← Chapters

အခန်း ၄၂၁-၄၂၃

Vol. 29 Ch. 421-423

အခန်း ၄၂၁-၄၂၃

Vol. 29 Ch. 421-423

အခန်း ၄၂၁ - တရားမဝင်သား

ရီဖန်သည်လည်း အံ့ဩသွား၏။ ဤလူအိုကြီးက သူ၏ကျင့်ကြံမှုအဆင့်ကို အမှန်တကယ်ဖုံးကွယ်ထားခဲ့သည်။ မမျှော်လင့်ဘဲ သူသည် သူတော်စင်တစ်ဦးဖြစ်နေ၏။ ထို့အပြင် သူ၏စွမ်းအားအလုံးစုံကို ထုတ်ပြရသေးပုံမပေါ်ချေ။ သူ၏ရောင်ဝါက အလွန်တိုးလာသော်လည်း သူတော်စင်တစ်ဦး ဤမျှအားနည်းနေခြင်းက ဖြစ်သင့်ပါသလား။ ရီဖန်အလေးအနက်ထားရမည့်အချိန် ရောက်လေပြီ။

နောက်အခိုက်အတန့်တွင် ရီဖန်သည် သူ၏သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝအသက်သွင်းလိုက်သည်။ ‘ပုံတူဓမ္မပုံရိပ်’။ ရီဖန်၏နောက်တွင် သူနှင့်တူညီသော ဓမ္မပုံရိပ်တစ်ခု ချက်ချင်းပေါ်လာကာ ရီဖန်၏ရောင်ဝါသည်လည်း အဆက်မပြတ် ပြင်းထန်လာသည်။

သူ၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေတွင် ရှိသော်လည်း သူ၏ရောင်ဝါက နေတစ်ပိုင်းသူတော်စင်ထက် ပိုအားကောင်းနေ၏။ နောက်အခိုက်အတန့်တွင် သူသည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ကိုင်မြှောက်လျက် နေတစ်ပိုင်းသူတော်စင်ကို ရိုက်ချလိုက်သည်။

နေတစ်ပိုင်းသူတော်စင်သည် အလွန်ထိတ်လန့်သွားပြီး ၎င်း၏ယခင်က မောက်မာမှုမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။ ‘ရွှေရောင်နေ့ပြောင်းလဲခြင်းက်ိုယ်ထည်’ နေတစ်ပိုင်းသူတော်စင်အတွင်းမှ ရွှေရောင်နတ်အလင်းရောင်သည် သူ့ပတ်ဝန်းကျင်ကို ကြယ်တစ်စင်းကဲ့သို့ ကာကွယ်ပေးထားသည်။

ဘမ်း!

နတ်အလင်းသည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ် ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သောကြောင့် နေတစ်ပိုင်းသူတော်စင်ကို အနည်းငယ်သက်သာရာရစေသည်။ သို့သော် မကြာမီတွင် နတ်အလင်းဒိုင်းထံမှ ကွဲအက်သံများ ထွက်ပေါ်လာသည်။ ရီဖန်၏စွမ်းအားက ကြီးမားလွန်းသောကြောင့် နတ်အလင်းဒိုင်း၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခြင်းဖြစ်သည်။

နတ်အလင်းဒိုင်းကွဲအက်သွားပြီးနောက် နေတစ်ပိုင်းသူတော်စင်၏ကိုယ်ခန္ဓာကို လွှင့်ထွက်သွားစေပြီး အိမ်ဝင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားသည်။ ခဏအကြာတွင် နေတစ်ပိုင်းသူတော်စင်သည် နောက်တစ်ကြိမ်ပေါ်လာပြီး ရီဖန်ကို စူးစိုက်ကြည့်လာသည်။

"မင်းက ဘယ်သူလဲကွ”

နေတစ်ပိုင်းသူတော်စင်၏ အမြင်တွင် သူသည် အမြဲတမ်း ပေါင်းသင်းဆက်ဆံတတ်သူမျိုး ဖြစ်သောကြောင့် ထိုကဲ့သို့သော စွမ်းအားရှင်ကို ရန်စမိခဲ့ဖူးမည်မဟုတ်ချေ။ ၎င်းက နှစ်ပေါင်းများစွာ ပုန်းအောင်းနေထိုင်ခဲ့သောကြောင့် ထိုအမှားမျိုး မပြုလုပ်ခဲ့တန်ရာ။

နေတစ်ပိုင်းသူတော်စင်၏စကားက ရီဖန်ကို ချက်ချင်းဒေါသထွက်စေခဲ့သည်။ ၎င်းက သူတို့ ရီမိသားစုကို ရှင်းရှင်းလင်းလင်းပစ်မှတ်ထားနေသော်လည်း ယခု ရီဖန်မည်သူမှန်းမသိဟု ဆိုနေသလား။ ထိုသူသည် သူတို့ ရီမိသားစုကို အထင်သေးနေခြင်းဖြစ်ရမည်။ ရီဖန်ကိုယ်တိုင် သူ့ကိုသတ်ပစ်ရမည်။

နေတစ်ပိုင်းသူတော်စင်သည် ရုတ်တရက် ဒေါသူပုန်ထနေသော ရီဖန်ကိုကြည့်ကာ သူ့အား မည်သည့်နေရာတွင်နှောင့်ယှက်မိမှန်း တွေးမရဘဲ အံ့ဩနေသည်။ စွမ်းအားကြီးပုဂ္ဂိုလ်များက မကြာခဏဒေါသဖြစ်တတ်သော်လည်း ရီဖန်၏စိတ်အခြေအနေ အပြောင်းအလဲက ရုတ်တရတ်ဆန်လွန်းသည်။

သိူ့သော် ရီဖန်က နေတစ်ပိုင်းသူတော်စင်ကို စဉ်းစားရန် အချိန်မပေးဘဲ နောက်ထပ်တိုက်ခိုက်မှုကို စတင်နေပြီဖြစ်သည်။ ရီဖန်၏အင်အားအပြည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါ နေတစ်ပိုင်းသူတော်စင်သည် လုံးဝမယှဉ်နိုင်ဘဲ ၎င်းကိုတားဆီးရန် အလွန်အားထုတ်ခဲ့ရသည်။ ထိုအချိန်တွင် ရီဖန်သည် သူ့ရှေ့ကလူက နေတစ်ပိုင်းသူတော်စင်အစစ်ဖြစ်ကြောင်း သေချာလုနီးပါးရှိလာခဲ့၏။

သူတော်စင်နယ်မြေစွမ်းအားရှင်ဖြစ်သည့် နေတစ်ပိုင်းသူတော်စင်သည် အဘယ်ကြောင့် သူမျှော်လင့်ထားသည်ထက် အားနည်းနေသေးသည်ကို နားမလည်သော်လည်း ရီဖန်ဘက်မှ နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းတို့ကိုဖိနှိပ်ရဲသည့်အတွက် သူ့ကို သတ်ပစ်မှရမည်။

