← Chapters

အခန်း ၄၃၀-၄၃၂

Vol. 29 Ch. 430-432

အခန်း ၄၃၀-၄၃၂

Vol. 29 Ch. 430-432

အခန်း ၄၃၀ - သတ္တမမြောက် ဟုန်မိန်ခရမ်းရောင်ချီ၊ မတူညီသော မဟာကမ္ဘာ

သူတော်စင်တစ်ပိုင်းနယ်မြေကို ကျော်ဖြတ်ပြီးလျှင် သူတော်စင်နယ်မြေသို့ ရောက်ရှိမည်ဖြစ်သည်။သာမန်ကျင့်ကြံသူအတွက် သူတော်စင်တစ်ပိုင်းမှ စစ်မှန်သောသူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန် ကြီးမားသောအဆီးအတားတစ်ခုရှိသည်။ သို့သော် ရီ‌ရှောက်ဖန်၏ လက်ရှိသူတော်စင်တစ်ပိုင်း စွမ်းရည်ဖြင့် သူ့ကို အချိန်အကြာကြီးတားဆီးနိုင်မည့် အရာမျိုးမရှိပေ။ ထို့နောက် သူသည် လုံလောက်သောအရင်းအမြစ်များ စုဆောင်းနိုင်သရွေ့ အောင်မြင်မှုတစ်ခုကို စတင်နိုင်လိမ့်မည်။

ထိူမျှမကဘဲ တိုက်ပွဲများမှတစ်ဆင့် ကောင်းချီးအမှတ်များကို စုဆောင်းရန် လိုအပ်သေးသည်။ မကြာမီရင်ဆိုင်ရမည့် သူတော်စင်ကမ္ဘာကြောင့် ရီမိသားစုအတွက် နောက်ထပ်မဟာမိတ်များလည်း လိုအပ်ပါသေးသည်။ ထိုအတွက် ၀မ်ရှန်းဂိုဏ်းက ပြီးပြည့်စုံသော မဟာမိတ်ဖြစ်လာနိုင်၏။

…

ရီ‌ရှောက်ဖန်၏အောင်မြင်မှုများရရှိပြီးနောက် တစ်ချိန်တည်းတွင် ကျုံးဖန်မြို့တော်ရှိ ရီမိသားစုနယ်မြေမှ ထွက်ပေါ်လာသော သူတော်စင်တစ်ပိုင်းနှစ်ဦးလည်းရှိသည်။ ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့သည် သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ တပြိုင်နက် ဖြတ်သွားကြပြီဖြစ်သည်။ များပြားလှသော အရင်းအမြစ်များ၊ စွမ်းရည်မြှင့်တင်မှုများနှင့်အတူ ၎င်းတို့၏ အောင်မြင်မှုသည် မလွဲမသွေတိုးတက်လာမည့်အရာဖြစ်သည်။

ဤသို့ဖြင့် ရီမိသားစုသည် ဂုဏ်ပြုထိုက်သော မဟာတိုက်ပွဲစွမ်းအားရှင်အသစ်နှစ်ဦး ထပ်မံရရှိသွားပြန်၏။ သို့သော် ၎င်းသည် ရီမိသားစုတစ်ခုလုံးအပေါ် သိသိသာသာ သက်ရောက်မှုမရှိပေ။ လူတိုင်းသည် ဆက်လက်ကျင့်ကြံခြင်း သို့မဟုတ် စမ်းသပ်မှုများကို ပြုလုပ်နေဆဲဖြစ်သည်။ ထိုအတောအတွင်း ပန်ကုစကြဝဠာသည် ရှားရှားပါးပါး ငြိမ်သက်အေးချမ်းနေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဟုန်မိန်ခရမ်းရောင်ချီကြိုးခြောက်ခု အပြည့်အဝထွက်ပေါ်လာပြီးဖြစ်သည်။ ရီမိသားစုမှရရှိသောတစ်ခုအပြင် နောက်ထပ် ဟုန်မိန်ခရမ်းရောင်ချီလေးခုကိုလည်း အခြားအင်အားစုကြီးလေးခုက ရယူနိုင်ခဲ့သည်။

ဟုန်မိန်ခရမ်းရောင်ချီ၏နောက်ဆုံးကြိုးသည် အင်အားစုငယ်လေးတစ်ခုလက်ထဲ အဆုံးသတ်သွားခဲ့၏။

အင်အားစုကြီးက ချုပ်ကိုင်ထားသော ဟုန်မိန်ခရမ်းရောင်ချီသည် အခြားသူများ လိုချင်တပ်မက်နေမည့် အရာမဟုတ်ပေ။သို့သော် အင်အားစုငယ်လေးက ချုပ်ကိုင်ထားသည့်တစ်ခုက သူတော်စင်တစ်ပိုင်းများစွာ၏ ပစ်မှတ်ဖြစ်လာသည်။ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်အတွက် နောက်ထပ်တိုက်ပွဲတစ်ခုကို စတင်ခဲ့သည်။

အချိန်တိုလေးအတွင်း ထိုချီကြိုးသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပိုင်ရှင်ပြောင်းလဲနေသည်။

အကယ်၍ ဤခေတ်တွင် ဟုန်မိန်ခရမ်းရောင်ချီကို ပေါင်းစည်းနိုင်ပါက နောက်ထပ်ခေတ်တစ်ခု စတင်မည့်အချိန်အထိ စောင့်မျှော်နေလိုမည်မဟုတ်ပေ။ ထို့ကြောင့် ဟုန်မိန်ခရမ်းရောင်ချီအတွက် တိုက်ပွဲသည်လည်း ဆက်လက်ဖြစ်ပွါးနေခဲ့သည်။ ဟုန်မိန်ခရမ်းရောင်ချီ မရှိတော့သည့်တိုင် အထွတ်အမြတ်ရတနာတိုက်သည် ရံဖန်ရံခါပေါ်လာဆဲဖြစ်သည်။

အထွတ်အမြတ်ရတနာတိုက်အတွက် လက်ရှိတိုက်ပွဲဝင်သူများသည် ဤခေတ်တွင် သူတော်စင်များဖြစ်လာရန် မျှော်လင့်ချက်မရှိတော့သူများဖြစ်သည်။ ၎င်းတို့သည် လာမည့်ခေတ်အတွက် အရင်းအမြစ်များကို သိမ်းဆည်းထားလိုကြကာ ကျင့်ကြံမှုအရှိန်မြှင့်တင်ရန်နှင့် ဟုန်မိန်ခရမ်းရောင်ချီရရှိရန် အခွင့်အလမ်းကို မြှင့်တင်ရန် မျှော်လင့်ကြသည်။

ထိုသူတော်စင်တစ်ပိုင်းများထဲတွင် ချင်မုသူတော်စင်တစ်ပိုင်းလည်းပါဝင်သည်။ သူသည် ရီမိသားစုထံမှကတိတစ်ခုရရှိခဲ့သော်လည်း ကံမကောင်းစွာဖြင့် နောက်ထပ် ဟုန်မိန်ခရမ်းရောင်ချီကို မရနိုင်တော့ပေ။ နောက်တစ်ခေတ်အထိ ရီမိသားစုက ထိုကတိကို အသိအမှတ်ပြုမည်မပြုမည်ကို သူမသေချာချေ။

