← Chapters

အခန်း ၄၀၉-၄၁၁

Vol. 28 Ch. 409-411

အခန်း ၄၀၉-၄၁၁

Vol. 28 Ch. 409-411

အခန်း ၄၀၉ - ရီမိသားစုကံကြမ္မာလမ်းကြောင်းက အရမ်းသိပ်သည်းလွန်းတယ်

ဤနှစ်များအတွင်း ရီ‌ရှောင်းရှောင်း၏အုပ်ချုပ်မှုအောက်တွင် အဓိကကမ္ဘာအလုံးနှစ်ဆယ် ကြီးထွားလာခဲ့သည်။ သူမသည် တပ်ဖွဲ့များနှင့် အရပ်ဘက်အရာရှိများစွာကို အောင်မြင်စွာလေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။ ထိုအင်အားစုများကို သူမထိန်းချုပ်ထားခြင်းဖြင့် တာ့ယွီနတ်မင်းဆက်၏တိုးချဲ့မှုကို စတင်ချိန်၌ လူအင်အားနည်းပါးခြင်းသို့မဟုတ် အခြေအနေကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းအတွက် စိုးရိမ်စရန်မလိုတော့ချေ။

“သွားကြမယ်”

ရီ‌ရှောင်းရှောင်း၏ အမိန့်အောက်တွင် တာ့ယွီနတ်မင်းဆက်၏တပ်မဟာကြီးက ချက်ချင်း ထွက်ခွါသွားသည်။ တည်ငြိမ်နေသောအခြေအနေကို ချိုးဖျက်ရခြင်းကြောင့် ရီ‌ရှောင်းရှောင်းက ဝန်ထုပ်ဝန်ပိုးဖြစ်မနေပေ။ ကျင့်ကြံမှုလမ်းကြောင်းကို ရွေးချယ်ပြီးချိန်မှစ၍ ပြိုင်ဆိုင်မှုများကို ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ချေ။ ယှဉ်ပြိုင်ရမည်ကိုသာ ကြောက်ရွံ့နေပါက သာမန်လူတစ်ယောက်အဖြစ်သာ ရှိနေလိမ့်မည်။

သို့သော်လည်း ကမ္ဘာတိုင်းမှသာမန်ကျင့်ကြံသူများသည် ရီ‌ရှောင်းရှောင်း၏ချဲ့ထွင်မှုကို မကန့်ကွက်ခဲ့ပေ။ ဤသာမန်ကျင့်ကြံသူများအတွက် ၎င်းတို့ကို မည်သူအုပ်ချုပ်သည်ဖြစ်စေ အရေးမကြီး။ လူ့ဧကရာဇ်မင်း၏အုပ်ချုပ်မှုက အင်အားစုကြီးများ၏ အသုံးချခံရခြင်းထက် ပိုကောင်းသည်။ တစ်စုတည်းသော စိတ်မချမ်းသာသူများမှာ ကမ္ဘာများရှိ မူလအင်အားစုများသာဖြစ်လိမ့်မည်။

ယခင်က ၎င်းတို့အုပ်စိုးထားနိုင်သော်လည်း ယခုအခါတွင် တာ့ယွီနတ်မင်းဆက်ရောက်ရှိလာရာ ၎င်းတို့အပေါ် ဧရာမတောင်တန်းကြီးတစ်ခုကျရောက်လာသကဲ့သို့ဖြစ်နေသည်။ ၎င်းတို့မည်ကဲ့သို့ သက်သောင့်သက်သာနေနိုင်မည်နည်း။ သို့သော်လည်း အဆင်မပြေမှုကို သည်းခံရုံမှလွဲ၍ရွေးချယ်စရာမရှိချေ။

တာ့ယွီနတ်မင်းဆက်က အင်အားစုကြီးများထင်ထားသလောက် အစွမ်းမထက်နေခြင်းလည်းဖြစ်နိုင်သည်။

သို့သော်လည်း ရီမိသားစုသည် တာ့ယွီနတ်မင်းဆက်၏ နောက်ကွယ်မှ အင်အားစုဖြစ်သည်။ ရီမိသားစုနှင့်ရင်ဆိုင်ရချိန်တွင် ဤသူတော်စင်တစ်ပိုင်းအင်အားစုများပင်လျှင် ၎င်းတို့၏ဆန္ဒကို ဖိနှိပ်ထားရသည်။ သူတော်စင်တစ်ပိုင်းများစွာကို မြှုပ်နှံပေးခဲ့ပြီးဖြစ်သည့် ရီမိသားစုသည် နောက်ထပ်တစ်ယောက်ထပ်ထည့်ရန် စိတ်ရှိမည်မဟုတ်ပေ။

ရီ‌ရှောင်းရှောင်းသည် ထိုအင်အားစုများအပေါ် အလွန်ဖိနှိပ်ထားခြင်းလည်းမရှိချေ။ တာ့ယွီနတ်မင်းဆက်၏တည်ရှိမှုကို အသိအမှတ်ပြုပြီး နှစ်စဉ်နှစ်တိုင်းဂါဝရပြုနေသရွေ့ ရီ‌ရှောင်းရှောင်းသည် ၎င်းတို့ကို အရေးယူမည်မဟုတ်။ နောက်ဆုံးတွင် ဂိုဏ်းများနှင့် မျိုးနွယ်စုများအားလုံးက လူသားမျိုးနွယ်စုဂေဟစနစ်၏ အစိတ်အပိုင်းများဖြစ်ကြသည်။

တာ့ယွီနတ်မင်းဆက်မှ အရပ်ဘက်အရာရှိများနှင့် တပ်ဖွဲ့များ၏ အင်အားဖြန့်ကျက်ခြင်းနှင့်အတူ အဓိကကမ္ဘာတစ်ခုပြီးတစ်ခု တာ့ယွီနတ်မင်းဆက်၏ လွှမ်းမိုးမှုအောက်သို့ စတင်ရောက်ရှိခဲ့ကြသည်။ အင်အားချဲ့ထွင်မှုနှင့်အတူ တာ့ယွီ နတ်မင်းဆက် အထက်ကောင်းကင်ရှိ ကံကြမ္မာရွှေနဂါးကြီးသည်လည်း အဆက်မပြတ်ကြီးထွားလာသည်။

ရီ‌ရှောင်းရှောင်၏ရုပ်တုများကိုလည်း နယ်မြေသစ်များတွင် စတင်တည်ဆောက်ခဲ့သည်။ ရီ‌ရှောင်းရှောင်း၏ရုပ်တုကိုမြင်ပြီးနောက် သာမန်လူ့မျိုးနွယ်စုဝင်များနှင့် အဆင့်နိမ့်ကျင့်ကြံသူများထံမှ ယုံကြည်မှုအလုံးအရင်းက တာ့ယွီမြို့တော်ဆီသို့ စုံပုံရောက်ရှိလာသည်။

