← Chapters

အခန်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အခန်း ၄၀၆-၄၀၈

Vol. 28 Ch. 406-408

အခန်း ၄၀၆ - စိတ်ပျက်နေသော လော့ထောင်

လော့ထောင်ထွက်ပေါ်လာသောအခါ သူတော်စင်တစ်ပိုင်းအားလုံးက ၎င်းကိုဖိနှိပ်ရန် ကြိုးစားလာကြသည်။ ယခင်နှစ်က ရီမိသားစုလက်တွင်းသို့ ကျရောက်ခဲ့ပြီးနောက် ဝမ်ရှန်းဂိုဏ်း၏ဂုဏ်သိက္ခာ ကျဆင်းသွားပြီးဖြစ်သည်။ ယခုတွင် နတ်ဆိုးနတ်ဘုရားက ၎င်းတို့၏အိမ်တံခါးသို့ ရောက်ရှိလာပြီဖြစ်ရာ ဝမ်ရှန်းဂိုဏ်းက ပြတ်ပြတ်သားသားမနှိမ်နင်းနိုင်လျှင် ၎င်းတို့၏သိက္ခာကို အဖတ်ဆယ်နိုင်တော့မည် မဟုတ်ချေ။

နှောင်းပိုင်း သူတော်စင်တစ်ပိုင်းစွမ်းအားရှင်နှစ်ဦးလုံးက တစ်ပြိုင်နက်တည်း စတင်လှုပ်ရှားလိုက်ကြကာ ထိပ်တန်းအဆင့်နတ်လက်နက်နှစ်ခုဖြင့် လော့ထောင်ထံသို့ ချိန်ရွယ်တိုက်ခိုက်လိုက်သည်။ နတ်လက်နက်များက လော့ထောင်အပေါ်သို့ ကျရောက်လုဆဲဲဆဲဖြစ်သွားချိန်၌ သူတော်စင်တစ်ပိုင်းနှစ်ဦးလုံး၏မျက်နှာတွင် အောင်ပွဲခံအပြုံးများ ပေါ်လာ၏။ ယခုခေတ် နတ်ဆိုးနတ်ဆိုးက ၎င်းတို့ထင်ထားသလောက် ကြောက်စရာမကောင်းလှချေ။

ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ဤခေတ်တွင် ဆုံးရှုံးမှုများခံစားခဲ့ရသောကြောင့် ၎င်းတို့ဂိုဏ်းသည်လည်း ဂုဏ်သိက္ခာကျဆင်းလာသည်။ ကြည့်ရသည်မှာ ယခု၎င်းတို့နိုးထရန်အချိန်တန်ပြီဖြစ်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ၎င်းတို့၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ ထိခိုက်သံတစ်ခုထွက်ပေါ်လာပြီးနောက် လော့ထောင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အကာအကွယ်စွမ်းအားက ထိပ်တန်းနတ်လက်နက်နှစ်ခု၏ တိုက်ခိုက်မှုများကို ခုခံပေးထားနိုင်ခဲ့သည်။ နောက်အခိုက်အတန့်တွင် လော့ထောင်သည် နေရာမှပျောက်ကွယ်သွား၏။

နောက်ထပ်ပြန်ပေါ်လာသောအခါ ၎င်းသည် သူတော်စင်တစ်ပိုင်းနှစ်ယောက်၏နောက်ဘက်တွင် ရှိနေပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသား မတုံ့ပြန်နိုင်သေးမီ သန်မာသောလက်နှစ်ဖက်က ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့ပြီးဖြစ်၏။ နောက်အခိုက်အတန့်တွင် ခုန်လှုပ်နေဆဲဖြစ်သော ကြက်သွေးရောင်နှလုံးသားနှစ်ခုသည် လော့ထောင်၏ ရက်ရက်စက်စက် စုတ်ဖြဲခြင်းကိုခံလိုက်ရသည်။

"၀မ်ရှန်းဂိုဏ်းရဲ့ သူတော်စင်တစ်ပိုင်းတွေက ဘာမှထူးထူးခြားခြားမဟုတ်ဘူးဘဲ”

နှလုံးနှစ်ခုကြေမွသွားသည်နှင့်အတူ သူတော်စင်တစ်ပိုင်းနှစ်ဦး၏ စိတ်ဝိညာဉ်များလည်း ပြန့်ကြဲသွားသည်။ နောက်ဆုံးအကြိမ်က ၀မ်ရှန်းဂိုဏ်းမှ သူတော်စင်တစ်ပိုင်းနှစ်ဦး ကျဆုံးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတော်စင်တစ်ပိုင်းနှစ်ဦးလုံး တစ်ပြိုင်နက်တည်း ကျဆုံးသွားကြသည်။ ယခုကျဆုံးသွားသော သူတော်စင်တစ်ပိုင်းများက သူတော်စင်တစ်ပိုင်း နှောင်းပိုင်းအဆင့်မှ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်သည်။ ဤဆုံးရှုံးမှုက နောက်ဆုံးအကြိမ်ထက် ပိုပြင်းထန်၏။

လက်ရှိမြင်ကွင်းက ၀မ်ရှန်းဂိုဏ်းကို ထိတ်လန့်စေရုံသာမက အခြားအင်အားစုအသီးသီးမှ သူလျှိုများကိုပါ ထိတ်လန့်သွားစေကာ ၎င်းတို့၏ အမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေသည်။ လော့ထောင်က ရုတ်တရက် ဤမျှကြောက်မက်ဖွယ်ကောင်းသွားသည်မှာ အဘယ်ကြောင့်နည်း။ နှောင်းပိုင်းသူတော်စင်တစ်ပိုင်းနှစ်ပါးကို ချက်ချင်းသုတ်သင်နိုင်ခဲ့ခြင်းက အထွတ်အထိပ် သူတော်စင်တစ်ပိုင်းတစ်ဦး၏ စွမ်းအားနှင့်ညီမျှသည်။ ၎င်းတို့မသိသောအရာမှာ နတ်ဆိုးနတ်ဘုရား၏နှလုံးသားကို ဝါးမြိုပြီးနောက် လော့ထောင်သည် သူတော်စင်တစ်ပိုင်းနယ်မြေမှ တက်လှမ်းရန် ခြေတစ်လှမ်းသာလိုတော့ခြင်းကို ဖြစ်သည်။

၀မ်ရှန်းဂိုဏ်းအတွင်းတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လော့ထောင်၏စွမ်းအားပြောင်းလဲမှုကို ချက်ချင်းသိရှိလိုက်သည်။ သူတော်စင်တစ်ပိုင်းနှစ်ဦးကျဆုံးပြီးနောက် သူ၏အမူအရာမှာ ချက်ချင်းမှောင်မိုက်သွား၏။ လော့ထောင်၏ အင်အားက သူနှင့်ပင်ယှဉ်နိုင်သည်။ မူလက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လော့ထောင်နှင့်ရင်ဆိုင်ရခြင်းကြောင့် မည်သည့်ဖိအားမျှမခံစားရပေ။ ယခုတွင် ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းက ထိုကဲ့သို့ မတွေးဝံ့တော့ချေ။ ဤစွမ်းအားအဆင့်က မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလွန်းသည်။