ထိုအခိုက်အတန့်တွင် ချင်မုသူတော်စင်တစ်ပိုင်း၏မျက်လုံးထဲ၌ ရင်းနှီးသောအလင်းတန်းတစ်ခု လင်းလက်လာသည်။ ထိုအလင်းတန်းကို မြင်သောအခါ ချင်မုသူတော်စင်တစ်ပိုင်းသည် သူအမှတ်မှားသလားဟု ထင်ခဲ့သည်။ သို့သော် အတည်ပြုချက်များစွာရပြီးနောက် ချင်မုသူတော်စင်တစ်ပိုင်းသည် သူမှန်ကြောင်း သေချာသွား၏။ ထိုအလင်းသည် ဟုန်မိန်ခရမ်းရောင်ချီ ဖြစ်သည်။

ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်က ခြောက်ခုပဲရှိသည် မဟုတ်လား။ ချင်မုသူတော်စင်တစ်ပိုင်း၏စိတ်ထဲတွင် ကြီးမားသောမေးခွန်းအမှတ်အသားတစ်ခု ပေါ်လာသည်။

သို့သော် သူစဉ်းစားရန် အချိန်မရှိပေ။ ဟုန်မိန်ခရမ်းရောင်ချီကို သူ့ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် စုပ်ယူလိုက်၏။ ထိုအခိုက်အတန့်တွင် အခြားသူတော်စင်တစ်ပိုင်းများလည်း ဟုန်မိန်ခရမ်းရောင်ချီကို မြင်သွားကြရာ ရူးသွပ်သွားပြီး ချင်မုသူတော်စင်တစ်ပိုင်းဆီသို့ ပြေးသွားကြသည်။

"ဒါက ဟုန်မိန်ခရမ်းရောင်ချီမဟုတ်ပါဘူး၊ တခြားရတနာပါ"

ချင်မုသူတော်စင်တစ်ပိုင်းက ပါးစပ်ကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် သံသယများအားလုံး သူ့အပေါ်သို့ကျရောက်လာသည်။ မည်သူမျှ သူ့ကိုယုံကြည်ခြင်း မရှိပေ။

"အင်း ငါတို့ကို စစ်ဆေးခွင့်ပြု!"

ဤခေတ်တွင် သတ္တမမြောက် ဟုန်မိန်ခရမ်းရောင်ချီ အဘယ်ကြောင့် ပေါ်ထွန်းလာသည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အခွင့်အလမ်းကိုမြင်ပြီးသောအခါ လက်မလွှတ်ချင်ကြပေ။ အခြားသန်မာသောစွမ်းအားရှင်များ မရောက်လာမီ ဤဟုန်မိန်ခရမ်းရောင်ချီကြိုးကို ရယူရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူတော်စင်တစ်ပိုင်းများရောက်လာလျှင် ၎င်းတို့အတွက် အခွင့်အလမ်းရှိတော့မည်မဟုတ်ပေ။

သို့သော် ချင်မုသူတော်စင်တစ်ပိုင်းက ၎င်းကို မည်သို့စွန့်လွှတ်နိုင်မည်နည်း။ အကယ်၍ သူသည် ရီမိသားစုနယ်မြေသို့ရောက်နိုင်သရွေ့ ရီမိသားစု၏ အကာအကွယ်ကို ရရှိနိုင်သည်။ ချင်မုသူတော်စင်တစ်ပိုင်းသည် သူတော်စင်တစ်ပိုင်းအဆင့် အထွတ်အထိပ်သို့ရောက်ရှိနေသူတစ်ဦးနှင့် ယှဉ်နိုင်သည့်အရှိန်အဟုန်သို့ ရုတ်တရက်တိုးလာခဲ့သည်။

၎င်းတို့ကြားထဲ အသန်မာဆုံးမှာ သူတော်စင်တစ်ပိုင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများဖြစ်ကြကာ ၎င်းတို့သည် ချင်မုသူတော်စင်တစ်ပိုင်းကို လိုက်မမီနိုင်ပေ။ ချင်မုသူတော်စင်တစ်ပိုင်း ဝေးကွာသွားသည်ကိုကြည့်ရင်း ဒေါသထွက်နေသော သူတော်စင်တစ်ပိုင်းများသည် ၎င်းက ဟုန်မိန်ခရမ်းရောင်ချီကိုရရှိကြောင်း ကြေညာလိုက်ကာ သူ့ကိုတားဆီးထားစေခဲ့သည်။

"ချင်မုသူတာ်စင်တစ်ပိုင်းကို ရန်ဟွမ်နယ်မြေထဲ ဝင်ခွင့်မပေးနိုင်ဘူး!"

တစ်စုံတစ်ဦးက အဓိကအချက်ကို ထောက်ပြလိုက်ရာ အခြားသူတော်စင်တစ်ပိုင်းများကို ပို၍ပင် စိုးရိမ်စေသည်။ ချင်မုသူတော်စင်တစ်ပိုင်း၏ လမ်းကြောင်းကို ကြည့်လိုက်လျှင် သူသည် သိသိသာသာပင် ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်နေခြင်းဖြစ်၏။

မရေမတွက်နိုင်သော သူတော်စင်တစ်ပိုင်းတို့သည် ချင်မုသူတော်စင်တစ်ပိုင်း၏နောက်မှ ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်သွားကြသည်။ ရန်ဟွမ်နယ်မြေနှင့် နီးကပ်လာသည်နှင့်အမျှ၊ ချင်မုသူတော်စင်တစ်ပိုင်းသည် သူ့မျက်နှာပေါ်တွင် ရွှင်လန်းမှုအပြည့်ဖြစ်နေသည်။ သူ ရန်ဟွမ်နယ်မြေထဲဝင်နေသမျှ ကာလပတ်လုံး ဘေးကင်းလိမ့်မည်။

သို့သော် ရန်ဟွမ်နယ်မြေအပြင်သို့ရောက်သောအခါ ချင်မုသူတော်စင်တစ်ပိုင်း အံ့အားသင့်သွားသည်။ ရန်ဟွမ်နယ်မြေ ပျောက်ကွယ်သွားလေပြီ။ ရန်ဟွမ်နယ်မြေသည် သူ့ရှေ့တွင်ရှိနေဆဲဖြစ်သော်လည်း ၎င်းထဲသို့ဝင်ရန် နည်းလမ်းရှာမတွေ့ချေ။ ထိုရုတ်တရက်ပြောင်းလဲမှုက ချင်မုသူတော်စင်တစ်ပိုင်းကို အံသြသွားစေသည်။

၎င်းက မည်သို့သောအခြေအနေဖြစ်သနည်း။ ရန်ဟွမ်နယ်မြေထဲကို မဝင်နိုင်လျှင် သူသေသွားလိမ့်မည်။ ဤအတောအတွင်း နောက်မှလိုက်ဖမ်းသော သူတော်စင်တစ်ပိုင်းများ ရောက်ရှိလာကာ ချင်မုသူတော်စင်တစ်ပိုင်းကို ဝိုင်းရံထားသည်။

"ဟာဟားဟား ချင်မုသူတော်စင်တစ်ပိုင်း၊ ဟုန်မိန်ခရမ်းရောင်ချီကို ပေးလိုက်တော့" ဟု ၎င်းတို့က ပြောလာသည်။

