အခန်း ၄၀၃-၄၀၅
Vol. 27 Ch. 403-405
အခန်း ၄၀၃ - မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ခွန်နစ်
ရီဖန်၏မေးခွန်းက ၀ူရှန်းဘိုးဘေးကို အံ့ဩသွားစေသည်။ ထိုမေးခွန်းကို နတ်ဆိုးနတ်ဘုရားက တစ်ခါမှမစမ်းသပ်ဖူးချေ။ နတ်ဆိုးနတ်ဘုရားနှလုံးသား ရှိခြင်းသည် သူတော်စင်နယ်မြေသို့ဝင်ရောက်ရန် စွမ်းရည်ရှိခြင်းကိုဆိုလိုသည်၊ ထို့ကြောင့် ၎င်းက ဟုန်မိန်ခရမ်းရောင်ချီကိုရယူရန် ကြိုးစားနေဦးမည်လား။ နတ်ဆိုးနတ်ဘုရားနှင့် ဟုန်မိန်ခရမ်းရောင်ချီတို့သည် ယခင်က ဆက်စပ်မှု မရှိခဲ့ပုံရသည်။
နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို ရရှိရုံဖြင့် သူတော်စင်နယ်မြေအတွင်းတွင် စွမ်းအားအကြီးဆုံးဟု မဆိုနိုင်ချေ။ နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို ဟုန်မိန်ခရမ်းရောင်ချီနှင့်ပေါင်းစပ်လိုက်ပါက မည်မျှအားကောင်းမည်နည်း။ ၀ူရှန်းဘိုးဘေး၏ စိတ်ထဲတွင် ထိုအတွေးပေါ်လာပြီးနောက် ချက်ချင်းဖယ်ရှားလိုက်၏။
နတ်ဆိုးနတ်ဘုရားသည် ဟုန်မိန်ခရမ်းရောင်ချီဖြင့် သူတော်စင်ဘ၀ကိုရနိုင်လျှင်ပင်
၎င်းကအလွန်အဖိုးတန်သောကြောင့် ရီဖန်က ရီမိသားစုထဲသို့ ဝင်ခါစသူကို ပေးပါ့မလား။ ထိုသို့စဉ်းစားရင်း သူ့ကိုယ်သူလှောင်ရယ်လိုက်သည်။ သိူ့သော် နောက်အခိုက်အတန့်မှာတော့ ရီဖန်၏လက်ထဲ၌ ဟုန်မင်ခရမ်းရောင်ချီပေါ်လာသည်ကို တွေ့လိုက်ရသည်။
"မင်းစမ်းကြည့်လို့ရတယ်"
ရီဖန်အတွက် ဟုန်မိန်ခရမ်းရောင်ချီသည် ဘာမှမဟုတ်ပေ။ စမ်းသပ်မှုတစ်ခုအတွက် တစ်မျှင်သုံးလိုက်ရခြင်းက သူ့အတွက် ကိစ္စကြီးမဟုတ်။
"ငါတကယ် စမ်းကြည့်လို့ရတာလား”
၀ူရှန်းဘိုးဘေး၏အသံက အနည်းငယ်တုန်နေသည်။ ထိုသူက သူ့ကို ဟုန်မိန်ခရမ်းရောင်ချီကဲ့သို့ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကို ပေးလိုက်သလား။
ထိုအချိန်တွင် ရီမိသားစုသည် ဟုန်မိန်ခရမ်းရောင်ချီကို ပိုင်ဆိုင်ထားသည်ဟူသော ကောလာဟလများထွက်ပေါ်ခဲ့သည်ကို မှတ်မိသွား၏။
အစောပိုင်းတွင် ၀ူရှန်းဘိုးဘေးသည် ၎င်းကအဓိပ္ပာယ်မရှိဟု ထင်ခဲ့သော်လည်း ယခုတွင် သူထင်သလိုမဟုတ်ပေ။ ရီမိသားစုတွင် ဟုန်မိန်ခရမ်းရောင်ချီသည် တစ်မျှင်မျှသာမဟုတ်နိုင်ရာ။
သို့မဟုတ်ပါက ရီဖန်သည် ၎င်းကို သူ့ထံသို့ ရက်ရက်ရောရောပေးလာမည်မဟုတ်ချေ။ ရီမိသားစုတွင် ဟုန်မိန်ခရမ်းရောင်ချီ ကြိုးတစ်ချောင်းသာရှိလျှင် ရီဖန်သည် ဤမျှရက်ရောမည်မဟုတ်သည်မှာ သေချာပါ၏။
သူမသိသောအရာမှာ ရီဖန်သည် ရီမိသားစု၏သူတော်စင်တစ်ပိုင်းတိုင်းတွင် ဟုန်မိန် ခရမ်းရောင်ချီတစ်မျှင်စီ ရှိသင့်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်ကိုပင်။ ထို့ကြောင့် ယခုလေးတင် ပါဝင်ခဲ့သည့် ၀ူရှန်းဘိုးဘေးကိုမပေးဘူးလျှင် မတရားရာကျမည်မဟုတ်လား။ ရီဖန်သည် တရားမျှတမှုနှင့်ပတ်သက်၍ အလွန်အလေးထားသည်။
၀ူရှန်းဘိုးဘေးသည် ငိုချင်သလိုခံစားလိုက်ရသည်။ ၎င်းကို သူစောစောကသိခဲ့လျှင် ရီဖန် သူ့ကို ရီမိသားစုအတွင်းဝင်ရောက်ရန် ဖိတ်ခေါ်စဉ်က အဘယ်ကြောင့် တုံ့ဆိုင်းနေမည်နည်း။ အကယ်၍ သူသာ ရီမိသားစုတွင်ပါဝင်ခဲ့မည်ဆိုပါက ဤမျှသောအခက်အခဲများစွာကို ဖြတ်သန်းခဲ့ရမည်မဟုတ်ပေ။ နတ်ဆိုးနတ်ဘုရား၏နှလုံးသားရှိလျှင်ပင် နတ်ဆိုးနတ်ဘုရားဖြစ်လာရန် မလွယ်ကူဘဲ စမ်းသပ်မှုများစွာကို ဖြတ်သန်းရန်လိုအပ်သည်။
"ကျေးဇူးတင်ပါတယ် မိသားစုအကြီးအကဲ”
၀ူရှန်းဘိုးဘေးက သူ့ကိုထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုသည်။ ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းပြကာ သူစိတ်မ၀င်စားကြောင်း ဖော်ပြသည်။ ဤသည်မှာ ရီမိသားစု၏ဆက်ဆံရေးတစ်ခုသာဖြစ်သည်။ ၀ူရှန်းဘိုးဘေး၊ ဗောဓိဘိုးဘေး၊ ဓားတစ်သောင်း၊ ရင်ကျန်းနှင့် ရီဖန်အပါအဝင် ရီမိသားစုရှိ သူတော်စင်တစ်ပိုင်းအရေအတွက်သည် မထင်မှတ်ဘဲ ငါးဦးအထိ ရောက်ရှိလာခဲ့၏။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ကျရှုံးသွားသော သူတော်စင်များတစ်ပိုင်းများအတွက်မူ ရီဖန်၏တွက်ချက်မှုတွင် ၎င်းတို့မပါဝင်ပေ။ ပန်ကုစကြာဝဠာသို့မဝင်နိုင်သူများကို စစ်မှန်သော သူတော်စင်တစ်ပိုင်းများဟု မယူဆနိုင်ချေ။
