← Chapters

အခန်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အခန်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အခန်း ၄၂၇ - ဝမ်ဟိုင်အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ခြင်း

၎င်းတို့အတွက် သာမာန်သူတော်စင်တစ်ပိုင်းများနှင့် သူတော်စင်အကူ စွမ်းအားရှင်များသည် အနှိုင်းမဲ့ဖြစ်တည်မှုများဖြစ်ကြသည်။ ယခင်က မိုင်းတွင်းများကို သိမ်းပိုက်သည့်အခါမျိုးတွင် များသောအားဖြင့် သူတော်စင်တစ်ပိုင်းများကသာ တိုက်ပွဲဝင်ကြပြီး၊ သူတော်စင်အကူများ ဝင်ရောက်စွက်ဖက်သည်မှာ ရှားပါသည်။

သူတော်စင်အဖွဲ့အစည်း သည်လည်း ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းတွင် ကြောက်မက်ဖွယ် သူတော်စင်အကူများရှိသောကြောင့် ၎င်းတို့ကိုစေလွှတ်ရန် နှစ်ကြိမ်မျှ စဉ်းစားခဲ့ရသည်။ များသောအားဖြင့် သူတော်စင်အဖွဲ့အစည်း သည် ၎င်းတို့၏သူတော်စင်တစ်ပိုင်းများကို စေလွှတ်လျှင် သိသာထင်ရှားသောအချက်တစ်ချက်ရှိသည်။ သူတော်စင်အကူတစ်ဦးပါဝင်ခြင်းက ဝမ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ သူတော်စင်တစ်ပိုင်းများကို သေစေနိုင်လိမ့်မည်ပင်။

တစ်ဖက်တွင် ရီ‌ရှောက်ဖန်သည် သူတော်စင်တစ်ပိုင်းနှစ်ပါး၏ ဝိုင်းရံမှုကို အားမစိုက်ဘဲခုခံနေသည်။ စတင်တိုက်ခိုက်နေပြီဖြစ်သော သူတော်စင်အကူကိုကြည့်ရင်း ရီဖန်သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်တွင် သူ့အတွက်လည်း ရွေးချယ်စရာမရှိတော့ပုံရသည်။

သို့သော်လည်း ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်နိုင်ပါက ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်း၏ အတွင်းပိုင်းအလုပ်များထဲ စိမ့်ဝင်နိုင်မည့် ရွေးချယ်မှုကောင်းတစ်ခုဖြစ်လာလိမ့်မည်။

‘နတ်စွမ်းအား ဖိတ်ခေါ်ခြင်း’

အဆင့်မြင့်နတ်လက်နက်ဖြစ်သော အင်မော်တယ်သုတ်သင်ခြင်းဓား။ ရီဖန်သည် မူလအင်မော်တယ်သုတ်သင်ခြင်းဓားလေးလက်မှ အဆင့်မြှင့်ထားသော နတ်လက်နက်ကို အသုံးပြုခဲ့သည်။ ၎င်းက သူတော်စင်တစ်ပိုင်းနှင့် ရင်ဆိုင်ရန် လုံလောက်သည်ထက်ပိုပါသည်။

‘၀မ်ကျန်းလက်နက်တိုက်’

ရီဖန်သည် ဓားတစ်သောင်းဘိုးဘေး၏ ၀မ်ကျန်းလက်နက်တိုက်ကို မလေ့လာခဲ့သော်လည်း၊ သူ၏ကိုယ်ပွားများသည် ၎င်းတို့၏နည်းလမ်းစနစ်များ ကြွယ်ဝစေရန်အတွက် ထိုသူတော်စင်ကျမ်းစာ များစွာသင်ယူခဲ့သည်။

၎င်းက ဓားချီကို အင်မော်တယ်သုတ်သင်ခြင်းဓားပေါ်သို့ ပေါင်းစည်းလိုက်ပြီးနောက် သူတော်စင်အကူကို တိုက်ခိုက်လိုက်သည်။ အနောက်ဘက်မှ အားပြင်းသောချီစွမ်းအားချဉ်းကပ်မှုကို ခံစားလိုက်ရသော သူတော်စင်မဟာမိတ်အစည်းအရုံးမှ သူတော်စင်အကူသည် သူတော်စင်တစ်ပိုင်းများထံမှ ရီဖန်၏တိုက်ခိုက်မှုဆီသို့ အာရုံစိုက်လိုက်သည်။

ထိုတစ်ချက်တည်းနှင့် သူတော်စင်အကူသည် သူ့ခန္ဓာကိုယ်ပြိုလဲတော့မည်ဟု ခံစားလိုက်ရသောကြောင့် ရီ‌ရှောက်ဖန်ကိုသတိထားစောင့်ကြည့်နေသည်။ သူ၏ထောက်လှမ်းရေးအရ ဤနေရာတွင် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ စွမ်းအားအရှိဆုံးမှာ သူတော်စင်တစ်ပိုင်းများသာဖြစ်ကာ၊ သူတော်စင်များမရှိသေးပေ။ သို့သော် ယခုတိုက်ခိုက်မှုသည် အမှန်တကယ်ပင် သူတော်အဆင့်တွင် ရှိနေ၏။

ဤအခိုက်အတန့်တွင် သူတော်စင်အကူသည် သူတော်စင်အဖွဲ့အစည်း ၏ ထောက်လှမ်းရေးဌာနမှ သူတော်စင်ကို သတ်ပစ်ရန်ပင်ဆန္ဒရှိခဲ့သည်။ ၎င်းက သူတို့ရရှိထားသည့် အချက်အလက်တဲ့လား။

နေုက်ပြန်ဆုတ်သွားသော သူတော်စင်အကူကို မြင်လိုက်ရပြီးနောက် ဝမ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ သူတော်စင်တစ်ပိုင်းများစွာ၏ မျက်နှာများသည် အံ့အားသင့်သွားကြသည်။ သေလုမျောပါးဖြစ်ပြီးနောက် အသက်ရှင်နေရခြင်းက ဝမ်းသာစရာခံစားချက်တစ်ခုမဟုတ်လား။ ၎င်းတို့က အဆုံးသတ်တော့မည်ဟု ထင်ခဲ့ကြသော်လည်း ၎င်းတို့နှင့်နေ့နေ့ညညအတူရှိသည့် ရီ‌ရှောက်ဖန်က အလွန်အစွမ်းထက်နေသောကြောင့် ဘယ်လိုမှ မအံ့ဩဘဲမနေနိုင်ချေ။

၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ စစ်ကူများရောက်လာသည်အထိ ၎င်းတို့လုပ်ရမည့်အရာမှာ သူတော်စင်အကူကို ချုပ်နှောင်ထားကာ မလွတ်မြောက်စေရန်ဖြစ်သည်။ ရီ‌ရှောက်ဖန်သည် သူ၏တိုက်ခိုက်မှုများကို မရပ်တန့်ဘဲ သူ၏အင်မော်တယ်ဓားဖြင့် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ သူတော်စင်အဖွဲ့အစည်း မှ သူတော်စင်အကူသည် ယခုအခါ ခုခံကာကွယ်ရုံသာ တတ်နိုင်သည်။

သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာပိုများလာသည်ကို မြင်ရပြီးနောက် သူတော်စင်အကူကပြန်ဆုတ်ရန် စဉ်းစားလိုက်သည်။ မပြီးပြတ်ဘဲ နုတ်ထွက်ခြင်းအတွက် ပြစ်ဒဏ်နှင့်ရင်ဆိုင်ရသော်လည်း၊ အနည်းဆုံး ဤနေရာတွင် သေခြင်းထက်ပိုကောင်းလိမ့်မည်။ ကံမကောင်းစွာဖြင့် ရီ‌ရှောက်ဖန်က သူ့ကိုဆုတ်ခွါရန် အခွင့်အရေးမပေးခဲ့ပေ။

‘ဆယ့်ရှစ်ချောင်းဓား’ ၎င်းက ဓားတစ်သောင်းဘိုးဘေး ကောက်နုတ်ထားသည့် နောက်ဆုံးအသစ်စက်စက်ဖြစ်ကာ ယခုသူတော်စင်အဖွဲ့အစည်း မှ သူတော်စင်အကူအပေါ်တွင် အသုံးပြုခဲ့သည်။

ရီရှောက်ဖန်သည် ဓားရည်ရွယ်ချက်တွင် ပျက်ဆီးခြင်းစွမ်းအားကို ပေါင်းစည်းလိုက်သည်။ အချို့သော နည်းစနစ်များကိုအသုံးမပြုဘဲ သူသည် သူတော်စင်အကူကို သေချာပေါက်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းက ရီဖန်ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ကိုယ်ပွါးတစ်ခုသာဖြစ်၏။

လွတ်မြောက်ရန်ကြံရွယ်ထားသည့် သူတော်စင်အကူသည် နောက်ပြန်ဆုတ်ရန် မစဉ်းစားနိုင်ဘဲ ရီဖန်၏တိုက်ခိုက်မှုကို ခုခံရန် အာရုံစိုက်ခဲ့သည်။ သို့သော် ဓားချီသည် သူ၏အကာအကွယ်ကို ထိလိုက်သောအခါ တစ်ခုခု လွဲနေကြောင်း ချက်ချင်းသိလိုက်သည်။ သူ့အကာအကွယ်က မထင်မှတ်ဘဲ အရည်ပျော်ကျသွား၏။

၎င်းက ပျက်ဆီးခြင်းစွမ်းအား၏ သက်ရောက်မှုဖြစ်သည်။ ၎င်းသည် သူတော်စင်တစ်ဦးကို သိသိသာသာ ထိခိုက်စေနိုင်မည်မဟုတ်သော်လည်း သူတော်စင်အကူအတွက် ၎င်းက အလွန်တိကျသောတိုက်ခိုက်မှုတစ်ခုဖြစ်သည်။ သူတော်စင်အကူက တုံ့ပြန်ရန်အဆင်သင့်ဖြစ်နေချိန်တွင် အလွန်နောက်ကျသွားလေပြီ။

ဓားချီသည် သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရက်စက်စွာကျဆင်းလာပြီးနောက် ချက်ချင်းကွဲအက်သွားသည်။

၎င်းသည် တုံ့ပြန်ရန်အချိန်မရဘဲ သေဆုံးသွားခဲ့လေပြီ။

သူတော်စင်အကူကို ဖြေရှင်းနိုင်ပြီးနောက် ကျန်သူတော်စင်တစ်ပိုင်းများက ပြဿနာမရှိတာ့ပေ။ ဓားချီ၏တိုက်ခိုက်မှုအောက်တွင် ၎င်းတို့အားလုံး ကျဆုံးသွားကြ၏။

သေခြင်းတရားမှ ကပ်သီလေးလွတ်မြောက်လာသော သူတော်စင်တစ်ပိုင်းတို့သည် မြေပြင်ပေါ်ရှိ သက်မဲ့ရုပ်အလောင်းများကို ဆွံ့အစွာ စိုက်ကြည့်နေကြသည်။ ၎င်းတို့သည် ရှင်သန်ရန်မျှော်လင့်ချက်ကလေးသာရှိကာ ဝမ်ဟိုင်းအင်မော်တယ်ဂိုဏ်းအပေါ် မှီခိုရန်သာ စဉ်းစားထားကြသည်။ ယခုတွင် ၎င်းတို့သည် အသက်ရှင်ကျန်ရစ်ရုံသာမက တန်ပြန်တိုက်စစ်ကိုလည်း ထိန်းထားနိုင်ခဲ့သည်။

ကိစ္စတစ်ခုလုံးတွင် ရီ‌ရှောက်ဖန်က အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း၊ သူတို့သည် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့၏အသိအမှတ်ပြုမှုအတွက် ဆုကြေးကိုဖယ်ထုတ်လိမ့်မည် မဟုတ်တန်ရာ။

အခြေခံအားဖြင့် သူတို့သည် ပံ့ပိူးကူညီမှုကြီးတစ်ခုပေးခဲ့သည်ဟု ယူဆနိုင်သည်။

ထိုအချိန်တွင် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ်များက နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်းများစွာနှင့်အတူ အကူရောက်ရှိလာသည်။

"သူတော်စင်အဖွဲ့အစည်း က သူတော်စင်အကူ ဘယ်မှာလဲ"

စိတ်လှုပ်ရှားနေသော သူတော်စင်တစ်ပိုင်းများကို အံ့အားသင့်စွာကြည့်ရင်း ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းမှ ကျောက်နက်သူတော်စင်တစ်ပိုင်းက မေးသည်။

"မြေကြီးပေါ်မှာပါ”

သူတော်စင်တစ်ပိုင်းတစ်ယောက်က မြေပြင်ပေါ်ရှိ အလောင်းများကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။

"ငါ့မှာ မှတ်တမ်းရှိတယ်”

