အခန်း ၄၀၀-၄၀၂
Vol. 27 Ch. 400-402
အခန်း ၄၀၀ - ဘာမှမဟုတ်ဘဲ ကောက်ယူလိုက်မိသည့် ဟုန်မိန်ခရမ်းရောင်ချီ
အခြားသူတော်စင်တစ်ပိုင်းများထံမှ ယူဆောင်သွားခြင်းကို ခံရမည့်အစား ရီမိသားစုထံမှကတိတစ်ခုနှင့် လဲလှယ်ခြင်းက ပိုကောင်းသည်။ ထိုကတိတစ်ခုဖြင့် နောက်တစ်ကြိမ် ဟုန်မိန်ခရမ်းရောင်ချီကို ရနိုင်မည့် အခွင့်အရေးရှိသေးသည်။
ချင်မုသူတော်စင်တစ်ပိုင်း၏ ဟုန်မိန်ခရမ်းရောင်ချီကို တွေ့သောအခါ ဗောဓိဘိုးဘေး၏အမူအရာမှာ မပြောင်းလဲဘဲရှိနေသည်။ အခြားသူတော်စင်တစ်ပိုင်းများအတွက် ဟုန်မိန်ခရမ်းရောင်ချီသည် အမှန်တကယ် အဖိုးတန်လှ၏။ သို့သော် ရီမိသားစုအတွက် ဟုန်မိန်ခရမ်းရောင်ချီသည် ထိုမျှမဟုတ်ပေ။
ဗောဓိဘိုးဘေးက ဟုန်မိန်ခရမ်းရောင်ချီသည် ရီမိသားစုက ချင်မုသူတော်စင်တစ်ပိုင်းကို ကာကွယ်ရန်အတွက် ထိုက်တန်သည် မထိုက်တန်သည်ကို စဉ်းစားနေ၏။ ဗောဓိဘိုးဘေး၏လျစ်လျူရှုမှုက ချင်မုသူတော်စင်တစ်ပိုင်းကို ကြောက်ရွံ့စေသည်။ ဤသဘောထားက သာမန်သူတော်စင်တစ်ပိုင်းတွင် ရှိသင့်သည့်အရာမဟုတ်နေပေ။
ထိုအချိန်တွင် ချင်မုသူတော်စင်တစ်ပိုင်းသည် ရီမိသားစုနှင့်ပတ်သက်သည့် ကောလာဟလများကို ရုတ်တရက်ပြန်သတိရသွားသည်။ ပန်ကုစကြဝဠာတွင် ရီမိသားစုသည် ဟုန်မိန်ခရမ်းရောင်ချီပါရှိသော သူတော်စင်နယ်မြေစွမ်းအားရှင်၏အမွေကို ဆက်ခံခဲ့သည်ဟူသော ကောလဟာလများစွာရှိသည်။
ထို့ကြောင့် ရီမိသားစုသည် အထွတ်အမြတ်ရတနာတိုက်ပေါ်လာချိန်တွင် ဤမျှတည်ငြိမ်နေကာ မည်သည့်တိုက်ပွဲတွင်မှ မပါဝင်ခဲ့ကြခြင်းဖြစ်နိုင်သည်။
ယနေ့မတိုင်မီအထိ ချင်မုသူတော်စင်တစ်ပိုင်းသည် ထိုကောလာဟလကို အဓိပ္ပာယ်မရှိဟုထင်ကာ လှောင်ပြောင်ခဲ့သည်။ နောက်ဆုံးတွင် ကြီးမြတ်သောခေတ်ပေါင်းများစွာအတွင်း ပထမဆုံးအထွတ်အမြတ်ရတနာတိုက် မပေါ်ထွန်းမီ ဟုန်မိန်ခရမ်းရောင်ချီသည်လည်း မရှိခဲ့ပေ။ ယခုတွင် ချင်မုသူတော်စင်တစ်ပိုင်းသည် ကောလဟာလက အမှန်လားဟု မေးခွန်းထုတ်မိသည်။ ရီမိသားစုတွင် ဟုန်မိန်ခရမ်းရောင်ချီမရှိလျှင် ဗောဓိဘိုးဘေးက အဘယ်ကြောင့် ဤမျှတည်ငြိမ်နေသနည်း။
ထိုအတွေးများကို ချင်မုသူတော်စင်တစ်ပိုင်း၏ နှလုံးသားထဲတွင်သာ ထားရှိကာ ၎င်းကိုထုတ်မမေးခဲ့ပေ။ သူမေးခဲ့လျှင်ပင် ရီမိသားစုကဖြေမည်မဟုတ်။ ချင်မုသူတော်စင်တစ်ပိုင်းသည် တိကျသေချာသော တုံ့ပြန်မှုကိုရရှိရန်မျှော်လင့်လျက် ဗောဓိဘိုးဘေးကို စိုးရိမ်တကြီးကြည့်နေသည်။
ရီမိသားစု၏အကာအကွယ်ကို ရှာဖွေရာမှ သူ့ကိုယ်တိုင် လုံး၀ပိတ်မိနေခဲ့သည်။ အကယ်၍ ရီမိသားစုက သူ့ကိုမလိုလားလျှင် ထွက်ပြေးရန်ပင် အချိန်မရှိချေ။ ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် သူ့ကိုစောင့်နေသည့် သူတော်စင်တစ်ပိုင်း ရောင်ဝါဆယ်ခုထက်မနည်းရှိနေကြောင်းကို သူသတိထားမိပြီးသားဖြစ်သည်။
နောက်ဆုံးအကြိမ်ကဝှက်ဖဲဖြင့် ၀မ်ရှန်းဂိုဏ်း၏သူတော်စင်တစ်ပိုင်းနှစ်ဦးကို ဖယ်ရှားခဲ့သောကြောင့် ယခုအခါတွင် အင်အားစုကြီးများမှ သူတော်စင်တစ်ပိုင်းများသည် ရန်ဟွမ်နယ်မြေကိုကြည့်ရင်း ထိုထဲသို့ဝင်ရောက်ရန် မဝံ့မရဲဖြစ်နေသည်။ ထိုအချိန်တွင် ရီဖန်သည် ဗောဓိဘိုးဘေးဘေးတွင် ပေါ်လာ၏။
ဗောဓိဘိုးဘေးလက်ထဲမှ ဟုန်မိန်ခရမ်းရောင်ချီကိုကြည့်ရင်း ရီဖန်လည်း သက်ပြင်းချလိုက်သည်။ မူလက သူသည် ဤအရှုပ်အထွေးတွင် မပါဝင်ရန်စီစဉ်ထား၏။ သို့သော် သူ၏အားထုတ်မှုမရှိသော်လည်း ဟုန်မိန်ခရမ်းရောင်ချီကို သူ့အိမ်သို့ပို့ပေးလာသည်။
ယခုတွင် ချင်မုသူတော်စင်တစ်ပိုင်းသည် ဟုန်မိန်ခရမ်းရောင်ချီကို အထွတ်အမြတ်ရတနာတိုက်မှ သူ့ထံသို့ တလမ်းလုံးယူဆောင်လာသောကြောင့် ၎င်းကို လက်မခံလျှင် အနည်းငယ်ယုတ္တိမရှိပေ။
“ပြောပါ မင်းက ဘာနဲ့လဲလှယ်ချင်တာလဲ” ရီဖန်ကမေးသည်။
ချင်မု၏မျက်နှာသည် ပြုံးသွား၏။
"ဒီဟုန်မင်ခရမ်းရောင်ချီကို ရီမိသားစုထံ ပေးချင်ပါတယ်၊ နောက်တစ်ကြိမ် ဟုန်မိန်ခရမ်းရောင်ချီကိုထပ်ရနိုင်ရင် ရီမိသားစုရဲ့ အကာအကွယ်တစ်ခါလောက်ရနိုင်ဖို့ မျှော်လင့်ပါတယ်!"