သူတော်စင်တစ်ပိုင်းအားလုံးက ချင်မုသူတော်စင်တစ်ပိုင်းကို စိုက်ကြည့်နေကြ၏။ ၎င်းတို့၏မျက်လုံးထဲမှ လောဘသည် ချင်မုသူတော်စင်တစ်ပိုင်းအပေါ် ကြီးမားသောဖိအားကို ဖြစ်စေသည်။ ယနေ့တွင် သူ၏အဆုံးသတ်နှင့် ရင်ဆိုင်ရတော့မည်။

ထိုအခိုက်အတန့်တွင် ဗောဓိဘိုးဘေးသည် ရန်ဟွမ်နယ်မြေအပြင်ဘက်ရှိ အခြေအနေနှင့် ချင်မုသူတော်စင်တစ်ပိုင်း၏ ရောက်ရှိလာမှုကို သတိပြုမိလိုက်၏။ တစ်ချိန်က ရီဖန်ပေးခဲ့သည့် ကတိနှင့်ပတ်သက်၍ သူရှင်းလင်းစွာမှတ်မိသည်။ ချင်မုသူတော်စင်တစ်ပိုင်းမျက်နှာပေါ်မှ အကူအညီမဲ့အကြည့်ကိုမြင်သောအခါ ဗောဓိဘိုးဘေးက ချင်မုသူတော်စင်တစ်ပိုင်းဘက်သို့ လှည့်ကြည့်သည်။

"ဆရာဦးလေး ဘာဖြစ်လာပြန်တာလဲ" ဟု သူမေးလိုက်၏။

ချင်မုသူတော်စင်တစ်ပိုင်းသည် ပြဿနာကြီးတစ်ခုခုထဲ ကျရောက်သွားသည်ဟု သူထင်သည်။ ထို့ကြောင့် သူတော်စင်တစ်ပိုင်းများစွာ၏ ပိတ်ဆို့ခံရခြင်းဖြစ်မည်။ ဗောဓိဘိုးဘေးကြွလာသည်ကိုမြင်သောအခါ စိတ်ပျက်လက်ပျက်ဖြစ်နေသော ချင်မုသူတော်စင်တစ်ပိုင်းက ရွှင်မြူးလာ၏။ နောက်ဆုံးတော့ သူ့အတွက် မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။

"တူလေး၊ ရီမိသားစုရဲ့ ကတိတည်သေးလား"

ချင်မုသူတော်စင်တစ်ပိုင်းက မေးသည်။

“သေချာပေါက်ပေါ့"

ရီဖန်က သူတော်စင်အဆင့်တိုက်ခိုက်ရေးစွမ်းအားကို ဖော်ပြပြီးနောက် ဗောဓိဘိုးဘေးသည်လည်း မည်သည့်ဖိအားတစ်စုံတစ်ရာကိုမှ မခံစားရတော့ချေ။ ရန်ဟွမ်နယ်မြေတွင် ၎င်းတို့က သာမညောင်ညများသာဖြစ်လာလိမ့်မည်။

"ကောင်းပြီ၊ ငါ ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်း ထပ်ရလာတယ်”

သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ဟုန်မိန်ခရမ်းရောင်ချီသည် ချင်မုသူတော်စင်တစ်ပိုင်း၏လက်ထဲတွင် ပေါ်လာသည်။ အစပိုင်းက အနည်းငယ်သံသယရှိသော ပတ်ဝန်းကျင်ရှိ သူတော်စင်တစ်ပိုင်းတို့သည် ချင်မုသူတော်စင်တစ်ပိုင်း၏လက်ထဲမှ ဟုန်မိန်ခရမ်းရောင်ချီကိုတွေ့လိုက်ပြီးနောက် ၎င်းတို့၏မျက်လုံးများသည် လောဘဇောဖြင့် နီရဲလာကာ တိုက်ခိုက်လုနီးပါးဖြစ်နေသည်။

ဗောဓိဘိုးဘေးသည် ချင်မုသူတော်စင်တစ်ပိုင်း၏လက်ထဲမှ ဟုန်မိန်ခရမ်းရောင်ချီကိုတွေ့သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ ဟုန်မိန်ခရမ်းရောင်ချီကို ရီမိသားစုတွင် တန်ဖိုးမထားသော်လည်း၊ ၎င်း၏နှစ်ပေါင်းများစွာ ထိုးထွင်းသိမြင်မှုများကြောင့် ဗောဓိဘိုးဘေးသည် မဟာကမ္ဘာတစ်ခုစီတွင် ဟုန်မိန်ခရမ်းရောင်ချီခြောက်ခုသာ ရှိသင့်ကြောင်း သေချာသိထားသည်။ သို့ဖြစ်လျှင် သတ္တမကြိုးက အဘယ်ကြောင့် ပေါ်လာသနည်း။

သို့သော် ၎င်းတို့ဘက်မှ ကတိတစ်ခုပေးထားပြီးဖြစ်ကာ ချင်မုသူတော်စင်တစ်ပိုင်းသည် ကြိုတင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီးဖြစ်သောကြောင့် ရီမိသားစုသည် ၎င်းတို့၏ကတိကိုရုတ်သိမ်း၍မရပေ။

"မင်းရလာမှတော့ ငါတို့ ရီမိသားစုက မင်းကို ကာကွယ်ပေးမှာပါ"

ဘိုဗောဓိဘိုးဘေးသည် ရှေ့သို့လှမ်းသွားပြီး ချင်မုသူတော်စင်တစ်ပိုင်းရှေ့တွင်ရပ်ကာ အဝေးမှ သူတော်စင်တစ်ပိုင်းအများအပြားကို စိုက်ကြည့်နေသည်။

"ချင်မုက ငါတို့ ရီမိသားစုရဲ့ အကာအကွယ်အောက်မှာ ရှိတယ်"

၎င်းက အဆိုပြုချက်မဟုတ်ဘဲ အသိပေးချက်တစ်ခုဖြစ်သည်။ ဗောဓိဘိုးဘေးသည် ထို ချင်မုသူတော်စင်တစ်ပိုင်းကို ထိဝံ့သည့် မည်သူ့ကိုမဆို ရီမိသားစု၏ရန်သူအဖြစ် သတ်မှတ်ခံရမည်ဟု ပြောခြင်းဖြစ်သည်။

ယောက်ယက်ခတ်နေသည့် လေထုက ချက်ချင်းတိတ်ဆိတ်သွားသည်။

ရီမိသားစုက ၎င်းတို့အပေါ် ကြီးမားသောဖိအားပေးနေ၏။ ဤကမ္ဘာကြီးတွင် ရီမိသားစုမှလုပ်ဆောင်ခဲ့သောအရာများကိုကြည့်ခြင်းအားဖြင့် ရီမိသားစုသည် ပြောသည့်အတိုင်းလုပ်ဆောင်မည်မှာ သေချာသည်။

ထိပ်တန်းအင်အားစုများပင်လျှင် ရီမိသားစုလက်ထဲ၌ ကြီးမားသောဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရီမိသားစု၏စကားကို မည်သူကအလေးအနက်မထားဘဲ နေဝံ့မည်နည်း။ သို့သော် တစ်ဖက်တွင် ဟုန်မိန်ခရမ်းရောင်ချီသည် ၎င်းတို့ လက်လွတ်မခံနိုင်သည့်အရာဖြစ်သည်။

"မင်းတို့မိသားစုက နည်းနည်းတော့ လွန်နေပြီမဟုတ်ဘူးလား။" တစ်ယောက်ယောက်က မကျေမနပ် ပြောလာသည်။

"အတိအကျပြောရရင် တခြားသူတွေက မင်းတို့ ရီမိသားစုကို ကြောက်ကြပေမယ့် ၀မ်ရှန်းဂိုဏ်းကတော့မကြောက်ဘူး!"

