အခန်း ၄၁၅-၄၁၇
Vol. 28 Ch. 415-417
အခန်း ၄၁၅ - မိသားစုနယ်မြေ အဆင့်ဆယ့်လေး၊ နတ်နယ်မြေကျင့်ကြံခြင်း
သို့သော် ရီဖန်က ငြိမ်းချမ်းစွာ ကျင့်ကြံလိုသည့်အခါတိုင်း သူ့ဆန္ဒနှင့်ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။ ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် ရီဖန်တို့က ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းများကိုရှာဖွေရန် စေလွှတ်လိုက်သောသူများ ပြန်လာခဲ့ကြသည်။ ၎င်းတို့နှင့်အတူ နောက်ထပ်ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းကို ရှာတွေ့ခဲ့သော သတင်းကောင်းလည်းပါလာသည်။
၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏ ဖော်ပြချက်များအရ ဤအချိန်တွင် ၎င်းတို့တွေ့ရှိခဲ့သော ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းက ယခင်က ရီဖန်ရယူခဲ့သောအရာများထက် ပိုမိုကြီးမားသည်။
ဘုရားကျောင်းများအတွင်းရှိ သယံဇာတကြွယ်ဝမှုအတိုင်းအတာက ၎င်း၏အရွယ်အစားနှင့်လည်း ဆက်စပ်နေသည်။ ဤအကြိမ်တွင် အောင်မြင်စွာဝင်ရောက်နိုင်ပါက ယခင်နှစ်ထက် နှစ်ဆမျှ အကျိုးအမြတ်ပိုများနိုင်သည်။
ဤအခွင့်အရေးက ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများကို စိတ်ပျက်စေခဲ့၏။ အကယ်၍ ၎င်းတို့က ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းကို စောစီးစွာတွေ့ခဲ့လျှင်၊ အချိန်တိုအတွင်း အရင်းအမြစ်များ ပြတ်လပ်လိမ့်မည်မဟုတ်ပေ။ သို့ဖြစ်ပါက ၎င်းတို့သည် အခြားသူများကို လုယက်မည်မဟုတ်ဘဲ ရီဖန်နှင့်လည်း မတွေ့ခဲ့ရဘဲ၊ ယခုအချိန်တွင် လမ်းဆုံးနေလိမ့်မည်လည်း မဟုတ်ချေ။
ယခုလက်ရှိဘဝက အလွန်အဆင်ပြေသော်လည်း ၎င်းတို့ကိုယ်ပိုင်ဆုံးဖြတ်ရခြင်းလောက် ဘာကမှမကောင်းပေ။
"မင်းတို့ ကောင်းကောင်းလုပ်ခဲ့ကြတာပဲ!"
ရီဖန်က ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် ကျန်သူများအပေါ် ကျေနပ်အားရနေသည်။
ယခင်က ၎င်းတို့အမှားလုပ်ခဲ့ကြသော်လည်း ယခုတွင် သူ့လူများဖြစ်နေပြီဖြစ်ရာ ရီဖန်သည်လည်း နှမြောတွန့်တိုနေမည်မဟုတ်ချေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ဟုန်မိန်ခရမ်းရောင်ချီ ကြိုးမျှင်များစွာက ရီဖန်၏လက်ထဲတွင်ပေါ်လာသည်။
ဟုန်မိန်ခရမ်းရောင်ချီက ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏ မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေသည်။ ရီဖန် မည်သည့်အရာကိုကိုင်ထားမှန်း မသိသော်လည်း အထဲမှာရှိသည့် ကြောက်မက်ဖွယ်စွမ်းအားများကြောင့် ရီဖန်ကိုင်ထားသည့် ရတနာကမရိုးရှင်းကြောင်း သူတို့သဘောပေါက်သည်။ စွမ်းဆောင်မှုကောင်းများအတွက် ဤဟုန်မိန်ခရမ်းရောင်ချီသည် ၎င်းတို့ကို ရီဖန်ပေးလိုသော ဆုလာဘ်များဖြစ်သည်။
"ဒီပစ္စည်းကို ဟုန်မိန်ခရမ်းရောင်ချီလို့ ခေါ်တယ်။ သေချာသန့်စင်နိုင်ရင် မင်းရဲ့ကျင့်ကြံမှုက သူတော်စင်နယ်မြေကို ဖြတ်ကျော်သွားနိုင်လိမ့်မယ်!"
သူတော်စင်နယ်မြေကိုဖြတ်ကျော်နိုင်မည့် ပစ္စည်းလား။ ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများက ထိုကဲ့သို့သော ပစ္စည်းမျိုးကို တစ်ခါမျှမကြားဖူးချေ။ သို့သော် ရီဖန်၏ပါးစပ်မှထွက်လာသောကြောင့် ၎င်းတို့က လုံးဝသံသယမရှိခဲ့ပေ။ ရီဖန်ကို နားလည်ထားသည်အရ သူ့စကားများက သေချာပေါက်မှန်လိမ့်မည်။ ထို့အပြင် ရီဖန်သည် ၎င်းတို့၏အသက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသောကြောင့် ထိုကဲ့သို့ လိမ်လည်လှည့်ဖြားရန်မလိုအပ်ပေ။
ထိုအချိန်တွင် ၎င်းတို့၏ မကျေနပ်မှုများ ပျောက်ကွယ်သွားသည်။ ယခုတွင် ၎င်းတို့စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ ရီမိသားစုတွင် ပါဝင်ရခြင်းက အလွန်ကောင်း၏။ယခုအချိန်တွင် ရီဖန်သည် ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏သစ္စာစောင့်သိမှုကို စစ်ဆေးလိုက်ပါက ၎င်းတို့၏သစ္စာစောင့်သိမှုသည် မျက်စိတစ်မှိတ်အတွင်း ကိုးဆယ်ကျော်အထိ လျင်မြန်စွာမြင့်တက်လာသည်ကို မြင်နိုင်သည်။ ထိုအခြေအနေတွင် သစ္စာဖောက်ရန် ဖြစ်နိုင်ခြေမရှိသလောက်ပင်။
ယခုအခါ ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများသည် ရီမိသားစုထဲသို့ အမှန်တကယ် ပေါင်းစည်းသွားပြီဖြစ်သည်။ ထိုအချက်၏ အဓိကအကြောင်းအရင်းမှာ ရီဖန်ကလွှမ်းမိုးနိုင်စွမ်းကြီးကာ လုံခြုံသည်ဟုခံစားရစေခြင်းကြောင့်ဖြစ်သည်။
