အခန်း ၄၁၈-၄၂၀
Vol. 28 Ch. 418-420
အခန်း ၄၁၈- မိသားစုလက်နက်တိုက် အဆင့်ဆယ့်ကိုး၊ သူတော်စင်တစ်ပိုင်းနယ်မြေ
ရန်ဟွမ်သည် ရီဖန်ကို ထိတ်လန့်စွာကြည့်နေသော်လည်း ရီဖန်၏စိတ်ချလက်ချအမူအရာကို မြင်လိုက်ရသည့်အခါ တည်ငြိမ်သွားသည်။ သူ့သခင်က နောက်ထပ် ပစ္စည်းကောင်းတစ်ခု ရရှိသွားပုံရသည်။ ရီဖန်၏စွမ်းရည်နှင့်ပတ်သက်၍ ရန်ဟွမ်သည် စိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားပြီးဖြစ်သည်။ ရီဖန်က မည်မျှကောင်းမွန်သည့်အရာများ ထုတ်ပေးပါစေ သူ့ကိုယ်သူလက်ခံနိုင်ရန် ဖြေသိမ့်ထားသည်။
မူလစွမ်းအား၏အာဟာရအောက်တွင် သူ့အတွင်းရှိ အချိန်၏နှလုံးသားသည် ဆင့်ကဲပြောင်းလဲလာသည်။ ထို့နောက် ရန်ဟွမ်၏မျက်ခုံးကြားတွင် အစေ့ငယ်တစ်ခု ပေါ်လာ၏။ ၎င်းက စကြဝဠာမျိုးစေ့ဖြစ်သည်။ ပန်ကုစကြာဝဠာအစသည်လည်း စကြဝဠာ၏သေးငယ်သောမျိုးစေ့မှ ပေါက်ဖွားလာခြင်းဖြစ်သည်။
ယခုဆိုလျှင် ရန်ဟွမ်၏နှလုံးသားသည် စကြဝဠာမျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားရာ သူသည်လည်း စကြဝဠာအဖြစ်သို့ ပြောင်းလဲနိုင်သော အရည်အချင်းကို ရရှိခဲ့သည်။ သို့သော် ထိုအသွင်ပြောင်းမှုက အနည်းဆုံးနှစ်ထောင်ပေါင်းများစွာ ကြာဦးမည်ဖြစ်သည်။ အထောက်အကူဖြစ်လာစေရန်အတွက် အချိန်အနည်းငယ် ပိုလိုအပ်နေသေး၏။
ရန်ဟွမ်နယ်မြေသည် မည်သူမျှသတိမပြုမိဘဲ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ အနာဂတ်တွင် ရန်ဟွမ်နှင့် ရီဖန်တို့၏ခွင့်ပြုချက်မရှိဘဲ သူတော်စင်နယ်မြေစွမ်းအားရှင်ပင်လျှင် ရန်ဟွမ်နယ်မြေကို ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သူတော်စင်တစ်ယောက်က အစွမ်းထက်သော်လည်း စကြဝဠာကို ဖျက်ဆီးနိုင်စွမ်း မရှိသေးချေ။ စကြဝဠာကို အမှန်တကယ်ဖျက်ဆီးပစ်ရန်အတွက် သူတော်စင်အဆင့်စွမ်းအားရှင်ပင် တတ်နိုင်မည်မဟုတ်။
ထိုအချိန်တွင် ပန်ကုစကြဝဠာရှိ နေရာလွတ်အတွင်း ဧရာမသတ္တဝါကြီးက ရုတ်တရက်ခေါင်းမော့လာသည်။ ခန္ဓာကိုယ်အတွင်း တစ်စုံတစ်ရာပျောက်ကွယ်သွားသလို ခံစားခဲ့ရသော်လည်း စစ်ဆေးကြည့်ပြီးနောက် ဘာမှမတွေ့ခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် နက်ရှိုင်းစွာ အိပ်ပျော်သွားပြန်သည်။ ထိုသတ္တဝါ၏နောက်တွင် သာယာလှပသော နန်းတော်တစ်ခုရှိသည်။ နန်းတော်အောက်ခြေ၌ ကြီးမားသော တံခါးကြီးတစ်ချပ်ရှိကာ စာလုံးကြီးများဖြင့် ရေးထိုးထားသည်မှာ “တောင်ဘက်ကောင်းကင်ဂိတ်တံခါး” ဟူ၍ပင်။
…
ဆာဂျီဖိတ်ကြားချက်။ အချိန်နှင့်နေရာမြစ်ကို ဖြတ်ကျော်လျက် အင်အားကြီးမားသော စွမ်းအားတစ်ုခုက ရီဖန်အပေါ်သို့ ကျရောက်သွားသည်။ ရီဖန်နောက်တွင် သူနှင့်တူသောအသွင်သဏ္ဌန်တစ်ခု ဖြည်းညှင်းစွာပေါ်လာသည်။ ထိုစွမ်းအားများက သူ့အပေါ်သက်ရောက်လာသောအခါ ရီဖန်၏တိုက်ခိုက်ရေးစွမ်းအားကို အကြိမ်ကြိမ်တိုးမြင့်ပေးခဲ့သည်။
သူ၏အနာဂတ်ပုံစံက ထိုမျှစွမ်းအားကြီးလေသလား။ ဆင့်ခေါ်ထားသောစွမ်းအားသည် သူ၏အနာဂတ်မှ စွမ်းအားဖြစ်သောကြောင့် ၎င်းကို သူ၏စွမ်းအားအဖြစ်လည်း ယူဆနိုင်လိမ့်မည်။ ရီဖန်သည် ပို့်စ်ပေးပြီး သူ့ကိုယ်သူကြွားဝါချင်လာ၏။ ဆာဂျီနည်းစနစ်၏ ဖိတ်ကြားချက်စွမ်းအားက အလွန်မများလှချေ။ သိူ့မဟုတ်ပါက သူသည်အနှိုင်းမဲ့ဖြစ်လာလိမ့်မည်ပင်။
၎င်းက ရီဖန်၏ ဆာဂျီဖိတ်ကြားချက်နည်းစနစ် စွမ်းအားအပေါ် ပထမဆုံးအတွေ့အကြုံဖြစ်သည်။ ချက်ချင်းပင် နည်းစနစ်၏ အလားအလာကို သူ သဘောကျသွားခဲ့သည်။ ၎င်းကို ကောင်းကောင်းလေ့လာထားရန်လို၏။
၎င်းသည် သူ၏အနာဂတ်စွမ်းအားမှ ဆယ်ပုံတစ်ပုံမျှသာ ဆင့်ခေါ်နိုင်သော်လည်း ၎င်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ဖြတ်ကျော်နိုင်စေမည်ဟု ခန့်မှန်းရသည်။
ထို့အပြင် ပျက်ဆီးခြင်းဖန်တီးမှုကျမ်း၏ ထုတ်နုတ်ခြင်းကိုလည်း အရှိန်မြှင့်ရန်လိုအပ်သည်။ ကံကောင်းစွာဖြင့် ပျက်ဆီးခြင်းဖန်တီးမှုကျမ်း သူတော်စင်တစ်ပိုင်းအဆင့် ပြီးမြောက်ရန်အတွက် လက်တစ်ကမ်းမျှသာလိုတော့သည်။ ရီမိသားစုသည် ၎င်းတို့၏ ဒုတိယမြောက်သူတော်စင်တစ်ပိုင်းကို ရရှိချိန်၌ ၎င်းကိုအပြီးသတ်နိုင်လိမ့်မည်။ ဤတစ်ကြိမ်တွင် ရီဖန်၏အင်အားများ တစ်ဖန်ပြန်တက်လာကာ ယုံကြည်မှု အနည်းငယ်တိုးလာသည်။
သူတော်စင်တစ်ယောက်က သန်မာသော်လည်း ရီဖန်က မလောချေ။ သူနိုင်အောင်မတိုက်နိုင်လျှင်ပင် ခဏမျှထိန်းထားနိုင်လိမ့်မည်။ သူချက်ချင်းဖျက်ဆီးမခံလိုက်ရသရွေ့ အခွင့်အရေးကို အမြဲတမ်းရနိုင်သည်။
ကျုံးဖန်မြို့ ချွမ်ထျန်းယောင်ရှန်း၏နေအိမ်တွင်၊ စွမ်းအားကြီးရောင်ဝါတစ်ခု ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။ အနှစ်တစ်ရာကြာအောင် စိုးရွံ့စွာစောင့်မျှော်နေခဲ့သော အဇူရာငှက်သူတော်စင်တစ်ပိုင်းသည် ၎င်းကိုခံစားလိုက်ရသောအခါ မျှော်လင့်ခြင်းနှင့်အတူ တုန်လှုပ်သွားသည်။ ချွမ်ထျန်းယောင်ရှန်းသည် ကျင့်ကြံရာမှထွက်ခွါသွားလေပြီ။ ဤတစ်ကြိမ်ကျရှုံးမှုကြောင့် ချွမ်ထျန်းယောင်ရှန်း ထွက်လာချိန်နှင့်လွဲသွားပြီကို စိုးရိမ်သဖြင့် အဇူရာငှက်သူတော်စင်တစ်ပိုင်းက မကျင့်ကြံဝံ့ခဲ့ချေ။
"သခင်၊ အဇူရာငှက်သူတော်စင်တစ်ပိုင်းကတွေ့ဆုံလိုပါတယ်!"
