ်းစေနိုင်မည့် အရာတစ်ခုဖြစ်ရမည်။

စုရုံးလာသူအများစုမှာ ဘိုးဘေးနယ်မြေမှဖြစ်ကာ သူတော်စင်ဖြစ်ခွင့်သည် ၎င်းတို့အတွက်လည်း အလွန်ဆွဲဆောင်မှုရှိသည်။ ဘာမှန်း ရှင်းရှင်းလင်းလင်းမသိရေသေးသော်လည်း မဆိုင်းမတွဘဲ တိုက်ပွဲဝင်ခဲ့ကြ၏။ ထို့နောက်တွင် တိုက်ပွဲတွင်ပါဝင်လာသည့် တာအိုဘိုးဘေးများ ပိုများလာသည်။ အဆုံးတွင် ၎င်းတို့ ဘာကြောင့်တိုက်ခိုက်ကြသည်ကိုပင် မေ့သွားကြသည်။ ၎င်းတို့၏တစ်ခုတည်းသော အတွေးမှာ ရန်သူအားလုံးကို သတ်ပစ်ရန်ဖြစ်သည်။

အစပိုင်းတွင် တာအိုဘိုးဘေးနှစ်ဦးမှ ဆယ်ဦးအထိ တစ်ချိန်တည်း တိုက်ပွဲဝင်ခဲ့ကြသည်။ မကြာမီ ပထမဆုံး ကျဆုံးသော တာအိုဘိုးဘေးပေါ်လာ၏။ တစ်ယောက် နှစ်ယောက် ကျဆုံးပြီးနောက် နောက်ဆုတ်ရန်ပင် အလွန်နောက်ကျသွားလေပြီ။ ထိုတိုက်ပွဲထဲဝင်ပြီးသည်နှင့် ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ နောက်ဆုတ်ချင်ပါက သေသွားမှသာ ဖြစ်နိုင်လိမ့်မည််။

တဖြည်းဖြည်းနှင့် ကျန်ရှိနေသည့်သူများမှာ လျော့နည်းလာသည်။ သွေးစီးကြောင်းများက မြေကြီးကိုနီရဲနေစေ၏။ မြေပြင်ပေါ်တွင် ပြင်းထန်သောရောင်ဝါကို ထုတ်လွှတ်နေသော ရုပ်အလောင်းအပုံလိုက်ကြီးက ဤတိုက်ပွဲမည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်း ပုံဖော်ထားသည်။

"ဟာဟားဟား၊ အဲဒါအားလုံး ငါ့အပိုင်ပဲ”

နောက်ဆုံးတွင် သွေးများစိုရွှဲနေသည့်သူတစ်ဦးတည်းသာ ရပ်တည်နိုင်ခဲ့သည်။ ယွဲ့လန်ယောင်ဇူသည် စိတ်လှုပ်ရှားနေကာ အဆုံးအထိခံနိုင်ရည်ရှိပြီးနောက် ဟုန်မိန်ခရမ်းရောင်ချီသည် သူ့အပိုင်ဖြစ်လာလိမ့်မည်။

ထိုနေရာမှ ထွက်သွားနိုင်သရွေ့ သူတော်စင်နယ်မြေစွမ်းအားရှင် ဖြစ်လာရန် အခွင့်အရေးရှိဦးမည်ပင်။

ထိုအချိန်တွင် သူ့ခေါင်းပေါ်မှ အလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။ ယွဲ့လန်ယောင်ဇူ၏နောက်ဘက်တွင် တိတ်တဆိတ် ရယ်မောနေသော အရိပ်တစ်ခု ထွက်ပေါ်လာသည်။ အစပိုင်းတွင် သူတော်စင်တစ်ပိုင်း ချင်မုသည် ထိုဇာတ်လမ်းကို စိတ်မဝင်စားသော်လည်း ယွဲ့လန်ယောင်ဇူ၏ စိတ်လှုပ်ရှားမှုက သူ၏စူးစမ်းချင်စိတ်ကို နှိုးဆွခဲ့သည်။ ဤတာအိုဘိုးဘေးကို ထိုမျှတိုက်ခိုက်ရန် မည်သည့်ရတနာက လှုံ့ဆော်နိုင်သနည်း။

