အခန်း 433-435
Vol. 29 Ch. 433-435
အခန်း ၄၃၃ - နတ်ဆိုးနတ်ဘုရားလွတ်မြောက်လာခြင်း
သန်မာသော သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များပင်လျှင် ထိုနေရာသို့ ပြုတ်ကျလာသည့်အချိန်အထိ တုံ့ပြန်ရန်အချိန်မရှိခဲ့ကြချေ။ ထိုအချိန်တွင် နတ်ဆိုးနတ်ဘုရားများသည်လည်း ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းကဲ့သို့သောလူများကို ဝိုင်းရံလာကြသည်။
နတ်ဆိုးနတ်ဘုရားများ၏ရောင်ဝါက ထိုမျှလောက်မပြင်းထန်သော်လည်း ၎င်းတို့သည် သူတော်စင်တစ်ပိုင်းအဆင့်တွင်ရှိကြသည်။ သို့သော် နတ်ဆိုးနတ်ဘုရားအချို့ထံမှ ဖြာထွက်နေသော ရောင်ဝါသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် အခြားသူများကို ကြီးမားသောဖိအားအောက်သို့ ရောက်ရှိစေသည်။
ဤခေတ်တွင် နတ်ဆိုးနတ်ဘုရားသုံးပါး ပေါ်ထွက်လာခြင်းက ၎င်းတို့ကို အနည်းငယ်ထိတ်လန့်သွားစေခဲ့သည့်အပြင် ယခုတွင် ရာနှင့်ချီသောနတ်ဆိုးနတ်ဘုရားများ စည်းတံဆိပ်ခတ်ခံထားရရာမှ ပြန်လည်ရှင်သန်လာကြ၏။ ၎င်းတို့က ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် အခြားသူများကို လောဘကြီးသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
လူသားမျိုးနွယ်၏အစွမ်းထက်သော သတ္တဝါများကို စားသုံးခြင်းက ၎င်းတို့အတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးသည်။ အသွေးအသားဝါးမြိုခြင်းက ၎င်းတို့၏ သွေးမျိုးဆက်လမ်းကြောင်းထဲတွင် နက်နဲစွာ ရေးထွင်းထားသော ဗီဇတစ်ခုဖြစ်၏။
သူ၏စွမ်းအားနှင့် အပြည့်အ၀ပေါင်းစပ်ပြီးနောက်၊ ထန်မင်းဆက်ဘုရင်သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် အခြားသူများဆီသို့ လှည့်ကြည့်လိုက်သည်။
၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်းများဖြစ်ကြပြီး အကယ်၍ သူသည် ၎င်းတို့အားလုံးကိုစားသုံးနိုင်လျှင် စစ်မှန်သောသူတော်စင်နယ်မြေသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးရှိလာလိမ့်မည်။
သို့သော် ထန်မင်းဆက်ဘုရင်သည် သူ့တွင် ထိုအသွေးအသားအားလုံးကို စားသုံးနိုင်မည့် အခွင့်အရေးရှိမည်မဟုတ်ကြောင်း ကောင်းစွာသိသည်။
နတ်ဆိုးနတ်ဘုရားများကို သူခေါ်ထားသော်လည်း ၎င်းတို့က သူ့စကားကို နားမထောင်ကြချေ။
"မင်းတို့ စလှုပ်ရှားကြတော့လေ!"
ထန်မင်းဆက်ဘုရင်သည် စိတ်မရှည်တော့ဘဲ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် သူ၏အပေါင်းအဖော်များကို တိုက်ခိုက်စေခဲ့သည်။ အခြားသောနတ်ဆိုးနတ်ဘုရားများသည်လည်း နောက်ကျကျန်နေမည်ကို စိုးရွံ့သောကြောင့် ၎င်းတို့ထံ ချက်ချင်းပြေးသွားကြသည်။ တစ်ကိုက်လောက်ဆုံးရှုံးရလျှင်ပင် ၎င်းတို့အတွက် ဆုံးရှုံးကြီးတစ်ခု ဖြစ်သွားနိုင်သည်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် အစိမ်းရောင်မိုးကြိုးကမ္ဘာတစ်ခုလုံးသည် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွား၏။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းဘက်တွင် သူတော်စင်တစ်ပိုင်းနယ်မြေ စွမ်းအားရှင်လေးဦးနှင့် အထွတ်အထိပ်သူတော်စင်တစ်ပိုင်း နောက်ထပ်အနည်းငယ်ရှိသည်။ သို့သော် ၎င်းတို့သည် နတ်ဆိုးနတ်ဘုရားများစွာနှင့်တော့ မယှဉ်နိုင်ချေ။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် နတ်ဆိုးတစ်ပိုင်းနတ်ဘုရားတစ်ဦးကို တစ်ကိုယ်တည်း တိုက်ခိုက်နေ၏။ တိုက်ပွဲဖြစ်ပွားပြီးသည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို မဖိနှိပ်ထားနိုင်တော့ဘဲ တဖြည်းဖြည်းအားနည်းလာကာ သူ၏ဒဏ်ရာများမှာလည်း ပိုမိုပြင်းထန်လာသည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဘေးဘက်သို့လှည့်ကြည့်လိုက်ရာ အခြားသူတော်စင်တစ်ပိုင်းများသည်လည်း အခြေအနေမကောင်းကြောင်း တွေ့လိုက်ရသည်။ ထို့သို့ဆက်ဖြစ်နေလျှင် ၎င်းတို့အားလုံး ပိတ်မိသွားလိမ့်မည်။
သူ့အနေဖြင့် ၎င်းတို့နှင့် သေအတူရှင်မကွာရင်ဆိုင်ရန် ဆုံးဖြတ်ထားခြင်းမရှိပေ။ ၎င်းတို့ကို စွန့်ပစ်လိုက်ပြီး သူ့အသက်ရှင်နိုင်ပါက သူလုံးဝတွန့်ဆုတ်နေမည်မဟုတ်ချေ။ သူလွတ်မြောက်ရန်အတွက် အခွင့်အရေးဖန်တီးရန် အချိန်တန်လေပြီ။ သူယခုမှ မလွတ်မြောက်နိုင်လျှင် အမှန်တကယ် ကျဆုံးသွားမည်ကို စိုးကြောက်၏။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက သူ့လက်ကိုလှန်လိုက်ကာ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ စွမ်းအားကြိုးမျှင်တစ်ချောင်းကို ၎င်းထဲသို့ ထည့်သွင်းလိုက်သည်နှင့် အဆောင်အတွင်းရှိစွမ်းအားများ ချက်ချင်း ပေါက်ကွဲသွားသည်။ ထို့နောက်တွင် သူတော်စင်တစ်ပိုင်းနယ်ပယ်ထက်ကျော်လွန်သော ရောင်ဝါတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
၎င်းက ၀မ်ရှန်းဂိုဏ်း၏ဝှက်ဖဲများထဲမှတစ်ခုဖြစ်ပြီး ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဤတစ်ကြိမ်ရှင်သန်ရန်အတွက် ၎င်းကို အသုံးပြုလိုသည်ထက် ပိုပါ၏။
"သူတော်စင်တစ်သောင်းကျမ်း!"