အဇူရာငှက်။ ချွမ်ထျန်းယောင်ရှန်းသည် သူမကျင့်ကြံမီက မိသားစုတစ်စုကိုနှိမ်နင်းရန် အဇူရာငှက်သူတော်စင်တစ်ပိုင်းကို စေလွှတ်ခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။ ယခု၎င်းကို ပြီးမြောက်သွားပြီဖြစ်လိမ့်မည်။ ဤကျင့်ကြံမှု၏ အောင်မြင်မှုရလဒ်ကို သူမကျေနပ်သေးချေ။ သူတော်စင်တစ်ပိုင်းမှ စစ်မှန်သောသူတော်စင်နယ်မြေသို့ ကူးပြောင်းရန်အတွက် ကြီးမားသောအရင်းအမြစ်များ လိုအပ်သည်။ ရီမိသားစု၏အရင်းအမြစ်များဖြင့် ဖြည့်ဆည်းပေးနိုင်ပါက သူကျင့်ကြံရန်အတွက်လည်း သိမ်းဆည်းထားနိုင်သည်။
အဓိကပြဿနာမှာ အမြတ်အစွန်းထဲမှ အရင်းအမြစ်အများစုကို သူတော်စင်ခြောက်ပါးအနက် ထိပ်တန်းအဆင့်များက ရရှိထားသောကြောင့်၊ နေတစ်ပိုင်းသူတော်စင်အတွက်ပင် ခက်ခဲစေသည်။ နေတစ်ပိုင်းသူတော်စင်လက်အောက်ရှိ သူတော်စင်တစ်ပိုင်းတစ်ဦးအနေဖြင့်၊ သူသည်လည်း အခြားသူတော်စင်များအောက်ရှိ သူတော်စင်တစ်ပိုင်းများနှင့် အရင်းအမြစ်များကို မယှဉ်ပြိုင်နိုင်ချေ။ ယခုအခါတွင် အမြတ်အစွန်းရှိသော အင်အားစုတစ်ခု ထွက်ပေါ်လာပြီဖြစ်ရာ မသိမ်းဘဲမနေနိုင်ချေ။
နေတစ်ပိုင်းသူတော်စင်က သူ့ကိုခွဲဝေပေးမပေးနှင့်ပက်သက်၍ ချွမ်ထျန်းယောင်ရှန်းက စိတ်မပူချေ။ ရီမိသားစုထံမှ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရယူမည်ဖြစ်သည်။ အကယ်၍ နေတစ်ပိုင်းသူတော်စင်က ငါးဆယ်ရာခိုင်နှုန်းရလျှင် သူကနှစ်ဆယ်တောင်းဆိုရန် လွန်လွန်းမည်မဟုတ်။ အကယ်၍ ရီမိသားစုကငြင်းဆိုလျှင် သူသည် ၎င်းတို့နေရာ၌ ပိုမိုသင့်လျော်သော မိသားစုခေါင်းဆောင်နှင့် အစားထိုးနိုင်သည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ မဝင်မီကပင် ထိုအကြံအစည်များ ရှိထားပြီးဖြစ်သည်။ ချွမ်ထျန်းယောင်ရှန်းသည် သူကျင့်ကြံပြီးနောက် ရာစုနှစ်တစ်ခုကုန်လွန်သွားပြီဖြစ်ကြောင်း တွက်ချက်ခဲ့ကာ အဇူရာငှက်သည်လည်း အရင်းအမြစ်ပထမအသုတ်ကို ယူဆောင်လာသင့်သည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်”
ချွမ်ထျန်းယောင်ရှန်းကိုတွေ့သောအခါ၊ အဇူရာငှက် သူတော်စင်တစ်ပိုင်းသည် သူ၏မကျေနပ်ချက်များကို ချက်ချင်းထုတ်ပြခဲ့သည်။
“သခင်၊ ရီမိသားစုက ကျွန်တော်တို့ ကမ်းလှမ်းတာကို ငြင်းပြီးတော့…”
သူသည် ပုံကြီးချဲ့ဖော်ပြချက်များဖြင့် ရီမိသားစုကို အလွန်မောက်မာပုံပေါက်စေကာ ချွမ်ထျန်းယောင်ရှန်းနှင့် နေတစ်ပိုင်းသူတော်စင်တို့ကို မထီမဲ့မြင်ပြုပုံပေါ်စေသည်။ အဇူရာငှက် ၏စကားကိုကြားသောအခါ ချွမ်ထျန်းယောင်ရှန်း မျက်မှောက်ကြုတ်လိုက်သည်။ အဇူရာငှက်က အမှန်တရားကို ချဲ့ကားပြောနေမှန်း သူသိသော်လည်း
ဂရုမစိုက်ချေ။ ရီမိသားစုက သူ့ကိုငြင်းဆိုခဲ့သည်မှာမှန်ကန်ကာ အဇူရာငှက်သည်လည်း ထိုအကြောင်းကို လိမ်ညာဝံ့မည်မဟုတ်။
ရီမိသားစုက ငြင်းဆန်ဝံ့သောကြောင့်၊ ၎င်းတို့သည်လည်း ကျုံးဖန်မြို့တွင် ရှိနေရန်မလိုအပ်တော့ချေ။ သူတော်စင်ကိုငြင်းဆန်ပြီးနောက် ရီမိသားစုသည် ကျုံးဖန်မြို့တွင် လုံခြုံစွာရှိနေနိုင်သည်ကို အခြားအင်အားစုများတွေ့ရှိပါက၊ အနာဂတ်တွင် သူတော်စင်များကို မည်သူကလေးစားမည်နည်း။ ထိုအချိန်တွင် နေတစ်ပိုင်းသူတော်စင်သာမက အခြားသောသူတော်စင်များကိုပါ သူ့ကိုပြဿနာရှာလာနိုင်သည်။
"ရီမိသားစု ပျောက်ကွယ်သွားတော့မှာ၊ အချိန်တန်ရင် ရီမိသားစုရဲ့ကိစ္စတွေကို မင်းကိုင်တွယ်လိုက်"
အဇူရာငှက်၏ မျက်လုံးများသည် တလက်လက် တောက်ပနေသည်။ သူ၏ရည်ရွယ်ချက်မှာ ရီမိသားစု၏ အရင်းအမြစ်များအတွက် ဖြစ်သည်။ သူသည် ယခုလက်စားချေခြင်းသာမကဘဲ အခွင့်ကောင်းတစ်ခုလည်းရရှိခဲ့သည်။ ၎င်းက အကောင်းဆုံးရလဒ်ဖြစ်ခဲ့သည်မဟုတ်လား။