ထိုအတောအတွင်း နေရာလွတ်ထဲတွင် ကျုံးဖန်မြို့မှ မဟာသူတော်စင်သုံးဦးတို့သည် အကြည့်ချင်းဆုံလိုက်ကြပြီး ၎င်းတို့ရှေ့မှ သူတော်စင်အဆင့်ကျင့်ကြံသူကို မည်သူမျှမသိကြကြောင်း သတိပြုမိကြသည်။ ထို့အပြင် ၎င်းတို့မည်သို့ပင်စဉ်းစားစေကာမူ အံ့အားသင့်စေသောအရာမှာ သူတော်စင်အဆင့်တိုက်ပွဲစွမ်းအား ပေါက်ကွဲထွက်နေသော ၎င်းကျင့်ကြံသူသည် သူတော်စင်တစ်ပိုင်းနယ်ပယ် ကျင့်ကြံမှုအဆင့်မျှသာရှိသေးခြင်းဖြစ်သည်။

၎င်းသည် သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိနေခြင်းက ထိုမျှ အံ့အားသင့်စရာမဟုတ်သော်လည်း သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်မျှသာရှိလျက်နှင့် သူတော်စင်အဆင့် တိုက်ပွဲစွမ်းအားကို ပေါက်ကွဲစေနိုင်ခြင်းက ၎င်းတို့အတွက် လုံးဝအသစ်အဆန်းတစ်ခုဖြစ်သည်။

“အဲဒီရောင်ဝါကို အခုပဲခံစားရတယ်၊ အဲဒါက မဟာသူတော်စင်သွေးမျိုးဆက် ဖြစ်ရမယ်”

"တကယ်တော့ မဟာသူတော်စင် သွေးမျိုးဆက်နဲ့ သူ့နောက်က ဓမ္မရုပ်ပုံကိုကြည့်လိုက်ရင် ဒီသူတော်စင်တစ်ပိုင်းရဲ့ သွေးမျိုးဆက်က မဟာသူတော်စင်ကနဲ့ တော်တော်နီးစပ်ပုံပဲ။ မမြင်ဘူးလား၊ သူတို့ကိုကြည့်ရတာ အတူတူပဲ!"

"မဟာသူတော်စင်သွေးမျိုးဆက်က အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ဒါတောင် သူက သူတော်စင်တစ်ပိုင်းပဲရှိသေးတယ် သူတော်စင်အဆင့်ကို ဖြတ်ကျော်သွားရင် ငါတို့အတွက်ပြဿနာဖြစ်လာလိမ့််မယ်!"

"မဟာသူတော်စင်ရဲ့ဆက်ခံသူကို ပြဿနာသွားရှာလို့မဖြစ်ဘူး။ ငါတို့ သူ့ကိုသေချာပေါင်းထားရမယ်!"

လူတိုင်း၏ အတွေးအမြင်များ ဖလှယ်ပြီးနောက် ရီဖန်ကိုမြှောက်ပင့်ပေါင်းထားရန်ဆုံးဖြတ်ရင်း နိဂုံးချုပ်လိုက်ကြတယ်။ တကယ်တမ်းတွင် ၎င်းတို့သည် ရီဖန်ကို မဟာသူတော်စင်၏ဆက်ခံသူအဖြစ် အထင်လွဲခဲ့ကြသည်။ ပန်ကုစကြဝဠာ၏ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ဤကျင့်ကြံသူများသည် ပို၍ဉာဏ်အလင်းရပုံရသည်။

မဟာသူတော်စင်သည် အရှေ့ဘက်လေဟာနယ်မဟာမိတ်အစည်းအရုံး အတွင်းရှိ စစ်မှန်သောအထွတ်အထိပ်စွမ်းအားရှင် ဖြစ်သောကြောင့် သူတော်စင်များ ရန်သွားစနိုင်သည့် အရာမဟုတ်ပေ။ ၎င်းတို့၏ မဟာမိတ်ဖြစ်သူ နေတစ်ပိုင်းသူတော်စင်ကိုတော့ မဟာမိတ်အဖွဲ့ထဲက ထုတ်ပယ်လိုက်ပြီးဖြစ်၏။

ရီဖန်ဘက်တွင် တိုက်ပွဲသည် အဆုံးသတ်ရန်နီးကပ်လာသည်။ ရီဖန်က အထင်ကြီးထားမိသော နေတစ်ပိုင်းသူတော်စင်သည် သူနှင့်မယှဉ်နိုင်သည်မှာ သေချာသည်။ ၎င်း ဒဏ်ရာပြင်းထန်စွာရပြီးနောက် ရောင်ဝါများညှိုးနွမ်းသွားသည်။ နောက်ဆုံးတွင် ရီဖန်၏တိုက်ခိုက်မှုအောက်၌ နေတစ်ပိုင်းသူတော်စင်သည် အသက်တစ်ရှိုက်ရှူသွင်းရန်သာ အခွင့်အရေးရခဲ့သည်။

ရီဖန်သည် တိုက်ခိုက်ရန်အလျင်စလိုမလုပ်ဘဲ ချောင်ပိတ်ခံရသောရန်သူက အန္တရာယ်အရှိဆုံးဖြစ်နိုင်သည်ကို သူသိထားသောကြောင့် နေတစ်ပိုင်းသူတော်စင်ကို သတိထားစောင့်ကြည့်နေဆဲဖြစ်သည်။

နေတစ်ပိုင်းသူတော်စင်၏မျက်လုံးများတွင် ရက်စက်မှုများပြည့်နှက်နေလျက် ရီဖန်ကို စူးစိုက်ကြည့်နေသည်။ သူသည် သူ့ဘဝတစ်လျှောက်လုံး ရည်မှန်းချက်ကြီးကြီးထားခဲ့သောကြောင့် ယခုသူတော်စင်တစ်ပိုင်းတစ်ဦးကြောင့် ဤအခြေအနေသို့ကျဆင်းသွားခြင်းကို သူသည်းမခံနိုင်ချေ။

"ရီဖန် ငါမင်းလက်ထဲမှာ ကျသွားမယ်လို့ မမျှော်လင့်ထားဘူး။ ဒီလိုဆိုမှတော့ ငါတို့အားလုံး အတူတူသေကြတာပေါ့!"