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏နောက်တွင် စွမ်းအားကြီးသောပုဂ္ဂိုလ်တစ်ဦးပေါ်လာကာ သူနှင့်ရင်ဆိုင်နေသော နတ်ဆိုးနတ်ဘုရားကို လက်ဖဝါးတချက်တည်းဖြင့် ရိုက်ချလိုက်သည်။ ထိုသူတော်စင်နယ်မြေစွမ်းအားကို နတ်ဆိုးနတ်ဘုရားပင် မခုခံနိုင်ချေ။ သူတော်စင်တစ်ပိုင်းသည် သူ့ကိုယ်ပေါ်သို့ကျရောက်လာသည့် ရိုက်ချက်ကို ကူကယ်ရာမဲ့ကြည့်နေရုံသာရှိသည်။ တစ်ချက်ထိလိုက်ရုံဖြင့် ထိုနတ်ဆိုးနတ်ဘုရား ပြိုလဲပျက်ဆီးသွား၏။ သူတော်စင်နယ်မြေစွမ်းအားကို ခံစားလိုက်ရသဖြင့် နတ်ဆိုးနတ်ဘုရားများ၏ မျက်နှာများသည်လည်း သိသိသာသာပြောင်းလဲသွားသည်။
ကိုင်တွယ်ဖြေရှင်းရန်လွယ်ကူမည်မဟုတ်ဟု ၎င်းတို့ထင်မြင်ခဲ့ကြသော်လည်း ထိပ်တန်းဂိုဏ်းများ၏ အောက်ခြေစည်းမျဉ်းက ဤမျှပြင်းထန်သော သူတော်စင်တစ်ပိုင်း နတ်ဆိုးနတ်ဘုရားများထဲမှ တစ်ကောင်ကို ချက်ချင်းဖယ်ရှားပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ အခြားသော နတ်ဆိုးနတ်ဘုရားများသည်လည်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ပို၍သတိရှိလာသည်။
တစ်ဖက်တွင် တာအိုဘိုးဘေးသည် ဝမ်းသာသွား၏။ ၀မ်ရှန်းဂိုဏ်းသည် အမှန်တကယ် လေးနက်သောအခြေခံအုတ်မြစ်ရှိကာ ထိပ်တန်းအင်အားစုလေးခုထဲတွင် ပထမအဆင့်၌ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။
၎င်းတို့ထံတွင်လည်း ဤကဲ့သို့ဝှက်ဖဲများရှိသော်လည်း အများစုကို ၎င်းတို့၏ဂိုဏ်းထဲတွင်သာ ထားခဲ့ရကာ ထုတ်သုံးရန် လုံးဝမဖြစ်နိုင်ပေ။
ထိုသူတော်စင်တစ်ပိုင်းများသည် လက်ရှိ ၎င်းတို့၏ဂိုဏ်းတွင် အင်အားအကောင်းဆုံးဖြစ်သော်လည်း စစ်မှန်သောသူတော်စင်နယ်မြေစွမ်းအားရှင်များ ထားရစ်ခဲ့သော ဝှက်ဖဲများကို ၎င်းတို့၏ နောက်ဆုံး ၎င်းတို့ဂိုဏ်း၏ရှင်သန်မှုအရေးကြုံသည်အထိ အသုံးမပြုရပေ။ ကိုယ်ရေးကိုယ်တာအတွက် အသုံးချခဲ့လျှင် အထက်နယ်မြေသို့ရောက်သွားချိန်၌ ထိုကိစ္စအတွက် ဖြေရှင်းရလိမ့်မည်။
သူတော်စင်နယ်မြေစွမ်းအားရှင် အများကြီးရှိသော်လည်း ကြီးမားသည့်အပြောင်းအလဲတစ်ခု ကြုံမှသာ ၎င်းတို့ဂိုဏ်းများတွင် မွေးဖွားလာမည်ဖြစ်သည်။ ထိုထိပ်တန်းအင်အားစုများအတွက် ဂိုဏ်းအမွေဆက်ခံမှုသည်အရေးကြီးဆုံးအရာဖြစ်သည်။
လူတိုင်းက ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို မျှော်လင့်တကြီးကြည့်နေကြကာ လက်ရှိကြုံတွေ့နေရသော အခြေအနေများကို ဖြေရှင်းနိုင်ရန် မျှော်လင့်နေသည်။
သို့သော် နောက်အခိုက်အတန့်တွင် ၎င်းတို့အားလုံး ဆွံ့အသွားရ၏။ ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းသည် နတ်ဆိုးနတ်ဘုရားများကိုရင်ဆိုင်ရန်အတွက် ကျန်ရှိသောစွမ်းအားကိုအသုံးမပြုဘဲ၊ ၎င်းအစား လေဟာနယ်လမ်းကြောင်းကို တိုက်ရိုက်ဖွင့်လိုက်သည်။ ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ လေဟာနယ်လမ်းကြောင်းထဲသို့ ခုန်ဆင်းကာ ထွက်ပြေးသွားသည်။
"ကောင်းကင်နှလုံးသား မင်းအသေဆိုးနဲ့ကို သေရဦးမှာ!"
