အခန်း ၄၂၄-၄၂၆
Vol. 29 Ch. 424-426
အခန်း ၄၂၄ - မပြီးမြောက်သေးသော ပန်ကုစကြဝဠာ
၎င်းတို့၏ ကျင့်ကြံမှုအဆင့်တိုးလာတိုင်း နောက်ထပ် မျှော်လင့်ချက်ကြိုးတစ်မျှင် ထပ်ရလာစေသည်။
"သူတို့က ပုရွက်ဆိတ်သာသာပဲရှိတာကို။ ဟုန်မိန် ခရမ်းရောင်ချီတစ်မျှင်ရရုံနဲ့များ သူတော်စင်တစ်ယောက်ဖြစ်လာပြီးတော့ သူတို့ကို ကြီးမြတ်သူတွေ ဖြစ်လာမယ်လို့ ထင်နေကြတာလား"
ထိုအင်အားစုကြီးများသည် သူတော်စင်ဖြစ်ခြင်း၏လျှို့ဝှက်ချက်များကို အခြားသူများထက် ပိုသိသည်။ ပန်ကုစကြဝဠာသည် ပိုးမွှားလေ့ကျင့်ရေးကွင်းနှင့် ဆင်တူသော နေရာတစ်ခုမျှသာဖြစ်သည်။ သူတော်စင်ဖြစ်လာရန် ဖြတ်ကျော်ခြင်းက ပိုးမွှားဘုရင်ဖြစ်လာခြင်းနှင့်ဆင်တူ၏။
နှစ်များတစ်လျှောက်ဖြတ်ကျော်ခဲ့သော သူတော်စင်များ အဘယ်ကြောင့် ပျောက်ကွယ်သွားခဲ့ရသနည်း။ ၎င်းတို့အားလုံးကို သူတော်စင်ကမ္ဘာဟုခေါ်ဆိုသည့် နေရာတစ်ခုဆီ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းအနေဖြင့် များများစားစားမသိသော်လည်း၊ နောက်ခံအင်အားမရှိဘဲ သူတော်စင်နယ်မြေသို့ဖြတ်ကျော်ရန် သူတော်စင်ကမ္ဘာသို့သွားမည့်အစား ဤနေရာတွင် သူတော်စင်တစ်ပိုင်းအဖြစ်ရှိနေခြင်းက ပိုလုံခြုံကြောင်းကိုတော့ သူသိထားသည်။ အနည်းဆုံး ဤနေရာတွင် အန္တရာယ်မများပေ။
ပန်ကုစကြဝဠာတွင် ရီဖန်နှင့်မရင်ဆိုင်နိုင်သော်လည်း သူတော်စင်ကမ္ဘာသို့ရောက်သည်နှင့် ရီဖန်၏သေခြင်းတရားကို တွေ့ရလိမ့်မည်။ အရာရာကိုဆွေးနွေးပြီးနောက် အားလုံးကညှိနှိုင်းရန် အဆင်သင့်ဖြစ်နေကြသည်။ အင်အားစုတစ်ခုစီက တာအိုဘိုတစ်ထောင်နှင့် သူတော်စင်တစ်ပိုင်းအယောက်သုံးဆယ်ကို သူတော်စင် ကမ္ဘာသို့စေလွှတ်မည်ဖြစ်သည်။ ပန်ကုစကြဝဠာတစ်ခုလုံးတွင်ထွက်ပေါ်လာသော သူတော်စင်တစ်ပိုင်းအရေအတွက်စုစုပေါင်းမှာ တစ်ရာကျော်သာရှိသေးသည်။
အဆိုပါ အင်အားစုကြီးနှစ်ခုက ထိပ်တန်းသူတော်စင်တစ်ပိုင်း အယောက်ခြောက်ဆယ်ကို စုဆောင်းထားနိုင်ခြင်းက ၎င်းတို့ မည်မျှထိတ်လန့်စရာကောင်းသည်ကို ပြသနေသည်။ သို့သော် ဤသူတော်စင်တစ်ပိုင်းများသည် သာမန်လူများရှေ့တွင် ပေါ်မလာတတ်ကြချေ။ ဤထိပ်တန်းအင်အားစုများအားလုံးသည်လည်း သူတော်စင်တစ်ပိုင်းများကို အသုံးမပြုဝံ့ကြပေ။
မကြာမီတွင် ၀မ်ရှန်းဂိုဏ်းထဲ၌ မှောင်မိုက်နေသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ဥမင်လိုဏ်ခေါင်းအတွင်းမှ နက်နဲပြီးအားကောင်းသည့် အလင်းတန်းတစ်ခုထွက်လာကာ တာအိုဘိုးဘေးနှင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှစ်ဦးစလုံးကို အသက်ရှူကြပ်စေသည်။
"သံတမန်ကို တင်ပြပါဝယ်။ ငါတို့လူတွေကို ပြင်ဆင်ပြီးတော့ ပို့ဆောင်ဖို့အဆင်သင့်ဖြစ်နေပြီ!"
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏နောက်မှ စိတ်လှုပ်ရှားနေသောကျင့်ကြံသူများသည် တစ်ခုခုမမှန်သလို ခံစားလိုက်ရသည်။ ထိုသူပြောသည့်စကားအရ ၎င်းတို့ကို တောက်ပသည့်အနာဂတ်ရှိရန်အတွက် သူတော်စင်ကမ္ဘာသို့ ပို့ဆောင်တော့မည်ဖြစ်သည်။ ပန်ကုစကြဝဠာတွင် ဟုန်မိန်ခရမ်းရောင်ချီမရှိလျှင် အောင်မြင်ရန်မဖြစ်နိုင်ကြောင်းကိုလည်း ပြောကြားခဲ့၏။
ထို့ကြောင့် အောင်မြင်မှုတက်လှမ်းနိင်မည့် သူတော်စင်ကမ္ဘာဟု ခေါ်ဆိုသည့်နေရာကို သွားရောက်ရန်အတွက် ဤကျင့်ကြံသူများမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် သူတော်စင်ကမ္ဘာသို့သွားရန်မျှော်လင့်ထားခဲ့ကြသည်။ သို့သော် ယခုအခြေအနေအရ တစ်ခုခုတော့လွဲနေသည်။
၎င်းတို့မျှော်လင့်ချက်နှင့် လုံးဝဆန့်ကျင်နေကာ ကုန်စည်ပို့ဆောင်နေသကဲ့သို့သာ ခံစားရ၏။
ကံမကောင်းစွာဖြင့် ၎င်းတို့သည် စိတ်ပြောင်းလဲရန်အတွက် အခွင့်အရေးမရှိကြချေ။ လမ်းကြောင်းအတွင်းမှအားပြင်းသော စုပ်ယူမှုစွမ်းအားက ကျင့်ကြံသူများကို တွန်းလှန်ခွင်းမပေးဘဲ ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြ၏။
"မင်းတို့နှစ်ကောင်လဲ ဒီတစ်သက် သူတော်စင်ကမ္ဘာမှာပဲ ဖြတ်ကျော်နိုင်လိမ့်မယ်။ ငါမင်းတို့ကို သူတော်စင်ကမ္ဘာက စောင့်နေမယ်ကွာ"
နောက်ဆက်တွဲရယ်မောသံကြောင့် တာအိုဘိုးဘေးနှင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းတို့ တုန်လှုပ်သွားသည်။
