← Chapters

အခန်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အခန်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အခန်း ၄၁၂ - မိသားစုစွမ်းအားရှင် အဆင့်ဆယ့်ခုနစ်၊ သူတော်စင်တစ်ပိုင်းနယ်မြေ

၀မ်ရှန်းဂိုဏ်း၏ကျင့်ကြံသူအား သတ်နိုင်သည့် မည်သူမဆို အသတ်ခံရသူ၏အရေးပါမှုအပေါ် မူတည်၍ ဆုချီးမြှင့်ခံရမည်ဖြစ်သည်။ ဟွမ်ထျန်းဘိုးဘေးသည် ပန်ကုစကြဝဠာတွင် ကံကြမ္မာထောက်ပံ့ပေးနိုင်သူအဖြစ် အလွန်ကျော်ကြားသည်။ နှစ်များကြာလာသည်နှင့်အမျှ သူ့လက်ထဲရှိ အဖိုးတန်လက်နက်များက လူများစွာကို မနာလိုဖြစ်စေသည်။ သူတော်စင်တစ်ပိုင်းများပင်လျှင် စိတ်မထိန်းနိုင်ကြချေ။ !

၀မ်ရှန်းဂိုဏ်းသည် ကြောက်မက်ဖွယ်အင်အားကောင်းသော်လည်း ထိုက်တန်သောဆုလာဘ်ကိုရသရွေ့၀မ်ရှန်းဂိုဏ်းပင်ဖြစ်နေစေကာမူ ၎င်းတို့၏လှုပ်ရှားမှုကို ဟန့်တားနိုင်မည်မဟုတ်ပေ။

တစ်ချိန်တည်းတွင် ၀မ်ရှန်းဂိုဏ်းတစ်ခုလုံး အထိတ်တလန့်ဖြစ်နေကြ၏။ လူတိုင်းက ဂိုဏ်းထဲတွင် ပုန်းအောင်းနေရကာ ကြောက်ရွံ့နေကြသည်။ သို့သော် ၎င်းတို့အားလုံး အိမ်ထဲတွင်သာ ထာဝရမနေနိုင်ကြပေ။ ၎င်းတို့သာမက ဝမ်ရှန်းဂိုဏ်း၏အခြားသော သူတော်စင်တစ်ပိုင်းများသည်လည်း အရင်းအမြစ်များအတွက် ထွက်ခွာရန်လိုအပ်သည်။ ယခုတွင် ၎င်းတို့ဂိုဏ်းကို ပစ်မှတ်ထားနေသော ကျင့်ကြံသူများထဲတွင် စွမ်းအားကြီးသူတော်စင်တစ်ပိုင်းကျွမ်းကျင်သူများစွာ ရှိသောကြောင့် မျက်စိစုံမှိတ် မစွန့်စားရဲကြချေ။

…

ဂိုဏ်းထဲတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို သူတော်စင်တစ်ပိုင်းအုပ်စုက ဝန်းရံထားသည်။ ၎င်းတို့အားလုံးက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကိုယ်ပိုင်ထင်မြင်ယူဆချက်များ ရှိကြသော်လည်း ၎င်းတို့ကို ထုတ်မပြဝံ့ကြပေ။

ဤအဖြစ်အပျက်များသည် ၀မ်ရှန်းဂိုဏ်း၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ကာ အခြားဂိုဏ်းများမှလူများသည် ၎င်းတို့နှင့် အဆက်အသွယ်ဖြတ်ခဲ့ကြ၏။

“ဒါကို ငါဖြေရှင်းလိုက်မယ်” ဟု ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ဆိုသည်။

အခြားနည်းလမ်းမရှိသောကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ၎င်းကိုဖြေရှင်းနိုင်သည်ဖြစ်စေ မဖြေရှင်းနိုင်သည်ဖြစ်စေ အခြေအနေကိုဖြေရှင်းရန်မှလွဲ၍ရွေးချယ်စရာမရှိပေ။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လက်ရှိကြုံတွေ့နေရသောအခြေအနေကို အကောင်းဆုံးဖြေရှင်းနည်းမှာ ဟွမ်ထျန်းဘိုးဘေးနှင့် ရင်ဆိုင်ရန်ဖြစ်သည်ကို နားလည်ထား၏။ သို့သော် ဟွမ်ထျန်းဘိုးဘေးကို မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။

"ဂိုဏ်းရဲ့လျှို့ဝှက်လက်နက်ဖြစ်တဲ့ ကောင်းကင်လှည့်လည်ချပ်ပြားကို ငှါးရမယ်"

ကောင်းကင်လှည့်လည်ချပ်ပြားသည် ပန်ကုစကြဝဠာရှိ ရှားပါးအဆင့်မြင့် နတ်လက်နက်များထဲမှ တစ်ခုဖြစ်သည်။ထိပ်တန်းနတ်လက်နက်များကဲ့သို့သော အရာများကို သူတော်စင်အဆင့် စွမ်းအားကြီးအင်အားစုများကပင် ဝှက်ဖဲများအဖြစ် သိမ်းထားခဲ့သည်။

ကောင်းကင်လှည့်လည်ချပ်ပြားသည် ထိပ်တန်းအဆင့်နတ်လက်နက်များကြားတွင် တွေ့ရခဲသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဟွမ်ထျန်းဘိုးဘေးကိုရှာလိုပါက ကောင်းကင်လှည့်လည်ချပ်ပြားကို ငှားရန်မှတပါး အခြားမရှိချေ။

၎င်း၏တောင်းဆိုမှုကိုကြားသောအခါ ၀မ်ရှန်းဂိုဏ်း၏ ကျင့်ကြံသူများက သဘောတူခြင်းမပြုမီ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ အခြားရွေးချယ်စရာလည်းမရှိပေ။ ၎င်းတို့ကိုပေးလာလျှင်ပင် ဟွမ်ထျန်းဘိုးဘေးကို လိုက်ရှာရဲမည်မဟုတ်ချေ။

အထွတ်အထိပ်သူတော်စင်တစ်ပိုင်းဖြစ်သည့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကသာ တစ်ဦးတည်းသော စွန့်စားဝံ့သူဖြစ်သည်။ ၎င်းတို့အားလုံးသည် ကောင်းကင်ဘုံနှလုံးသားသူတော်စင်တစ်ပိုင်းက ဤပြဿနာကို အမြန်ဖြေရှင်းနိုင်စေရန်အတွက် နည်းလမ်းရှာဖွေနိုင်မည်ဟု မျှော်လင့်ထားကြ၏။

ရီမိသားစုရှိ ရီဖန်သည်လည်း ဟွမ်ထျန်းဘိုးဘေးနှင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းတို့၏ ဇာတ်လမ်းကို ကြားသိခဲ့ရသည်။ ဇာတ်လမ်းအပြည့်အစုံကိုကြားပြီးနောက် ရီဖန်သည် ထိုနေ့က ကံကြမ္မာမြစ်ကမ်းတွင် ရီမိသားစုကိုဆန်းစစ်ကြည့်ခဲ့သူမှာ ဟွမ်ထျန်းဘိူးဘေးဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။

အားလုံးအဆင်ပြေခဲ့ကြသော်လည်း အဘယ်ကြောင့်ရုတ်တရက် ပြဿနာတက်သွားသနည်း။

၎င်းတို့နှစ်ဖက်ကြားရှိ ပြဿနာများနှင့်ပက်စက်၍ ရီဖန်က ၎င်းတို့ကိုဝင်စွက်ဖက်မည် မဟုတ်ချေ။ ၀မ်ရှန်းဂိုဏ်းကို ထိခိုက်လေလေ ရီဖန်က ပိုပျော်ရွှင်လေလေဖြစ်သည်။