ရီဖန်က ၎င်းတို့ကိုကျွန်အဖြစ်မဟုတ်ဘဲ သူ့လူအဖြစ်သာမြင်ကြောင်း သိနိုင်သည်။
တကယ်တမ်းတွင် ရီဖန်၏အတွေးက ရိုးရှင်းပါ၏။ ဟုန်မိန်ခရမ်းရောင်ချီများ ပိုများလာပြီး ၎င်းတို့ကိုသိမ်းထားရသည်မှာ အလဟသဖြစ်လိမ့်မည်။ ယခုအခါတွင် ရီမိသားစုကျင့်ကြံသူများ၏ စွမ်းရည်များမြင့်မားလာကာ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်လည်း ကန့်သတ်ချက်မရှိပေ။ ဟုန်မိန်ခရမ်းရောင်ချီမရှိလျှင်ပငါ ၎င်းတို့က တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်တက်လှမ်းနိုင်လိမ့်မည်။
ထို့ကြောင့် ဟုန်မိန်ခရမ်းရောင်ချီကို လက်အောက်ငယ်သားများအတွက် မျှဝေပေးပြီး သူတော်စင်နယ်မြေသို့ တက်လှမ်းခွင့်ပေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ ၀မ်လျို့သူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏စွမ်းရည်ဖြင့် ဟုန်မိန်ခရမ်းရောင်ချီကို သန့်စင်အပြီးတွင် ရီဖန်သည်လည်း သူတော်စင်နယ်မြေကို ဖြတ်ကျော်သွားလိမ့်မည်ဟု ထင်ရသည်။ ၎င်းတို့ကို အခြေကျစေပြီးနောက် ရီဖန်သည် ကျုံးဖန်မြို့မှ တိတ်တဆိတ်ထွက်ခွာကာ ပျက်ဆီးခြင်းအထွတ်အထိပ်ဘုရာကျောင်း၏တည်နေရာဆီသို့ ဦးတည်သွားသည်။
မွန်းစတားဟိန်းဟောက်သံက ရီဖန်၏အတွေးများကို အနှောင့်အယှက်ပေးသည်။ ရီဖန်ကို အာရုံစိုက်ထားသည့် သူတော်စင်တစ်ပိုင်းရောင်ဝါရှိသော ပျက်ဆီးခြင်းမွန်းစတားက ဤနေရာ၏အုပ်ချုပ်သူဖြစ်မည်။ ရီဖန်သည် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို တိုက်ရိုက်ထုတ်လိုက်သည်။ ၎င်းသည် စစ်မှန်သောသူတော်စင်နယ်မြေရှိ ပျက်ဆီးခြင်းမွန်းစတားဖြစ်ပါက ရီဖန် အနည်းငယ် စဉ်းစားရဦးမည်။
သူတော်စင်တစ်ပိုင်းပျက်ဆီးခြင်းမွန်းစတားသည် ရီဖန်အတွက် ပြိုင်ဘက်မဟုတ်တော့ချေ။ သို့သော်လည်း ရီဖန်က ပေါ့ပေါ့တန်တန်သဘောမထားဘဲ သူ၏စွမ်းရည်ကို ကန့်သတ်ချက်အထိ တွန်းပို့ခဲ့ရာ နတ်စွမ်းအား၊ နတ်ကိုယ်ခန္ဓာ၊ သွေးမျိုးဆက်စွမ်းအား အားလုံး ပေါက်ကွဲထွက်လာသည်။
မြေပြင်က ချက်ချင်းတုန်ခါသွားပြီး ရီဖန်သည်လည်း ပျက်ဆီးခြင်းမွန်းစတားကို တိုက်ခိုက်လိုက်သည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ နေရာလွတ်စွမ်းအားက ပန်ကုစကြဝဠာထက် များစွာအားကောင်းသည်။ သာမန်သူတော်စင်တစ်ပိုင်းပင်လျှင် ၎င်းကို မချိုးဖျက်နိုင်ချေ။ သို့သော် ရီဖန်၏ ကြာပွတ်အောက်တွင် နေရာလွတ်က ကွဲအက်သွားပြီး အပျက်အဆီးများကျန်နေသေးသည်။
ကြာပွတ်သည် ပျက်ဆီးခြင်းမွန်းစတားပေါ်သို့ ကျရောက်သွားကာ ၎င်းထံမှ နာကျင်စွာ ညည်းတွားသံထွက်လာသည်။ ပျက်ဆီးခြင်းမွန်းစတားသည် အာရုံခံစားနိုင်စွမ်းမရှိသော်လည်း ၎င်းက မထိခိုက်နိုင်၊ နာကျင်မှုကိုမခံစားရဟု မဆိုလိုပေ။
ပျက်ဆီးခြင်းမွန်းစတားသည် ၎င်း၏ကြီးမားသော ခြေသည်းများဖြင့် ရီဖန်ကို ဒေါသတကြီးကုတ်ဆွဲလိုက်သည်။
ရီဖန်သည် ဒဏ်ရာမရချင်သောကြောင့် သူ့ကိုယ်သူခုခံကာကွယ်ရန် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အလျင်အမြန်မြှောက်လိုက်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ရီဖန်က ထိုတိုက်ခိုက်မှုသည် အလွန်မပြင်းထန်ဟု ခံစားလိုက်ရ၏။ မူလက ရီဖန်သည် သူတော်စင်တစ်ပိုင်းက အလွန်အစွမ်းထက်ကာ အနည်းဆုံး သူ့ကိုဒုက္ခပေးနိုင်မည်ဟု ထင်ထားသော်လည်း၊ ယခုတွင် သူတော်စင်တစ်ပိုင်း၏စွမ်းအားသည် သူထင်ထားသည်ထက် အားနည်းနေပုံရသည်။
တိုက်ပွဲအသံသည် မိုင်ပေါင်းများစွာပဲ့တင်ထပ်သွားကာ ပျက်ဆီးခြင်းနေရာလွတ်က ကျယ်ဝန်းသောကြောင့်မဟုတ်လျှင် အခြားကျင့်ကြံရေးသမားများကို ဆွဲဆောင်မိနိုင်သည်။ တဖြည်းဖြည်းနှင့် ရီဖန်သည် သူတော်စင်တစ်ပိုင်း ပျက်ဆီးခြင်းမွန်းစတား၏အင်အားကို လုံးဝကျင့်သားရလာသည်။ ၎င်းက အမှန်တကယ် အင်အားနည်း၏။ ရီဖန်ထင်ထားသည်ထက် အများကြီးပိုအားနည်းနေသည်။
ရီဖန်သည် သူတော်စင်တစ်ပိုင်းများက အားနည်းခြင်းလား၊ သို့မဟုတ် သူတော်စင်တစ်ပိုင်းပျက်ဆီးခြင်းမွန်းစတားကသာ အားနည်းလေသလား သူမသိချေ။ သို့သော် နောက်ဆုံးတွင် သူတော်စင်နယ်မြေကျင့်ကြံသူများ၏ စွမ်းအားအပေါ် ရီဖန်ခံစားနေရသောဖိအားက သိသိသာသာသက်သာရာရသွားသည်။
အကယ်၍ သူတော်စင်တစ်ပိုင်းစွမ်းအားသည် သူထင်ထားသည်ထက် အားနည်းနေပါက၊ သူတော်စင်နယ်မြေသည်လည်း သူထင်ထားသလောက် အားကောင်းလိမ့်မည်မဟုတ်ပေ။
………..