"မင်းခေါင်းထဲက ကလိမ်ကကျစ်အတွေးတွေကို ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းအာဏာသိမ်းပြီးတဲ့အထိ ရီမိသားစုက ငြင်းပယ်ရင် မင်းလဲ သူတို့လိုအဆုံးသတ်လိမ့်မယ်"
ချွမ်ထျန်းယောင်ရှန်းသည် တည်ငြိမ်စွာပြောလိုက်သော်လည်း အဇူရာငှက်ကို တုန်လှုပ်သွားစေသည်။ အဇူရာငှက်သည် ၎င်းက သူ၏နောက်ဆုံးအခွင့်အရေးဖြစ်သည်ကို သိထား၏။ သူအသုံးမကျလျှင် စွန့်ပစ်ခံရတော့မည်။ ဤနှစ်များအတွင်း သူ၏မောက်မာမှုကိုတွေးတောကြည့်လျှင် ချွမ်ထျန်းယောင်ရှန်းက ဘာမှမလုပ်ခဲ့လျှင်ပင် သူရှင်သန်နိုင်မည် မဟုတ်ချေ။ သူ့ကို ဒုက္ခပေးချင်သော သူတော်စင်က နည်းသည်မဟုတ်။
အဇူရာငှက်၏ရိုကျိုးသော သဘောထားကိုမြင်လိုက်ရမှသာ ချွမ်ထျန်းယောင်ရှန်း ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ဤနှစ်များအတွင်း အဇူရာငှက်သည် မည်သည့်အခြေအနေရှိကြောင်း သူသိသာထင်ရှားစွာသိသော်လည်း ဂရုမစိုက်ပေ။ ကျင့်ကြံသူသည် သယံဇာတများအတွက် ယှဉ်ပြိုင်ရသည်မှာ ပုံမှန်ဖြစ်သည်။ သူ့အကျိုးစီးပွားကို မစွက်ဖက်သရွေ့ ချွမ်ထျန်းယောင်ရှန်းက အဇူရာငှက်ကို ဂရုစိုက်မည်မဟုတ်။ အရေးအကြီးဆုံးမှာ အဇူရာငှက်က အလွန်မြှောက်ပင့်တတ်သည်။ သူတော်စင်တစ်ပိုင်းသို့မဟုတ် သူတော်စင်များက မြှောက်ပင့်ခြင်းကို မကြိုက်ဟု မည်သူပြောသနည်း။
စွမ်းအားကိုထိန်းချုပ်ခြင်းက လူ့သဘောသဘာဝ၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သူ့လက်အောက်ငယ်သားများဖြစ်လာရန် သူနှင့်အဆင်ပြေသည့် သူများကိုသာ သုံးလိမ့်မည်။ ၎င်းတို့က မြှောက်ပင့်ခြင်းအပြင် အရည်အချင်းများရှိရန်လိုအပ်သည်။ သို့မဟုတ်ပါက အဆုံးတွင် စွန့်ပစ်ခံရလိမ့်မည်။
အဇူရာငှက်အား သူ့နေရာသူ သိစေပြီးနောက် ချွမ်ထျန်းယောင်ရှန်းသည် ထိုင်ခုံမှထသွားသည်။ ယခု ရီမိသားစုနှင့် ရင်ဆိုင်ရမည့်အချိန်ဖြစ်သည်။ နေတစ်ပိုင်းသူတော်စင်က ထပ်မံမမေးရဘဲ သူတော်စင်ပေးအပ်သောတာဝန်ကို ပြီးမြောက်စေရမည်။ သူသည်လည်း အဇူရာငှက်နှင့် တူညီသောအနေအထားတွင်ရှိ၏။
အဇူရာငှက်သည် သူ့လက်အောက်မှရာထူးကို ရယူလိုခဲ့သည်။ သူသည်လည်း ၎င်း၏လိမ္မာပါးနပ်မှုနှင့် တန်ဖိုးကိုပြသခြင်းဖြင့် နေတစ်ပိုင်းသူတော်စင်ထံမှ မျက်နှာသာရလိုသည်။ သူ့ရာထူးအတွက် ယှဉ်ပြိုင်နေသူမှာ သူတော်စင်တစ်ပိုင်းတစ်ယောက် နှစ်ယောက်မျှသာမဟုတ်ချေ။
“လမ်းပြပေး”
ချွမ်ထျန်းယောင်ရှန်းနှင့် အဇူရာငှက်တို့သည် မြို့တွင်းမှထွက်ခွါသွားပြီး ရီမိသားစုတည်နေရာဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။
ရီမိသားစုအတွင်းတွင် ရီဖန်သည် သူ၏လက်ရှိစွမ်းအားကို ကျွမ်းကျင်နေပြီဖြစ်သည်။
မဟာသူတော်စင်လက်နက်ဖြစ်သည့် နတ်ဘုရာနှိမ်နင်းခြင်းကြာပွတ်ကို အပြီးသတ်ကာ အပြည့်အစုံပြင်ဆင်ထားသည်။ မုန်တိုင်းများ ထိုထက်မက ပြင်းထန်လာပါစေဦး။
…………
အခန်း ၄၁၉ - သူတော်စင်တစ်ပိုင်းက ဒီလောက်အားနည်းသလား
ချွမ်ထျန်းယောင်ရှန်းသည် သူတော်စင်တစ်ယောက်၏ စွမ်းအားကိုပြသတော့မည်အချိန်တွင် သူ၏ရောင်ဝါကိုဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။ သူတော်စင်တစ်ပိုင်း၏ရောင်ဝါက အခြားအရာအားလုံးကို ဖိနှိပ်ကာ ရီမိသားစုဆီဦးတည်သွားခြင်းက အင်အားစုများစွာ၏အာရုံကို လျင်မြန်စွာဆွဲဆောင်ခဲ့သည်။
ကျုံးဖန်မြို့တွင် သူတော်စင်များရှိတတ်ကြသော်လည်း များသောအားဖြင့် ၎င်းတို့၏အချိန်အများစုကို တစ်ကိုယ်တော်ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးကြလေ့ရှိသည်။ ပုံမှန်အားဖြင့် စွန့်စားလိုသော စွမ်းအားကြီးပုဂ္ဂိုလ်များမှာ သူတော်စင်တစ်ပိုင်းများဖြစ်သည်။ သူတော်စင်တစ်ပိုင်းများ အနည်းငယ်သာရှိသောကြောင့် ချွမ်ထျန်းယောင်ရှန်း၏ရောင်ဝါကို လျင်မြန်စွာ မှတ်မိသွားကြသည်။