သူတော်စင်တစ်ပိုင်းများထဲမှတစ်ဦးသည် မကြာသေးမီက တိုက်ပွဲကိုပြသသည့် ပုံရိပ်ကျောက်တစ်ခုကို တင်ပြခဲ့သည်။ ကျောက်နက် သူတော်စင်တစ်ပိုင်းသည် ဤသူတော်စင်တစ်ပိုင်းက အဘယ်ကြောင့် တိုက်ပွဲကိုမှတ်တမ်းတင်ရန် ရွေးချယ်ခဲ့သည်ကို မသိသော်လည်း ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားသည်။

ဝန်ခံချင်သည်ဖြစ်စေ ဝန်ခံချင်သည်ဖြစ်စေ ပုံရိပ်ကျောက်တုံး၊ ချီစွမ်းအားအကြွင်းအကျန်နှင့် မြေပြင်ပေါ်ရှိအလောင်းများက အမှန်တရားကို ထုတ်ဖော်ခဲ့သည်။ ဤနေရာတွင် စခန်းချထွန်ယက်သူများသည် မိုင်းများကိုကာကွယ်ကာ သူတော်စင်မဟာမိတ်အစည်းအရုံးမှ သူတော်စင်တစ်ပိုင်းများစွာကို သတ်ပစ်ပြီး သူတော်စင်အကူများကိုပင် ဖယ်ရှားခဲ့သည်။

၎င်းကို ယုံကြည်ရန်ခက်ခဲသော်လည်း အမှန်တရားက သူတို့ရှေ့တွင်ရှိနေ၏။

"မင်းက ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းကိုဝင်လာတဲ့ သူတော်စင်တစ်ပိုင်းအသစ်လား"

ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ရီဖန်ကိူ လေးစားသောလေသံဖြင့်မေးလိုက်သည်။ အကယ်၍ ရီ‌ရှောက်ဖန်သည် သူတော်စင်မဟာမိတ်အစည်းအရုံးမှ သူတော်စင်အကူကို သတ်နိုင်လျှင် သူ့ကိုလည်း သတ်နိုင်သည်ဟု ဆိုလိုသည်။

ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ထိုသူ့ကိုသိကာ ယခင်ကတည်းက တိုက်ခိုက်ဖူးသောကြောင့် သူတော်စင်အကူ၏ စွမ်းအားက ကျောက်နက်သူတော်စင်တစ်ပိုင်းထက် အနည်းငယ် ပိုသာမှန်း သတိထားမိသည်။

………..

အခန်း ၄၂၈ - ဝမ်ဟိုင်အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ခြင်း

ကျင့်ကြံမှုလောကတွင်အင်အားသည်သာ အသာလွန်ကောင်းမွန်ဆုံးသောအရာဖြစ်သည်။ ရီ‌ရှောက်ဖန်၏အင်အားကို ကျောက်နက် သူတော်စင်တစ်ပိုင်းက အသိအမှတ်ပြုခဲ့သည်။ အရေးကြီးဆုံးမှာ ရီ‌ရှောက်ဖန်၏ကျင့်ကြံမှုအဆင့်က နှောင်းပိုင်းသူတော်စင်တစ်ပိုင်းအဆင့်တွင်သာ ရှိသေး၏။ သူသည် နှောင်းပိုင်းသူတော်စင်တစ်ပိုင်းကျင့်ကြံမှုအဆင့်ဖြင့်၊ သူတော်စင်အကူအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားခြင်းက အလွန်ထူးခြားလှသည်

ထို့အပြင် ယခုတစ်ကြိမ်တွင် ရီ‌ရှောက်ဖန်သည် ဝမ်ဟိုင်းအင်မော်တယ်ဂိုဏ်းအတွက် ထူးထူးခြားခြားပံ့ပိုးကူညီခဲ့သောကြောင့် ဂိုဏ်း၏အကြီးအကဲများထံမှ အသိအမှတ်ပြုခံရမည်မှာ သေချာသည်။ သူရရှိထားသော စွမ်းရည်အရည်အချင်းမျိုးနှင့် အနာဂတ်တွင် နောက်ထပ် သူတော်စင်နယ်မြေစွမ်းအားရှင် ဖြစ်လာနိုင်သည်။ ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ရီ‌ရှောက်ဖန်ကို မလေးစားဘဲ မနေနိုင်တော့ပေ။

မကြာမီတွင် ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်း၏ အထက်အရာရှိများကို ဖြစ်ပျက်ခဲ့သမျှ အစီရင်ခံလိုက်သည်။ အထက်အရာရှိများက ရီ‌ရှောက်ဖန်၏အချက်အလက်များကို ပြန်လည်သုံးသပ်ပြီးနောက်တွင် ၎င်းတို့သည်လည်း သူ့ကိုလေးစားကြောင်း ပြသခဲ့သည်။

ရီ‌ရှောက်ဖန်သည် အရည်အချင်းကို ရိုးရှင်းစွာပြခဲ့ပါက ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းက သူ့ကို ဤမျှအလေးအနက်ထားလိမ့်မည် မဟုတ်ချေ။ ယခုတွင် ရီ‌ရှောက်ဖန်သည် သူ၏အရည်အချင်းကို ပြသရုံသာမကဘဲ ပြီးပြည့်စုံသော ပထမဆုံးအမြင်ကိုလည်းရရှိခဲ့သည်။ ၎င်းက အရေးကြီးဆုံးအချက်ဖြစ်၏။

အထူးသဖြင့် သူတော်စင်ဖြစ်ရန်အလားအလာရှိသော သူတော်စင်တစ်ပိုင်းဖြစ်သည့် ရီ‌ရှောက်ဖန်သည် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းရှိ သူတော်စင်မဟာမိတ်အစည်အရုံး၏ သူလျှိုဖြစ်နိုင်သည်ဟူသောအချက်ကို ဖယ်ရှားပေးသည်။ သူလျှိုတစ်ဦးအနေဖြင့် သူတော်စင်တစ်ပိုင်းကို ထည့်ထားရန်မှာ ပုံကြီးချဲ့လွန်းရာကျမည်။

"မိတ်ဆွေချန်ရီ၊ ပင်မနေရာဆီလိုက်ခဲ့ပါဦး။ သူတော်စင်တွေက မင်းကိုတွေ့ချင်နေကြတယ်!"

အမိန့်ရရှိပြီးနောက် ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ရီ‌ရှောက်ဖန်ကို ချက်ချင်းနေရာချကာ အထက်နယ်မြေရှိ ဝမ်ဟိုင်းအင်မော်တယ်ဂိုဏ်း၏ ပင်မနေရာသို့ ခေါ်ဆောင်သွားလိုသည်။

"ကောင်းပြီ!"