တာအိုဘိုးဘေး၏မျက်လုံးများသည် ဒေါသကြောင့် နီရဲလာ၏။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ပျောက်ကွယ်သွားပြီးနောက် ၎င်းတို့အပေါ်တွင် ဖိအားများပိုမို ကျရောက်နေပြီဖြစ်သည်။ ၎င်းတို့ ယခင်ကခုခံနိုင်စွမ်းမရှိခဲ့သော နတ်ဆိုးနတ်ဘုရားများသည် ယခုအခါ ပို၍ပင် လုံးဝခုခံရန်မဖြစ်နိုင်တော့ချေ။
ကျန်သောသူတော်စင်တစ်ပိုင်းတို့သည်လည်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို မကျိန်ဆဲပဲမနေနိုင်ကြတော့ပေ။ ၎င်းတို့က အထွန့်တက်လိုသော်လည်း လက်ရှိဒုက္ခကို အရင်ဆုံးရင်ဆိုင်ပြီး ရှင်သန်နေနိုင်ရန် ကြိုးစားရဦးမည်။
နတ်ဆိုးနတ်ဘုရားများသည်လည်း ၎င်းတို့ကြောက်လန့်သွားသည်ကို သတိပြုမိကာ ချက်ချင်းနောင်တရသွားသည်။ သူတော်စင်တစ်ပိုင်း တစ်ဦး ကျဆုံးသွားခြင်းက ၎င်းတို့အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော ကျင့်ကြံသူတစ်ဦးမှ မလွတ်မြောက်ကြောင်း သေချာအောင်ပြုလုပ်ရမည်၊
အင်အားစုကြီးများမှကျင့်ကြံသူများသည်လည်း နောက်ထပ်သူတော်စင်တစ်ပိုင်းများကို ဆုံးရှုံးခဲ့ရသည်။ ဒေါသကြီးသော နတ်ဆိုးနတ်ဘုရားများနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့သည်လည်း ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမရှိပေ။ နာကျင်စွာဟစ်အော်နေသောအသံများကိုသာ ရံဖန်ရံခါကြားနေရ၏။
………
အခန်း ၄၃၄ - နတ်ဆိုးနတ်ဘုရားလွတ်မြောက်လာခြင်း
၀မ်ရှန်းဂိုဏ်းသို့ပြန်ရောက်သောအခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ကျန်ရှိသောအင်အားစုများကို ချက်ချင်းစုရုံးလိုက်၏။
"နတ်ဆိုးနတ်ဘုရားတွေက ငါတို့ကိုဝိုင်းထားတယ်၊ ပန်ကုစကြာဝဠာရဲ့ဘေးဆိုးက ငါတို့အပေါ်ကျရောက်နေပြီ"
၎င်းတို့သည် အမှန်တကယ်ပင် အန္တရာယ်တွင်းသို့ ကျရောက်နေပြီဖြစ်သည်။ နတ်ဆိုးနတ်ဘုရားများစွာ ရောက်ရှိလာကာ ထိပ်တန်းအင်အားစုများ၏ သူတော်စင်တစ်ပိုင်းများ သိသိသာသာ လျော့နည်းသွားသဖြင့် ကျန်ရှိနေသည့် သူတော်စင်တစ်ပိုင်းတို့သည် ဤနတ်ဆိုးနတ်ဘုရား များနှင့် ရင်ဆိုင်ရန်လွယ်ကူမည်မဟုတ်ပေ။
ဤနတ်ဆိုးနတ်ဘုရားများကို တွန်းလှန်ရန်အတွက် သူတော်စင်များထားခဲ့သည့် အခြေခံအုတ်မြစ်များကိုသာ အားကိုးရလိမ့်မည်။ ထိပ်တန်းအင်အားစုများအတွက် ဤအခြေအနေသည် အလွန်ကောင်းမွန်သေးသော်လည်း အင်အားစုငယ်လေးများအတွက် နတ်ဆိုးနတ်ဘုရားများပေါ်လာခြင်းက တကယ့်ဘေးဒုက္ခဖြစ်သည်။
သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များမရှိပါက ဤနတ်ဆိုးနတ်ဘုရားများအောက်တွင် ရှင်သန်ရန် လွယ်ကူမည်မဟုတ်ပေ။ နတ်ဆိုးနတ်ဘုရားများအတွက် ကျင့်ကြံသူများသည် အစားအစာမျှသာဖြစ်၏။
အစိမ်းရောင်မိုးကြိုးကမ္ဘာအတွင်းတွင် နတ်ဆိုးနတ်ဘုရားများသည် အကြွင်းအကျန်များကို ဝါးမျိုနေလျက် ထန်မင်းဆက်ဘုရင်ကို စောင့်ကြည့်နေကြသည်။
"နောက်ထပ်ဘယ်သူတွေကို တိုက်ရဦးမှာလဲ"
နတ်ဆိုးနတ်ဘုရားများက အနည်းငယ် စိတ်မရှည်တော့ပေ။
"မင်းတို့ကြိုက်တဲ့သူကို တိုက်ကြ။ ဒါပေမယ့် ရန်ဟွမ်နယ်မြေကို မသွားဖို့ ငါသတိပေးတယ်။ အဲဒီမှာ ရီမျိုးနွယ်စု ရှိနေတယ်"
ထန်မင်းဆက်ဘုရင်သည် ဤမဟာစွမ်းအားကို ရယူနိုင်ရန် စိတ်အားထက်သန်နေသော်လည်း နတ်ဆိုးနတ်ဘုရားများက သူ့ထံတွင် အလွယ်တကူအညံ့ခံမည်မဟုတ်ကြောင်းကို သူသိသည်။ နောက်ပိုင်းတွင် ရှုပ်ထွေးလာစေမည့်အစား အစတည်းက ထိုအတွေးများကို ချုပ်တည်းထားခြင်းက ပိုကောင်းလိမ့်မည်။ သူ၏နောက်ဆုံးသတိပေးချက်က သူ၏နောက်လိုက် နတ်ဆိုးနတ်ဘုရားများအပေါ် စိတ်ရင်းမှန်ဖြင့်ပေးသည့် အကြံဉာဏ်ဖြစ်၏။
သူတော်စင်တစ်ပိုင်းနယ်ပယ်မှ အောင်မြင်ပြီးသည့်တိုင် ထန်မင်းဆက်ဘုရင်သည် ရီမိသားစုကိုဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ပန်ကုစကြာဝဠာတစ်ခုလုံးတွင် ၄င်းမယှဉ်နိုင်သည့် တစ်ခုတည်းသောအရာသည် ရီမိသားစုဖြစ်သည်။ နှစ်ပေါင်းများစွာ ရီမိသားစုကြောင့် သူခံစားခဲ့ရသည့် အရှက်တရားက သူ့ကို ကြောက်လန့်တကြားဖြစ်စေခဲ့၏။ သူသည် မလိုအပ်လျှင် ရီမိသားစုနှင့်ပင် အဆက်အသွယ်မလုပ်ချင်ပေ။
သို့သော် အခြားသောနတ်ဆိုးနတ်ဘုရားများက ထန်မင်းဆက်ဘုရင်၏သတိပေးချက်ကို ဂရုမစိုက်ကြချေ။ နတ်ဆိုးနတ်ဘုရားများ၏ အဘိဓာန်တွင် အကြောက်တရားမရှိဟု ယူဆထားသည့်
အင်အားကြီးနတ်ဆိုးနတ်ဘုရားအချို့က မာနထောင်လွှားစွာဖြင့် ရီမိသားစုကို ယခင်ကထက် ပို၍စိတ်ဝင်စားလာကြသည်။
ထန်မင်းဆက်ဘုရင်၏ ကြောက်ရွံ့ခြင်းခံခဲ့ရသော ရီမိသားစုသည် အလွန်စွမ်းအားကြီးပေလိမ့်မည်ဟူ၍လည်းကောင်း၊ အင်အားစုကြီးများတွင် စွမ်းအားရှင်များစွာ ရှိနိုင်သည်ဟူ၍လည်းကောင်း တွေးတောလျက်ရှိ၏။
ချိတ်ပိတ်ခြင်းမှ စတင်လွတ်မြောက်လာကြသည ၎င်းတို့သည် ပြန်လည်အားအင်ဖြည့်တင်းရန်အတွက် အသွေးအသားများစုပ်ယူရန် လိုအပ်သည်။ ၄င်းတို့ အင်အားပိုကြီးသည်နှင့်အမျှ လိုအပ်သည်များက်ု ပိုမိုဖြည့်ဆည်းပေးနိုင်သည်။
ထန်မင်းဆက်ဘုရင်သည် စိတ်အားထက်သန်လျက်ရှိသော နတ်ဆိုးနတ်ဘုရားများကို မြင်သောအခါတွင် သူ၏စကားများကို ဂရုမပြုကြောင်း သိရှိလိုက်ရသည်။ ကရုဏာစကားများက အပျက်သဘောဆောင်သည့်လမ်းသို့ လျှောက်နေသူများအား မဟန့်တားနိုင်သဖြင့် ရီမိသားစုကိုရင်ဆိုင်ကြစေရန်သာ စိတ်လျှော့လိုက်ရတော့သည်။ တကယ်တမ်းတွင် ထန်မင်းဆက်ဘုရင်သည်လည်း လက်ရှိရီမိသားစု၏အင်အားကို အလွန်သိချင်သည်။
"သတ်! သတ်! သတ်! သူတို့အားလုံးကို ဝါးမြိုလိုက်ကြ!"