"ချွမ်ထျန်းက ဒီလောက်ပြင်းတဲ့အရှိန်နဲ့ အပြင်ဘက်မြို့ကိုပြေးသွားပါလိမ့်"
ချွမ်ထျန်းယောင်ရှန်း၏ရောင်ဝါမှန်း သိရှိပြီးနောက် အခြားသူတော်စင်တစ်ဦး၏လက်အောက်ငယ်သားက မေးလိုက်သည်။ အခြားသူတော်စင်တစ်ပိုင်းတို့သည်လည်း ရီမိသားစုနှင့်ပတ်သက်သည့်အခြေအနေကို ရှင်းရှင်းလင်းလင်း မသိကြသေးပေ။
ရီမိသားစုထဲတွင် ရီဖန်သည် ၎င်းတို့ထံအရှိန်အဟုန်ဖြင့် ပြေးလာသော ပြင်းထန်သည့်ရောင်ဝါနှစ်ခုကို ခံစားလိုက်ရသောကြောင့် သူ၏အမူအရာမှာ ချက်ချင်းလေးနက်သွားသည်။ ရန်သူဘက်က စတင်လှုပ်ရှားတော့မည်။ ရီဖန်သည် ထိုရောင်ဝါများကို ခံစားမိသော်လည်း အခြားမည်သည့်အရာမျှ မတွေ့ခဲ့ရပေ။
သူတော်စင်တစ်ပိုင်းရောင်ဝါနှစ်ခုထဲမှ တစ်ခုက အလွန်အားကောင်းသော်လည်း ၎င်းက သူတော်စင်အစစ်မဟုတ်ဘဲ သူတော်စင်တစ်ပိုင်း ဖြစ်နေဆဲပင်။ သူတော်စင်က ရောက်မလာဘူးလား။ ရီဖန်သည် သူတော်စင်များမပါရှိသောကြောင့် စိတ်အေးသွားခြင်းမရှိပေ။ သူတော်စင်တစ်ဦး၏စွမ်းအားဖြင့် ၎င်းတို့သည် သူတို့မသိဘဲ အရိပ်ထဲတွင်ပုန်းနေနိုင်သည်။
ရီဖန်သည် သူ့ကိုယ်သူသန်မာသည်ဟု ခံစားရသော်လည်း မာနထောင်လွှားခြင်းမရှိပေ။ ကျင့်ကြံမှုလောကတွင် ဘာမဆိုဖြစ်နိုင်သည်။ တခြားသူတော်စင်များထံတွင် မည်သို့သောလှည့်ကွက်မျိုးရှိကြောင်းကို မည်သူသိနိုင်မည်နည်း။ အကယ်၍ သူသာထောက်ချောက်ထဲကျသွားပါက ကူးပြောင်းလာသူတစ်ဦးအနေဖြင့် မျက်နှာပျက်ရလိမ့်မည်။
သို့သော် သူတော်စင်တစ်ပိုင်းမျှသာ ရောက်လာပါက ရီဖန်သည် ၎င်းတို့၏အင်အားကိုစမ်းသပ်ပြီး သူ့ကိုယ်တိုင်၏စွမ်းအားကို ခန့်မှန်းရန် အဆင်ပြေသည်။ ချွမ်ထျန်းယောင်ရှန်းသည် ရီမိသားစုအထက်ကောင်းကင်သို့ လျင်မြန်စွာရောက်ရှိလာကာ ရီမိသားစုရှိသူတော်စင်တစ်ပိုင်းရောင်ဝါအများအပြားကို အာရုံခံလိုက်မိချိန်တွင် သူ၏မျက်လုံးများသည် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေ၏။
ရီမိသားစုတွင် အဖွဲ့ဝင်များစွာရှိသော်လည်း ၎င်းတို့အားလုံးက အားနည်းသောပုရွက်ဆိတ်များဖြစ်သည်။ အချို့သော သူတော်စင်တစ်ပိုင်းများက အခြားအင်အားစုများအတွက် အားနည်းသည်ဟု မယူဆနိုင်သော်လည်း ၎င်းတို့သည် ချွမ်ထျန်းယောင်ရှန်းရှေ့တွင် ဘာမှမဟုတ်ကြပေ။
သူတော်စင်နှင့် သူတော်စင်တစ်ပိုင်းအကြား အခြေခံခြားနားချက်မှာ သူတော်စင်တစ်ပိုင်းအတွင်းရှိ ကြယ်တာရာမျိုးစေ့များကို ဖွံ့ဖြိုးစေကာ အတွင်းရှိစကြဝဠာစွမ်းအားများကို ရွေ့လျားစေနိုင်ခြင်းဖြစ်သည်။ အမှန်တကယ်ပင် သူတော်စင်နှင့် သူတော်စင်တစ်ပိုင်းများက မတူညီသော အဆင့်များတွင် ရှိနေကြ၏။
သူတော်စင်တစ်ပိုင်းတစ်ယောက်အနေဖြင့် သူတော်စင်ဖြစ်လာရန် ခြေတစ်လှမ်းသာဝေးတော့ရာ ၎င်းတို့အတွင်းမှ ကြယ်တာရာမျိုးစေ့များသည် တစ်စိတ်တစ်ပိုင်းဖွံ့ဖြိုးလာပြီးဖြစ်သောကြောင့် ၎င်းတို့ထိန်းချုပ်ထားသည့် စွမ်းအားများသည်လည်း သူတော်စင်တစ်ပိုင်းများထက် များစွာကျော်လွန်သွားပြီဖြစ်သည်။
‘ကောင်းကင်တိုင်းတာခြင်း သူတော်စင်နည်းစနစ်၊ ချွမ်ထျန်းစည်းမျဉ်း’ ချွမ်ထျန်းယောင်ရှန်း၏ ထင်ရှားသောစွမ်းရည်ကို ‘ကောင်းကင်တိုင်းတာခြင်း သူတော်စင်နည်းစနစ်ဟုခေါ်သည်။ အခြား သူတော်စင်တစ်ပိုင်းများပင်လျှင် ၎င်း၏တိုက်ခိုက်မှုကို ရင်ဆိုင်ဝံ့မည်မဟုတ်ပေ။
ချွမ်ထျန်းယောင်ရှန်းက ချွမ်ထျန်းစည်းမျဉ်းကို အသုံးပြုပြီး ရီမိသားစုကိုတိုက်ခိုက်ခဲ့ကြောင်း တွေ့သောအခါ၊ လျှို့ဝှက်စောင့်ကြည့်နေသည့် သူတော်စင်အချို့သည်လည်း ရီမိသားစုကို စိတ်ဝင်စားလာကြသည်။ သူတော်စင်တစ်ပိုင်းကို ဤအတိုင်းအတာအထိ အမျက်ထွက်စေရန် ရီမိသားစုသည် ဘာများလုပ်ခဲ့သနည်း။