ရီဖန်သည် ချင်မုသူတော်စင်တစ်ပိုင်းက အလွန်အမင်း အကောင်းမြင်နေသည်ဟု ထင်သောကြောင့် ပြုံးမိလိုက်သည်။ ဤမျှလောက်များသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များထဲမှ ဟုန်မိန်ခရမ်းရောင်ချီတစ်မျှင်ရခြင်းက ချင်မုသူတော်စင်တစ်ပိုင်းအတွက် အလွန်ကံကောင်းလွန်းနေပြီဖြစ်သည်။
ဒုတိယမြောက်ဟုန်မိန်ခရမ်းရောင်ချီကို လိုချင်နေရအောင် ထိုသူက ကောင်းကင်နယ်မြေ၏ကံကောင်းခြင်းဖြင့် ကောင်းချီးပေးခံရသည့် ရီမိသားစုအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သူ့ကိုယ်သူထင်နေသလား။ သို့သော် ဟုန်မိန်ခရမ်းရောင်ချီအတွက် ကတိတစ်ခု ဖလှယ်ခြင်းက ရီမိသားစုအတွက် အရှုံးမရှိချေ။ ဟုန်မိန်ခရမ်းရောင်ချီကဲ့သို့သောအရာမျိုး အများကြီးရှိပြီးလျှင်ပင် ပိုလိုချင်နေဆဲဖြစ်သည်။
“ကောင်းပြီ!”
ရီဖန်ခေါင်းညိတ်ပြပြီးနောက် ဗောဓိဘိုးဘေးထံမှ ဟုန်မင်ခရမ်းရောင်ချီကို ယူလိုက်သည်။ အကယ်၍ ချင်မုသူတော်စင်တစ်ပိုင်းသည် အခြားဟုန်မိန်ခရမ်းရောင်ချီကို ရရှိသာ်အထိကောင်းခဲ့လျှင် ရီမိသားစုက သူ့ကို နောက်ထပ်တစ်ကြိမ်ကာကွယ်ပေးရမည့် အန္တရာယ်များရှိလာနိုင်မလား။
"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်ရီ”
ချင်မုသူတော်စင်တစ်ပိုင်း၏ မျက်နှာပေါ်ရှိအပြုံးသည် ပို၍တောက်ပလာသည်။ ဟုန်မိန်ခရမ်းရောင်ချီကို ဆုံးရှုံးလိုက်ရခြင်းက နာကျင်သော်လည်း ချင်မုသူတော်စင်တစ်ပိုင်းကို လုံးဝစိတ်အေးသွားစေသည်။ ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် အခြားသူတော်စင်တစ်ပိုင်းတို့သည် ဟုန်မိန်ခရမ်းရောင်ချီကို ရီဖန်ယူဆောင်သွားကြောင်း မြင်လိုက်ရသောအခါ ကိုယ့်ကိုယ်ကိုယ် မထိန်းထားနိုင်တော့ချေ။
စုစုပေါင်း ဟုန်မိန်ခရမ်းရောင်ချီခြောက်ခုသာရှိသည်။ ထိုအခွင့်အရေးကို လွဲချော်ခဲ့မည်ဆိုလျှင် နောက်ထပ်အခွင့်ကောင်းများကို ထပ်ရနိုင်တော့မည်မဟုတ်ပေ။
"ရီမိသားစုက ဘာလို့ ဟုန်မိန်ခရမ်းရောင်ချီကို ယူရမှာလဲ၊ ရီမိသားစုဆီကနေ ပြန်တောင်းဖို့ ငါနဲ့ဘယ်သူပူးပေါင်းမလဲ" လန်ရွှေ့သူတော်စင်တစ်ပိုင်းက လက်မခံလိုဘဲ ပြောသည်။
နှောင်းပိုင်းသူတော်စင်တစ်ပိုင်း စွမ်းအားရှင်တစ်ဦးဖြစ်သည့် လန်ရွှေ့သူတော်စင်တစ်ပိုင်းသည် ၎င်းတို့ထဲတွင် ဂုဏ်သိက္ခာမြင့်မားသောကြောင့် သူတော်စင်တစ်ပိုင်းအများအပြားက တုံ့ပြန်လာသည်။
"ငါ မင်းဘက်က ရှိတယ်!"
"ငါလည်းရှိတယ်!"
သူ့နောက်ဘက်မှ သဘောတူသံများကိုကြားသောအခါ လန်ရွှေ့သူတော်စင်တစ်ပိုင်းက ဂုဏ်ယူစွာခံစားလိုက်ရသည်။ ၎င်းက သူ၏အနေအထားဖြစ်သည်။ သူတော်စင်တစ်ပိုင်းအများအပြား၏ ထောက်ခံသံဖြင့် လန်ရွှေ့သူတော်စင်တစ်ပိုင်းက ယုံကြည်ချက်အပြည့် ခံစားရသည်။
ရီမိသားစုနှင့်ပတ်သက်၍ ၎င်း၏သံသယများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည်မဆိုင်းမတွဘဲ နေရာလွတ်ကိုဆုတ်ဖြဲပြီး ရီမိသားစုထံမှ ဟုန်မိန်ခရမ်းရောင်ချီကို တောင်းဆိုရန် ရန်ဟွမ်နယ်မြေသို့ လျှောက်သွားသည်။ လန်ရွှေ့သူတော်စင်တစ်ပိုင်း၏အမြင်အရ ရီမိသားစုသည် ၀မ်ရှန်းဂိုဏ်းမှသူတော်စင်နှစ်ဦးကို သတ်ဖြတ်ခဲ့ရာတွင် ဝှက်ဖဲကိုအသုံးချခဲ့သည်။
ထိုကဲ့သို့သော အစွမ်းထက်ဝှက်ဖဲချပ်များသည် အကန့်အသတ်ရှိနိုင်သည်။ ထို့အပြင် သူတော်စင်တစ်ပိုင်းများစွာရှိသောကြောင့် ရီမိသားစုက ဤတစ်ကြိမ်လှုပ်ရှားဝံ့မည်ဟု သူမထင်ပါ။
"ရီဖန် လက်လွှဲပေး..."