တစ်စုံတစ်ယောက်က ရုတ်တရက်ရှေ့သို့ထွက်လာသည်။

လူတိူင်းက သူ့ကို ဝမ်ရှန်းဂိုဏ်းမှ အထွတ်အထိပ် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်ဖြစ်သည့် ထောင်ယွဲ့သူတော်စင်တစ်ပိုင်းဖြစ်ကြောင်း မှတ်မိလိုက်ကြ၏။

"မင်းတို့ ရီမိသားစုက ချင်မုသူတော်စင်တစ်ပိုင်းအတွက်ကြောင့်နဲ့ ငါတို့သူတော်စင်တစ်ပိုင်းတွေအားလုံးကို ဆန့်ကျင်ချင်တာသေချာလား"

ထောင်ယွဲ့သူတော်စင်တစ်ပိုင်း တော်တော်များများက သူ့နောက်ကွယ်တွင် သူတော်စင်တစ်ပိုင်းများက အဆုံးမရှိသည့်အစွမ်းသတ္တိကို ပေးထားသကဲ့သို့ ဖြောင့်မတ်စွာပြောလိုက်သည်။

ဗောဓိဘို၏မျက်နှာသည် ရုတ်တရက် နီရဲလာကာပြန် မေးလိုက်၏။

“သူတော်စင်များအားလုံးကို ကိုယ်စားပြုတာ သေချာလား”

………..

အခန်း ၄၃၁ - ထန်မင်းဆက်၏ ဘုရင်နှစ်ပါး

"ဘာလို့ မင်းနောက်ကို မကြည့်တာလဲ!"

ဗောဓိဘိုးဘေးက ပြင်းထန်စွာရယ်မောလိုက်သည်။ သူ၍မျက်လုံးထဲမှ ထူးဆန်းသောအကြည့်ကို မြင်လိုက်ရသော ထောင်ယွဲ့ သူတော်စင်တစ်ပိုင်းသည် ချက်ချင်းဆိုသလို တစ်ခုခုလွဲမှားနေသည်ကို ခံစားလိုက်ရသည်။ သူနောက်သို့လှည့်ကြည့်လိုက်ရာ သူနှင့်အတူရပ်နေသည့် တခြားသော သူတော်စင်တစ်ပိုင်းများက ဝေးဝေးသို့ အမြန်ဆုတ်သွားသည်ကို မြင်တွေ့လိုက်ရ၏။

‘သူတော်စင်တစ်ပိုင်းများ- မင်းသေချင်တာနဲ့ ငါတို့ပါ ဆွဲမချနဲ့’

ဤအခြေအနေသည် ထောင်ယွဲ့သူတော်စင်တစ်ပိုင်းကို လွန်စွာအရှက်ရစေခဲ့သည်။ သို့သော် သူ၏ အရေထူသောသဘာဝက ထောင်ယွဲ့ သူတော်စင်တစ်ပိုင်းကို ပြန်လည်စိတ်တည်ငြိမ်သွားစေသည်။

ဗောဓိဘိုးဘေးသည် ယခုခေတ်မှ ပေါ်ထွန်းခဲ့သော်ငြားလည်း သူနှင့်ပတ်သက်သော သတင်းအချက်အလတ်များကို တွေ့မြင်ဖူးသည်။ အချက်အလက်အများစုအရ သူသည် နှောင်းပိုင်း သူတော်စင်တစ်ပိုင်းတွင်သာရှိသေးသည်။ အထွတ်အထိပ်သူတော်စင်တစ်ပိုင်းတစ်ဦးဖြစ်သည့် သူက ဗောဓိဘိုးဘေးကို ကြောက်နေရမည်လား။

၎င်းတို့သည် ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် ရှိနေဆဲဖြစ်သောကြောင့် သူသည် ရီမိသားစုကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။

"ငါတစ်ယောက်တည်းဆိုရင်တောင် ရီမိသားစုကိုမကြောက်ဘူးကွ!"

ထောင်ယွဲ့ သူတော်စင်တစ်ပိုင်းသည် သူ၏ရောင်ဝါကို ထူတ်ပြရန်ကြိုးစားလာ၏။ တစ်ဖက်တွင်

ဗောဓိဘိုးဘေးသည် ထိုသို့သောလူမျိုးကို စိတ်မရှည်နိုင်ဆုံးဖြစ်သည်။ တိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ အဘယ်ကြောင့် ဤနေရာတွင် ဝါကြွားနေသနည်း။

"အသေခံမလား ထွက်သွားမလား!"

၎င်းက ရီမိသားစုကို အနည်းငယ်ကြောက်ရွံ့နေသော်လည်း သူတကယ်မလှုပ်ရှားပါက သူ၏ တာအိုနှလုံးသားလည်း သေချာပေါက် ပြိုလဲသွားလိမ့်မည်။ သို့ဖြစ်ပါက အနာဂတ်တွင် သူသည် ဟုန်မိန်ခရမ်းရောင်ချီကို ရခဲ့လျှင်ပင် သူတော်စင်နယ်မြေ သို့ဖြတ်ကျော်ရန်အလွန်ခက်ခဲလိမ့်မည်။ ဒေါသသည် ထောင်ယွဲ့ သူတော်စင်တစ်ပိုင်းအား လုံလောက်သောသတ္တိကို ပေးစွမ်းနိုင်သောကြောင့် သူ၏ နတ်လက်နက်ကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။

‘နေကျဆင်းမန္တန်’

နတ်စွမ်းအားသည် မြောက်မြားစွာသော ကျိန်စာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဗောဓိဘိုးဘေးဆီသို့ ဦးတည်သွားခဲ့သည်။ စောင့်ကြည့နေသော ကျင့်ကြံသူများသည် ထောင်ယွဲ့သူတော်စင်တစ်ပိုင်းက အမှန်တကယ် ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေသည်ကို တွေ့သောအခါ သဘောကျသွား၏။

ထောင်ယွဲ့သူတော်စင်တစ်ပိုင်းအနေဖြင့် ဗောဓိဘိုးဘေးကို အနိုင်ယူနိုင်ရန်လည်း မျှော်လင့်ခဲ့ကြသည်။ ထိုအခြေအနေတွင် ၎င်းတို့အခွင့်ကောင်းယူကာ ချင်မုသူတော်စင်တစ်ပိုင်း၏ ဟုန်မိန်ခရမ်းရောင်ချီကိုရယူရန် အခွင့်အရေးရှိနိုင်သည်။

နောက်အခိုက်အတန့်တွင် ဗောဓိဘိုးဘေးက သူတော်စင်တစ်ပိုင်းစွမ်းအားကို ပြသခဲ့၏။ ‘အိမ်မက်သုံးထောင်’

သူတော်စင်တစ်ပိုင်းနှစ်ဦး ရင်ဆိုင်ခြင်းက အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။ သူတော်စင်တစ်ပိုင်းတစ်ဦး၏စွမ်းအားဖြင့် ၎င်းတို့အချင်းချင်းအနိုင်ယူရန် ရီဖန်ကဲ့သို့ လူတိုင်းမတတ်နိုင်ကြပေ။