ရီမိသားစုသည် ကံမကောင်းစွာဖြင့် ၎င်းတို့၏ ပျက်ဆီးခြင်းများကို တွေ့ကြုံရတော့မည်။ သို့မဟုတ်ပါက ၎င်းတို့သည်လည်း ရီမိသားစုကိုကူညီရန်အတွက် ချွမ်ထျန်းယောင်ရှန်းကို ရန်စမိလိမ့်မည်။
ရီဖန်သည် ရီမိသားစုနယ်မြေအထက် လေထုအလယ်၌ ရပ်နေကာ တစ်စုံတစ်ခုလွဲမှားနေကြောင်းကို ခံစားလိုက်ရသည်။ ဤတိုက်ခိုက်မှုက အဘယ်ကြောင့် ဤမျှပျော့ညံ့နေသနည်း။ ရီဖန်၏ ခန့်မှန်းချက်အရ လေးစားဖွယ်သူတော်စင်တစ်ဦးအနေဖြင့် ၎င်း၏စွမ်းအားသည် ဤတိုက်ခိုက်မှုထက် အနည်းဆုံးအဆပေါင်းများစွာ ပိုအားကောင်းနေသင့်သည်။ ၎င်းက မှန်မနေချေ။
ချွမ်ထျန်းယောင်ရှန်းသည် သူ့ရန်သူကိုလျှော့တွက်စေရန် ရည်ရွယ်ချက်ဖြင့် အားနည်းဟန်ဆောင်ရန် ကြိုးစားနေပုံရသည်။ သို့သော် ကံမကောင်းသည်မှာ ရီဖန်က ရန်သူကို လျှော့တွက်လိမ့်မည်မဟုတ်ပေ။ သူသည် မည်သည့်အင်အားစုနှင့် တိုက်ခိုက်ရသည်ဖြစ်စေ အစွမ်းကုန်ကြိုးစားလိမ့်မည်။
‘ပျက်ဆီးခြင်းဖန်တီးမှု နတ်ဥပဒေ။ ပျက်ဆီးခြင်း စည်းတံဆိပ်။’ ပျက်ဆီးခြင်းဖန်တီးမှုနတ်ဥပဒေကို သူတော်စင်တစ်ပိုင်းအဆင့်သို့ အဆင့်မြှင့်ပြီးနောက် ရီဖန်သည် တိုက်ခိုက်ရန်နည်းလမ်းများစွာ ရရှိခဲ့၏။
ပျက်ဆီးခြင်းစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဧရာမစည်းတံဆိပ်ကြီးက ရီမိသားစုအထက်ကောင်းကင်တွင် ပေါ်လာသည်။ ပျက်ဆီးခြင်းစည်းတံဆိပ်အောက်တွင် အချိန်နှင့်နေရာသည် အေးခဲသွားပုံပေါ်သည်။ မရှိမဖြစ်လိုအပ်သော အချိန်နှင့်နေရာအပါအဝင် ရီမိသားစု၏ ပျက်ဆီးခြင်းဖန်တီးမှုနတ်ဥပဒေတွင် အမျိုးမျိုးသောအခြေခံနိယာမများကို ပေါင်းစပ်ထားသည်။
ချွမ်ထျန်းစည်းမျဉ်းသည် ပျက်ဆီးခြင်းစည်းတံဆိပ်၏ဖိအားအောက်တွင် ပြိုကွဲသွားကာ ဆက်လက်ရပ်တည်မနေနိုင်တော့ပေ။ ရီဖန်ကပြုံးလိုက်သည်။ ယခုအချိန်တွင် ထိုသူ၏စွမ်းအားအမှန်ကို ပြသသင့်သည်မဟုတ်လား။
သူတော်စင်တစ်ပိုင်း၏စွမ်းအားကို နားလည်သည်နှင့်တစ်ပြိုင်နက် ရီဖန်သည် သူတော်စင်တစ်ဦးနှင့်ရင်ဆိုင်နိုင်သည့် အခွင့်အရေးရှိမရှိ ခန့်မှန်းနိုင်လိမ့်မည်။
သို့မဟုတ်ပါက ရီဖန်သည် ရီမိသားစုမှ လူတိုင်းကို ပန်ကုစကြဝဠာသို့ ချက်ချင်းပြန်ခေါ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ရီဖန်ကိုယ်တိုင်လည်း လူမိုက်မဟုတ်သောကြောင့် သူမနိုင်သည့် တိုက်ပွဲထဲဝင်လိုက်လျှင် ကိုယ့်ကိုယ်ကိူသတ်သေရာကျမည်မှန်း သူသိသည်။ ချွမ်ထျန်းစည်းမျဉ်းကိုချိုးဖျက်ပြီးနောက် ပျက်ဆီးခြင်းစည်းတံဆိပ်သည် တစ်စက္ကန့်မျှ မရပ်တန့်ဘဲ ချွမ်ထျန်းယောင်ရှန်းနှင့် အဇူရာငှက်သူတော်စင်တစ်ပိုင်းဆီသိူ့ ချက်ချင်းဦးတည်သွားခဲ့သည်။
ပျက်ဆီးခြင်းစည်းတံဆိပ်ထံမှ အားကောင်းသောစွမ်းအားကို ခံစားလိုက်ရသည့်အခါ ချွမ်ထျန်းယောင်ရှန်း၏ အတွေးများသည် ဗလာဖြစ်သွား၏။ ရီမိသားစုတွင် သူတော်စင်တစ်ပိုင်းအနည်းငယ်မျှသာ ရှိသည်မဟုတ်လား။ သို့ဖြစ်ပါက တိုက်ခိုက်မှုတစ်ခုက အဘယ်ကြောင့် ဤမျှပြင်းထန်နေသနည်း။ ၎င်းက သူတော်စင်တစ်ပိုင်းတစ်ဦး၏ တိုက်ခိုက်မှုဖြစ်ကြောင်း သေချာပါသလား။
ရီမိသားစု၏ခေါင်းဆောင်က သူတော်စင်တစ်ပိုင်းဆိုလျှင် သူကမည်သည့်အဆင့်တွင်ရှိနေမည်နည်း။ ချွမ်ထျန်းယောင်ရှန်းသိရှိထားသလောက် ဤအဆင့်တိုက်ခိုက်မှုသည် နေတစ်ပိုင်းသူတော်စင်နှင့် များစွာမကွာခြားချေ။ ချွမ်ထျန်းယောင်ရှန်းသည် အဇူရာငှက်သူတော်စင်တစ်ပိုင်းကို စိုက်ကြည့်ကာ အသည်းအသန်အဖြေရှာနေသည်။
သို့သော် အဇူရာငှက်သူတော်စင်တစ်ပိုင်းသည်လည်း မည်သည့်အဖြေကိုမျှ မပေးနိုင်တော့ပေ။
ထိုတိုက်ခိုက်မှုက ၎င်း၏ရောင်ဝါမျှသာဖြစ်သော်လည်း အဇူရာငှက်သူတော်စင်တစ်ပိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေခဲ့သည်။
……….