လက်ရှိအင်အားဖြင့် ၎င်းတို့သည် ပန်ကုစကြာဝဠာရှိ ထိပ်တန်းမိသားစုနေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီနေလောက်ပြီ မဟုတ်လား။ ယခုတွင် သူတို့လစ်လပ်နေသည့် တစ်ခုတည်းသောအရာမှာ စစ်မှန်သော သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်သည်။ စစ်မှန်သောသူတော်စင်နယ်မြေစွမ်းအားရှင်မိသားစုများ၌ ရီဖန်သတိထားရမည့် ဝှက်ဖဲများရှိတတ်သည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်၊ ကျုံးဖန်မြို့။ ကျုံးဖန်မြို့အပြင်ဘက်ရှိ ရီမိသားစုဌာနခွဲတွင် အခြားသောအင်အားစုများကို ချေမှုန်းနိုင်သည့် အင်အားတစ်ခုအထိ ရှိနေပြီဖြစ်သည်။
ယခု ကျုံးဖန်မြို့ရှိ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ရှိသည့် အင်အားစုများကို ရီမိသားစုရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးရန်အချိန်ကျရောက်နေပြီဖြစ်သည်။ ရီမိသားစုနယ်မြေအပြင်ဘက်တွင် ရီဖန်သည် ကမ္ပည်းပြားကို ချိတ်ဆွဲလိုက်သည်။ ကမ္ပည်းပြားပေါ်တွင် ရီဖန်ကိုယ်တိုင်ရေးသားထားသော “ရီမိသားစု”ဟူသည့် စာလုံးများပါရှိသည်။
ရီမိသားစု၏ကမ္ပည်းပြားကို ချိတ်ဆွဲလိုက်သောအခါ အင်အားစုများက အနည်းငယ်အံသြသွားသည်။ ထိုနေရာကို ဝမ်လျို့သူတော်စင်တစ်ပိုင်းက သိမ်းပိုက်ခဲ့သည် မဟုတ်လား။ ရီမိသားစုက ရုတ်ချည်းပေါ်လာသည်မှာ အဘယ်ကြောင့်နည်း။ ထိုအခိုက်အတန့်တွင် လူတော်တော်များများ သဘောပေါက်သွားသည်။
အစပိုင်းတွင် ဝမ်လျို့သူတော်စင်တစ်ပိုင်း၏အဖွဲ့သည် ချန်ရှန်းသူတော်စင်တစ်ပိုင်း၏အဖွဲ့ကို ရုတ်တရက် ချေမှုန်းလိုက်စဉ်က ထိုလွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားသည် အင်အားစုကြီးများကို အံ့ဩသွားစေသည်။
ယခုကြည့်လျှင် ဝမ်လျို့တို့အဖွဲ့က အင်အားကြီးမားသည်မဟုတ်ဘဲ ရီမိသားစု၏ ကြောက်မက်ဖွယ်အင်အားကြောင့်ဖြစ်ပုံရသည်။
ဤနှစ်များတွင် ရီမိသားစုမှလူများကို
ကျုံးဖန်မြို့သို့ အဆက်မပြတ်စေလွှတ်နေခဲ့သည်။
လျှို့ဝှက်စွာလုပ်ဆောင်ခဲ့သော်လည်း မည်သည့်အချက်အလက်မှမပေါက်ကြားခဲ့ပေ။ ယခုတွင် ပဟေဠိအားလုံးကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။
ကျုံးဖန်မြို့အပြင်ဘက်တွင် အင်အားစုအသစ်တစ်ခု ထွက်ပေါ်လာပုံရသည်။ ယခုအချိန်တွင် ရီမိသားစုကို ကျုံးဖန်မြို့ထဲသို့ မဝင်စေချင်လျှင်ပင် အလွန်နောက်ကျသွားပြီဖြစ်သည်။ လက်ရှိတွင် ရီမိသားစုသည် ကျုံးဖန်မြို့တော်၌ အမြစ်တွယ်နေခဲ့ပြီးဖြစ်၏။ ရီမိသားစုသည် ကျုံးဖန်မြို့၏ ဒေသခံဖြစ်လာရန် နှစ်ထောင်အနည်းငယ်မျှသာ အချိန်ကြာခဲ့သည်။
ရီမိသားစု တည်ထောင်ခြင်းသည် ကမ္ပည်းပြားတစ်ခုမျှသာ မဟုတ်ပေ။ ရီကျင်းထျန်၏ အရွက်တစ်ထောင်ဆေးခန်းမှ ထိပ်တန်းနတ်လက်နက်များရောင်းချရန်လည်း ထားရှိခဲ့ကြသည်။ ထို့အပြင် ရီဖန်ပြင်ဆင်ထားသော ထိပ်ဆုံးအဆင့် နတ်လက်နက်နှစ်ခုလည်း ရှိသည်။ ယခုတွင် ရီမိသားစု၏စွမ်းအားသည် ၎င်းတို့ကိုကာကွယ်ရန် လုံလောက်ပြီဖြစ်သောကြောင့် ရီဖန်သည် ၎င်းတို့ကိုလည်းထုတ်ယူလာခဲ့သည်။
အခြားအင်အားစုများက ၎င်းတို့ကိုမက်မောလာလျှင် ရီမိသားစုက ပြန်တိုက်ခိုက်လိမ့်မည်။ ရီမိသားစု ကျင့်ကြံသူများ၏ လက်နက်သန့်စင်ခြင်းစွမ်းရည်ဖြင့် ၎င်းနတ်လက်နက်များသည်လည်း အရည်အသွေးညံ့မည်မဟုတ်ချေ။ ၎င်းတို့သည် ထိပ်တန်းအဆင့်သို့မဟုတ် ထိပ်ဆုံးအဆင့် နတ်လက်နက်များအားလုံးကို ၎င်းတို့၏ သက်ဆိုင်ရာအဆင့်များတွင် အရည်အသွေးမြင့်သည်ဟုဆိုနိုင်သည်။
ထိုကဲ့သို့သော နတ်လက်နက်များသည် အဓိကအင်အားစုများကြားတွင် အလျင်အမြန် အပြိုင်အဆိုင်ဖြစ်လာခဲ့သည်။ တူညီသည့်စျေးနှင့် ပိုကောင်းသည့်လက်နက်ကို ဝယ်နိုင်လေ ပိုအဆင်ပြေလေပင်။ ၎င်းတို့သည် ရီမိသားစုကို ငြင်းပယ်နိုင်သော်လည်း အကျိုးခံစားခွင့်များကိုတော့ ငြင်းပယ်နိုင်မည်မဟုတ်။
ဤအခြေအနေသည် အခြားသော လက်နက်သန့်စင်သူအင်အားစုများအတွက် ကြီးမားသောဖိအားဖြစ်စေသည်။ ရီမိသားစုရုတ်တရက်ပေါ်လာပြီး ၎င်းတို့၏လုပ်ငန်းများစွာကို လုယူသွားခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေသည်။
………..