လော့ထောင်က အခြားသူတော်စင်တစ်ပိုင်းများကို တိုက်ခိုက်ခါနီးတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက လော့ထောင်ကို တားဆီးရန်အတွက် သူရှေ့သို့ထွက်ပေါ်လာသည်။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းကိုတွေ့သောအခါ လော့ထောင်၏ရောင်ဝါမှာ ပို၍ပင်ပြင်းထန်လာ၏။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သူမည်သို့ဖြတ်သန်းခဲ့ရကြောင်းကို မေ့နိုင်လိမ့်မည်မဟုတ်။ နတ်ဘုရားချိုးဖျက်ခြင်းလှံတံက သူ့ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည့် ခံစားချက်ကို နောက်ထပ်မခံစားချင်ချေ။ ၎င်းက သေလုမတတ်နာကျင်စေခဲ့သည်။

“ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ဒီတစ်ခါတော့ မင်းနာရမယ့် အလှည့်ပဲ"

လော့ထောင်သည် နတ်ဆိုးနတ်ဘုရားကိုယ်ထည်အဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို ပစ်မှတ်ထားလိုက်သည်။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ပေါ့ပေါ့တန်တန်မနေဝံ့ဘဲ သူ့ကိုယ်သူကာကွယ်ရန်နှင့် လော့ထောင်ကို တိုက်ခိုက်ရန်အတွက် သူ၏နတ်လက်နက်ကို ထုတ်ယူလိုက်သည်။

အစပိုင်းတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက သူနှင့်လော့ထောင်သည် လက်ရည်တူပြိုင်ဘက်များဖြစ်သည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်ရင်ဆိုင်ရချိန်တွင် ထိုကဲ့သို့မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ လော့ထောင်၏အင်အားက သူ့ထက်သာလွန်နေ၏။

သူတော်စင်သူတော်စင်တစ်ပိုင်းနယ်မြေတွင် အထွတ်အထိပ်သူတော်စင်တစ်ပိုင်းက ကန့်သတ်ချက်မဟုတ်သေးဘဲ ၎င်းထက်ကျော်လွန်သည့် ထိပ်ဆုံးအဆင့်ရှိ သူတော်စင်တစ်ပိုင်းရှိနေသည်။ သူတော်စင်တစ်ပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ဟုန်မိန်ခရမ်းရောင်ချီကိုရရှိပြီးသည်နှင့် စစ်မှန်သောသူတော်စင်နယ်မြေသို့ အချိန်တိုအတွင်း ဖြတ်ကျော်နိုင်လိမ့်မည်။

လော့ထောင်၏အင်အားသည် သူတော်စင်တစ်ပိုင်းနယ်မြေမှ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာဝေးကွာကြောင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း သဘောပေါက်လိုက်သည်။ လော့ထောင်သည် သူ့ကြောင့် ဒဏ်ရာရရှိထားရာမှ ပြန်လည်ကောင်းမွန်လာချိန်အတွင်း အံ့ဩဖွယ်ရာတွေ့ကြုံမှုများ ရှိခဲ့လိမ့်မည်။ သို့မဟုတ်လျှင် သူ၏ကျင့်ကြံမှုအဆင့်က ထိုမျှသိသိသာသာ တိုးတက်လာမည်မဟုတ်ချေ။

တဖြည်းဖြည်းနှင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဒဏ်ရာအနည်းငယ်ရလာ၏။ ဤအခြေအနေတွင် ဒဏ်ရာများရရှိခြင်းက ကောင်းကင်နှလုံးသားသူတော်ကောင်းအတွက် သတင်းကောင်းမဟုတ်ပေ။ သူသည် ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်ဖြုန်းရမည်ဖြစ်ကာ ကျင့်ကြံမှုအဆင့်ကို တိုးတက်စေနိုင်ခြင်းမရှိဘဲ အခွင့်အရေးအချို့ကို လက်လွတ်ဆုံးရှုံးရလိမ့်မည်။

မဟာကမ္ဘာကြီး၏ ဤခေတ်အတွင်း၌ သူတော်စင်တစ်ပိုင်းတိုင်းက ဒဏ်ရာမရအောင် အစွမ်းကုန်သတိထားလေ့ရှိသည်။ အကြောင်းမှာ အခွင့်အရေးက မည်သည့်အချိန်တွင် ရောက်ရှိလာနိုင်မှန်းမသိသောကြောင့် ဒဏ်ရာရသွားစဉ်အချိန်နှင့်ကြုံလျှင် ခက်နိုင်သည်။

၎င်းတို့သည် ထိုကဲ့သို့သောအခွင့်အရေးများအတွက် ဤခေတ်ကို စောင့်မျှော်နေခဲ့ကြခြင်းဖြစ်ရာ ထိုအခွင့်အရေးကို လက်လွှတ်လိုက်ရပါက နောင်တရပြီး သေသွားလိမ့်မည်။

“ငါ ဆက်တိုက်နေလို့ မဖြစ်တော့ဘူး”

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက သူ လော့ထောင်နှင့် မယှဉ်နိုင်ကြောင်း သေချာနေပြီဖြစ်သည်။ သူအလွန်ဒေါသထွက်နေသော်လည်း ကျိုးကြောင်းဆီလျော်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သေး၏။

၎င်းဘက်တွင် အရေးနိမ့်နေခြင်းက ၀မ်ရှန်းဂိုဏ်းရှိ သူတော်စင်တစ်ပိုင်းများကို အလွန်မသက်မသာဖြစ်စေသည်။ ၎င်းတို့ဂိုဏ်းက နောက်ထပ်အထင်သေးခံရပြန်တော့မည်။ အကြိမ်ကြိမ်အရှက်ခွဲခံရခြင်းက ဝမ်ရှန်းဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပြီးဖြစ်သည် မဟုတ်လား။

ဤသို့သောအခြေအနေက ပန်ကုစကြာဝဠာတွင် နံပါတ်တစ်ဂိုဏ်းအဖြစ် အမြဲဂုဏ်ယူခဲ့သော ၀မ်ရှန်းဂိုဏ်းအတွက် အလွန်စိတ်ပျက်စရာကောင်းသည်။

ထိုအတောအတွင်း အခြားအင်အားစုများ၏ ဝမ်ရှန်းဂိုဏ်းအပေါ် အထင်ကြီးမှုနှင့် ကြောက်ရွံ့မှုတို့မှာလည်း ချက်ချင်းလျော့နည်းသွားသည်။ ၀မ်ရှန်းဂိုဏ်းက သူတို့ထင်ထားသလောက် ကြောက်စရာကောင်းပုံမပေါ်ပေ။

ထိုအခိုက်အတန့်တွင် အပြင်းအထန်ဖိအားပေးခံနေရသော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ရုတ်တရက်စွမ်းအားပေါက်ကွဲထွက်သွားပြီး တ်ိုက်ပွဲမြေပြင်မှထွက်သွားကာ လော့ထောင်ကို အဝေးမှ စိုက်ကြည့်နေသည်။

သူတော်စင်နယ်မြေစွမ်းအားရှင်များ ချန်ထားခဲ့သော နည်းစနစ်တိုင်းသည် အလွန်အဖိုးတန်ပြီး တစ်ခါသုံးပြီးသည်နှင့် ကုန်သွားမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုနည်းစနစ်များကို အသုံးမပြုပါက ၀မ်ရှန်းဂိုဏ်းသည် လုံးဝကျဆင်းသွားနိုင်ဖွယ်ရှိသည်။ ၀မ်ရှန်းဂိုဏ်း၏ဂုဏ်သိက္ခာနှင့် နှိုင်းယှဉ်ပါက ဝှက်ဖဲတစ်ချပ်ကို စွန့်လွှတ်နိုင်ပါသေးသည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ့လက်ကိုလှုပ်ရှားလိုက်ရာ အထဲမှ ရုပ်သေးနှင့်တူသည့် ပစ္စည်းတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင် မန္တာန်ရွတ်ဆိုဟန်ပြုလိုက်၏။ ရုပ်သေးသည် လေထဲတွင် ကြီးထွားလာပြီး သာမန်လူတစ်ယောက်အရွယ်အစားသို့ ချက်ချင်းပြောင်းလဲသွားသည်။