နောက်အခိုက်အတန့်တွင် ယခင်ကညှိုးနွမ်းသွားသော နေတစ်ပိုင်းသူတော်စင်၏ ရောင်ဝါသည် လျှို့ဝှက်နည်းပညာအချို့ကို အသုံးပြုခြင်းကြောင့် သိသိသာသာပင် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည်။ ရီဖန်၏နှလုံးလည်း တင်းမာသွားပြီး တုံ့ပြန်ရန်ချက်ချင်းပြင်ဆင်ခဲ့သည်။

ကမ္ဘာ့စွမ်းအား၊ နတ်စွမ်းအားနှင့် အခြားသော စွမ်းအားအမျိုးမျိုးတို့သည် အဆင်သင့်ဖြစ်ပြီဖြစ်ကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ရှိနေသည်။ အားနည်းသောအခြေအနေ၌ပင် ရီဖန်က သူတော်စင်တစ်ဦးကို လျှော့မတွက်ခဲ့ချေ။

နေတစ်ပိုင်းသူတော်စင်၏ ရောင်ဝါကြီးထွားလာသည်ကို ခံစားမိရင်း ရီဖန်က ခေါင်းညိတ်လိုက်သည်။ ရီဖန်၏အတွေ့အကြုံအရ ယခုနေတစ်ပိုင်းသူတော်စင်၏ ရောင်ဝါသည် သူတော်စင်တစ်ဦးနှင့် အမှန်တကယ်တူ၏။ ယခင်က သူ့နည်းစနစ်များသည် သမားရိုးကျဆန်လွန်းလှပြီး သူတော်စင်တစ်ဦးနှင့် မတူပေ။ ထို့ကြောင့် သူအစွမ်းရှိသမျှ တိုက်ခိုက်ရမည်။

ပျက်ဆီးခြင်းဖန်တီးမှုနတ်ဥပဒေ၊ ပျက်ဆီးခြင်းနယ်မြေ။

အဆုံးမဲ့ ပျက်ဆီးခြင်းစွမ်းအားများကို ရီဖန်၏လက်ဖဝါးထက်တွင် မီးခိုးရောင်နေလုံးအသွင်ဖြင့် စုစည်းထားသည်။ နောက်အခိုက်အတန့်တွင် နေသည် နေတစ်ပိုင်းသူတော်စင်ဆီသို့ ဆင်းသက်လာ၏။

စောင့်ကြည့်နေသည့် သူတော်စင်များသည် ရီဖန်၏အင်အား ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသောကြောင့် တိတ်တဆိတ် အံ့ဩသွားကြပြန်သည်။ အထူးသဖြင့် အစောပိုင်းအဆင့်သူတော်စင်နှစ်ဦးသည် ထိုတိုက်ခိုက်မှုကို သူတို့ခံနိုင်ရည်ရှိမရှိ စဉ်းစားနေခဲ့ကြသည်။

………..

အခန်း ၄၂၂ - တရားမ၀င်သား

အကယ်၍ ၎င်းတို့သာ ရီဖန်နှင့်ရင်ဆိုင်ကြမည်ဆိုလျှင် ၎င်းတို့၏ ကံကြမ္မာသည်လည်း နေတစ်ပိုင်းသူတော်စင်ထက် ကောင်းမည်မဟုတ်ကြောင်း ၄င်းတို့နှစ်ဦးသဘောပေါက်သွားသည်။ သူတော်စင်နယ်မြေ အလယ်အလတ်အဆင့်သို့ရောက်မှသာ ရီဖန်၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိကြလိမ့်မည်။

နေတစ်ပိုင်းသူတော်စင်သည် ရီဖန်ကိုစိတ်ထဲတွင်သာ ကျိန်ဆဲနိုင်ခဲ့သည်။

'ငါအဆင်သင့်မဖြစ်သေးခင် မင်းငါ့ကိုတိုက်ခိုက်ခဲ့တာ!'

ပျက်စီးခြင်းနယ်မြေ ကျဆင်းလာသည့်အချိန်တွင် နေတစ်ပိုင်းသူတော်စင်သည်လည်း သူ၏လျှို့ဝှက်နည်းပညာကို အပြည့်အဝ အသက်သွင်းလိုက်ပြီဖြစ်ကာ သူ၏စိတ်ဝိညာဉ်ကို လုံးဝမြှင့်တင်နိုင်ခဲ့သည်။

နေရှောင်ခြင်း။ ထိုအချိန်တွင် နေတစ်ပိုင်းသူတော်စင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

လျှို့ဝှက်နည်းစနစ်၏အထောက်အပံ့ဖြင့် နေတစ်ပိုင်းသူတော်စင်၏ အရှိန်သည် အလွန်မြင့်တက်သွားကာ

မျက်စိတစ်မှိတ်အတွင်း၌ ရီဖန်၏တိုက်ခိုက်မှုမှ လွတ်မြောက်သွားသည်။

နေတစ်ပိုင်းသူတော်စင်၏အရှိန်ကိုမြင်လိုက်ရသောအခါ ရီဖန်က အလွန်တုန်လှုပ်သွားသည် “မြန်လိုက်တာ”

ပျက်စီးခြင်းကိုယ်ထည်။ ရီဖန်သည်လည်း ချက်ချင်းပင် ဓမ္မရုပ်ပုံနှင့် ပေါင်းစည်းလိုက်ကာ နေတစ်ပိုင်းသူတော်စင်၏ ရုတ်တရက်တိုက်ခိုက်မှုကို သတိထားကာကွယ်လိုက်ပြီးနောက် သူ၏စွမ်းအားသည်လည်း တစ်ဖန်ပြန်လည်ပြင်းထန်လာသည်။ ဤကဲ့သို့အရှိန်က ရီဖန်ပင်ခံနိုင်ရည်ရှိရန် အလွန်ခက်သည်။

ထိုအချိန်တွင် ပျက်စီးခြင်းနယ်မြေမှ လွတ်မြောက်လာသော နေတစ်ပိုင်းသူတော်စင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျုံးဖန်မြို့မှထွက်ခွါသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ သူသည် ကျုံးဖန်မြို့မှလူအများကြားထဲ၌ ပျောက်ကွယ်သွား၏။

သူ၏အရှိန်သည် အလယ်အလတ်အဆင့် သူတော်စင်တစ်ပိုင်းထက်ပင်ကျော်လွန်သွားခဲ့ရာ ရီဖန်သအလျင်အမြန်လိုက်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားပြီဖြစ်သည်။

သူဒီတိုင်ထွက်ပြေးသွားသလား။ နေတစ်ပိုင်းသူတော်စင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ရီဖန်သည် သူ၏ကမ္ဘာမြင်ကွင်းပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

“မင်းလိုသူတော်စင်က ငါ့ကိုအသေအကြေ မတိုက်ဘဲ ဒီအတိုင်း ထွက်ပြေးသွားတယ်လား။မင်း မရှက်ဘူးလားကွ”

“ဒီသူတော်စင်က အရှက်ကိုမရှိဘူးကွာ”

ဤအချိန်တွင် ရီဖန်၏ရေရွတ်သံက အသုံးမဝင်တော့ဘဲ သက်ပြင်းသာလျှင်ချနိုင်တော့သည်။

"အားလုံးပဲ ဒီပွဲကို ဆက်ကြည့်ကြဦးမလို့လား"