အခန်း ၄၀၄ - မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ခွန်နစ်
၎င်းတို့၌အခွင့်အရေးရှိလျှင် ရီမိသားစုကိုတိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော် ရီမိသားစု၏နောက်ခံကို အပြည့်အဝနားမလည်ဘဲ မည်သူကမျှ လှုပ်ရှားဝံ့ဦးမည်မဟုတ်။ ရီမိသားစု၏ ဇစ်မြစ်နှင့်အင်အားက အင်အားစုကြီးများအတွက် လျှို့ဝှက်ဆန်းကြယ်နေသေးသည်။ ၎င်းကို အပြည့်အ၀ဖော်ထုတ်ရန်အတွက် အချိန်တော်တော်ယူရဦးမည်ဖြစ်သည်။ ယခုအချိန်အထိတော့ ရီမိသားစုသည် ချောမွေ့စွာ ဆက်လက်တိုးတက်နေနိုင်သည်။
"ဂုဏ်ယူပါတယ် သခင်၊ ရေရှည်တာဝန်ဖြစ်တဲ့ မိသားစုတိုးတက်လာခြင်း အဆင့်ဆယ့်ခွန်နစ်၊ ပန်ကုကိုကျော်လွန်ခြင်းကို ပြီးမြောက်သွားတဲ့အတွက် ဆုထုတ်ယူနိုင်ပါပြီ"
ရီဖန်သည် ရီမိသားစုကိုကိုယ်စားပြုလျက် ပန်ကုစကြာဝဠာကိုကျော်လွန်ကာ အမှန်တကယ်တက်လှမ်းသွားကြောင်း အတည်ပြုလိုက်ပြီးဖြစ်သည်။ ဤအခြေအနေက ရီဖန်ကို အနည်းငယ် ကူကယ်ရာမဲ့သွားစေ၏။ စနစ်တာဝန်ကိုပြီးမြောက်စေရန်အတွက် သူ့ကို ကျယ်ကျယ်ပြန့်ပြန့်သိလာရန် လိုအပ်နေသည်။
သူမည်မျှပင် အကူအညီမဲ့နေပါစေ သူ့ထံတွင် ရွေးချယ်စရာမရှိချေ။ သူ၏လက်ရှိစွမ်းအားကြောင့်သာမဟုတ်ပါက ရီဖန်သည် ရီမိသားစုရောက်ရှိလာကြောင်းကို ကြေညာဝံ့မည်မဟုတ်ပေ။
“စနစ် ဆုထုတ်လိုက်တော့”
"ဂုဏ်ယူပါတယ် သခင်၊ ဟုန်မိန်ခရမ်းရောင်ချီ ဆယ်မျှင်၊ မိသားစုသော့ချက်ဖြစ်တဲ့ သူတော်စင်အဆင့်စွမ်းရည်နဲ့ မဟာသူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းတစ်ရာ၊ ယုံကြည်သက်ဝင်မှုတိုကင်ငါးခု ရရှိပါတယ်”
ဤတာဝန်ဆုလာဘ်က အလွန်များပြားသောကြောင့် ရီဖန်ကို အနည်းငယ်အံ့အားသင့်စေခဲ့သည်။ သို့သော်လည်း နေရာရွေ့ပြောင်းခြင်းအတွက် ဆုလာဘ်များပေးသည့်အခါတိုင်းတွင်လည်း အမြဲတမ်းများပြားလေ့ရှိသည်။
မူလက ရီမိသားစု၏ ကျင့်ကြံမှုအရှိန်သည် အလွန်မြန်နေပြီဖြစ်သည်။ ယခု သူတော်စင်အဆင့်ကျွမ်းကျင်မှုဖြင့် ၎င်းကျင့်ကြံမှုအမြန်နှုန်းသည် ပိုမိုမြင့်မားလာမည်ဟု ခန့်မှန်းထားသည်။ မကြာမီတွင် ရီမိသားစုသည် ၎င်း၏ပထမဆုံးသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ကို ရရှိလိမ့်မည်ဟု သူယုံကြည်ထား၏။
မဟာသူတော်စင်အဆင့် နည်းလမ်းတစ်ရာ သော့ချက်သည်လည်း အလွန်အသုံးဝင်သည်။ ရီကျင်းဖန်နှင့် ရီကျင်းလုံတို့၏ အရည်အချင်းများဖြင့် သူတို့သည် သူတော်စင်အဆင့်၏ အထွတ်အထိပ်သို့ရောက်ရန် ကြာမြင့်မည်မဟုတ်ဟု သူယုံကြည်သည်။ အဆုံးတွင် ယုံကြည်သက်ဝင်မှုတိုကင်များပင် ရှိနေသည်မဟုတ်လား။ ရီဖန်လိုချင်သည့်အားလုံးပြီးပြည့်စုံသွားလေပြီ။ ထိုသို့သောအခြေအနေကို အလွန်ကောင်းမွန်လှ၏။ ဤတစ်လှိုင်းသည် လုံးဝပွဲတော်ကြီးတစ်ခုဖြစ်သည်။
ရီဖန်သည် ၀ူရှန်းဘိုးဘေးကို ဦးစွာခေါ်ဆိုပြီးနောက် ယုံကြည်သက်ဝင်မှုတိုကင်ကိုအသုံးပြုရန် ရွေးချယ်ခဲ့သည်။ ထို့နောက် မိသားစုသော့ချက်များကို ထည့်ရန် ရွေးချယ်ခဲ့သည်။ ၀ူရှန်းဘိုးဘေးသည် သူ၏စွမ်းရည်များအဆပေါင်းများစွာ များပြားလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။