‘အမှန်တရား၏ မူလအစ၊ နက်နဲသော ယင်ယန်စွမ်းအား၊ လက်ယာချည်နှောင်ခြင်း အသိစိတ်ခုနစ်ပါး လက်ဝဲချည်နှောင်ခြင်း ဝိညာဉ်သုံးပါးနှင့် ကျွန်ုပ်၏နတ်ဘုရားသည် ဤအသွင်ဖြင့် ထာဝရတည်စေ’

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ရွတ်ဆိုသံနှင့်အတူ သာမန်လူဟုထင်ရသော ရုပ်သေးပေါ်ရှိ စည်းတံဆိပ်ပွင့်သွားပြီး စိတ်ဝိညာဉ်တစ်ခု ထိုးသွင်းလိုက်သကဲ့သို့ အသက်ဝင်လာသည်။

"နတ်ဘုရားရုပ်သေး နည်းစနစ်!"

လူတိုင်းက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ လှုပ်ရှားမှုများကို ချက်ချင်းမှတ်မိလိုက်ပြီး အံ့အားသင့်သွားသည်။ ရုပ်သေးနည်းစနစ်အကြောင်းကို ကျင့်ကြံမှုလောကတွင် လျှို့ဝှက်ထားခြင်းမရှိသော်လည်း၊ နတ်ဘုရားရုပ်သေးနည်းစနစ်ကတော့ မတူညီပေ။

သာမန်ရုပ်သေးတစ်ခုက တစ်ကြိမ်တစ်ခါသုံးစွဲပြီးနောက်တွင် ထပ်မံ၍စွမ်းအားရှိတော့မည်မဟုတ်။ သို့သော် နတ်ဘုရားရုပ်သေးနည်းစနစ်သည် ရုပ်သေးကို ဝိညာဉ်သုံးပါး၊ အသိစိတ်ခုနစ်ပါးတို့ဖြင့် ပေါင်းစည်းထားသည်။ ထို့ကြောင့် အချိန်နှင့် အရင်းအမြစ်များနှင့်အတူ နတ်ဘုရားရုပ်သေးသည် အဆုံးမရှိကြီးထွားလာ၏။

နောက်ဆုံးတွင် နတ်ဘုရားရုပ်သေးသူတော်စင်တစ်ပိုင်းအဖြစ် ကြီးထွားလာကာ ဟုန်မိန်ခရမ်းရောင်ချီနှင့်ပေါင်းစပ်ပြီးနောက် စစ်မှန်သောသူတော်စင်နယ်မြေစွမ်းအားရှင် ဖြစ်လာခဲ့သည်။ ထိုသူတော်စင်နယ်မြေရုပ်သေးကြောင့် ပန်ကုစကြာဝဠာတစ်ခွင်တွင် နတ်ဘုရားရုပ်သေးနည်းစနစ်၏ကျော်ကြားမှု ပျံ့နှံ့သွားခဲ့သည်။ သိူ့သော်လည်း ၎င်းနောက်တွင် နတ်ဘုရားရုပ်သေးနည်းစနစ် ပျောက်ကွယ်သွားခဲ့၏။

အံ့ဩစရာကောင်းသည်မှာ ၀မ်ရှန်းဂိုဏ်းတွင် နတ်ဘုရားရုပ်သေးနည်းစနစ်နှင့် ကျင့်ကြံထားသည့် ရုပ်သေးရုပ်တစ်ရုပ်ရှိနေခြင်းဖြစ်သည်။ ယခုအချိန်တွင် ၀မ်ရှန်းဂိုဏ်းကို မထီမဲ့မြင်ပြုခဲ့သူများပင်လျှင် ဤသူတော်စင်နယ်မြေ၏ နက်နဲသောစွမ်းအားကို အသိအမှတ်မပြုဘဲမနေနိုင်တော့ချေ။ ၎င်းတို့က ထိုကဲ့သို့သော ရတနာမျိုးကိုပင် ထုတ်သုံးနိုင်ကြသည်။

ရန်သူဖြစ်သည့် လော့ထောင်၏မျက်နှာသည်လည်း တဖြည်းဖြည်းပျက်ယွင်းလာသည်။ နတ်ဘုရားရုပ်သေး၏ ကြီးမားသောခြိမ်းခြောက်မှုကို သူခံစားခဲ့ရပါ၏။

"ငါဒီအခြေအနေတွေကို တကယ်သည်းမခံနိုင်တော့ဘူး!"

သူ၏ ယင်ယန်ဂိုဏ်းကို လက်စားချေခြင်းမှာ မအောင်မြင်ခဲ့ဘဲ ယခု၀မ်ရှန်းဂိုဏ်းကို လက်စားချေရာတွင်လည်း မအောင်မြင်ခဲ့ပေ။ လော့ထောင်သည် ဒေါသအလွန်ထွက်သောကြောင့် သေလုနီးပါးခံစားနေရသည်။

“သတ်စမ်း”

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားရုပ်သေး၏စွမ်းအားသည် ယခုအချိန်တွင် အပြည့်အဝထွက်ပေါ်လာပြီးဖြစ်သည်။

သူတော်စင်တစ်ပိုင်းရုပ်သေးက တစ်ချက်တည်း တိုက်ခိုက်လိုက်ရုံမျှနှင့် လော့ထောင်သည် သူ့၏နတ်ဆိုးနတ်ဘုရားကိုယ်ထည် အစိတ်စိတ်ကွဲထွက်လုနီးပါး ခံစားလိုက်ရ၏။ သူတော်စင်တစ်ပိုင်းနှင့် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းအကြား ကွာဟချက်မှာ အလွန်ထင်ရှားသည်။ အစောပိုင်းက လက်စားချေလိုစိတ်ပြင်းပြနေသော လော့ထောင်သည် ယခုအချိန်တွင် စိတ်ပြောင်းသွားပြီဖြစ်သည်။

သူဆက်လက်တိုက်ခိုက်နေ၍ မဖြစ်တော့ချေ။ သူတော်စင်နယ်မြေစွမ်းအားရှင်များကို ထုတ်လုပ်ပေးခဲ့သော ဤအင်အားစုများအားလုံးသည် သေချာပေါက်ရိုးရှင်းမည်မဟုတ်။ ၎င်းတို့ထံမှ ဝှက်ဖဲတစ်ချပ်တည်းက နတ်ဆိုးနတ်ဘုရားကို ကူကယ်ရာမဲ့စေနိုင်သည်။ နောက်ထပ် တိုက်ခိုက်မှုအနည်းငယ်ကို တားဆီးပြီးနောက် လော့ထောင်သည်းမခံနိုင်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။

"ပြန်လာခဲ့”

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လော့ထောင်နောက်သို့ မလိုက်တော့ဘဲ နောက်ထပ်မန္တန်တစ်ခုကို ရွတ်ဆိုဟန်ပြုသည်။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်း၏ လုပ်ရပ်ကြောင့် လူအုပ်သည် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