အခန်း ၄၁၆ - မိသားစုနယ်မြေ အဆင့်ဆယ့်လေး၊ နတ်နယ်မြေကျင့်ကြံခြင်း
နတ်ကြာပွတ်သည် နေရာလွတ်အက်ကွဲသံနှင့်အတူ ပျက်ဆီးခြင်းမွန်းစတား၏ ဦးခေါင်းကို တိုက်ရိုက်ထိမှန်သွားသည်။ ၎င်း၏ခန္ဓာကိုယ်သည် ချက်ချင်းတောင့်တင်းလာကာ မမြင်နိုင်သော စွမ်းအားတစ်ခုက ၎င်း၏ခန္ဓာကိုယ်အတွင်း တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
နောက်အခိုက်အတန့်တွင် ပျက်ဆီးခြင်းစွမ်းအားနှင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်သည်တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပျက်ဆီးခြင်းပုလဲထွက်ပေါ်လာသည်။ အကြမ်းဖျင်းအားဖြင့် ပျက်ဆီးခြင်းအရည်၏ဆယ်ဆပမာဏနှင့်ညီမျှသော သူတော်စင်တစ်ပိုင်းအဆင့် ပျက်ဆီးခြင်းပုလဲသည် အလွန်အဖိုးတန်သောကြောင့် စွန့်ပစ်၍မရပေ။
သူတော်စင်တစ်ပိုင်း ပျက်ဆီးခြင်းမွန်းစတားရှိနေခြင်းကြောင့် နောက်ထပ် အခြားပျက်ဆီးခြင်းမွန်းစတားများမရှိနေရာ ရီဖန်သည် အတွင်းသို့ လွယ်ကူစွာဝင်ရောက်သွားခဲ့သည်။ အခြားသော ပျက်ဆီးခြင်းနယ်မြေများကဲ့သို့ပင် ဤနေရာတွင်လည်း ပျက်ဆီးခြင်းအရည်အများအပြားရှိသည်။
အကြမ်းဖျင်းစစ်ဆေးမှုအပြီးတွင် ရီဖန်သည် ပျက်ဆီးခြင်းအရည်ကုဗမီတာ ရာဂဏန်းရှိကြောင်း ခန့်မှန်းမိသည်။ ၎င်းက ရီမိသားစုအတွက် အချိန်အတန်ကြာအသုံးပြုရန် လုံလောက်လိမ့်မည်။ သို့သော်လည်း ၎င်းက ပျက်ဆီးခြင်းပုလဲကို အဆင့်မြှင့်တင်ရန် လုံလောက်သည်နှင့် ဝေးကွာနေသေးသည်။
ပျက်ဆီးခြင်းပုလဲအတွင်းရှိ ကမ္ဘာငယ်အရေအတွက် တိုးလာသည်နှင့်အမျှ၊ ကမ္ဘာငယ်အသစ်များထုတ်လုပ်ရန်အတွက် ပျက်ဆီးခြင်းအရည် လိုအပ်သည့်ပမာဏလည်း တိုးလာသည်။ လက်ရှိ ပမာဏက လုံလောက်မှု မရှိသေးပေ။ ရီဖန်သည် ပျက်ဆီးခြင်းအရည်အပြင် အနက်ရောင်ကျောက်တုံးများစွာကိုလည်း တွေ့ရှိခဲ့သည်။
ရီဖန်သည် ထိုကျောက်တုံးများအတွင်း၌ ပြင်းထန်သော ပျက်ဆီးခြင်းစွမ်းအားနှင့် နေရာလွတ်စွမ်းအားများရှိနေကြောင်း ခံစားရသည်။ ရုတ်တရက် ရီဖန်၏စိတ်ထဲတွင် အချက်အလက်အချို့ ထွက်ပေါ်လာသည်။ ဤကျောက်တုံးများသည် ရီဖန်ဖတ်ဖူးသော ဝိညာဉ်ဝတ္ထုများနှင့် အနည်းငယ်ဆင်တူသည့် ‘ကမ္ဘာ့ကျောက်တုံးများ’ ဖြစ်သည်။ ၎င်းတို့ထဲတွင် ပျက်ဆီးခြင်းစွမ်းအားနှင့် နေရာလွတ်စွမ်းအားများ ပါဝင်၏။
ကမ္ဘာကျောက်တုံးများ၏တစ်ခုတည်းသော အသုံးပြုမှုမှာ ကမ္ဘာငယ်များ၏အခြေခံအုတ်မြစ်ကိုမြှင့်တင်ပြီး အားကောင်းလာစေရန်ဖြစ်သည်။ ကမ္ဘာငယ်တစ်ခု၏ အခြေခံအုတ်မြစ်ပိုခိုင်မာလေ ၎င်းအတွင်းရှိ အရင်းအမြစ်များ ပိုမိုကြွယ်ဝလေဖြစ်ကာ ကျင့်ကြံသူများသည်လည်း မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်လေဖြစ်သည်။
အင်အားစုကြီးများအတွက် ကမ္ဘာ့ကျောက်တုံးများက အလွန်အဖိုးတန်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့်၊ ၀မ်ရှန်းဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်းများနေထိုင်ရာ ကမ္ဘာငယ်များသည် မရေမတွက်နိုင်သောကာလများကို ဖြတ်ကျော်ပြီးနောက် ကမ္ဘာ့ကျောက်တုံးကဲ့သို့သော ဝိညာဉ်ပစ္စည်းအမြောက်အမြားကို စုပ်ယူခဲ့ကာ ကမ္ဘာငယ်၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဤကဲ့သို့သော ကမ္ဘာငယ်များတွင် ကျင့်ကြံခြင်းက အခြားသောအင်အားစုများ၏ကမ္ဘာထက်ပိုလျင်မြန်သည်။
အင်အားစုတစ်ခု၏စွမ်းအားသည် ကဏ္ဍပေါင်းစုံမှ ထင်ဟပ်နေသောကြောင့် ကျင့်ကြံမြေအဆင့်သည်လည်း အလွန်အရေးကြီးသည်။ ရီဖန်က ၎င်းတို့ကို စစ်ဆေးပြီးနောက် ကမ္ဘာ့ကျောက်တုံး ရာနှင့်ချီရှိကြောင်း ခန့်မှန်းလိုက်သည်။ ၎င်းတို့က ရန်ဟွမ်ကမ္ဘာကို ထိပ်တန်းကမ္ဘာငယ်အဆင့်အထိ မြှင့်တင်ရန် လုံလောက်သည်။