ရီ‌ရှောက်ဖန်သည် ပူပန်ခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းထွက်သွားရန် အသင့်ဖြစ်နေသည်။ ကျောက်နက်သူတော်စင်တစ်ပိုင်းသည် ရီ‌ရှောက်ဖန်ကို အမှတ်၆၀၀ မိုင်းတွင်းအဝေးသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားပြီး သူခေါ်လာသော သူတော်စင်တစ်ပိုင်းတချို့သာ ကျန်ရစ်ခဲ့သည်။

သူတော်စင်အကူများက ကိုယ်တိုင်ကိုယ်ကျလာရောက်သည်အထိ အမှတ် ၆၀၀မိုင်းတွင်းတွင် မည်သည့်လျှို့ဝှက်ချက်များရှိနေကြောင်း စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရန် လိုအပ်သေး၏။ ကြီးမားသောအကျိုးခံစားခွင့်များမရရှိပါက သူတော်စင်မဟာမိတ်အစည်းအရုံးသည် ဤကဲ့သို့ အရူးအမူးတိုက်ခိုက်လာမည်မဟုတ်ပေ။

ရီ‌ရှောက်ဖန်နှင့်အတူ အမှတ်၆၀၀မိုင်းတွင်း၌ စောင့်ကြပ်နေသော သူတော်စင်တစ်ပိုင်းတို့သည် သူ၏ထွက်ခွါသွားမှုကို မနာလိုစွာ ကြည့်နေကြသည်။ ထိုထွက်ခွာသွားခြင်းဖြင့် ရီ‌ရှောက်ဖန်သည် ၎င်းတို့နှင့် ခြားနားသောကမ္ဘာတစ်ခုသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ၎င်းတို့သိထားသည်။ နောက်တစ်ကြိမ်တွေ့ဆုံသောအခါတွင် သူ့ကို ချန်ရီသူတော်စင်အဖြစ် ခေါ်ဆိုရလိမ့်မည်။

၎င်းတို့က မခံချိမခံသာဖြစ်ခဲ့ကြသော်လည်း ရီ‌ရှောက်ဖန်ထုတ်ဖော်ပြသသွားသော အရည်အချင်းများက ၎င်းတို့ကိုမနာလိုရန်ပင် အခွင့်မပေးချေ။ ထို့အပြင် ၎င်းတို့သည် သူ့ထံအသက်ကြွေးတင်နေသောကြောင့် ကျေးဇူးတင်ရုံမှတပါးတခြား ရွေးချယ်စရာမရှိ။

၀မ်ဟိုင်အင်မော်တယ်ဂိုဏ်း၏ အဓိကနေရာသို့သွားရန် သူတော်စင်တစ်ပိုင်းအတွက် အချိန်များစွာ မကြာဘဲ လျင်မြန်စွာရောက်ရှိသွားသည်။ အဓိကနယ်မြေသို့ရောက်သွားသောအခါ ရီ‌ရှောက်ဖန်သည် အထူးအဆန်းတစ်ခုကို သတိပြုမိသည်။ ဤနေရာရှိ အင်မော်တယ်ချီသည် ကွဲပြားပုံရ၏။

"မင်းခံစားရတယ်မဟုတ်လား။ ဒီနေရာဟာ အင်မော်တယ်ချီထက် ပိုအဆင့်မြင့်တဲ့ သူတော်စင်စွမ်းအားတွေနဲ့ ပြည့်နေတာလေ။

ရွှမ်ယွမ်စကြဝဠာထက် ဒီနေရာမှာက အောင်မြင်မှုရဖို့ ပိုလွယ်လိမ့်မယ်"

ပန်ကုစကြဝဠာတွင် ဟုန်မိန်ခရမ်းရောင်ချီရှိလျှင် သူတော်စင်နယ်မြေသို့ဖြတ်ကျော်ခြင်းက သူတော်စင်ကမ္ဘာထက်ပိုမိုလွယ်ကူသည်။ သို့သော် ဤနေရာတွင် အခြေအနေက ပြောင်းပြန်ဖြစ်၏။

"ငါတို့တွေ့မယ့်လူက ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲဆယ့်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ခရမ်းရောင်အကြီးအကဲဟွမ်ပဲ။ သူက မင်းကို ဒီကိုခေါ်လာခိုင်းတာ"

ကျောက်နက်သူတော်စင်တစ်ပိုင်းသည် မိတ်ဆက်ပေးမှုနှင့်အတူ ရီ‌ရှောက်ဖန်ကို ခမ်းနားကြီးကျယ်သော ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ခန်းမထဲသို့ဝင်လိုက်သည်နှင့် စကြဝဠာ၏အလယ်ဗဟိုဟုထင်ရသည့် ပုံရိပ်တစ်ခုကို ရီဖန် မြင်လိုက်ရသည်။ ထိုသို့သောရောင်ဝါဖြင့် သူတော်စင်နယ်မြေကျင့်ကြံသူဖြစ်သည်မှာ သံသယမရှိချေ။

" ခရမ်းရောင်အကြီးအကဲဟွမ်ကို ဂါရဝပြုပါတယ်"

ရီ‌ရှောက်ဖန်သည် ဤစွမ်းအားကြီးရောင်ဝါကြောင့် ကြောက်ရွံ့ခြင်းမရှိဘဲ သူ၏စိတ်တည်ငြိမ်မှုကို လျင်မြန်စွာပြန်လည်ရရှိခဲ့သည်။

“မဆိုးပါဘူး” ခရမ်းရောင်ဟွမ်သူတော်စင်က ရီ‌ရှောက်ဖန်ကို ပြုံးလျက်ကြည့်နေသည်။

"သူတော်စင်တစ်ပိုင်း နှောင်းပိုင်းအဆင့်နဲ့တင် သူတော်စင်အကူကို သတ်နိုင်တဲ့အတွက်၊ ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းထဲဝင်ဖို့ အရည်အချင်းပြည့်တာမို့ ငါတို့ဂိုဏ်းရဲ့ အဓိကတပည့်ဖြစ်လာလိမ့်မယ်"

ဝမ်ဟိုင်းအင်မော်တယ်ဂိုဏ်းရှိ အဓိကတပည့်တစ်ဦး၏ အဆင့်အတန်းသည် အကြီးအကဲများနှင့် ဂိုဏ်းချုပ်များ၏အောက်တွင်ရှိသည်။ ၎င်းတို့သည် ကျင့်ကြံမှုအဆင့်မြင့်မားရုံသာမကဘဲ ထူးကဲသော အရည်အချင်းများလည်း လိုအပ်သည်။