နတ်ဘုရားရုပ်သေးက လော့ထောင်ကို သတ်နိုင်မည်မှာ ထင်ရှားနေသည်မဟုတ်လား။ သို့ဖြစ်လျှင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက အဘယ်ကြောင့် ရပ်တန့်လိုက်ရသနည်း။ နတ်ဘုရားရုပ်သေးသည် ချို့ယွင်းချက်ရှိနေသောကြောင့်ဖြစ်နိုင်မလား။

၎င်းတို့ခန့်မှန်းထားသည့်အတိုင်း ၀မ်ရှန်းဂိုဏ်း၏ နတ်ဘုရားရုပ်သေးတွင် ကြီးမားသောချို့ယွင်းချက်တစ်ခုရှိနေသည်။ ရီမိသားစု၏ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကဲ့သို့ပင် ဝမ်ရှန်းဂိုဏ်း၏ နတ်ဘုရားရုပ်သေးသည် ဝမ်ရှန်းနယ်မြေထဲမှ မထွက်ခွာနိုင်ပေ။ ၀မ်ရှန်းဂိုဏ်း၏ကံကြမ္မာထံမှ အားဖြည့်မှုမရရှိသည့်အချိန်တွင် နတ်ဘုရားရုပ်သေးအဆင့်သည် လျင်မြန်စွာကျဆင်းသွားလိမ့်မည်။

……….

အခန်း ၄၀၇ - လော့ထောင်သေဆုံးခြင်း

နတ်ဘုရားရုပ်သေးသည် ၀မ်ရှန်းဂိုဏ်းအတွက် အလွန်အဖိုးတန်သည့် ဝှက်ဖဲတစ်ခုဖြစ်သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ၎င်း၏အဆင့်ကိုဆုံးရှုံးစေလိုခြင်းမရှိသောကြောင့် လော့ထောင်ပို၍ပို၍ဝေးကွာသွားသည်ကိုသာ စောင့်ကြည့်နေနိုင်သည်။

လော့ထောင်သည် ၀မ်ရှန်းနယ်မြေနှင့် အတော်အတန်အကွာအဝေးသို့ရောက်မှသာ ရပ်တန့်သွားသည်။ သူ၏ကိုယ်ခန္ဓာထိခိုက်မှုကို စစ်ဆေးကြည့်ပြီးနောက် လော့ထောင်သည် သူ့လည်ချောင်းထဲတွင် မမျိုချနိုင်သော အလုံးကြီးတစ်ခု တစ်နေသကဲ့ခံစားလိုက်ရ၏။

သူ့ဒဏ်ရာက မပြင်းထန်သော်လည်း အလုံးကြီးက ကျမသွားပေ။ ယင်ယန်ဂိုဏ်းက ပျောက်ကွယ်သွားပြီး ၀မ်ရှန်းဂိုဏ်းကိုလည်း လော့ထောင်အနိုင်မရခဲ့ချေ။ ထို့ကြောင့် လော့ထောင်၏ နှစ်ထောင်ပေါင်းများစွာ ချုပ်တည်းထားသော ဒေါသသည်လည်း ပေါက်ကွဲထွက်နိုင်ခြင်းမရှိဘဲဖြစ်နေသည်။ ကျင့်ကြံသူတစ်ဦးအတွက် ဤကဲ့သို့ ဒေါသများစုပုံနေခြင်းက ကျင့်ကြံရေးတွင် ၎င်းတို့၏တိုးတက်မှုကို ထိခိုက်စေသည်။

သူသည် ဒေါသဖြေဖျောက်ရန် တစ်စုံတစ်ယောက်ကို ရှာမှရမည်။ ယင်ယန်ဂိုဏ်းနှင့် ၀မ်ရှန်းဂိုဏ်းမှလွဲ၍ လော့ထောင်၏ တစ်ဦးတည်းသောရန်သူမှာ ရီမိသားစုဖြစ်သည်။ သူသည် နှစ်အတော်ကြာအောင် တစ်ကိုယ်တည်းကျင့်ကြံနေခဲ့သောကြောင့် ပန်ကုစကြာဝဠာသတင်းကို လိုက်မမီခဲ့ချေ။ ထို့ကြောင့် နှစ်များတစ်လျှောက် ရီမိသားစု၏သိသာထင်ရှားသော တိုးတက်မှုများကိုလည်း သူမသိခဲ့ပေ။

သူ၏ရန်သူဖြစ်သော ရီမိသားစုအကြောင်းတွေးမိပြီးနောက် လော့ထောင်ငြိမ်မနေနိုင်တော့ချေ။ ဤတစ်ကြိမ်တွင် သူ၏ဒေါသကိုဤအဖွဲ့အစည်းအပေါ်တွင် ပုံချရမည်။ ပထမနှစ်ခုကို ရွေးမရသည့်အဆုံး ရီမိသားစုသည် သူ၏တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။ ထို့နောက် လော့ထောင်သည် ရီမိသားစုနေထိုင်ရာ ရန်ဟွမ်နယ်မြေသို့ ချက်ချင်းသွားလိုက်သည်။

နေရာလွတ်ထဲတွင် အင်အားစုများစွာက လော့ထောင်၏ လုပ်ရပ်များကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ လော့ထောင်သွားနေသည့်နေရာကို သိရသောအခါ အားလုံးအံ့သဩသွားကြသည်။ လော့ထောင်က ရီမိသားစုကို ပြဿနာရှာရန် စီစဉ်နေသလား။

ရီမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်၊ ရီဖန်နှင့် အတိတ်က ပျက်ဆီးခြင်းဂိုဏ်းတို့ကြား ရန်ငြိုးရန်စကို ၎င်းတို့သိသည်။ သို့သော်လည်း ပျက်ဆီးခြင်းဂိုဏ်းသည် ရီမိသားစုကို နှစ်ပေါင်းများစွာဒုက္ခမပေးသောကြောင့် အားလုံးက ပြီးသွားပြီဟု ယုံကြည်ထားသည်။ မထင်မှတ်ဘဲ ပျက်ဆီးခြင်းဂိုဏ်းသည် ၎င်းတို့အားလုံးထဲမှ သတ္တိအရှိဆုံးသူဖြစ်နေသလား။ ရီမိသားစုပြသထားသော လက်ရှိအင်အားဖြင့် ရီမိသားစုကို ပြဿနာရှာနိုင်ခြင်းမှာ အလွန်သတ္တိရှိလွန်းသည်။

ထိုအချိန်တွင် ရီမိသားစုကိုမထီမဲ့မြင်ပြုသော ကျင့်ကြံသူများသည်ပင်လျှင် လော့ထောင်သည် ရီမိသားစုကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ဝမ်ရှန်းဂိုဏ်းပင်လျှင် ရီမိသားစုလက်၌ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ယခုတွင် ၀မ်ရှန်းဂိုဏ်းကိုပင် မဖြေရှင်းနိုင်သော လော့ထောင်သည် ရီမိသားစုကို ပြဿနာသွားရှာပါက သေကြောင်းကြံနေခြင်းသာဖြစ်လိမ့်မည်။

ထို့အပြင် ရီမိသားစုသည် နှစ်ထောင်ပေါင်းများစွာကြာအောင် မလှုပ်ရှားခဲ့ပေ။ ဤနှစ်များအတွင်း ၎င်းတို့၏အင်အားသည် လုံးဝမတိုးတက်ခဲ့ဟုဆိုပါက ၎င်းတို့သည်လည်း ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။