ရီဖန်သည် သူတော်စင်များစွာပုန်းအောင်းနေသည့် နေရာလွတ်ထဲသို့ ကြည့်လိုက်သည်။၄င်းတို့၏ တည်ရှိနေမှုများကို သူ ခံစားသိရှိပြီးဖြစ်သည်။ ရီဖန်သည် နေတစ်ပိုင်းသူတော်စင်နှင့် ရင်ဆိုင်ရာတွင် အလွန်အကျွံအားထုတ်ထားရသဖြင့် အခြားနည်းလမ်းရွေးချယ်စရာမရှိတော့ချေ။

သို့သော်လည်း ထိုသူတော်စင်များသည် နေတစ်ပိုင်းသူတော်စင်နှင့် မဟာမိတ်ဖွဲ့ထားခြင်းမရှိဟု ရီဖန်ထင်သည်။ သိူ့မဟုတ်ပါက နေတစ်ပိုင်းသူတော်စင်သည် ဤကဲ့သို့ဆိုးရွားသောအခြေအနေတွင်ရှိနေချိန်တည်းက ၄င်းတို့လာရောက်ကယ်တင်လိမ့်မည်ဖြစ်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ငါတို့ မင်းရဲ့ကောင်းသတင်းကို ကြားဖူးနေတာ ကြာပြီ”

"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ငါတို့ဘာမှပြဿနာမရှာပါဘူး”

၄င်းတို့၏အရည်အချင်းများဖြင့် စတင်လှုပ်ရှားလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရီဖန်သည် မည်ကဲ့သို့သောလူဖြစ်မှန်း ဆုံးဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော်ကျုံးဖန်မြို့၏အပြင်ဘက်တွင်ရှိသော မျိုးနွယ်စုငယ်လေး၏ခေါင်းဆောင်က အဘယ်ကြောင့် ဤမျှအထိ ရုတ်တရက်အင်အားကောင်းလာရခြင်းကို ၄င်းတို့နားမလည်ခဲ့ကြချေ။ သို့သော်လည်း လတ်တလောတွင် ရီဖန်သည် ၎င်းတို့နှင့် ကြီးမားသည့်ပဋိပက္ခများမရှိသေးသောကြောင့် ရီဖန်ကို စတင်တိုက်ခိုက်ခြင်းမပြုကြပေ။

ပို၍အရေးကြီးသည်မှာ ရီဖန်၏အင်အားသည် ၄င်းတို့၏ထောက်ခံမှုကို ရရှိပြီးခြင်းဖြစ်သည်။ သို့မဟုတ်ပါက ၄င်းတို့ကိုယ်၄င်းတို့ အရေးတယူလုပ်ကာ ထုတ်ဖော်လာမည်မဟုတ်ပေ။ ၄င်းတို့၏ ပျူငှါသောအမူအရာက ရီဖန်ကိုစိတ်ပျက်စေခဲ့သည်။ ဤမတိုင်မီက နေတစ်ပိုင်းသူတော်စင်၏အင်အားသည် ရီဖန်မျှော်လင့်ထားသကဲ့သို့ မဟုတ်သောကြောင့် ကျေနပ်စရာမကောင်းခဲ့ချေ။

သို့သော်လည်း သူတော်စင်များက ကောင်းမွန်စွာဆက်ဆံသည့်အပြင် ရီဖန်နှင့်လည်း ပဋိပက္ခမရှိထားသည့်အတွက် သူသည်လည်း ၄င်းတို့ကို ရန်စရန် စိတ်ကူးမရှိပေ။ ရီဖန်၏မျက်နှာပေါ်မှ စိတ်ပျက်နေသောအမူအရာကို မြင်လိုက်သောအခါ သူတော်စင်များလည်း အနည်းငယ် မျက်နှာပျက်သွားလေသည်။ မျိုးနွယ်စုခေါင်းဆောင်ရီသည် ၄င်းတို့နှင့် တိုက်ခိုက်ရန်စီစဉ်နေသလားဟု ၄င်းတို့ထင်မြင်မိသော်လည်း မဖြစ်နိုင်ပါဟုသာတွေးလိုက်သည်။

အချိန်တစ်ချို့ကုန်ဆုံးပြီးနောက် ရီဖန်သည် သူတော်စင်တစ်ပိုင်းတစ်ချို့နှင့် ရင်းနှီးလာခဲ့ပြီဖြစ်သည်။ ထို့နောက်တွင် ရီဖန်သည် နေတစ်ပိုင်းသူတော်စင်၏နေရာကို တရားဝင်ရရှိခဲ့ကာ ကျုံးဖန်မြို့တွင်ခြေကုပ်ရယူခဲ့သည်။ ရီဖန်သည်လည်း သူတော်စင်များထံမှ ပျက်ဆီးခြင်းအရင်းအမြစ်ပင်လယ်၏အကြောင်းကို ပိုမိုနားလည်လာခဲ့သည်။

ဤသူတော်စင်များ မဟာမိတ်ဖွဲ့ရခြင်းအကြောင်းရင်းမှာ ပျက်ဆီးခြင်းအရင်းအမြစ်ပင်လယ်အတွင်း မြို့တစ်မြို့ကိုတည်ထောင်ရန် သက်သက်မဟုတ်ပေ။ ၎င်းတို့၏အဓိကရည်ရွယ်ချက်မှာ သူတော်စင်အဆင့် ပျက်ဆီးခြင်းမွန်းစတားများပေါ်ထွက်လာချိန်တွင် ခုခံရန်ဖြစ်သည်။ ထိုမွန်းစတားများ သူတော်စင်အဆင့်ကိုရောက်သောအခါ ဆက်လက်၍စွမ်းအားမြှင့်တင်ရန် များပြားလှသော ပျက်ဆီးခြင်းအရည်များကို လိုအပ်လာကြသည်။

၄င်းသူတော်စင်များသည် ပျက်ဆီးခြင်းပင်လယ်၏နေရာလွတ်ထဲမှ ပျက်ဆီးခြင်းအရည်များကို ထုတ်ယူနိုင်သည့် စွမ်းအားရှိကြသည်။ ဥပမာအားဖြင့် နေတစ်ပိုင်းသူတော်စင်၏အိမ်တော်ထဲမှ ပျက်ဆီးခြင်းအရည်များကို နေရာလွတ်ထဲမှ ထုတ်ယူထားခြင်းဖြစ်သည်။

ကျုံးဖန်မြို့၏အလယ်တွင် ကြီးမားသောအခင်းအကျင်းတစ်ခု ရှိသည်။ ၎င်းသူတော်စင်များသည် ၎င်းတို့၏အင်အားဖြင့် အခင်းအကျင်းမှထုတ်ယူထားသော ပျက်ဆီးခြင်းအရည်အချို့ကို ရရှိမည်ဖြစ်သည်။

ဤကဲ့သို့အကျိုးအမြတ်များရရှိသည့်အတွက်ကြောင့် ပျက်ဆီးခြင်းမွန်းစတားများကို တွန်းလှန်ရန်သည်လည်း ၄င်းတို့၏ တာဝန်ဖြစ်လာသည်။