ကျောက်နက်သူတော်စင်တစ်ပိုင်းပင်လျှင် ရီ‌ရှောက်ဖန်၏ အဓိကတပည့်ခံယူခွင့်ကို မနာလိုသည့် အရိပ်အယောင်ရှိ၏။ သူသည် သူတော်စင်တစ်ပိုင်းဖြစ်သော်လည်း သူတော်စင်နယ်မြေသို့ဖြတ်ကျော်ရန် အခွင့်အလမ်း ဆယ်ပုံတစ်ပုံအောက်သာရှိသည်။

ရီ‌ရှောက်ဖန်သာ အဓိကတပည့်ဖြစ်လာပါက ၎င်းကမတူညီတော့ချေ။ ယခင် အဓိကတပည့်များ၏ ထက်ဝက်ခန့်သည် သူတော်စင်နယ်မြေကျင့်ကြံသူများ ဖြစ်လာခဲ့သည်။ ကျန်တစ်ဝက်က လမ်းတစ်လျှောက်တွင် သေဆုံးသွားကြသည်။ ရီ‌ရှောက်ဖန်သည် သူတော်စင်များ၏စွမ်းအားကို မအံ့ဩဘဲမနေနိုင်တော့ချေ။

အဓိကခန်းမထဲသို့ သူဝင်သွားသည့်အချိန်တွင် သူတော်စင်များ၏ အကဲဖြတ်ခြင်းကိုခံနေရ၏။ ၎င်းတို့သည် မည်သည့်ပြဿနာမျှမတွေ့ရှိခဲ့သောကြောင့် သူ့ကိုအဓိကတပည့်ဖြစ်စေရန် အဆိုပြုခဲ့ကြသည်။ ပြဿနာတစ်စုံတစ်ရာရှိခဲ့လျှင် ၎င်းက သေသွားပြီးဖြစ်လိမ့်မည်။

"ကျွန်တော်ဆန္ဒရှိပါတယ်!"

ရီဖန်၏မူလရည်မှန်းချက်မှာ ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းတွင်ပါဝင်ရန်ဖြစ်သောကြောင့် သူငြင်းမည်မဟုတ်ပေ။

"ကျောက်နက်၊ သူ့ကိုစည်းမျဉ်းတွေနဲ့ ရင်းနှီးအောင်လုပ်ခိုင်းလိုက်”

ရီဖန်ထံတွင် အလားအလာကောင်းများကို မြင်ကြသော်လည်း သူသည် စစ်မှန်သောသူတော်စင်နယ်မြေ စွမ်းအားရှင်မဖြစ်လာမချင်း ခရမ်းရောင်ဟွမ်သူတော်စင်ထံမှ များစွာအာရုံစိုက်ခံရဦးမည်မဟုတ်ပေ။

မကြာမီတွင် ရီ‌ရှောက်ဖန်သည် ထိပ်တန်းနတ်လက်နက်တစ်ခု၊ ပံ့ပိုးကူညီမှုအမှတ်တစ်သောင်းနှင့်အတူ အဓိကတပည့်အဖြစ် သူ၏အထောက်အထားနှင့် အခွင့်အာဏာကို ကိုယ်စားပြုသည့် တိုကင်တစ်ခုကို ရရှိခဲ့သည်။ အားလုံးထဲတွင် အဖိုးတန်ဆုံးမှာ ပံ့ပိုးကူညီမှုအမှတ်တစ်သောင်းဖြစ်သည်။

ပံ့ပိုးကူညီမှုအမှတ်တစ်သောင်းသည် သာမန်သူတော်စင်တစ်ပိုင်းတစ်ဦးအတွက် အနှစ်တစ်သောင်းအထိ လုံလောက်နိုင်၏။ ယခုအခါ ရီဖန်သည် အဓိကတပည့်တစ်ဦးဖြစ်လာသောကြောင့် ပံ့ပိုးကူညီမှုအမှတ်တစ်သောင်းကို အလွယ်တကူရခဲ့သည်။ ပံ့ပိုးကူညီမှုအမှတ်များကို အရင်းအမြစ်မျိုးစုံနှင့် ကျင့်ကြံရေးနေရာများအတွက် လဲလှယ်နိုင်သည်။

ကျောက်နက်သူတော်စင်တစ်ပိုင်းက ရီ‌ရှောက်ဖန်အား ဤပံ့ပိုးကူညီမှုအမှတ်ကို မဖြုန်းတီးရန် အထူးသတိပေးခဲ့သည်။ ယခုအချိန်တွင် သူသည် နတ်စွမ်းအားရေကန်တွင် ကျင့်ကြံရေးအတွက် ကြိုတင်စာရင်းသွင်းရန်နှင့် သူ၏ကျင့်ကြံမှုအဆင့်ကို သူတော်စင်တစ်ပိုင်းနယ်မြေသို့ အရှိန်မြှင့်ရန် ပံ့ပိုးကူညီမှုအမှတ်များကို အဓိကအသုံးပြုသင့်သည်။

သိူ့မဟုတ်ပါက ရီဖန်သည် သူတော်စင်တစ်ပိုင်းတိုက်ခိုက်ရေးစွမ်းရည်ရှိလျှင်ပင် အထက်နယ်မြေ၌ အန္တရာယ်များနှင့် ရင်ဆိုင်ရဦးမည်ပင်။ ရီဖန်အနိုင်ယူခဲ့သော သူတော်စင်တစ်ပိုင်းနှင့် ကျောက်နက်သူတော်စင်တစ်ပိုင်းကဲ့သို့သော အခြားစွမ်းအားရှင်များသည် သူတော်စင်တစ်ပိုင်းများကြားတွင် အလွန်အားနည်းသည်။

ပိုမိုအားကောင်းသည့်သူများအတွက် ရီဖန်သည် ၎င်းတို့၏ပြိုင်ဘက်မဟုတ်ချေ။ ကျောက်နက်သူတော်စင်တစ်ပိုင်း ပြောသည့်အတိုင်း အရာအားလုံးက ရီဖန်ကိုယ်တိုင်အပေါ်တွင် မူတည်နေသည်။ ရီဖန်၏ အဆင့်အတန်းမြင့်မားလာသော အခြေအနေကြောင့်ဖြစ်မည်။ ကျောက်နက် သူတော်စင်တစ်ပိုင်းသည် ပို၍ပင် စိတ်အားထက်သန်နေသည်။

သူသည် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်း၏အချက်အလက်များကို ပြောပြရုံသာမက သူတော်စင်မဟာမိတ်အစည်းအရုံး ကဲ့သို့သော အထက်နယ်မြေရှိ အခြားအင်အားစုများကိုလည်း မိတ်ဆက်ပေးခဲ့သည်။