လော့ထောင်က ရီမိသားစုကိုနှောက်ယှက်ရန် ကြံစည်နေကြောင်း သိရသောအခါ အစောပိုင်းက အခြေအနေကိုဂရုမစိုက်သော အင်အားစုများပင်လျှင် ရုတ်တရက်စိတ်ဝင်စားလာကာ ရန်ဟွမ်နယ်မြေဘက်သို့ လိုက်သွားသည်။ ၎င်းတို့က လော့ထောင် ရီမိသားစုထံမှ မည်သို့သတ်ဖြတ်ခံရမည်ကို သိလိုသည့်အပြင်၊ နှစ်များတစ်လျှောက် ရီမိသားစု၏ အင်အားမြှင့်တင်မှုများကိုလည်း သိချင်ကြသည်။

မကြာမီတွင် လော့ထောင်သည် ရန်ဟွမ်နယ်မြေအပြင်ဘက်သို့ ရောက်ရှိလာ၏။

လော့ထောင်က သူ့နောက်မှ လိုက်လာသူများကို သတိပြုမိသော်လည်း လုံးဝလျစ်လျူရှုထားခဲ့သည်။ ၎င်းသည် ယခုလေးမှ ဝမ်ရှန်းဂိုဏ်းထံတွင် ရိုက်ချခံခဲ့ရသောကြောင့် နတ်ဆိုးနတ်ဘုရား၏ ကြီးမြတ်သောစွမ်းအားကိုပြသကာ ကောင်းမွန်သော ပြဇာတ်တစ်ခုကို ကပြနိုင်မှဖြစ်မည်း။ ဤအဖွဲ့ခွဲအသီးသီးမှ သူလျှိုများက ၎င်းအတွက် ပြီးပြည့်စုံသော ပရိသတ်ဖြစ်သည်။

လော့ထောင်သည် တခဏမျှမတုံ့ဆိုင်းနေဘဲ ရန်ဟွမ်နယ်မြေ၏ ကမ္ဘာ့အတားအဆီးကို တိုက်ရိုက်ဆုတ်ဖြဲကာ ဝင်ရောက်လာခဲ့သည်။ လော့ထောင် ရန်ဟွမ်နယ်မြေထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် စောင့်ကြည့်နေသည့် ကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် အပြုံးများပေါ်လာသည််။ ယခု ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရတော့မည်။

၎င်းတို့သည် ပြဇာတ်ကိုကြည့်ရန် နှစ်သက်ကြသော်လည်း ရန်ဟွမ်နယ်မြေထဲသို့ဝင်ရဲသည်အထိ မည်သူကမျှ သတ္တိမရှိကြပေ။ ရီမိသားစု၏ စိတ်သဘောထားကို မည်သူသိနိုင်မည်နည်း။ ၎င်းတို့ပါ ရန်ဟွမ်နယ်မြေတွင် အကျဉ်းချထားခံရပါက အဆုံးသတ်သွားလိမ့်မည်။

"ရီဖန်၊ ထွက်လာပြီးအသေခံလိုက်စမ်း!"

သူတော်စင်တစ်ပိုင်းရောင်ဝါက ရန်ဟွမ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ရန်ဟွမ်နယ်မြေအတွင်း လော့ထောင်ပေါ်လာသည်နှင့် ရီဖန်က ထိုသတင်းကို သတိရှိထားပြီးဖြစ်သည်။ လော့ထောင်က ရန်ဟွမ်နယ်မြေတွင် ပြဿနာလာရှာသည်ကို မြင်လိုက်ရသောအခါ ရီဖန်၏မျက်နှာတွင်လည်း အပြုံးတစ်ခုပေါ်လာသည်။ လော့ထောင် အလွန်သတ္တိရှိသည်ကို ရီဖန်ပင် ချီးကျူးရမည်။

ရီဖန်၏လက်ကိုလှန်လိုက်သည်နှင့် လက်ထဲတွင် ထူးဆန်းသောလက်နက်တစ်ခုပေါ်လာသည်။

လော့ထောင်သာ ထိုနေရာတွင်ရှိနေပါက သူစိတ်အခြေအနေကောင်းတော့မည် မဟုတ်ပေ။

ထိုလက်နက်သည် နတ်ဘုရားချိုးဖျက်ခြင်းလှံတံဖြစ်၏။

နောက်အခိုက်အတန့်တွင် ရီဖန်သည် နတ်ကြာပွတ်ကိုပါ ထိန်းချုပ်လိုက်သည်။ ကြာပွတ်ရိုက်ချက်တစ်ခုက ကောင်းကင်ယံမှနေ၍ လော့ထောင်အပေါ်ကျရောက်လာသည်။ လော့ထောင်သည် သူ၏အမြင်အာရုံ မည်းမှောင်သွားသည်ကိုသာ ခံစားလိုက်ရပြီးနောက် သူ၏ရောင်ဝါသည်လည်း ချက်ချင်းပျောက်ကွယ်သွားသည် ။

ထိုစွမ်းအားက လော့ထောင်ကို ကြောက်ရွံ့လာစေသည်။

သို့သော် လော့ထောင်က နတ်ကြာပွတ်ဒဏ်ခံရပြီးသည့်တိုင် လှုပ်ရှားနိုင်စွမ်းရှိနေဆဲဖြစ်ရာ သူ၏ ထိပ်တန်းသူတော်စင်တစ်ပိုင်းအဆင့်နှင့် ထိုက်တန်ကြောင်း သက်သေပြနေသည်။

တကယ်တမ်းတွင် ၎င်းက လော့ထောင်ကိုသတ်မိမည်စိုးသောကြောင့် ရီဖန်က တမင်တကာ ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ရီဖန်၏လက်ရှိစွမ်းအားဖြင့် နတ်ကြာပွတ်ကို ထိန်းချုပ်ထားလျှင် မည်သည့်သူတော်စင်တစ်ပိုင်းမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ကောင်းကင်မှနောက်ထပ်တိုက်ခိုက်မှုတစ်ခု ကျရောက်လာသည်ကို မြင်လိုက်ရသော လော့ထောင်သည် သူ၏နတ်စွမ်းအားကို လျင်မြန်စွာ အသက်သွင်းလိုက်ကာ အစွမ်းရှိသမျှ ခုခံလိုက်သည်။ ကြာပွတ်တစ်ချက်ပြီးတစ်ချက် လော့ထောင်ထံကျရောက်လာသဖြင့် ရှိပြီးသား ဒဏ်ရာများကို ပိုမိုဆိုးရွားစေသည်။ သို့သော် လော့ထောင်လက်လျှော့ခါနီးတွင် နတ်ကြာပွတ်၏တိုက်ခိုက်မှုများ ရပ်တန့်သွား၏။

ရန်ဟွမ်နယ်မြေအပြင်ဘက်မှ ကြည့်ရှုနေသည့် ကျင့်ကြံရေးသမားများသည် လော့ထောင်အသက်ရှင်နေသေးသည်ကိုမြင်သောအခါ အနည်းငယ်မယုံကြည်နိုင်ဖြစ်နေကြသည်။ ရီမိသားစု၏ ဝှက်ဖဲက အင်အားလျော့နည်းသွားခြင်း ဖြစ်နိုင်ပါသလား။ သို့မဟုတ်ပါက လော့ထောင် အဘယ်ကြောင့် အသက်ရှင်နေသေးသနည်း။ ဤမြင်ကွင်းသည် အချို့သောအင်အားစုများကို အတွေးငယ်များ ဝင်လာစေသည်။ ရီမိသားစု၏ဝှက်ဖဲက အမှန်တကယ်အားနည်းသွားခဲ့လျှင် ရီမိသားစုသည် ကြောက်မက်ဖွယ်ကောင်းတော့မည်မဟုတ်ချေ။

ဥပမာအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ အချို့သောအင်အားစုကြီးများအတွင်း သူတော်စင်တစ်ပိုင်းအများအပြား ပြန်လည်ရှင်သန်လာခဲ့သည်။ ရီမိသားစုရှိ သူတော်စင်တစ်ပိုင်းအရေအတွက်သည် ပန်ကုစကြာဝဠာတွင် အများဆုံးဟု မယူဆနိုင်ချေ။ ဤအင်အားစုများသည် ရီမိသားစု၏ဝှက်ဖဲကိုကြောက်ရွံ့သောကြောင့် ရန်မစရဲခြင်းဖြစ်သည်။

၎င်းတို့ အတိတ်ကပြသခဲ့သောစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ ဝမ်ရှန်းဂိုဏ်း၏ ကောင်း

ကင်နှလုံးသားသူတော်စင်တစ်ပိုင်းပင် မခံနိုင်ခဲ့ပေ။သို့သော် ယခု ရီမိသားစုဝှက်ဖဲ၏ စွမ်းအားသည် လော့ထောင်ကိုဖြေရှင်းရန်ပင် မလုံလောက်တော့ပေ။

……..

အခန်း ၄၀၈ - လော့ထောင်သေဆုံးခြင်း

လော့ထောင်သည် ဒဏ်ရာပြင်းထန်စွာရထားသည့်တိုင် မသေသေးဘဲရှိသည်။ သို့သော် ရီဖန်ကလှုပ်ရှားခြင်းမရှိသေးသောကြောင့် မည်သူကမျှ လုပ်ဆောင်ခြင်းမရှိပေ။ နှစ်များတစ်လျှောက် ရီမိသားစု၏မှတ်တမ်းများအရ ၎င်းတို့၏လုပ်ဆောင်ချက်များကို ကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ရီမိသားစုက ငါးစာချထားခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ချေ။ ရီမိသားစုမှ သူတော်စင်တစ်ပိုင်းတချို့ မသေသေးသရွေ့ ၎င်းတို့ဘက်မှလှုပ်ရှားကြမည်မဟုတ်ပေ;

တစ်ဖက်တွင် လော့ထောင်သည် သူ့ကိုခြိမ်းခြောက်ထားသော မိုးကုပ်စက်ဝိုင်းမှရောင်ဝါသည် ပျောက်ကွယ်သွားသောကြောင့် ပြန်လည်ယုံကြည်မှု ရှိလာသည်။ ယခုအခါ ရီမိသားစု၏လှည့်ကွက်များ ကုန်ဆုံးသွားပြီးဖြစ်ရာ ၎င်းလှုပ်ရှားရမည့်အလှည့်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ရီမိသားစုကိုသတ်ပစ်ပြီး သူ၏ဒေါသကို ဖြေဖျောက်ရန် ဆုံးဖြတ်ထားသည်။ နတ်ဆိုးနတ်ဘုရားကို လှောင်ရယ်၍မရကြောင်း ပန်ကုစကြဝဠာ၏ကျင့်ကြံသူများ သိစေရမည်။

ထိုအချိန်တွင် ရီဖန်ထွက်ပေါ်လာ၏။ သူက လော့ထောင်၏ ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများကို စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်သည်။ ၎င်းကဒဏ်ရာရခဲ့သော်လည်း ရီဖန်၏မျှော်လင့်ချက်အတိုင်း မသေဆုံးသွားသေးပေ။

ရီဖန်ထွက်လာသည်ကို မြင်ပြီးနောက် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော လော့ထောင်သည် ရီဖန်ထုတ်ယူလိုက်သော နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို တွေ့လိုက်ရ၏။ သူ၏နက်ရှိုင်းသောမှတ်ဉာဏ်များ နိုးကြားလာပြီးနောက် လော့ထောင်၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာသည်။ ရီမိသားစုသည် အဘယ်ကြောင့် နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို ပိုင်ဆိုင်ထားသနည်း။

သူ၏မှတ်ဉာဏ်အရ နတ်ဘုရားချိုးဖျက်ခြင်းလှံတံသည် နက်နဲသောလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ သူတော်စင်နယ်မြေစွမ်းအားရှင်များရှိသည့် အင်အားစုဖြစ်သော ၀မ်ရှန်းဂိုဏ်းက ထိုလျှို့ဝှက်ချက်ကို သိသော်လည်း၊ တက်သစ်စ ရီမိသားစုက အဘယ်ကြောင့် ထိုအကြောင်းကိုသိရှိပြီး လက်နက်ကိုပါပိုင်ဆိုင်ထားသနည်း။

ထို့အပြင် နတ်ဘုရားချိုးဖျက်ခြင်းလှံတံ၏ ပုံစံအရ ၎င်းကိုမကြာသေးမီက သန့်စင်ထားခြင်းဖြစ်ရမည်။ ရီမိသားစုသည် နတ်ဘုရားချိုးဖျက်လှံတံကို သန့်စင်ပေးနိုင်သည့် အဆင့်မြင့်သူတော်စင်လက်နက်သန့်စင်သူကို မည်သည့်နေရာမှ ရခဲ့သနည်း။ ဤရုတ်တရက်အတွေ့အကြုံက လော့ထောင်အား ရီမိသားစုနှင့်ရင်ဆိုင်မိခြင်းက်ို နောင်တရစေသည်။

ဤအခြေအနေတွင် သူလွတ်မြောက်နိုင်ပါဦးမလား။ သို့သော် ရီဖန်သည် သူ့အားလွတ်မြောက်ရန် နောက်ထပ်အခွင့်အရေးပေးမည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိထား၏။

ရီဖန်၏လက်ထဲမှ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်သည် ၎င်း၏ အစစ်အမှန်ပုံစံဖြစ်ကာ ပထမဆုံးအကြိမ်အဖြစ် လူတိုင်းကိုပြသခြင်းဖြစ်သည်။ မကြာမီတွင် ရီဖန်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်က ရီဖန်အပေါ်သို့ ကျရောက်လာသည်။ ၎င်း၏စွမ်းအားက လော့ထောင်ကို ကူကယ်ရာမဲ့ဖြစ်စေသည်။

သို့သော် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို မြင်လိုက်ရသောအခါ သူ့ကိုကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားစေသည်။ ၎င်းက သူတော်စင်လက်နက်မဟုတ်လား။ မဖြစ်နိုင်သေး။ ရိုးရှင်းသော သူတော်စင်လက်နက်တစ်ခုက ထိုကဲ့သို့ခြိမ်းခြောက်မှုကို ပေးစွန်းနိုင်လိမ့်မည်မဟုတ်ချေ။ ၎င်းက မဟာသူတော်စင်လက်နက်ဖြစ်နိုင်သည်။

ထိုသို့တွေးမိသည်နှင့် လော့ထောင်သေချာသွားပြီဖြစ်သည်။ သူသည် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းတစ်ဦးဖြစ်သောကြောင့် ဒဏ္ဍာရီလာ သူတော်စင်နယ်မြေစွမ်းအားရှင်များကသာ ထိုသို့သော မဟာသူတော်စင်လက်နက်များကို ကိုင်ဆောင်နိုင်ကြောင်းသိထားပြီးဖြစ်သည်။