"ဒီနှာပူးက ဘာလို့ ဒီတစ်ခေါက်ရောက်လာတာလဲ။ ဒီလူတွေအတွက်တော့ ကံဆိုးပြီထင်တယ်"
ထိုသူများ၏အနာဂတ်အတွက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ဂရုမစိုက်ပေ။ သူတို့တာဝန်ပြီးသရွေ့ ၎င်းတို့၏ ရှင်သန်ခြင်း သေဆုံးခြင်းတို့ကို ဂရုပြုခြင်းမရှိချေ။ ၎င်းတို့ကိုယ်တိုင်က သူတော်စင်ကမ္ဘာကို ဖြတ်ကျော်သွားလျှင်ပင် ၎င်းတို့၏ကံကြမ္မာက သေချာပေါက်ကောင်းမည်မဟုတ်။
ထို့ကြောင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် နတ်ဆိုးနတ်ဘုရားနှလုံးကိုသာ အလွန်တန်ဖိုးထားခဲ့ခြင်းဖြစ်၏။ သေပြီးနောက် ပြန်လည်ရှင်သန်နိုင်မှုက သံသယဖြစ်ဖွယ်မရှိ ကြောက်စရာကောင်းသည်။ သို့သော် ကံမကောင်းစွာဖြင့် အားလုံးက အချည်းနှီးဖြစ်သွား၏။ သူတစ်သက်လုံး စောင့်ဆိုင်းခဲ့သော်လည်း အဆုံးတွင် လွဲချော်ခဲ့ရသည်။
"အိုး ကောင်းကင်နှလုံးသားရေ မင်းကိုပြောဖို့မေ့သွားလို့၊ ဒီမှာ နောက်ထပ် နတ်ဆိုးနတ်ဘုရားကိုတွေ့ထားတယ်။ ဟားဟား မင်းလိုချင်ရင် ငါမင်းကိုပေးမယ်လေ"
တာအိုဘိုးဘေးက သူ့လက်ကိုလှန်လိုက်ပြီးနောက် ပုံရိပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ရီဖန်သာ ထိုနေရာတွင်ရှိနေခဲ့ပါက ၎င်းသည် ထန်မင်းဆက်ဘုရင်ဖြစ်ကြောင်း မှတ်မိမည်မှာ သေချာသည်။ မမျှော်လင့်ဘဲ အချိန်အတော်ကြာ ပျောက်ဆုံးနေသော ထန်မင်းဆက်ဘုရင်သည် နတ်ဆိုးနတ်ဘုရားနှလုံးသားနှင့် ပေါင်းစည်းသွားပြီး သူကိုယ်တိုင် နတ်ဆိုးနတ်ဘုရားဖြစ်လာခဲ့သည်။
ထန်မင်းဆက်ဘုရင်အပေါ်မှ နတ်ဆိုးနတ်ဘုရားရောင်ဝါကို အာရုံခံလိုက်ရသောအခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ပေါက်ကွဲလုနီးပါးဖြစ်သွား၏။ တာအိုဘိုးဘေးက တမင်တကာလုပ်နေမှန်း သူကောင်းကောင်းသိသည်။ ဟုန်မိန်ခရမ်းရောင်ချီနှင့် ပေါင်းစပ်ပြီးမှသာ ဤနတ်ဆိုးနတ်ဘုရားနှလုံးသားကို ရည်ရွယ်ချက်ရှိရှိ ထုတ်ယူခဲ့သည်။
ဟုန်မိန်ခရမ်းရောင်ချီနှင့် ပေါင်းစည်းပြီးနောက် နတ်ဆိုးနတ်ဘုရားနှလုံးသားနှင့် ပေါင်းစပ်နိုင်မည်၊ မပေါင်းစပ်နိုင်မည်ကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း မသိသောကြောင့် ပြဿနာမရှာရဲချေ။ ထို့ကြောင့် သူသည် နတ်ဆိုးနတ်ဘုရားနှလုံးသားနှင့် နောက်တစ်ကြိမ်ပေါင်းစပ်ရန် လက်လွတ်သွားပြန်သည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ မျက်နှာပေါ်မှ အရိပ်အယောင်ကိုမြင်သောအခါ တာအိုဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကိုပြန်သိမ်းလိုက်ပြီး ရယ်မောကာ ထွက်ခွာသွားလေသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် တာအိုဘိုးဘေးကို ရက်စက်စွာ စိုက်ကြည့်နေပြီး ထိန်းချုပ်မရသော သူ့နှလုံးသားထဲတွင် လူသတ်ရန်ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။
သူသည် တာအိုဘိုးဘေးကို အလွန်သတ်ပစ်ချင်သည့်တိုင် အနည်းဆုံး ယခုမဖြစ်နိုင်သေးကြောင်းကို သူသိသည်။ သူကိုယ်တိုင်အပါအဝင် ထိပ်တန်းအင်အားစုများ၏ ခေါင်းဆောင်များသည် သူတော်စင်ကမ္ဘာနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသည်။ ၎င်းတို့ထဲက တစ်ယောက်ယောက်သေဆုံးသွားလျှင် စုံစမ်းစစ်ဆေးမှုများ လုပ်လာမည်မှာ သေချာပါ၏။ ထိုစုံစမ်းစစ်ဆေးမှုကို သူရှောင်လွှဲနိုင်မည်ဟု မထင်ချေ။
"တာအိုဘိုးဘေး ငါတို့ သူတော်စင်ကမ္ဘာကိုရောက်တာနဲ့ မင်းကို ငါသေချာသတ်ပစ်မယ်!"
…
သူတော်စင်ကမ္ဘာတွင် ကျင့်ကြံသူအများအပြားသည် ဥမင်လိုဏ်ခေါင်းကိုဖြတ်ကျော်ပြီးနောက် ၎င်းတို့လိုချင်တောင့်တသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူတော်စင်ကမ္ဘာ၏ ပုံရိပ်များကိုကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားမိသည်။ ဤအရာသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းဖော်ပြသည့် အထက်နယ်မြေနှင့် လုံးဝမတူဘဲ အပျက်အစီးတစ်ခုနှင့် ပိုတူသည်။ သူတို့၏ကျင့်ကြံခြင်းအတွက် လေထဲမှနတ်စွမ်းအင်ကို အသုံးချရန် ကြိုးစားခြင်းသည်ပင် မယုံနိုင်လောက်အောင် ခက်ခဲနေသည်။
"ဒါက အထက်နယ်မြေမဟုတ်ဘူး ငါပြန်သွားချင်တယ်!"