ကြည့်ရသည်မှာ သူတော်စင်အစည်းအရုံးသည် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းထက် အဆပေါင်းများစွာ ပိုအားကောင်း၏။

သို့သော် ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းသည် ရွှမ်ယွမ်စကြဝဠာနှင့် အခြားထိပ်တန်းအင်အားစုကြီး အများအပြားကို မှီခိုထားသောကြောင့် သူတော်စင်အစည်းအရုံးကို ခဏတာဖိနှိပ်ထားနိုင်ခဲ့ခြင်းဖြစ်မည်။

ဆန့်ကျင်ဘက်အားဖြင့် သူတော်စင်အစည်းအရုံးဘက်တွင် ပြီးပြည့်စုံသောစကြာဝဠာမရှိဘဲ စကြာဝဠာအမွှားများစွာသာရှိကာ၊ ၎င်းက သူတော်စင်အစည်းအရုံး၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သည်။ မပြီးမြောက်သေးသော စကြဝဠာမည်မျှရှိစေကာမူ ၎င်းတို့သည် ပြီးပြည့်စုံသောစကြာဝဠာတစ်ခုနှင့် လုံး၀မယှဉ်နိုင်ချေ။

"ညီအစ်ကိုကျောက်နက်ရေ စကားမစပ် သူတော်စင်အစည်းအရုံးကလူတွေက အထက်နယ်မြေမှာ တခြားနာမည်ရှိသေးတယ်လို့ ကျွန်တော်ကြားလိုက်တာ။ ဟုတ်သလားဗျာ” ရီဖန်က တမင်မေးလိုက်သည်။

"ဟုတ်တာပေါ့။ ဒီနေရာကို ရွှမ်ယွမ်စကြဝဠာက အထက်နယ်မြေလို့ခေါ်တယ်၊ ဒါပေမယ့် သူတော်စင်အစည်းအရုံးမှာရှိတဲ့သူတွေက အထက်နယ်မြေကို သူတော်စင်ကမ္ဘာလို့ခေါ်တယ်လေ"

ထိုစကားများကို ကြားလိုက်သည်နှင့် ရီဖန်၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။ တကယ်တမ်းတွင် အရာအားလုံးက တိုက်ဆိုင်လွန်း၏။ နယ်မြေတစ်သောင်းတံခါး၏ပုံစံကိုအခြေခံ၍ ၎င်းက ပန်ကုစကြဝဠာနှင့် ဆက်စပ်မှုတချို့ရှိသည်မှာ သေချာသလောက်နီးပါးဖြစ်သည်။

ယခုရီဖန်သည် စကြဝဠာနှစ်ခုကြားရှိဆက်စပ်မှုကို ရှာတွေ့ခဲ့၏။ ဤသူတော်စင်အစည်းအရုံးသည် ပန်ကုစကြဝဠာ၏ နောက်ကွယ်တွင်ရှိနေခြင်းဖြစ်ရမည်။

ရီဖန်သည် ပန်ကုစကြဝဠာမှ ကျင့်ကြံသူဖြစ်သောကြောင့် ဤသူတော်စင်အစည်းအရုံးတွင်ပါဝင်ရန် ရွေးချယ်မည်မဟုတ်ပေ။ လက်ရှိအခြေအနေအရ ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်းသို့ဝင်ရောက်ခြင်းက ပိုမိုကောင်းမွန်သောရွေးချယ်မှုဖြစ်သည်မှာ ထင်ရှား၏။

ထို့အပြင် ရွှမ်ယွမ်စကြဝဠာ၏ သူတော်စင်အစည်းအရုံးအပေါ်အထင်အမြင်က အလွန်မကောင်းပေ။ သူတော်စင်အစည်းအရုံး၏ သူတော်စင်များသည် သာမန်ဟုတ်ပုံမရပေ။ စကြဝဠာအမွှားများမှ ကျင့်ကြံသူများသည် မည်သို့များ ပုံမှန်ဖြစ်နိုင်မည်နည်း။

ရီဖန်သည်လည်း ဝမ်ဟိုင်းအင်မော်တယ်ဂိုဏ်းတွင် နေရာရလာရန်အတွက် စိတ်ဆုံးဖြတ်ထားသည်။ အချိန်ကျလာသောအခါ သူတော်စင်အစည်းအရုံးကိုတိုက်ခိုက်လျှင် သူလည်းပါဝင်နိုင်လိမ့်မည်။

…

ရီဖန်သည် စိတ်ချမ်းသာနေလျက် ရီ‌ရှောက်ဖန်ကိုလည်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ခွင့်ပေးထားသည်။ ၀မ်ဟိုင်အင်မော်တယ်ဂိုဏ်း၏ လှုပ်ရှားမှုများကသူ့ကို အံ့အားသင့်စေမည်မှာ သေချာ၏။ ယခုအခါ ရီဖန်သည် ရီမိသားစုအတွက် ပထမဆုံးသူတော်စင်နယ်မြေ စွမ်းအားရှင်ကို စတင်ကျင့်ကြံရန် အချိန်တန်ပြီဖြစ်သည်။

………

အခန်း ၄၂၉ - သတ္တမမြောက် ဟုန်မိန်ခရမ်းရောင်ချီ၊ မတူညီသော မဟာကမ္ဘာ

ကျောက်နက်သူတော်စင်တစ်ပိုင်း၏ အကြံပေးချက်အပြင် ရီ‌ရှောက်ဖန်သည်လည်း ပံ့ပိုးကူညီမှုအမှတ်များကို အသုံးပြုရန်အတွက် သူ့ကိုယ်ပိုင်အစီအစဉ်ရှိသည်။ သူ၏ပထမဆုံးပစ်မှတ်မှာ ကျောက်နက်သူတော်စင်တစ်ပိုင်းပြောခဲ့သည့် နတ်စွမ်းအားရေကန်ဖြစ်သည်။

ကျင့်ကြံသူအများစုသည် ကျင့်ကြံရေးအတွက် အမျိုးမျိုးသောအရင်းအမြစ်များကို စုပ်ယူရန်လိုအပ်ကာ ၎င်းတို့၏ခန္ဓာကိုယ်အတွင်း၌ နတ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ဤနတ်စွမ်းအားရေကန်အတွင်းတွင် ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန်အတွက် နတ်စွမ်းအားကို တိုက်ရိုက်စုပ်ယူနိုင်သည်။ ၎င်းတို့လုပ်ရမည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ နတ်စွမ်းအားကို သန့်စင်ရန်သာလိုအပ်သည်။