ကျင့်ကြံသူများသည် ပျက်ဆီးခြင်းအရည်ကို လိုအပ်သကဲ့သို့ မွန်းစတားများသည်လည်း ၄င်းတို့ကဲ့သို့ပင် လိုအပ်ကြသည်။ ပျက်ဆီးခြင်းအရည်အတွက် ဤမွန်းစတားများသည် ကျင့်ကြံသူများတည်ထောင်ထားသည့်မြို့များကို တိုက်ခိုက်တတ်ကြသည်။ ၄င်းတို့၏အဆိုအရ ကျုံးဖန်မြို့၏တည်နေရာသည် ပျက်ဆီးခြင်းအရင်းအမြစ်ပင်လယ်၏ အပြင်ဘက်ဧရိယာတွင် တည်ရှိသည်။

ဗဟိုချက်နှင့် နီးလာသည်နှင့်အမျှ ပျက်ဆီးခြင်းအရည်များကို နေရာလွတ်အတွင်းမှ ပို၍ထုတ်ယူနိုင်သော်လည်း ပိုမိုသန်မာသော ပျက်ဆီးခြင်းမွန်းစတားများကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ဗဟိုနယ်မြေကို သူတော်စင်အဆင့်စွမ်းအားရှင်များနှင့် သူတော်စင်အဆင့်ပျက်ဆီးခြင်းမွန်းစတားများက သိမ်းပိုက်ထားသည်ဟု ကောလဟာလများလည်းရှိသည်။

ကျုံးဖန်မြို့သည်လည်း သူတော်စင်များစွာ၏ ကျင့်ကြံမှုအဆင့်ကြောင့်သာ အကာအကွယ်များဖြင့် တည်ရှိနေနိုင်ခြင်းဖြစ်သည်။ ထို့အပြင် သူတော်စင်အနည်းငယ်သည် ရီဖန်ကို တည်နေရာနေရာအမှတ်အသားအချို့အား ပြသခဲ့သည်။ ထိုတည်နေရာအမှတ်အသားများတွင် ကျင့်ကြံသူများသိသော မြို့များစွာ၏တည်နေရာများကို ဖော်ပြထားသည်။

ဤမြို့များသည် ကျုံးဖန်မြို့နှင့် အင်အားတူညီသောမြို့များဖြစ်ကြသည်။ အခြားသောကျင့်ကြံသူများကဲ့သို့ပင် သူတော်စင်အဆင့်အဖွဲ့အစည်းများသည်လည်း လက်နက်များနှင့် အရင်းအမြစ်များကိုလိုအပ်ကြသည်။ ဤမြို့များရှိ သူတော်စင်အဆင့်အဖွဲ့အစည်းများသည် ကျင့်ကြံခြင်း၏အတွေ့အကြုံနှင့် အရင်းအမြစ်များကို ရံဖန်ရံခါဖလှယ်ကြလေ့ရှိသည်။

ရီဖန်သည် သူတော်စင်အဆင့် မဟုတ်သေးသော်လည်း သူတော်စင်တစ်ဦးကို အနိုင်ယူပြီးဖြစ်သောကြောင့် သူသည်လည်း အသိအမှတ်ပြုခံရသည်။ ရီဖန်သည် အားလုံးကို မှတ်သားထားပြီး အနာဂတ်တွင်လည်းအရာအားလုံး အသုံးဝင်လာလိမ့်မည်။ သို့သော် လက်ရှိတွင်အရေးအကြီးဆုံးကိစ္စမှာ ရီမိသားစုမှလူအားလုံးကို မြို့တွင်းသို့ ခေါ်ဆောင်ရန်ဖြစ်သည်။

သူတော်စင်အိမ်တော်ရှိ ကျင့်ကြံရေးအကျိုးသက်ရောက်မှုသည် ရီမျိုးနွယ်စုပိုင်နေရာနှင့် နှိုင်းယှဉ်လျှင် များစွာပိုကောင်းသည်။ ရီမိသားစု ရှေ့ဆက်လုပ်ဆောင်ရမည့်အရာမှာ ယခုအချိန်ရရှိလာသော အကျိုးအမြတ်များကို အပြည့်အဝအသုံးချရန်ဖြစ်သည်။မကြာမီတွင် ရီမိသားစုမှကျင့်ကြံသူများသည် မြို့တွင်းသို့ အစုလိုက်ပြောင်းရွှေ့လာကြ၏။

မြို့ပြင်ရှိကျင့်ကြံသူများက ရီဖန်၏ဦးတည်ရာကို မနာလိုစွာ စောင့်ကြည့်နေကြသည်။ ရီဖန်၏နေတစ်ပိုင်းသူတော်စင်ကို မောင်းထုတ်လိုက်သည့် သတင်းက ကျုံးဖန်မြို့တစ်ခွင်တွင် နာမည်ကြီးနေပြီဖြစ်သည်။သူတော်စင်တစ်ဦး မောင်းထုတ်ခံရခြင်းသည် ပထမဆုံးဖြစ်သည့်အတွက် လူအများကလည်း အံ့ဩလျက်ရှိကြသည်။

အင်အားစုအများအပြားသည် သူတော်စင်တစ်ပိုင်းဖြစ်သော ၄င်းတို့၏ခေါင်းဆောင်များကိုကြည့်ရင်း ၎င်းတို့သည်လည်း ဖုံးကွယ်ထားသော သူတော်စင်များဖြစ်သလားဟု ထင်နေကြသည်။ ထိုလက်အောက်ငယ်သားများ၏ အမူအရာများကိုကြည့်ကာ ခေါင်းဆောင်များသည်လည်း စိတ်ရှုပ်နေကြ၏။ ရီဖန်သည် သူတော်စင်တစ်ပိုင်းသာဖြစ်သော်လည်း အလွန်ထက်မြက်သောကြာင့် ၄င်းတို့ကပါ မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားရခက်နေသည်။

…

ကျုံးဖန်မြို့မှမိုင်ပေါင်းများစွာ အဝေးသို့ရောက်သောအခါမှသာ ထွက်ပြေးလာသော နေတစ်ပိုင်းသူတော်စင် ရပ်တန့်လိုက်၏။ ထို့နောက်တွင် လက်ကိုဝေ့ယမ်းလိုက်ပြီး အတွင်းကမ္ဘာမှကျင့်ကြံသူများကို ဆင့်ခေါ်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်! ငါတို့ဒီကောင့်ကို လက်စားချေရမယ်!"