သည်းမခံနိုင်တော့သည့် တာအိုဘိုးဘေးတစ်ဦးသည် မပိတ်ရသေးသော ဥမင်လိုဏ်ခေါင်းကိုဖြတ်ပြေးရန် ကြံရွယ်ကာ နောက်လှည့်လိုက်သော်လည်း။ ဘမ်းခနဲ အသံတစ်ခုနောက်တွင် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သူ၏စိတ်ဝိညာဉ်သည်လည်း အစိတ်စိတ်အမွှာမွှာကွဲအက်သွားသည်။
"အားလုံးပဲ မင်းတို့ သူတော်စင်ကမ္ဘာကိုရောက်တာနဲ့ ပြန်လှည့်လို့မရဘူး”
အာဏာရှင်တစ်ဦးအဖြစ် လူသိများသော သူတော်စင်သည် လက်သီးကိုပြန်ရုတ်သိမ်းလိုက်ကာ သူ၏လက်ဆစ်များတွင်ကျန်နေသော အသွေးအသားကိုလျက်ပြီးနောက် ပေါ့ပေါ့တန်တန် ရယ်မောပြောဆိုလိုက်သည်။ ဤမြင်ကွင်းသည် အနီးနားရှိကျင့်ကြံသူများကို တုန်လှုပ်စေခဲ့၏။
"ဒီလိုပါပဲ၊ မင်းတို့မပြေးသရွေ့ ငါကတော်တော်ခင်တတ်ပါတယ်။ အနာဂတ်မှာ မတော်တဆမှုတစ်ခုမှ ရှိမှာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် အာဏာရှင်သည် သူ၏နတ်စွမ်းအားကိုထုတ်လွှတ်ကာ ကျင့်ကြံသူများကိုဦးဆောင်လျက် တိကျသော ဦးတည်ရာသို့ ထွက်လာသည်။
"တကယ်တော့ မင်းတို့အားလုံးကံကောင်းကြတာပဲ။ မင်းတို့အရည်အချင်း လုံလောက်ပြီး ရှင်သန်နိုင်သရွေ့ အောင်မြင်မှုတစ်ခုရဖို့ မျှော်လင့်ချက်ရှိလိမ့်မယ်။ အနည်းဆုံးတော့ မင်းရဲ့မပြီးမြောက်သေးတဲ့ စကြဝဠာကို ပြန်ရတာထက် အခွင့်အရေးပိုများပါသေးတယ်"
အာဏာရှင်၏စကားများက ၎င်းတို့၏ လောကအမြင်ကို စိန်ခေါ်နေသည်။ ၎င်းတို့၏ကြည်ညိုလေးစားဖွယ် ပန်ကုစကြာဝဠာသည် စကြာဝဠာအမွှားလေးတစ်ခုမျှသာဖြစ်ကာ ၎င်း၏ပင်ကိုယ်စွမ်းရည်နှင့် သူတော်စင်များစွာကို လက်ခံနိုင်စွမ်းမရှိသောကြောင့် ဟုန်မိန်ခရမ်းရောင်ချီဖြင့် သူတော်စင်များပေါ်ပေါက်လာမှုကို ကန့်သတ်ခဲ့သည်။ ပန်ကုစကြဝဠာနှင့်ဆင်တူသော အခြားစကြာဝဠာများစွာလည်း ရှိသေးသည်။
စကြဝဠာအမွှားလေးများမှလာသော ဤကျင့်ကြံသူများသည် သူတော်စင်ကမ္ဘာအတွင်းရှိ စွမ်းအားရှင်များကြားမှ စစ်ပွဲများတွင် အမြောက်စာများဖြစ်လာလိမ့်မည်။ ထိုစစ်ပွဲများတွင် ကျင့်ကြံသူအများစု သေကြလိမ့်မည်ဖြစ်ကာ
အသက်ရှင်ကျန်ရစ်သူများသာ ဆက်လက်ကျင့်ကြံရန် အခွင့်အရေးရလိမ့်မည်။
ပုံမှန်အားဖြင့် သူတော်စင်ကမ္ဘာတွင် သူတော်စင်နယ်မြေသို့ဖြတ်ကျော်ခြင်းသည် ဟုန်မိန်ခရမ်းရောင်ချီ ကိုအသုံးပြုခြင်းထက် အဆများစွာပိုမိုခက်ခဲသည်။ ထို့ကြောင့် ထိပ်တန်းအင်အားစုများမှ ကျင့်ကြံသူအများစုသည် သူတော်စင်ကမ္ဘာသို့တိုက်ရိုက်တက်လှမ်းမည့်အစား ဟုန်မိန်ခရမ်းရောင်ချီကို ရယူရန်သာ ရည်ရွယ်ထားကြ၏။
ထိပ်တန်းအင်အားစုများထဲတွင် ထိုနေရာမှလွတ်မြောက်ပြီး သူတော်စင်ကမ္ဘာတွင် အောင်မြင်မှုရခဲ့သော အကြီးအကဲများလည်းရှိသည်။ လူပြိန်းစကားအရ ၎င်းတို့သည် ပန်ကုစကြာဝဠာတွင်ကျောထောက်နောက်ခံရှိသောကြောင့် အခိုင်အမာရပ်တည်နိုင်ပြီး အရင်းအမြစ်များရယူကာ သူတော်စင်ကမ္ဘာ၏စစ်မြေပြင်အတွက် အမြောက်စာများမွေးထုတ်ပေးနိုင်သည်။
ပန်ကုစကြဝဠာသို့ရောက်ရှိရန် အရင်းအမြစ်များကိုကန့်သတ်ထားခြင်းကြောင့်မဟုတ်ပါက ၎င်းတို့ကိုအသုံးချပြီးဖြစ်လိမ့်မည်။ ၎င်းတို့ရွေးချယ်ခံရပြီးချိန်မှစ၍ ကံကြမ္မာကို ရှောင်လွှဲမရနိုင်တော့ချေ။ သူတော်စင်ကမ္ဘာ၏ လျှို့ဝှက်ဆန်းကြယ်သောအလွှာက ၎င်းတို့ရှေ့တွင် တဖြည်းဖြည်းဖွင့်လှစ်ခြင်းခံလိုက်ရလေပြီ။
ထိုကျင့်ကြံသူများထဲမှတစ်ယောက်က အဆောင်ကို တိတ်တဆိတ် ချိုးဖျက်လိုက်ရာ ထိုနေရာမှပျောက်ကွယ်သွားသည်။ အာဏာရှင်က ချက်ချင်းသတိပြုမိပြီး ရှာဖွေသော်လည်း
သူမည်မျှပင် ခက်ခက်ခဲခဲရှာဖွေနေပါစေ ထိုလူသည် လုံးဝသဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ လေဟာနယ်အတွင်းမှ အချိန်နေရာလွတ်စွမ်းအား စွမ်းအားအနှစ်သာရအနည်းငယ်ကိုသာ တွေ့ရှိနိုင်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်၊ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီခေတ်မှာ အမျိုးမျိုးသော အရာတွေထွက်လာတာပဲ" ဟု အာဏာရှင်ကရေရွတ်ပြီးနောက် အခြားအဆောင်များကို ဖျက်ဆီးပစ်လိုက်ပြီး ကျန်ရှိနေသည့်သူများကို ခေါ်ဆောင်သွားသည်။
ဤအတောအတွင်း ရီမိသားစုတွင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော အချိန်နေရာလွတ်ချပ်ပြားကသည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ နောက်အခိုက်အတန့်တွင် ခရစ်စတယ်အရိပ်ကြေးမုံမှ ရုပ်ပုံတစ်ခုပေါ်လာကာ ရီဖန်ရှိရာဆီသို့ အလျင်အမြန် ဦးတည်သွားခဲ့သည်။
………..