၀မ်ရှန်းဂိုဏ်း၏အရင်းအမြစ်များအားလုံးကို ဖယ်ထုတ်ရန်အတွက် ဟွမ်ထျန်းဘိုးဘေးက အကောင်းဆုံးဖြစ်လိမ့်မည်။ ဤနည်းဖြင့် ရီဖန်သည် မည်သည့်စိုးရိမ်မှုမှမရှိဘဲ ဝမ်ရှန်းဂိုဏ်းကို တိုက်ခိုက်နိုင်လိမ့်မည်။ နှစ်ပေါင်းများစွာကြာအောင် ဝမ်ရှန်းဂိုဏ်းစုဆောင်းထားခဲ့သော အခြေခံအုတ်မြစ်သည် ရီဖန်လိုချင်သော အရာတစ်ခုဖြစ်၏။

“ရှောင်းရှောင်းဘက်မှာ အခြေအနေဘယ်လိုလဲ"

ရီဖန်သည် လက်ရှိရီမိသားစု၏အခြေအနေအားလုံးကို ကြီးကြပ်ပေးနေသည့် စုယန်ကိုမေးလိုက်သည်။

"တာ့ယွီနတ်မင်းဆက်က ကမ္ဘာနှစ်ဆယ်လောက်ထိ ကျယ်ပြန့်လာပြီးတော့ လူသားယုံကြည်သူတွေအများကြီး စုဆောင်းမိထားတာမို့ ရှောင်းရှောင်း မကြာခင် သူတော်စင်တစ်ပိုင်းနယ်မြေကို ဖြတ်ကျော်နိုင်မယ်ထင်တယ်"

ရီ‌ရှောင်းရှောင်းသာမက ရီမိသားစု၏ အထွတ်အထိပ်တာအိုဘိုးဘေးအများအပြားလည်း အဆင့်တက်လှမ်းလာကြကာ မကြာမီတွင် သူတော်စင်တစ်ပိုင်းနယ်မြေစွမ်းအားရှင်များ မွေးဖွားလာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

ထိုအချိန်တွင် ၎င်းတို့အားလုံး ဟုန်မိန်ခရမ်းရောင်ချီကို အသုံးချကာ သူတော်စင်အဆင့်စွမ်းအားရှင်များ အစုလိုက်အပြုံလိုက်မွေးထုတ်ပေးနိုင်သည်။ သူတော်စင်နယ်မြေများ မွေးဖွားပြီးသည်နှင့် ရီမိသားစုသည် ၎င်းတို့၏ အင်အားအစစ်အမှန်ကို ထုတ်ပြနိုင်လိမ့်မည်။

ပန်ကုစကြဝဠာတစ်ခုလုံးတွင် စုစုပေါင်းဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင် ခြောက်ခုသာရှိသည်။ ယခုတွင် ကြိုးတစ်ချောင်းသည် ရီဖန်၏လက်ထဲ၌ ရှိနေပြီဖြစ်ရာ ကျန်သည့်ငါးမျှင်က တခြားနေရာများတွင် ပြန့်ကျဲနေလျှင်ပင် ရီဖန်စိတ်မဝင်စားပေ။

ထိုအချိန်တွင် ပန်ကုစကြာဝဠာတစ်ခုလုံးရှိ သူတော်စင်အဆင့်စွမ်းအားရှင်များအားလုံးသည် ရီမိသားစုအင်အား၏ တစ်စိတ်တစ်ပိုင်းမျှကိုပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ အင်အားစုအားလုံးက ရီမိသားစု၏စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ပျက်အားငယ်ခြင်းသာ ခံစားရမည်ဖြစ်သည်။

ရီဖန်၏ စနစ်အပေါ် နားလည်မှုအရ

ဤရေရှည်တာဝန်ကို ပြီးမြောက်စေခြင်းအတွက် ဆုလာဘ်မှာ ဉာဏ်အလင်းဖြစ်လိမ့်မည်။

ဉာဏ်အလင်း၏အသွင်ပြောင်းလဲမှုက ရီဖန်အတွက် အလွန်အရေးပါသည်။ဤကာလအတွင်း ရီဖန်သည် အရွက်တစ်ထောင်ဆေးခန်းအမည်ဖြင့် သူတော်စင်တစ်ပိုင်းအဆင့်နှင့် သူတော်စင်အဆင့်ကျင့်ကြံနည်းစနစ်များကို စတင်စုဆောင်းရန် ရီကျင်းထျန်ကို တောင်းဆိုထားပြီးဖြစ်သည်။

ရီမိသားစု၏ကျင့်ကြံသူများ ပိုမိုအားကောင်းလာခြင်းကြောင့် ပျက်ဆီးခြင်းဖန်တီးမှုနည်းပညာက မလုံလောက်တော့ပေ။ ဉာဏ်အလင်းအသွင်ကူးပြောင်းပြီးသည်နှင့် ရီဖန်သည် သူတော်စင်တစ်ပိုင်းအဆင့် ပျက်ဆီးခြင်းဖန်တီးမှုနည်းပညာကို ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

ပျက်ဆီးခြင်းဖန်တီးမှုနည်းပညာအပြင် လက်ရှိရီမိသားစုအတွက် လက်ရှိကောင်းကင်လှည့်ဖျားခြင်း လျှို့ဝှက်နည်းစနစ်ကလည်း မလုံလောက်တော့ချေ။ ပန်ကုစကြဝဠာတွင် ကျင့်ကြံသူများအား ပိတ်ဆို့ထားသည်ကို သိရှိခဲ့ပြီးနောက် ရီဖန်သည် ပိုမိုသတိရှိလာသည်။

အချိန်ကျလာပြီး ရီမိသားစုတွင် သူတော်စင်နယ်မြေကျင့်ကြံသူ များပြားလွန်းနေသည်ကိုမြင်လျှင် ပန်ကုစကြဝဠာ နောက်ကွယ်ရှိအဖွဲ့အစည်းများက ရီမိသားစုကို ဆန့်ကျင်ကြမည်လား။ ၎င်းကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏အင်အားကို ဖုံးကွယ်ထားရန်ဖြစ်သည်။ ၎င်းတို့သည် အကြွင်းမဲ့အာဏာမရှိဘဲ ပန်ကုစကြဝဠာနောက်ကွယ်ရှိ တည်ရှိမှုများ၏အာရုံကို မဆွဲဆောင်သင့်ချေ။

ဤအခြေအနေတွင် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်နိုင်ရန် ကောင်းမွန်သော ကျင့်ကြံနည်းစနစ်ကလည်း အလွန်အရေးကြီးလာသည်။

ရီဖန်သည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုဖုံးကွယ်ရန် ပိုမိုအားကောင်းသောကျင့်ကြံမှုနည်းပညာကို ရရှိရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ကောင်းကင်လှည့်ဖျားခြင်းလျို့ဝှက်နည်းစနစ်ကို အသုံးပြုရန်စီစဉ်ခဲ့သည်။ ကျင့်ကြံနည်းစနစ်တစ်ခုရရှိရန်အတွက် ပိုမိုအားကောင်းသော ဉာဏ်အလင်းကို လိုအပ်သည်။

"ရီမိသားစုကျင့်ကြံသူတွေကို ဝူရှန်းလုပ်ထားတဲ့ရုပ်သေးတွေနဲ့ တဖြည်းဖြည်း အစားထိုးပြီးတော့ နေရာအမြန်ပြောင်းရွေ့သင့်တယ်။ ပြီးတော့ မိသားစုဝင်အသစ်တွေ မွေးဖွားလာရင် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှာပဲ အခြေချဖို့စီစဉ်ရမယ်"