မျိုးနွယ်စုဝင်တစ်ဦးက နေတစ်ပိုင်းသူတော်စင်ကို တိုင်တမ်းပြောသည်။ သူတော်စင်အိမ်တော်မှ နှင်ထုတ်ခံရခြင်းသည် ၎င်းတို့အား အလွန်စိတ်မကောင်းဖြစ်စေသည်။

“လက်စားချေတာ၊ မင်းက လက်စားချေချင်သေးတာလား”

ဤစကားက ကျင့်ကြံသူအများအပြားကို ခေါင်းငိုက်စိုက်ကျသွားစေခဲ့သည်။ နေတစ်ပိုင်းသူတော်စင်သည် ရီဖန်ကို မယှဉ်နိုင်သောကြောင့် လက်စားချေခြင်းက သေမည့်ဘေး ပြေးတွေ့သကဲ့သို့သာဖြစ်လိမ့်မည်။

“ရီဖန် မင်းကို ငါတို့မျိုးနွယ်စုက လုံးဝခွင့်မလွှတ်နိုင်ဘူး”

တွေ့ခဲ့ရသော မဟာသူတော်စင်၏သွေးမျိုးစက်ကို ရီဖန်ထံတွင်တွေ့လိုက်ရခြင်းက နေတစ်ပိုင်းသူတော်စင်ကို အလွန်ထိတ်လန့်စေသည်။ သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် လက်စားချေရန် မဖြစ်နိုင်သည်ကိုလည်း သူကောင်းစွာသဘောပေါက်ထား၏။

သူသည်လည်း ဟန်ဆောင်ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ မဟာသူတော်စင်၏တရားမဝင်သားတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်လိုက်သည်။ အတိတ်ကာလများတွင် မဟာသူတော်စင်၏တရားမဝင်သားတစ်ဦးဖြစ်ရခြင်းက အရှက်ရစရာဟု ထင်ခဲ့သော်လည်း ယခုအခါတွင် ထိုအတွက်ဂုဏ်ယူနေမိသည်။ အနည်းဆုံး ၄င်းတွင် အားကိုးစရာလူများရှိသည်။ ၄င်းပြန်ရောက်လျှင် ဖခင်နှင့် မိခင်ဖြစ်သူကို အသနားခံပြီး လက်စားချေရန်တောင်းဆိုမည်။

နေတစ်ပိုင်းသူတော်စင်၏မိခင်သည် မဟာသူတော်စင်တစ်ယောက်ဖြစ်သည်မှာ အမှန်တကယ်ဖြစ်၏။ နေတစ်ပိုင်းသူတော်စင်သည် တရားဝင်ဖခင်၏အမျိုးအနွယ်မဟုတ်သဖြင့် ဖယ်ကျဉ်ထားခြင်းခံရကာ ၄င်းကို တရားမ၀င်ကလေးအဖြစ် လူသိများသည်။

ယခင်က ဤအခြေအနေကြောင့် အရှက်ရခဲ့ဖူးသော်လည်း ယခုအခါတွင် နေတစ်ပိုင်းသူတော်စင်သည် နားလည်သွားခဲ့ပြီဖြစ်သည်။

၄င်း၏မိခင်သည် မိခင်အရင်းဖြစ်သည့်အတွက် ‘တရားမဝင်’ဆိုသည်မှာ အဘယ်နည်းဟု ၄င်းက တွေးမိလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏မိခင်ဖြစ်သူက သူ့အတွက် လက်စားချေပေးလိမ့်မည်ဟုလည်း တွေးထားသည်။

“ချီတက်ကြ!”

နေတစ်ပိုင်းသူတော်စင်၏ပုံရိပ်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ဆီသို့ တဖြည်းဖြည်းဦးတည်လျက် ပျောက်ကွယ်သွားခဲ့သည်။

အခြားတစ်ဖက်တွင် ကျုံးဖန်မြို့၌ ရီဖန်သည် နေတစ်ပိုင်းသူတော်စင်၏အိမ်တော်ကို အပြည့်အဝသိမ်းပိုက်ခဲ့သည်။ အံ့အားသင့်ရသည့် အဖြစ်အပျက်မှာ မြေအောက်ခန်းရှိ နေတစ်ပိုင်းသူတော်စင်၏လေ့ကျင့်ရေးခန်းတွင် ပျက်ဆီးခြင်းအရည်ပုလင်းတစ်သိန်းကျော်ရှိနေခြင်းဖြစ်သည်။ နေတစ်ပိုင်းသူတော်စင်သည် သူရှုံးလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးခဲ့သောကြောင့် ပျက်ဆီးခြင်းအရည်များအား မပြောင်းရွေ့ထားခဲ့ရာ ယခုအခါတွင် ၄င်းတို့သည် ရီဖန်အတွက် အကျိုးအမြတ်ဖြစ်သွားခဲ့လေတော့သည်။

သို့သော် အခြားသောအရင်းအမြစ်အများစုသည် နေတစ်ပိုင်းသူတော်စင်နှင့်အတူ ပါသွားသောကြောင့် ရီဖန်အနည်းငယ်နောင်တရနေသည်။ ရီဖန်သည် နေတစ်ပိုင်းသူတော်စင်ကို မဖမ်းဆီးနိုင်ခဲ့သဖြင့် ၎င်းတို့ကိုဆုံးရှုံးခဲ့ရသည်။ ထိုအရင်းအမြစ်များဖြင့်သာဆိုလျှင် ရီမျိုးနွယ်စုမှ ကျင့်ကြံသူများသည် ယခုအချိန်တိုအတွင်းတွင် လွတ်လပ်စွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။

ယခင်ကဆိုလျှင် အရင်းအမြစ်များနည်းပါးမှုကြောင့် ရီမျိုးနွယ်စုမှကျင့်ကြံသူများသည် အပြည့်အဝ မကျင့်ကြံနိုင်ခဲ့ကြပေ။ ယခုအခါတွင် ရီမျိုးနွယ်၏အခွံလွတ်ကပင် ပန်ဂူစကြာဝဠာအတွက် လုံလောက်ပြီဖြစ်သည်။

………

အခန်း ၄၂၃ - မပြီးမြောက်သေးသော ပန်ကုစကြဝဠာ

ကျုံးဖန်မြို့ ရီမိသားစုနေအိမ်အတွင်း ထူးထူးခြားခြား အသက်ဝင်နေ၏။ အခြားသူတော်စင်များသည် ရီဖန်၏မိသားစုကို အဘယ်ကြောင့် ဤမျှဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နေကြောင်း နားမလည်ဘဲရှိသည်။ ၎င်းတို့အဆင့်နှင့်ဆိုလျှင် တစ်ဦးချင်းစီ၏ အင်အားတိုးတက်မှုက အရေးကြီးဆုံးဖြစ်ကာ ၎င်းတို့၏မိသားစုရှိိလျှင်ပင် ဆက်ခံသူမွေးဖွားရန်အတွက်သာ ကူညီပေးနိုင်မည်ဖြစ်သည်။

ရီဖန်ကဲ့သို့ မိသားစုကြီးတစ်ခုလုံးကို ရှေ့သို့ဆွဲခေါ်သွားသော သူတော်စင်တစ်ဦးကိုမူ ၎င်းတို့ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ သို့သော် ရီဖန်၏ထူးခြားသောစွမ်းရည်များကို ၎င်းတို့မသိသောကြောင့် ၎င်းနှင့်ပက်သက်၍မဝေဖန်နိုင်ချေ။