၀ူရှန်းဘိုးဘေး၏ စွမ်းရည်သည် အလွန်မသန်မာလှချေ။ သို့မဟုတ်ပါက သူသည် တာအိုဘိုးဘေးအစောပိုင်းအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေမည်မဟုတ်။ ၎င်းသည် နောက်ပိုင်းမှရရှိသော နတ်ဆိုးနတ်ဘုရားနှလုံးသားကြောင့် မဟုတ်ပါက သူတော်စင်တစ်ပိုင်းဖြစ်ရန် အခွင့်အလမ်းမရှိပေ။
သူ၏စွမ်းရည်နှင့် ဉာဏ်အလင်းတိုးလာခြင်းကို ခံစားလိုက်ရသဖြင့် ၀ူရှန်းဘိုးဘေးသည် စိတ်လှုပ်ရှားကာ မျက်ရည်ကျလာသည်။ ဇွဲလုံ့လအားလုံးရင်းနှီးခဲ့ပြီး နောက်ဆုံးတွင် ထိုအဆင့်ကို ကျော်ဖြတ်နိုင်ပြီဖြစ်သည်။ သူ့ထံတွင် ထိုစွမ်းရည်များသာရှိပါက နတ်ဆိုးနတ်ဘုရားနှလုံးသားကိုပင် လိုအပ်နေမည်မဟုတ်ချေ။
နတ်ဆိုးနတ်ဘုရားနှလုံးသားသည် ပင်ကိုယ်စွမ်းရည်တစ်ခုသာမက မပျက်ပြယ်နိုင်သော ကျိန်စာတစ်ခုလည်းဖြစ်သည်။ သူတော်စင်တစ်ယောက်ဖြစ်လာလျှင်ပင် ထိုကျိန်စာကို ချိုးဖျက်နိုင်မည်မဟုတ်။ ထို့အပြင် ကျိန်စာ၏ မူလအစမှာ ပန်ကုစကြဝဠာကိုတည်ထောင်သူထံမှ ဆင်းသက်လာခြင်းဖြစ်သည်။
အကယ်၍ ထိုအချိန်ကာလကိုကျော်လွန်ပြီးသည်အထိ ကျိန်ခြင်းကိုမချိုးဖျက်နိုင်သေးပါက နောက်တစ်ကြိမ်နိုးထလာရန် စောင့်မျှော်ရင်း လူဝင်စားခြင်းသံသရာထဲသို့ ထပ်မံကျရောက်သွားမည်ဖြစ်သည်။ ယခုတွင် သူသည် ကျိန်စာကိုချိုးဖျက်ရန်နည်းလမ်းဖြစ်သည့် ရီမိသားစုတွင်ခိုလှုံရန်နည်းလမ်းကို ရှာတွေ့ခဲ့သည်။
“နောက်ကျရင် ငါနဲ့ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို လိုက်ခဲ့”
ယခုတွင်၀ူရှန်းဘိုးဘေးသည် လုံးဝသစ္စာရှိသွားသောကြောင့် သစ္စာဖောက်ရန် မဖြစ်နိုင်တော့ပေ။ ရီမိသားစု၏လျှို့ဝှက်ချက်ကို သူသိရမည့်အချိန်ရောက်လေပြီ။ ရီဖန်သည် နယ်ပယ်တစ်သောင်းဂိတ်တံခါးကိုဖြတ်၍ ၀ူရှန်းဘိုးဘေးကို ကျုံးဖန်မြို့ရှိ ရီမိသားစုထံ ခေါ်ဆောင်လာသည်။
"ကျင့်ကြံမှုအရှိန်ကို ခံစားရတယ်မလား”
ရီဖန်က ပြုံးလျက်ဆိုသည်။
၀ူရှန်းဘိုးဘေးသည် ရီဖန်၏စကားကိုတုံ့ပြန်ရန် အနည်းငယ်နှေးကွေးနေ၏။ သူသည်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်အကြောင်းသိသည်။ သို့သော် ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ကျင့်ကြံမှုအရှိန်အပေါ်တွင် အကျိုးသက်ရောက်မှုရှိပါသလား။ ထိုအကြောင်းကို သူတစ်ခါမှ မကြားဖူးပေ။
ရီဖန်က ၀ူရှန်းဘိုးဘေးထံ ပျက်ဆီးခြင်းအရည်ကို လွှဲပေးလိုက်ပြီး အရင်စမ်းကြည့်ရန် ပြောလိုက်သည်။ ထို့နောက်တွင် ၀ူရှန်းဘိုးဘေးသည် သူအလွန် ခေတ်နောက်ကျကျန်နေသကဲ့သို့ ခံစားခဲ့ရသည်။
ပင်ကိုပျက်ဆီးခြင်းနှင့်ပျက်ဆီးခြင်းအရည်တို့၏ ကျင့်ကြံမှုအပေါ်အကျိုးသက်ရောက်မှုသည် သူ့ယုံကြည်နိုင်သည်ထက် ကျော်လွန်နေသည်။
အကယ်၍ သူသည် ဤပတ်ဝန်းကျင်တွင် ဆက်လက်ကျင့်ကြံနေပါက ဟုန်မိန်ခရမ်းရောင်ချီမပါဘဲ သူတော်စင်တစ်ဦးဖြစ်လာရန် အခွင့်အလမ်းရှိလိမ့်မည်။
ထိုအချိန်တွင် ရီမိသားစုသည် အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ တိုးတက်လာရကြောင်းကို သူရုတ်တရက် သဘောပေါက်သွားသည်။ များစွာသောအခွင့်အလမ်းများနှင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ ကျင့်ကြံရေးအထောက်အပံ့များဖြင့် လျင်မြန်စွာမတိုးတက်ရန် ပိုခက်ခဲလိမ့်မည်။
ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ အခြေခံအချက်အလက်အချို့ကို ၀ူရှန်းဘိုးဘေးနှင့်မျှဝေခဲ့ကာ ကျန်အရာများကို သူကိုယ်တိုင် တဖြည်းဖြည်းခံစားနိုင်ရန် ချန်ထားပေးသည်။ ၀ူရှန်းဘိုးဘေးသည် သူ၏ကမ္ဘာ့အမြင် လုံးဝကွဲအက်သွားသလို ခံစားလိုက်ရ၏။
ဤကမ္ဘာပေါ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်။ သူကိုယ်တိုင်သည် ရေတွင်းထဲမှ ဖားတစ်ကောင်သာဖြစ်ကာ ရီမိသားစုတွင်မခိုလှုံခဲ့ပါက သူသည်လည်း ပန်ကုစကြဝဠာတွင် တစ်သက်လုံးပိတ်မိနေလိမ့်မည််။ ၀ူရှန်းဘိုးဘေးသည် မှန်ကန်သောဆုံးဖြတ်ချက်ကို ဆုံးဖြတ်ချက်ချနိုင်ခဲ့သည့်အတွက် ကံကောင်းသည်ဟုခံစားခဲ့ရပြန်သည်။
"နှစ်တစ်ထောင်တိုင်းမှာ ငါတို့ ရီမိသားစုရဲ့ သူတော်စင်တစ်ပိုင်းလေးယောက်က ရန်ဟွမ်နယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ အလှည့်ကျသွားရလိမ့်မယ်"
၀ူရှန်းဘိုးဘေးသည် ရီဖန်၏ဆုံးဖြတ်ချက်ကိုကန့်ကွက်ခြင်းမရှိပေ။ အကျိုးကျေးဇူးများစွာရရှိပြီးနောက် လုံလောက်သောတာဝန်များကို ထမ်းဆောင်သင့်သည်။
အရာရာသည် အကောင်းဘက်သို့ ဦးတည်နေ၏။
ပန်ကုစကြဝဠာ၏အစွန်းဘက်ရှိ အဆုံးမဲ့ပျက်ဆီးခြင်းကြယ်ဒေသတွင် ဧရာမရုပ်သွင်ကြီးတစ်ဖြည်းဖြည်းနိုးထလာသည်။
"ဟားဟား၊ ငါလော့ထောင် ဒီလိုအခွင့်အရေးရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
လော့ထောင်၏လက်ထဲတွင် အနက်ရောင်နှလုံးကဲ့သို့ တစ်စုံတစ်ခုက ဖြည်းဖြည်းချင်းခုန်နေသည်။ အကယ်၍ ၀ူရှန်းဘိုးဘေးသာရှိလျှင် ၎င်းက အခြားနတ်ဆိုးနတ်ဘုရား၏နှလုံးသားဖြစ်ကြောင်း မှတ်မိလိမ့်မည်။
လော့ထောင်သည်ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်း၏လက်တွင် ရှုံးနိမ့်ခဲ့ရသောကြောင့် တစ်ကိုယ်တည်းကျင့်ကြံရင်း ကုသနေခဲ့သည်။ ထို့နောက် သူသည် စကြဝဠာအစွန်းတွင်ပြန့်ကျဲနေသော နတ်ဆိုးနတ်ဘုရား၏နှလုံးသားဆီသို့ ရင်းနှီးကျွမ်းဝင်သောရောင်ဝါဖြင့် ဆွဲဆောင်ခံရသည်။
လော့ထောင်သည် လွန်ခဲ့သည့်နှစ်များအတွင်း သူ၏ဒဏ်ရာများကိုကုသရန် အလုပ်များနေခဲ့သောကြောင့် သူ၏ကျင့်ကြံမှုမှာ များစွာမတိုးတက်ခဲ့ဘဲ သူတော်စင်တစ်ပိုင်းအဆင့်တွင်သာ ကျန်ရှိနေခဲ့သည်။ သို့သော် ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားခဲ့ရပြီးနောက်လော့ထောင်သည် လက်စားချေရန်မစဉ်းစားဘဲ နေနိုင်မည်နည်း။
သူ့လက်ထဲရှိ နတ်ဆိုးနတ်ဘုရားနှလုံးသားကို ကြည့်လိုက်ပြီးနောက် လော့ထောင်သည် အံကြိတ်လျက် ရင်ဘတ်ကိုတိုက်ရိုက်ဖွင့်ထုတ်ကာ နတ်ဆိုးနတ်ဘုရားနှလုံးသားကို အထဲတွင် ထည့်ထားလိုက်သည်။ နောက်အခိုက်အတန့်တွင် လော့ထောင်သည် အဆုံးမရှိနာကျင်မှုကို ခံစားလိုက်ရသည်။ နတ်ဆိုးနတ်ဘုရား၏နှလုံးသားတစ်ခုတည်းတွင် ကြောက်မက်ဖွယ်စွမ်းအားပါရှိနေပြီဖြစ်ကာ ၎င်းသည်ရှေးနတ်ဆိုးနတ်ဘုရား၏ စွမ်းအားအရင်းအမြစ်ဖြစ်သည်။
ယခုတွင် နတ်ဆိုးနတ်ဘုရား၏နှလုံးသားနှစ်ခုသည် တစ်ကိုယ်တည်းတွင် ပေါင်းစည်းသွားသောကြောင့် မည်သို့မနာကျင်ဘဲနေမည်နည်း။ ခဏအကြာတွင် လော့ထောင်သည် နာကျင်မှုအနည်းငယ် သက်သာသွားသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် လော့ထောင်၏ ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာတိုးလာခဲ့၏။