မြို့တော်အတွင်း တဖြည်းဖြည်းကြီးထွားလာနေသည့် ရီ‌ရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် ရုတ်တရက် ပေါက်ကွဲမြင့်တက်လာသည်။ လူ့ဧကရာဇ်အတွက် လူသားမျိုးနွယ်စု၏ယုံကြည်မှုက အကောင်းဆုံး ကျင့်ကြံရေးအရင်းအမြစ်ဖြစ်သည်။ ယုံကြည်မှုများမှ အကျိုးကျေးဇူးရရှိခဲ့သူမှာ ရီ‌ရှောင်းရှောင်းတစ်ဦးတည်းသာ မဟုတ်ပါချေ။ တာ့ယွီနတ်မင်းဆက်အတွင်းရှိ အရာရှိများအတွက်လည်း ၎င်း၏အကျိုးသက်ရောက်မှုက ကြီးမားသည်။

တစ်ခါတရံတွင် ရီ‌ရှောင်းရှောင်းသည် တာ့ယွီနတ်မင်းဆက်၏အရာရှိများအတွက် လစာအဖြစ် ယုံကြည်ခြင်းအချို့ကို စွမ်းအားအဖြစ်ပြောင်းလဲကာ မျှဝေပေးသည်။ ၎င်းတို့ကိုခွဲဝေပေးပြီးလျှင်ပင် ရီ‌ရှောင်းရှောင်းရရှိနိုင်သော ယုံကြည်ခြင်းပမာဏက တိုးပွါးလာသေးသည်။

ရီ‌ရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်သွားကာ ရီမိသားစု၏ ပထမဆုံးသောသူတော်စင်ဖြစ်လာရန် အချိန်တစ်ခုသာလိုလိမ့်မည်။

….

ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းထံမှ ထွက်ပေါ်လာသော စိတ်လှုပ်ရှားနေသည့် ရယ်မောသံက ၀မ်ရှန်းဂိုဏ်းအတွင်း ပဲ့တင်ထပ်သွားသည်။

"ဟားဟား၊ နောက်ဆုံးတော့ နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို သန့်စင်လို့ရပြီ”

သူတော်စင်နယ်မြေဂိုဏ်းတစ်ခုတွင် ဤမျှကောင်းမွန်သောအရာများရှိနေသည်မှာ အံ့ဩစရာမဟုတ်ချေ။ ရီဖန်က လော့ထောင်ထံမှ နတ်ဆိုးနတ်ဘုရားနှလုံးသားကိုရရှိပြီးနောက်၊ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ကြီးမားသောခြိမ်းခြောက်မှုကို ခံစားခဲ့ရသောကြောင့် ကုန်ကျစရိတ်အားလုံးခံကာ ထိပ်တန်း သူတော်စင်လက်နက်သန့်စင်သူကို စတင်ကျင့်ကြံပေးခဲ့သည်။

နောက်ဆုံးအကြိမ် ကြီးမြတ်သောခေတ်က ၀မ်ရှန်းဂိုဏ်းတွင် စစ်မှန်သောသူတော်စင်နယ်မြေ ကျွမ်းကျင်သူတစ်ဦးရှိခဲ့သည်။ သူတော်စင်နယ်မြေအောက်ရှိ အထွတ်အထိပ်သူတော်စင်တစ်ပိုင်းများထဲမှ အမြင့်ဆုံးသူတစ်ဦးအနေဖြင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

ကုန်ကျစရိတ်အားလုံးကျသင့်ခံပြီးနောက် အလယ်အလတ် သူတော်စင်လက်နက်သန့်စင်သူကို ထိပ်တန်းအဆင့်သို့ မြှင့်တင်ပေးနိုင်ခဲ့သည်။ သို့သော် ထိပ်တန်း သူတော်စင်လက်နက်သန့်စင်သူကို အောင်မြင်စွာကျင့်ကြံပြီးနောက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ၎င်းကို နတ်ဘုရားချိုးဖျက်ခြင်းလှံတံအား စတင်သန့်စင်စေရန် မစောင့်နိုင်တော့ချေ။

ယခုဆိုလျှင် ရီဖန်၏လက်ထဲတွင် လော့ထောင်ရှိနေပြီဖြစ်ရာ ဝူရှန်းဘိုးဘေးတစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ရီဖန်သည် နတ်ဆိုးနတ်ဘုရားနှလုံးသား၏လျှို့ဝှက်ချက်ကို သိရှိထားပြီးဖြစ်သည်ဟု သံသယရှိသောကြောင့် တခဏမျှအချိန်မဖြုန်းလိုပေ။

"ဝူရှန်းဘိုးဘေးနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတွေ့ပြီးပြီလား"

လော့ထောင်ဒဏ်ရာရပြီးချိန်မှစ၍ ဝူရှန်ူဘိုးဘေးပျောက်ကွယ်သွားကာ နောက်တစ်ကြိမ်ပြန်ပေါ်လာပုံမရပေ။

"ဂိုဏ်းချုပ်၊ ဝူရှန်းဘိူးဘေးက ပန်ကုစကြာဝဠာမှာ မရှိတော့ဘူးထင်တယ်"

ဝမ်ရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူရရှိထားသော အချက်အလက်များကို တုန်တုန်ယင်ယင်နှင့် တင်ပြနေရရှာသည်။ "ဘမ်း!"ခနဲအသံမြည်သွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် တိုက်ရိုက်လွှင့်ပစ်ခံလိုက်ရ၏။

"အမှိုက်ကောင်! သူပန်ကုစကြဝဠာမှာ မရှိရင် တခြားနေရာမှာ စုံစမ်းလို့မရဘူးလားကွ"

သူပြောနေသော်လည်း ၀မ်ရှန်းဂိုဏ်း၏ ထောက်လှမ်းရေးဖြင့် ဝူရှန်းဘိူးဘေးပေါ်လာလျှင် သူသေချာပေါက် သဲလွန်စချန်ထားခဲ့လိမ့်မည်။ ယခုတွင် သဲလွန်စမရှိသဖြင့် ၀မ်ရှန်းဂိုဏ်းချုပ်ပြောသည့်အတိုင်း ပန်ကုစကြာဝဠာတွင် မရှိတော့သည်မှာ ဖြစ်နိုင်ချေရှိသည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ပန်ကုစကြဝဠာအပြင်ဘက်၌ အခြားကမ္ဘာကြီးများရှိနေသေးကြောင်းကို ထင်ရှားစွာသိသည်။ သို့သော် သူ့အဆင့်အတန်းနှင့်ပင် အခြားစကြာဝဠာများသို့ သွားရောက်လည်ပတ်ရန်အတွက် ပန်ကုစကြဝဠာမှ ထွက်ခွါနိုင်ခြင်းမရှိချေ။