လန်ရွှေ့သူတော်စင်တစ်ပိုင်းသည် အထက်မှ ချိန်ရွယ်ထားသော ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသောအခါတွင် သူ့စကားပင် မဆုံးနိုင်ပေ။ ကြောက်ရွံ့မှုတစ်ခုက လန်ရွှေ့သူတော်စင်တစ်ပိုင်း၏မျက်လုံးထဲ ဖြတ်ပြေးသွား၏။ ရီမိသားစု၏ဝှက်ဖဲကို ထိုမျှပေါ့ပေါ့ပါးပါး သုံးနိုင်သလား။ မဟုတ်သေး၊ အပြစ်လွှဲချရန်အတွက် တစ်စုံတစ်ယောက်ကို ရှာဖို့လိုသည််။
လန်ရွှေ့သူတော်စင်တစ်ပိုင်းသည် သူ့နောက်မှ လိုက်ပါလာသော သူတော်စင်အချို့ကိုအသုံးချကာ တိုက်ခိုက်ခြင်းမှကာကွယ်လိုသည်။ သို့သော် ထိုအချိန်တွင် သူသည် ရန်ဟွမ်နယ်မြေသို့ စွန့်စားဝင်ရောက်လာသည့် တစ်ဦးတည်းသော သူတော်စင်တစ်ပိုင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထောက်ခံသံယောင်လိုက်သူများမှာ နှုတ်ဖြင့်ထောက်ခံသူများသာဖြစ်ကာ မည်သူမျှ သူ့နောက်သို့မလိုက်ခဲ့ကြချေ။
"ချီးပဲ၊ မင်းတို့ငါ့ကိုလိမ်တာ!"
လန်ရွှေ့သူတော်စင်တစ်ပိုင်း၏အသံသည် ဒေါသစိတ်နှင့် ပြည့်နှက်နေသည်။ ထိုအချိန်အထိ သူသည်ရီမိသားစုကို စမ်းသပ်ရန်အတွက် အသုံးချခံနေရကြောင်း မသိသေးလျှင် သူအလွန်မိုက်မဲသောကြောင့်သာဖြစ်မည်။ လန်ရွှေ့သူတော်စင်တစ်ပိုင်းသည် ရန်ဟွမ်နယ်မြေမှ တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးချင်သော်လည်း အလွန်နောက်ကျသွားလေပြီ။ နောက်အခိုက်အတန့်တွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကျရောက်လာကာ သူ့ကိုတိုက်ရိုက် ချေမှုန်းလိုက်၏။ သူတော်စင်တစ်ပိုင်းသည် ထိုကဲ့သို့ကျဆုံးသွားလေပြီ။
လန်ရွှေ့သူတော်စင်တစ်ပိုင်း အလွယ်တကူကျဆုံးသွားသည်ကို မြင်ပြီးနောက် ရန်ဟွမ်နယ်မြေအပြင်ဘက်ရှိ သူတော်စင်တစ်ပိုင်းများမှာ ကြောက်ရွံ့သွားသည်။ အကယ်၍များ ၎င်းတို့ စွန့်စားခဲ့ကြလျှင် လန်ရွှေ့သူတော်စင်တစ်ပိုင်း၏ ကံကြမ္မာသည် ၎င်းတို့အပေါ်ကျရောက်လိမ့်မည်။
၎င်းတို့သည် ကျဆုံးသွားသော လန်ရွှေ့သူတော်စင်တစ်ပိုင်းအတွက် စာနာစိတ်မရှိကြပေ။ သူတိူ့ဘဝတွင် အတွေ့အကြုံများစွာ ရရှိခဲ့ပြီးဖြစ်သည်။
လန်ရွှေ့သူတော်စင်တစ်ပိုင်း၏ သေဆုံးမှုက ၎င်းတို့၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုတစ်ခုမျှ မဖြစ်စေခဲ့ပေ။ ဤမျှလောက်မိုက်မဲသောသူက နှောင်းပိုင်းသူတော်စင်ဘ၀သို့ မည်သို့ကျင့်ကြံနိုင်သနည်းဟု တိတ်တဆိတ် ကဲ့ရဲ့ရှုံ့ချသော အနည်းစုပင်ရှိသေးသည်။
"အိမ်မှာကိစ္စရှိလို့ အရင်ပြန်ပြီ!"
"ငါ့တပည့်မွေးတော့မှာမို့ ပြန်မှရမယ်!"
"မင့်တပည့်ကလေးမွေးတာက မင်းနဲ့ဘာဆိုင်လဲ၊ အဲဒါ မင်းရဲ့သားလား"
"ငါ့သားမဟုတ်ဘူးလို့ ဘယ်သူပြောလဲ!"
“မင်းက အဲလိုဆရာမှန်း မထင်ထားဘူးကွာ”
ရီဖန်၏ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့် သူတော်စင်တစ်ပိုင်းများသည် ရန်ဟွမ်နယ်မြေမှ လျင်မြန်စွာဆုတ်ခွါသွားသည်။ ၎င်းတို့က နောက်ထပ်လန်ရွှေ့သူတော်စင်တစ်ပိုင်း မဖြစ်ချင်ကြချေ။
"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ကျေးဇူးအများကြီးတင်ပါတယ်!"
ရန်ဟွမ်နယ်မြေအပြင်ဘက်ရှိ သူတော်စင်တစ်ပိုင်းတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်ကို ခံစားလိုက်ရသော ချင်မုသူတော်စင်တစ်ပိုင်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုသူတော်စင်တစ်ပိုင်းများ မထွက်သွားလျှင် သူကကံဆိုးသူဖြစ်သွားလိမ့်မည်။
သို့သော် ရီဖန်သည် ချင်မုသူတော်စင်တစ်ပိုင်းကို လုံး၀စိတ်မ၀င်စားဘဲ လန်ရွှေ့သူတော်စင်တစ်ပိုင်း၏သိုလှောင်နယ်မြေက လက်နက်၏ရိုက်ခတ်မှုအောက်တွင် ပြိုကျပျက်စီးသွားသောကြောင့် ဝမ်းနည်းနေသည်။
ရီဖန်သည် နှောင်းပိုင်းအဆင့် သူတော်စင်တစ်ပိုင်းဖြစ်မည်ဟု သူထင်ခဲ့သောကြောင့် နတ်ကြာပွတ်ကို အထူးမြှင့်တင်ခဲ့သည်။ သိူ့သော် ၎င်းတို့ကသာမန်မျှသာဖြစ်၏။ နောက်တစ်ကြိမ်တွင် သူသည် အလျင်အမြန်တားဆီးမှတော်ကာကျမည်၊ သို့မဟုတ်ပါက အရင်းအမြစ်များအားလုံး အလဟဿ ဖြစ်သွားလိမ့်မည်။
ရီဖန်၏နယ်မြေ တဖြည်းဖြည်း တိုးပွါးလာသည်နှင့်အမျှ နတ်ကြာပွတ်ထံမှ သုံးစွဲနိုင်သောစွမ်းအားသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အထွတ်အထိပ် သူတော်စင်သို့ရောက်သည်နှင့် နတ်ကြာပွတ်ကို အားကိုးကာ စစ်မှန်သော သူတော်စင်နယ်မြေကိုပင် တွန်းလှန်နိုင်လိမ့်မည်။ ရီဖန်၏နားလည်မှုအရ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များကြားတွင် မည်သူကမျှ မဟာသူတော်စင်လက်နက်ကို ကိုင်စွဲထားနိုင်မည်မဟုတ်။ ကျုံးဖန်မြို့၏ သူတော်စင်နယ်မြေအုပ်စိုးရှင်များပင်လျှင် မဟာသူတော်စင်လက်နက်ရှိပုံမရချေ။