ရီဖန်အတွက် မိသားစုဝင်များ၏ ကျင့်ကြံရေးသည် သူ၏အင်အားရရှိရန်အတွက်ထက် သူ၏နှလုံးသားထဲမှ တာဝန်သိစိတ်တစ်ခုဖြစ်သည်။ အပြာရောင်ကြယ်ပွင့်မှ ဆင်းသက်လာသော ရီဖန်အတွက် 'သားသမီးများစွာရှိခြင်းက ကောင်းချီးများစွာရရှိခြင်း’ 'သားစဉ်မြေးဆက်များ ပြည့်နေသောအိမ်' စသည့်အယူအဆကို သူ၏အသွေးအသားထဲတွင် နက်ရှိုင်းစွာရေးထိုးထားသည်။

ထိုအချိန်အတောအတွင်း ရီဖန်၏နေ့ရက်များမှာ အလွန်သာယာ၏။ သူ၏အားလပ်ချိန်တွင် ကလေးများကို ကျီစယ်နောက်ပြောင်ပြီး ကျင့်ကြံနည်းစနစ်များ ထပ်ပေးလိမ့်မည်။ သူ့ကိုကြည့်ရသည်မှာ သူတော်စင်တစ်ပိုင်းနှင့် လုံးဝမတူပေ။

အခြားသူတော်စင်တစ်ပိုင်းတို့သည် တစ်ကိုယ်တည်းကျင့်ကြံရန် သို့မဟုတ် အရင်းအမြစ်များရှာဖွေရန်အတွက် ကြိုးစားနေကြရာ မည်သူကများ ရီဖန်ကဲ့သို့ ကျောခိုင်းနေနိုင်လိမ့်မည်နည်း။

“အဖေ အခု လူအများစုက ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ရောက်လာပြီ။ နှစ်တစ်ရာတိုင်းမှာ ရီမိသားစုက လူတစ်သောင်းလောက် အဲမှာအခြေချထားပြီ”

ရီကျင်းစန်သည် ရီမိသားစု၏နေရာပြောင်းရွှေ့ရေးအတွက် တာဝန်ယူထားကာ၊ ရီကျင်းထျန်က အရွက်တစ်ထောင်ဆေးခန်း တိုးချဲ့ရန်အတွက် အလုပ်များနေသည်။ ယခုတွင် ဒုတိယမျိုးဆက်မှ လူတစ်ဦးစီတိုင်းက ကိစ္စရပ်များကို မိမိဘာသာ ကိုင်တွယ်နိုင်ပြီဖြစ်သောကြောင့် အလွန်အလုပ်ရှုပ်နေကြသည်။

"အင်း ပန်ကုစကြဝဠာက အင်အားစုကြီးတွေ ပြဿနာစရှာသင့်ပြီ"

အချိန်ကြာလာသည်နှင့်အမျှ ပန်ကုစကြာဝဠာတွင် အထွတ်အမြတ်ရတနာများ ပိုမိုတွေ့ရှိခဲ့ကြကာ ဟုန်မိန်ခရမ်းရောင်ချီလေးခု ထွက်ပေါ်လာပြီးဖြစ်သည်။

ရီမိသားစုလက်ထဲရောက်သွားသော ကြိုးမျှင်တစ်ခုမှလွဲ၍ ဟုန်မိန်ခရမ်းရောင်ချီကြိုးသုံးချောင်းကို ၀မ်ရှန်းဂိုဏ်းကဲ့သို့ ထိပ်တန်းအင်အားစုများက စုဆောင်းနိုင်ခဲ့သည်။ ၎င်းတို့၏အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာသည်ဟုဆိုရမည်။ အခြားအင်အားစုများမှ သူတော်စင်များရှိနေလျှင်ပင် ၎င်းတို့က ဤထိပ်တန်းအင်အားစုများနှင့် မယှဉ်နိုင်ကြပေ။

နောက်ဆုံးတွင် အင်အားစုကြီးများနှင့် အင်အားစုငယ်လေးများက ၎င်းထိပ်တန်းအင်အားစုများကို တိုက်ခိုက်ရန် ကြိုးပမ်းကြသည်။ ထို့အပြင် ဤထိပ်တန်းအင်အားစုများသည် ၎င်းတို့၏အခြေခံအုတ်မြစ်ကို တိုက်ရိုက်ဖျက်ဆီးပစ်သောကြောင့် အင်အားစုငယ်လေးများမှ သူတော်စင်များကို ကြီးမားစွာဆုံးရှုံးစေခဲ့သည်။

အဆုံးတွင် အငိအားစုငယ်လေးများအနေဖြင့် ထိပ်တန်းအင်အားစုများကို မတုန်လှုပ်စေနိုင်သေးပေ။ သို့သော် ၎င်းတို့ကြားရှိ သဘောထားကွဲလွဲမှုများက အမြစ်တွယ်နေပြီဖြစ်သည်။ အနာဂတ်တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာမည်ကိုပင် ခန့်မှန်းနိုင်၏။ ဤအဆက်မပြတ် အုံကြွမှုများအတွင်း ရီမိသားစုသည် ထိပ်တိုက်ရင်ဆိုင်မှုတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိသလောက်ပင်။

ချင်မုသူတော်စင်တစ်ပိုင်းသည် ဟုန်မိန်ခရမ်းရောင်ချီကို ရီမိသားစုထံသို့ ယူဆောင်လာချိန်က အင်အားစုကြီးများမှသူများသည် ရီမိသားစုပါဝင်မှုမရှိခြင်းကို အကြောင်းပြချက်တစ်ခုမျှသာဟု ထင်ခဲ့ကြကာ ချင်မုသူတော်စင်က ရီမိသားစု၏လျှို့ဝှက်လက်နက်ဖြစ်သူဟူ၍ပင် ယူဆခဲ့ကြသည်။ ယခုတွင် ၎င်းက အမှန်တကယ် မတော်တဆမှုဖြစ်ပုံရသည်။ ရီမိသားစုသည် တစ်ခါမျှ မပေါ်လာဘဲ ပျောက်ကွယ်နေသည်။

ပန်ကုစကြာဝဠာတွင် ကျင့်ကြံနေသော ရီမိသားစု၏မျိုးဆက်များသည်လည်း ရှားပါးလာ၏။ ထိုအခြေအနေက ရီမိသားစုကိုစိတ်ဝင်စားသည့် အင်အားစုအများအပြား၏အာရုံကို နှိုးဆော်ပေးခဲ့သည်။ သို့သော် ၎င်းတို့စုံစမ်းချင်သည့်တိုင် သိသာအောင်မလုပ်ရဲကြချေ။ ထို့အပြင် ရန်ဟွမ်နယ်မြေထဲကိုဝင်ရန် ၎င်းတို့အစီအစဉ်ထဲတွင်မရှိခဲ့ကြ။