ရီမိသားစုသည် အလွန်လျင်မြန်စွာတိုးတက်လာရာ အရေးကြီးကဏ္ဍများစွာတွင် ကာလကြာရှည်စွာ ထူထောင်ထားသည့် အင်အားစုများနှင့် နှိုင်းယှဉ်၍မရပေ။ ၎င်းတို့ တစ်ဆင့်ပြီးတစ်ဆင့် အားကောင်းလာရန် လိုအပ်သည်။ ရီဖန်အတွက် ဤကမ္ဘာ့ကျောက်တုံးများသည် အလွန်အံ့သဩဖွယ်ကောင်းလှ၏။ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီးနောက် သူသည်ပျက်ဆီးခြင်းအရည်ကို စတင်စုဆောင်းခဲ့ပြီး သူ၏လက်ရှိရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်သွားသည်။
ကျုံးဖန်မြို့သို့ ပြန်ရောက်သောအခါ ရီဖန်သည် အကျိုးအမြတ်များ မရိတ်သိမ်းသေးဘဲ ရန်ဟွမ်ကမ္ဘာသို့ တိုက်ရိုက်ပြန်သွားကာ ရန်ဟွမ်ကမ္ဘာ၏ကောင်းကင်တာအိုကို ဆင့်ခေါ်လိုက်သည်။
"ရန်ဟွမ်၊ ဒါကို အသုံးဝင်တယ်ထင်လား"
ရီဖန်သည် ပျက်ဆီးခြင်းအထွတ်အမြတ်ဘုရားကျောင်းမှ ရရှိသော ကမ္ဘာ့ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ ကမ္ဘာ့ကျောက်တုံးများကို မြင်သောအခါ ရန်ဟွမ်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
"အသုံးဝင်တာပေါ့၊ သေချာပေါက် အသုံးဝင်တာပေါ့။ ဒါတွေအားလုံး ငါ့အတွက်လား"
ရန်ဟွမ်သည် စိတ်အားထက်သန်စွာကြည့်ရင်း ဤကမ္ဘာ့ကျောက်တုံးများက သူ့အတွက် ကြီးမားသောအကျိုးကျေးဇူးများ ပေးဆောင်လာမည်ဟု အလိုလိုသိနေသည်။
"မင်းအတွက်မဟုတ်ရင် ငါက ဒီကျောက်တုံးတွေကို စားမယ်ထင်နေလား"
ရီဖန်သည် မျက်လုံးလှန်ကြည့်ကာ သူ့လက်ကိုမှောက်လိုက်ပြီး သူရှာတွေ့ခဲ့သော ကမ္ဘာ့ကျောက်တုံးအားလုံးကို ထုတ်ယူလိုက်သည်။ ကမ္ဘာ့ကျောက်တုံးအပုံလိုက်ကိုကြည့်ရင်း ရန်ဟွမ်သည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်စုပ်ယူလိုခြင်းအား မထိန်းနိုင်ခဲ့ချေ။ သို့သော် နောက်ဆုံးတွင် သူသည် ၎င်းတို့ထဲမှအချို့ကို စည်းတံဆိပ်ခတ်ပြီး သေးငယ်သော တစ်ပုံကို ရီဖန်အားပြန်ပေးခဲ့သည်။
"ဒါတွေက ငါ့အတွက် လုံလောက်ပါတယ်။ ပိုနေတဲ့ဟာကို တခြားကမ္ဘာငယ်တွေ ကျင့်ကြံဖို့အတွက် သုံးလိုက်တော့"
အိုး! ရန်ဟွမ်ကလေးက ကြီးပြင်လာပြီးတော့ အလွန်တွေးတောစာနာတတ်လာပြီး။ ရီဖန်သည် ယဉ်ကျေးဟန်မပြဘဲ ကျန်ကမ္ဘာ့ကျောက်တုံးများကို သိမ်းလိုက်သည်။ သူသည် ချန်မင်ကမ္ဘာကို ကျင့်ကြံရန်အတွက် ၎င်းတို့ကိုအသုံးပြုရန် ရည်ရွယ်ထားသည်။ ချန်မင်ကမ္ဘာနှင့် ရန်ဟွမ်ကမ္ဘာနှစ်ခုစလုံးသည် ရီမိသားစုမှဖြစ်သောကြောင့် ၎င်းတို့ကိုဦးစားပေး ကျင့်ကြံသင့်သည်။ ရီဖန်သည် ရီရှောင်းရှောင်းကို ဆင့်ခေါ်ပြီးနောက် ကမ္ဘာ့ကျောက်တုံးများကို သူမထံပေးအပ်လိုက်သည်။
ထို့နောက် ရီဖန်သည် ကမ္ဘာ့စွမ်းအားကိုလှုံ့ဆော်ပြီး ကမ္ဘာ့ကျောက်တုံးများကို စတင်ချေဖျက်ခဲ့သည်။ ၎င်းတို့ကိုချေဖျက်ရန်မှာ မခက်ခဲသောကြောင့် လက်တွေ့တွင် အချိန်မည်မျှပင် မလိုအပ်ချေ။
ကမ္ဘာ့ကျောက်တုံးများကို စုပ်ယူလိုက်သည်နှင့် မူလက ငြိမ်သက်နေသော ရန်ဟွမ်ကမ္ဘာသည် စတင်ပြောင်းလဲလာသည်။ နယ်မြေများ အဆက်မပြတ် တိုးချဲ့လာပြီး ကြီးမားသောပြောင်းလဲမှုများက ရန်ဟွမ်နယ်မြေရှိ လူငယ်ကျင့်ကြံသူများအား ထိတ်လန့်စေခဲ့သည်။
သို့သော် သက်ကြီးကျင့်ကြံသူများက အလွန်တည်ငြိမ်နေကာ ၎င်းတို့ဖြတ်သန်းခဲ့သည်မှာ ကြာပြီဖြစ်ကြောင်းထင်ရှားသည်။ ရန်ဟွမ်နယ်မြေ နောက်တစ်ကြိမ်ကြီးထွားလာခြင်းကြောင့်
ရီဖန်က တစ်ခုခုလုပ်ဆောင်လိုက်ကြောင်း ချက်ခြင်းခန့်မှန်းမိလိုက်သည်။ ထိုအချိန်တွင် ရန်ဟွမ်နယ်မြေ၏အရွယ်အစားသည် မျိုးဆက်တစ်ခုမျှ ကြီးထွားလာကာ အမျိုးမျိုးသောအရင်းအမြစ်များလည်း အဆက်မပြတ် ပေါ်ထွက်လာသည်။