အခြေအနေကခက်ခဲသော်လည်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက စွန့်လွှတ်ရန် စိတ်ကူးမရှိပေ။ နတ်ဆိုးနတ်ဘုရားနှလုံးသားက သူ့အတွက် အလွန်အရေးကြီးသောကြောင့် အခြားရွေးချယ်စရာလဲ မရှိဖြစ်နေသည်။ အင်မော်တယ်စွမ်းရည်ကိုရရှိရန် ဝူရှန်းဘိုးဘေး၏ နတ်ဆိုးနတ်ဘုရားနှလုံးသားကိုရယူရလိမ့်မည်။

"လက်ဆောင်တွေ ပြင်လိုက်စမ်း။ ငါ ဟွမ်တာအိုဘိုးဘေးဆီ သွားမယ်!"

ဟွမ်တာအိုဘိုးဘေးသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကဲ့သို့ သူတော်စင်တစ်ပိုင်းနယ်မြေ၏ အထွတ်အထိပ်တွင် ရှိသည်။ သို့သော် သူ၏ထူးခြားသောစွမ်းရည်မှာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ အနာဂတ်ကို ပြောပြနိုင်ခြင်းဖြစ်သည်။ သူတော်စင်တစ်ပိုင်းဖြစ်လာရန် ကံကြမ္မာစွမ်းအားနိယာမကိုအသုံးပြုခဲ့သူတစ်ဦးအနေဖြင့် သူသည် ကံတရား၏ဆက်စပ်မှုများမှတစ်ဆင့် အရာအားလုံးကိုမြင်နိုင်စွမ်းရှိသည်။

………….

အခန်း ၄၁၀ - ရီမိသားစုကံကြမ္မာလမ်းကြောင်းက အရမ်းသိပ်သည်းလွန်းတယ်

ဟွမ်တာအိုဘိုးဘေးများထံမှ တွက်ချက်မှုရရှိရန်အတွက် အဖိုးအခက သေချာပေါက်မနည်းချေ။ သို့သော် မည်မျှပင်များပြားနေပါစေ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ထုတ်ပေးရမည်ဖြစ်သည်။ ခေတ်ကာလတစ်ခုအတွက် သူ့ကိုယ်သူ စည်းတံဆိပ်ခတ်ထားခဲ့ခြင်းကြောင့် သူ၏အသက်စွမ်းအားတစ်ခုလုံးနီးပါး ဆုတ်ယုတ်သွားခဲ့လေပြီ။

အကယ်၍ သူသည် ဤဘဝတွင် သူတော်စင်တစ်ဦးမဖြစ်နိုင်ပါက နောင်ကမ္ဘာအထိ ရှင်သန်နိုင်မည်မဟုတ်ပေ။ ထိုအတွေးကြောင့် ရီမိသားစုအပေါ် သူ၏နာကြည်းမှုပိုများလာသည်။ ရီမိသားစုကြောင့်သာမဟုတ်ပါက သူသည် ယခုအချိန်တွင် နတ်ဆိုးနတ်ဘုရားနှလုံးသားကို ရရှိပြီးဖြစ်လိမ့်မည်။ မကြာမီတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဟွမ်တာအိုဘိုးဘေးကို ဟွမ်တာအိုစကြဝဠာ၌ ရှာတွေ့သွား၏။

"ကောင်းကင်နှလုံးသား၊ သူတော်စင်အဆင့် အရင်းအမြစ်တစ်ရာနဲ့ နတ်ဆိုးနတ်ဘုရားရဲ့တည်နေရာကို တွက်ချက်လိုတာ သေချာပြီလား"

အဖိုးအခက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို မျက်ခုံးလှုပ်သွားစေသည်။ သူတော်စင်အဆင့်အရင်းအမြစ်တစ်ရာက သူ့ကြွယ်ဝမှု၏ ထက်ဝက်နီးပါးရှိသည်။ သို့သော် နတ်ဆိုးနတ်ဘုရားနှလုံးသားအကြောင်းကို တွေးလိုက်သောအခါ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် အံကြိတ်ပြီးလက်ခံလိုက်သည်။

"ငါ့ကို တွက်ချက်ပေးစေချင်တယ်!"

သူ့လက်ဝှေ့ယမ်းလိုက်သည်နှင့် အရင်းအနှီးများစွာက ၎င်းတို့ရှေ့တွင်ပေါ်လာသည်။ ၎င်းတို့မှာ နတ်လက်နက်များနှင့် အမျိုးမျိုးသောဆေးလုံးများဖြစ်ကြကာ နန်းတော်တစ်ခုလုံးကို အပြည့်ဖြည့်ရန် လုံလောက်သည်။

ဟွမ်တာအိုဘိုးဘေးသည်အရင်းအမြစ်များကို တစ်ချက်ကြည့်လိုက်ရာ အနည်းငယ်ပျောက်ဆုံးနေသည်ကိုတွေ့သော်လည်း သူစိတ်မ၀င်စားပေ။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအနေဖြင့် သူတော်စင်အဆင့်အရင်းအမြစ်တစ်ရာကို ထုတ်ပေးရန်အတွက် ခက်ခဲပေလိမ့်မည်။

အရင်းအမြစ်များကို စုဆောင်းပြီးနောက် ဟွမ်တာအိုဘိုးဘေးသည် ၎င်း၏အဆင့်မြင့်နတ်ချပ်ပြားကို ထုတ်ယူကာ ဝူရှန်းတာအိုဘိုးဘေးက ယင်ယန်ဂိုဏ်းသားများကိုခွဲဝေပေးထားသော ဆေးလုံးဖြင့် ကံကြမ္မာနိယာမကို စတင်လည်ပတ်စေခဲ့သည်။ အသုံးပြုပြီးသားလက်နက်များနှင့် နတ်လက်နက်များအပါအဝင် အရာအားလုံးက ကံကြမ္မာဆက်စပ်မှုကို သယ်ဆောင်လာလိမ့်မည်။

သာမာန်ကျင့်ကြံသူများအနေဖြင့် ဤကံကြမ္မာလမ်းကြောင်းများကို သိနိုင်မည်မဟုတ်ဘဲ၊ ကံကြမ္မာနိယာမကို ကျင့်သုံးသည့် ကျင့်ကြံသူများသာလျှင် ထိုအကြောင်းအရာများကို သိမြင်နိုင်ပြီး ကံကြမ္မာလမ်းဆုံးကို ရှာတွေ့နိုင်လိမ့်မည်ဖြစ်သည်။