ချင်မုသူတော်စင်တစ်ပိုင်းသည် ယွဲ့လန်ယောင်ဇူ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပိုင်းချလိုက်၏။ နောက်အခိုက်အတန့်တွင် သန့်စင်သော ခရမ်းရောင်ဝိညာဉ်ပစ္စည်းက

ချင်မုသူတော်စင်တစ်ပိုင်းရှေ့တွင် ပေါ်လာသည်။ ထိုအချိန်တွင် ချင်မုသူတော်စင်တစ်ပိုင်းသည် အလွန်နောင်တရသွားသည်။ ယွဲ့လန်ယောင်ဇူ၏အလောင်းကို သယ်မသွားဘဲ ထိုနေရာတွင်ဖွင့်ကြည့်မိခြင်းအတွက် နောင်တအလွန်ရပါသည်။

သူတော်စင်တစ်ပိုင်းအနေဖြင့် ထိုခရမ်းရောင်ဝိညာဉ်ပစ္စည်းက မည်သည့်အရာဖြစ်ကြောင်းကို မသိဘဲမနေပေ။ ၎င်းသည် သူတော်စင်အားလုံးက ရှာဖွေရန်ကြိုးပမ်းနေကြသော ဟုန်မိန်ခရမ်းရောင်ချီ မဟုတ်လား။

ထိုအခိုက်အတန့်တွင် မူလစိတ်မဝင်စားသော သူတော်စင်တစ်ပိုင်းအများအပြားသည် အသားနံ့ရသော ဝံပုလွေများကဲ့သို့ လောဘကြီးသောမျက်လုံးများဖြင့် ချင်မုသူတော်စင်တစ်ပိုင်းကိုကြည့်နေကြသည်။ နောက်အခိုက်အတန့်တွင် ချင်မုသူတော်စင်တစ်ပိုင်းသည် ထိုနေရာမှပျောက်ကွယ်သွား၏။ ချင်မုသူတော်စင်တစ်ပိုင်းနှင့်အတူ ပျောက်ကွယ်သွားသည်မှာ ယွဲ့လန်ယောင်ဇူ၏အလောင်းနှင့် ဟုန်မိန်ခရမ်းရောင်ချီတို့ဖြစ်သည်။

"မပြေးနဲ့ ဟုန်မိန်ခရမ်းရောင်ချီကို ထားခဲ့လိုက်။ မင်းအသက်ကို ချမ်းသာပေးမယ်!"

ဟုန်မိန်ခရမ်းရောင်ချီနှင့်အတူ ချင်မုသူတော်စင်တစ်ပိုင်း ထွက်ပြေးသွားသည်ကို မြင်လိုက်ရပြီးနောက် ဒေါသထွက်ကာ ချက်ခြင်းလိုက်လာကြသည်။ အကယ်၍ ချင်မုသူတော်စင်တစ်ပိုင်းတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိပါက၊ ၎င်းတို့သည် သူ့ကို ဆန့်ကျင်ရန် တွန့်ဆုတ်နေမည်ဖြစ်သော်လည်း

၎င်းတို့၏ အထင်အမြင်အရ ထိုချင်မုသူတော်စင်တစ်ပိုင်းသည် နောက်ခံမရှိ တစ်ကောင်တည်းသော ဝံပုလွေဖြစ်သည်။ ထိုကဲ့သို့သော သူတော်စင်တစ်ပိုင်းသည် ၎င်းတို့၏မျက်လုံးထဲတွင် အသားအဆီတုံးကြီးဖြစ်၏။