အခန်း ၄၂၀ - သူတော်စင်တစ်ပိုင်းက ဒီလောက်အားနည်းသလား
တကယ်တမ်းတွင် သူကိုယ်တိုင်လည်း အဘယ်ကြောင့်မှန်း သိချင်နေသည်။ နေတစ်ပိုင်းသူတော်စင်က ၎င်းတို့ကို ပြောပြထားခြင်း မရှိချေ။
‘ဘမ်း’
ပေါ့ပါးသောလှုပ်ရှားမှုတစ်ခုဖြင့် ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ တည်ငြိမ်သောပင်လယ်ပြင်တွင် ဧရာမအက်ကွဲကြောင်းကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအဖြစ်အပျက်ကို မြင်နေရသည့် သူတော်စင်တစ်ပိုင်းတော်တော်များများက ၎င်းတို့၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်အပေါ် ထိုကဲ့သို့ သက်ရောက်စေရန် မည်သည့်အရာကို လိုအပ်မည်နည်း။ စစ်မှန်သောသူတော်စင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကသာ ထိုကဲ့သို့သော ပျက်ဆီးစေနိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့ သတိရသွားသည်။ သို့ဖြစ်လျှင် ဤသူတော်စင်တစ်ပိုင်းဟုထင်ရသောသူက အမှန်တကယ်ပင် သူတော်စင်ဖြစ်နေသလား။ ၎င်းတို့လက်ရှိပြုမူနေခြင်းက ၎င်းတို့ကိုယ်ကို ပစ်မှတ်များအဖြစ် မှတ်သားပေးနေမိသလား။
သူတော်စင်တစ်ဦးထံမှ ပစ်မှတ်ထားခံရခြင်း၏ အကျိုးဆက်များကို တွေးမိပြီးနောက် သူတော်စင်တစ်ပိုင်းများသည် ၎င်းတို့၏ခန္ဓာကိုယ်တစ်လျှောက် အေးခဲသွားသည်ကို ခံစားလိုက်ရသည်။ ပစ်မှတ်များဖြစ်သည့် အဇူရာငှက်သူတော်စင်တစ်ပိုင်းနှင့် ချွမ်ထျန်းယောင်ရှန်းတို့ကတော့ ပြာမှုန်များအဖြစ် ကျဆင်းသွားပြီးဖြစ်၏။
ထိုအရာက ချွမ်ထျန်းယောင်ရှန်းအား သူ၏စစ်မှန်သောအင်အားကိုပြသရန် စောင့်ဆိုင်းနေသော ရီဖန်ပင်လျှင် လုံးဝထိတ်လန့်သွားခဲ့သည်။ ၎င်း၏သူတော်စင်တစ်ပိုင်း စွမ်းအားက အဘယ်နည်း။ သူ၏ ပေါ့ပါးသောတိုက်ခိုက်မှုကိုပင် မကိုင်တွယ်နိုင်ခဲ့ခြင်းက မဖြစ်သင့်ပေ။
ရီဖန်သည် မည်သို့ပင်ရှာဖွေပါစေ အချက်တစ်ခုတည်းကိုသာ သိရှိလိုက်ရသည်။ သူသည် သူတော်စင်တစ်ပိုင်းကို အမှန်တကယ်ရှင်းပစ်နိုင်ပုံရသည်။
ရီဖန်သည် သူတော်စင်တစ်ပိုင်း၏စွမ်းအားကို လျှော့တွက်ရန် ကြိုးစားခဲ့သော်လည်း ၎င်းကို အလွန်အထင်ကြီးထားမိကြောင်း သိလိုက်ရသည်။
ယခုအချိန်တွင် သူ့အတွက် သူတော်စင်တစ်ပိုင်းက အတော်အားနည်းနေပုံရ၏။ ရီဖန်အတွက် ၎င်းက အံ့ဩစရာအခြေအနေတစ်ခုဖြစ်သည်။ သူတော်စင်တစ်ပိုင်း၏အင်အားက သူ့ခန့်မှန်းထားသည်ထက် အများကြီးနိမ့်ကျနေလျှင် သူတော်စင်၏အင်အားသည်လည်း သူခန့်မှန်းထားသည်ထက် အားနည်းနေသင့်သည် မဟုတ်လား။ သို့ဆိုလျှင် သူသည် စစ်မှန်သောသူတော်စင်တစ်ဦးနှင့် အမှန်တကယ် ရင်ဆိုင်နိုင်မည်လား။
ရီဖန်သည် သူ့ကိုယ်သူအနည်းငယ် စိတ်ပျံ့လွင့်သွားကြောင်း သတိထားမိလိုက်ပြီး စိတ်ကိုပြန်တည်ငြိမ်စေလိုက်သည်။
သူတော်စင်တစ်ဦးသည် ဒဏ္ဍာရီလာဖြစ်တည်မှုတစ်ခုဖြစ်ကာ သူတော်စင်တစ်ပိုင်းနှင့် မနှိုင်းယှဉ်နိုင်ပေ။ ယခုအခါတွင် သူတော်စင်တစ်ပိုင်းကို ချေမှုန်းနိုင်သော်လည်း စစ်မှန်သော သူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုနှိမ့်ချထားရဦးမည်။
သူတော်စင်တစ်ဦးနှင့်ရင်ဆိုင်ရန်မှာ အလွန်ခက်ခဲသောကြောင့် ရီဖန်သည် ၎င်းကို နိုင်အောင်မတိုက်ခိုက်နိုင်ခဲ့ပါက ဆုတ်ခွာရန် အသင့်ပြင်ထားပြီးဖြစ်သည်။ ယခုတွင် မျှော်လင့်ချက် အလင်းတန်းအနည်းငယ်ကို တွေ့လိုက်ရသော်လည်း သူလုံးဝ သတိမလျော့ပေ။
"ကျင်းထျန်၊ မင်းနဲ့ ကျင်းဟိုင်က တကယ်လို့ ငါ သူတော်စင်နဲ့မယှဉ်နိုင်ရင် ပန်ကုစကြဝဠာကို အချိန်မရွေးပြန်သွားဖို့ ပြင်ထားကြ"
"ငါ... ဒီ သူတော်စင်ဆီသွားတွေ့တော့မယ်”
သူတကယ်တိုက်ရမည်ဆိုလျှင်ပင် ရီမိသားစုနေရာကို စစ်မြေပြင်အဖြစ် မရွေးချယ်မည်မှာ သေချာ၏။ ရီဖန်သည် သူတော်စင်အတွက် အလွန်အရေးပါပုံရသော လက်အောက်ငယ်သားနှစ်ယောက်ကို သုတ်သင်လိုက်သောကြောင့် ယခု သေသည်အထိ တိုက်ပွဲဝင်ရလိမ့်မည်။
သို့ဖြစ်လျှင် အဘယ့်ကြောင့် ၎င်းတို့ဘက်မီ စမတိုက်ခိုက်ရမည်နည်း။ ရီဖန်က ပြဿနာရှာလေ့မရှိသော်လည်း ပြဿနာရှာရမည်ကိုလည်း ကြောက်ရွံ့ခြင်းမရှိပေ။ ဤတစ်ကြိမ်တွင် သူသည် သူတော်စင်၏စွမ်းအားကို မြင်တွေ့ရတော့မည်။