ဟုန်မိန်ခရမ်းရောင်ချီ၏ ပထမဆုံးကြိုးကိုရရှိသော ရီမိသားစု၏သတင်းသည် ပန်ကုစကြဝဠာ တစ်ခုလုံးတွင် လျှင်မြန်စွာပျံ့နှံ့သွားသည်။ သတင်းပျံ့နှံ့လာသည်နှင့်အမျှ ရီမိသားစု၏ အဆင့်အတန်းသည် ပိုမိုထူးခြားလာသည်။ ရီမိသားစုမှပြသခဲ့သောအင်အားဖြင့် ရီမိသားစုသည် အနာဂတ်တွင် စစ်မှန်သောသူတော်စင်နယ်မြေစွမ်းအားရှင်ကို မွေးထုတ်ပေးနိုင်မည်ဟု အာမခံလုနီးပါးဖြစ်သည်။
…………
အခန်း ၄၀၁ - ဝူရှန်းဘိုးဘေး၏ အပ်နှံခြင်း
သူတော်စင်နယ်မြေစွမ်းအားရှင်ရှိသည့်အင်အားစုနှင့် မရှိသည့်အင်အားစုကြားကွာခြားချက်သည် အလွန်ကြီးမား၏။ တစ်ချိန်က သူတော်စင်နယ်မြေစွမ်းအားရှင်ရှိသည့် အင်အားစုတစ်ခု ယခုကျဆင်းသွားလျှင်ပင် ၎င်းတို့ကိုလှုံ့ဆော်ဝံ့သူ အနည်းငယ်သာရှိသည်။ အကြောင်းမှာ ထိုစွမ်းအားရှင်သည် သူ၏အင်အားစုအတွက် အတွင်းအရင်းအမြစ်များချန်ထားခဲ့မှန်း မသေချာသောကြောင့်ဖြစ်သည်။
ယခင်က သူတော်စင်တစ်ပိုင်းတော်တော်များများသည် တစ်ချိန်က သူတော်စင်နယ်မြေစွမ်းအားရှင် ပိုင်ဆိုင်ခဲ့ဖူးသည့် အင်အားစုတစ်ခုကို ဖျက်ဆီးရန်ကြိုးစားခဲ့ကြသေးသည်။ သို့သော် နောက်ဆုံးတွင် ထိုသူတော်စင်နယ်မြေ ရုပ်သေးရုပ်တစ်ရုပ်က သူတော်စင်တစ်ပိုင်းအားလုံးကို သုတ်သင်ရှင်းလင်းပစ်လိုက်၏။
၎င်းသည် သူတော်စင်နယ်မြေမိသားစု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အချိန်ကြာလာသော်လည်း မည်သည့်အင်အားစုကမှ အလွယ်တကူနှိုးဆွနိုင်သော အရာမဟုတ်ပေ။ ရီမိသားစုသည် စစ်မှန်သော သူတော်စင်နယ်မြေစွမ်းအားရှင်တစ်ဦးကို အမှန်တကယ်မွေးဖွားခဲ့ပါက နောင်အခါတွင် ရီမိသားစုသည်လည်း စဉ်ဆက်မပြတ်ကြီးထွားလာကာ ပိုမိုအားကောင်းလာမည်ဖြစ်သည်။
အခြားအင်အားစုများမှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ကြချေ။ ပထမဆုံး ဟုန်မိန်ခရမ်းရောင်ချီကို ရီမိသားစုထံ ထိုကဲ့သို့ ပေးအပ်လိုက်ရသည်။ ရီမိသားစုသည် အားစိုက်ထုတ်လိုက်ရရုံပင်မပေါ်ဘဲ ဟုန်မိန်ခရမ်းရောင်ချီသည် ၎င်းတို့၏လက်ထဲသို့ ပြုတ်ကျသွား၏။ ထိုကံကောင်းခြင်းမျိုးကို မည်သူကမှ မနာလိုဘဲမနေနိုင်ကြပေ။
တကယ်တမ်းတွင် ဟုန်မိန်ခရမ်းရောင်ချီ ဆိုက်မြိုက်စွာကျရောက်လာခြင်းက မိသားစုခေါင်းဆောင်၏ကံကြမ္မာကြောင့် ဖြစ်နိုင်ကြောင်း ရီဖန်သတိပြုမိသည်။ သိူ့မဟုတ်လျှင် ထိုအဖိုးတန်ရတနာတစ်ပါးက မည်သို့အလိုအလျောက်ရောက်ရှိလာနိုင်မည်နည်း။ ချင်မုသူတော်စင်တစ်ပိုင်း၏ ဟုန်မိန်ခရမ်းရောင်ချီကို ရရှိခြင်းကလည်း ကံကြမ္မာလွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။ ကံတရားသည် အလွန်ဆန်းကြယ်သော အရာတစ်ခုဖြစ်၏။ ယင်ယန်နိယာမနှင့်သက်ဆိုင်သည့် အရာတိုင်းက မရိုးရှင်းကြချေ။
ရီမိသားစု ဟုန်မိန်ခရမ်းရောင်ချီကို ရရှိကြောင်း သိလိုက်ရသောအခါ ၀မ်ရှန်းဂိုဏ်းအတွင်းမှ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏မျက်နှာပေါ်ရှိ အမူအရာသည် ဆိုးရွားသွားခဲ့သည်။ ရီမိသားစုနှင့် ဝမ်ရှန်းဂိုဏ်းကြား သဘောထားကွဲလွဲမှု ဆက်လက်ဖြစ်ပွါးနေကာ ရီမိသားစုသည် သူတော်စင်နယ်မြေစွမ်းအားရှင်တစ်ဦး အမှန်တကယ်မွေးထုတ်ပေးနိုင်ပါက ဝမ်ရှန်းဂိုဏ်းအတွက် ပြဿနာဖြစ်လာမည်ဖြစ်သည်။ သို့သော် ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းက အလွန်မစိုးရိမ်နေချေ။
သူတော်စင်နယ်မြေစွမ်းအားရှင် အများအပြားကို မွေးထုတ်ပေးပြီးနောက် ၀မ်ရှန်းဂိုဏ်းတွင် လျှို့ဝှက်ဖဲများစွာ ကျန်ရှိသည်။ စစ်မှန်သော သူတော်စင်နယ်မြေစွမ်းအားရှင်တစ်ဦးက ၀မ်ရှန်းဂိုဏ်းကို ရင်ဆိုင်လိုလျှင်ပင် လွယ်ကူမည်မဟုတ်ပေ။
"ရီမိသားစုနဲ့ ပဋိပက္ခမဖြစ်အောင်နေဖို့ အမိန့်ထုတ်ထား”
ဤမျိုးဆက်ကို ရီမိသားစုက ဦးဆောင်နေပြီဖြစ်ကြောင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့်ပဋိပက္ခစတင်ရန် ထိုက်တန်မည်မဟုတ်။
၀မ်ရှန်းဂိုဏ်းသာမက အခြားသောအင်အားစုများသည်လည်း ရီမိသားစုနှင့် အငြင်းပွားမှုများကို ရှောင်ရှားရန် အမိန့်ထုတ်လာကြသည်။