ရန်ဟွမ်နယ်မြေတွင် ကျန်ရစ်ခဲ့သော ကျင့်ကြံသူအားလုံးနီးပါးသည် ရီမိသားစုနှင့်ဆက်စပ်မှုရှိကြသည်။ ၎င်းတို့က
ရီမိသားစုအဖွဲ့ဝင်များသို့မဟုတ် ရီမိသားစုဝင်များ၏ အမျိုးများဖြစ်ကြသည်။ ရန်ဟွမ်နယ်မြေ၏ အရင်းအမြစ်များက ၎င်းတို့ကို ကြွယ်ဝစွာ နေထိုင်ခွင့်ပေးထားသည်။ အရင်းအမြစ်များ ပိုမိုရရှိလာပြီဖြစ်ရာ သုံးကုန်တော့မည်ပင်မဟုတ်ချေ။
ရီမိသားစု၏အဖွဲ့ဝင်များက ဤအသစ်တိုးလာသောအရင်းအမြစ်များကို ထိန်းချုပ်နိုင်မည်မှာ သေချာသော်လည်း ပိုလျှံသော အပိုင်းအစများပင်လျှင် ထိုကျင့်ကြံသူများ ခံစားရန်အတွက် လုံလောက်သည်။ ကမ္ဘာ့မူလနိယာမ တိုးတက်မှုနှင့်အတူ ရန်ဟွမ်နယ်မြေ၏ ကျင့်ကြံမှုပတ်ဝန်းကျင်သည်လည်း ရှေ့သို့ခြေတစ်လှမ်းတက်လှမ်းလာခဲ့သည်။
ရီမိသားစုမြေသည် ရန်ဟွမ်နယ်မြေ၏အလယ်ဗဟိုတွင် တည်ရှိကာ အရည်အသွေးအမြင့်ဆုံး ကျင့်ကြံမှုပတ်ဝန်းကျင်ရှိသည်။ ယခုအခါရန်ဟွမ်နယ်မြေသည် ထိပ်တန်းစကြဝဠာတစ်ခု ဖြစ်လာရာ ရီမိသားစု၏ ကျင့်ကြံမှုပတ်ဝန်းကျင်သည်လည်း မည်သည့်အင်အားစုနှင့်မျှ မဆက်စပ်နေတော့ပေ။
ထိုအချိန်တွင် ရီဖန်၏စိတ်ထဲ၌ စနစ်သတိပေးချက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"ရေရှည်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ သခင့်ကိုဂုဏ်ပြုပါတယ်။ မိသားစုကျင့်ကြံရေးနယ်မြေ အဆင့်ဆယ့်လေးဖြစ်တဲ့ နတ်နယ်မြေကျင့်ကြံခြင်းကို ပြီးဆုံးသွားလို့ ဆုထုတ်ယူနိုင်ပါပြီ!"
မမျှော်လင့်ဘဲပြီးသွားသော တာဝန်က ရီဖန်ကို အနည်းငယ်စိတ်ရှုပ်သွားစေသည်။ ရီဖန်သည် မူလက မိသားစုလက်နက်တိုက်သို့မဟုတ် မိသားစုကျင့်ကြံရေးကဲ့သို့ ရေရှည်တာဝန်များကို ပြီးမြောက်မည်ဟု ထင်ခဲ့သော်လည်း မိသားစုနယ်မြေတာဝန်ကို ဦးစွာပြီးမြောက်ရန် မမျှော်လင့်ထားပေ။ သို့သော် ရီဖန်က အမြန်လိုက်မီသွားသည််။
ယခင်ရီမိသားစုနယ်မြေသည် သင့်လျော်သော်လည်း ၎င်းက ပန်ကုစကြဝဠာတွင် ထိပ်တန်းမဟုတ်ချေ။
ရီမိသားစု၏စွမ်းအားသည် ရန်ဟွမ်နယ်မြေအပေါ် မူတည်နေသောကြောင့် ရီဖန်ကနေရာရွှေ့ရန်စိတ်ကူးမရှိပေ။ ယခုအခါတွင် ရီမိသားစုနယ်မြေကို ထိပ်တန်းအဆင့်သို့ အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် လုပ်ငန်းတာဝန်သည်လည်း သူ့အလိုလို ပြီးသွားခြင်းဖြစ်သည်။
“စနစ်၊ ဆုထုတ်လိုက်တော့ ”
"ရီမိသားစုသွေးမျိုးဆက် မဟာသူတော်စင်အဆင့်တစ်ခုနဲ့ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်ငါးခု၊ ယုံကြည်သက်ဝင်မှုတိုကင် ငါးခုကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်”
ဆုကြေးက အလွန်ကောင်းမွန်သောကြောင့် ရီဖန်သည်လည်း ကျေနပ်အားရလျက်ရှိသည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားမှ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများ တက်လာသည်ကို ခံစားလိုက်ရသည်။ ဤစွမ်းအားသည် ရီဖန်၏သွေးမျိုးဆက်ကို အသွင်ပြောင်းသွားစေသည်။ သူတော်စင်အဆင့်စွမ်းအားရှင်များသည် လျှို့ဝှက်ဆန်းကြယ်မှုများကို ပေါ့ပေါ့ပါးပါး အသုံးချနိုင်ကြကာ စကြာဝဠာကိုလုံးဝကျော်လွန်သွားပြီဖြစ်သည်။
ထိုအချိန်တွင် ရီဖန်၏နောက်၌ ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။ ၎င်း၏မျက်နှာသည် တဖြည်းဖြည်း ကြည်လင်လာပြီးနောက် ရီဖန်ထိတ်လန့်သွားလေသည်။ ရီမိသားစုတွင် အင်အားကြီးဘိုးဘေးများမရှိသောကြောင့် ၎င်းတို့သည် သွေးမျိုးဆက်တစ်ခု ဖန်တီးလိုပါက၊ ရီဖန်က ရှေ့ပြေးပုံစံဖြစ်လာလိမ့်မည်။ ခဏအကြာတွင် သွေးမျိုးဆက်က ရီဖန်နိုးလာချိန်ကို စောင့်မျှော်လျက် ငြိမ်သက်စပြုလာသည်။ မဟာသူတော်စင်အဆင့်ရှိ သွေးမျိုးဆက်စွမ်းအားက ရီဖန်၏အင်အားကို အနည်းငယ်ပိုတိုးစေ၏။