သူတော်စင်တစ်ပိုင်းပြသထားသော စွမ်းအားကိုဆင်ခြင်ခြင်းအားဖြင့် ၎င်းကိုမတိုက်နိုင်ခဲ့လျှင်ပင် လွတ်မြောက်ရန် ပြဿနာကြီးကြီးမားမားရှိမည်မဟုတ်။ နေတစ်ပိုင်းသူတော်စင်သည် ၎င်းတို့နောက်မှ ပန်ကုစကြဝဠာသို့ လိုက်ဝံ့ပါက ပန်ကုစကြဝဠာ မူလနိယာမများထံမှ ပညာပေးခြင်းခံရလိမ့်မည်။
ရီဖန်သည် အချိန်ဆွဲတတ်သူမဟုတ်သောကြောင့် နေတစ်ပိုင်းသူတော်စင်ကို တိုက်ခိုက်ရန်အသင့်ဖြစ်နေစေရန်အတွက် ချက်ချင်းပင်စတင်ပြင်ဆင်ခဲ့သည်။ ၎င်းက လက်နက်အပြည့်အစုံဖြင့် ချက်ချင်းထွက်လာပြီး အတွင်းပိုင်းမြို့ဆီသို့ ပျံသန်းသွားခဲ့သည်။
ရီဖန်၏လုပ်ရပ်တိုင်းက သေချာပေါက်ပင် အင်အားစုကြီးများအားလုံးမှ သူတော်စင်တစ်ပိုင်းများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ရီဖန်သည် ၎င်းတို့ကိုခက်ခဲစေမည့် ရည်ရွယ်ချက်မရှိဟု ခံစားရမှသာ သူတော်စင်တစ်ပိုင်းအနည်းငယ်က သက်ပြင်းချမိသည်။
သို့သော် ရီဖန် မည်သည့်နေရာကိုဦးတည်နေမှန်းမြင်သောအခါသူ့ရည်ရွယ်ချက်ကို ချက်ခြင်း သဘောပေါက်သွားကြသည်။ ၎င်းက သူတော်စင်များကြားက တိုက်ပွဲလား။ ဤအခြေအနေသည် သူတို့ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေ၏။ သူတော်စင်တစ်ပိုင်းတို့သည် မဆိုင်းမတွဘဲ ရီဖန်အကြောင်းကို ၎င်းတို့၏သက်ဆိုင်ရာသူတော်စင်များထံ သတင်းပို့ရန်အတွက် အတွင်းမြို့သို့လိုက်သွားသည်။
အပြင်ဘက်မြို့နှင့်ယှဉ်လျှင် အတွင်းမြို့မြင်ကွင်းက ထူးထူးခြားခြားမဟုတ်ပေ။ ပိုသန်မာသည့် လူအနည်းငယ်သာ ရှိကာ၊ မြို့က အနည်းငယ်ပိုစည်ကားပြီး ပိုလုံခြုံပုံရသည်။ ရီဖန်သည် ကျုံးဖန်မြို့တွင် အချိန်အတော်ကြာနေခဲ့သော်လည်း အတွင်းမြို့သို့ မရောက်ဖူးချေ။
သို့သော် ဤတစ်ကြိမ်တွင် ရီဖန်က လျှောက်ကြည့်ရန်လာခဲ့ခြင်းမဟူတ်သောကြောင့် နောက်ထပ်အခွင့်အရေးရသည်အထိ စောင့်ရဦးမည်။ ရီဖန်သည် ချွမ်ထျန်းယောင်ရှန်းနှင့် သူ၏အဖော်တို့၏ လေထဲတွင် ကျန်ရစ်နေသောရောင်ဝါကို ခြေရာခံ၍ သူ၏ဦးတည်ရာဖြစ်သည့် နေတစ်ပိုင်းသူတော်စင်၏နေရာကို အမြန်ရှာတွေ့သွားသည်။
လက်ရှိ ရီမိသားစု၏နယ်မြေထက် အဆများစွာ ပိုကြီးသောနေအိမ်ကို ကြည့်လိုက်ရင်း ရီဖန်အနည်းငယ် မနာလိုဖြစ်မိသည်။ ထိုသူတော်စင်က အလွန်ချမ်းသာ၏။ ရီမိသားစု၏ကျင့်ကြံသူများကို ဤနေရာသို့ခေါ်ဆောင်နိုင်ခဲ့ပါက မည်မျှကံကောင်းလိမ့်မည်နည်း။
ထိုးနှက်ချက်တစ်ခုတည်းဖြင့် နေအိမ်အထက်ရှိ အခင်းအကျင်းက ချက်ချင်းကွဲအက်သွားကာ ရီဖန်တိုက်ရိုက်ခုန်ဆင်းသွားသည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် သူ၏အသိပညာ အဆင့်တက်လှမ်းသွားသည်ဟု ခံစားလိုက်ရသည်။အခင်းအကျင်းအတွင်းမှ ပျက်ဆီးခြင်းစွမ်းအားသည် ပျက်ဆီးခြင်းအရည်ကဲ့သို့ သိပ်သည်းပြီး သက်ရောက်မှုများသည်။
ရီဖန်သည် အခင်းအကျင်းကို စစ်ဆေးရန်အတွက်
သူ၏ဥပဒေသမျက်လုံးကို ချက်ချင်း ဖွင့်လိုက်၏။ ဤအခင်းအကျင်းက ပျက်ဆီးခြင်းစွမ်းအားကို ထုတ်ယူနိုင်သည်အား သူတွေ့ရှိလိုက်ရသည်။ ဤအခင်းအကျင်းဖြင့်ရီမိသားစုမှ ကျင့်ကြံသူများသည် ပျက်ဆီးခြင်းအရည်ကို သုံးစွဲခြင်းမပြုဘဲ တိုက်ရိုက်ကျင့်ကြံနိုင်လိမ့်မည်။ ဤအခင်းအကျင်းသည် ပျက်ဆီးခြင်းအရည်အမြောက်အမြားကို သိုလှောင်ထားနိုင်၏။
ပစ္စည်ကောင်းမျာစွာရရှိထားသော ရီမိသားစုအတွက် ဤအခင်းအကျင်းသည် ၎င်းတို့၏လက်ရှိပျက်ဆီးခြင်းအရည်ပြတ်တောက်မှုကို သက်သာစေနိုင်လိမ့်မည်။ ရီဖန်သည် ဤတိုက်ပွဲတွင် အစွမ်းကုန်တိုက်ခိုက်ရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ်မနိုင်လျှင်ပင် နောက်တစ်ကြိမ် ထပ်ကြိုးစားဦးမည်။ ဤအခင်းအကျင်းက ရီမိသားစုအတွက် အလွန်အရေးကြီးပါ၏။
ပျက်ဆီးခြင်းအရည်များဖြင့် ဖုံးလွှမ်းနေသော မြေအောက်ခန်းတစ်ခုရှိ နေတစ်ပိုင်းသူတော်စင်၏ မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။ သူကျင့်ကြံနေသော်လည်း သူ၏နတ်အသိဥာဏ်ဖြင့် သူတော်စင်၏ နေအိမ်အတွင်းရှိအရာအားလုံးကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်။ သူတော်စင်တစ်ပိုင်းက သူ၏အခင်းအကျင်းကိုချိုးဖျက်ပြီး သူ့အိမ်ထဲသိူ့ ဝင်သွားသည်။ ထိုကဲ့သို့ အခြေအနေမျိုးက နေတစ်ပိုင်းသူတော်စင်ကို အလွန်ဒေါသထွက်စေခဲ့၏။