ထောင်ယွဲ့ သူတော်စင်တစ်ပိုင်း၏မျက်လုံးထဲမှ အကြည့်သည် ဗလာဖြစ်သွားပြီး ဗောဓိဘိုးဘေး၏ အိပ်မက်ကမ္ဘာထဲသို့ ချက်ချင်းဆွဲငင်ခံလိုက်ရသည်။ ထောင်ယွဲ့ သူတော်စင်တစ်ပိုင်းသည် သူ၏စွမ်းအားကိုထိန်းချုပ်ရန် အသိစိတ်မရှိဘဲ ဗောဓိဘိုးဘေးရှေ့တွင် ခိုကိုးရာမဲ့ သိုးသူငယ်ကဲ့သို့ဖြစ်နေ၏။

ရီမိသားစုနှင့် ၀မ်ရှန်းဂိုဏ်းကြားပြသနာများသည် အချိန်အတော်ကြာ ညှိနှိုင်း၍မရတော့သောကြောင့် ဗောဓိဘိုးဘေးသည် ဝမ်ရှန်းဂိုဏ်းမှ နောက်ထပ်သူတော်စင်တစ်ပိုင်းကိုသတ်ပစ်ရန် ပြဿနာလုံးဝမရှိချေ။ အဆင့်မြင့်နတ်လက်နက်သည် တစ်ဖန်တောက်ပလာပြီး ထောင်ယွဲ့ သူတော်စင်တစ်ပိုင်း၏ရောင်ဝါက လုံးဝပြိုလဲသွားသည်အထိ တဖြည်းဖြည်းမှေးမှိန်လာသည်။

"ဟမ့်၊ နောက်ထပ် စမ်းကြည့်ချင်သေးလားကွ"

သူ၏ဓားသည် ကျင့်ကြံသူတိုင်းအပေါ်သို့ ဖြတ်သန်းသွားပြီးနောက် လူတိုင်းက ဗောဓိဘိုးဘေးကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ခေါင်းညိမ့်လိုက်ကြသည်။

"ဗောဓိဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်က သူတော်စင်တစ်ပိုင်း နယ်ပယ်အထိ အဲလောက်အမြန်ရောက်သွားတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

၎င်းတို့ထဲမှ အများစုသည် ယခင်ခေတ်က သူတော်စင်တစ်ပိုင်းများ ဖြစ်ခဲ့ကြခြင်းဖြစ်၏။ သို့သော် ဤခေတ်တွင်ဖြစ်ပေါ်လာသော ဗောဓိဘိုးဘေးနှင့် အလွန်းဝေးကွာနေသောကြောင့် ဤအချက်ကို လက်ခံရန် ခဲယဉ်းလှသည်။ ရီမိသားစုက သူတို့ဘယ်လိုများ ကျင့်ကြံပေးလိုက်သနည်း။ ဤမေးခွန်းသည် ၎င်းတို့၏နှလုံးသားထဲတွင် ပျံ့လွင့်သွားကာ နက်နဲစွာသိချင်စိတ်ကိုဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်ကများ ယုတ်ညံ့လွန်းနေလို့လား။

မည်သူကမှ စကားမပြောသောကြောင့် ဗောဓိဘိုးဘေးက အဆိုပါကျင့်ကြံသူများကို ဂရုမစိုက်တော့ဘဲ ချင်မုသူတော်စင်တစ်ပိုင်းကို ရန်ဟွမ်စကြဝဠာထဲကို ခေါ်သွားခဲ့သည်။ ဗောဓိဘိုးဘေး၏ နောက်ကျောပြင်ကို ကြည့်ရင်း ကျင့်ကြံသူများ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

"မင်း ဘာတွေကျေနပ်နေတာလဲ။ ဟုန်မိန် ခရမ်းရောင်ချီမရှိရင် သူတော်စင်တစ်ပိုင်းကနေ တက်နိုင်မှာတောင် မဟုတ်ဘဲနဲ့များ"

၎င်းတို့၏မျက်လုံးထဲတွင် ရီဖန်၏ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားသည့် ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်းသာ ရီမိသားစုတွင်ရှိသည်။ ထို့ကြောင့် ဗောဓိဘိုးဘေးက ၎င်းတို့ကိုရရှိလိမ့်မည်မဟုတ်ပေ။ ဗောဓိဘိုးဘေးသည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်သွားနိုင်သော်လည်း သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ရန်အခွင့်မရှိသရွေ့ ၎င်းတို့နှင့်အတူတူသာဖြစ်၏။

ရန်ဟွမ်နယ်မြေသို့ ခေါ်ဆောင်သွားခံရသော ချင်မုသူတော်စင်တစ်ပိုင်းသည်လည်း တုန်လှုပ်ခြောက်ခြားနေသည်။ ရီမိသားစုက သူ့ကိုကာကွယ်ရန် ကတိပေးထားသည့်အတိုင်း ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်း ထပ်မံရရှိခဲ့သည်။ သို့သော် ၎င်းက ဟုန်မိန်ခရမ်းရောင်ချီဖြစ်ကာ အဖိုးတန်အရင်းအမြစ်ဖြစ်သောကြောင့် ရီမိသားစုက ၎င်းတို့၏စကားကို အမှန်တကယ်တည်ပါ့မလား။

အခြားနည်းလမ်းတစ်ခုရှိပါက ချင်မုသူတော်စင်တစ်ပိုင်းသည် ဤဖြစ်နိုင်ချေကို လောင်းကြေးထပ်လိမ့်မည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် ဗောဓိဘိုးဘေးသည် အကြံအစည်မရှိပုံရသောကြောင့် ချင်မုသူတော်စင်တစ်ပိုင်း အနည်းငယ်စိတ်သက်သာရာရသွားသည်။

အကယ်၍ ဗောဓိဘိုးဘေးထံတွင် အကြံအစည်များရှိပါက ၎င်း၏ကျင့်ကြံမှုအဆင့်နှင့် ရီမိသားစု၏အမာခံနယ်မြေတွင်ရှိနေခြင်းကြောင့် အခြားရည်ရွယ်ချက်များရှိလျှင်ပင် သူထွက်ပြေးနိုင်မည့် အခွင့်အလမ်းမရှိပေ။ ပြင်ပလူများပင်လျှင် သူသည် ရီမိသားစုထဲ တံခါးပိတ်ကျင့်ကြံနေသည်ဟုထင်ကာ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သံသယရှိမည်မဟုတ်ပေ။

"ဒါက မင်းအတွက် ပြင်ဆင်ထားတဲ့ ဂူအိမ်ပဲ၊ စိတ်မပူပါနဲ့ ငါတို့ရီမိသားစုက မင်းကို မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေရှိမှာ မဟုတ်ဘူး။ရ"

ဗောဓိဘိုးဘေးသည် ချင်မုသူတော်စင်တစ်ပိုင်း၏ စိုးရိမ်ပူပန်မှုကိုမြင်သောကြောင့် နှစ်သိမ့်စကားပြောကြားခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ဦးလေးဖြစ်သောကြောင့် အနည်းငယ်နှစ်သိမ့်ပေးရဦးမည်။ ချင်မုသူတော်စင်တစ်ပိုင်းသည် ဂူအိမ်ထဲသို့ဝင်ပြီးနောက် ဘာပြဿနာမှမတွေ့ရမှသာ ဟုန်မိန်ခရမ်းရောင်ချီကို တည်ငြိမ်စွာသန့်စင်နိုင်ခဲ့သည်။