သူတော်စင်တစ်ပိုင်းတစ်ဖွဲ့က သူတော်စင်တစ်ပိုင်းအား လိုက်ဖမ်းနေခြင်းကို ဖုံးကွယ်ထား၍မရပေ။ မကြာမီတွင် ဟုန်မိန်ခရမ်းရောင်ချီ၏သတင်းက ပျံ့နှံ့သွားခဲ့သည်။ တာအိုဂိုဏ်းများနှင့် ၀မ်ရှန်းဂိုဏ်းကဲ့သို့သော အင်အားစုများသည် ဟုန်မိန်ခရမ်းရောင်ချီကို သိမ်းပိုက်လိုသောကြောင့် တစ်ဖက်ပြီးတစ်ဖက် လှုပ်ရှားလာသည်။

မကြာမီတွင် နတ်ဆိုးဘိုးဘေးတစ်ဦးက ဟုန်မိန်ခရမ်းရောင်ချီကို ပထမဆုံးရယူခဲ့သည့်သတင်းသည် အဓိကအင်အားစုအားလုံးသို့ ပျံ့နှံ့သွားခဲ့ကာ တာအိုဘိုးဘေးနှင့် သူတော်စင်တစ်ပိုင်းတို့ကို အလွန်ဝမ်းနည်းကြေကွဲသွားစေသည်။ ၎င်းတို့အနေဖြင့် ဟုန်မိန်ခရမ်းရောင်ချီကိုရခဲ့မည်ဆိုလျှင်ပင် ထိုအကြောင်း တခြားသူတွေကို အသိပေးမည် မဟုတ်ပေ။ ထိုသို့သောအခြေအနေမျိုးတွင် ၎င်းတို့သည် ဟုန်မိန်ခရမ်းရောင်ချီကို မည်သို့လက်ဝါးကြီးအုပ်ထားနိုင်မည်နည်း။ ယခုတွင် ဟုန်မိန်ခရမ်းရောင်ချီ၏သတင်းကို ဖုံးကွယ်ချင်လျှင်ပင် မတတ်နိုင်တော့ချေ။

၀မ်ရှန်းဂိုဏ်းတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ချင်မုသူတော်စင်တစ်ပိုင်းကိုရှာဖွေရန် အဖွဲ့တစ်ခုကို ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ နတ်ဆိုးနတ်ဘုရားနှလုံးသားသည် သူ၏အဓိကစိုးရိမ်မှုဖြစ်သော်လည်း ဟုန်မိန်ခရမ်းရောင်ချီသည် သူ့ရှေ့တွင်ရှိနေရာ ၎င်းကိုလက်လွတ်မခံနိုင်ပေ။ သူ့အမြင်အရ ဟုန်မိန်ခရမ်းရောင်ချီသည် အင်အားစုကြီးများတွင်သာ ရှိရန် ထိုက်တန်၏။ အဆိုပါ အင်အားစုငယ်များက ကမ္ဘာကြီးပေ့ါ်မှ ဆန်ကုန်မြေလေးများအဖြစ်သာ ရပ်တည်နိုင်သည်။

လွတ်မြောက်သွားသော ချင်မုသူတော်စင်တစ်ပိုင်းသည် စိုးရိမ်မှုအပြည့်ဖြစ်နေ၏။ ထိုအချိန်တွင် ၎င်းသည် နိုးကြားလာပြီဖြစ်သည်။ သူ၏နောက်ခံဖြင့် ဟုန်မိန်ခရမ်းရောင်ချီကို မပိုင်ဆိုင်နိုင်ကြောင်း သိလိုက်ရသည်။ ပိုဆိုးသည်မှာ ဟုန်မိန်ခရမ်းရောင်ချီက အာလူးပူတစ်လုံးကဲ့သို့ဖြစ်နေရာ တခြားတစ်ယောက်ဆီပေးရန်ပင် ခက်ခဲနေသည်။ ထိုအချိန်တွင် အခြားသူကိုပေးလိုက်လျှင် တခြားအင်အားစုများကို ရန်စမိလိမ့်မည်။

သူက အလယ်အလတ်သူတော်စင်တစ်ပိုင်းတစ်ဦးဖြစ်သောကြောင့် သာမန်သူတော်စင်တစ်ပိုင်းထက် အနည်းငယ် ပိုမြန်သည့်အမြန်နှုန်းကြောင့်သာမဟုတ်လျှင် သူအဖမ်းခံရပြီးဖြစ်လိမ့်မည်။

"မဟုတ်ဘူး၊ ငါဒီလို သေဖို့ ထိုင်စောင့်နေလို့မရဘူး၊ တစ်ဖက်ဖက်မှာ ခိုလှုံရမယ်!"