အခန်း ၄၂၅ - ရွှမ်ယွမ်စကြဝဠာ၊ အထက်ပိုင်းနယ်မြေတိုက်ပွဲ
"မျိုးနွယ်စုခေါင်းဆောင်၊ ထိပ်တန်းဂိုဏ်းတွေရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီ”
ရီကျင်းဟိုင်သည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့မျက်နှာကရွှင်မြူးတက်ကြွနေ၏။ ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရီကျင်းဟိုင်သည်လည်း သာမန်ဆဋ္ဌမမျိုးဆက် မိသားစုဝင်တစ်ဦးဖြစ်ကာ၊ သူ၏အကြီးမားဆုံး ဝါသနာမှာ သရုပ်ဆောင်ခြင်းဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် သာမန်ကျင့်ကြံသူတစ်ဦးအဖြစ်ဟန်ဆောင်ကာ ထိပ်တန်းဂိုဏ်းပေါင်းများစွာထဲသို့ အောင်မြင်စွာ စိမ့်ဝင်နိုင်ခဲ့သည်။ ၎င်းက ရီမိသားစုအတွက် လိုအပ်သော အရာမဟုတ်ဘဲ သူ၏ကိုယ်ပိုင်ဝါသနာ သက်သက်သာဖြစ်သည်။ သူ့ကိုယ်သူရုပ်ဖျောက်ထားသည့်ကာလအတွင်း သူသည် ၀မ်ရှန်းဂိုဏ်း၏ ကျင့်ကြံရေးကိုယ်စားလှယ်လောင်းများထဲမှ တစ်ဦးဖြစ်လာခဲ့၏။
ရီကျင်းဟိုင်သည် သူတော်စင်ကမ္ဘာသို့ဝင်ရောက်ပြီးမှသာ ထိုလျှို့ဝှက်ချက်များကို သိရှိလာရခြင်းဖြစ်သည်။ စစ်အာဏာရှင်သူတော်စင်ထံမှ သူလိုချင်သော အချက်အလက်ကို ရရှိပြီးနောက် အချိန်ဆွဲမနေဘဲ ရီမိသားစုဝင်တိုင်း၏ နောက်ဆုံးအသက်လမ်းကြောင်းဖြစ်သည့် အချိန်နေရာလွတ်ပြားအဆောင်ကို ဖျက်ဆီးပစ်လိုက်သည်။
ရီမိသားစု၏ စဉ်ဆက်မပြတ်ကြီးထွားလာမှုနှင့်အတူ လက်ရှိအချိန်နေရာလွတ်ချပ်ပြားသည် အင်မော်တယ်ဧကရာဇ်များကိုပင် ရှောင်ရှားစေနိုင်သည့် နေရာပို့ဆောင်ရေးအခင်းအကျင်းတစ်ခုမဟုတ်တော့ချေ။ ယခုအခါတွင် ၎င်းသည် စကြဝဠာတစ်ခွင်သို့ တိုက်ရိုက်ပို့ဆောင်နိုင်ပြီဖြစ်သည်။
ရီဖန်သည် ရီကျင်းဟိုင်၏ တင်ပြချက်ကိုကြားပြီးနောက် အံ့သြသွားသည်။ ပန်ကုစကြာဝဠာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လွဲချော်နေသည်ဟု သူခံစားခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ပန်ကုစကြာဝဠာသည် မပြီးမြောက်သေးသည့် အရာတစ်ခုဖြစ်နေမည်ဟု သူမမျှော်လင့်ထားပေ။ ထို့အပြင် ၎င်းသူတော်စင်ကမ္ဘာသည်လည်း ရိုးရှင်းသည့် အရာမဟုတ်မှန်းသိသာသည်။
အစောပိုင်းက ရီဖန်သည် သူတော်စင်နယ်မြေ စွမ်းအားဖြင့် ပန်ကုစကြဝဠာကို အုပ်စိုးနိုင်မည်ဟု ထင်ထားသော်လည်း ယခုအခါတွင် ၎င်းက လွယ်ကူမည့်ပုံမပေါ်တော့ချေ။ ၎င်းသးတော်စင်ကမ္ဘာမှ သာမန်သူတော်စင်နယ်မြေစွမ်းအားရှင်များ ပုံမှန်းအတိုင်းထွက်ပေါ်လာသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ထဲမှအရေအတွက် မနည်းမည်မှာသေချာသည်။ ထိုအထဲတွင် ဒဏ္ဍာရီလာ မဟာသူတော်စင်များပင် ရှိကောင်းရှိနိုင်သည်။
သူ့အနေဖြင့် အချိန်အတော်ကြာအောင် သိုသိပ်စွာနေထိုင်ရဦးမည့်ပုံပေါ်သည်။ သူသည် ပန်ကုစကြဝဠာတွင် သိူသိပ်စွာနေထိုင်ရန်လိုအပ်သော်လည်း
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင်တော့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသေးသည်။ ရီမိသားစု၏ အဓိကဖွံ့ဖြိုးတိုးတက်ရေးဦးတည်ရာသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ဆီသို့ ကာလအတန်ကြာ ကူးပြောင်းလာခဲ့သည်။
…
တစ်ဖက်တွင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူတော်စင်ကမ္ဘာမှ စစ်အာဏာရှင်သူတော်စင်ထံမှ သတင်းတချို့ကြားလိုက်ရ၏။ ၎င်းတို့ထဲတွင် အခြားဂိုဏ်းခွဲများမှ သူလျှိုများလည်းရှိနေသည်။ ထိပ်တန်းဂိုဏ်းများအတွက် ၎င်းက သတင်းကောင်းမဟုတ်ချေ။
ယခုလက်ရှိအင်အားစုကြီးများထံတွင် အခြားသူများကိုဖိနှိပ်ထားရန်အတွက် သူတော်စင်စွမ်းအားရှင်များ နည်းပါးနေသေးသည်။ အကယ်၍ ဂိုဏ်းခွဲငယ်လေးများက လျှို့ဝှက်ချက်များကို ရှာတွေ့သွားပြီး ပုန်ကန်လာလျှင် အင်အားစုကြီးများအတွက် ကိုင်တွယ်ရန်ခက်ခဲသွားလိမ့်မည်။ ပန်ကုစကြဝဠာမှ ထွက်ခွာပြီးသော သူတော်စင်နယ်မြေ စွမ်းအားရှင်များကိုလည်း ပြန်ခေါ်နိုင်တော့မည်မဟုတ်ပေ။
"မဟုတ်ဘူး၊ ငါတို့ သူတို့ကို ရှာကိုရှာရမယ်”
သူလျှိုက မည်ကဲ့သို့လွတ်မြောက်သွားပြီး ပန်ကုစကြဝဠာသို့ ပြန်သွားနိုင်သည်ကို သူမသိသော်လည်း သူလျှိုထည့်သွင်းရဲသည့် အင်အားစုကိုတော့ သေချာပေါက်ရှာတွေ့မှရမည်။ ထိုသတင်းကိုရရှိပြီးနောက် ပထမဆုံးသံသယရှိသူမှာ ရီမိသားစုဖြစ်သည်။ သို့သော် သူ့ထံတွင် အထောက်အထားမရှိသဖြင့် ရီမိသားစုကို တိုက်ရိုက်မစုံစမ်းရဲချေ။