ပန်ကုစကြာဝဠာရှိ အခြားသောအင်အားစုများနှင့် ရီမိသားစုသည် အတော်လေးကွာခြားကြောင်းကို သူတွေ့ရှိခဲ့သည်။ ၎င်းတို့က ဟုန်မိန်ခရမ်းရောင်ချီကို အတော်မုန်းတီးပုံရသည်ဟူ၍ပင် သူခံစားနေရ၏။ ချင်မုသူတော်စင်တစ်ပိုင်းသည် ၎င်းကိုနားမလည်နိုင်သော်လည်း ဤအရာသည် ထင်ယောင်ထင်မှားမဟုတ်ဘဲ တကယ့်လက်တွေ့ခံစားချက်ဖြစ်ကြောင်း မသိရှိခဲ့ချေ။

လက်ရှိရီမိသားစုတွင် ရီဖန်သည် ဟုန်မိန်ခရမ်းရောင်ချီကို အသုံးပြုနိုင်မည့် အခွင့်အရေးမရှိပေ။ ယခုအချိန်ရှိနေသရွေ့ ရီမိသားစု၏ ကျင့်ကြံသူများသည် အခြေခံအားဖြင့် ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ၎င်းတို့သည် ဟုန်မိန် ခရမ်းရောင်ချီ၏အကူအညီကို လုံးဝမလိုအပ်ပေ။ ဟုန်မိန်ခရမ်းရောင်ချီသည် ပန်ကုစကြဝဠာအတွင်းသာ အသုံးဝင်သည်ဟု ယူဆနိုင်သည်။

…

နောက်ဆုံးတွင် သတ္တမမြောက် ဟုန်မိန်ခရမ်းရောင်ချီကြိုးတစ်ချောင်း အထွတ်အမြတ်ရတနာတိုက်တွင် ထွက်ပေါ်လာသည့်သတင်းပျံ့နှံ့သွား၏။ မူလက မျှော်လင့်ချက်ကိုစွန့်လွှတ်ခဲ့သော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် တစ်ဖန်စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းတည်ရှိမှုက အဋ္ဌမ၊ နဝမနှင့် မရေမတွက်နိုင်သော နောက်ထပ်ကြိုးများရှိနိုင်လိမ့်မည်ဟု ဆိုလိုသည် မဟုတ်လား။

………

အခန်း ၄၃၂ - ထန်မင်းဆက်၏ ဘုရင်နှစ်ပါး

ဤကမ္ဘာကြီးသည် အခြားကမ္ဘာကြီးများနှင့် လုံးဝခြားနားသည်ဟု သူတော်စင်တစ်ပိုင်းများစွာက ခံစားသိရှိခဲ့ကြပြီးဖြစ်ကာ အရင်းခံဖွံ့ဖြိုးတိုးတက်မှုကို ခံယူထားကြသည်။ များသောအားဖြင့် ခြောာက်ကပ်တိတ်ဆိတ်နေလေ့ရှိသော အထွတ်အမြတ်ရတနာတိုက်သည် တစ်ဖန်ပြန်လည်စည်ကားလာ၏။

မရေမတွက်နိုင်သောကျင့်ကြံသူများသည် အဋ္ဌမမြောက် ဟုန်မိန်ခရမ်းရောင်ချီကို ရယူရန်ရည်ရွယ်လျက် ကံကောင်းသော ချင်မုသူတော်စင်တစ်ပိုင်းကဲ့သို့ ဖြစ်ချင်ကြသည်။ ၎င်းက အင်အားစုငယ်များကိုသာမကဘဲ ထိပ်တန်းအင်အားစုများမှ သူတော်စင်တစ်ပိုင်းတို့ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

"တာအိုဘိုးဘေး၊ သတ္တမမြောက်ဟုန်မိန်ခရမ်းရောင်ချီ ပေါ်လာမှတော့ ငါတို့ရဲ့အဓိကဂိုဏ်းတွေကြားက သဘောတူညီချက်ကို ပြန်မရေးဆွဲသင့်ဘူးလား"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ထိပ်တန်းအငိအားစုများ အင်အားကြီးများနှင့် အစည်းအဝေးခေါ်ယူသည့် ပထမဆုံးသူဖြစ်သည်။ စကြာဝဠာအမွှားတစ်ခုစီ၏ ရှင်သန်မှုကို ထိန်းသိမ်းရန်အတွက် သူတော်စင်ကမ္ဘာအထက်ရှိ ကျင့်ကြံသူများသည် ၎င်းတို့ကိုထိန်းချုပ်ရန် ထိပ်တန်းအင်အားစုတစ်ခုစီက ဟုန်မိန်ခရမ်းရောင်ချီ တစ်မျှင်တည်းကိုသာ ရယူနိုင်ပြီး၊ သာမန်ကျင့်ကြံရေးသမားများအတွက် မျှော်လင့်ချက်ဖြစ်လာစေရန် သတ်မှတ်ထားသည်။

သို့မဟုတ်ဘဲ မျှော်လင့်ချက်မရှိလျှင် ကျင့်ကြံသူများသည် အနာဂတ်ကိုမမြင်နိုင်သောကြောင့် ကျင့်ကြံရန် လှုံ့ဆော်မှုဆုံးရှုံးသွားနိုင်သည်။ ယခုတွင် ဟုန်မိန်ခရမ်းရောင်ချီအရေအတွက် ပြောင်းလဲလာသည်နှင့်အမျှ ၎င်းသည် ပန်ကုစကြာဝဠာတစ်ခုလုံး၏အခြေအနေကို အနှောင့်အယှက်ဖြစ်စေရန် ကျူးကျော်လာသည်နှင့်တူသည်။

"အကြီးအကဲတွေဆီက ညွှန်ကြားချက် ချက်ချင်းတောင်းလိုက်မယ်။ ဒီအခြေအနေကို သူတော်စင်အစည်းအရုံးက အကြီးအကဲတွေလဲ မမျှော်လင့်ထားလောက်ဘူး"

ပန်ကုစကြာဝဠာရှိအခြေအနေသည် နှစ်သန်းပေါင်းများစွာကြာအောင် တည်ငြိမ်နေကာ ၎င်းတို့၏သတ်မှတ်စည်းမျဉ်းများအတိုင်း အမြဲလည်ပတ်နေခဲ့သည်။ ယခုတွင် စည်းမျဉ်းများပျောက်ကွယ်သွားပုံရသောကြောင့် ၎င်းတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များမချနိုင်ဘဲ ချက်ခြင်းညွှန်ကြားမှုရယူရန် လိုအပ်လာသည်။

"အမြန်သွားရှာကြ။ မကြာခင်မှာ စည်းမျဉ်းအသစ်တစ်ခု ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဟုန်မိန်ခရမ်းရောင်ချီ အရေအတွက်က ခုနစ်ခုအထိပဲ မဟုတ်ဘူးလို့တောင် ငါသံသယရှိတယ်"

ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်အတွက် ပြိုင်ဆိုင်မှုသည် သူတော်စင်နယ်မြေစွမ်းအားရှင်များ၏ အရေအတွက် အတွက် ဖြစ်နိုင်ချေရှိသော ပြိုင်ဆိုင်မှုကိုညွန်ပြနေသည်။ ထိုအချိန်တွင် ၎င်းတို့၏ထိပ်တန်းအင်အားစုများအဖြစ် ရာထူးသည်လည်း ယိမ်းယိုင်သွားနိုင်သည်။