ချင်မုသူတော်စင်တစ်ပိုင်းက အံကြိတ်လျက် စိတ်ထဲတွင် ဟုန်မိန်ခရမ်းရောင်ချီကို ပေးရန်စဉ်းစားနေသည်။

ချင်မုသူတော်စင်တစ်ပိုင်းထံတွင် အမှန်တကယ်ရင်းနှီးသည့်သူမရှိဟု လူတိုင်းကထင်ကြသော်လည်း ချင်မုသူတော်စင်တစ်ပိုင်းထံတွင် အကိုကြီးတစ်ယောက်ရှိဖူးသည်။ ယခု ထိုအစ်ကိုမရှိတော့သော်လည်း သူ၏အလွန်ကျော်ကြားသော ဗောဓိဘိုးဘေးဟူသည့် တပည့်တစ်ဦးရှိသည်။

………..

အခန်း ၃၉၉- ဘာအတွက်မှမဟုတ်ဘဲ ကောက်ယူလိုက်မိသော ဟုန်မိန်ခရမ်းရာင်ချီ

ချင်မုသူတော်စင်တစ်ပိုင်းသည် သူ့တူလေးအကြောင်းကို ကြားသိခဲ့ရသော်လည်း အမှန်တကယ်မတွေ့ဖူးသေးချေ။ သို့သော်လည်း လက်ရှိဗောဓိဘိုးဘေးသည် ပန်ကုစကြဝဠာတွင် အလွန်ကျော်ကြားလာခဲ့သည်။ ရီမိသားစုမှ ကျောထောက်နောက်ခံပြုထားသော ဤခေတ်ကြီး၏ ပထမဆုံးသူတော်စင်တစ်ပိုင်းအနေဖြင့် သူသည် ကျော်ကြားမှုရရှိရန် ထိုက်တန်သည်။

အစောပိုင်းတွင် ချင်မုသည် သူ၏တူကိုရှာရန် အစီအစဉ်မရှိခဲ့သော်လည်း သူ၏ကွန်ရက်အတွင်းတွင် ဗောဓိဘိုးဘေးကသာ ဤအခြေအနေအောက်တွင် သူ့ကိုကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူဖြစ်သည်။ များပြားလှသော သူတော်စင်တစ်ပိုင်းတို့သည် သူ့ကိုဝိုင်းထားရန် အရှိန်အဟုန်ဖြင့်ပြေးလာကြသည်ကိုမြင်လျှင် ချင်မုသည် အံကြိတ်လိုက်ပြီး အထွတ်အမြတ်ရတနာတိုက်မှထွက်လာကာ နေရာလွတ်ကိုဆုတ်ဖြဲလျက် ရန်ဟွမ်နယ်မြေဆီသို့ လျင်မြန်စွာ ဦးတည်သွားလေသည်။

အခြားသူတော်စင်တစ်ပိုင်းများကလည်း ချင်မုထွက်ပြေးသည်ကိုမြင်လျှင် အလွတ်တကူအလွတ်မပေးဘဲ သူ့နောက်သို့လိုက်လာကြသည်။ ဟုန်မိန်ခရမ်းရောင်ချီ၏ဆွဲဆောင်မှုသည် ဤသူတော်စင်တစ်ပိုင်းတို့ကို မနာလိုဖြစ်စေခဲ့သောကြောင့် အလွယ်တကူစွန့်လွှတ်နိုင်ရန် မဖြစ်နိုင်ပေ။