နတ်ဆိုးနတ်ဘုရားများသည် အစိမ်းရောင်မိုးကြိုးကမ္ဘာမှ ထွက်လာပြီး အနီးနားရှိနယ်ပယ်များဆီသို့ ချီတက်လာခဲ့ကြသည်။ လူသားမျိုးနွယ်စု၏ ကမ္ဘာများသာမက အခြားသောအရာများသည်လည်း ၎င်းတို့အတွက် အတူတူပင်ဖြစ်သည်။ လူသားများက ပို၍ပင်အရသာရှိသည်ဟု ၄င်းတို့ကထင်ကြသည်။ သို့သော် ဗိုက်မဝချိန်တွင် မည်သူကများအရသာကို ဂရုစိုက်မည်နည်း။
ဤသို့ဖြင့် နတ်ဆိုးနတ်ဘုရားများသည် အစိမ်းရောင်မိုးကြိုးကမ္ဘာမှ ထွက်လာကြကာ ၎င်းတို့ထဲမှ ရာနှင့်ချီ၍ပေါ်လာသည်။
၄င်းတို့ဖြတ်သန်းရာနေရာတစ်လျှောက် အလောင်းကောင်များနှင့် ပြည့်နှက်နေပြီး ကောင်းကင်နယ်မြေအထိပင် ရောက်ရှိလာသည်။
မကြာမီတွင် ပန်ကုစကြဝဠာမှ ကျင့်ကြံသူများသည် ရာနှင့်ချီသော နတ်ဆိုးနတ်ဘုရားများနိုးထလာခဲ့ပြီဖြစ်ကြောင်း သတင်းစကားကိုရရှိခဲ့ကြသည်။ ယခင်ခေတ်က ရှင်ကျန်ခဲ့သူများနှင့် နတ်ဆိုးနတ်ဘုရားများကို မြင်ဖူးသူများသည် မမြင်ဖူးသူများထက် ပို၍ပင်ကြောက်လန့်နေကြပြီဖြစ်သည်။ နတ်ဆိုးနတ်ဘုရားတစ်ကောင်သည်ပင် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့သော်လည်း ယခုအခါရာနှင့်ချီ၍ ရောက်ရှိလာကြရာ ပန်ကုစကြဝဠာ၏ ကျင့်ကြံသူများက ၎င်းတို့ကို တားဆီးနိုင်မည်လား။
ထိုမေးခွန်းအတွက် အဖြေမရှိခဲ့ပါ။ လက်ရှိအခြေအနေများအရ လူသားတို့၏သေဆုံးမှုသည် ဝမ်းနည်းစရာဖြစ်လာလိမ့်မည်။ ၎င်းတို့၏အင်အားဖြင့် နတ်ဆိုးနတ်ဘုရားများကို တားနိုင်ခြင်းမရှိချေ။
ယခုအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းချက်သည် ၎င်းတို့ခိုလှုံနိုင်သည့်အင်အားစုကို ရှာဖွေရန်ဖြစ်သည်။
ထိပ်ပိုင်းအင်အားစုလေးခုနှင့် ၎င်းတို့လက်အောက်ရှိ အင်းအားစုကြီးများရှိသည့် ရီမိသားစုက ထိုအင်အားစုငယ်များ မှီခိုရာဖြစ်လာခဲ့သည်။ အများစုသည် ရီမိသားစုကို ရွေးချယ်ချင်ကြသော်လည်း ကံမကောင်းစွာဖြင့် ရီမိသားစုက ၎င်း၏နေထိုင်သူများမှတပါး ပြင်ပလူများအား ၄င်းတို့၏ရန်ဟွမ်နယ်မြေသို့ လာရောက်ခြင်းကို မကြိုဆိုခဲ့ကြပေ။
ရီမိသားစု၏လူဦးရေတိုးလာသည်နှင့်အမျှ ရန်ဟွမ်စကြာဝဠာသည် ၎င်းတို့၏ အမာခံနယ်မြေဖြစ်လာသည်။ တခြားသူများကို ဝင်ရောက်နေခွင့်ပြုရန်မဆိုထားနှင့် ရီမိသားစုအတွက်ပင် မလုံလောက်ချေ။ ရီမိသားစုကို ရွေးချယ်ရန်မဖြစ်နိုင်သောအခါ ၎င်းတို့၏တစ်ခုတည်းသောရွေးချယ်မှုမှာ အခြားသောစွမ်းအားကြီး အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန်ဖြစ်သည်။
ထိပ်တန်းအင်အားစုလေးခုသည် ၎င်းတို့နှင့် မဟာမိတ်ခြင်းအပေါ် များစွာဇီဇာမကြောင်ပေ။ မကြာသေးမီက သူတော်စင်ကမ္ဘာမှာ ပေါ်ထွက်လာသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးသည် သူတော်စင်မဟာမိတ်အစည်းအရုံးမှ အများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းတို့သည်ကြီးမားသော အကူအင်အားကို လိုအပ်နေသည်။
ထိုအင်အားစုငယ်များမှသူတော်စင်တစ်ပိုင်းတို့သည် ၄င်းတို့လိုအပ်ချက်အတွက် ပြီးပြည့်စုံသော လူများပင်ဖြစ်သည်။ ၄င်းတို့ကိုယ်တိုင်အားမထုတ်ဘဲ ထို့သို့မဟာမိတ်ရရှိခြင်းက ထိပ်တန်းအင်အားစုလေးခုအတွက် ကောင်းမွန်သည့်အရာဖြစ်သည်။
အင်အားစုငယ်များ ဆန္ဒရှိမရှိနှင့်ပတ်သက်၍ ၎င်းက ထိပ်ပိုင်းတပ်ဖွဲ့လေးခုအတွက် အရေးမကြီးပေ။