ရီဖန်သည် ရီမိသားစုအတွက် နောက်ထပ်ခြေလှမ်းများကို သေသေချာချာ စီစဉ်နေသည်။ ပန်ကုစကြဝဠာထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန်အတွက် ၎င်းတို့ကိုယ်တိုင်ဖြည်းဖြည်းချင်းကြိုးစားမှရမည်။

တာ့ယွီနတ်မင်းဆက်၏မြို့တော်တွင်၊ လူသားမျိုးနွယ်စု၍ ရီ‌ရှောင်းရှောင်းအပေါ် ယုံကြည်သက်ဝင်မှုများ တိုးလာခဲ့သည်။ ရီ‌ရှောင်းရှောင်းသည် သူမ၏ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်း နိယာမအရေအတွက်ကို အဆက်မပြတ်တိုးလာစေသည်။

အခြေခံအုတ်မြစ် ပိုအားကောင်းလေ အောင်မြင်မှုပြီးနောက် သူမ၏ အင်အားပိုမြင့်မားလေဖြစ်ကာ အနာဂတ်တွင် သူမသည် ပိုမိုရှေ့ရောက်နေလိမ့်မည်။ ရီမိသားစုကျင့်ကြံသူများသည် အောင်မြင်မှုများ၏အရှိန်ကို မလိုက်ကြဘဲ၊ တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့လျှောက်လှမ်းကာ ကျော်ဖြတ်လေ့ရှိသည်။ နောက်ဆုံးတွင် နိယာမအရေအတွက် ၂.၅သန်းသို့ရောက်ရှိပြီးနောက် ပမာဏကို ထပ်မတိုးနိုင်တော့ပေ။

ရီ‌ရှောင်းရှောင်းသိလိုက်ရသည်မှာ သူမသည် အောင်မြင်မှုများအတွက် အဆင်သင့်ဖြစ်နေပြီကိုပင်။ စွမ်းအင်ချည်မျှင်များသည် အဆက်မပြတ် ပေါင်းစည်းသွားပြီးနောက် မကြာမီတွင် ရီ‌ရှောင်းရှောင်း၏ခန္ဓာကိုယ်အတွင်းမှ ပထမဆုံး နတ်စွမ်းအားကို ထုတ်လုပ်ခဲ့သည်။

နတ်စွမ်းအားကိုရရှိခြင်းက ရီ‌ရှောင်းရှောင်း၏ကျင့်ကြံမှုအဆင့် အောင်မြင်စွာ ဖြတ်ကျော်သွားကာ သူတော်စင်တစ်ပိုင်းဖြစ်လာသည်ကိုဆိုလိုသည်။ ရီ‌ရှောင်းရှောင်း၏အောင်မြင်မှုများနှင့်အတူ တစ်ချိန်တည်းတွင် ကံကြမ္မာရွှေကွင်းကိုးခုက ပိုမိုနက်နဲစွာထွက်ပေါ်လာသည်။ ရီ‌ရှောင်းရှောင်း၏အောင်မြင်မှုနှင့်အတူ တာ့ယွီနတ်မင်းဆက်၏ အသွင်ကူးပြောင်းမှုကို စတင်နေပြီဖြစ်၏။

သူတော်စင်တစ်ပိုင်းနယ်မြေသို့ အောင်မြင်သွားပြီ။ တာ့ယွီနတ်မင်းဆက်၏ ထိုကဲ့သို့ထူးခြားသော အဖြစ်အပျက်ကို အခြားကျင့်ကြံသူများထံမှ ဖုံးကွယ်ထား၍မရပေ။ မကြာမီတွင် မရေမတွက်နိုင်သောကျင့်ကြံသူများသည် တူညီစွာ ကောက်ချက်ချလိုက်သည်။ တာ့ယွီအုပ်စိုးရှင် ရီ‌ရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ အောင်မြင်စွာ ချိုးဖျက်နိုင်သွားပြီဖြစ်၏။ ရီမိသားစုသည် နောက်ထပ် စွမ်းအားကြီး သူတော်စင်တစ်ပိုင်းကျင့်ကြံသူကိူ ထပ်မံရရှိသွားလေပြီ။

ရီ‌ရှောင်းရှောင်းဖြတ်ကျော်သွားချိန်၌ တာ့ယွီမြို့တော်အထက်ကောင်းကင်တွင် ရီဖန်၏ရုပ်ပုံ ပေါ်ထွက်လာပြီးဖြစ်သည်။ ရီဖန်သည် နေရာလွတ်ထဲတွင် ပုန်းအာင်းနေသောတည်ရှိမှုများကို စောင့်ကြည့်ကာ သူတို့၏နေရာကိုသိကြရန် သတိပေးနေသည်။ သို့မဟုတ်ပါက သူ့လက်ထဲရှိ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်စွမ်းအားကို မြည်းစမ်းစေမည်ဖြစ်သည်။

ရီဖန်ပေါ်ထွက်လာမှုက ရီ‌ရှောင်းရှောင်း၏ လူသားဧကရာဇ်နေရာကို ရည်မှန်းနေသူများအား လက်လျော့စေခဲ့သည်။ အထူးသဖြင့် ပြင်ပမှသူတော်စင်အားလုံးသည် တာ့ယွီမြို့တော်ဆီသို့ ဝမ်းနည်းစွာမျှော်ကြည့်နေကြသည်။ လူသားဧကရာဇ်ပေါ်ထွန်းလာခြင်းဖြင့် ၎င်းတို့၏ အနာဂတ်နေ့ရက်များသည် ဤမျှကောင်းမွန်မည်မဟုတ်ကြောင်း သိထားသည်။ သို့သော် ရီ‌ရှောင်းရှောင်း၏အောင်မြင်မှုကို ရပ်တန့်ရန်အတွက် ဘာမှမလုပ်နိုင်ခဲ့ပေ။

ရီဖန်၏ တိုက်ပွဲမှတ်တမ်းများကို သူတော်စင်တစ်ပိုင်းများအားလုံးက မှတ်မိသည်။ မဟာသူတော်စင်လက်နက်ကို ကိုင်ဆောင်ထားသည့် ရီဖန်နှင့်ရင်ဆိုင်ရန်အတွက် ယုံကြည်ချက်မရှိကြချေ။

"ဂုဏ်ယူပါတယ် သခင်၊ မိသားစုစွမ်းအားရှင် အဆင့်တယ့်ခုနစ်၊ သူတော်စင်တစ်ပိုင်းနယ်မြေပြီးမြောက်သွားပြီး ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုလက်ခံနိုင်ပါပြီ"

ရီ‌ရှောင်းရှောင်းဖြတ်သွားသည့်အချိန်တွင် ရီဖန်၏စိတ်ထဲ၌ စနစ်သတိပေးချက်တစ်ခုပေါ်လာသည်။

"စနစ်၊ ဆုထုတ်လိုက်တော့"

"မိသားစုနားလည်မှုဉာဏ်အလင်း မဟာသူတော်စင် နယ်မြေနဲ့ ဟုန်မိန်ခရမ်းရောင်ချီငါးမျှင်ကို ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

……..