ဟုန်မိန်ခရမ်းရောင်ချီအပြင် ရီမိသားစုတွင် လူသားဧကရာဇ်ဆက်ခံသူတစ်ဦးလည်း ရှိသည်။ သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်လာရန်အတွက် လူ့ဧကရာဇ်အမွေဆက်ခံသူက အခွင့်အရေးများစွာရှိသည်။ ၎င်းအရ ပန်ကုစကြာဝဠာသည် လူသားမျိုးနွယ်အပေါ် အလွန်နှစ်သက်ပုံရသည်။ ၎င်းတို့မသိလိုက်မီအချိန်အတွင်း ရီမိသားစုက ၎င်းတို့ရန်မစနိုင်သည့် အင်အားစုဖြစ်လာခဲ့သည်။
ထိုအတောအတွင်း အဝေးရှိ ယင်ယန်ဂိုဏ်းတွင် ၀ူရှန်းဘိုးဘေးက ရီမိသားစုထံမှ ဟုန်မိန် ခရမ်းရောင်ချီကြိုးမျှင်ကိုရရှိသည့်သတင်းကြောင့် အလွန်ဝမ်းသာသွားကြသည်။ ရီမိသားစုက ၎င်းကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ၀ူရှန်းဘိုးဘေးက ရီမိသားစုနှင့် ထိုကဲ့သို့အပေါ်ယံဆက်ဆံရေးနှင့် မကျေနပ်ပေ။ လျှို့ဝှက်ဆန်းကြယ်သော ရီမိသားစုနှင့်ပက်သက်၍ ၀ူရှန်းဘိုးဘေးထံတွင် လေးနက်သောအတွေ့အကြုံတစ်ခုရှိသည်။
သူ့အမြင်အရ ဤမျိုးဆက်တွင် ရီမိသားစုသည် အကြီးမားဆုံးသော အသီးအနှံများကို ကျွေးမွေးနိုင်မည့် ဥယျာဉ်မှူးဖြစ်သည်။ ယခုတွင် သူသည် နတ်ဆိုးနတ်ဘုရားဟု သတ်မှတ်ခံရသော်လည်း၊ အခြားသော နတ်ဆိုးနတ်ဘုရားများနှင့်မတူဘဲ လူသားမျိုးနွယ်အပေါ် ဆိုးရွားသောရည်ရွယ်ချက်မျိုး မရှိခဲ့ချေ။ အကယ်၍ သူသာ ရီမိသားစုထံ တွယ်ကပ်နိုင်ပါက သူတော်စင်နယ်မြေသည် ၎င်း၏ကန့်သတ်ချက်မဟုတ်ချေ။
၀ူရှန်းဘိုးဘေးက ရီဖန်သည် နတ်ဆိုးနတ်ဘုရားများ၏လျှို့ဝှက်ချက်ကို စိတ်ဝင်စားလိမ့်မည်ဟု ယုံကြည်သည်။ ယခင်က ၀ူရှန်းဘိုးဘေးက ၎င်းလျှို့ဝှက်ချက်များကို ရီဖန်ကိုပြောပြလျှင်ပင် ရီဖန်သည် ၎င်းကိုစိတ်ဝင်စားမည်မဟုတ်ဟုထင်ခဲ့သည်။ ဤမသေချာမရေရာမှုများကြောင့် ၀ူရှန်းဘိုးဘေးသည် ထုတ်ဖော်ပြောဆိုရဲခြင်းမရှိခဲ့ပေ။
သို့သော် ယခုရီမိသားစုထံမှ ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်မျှင်ကိုရရှိပြီးနောက် သူတော်စင်နယ်မြေသို့ ဝင်ရောက်ခဲ့သောကြောင့် ၀ူရှန်းဘိုးဘေးသည် ရီမိသားစု၏အကာအကွယ်အတွက် သူ၏လျှို့ဝှက်ချက်နှင့် လဲလှယ်ပေးသင့်သည်ဟု ခံစားရသည်။ရီမိသားစု၏အကာအကွယ်ဖြင့် ၀မ်ရှန်းဂိုဏ်းက သူ့ကိုမနှောင့်ယှက်ရန် သို့မဟုတ် လက်စားချေရန် နှစ်ကြိမ်တိုင်မျှ ပြန်စဉ်းစားရလိမ့်မည်။
အလွန်တုံ့ဆိုင်းနေပြီးနောက် ၀ူရှန်းဘိုးဘေးသည် အံကြိတ်လျက် ယင်ယန်ဂိုဏ်းမှ လျှို့ဝှက်စွာထွက်ခွာသွားကာ ရီမိသားစု၏ရန်ဟွမ်နယ်မြေသို့ ဦးတည်သွားခဲ့သည်။ ရီမိသားစုက ယင်ယန်ဂိုဏ်းကိုမကြိုက်လျှင် သူအပြီးတိုင် စွန့်လွှတ်နိုင်သည်။
လက်ရှိ ယင်ယန်ဂိုဏ်းတွင် နောက်ထပ် အရိုးသူတော်စင်တစ်ပိုင်းရှိနေသောကြောင့် ၀ူရှန်းဘိုးဘေးမရှိလျှင်ပင် နောက်ထပ်စွမ်းအားရှင်တစ်ဦး ရှိသေးသည်။ အဓိက အင်အားစုကြီးများကလည်း ယင်ယန်ဂိုဏ်းကို အခက်အခဲဖြစ်စေရန်လုပ်ဆောင်မည်မဟုတ်ဟု သူယုံကြည်သည်။ နတ်ဆိုးနတ်ဘုရားမရှိသောဂိုဏ်းတစ်ခုသည် သာမန်အင်အားစုနှင့် ခြားနားခြင်းမရှိတော့ပေ။
မထွက်ခွါမီအချိန်တွင် ဝူရှန်းဘိုးဘေးက
အရိုးဘိုးဘေးကို ဆင့်ခေါ်လိုက်၏;
"အရိုးဘိုးဘေး၊ ငါမင်းကိုပြောစရာရှိတယ်”
"ဂိုဏ်းချုပ် ပြောပါ”
အရိုးသူတော်စင်တစ်ပိုင်းသည် ၀ူရှန်းဘိုးဘေးအပေါ် အလွန်သစ္စာစောင့်သိသည်။ မည်သည့်အချိန်တွင်မဆို သူ့ကိုသတ်ရန်အဆင်သင့်ဖြစ်နေကာ လုံလောက်သော အရင်းအမြစ်များမပေးနိုင်သည့် လော့ထောင်နှင့်နှိုင်းယှဉ်လျှင် ၀ူရှန်းဘိုးဘေးက သာလွန်သောသခင်ဖြစ်သည်။
ယခုတွင် သူသည် တစ်ချိန်ကအိပ်မက်မမက်ဝံ့ခဲ့သော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ဖြစ်လာရုံသာမက သိသာထင်ရှားသောအန္တရာယ်လည်း မကြုံခဲ့ရပေ။ ၎င်းမှာ အရိုးသူတော်စင်တစ်ပိုင်းအတွက် နတ်ပြည်တွင်နေထိုင်နေရသကဲ့သို့ပင်။
"အရိုးဘိုးဘေး ငါ နောက်ပိုင်းကို ရီမိသားစုနဲ့လက်တွဲဖို့ စီစဉ်ထားတယ်။ မင်းတို့အားလုံးအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကိုလဲ ဖယ်ရှားပေးမှာမို့ မင်းတို့လည်းလွတ်မြောက်ပါပြီ” ၀ူရှန်းဘိုးဘေးက သူ့ဆုံးဖြတ်ချက်ကိုပြောပြသည်။
အရိုးသူတော်စင်တစ်ပိုင်းသည် ပထမဦးစွာ အံ့အားသင့်သွားခဲ့ပြီးနောက် သူ့မျက်လုံးများမှာအဆက်မပြတ်တောက်ပလာသည်။ အရိုးသူတော်စင်တစ်ပိုင်းအတွက် သူ၏လက်ရှိဘဝသည် ကောင်းကင်ဘုံဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ့ဘဝသည် အခြားသူများ၏ထိန်းချုပ်မှုကို ခံနေရဆဲဖြစ်သည။ ပျက်ဆီးခြင်းဂိုဏ်းတွင်ဖြစ်စေ ယင်ယန်ဂိုဏ်းတွင်ဖြစ်စေ ၎င်းက ထိုပုံစံအတိုင်းဖြစ်နေသည်မှာ နှစ်အတော်ကြာလေပြီ။
………..