ဂိုဏ်းခွဲငယ်လေးများအနေဖြင့် ၀မ်ရှန်းဂိုဏ်းက ၎င်းတို့ကိုစုံစမ်းနေကြောင်းသိလျှင်ပင် ဘာမှပြောရဲမည်မဟုတ်သော်လည်း ၎င်းကရီမိသားစုဖြစ်နေလျှင် ရီဖန်က ၎င်းတို့အိမ်တံခါးကို လာခေါက်မည်မှာ သေချာသည်။
"တာအိုဘိုးဘေး၊ မင်းရဲ့တာအိုဂိုဏ်းကိုလည်း သေချာစုံစမ်းခိုင်းမှဖြစ်မယ်”
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အခြားသောအင်အားစုကြီးများကိုလည်း ဆက်သွယ်ခဲ့သည်။ ဤကိစ္စကို ၀မ်ရှန်းဂိုဏ်းတစ်ခုတည်းက ဆောင်ရွက်ရန်မဖြစ်နိုင်ပေ။
…
ထိုအချိန်တွင် ရီမိသားစုအတွင်း၌။ နယ်ပယ်တစ်သောင်းတံခါးအတွင်း မငြိမ်မသက်မှုများပေါ်လာကာ တည်နေရာအမှတ်တစ်ခုက ဖြည်းညှင်းစွာပေါ်ပေါက်လာသည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ရီဖန်ရရှိခဲ့သည့် ဆုလာဘ်များထဲတွင် နယ်မြေတစ်သောင်းတံခါးအတွက် တည်နေရာအသစ်တစ်ခု ရွေးချယ်ခွင့်လည်းပါရှိသည်။
သို့သော် နောက်ပိုင်းတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ ပြောင်းရွှေ့သွားသည့်အတွက် ရီဖန်က ၎င်းကိုများစွာဂရုမစိုက်ခဲ့ချေ။ နှစ်များစွာကြာပြီးနောက် ဤသို့ပေါ်လာမည်ဟု သူလည်းမမျှော်လင့်ထားခဲ့ပေ။ ဤတစ်ကြိမ်တွင် ရီဖန်၏အာရုံကို ဖမ်းစားနိုင်သော စကြာဝဠာတည်နေရာတစ်ခုပေါ်လာသည်။
ပင်ကိုပျက်ဆီးခြင်းကို စကြာဝဠာတစ်ခုအဖြစ် မယူဆနိုင်ဘဲ ပြန်တွေးကြည့်ပါက ရီဖန်သည်လည်း တခြားစကြာဝဠာများသိူ့ မရောက်ဖူးသေးချေ။
တည်နေရာအမှတ်ကိုဖွင့်ပြီးနောက် ရီဖန်သည် နယ်ပယ်တစ်သောင်းတံခါးထဲသို့ ဝင်သွားခဲ့သည်။
ဤတစ်ကြိမ်ပို့ဆောင်ခြင်းက များစွာပိုကြာမြင့်သည်။
နောက်ဆုံးတွင် ရီဖန်၏မျက်လုံးရှေ့မှမြင်ကွင်းက ပြောင်းလဲသွား၏။ နောက်အခိုက်အတန့်တွင် ရီဖန်သည် စကြာဝဠာအသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် ရီဖန်သည် ယခုသူရောက်ရှိနေသောအရပ်အကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။
ဤစကြဝဠာသည် ပန်ကုစကြာဝဠာနှင့်မတူဘဲ နယ်ပယ်အများအပြား ခွဲခြားခြင်းမရှိပုံရကာ ပြီးပြည့်စုံသော တိုက်ကြီးတစ်ခုအသွင်ဖြစ်သည်။ ထို့အပြင် လူသားမျိုးနွယ်မှဆင်းသက်လာသော ကျင့်ကြံသူများလည်းရှိသေး၏။ လူသားမျိုးနွယ်စကြဝဠာသည် ရီဖန်အတွက်
ပိုမိုကောင်းမွန်စွာပေါင်းစည်းနိုင်မည့် သတင်းကောင်းတစ်ခုဖြစ်သည်။
မကြာမီတွင် ရီဖန်သည် အနီးဆုံးမြို့ကိုရှာတွေ့သွားကာ ထိုထဲသို့ ဝင်ရောက်သွားသည်။ ထိုမြို့ရှိ အပြင်းထန်ဆုံး ကျင့်ကြံသူသည် ကောင်းကင်နယ်မြေအင်မော်တယ်နယ်မြေ၌သာ ရှိသေး၏။ ရီဖန်၏ နတ်အာရုံအောက်တွင် ၎င်းတို့သည် သူ့က်ု လုံးဝမတွေ့နိုင်ခဲ့ပေ။ မကြာမီတွင် ရီဖန်သည် ဤစကြဝဠာအကြောင်း အကြမ်းဖျင်းနားလည်သွားသည်။
ဤစကြာဝဠာကို ရွှမ်ယွမ်စကြဝဠာဟုခေါ်ကာ ကျင့်ကြံသူများသည် ပန်ကုစကြဝဠာကဲ့သို့ အင်မော်တယ်တာအိုကို ကျင့်ကြံကြသည်။ တစ်ခုတည်းသောခြားနားချက်မှာ ဤစကြဝဠာသည် ပြီးပြည့်စုံပြီးသောအရာတစ်ခု ဖြစ်ပုံရသည်။ ထိုနေရာတွင် ငယ်ရွယ်စဉ်ကတည်းက စတင်ကျင့်ကြံနိုင်ကာ ဟုန်မိန်ခရမ်းရောင်ချီကိုမလိုအပ်ဘဲ သူတော်စင်နယ်မြေအထိ ကျင့်ကြံနိုင်သည်။
သို့သော် သူတော်စင်နယ်မြေကျင့်ကြံရန်အတွက် ပါရမီနှင့် အရင်းအမြစ်များကို မရှိမဖြစ်လိုအပ်နေသေးသည်။ ရွှမ်ယွမ်စကြဝဠာတွင် သူတော်စင်နယ်မြေစွမ်းအားရှင်များသည် အလွန်ရှားပါးဆဲဖြစ်၏။ ရွှမ်ယွမ်စကြဝဠာရှိ သူတော်စင်နယ်မြေစွမ်းအားရှင်အရေအတွက်မှာ အလွန်ရှားပါးသော်လည်း၊ အပေါ်ယံကြည့်ရသလောက် တစ်ရာထက်မနည်းပေ။
ထိပ်တန်းအင်အားစုကြီးများတွင် သူတော်စင်နယ်မြေစွမ်းအားရှင် နှစ်ဦး သုံးဦးအထိရှိတတ်သည်။ အကယ်၍ လူတစ်ဦးသည် ဤကမ္ဘာကြီးအကြောင်း အပြည့်အဝနားလည်လိုပါက ထိုထိပ်တန်းအင်အားစုများနှင့် ပူးပေါင်းခြင်းက ကောင်းမွန်သောလမ်းကြောင်းတစ်ခုဖြစ်လိမ့်မည်။
ရီဖန်ရရှိသော အချက်အလက်များအရ ဤဂိုဏ်းများသည် သန်မာသောကျင့်ကြံသူများ၏ ပူးပေါင်းဝင်ရောက်မှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။
………
အခန်း ၄၂၆ - ရွှမ်ယွမ်စကြဝဠာ၊ အထက်ပိုင်းနယ်မြေတိုက်ပွဲ