အထက်နယ်မြေသို့ တက်လှမ်းခြင်းက ကုန်ကျစရိတ်ကြီးမားသော်လည်း ၎င်းတို့သည် ယခုအချိန်တွင် စဉ်းစားရန်အချိန်မရှိပေ။ ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေသည်။ သို့သော် အထက်နယ်မြေမှ တုံ့ပြန်မှုမရရှိသေးမီ အဋ္ဌမမြောက် ဟုန်မိန်ခရမ်းရောင်ချီပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် အင်အားစုကြီးလေးခုသည်လည်း မနေနိုင်တော့ဘဲ ချက်ချင်းလှုပ်ရှားခဲ့သည်။

၎င်းတို့အားလုံး၏လှုပ်ရှားမှုကြောင့် အဋ္ဌမမြောက် ဟုန်မိန်ခရမ်းရောင်ချီကို ရရှိရန်မှာ ပိုလွယ်ကူသွားသည်။ ၎င်းထိပ်တန်းအင်အားစုလေးခု၏လုပ်ရပ်က အင်အားစုငယ်များကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ဟုန်မိန်ခရမ်းရောင်ချီအရေအတွက် ရှားပါးလာပြီး ဤထိပ်တန်းအင်အားစုများ လှုပ်ရှားလာသောအခါ ၎င်းတို့မျှော်လင့်ချက်များ ထပ်မံဆုံးရှုံးသွားစေသည်။

ထိပ်တန်းအင်အားစုလေးခု လှုပ်ရှားနေသရွေ့ အနာဂတ်တွင်ပေါ်လာမည့် ဟုန်မိန်ခရမ်းရောင်ချီကို ရယူရန်လည်း အခွင့်အလမ်းရှိမည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် ၎င်းတို့အင်အားစုကြီးများရရှိသော ဟုန်မိန်ခရမ်းရောင်ချီပမာဏသည် ၎င်းတို့ပိုင်ဆိုင်ထားသည်ထက် များစွာကျော်လွန်သွားခဲ့သောကြောင့် သည်းမခံနိုင်တော့ပေ။

မျှော်လင့်ချက်မဲ့နေသော အောက်ခြေမှ ကျင့်ကြံသူများသည် အမှန်တကယ် ကြောက်စရာကောင်းသည်။ နဝမမြောက် ဟုန်မိန်ခရမ်းရောင်ချီပေါ်လာသောအခါ ထိပ်တန်းအင်အားစုလေးခုက လှုပ်ရှားရန်ကြိုးစားစဉ် အင်အားစုငယ်လေးများ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူတော်စင်တစ်ပိုင်း အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် သူတော်စင်တစ်ပိုင်းအများအပြားနှင့် ရင်ဆိုင်ရသောအခါ တုံ့ပြန််နိုင်စွမ်းမရှိချေ။

ရုတ်တရက် အင်အားစုကြီးလေးခုသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရ၏။ ပန်ကုစကြဝဠာကို နှစ်ပေါင်းများစွာလွှမ်းမိုးထားခဲ့သော အဓိကအင်အားစုလေးခုသည် ရီမိသားစုကို ရင်ဆိုင်ရသောအခါ၌ပင် ထိုကဲ့သို့ ဆုံးရှုံးမှုမျိုးမကြုံခဲ့ပေ။ ၎င်းတို့က ဤထိုးနှက်ချက်ကို မည်သို့သည်းခံနိုင်မည်နည်း။

အင်အားစုငယ်များမှ သူတော်စင်တစ်ပိုင်းများကို အတင်းအကျပ်ဖိနှိပ်ကာ ဟုန်မိန်ခရမ်းရောင်ချီကို ပြန်လည်သိမ်းယူရန်အတွက် သူတော်စင်တစ်ပိုင်း အင်အားအများအပြားကို နှိမ်နင်းခဲ့ကြသည်။

မငြိမ်မသက်ဖြစ်နေပြီးသော ပန်ကုစကြဝဠာသည် တခဏအတွင်း ပို၍ပင်ဖရိုဖရဲဖြစ်လာသည်။

…

"လှုပ်ရှားဖို့ အချိန်မကျသေးဘူးလား" နေရာလွတ်ထဲမှ အသံတစ်ခုပဲ့တင်ထပ်သွားသည်။

"လှုပ်ရှားရမယ့်အချိန်ကျပြီ။ ငါတို့ နတ်ဆိုးနတ်ဘုရားတွေကို စည်းတံဆိပ်ဖွင့်လိုက်ပြီမို့ တိုက်ပွဲကောင်းဖြစ်လာတော့မှာ သေချာတယ်"

“သူတော်စင်တစ်ပိုင်းတွေ အများကြီးပဲ၊ ငါ့အတွက် ပွဲတော်တစ်ခုဖြစ်လာဖို့ လုံလောက်ပါတယ်”

"ပန်ကုက ငါတို့ကို အကြာကြီး စည်းတံဆိပ်ခတ်ထားတာ။ အခု ငါတို့ခေတ်ကို စတင်ဖို့ အချိန်တန်ပြီ!"

ရေရွတ်သံများက နေရာလွတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ နတ်ဆိုးနတ်ဘုရားများကြားတွင် လူတစ်ဦးသည် သူ၏မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ ၎င်းက ထန်မင်းဆက်ဘုရင်ဖြစ်နေသည်။ ထန်မင်းဆက်ဘုရင်ထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် သူတော်စင်တစ်ပိုင်းနယ်မြေတွင် ရှိနေသည်။

"စကြရအောင်!"

…

ချင်းလဲ့ မဟာကမ္ဘာတစ်ထောင်အလယ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ဖြစ်ပွါးလျက်ရှိသည်။ ချင်းလဲ့ဂိုဏ်းကို အဓိကအင်အားစုကြီးလေးခုအောက်တွင် အပြင်းထန်ဆုံးဂိုဏ်းတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ သို့သော် ဒေါသထွက်နေသော သူတော်စင်တစ်ပိုင်း စွမ်းအားရှင်များစွာနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ချင်းလဲ့ဂိုဏ်းမှ နောက်ဆုံးကျင့်ကြံသူ အသတ်ခံရပြီးနောက် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း လက်ထဲသို့ ဟုန်မိန်ခရမ်းရောင်ချီကြိုးမျှင်တစ်ခု ဖြည်းညှင်းစွာ လွင့်ပျံလာသည်။ ၎င်းဖြင့် ၀မ်ရှန်းဂိုဏ်းသည် နောက်ထပ် သူတော်စင်နယ်မြေစွမ်းအားရှင်ကို မြှင့်တင်နိုင်ကာ