သို့သော် ၎င်းက အရေးကြီးဆုံးအပိုင်း မဟုတ်သေးချေ။ ဤတစ်ကြိမ် အကြီးမားဆုံးအမြတ်မှာ ရီဖန်သည် သူ့ကိုယ်သူမြှင့်တင်ရန်အတွက် သွေးမျိုးဆက်စွမ်းအားကို တိုက်ရိုက်ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်။ သူ၏သွေးမျိူးဆက်စွမ်းအားကို လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အင်အားသည်လည်း အဆပေါင်းများစွာ တိုးလာနိုင်သည်။ အတွေးတစ်ခုနှင့်ပင် သူ၏သွေးမျိုးဆက်စွမ်းအားကို နိုးကြားလာစေလိမ့်မည်။
ရီဖန်သည် သူ၏နတ်စွမ်းအားအတွင်းမှ ထူးကဲသောရောင်ဝါကိုခံစားလိုက်ရသည်၊ ၎င်းက သူတော်စင်အဆင့်စွမ်းအားရှင်များသာ နားလည်နိုင်သောစွမ်းအားဖြစ်သည်။ ၎င်းက ရီဖန်၏နတ်စွမ်းအားကို အဆများစွာအဆင့်မြှင့်တင်ပေးနေ၏။ နက်နဲသောအရာများကို နားမလည်သောသူသည် သူတော်စင်တစ်ပိုင်းများကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
ယခုတွင် ရီဖန်သည် သူ၏နတ်စွမ်းအားအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို နားလည်လာသောကြောင့် သူတော်စင်များကို စိန်ခေါ်နိုင်သည့် အရည်အချင်းရှိလာသည်။ ခဏအကြာတွင် ရီဖန်သည် သူတော်စင်တစ်ဦးနှင့်ရင်ဆိုင်ရလျှင်ပင် အောင်ပွဲရနိုင်ခြေရှိသွားပြီဟူသောအချက်ကို နှလုံးသားထဲတွင်အောက်မေ့ရင်း သူ၏သွေးမျိုးဆက်စွမ်းအားကို ရုပ်သိမ်းလိုက်သည်။
သိ့သော် ရီဖန်သည် သူတော်စင်အဆင့်စွမ်းအားရှင်ကို မမြင်ဖူးသောကြောင့် သူ၏လက်ရှိအင်အားကို ကောင်းစွာခံစားခဲ့ရသော်လည်း ယုံကြည်မှုကင်းမဲ့နေသည်။ ရီဖန်သည် ရလဒ်ကို မထိန်းချုပ်နိုင်သည့် အခြေအနေမျိုးကို မနှစ်မြို့သောကြောင့် သူ၏အင်အားကို ဆက်လက်မြှင့်တင်ရန် လိုအပ်နေသေးသည်။
ယခုအခါတွင် သူ၏သွေးမျိုးဆက်နိုးကြားလာပြီဖြစ်ရာ သူ၏အင်အားကို ပိုမိုမြှင့်တင်လိုပါက ပျက်ဆီးခြင်းပုတီးသို့မဟုတ် သူ၏ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ရန်သာ လိုအပ်သည်။ ထိုအရာများသည် ရေတိုအတွင်း သူသိသိသာသာ စွမ်းအားတိုးလာနိုင်သည့် အထိရောက်ဆုံး နည်းလမ်းနှစ်ခုဖြစ်၏။
နေတစ်ပိုင်းသူတော်စင်ဟူသောဓားကို သူ့ခေါင်းထက်တွင် ချိတ်ဆွဲထားသဖြင့် ရီဖန်သည် အနည်းငယ် အလျင်လိုသည်ဟုခံစားခဲ့ရသည်။ သူ ဆက်လက်ကြိုးစားရမည်၊ ဤမျှနှင့် ကျေနပ်နေ၍မဖြစ်သေးချေ။
………
အခန်း၄၁၇- မိသားစုလက်နက်တိုက် အဆင့်ဆယ့်ကိုး၊ သူတော်စင်တစ်ပိုင်းနယ်မြေ
ရီဖန်သည် သတ်မှတ်ထားချိန်ထက် ပန်းတိုင်ကို စောရောက်သွားသော်လည်း ကျေနပ်အားရမှုမရှိခဲ့ပေ။ အကြွင်းမဲ့အောင်မြင်မှုရရှိရန်အတွက် သူပိုမိုသန်မာရန် လိုအပ်နေသေးသည်။
“အဖေ အခုချိန်ထိ ကျွန်တော်စုဆောင်းထားတဲ့ သူတော်စင်တစ်ပိုင်းဥပဒေနဲ့ သူတော်စင်ဥပဒေတွေပါ”
ရီကျင်းထျန်က သူ့အတွက် ကျင့်ကြံနည်းစနစ်နောက်တစ်သုတ် ယူလာခဲ့သည်။
ရီဖန်၏ မဆုတ်မနစ်သော စုဆောင်းမှုများကြောင့် ရရှိနိုင်သော ကျင့်ကြံနည်းစနစ်များနည်းပါးလာသည်။ စစ်မှန်သောနည်းစနစ်များကို အင်အားစုကြီးများအတွင်း သိမ်းဆည်းထားခဲ့ပြီးဖြစ်သည်။ ပြန့်ကျဲနေသော ကျင့်ကြံသူများကြားမှ ရရှိနိုင်သောကျင့်ကြံနည်းစနစ်များက မလုံလောက်ဘဲ အဆင့်နိမ့်လွန်းသည်။
စစ်မှန်သောပစ္စည်းကောင်းများရရှိရန်အတွက် ရီဖန်သည် အဓိကအင်အားစုများကို တိုက်ခိုက်ရလိမ့်မည်။ သို့သော်လည်း လုံလောက်သောအင်အားမရှိသေးဘဲ သူထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့အထက်တွင် စောင့်ကြပ်နေသည့် သူတော်စင်များရှိသေးသည်။ ၎င်းတို့ကို သူတော်စင်များက အကာအကွယ်ပေး မပေး၊ မည်သူသိနိုင်မည်နည်း။