တကယ်တမ်းတွင် သူသည် သူတော်စင်တစ်ဦးဖြစ်သောကြောင့် မည်သည့်သူတော်စင်တစ်ပိုင်းကမျှ သူ့အကြောင်းမစုံစမ်းနိုင်ချေ။ ထို့အပြင် ရွေးချယ်စရာသူတော်စင်များထဲမှာမှ သူ့ကိုသာ ရွေးချယ်ခဲ့သည်။ သူက သူတော်စင်ခြောက်ပါးထဲတွင် အားအနည်းဆုံးဟုများ ထင်နေသလား။ ထို့ကြောင့် အနိုင်ကျင့်ရန် အလွယ်ဆုံးဟုများ တွေးလိုက်သလား။
အလွန်စွမ်းအားကြီးမားသော သူတော်စင်တစ်ဦးပင်လျှင် စိတ်ခံစားချက်များရှိသည်မဟုတ်လား။ နေတစ်ပိုင်းသူတော်စင်၏ ပျက်စီးလွယ်သော ကိုယ့်ကိုယ်ကိုလေးစားမှုလေးက ရီဖန်၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် တုန်လှုပ်သွားရသည်။
သူသည်အလွန်စိတ်မသက်မသာဖြစ်လာရပြီး သူ့အိမ်တော်ထဲ စိမ့်ဝင်ဝံ့သည့် ပိုးကောင်ရီဖန်ကို ချေမှုန်းပစ်ချင်ခဲ့သည်။
သူ၏ပုံစံကိုပြောင်းလဲလိုက်ပြီးနောက် နေတစ်ပိုင်းသူတော်စင်သည် ရီဖန်၏တည်နေရာဆီသို့ ချက်ချင်းဦးတည်သွားသည်။ နောက်အခိုက်အတန့်တွင် ရီဖန်သည် နေတစ်ပိုင်းသူတော်စင်၏အသက်ရှူသံကို ခံစားလိုက်ရသည်။ ရီဖန်၏ယူဆချက်အရ ၎င်းစွမ်းအားင သူတော်စင်တစ်ပိုင်းထက် ဆယ်ဆထက်မနည်းပြင်းထန်သည်။ သို့သော်လည်း ဤအင်အားသည် သူတော်စင်တစ်ဦးအတွက် ရီဖန်မျှော်မှန်းထားသည်ထက် အလွန်နည်းနေသေးသည်။
ချွမ်ထျန်းယောင်ရှန်းသည် သူတော်စင်တစ်ပိုင်းများကြားတွင် အားအနည်းဆုံးဖြစ်ရမည်။ ထို့ကြောင့် သူ၏စွမ်းအားသည် အလွန်နိမ့်ကျနေခြင်းဖြစ်၏။ ယခုပေါ်လာသော စွမ်းအားကြီးပုဂ္ဂိုလ်သည်လည်း သူတော်စင်တစ်ပိုင်းဖြစ်ရမည်။ သို့သော် ၎င်းက ထိုနယ်မြေတွင် အပြင်းထန်ဆုံးသော သူတော်စင်များထဲမှဖြစ်မည်။ ၎င်းယူဆချက်က အဓိပ္ပါယ်ရှိ၏။ ရီဖန်သည် သူ့အတွက် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို ရှာတွေ့ခဲ့သည်။
သူတော်စင်တစ်ဦးအောက်တွင် သူတော်စင်တစ်ပိုင်းနှစ်ယောက် သုံးယောက်ရှိနေခြင်းက သဘာဝကျသည်မဟုတ်လား။ ၎င်းက နေတစ်ပိုင်းသူတော်စင်၏ နောက်လိုက်တစ်ယောက်ဖြစ်လျှင် သူ့လမ်းကြောင်းအတိုင်းသာ ပို့ပေးရလိမ့်မည်။
‘နတ်ဘုရားနှိမ်နင်းခြင်း ကြာပွတ်’ ပျက်ဆီးခြင်းစွမ်းအားသည် ၎င်းထဲသို့ ပြင်းထန်စွာစိမ့်ဝင်သွားသည်။
နောက်အခိုက်အတန့်တွင် ရီဖန်က “သူတော်စင်တစ်ပိုင်း” ဟုထင်ထားသောသူကို မဆိုင်းမတွဘဲ တိုက်ခိုက်လိုက်သည်။ ဤအခိုက်အတန့်တွင် သူတော်စင်၏ နေအိမ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွား၏။ ၎င်းက အရမ်းပြင်းထန်လွန်းသည်။ နေတစ်ပိုင်းသူတော်စင်၏ ခံစစ်စွမ်းအားနှင့်ပင်လျှင် ကြယ်လများမြင်သွားရသည်။ သူသည် သူတော်စင်တစ်ဦးဖြစ်သော်လည်း သူတော်စင်တစ်ပိုင်းတစ်ဦးထံမှ တိုက်ခိုက်ခံလိုက်ရသလား။ နေတစ်ပိုင်းသူတော်စင်၏နှလုံးသားထဲတွင် အဆုံးမဲ့နာကြည်းမှုများ တိုးလာသည်။
ရီဖန်သည်လည်း သူ့လက် အနည်းငယ်နာကျင်လာသောကြောင့် လက်တွန့်သွားသည်။ ဤသူတော်စင်တစ်ပိုင်းက ချွမ်ထျန်းယောင်ရှန်းထက် ပိုအားကောင်းသည်။ သူ၏တိုက်ရိုက်တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိ၏၊ ဤတိုက်ပွဲအတွက် မျှော်လင့်ချက်ကြီးကြီးမားမားရှိသော ရီဖန်သည် ချက်ချင်းစိတ်ပျက်သွားသည်။ သူတော်စင်တစ်ပိုင်းက ဤမျှအစွမ်းထက်နေပြီဆိုလျှင် စစ်မှန်သော သူတော်စင်တစ်ဦးက မည်မျှပင် အစွမ်းထက်မည်နည်း။
နေတစ်ပိုင်းသူတော်စင်သည် နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကိုပြန်လည်ရရှိကာ ရီဖန်ကို သတိထားကြည့်လိုက်သည်။ အစောပိုင်းတိုက်ခိုက်မှုက သူ့အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုကို ဖြစ်စေခဲ့သည်။ ရီဖန်သည် သူတော်စင်တစ်ပိုင်းမျှသာဖြစ်သော်လည်း သူ့ကို မထီမဲ့မြင်မပြုနိုင်ချေ။ ဤသူတော်စင်တစ်ပိုင်းသည် သူ့ကဲ့သို့ တာအိုကျင့်ကြံသူဖြစ်နိုင်၏။
နောက်အခိုက်အတန့်တွင် နေတစ်ပိုင်းသူတော်စင်ထံမှ သူတော်စင်တစ်ပိုင်းရောင်ဝါ ပျောက်ကွယ်သွားခဲ့သည်။ သူတော်စင်တစ်ယောက်အနေဖြင့် သူ၏စစ်မှန်သည့်ရောင်ဝါ ထွက်ပေါ်လာကာ ယခင်ထက် အနည်းဆုံးနှစ်ဆမျှ ပိုအစွမ်းထက်သည်။ ဤအရာက ၎င်းတို့ကြောက်ရွံ့ရမည့် သူ၏ ရောင်ဝါ အစစ်အမှန်ဖြစ်သည်။
……….