ထိုသူတော်စင်တစ်ပိုင်းတို့သည် ကြီးမြတ်သောခေတ်တစ်ခုအတွက် မိမိကိုယ်ကို စည်းတံဆိပ်ခတ်ထားရန် ဆန္ဒရှိကြကာ ၎င်းတို့၏ပန်းတိုင်မှာ သူတော်စင်အဖြစ် တက်လှမ်းရန်ဖြစ်သည်။ ယခုတွင် သူတော်စင်အဖြစ်တက်လှမ်းနိုင်မည့် အခွင့်အလမ်းက သူတို့ရှေ့တွင်ရှိနေရာ မည်သူကစွန့်လွှတ်နိုင်မည်နည်း။

ချင်မုနောက်သို့ ဆက်လိုက်လာသော သူတော်စင်တစ်ပိုင်းအချို့သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို တဖြည်းဖြည်း ခံစားလာရသည်။ ချင်မုသွားနေသည့် ဦးတည်ရာသည် ထူးထူးခြားခြားရင်းနှီးနေသလို ခံစားရနေရ၏။ ခဏအကြာတွင် တစ်စုံတစ်ယောက်က တစ်ခုခုကို သတိထားလိုက်သည်။ ချင်မု၏ ဦးတည်ရာသည် ရန်ဟွမ်နယ်မြေဆီသို့ ဖြစ်သည်။ ရန်ဟွမ်နယ်မြေသည် သူတော်စင်တစ်ပိုင်းများအားလုံးအတွက် တားမြစ်နေရာအဖြစ် သတ်မှတ်ခံထားရသည်။ ထို့အပြင် ၎င်းကို "သူတော်စင်တစ်ပိုင်းသင်္ချိုင်း" အဖြစ် မှတ်ယူထားကြ၏။

အဓိကအားဖြင့် ရန်ဟွမ်နယ်မြေတွင် သူတော်စင်တစ်ပိုင်းများစွာ ဆုံးပါးသွားခဲ့ကာ၊ ထိုသူအားလူံးသည်လည်း ရန်ဟွမ်နယ်မြေကို ဒုက္ခပေးခဲ့သောသူများဖြစ်သည်။ချင်မုကိုလိုက်ဖမ်းနေသည့် သူတော်စင်တစ်ပိုင်းများထဲမှ အပြင်းထန်ဆုံးတစ်ယောက်ပင် မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားသည်။ ပုံမှန်အားဖြင့် နှောင်းပိုင်းအဆင့်သူတော်စင်တစ်ပိုင်းများနှင့် အထွတ်အထိပ်အဆင့်သူတော်စင်တစ်ပိုင်းများသည်သာ ဟုန်မိန်ခရမ်းရောင်ချီကို ရရှိရန် အလားအလာအရှိဆုံးဖြစ်သင့်သည်။

သို့သော် ထိုဟုန်မင်ခရမ်းရောင်ချီသည် ရီမိသားစုထဲသို့ ရောက်သွားပါက သူတို့၏စွမ်းအားဖြင့်ပင်လျှင် ၎င်းကိုရယူရန်အာမခံချက်မရှိပေ။သူတော်စင်ချင်မုသည် အမှန်တကယ်ပင် ရီမိသားစု၏သူလျှိုဖြစ်နိုင်ပါသလား။

အထွတ်အမြတ်ရတနာတိုက်ကို ရီမိသားစုကစိတ်မ၀င်စားသည်မှာ ဟန်ဆောင်ခြင်းဖြစ်သလား။ သို့သော် ရီမိသားစုကိုနားလည်မှုအပေါ်အခြေခံ၍ ၎င်းတို့က ထိုသို့ပြုလုပ်မည်မဟုတ်ချေ။