အခန်း ၄၁၃ - နေတစ်ပိုင်းသူတော်စင်၏ ကမ်းလှမ်းမှု

စွမ်းရည်များကို တင်ပြီးသည်နှင့် ရီဖန်သည် သူ့စိတ်ထဲမှကြည်လင်ပြတ်သားမှုကို ချက်ချင်းခံစားလိုက်ရသည်။ ဉာဏ်အလင်း၊ ပါရမီ စသည့်အရာများသည် ကျင့်ကြံသူအတွက် အရေးအကြီးဆုံး စွမ်းရည်နှစ်ခုဖြစ်ကာ မပြောင်းလဲနိုင်သော အရာများဖြစ်သည်။ ယခုတွင် ရီဖန်၏ဉာဏ်အလင်း တိုးတက်လာသောအခါ ခြားနားချက်ကို သူချက်ချင်းခံစားလိုက်ရသည်။

ရီဖန်၏လက်ထဲတွင် သူတော်စင်တစ်ပိုင်း ကျင့်ကြံမှုနည်းစနစ်တစ်ခုပေါ်လာပြီးနောက် ၎င်းကို ချက်ချင်းနားလည်သွားသည်။ တစ်ရက်ကြာပြီးနောက် ချက်ချင်း ကျွမ်းကျင်တတ်မြောက်သွား၏။ မဟာသူတော်စင်ဉာဏ်အလင်းသည် သူတော်စင်ဉာဏ်အလင်းထက် ဆယ်ဆကျော် ပိုမိုအားကောင်းသည်။ယခင်က အနည်းငယ်ခက်ခဲသော သူတော်စင်တစ်ပိုင်းကျင့်ကြံနည်းစနစ်များပင်လျှင် ရီဖန်အတွက် လွယ်ကူလုနီးပါးဖြစ်နေပြီဖြစ်သည်။

ရီဖန်သည် တုံ့ဆိုင်းမနေဘဲ သူမကြာသေးမီက စုဆောင်းထားသော ကျင့်ကြံနည်းစနစ်အားလုံးကို ချက်ချင်းထုတ်ကာ နားလည်စေလိုက်သည်။ ဤကျင့်ကြံနည်းစနစ်များသည် ကျင့်ကြံရန်မဟုတ်သည်မှာ သေချာ၏။ ၎င်းတို့က ရီဖန် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းနှင့် ကောင်းကင်လှည့်ဖြားခြင်းလျှို့ဝှက်ကျမ်းများကို မြှင့်တင်ရန်အတွက်အသုံးပြုသည့် ကျင့်ကြံနည်းစနစ်များကို တစ်စိတ်တစ်ပိုင်းထောက်ပံ့ပေးရန်သာ အရည်အချင်းပြည့်မီသည်။ ဤကျင့်ကြံနည်းစနစ်နှစ်ခုသည် ရီမိသားစု၏ ကြီးထွားမှုအတွက် အလွန်အရေးကြီးလိမ့်မည်။

ကျင့်ကြံနည်းစနစ်စာအုပ်ကို ရီဖန်နားလည်ပြီးနောက် အနှစ်သာရနှင့်ပေါင်းစည်းလျက် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းထဲသို့ ပေါင်းစပ်လိုက်ရာ

၎င်း၏အဆင့်မှာလည်း အဆက်မပြတ်တိုးတက်လာသည်။ သူသည်လည်း မရပ်တန့်နိုင်ချေ။ မဟာသူတော်စင်အဆင့်၏ဉာဏ်အလင်းက ဤမျှလွှမ်းမိုးနိုင်၏။

ထို့ကြောင့် ရီဖန်သည် မဟာသူတော်စင်ဥာဏ်အလင်းရရှိပြီးနောက် ကျင့်ကြံနည်းစနစ်များကို စတင်ကောက်နုတ်ခဲ့သည်။ သူတော်စင်အဆင့်ဉာဏ်အလင်းဖြင့် ကျင့်ကြံနည်းများကို ကောက်နုတ်ရလျှင် အချိန်များစွာ ကုန်လိမ့်မည်။ ယခုအချိန်က အခွင့်အရေးအရှိဆုံးအချိန်ဖြစ်သည်။

"ကျင်းထျန်၊ သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်ကို အပြည့်အဝစုဆောင်းထား"

ရီဖန်က ရီကျင်းထျန်းကို အမိန့်ပေးလိုက်သည်။ သူတော်စင်တစ်ပိုင်းကျင့်ကြံနည်းစနစ်များသည် ယခုအချိန်တွင် အနည်းငယ်မျှနှင့်မလုံလောက်တော့ဘဲ ရီဖန်၏ကျင့်ကြံနည်းစနစ်များကိုထုတ်နုတ်နိုင်ရန်အတွက် နောက်ထပ်သူတော်စင်နယ်မြေ ကျင့်ကြံနည်းစနစ်များလိုအပ်နေသည်။ ယခု ကျုံးဖန်မြို့ရှိ အရွက်တစ်ထောင်ဆေးခန်းသည် ကျော်ကြားမှု အနည်းငယ်ရှိသောကြောင့် ကျင့်ကြံနည်းစနစ်များစုဆောင်းခြင်း အရှိန်သည်လည်း မနှေးလှချေ။

သို့သော် ၎င်းတို့စုဆောင်းနိုင်သည့်အရာမှာ သာမန်ကျင့်ကြံနည်းစနစ်များသာဖြစ်သည်။ အမှန်တကယ် အစွမ်းထက်သောကျင့်ကြံနည်းစနစ်များ၊ ကျင့်ကြံသူများသည် ၎င်းတို့၏အားနည်းချက်များကို အခြားသူများအား သိခွင့်မပေးသောကြောင့် ပျံ့နှံ့စေလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်အဆင့်သို့ ရောက်ရှိသွားပြီးဖြစ်လိမ့်မည်။

"စနစ် ပေါင်းစည်းလိုက်တော့!"

ရီဖန်၏ခန္ဓာကိုယ်ထဲသို့ အဆုံးမဲ့စွမ်းအားများ အဆက်မပြတ်စီးဆင်းနေလျက် ရီဖန်၏ကျင့်ကြံမှုအဆင့်သည်လည်း အဆက်မပြတ်တိုးလာသည်။ မကြာမီတွင် ရီဖန်၏ ကျင့်ကြံမှုအဆင့် အောင်မြင်မှုရရှိကာ နှောင်းပိုင်းသူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။ နှောင်းပိုင်း သူတော်စင်တစ်ပိုင်းဖြစ်သည့် ရီဖန်၏ကိုယ်ခန္ဓာရှိ နတ်စွမ်းအားသည် အလယ်အလတ်သူတော်စင်အဆင့်ထက် နှစ်ဆပိုမိုများပြားကာ သူ၏စွမ်းအားလည်း အလွန်တိုးမြင့်လာသည်။

ထို့နောက် ပျက်ဆီးခြင်းပုတီး၏အဆင့်ကို မြှင့်တင်ရန် အပြည့်အဝအာရုံစိုက်ရမည်။ ယခုဆိုလျှင် ပျက်ဆီးခြင်းပုတီးအတွင်းရှိ မဟာကမ္ဘာများ အရေအတွက်သည် နှစ်ထောင်ကျော်အထိရောက်ရှိလာကာ ရီဖန်၏ပန်းတိုင်ဖြစ်သည့် ငါးထောင်နှင့် မဝေးတော့ချေ။ ပျက်ဆီးခြင်းပုတီးက ၎င်း၏နောက်ထပ် အသွင်ကူးပြောင်းမှုကိုခံယူသောအခါ ကမ္ဘာငါးထောင်ဖြစ်လာလိမ့်မည်။