ကံကြမ္မာ၏နှလုံးကြိုးမျှင်များကို ဖြည်းညှင်းစွာ ဖယ်ထုတ်လိုက်ပြီးနောက် ပျက်ဆီးခြင်းကြိုးမျှင်စိမ်းများကို ရှင်းရှင်းလင်းလင်းမြင်လာရသည်။ မကြာမီတွင် ဟွမ်တာအိုဘိုးဘေးသည် ဝူရှန်းဘိူးဘေးနှင့်သက်ဆိုင်သည့် ကံကြမ္မာကြိုးမျှင်ကို တွေ့ရှိလိုက်ရသည်။

သူထုတ်လိုက်သည့် ကံကြမ္မာကြိုးမျှင်တိုင်းက ဟွမ်တာအိုဘိုးဘေးအပေါ် သိသာထင်ရှားသည့် ဝေဒနာကိုသက်ရောက်စေ၏။ ယခုဝူရှန်းဘိုးဘေးနှင့် သက်ဆိုင်သည့် ကံကြမ္မာချည်မျှင်ကို အမြန်ရှာတွေ့ခဲ့ရာ ဟွမ်တာအိုဘိုးဘေးသည်လည်း ကျေနပ်သွားသည်။ သူ့အသိစိတ်သည် ထိုကြိုးမျှင်နောက်သို့ လိုက်သွားကာ အဆက်မပြတ်ရှေ့သို့တက်လာသည်။ ထို့နောက် ပျက်ဆီးခြင်းနှင့် လုံးလုံးလျားလျားပေါင်းစပ်ထားသော ကမ္ဘာတစ်ခုထဲသို့ သူ၀င်ရောက်သွားသည်။

ဟွမ်တာအိုဘိုးဘေးသည် ကံကြမ္မာလမ်းစဉ်ကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီးနောက် ကမ္ဘာများစွာကို မြင်တွေ့ခဲ့ရသည်။ သို့သော် ပျက်ဆီးခြင်းနှင့် လုံးလုံးလျားလျား ပေါင်းစပ်ထားသည့် ဤကမ္ဘာသစ်ကြောင့် သူလုံးဝအံသြသွားခဲ့သည်။ ဝူရှန်းဘိုးဘေးသည် အခြားစကြဝဠာတစ်ခုသို့ ထွက်ပြေးသွားသော်လည်း ကံကြမ္မာဆက်စပ်မှုက ဟွမ်တာအိုဘိုးဘေး၏တည်နေရာကို ပြောပြပေးမည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သဲလွန်စလုံးဝ မရှိနေပေ။

ဝူရှန်းဘိုးဘေး၏ကံကြမ္မာသည် ပျက်ဆီးခြင်းလောကထဲသို့ဝင်ရောက်ပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ဟွမ်တာအိုဘိုးဘေးသည် ဤအရင်းအမြစ်ကို ရှာရခက်သည်ဟု ခံစားမိသောကြောင့် ချွေးအေးအေးပျံလျက် ပြန်ထွက်လာခဲ့သည်။ ပျက်ဆီးခြင်းကမ္ဘာ၏ဖိအားက သူ့ကန့်သတ်ချက်ကို လုံးဝကျော်လွန်သွားပြီဖြစ်ရာ မထိန်းထားနိုင်တော့ဘဲထွက်ခွါခဲ့ရသည်။

ဟွမ်တာအိုဘိုးဘေးသည် အခြားရွေးချယ်စရာမရှိဘဲ ဝူရှန်းဘိူးဘေး၏ ကံကြမ္မာကြိုးမျှင်အခွဲလေးများကိုသာ လျင်မြန်စွာစကင်န်ဖတ်လိုက်ရသည်။ ဤတစ်ကြိမ်တွင် ဟွမ်တာအိုဘိုးဘေး တစ်ဆင့်တိုးတက်သွားကာ ရီမိသားစုနှင့်ပတ်သက်နေကြောင်း တွေ့ရှိခဲ့သည်။

ဘမ်း!

ဟွမ်တာအိုဘိုးဘေးသည် မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်တိုက်ရိုက်ထိုင်ချလိုက်သည်။

"ဟွမ်တာအိုဘိုးဘေး ဘယ်လိုဖြစ်တာလဲ"

ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ဟွမ်တာအိုဘိုးဘေး၏ ပင်ပန်းနွမ်းနယ်မှုကိုဂရုမစိုက်ဘဲ ဝူရှန်းဘိုးဘေးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်ကို ဂရုစိုက်သည်။

"ဝူရှန်းဘိုးဘေး အသက်ရှင်နေသေးတာကို အတည်ပြုပြီးတော့ သတင်းတစ်ချို့ရခဲ့တယ်။ သူက ထူးဆန်းတဲ့ကမ္ဘာတစ်ခုထဲကို ဝင်သွားပြီး၊ သူ့ရဲ့ ပျောက်ဆုံးမှုက ရီမိသားစုနဲ့ဆိုင်တယ်"

‘ရီမိသားစု၊ အမြဲတမ်းရီမိသားစု’ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် သူနှင့် ရီမိသားစု လုံးဝကွဲလွဲနေကြောင်း ခံစားလာရသည်။ သူနတ်ဆိုးနတ်ဘုရားကို ဆန့်ကျင်ရန် ကြိုးစားသည့်အချိန်တိုင်း ရီမိသားစုက ပါ၀င်နေလိမ့်မည်။ ဤမျှများပြားသော အဖိုးအခကိုပေးရပြီးနောက် ဝူရှန်းတာအိုဘိုးဘေးကို အတိအကျမရှာဖွေနိုင်ခဲ့ပေ။ ၎င်းကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက လက်မခံနိုင်ပါ။

ဟွမ်တာအိုဘိုးဘေးက သူ့ပိုက်ဆံများ လိမ်ဖို့ကြိုးစားနေသလားဟူ၍ပင် သံသယဝင်လာသည်။ ဟွမ်တာအိုဘိုးဘေးသည် ယခင်က တိကျသောအချက်အလက်များကိုသာ အမြဲပေးခဲ့ဖူးရာ ယခုတစ်ကြိမ်တွင် အဘယ်ကြောင့် ပျက်ကွက်ခဲ့ရသနည်း။

"ငါ တတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ။ မင်း ဝူရှန်းဘိုးဘေးရဲ့ တည်နေရာအတိအကျကိုသိချင်ရင် ရီမိသားစုကို မေးရလိမ့်မယ်"