တစ်ချိန်တည်းတွင် စောင့်ကြည့်နေကြသူများသည်လည်း ရီဖန်၏လက်ထဲမှလက်နက်ကို မှတ်မိသွားကြကာ ရေရွတ်သံများကို မထိန်းထားနိုင်ကြတော့ပေ။ ပန်ကုစကြဝဠာတွင် မဟာသူတော်စင်လက်နက်က မည်သို့ရှိနေသနည်း။ ယခင် သူတော်စင်နယ်မြေစွမ်းအားရှင်များပင်လျှင် အထွတ်အထိပ် သူတော်စင်လက်နက်များကိုသာ အသုံးပြုခဲ့သည်။

ထို့အပြင် အဆိုပါ ၎င်းတို့ကိုသန့်စင်ထားခြင်းမဟုတ်ဘဲ၊ သူတော်စင်နယ်မြေစွမ်းအားရှင်များ၏ သူတော်စင်စွမ်းအားမှ ထိပ်တန်းသူတော်စင်လက်နက်အဖြစ် ကျင့်ကြံထားခြင်းဖြစ်သောကြောင့် ၎င်းတို့ကို အထွတ်အထိပ်သူတော်စင်လက်နက်များဟု မဆိုနိုင်ပေ။

ပန်ကုစကြဝဠာတွင် အထွတ်အထိပ်သူတော်စင်လက်နက်များကို သန့်စင်နိုင်သည့် လက်နက်သန့်စင်သူမရှိသေးပေ။ မဟာသူတော်စင်လက်နက်များ၏ အကြောင်းကို ရှေးစာအုပ်များမှသာ လေ့လာခဲ့ကြဖူးကာ လူကိုယ်တိုင် မမြင်ဖူးကြသေးချေ။ ယခုတွင် ရီမိသားစုသည် မဟာသူတော်စင်လက်နက်ဖြစ်ပုံပေါ်သည့်အရာကို ထုတ်ပြခဲ့သောကြောင့် မထိတ်လန့်ဘဲမနေနိုင်တော့ပေ။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း နောက်ဆုံးဆုတ်ခွါချိန်က ရီမိသားစု၏ဝှက်ဖဲသည် တစ်စုံတစ်ခုဖြစ်ကြောင်းခန့်မှန်းနိုင်ခဲ့သော်လည်း ၎င်းက မဟာသူတော်စင်လက်နက်ဖြစ်နေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသော်လည်း အမြန် စွန့်လွှတ်လိုက်ကြသည်။ သာမာန်သူတော်စင်တစ်ဦးထံမှ မဟာသူတော်စင်လက်နက်ဖြစ်ပါက ၎င်းကိုလုယူရန် သေချာပေါက်စဉ်းစားမိလိမ့်မည်။

သို့သော်လည်း သာမန်သူတော်စင်တစ်ဦးမဟုတ်ဘဲ ရီဖန်က မဟာသူတော်စင်လက်နက်ကို ကိုင်စွဲထားသူဖြစ်နေ၏။ ထိုသူဆီက လုယူခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းသာဖြစ်လိမ့်မည်။ ၎င်းတို့က မလုယူဝံ့သောကြောင့် သူတို့လုပ်နိုင်သည့်အရာမှာ မဟာသူတော်စင်လက်နက်၏စွမ်းအားကို စောင့်ကြည့်နေရုံသာဖြစ်သည်။

ရီဖန် နောက်ထပ်ထုတ်ယူလိုက်သော နတ်ဘုရားချိုးဖျက်ခြင်းလှံတံကိုမူ မည်သည့်အရာမှန်းမသိနိုင်သောကြောင့် လော့ထောင်က မဟာသူတော်စင်လက်နက်ကို ထိတ်လန့်သွားခြင်းဖြစ်မည်ဟုသာ ထင်ခဲ့သည်။

၎င်းကို မှတ်မိသေည တစ်ဦးတည်းသောသူဖြစ်သည့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကသာ ယခုအချိန်တွင် ရှုပ်ထွေးနေသည်။ သူအစိုးရိမ်ဆုံးအရာမှာ သူ့ဘဝတစ်လျှောက်လုံး လိုက်ရှာခဲ့ရသည့် နတ်ဆိုးနတ်ဘုရားနှလုံးသားကိုဖြစ်သည်။

ရီဖန် နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို ဆွဲထုတ်လိုက်သောအခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ရီဖန်သည်လည်း နတ်ဆိုးနတ်ဘုရားနှလုံးသားတည်ရှိမှုအကြောင်းကို သိရှိကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"ချီးပဲကွာ!"

အခြားသူတော်စင်တစ်ပိုင်းများကဲ့သို့ပင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည်လည်း ရီဖန်၏လက်ထဲတွင်ရှိသော နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို လိုချင်သော်လည်း မည်သို့မျှမကြံစည်ဝံ့ချေ။ လက်ရှိအခြေအနေအရ ရီဖန်ကကို သူပြဿနာရှာရန်မတတ်နိုင်ပါ။

"နတ်ဆိုးနတ်ဘုရားနှလုံးသားကို ဝူရှန်းဆီက ရအောင်ပဲ ကြံစည်ရတော့မည်"

ထိုအချိန်တွင် ဝူရှန်းဘိုးဘေးက ရီမိသားစုနှင့်ပူးပေါင်းထားကြောင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း အပြည့်အဝသိရှိထားပြီးဖြစ်သည့်တိုင်၊ နောက်ထပ်နတ်ဘုရားချိုးဖြတ်ခြင်းလှံတံအား မည်သို့ရရှိနိုင်မည်ကို စဉ်းစားနေဆဲဖြစ်သည်။

ထိုအချိန်တွင် ရီဖန်လှုပ်ရှားလိုက်သည်။ သူသည် လော့ထောင်ကို နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ဖြင့် ဖိနှိပ်ထားပြီးနောက် လော့ထောင်ခန္ဓာကိုယ်ထဲသို့ နတ်ဘုရားချိုးဖျက်ခြင်းလှံတံဖြင့် ထိုးစိုက်လိုက်သည်။ လော့ထောင် မည်မျှပင်ရုန်းကန်နေပါစေ၊ ထူးခြားခြင်းမရှိပေ။ ရီမိသားစုကို ဒုက္ခပေးရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ သူ့ကံကြမ္မာကို ချိတ်ပိတ်ထားပြီးဖြစ်သည်။

လော့ထောင်၏မျက်လုံးများ တဖြည်းဖြည်းမှေးမှိန်လာပြီး ကမ္ဘာကိုအဆုံးသတ်စေသည်အထိ အန္တရာယ်ရှိသော နတ်ဆိုးနတ်ဘုရားကို ရီဖန်ကရှင်းပစ်နိုင်လိုက်သည်။ လော့ထောင်၏ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာလွင့်ပြယ်သွားပြီးနောက် နတ်ဆိုးနတ်ဘုရား၏နှလုံးသား ပေါ်လာသည်။ ထို့နောက် ရီဖန်သည် နတ်ဆိုးနတ်ဘုရားနှလုံးသားကို သိမ်းလိုက်ကာ ရီမိသားစုနယ်မြေထဲသို့ ပြန်သွားသည်။