ကျင့်ကြံသူများအနေဖြင့် ထိပ်တန်းဂိုဏ်းများနှင့်ပူးပေါင်းပါက အထက်ပိုင်းနယ်မြေတိုက်ပွဲတွင်ပါဝင်ရန် အရည်အချင်းပြည့်မီလိမ့်မည်။ အထက်ကမ္ဘာသည် ရွှမ်ယွမ်စကြဝဠာထက် ပိုအဆင့်အတန်းမြင့်သောနေရာတွင်ရှိသည်။ ထိုနေရာတွင် အကန့်အသတ်မရှိသော အရင်းအမြစ်များနှင့်အတူ ကျင့်ကြံရေးအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုရှိသည်။
စကြဝဠာတစ်ခု၏အရင်းအမြစ်များသည် အကန့်အသတ်ရှိသောကြောင့် ၎င်းကိုသုံးစွဲနိုင်သော စွမ်းအားရှင်အရေအတွက်သည်လည်း အကန့်အသတ်ရှိသည်။ သို့သော် အထက်ပိုင်းနယ်မြေသည် ထိပ်တန်းစွမ်းအားရှင်အားလုံးက ယှဉ်ပြိုင်နေသည့် နယ်မြေဖြစ်၏။ သို့သော်လည်း အိမ်တွင်းတိုက်ပွဲများထက် အခြားစကြာဝဠာများမှ ရန်သူများပိုများသည်။
ရီဖန်သည် ၀မ်ရှန်းဂိုဏ်းမှရခဲ့သော သူတော်စင်ကမ္ဘာနှင့်ပတ်သက်သည့် အချက်အလက်များကို ရုတ်တရက် သတိရသွားသည်။ ဤအထက်ကမ္ဘာသည် သူတော်စင်ကမ္ဘာနှင့် တူညီနိုင်၏။
…
"ရီရှောက်ဖန်၊ နှောင်းပိုင်းအဆင့် သူတော်စင်တစ်ပိုင်းကျင့်ကြံသူက ဝမ်ဟိုင်သူတော်စင်ဂိုဏ်းထဲ ဝင်ရောက်လိုတာ သေချာပြီလား"
လူသစ်စုဆောင်းရေးတာဝန်ခံဖြစ်သော သူတော်စင်တစ်ပိုင်းတစ်ဦးက ရီရှောက်ဖန်ထံတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း သေချာစေအောင် မေးလိုက်သည်။
"သူတော်စင်" အမည်ရှိ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းသည် သဘာဝအားဖြင့် ရွှမ်ယွမ်စကြာဝဠာရှိ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်ကာ ၎င်းတို့၏အဆင့်အတွက် ဂုဏ်မောက်နေသော သူတော်စင်များစွာရှိသည်။
"ငါ အထက်နယ်မြေကိုသွားချင်တယ်"
ရီရှောက်ဖန်၏ စကားကိုကြားသောအခါ ဝမ်ဟိုင်းသူတော်စင်ဂိုဏ်း၏ သူတော်စင်တစ်ပိုင်း မျက်နှာပေါ်တွင် လျှို့ဝှက်သောအပြုံးတစ်ခု ပေါ်လာသည်။ ၎င်းကရီရှောက်ဖန်သည် ရယ်စရာတစ်ခုပြောသကဲ့သို့သာ သဘောထားသည်။
သို့သော် သူတော်စင်တစ်ပိုင်းက ငြင်းပယ်ခြင်း မပြုခဲ့ပေ။ ၎င်းအစား သူသည် တိုကင်တစ်ခုတွင် ရီရှောက်ဖန်၏အချက်အလက်ကို မှတ်တမ်းတင်ပြီးနောက် ရီရှောက်ဖန်အား ၎င်း၏ဝိညာဉ်ရောင်ဝါကို ထိုအပေါ်တွင်သိမ်းဆည်းထားစေခဲ့သည်။ အရာအားလုံးပြီးသည်နှင့် ရီရှောက်ဖန်ကို ၀မ်ဟိုင်သူတော်စင်ဂိုဏ်းအတွင်း ခေါ်ဆောင်သွားခဲ့၏။
၎င်းတို့ရှေ့တွင် မှောင်မိုက်နေသော နေရာကူးပြောင်းရေးတံခါးပေါက်တစ်ခုပေါ်လာသည်။ ရီရှောက်ဖန်အပြင် အခြားကျင့်ကြံသူ အများအပြားသည်လည်း အထက်နယ်မြေသို့သွားရန် ထိုနေရာသို့ ဝင်ရောက်လာကြသည်။ ရီရှောက်ဖန်၏ အထောက်အထားကို စစ်ဆေးပြီးနောက် အစောင့်သည် အချိန်မဆွဲထားဘဲ ၎င်းမှတစ်ဆင့်ဆက်သွားရန် အချက်ပြခဲ့သည်။
နေရာလွတ်ကို ပြင်းထန်စွာပျက်ပြယ်သွားပြီးနောက် ရီရှောက်ဖန်သည် နောက်ဆုံးတွင် သူအလွန်သိချင်နေခဲ့သော အထက်နယ်မြေဆီသို့ ရောက်ရှိသွားသည်။ အဆုံးမဲ့အကွာအဝေးတစ်နေရာရှိ ရီမိသားစုအတွင်းတွင် ရီဖန်သည် သူ၏ကိုယ်ပွါးဖြစ်သူ ရီရှောက်ဖန်၏မျက်လုံးဖြင့် ၎င်းနယ်မြေကို စောင့်ကြည့်နေခဲ့သည်။
ပထမတစ်ချက်မျှကြည့်ရုံဖြင့် ဤအထက်ပိုင်းနယ်မြေသည် မည်သည့်ဘဝသက်မှမရှိဘဲ ကြီးမားသော အပျက်အစီးတစ်ခုနှင့်တူသည်။ ထိုနေရာတွင် အပျက်အစီးများမှလွဲ၍ တစ်ကိုယ်တည်းကျင့်ကြံသူများသာ ရှိသည်။
"လူသစ်တွေအားလုံးအတွက် အထက်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ပြောပြမယ်။ မဟုတ်ရင် မင်းတို့ ဘယ်လိုသေသွားမှန်းမသိ သေသွားရင် ရှက်စရာကြီး"
အထက်ကမ္ဘာသည် အလွန်ကျယ်ပြောလှ၏။ ထို့ကြောင့် အားလုံးကိုစူးစမ်းရှာဖွေနိုင်ခြင်း မရှိသေးပေ။ အန္တရာယ်များ၊ ထောင်ချောက်များ၊ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါမျိုးစုံသည် ၎င်းတို့ရှာဖွေနေချိန်အတွင်း မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်၏။ နယ်မြေတိုင်းကို အောင်မြင်စွာ စူးစမ်းလေ့လာနိုင်ရန်အတွက် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အသက်ကို စတေးရဦးမည်ဖြစ်သည်။
တာအိုဘိုးဘေးအဆင့်ရှိကျင့်ကြံသူများဆိုလျှင် လျင်မြန်စွာ ဖယ်ရှားခံခဲ့ရ၏။ သို့သော် သူတော်စင်တစ်ပိုင်းများကို ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းနယ်မြေရှိ ၎င်းတို့ကာကွယ်ရမည့်နေရာသို့ တိုက်ရိုက်ခေါ်ဆောင်သွားကာ အခြားစကြာဝဠာမှ ကျင့်ကြံသူများနှင့် အင်အားစုများ၏တိုက်ခိုက်မှုများကို ကာကွယ်ခိုင်းမည်ဖြစ်သည်။