ရီဖန်က သူ့အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး ရီကျင်းထျန် ယူလာသည့် ကျင့်ကြံနည်းစနစ်များကို ကြည့်လိုက်သည်။ ကောင်းကင်ဘုံ အထွတ်အမြတ်ဥပဒေ၊ မြေနဂါး အထွတ်အမြတ်ဥပဒေ၊ ကောင်းကင်ဘုံဆင့်ခေါ်ခြင်း အထွတ်အမြတ်ဥပဒေ စသည့် နည်းစနစ်တစ်ခုစီက ပန်ကုစကြဝဠာတစ်ခွင်ကို ရိုက်ခတ်သွားလိမ့်မည်။ သို့သော် စကြဝဠာပေါင်းမြောက်မြားစွာမှ ကျင့်ကြံသူများနေထိုင်ရာ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ၎င်းတို့သည် ထူးထူးခြားခြားမဟုတ်ချေ။
ကောင်းကင်ဘုံဆင့်ခေါ်ခြင်း အထွတ်အမြတ်ဥပဒေသည် လူတစ်ဦးကို လျှို့ဝှက်နည်းစနစ်ဖြင့် ၎င်းတို့ဘိုးဘေးများ၏စွမ်းအားကို ဆင့်ခေါ်စေနိုင်ကာ ၎င်းတို့၏စွမ်းအားကို မြှင့်တင်ပေးခြင်းသည်။ ရီဖန် ယခင်ကရရှိခဲ့သော သူတော်စင်ဖိတ်ကြားချက်ဥပဒေကဲ့သို့ပင်
ဤကျင့်ကြံနည်းစနစ်ကို လျှို့ဝှက်နည်းစနစ်အဖြစ် မှတ်ယူနိုင်သည်။
သူတော်စင်ဖိတ်ကြားချက်ဥပဒေသည် ရီမိသားစု၏ ကျင့်ကြံသူများအား ၎င်းတို့၏မိသားစု မွန်းစတားထံမှစွမ်းအားကို ငှားရမ်းခွင့်ပြုထားသည်။ ၎င်းသည် စွန့်စားလုပ်ဆောင်သော ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်၏။ သို့သော်လည်း ရီမိသားစုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်များ တိုးလာသည်နှင့်အမျှ သူတော်စင်ဖိတ်ကြားချက်ဥပဒေ၏ အဆင့်သည် အလွန်နိမ့်သောကြောင့် ၎င်း၏သက်ရောက်မှုများလည်း တဖြည်းဖြည်း လျော့နည်းလာသည်။
သူတော်စင်ဖိတ်ကြားချက်ဥပဒေနှင့် ကောင်းကင်ဘုံဆင့်ခေါ်ခြင်း အထွတ်အမြတ်ဥပဒေနှစ်ခုစလုံးသည် ထပ်လောင်းစွမ်းအားမြှင့်တင်မှုရရှိရန် ကြားခံတစ်ခုကို လိုအပ်သည်။ အနှစ်သာရအားဖြင့် ရီမိသားစု၏ ဘိုးဘေးသွေးမျိုးဆက်စွမ်းအားများကို ဤနည်းစနစ်များဖြင့် မြှင့်တင်ပေးနိုင်သည်။
ထို့အပြင် အခြားသူများက ၎င်းတို့၏ဘိုးဘေးထံမှ စွမ်းအားကိုငှါးရမ်းကြသော်လည်း ရီဖန်က သူ့ကိုယ်ပိုင်စွမ်းအားကို ငှါးရမ်းခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် သူသည် သူ၏အနာဂတ်သူတော်စင်အဆင့်စွမ်းအားကို ငှါးရမ်းနိုင်လိမ့််မည်။
သို့သော် ကောင်းကင်ဘုံဆင့်ခေါ်ခြင်းအထွတ်အမြတ်ဥပဒေသည် လက်ရှိ ရီဖန်အတွက် မသင့်လျော်သေးချေ။ သူသည် ရီမိသားစုအတွက် အသင့်တော်ဆုံးပုံစံကို ရယူရန်လိုအပ်သည်။ သူတော်စင်ဖိတ်ကြားချက်ဥပဒေကိုအခြေခံ၍ ရီမိသားစု၏လိုအပ်ချက်များနှင့် အကိုက်ညီဆုံးသော သူတော်စင်တစ်ပိုင်းဥပဒေကို သန့်စင်ရန်ရဦးမည်။
ရီဖန်သည် အပြောထက်စောကာ သူရရှိပြီးသော နတ်ဥပဒေများမှ ဆင့်ခေါ်ခြင်းနည်းပညာများကို ချက်ချင်းစတင်ခဲ့သည်။ သူသည် အညစ်အကြေးများကို သန့်စင်ပြီး အနှစ်သာရကိုထုတ်ယူကာ သူတော်စင်ဖိတ်ကြားချက်နှင့် ဂရုတစိုက်ပေါင်းစည်းခဲ့သည်။ သူတော်စင်ဖိတ်ကြားချက်ဥပဒေသည် စနစ်ဆုလာဘ်တစ်ခုဖြစ်သောကြောင့် ကြီးမားသောအလားအလာများရှိကာ ပြီးပြည့်စုံသော အခြေခံအုတ်မြစ်ဖွဲ့စည်းပုံဖြစ်နိုင်သည်။ ရီဖန်လုပ်စရာရှိသည်မှာ ၎င်းကို အသွေးအသားဖြင့် အဆက်မပြတ်ဖြည့်တင်းပေးရန်ဖြစ်သည်။
သူတော်စင်ဖိတ်ကြားချက်ဥပဒေကို ပြန်လည်သန့်စင်ရသည့် အခက်အခဲက ဘာမှမရှိဘဲ ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကိုသန့်စင်ခြင်းထက် သိသိသာသာလျော့နည်းသည်။ အချိန်ကြာလာသော်လည်း ရီမိသားစုသည် နေတစ်ပိုင်း သူတော်စင်ထံမှ လက်တုံ့ပြန်ခြင်းမျိုးမကြုံခဲ့ရသေးချေ။
ထို့ကြောင့် ရီဖန်သည် အဇူရာငှက်သူတော်စင်တစ်ပိုင်းက အချည်းနှီးခြိမ်းခြောက်မှုတစ်ခု ပြုလုပ်ခဲ့ကာ ရီမိသားစုထံမှအကျိုးအမြတ်ရရှိရန် သူတော်စင်၏အမိန့်အတု ထုတ်ပြန်ခဲ့လေသလားဟူ၍ပင် မေးခွန်းထုတ်မိသည်။ ရီဖန်မသိသောအရာမှာ အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သော်လည်း ချွမ်ထျန်းယောင်ရှန်းက ကျင့်ကြံနေရာမှ နိုးထလာခြင်းမရှိသေးပေ။