ရီဖန်သည် ကျင့်ကြံနည်းစနစ်များကိုထုတ်နုတ်ရင်း အလုပ်ရှုပ်နေချိန်တွင် ရီမိသားစုသည်လည်း အအားမနေရချေ။ မသိလိုက်ဘဲနှင့် ရီမိသားစုရှိ မျိုးနွယ်စုဝင်အရေအတွက်သည် အဆက်မပြတ် လျော့ကျလာသည်။ သို့သော် ကျုံးဖန်မြို့တော်အတွင်း ရီမိသားစုစခန်းက တိတ်ဆိတ်စွာတိုးလာနေသည်။ ထိုလူများအားလုံးကို ပန်ကုစကြဝဠာမှ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ရီမိသားစု၏ကျင့်ကြံသူများ ပိုများလာသည်နှင့်အမျှ ရီမိသားစု၏အိမ်များမှာလည်း တဖြည်းဖြည်း စည်ကားလာသည်။

ရီမိသားစုသည် ကျယ်ဝန်းသောအိမ်ရာတစ်ခုကို လိုချင်ပါက နယ်မြေအတွက် အခြားအင်အားစုများနှင့် တိုက်ခိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။ သို့သော် မြို့တွင်းရှိ သူတော်စင်များ၏အာရုံကို မဆွဲဆောင်နိုင်စေရန် ရီမိသားစုသည် အလွန်ပြင်းထန်စွာ ဆောင်ရွက်၍မရပေ။ ၎င်းတို့သတိမထားမိအောင် တိတ်တတိတ်ဝင်ရောက်လာကြသည်။ သို့သော်လည်း ရီမိသားစုက မည်မျှပင်လျှို့ဝှက်စွာ လုပ်ဆောင်နေပါစေ ၎င်းတို့၏လှုပ်ရှားမှုများကို လုံးလုံးလျားလျား ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။

ကျုံးဖန်မြို့၏အတွင်းပိုင်း၌ နေတစ်ပိုင်းသူတော်စင်သည် ကျုံးဖန်မြို့တွင် တိုးတက်လာသောအင်အားစုဖြစ်သည့် ရီမိသားစုကို သတိပြုမိလိုက်သည်။ ကျုံးဖန်မြို့၏ သူတော်စင်အဆင့် စွမ်းအားရှင်ခြောက်ယောက်အနက် နေတစ်ပိုင်းသူတော်စင်က နောက်ဆုံးသူတော်စင်ဖြစ်ကာ အတိမ်ဆုံးသော အခြေခံအုတ်မြစ်ရှိသည်။

သူတော်စင်တစ်ဦးဖြစ်ခဲ့သည်မှာ နှစ်တစ်သန်းကျော်ရှိပြီဖြစ်သော်လည်း သူသည် အစောပိုင်းသူတော်စင်အဆင့်တွင်သာ ရှိသေးသည်။

သူတော်စင်များပင်လျှင် ကျင့်ကြံရေးအတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ပျက်ဆီးခြင်းအရည်ကို သုံးစွဲခဲ့ရသည်။ သူတော်စင်များအတွက် ပျက်ဆီးခြင်းအရည်ရရှိခြင်းက သူတော်စင်တစ်ပိုင်းများလောက် ခက်ခဲခြင်းမရှိ။ သို့သော် လုံလောက်သောပျက်ဆီးခြင်းအရည်ကိုစုဆောင်ရန်အတွက် အချိန်များစွာလိုအပ်နေသေးသည်။ ထို့ကြောင့် ဤသူတော်စင်အများစုသည်

ပျက်ဆီးခြင်းအရည်ကိုရရှိရာတွင် ကူညီရန်အတွင် အင်အားစုအချို့ကို ကျင့်ကြံပေးလိမ့်မည်။

ဥပမာ မြို့ပြင်ရှိ ထိပ်တန်းသူတော်စင်တစ်ပိုင်းအင်အားစုများသည် မြို့တွင်းရှိသူတော်စင်များ၏ လက်အောက်ခံများဖြစ်ကြကာ ပျက်ဆီးခြင်းအရည်နှင့် အခြားသောအရင်းအမြစ်များစွာကိုရရှိရန် ကူညီပေးကြရသည်။ ဤအင်အားစုများသည်လည်း သူတော်စင်များ၏လက်အောက်ခံများဖြစ်လာခြင်းကို မငြင်းပယ်ခဲ့ပေ။ ၎င်းတို့အတွက် သူတော်စင်ဖြစ်လာရန်မှာ အလွန်ခက်ခဲသည်။ ၎င်းတို့က အပြင်ဘက်မြို့တွင်သာ ဘေးကင်းလုံခြုံစွာ ရှင်သန်နေထိုင်လိုကြကာ လုံလောက်သော အရင်းအမြစ်များကိုရယူလိုပါက လုံခြုံအောင်ထားရမည်ဖြစ်သည်။

ဥပမာအားဖြင့် ပျက်ဆီးခြင်းပုတီးများအတွက် ပျက်ဆီးခြင်းမွန်းစတားများကို အမဲလိုက်ခြင်း၊ သတ္တုများတူးဖော်ခြင်းလုပ်ငန်းများတွင် သူတော်စင်များ၏အကာအကွယ်မပါလျှင် ၎င်းတို့၏အကျိုးစီးပွားကိုထိန်းသိမ်းရန် ရုန်းကန်ရလိမ့်မည်။ သူတော်စင်တစ်ယောက် တစ်ကိုယ်တည်းကျင့်ကြံချိန်ကို အနှစ်တစ်သောင်းကြာအောင် ရေတွက်နိုင်သည်။ တိုးတက်လာသော အင်အားစုဖြစ်သည့် ရီမိသားစုက သူတော်စင်တစ်ဦး၏အာရုံကို မဆွဲဆောင်နိုင်သေးပေ။

တစ်ဖက်တွင် နေတစ်ပိုင်းသူတော်စင်သည် ရီမိသားစုကို ကာကွယ်ပေးရင်း၊ သူ့အတွက် အရင်းအမြစ်များကို စုဆောင်းရာတွင်ကူညီရန် ရီမိသားစုအား ၎င်းတို့၏လက်အောက်ခံအဖြစ် ကျင့်ကြံပေးရန် စီစဉ်လျက်ရှိသည်။ ထိုကိစ္စမျိုးတွင် သူတော်စင်များက ပုဂ္ဂိုလ်ရေးအရ စွက်ဖက်မည်မဟုတ်ချေ။

နေတစ်ပိုင်းသူတော်စင်သည် သူ၏လက်အောက်ခံသူတော်စင်တစ်ပိုင်းများထဲမှ တစ်ဦးကိုခေါ်ခဲ့သည်။ သူ၏အမြင်တွင် သူတော်စင်တစ်ပိုင်းတစ်ဦးက ရီမိသားစုကို သိမ်းသွင်းရန် လုံလောက်သည်ထက်ပိုသည်။ သူရရှိထားသော အချက်အလက်များအရ ရီမိသားစုတွင် အပြင်းထန်ဆုံးကျင့်ကြံသူမှာ နှောင်းပိုင်း သူတော်စင်တစ်ပိုင်းတစ်ဦးသာဖြစ်သည်။

ရီမိသားစုတွင် လုံလောက်သော သူတော်စင်တစ်ပိုင်းအရေအတွက်ရှိကာ နတ်လက်နက်များ သန့်စင်နိုင်စွမ်းရှိခြင်းကြောင့် မဟုတ်ပါက နေတစ်ပိုင်းသူတော်စင်သည် ရီမိသားစုကို နှစ်ကြိမ်မျှပင်လှည့်ကြည့်လိမ့်မည်မဟုတ်ချေ။

……….