အဆိုပါ အင်အားစုငယ်များ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိလာသည်နှင့် ၎င်းတို့၏ ဆန္ဒများက အရေးပါတော့မည်မဟုတ်ပေ။
ထိပ်ပိုင်းအင်အားစုလေးခုမှလွဲ၍ ကျန်အင်အားစုကြီးများသည် အဆိုပါအင်အားစုငယ်များကိုလက်ခံရန် ချီတုံချတုံ ဖြစ်နေကြသည်။ မည်သို့ပင်ဖြစ်စေ အရင်းအမြစ်များက အကန့်အသတ်ရှိသေးသည်။ အဆိုပါ အင်အားစုငယ်များဝင်ရောက်မှုနှင့်အတူ ၄င်းတို့ခွဲဝေပေးရန် တွန့်ဆုတ်နေခဲ့သော အရင်းအမြစ်အချို့အား မလွဲမသွေ ခွဲဝေပေးရမည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ထိပ်ပိုင်းအင်အားစုလေးခုက ရှေ့တစ်လှမ်းတက်သွားပြန်ပြီ။
စွမ်းအားကြီးမားသောရန်သူဖြစ်သည့် နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်ရသောအခါ အခြားသော အင်အားစုကြီးများသည်လည်း ရှေ့ထွက်၍ဦးဆောင်ရန်တာဝန်ရှိသည်ဟု ၎င်းတို့လေးခုက မီးမောင်းထိုးပြနေသည်။
ထိုစကားကိုကြားသောအခါ အင်အားစုကြီးများက လှောင်ပြောင်လိုက်ကြသည်။ စွမ်းအားကြီးမားသော ထိပ်တန်းအင်အားစုများအနေဖြင့် ရီမိသားစုကို အဘယ်ကြောင့် ထိုသို့မတောင်းဆိုကြသနည်းဟု မေးခွန်းထုတ်လာကြ၏။ အဆုံးတွင် ၎င်းတို့သည် လုံလောက်သောစွမ်းအားမရှိသောကြောင့် ၎င်းတို့ကိုသာ အနိုင်ကျင့်ရဲခြင်းဖြစ်သည်မဟုတ်လား။
သို့သော် ထိပ်တန်းအင်အားစုလေးခုနှင့် ယှဉ်ပြိုင်မပြောဆိုဝံ့သဖြင့် အင်အားစုငယ်များကိုအံကြိတ်လျက် လက်ခံလိုက်ရတော့သည်။
အမျိုးမျိုးသောအင်အားစုများ စတင်စုသည်းလာသည်ကို မြင်သောအခါ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ခေါင်းညိတ်လျက်ထောက်ခံလိုက်သည်။ ပန်ကုစကြဝဠာသည် ယခုလက်ရှိတွင် ပျက်ဆီးခြင်းအဖြစ်သို့ မကျရောက်သေးချေ။
ထိပ်တန်းအင်အားစုလေးခုသည်လည်း ပန်ကုစကြဝဠာ၏အမိန့်ကို ထိန်းသိမ်းရန် တာဝန်ရှိ၏။
ပန်ကုစကြဝဠာတွင် အနှောင့်အယှက်များ အလွန်ကြီးမားလာပြီး သူတော်စင်ကမ္ဘာ၏ အစီအစဉ်များကိုထိခိုက်ပါက ၎င်းတို့လည်း အပြစ်တင်ခံကြရလိမ့်မည်။
နတ်ဆိုးနတ်ဘုရားလက်ချက်ဖြင့် သူတော်စင်တစ်ပိုင်းသုံးဦးသေဆုံးခြင်းက ဟုန်မိန်ခရမ်းရောင်ချီကြိုးသုံးမျှင် ပြန်ပေါ်လာမည်ကို ဆိုလိုသည်။ သူသည်လည်း ဟုန်မိန်ခရမ်းရောင်ချီသုံးခုကိုရယူရန် ဆုံးဖြတ်ထား၏။
ထို့အပြင် သူသည် ပန်ကုစကြဝဠာရှိ ပဋိပက္ခများအကြောင်းကို သူတော်စင်မဟာမိတ်အစည်းအရုံးသို့လည်း အစီရင်ခံတင်ပြရမည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ၏လက်ရှိအင်အားဖြင့် အခြေအနေများကို ထိန်းချုပ်နိုင်တော့မည်မဟုတ်ကြောင်း သိရှိထားသည်။
ရီမိသားစုသည်လည်း အစောပိုင်းတွင် သူ့ကို ထိုသို့သောခံစားချက်ပေးခဲ့သော်လည်း ရီမိသားစုက သီးသန့်နေထိုင်ကြသောကြောင့် ပန်ကုစကြဝဠာတွင် ၎င်းတို့၏သြဇာလွှမ်းမိုးမှုမှာ သိသိသာသာမဟုတ်ပေ။ သို့သော် ဤနတ်ဆိုးနတ်ဘုရားများက ရီမိသားစုနှင့် မတူညီချေ။ အကယ်၍ နတ်ဆိုးနတ်ဘုရားများက ဆက်လက်ဖျက်ဆီးနေမည်ဆိုလျှင် ပန်ကုစကြဝဠာသည် သူတော်စင်မဟာမိတ်အစည်းအရုံးကို ပံ့ပိုးရန်အတွက် လုံလောက်သော စွမ်းအားရှင်များ မွေးထုတ်ပေးရန် ခက်ခဲလာလိမ့်မည်။
"ရီမိသားစုကို လှုပ်ရှားလာအောင်လုပ်ရမယ်”