ရီမိသားစုက အထွတ်အမြတ်ရတနာတိုက်ကို စိတ်မဝင်စားဘူးဟုဆိုလျှင် အမှန်တကယ်စိတ်မဝင်စားသောကြောင့်ဖြစ်သည်။ ထိုယူဆချက်က သူတော်စင်တစ်ပိုင်းတိုင်း၏ နှလုံးခုန်နှုန်းကို ပြန်လည်တည်ငြိမ်စေသည်။ ၎င်းတို့သည် ရီမိသားစုကိုမဆန့်ကျင်သရွေ့ ဟုန်မိန်ခရမ်းရောင်ချီကို ရယူရန် အကောင်းဆုံးအခွင့်အရေး ရှိနေကြဆဲဖြစ်သည်။

ရုတ်တရတ် မတော်တဆတစ်ခုခုကြုံမည်ကို ကြောက်ရွံ့သည့် သူတော်စင်တစ်ချို့သည် ချက်ချင်းအရှိန်မြှင့်တင်ပြီး ချင်မုကို ရန်ဟွမ်နယ်မြေသို့ မဝင်ရောက်နိုင်ရန်အတွက် တားဆီးကြသည်။

သူ့နောက်မှ လျင်မြန်စွာနီးကပ်လာသော အသက်ရှုသံကို ခံစားလိုက်ရသည့် ချင်မူသည်လည်း အံကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှအစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သာမန်နှောင်းပိုင်းသူတော်စင်တစ်ပိုင်းများနှင့် ယှဉ်နိုင်သည့် သူ၏အရှိန်သည် သိသိသာသာ တိုးလာပြန်သည်။ ဤအမြန်နှုန်းသည် သူ့နောက်ကွယ်မှ လိုက်လာသော သူတော်စင်တစ်ပိုင်းတို့၏ မျှော်မှန်းချက်ထက် များစွာကျော်လွန်နေ၏။ ၎င်းတို့တုံ့ပြန်နိုင်သောအချိန်တွင် ချင်မုသည် ၎င်းတို့၏မြင်ကွင်းမှပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရန်ဟွမ်နယ်မြေတွင် ရုတ်တရက် လေဟာနယ်စုတ်ပြဲသွားကာ နေရာလွတ်တစ်ခုတိုက်ရိုက်ပေါ်လာသည်။ ရန်ဟွမ်နယ်မြေသို့ သူတော်စင်တစ်ပိုင်းတစ်ယောက် ရောက်ရှိလာခြင်းကို ရီမိသားစု၏ကျင့်ကြံသူများ ချက်ချင်းတွေ့လိုက်သည်။ ရီမိသားစုနယ်မြေအတွင်းသို့ ကြိုတင်သတိမပေးထားဘဲ ဝင်ရောက်လာသော သူတော်စင်တစ်ပိုင်းသည် ရီမိသားစုအတွက် ခြိမ်းခြောက်ရန်စမှုတစ်ခုဖြစ်သည်။

၀မ်ရှန်းဂိုဏ်းမှကျင့်ကြံသူများ ရောက်ရှိလာသောအချိန်ကပင် ၎င်းတို့ထံ ကြိုတင်ဆက်သွယ်ခဲ့သည်မဟုတ်လား။ ရီမိသားစုက ထိုကဲ့သို့ နောက်မာသည့်သူတော်စင်တစ်ပိုင်းနှင့် မတွေ့ရသည်မှာ အတော်ကြာလေပြီ။ ရီမိသားစု၏လုံခြုံရေးကို လက်ရှိတာဝန်ယူနေသော ဗောဓိဘိုးဘေးသည် ချင်မုရှေ့တွင် ချက်ချင်းပေါ်လာသည်။ သို့သော် ဗောဓိဘိုးဘေးက အလောတကြီးမလှုပ်ရှားဘဲ ချင်မုကိုကြည့်လိုက်သည်။