အခန်း ၄၀၂ - အရိုးဘိုးဘေး၏ အပ်နှံခြင်း
သို့သော် လူတစ်ယောက်က သူ၏အနာဂတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်မည့်အခွင့်အရေးရလျှင် မည်သူကများ ငြင်းနိုင်မည်နည်း။ အရိုးသူတော်စင်တစ်ပိုင်းသည်လည်း ရီမိသားစုနှင့်မစိမ်းဘဲ သဘာဝအားဖြင့် သူ့အတွက် အကြီးမားဆုံးရန်သူဖြစ်သည်။ သို့သော် အရိုးသူတော်စင်တစ်ပိုင်းက တစ်နေ့နေ့တွင် ရီမိသားစုကို ကျေးဇူးတင်ရလိမ့်မည်ဟု တစ်ခါမျှမထင်ခဲ့ပေ။
၀ူရှန်းဘိုးဘေးသည် ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ကာ ၎င်းတို့လွတ်လပ်မှုရရှိရခြင်းအကြောင်းရင်းမှာ ၀ူရှန်းဘိုးဘေးက ရီမိသားစုနှင့်ပူးပေါင်းရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်။ ဤအချက်တစ်ခုတည်းတွင် ယင်ယန်ဂိုဏ်းသားများသည် ရီမိသားစုကို ကျေးဇူးတင်ရမည်ဖြစ်သည်။
"အကြီးအကဲ ငါ မင်းနောက်ကို လိုက်ချင်သေးတယ်”
၀ူရှန်းဘိုးဘေးက သူ့ရှေ့တွင်ရှိနေဆဲဖြစ်သောကြောင့် အရိုးသူတော်စင်တစ်ပိုင်းသည် သူ၏စိတ်လှုပ်ရှားမှုကို အမြန်ဖုံးကွယ်ကာ ပြောလိုက်သည်။
"ဟန်ဆောင်စရာမလိုဘူး၊ မင်းဘာတွေတွေးနေလဲ ငါမသိဘူးလို့များ ထင်နေတာလား။ ငါဒီလိုပြောပြီးမှတော့ မင်းဘယ်လိုတွေးတွေး ဂရုမစိုက်ပါဘူး”
ထိုသူများ၏အတွေးလေးများကို ၀ူရှန်းဘိုးဘေးက နားမလည်ဘဲမနေချေ။ သို့သော် ၀ူရှန်းဘိုးဘေးသည် ၎င်းတို့ကိုစည်းရုံးရန် အစီအစဉ်မရှိတော့ပေ။
"ငါသွားပြီ၊ ယင်ယန်ဂိုဏ်းရဲ့အနာဂတ်က မင်းလက်ထဲမှာပဲ!"
နောက်အခိုက်အတန့်တွင် ၀ူရှန်းဘိုးဘေးသည် ယင်ယန်ဂိုဏ်းမှ ကျင့်ကြံသူများ၏စိတ်ဝိဥာဉ်ပင်လယ်ရှိ ကန့်သတ်ချက်များအားလုံးကို တိုက်ရိုက်ရုတ်သိမ်းခဲ့သည်။ ယခုမှစ၍ ၎င်းတို့၏ဘဝများသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။
အနာဂတ်တွင် တခြားသူများ၏သုတ်သင်ခံရလျှင်လည်း ၀ူရှန်းဘိုးဘေးက လက်စားချေပေးမည်မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ!"
အရိုးသူတော်စင်တစ်ပိုင်းသည် စိတ်ဝိညာဉ်ပင်လယ်မှ ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း သိရှိလိုက်ရပြီးနောက် ၀ူရှန်းဘိုးဘေးကို စိတ်ရင်းမှန်ဖြင့်ဂါရဝပြုခဲ့သည်။ ၎င်းက ၀ူရှန်းဘိုးဘေးကို စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ၀ူရှန်းဘိုးဘေးက ၎င်းတို့အတွက် ဘဝအသစ်တစ်ခုပေးခဲ့သည်ဟုဆိုနိုင်သည်။ အကယ်၍ ၀ူရှန်းဘိုးဘေးကဆန္ဒရှိလျှင် ၎င်းတို့သည်ခုခံနိုင်စွမ်းမရှိဘဲ ပျက်သုဉ်းသွားလိမ့်မည်။
၀ူရှန်းဘိုးဘေးပျောက်ကွယ်သွားသည့်လမ်းကြောင်းကို ကြည့်လျက် အရိုးသူတော်စင်တစ်ပိုင်းက လျှို့ဝှက်စွာ ဆုံးဖြတ်ခဲ့သည်။ အနာဂတ်တွင် ယင်ယန်ဂိုဏ်းသည် ရီမိသားစုအပေါ် လုံလောက်သောလေးစားမှုရှိရမည်။ ရီမိသားစုသည် ၎င်းတို့၏ကျေးဇူးရှင်ကြီးဖြစ်သောကြောင့်
၎င်းတို့ကဒုက္ခရောက်လျှင် ခြွင်းချက်မရှိ ကူညီရမည်။
ရီဖန်သည် ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် သူတော်စင်တစ်ဦးတစ်ပိုင်းရှိနေခြင်းကို ရုတ်တရက်ခံစားလိုက်ရကာ အနည်းငယ် အကူအညီမဲ့သွားသည်။ ရန်ဟွမ်နယ်မြေသည် ရံဖန်ရံခါ လာရောက်လည်ပတ်သော သူတော်စင်တစ်ပိုင်းများနှင့်အတူ အလွန်တက်ကြွနေပုံရ၏။ သို့သော် ရီဖန်သည် ၎င်း၏ရောင်ဝါကို အနည်းငယ်ရင်းနှီးကြောင်း ခံစားလိုက်ရသည်။
၀ူရှန်းဘိုးဘေးက ရီမိသားစုတွင် ဘာလုပ်နေသနည်း။ ရီဖန်သည် ၎င်းနှင့်ပက်သက်သည့် အငြှိုးမရှိပေ။ နောက်ဆုံးတွင် သူသည် စုယန်၏ဆရာဖြစ်ကာ စုယန်အပေါ် အလွန်ကောင်းမွန်ခဲ့သည်။ ခြုံပြောရလျှင် ၀ူရှန်းဘိုးဘေးက ရီဖန်၏ အကြီးအကဲတစ်ယောက်ဟုပင် ဆိုနိုင်သည်။
ထို့အပြင် ၀ူရှန်းဘိုးဘေး၏အမူအရာကိုကြည့်ရသည်မှာ ပြဿနာရှိပုံမရပေ။ ရီဖန်သည် အတွေးတစ်ခုဖြင့် ရန်ဟွမ်နယ်မြေအပြင်ဘက်ရှိ ၀ူရှန်းဘိုးဘေးက အဘယ်ကြောင့်ရောက်လာကြောင်းကို စဉ်းစားနေသည်။