အပြင်ဘက်တွင် စွမ်းအားရှင်ပရိသတ်များကိုတော့ ရီဖန်က အကြည့်တစ်ချက်မျှ မစွန့်ကြဲခဲ့ချေ။ ရီဖန်ထွက်ခွါသွားပြီးနောက် သူတော်စင်တစ်ပိုင်းများကလည်း ဆက်တိုက်ထွက်ခွါသွားကြသည်။ ထို့နောက်တွင် ရီဖန်၏လက်ထဲရှိ မဟာသူတော်စင်လက်နက်သတင်းက ပျံ့နှံ့သွား၏။

ဤတစ်ကြိမ်တွင် မဟာသူတော်စင်လက်နက်ကို ဖော်ထုတ်လိုက်ခြင်းက ရီဖန်ဘက်မှ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ခြင်းဖြစ်သည်။ လက်ရှိတွင် သူတော်စင်နယ်မြေအင်အားစု အနည်းငယ်မှလွဲ၍ ရီမိသားစုသည် အခြားအရာများကို သတိထားနေရန်မလိုတော့ချေ။

ရီ‌ရှောင်းရှောင်းဘက်တွင် သူမ၏ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်တာအိုဘိုးဘေးအဆင့်သို့ ရောက်ရှိသွားကာ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်သွားတော့မည်ဖြစ်သည်။ လူ့ဧကရာဇ်အတွက် ဖြတ်ကျော်ရန်အကောင်းဆုံးနည်းလမ်းမှာ လူသားမျိုးနွယ်စုထံမှရရှိသော ယုံကြည်ခြင်းဖြစ်သည်။

တာ့ယွီနတ်မင်းဆက်သည် ၎င်း၏နယ်မြေကို စတင်ချဲ့ထွင်သင့်လေပြီ။

ရီဖန်၏စွမ်းအားကိုပြသပြီးနောက် အင်အားစုကြီးများသည် ၎င်းတို့မည်သို့ပြုမူသင့်သည်ကို နားလည်ပြီးဖြစ်ရာ တာ့ယွီမင်းဆက်ချဲ့ထွင်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများကို ရီဖန်က ရှင်းလင်းခဲ့ပြီးဖြစ်၏။ သူက ရီ‌ရှောင်းရှောင်းကို ညွှန်ကြားပြီးနောက် ဝူရှန်းဘိုးဘေးကို ဆင့်ခေါ်လိုက်သည်။ ဝူရှန်းဘိူးဘေးသည် ရီဖန်၏ဆင့်ခေါ်မှုမှ သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းထားပြီးဖြစ်ရာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

"ဒီနတ်ဆိုးနတ်ဘုရားနှလုံးသားကို ခင်ဗျားကိုပေးလိုက်မယ်”

ရီမိသားစုကျင့်ကြံသူများအား နတ်ဆိုးနတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းစေရန် ရီဖန်မရည်ရွယ်ထားချေ။ ရီမိသားစုမှကျင့်ကြံသူများ၏ အရည်အချင်းများဖြင့် ပုံမှန်ကျင့်ကြံလျှင်ပင် သူတော်စင််ေနယ်မြေသို့ တက်လှမ်းနိုင်သည်။ နတ်ဆိုးနတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းခြင်းက ပင်ကိုယ်စွမ်းရည်များကို ဖြုန်းတီးရာကျသည်။ ထို့ကြောင့် နတ်ဆိုးနတ်ဘုရားနှလုံးသားကို ဝူရှန်းဘိုးဘေးနှင့်ထားရန် အကောင်းဆုံးဖြစ်လိမ့်မည်။

ဝူရှန်းဘိုးဘေးက စိတ်ကိုပြင်ဆင်ထားသော်လည်း ရီဖန်ထံမှ နတ်ဆိုးနတ်ဘုရားနှလုံးသားကို ရရှိသောအခါ စိတ်မလှုပ်ရှားဘဲမနေနိုင်ချေ။ မကြာမီတွင် ဝူရှန်းဘိုးဘေးသည် လော့ထောင်၏နတ်ဆိုးနတ်ဘုရားနှလုံးသားက တစ်စုံတစ်ရာမှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ နတ်ဆိုးနတ်ဘုရားစွမ်းအားဖြင့် စမ်းသပ်ပြီးနောက် ၎င်းကိုအတည်ပြုနိုင်ခဲ့၏။

"မိသားစုခေါင်းဆောင် လော့ထောင်က နတ်ဆိုးနတ်ဘုရားနှလုံးသားတစ်ခုကို မျိုချထားတာပဲ၊ ဒီနှလုံးမှာ နတ်ဆိုးနတ်ဘုရားနှစ်ပါးရဲ့ စွမ်းအားရှိနေသည်"

"အဲလိုမျိုးလည်း ရတယ်ပေါ့”

ရီဖန် အံ့သြသွားသည်။ လော့ထောင်၏ကျင့်ကြံမှုအဆင့်သည် အဘယ်ကြောင့် ရုတ်တရက် ဤမျှတိုးလာကြောင်း သူအံ့အားသင့်နေခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးနတ်ဘုရားနှစ်ပါး၏စွမ်းအားများပါရှိသော နတ်ဆိုးနတ်ဘုရားနှလုံးသားသည် ပုံမှန်နတ်ဆိုးနတ်ဘုရားနှလုံးသားထက် သေချာပေါက် ပိုအဖိုးတန်သည်။

သာမန်လူတိုင်းသည် ၎င်းကိုခံနိုင်ရည်ရှိသရွေ့ အဆင့်မြင့်သူတော်စင်တစ်ပိုင်းသို့မဟုတ် အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ဤရတနာသည် ထိပ်တန်းသူတော်စင်လက်နက်နှင့် တူညီ၏။ သို့သော်လည်း ရီဖန်က ဝူရှန်းဘိုးဘေးအား ကြက်ရိုးတစ်ရိုးကဲ့သို့ ပေးပစ်သည်။ ၎င်းကအရသာမရှိသော်လည်း လွှင့်ပစ်ရန်တော့ နှမြောစရာကောင်းသည်။ သူ့လူဖြစ်သည့် ဝူရှန်းဘိုးဘေးကို ပေးလိုက်ခြင်းက အလဟသမဖြစ်တော့ချေ။

"မျိုးနွယ်စုခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”

"ငါ ဒီနေ့ စောက်ရမ်းပျော်နေတာ”

ဝူရှန်းဘိုးဘေးက ရီမိသားစုသို့ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်းအတွက် အကြိမ်ပေါင်းမည်မျှ ပျော်ရွှင်ခဲ့ရကြောင်းကိုပင် မရေတွက်နိုင်တော့ချေ။ သူသည် နတ်ဆိုးနတ်ဘုရားနှလုံးသားဖြင့် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းအဆင့်သို့ လျင်မြန်စွာဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ထားသည်။ ထို့နောက် သူသည် ပန်ကုစကြဝဠာရှိ ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် သူရှုံးခဲ့သမျှကို ပြန်ရနိုင်ပါ၏။

လော့ထောင်နှင့် အဖြစ်အပျက်များအားလုံး ပြီးဆုံးသွားပြီးနောက် ရီ‌ရှောင်းရှောင်းသည်လည်း သူမ၏လှုပ်ရှားမှုများကို စတင်လိုက်သည်။ တာ့ယွီနတ်မင်းဆက်သည် စတင်ကျယ်ပြန့်လာသည်။

………..

All Chapters