ထိုသို့မှတ်ချက်ပေးပြီးနောက် ဟွမ်တာအိုဘိုးဘေးသည် ကောင်းကင်ဘုံနှလုံးသားတစ်ဝက်သူတော်စင်အတွက် သူအသုံးပြုခဲ့သော စွမ်းအင်ပြန်လည်ရယူရန် အာရုံစိုက်ထားလိုက်သည်။

ဟွမ်တာအိုဘိုးဘေးစကားကိုကြားသည့်အခါ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး "ရီမိသားစုကို မေးရမယ်ဆို မင်းပြောမှလား။ ငါက မသိဘဲနေမလား"

"မင်း ဝူရှန်းဘိူးဘေးရဲ့ တည်နေရာအတိအကျကို မရှာနိုင်မှတော့ ငါ့ရဲ့အရင်းအမြစ်တွေ ပြန်ပေးလိုက်”

ဟွမ်တာအိုဘိုးဘေးကို ကြည့်နေသည့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ အကြည့်တွင် လူသတ်ရန်ရည်ရွယ်ချက် ရှိနေသည်။ တွက်ချက်မှုအောင်မြင်ပါက ထိုကဲ့သို့သော အရင်းအမြစ်ပမာဏများကို ပေးရခြင်းအား လက်ခံနိုင်သည်။ သို့သော် တွက်ချက်မှုက အကျိုးမရှိပုံပေါ်သောကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ထိုရလဒ်ကို လိုလိုလားလားလက်ခံနိုင်မည်မဟုတ်ချေ။

အပြစ်ရှိစိတ်အနည်းငယ်ခံစားလိုက်ရသည့် ဟွမ်တာအိုဘိုးဘေးက လေသံအနည်းငယ် လျော့ချလိုက်သည်။

"ဒါဆို မင်းအတွက် ရီမိသားစုရဲ့အခြေအနေကို တွက်ချက်ပေးမယ်"

ဟွမ်တာအိုဘိုးဘေးများထံမှ ထိုစကားများကို ကြားသောအခါမှသာ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ မျက်လုံးများထဲမှ လူသတ်လိူသောအကြည့်က အနည်းငယ်ပြေလျော့သွားသည်။

နောက်အခိုက်အတန့်တွင် ဟွမ်တာအိုဘိုးဘေးသည် ပင်ပန်းနွမ်းနယ်နေသည့်တိုင် နောက်တစ်ကြိမ် တွက်ချက်လိုက်သည်။ ရီမိသားစု၏ ကံကြမ္မာလမ်းကြောင်းကို မြင်လိုက်ရသောအခါ ဟွမ်တာအိုဘိုးဘေးပင်လျှင် ထိတ်လန့်စွာ မျက်လုံးပြူးကျယ်သွား၏။

အခြားသူတော်စင်တစ်ပိုင်ရများထက် အဆများစွာ ပိုသိပ်သည်းသောကံကြမ္မာကြိုးမျှင်များက ဟွမ်တာအိုဘိုးဘေး၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေသည်။ ရီမိသားစုမှလူများသည် သူတော်စင်များလူဝင်စားခြင်းဖြစ်သလား။ ၎င်းတို့၏အရည်အချင်းများကို သူတော်စင်များနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်။ သို့မဟုတ်ပါက ၎င်းတို့၏ကံကြမ္မာက အဘယ်ကြောင့် ဤမျှစွမ်းအားကြီးနေလိမ့်မည်နည်း။

သူတော်စင်တစ်ယောက်၏ကံကြမ္မာလမ်းကြောင်းကို ဆန်းစစ်ကြည့်စဉ်ကပင် ဟွမ်တာအိုဘိုးဘေးသည် ယခုကြုံတွေ့နေရသည့် အကြောက်တရားမျိုးကို မခံစားရချေ။ သူ ဆက်မစုံစမ်းနိုင်တော့ပေ။ တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်လာလိမ့်မည်ဟု ခံစားရသည်။ နောက်တစ်စက္ကန့်တွင် ဟွမ်တာအိုဘိုးဘေးရှေ့တွင် လူတစ်ယောက်ပေါ်လာသည်။

၎င်းက ကံကြမ္မာမြစ်ကိုဖြတ်သန်းသွားသည့် ရီဖန်ဖြစ်၏။ တစ်စုံတစ်ယောက်က ရီမိသားစု၏ကံကြမ္မာကို စုံစမ်းရန် ကြိုးစားသည့်အချိန်တွင် ရီဖန်သည် သတိပေးချက်ကို ချက်ချင်းရရှိလိုက်သည်။ရီမိသားစုမှ ကျင့်ကြံသူများကို ကံကောင်းခြင်းဖြင့် လွှမ်းခြုံထားသောကြောင့် ရီမိသားစု၏ ကံကြမ္မာသည် အလွန်ကြောက်မက်ဖွယ်ကောင်းရာ ၎င်းကိုမည်သူကမျှ လှုပ်ခတ်နိုင်စွမ်းမရှိချေ။ အဆုံးမဲ့ကံတရားက ရီဖန်၏ စိတ်ဝိညာဉ်ကြိုးတစ်ချောင်းကိုသယ်ဆောင်လာကာ ကံကြမ္မာမြစ်အထက်တွင်ရပ်နေသော ဟွမ်တာအိုဘိုးဘေးကို ချက်ချင်းတွေ့ရှိသွားသည်။

ရီဖန်သည် ဟွမ်တာအိုဘိုးဘေးမည်သူဖြစ်သည်ကို မသိသော်လည်း ရီမိသားစုအပေါ် ကြံစည်ဝံ့သောကြောင့် ထိုသူတော်စင်တစ်ပိုင်းကို အပြစ်မပေးဘဲနေမည်မဟုတ်ချေ။ ရီဖန်က အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် ဟွမ်တာအိုဘိုးဘေးသည် သူ၏စိတ်ဝိညာဉ်ထဲမှ နာကျင်ကိုက်ခဲမှုကို ရုတ်တရက်ခံစားလိုက်ရသည်။ ထို့ကြောင့် ကံကြမ္မာမြစ်ထဲမှ ချက်ခြင်းထွက်လာကာ သူ၏စိတ်ဝိညာဉ်သည် ရုပ်ခန္ဓာဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