"၀ူရှန်းဘိုးဘေး၊ ရီမိသားစုဆီ ဘာလို့များရောက်လာတာလဲ သိလို့ရမလား" ရီဖန်က ယဉ်ယဉ်ကျေးကျေး မေးသည်။
ရီဖန်၏သဘောထားကြောင့် ဝူရှန်းဘိူးဘေးသက်ပြင်းချလိုက်သည်။ အနည်းဆုံး ရီဖန်က သူ့ကိုမနှစ်မြို့ပုံမပေါ်ချေ။
"အကြီးအကဲရီကို နှုတ်ဆက်ပါတယ်။ ငါ ရီမိသားစုရဲ့ အကာအကွယ်အတွက် ရောက်လာတာပါ။ ရီမိသားစုက ဒီအဘိုးကြီးကို လက်ခံဖို့ဆန္ဒရှိပါ့မလား"
၀ူရှန်းဘိုးဘေးက သူတော်စင်တစ်ပိုင်း၏ မောက်မာမှုကိုမပြဘဲ ရယ်မောရင်း နှုတ်ဆက်လိုက်သည်။
၀ူရှန်းဘိုးဘေး၏အဖြေက ရီဖန်ကို အံ့သြသွားစေသည်။ ရီမိသားစုတွင် သူတော်စင်တစ်ပိုင်းများရှိသော်လည်း ၎င်းတို့အားလုံးကို ရီမိသားစုက ကျင့်ကြံပေးခဲ့ခြင်းဖြစ်၏။ သူတော်စင်တစ်ပိုင်းအနေအထားဖြင့် ရီမိသားစုသို့ ဝင်ရောက်လိုသောဆန္ဒရှိသူမှာ ၀ူရှန်းဘိုးဘေးက ပထမဆုံးဖြစ်သည်။
"အကြီးအကဲမှာ ယင်ယန်ဂိုဏ်းရှိသေးတယ်မဟုတ်ဘူးလား" ရီဖန်က အံ့သြတကြီးမေးလိုက်သည်။
"ယင်ယန်ဂိုဏ်းကို ဖျက်သိမ်းပြီးပါပြီ" ၀ူရှန်းဘိုးဘေးက ၎င်းကိုဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။
ရီဖန်ပင်လျှင် ၀ူရှန်းဘိုးဘေး၏ ရဲစွမ်းသတ္တိကို ချီးကျူးရမည်။ ရီမိသားစုက သဘောမတူသေးဘဲ ၀ူရှန်းဘိုးဘေးက သူ့ကိုယ်ပိုင်အင်အားစုကို ဖျက်သိမ်းပြီးသားဖြစ်ရာ သူ၏ဆုံးဖြတ်ချက်ကို ကောင်းစွာတွေ့ရသည်။ သို့သော်လည်း ရီမိသားစုက မည်သူမဆို ပါဝင်နိုင်သည့် အဖွဲ့မဟုတ်ချေ။ အနည်းဆုံး ၀ူရှန်းဘိုးဘေးက သူ့တန်ဖိုးကိုသက်သေပြရမည်။
“အထဲဝင်ပြီးဆွေးနွေးကြမလား” ရီဖန်က ဖိတ်ခေါ်လိုက်၏။
“ကောင်းပြီ!”
၀ူရှန်းဘိုးဘေးသည် မဆိုင်းမတွဘဲ ရီဖန်နောက်မှလိုက်ကာ ရန်ဟွမ်နယ်မြေသို့ ဝင်ရောက်သွားသည်။ ၀ူရှန်းဘိုးဘေးသည် ရန်ဟွမ်နယ်မြေ၏ကြောက်မက်ဖွယ်စွမ်းအားကို ကောင်းစွာသိရှိခဲ့သည်။ ရီမိသားစု၏ဝှက်ဖဲက သူတော်စင်တစ်ပိုင်းအချို့ကို ဖျက်ဆီးပစ်ခဲ့သည်မဟုတ်လား။ ရန်ဟွမ်နယ်မြေထဲသို့ ဝင်ရောက်ခြင်းဖြင့် သူသည် ရီဖန်၏လက်ထဲသို့ သူ့အသက်ကို အပ်နှံထားပြီးဖြစ်သည်။
သို့သော် ၀ူရှန်းဘိုးဘေးက တုံ့ဆိုင်းမနေဘဲ ရီမိသားစုတွင်ပါဝင်ရန်အတွက် သူ၏ရိုးသားမှုကိုပြသရမည်ကို နားလည်ထားသည်။
နှစ်ဦးနှစ်ဖက် သံသယဖြစ်နေလျှင် မည်သိူ့ပေါင်းစည်းနိုင်မည်နည်း။
မကြာမီတွင် ဗောဓိဘိုးဘေးက ထိုသတင်းကိုကြားသိလိုက်ရသည်။
၀ူရှန်းဘိုးဘေးကိုယ်တိုင် ရီမိသားစုတွင်ပါဝင်ရန် ရည်မှန်းထားခြင်းက သူ၏စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။ ၀ူရှန်းဘိုးဘေးနှင့် ဗောဓိဘိုးဘေးတို့သည် ရှေးယခင်က အသိအကျွမ်းများဖြစ်ကြသော်လည်း မတူညီသောဂိုဏ်းမျာကြောင့် ဆက်ဆံရေးများစွာမရှိခဲ့ချေ။
ယင်ယန်ဂိုဏ်းမှ ခွဲထွက်ပြီး ကိုယ်ပိုင်အဖွဲ့ခွဲတည်ထောင်နိုင်သည့် ၀ူရှန်းဘိုးဘေးကို ရီဖန်နှင့် ဗောဓိဘိုးဘေးနှစ်ဦးစလုံးက အလွန်စိတ်ဝင်စားခဲ့ကြသည်။ ရီဖန်နှင့် နှုတ်ဆက်စကားဖလှယ်ပြီးနောက် ၀ူရှန်းဘိုးဘေးသည် သူ၏ရိုးသားမှုကိုပြသရန် နတ်ဆိုးနတ်ဘုရားများ၏လျှို့ဝှက်ချက်များ၊ ရီမိသားစုသည် လက်ရှိချို့တဲ့နေသောအရာများဖြစ်သည့် ဆေးပညာနှင့် ဝိညာဉ်ပစ္စည်းအမျိုးမျိုး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည်။
နတ်ဆိုးနတ်ဘုရားများကြားတွင်လည်း ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းတွင် ကျွမ်းကျင်သောသူများစွာရှိသည်ကို သိထားရမည်။ ၎င်းတို့ပျောက်ကွယ်သွားသော်လည်း ၎င်းတို့၏ လျှို့ဝှက်နယ်မြေများ ရှိနေသေးသည်။ ၀ူရှန်းဘိုးဘေးသည်လည်း ထိုအမွေကိုလက်ခံရရှိသောကြောင့် ဤလျှို့ဝှက်ချက်များကို သိရှိလာခဲ့သည်။