"ငါတို့နဲ့ အနီးဆုံးအင်အားစုက ခပဲ။ မင်းတို့ အဲက သူတော်စင်တစ်ပိုင်းတွေရဲ့ တိုက်ခိုက်တာခံရရင် မင်းတို့တတ်စွမ်းသမျှ ပြန်တိုက်ရမယ်။ ဒါပေမယ့် သူတော်စင်တွေနဲ့ ရင်ဆိုင်ရရင်တော့ မင်းတို့ကံဆိုးတာပဲပေါ့"
“အနှစ်တစ်ရာတိုင်းမှာ နယ်မြေကိုကာကွယ်ဖို့တာဝန်အတွက် ပံ့ပိုးကူညီမှုအမှတ်တစ်ရာရမယ်”
"အဲတာတွေရပြီးရင် အရင်းအမြစ်တွေနဲ့ ပံ့ပိုးကူညီမှုအမှတ်တွေကို တတ်နိုင်သမျှ မြန်မြန် လဲကြပေတော့။ မဟုတ်ရင် နောက်တစ်ကြိမ် သုံးဖို့အသက်တောင် ရှိမှာမဟုတ်ဘူး"
"မင်းတို့ နည်းနည်းကံကောင်းပြီး သူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်ဖို့မျှော်လင့်ပါတယ်"
…
ထိုသူတော်စင်သည် သူတော်စင်တစ်ပိုင်းများ၏ တုံ့ပြန်မှုကိုဂရုမစိုက်ဘဲ ထိုမျှသာပြောသွားသည်။ သူတော်စင်တစ်ပိုင်းအများစုသည် သူတော်စင်၏ဖော်ပြချက်ကိုကြားပြီးနောက် ငြိမ်သက်သွားကာ အနည်းငယ်မျှကသာ ထိတ်လန့်နေပုံရသည်။ ၎င်းတို့က ထိုနေရာသည် ဤမျှအန္တရာယ်ရှိမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
သို့သော်လည်း ထွက်သွားချင်သည်ဟု မည်သူမျှ မပြောရဲကြ။ ဤနေရာသို့မဝင်ရောက်မီ ၎င်းတို့အားလုံး ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။ အနှစ်တစ်ထောင်မပြည့်မချင်း အထက်နယ်မြေမှ ထွက်ခွာခွင့်မရှိပေ။
၎င်းတို့၏သူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့် ထွက်ပြေးရန်ကြိုးစားခဲ့ပါက အသက်ရှင်သန်နိုင်မည့် နည်းလမ်းမရှိချေ။ ဤနယ်မြေရိုင်းထဲတွင် မရေမတွက်နိုင်သော သူတော်စင်များသို့မဟုတ် သူတော်စင်တစ်ပိုင်းများကို မြှုပ်နှံထားခဲ့သည်။
ရီရှောက်ဖန်သည် သူပထမဆုံးရောက်လာစဉ်က တာဝန်ခံထံတွင် အဘယ်ကြောင့် ထိုကဲ့သို့ထူးဆန်းသောအမူအရာရှိနေမှန်း နားလည်သွားသည်။ ၎င်းတို့က အန္တရာယ်ကိုမသိဘဲ ထိုနေရာသို့လာရောက်ရန် လှည့်စားခြင်းခံလိုက်ရသည်ဟု ဆိုနိုင်သည်။
ရီဖန်က ၎င်းရလဒ်ကို မအံ့သြချေ၊ ကိုယ့်ဘက်က မည်သည့်အရာမျှမပေးဘဲ အကျိုးကျေးဇူးများရရှိနိုင်မည့် ကောင်းမွန်သောကိစ္စရပ်မျိုးမရှိနိုင်ပေ။
"ရီရှောက်ဖန်၊ မင်းကို အမှတ်၆၀၀ မိုင်းတွင်းမှာ တာဝန်ပေးတယ်"
၎င်းကိုကြားသောအခါ ထိုနေရာနှင့်ပတ်သက်သည့် ဗဟုသုတအချို့ရှိသော သူတော်စင်တစ်ပိုင်းအနည်းငယ်က ရီရှောက်ဖန်ကို သနားသောမျက်လုံးဖြင့် ချက်ချင်းကြည့်ကြသည်။
နောက်ကျင့်ကြံသူ၏အလှည့်ရောက်သောအခါ ၎င်းသည်သူ၏ သိူလှောင်လက်စွပ်ကို လျင်မြန်စွာပေးလိုက်သည်။ ခွဲဝေမှုအတွက် တာဝန်ရှိသော သူတော်စင်နယ်မြေစွမ်းအားရှင်ကလဲ သူ့လက်ထဲမှလက်စွပ်ကို ကျေနပ်စွာကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ဟန်တုန်း သူတော်စင်တစ်ပိုင်း၊ မင်းက အမှတ်၂၁၀ အင်မော်တယ်သစ်တောမှာ တာဝန်ကျတယ်"
ဟန်တုန်းသူတော်စင်တစ်ပိုင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ အရေအတွက်ပိုကြီးလေ အစွန်းနှင့်နီးကပ်လေဖြစ်ကာ တိုက်ခိုက်မှုဖြစ်နိုင်ချေ ပိုများလေဖြစ်သည်။ အတွင်းဘက်တွင်သာ ဘေးကင်းနိုင်ချေအလွန်များကာ သူတော်စင်နယ်မြေကို ဖြတ်ကျော်သည်အထိ အသက်ရှင်ရန် အခွင့်အလမ်းရှိပေလိမ့်မည်။
စည်းမျဥ်းများကို နားမလည်သော အခြားသူတော်စင်တစ်ပိုင်းများသည်လည်း ကောင်းမွန်သော နေရာရရှိရန်မျှော်လင့်ကာ ထိုအတိုင်းလိုက်နာလာကြသည်။ ရီရှောက်ဖန်ကဲ့သို့ ချမှန်ခံရပြီးဖြစ်သောသူများသည် နောင်တတရားနှင့် ပြည့်နှက်နေကြ၏။ ပြင်ဆင်ရန် နောက်ကျသွားလေပြီ။
အစီအစဉ်မချသေးမီ သူတော်စင်များက အနည်းငယ်ခြယ်လှယ်နိုင်သေးသော်လည်း စီစဉ်ပြီးသည်နှင့် ၎င်းကိုပြောင်းလဲရန်သင့်တော်တော့မည်မဟုတ်ပေ။ ၀မ်ရှန်းဂိုဏ်းတွင် သူတော်စင်တစ်ဦးတည်းသာ ရှိနေခြင်းမျိုးမဟုတ်။
ရီရှောက်ဖန်က မည်သို့မျှတုန့်ပြန်ခြင်းမရှိ။ သူဤတစ်ကြိမ်လာရောက်ခဲ့ခြင်းမှာ အချက်အခက်များ စုဆောင်းရန်သာဖြစ်သည်။ အမှန်တကယ် အန္တရာယ်ရှိလာလျှင်လည်း သူ့ထံတွင် အချိန်နေရာလွတ်ပြားရှိပါသေး၏။
သူသည် ပြဿနာတက်သည်ကို ရပ်ကြည့်နေပြီး လွတ်မြောက်ရန်မကြိုးစားဘဲနေလိမ့်မည်မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်း ရီရှောက်ဖန်သည် အမှတ်၆၀၀ မိုင်းတွင်း၌ ဆယ်နှစ်ကြာသွားလေပြီ။ အခြားသူတော်စင်တစ်ပိုင်းတို့သည် ဤဆယ်နှစ်တာကာလအတွင်း ဘာမှမဖြစ်သည့်အတွက် အလွန်စိတ်သက်သာရာရခဲ့ကြသည်။ နောက်ထပ် အနှစ်ကိုးဆယ်ကြာအောင် ထိန်းထားနိုင်သရွေ့ ၎င်းတို့၏နေရာရွေ့ပြောင်းနိုင်မည်ဖြစ်ကာ အစွန်အဖျားတွင်ရှိနေရန်မလိူတော့ချေ။