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ရီမိသားစုကို မကျေမနပ်ဖြစ်သော်လည်း ၄င်းတို့၏စွမ်းအားကို အသိအမှတ်ပြုဆဲသာ။ လတ်ရှိတွင် ဗောဓိဘိုးဘေးတစ်ဦးတည်းသာ သူတော်စင်တစ်ပိုင်းစွမ်းအားကို ပြသခဲ့သော်လည်း ရီမိသားစုတွင် သူတော်စင်တစ်ပိုင်းများ တစ်ဦးထက်မကရှိမည်ဖြစ်ကြောင်း ထျန်းရှင်းသူတော်စင်တစ်ပိုင်း ကောင်းစွာသိထားသည်။ ရီမိသားစု၏လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုခေါင်းဆောင်သည် ဗောဓိဘိုးဘေးထက် စွမ်းအားကြီးမည်မှာ သေချာပါသည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း နားမလည်သည်မှာ ရီမိသားစုသည် ဟုန်မိန်ခရမ်းရောင်ချီကို စိတ်မဝင်စားသည့်အချက်ကိုဖြစ်၏။ ရီမိသားစုတွင် သူတော်စင်နယ်မြေကိုဖြတ်ကျော်ရန် တခြားနည်းလမ်းရှိသလားဟူ၍ပင် တွေးမိသည်။ ရီမိသားစု၏ခေါင်းဆောင်သည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ချင်ရန်ဆန္ဒမရှိဟု သူမယုံကြည်နိုင်ပေ။
ဤတစ်ကြိမ်တွင် သူသည် ရီမိသားစုနှင့် ပတ်သက်ရလိမ့်မည်။
…
အင်အားစုကြီးများ စတင်စုစည်းလာခြင်းက နတ်ဆိုးနတ်ဘုရားများအတွက် တိုက်ခိုက်ရန် ပိုမိုခက်ခဲလာစေသော်လည်း မကြာသေးမီက သတ်ဖြတ်မှုများသည် ပန်ကုစကြဝဠာအတွင်းရှိ သူတော်စင်တစ်ပိုင်းအရေအတွက်၏ သုံးပုံတစ်ပုံကျော်အထိ လျော့နည်းသွားသည်။
ထိပ်တန်းအင်အားစုကြီးများမှ သူတော်စင်နယ်မြေရှိ စွမ်းအားရှင် အများအပြားထံတွင်လည်း လှည့်ကွက်အချို့ ကျန်ရှိနေသေးသည်။ နတ်ဆိုးနတ်ဘုရားများနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့သည် နတ်ဆိုးနတ်ဘုရားများကို အနိုင်မယူနိုင်သော်လည်း ၎င်းတို့၏နောက်ဆုံးလှည့်ကွက်ကို မထုတ်ဖော်မီအထိ ထိန်းထားနိုင်ဆဲပင်။
အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပြီး ဆင်လက်ကြိုးစားပြီးနေရခြင်းက အချုပ်အနှောင်မှလွတ်မြောက်ပြီးချိန်မှစ၍ လွတ်လပ်စွာသွားလာနေသော နတ်ဆိုးနတ်ဘုရားများကို အလွန်စိတ်တိုစေသည်။
"ရီမိသားစုကို စတိုက်လိုက်ကြမလား"
ထိုအချိန်တွင် ၎င်းတို့သည် ပန်ကုစကြာဝဠာရှိ အခြေအနေအချို့အား နားလည်နေခဲ့ပြီဖြစ်သည်။ ရီမိသားစုသည် မကြာသေးမီကမှ တိုးတက်လာခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့သိ၏။ သူတော်စင်နယ်မြေစွမ်းအားရှင်ထံမှ အမွေဆက်ခံနိုင်ခြင်းမရှိခဲ့ကြောင်းကိုလည်း ၎င်းတို့သိထားသည်။ ထိုသို့သော အင်အားစုက အနိုင်ကျင့်ရန် ပိုမိုလွယ်ကူသည်ဟု ၄င်းတို့ထင်ထားသည်။
အလွန်အစွမ်းထက်သော ထိပ်တန်းအင်အားစုလေးခုက ရန်မစဝံ့အောင်ပင် ရီမိသားစုကစွမ်းအားကြီးသည်ဟူသောသတင်းကို လုပ်ကြံပြောဆိုနေသည်ဟုသာ ထင်သောကြောင့် ၎င်းတို့က မထီမဲ့မြင်ပြုနေသည်။ တကယ်တမ်းတွင် ယခုအချိန်အထိ ရီမိသားစုမှပြသခဲ့သော အမြင့်ဆုံးအောင်မြင်မှုသည် အထွတ်အထိပ်သူတော်စင်တစ်ပိုင်းတစ်ဦးကို သတ်ဖြတ်ခြင်းမျှသာဖြစ်သည်။ သိူ့သော်လည်း သူတော်စင်အဆင့်စွမ်းအားရှင်ကို တစ်ခါမျှ မသတ်ဖူးသေးသောကြောင့် စွမ်းအားကြီးသည်ဟု မထင်ကြချေ။
………..
အခန်း ၄၃၅ - အလွန်များပြားသော နတ်ဘုရားချိုးဖျက်ခြင်းလှံများ
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် ထိပ်တန်းနတ်ဆိုးနတ်ဘုရားဆယ်ပါးထဲမှ တစ်ပါးဖြစ်ကာ စွမ်းအားအကြီးဆုံး နတ်ဆိုးများထဲတွင် ပါဝင်သည်။ ယခု သူပြောပြီးသည်နှင့် အခြားသော နတ်ဆိုးနတ်ဘုရားများက ကန့်ကွက်ခြင်းမရှိကြပေ။ ရီမိသားစု၏တိုက်ပွဲအောင်မြင်မှုများကို ၎င်းတို့က ကြောက်ရွံ့ခြင်းမရှိကြချေ။
"သူတို့ကို ဝါးမြိုပစ်!"