၀ူရှန်းဘိုးဘေးသာမက လော့ထောင်သည်လည်း ထိုအရာများကို ကောင်းစွာနားလည်သည်။ သို့သော်လော့ထောင်သည် သူ၏စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဝိညာဉ်ပစ္စည်းများကိုသာ စိတ်ဝင်စားခဲ့ကာ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းဆိုင်ရာအမွေများကို ဂရုမစိုက်ပေ။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ပစ်မှတ်ထားခံရပြီးနောက် လော့ထောင်သည် မည်သည့်နေရာတွင် ပုန်းနေမှန်းပင်မသိတော့ဘဲ ထိုအရင်းအမြစ်များအတွက် ၀ူရှန်းဘိုးဘေးနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။ ယခု ထိုအရာအားလုံးက ရီဖန်ကို အကျိုးပြုလိမ့်မည်။ မူလက ရီဖန်သည် ၀ူရှန်းဘိုးဘေးကို စမ်းသပ်လိုသော်လည်း ၎င်းကအံ့အားသင့်ဖွယ်ရာများစွာကို ယူဆောင်လာမည်ဟု သူမမျှော်လင့်ခဲ့ပေ။
ဤအရာများအားလုံးသည် ရီမိသားစုတွင် အလိုအပ်ဆုံးအရာများဖြစ်သည်။ ရီမိသားစု၏ အရံအသက်မွေးဝမ်းကျောင်းများသည် ပန်ကုစကြာဝဠာ၏ကန့်သတ်ချက်များကို ကျော်လွန်နေပြီဖြစ်သည်။ သိူ့သော် ပန်ကုစကြာဝဠာ၏ ကန့်သတ်ချက်များက ရီဖန်၏ပန်းတိုင်နှင့် ဝေးကွာနေသေးသည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်နှင့် အခြားစကြာဝဠာများက ရီဖန်၏ပစ်မှတ်များဖြစ်သည်။ ယခု အခွင့်အရေးများစွာရှိနေသည့်အတွက် ရီဖန်က မည်သို့လက်လွတ်ခံမည်နည်း။ ရီဖန်၏ ၀ူရှန်းဘိုးဘေးအပေါ်အကြည့်က ပိုပျော့ပျောင်းလာသည်။
၀ူရှန်းဘိုးဘေးသည် ရီမိသားစုအတွက် စည်းစိမ်ဥစ္စာများ ယူလာပေးသော လာဘ်ကောင်လေးတစ်ယောက်နှင့်တူသည်။ ၎င်းက ချန်မင်ကမ္ဘာတွင်ရှိစဉ်မှစ၍ လက်ရှိ ပန်ကုစကြာဝဠာအထိဖြစ်သည်။ အတိုချုပ်ပြောရလျှင် ၀ူရှန်းနှင့် ရီမိသားစုတို့၏ ဘိုးဘေးများသည် ကံကြမ္မာကိုမျှဝေထားကြ၏။ ရီဖန်သည် ၀ူရှန်းဘိုးဘေး၏သစ္စာရှိမှုကို စစ်ဆေးကြည့်ရာ ကိုးဆယ်ပြည့်သွားပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုသို့သောသစ္စာစောင့်သိမှုသည် တိုကင်များကိုအသုံးပြုရသော ရီမိသားစုနောက်လိုက်များနှင့်မတူပေ။ ၎င်းက ၀ူရှန်းဘိုးဘေးသည် ရီမိသားစုတွင် အမှန်တကယ်ပါဝင်လိုကြောင်းပြသနေသည်။ ၀ူရှန်းဘိုးဘေးသည် ၎င်းတို့နှင့်လက်တွဲနိုင်သော သူတစ်ယောက်ဖြစ်၏။ သေချာသည်မှာ အနာဂတ်တွင် တိုကင်တစ်ခုရရှိပါက ၀ူရှန်းဘိုးဘေးအတွက် ၎င်းကိုအသုံးပြုရန် ထိုက်တန်လိမ့်မည်။
ရီဖန်သည် စနစ်မှအသိအမှတ်ပြုခံရသူများကိုသာ မိမိလူအဖြစ် သတ်မှတ်သည်။ ထို့အပြင် ၀ူရှန်းဘိုးဘေးသည် အရည်အချင်းရှိသူဖြစ်သောကြောင့် တိုကင်ကိုအသုံးပြုပါက ရီမိသားစု၏ မိသားစုစွမ်းအားဆုများကို ခံစားနိုင်ကာ အနာဂတ်တွင် ပိုမိုတိုးတက်နိုင်မည်ဖြစ်သည်။
သူ့လက်ရှိအင်အားက အလွန်ကောင်းသော်လည်း သူ့ကိုယ်ပိုင်အရည်အချင်းများကိုသာ အားကိုးပါက အနာဂတ်တွင် ရီမိသားစု၏အရှိန်ကို လိုက်နိုင်မည်ဖြစ်သည်။ ထိုအခွင့်အလမ်းများအပြင် ရီဖန်သည် ၀ူရှန်းဘိုးဘေးပြောပြသော နတ်ဆိုးနတ်ဘုရားလျှို့ဝှက်ချက်များကိုလည်း စိတ်ဝင်စားခဲ့သည်။
ဤအချိန်တွင် ရီဖန်သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက နတ်ဆိုးနတ်ဘုရား၏ဂိုဏ်းကို အဘယ်ကြောင့်တိုက်ခိုက်ခဲ့ကြောင်း နားလည်လာသည်။
ရီမိသားစုမှ လက်နက်သန့်စင်သူများကို တောင်းဆိုခြင်းက နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို သန့်စင်ရန်အတွက်ဖြစ်နိုင်သည်။ ၎င်းကိုသန့်စင်ရန် နည်းလမ်းကိုလည်း ၀ူရှန်းဘိုးဘေးက ရီဖန်ထံသို့ လွှဲပြောင်းပေးခဲ့သည်။
ရီဖန်သည် ယခုအချိန်တွင် ထိပ်တန်း နတ်လက်နက်တစ်ခုကို အခက်အခဲမရှိ အလွယ်တကူ သန့်စင်နိုင်သည်။ ထို့အပြင် ရီဖန်အပြင်၊ ရီကျင်းလုံ၏ လက်နက်သန့်စင်ရေးနည်းပညာအဆင့်သည်လည်း ထိပ်တန်း သူတော်စင်အဆင့်အထိ ရောက်ရှိသွားပြီဖြစ်သည််။ ပစ္စည်းအလုံအလောက်ရှိသ၍ ၎င်းကို အချိန်မရွေး သန့်စင်နိုင်ပါသည်။
ယခုတွင် ၀ူရှန်းဘိုးဘေးကို သူ့လူတစ်ဦးအဖြစ် ယူဆထားသောကြောင့် ရီဖန်သည် သူ့လူများကိုထိခိုက်စေမည်မဟုတ်ပေ။
"၀ူရှန်းဘိုးဘေး နတ်ဆိုးနတ်ဘုရားသွေးမျိုးဆက် ပိုင်ဆိုင်သူက ဟုန်မိန်ခရမ်းရောင်ချီသုံးနိုင်သလား"
ရီဖန်က သူအမြဲတမ်းစိတ်ရှုပ်နေခဲ့ရသော မေးခွန်းတစ်ခုမေးလာ၏။
…………..