သူတော်စင်တစ်ပိုင်းစွမ်းအားရှင်တိုင်းက နတ်စွမ်းအားရေကန်တွင်ကျင့်ကြံရန် အခွင့်အရေးကို လိုချင်ကြသည်။ သို့သော် နတ်စွမ်းအားရေကန်တွင် ကျင့်ကြံခြင်းသည် တစ်နှစ်လျှင် ပံ့ပိုးကူညီမှုအမှတ် ၁၀,၀၀၀ လိုအပ်သောကြောင့် သာမန်ကျင့်ကြံသူများ မတတ်နိုင်သောအရာဖြစ်သည်။

အဓိကတပည့်များပင်လျှင် နတ်စွမ်းအားရေကန်တွင် ကျင့်ကြံခြင်းမပြုနိုင်ကြချေ။ နောက်ဆုံးတွင် နတ်စွမ်းအားကိုသန့်စင်ရန် လိုအပ်သောအရင်းအမြစ်များသည်လည်း များပြားလှ၏။ ၎င်း၏ အဓိကတပည့်များပင်လျှင် ၎င်းကိုအဆီးအတားမရှိ အသုံးမပြုနိုင်ကြပေ။

ရီ‌ရှောက်ဖန်သည် သူ၏ကိုယ်ပွားမျှသာဖြစ်သော်လည်း ရီဖန်၏ ကောင်းကင်စွမ်းရည်ကို မျှဝေထားဆဲဖြစ်သည်။ ရီဖန်၏ပင်မကိုယ်ထည်က ကျင့်ကြံရန် မဖြစ်နိုင်သော်လည်း သူ့ကိုယ်ပွားတွင် ထိုကဲ့သို့ကန့်သတ်ချက်များ မရှိချေ။ ကိုယ်ပွါးအတွက် အရင်းအမြစ်များချို့တဲ့ခြင်းမရှိသော်လည်း ပန်ကုစကြဝဠာရှိအရာများမှာ အနည်းငယ်နိမ့်ကျသည်။

ယခုအခါတွင် ၎င်းသည်အဆင့်မြင့်အရင်းအမြစ်များကို ရရှိပြီး ရီ‌ရှောက်ဖန်၏စွမ်းရည်ကို ချက်ချင်းပင် အပြည့်အဝထုတ်သုံးနိုင်ခဲ့သည်။ ရီရှောက်ဖန်သည် နတ်စွမ်းအားရေကန်ရှိ နတ်စွမ်းအားကို ရေစိမ်ထားသောရေမြှုပ်ကဲ့သို့ ချက်ချင်းစုပ်ယူသွား၏။ သူ၏ စုပ်ယူမှုအရှိန်က ထိုအားကောင်းသော သူတော်စင်တစ်ပိုင်းများထက်ပင် ပိုမြန်သည်။

ထို့ကြောင့် နတ်စွမ်းအားရေကန်ကိုစီမံခန့်ခွဲရန် တာဝန်ရှိသောကျင့်ကြံသူသည် ရီ‌ရှောက်ဖန်က အရင်းအမြစ်များကိုစုပ်ယူရန် လက်နက်အချို့ကို အသုံးပြုနေသည်ဟူ၍ပင် သံသယဖြစ်ခဲ့သည်။

သို့သော် ၎င်းတို့မည်မျှပင်အနီးကပ် စောင့်ကြည့်နေပါစေ ရီ‌ရှောက်ဖန်သည် ကျင့်ကြံရေးအတွက်သာ နတ်စွမ်းအားကိုစုပ်ယူနေကြောင်း သိရှိနိုင်သည်။

ရီ‌ရှောက်ဖန်ကို ထိုကဲ့သို့ဆက်လက်စုပ်ယူခွင့် ပေးထား၍မဖြစ်တော့ချေ။ ရီ‌ရှောက်ဖန်၏ကျင့်ကြံမှုအရှိန်ဖြင့် သူတစ်နှစ်အတွင်း သုံးစွဲခဲ့သော နတ်စွမ်းအားသည် အခြားသော သူတော်စင်များထက် အဆများစွာပိုများသည်။ ၎င်းက ဂိုဏ်းအတွကိ အများကြီးဆုံးရှုံးသွားနိုင်၏။

"သတိပေးစရာ မလိုဘူး!"

ခရမ်းရောင်အကြီးအကဲဟွမ်သည် နတ်စွမ်းအားရေကန်တွင် ပေါ်လာကာ ကျင့်ကြံနေသော ရီ‌ရှောက်ဖန်ကို လေးစားမှုအပြည့်ကြည့်နေသည်။ ရီ‌ရှောက်ဖန်သည် နတ်စွမ်းအားကို အများအပြား စုပ်ယူနေသော်လည်း သူ၏စွမ်းရည်က ခရမ်းရောင်အကြီးအကဲဟွမ်ကို ပို၍ပင် စိတ်ဝင်စားစေခဲ့သည်။ နတ်စွမ်းအားကို အတိုင်းအတာတစ်ခုအထိ စုပ်ယူသည့်အရှိန်က ရီ‌ရှောက်ဖန်၏ကျင့်ကြံမှုစွမ်းရည်ကို ထင်ဟပ်စေသည်။

ခရမ်းရောင်အကြီးအကဲဟွမ်သည် ရီ‌ရှောက်ဖန်က လျင်မြန်စွာစုပ်ယူနိုင်သောကြောင့် စိတ်မပူဘဲ ရီ‌ရှောက်ဖန်စုပ်ယူမှု နှေးကွေးလွန်းမည်ကိုသာ သူစိုးရိမ်နေသည်။

"ရီ‌ရှောက်ဖန်ကို သူတတ်နိုင်သလောက် စွမ်းအားစုပ်ယူပါစေ!"