နတ်ဆိုးနတ်ဘုရားနှလုံးသားသည် သာမန်ကျင့်ကြံသူများအတွက် သူတော်စင်နယ်မြေ၏သော့ချက်ဖြစ်သည်။ လော့ထောင်သည် လျှို့ဝှက်ချက်တစ်ခုကို ကြားသိခဲ့သည်။ နတ်ဆိုးနတ်ဘုရားတစ်ပါးက အခြားနတ်ဆိုးနတ်ဘုရား၏နှလုံးကို ဝါးမျိုနိုင်လျှင် ၎င်းသည် ပိုမိုအားကောင်းလာနိုင်သည်။ ၎င်းက လော့ထောင်သည် ၀ူရှန်းဘိုးဘေးကို ပစ်မှတ်ထားလိုသော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ထိုလျှို့ဝှက်ချက်ကိုလော့ထောင်က အတည်မပြုနိုင်ခဲ့ပေ။
ခေတ်တိုင်းတွင် နတ်ဆိုးနတ်ဘုရားတစ်ပါးတည်းသာ ရှိတတ်သည်။ လော့ထောင်ကြိုးစားချင်လိုလျှင်ပင် သူ့ထံ၌ အခွင့်အရေးမရခဲ့ချေ။ ဤတစ်ကြိမ် ကြီးမြတ်သောခေတ်သည် မယုံနိုင်လောက်အောင် ဖရိုဖရဲဖြစ်ခဲ့သောကြောင့် ယခင်စည်းမျဉ်းများကို လုံးဝဂရုမစိုက်ဘဲ လော့ထောင်ကို မျှော်လင့်ချက်ပြန်ပေးခဲ့သည်။ သူတော်စင်နယ်မြေ စွမ်းအားရှင်ဖြစ်ခြင်းသည် လော့ထောင်အတွက် မလုံလောက်တော့ပေ။
ဆယ်နှစ်ကြာပြီးနောက်တွင် နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို လုံးဝစုပ်ယူခဲ့ပြီးဖြစ်သည်။ လော့ထောင်၏ကျင့်ကြံမှုသည် ယခင်ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထက် မနိမ့်ကျဘဲ သူတော်စင်တစ်ပိုင်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ နတ်ဆိုးတစ်ကောင်၏နှလုံးသားကို ဝါးမြိုခြင်းက သူ၏ ကျင့်ကြံမှုကို အလွန်တိုးတက်စေရာ သူနောက်ထပ် အနည်းငယ်ဝါးမြိုနိုင်လျှင် စစ်မှန်သော သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်လာမည် မဟုတ်လား။
သူတော်စင်နယ်မြေအဆင့်သို့ကျင့်ကြံပြီး ပန်ကုစကြာဝဠာရှိ သတ္တဝါအားလုံးကိုဝါးမျိုနိုင်ပါက သူတော်စင်နယ်မြေကိုကျော်လွန်ပြီး ပန်ကုစကြာဝဠာအထိ ကျော်ဖြတ်နိုင်မည့် အခွင့်အရေးရှိပါသလား။ ထိုအချက်သည် လော့ထောင်အတွက် အလွန်အရေးကြီးသည်။
၀ူရှန်းဘိုးဘေးသည်လည်း နတ်ဆိုးနတ်ဘုရား၏ကျိန်စာအကြောင်းကို သိထားပြီးဖြစ်လိမ့်မည််။ နတ်ဆိုးနတ်ဘုရားနှလုံးသားသည် အလွန်ရှားပါးသော်လည်း နတ်ဆိုးနတ်ဘုရားတစ်ပါးကိုတော့ အလွယ်တကူရရှာတွေ့နိုင်ပါသေးသည်။ ယင်ယန်ဂိုဏ်းကို စတင်တည်ထောင်ခဲ့သည့် အဖြစ်အပျက်ကိုလော့ထောင် အမြဲတမ်း အမှတ်ရနေသည်။
‘၀မ်ရှန်းဂိုဏ်း၊ ယင်ယန်ဂိုဏ်း၊ ငါလက်စားချေလာတော့မှာ၊ အဆင်သင့်ဖြစ်ကြပြီလား’
‘ထန်ဘုရင်၊ မင်းတို့အားလုံး သေသွားသင့်တယ်’
လော့ထောင်ထံမှ အဆုံးမဲ့ လူသတ်လိုသောရောင်ဝါတစ်ခု ထွက်ပေါ်လာသည်
နောက်အခိုက်အတန့်တွင် လော့ထောင်သည် ထိုနေရာမှ ပျောက်ကွယ်သွား၏။ သူသည် သူ၏ကျင့်ကြံမှုကို တစ်ဖန်ပြန်လည်တိုးပွားလာစေရန်အတွက် ၀ူရှန်းဘိုးဘေးကို ဝါးမြိုချင်ခဲ့သည်။ ထို့နောက် သူသည်ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းကို လက်စားချေရန် ၀မ်ရှန်းဂိုဏ်းသို့ သွားရောက်လိမ့်မည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ၀ူရှန်းဘိုးဘေးသည် ခြိမ်းခြောက်မှုကို ခံစားလိုက်ရကာ ရုတ်တရက် အေးစက်စွာ ခံစားလိုက်ရသည်။ သို့သော် သူသည် ထိုအကြံကို အမြန်ပယ်ချလိုက်၏။ နောက်ဆုံးတွင် သူသည် ယခင်ကဲ့သို့ ခိုကိုးရာမဲ့နတ်ဆိုးနတ်ဘုရား မဟုတ်တော့ဘဲ ရီမိသားစု၏ ဧည့်သည်အကြီးအကဲဖြစ်သောကြောင့် သူ့ကို ဒုက္ခပေးဝံ့မည့်သူရှိလိမ့်မည်မဟုတ်ချေ။
……….