ကံကြမ္မာမြစ်မှ မြင်ကွင်းကို ပြန်တွေးကြည့်မိသောအခါ ဟွမ်တာအိုဘိုးဘေးသည် မကြောက်ဘဲမနေနိုင်တော့ချေ။ ဟွမ်တာအိုဘိုးဘေးသည် သူ့ကံကြမ္မာလမ်းကြောင်းပေါ်တွင် အနက်ရောင်ကြိုးမျှင်များကို မြင်လိုက်ရပြီး ၎င်းကသေခြင်းတရားကို ကိုယ်စားပြုသည်။ သူခဏကြာမှထွက်သွားလျှင် သိူ့မဟုတ် သူ့ရည်ရွယ်ချက်များက ပိုဆိုးခဲ့လျှင် ပြန်လာနိုင်လိမ့်မည်မဟုတ်မှန်း သူသေချာသိလိုက်သည်။

ကံကြမ္မာလမ်းစဉ်ကို ကျင့်ကြံသူဖြစ်သော ဟွမ်တာအိုဘိုးဘေးသည် ကျင့်ကြံသူအများစုထက် အန္တရာယ်ပိုခံစားရသည်။ ရီမိသားစုနှင့်ပတ်သက်သည့် အနာဂတ်စီးပွါးရေးမျိုးကို သူလုံးဝလက်မခံတော့ပါ။ သူ၏စိတ်ဝိညာဉ်ပေါ်ရှိ ကြီးမားသောအက်ကွဲကြောင်းများကို ခံစားမိရင်း ဟွမ်တာအိုဘိုးဘေးသည် အသည်းကွဲသွားရှာ၏။

ဤတစ်ကြိမ်ဆုံးရှုံးမှုက အလွန်များလွန်းသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထံမှ အရင်းအမြစ်များပင်လျှင် ၎င်းကိုဖာထေးရန်မလုံလောက်ချေ။ ဝိညာဉ်ရေးဆိုင်ရာ ဒဏ်ရာများက ပြန်လည်ကောင်းမွန်ရန် အခက်ခဲဆုံးဖြစ်သည်မဟုတ်လား။ သူ၏ စိတ်ဝိညာဉ်အက်ကွဲမှုအရွယ်အစားကို ကြည့်ပြီးနောက် ပြန်လည်ထူထောင်ရန်အတွက် အချိန်မည်မျှကြာမည်ကို သူမသိတော့ချေ။

"ဟွမ်တာအိုဘိုးဘေး ဘယ်လိုအခြေအနေရှိလဲ"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက စိတ်မရှည်စွာမေးသည်။ ထိုမေးခွန်းက ဟွမ်တာအိုဘိုးဘေး၏ဒေါသကို ပိုမိုတောက်လောင်စေခဲ့၏။

"ရီမိသားစုကို ရန်စဖို့တော့ ငါမတတ်နိုင်ဘူး။ ဒီကိစ္စ ဒီမှာပဲ ပြီးပြီ။ ဝူရှန်းဘိူးဘေးက ပျက်ဆီးခြင်းကမ္ဘာထဲမှာပဲ ရှိနေတယ်။ သူ့ကို မင်းဘာသာပဲ ရှာကြည့်လိုက်တော့”

ထိုသို့ပြောပြီးနောက် ဟွမ်တာအိုဘိုးဘေးသည် အင်္ကျီလက်ကိုခါကာ ထွက်ခွါသွားသည်။

"မင်းထွက်သွားလို့မရဘူး!"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဟွမ်တာအိုဘိုးဘေးကို တားဆီးထားသည်။

"ငါလိုချင်တဲ့ဟာကို မင်းမသိမှတော့ အရင်းအနှီးတွေ ပြန်ပေးခဲ့”

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ ခန္ဓာကိုယ်မှ အထွတ်အထိပ်သူတော်စင်တစ်ပိုင်း၏ရောင်ဝါ ထွက်ပေါ်လာသည်။

"ငါ့လက်ထဲရောက်လာတဲ့ အရင်းအနှီးတွေက ငါ့အတွက်ပဲ! ငါ မင်းကို စေတနာနဲ့ ရှာပေးပြီးသွားပြီ။ ဒီတစ်ခေါက် ဆုံးရှုံးမှုက အကြီးကြီးပဲကွ။ မင်းကို လျော်ကြေးမတောင်းတာနဲ့တက် လုံလောက်နေပြီ!"

ဤတစ်ကြိမ် သူ၏ဆုံးရှုံးမှုကို ပြန်တွေးရင်း ဟွမ်တာအိုဘိုးဘေး ဒေါသထွက်လာသည်။

"မင်းရဲ့ဆုံးရှုံးမှုကို ငါဂရုမစိုက်ဘူး။ အရင်းအမြစ်တွေကို ပေးရင်ပေး။မပေးရင်တော့ ငါအတင်းပြန်ယူရမှာပဲ!"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ၏ရည်ရွယ်ချက်များကို မဖုံးကွယ်တော့ဘဲ ဟွမ်တာအိုဘိုးဘေးအား သူ၏အရင်းအမြစ်များကို ပြန်ပေးစေလိုသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏အမြင်တွင် ဟွမ်တာအိုဘိုးဘေးပေးသော အချက်အလက်များက တန်ဖိုးမရှိပေ။ ၎င်းကို မည်သို့ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း။

………

အခန်း ၄၁၁ - မိသားစုစွမ်းအားရှင် အဆင့်ဆယ့်ခုနစ်၊ သူတော်စင်တစ်ပိုင်းနယ်မြေ

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက အရင်းအမြစ်များကိုစွန့်လွှတ်ရန် ဆန္ဒမရှိသကဲ့သို့ ဟွမ်တာအိုဘိုးဘေးသည်လည်း ၎င်းတို့ကိုပြန်ပေးရန် စိတ်ထဲမရှိချေ။ ဟွမ်တာအိုဘိုးဘေးက အရင်းအမြစ်များကိုပြန်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း သိရသည့်အခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည်လည်း ဒေါသပေါက်ကွဲသွား၏။

သူသည် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့် ဟွမ်တာအိုဘိုးဘေးကို အတင်းအကြပ်ရိုက်ချရန်အတွက် ကောင်းကင်နှင့်မြေကြီးကို တိုက်ရိုက်တံဆိပ်ခတ်ခဲ့သည်။ သူလှုပ်ရှားရန် ရွေးချယ်ခဲ့ပြီဖြစ်ရာ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း လိုချင်သောအရာမှာ ဟွမ်တာအိုဘိုးဘေးအား သူပေးခဲ့သော အရင်းအမြစ်များသာမကဘဲ အရာအားလုံးကိုဖြစ်သည်။