ခရမ်းရောင်အကြီးအကဲဟွမ်၏ စကားနောက်တွင် တာဝန်ခံသူတော်စင်က စကားတစ်ခွန်းမှမပြောဝံ့ပေ။ ရီ‌ရှောက်ဖန်ကိုကြည့်လိုက်သည့် သူ့မျက်လုံးထဲတွင်သာ မနာလိုငြူစူစိတ်များရှိနေသည်။ ခရမ်းရောင်အကြီးအကဲဟွမ်၏ တန်ဖိုးထားခံရခြင်းကြောင့် ရီ‌ရှောက်ဖန်အနေဖြင့် ကြီးပွားချမ်းသာလာပေတော့မည်။ မကြာမီ ဂိုဏ်း၏အခမ်းအနားတွင် ရီ‌ရှောက်ဖန်အကြောင်း ဆွေးနွေးမှုတစ်ခုကို စတင်ခဲ့သည်။

"ရီ‌ရှောက်ဖန်ရဲ့အရည်အချင်းကို မင်းတို့မြင်ပြီးပြီ။ ငါ သူ့ကို ကျင့်ကြံရေးအစီအစဉ်မှာ ထည့်သွင်းဖို့ အဆိုပြုချင်တယ်”

ခရမ်းရောင်အကြီးအကဲဟွမ်၏စကားကို ကြားလိုက်သည်နှင့် အခြားအကြီးအကဲများ၏မျက်လုံးများ ချက်ချင်းစူးရှသွားသည်။ ကျင့်ကြံမှုအစီအစဥ်တွင် ထည့်သွင်းခြင်းခံရခြင်းဖြင့် ထိုတပည့်သည် အနာဂတ်တွင် အကြီးအကဲသို့မဟုတ် ဂိုဏ်းချုပ်နေရာ ဆက်ခံသူပင်ဖြစ်လာနိုင်သည်ဟု ဆိုလိုသည်။ ထိုကဲ့သို့ ကြီးကျယ်သည့်ဆုံးဖြတ်ချက်ကို အလွယ်တကူချမှတ်ခဲ့သလား။

"ငါသဘောမတူဘူး!"

"ရီ‌ရှောက်ဖန်ရဲ့အရည်အချင်းက တကယ်ကောင်းတယ်၊ ဒါပေမယ့် သူက ဂိုဏ်းထဲမှာရှိတဲ့အချိန် နည်းနည်းလေးရှိသေးတာ။ သူ့ကို စမ်းသပ်ဖို့ လိုနေသေးတယ်"

"ငါကန့်ကွက်တယ်။ ရီ‌ရှောက်ဖန်က ဂိုဏ်းနဲ့ပူးပေါင်းခဲ့တာ မကြာသေးပေမယ့် သူက ငါတို့ဂိုဏ်းအတွက် နံပါတ်၆၀၀ မိုင်းတွင်းကို ကာကွယ်ခဲ့တယ်လေ!"

ထာဝရနတ်သတ္တုသည် လက်နက်သန့်စင်ခြင်းတွင်အသုံးပြုသော ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းကို ထိပ်တန်းအဆင့် နတ်လက်နက်များသန့်စင်ရန် အဓိကလက်နက်အဖြစ်သာမက မဟာသူတော်စင်လက်နက်များပြုလုပ်သည့် ပစ္စည်းဖြစ်၏။ ၎င်းကဂိုဏ်းအတွက် အလွန်အဖိုးတန်သည်။

သူတော်စင်အစည်းအရုံးမှ အမှတ်၆၀၀ သတ္တုတွင်းသို့ သူတော်စင်အကူတစ်ဦးစေလွှတ်ရခြင်း အကြောင်းအရင်းမှာ သတ္တုတွင်းတွင် ထာဝရနတ်သတ္တုကိုတွေ့ရှိပြီး ၎င်းအတွက် အရင်းအမြစ်များလဲလှယ်လိုသော သူတော်စင်တစ်ပိုင်းတစ်ဦးက သူတော်စင်အစည်းအရုံးကို လျှို့ဝှက်အကြောင်းကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

ရီ‌ရှောက်ဖန်သာ ထိုသူတော်စင်အကူကို သတ်ခဲ့ခြင်းကြောင့်မဟုတ်လျှင် မိုင်းသည် ရန်သူများလက်သို့ ကျိန်းသေပေါက်ကျသွားလိမ့်မည်။ ထိုစကားများသည် အခြားဆန့်ကျင်နေသော အကြီးအကဲများကို နှုတ်ပိတ်သွားစေ၏။

အကယ်၍ ရီ‌ရှောက်ဖန်သည် သူတော်စင်အစည်းအရုံးမှ ပေးပို့သော သူလျှိုတစ်ဦးဟုဆိုပါက ၎င်းတို့လည်း ယုံမည်မဟုတ်ပေ။ သူတော်စင်အစည်းအရုံးက န ထာဝရနတ်သတ္တုအတွက် ဂိုဏ်း၏ သူတော်စင်တစ်ပိုင်းတစ်ဦးကို သူလျှိုတစ်ဦးစေလွှတ်ခြင်းသည် အလွန်ချဲ့ကားရာကျလိမ့်မည်။

“ကျင့်ကြံခြင်းအတွက် အဓိကအစီအစဉ်မစခင် နောက်ထပ်နည်းနည်းလေး စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ထင်တယ်”

"ဒါမှမဟုတ် စောင့်ကြည့်နေရင်း ကျင့်ကြံရင်ရော!"

"ဒါလည်း အလုပ်ဖြစ်တာပဲ!"

တဖြည်းဖြည်းနှင့် အတိုက်အခံပြုသည့် အသံများ ပျောက်သွားသည်။ အဓိကအားဖြင့် ရီ‌ရှောက်ဖန်၏ ပံ့ပိုးမှုကူညီမှုအမှတ်နှင့် အရည်အချင်းက လုံလောက်သောကြောင့် ၎င်းတို့ကန့်ကွက်ရန် အကြောင်းပြချက်ကို ရှာမတွေ့တော့ပေ။ ထိူ့အပြင် ၎င်းတို့သည် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို တွေးမိလျှင် ဉာဏ်ကြီးရှင်တပည့်ကို လက်မလွှတ်ချင်ကြပေ။

နောက်ဆုံးတွင် အကြီးအကဲများစွာ၏သဘောတူညီမှုကို ရရှိခဲ့သည်။ ရီ‌ရှောက်ဖန်ကျင့်ကြံနေစဉ် အကဲဖြတ်အရာရှိအဖြစ် ခရမ်းရောင်အကြီးအကဲဟွမ်က စောင့်ကြည့်လေ့လာနေမည်ဖြစ်သည်။ အဓိကကျင့်ကြံမှုအဆင့်သို့ဝင်ရောက်ပြီးနောက် ရီ‌ရှောက်ဖန်သည် အကြီးအကဲများစွာ၏အမြင်တွင် အရေးပါလာခဲ့ကာ အနာဂတ်တွင် ၎င်းတို့၏ဆက်ခံသူဖြစ်လာနိုင်သည်။

တစ်နှစ်ခွဲအကြာတွင် တံခါးပိတ်ကျင့်ကြံနေသည့် ရီ‌ရှောက်ဖန်ထံမှ ပြင်းထန်သော ရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

……….

All Chapters