အခန်း ၄၁၄ - နေတစ်ပိုင်းသူတော်စင်၏ကမ်းလှမ်းမှု

ရီမိသားစု၏ထွန်းကားလာမှုက လျင်မြန်လွန်းသဖြင့် ၎င်းတို့ထံတွင် လိုအပ်သောအခြေခံအုတ်မြစ်မရှိကြချေ။ နေတစ်ပိုင်းသူတော်စင်ထံမှအမိန့်ကို လက်ခံရရှိပြီးနောက်၊ ချွမ်ထျန်းယောင်ရှန်းသည် အလွန်စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူက နေတစ်ပိုင်းသူတော်စင်၏အမိန့်ကို ထုတ်ပြန်ရန်အတွက် လက်အောက်ငယ်သားတစ်ဦးကို ရီမိသားစုထံသို့ စေလွှတ်ခဲ့သည်။

ရီမိသားစုတွင် လုံခြုံရေးတာဝန်ယူနေသော ဗောဓိဘိုးဘေးက ရီမိသားစု၏နေအိမ်အပြင်ဘက်တွင် ရပ်နေသောသူတော်စင်တစ်ပိုင်းရှိနေသည်ကို ချက်ချင်းသတိပြုမိကာ နိုးကြားလာသည်။ ရီမိသားစုသည် အခြားသူတော်စင်တစ်ပိုင်းများနှင့် မည်သို့မျှဆက်စပ်မှုမရှိသောကြောင့် ၎င်းတို့၏နေအိမ်အပြင်ဘက်တွင် သူတော်စင်တစ်ပိုင်းရှိနေခြင်းအကြောင်းက အလွန်ထင်ရှားသည်။

" မင်းတို့ခေါင်းဆောင်ကို အမိန့်လက်ခံဖို့ ဆင့်ခေါ်လိုက်"

အဇူရာငှက်သူတော်စင်တစ်ပိုင်းက ဗောဓိဘိုးဘေးကို မြင်သောအခါ မောက်မာစွာကြေညာလိုက်သည်။ အဇူရာငှက်သူတော်စင်တစ်ပိုင်း၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်း သူတော်စင်တစ်ပိုင်းအဆင့်တွင်သာရှိသော်လည်း၊ သူတော်စင်တစ်ဦး၏ လက်အောက်ငယ်သားဖြစ်သောကြောင့် အထွတ်အထိပ်သူတော်စင်များပင်လျှင် သူ့ကို အလွန်လေးစားကြသည်။ ထိုအရာက ရီမိသားစုကို အလေးအနက်မထားစေသည်အထိ သူ့မာနကိုကြီးထွားလာစေသည်။

အဇူရာငှက်သူတော်စင်တစ်ပိုင်း၏အမြင်တွင် နေတစ်ပိုင်းသူတော်စင်က ရီမိသားစုအပေါ် စိတ်ဝင်စားနေခြင်းမှာ ၎င်းတို့အတွက်ဂုဏ်ယူစရာဖြစ်သည်။ သူ့သဘောထားက ပြဿနာရှိနေလျှင်ပင် ရီမိသားစုက မကျေနပ်ဘဲနေရဲမည်လား။

အဇူရာငှက်သူတော်စင်တစ်ပိုင်း၏လေသံက ဗောဓိဘိုးဘေးကို အလွန်စိတ်မသက်မသာဖြစ်စေသော်လည်း နှစ်ရာထောင်ပေါင်းများစွာ နေထိုင်ခဲ့သော ဘိုးဘေးတစ်ဦးအနေဖြင့် မနှစ်မြို့မှုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။

"မင်းကဘယ်သူလဲ၊ ငါတို့မိသားစုခေါင်းဆောင်ကို ဘာလို့လာရှာတာလဲ" ဗောဓိဘိုးဘေးက မေးလိုက်သည်။

"ငါ သူတော်စင်ဆီကအမိန့်အရ ရီမိသားစုကို စာရင်းသွင်းဖို့ ရောက်လာတာ။ မင်းတို့ မိသားစုခေါင်းဆောင်ကိုခေါ်လိုက်"

သူ့စကားထဲတွင် ကြားရခက်သည့် လေသံပါဝင်နေ၏။

ဗောဓိဘိုးဘေးမှာ ဤသူတော်စင်တစ်ပိုင်းကို သေအောင်ရိုက်သတ်လိုသော်လည်း သူတော်စင်တစ်ဦး၏အင်အားကိုတော့ လျှော့မတွက်နိုင်ပေ။ တစ်ချိန်တည်းတွင် ဗောဓိဘိုးဘေးသည် ရီဖန်ကိုအကြောင်းကြားကာ အဇူရာငှက်သူတော်စင်တစ်ပိုင်းကို ရီဖန်အိမ်သို့ပို့ဆောင်ပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

သူတော်စင်တစ်ယောက်က ရီမိသားစုကို ကမ်းလှမ်းလားသလား။ ရီဖန်သည် ထိုသတင်းကိုလျင်မြန်စွာလက်ခံရရှိပြီး သူ့နှလုံးသားထဲတွင် လေးလံသောဝန်ထုပ်ဝန်ပိုးတစ်ခုကို ခံစားလိုက်ရသည်။ သူတော်စင်တစ်ဦးက လက်ရှိ ရီမိသားစုကို အမှန်တကယ်ဖိအားပေးနိုင်သည်။ သို့သော် ရီဖန်သည် ရီမိသားစုအား သူတော်စင်တစ်ဦးထံ အမှုထမ်းစေရန် တစ်ခါမျှမစဉ်းစားဖူးချေ။ ရီဖန်လုပ်နိုင်သည်မှာ ကျုံးဖန်မြို့ရှိ သူတော်စင်အဆင့်စွမ်းအားရှင်၏သံတမန်နှင့် တွေ့ဆုံရန်သာဖြစ်သည်။

"မင်းက ရီမိသားစုခေါင်းဆောင်လား"

ရီဖန်ကို ခဏမျှစစ်ဆေးပြီးနောက် အဇူရာငှက်သူတော်စင်တစ်ပိုင်းက မထီမဲ့မြင်ပြောလိုက်သည်။

"ငါက နေတစ်ပိုင်းသူတော်စင်ရဲ့သံတမန်ပဲ။ သူတော်စင်က မင်းတို့ ရီမိသားစုကို တန်ဖိုးထားတယ်။ အခုကစပြီး ရီမိသားစုက နေတစ်ပိုင်းသူတော်စင်ရဲ့ လက်အောက်ခံဖြစ်လာပြီးတော့ မင်းတို့ရဲ့အမြတ်တစ်ဝက်ကို ခွဲဝေပေးရမယ်။ အဲအတွက် ရီမိသားစုက သူတော်စင်ဆီက အကာအကွယ်ကို ရလိမ့်မယ်”

ရီဖန်သည် သူ့နှလုံးသားထဲမှ မလှောင်ပြောင်ဘဲမနေနိုင်ချေ။ ထိုသို့သော အကာအကွယ်က နှုတ်ဖြင့်သာ သဘောတူညီခြင်းဖြစ်သည်။ အကယ်၍ ရီမိသားစုက ကြောက်မက်ဖွယ်ရန်သူတစ်ဦးကို အမှန်တကယ်ရန်စမိလျှင် ထိုသူတော်စင်သည် ၎င်းတို့ကို ကာကွယ်နေပေးမည်လား။ ရီဖန်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကောင်းမွန်စွာပြန်ပြောလိုက်သည်။

“နေတစ်ပိုင်းသူတော်စင်ရဲ့ ရက်ရောတဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် ရီမိသားစုက လက်မခံနိုင်တာမို့ ငြင်းရလိမ့်မယ်”