အရင်းအမြစ်များစုဆောင်းခြင်း၏အရှိန်နှင့်ပတ်သက်လာလျှင် ပန်ကုစကြဝဠာတစ်ခုလုံးရှိ လူနည်းစုကသာ ဟွမ်ထျန်းဘိုးဘေးထက် ကျော်လွန်လိမ့်မည်။ ဟွမ်ထျန်းဘိုးဘေးသည် နှစ်များတစ်လျှောက် မရေမတွက်နိုင်သော အဖိုးတန်လက်နက်များကို စုဆောင်းခဲ့သည်။ ဟွမ်ထျန်းဘိုးဘေးနှင့် သူ၏ဆက်ဆံရေးကြောင့် အနာဂတ်တွင် ၎င်းတို့ကြားတွင် ဆက်ဆံမှုများရှိလာတော့မည်မဟုတ်ပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် သည်းခံထားရဦးမည်နည်း။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အနာဂတ်ပြဿနာများကိုရှောင်ရှားရန်အတွက် ဟွမ်ထျန်းဘိုးဘေးကို ပြတ်ပြတ်သားသားရှင်းပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ဟွမ်ထျန်းဘိုးဘေးသည် သူ့ပတ်ဝန်းကျင်ရှိ ရောင်ဝါအပြောင်းအလဲကို သတိပြုမိကာ အနည်းငယ်ထိတ်လန့်သွားသည်။ ၎င်းတို့နှစ်ဦးစလုံးသည် သူတော်စင်တစ်ပိုင်းနယ်မြေ အထွတ်အထိပ်သို့ရောက်နေကြသော်လည်း တိုက်ခိုက်ရေးစွမ်းအားကွာဟချက်က များပြားလွန်းသည်။ အထူးသဖြင့် ဟွမ်ထျန်းဘိုးဘေးသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သောကြောင့် သူသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

"ဟွမ်ထျန်း၊ စိတ်ဝိညာဉ်ပင်လယ်ကန့်သတ်ချက်ကို လွှဲပေးရင် မင်းရဲ့အသက်ကိုချမ်းသာပေးမယ်!"

အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက် ဟွမ်ထျန်းဘိူးဘေးသည် သိသိသာသာဒဏ်ရာရရှိခဲ့သည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထံတွင် ကိုယ်ပိုင်အစီအစဉ်များရှိ၏။ ဟွမ်ထျန်းဘိုးဘေးကဲ့သို့သော စွမ်းအားရှင်ကိုသာ ထိန်းချုပ်နိုင်ပါက သူ့အတွက် အလွန်အကျိုးရှိလိမ့်မည်။

"ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက အိပ်မက်မက်နေတာပဲ။ ငါသေသွားရင်တောင် မင့်အကြံမအောင်စေရဘူး!"

စိတ်ဝိညာဉ်ပင်လယ်ကန့်သတ်ချက်ကို လွှဲပြောင်းပြီးသည်နှင့် သူ၏ရှင်သန်ခြင်းနှင့်သေဆုံးခြင်းက ချုပ်ကိုင်ထားသူ၏လက်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ သူတော်စင်သူတော်စင်တစ်ပိုင်းများသည် ၎င်းတို့၏ စိတ်ဝိညာဉ်ကန့်သတ်ချက်ကို အခြားသူများအား လွှဲပြောင်းပေးလိုမည်မဟုတ်ပေ။

"မင်းငြင်းနေမှတော့ ငါ့ဘာငါယူရုံပဲရှိတာပေါ့"

ဟွမ်ထျန်းဘိုးဘေး၏ ပြင်းထန်သောငြင်းဆန်မှုကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက အလွန်အံ့သဩခြင်းမရှိချေ။ အထွတ်အထိပ် သူတော်စင်သူတော်စင်တစ်ပိုင်းတစ်ဦးကို အလွယ်တကူ ထိန်းချုပ်နိုင်ပါက ၎င်းသည် အလွန်တန်ဖိုးရှိမည်မဟုတ်ပေ။

ဟွမ်ထျန်းဘိုးဘေးကိုထိန်းချုပ်ခြင်းက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအတွက် သာမန်အတွေးတစ်ခုမျှသာဖြစ်သည်။ သူအောင်မြင်နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မဟုတ်ပါက ဟွမ်ထျန်းဘိုးဘေးကို ဖျက်ဆီးပစ်ရမည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လှုပ်ရှားရန်ဆုံးဖြတ်ပြီးချိန်မှစ၍ ဟွမ်ထျန်းဘိုးဘေး၏အသက်ကို ချမ်းသာမပေးရန် စဉ်းစားထားသည်။

ဟွမ်ထျန်းဘိုးဘေးသည် နှစ်များတစ်လျှောက် အချက်အလက်များကို ရောင်းချခြင်းဖြင့် အကူအညီ အတော်အတန်စုဆောင်းမိခဲ့သည်။ ဟွမ်ထျန်းဘိုးဘေး လွတ်မြောက်သွားပါက ထိုကျေးဇူးကြွေးရှိသောအင်အားစုများက ၎င်းတို့၏ကျေးဇူးတရားကိုဖော်ပြရန် လက်စားချေကြလိမ့်မည်။ ဟွမ်ထျန်းဘိုးဘေး၏ ကျယ်ပြန့်သောအဆက်အသွယ်များဘက်မှ လက်စားချေရန်ကြိုးပမ်းခဲ့ပါက ၀မ်ရှန်းဂိုဏ်းကိုပင်လျှင် ကြီးကြီးမားမား သက်ရောက်နိုင်သည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ လှုပ်ရှားမှုတိုင်းက အရှိန်အဟုန်မြင့်တက်လာကာ ဟွမ်ထျန်းဘိုးဘေးကို သတ်ဖြတ်ရန်ရည်ရွယ်ချက်အပြည့်ဖြစ်နေသည်။ ၎င်းကိုကြည့်ရင်း ဟွမ်ထျန်းဘိုးဘေး၏ဒေါသသည် ကောင်းကင်ယံအထိ မြင့်တက်လာ၏။ ၎င်းက ဤမျှရက်စက်ယုတ်မာသော အနိုင်ကျင့်သူတစ်ဦးဖြစ်သည်။

အထွတ်အထိပ်သူတော်စင်တစ်ဦးဖြစ်သော သူ့ကို ရင်ဆိုင်ရန်လွယ်ကူလိမ့်မည်ဟု သူအမှန်တကယ်ထင်ပါသလား။ နောက်အခိုက်အတန့်တွင် ဟွမ်ထျန်းဘိုးဘေးလက်ထဲ၌ ထူးဆန်းသောအရာတစ်ခုပေါ်လာသည်။ ၎င်းကိုမြင်သောအခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏မျက်နှာ ဖြာဖျော့သွား၏။

၎င်းက မီထျန်းအဆောင်ဖြစ်ပြီး သူတော်စင်များသာသန့်စင်နိုင်ကာ အဓိကအသုံးပြုနိုင်သည့် မန္တန်ဖြစ်သည်။