၎င်းတို့မသိခဲ့သည်မှာ လက်ရှိရန်ဟွမ်နယ်မြေသည် ၎င်းတို့စောင့်ကြည့်မှုအောက်တွင် မရှိတော့ခြင်းကိုဖြစ်သည်။ ကြယ်တာရာနေရာလွတ်အတွင်းရှိ ရန်ဟွမ်နယ်မြေပုံရိပ်သည် ရီဖန်ဖန်တီးထားသော ပုံရိပ်ယောင်မျှသာဖြစ်၏။ နယ်မြေအဆင့်မြှင့်ခြင်းသင်္ကေတ၏ အကျိုးသက်ရောက်မှုနှင့်အတူ လက်ရှိရန်ဟွမ်နယ်မြေသည် အခြားနေရာလွတ်တစ်ခုထဲတွင် အဆက်မပြတ်ကြီးမားလာလျက်ရှိသည်။

အကယ်၍တစ်စုံတစ်ယောက်က ၎င်း၏ကြီးထွားမှုကို မျက်မြင်တွေ့ရှိခဲ့လျှင် လက်ရှိရန်ဟွမ်နယ်မြေသည် ပန်ကုစကြဝဠာ၏ သုံးပုံတစ်ပုံအရွယ်အစားအထိရှိနေကာ ဆက်လက်ချဲ့ထွင်နေဆဲဖြစ်ကြောင်း ကြောက်လန့်ဖွယ်တွေ့ရှိရလိမ့်မည်။ ရန်ဟွမ်နယ်မြေ၏အနာဂတ်သည် နောက်ထပ် ရန်ဟွမ်စကြဝဠာ ဖြစ်လာမည်ဖြစ်၏။

"တာအိုဘိုးဘေး မင်းဘက်ကသတင်းရပြီလား"

၀မ်ရှန်းဂိုဏ်းတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ့အနားရှိ တာအိုဘိုးဘေးကို မေးလိုက်သည်။ ၎င်းသည် တာအိုဂိုဏ်းမှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ကောင်းကင်လှည့်ကွက်သူတော်စင်မှလွဲ၍ အခြားမဟုတ်ပေ။

ဟုန်မိန်ခရမ်းရောင်ချီသုံးခုတွင် တာအိုဂိုဏ်းနှင့် ၀မ်ရှန်းဂိုဏ်းတို့မှ တစ်ခုစီရရှိခဲ့သည်။ အစပိုင်းတွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် နတ်ဆိုးနတ်ဘုရားနှလုံးသားနှင့်အတူ သူတော်စင်ဖြစ်ချင်သော်လည်း လော့ထောင်ကသေဆုံးသွားပြီး၊ ဝူရှန်းဘိုးဘေးကလည်း ပျောက်ဆုံးနေရာ အသစ်ရရှိထားသော ဟုန်မိန်ခရမ်းရောင်ချီကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။

"ငါတို့ဘိုးဘေးတွေ စာပို့ခဲ့တယ်။ သူတော်စင်ကမ္ဘာမှာ တော်တော်များများကျဆုံးသွားလို့ အသစ်ဖြည့်ဆည်းဖို့ အရေးပေါ်လိုအပ်နေပြီတဲ့"

"ဟမ့် ဖြည့်စွက်ဖို့တဲ့လား။ သူတို့က ဒီတိုင်းပို့ဖို့ အမြှောက်စာလောက်ကိုသာ ရှာနေကြတာပါ။ ဒီတစ်ခါတော့ ငါတို့၀မ်ရှန်းဂိုဏ်းကပဲ အဓိကပံ့ပိုးကူညီမပေးနိုင်ဘူး။ မင်းတို့တွေလည်း

ကြိုးစားတာပိုကောင်းမယ်"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကိုကြည့်ရသည်မှာ အလွန်မကျေမနပ်ဖြစ်နေပုံရသည်။ ဤခေတ်တွင် ၎င်းတို့၏ဝမ်ရှန်းဂိုဏ်းသည် ဆိုးရွားသောဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ သူတော်စင်ကမ္ဘာသည် ဤနေရာအတွက် အကူအညီမပေးပို့နိုင်ခဲ့သောကြောင့် ၎င်းတို့၏ အရင်းအမြစ်များစွာကိုလည်း ဆုံးရှုံးခဲ့ရသည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နောက်ပိုင်းခေတ်တွင် ၎င်းတို့၏အဆင့်အတန်းကို ထိန်းသိမ်းရန်ပင်လွယ်ကူတော့မည် မဟုတ်ချေ။ အကယ်၍ သူတော်စင်ကမ္ဘာမှပံ့ပိုးကူညီမှု မပေးပို့နိုင်ခြင်းကြောင့်သာမဟုတ်လျှင် သူသည်လည်း ရီမိသားစုနောက်သို့လိုက်သွားမည်မှာ ကြာလေပြီ။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏အမြင်တွင် ရီမိသားစုသည် ကြီးမားသောလျှို့ဝှက်ချက်ကို ဆုပ်ကိုင်ထားသည်။ သူတော်စင်နယ်မြေမှ စွမ်းအားရှင်တစ်ဦးပင်လျှင် ရီမိသားစုကို ယခုလက်ရှိကဲ့သို့ လျင်မြန်စွာတိုးတက်လာအောင် ကူညီနိုင်မည်မဟုတ်။

အကယ်၍ ထိုလျှို့ဝှက်ချက်ကို လက်ဝါးကြီးအုပ်လိုသောဆန္ဒမရှိခဲ့ပါက ကောင်းကင်နှလုံးသားသူတော်စင်သူတစ်ပိုင်းသည် ရီမိသားစုကို ပစ်မှတ်ထားရန် အခြားထိပ်တန်းအင်အားစုများနှင့် ပူးပေါင်းထားပြီးဖြစ်လိမ့်မည်။ ထို့အပြင် ယခုလောက်လည်း ဖိနှိပ်ခံနေစရာမလိုတော့ချေ။ အနည်းဆုံး ရီမိသားစုပိုင်ဆိုင်သော မဟာသူတော်စင်လက်နက်က သူ၏ကြိုးစားအားထုတ်မှုနှင့် ထိုက်တန်သည်။

သို့သော် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အလျင်စလိုမဟုတ်ပေ။ သူ့ထံတွင် အချိန်ရှိပါသေးသည်။ ၎င်းက သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်သွားသည့်တိုင် လျင်မြန်စွာကြီးထွားနိုင်သေးသည်။ သူ၏ကျင့်ကြံမှုအဆင့် တစ်ဆို့နေသောအချိန်ရောက်ခါမှ ရီမိသားစုနှင့်ရင်ဆိုင်ရန် နောက်ကျဦးမည်မဟုတ်ချေ။ အဓိကပြဿနာမှာ သူသည် ရီမိသားစု၏ မွန်းစတားဖြစ်သူ ရီဖန်နှင့်ရင်ဆိုင်နိုင်ရန် မသေချာခြင်းဖြစ်သည်။

……….

All Chapters