အဆင့်နိမ့်နတ်ဆိုးနတ်ဘုရားအုပ်စုတစ်စုသည် တညီတညွတ်တည်း နာခံလိုက်ကြသည်။ ၎င်းတို့၏ စိတ်ထဲတွင် ဖျက်ဆီးခြင်းနှင့် ဝါးမြိုခြင်းဟူသော အတွေးများဖြင့်သာ ပြည့်နှက်နေသည်။
ယခင်က ထန်မင်းဆက်ဘုရင်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့သော နတ်ဆိုးနတ်ဘုရားအနည်းငယ်မျှသာ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏အမိန့်ကို နာခံခဲ့ခြင်းမရှိကြချေ။ ၄င်းတို့သည် ထန်မင်းဆက်ဘုရင်၏သတိပေးချက်ကို မှတ်မိကြသေး၏။
ရီမိသားစုသည် ထန်မင်းဆက်ဘုရင်ပြောပြသည့်အတိုင်း စွမ်းအားကြီးမားသည်ဟု သူတို့မထင်ကြသော်လည်း၊ ၎င်းတို့၏သန်မာသောစိတ်ဓာတ်ကြောင့် ကိုယ့်ကိုယ်ကိုချုပ်တည်းနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ပန်ကုစကြဝဠာသည် ကျယ်ပြောလှသောကြောင့် ၎င်းတို့အတွက် ဖွံ့ဖြိုးတိုးတက်ရန်လုံလောက်ပြီဖြစ်သည်။ ထို့ကြောင့် ထို့သို့သော စွန့်စားမှုကို ၎င်းတို့မယူကြချေ။
"မင်းတို့က ငါတို့နဲ့ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုတော့ ငါတို့ရန်ဟွမ်နယ်မြေကို သိမ်းပိုက်ပြီးရင် အောင်ပွဲအကျိူးအမြတ်တွေ လာမယူကြနဲ့”
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် ထိုနတ်ဆိုးနတ်ဘုရားအနည်းငယ်ကို သတ်ဖြတ်ချင်စိတ်ဖြင့် ပြည့်လျှံနေသောမျက်လုံးများနှင့် အေးတိအေးစက်စိုက်ကြည့်ကာ ပြောလိုက်သည်။
သူသည် နတ်ဆိုးနတ်ဘုရားများ၏ ခေါင်းဆောင်ဖြစ်လာရန် ရည်ရွယ်ထားသူဖြစ်သည်။ ဤနတ်ဆိုးနတ်ဘုရားအနည်းငယ်က သူ့၏စကားအားမနာခံသောကြောင့် သူ မပျော်မရွှင်ဖြစ်နေသည်။
သို့သော် ၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်းနယ်မြေ တွင်သာရှိကြသေးသောကြောင့် တစ်ချိန်ထဲတွင် နတ်ဆိုးနတ်ဘုရားများစွာကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သောယုံကြည်မှုမရှိသေးသဖြင့် လွှတ်ထားလိုက်ရသည်။
"ငါတို့လက်လျှော့လိုက်ကတည်းက အကျိုးအမြတ်တွေအားလုံးက မင်းအတွက်ပဲ"
နတ်ဆိုးနတ်ဘုရားအနည်းငယ်သည် ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏သဘောထားကို လုံးဝဂရုမစိုက်ဘဲ အနည်းငယ်ပင်ပြုံးပြလိုက်သေးသည်။
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး နတ်ဆိုးနတ်ဘုရားများစွာကို အဝေးသို့ပို့ဆောင်ကာ နေရာလွတ်မှထွက်ခွါသွားပြီး ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်သွားခဲ့သည်။ နတ်ဆိုးနတ်ဘုရားများစွာ ထွက်ခွာသွားသောအခါ ထန်မင်းဆက်ဘုရင် ပြန်ပေါ်လာသည်။
"ရီမိသားစုက သူတို့ကိုအံ့အားသင့်စရာတွေ ပေးလိုက်လိမ့်မယ်"
ထန်မင်းဆက်ဘုရင်သည် နတ်ဆိုးနတ်ဘုရားများပျောက်ကွယ်သွားသည့် လမ်းကြောင်းကိုကြည့်ရင်း စိတ်လှုပ်ရှားမှုမရှိဘဲပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရားများ များလွန်းသဖြင့် ၎င်းတို့သည် ဖရိုဖရဲဖြစ်နေသည်။ ပန်ကုစကြဝဠာသည် နတ်ဆိုးနတ်ဘုရားများစွာကို မလိုအပ်ချေ။
အကယ်၍ နတ်ဆိုးနတ်ဘုရားများအားလုံးကို လွှတ်ပေးသည့် စည်းတံဆိပ်ကြောင့်သာမဟုတ်ပါက ထန်မင်းဆက်ဘုရင်သည် အလားအလာရှိသည့် နတ်ဆိုးနတ်ဘုရားအနည်းငယ်ကိုသာ ကယ်တင်ရန် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။ ယခုတွင် သူကယ်တင်ခဲ့သော နတ်ဆိုးနတ်ဘုရားအနည်းငယ်က အတော်ထက်မြက်ပြီး သူ့ကိုစိတ်ပျက်အောင်မလုပ်ကြချေ။
"အားလုံးပဲ ငါတို့လည်း စတင်လှုပ်ရှားသင့်ပြီ။ ပန်ကုစကြဝဠာပျက်ဆီးသွားဖို့ သူတော်စင်ကမ္ဘာက စောင့်ကြည့်နေမှာ မဟုတ်ဘူး"
ဤစကားများက နတ်ဆိုးနတ်ဘုရားများစွာကို ဒေါသထွက်စေခဲ့သည်။ ၎င်းတို့၏မေ့ဖျောက်မရသော မှတ်ဉာဏ်များအရ ၄င်းတို့ချည်းသာဆိုလျှင် ဤသူတော်စင်ကမ္ဘာကို ရန်စရန်မလွယ်ကူမှန်း သိနေကြသည်။ ၎င်းတို့အနေဖြင့် ပိုမိုအားကောင်းလာရန် လိုအပ်ပြီး ရဲဘော်ရဲဘက်များလည်း ပိုမိုလိုအပ်သည်။
သို့သော် မိုက်မဲသော နတ်ဆိုးနတ်ဘုရားများကိုတော့ ၎င်းတို့ဘာသာ ဆူဆူပူပူလုပ်ရန် ခွင့်ပြုခဲ့သည်။
ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် နတ်ဆိုးနတ်ဘုရားများသည် ခေါင်းမဲ့ယင်ကောင်များကဲ့သို့ဖြစ်နေသည်။
ရန်ဟွမ်နယ်မြေသည် ၎င်းတို့ရှေ့တွင်ရှိနေသော်လည်း နေရာလွတ်နှင့်တူသည်။ ၎င်းတို့သည် ရီမိသားစုနှင့် တိုက်ခိုက်ရန်ရန်ဟွမ်နယ်မြေသို့ ဝင်ရောက်သွားဖို့မဆိုထားနှင့် ရန်ဟွမ်နယ်မြေသို့သွားသည့် လမ်းကြောင်းကိုပင်မရှာနိုင်သေးချေ။
"မဟုတ်ဘူး ငါတို့ ဒီအတိုင်းမထွက်သွားနိုင်ဘူး”
၎င်း၏အင်အားကို သံသယဝင်နေသည့် လက်အောက်ခံနတ်ဆိုးနတ်ဘုရားများ၏အကြည့်ကို မြင်ရသည့်အခါ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် သူ၏ဂုဏ်သိက္ခာကို ထိပါးလာသည်ဟု ခံစားလိုက်ရသည်။
သူမည်မျှစွမ်းအားကြီးသည်ကို ရီမိသားစုအား သိစေလျက် သူ၏လက်အောက်ခံ နတ်ဆိုးနတ်ဘုရားများ၏ စိတ်နှလုံးထဲတွင်လည်း အခွင့်အာဏာကို ထူထောင်ရမည်ဖြစ်သည်။
၎င်းတို့သည် ရီမိသားစု၏ ရန်ဟွမ်နယ်မြေသို့ မဝင်ရောက်နိုင်ခဲ့သောကြောင့် ချန်မင်နယ်မြေကဲ့သို့ ရန်ဟွမ်နယ်မြေနှင့် နီးသည့် အခြားကျယ်ပြန့်သောနယ်ပယ်များသို့ အရင်သွားကြမည်ဖြစ်သည်။ ရီမိသားစု၏ တာ့ယွီနတ်မင်းဆက်သည်လည်း ချန်မင်ကမ္ဘာတွင်ရှိနေသည်။
"သွားကြရအောင်!"