ချွမ်ထျန်းယောင်ရှန်းသည် ရီမိသားစုက ငြင်းဆန်မည်ဟု မထင်ထားချေ။ အဇူရာငှက်သူတော်စင်တစ်ပိုင်းက ရီမိသားစုကို သိမ်းသွင်းရန် လုံလောက်မည်ဟု သူယုံကြည်ထားခဲ့သည်။ ထို့ကြောင့် လက်စားချေမည့်ခြိမ်းခြောက်မှုက မကျရောက်လာသေးဘဲ ရီမိသားစုကိုဖွံ့ဖြိုးတိုးတက်ရန် အချိန်လုံလောက်စွာပေးထားသည်။
မျက်စိတစ်မှိတ်အတွင်း အနှစ်တစ်ရာကုန်ဆုံးသွားခဲ့သည်။ စွမ်းအားရှင်များအတွက် အနှစ်တစ်ရာသည် တစ်ခဏမျှသာဖြစ်သည်။ ရီဖန်သည် ပျက်ဆီးခြင်းဖန်တီးမှုကျမ်းကို အပြီးမသတ်ရသေးသော်လည်း သိမ်မွေ့ကောင်းကင်နည်းစနစ်နှင့် သူတော်စင်ဖိတ်ကြားချက်လျှို့ဝှက်နည်းစနစ် နှစ်ခုလုံးကို သူတော်စင်တစ်ပိုင်းအဆင့်အထိ သန့်စင်ထားပြီးဖြစ်သည်။
"ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်၊ မိသားစုလက်နက်တိုက် အဆင့်ဆယ့်ကိုး သူတော်စင်တစ်ပိုင်းအဆင့် ပြီးမြောက်တဲ့အတွက် ဂုဏ်ယူပါတယ်။ စုဆောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ"
ထိုတာဝန်ပြီးမြောက်ခြင်းအား ရီဖန် လုံးဝသတိမထားမိလိုက်ပေ။ ယေဘုယျအားဖြင့် ရီဖန်သည် ကျင့်ကြံနည်းစနစ်ကို ဦးစွာသန့်စင်လေ့ရှိသည်။ သို့သော် အံ့ဩစရာကောင်းစွာဖြင့် ဤလျှို့ဝှက်နည်းစနစ် သန့်စင်ခြင်းက မိသားစုလက်နက်တိုက်တာဝန်ကို ပြီးမြောက်စေနိုင်သည်။ ရီဖန်အတွက်တော့ ၎င်းကမမျှော်လင့်ထားသည့် သတင်းကောင်းဖြစ်သည်။
"စနစ်၊ဆုထုတ်လိုက်တော့"
"ဂုဏ်ယူပါတယ် မြေပြင်အဆင့်တိုးမြှင့်ခြင်းတိုကင်နဲ့ ဟုန်မိန်ခရမ်းရောင်ချီဆယ်မျှင်ကို လက်ခံရရှိပါပြီ”
မြေပြင်အဆင့်မြှင့်တင်ခြင်းတိုကင်သည် မြေပြင်အရွယ်အစားကိုတိုးမြှင့်ပေးပြီး စကြဝဠာ၏ရှေ့ပြေးပုံစံဖြစ်လာစေသည်။
ထိုဖော်ပြချက်ကို ဖတ်ပြီးနောက် ရီဖန်က မအံ့ဩဘဲမနေတိုင်တော့ချေ။ စနစ်၏ဆုများက အမှန်တကယ်ထူးခြားလွန်းသည်။ မြေပြင်ကို စကြဝဠာတစ်ခု၏ရှေ့ပြေးပုံစံအဖြစ် အဆင့်မြှင့်တင်ခြင်းက သေးငယ်သောလုပ်ဆောင်ချက်မဟုတ်ပေ။ မဟာသူတော်စင်များပင်လျှင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိ။
၎င်းတိုကင်ကို ရီမိသားစုနယ်မြေအတွက် ရည်ရွယ်ထားသောကြောင့် ရီဖန်သည် ချက်ချင်း ရန်ဟွမ်နယ်မြေသို့ အမြန်ပြန်သွားကာ ရန်ဟွမ်နှင့်တွေ့ခဲ့သည်။ ကမ္ဘာ့ကျောက်တုံးထံမှ တိုးတက်မှုကိုတွေ့ကြုံပြီးနောက်၊ ရန်ဟွမ်၏ ကောင်းကင်ဘုံတာအိုသည် ပိုမိုအားကောင်းလာသည်။
ရီဖန်သည် မြေပြင်အဆင့်မြှင့်တင်ခြင်းတိုကင်ကို ထုတ်ကာ ၎င်းကိုအသုံးပြုရန် ရန်ဟွမ်နယ်မြေကို ပစ်မှတ်အဖြစ် ရွေးချယ်လိုက်သည်။ မူလစွမ်းအား၏စီးဆင်းမှုသည် နေရာလွတ်မှ ထွက်ပေါ်လာပြီး ရုတ်တရက်ပြောင်းလဲသွားပြီး ရန်ဟွမ်နယ်မြေနှင့်ပေါင်းစည်းသွားသည်ကို ခံစားလိုက်ရသည်။
ရန်ဟွမ်သည် ပန်ကုစကြဝဠာရှိ ကောင်းကင်ဘုံတာအိုအဖြစ် ပန်ကုစကြဝဠာမှ မဟာတာအိုဝိညာဉ်၏ကန့်သတ်ခြင်းကို ခံထားရသည်။ ထိပ်တန်းစကြာဝဠာတစ်ခုအနေဖြင့်ပင် ၎င်းက ပန်ကုစကြာဝဠာ၏အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲဖြစ်ကာ ထိုထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်ခဲ့ချေ။
ယခုတွင် ရန်ဟွမ်သည် ၎င်းပေါ်ရှိချုပ်ချယ်မှုများ လုံးဝပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ အားကြီးသောစွမ်းအားတစ်ခုက ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ဖျက်လိုက်ပုံရ၏။ သို့သော် ပန်ကုစကြဝဠာမှ မဟာတာအိုဝိညာဉ်သည် ရန်ဟွမ်ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည်ကို သတိမထားမိပုံရကာ မည်သို့မျှတုံ့ပြန်ခြင်းမရှိပေ။
……….