သူသည် ချင်မုနှင့်သူ၏ ပတ်သက်ဆက်နွှယ်မှုကို ခံစားလိုက်ရသည်။ ထိုသို့သော ဆက်နွယ်မှုသည် အများအားဖြင့် မိတ်ဆွေနှင့် သွေးသားဆွေမျိုးများကြားတွင် ဖြစ်ပွားလေ့ရှိသည်။ သို့သော် ဗောဓိဘိုးဘေးက ဤသူတော်စင်တစ်ပိုင်းကို လုံးဝမသိကြောင်း သေချာသည်။ အခြားတစ်ဖက်တွင် ချင်မုသည် ဗောဓိဘိုးဘေးကို ချက်ချင်းမှတ်မိလိုက်ကု မျက်ရည်များဝဲလျက် ပြောလိုက်သည်။

“တူလေးရေ ငါ့ကို ကယ်ပါဦး”

ဤရုတ်တရက် အသိအမှတ်ပြုမှုက ဗောဓိဘိုးဘေးကို အနည်းငယ် အံသြသွားစေသည်။ သူမည်သည့်အချိန်ကများ ဦးလေးတစ်ယောက်ကောက်ရလိုက်သနည်း။

"တူလေး၊ ငါက ချင်မုပါ၊ ငါ့အစ်ကိုက ချင်ကျန်းလေ!"

ချင်ကျန်းတာအိုဘိုးဘေးဟူသည့် နာမည်သည် လူနည်းစုတွင်သာရှိသည်။ ယခင်ခေတ်ကတည်းက ချင်ကျန်းတာအိုဘိုးဘေးဆုံးပါးသွားသောကြောင့် ယခုအချိန်တွင် သူ့အကြောင်းကို သိသူနည်းပါးလာခဲ့သည်။ ချင်မုဟူသော အမည်ကို ကြားသောအခါ ဗောဓိဘိုးဘေးသည် အဖြစ်မှန်ကို ပြန်လည်သတိရလာခဲ့သည်။

သူ့ဆရာက သူ့ထံတွင်ညီတစ်ဦးရှိကြောင်းပြောခဲ့ဖူးသည်။ ဗောဓိဘိုးဘေးက သူ၏ဦးလေးဆုံးပါးသွားပြီဟု မူလက ထင်ခဲ့သည်။ ထိုနာမည်ကိုကြားသာ ကြားဖူးပြီး သူ၏ဦးလေးကို တစ်ခါမှမတွေ့ဖူးပေ။ ကံတရားဆက်စပ်မှုကို တွေးတောရင်း ဗောဓိဘိုးဘေးသည် ချင်မုပြောခဲ့သည်မှာ အမှန်ဖြစ်ကြောင်းနှင့်၊ ထိုသူက သူ၏ဦးလေးဖြစ်ကြောင်းသေချာသွားသည်။

ဦးလေးတစ်ယောက်ဖြစ်ရုံနှင့် ဗောဓိဘိုးဘေးထံမှ မည်သည့်တုန့်ပြန်မှုကိုမှမရရှိခဲ့ချေ။

ချင်မု၏သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်နှင့်ပင် အကူအညီလိုနေရာ သူအကြီးအကျယ်ဒုက္ခရောက်နေသည်မှာ ထင်ရှား၏။ ဘိုးဘေးဗောဓိသည် လူမိုက်မဟုတ်သောကြောင့် ဦးလေးဟူသောရာထူးဖြင့် ချင်မုကိုကူညီလိမ့်မည်မဟုတ်ပေ။

"တူလေး၊ ငါ့မှာ ရတနာတစ်ခုရှိတယ်၊ အဲတာကို အကာအကွယ်အနေနဲ့ လဲပါရစေ”

လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် ဟုန်မိန်ခရမ်းရောင်ချီသည် သူ့လက်ထဲတွင်ပေါ်လာကာ ချင်မုသည် မဆိုင်းမတွဘဲ ဗောဓိဘိုးဘေးထံ အပ်နှံလိုက်သည်။ ချင်မုသည် သူ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိသည်။ ထိုရတနာကို သူမထိန်းသိမ်းနိုင်ဘဲ သူ့အသက်ကို ဆုံးရှုံးစေနိုင်သည့် အန္တရာယ်ကိုပင် ယူဆောင်လာနိုင်သည်။

…………

All Chapters