သူမလှုပ်ရှားမီတွင် ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် ဟွမ်ထျန်းဘိုးဘေး အဝေးသို့ထွက်ပြေးခြင်းကို တားဆီးရန်အတွက် ကောင်းကင်ဘုံကန့်သတ်ချက်အခင်းအကျင်းကို တည်ဆောက်ထားပြီးဖြစ်သည်။

ကောင်းကင်ဘုံကန့်သတ်ချက်ခင်းအကျင်းအတွင်း အထွတ်အထိပ် သူတော်စင်တစ်ပိုင်းပင်လျှင် နေရာရွေ့ပြောင်းနိုင်ခြင်းမရှိပေ။ သိူ့သော် တစ်ခုတည်းသော ချွင်းချက်မှာ မီထျန်းအဆောင်ဖြစ်သည်။ ဟွမ်ထျန်းဘိုးဘေးသည် ကိုယ်ခန္ဓာနာကျင်မှုကို သည်းခံရင်း မီထျန်းအဆောင်ကို တိုက်ရိုက်အသက်သွင်းလိုက်သည်။

နောက်အခိုက်အတန့်တွင် ဟွမ်ထျန်းဘိုးဘေးထံတွင် ထူးဆန်းသောအင်အားတစ်ခု ရောက်ရှိလာသည်။

ထို့နောက် ဟွမ်ထျန်းဘိုးဘေး၏ခန္ဓာကိုယ်သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏လက်သီးချက်က ဟွမ်ထျန်းဘိုးဘေး နောက်ဆုံးပျောက်ကွယ်သွားသည့်နေရာသို့ ရောက်သွားသည်။ သိူ့သော် နေရာလွတ်တစ်လွှာပြီးတစ်လွှာ ကြေမွသွားသည့်တိုင် ဟွမ်ထျန်းဘိုးဘေးကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

ဟွမ်ထျန်းဘိူးဘေးထွက်ခွါသွားရာအရပ်ကိုကြည့်ရင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ နှလုံးသားသည် အေးစက်စွာနစ်မြုပ်သွား၏။ ဤတစ်ကြိမ်တွင် သူဒုက္ခရောက်ပြီဖြစ်ကြောင်းကို သိလိုက်သည်။

"သွားကြမယ်”

ဒုက္ခရောက်လာမည်ကို သူသိသော်လည်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းအတွက် အခြားရွေးချယ်စရာမရှိပေ။ ဟွမ်ထျန်းဘိုးဘေး၏ ကံကြမ္မာလမ်းကြောင်းအတူ သူပုန်းကွယ်နေသရွေ့ မည်သူမျှရှာတွေ့နိုင်မည်မဟုတ်။ အကယ်၍သူက ၀မ်ရှန်းဂိုဏ်းကို လက်တုံ့ပြန်လိုလျှင် လက်ညှိုးပင်ထိုးနေရန် မလိုအပ်ချေ။

…

မည်မျှကွာဝေးမှန်းမသိသည့် မဟာကမ္ဘာတစ်ထောင်ပေါ်တွင် လူတစ်ယောက်ပေါ်လာ၏။

"ချီးပဲ သေစမ်းကွာ!"

ဟွမ်ထျန်းဘိုးဘေးက အကြိမ်ကြိမ်ကျိန်ဆဲခဲ့သည်။ ၎င်းက ကံကြမ္မာကြိုးမျှင်များနှင့်အတူ ကျိန်စာများစွာကိုထည့်ပေးလိုက်သည်။ ကံကြမ္မာကြိုးမျှင်အဆုံးများက ၀မ်ရှန်းဂိုဏ်းဆီသို့ ဦးတည်သွားကြသည်။ ဟွမ်ထျန်းဘိုးဘေးသည် ဤတစ်ကြိမ်တွင် သိသိသာသာဆုံးရှုံးခဲ့ရသည်ဟု ခံစားရသည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ပေးသောအရင်းအမြစ်များက သူ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးမပေးနိုင်ပေ။ မီထျန်းအဆောင်တစ်ခုတည်းကပင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းထံမှ အရင်းအမြစ်များ၏ တန်ဖိုးထက်အဆများစွာ အဖိုးတန်သည်။

ဟွမ်ထျန်းဘိုးဘေး ပိုစိတ်ညစ်စေသည့်အရာမှာ ရီမိသားစုကို စော်ကားမိခြင်းဖြစ်သည်။ ဟွမ်ထျန်းဘိုးဘေးသည် ကံကြမ္မာ၏စွမ်းအားကြောင့် ရီမိသားစုအကြောင်း အနည်းငယ်နားလည်ခဲ့သည်။ ဤနားလည်မှုလေးတစ်ခုတည်းဖြင့်ပင် ဟွမ်ထျန်းဘိုးဘေးကို ကြောက်ရွံ့စေ၏။ ရီမိသားစုအတွင်း သူတော်စင်များဖြစ်လာရန် အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များစွာရှိကာ ဟွမ်ထျန်းဘိုးဘေးပင်လျှင် မရေမတွက်ဝံ့လောက်အောင် များပြားသည်။

ဟွမ်ထျန်းဘိုးဘေးသည် ဤအရာအားလုံးက အတုအယောင်ဖြစ်ကာ ထိုမျှလောက် သူတော်စင်အရည်အချင်းပြည့်မီသော ပုဂ္ဂိုလ်များ မရှိနိုင်ဟုတွေးလိုသော်လည်း၊ ကံတရားက အရာအားလုံး မှန်ကန်ကြောင်း ပြောပြနေသည်။

ထိုအရာအားလုံးကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် ၀မ်ရှန်းဂိုဏ်းအပေါ် အပြစ်တင်နိုင်သည်။ ဤဒေါသကို မထုတ်လွှတ်နိုင်ပါက ဟွမ်ထျန်းဘိုးဘေးသည် သူ့အတွေးများကို ရှင်းနိုင်လိမ့်မည်မဟုတ်ဟု ခံစားမိသည်။ မကြာမီတွင် ပန်ကုစကြာဝဠာတစ်ခုလုံး၌ ၀မ်ရှန်းဂိုဏ်းအတွက် ဆုကြေးတစ်ခုပေါ်လာသည်။

ဟွမ်ရှန်းဘိုးဘေးက ဘာမှဖုံးကွယ်မထားဘဲ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ အကျင့်ယုတ်မာမှုကို လူသိရှင်ကြားကြေညာကာ ၀မ်ရှန်းဂိုဏ်းဝင်များအားလုံးကို ဆုကြေးထုတ်လိုက်သည်။

……….

All Chapters