အခန်း ၄၀၅ - စိတ်ပျက်နေသော လော့ထောင်
လော့ထောင်သည် ဒဏ်ရာမှအပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီးနောက် သူ၏ကျင့်ကြံရေးအဆင့်ကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ သူ၏ကျင့်ကြံမှုကို စုစည်းပြီးနောက် ပထမဆုံးလုပ်ဆောင်သည့်အရာမှာ လက်စားချေရန်ဖြစ်သည်။ ကျယ်ပြောလှသော စကြဝဠာကြီးကိုဖြတ်သန်းလျက် လော့ထောင်သည် ရှေ့သို့ဆက်သွားခဲ့သည်။
သူ၏ အထွတ်အထိပ်သူတော်စင်တစ်ပိုင်းကျင့်ကြံမှုဖြင့် လော့ထောင်သည် ယခင်ကစုံစမ်းထားသည့် ယင်ယန်ဂိုဏ်း၏အခြေစိုက်စခန်းသို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။
"အားလုံးဘယ်မှာလဲ”
လော့ထောင်သည် ယင်ယန်ဂိုဏ်း၏ခြောက်ကပ်နေသော အခြေစိုက်စခန်းကိုကြည့်ရင်း သူ့မျက်နှာတွင် ရှုပ်ထွေးမှုများရှိနေသည်။ နေရာမှားနေသည်မဟုတ်မှန်း သေချာသော်လည်း အားလုံးကဘယ်ရောက်သွားသနည်း။
"ဝူရှန်း ဒီကိုထွက်လာခဲ့စမ်း”
မည်သူ့ကိုမှ ရှာမတွေ့သော လော့ထောင်သည် ယင်ယန်ဂိုဏ်း၏ အခြေစိုက်စခန်းအပေါ်တွင်သာ သူ့ဒေါသကိုပုံချနိုင်သည်။ ကံမကောင်းစွာဖြင့် သူ့ဒေါသကိုဖြေသိမ့်ရမ် ၀ူရှန်းဘိုးဘေးက မရောက်လာခဲ့ပေ။ ၀ူရှန်းဘိုးဘေးအပြင် အရိုးသူတော်စင်တစ်ပိုင်းကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။
ဝေးကွာသောစကြာဝဠာ၏ အခြားတစ်ဖက်တွင် အရိုးသူတော်စင်တစ်ပိုင်းသည် သူယင်ယန်အခြေစိုက်စခန်းချန်ထားခဲ့ရာနေရာမှ အခြေအနေများကို သတိထားမိသောကြောင့် လျင်မြန်စွာစစ်ဆေးခဲ့သည်။ ထို့နောက်တွင် လော့ထောင်သည် မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်နေကြောင်း မြင်လိုက်၏။ လော့ထောင်၏ ကြောက်မက်ဖွယ်ရောင်ဝါကြောင့် အရိုးသူတော်စင်တစ်ပိုင်းပင် တံတွေးမျိုမကျတော့ချေ။
၀ူရှန်းဘိုးဘေးက ၎င်းတို့၏လွတ်လပ်မှုကို ကြေငြာပြီးနောက် ယင်ယန်ဂိုဏ်းကို ခွဲထုတ်နိုင်ခဲ့ခြင်းမှာ ကံကောင်းသည်။ သို့သော် ယင်ယန်ဂိုဏ်း၏ရန်သူများက ၎င်းတို့ကိုလိုက်ဖမ်းမည်ကို သူကြောက်၏။ ယခုအချိန်တွင် သူတော်စင်တစ်ပိုင်းဖြစ်နေပြီဖြစ်သော်လည်း အခြားတစ်ပိုင်းသူတော်စင်များနှင့် ရင်ဆိုင်ရန် လုံးဝယုံကြည်မှုမရှိချေ။
ထို့အပြင် သူ၏မူလရည်မှန်းချက်မှာ သူတော်စင်တစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်ရန်သာဖြစ်သည်။ ယခု သူအောင်မြင်ပြီးသောအခါ ယင်ယန်ဂိုဏ်းသည် သူ့အတွက် တန်ဖိုးမရှိတော့ပေ။ သူအဘယ်ကြောင့်ဆုတ်ကိုင်ထားရဦးမည်နည်း။ ယခုတွင် လော့ထောင်ထိုနေရာသို့ရောက်ရှိနေခြင်းက သူ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်း သက်သေပြနေသည်။
အကယ်၍ သူသာ ယင်ယန်ဂိုဏ်း၏အခြေစိုက်စခန်းတွင် နေခဲ့မည်ဆိုလျှင် လော့ထောင်အတွက် သူ့ဒေါသကိုဖြေဖျောက်ရန် သဲအိတ်တစ်လုံး ဖြစ်နေလိမ့်မည်။
"ဟင့်အင်း ငါဒီမှာမနေသင့်ဘူး။ဝေးဝေးပြေးမှပဲ "
အရိုးသူတော်စင်တစ်ပိုင်းသည် မလုံခြုံသလိုခံစားရသောကြောင့် ပိုဝေးသောနေရာကိုရှာရန် စီစဉ်ခဲ့သည်။ ယင်ယန်ဂိုဏ်း၏အခြေစိုက်စခန်းတွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့်အတူ အင်အားစုများစွာသည်လည်း နိုးကြားလာခဲ့သည်။
ယင်ယန်ဂိုဏ်းကို တိုက်ခိုက်နေသူမှာ လော့ထောင်ဖြစ်သည်ကိုမြင်သောအခါ၊ ထိုအင်အားစုများမှ စေလွှတ်လိုက်သောသူလျှိုများသည် ချက်ချင်းဆုတ်ခွာရန် ရွေးချယ်ခဲ့သော်လည်း လော့ထောင်က တွေ့ရှိသွား၏။ အထွတ်အထိပ် သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးနတ်ဘုရားကိုရင်ဆိုင်ရလျှင် ထိုသူလျှိုများသည်လည်း ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
လော့ထောင်၏ အောင်မြင်မှုကို ခံစားသိရှိလိုက်သောအခါ အဓိကအင်အားစုများအားလုံးသည် ယခင်ကထက် ပို၍စိတ်အားထက်သန်လာသည်။ ၀မ်ရှန်းဂိုဏ်းသည် လော့ထောင်ကိုဆန့်ကျင်သည်ကို သေချာသိကြသော အဓိကအင်အားစုများအားလုံးသည် သူတို့ကြားရှိဒေါသကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။
ယခုလော့ထောင်သည် အောင်မြင်မှုတစ်ခုပြုလုပ်ပြီးသောကြောင့် နတ်ဆိုးနတ်ဘုရား၏စိတ်ဖြင့် ၎င်းက ၀မ်ရှန်းဂိုဏ်းကို အလွတ်ပေးမည်မဟုတ်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထို ခွေးအချင်းချင်းကိုက်ကြမည့် မြင်ကွင်းကြောင့် ၎င်းတို့အားလုံး ဝမ်းသာသွားကြသည်။ ၀မ်ရှန်းဂိုဏ်း နိမ့်ကျသွားပါက ဟုန်မိန်ခရမ်းရောင်ချီကိုရရှိနိုင်မည့် အခွင့်အလမ်းများ အလွန်များလာမည်မဟုတ်လား။