သူ၏လက်ဝှေ့ရမ်းခြင်းဖြင့် ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးနတ်ဘုရားများစွာကို ဦးတည်ချက်ပြောင်းကာ ချန်မင်ကမ္ဘာဆီသို့ ဦးတည်သွားစေခဲ့သည်။ ရန်ဟွမ်နယ်မြေအပြင်ဘက်တွင် နတ်ဆိုးနတ်ဘုရားပေါ်လာသောအခါ ရီရှောင်းရှောင်းသည် နတ်ဆိုးနတ်ဘုရားများထွက်ပေါ်လာမှုအကြောင်း သတင်းရရှိထားပြီးဖြစ်သည်။
ရီမိသားစု၏ နှိမ့်ချနေထိုင်မှုကြောင့် ဤနှစ်များအတွင်း ပန်ကုစကြဝဠာရှိ ပြဿနာများသည် တာ့ယွီနတ်မင်းဆက်ကို လုံးဝမထိခိုက်စေဘဲ တာ့ယွီမင်းဆက်သည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်။ နတ်စွမ်းအားရရှိပြီးသော ကောင်းကင်စစ်သားသုံးထောင်နှင့် ကြယ်စုတပ်ဖွဲ့များ၏ ကျင့်ကြံရေးအဆင့်သည်လည်း အင်မော်တယ်ဧကရာဇ်နယ်မြေကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
၎င်းတို့သည် သူတော်စင်တစ်ပိုင်းနယ်မြေသို့ အချိန်မှီ မရောက်ရှိခဲ့သော်လည်း ဤတပ်စုများအတွက် လူတစ်ဦးတစ်ယောက်၏စွမ်းအားက အရေးမကြီးပေ။ ၎င်းတို့သည် အင်မော်တယ်ဧကရာဇ်နယ်မြေတွင်ရှိသောအခါ တပ်ဖွဲ့၏စွမ်းအားကိုမှီခိုလျက် တာအိုဘိုးဘေးများကိုပင် ခုခံနိုင်လိမ့်မည်။
ယခု ၎င်းတို့၏ကျင့်ကြံမှုအဆင့် အင်မော်တယ်ဧကရာဇ်နယ်မြေသို့ရောက်ရှိသွားရာ သန်းပေါင်းများစွာသော ကျင့်ကြံသူတပ်ဖွဲ့ဝင်များ၏ စွမ်းအားဖြင့် ပန်ကုစကြာဝဠာတွင် ၎င်းတို့ ထည့်သွင်းစဉ်းစားရမည့် အင်အားစုအနည်းငယ်မျှသာ ရှိသည်။ ရီမိသားစု၏ဗျူဟာကြောင့် ဤတပ်စုများအနေဖြင့် လှုပ်ရှားနိုင်မည့် အခွင့်မရှိခဲ့ဖူးသေးချေ။
"အစီရင်ခံပါတယ်။ နတ်ဆိုးနတ်ဘုရားတွေက ဦးတည်ချက်ပြောင်းပြီး တာ့ယွီမင်းဆက်ဆီကို ရောက်ရှိလာပါပြီ”
ထိုသတင်းကိုကြားသိသော စစ်ဗိုလ်တချို့က ချက်ခြင်းစိတ်လှုပ်ရှားသွားသည်။ ဤစစ်တပ်အရာရှိများအတွက် တာ့ယွီနတ်မင်းဆက် နယ်မြေချဲ့ထွင်ခြင်းနှင့် အင်အားကြီးသောရန်သူများကို ခုခံကာကွယ်ခြင်းက ၎င်းတို့အသက်ရှင်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။
အရပ်ဘက်အရာရှိများကဲ့သို့ တရားရုံးတက်ရခြင်းမျိုးက ၎င်းတို့အတွက် အဓိပ္ပါယ်မရှိလှပေ။
တိုက်ခိုက်ရန်အခွင့်အရေးရခြင်းကပင် ၄င်းတို့အတွက် စိတ်လှုပ်ရှားစရာဖြစ်သည်။
“ကျားဖြူတပ်ဖွဲ့က တိုက်ပွဲဝင်ဖို့ တောင်းဆိုပါတယ်”
"ဒီတစ်ခါ အဇူရာနဂါးတပ်ဖွဲ့ကို အခွင့်အရေးပေးပါ"
"မင်းတို့က နေ့တိုင်းတိုက်ခိုက်နေတာ၊ ဒီအခွင့်အရေးကို ငါတို့ မီးလျှံငှက်တပ်ဖွဲ့ကိြ ပေးသင့်တယ်!"
"ငါတို့ ဖီးနစ်အမျိုးသမီးတပ်ဖွဲ့ကလဲ စစ်မတိုက်ရတာကြာလှပြီ၊ ငါတို့ကို ဒီအခွင့်အရေးပေးလိုက်တော့"
…
မကြာသေးမီက တက်ကြွမှုမရှိသော စစ်ဘက်အရာရှိများသည် တိုက်ပွဲဝင်ရန် အခွင့်အရေးရရှိသောအခါ ခုန်ပေါက်နေကြ၏။ တိုက်ပွဲတောင်းဆိုမှုမှ ရန်ဖြစ်ရသည်အထိ ပြောင်းလဲသွားကာ အခွင့်အရေးမရပါက အချင်းချင်း တိုက်ပွဲစတင်ဖြစ်နိုင်သည့်အခြေအနေသို့ပင် ရောက်ရှိသွားသည်။ ဤအခြေအနေနှင့်ပတ်သက်၍ အရပ်ဘက်အရာရှိများကလည်း သဘောတူကြသည်။
ဤစစ်သည်များတွင် စွမ်းအားအမြောက်အမြားရှိနေရာ ၎င်းတို့ကိုတိုက်ခိုက်ပြီး စွမ်းအားဖြေဖျောက်စေခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မဟုတ်ပါက ဒုက္ခရောက်မည့်သူများမှာ အရပ်ဘက်အရာရှိများဖြစ်လာလိမ့်မည်။ ပဋိပက္ခများဖြေရှင်းရန်အတွက် အရပ်ဘက်အရာရှိများက ၎င်းကို စဉ်းပင်မစဉ်းစားခဲ့ဖူးကြချေ။ တာ့ယွီနတ်မင်းဆက်သည် စတင်တည်ထောင်ချိန်မှစ၍ ငြိမ်းချမ်းနေရိုးထုံးစံမရှိခဲ့ဖူးပေ။