ယခင်ထုံးစံများအရ အန္တရာယ်ရှိသောအလုပ်တစ်ခုကို တစ်ကြိမ်လုပ်ပြီးနောက် နောက်တစ်ခေါက်တွင် ပိုမိုလုံခြုံသောနေရာတစ်ခုသို့ တာဝန်ပေးအပ်ခံရလိမ့်မည်။ အမြဲတမ်းအန္တရာယ်ရှိသည့် အလုပ်များကိုသာချမှတ်နေပါက ၀မ်ရှန်းဂိုဏ်းအတွက်လည်း အလွန်ကောင်းလိမ့်မည်မဟုတ်ပေ။
ဤမျှကြီးမားသောနယ်မြေအတွက် ၀မ်ရှန်းဂိုဏ်းမှကျင့်ကြံသူများကိုသာ မှီခိုအားထားရုံဖြင့် မလုံလောက်ဘဲ ၎င်းတို့ကိုစောင့်ရှောက်ရန် အခြားသောကျင့်ကြံသူများကိုလည်း စုဆောင်းရန်လိုသည်။ ထို့ကြောင့် အနည်းဆုံး ထိုကျင့်ကြံသူများကို မျှော်လင့်ချက်ပေးရမည်။ ၎င်းအတွက် နှစ်ထောင်ချီကြာပြီးတိုင်း သူတော်စင်နယ်မြေစွမ်းအားရှင်တစ်ဦး မွေးထုတ်ပေးခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသို့ဖြင့် အထက်နယ်မြေတွင် ကျင့်ကြံသူအသစ်များကို စဉ်ဆက်မပြတ်ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ထို့အပြင် ၀မ်ရှန်းဂိုဏ်း၏စွမ်းအားရှင်များအားလုံးသည် အလုံခြုံဆုံးနေရာများတွင် ရှိနေတတ်ကြ၏။ ၎င်းတို့က ဂိုဏ်းကြီးတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်ကာ အထက်ပိုင်းနယ်မြေကိုသိမ်းပိုက်နိုင်ခြင်းသည် အင်အားစုငယ်များ မရရှိနိုင်သောအောင်မြင်မှုတစ်ခုဖြစ်သည်။
အင်အားစုငယ်လေးများမှ သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များအနေဖြင့် လုံလောက်သော အရင်းအမြစ်များကိုရယူလိုလျှင် အဆိုပါ အင်အားစုကြီးများနှင့်သာ ပူးပေါင်းနိုင်ကာ အန္တရာယ်အရှိဆုံးအလုပ်များကို လုပ်ဆောင်ပြီးနောက် အကျိုးအမြတ်အနည်းဆုံး ရရှိနိုင်သည်။
ရုတ်တရက်ဆိုသလို အမှတ်၆၀၀ မိုင်းတွင်းအပေါ်သို့ ကောင်းကင်မှအလင်းတန်းများ ကျရောက်လာသည်။
"ရန်သူတွေလာတိုက်ကြပြီ”
ကာကွယ်ရေးအတွက်တာဝန်ရှိသည့် သူတော်စင်တစ်ပိုင်းက ချက်ချင်းတုံ့ပြန်လိုက်ကာ ရန်သူကိုတားဆီးရန်အတွက် ကောင်းကင်သို့ ပျံသန်းသွားသည်။ ကောင်းကင်ယံတိုက်ခိုက်မှုကို အချိန်တိုအတွင်း တားဆီးနိုင်ခဲ့သော်လည်း အင်မော်တယ်ဧကရာဇ်နှင့် တာအိုဘိုးဘေးများနယ်မြေရှိ လုပ်သားအများအပြားသေဆုံးဒဏ်ရာရရှိသွားသည်။
သို့သော် ၎င်းတို့နှင့်ပက်သက်၍ သူတော်စင်တစ်ပိုင်းများက တုံ့ပြန်မှုလုံးဝမရှိခဲ့ပေ။ အရင်းအမြစ်များကိုရှာရန် ဤနေရာသို့ ရောက်ရှိလာသောကြောင့် အကျိုးဆက်များကိုလည်း ခံနိုင်ရည်ရှိသင့်သည်။
တာအိုဘိုးဘေးနယ်မြေရှိ စွမ်းအားရှင်တစ်ဦးသည် ဤနေရာတွင် နှစ်ပေါင်းတစ်သောင်းကြာနေနိုင်သရွေ့ ရရှိသောအရင်းအမြစ်များဖြင့် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်ရန် လုံလောက်မည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အောင်မြင်မှုရရှိသည်အထိ စောင့်ရန်အခွင့်အရေးမရှိပေ။ မည်သည့်အချိန်တွင် ကျရောက်လာမည်မှန်းမသိသော တိုက်ခိုက်မှုများအောက်တွင် သေဆုံးသွားကြလေပြီ။
သို့သော် ထိုတာအိုဘိုးဘေးများအနေဖြင့် အထက်တန်းနယ်မြေသို့ သွားရောက်ခြင်းကို မရပ်တန့်နိုင်သေးပေ။ အနည်းဆုံး အထက်နယ်မြေတွင် ၎င်းတို့အဆင့်တက်လှမ်းအောင်မြင်မှုကို မျှော်လင့်နိုင်သေးသည်။ ရွှမ်ယွမ်စကြဝဠာတွင်မူ ထိုသို့မဖြတ်ကျော်နိုင်ဘဲ ၎င်းတို့၏တာအိုနှလုံးသားပြိုလဲသွားသည်အထိ စောင့်ဆိုင်းနေရုံသာတတ်နိုင်သည်။
"ဒါက သူတော်စင်အဖွဲ့အစည်း ကပဲ"
သူတော်စင်တစ်ပိုင်းသည် တိုက်ခိုက်လာသူ၏အထောက်အထားကို လျင်မြန်စွာသိရှိလိုက်ကာ ချက်ခြင်းသတိပေးသည်။ ၎င်းတို့အားလုံးက အင်မော်တယ်တာအိုကို ကျင့်ကြံကြသော်လည်း ကွဲပြားမှုအချို့ရှိသေးသည်။ အထက်နယ်မြေ၌ကာလကြာရှည်စွာနေခဲ့သော သူတော်စင်တစ်ပိုင်းတို့သည် ၎င်းကိုအလွယ်တကူ ခွဲခြားနိုင်ကြ၏။
သို့သော် နောက်အခိုက်အတန့်တွင် နတ်လက်နက်တစ်ခုက သူတော်စင်တစ်ပိုင်း၏ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော နတ်လက်နက်ကို ထုတ်ချင်းထိုးဖောက်သွားသည်။ ဤသို့ဖြင့် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်တစ်ဦး ကျဆုံးသွား၏။
သူတော်စင်အချို့၏မျက်နှာများမှာ ချက်ချင်းပင် အကျည်းတန်သွားသည်။
"သွားပြီ။ ဒီတစ်ခါတော့ သူတော်စင်အစည်းအရုံးက သူတော်စင်တစ်ပိုင်းကို စေလွှတ်လိုက်တာပဲ"
……….