၎င်းက အမြတ်အစွန်းထက်ဝက်ခန့်ကို ဓားပြတိုက်နေသည့် အလွန်ရက်ရောသော ကမ်းလှမ်းချက်တစ်ခုဖြစ်သည်။ ရီမိသားစုတွင် ကျုံးဖန်မြို့၌နေထိုင်သူအများအပြားရှိကာ ပျက်ဆီးခြင်းအရည်ကို နေ့စဉ်သုံးစွဲမှုမှာလည်း အလွန်များပြားသည်။ ၎င်းအထဲမှ ထက်ဝက်ခန့်ကို ပေးရမည်ဆိုလျှင် ရီမိသားစုအတွက် အလုံအလောက် ကျန်တော့မည်မဟုတ်ပေ။ အကာအကွယ်နှင့်ယှဉ်လျှင် ရီဖန်သည် ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအရှိန်ကိုသာ ပို၍အလေးထားသည်။

ရီဖန်၏စကားကိုကြားပြီးနောက် အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် အလွန်မယုံနိုင်ဖြစ်သွားကာ သူများနားကြားလွဲသလားဟု ထင်လိုက်သည်။

"မင်း ရွေးချယ်မှုမှန်ကန်တာ သေချာလား”

အဇူရာငှက်သူတော်စင်တစ်ပိုင်းက ၎င်းကိုမယုံနိုင်ခဲ့ချေ။ ရီမိသားစုက သူတော်စင်တစ်ယောက်ကို ငြင်းဆန်ဝံ့သလား။ ရီမိသားစုခေါင်းဆောင်သည် ဆွေးနွေးမှုနှင့် အမိန့်တစ်ခုကြား ခြားနားချက်ကို နားမလည်နိုင်သည့် ချို့ယွင်းသောဦးနှောက်များ ရှိလေသလား။ ထို့အပြင် သူသည် သူတော်စင်ထံမှ အကျိုးကျေးဇူးအချို့ရရှိမည်ဟုပင် မျှော်လင့်နေသည်။

ယခင်က မိသားစုများသည် ၎င်းတို့၏အမြတ်အစွန်းတစ်စိတ်တစ်ပိုင်းကို သူတော်စင်အားပေးရုံသာမက၊ သံတမန်ဖြစ်သော သူ့ကိုလည်း အကျိုးအမြတ်များပေးဆောင်ခဲ့သည်။ ယခုတွင် ရီမိသားစုသည် သူတော်စင်ကိုပင် ငြင်းဆန်နေရာ သူတော်စင်တစ်ပိုင်းဖြစ်သောသူက မည်သည့်အကျိုးကျေးဇူးများ ရနိုင်ဦးမည်နည်း။

"မင်းကြားလိုက်တာ မှန်တယ်။ ရီမိသားစုက ဘာအကာအကွယ်မှ မလိုဘူး"

နောက်ထပ်မစဉ်းစားဘဲ ရီဖန်က သူ၏ရပ်တည်ချက်ကို ကျယ်လောင်စွာ ထုတ်ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်ရီ မင်းကဘယ်သူ့ကို ငြင်းနေတာလဲရော သိရဲ့လား"

အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် ရီဖန်ကို ပြင်းထန်စွာစိုက်ကြည့်ရင်း ဒေါသတကြီးပေါက်ကွဲနေသည်။ ၎င်းက ချွမ်ထျန်းယောင်ရှန်းမှ သူ့အားပေးအပ်ထားသော အလုပ်ဖြစ်သည်။ အကယ်၍ သူက ဤမျှရိုးရှင်းသောတာဝန်ကို မပြီးမြောက်နိုင်ခဲ့လျှင် ချွမ်ထျန်းယောင်ရှန်းက သူ့အပေါ်မည်သို့ထင်မည်နည်း။

ချွမ်ထျန်းယောင်ရှန်း၏ လက်အောက်တွင် မရေမတွက်နိုင်သော သူတော်စင်တစ်ပိုင်းများရှိသည်။ သူသည် ချွမ်ထျန်းယောင်ရှန်း၏နှလုံးသားထဲတွင် ရပ်တည်မှုအချို့ရရှိထားကြောင့် ချွမ်ထျန်းယောင်ချွမ်းက တာဝန်အချို့ကို ရံဖန်ရံခါပေးအပ်လေ့ရှိသည်။ ချွမ်ထျန်းယောင်ရှန်းလက်အောက်တွင် အခြားသူတော်စင်တစ်ပိုင်းများစွာရှိကာ သူ့နေရာတွင်အစားထိုးနိုင်ရန်အတွက် အမှားတစ်ခုပြုလုပ်ရန် စောင့်ဆိုင်းနေကြသည်။

ရီမိသားစုကို ထိုသို့ငြင်းဆန်ခွင့်မပြုနိုင်ချေ။ ရီမိသားစုက သူတော်စင်၏ကမ်းလှမ်းမှုကို သေချာပေါက်လက်ခံရမည်။ သို့သော်လည်း အခြားအင်အားစုများက သူသန်မာသောကြောင့်မဟုတ်ဘဲ သူတော်စင်ကို လေးစားသောကြောင့် နာခံခြင်းဖြစ်ကြောင်းကို မေ့လျော့နေခဲ့သည်။ ရီမိသားစုသည် သူတော်စင်ကိုပင် လေးစားရန်ငြင်းဆန်နေရာ သူ့ကိုထည့်စဉ်းစားနေမည်မဟုတ်ပေ။

နောက်အခိုက်အတန့်တွင် ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးနှစ်ဦးလုံးက ၎င်းတို့၏ နှောင်းပိုင်းအဆင့်သူတော်စင်တစ်ပိုင်းဖိအားကို အဇူရာငှက်သူတော်စင်တစ်ပိုင်းအပေါ်သို့ ထုတ်လွှတ်ထားသည်။ ယခုအချိန်တွင် အဇူရာငှက်သူတော်စင်တစ်ပိုင်းကသာ လှုပ်ရှားဝံ့ပါက ၎င်းတို့ မဆိုင်းမတွတိုက်ခိုက်ကြမည်မှာ သေချာသည်။

သူ့ထက်သန်မာသော သူတော်စင်နှစ်ဦးထံမှ ပစ်မှတ်ထားခံရသောအခါ အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် သေခြင်းတရားနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားရကာ ချက်ချင်းအသိပြန်ဝင်လာသည်။ ယနေ့ သူလုံးဝ မအောင်မြင်နိုင်မှန်းကိုသိလိုက်၏။

"ကောင်းပြီ၊ ရီမိသားစုက ဒီလိုသဘောထားတယ်ပေါ့။မင်းတို့နောက်ကျရင်လဲ ဒီလိုပဲ သဘောထားနိုင်ဖို့ မျှော်လင့်တယ်”

သူပြန်ရောက်သောအခါ ချွမ်ထျန်းသူတော်စင်တစ်ပိုင်း၏နှလုံးသားထဲမှ သူ၏အဆင့်အတန်းသည် ရီမိသားစု၏လုပ်ရပ်ကြောင့် လုံးဝကျဆင်းသွားမည်ဖြစ်သည်။ ရီမိသားစုက သူတော်စင်၏ခန့်အပ်မှုကို လက်ခံခဲ့ပါက၊ သူသည်လည်း ဤနည်းဖြင့် အဆုံးသတ်မည်မဟုတ်ပေ။