၎င်းတို့အားလုံးသည် လော့ထောင်နှင့် ၀မ်ရှန်းဂိုဏ်းအကြား ပြဿနာတက်စေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ ဝမ်ရှန်းဂိုဏ်းအပြင် ပျက်ဆီးခြင်းဂိုဏ်းနှင့် ရီမိသားစုကြားမှ ပြင်းထန်သောရန်ငြှိုးကိုလည်း ပြန်လည်အောက်မေ့သွားသည်။ အဆင့်ကျော်ဖြတ်သွားသော လော့ထောင်သည် ရီမိသားစုထံသို့ လိုက်သွားမလားဟုလည်း တွေးတောခဲ့ကြသည်။
လော့ထောင်သည် အင်အားစုအသီးသီးမှသူလျှိုများကို သတ်ပြီးသည်အထိ သူ၏ဒေါသမပျောက်သေးပေ။ သူသည် လေကိုထိုးနှက်နေသကဲ့သို့သာ ခံစားရ၏။
လော့ထောင်သည် တိုက်ပွဲများတွင် အလွန်ကျွမ်းကျင်သော်လည်း ကံမကောင်းစွာဖြင့် နတ်အနုပညာ အတွေ့အကြုံနည်းပါးသောကြောင့် ၀ူရှန်းဘိုးဘေး၏တည်နေရာကို ခြေရာခံနိုင်ခြင်း မရှိသေးပေ။
နတ်ဆိုးနတ်ဘုရားဖြစ်နေသောကြောင့် နတ်အနုပညာတွင်ကျွမ်းကျင်သည့် သူတော်စင်တစ်ပိုင်းရှိသော မည်သည့်အင်အားစုကမှ ကူညီပေးလိမ့်မည်မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ဦးကို သူ့အား ကိုးကွယ်ရန်အတင်းအကြပ် ခိုင်းစေပါက ၎င်းသည် အင်အားစုကြီးများအား ထိခိုက်စေမည်ကို ကြောက်ရွံ့နေကြသည်။ လော့ထောင်သည် မည်သည့်အင်အားစုကိုမဆို တိုက်ခိုက်နိုင်ပြီး ၎င်းတို့၏အင်အားစုများကိုလည်း တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ၎င်းတို့ကို မထိခိုက်သရွေ့ ထိုင်ကြည့်နေမည်သာဖြစ်သည်။
သို့သော် ၎င်းသည် ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပတ်သက်လာပါက ထိုအင်အားစုများသည်လည်း သေခြင်းတရားကို ထိုင်စောင့်နေကြမည်မဟုတ်ပေ။ လော့ထောင်၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်း အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း အင်အားစုကြီးများ၏ ပူးပေါင်းအင်အားကိုရင်ဆိုင်ရန် ယုံကြည်မှုမရှိချေ။
လော့ထောင်၏ကျင့်ကြံမှုအဆင့်သည် စစ်မှန်သော သူတော်စင်နယ်မြေသို့ မဖြတ်ကျော်သွားနိုင်သေးသရွေ့ အင်အားစုကြီးများ၏ ပူးပေါင်းအင်အားကိုတွန်းလှန်နိုင်မည့် စွမ်းရည်မျိုးရှိဦးမည် မဟုတ်ပေ။ သူတော်စင်နယ်မြေနှင့် သူတော်စင်တစ်ပိုင်းတို့၏တည်ရှိမှုသည် လုံးဝကွဲပြားသောအဆင့်တွင်ရှိသည်။
သို့သော် လော့ထောင်က လက်စားချေလိုလျှင် အင်အားစုကြီးများကလည်း သူ့ကိုတားမည်မဟုတ်။ ထိုအစား ၎င်းတို့ကပင် ပိုမြင်ချင်ကြသေးသည်။ ယခုအချိန်တွင် ယင်ယန်ဂိုဏ်းမရှိတော့သောကြောင့် သူ ၀မ်ရှန်းဂိုဏ်းကို ဒုက္ခပေးနိုင်သည်။ လော့ထောင်၏နှလုံးသားထဲတွင်
၀မ်ရှန်းဂိုဏ်းနှင့် ယင်ယန်ဂိုဏ်းတို့၏ ရပ်တည်ချက်များမှာ တူညီကြပြီး နှစ်ဦးစလုံးသည် သူချေမှုန်းရမည့် ရန်သူများဖြစ်သည်။
၀မ်ရှန်းဂိုဏ်းဘက်တွင် လော့ထောင်ပေါ်လာသည်နှင့် ချက်ချင်းသတိပြုမိလိုက်ကြသည်။ ထို့နောက် လော့ထောင်နှင့်ပတ်သက်သည့်သတင်းကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထံ ပေးပို့ခဲ့သည်။ လက်ရှိတွင် ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် လော့ထောင်ကို စိတ်မဝင်စားပေ။
နတ်ဘုရားချိုးဖျက်လှံတံမရှိပါက လော့ထောင်ကျဆုံးသွားလျှင်ပင် သူသည် နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို ထုတ်ယူနိုင်မည်မဟုတ်သောကြောင့် ၎င်းသည် လုံးဝအကျိုးရှိမည်မဟုတ်ပေ။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို အစိုးရိမ်စေဆုံးအရာမှာ ၀ူရှန်းဘိုးဘေးဖြစ်သည်။ ယင်ယန်ဂိုဏ်း၏အခြေစိုက်စခန်းအလွတ်ဖြစ်နေရာ ၀ူရှန်းဘိုးဘေးဘယ်ရောက်သွားသနည်း။
ပန်ကုစကြဝဠာတွင် နတ်ဆိုးနတ်ဘုရားနှစ်ပါးသာရှိကာ တစ်ပါးစီက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအတွက် အလွန်အရေးကြီးသည်။ ၎င်းသည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ရန် သော့ချက်နှင့်သက်ဆိုင်သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက လော့ထောင်ကိုတိုက်ခိုက်ပြီး သူ့ကိုဖမ်းရန် စဉ်းစားနေသည့်အချိန်တွင် ဧရာမပုဂ္ဂိုလ်တစ်ဦးက ဝမ်ရှန်းဂိုဏ်း၏နယ်မြေသို့ ဆင်းသက်လာပြီးဖြစ်သည်;
ဤနှစ်ထောင်ပေါင်းများစွာအတွင်း ဝမ်ရှန်းဂိုဏ်းတွင် သူတော်စင်တစ်ပိုင်းအဆင့်စွမ်းအားရှင်အချို့ ပြန်လည်ရှင်သန်လာခဲ့သည်။ ၎င်းတို့ထဲမှအများစုသည် အလယ်အလတ် သူတော်စင်တစ်ပိုင်းနှင့် နှောင်းပိုင်းသူတော်စင်တစ်ပိုင်းများဖြစ်သောကြောင့် ၀မ်ရှန်းဂိုဏ်း၏အင်အားသည် အဆက်မပြတ်ကြောက်စရာကောင်းလာသည်။
……..