သူတော်စင်ကမ္ဘာသို့ရောက်ရှိသောအခါ ပိုမိုနေရာရလာမည်ဖြစ်သည်။

ချင်းလဲ့ဂိုဏ်း ပျက်သုဉ်းသွားသော်လည်း ချင်းလဲ့ဂိုဏ်းတစ်ခုတည်းက ၎င်းတို့၏ဒေါသကို မငြိမ်းသတ်နိုင်ချေ။ ဝမ်ရှန်းဂိုဏ်းကို ဆန့်ကျင်ဝံ့သူအားလုံး သေသင့်သည်။ ပန်ကုစကြာဝဠာရှိ လက်ရှိပြောင်းလဲမှုများသည် အထက်ကမ္ဘာကို လုံးဝထိန်းချုပ်မှုဆုံးရှုံးစေခဲ့ကာ အဓိကအင်အားစုကြီးလေးခုကို ခိုင်မာလာစေသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က အင်အားစုငယ်များထံမှ အင်အားအသစ်များ စုဆောင်းရန် လိုအပ်နေသေးသောကြောင့် ၎င်းတို့သည် ရဲရင့်စွာလုပ်ဆောင်ဝံ့မည်မဟုတ်ပေ။ ယခုမူတွင် ပန်ကုစကြဝဠာသည် အမည်မသိဦးတည်ချက်သို့ ပြောင်းလဲသွားပုံရသောကြောင့် ၎င်းတို့သည်လည်း အနည်းငယ် ပိုမိုရဲရင့်စွာ လှုပ်ရှားလာနိုင်သည်။ အထက်နယ်မြေရှိသူများကမေးလာလျှင် ၎င်းတို့ကလည်း ရှင်းပြရန် ခိုင်လုံသည့် အကြောင်းပြချက်များ ရှိလိမ့်မည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အခြားသူတော်စင်တစ်ပိုင်းများနှင့်အတူ ထွက်ခွာခါနီးတွင် တစ်ခုခုမှားနေပြီဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို မသိစိတ်ဖြင့် အနည်းငယ် လှုပ်ရှားမိလိုက်၏။

နေရာလွတ်ထဲတွင် အနက်ရောင်ဓားမြှောင်တစ်စင်း ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးဝင်သွားသည်။ ထို့အပြင် ၎င်းထံမှရောင်ဝါသည် နတ်ဆိုးနတ်ဘုရားရောင်ဝါဖြစ်သည်။ သို့သော် နတ်ဆိုးနတ်ဘုရားက မလှုပ်ရှားမီ သူမည်သည့်ရောင်ဝါကိုမျှ မခံစားခဲ့ရချေ။

သေခြင်းတရားမှလွတ်မြောက်ရန် ကြောက်ရွံ့နေသော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ချွေးအေးများစိုရွှဲလာသည်။ သူ့မသိစိတ်လှုပ်ရှားမှုကြောင့်သာ မဟုတ်လျှင် ဓားမြှောင်က သူ့နဖူးကိုထိုးဖောက်ပြီး သူ၍စိတ်ဝိညာဉ်ပင်လယ်ကို ဖျက်ဆီးသွားနိုင်သည်။

သို့တိုင်အောင် ထိုအနက်ရောင်ဓားမြှောင်သည် သူ၏ခုခံကာကွယ်မှုများကို ဖောက်ထွင်းသွားပြီး သူ၏နတ်ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားဆဲဖြစ်သည်။ ထို့အပြင် ဓားမြှောင်မှထူးဆန်းသော အဆိပ်တစ်ခုထွက်လာကာ သူ၏နတ်ခန္ဓာကိုယ်ကို ဖျက်ဆီးရန် အဆက်မပြတ် ကြိုးစားနေသည်။ သူ့အသိနှင့်ပင် ထိုအဆိပ်ကို မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မဆိုထားနှင့် မည်ကဲ့သို့သောအဆိပ်ဖြစ်သည်ကိုပင် သူမသိနိုင်ပေ။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း မော့ကြည့်လိုက်ရင်း မည်သူက တိုက်ခိုက်ဝံ့သနည်းဟု မေးခွန်းထုတ်မည့်အချိန်တွင် အံ့ဩဖွယ်ရင်းနှီးနေသောမျက်နှာကို မြင်လိုက်ရသည်။ ၎င်းက ထန်မင်းဆက်ဘုရင်ဖြစ်နေ၏။ ထန်မင်းဆက်ဘုရင်ကို တာအိုဘိုးဘေး ဖမ်းမိသွားကြောင်း သူရှင်းရှင်းလင်းလင်း မှတ်မိသည်။ သူသည် ဤနေရာတွင် မည်သို့ပေါ်လာနိုင်မည်နည်း။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ၏အမူအရာကြောင့် အလွန်ကျေနပ်ပုံရသော ထန်မင်းဆက်ဘုရင်သည် အပြုံးကြီးပြုံးလိုက်သည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏နောက်မှ တာအိုဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကို မှတ်မိသွားပြီး သူ၏အတွင်းကမ္ဘာအထဲ စည်းတံဆိပ်ခတ်ထားခဲ့သော ထန်မင်းဆက်ဘုရင်ကို ချက်ချင်းထုတ်လိုက်သည်။

ထိုအခါ ထန်မင်းဆက်ဘုရင်သည် သူ့ရှေ့တွင်ပေါ်လာ၏။ အမှားအယွင်းမရှိပေ။ ထန်မင်းဆက်ဘုရင်ကို သူစည်းတံဆိပ်ခတ်ထားပြီး သူ၏ကိုယ်ပေါ်ရှိ စည်းတံဆိပ်သည် လုံး၀ပြေလျော့နေခြင်းမရှိချေ။

သို့သော် နောက်အခိုက်အတန့်တွင် တာအိုဘိုးဘေးရှေ့မှ ထန်မင်းဆက်ဘုရင်သည် တဖြည်းဖြည်း အရည်ပျော်သွားကာ ထန်မင်းဆက်ဘုရင်ဆီသို့ ဦးတည်သွားသည်။ နောက်ဆုံးတွင် ၎င်းက ထန်မင်းဆက်ဘုရင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွား၏။ သူ၏ရောင်ဝါသည်လည်း ပို၍ပင် အားကောင်းလာသည်။

ဤကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းက သူတော်စင်တစ်ပိုင်း စွမ်းအားရှင်များအားလုံးကို သတိကြီးကြီးထားစေသည်။ ထန်မင်းဆက်ဘုရင်နှစ်ပါး၏ အသွင်အပြင်က တူညီသော်လည်း ၎င်းတို့နှစ်ဦးသည် နတ်ဆိုးနတ်ဘုရား နှလုံးသားနှစ်ခုပါရှိသည့် ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာယုံကြည်ကြသည်။ ယခုတွင် တစ်ဦးတည်းသောသူက နတ်ဆိုးနတ်ဘုရားနှလုံးသားနှစ်ခုကို သန့်စင်ပေးနိုင်သလား။

ဤအခြေအနေက သူတို့ကို စိတ်ရှုပ်စေသည်။ ၎င်းတို့အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုမှာ ထန်မင်းဆက်ဘုရင်က သန်မာနေသော်လည်း နောက်ဆုံးတွင် သူတစ်ဦးတည်းသာရှိသည်။

၎င်းတို့ဘက်တွင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်လေးဦးရှိ၏။

"ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းတယ်၊ သူ့တို့ကို အတူတူ သတ်လိုက်ကြရအောင်”

တာအိုဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကို ချိန်ရည်ရွယ်၍ ၎င်း၏ထိပ်တန်းနတ်လက်နက်ကို ထုတ်ကာ အချိန်မရွေးတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။ အခြားသော သူတော်စင်တစ်ပိုင်းသုံးယောက်သည်လည်း လှုပ်ရှားရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ထိုအချိန်တွင် ထန်မင်းဆက်ဘုရင်၏မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင်ထင်ရှားလာ၏။

"ငါတစ်ယောက်တည်းဆိုတာ သေချာလား"

ထိုအချိန်တွင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များ၏ နောက်ကွယ်တွင် နတ်ဆိုးနတ်ဘုရားအရိပ်များ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

………

All Chapters