ရီဖန်သည် သူတော်စင်တစ်ဦးကို ရန်မစလိုသော်လည်း အဇူရာငှက်သူတော်စင်တစ်ပိုင်းထံမှ ထပ်ခါတလဲလဲ ခြိမ်းခြောက်မှုများကြောင့် သူ၏လူသတ်လိုသော ရည်ရွယ်ချက်ကို ထိန်းမထားနိုင်တော့ချေ။ ၎င်းတို့စည်းကျော်ပြီးပြီဖြစ်ရာ ဤသူတော်စင်တစ်ပိုင်းကို အဘယ်ကြောင့်မသတ်ပစ်ရမည်နည်း။ ရီဖန်ထံတွင် သံတမန်ကိုမသတ်ရဟူသည့် ယူဆချက်မျိုး မရှိချေ။

ရီဖန်ထံမှ လူသတ်လိူသောရည်ရွယ်ချက်ကို ခံစားရသည့် အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် သူ၏ဆံပင်တစ်ဆုံး ထောင်မတ်သွား၏။ ရီမိသားစု၏အကြီးအကဲက သူ့ကို အမှန်တကယ်သတ်ချင်နေသလား။

နောက်အခိုက်အတန့်တွင် ရီဖန်တိုက်ခိုက်ခြင်းခံရမည်စိုးရိမ်သောကြောင့် အဇူရာငှက်သူတော်စင်တစ်ပိုင်းက ထွက်ပြေးသွားသည်။

"ချီးပဲ၊ ရီမိသားစုက တကယ်သေသင့်တာ။ သူတို့ကို ဖျက်ဆီးပစ်ရမယ်!"

အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် ချွမ်ထျန်းယောင်ရှန်းအား ရီမိသားစု၏မောက်မာမှုအသေးစိတ်ကို ဖော်ပြရန်အတွက် မြို့တွင်းသို့အမြန်ပြန်သွားခဲ့သည်။ သူ့ကိုယ်ပိုင်တာဝန်ကိုလည်း အနည်းငယ်ဖြေလျှော့ရဦးမည်။

သို့သော်လည်း မကြာမီတွင် အဇူရာငှက်သူတော်စင်တစ်ပိုင်း စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ ချွမ်ထျန်းယောင်ရှန်းသည် အဇူရာငှက်သူတော်စင်တစ်ပိုင်းကကျရှုံးလိမ့်မည်ဟု မထင်ထားသောကြောင့် တစ်ကိုယ်တည်းကျင့်ကြံရန် ထွက်ခွါသွားပြီးဖြစ်သည်။ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်တိုင်းက သူတော်စင်နယ်မြေကိုဖြတ်ကျော်ရန် ကြိုးစားနေကြရာ ၎င်းတို့၏အချိန်အများစုကို တစ်ကိုယ်တည်းကျင့်ကြံရန် အသုံးချကြသည်။

ချွမ်ထျန်းယောင်ရှန်းကို နိုးထစေရန် အဇူရာငှက်သူတော်စင်တစ်ပိုင်း မဝံ့ရဲချေ။

နေတစ်ပိုင်းသူတော်စင်ထံသို့ တိုက်ရိုက်သတင်းပို့ရန် ပို၍ဝေးသေးသည်။ အဆုံးတွင် သူသည် ချွမ်ထျန်းယောင်ရှန်း တစ်ကိုယ်တော်ကျင့်ကြံရာမှ ထွက်လာရန်သာ စိတ်ပျက်စွာစောင့်ဆိုင်းနိုင်သည်။

"ချွမ်ထျန်းယောင်ရှန်း ထွက်လာရင် ရီမိသားစုအဆုံးသတ်စေရမယ်!" အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် ခါးသီးစွာ တွေးနေမိ၏။

ဤအတောအတွင်း အဇူရာငှက်သူတော်စင်တစ်ပိုင်းထွက်ခွာသွားပြီးနောက် ဗောဓိဘိုဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က စိုးရိမ်စပြုလာသည်။ ၎င်းတို့က ရီဖန်ကိုယုံကြည်သော်လည်း သူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဖိအားကိုမခံစားနိုင်ပေ။

“ရှောင်ဖန်၊ ငါတို့ ဘာဆက်လုပ်ရမလဲ"

ဗောဓိဘိုးဘေးသည် ၎င်းတို့သူတော်စင်တစ်ဦး၏ ပစ်မှတ်ထားခြင်းကိုခံရလျှင် ပန်ကုစကြာဝဠာဆီ ပြန်ဆုတ်သွားရလိမ့်မည်ဟု တွေးမိသည်။ ၎င်းတို့သည် ရီဖန်၏အရည်အချင်းကို ယုံကြည်ကြကာ ၎င်းကသူတော်စင်နယ်မြေသိူ့ ဖြတ်ကျော်ရန် အချိန်အတော်ကြာမည်မဟုတ်ပေ။ ထိုအချိန်မှသာ သူတို့ပြန်လာပြီး နေတစ်ပိုင်းသူတော်စင်နှင့် အခြားသူများကို သတ်ပစ်နိုင်သည်။

"စိတ်မပူပါနဲ့၊ ဒီသူတော်စင်က စိတ်ထားကောင်းပြီးတော့ ငါတို့ငြင်းလိုက်တာကို စိတ်ထဲမထားတာလည်းဖြစ်နိုင်ပါတယ်!"

ရီဖန်သည် အလွန်အမင်းစိုးရိမ်မနေဘဲ စိတ်ချစွာပြုံးလျက်ပြောလိုက်သည်။ ရီဖန်သည် ယခုအချိန်တွင် သူတော်စင်နယ်မြေနှင့် မဝေးတော့ကြောင်း သိရှိခဲ့ပြီးဖြစ်သော်လည်း ထိုနေရာသို့ မရောက်သေးပေ။ အကယ်၍ သူသာ နောက်ထပ်ဝှက်ဖဲတစ်ခုသို့မဟုတ် နှစ်ခုကို ရယူနိုင်ခဲ့ပါက အဆင်သင့်ဖြစ်လိမ့်မည်။

ယခုအချိန်တွင် ရရှိရန်အလွယ်ကူဆုံးသော ဝှက်ဖဲက မဟာသူတော်စင်သွေးမျိုးဆက်ဖြစ်သည်။

သူ၏သွေးမျိုးဆက်အဆင့်ကို မဟာသူတော်စင်အဆင့်သို့မြှင့်တင်လိုက်သည်နှင့် ရီဖန်၏စွမ်းအားသည် တစ်ဖန်အရှိန်မြင့်လာနိုင်သည်။

မဟာသူတော်စင်အဆင့် သွေးမျိုးဆက်ရရှိရန်အတွက် ရေရှည်တာဝန်ကို ပြီးမြောက်မှဖြစ်မည်။ မိသားစုခေါင်းဆောင်၊ မိသားစုလက်နက်တိုက် ၎င်းတို့နှစ်ခုက ယခုပြီးမြောက်ရန်အလွယ်ကူဆုံးသော ရေရှည်တာဝန်များဖြစ်၏။ ၎င်းတို့ကို ပြီးမြောက်အောင်လုပ်ဆောင်ရန်အတွက် ရီဖန်ထံတွင် စိတ်ကူးတချို့ရှိပြီးသားဖြစ်သည်။ သူ့ထံတွင် အချိန်အလုံအလောက်ရှိရန်လိုအပ်သည်။

ပန်ကုစကြဝဠာသို့ ပြန်သွားခြင်းက နောက်ဆုံးအစီအစဉ်ဖြစ်လိမ့်မည်။ ရီမိသားစု ပြန်မောင်းထုတ်ခံရသည့် အခြေအနေမျိုး တစ်ခါမှမရှိခဲ့ဖူးသကဲ့သို့ ရီဖန်သည်လည်း ထိုကဲ့သို့မဖြစ်ချင်ပေ။ ထို့ကြောင့် ဆက်လက်၍အစီအစဉ်ဆွဲရဦးမည်။

……..

All Chapters